Friday, November 12, 2021
ကဏန်းမဆလာချက် - ပဲကြီးဟင်းရည် - ကျောက်ပွင့် ငါးဖယ်သုပ် - ငံပြာရည်ကြေ
ကဏန်းမဆလာချက် - ပဲကြီးဟင်းရည် - ကျောက်ပွင့် ငါးဖယ်သုပ် - ငံပြာရည်ကြော် အတို့စုံ
ဂဏန်းမဆလာချက်နည်း 
ပါဝင်ပစ္စည်းများ
ဂဏန်း - ၅ကောင်
ကြက်သွန်နီ - ၃လုံး
ကြက်သွန်ဖြူ -၇မွှာ
ခရမ်းချဉ်သီးအနေတော် -၂လုံး
ငရုတ်သီးစိမ်း -၁၀~၁၅တောင့်
နံနံပင် -၅ပင်
ပျဉ်တော်သိမ် -၃ခက်
မဆလာ -ထမင်းစားဇွန်း ၁ဇွန်းခွဲ
ငရုတ်သီးအစိမ်းမှုန် ့ -ထမင်းစားဇွန်း ၁ဇွန်းခွဲ
မန်ကျည်းရည်ပျစ်ပျစ် -ထမင်းစားဇွန်း ၃ဇွန်း
ပဲငံပြာရည်အကျဲ -ထမင်းစားဇွန်း ၂ဇွန်း
ဆီ ထမင်းစားဇွန်း -၄ဇွန်း
ဆား အနည်းငယ် အချိုမှုန့်အနည်းငယ်
ကြက်ဥ ၁လုံး
၁) ဂဏန်းကို အခွံခွာပြီး အတွင်းထဲက ပါးဟက်တွေကို ထုတ်ပစ်ပါ။ (၀မ်းပျက်တတ်သည်) သေသေချာချာ သန် ့စင်ထားပါ။ လက်မတွေကို သပ်သပ် ဖြုတ်ထားပြီး ကိုယ်လုံးကို နှစ်ပိုင်းပိုင်းထားပါ။ မကိုင်တက်ရင်ဈေးသယ်ကိုကိုင်ခိုင်းပါ
၂) အိုးတလုံးဖြင့် ရေကို ဆူအောင် တည်ပါ။ ပွက်ပွက်ဆူနေတဲ့ ရေထဲကို ဂဏန်းတွေကို ထည့်ပြီး ချက်ချင်း ပြန်ဆယ်ထားပါ။ ထို အရည်ထဲကို ပြောင်ဖူးစိတ် ထည့် ပြုတ်တည်ပါ။
၃) ဒယ်အိုးကျယ်ကျယ်ထဲမှာ ဆီထည့် မီးလျှော့ပြီး ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ ငရုတ်သီးအစိမ်းမှုန် ့ထည့်ပြီး ဆီသတ်ပါ။
၄) ဆီသတ္နံ ့မွှေးလာလျှင် ပါးပါးလှီးထားသော ခရမ်းချဉ်သီးတွေကို ထည့်ပြီး ကျေအောင် မွှေပါ။
၅) ပျဉ်တော်သိမ်ရွက် နှင့် မဆလာအနည်းငယ် ထည့်ပါ။ ငရုတ်သီးစိမ်း၊ ပဲငံပြာရည်၊ ဆား အချိုမှုန့် တို ့ထည့်ပြီး မွှေပါ။ 
၆) ဂဏန်းတွေကို ထည်လုံးပြီး ဖြေးဖြေးချင်း မွှေပေးပါ။ ခုဏကဂဏန်းထဲ့ ပြုတ်ထား တဲ့ရေထည့်ပြီး ဆူအောင်ပြန် တည်ပါ။ ပြုတ်ထားတဲ့ ပြောင်းဖူးစိတ် ထည့်ပါ။ 
၇) ပွက်ပွက်ဆူလာပြီဆိုလျှင် မန်ကျည်းရည် ထည့်ပြီး ဆက်တည်ပါ။ နောက်ထပ် ထပ်ဆူလာလျှင် ငရုတ်သီးစိမ်းထောင်းထည့် နံနံပင်နှင့် က်န္မဆလာ ထပ်ထည့်ပါ။
၈) ကြက်ဥကို နာနာလေး ခေါက်ထည့်ပြီး မွှေပါ။ အရသာ ပေါ့အငန်ပြင်ပြီးလျှင် ရပါပြီ။
အနံ ့မွှေးမွှေးလေးနဲ ့ ချဉ်ငံစပ် ဂဏန်းမဆလာဟင်းတစ်ခွက် ရပါပြီ။
ပဲကြီးဟင်းဆီပြန်
ပါ၀င်ပစ္စည်းများ
ပဲကြီး ၂၅ကျပ်သား၊ ဆီ ၅ကျပ်သား၊ ကြက်သွန်နီ ၅ဥ၊ ကြက်သွန်ဖြူ ၂ဥ၊ ငံပြာရည် စားပွဲဇွန်း ၂ဇွန်း၊ ဆူးပုပ်ရွက် တစ်စည်း၊ နနွင်းမှုန့် အနည်းငယ်၊ ဆား သင့်ရုံ။
ပြင်ဆင်ချက်ပြုတ်ပုံ
ပဲကြီးသည် အခွံချွတ်ပြီးသော ပဲကြီးရေစိမ်ဖြစ်ရပါမည်။ ၄င်းကို ရေသန့်ရေအေးနှင့် ကောင်းစွာဆေးကြောပြီးနောက် နနွင်းမှုန့် အနည်းငယ်နှင့် ဆီထည့်၍ အနည်းငယ် နှံ့ရုံမွှေမည်။ ရေသင့်ရုံံထည့်ကာ ချက်မည်။
ပဲကြီး နူးကာနီးတွင် ကြက်သွနနီကို လှီးထည့်မည်။ ဆားနှင့် ငံပြာရည်လည်းဖျန်းပြီးထည့်မည်။ မွှေလိုသော် မမွှေဘဲ အိုးကိုလှုပ်ပေးရသည်။ အရည်ဆူပြီးနောက်တွင် မီးပြင်းမထိုးရပါ။
ဆီပြန်သော် ဆူးပုပ်ရွက်ကိုရေဆေးပြီး ခတ်ကာချစားနိုင်သည်။ ဆူးပုပ်ရွက်မကြိုက်သော် ကြက်သွန်ဖြူကို ဓားပြားရိုက်ကာ အုပ်နိုင်သည်။ ပဲကြီးဟင်းချိုမှာလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ ဆီပြန်ခြင်းနှင့် ရေများခြင်းသာခြားနားသည်။
ကျောက်ပွင့်သုပ် 
 ပါ၀င်သောပစ္စည်းများ - 
 ကျောက်ပွင့် = ၂ပွင့် 
 ပုစွန်ခြောက် = ၂၀ကောင် 
 ပဲမူန့်အကျက် = အနည်းငယ် 
 ဆီ = ၅ကျပ်သား 
 ကြက်သွန်နီ = ၄လုံး 
 သံပရာသီး = တစ်ခြမ်း 
 ငံပြာရည် = အနည်းငယ် 
 နံနံပင် = အနည်းငယ်
 ငါးဖယ်ကြော် အနည်းငယ်
 ပြုလုပ်ပုံ - 
 - ကျောက်ပွင့်ကို ရေစိမ်ပြီး ရေစင်စင်ဆေးပါ။ မကြီးမသေးညှပ်ပါ။ - ကြက်သွန်နီပါးပါးလှီးထည့်ပါ။ ငါးဖယ် မပျော့မမာကြော်ထားသည်များကို ပါးပါးညှပ်ထည့်ပါ။ - ပုစွန်ခြောက်မူန့်၊ ငံပြာရည်၊ ပဲမူန့်၊ နံနံပင်များထည့်၊ ဆီချက်ထည့်၍ နယ္ကာ သုပ္စားပါ။ - အစပ်ကြိုက်လျှင် ငရုတ်သီးစိမ်းလှီး၍ ထည့်သုပ်ပါ။ - သံပရာသီး ညှစ်ထည့်ပါ။
 ၀က်သားငံပြာရည်ကြော်
ပါ၀င်သောပစ္စည်းများ
၀က်သား အသားကောင်းကောင်း ၂၀ကျပ်သား၊ ကြက်သွန်နီ ၅လုံး၊ ကြက်သွန်ဖြူ ၃လုံး၊ ငံပြာရည်ကောင်းကောင်း ၅ကျပ်သား၊ ငရုတ္သီး အပွတောင့် ၁၅တောင့်၊ ဆီ ၅ကျပ်သား၊ နနွင်း အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ဆား အနည်းငယ်။
ပြင်ဆင်ပြုလုပ်ပုံ
၀က်သားများကို ရေစင်စွာဆေးပါ။ ပြီးလျှင် အတုံးသေးသေးတွေတုံးထားပါ။ ထို့နောက် ဆား၊ ဟင်းခတ်မှုန့် အနည်းငယ်တို့ဖြင့် နာနာနယ် ထားပါ။
ငရုတ်သီးအပွတောင့်ကို ငရုတ်ဆုံတွင် မညက်တညက်ထောင်းပါ။ ထိုအထဲသို့ ကြက်သွန်ဖြူပါ ထည့်ထောင်းပါ။ ကြက်သွန်နီကို ပါးပါးလွီး ထားပါ။
ရှေးဦးစွာ ဆီအိုးတည်၍ ဆီကျက်လျှင် နယ်ထားသော ၀က်သားတုံးကလေးများ ထည့်၍ကြော်ပါ။
၀က်သားတုံးကလေးများ နီရောင်သမ်းလာလျှင် ဒယ်အိုးထဲမှဆယ်ယူ၍ ဆီစစ္ထားပါ။
ပြီးလျှင် ဒယ်အိုးကိုပြန်တည်၍ မီးနည်းနည်းဖြင့် ကြက်သွန်နီထည့်ကြော်ပါ။
ထို့နောက် ထောင်းထားသော ငရုတ်သီးနှင့် ကြက်သွန်ဖြူတို့ပါ ရောထည့်၍ ဆီသတ်ပါ။
ငရုတ်သီးစိမ်းနံ့ပျောက်လျှင် ငံပြာရည်အနည်းငယ် လောင်းထည့်ပါ။
ပြီးလျှင် ကြော်ထားသော ၀က်သားတုံးကလေးများထည့်ပါ။ ဟင်းခတ်မှုန့်ထည့်၍ အပေါ့အငန်မြည်းပါ။ မစိုမခြောက်ကလေးချ၍ သုံးဆောင်ပါ။ အစပ်ကြိုက်လျှင် ငရုတ်သီးအရှည်တောင့် သုံးပါ။ အတို့အမြုပ်ကတော့လက်တကမ်းရရာအသီးအရွက်များကို စားသုံးနိုင်ပါတယ်။
ဂဏန်းမဆလာချက်နည်း 
ပါဝင်ပစ္စည်းများ
ဂဏန်း -  ၅ကောင်
ကြက်သွန်နီ - ၃လုံး
ကြက်သွန်ဖြူ -၇မွှာ
နံနံပင် -၅ပင်
ပျဉ်တော်သိမ် -၃ခက်
ကြက်ဥ ၁လုံး
၎) ဆီသတ်နံ့ မွှေးလာလျှင် ပါးပါးလှီးထားသော ခရမ်းချဉ်သီးတွေကို ထည့်ပြီး ကျေအောင် မွှေပါ။
ပဲကြီးဟင်းဆီပြန်
ပါဝင်ပစ္စည်းများ
ပြင်ဆင်ချက်ပြုတ်ပုံ
ကျောက်ပွင့်သုပ်  
ပါဝင်သောပစ္စည်းများ -  
 ကျောက်ပွင့် = ၂ပွင့်  
ပုစွန်ခြောက် = ၂၀ကောင်  
ဆီ = ၅ကျပ်သား 
 ကြက်သွန်နီ = ၄လုံး  
သံပရာသီး = တစ်ခြမ်း  
ငံပြာရည် = အနည်းငယ်  
နံနံပင် = အနည်းငယ်
 ငါးဖယ်ကြော် အနည်းငယ်
 ပြုလုပ်ပုံ -  
ပါဝင်သောပစ္စည်းများ
ဝက်သား အသားကောင်းကောင်း ၂၀ကျပ်သား၊ ကြက်သွန်နီ ၅လုံး၊ ကြက်သွန်ဖြူ ၃လုံး၊ ငံပြာရည်ကောင်းကောင်း ၅ကျပ်သား၊ ငရုတ်သီး အပွတောင့် ၁၅တောင့်၊ ဆီ ၅ကျပ်သား၊ နနွင်း အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ဆား အနည်းငယ်။
ပြင်ဆင်ပြုလုပ်ပုံ
ဝက်သားတုံးကလေးများ နီရောင်သမ်းလာလျှင် ဒယ်အိုးထဲမှဆယ်ယူ၍ ဆီစစ်ထားပါ။
No comments: