Friday, November 5, 2021
ငါးဆားအုံမီးကင် ကွေ့သယို မာလာကြက်ခြေထောက် - ၀က်ကြေးအိုး
ငါးဆားအုံမီးကင် ကွေ့သယို မာလာကြက်ခြေထောက် - ၀က်ကြေးအိုး
ငါးဆားအုံမီးကင် (Fish Baked in Salt Crust)
ဆား (သို့မဟုတ်) ရွှံ့မံပြီးဖုတ်တဲ့ငါးဟာ အရည်တွေမခြောက်ဘဲ အငွေ့မပြန်ဘဲ ဆားအပူရှိန်နဲ့ ကျက်သွားတာကြောင့် Juicy ဖြစ်ပြီး ပိုချိုစေပါတယ်။ တစ္ခုသတိထားရမွာက အချိန်ကြာကြာကင်လျှင် အသားအကျက်လွန်ပြီး အရသာပျက်စေပါတယ်။ ဆားကို ရေအစား ကြက်ဥအကာနဲ့နယ်ပြီးလည်း ကင်နိုင်ပါတယ်။ အချို့ကတော့ ပါးဟက်နှင့် ကလီစာမျထားထုတ်ထားသောငါးကို ဆားမငံစေရန် အကြေးခွံနဲ့ ကင်ပါတယ်။ တကယ်ကတော့အကြေးခွံခွာပြီးကင်လည်း ဆားမငန်ပါဘူး။ငါးကို ဗိုက်ခွဲရုံခွဲပြီး ဓားဖြင့်မမွှန်းထားတဲ့အပြင် ဆားမံပြီးတာနဲ့ ချက်ချင်းကင်တာကြောင့် မငန်ခြင်းဖြစ်ပါတယ်။
ဘယ်နည်းနဲ့ကင်ကင် ကင်ပြီးနောက် ဆားနဲ့ငါးအရေခွံအောက်က အသားမထိအောင် စိတ်ရှည်ရှည် ခွာထုတ် ဖယ်ထုတ်နိုင်ရင် မငန်ပါဘူး။
လိုအပ်ပစ္စည်းများ
အရမ်းမနုသော အပွင့်ကြီးသည့်ဆား - 6 cups (1500ml) ခန့်၊ ရေ cup (125ml)ခန့် (အစိုပြန်နေသောဆားကိုသုံးလျှင် ရေထည့်ရန် မလိုပါ)၊ ပူစီနံ(mint) 1 cup ခန့်(တစ်၀က်ကို လက်တစ်ဆစ်ခန့်အရှည် လွီးထားပါ)၊ ပါးဟက်နှင့် ကလီစာမ်ားထုတ္ကာ ရေခြောက်အောင် paper towel ဖြင့်သုတ်ထားသော နှစ်သက်ရာငါး ၁ကောင် (600g)၊ နှစ်လက်မခန့် အရှည်ဖြတ်ပြီး ထုထားသော စပါးလင် ၂ပင်၊ ပါးပါးလွီး ထားသော သံပရိုသီး တစ်ခြမ်း။
ပြင်ဆင်ပြုလုပ်ပုံ
ဆားထဲ ရေနှင့်လှီးထားသော ပူစီနံထည့်ကာ ရောနှောပေးပါ။ (ရေကိုတစ်ခါတည်းလောင်းမထည့်ဘဲ ချင့်ချိန်ကာ နည်းနည်းခြင်းလောင်း ထည့်ပါ။ စိုရွှဲသွားစေရန်မဟုတ်ဘဲ ဆုပ်ကိုင်လိုက်ပါက အနည်းငယ် ခပ်သိပ်သိပ်ဖြစ်သွားစေရုံပါ။)
ဖုတ်မည့်ဗန်းတွင် ငါးကင်လို့ရမည့် အကျယ်အ၀န်း မှန်းဆကာ ဆား (သုံးပုံတစ်ပုံခန့်)ကို ခပ်ထူထူခင်းပေးပါ။
ဗိုက်နဲ့ ခေါင်းထဲကျန်သည့် ပူစီနံ၊ စပါးလင်နှင့် သံပရိုသီးထည့်ထားသော ငါးကိုတင်ပါ။
ကျန်သည့်ဆားများဖြင့် နေရာလွတ်မကျန်အောင် ခပ်ဖွဖွဖုံးဖိပေးပြီး ၂၀၀ဒီဂရီစင်တီဂရိတ်ဖြင့် ကြိုတင်အပူပေးထားသည့် oven ၅ဆင့်မြောက်တွင်ထားပြီး ၂၅မိနစ်ခန့် ဖုတ်ပေးပါ။ (oven အမျိုးအစားမတူတာကြောင့် အချိန်အနည်းငယ် အတိုးအလျော့ရှိနိုင်ပါတယ်။)
Oven မွထုတ္ကာ ၅မိနစ်ခန့်အအေးခံပြီးနောက် ဓားနောက် သို့မဟုတ် မိမိအဆင်ပြေရာတစ်ခုခုဖြင့် ခပ်ဖြည်းဖြည်းရိုက်ထုခွဲကာ ဆားများဖယ် ထုတ်ပေးပါ။ ငါးအကောင်မပျက်၊ အေရခြံမကြာဘဲ လှလှပပရစေရန် နည်းနည်းစိတ်ရှည်ပေးဖို့လိုပါတယ်။
အရေခွံခွာထုတ်ပြီးနောက် သံပရာရည်လေး အနည်းငယ်ညှစ်ကာ သုံးဆောင်နိုင်သလို မုန့်ဖတ်နှင့် နှစ်သက်ရာအရွက်များထည့်ကာ rice paper ဖြင့်လိပ်ကာ ချိုချဉ်စပ် sauce လေးဖြင့် တို့၍လည်း သုံးဆောင်နိုင်ပါတယ်။
ချိုချဉ်စပ် ဆော့စ် အတွက် -
ကြက်သွန်ဖြူအတက်ကြီး လေးတက်၊ ငရုတ်သီးစိမ်း ၁၀တောင့်၊ သကြား ထမင်းစားဇွန်း ၃ဇွန်းခွဲ၊ ရေနွေးပူပူ ထမင်းစားဇွန်း ၅ဇွန်း၊ ငါးငံပြာရည် ထမင်းစားဇွန်း ၆ဇွန်း၊ သံပရာရည် ထမင်းစားဇွန်း ၅ဇွန်း။
ရေနွေးပူပူထဲသကြားထည့်ကာ ပျော်အောင်ဖျော်ထားပါ။ ရောထောင်းထားသော ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို ထိုအရည်နွေးနွေးထဲ ထည့်ဖျော်ပါ။ (ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို အရည်နွေးနေတုန်းထည့်ရင် ပိုမွှေးသွားစေပါတယ်။)
အေးသွားပြီးနောက် ငါးငံပြာရည်နဲ့ သံပရာရည်ထည့်ဖျော်လိုက်ရင် လိုအပ်သော ချိုချဉ်စပ်ဆော့စ်ရပါပြီ။
ကွေ ့တီယို
ကွေ ့တီယို ပြုလုပ်နည်းကို မေးထားတဲ့သူတွေအတွက်ကော အခြားသူတွေအတွက်ပါရေးပေးလိုက်ပါတယ်။ ကွေ ့တီယိုကတော့ လူကြိုက်များတဲ့ ခေါက်ဆွဲတမျိုးပါပဲ။ ပြုလုပ်ရတာလွယ်ကူသလို စားလို ့လဲကောင်းပါတယ်။ ထိုင်းဆိုင်တွေမှာ သွားစားရင် ကွေ ့တီယိုကို ကိုယ်ကြိုက်နှစ်သက်ရာ ခေါက်ဆွဲဖတ်နဲ ့စားလို ့ရပါတယ်။ လုပ်စားကြည့်ရအောင်နော်။ 
ပါ၀င်သောပစ္စည်းများ (၈ ပြဲစာ)
၁။ ကြက်ရိုး - ၂၅ ကျပ်သား (သို ့) ၁ ပေါင်
၂။ ကွေ ့တီယိုဆန်ခေါက်ဆွဲဖတ် (သို ့) ဆန်ပြား (သို ့) ကြာဇံ - ၅၀ ကျပ်သား (သို ့) ၂ ပေါင်
၃။ ငါးဖယ်လုံး - ၂၅ ကျပ်သား (သို ့) ၁ ပေါင် 
၄။ ၀က်သား (သို ့) ကြက်သား - ၄၀ သား (သို ့) ၁ ပေါင်ခွဲ
၅။ တောက်တောက်စဉ်းထားသော ၀က်သား (သို ့) ကြက်သား - ၂၅ ကျပ်သား (သို ့) ၁ ပေါင်
၆။ ပဲပင်ပေါက် - ၂၅ ကျပ်သား (သို ့) ၁ ပေါင်
၇။ ပါးပါးလှီးထားသော ကြက်သွန်မြိတ်
၈။ ပါးပါးလှီးထားသော နံနံပင်
၉။ ကြက်သွန်ဖြူကြော်
၁၀။ နံနံပင်အရိုး - အခု ၂၀
၁၁။ ကြက်သွန်ဖြူ - ၅ မြွာ
၁၂။ ငရုတ်ကောင်းစေ့ - ၁၀ စေ့
၁၃။ ဆား - ထမင်းစားဇွန်း ၁ ဇွန်း နှင့် လက်ဖက်ရည်ဇွန်း တ ၀က်
၁၄။ သျကား - ထမင်းစားဇွန်း ၂ ဇွန်း
(ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml ) 
ပြုလုပ်နည်း
၁။ ကြက်ရိုးများကို သန် ့စင်ထားပါ။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ။ ၀က်သား (သို ့) ကြက်သားကို ပါးပါးလွီးထားပါ။ 
၂။ အိုးကြီးကြီးတလုံးထဲမှာ ရေ ၄ လီတာ ထည့်၍ ပွက်လာအောင်တည်ပါ။ ရေပွက်လာလျှင် နံနံပင်အရိုး၊ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ နှင့် ငရုတ်ကောင်းတို ့ကိုထည့်ပါ။ ၂ မိနစ်လောက်နေ အနံ ့မွှေးလာလျှင် သန် ့စင်ထားသော ကြက်ရိုးများကိုထည့်ပါ။ ဆား ထမင်းစားဇွန်း ၁ ဇွန်း နှင့် သျကား ထမင်းစားဇွန်း ၂ ဇွန်းတို ့ကိုထည့်ပါ။ ထို ေ့နာက် မီးအေးအေးဖြင့် အနည်းဆုံး ၁ နာရီလောက်တည်ပါ။ ရေလျော့သွားတိုင်း ထပ်ထပ်ဖြည့်ပေးပါ။
၃။ မကပ်သောဒယ်အိုးထဲကို တောက်တောက်စဉ်းထားသော ၀က်သား (သို ့) ကြက်သား ကိုထည့်၊ ဆား လဖက်ရည်ဇွန်း တ ၀က်ကိုထည့်ရျ် အသားမ်ား ကျက်သွားသည်အထိ အိုးပေါ်မှာလှိမ့်ပါ။ အသားလေးတွေတခုနဲ ့တခုလုံးမသွားအောင် ခြေခြေပေးပါ။(ဆီမထည့်ပါ။ ခြောက်သွားအောင်လှိမ့်စရာမလိုပါ။ အသားက်က္သြားတာနဲ ့မီးဖိုပေါ်ကချပါ။)
၄။ စားခါနီးတွင် အိုးသေးသေးတလုံးထဲကို ပြုတ်ရည်အိုးထဲမှ တပွဲစာအတွက် ယောက်ချိုဇွန်း ၃ ဇွန်း ကိုယူရျ်ထည့်ပါ။ ငါးဖယ်လုံး ၄ လုံးကိုထည့်၊ ပါးပါးလှီးထားသော ဝက္သား (သို ့) ကြက်သားကိုထည့်ရျ် ပွက်လာအောင်တည်ပါ။ ပွက်လာလျှင် ပဲပင်ပေါက်ကိုထည့်ပြီး မီးဖိုပေါ်မှချပါ။
၅။ ဆန်ခေါက်ဆွဲအဖတ်ကိုသုံးလျှင် အခြားအိုးတခုထဲမှာ ဆန်ခေါက်ဆွဲအဖတ်ကို အရင်ပြုတ်ပြီးမှ ပန်းကန်ထဲကို ခေါက်ဆွဲဖတ် အရင်ထည့်၊ အသားအကျေကိုထည့်၊ ပြီးလျှင် ဟင်းရည်ကို နှင့် ငါးဖယ်လုံး ၊ အသားမျာကိုအပေါ်ကလောင်းထည့်၊ ကြက်သွန်မြိတ်၊ နံနံပင်ထည့်၊ အပေါ်ဆုံးကနေ ကြက်သွန်ဖြူကြော်လေးဖြူးပြီး ပြုလုပ်ပါ။ (ကြက်သွန်ဖြူကြော်ကို ထည့်ဖြစ်အောင်ထည့်ပါ။ အနံ ့လေးမွှေးမွှေးလေးနဲ ့အလွန်အရသာရှိပါတယ်။)
၆။ ကွေ ့တီယို ခေါက်ဆွဲပြုတ်ကို သကြား၊ ငရုတ်သီး အကြမ်းမှုန် ့၊ ငရုတ်သီးစိမ်းရှာလကာရည်ချဉ်တို ့နှင့် တွဲဖတ်ရျ် သုံးဆောင်နိုင်ပါသည်။ တချို ့ကေတာ့ မြေပဲထောင်းပါ ထည့်စားကြပါတယ်။
မာလာကြက်ခြေထောက်
မာလာကြက်ခြေထောက်လုပ်နည်းမေးထားတဲ့သူတွေအတွက် တင်ပေးလိုက်တယ်နော်။ မာလာကြက်ခြေထောက်ကတော့ ကြက်ခြေထောက်ကြိုက်တဲ့သူတွေအတွက်တော့ ရှယ်ပဲပေါ့ရှင်။ မာလာအနံ့မွှေးမွှေးလေးနဲ့ အလွန်ကိုစားလို့ကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ကြက်ခြေထောက် - ၄၀ သား (သို့) ၁ ပေါင် ၉ အောင်စခန့်
၂။ နာနတ်ပွင့် - ၃ ခု
၃။ lilly's လီလီကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
၄။ နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တဝက်
၅။ ခရုဆီ - ထမင်းစားဇွန်း ၂ ဇွန်း
၆။ ပဲငံပြာရည်အကြည် (အကျဲ) - ထမင်းစားဇွန်း ၁ ဇွန်း
၇။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၈။ ကြက်သွန်ဖြူ - ၃ မွှာ
၉။ ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၁၀။ ဟင်းချက်ဝိုင် -ထမင်းစားဇွန်း ၁ ဇွန်း
၁၁။ မာလာအနှစ် - ထမင်းစားဇွန်း ၁ ဇွန်း ခြဲ (သို့ ) ၂ ဇွန်း
၁၂။ မြေပဲထောငး် - ထမင်းစားဇွန်း ၂ ဇွန်း
၁၃။ နှမ်းလှော် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၄။ ကြက်သွန်မြိတ် - ၃ ပင်
၁၅။ နံနံပင် - ၆ ပင်
၁၆။ ဆီ - ထမင်းစားဇွန်း ၁၀ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
၁။ ကြက်ခြေထောက်များရဲ ့ခြေသည်းခွံညှပ် သန် ့စင်ပြီး ေ၇ခြောက်အောင်လုပ်ထားပါ။ ကြက်သွန်ဖြူကို တောက်တောက်စဉ်းထားပါ။ နံနံပင်နှင့် ကြက်သွန်မြိတ်ကိုပါးပါးလှီးထားပါ။ 
၂။ ရေခြောက်အောင်လုပ်ထားသော ကြက်ခြေထောက်များကို ဆားအနည်းငယ်ဖြင့် နယ်ပါ။
၃။ ထို ့နောက် ကြက်ခြေထောက်တည်မည့်အိုးထဲတွင်ဆီကို ထည့်အပူပေးပါ။ ဆီပူလာလျှင် ကြက်ခြေထောက်များကို ထည့်ရျ် အပေါ်ယံအေ၇ခွံတင်းလာအောင်ကြော်ပေးပါ။ (ဒယ်အိုးကို အသုံးမပြုပါနဲ့။ ဟင်းချက်တဲ့အိုးကိုသုံးပါ။ ကြက်ခြေထောက်များေ၇ပေါက်တာ သက်သာအောင်လို ့ပါ။ ကြက်ခြေထောက်များလဲေ၇ခြောက်နေပါစေ။)
၄။ ကြော်ပြီးသားကြက်ခြေထောက်များကို ဆယ်ရျ် ပန်းကန်တခုထဲထည့်ထားပါ။ 
၅။ ကြော်ထားသော ဆီမ်ားထဲမွ ဆီထမင်းစားဇွန်း ၂ ဇွန်းစာကိုပဲ ချန်ရျ်ကျန်သောဆီများကို ခပ်ထုတ်ထားပါ။
၆။ ကျန်သောဆီအနည်းငယ်ကို အပူပေးပြီး ပူလာလျှင် ကြက်သွန်ဖြူထည့်ရျ် ဆီသတ်ပါ။ ထို ့နောက် ကြက်ခြေထောက်များကို ထည့်ပါ။ ပြီးလျှင် နာနတ်ပွင့်၊ lilly's လီလီကြက်သားမှုန့်၊ နှမး်ဆီမွှေး၊ ခရုဆီ၊ ပဲငံပြာရည်အကြည်(အကျဲ)၊ သကြား၊ ငရုတ်ကောင်း၊ ဟင်းချက်ဝိုင် တို့ကိုထည့်ရျ်လုံးပါ။ ရေကို ကြက်ခြေထောက်မြုပ်အောင်ထည့်ရျ် တည်ပါ။ 
၇။ ရေခမ်းကာနီးတွင် ကြက်ခြေထောက်နူးမနူးကြည့်ပါ။ မနူးသေးလျှင် ရေထည့်ရျ် ထပ်တည်ပါ။ (အိစံကေတာ့ ရေ ၂ခါထည့်ပါတယ်။ တချို့ကြက်ခြေထောက်တွေက အရမ်းမာလျှင် ရေ၃ခါလောက်ထည့်ရပါတယ်။)
၈။ လိုချင်သော ကြက်ခြေထောက်အနေအထားရလျှင် မီးဖိုပေါ်မှချပါ။ (ကြက်ခြေထောက် ရေမခမ်းပါစေနဲ့ အရည်နည်းနည်းလေး ရှိမှပိုကောင်းတာပါ။)
၉။ ဇလုံတခုထဲကို မာလာဟင်းအနှစ်၊ မြေပဲထောင်း၊ နှမ်း၊ ပါးပါးလှီးထားသော ကြက်သွန်ြမ်ိတ်၊ နံနံပင်တို့ကိုထည့်ရျ် သမအောင်လုပ် ထားပါ။ ထို့နောက် အရည်နည်းနည်းကျန်နေသော ကြက်ခြေထောက်များကိုထည့်ရျ် သမအောင်လှုပ်ပါ။ ပန်းကန်ထဲထည့်ရျ် သုံးဆောင်နိုင်ပါပြီရှင်။
၀က်ကြေးအိုး
 ********
( ၄ ) ယောက်စာ
ပါ၀င်ပစ္စည်းများ
ဆန်ကြာဇံ (၂၅)ကျပ်သား........၁ထုပ်
၀က်ရိုး.................................၂ချောင်း
၀က်အူချို.............................၁၀ကျပ်သား
၀က်အူမ..............................၁၀ကျပ်သား
၀က်အသဲ.............................၁၀ကျပ်သား
၀က်ဦးနှောက်........................အနည်းငယ်
ပဲပြား..................................၂တုံး
ငုံးဥ....................................၈လုံး
မုန်ညှင်းစိမ်း..........................၂စည်း
ကြက်သွန်မြိတ်.....................၅ပင်
ကုဆိုင်................................၁၅ပင်
၀က်သားလုံး( သီးသန်.ဖော်ပြပါမည်) 
ငါးဖယ္လုံး ( ............။...............) 
ပြင်ဆင်ပြုလုပ်ပုံ
ကြာဇံကိုကြေးအိုးမချက်မီ..အနည်းဆုံး..၁နာရီခန်.ရေစိမ်ထားပါ။ပထမဆုံး၀က်ရိုးတွေကိုရေဆေးပြီး...ချင်း၁တက်ကိုဓါးပြားရိုက်ထည့်ပြီးပြုတ်ပါ... အမြှုပ်နှင့်သွေးအညစ်အကြေးတွေကိုခပ်ထုပ်ပါ။( ရေ၁၀လီတာခန်.ထည့်ပေးဖို.လိုအပ်ပါမယ်..။) 
တစ်ပွက်ဆူအညစ်အကြေးတွေကုန်မှ...နောက်၂လီတာခန်.ကိုပေါင်းထည့်ပေးပါ။၀က်အူချိုတွေကို၁လက်မအရွယ်ပါးပါးလှီးပါ။၀က်အသဲတွေကိုလည်းပါးပါးလှီးပါ။(၀က်အသည်းကိုတော့..ရေနွေးဆူဆူမှာခေတ္တရေနွေးဖျောထားပေးဖို.လိုပါမယ်) 
ငုံးဥကိုအကျက်ပြုတ်ပြီး..အခွံခွာထားပါ။မုန်ညှင်းစိမ်း၊ကုဆိုင်တွေကိုလည်း..သင့်တော်သလိုရေဆေးလှီးဖြတ်ထားပါ။
၀က်သားလုံး 
******** 
၀က်ပေါင်သား( ၃၀) ကျပ်သားလောက်ကိုကြိတ်စက်ဖြင့်ကြိတ်(သို.) ညှက်နေအောင်စဉ်းပါ။ချင်းသေးသေးတစ်တက်နှင့်ကြက်သွန်ဖြူ (၃) တက်ကိုလည်းညှက်နေအောင်စဉ်းပါ။
နုပ်နုပ်စဉ်းထားတဲ့၀က်သား၊ချင်း+ ကြက်သွန်ဖြူအရောတို့ကိုဇလုံတစ်ခုအတွင်းထည့်ပြီး..ဆား၊ငရုတ်ကောင်း၊ဟင်းခတ်မှုန်. ၊ကြက်ဥတစ်လုံး၊ကော်မှုန်. (၂) ဇွန်း၊ငါးမျိုးစပ်တရုတ်မဆလာအနည်းငယ်နှင့်အတူ...ရောနယ်ပြီး..နှပ်ထားပါ။
ငါးဖယ္လုံး 
******* 
ငါးဖယ်( ၁၀)ကျပ်သားခန်.ကိုကြက်သွန်ဖြူ၂တက်ညှက်နေအောင်ထောင်းထည့်ပြီး..ဆား၊ဟင်းခတ်မှုန်.၊ငရုတ်ကောင်းပြောင်းမှုန်.(၂ဇွန်း)၊ ကြက်ဥ တစ္လုံး ဧ။်အကာသာထည့်နယ်ပြီး..နာနာလေးရိုက်နယ်ပါ။ပြီးရင်..ရေနွေးဆူဆူမှာပြုတ်ပြီး..အေအးခံထားပါ။ 
ပြုတ်ထားတဲ့..၀က်ပြုတ်ရည်ကိုတစ်၀က်ခွဲထုတ်လိုက်ပါ။လက်ကျန်ပြုတ်ရည်နဲ.အရိုးပါတဲ့အိုးမွာ..ဆား၊ဟင်းခတ်မှုန်.တို.နှင့်အရသာသွင်း ပါ...။
မီးအေးအေးမှာပူနေအောင်တည်ထားပါ။ကြေးအိုးက..တစ်ပွဲစာချင်းစီပဲပြင်ရပါတယ်...။စတင်ပြင်ဆင်ကြည့်ရအောင်။ဟင်းရည်ချက်အိုး (ကြေးအိုးဆိုင်များမှာမြင်ဖူးကြမှာပါ) (သို.) မိမိအဆင်ပြေတဲ့အိုးတစ်လုံးမှာခွဲထုတ်ထားတဲ့၀က်ပြုတ်ရည်ဇွန်းခွက်ကြီး၂ဇွန်းစာကိုထည့် ..ပြီး၀က်အူမကိုစတင်ထည့်ပါ။ထို.နောက်၀က်အူချိူနယ်ထားတဲ့၀က်သားတွေကိုလက်နဲ.ဆုပ်ပြီး..ဇွန်းလေးနဲ.ဖိချထည့်ပါ။ 
(ဒီလိုထည့်လိုက်တာဟာ..ငါးဖယ်လုံးလိုသေသေသပ်သပ်လည်းမဟုတ်ပဲ..စပါးစေ့ကဲ့သို.မညီမညာပုံစံလေးတွေရမှာဖြစ်ပါတယ်..။၀က်သားတွေကျက်တာနဲ.ရေစိမ်ထားတဲ့ကြာဇံကိုထည့်ပေးပါ။ကြာဇံနှုးအိခါနီးဆိုရင်..ချက်ချင်းဆိုသလိုပဲ..ပြုတ်ထားတဲ့၀က်အသည်း၊ငုံးဥ၊ပဲပြားမှုံညှင်းစိမ်း၊ကြက်သွန်မြိတ်၊ကုဆိုင်စတာတွေထည့်ပြီး..၀က်ဦးနှောက်ထည့်ချိန်မှာ..ပြုတ်ရည်ဟာလည်းခမ်းနေပါပြီ...။ပြင်ဆင်မယ့်ပန်းကန်ထဲလောင်းချထည့်ကာ...အရာသာသွင်းထားတဲ့၀က်ပြုတ်ရည်လောင်းချကာ...ငရုတ်ကောင်းမှုန်.လေးဖြူး..သုံးဆောင်နိူင်ပါပြီ...။ငရုတ်ဆီရည်...အချဉ်စိမ်ထားတဲ့..ငရုတ်သီးချဉ်လေးများနဲ.တွဲဖက်သုံးဆောင်ပါ။ကြေးအိုးက..ဆိုင်တွေမှာအင်တိုက်အားတိုက်ပြင်ဆင်ထားပြီးသားသွားစားကြရမှာအရမ်းလွယ်တယ်လို.ထင်ကြပါတယ်..။ဒါပေမယ့်..အတော်လေးပင်ပန်းတဲ့ချက်ပြုတ်နည်းတစ်မျိုးလည်းဖြစ်ပါတယ်..။အားလုံးရောပြုတ်ထားတဲ့..ဟင်းရည်အိုးကြီးထဲကနေ..မုန်.ဖတ်ပေါ်လောင်းချရတဲ့မုန်.ဟင်းခါးလိုလည်းမဟုတ်တော့..ပြင်ဆင်ပေးရတဲ့သူဘယ်လောက်ပင်ပန်းတယ်ဆို တာ..(၃၆) လမ်းကြေးအိုးဘုရင်သွားစားဖူးသူတိုင်းသိမှာပါ( သူတို.ကဆိုင်အရှေ.မှာပြင်ဆင်ပေးတာပါ ) 
လိုအပ်ပစ္စည်းများ
အရမ်းမနုသော အပွင့်ကြီးသည့်ဆား - 6 cups (1500ml) ခန့်၊ ရေ ½ cup (125ml)ခန့် (အစိုပြန်နေသောဆားကိုသုံးလျှင် ရေထည့်ရန် မလိုပါ)၊ ပူစီနံ(mint) 1 cup ခန့်(တစ်ဝက်ကို လက်တစ်ဆစ်ခန့်အရှည် လှီးထားပါ)၊ ပါးဟက်နှင့် ကလီစာများထုတ်ကာ ရေခြောက်အောင် paper towel ဖြင့်သုတ်ထားသော နှစ်သက်ရာငါး ၁ကောင် (600g)၊ နှစ်လက်မခန့် အရှည်ဖြတ်ပြီး ထုထားသော စပါးလင် ၂ပင်၊ ပါးပါးလှီး ထားသော သံပရိုသီး တစ်ခြမ်း။
ပြင်ဆင်ပြုလုပ်ပုံ
Oven မှထုတ်ကာ ၅မိနစ်ခန့်အအေးခံပြီးနောက် ဓားနောက် သို့မဟုတ် မိမိအဆင်ပြေရာတစ်ခုခုဖြင့် ခပ်ဖြည်းဖြည်းရိုက်ထုခွဲကာ ဆားများဖယ် ထုတ်ပေးပါ။ ငါးအကောင်မပျက်၊ အရေခွံမကွာဘဲ လှလှပပရစေရန် နည်းနည်းစိတ်ရှည်ပေးဖို့လိုပါတယ်။
ကွေ့ တီယို
ပါဝင်သောပစ္စည်းများ (၈ ပွဲစာ)
၉။ ကြက်သွန်ဖြူကြော်
၁၀။ နံနံပင်အရိုး - အခု ၂၀
၁၁။ ကြက်သွန်ဖြူ - ၅ မွှာ
၁၂။ ငရုတ်ကောင်းစေ့ - ၁၀ စေ့
၁၄။ သကြား - ထမင်းစားဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
၆။ ကွေ့ တီယို ခေါက်ဆွဲပြုတ်ကို သကြား၊ ငရုတ်သီး အကြမ်းမှုန့် ၊ ငရုတ်သီးစိမ်းရှာလကာရည်ချဉ်တို့ နှင့် တွဲဖတ်ရ်ျ သုံးဆောင်နိုင်ပါသည်။ တချို့ ကတော့ မြေပဲထောင်းပါ ထည့်စားကြပါတယ်။
မာလာကြက်ခြေထောက်
ပါဝင်သောပစ္စည်းများ
၂။ နာနတ်ပွင့် - ၃ ခု
၈။ ကြက်သွန်ဖြူ - ၃ မွှာ
၁၁။ မာလာအနှစ် - ထမင်းစားဇွန်း ၁ ဇွန်း ခွဲ (သို့ ) ၂ ဇွန်း
၁၂။ မြေပဲထောင်း - ထမင်းစားဇွန်း ၂ ဇွန်း
၁၄။ ကြက်သွန်မြိတ် - ၃ ပင်
၁၅။ နံနံပင် - ၆ ပင်
ပြုလုပ်နည်း
၎။ ကြော်ပြီးသားကြက်ခြေထောက်များကို ဆယ်ရ်ျ ပန်းကန်တခုထဲထည့်ထားပါ။ 
၅။ ကြော်ထားသော ဆီများထဲမှ ဆီထမင်းစားဇွန်း ၂ ဇွန်းစာကိုပဲ ချန်ရ်ျကျန်သောဆီများကို ခပ်ထုတ်ထားပါ။
၉။ ဇလုံတခုထဲကို မာလာဟင်းအနှစ်၊ မြေပဲထောင်း၊ နှမ်း၊ ပါးပါးလှီးထားသော ကြက်သွန်မြိတ်၊ နံနံပင်တို့ကိုထည့်ရ်ျ သမအောင်လုပ် ထားပါ။ ထို့နောက် အရည်နည်းနည်းကျန်နေသော ကြက်ခြေထောက်များကိုထည့်ရ်ျ သမအောင်လှုပ်ပါ။ ပန်းကန်ထဲထည့်ရ်ျ သုံးဆောင်နိုင်ပါပြီရှင်။
ဝက်ကြေးအိုး
 ********
( ၄ ) ယောက်စာ
ပါဝင်ပစ္စည်းများ
ဝက်ရိုး.................................၂ချောင်း
ဝက်အူချို.............................၁၀ကျပ်သား
ဝက်အူမ..............................၁၀ကျပ်သား
ဝက်အသဲ.............................၁၀ကျပ်သား
ဝက်ဦးနှောက်........................အနည်းငယ်
ပဲပြား..................................၂တုံး
ငုံးဥ....................................၈လုံး
မုန်ညှင်းစိမ်း..........................၂စည်း
ကြက်သွန်မြိတ်.....................၅ပင်
ကုဆိုင်................................၁၅ပင်
ငါးဖယ်လုံး ( ............။...............) 
ပြင်ဆင်ပြုလုပ်ပုံ
ဝက်သားလုံး 
******** 
ငါးဖယ်လုံး 
******* 
No comments: