Saturday, November 13, 2021

ယောဂလေ့ကျင့်ရင် ဘာရမလဲ

 ယောဂလေ့ကျင့်ရင် ဘာရမလဲ။




တော်တော်များများက ယောဂလေ့ကျင့်ရင် ဘာရမလဲဆိုတာ အရင်မေးတတ်ကြပါတယ် ။ မေးလဲမေးသင့်တဲ့ မေးခွန်းဖြစ်တဲ့အတွက် ပြန်ဖြေပြပါမယ် ။


ဘာမှ မရသေးခင် အရင်ဦးဆုံး ပေးရပါမယ် ။


ဘာတွေ ပေးရမလဲဆိုရင် 


1 #အချိန်


အတော့်ကို ပေးရပါမယ် ။ တလောကတောင် ကျနော်ရေးထားဘူးပါတယ် ။ ဆရာတဲ့ ယောဂကို တစ်လနဲ့ သင်ရင်တတ်လားတဲ့ ။ ကျနော်ပြန်ဖြေတာက အမလို ဉာဏ်ကောင်းတဲ့သူဆိုရင် တစ်လနဲ့ တတ်ပါတယ်လို့ ။ ကျနော်ကတော့ ဉာဏ်မကောင်းလို့ ၁၀ နှစ်ကျော်လေ့ကျင့်လာတာတောင် ဘာမှန်းမသိသေးဘူး လို့ ။ ယောဂကျင့်စဥ်ဟာ အတော့်ကို နယ်ကျယ်တဲ့ ပညာရပ်ပါ ။ အာသနဆိုတဲ့ လေ့ကျင့်ခန်းတွေ ၊ ပရာဏာယမ်ဆိုတဲ့ အသက်ရှုကျင့်စဥ်တွေအပြင် ၊ ဒဿနအတွေးအခေါ်တွေ ၊ မုဒြာခေါ်တဲ့ လက်အနေအထားတွေ ၊ အာယုဗေဒ ဆေးပညာနဲ့ ဇောတိဆိုတဲ့ နက္ခတ်ပညာရပ်တွေပါ ပါဝင်ပါတယ် ။


ဒါတွေကို နောက်ထားပါဦး ။ ယောဂကို အားကစားပုံစံနဲ့ လေ့ကျင့်နေတယ်ပဲ ဆိုပါတော့ ။ အာသနအကွက်တွေမှာ မူရင်းက ၈၄ ကွက်ရှိပြီး အကျယ်ချဲ့ရင် ၈၄၀,၀၀၀ ရှိပါတယ် ။ ပြီးတော့ ဒီနေ့ခေတ်မှာ အာသနနယ်ကို ထပ်ပြီး တီထွင်ကြတာ ၊ Cardio တွေ Workout တွေနဲ့ ပေါင်းစပ်လာကြပြန်တော့ ပုံစံတွေက ပိုပြီး ကျယ်ပြန့်လာတဲ့အတွက် အသစ်အသစ်တွေ အများကြီး ထပ်ထွက်လာနေပါတယ် ။ ရှေ့ဆက်ပြီးလဲ သိပ္ပံနည်းကျကျနဲ့ တိုးတက်လာဖို့ပဲ ရှိပါတယ် ။


ဒီအကွက်တွေကို ပုံစံမှန်မှန်နဲ့ ပြုလုပ်နိုင်ဖို့ဆိုတာ အချိန်တွေအများကြီး ပေးရမှာပါ ။ အနည်းဆုံး ဆရာနဲ့ အနီးကပ် ၆ လနေ ၁ နှစ်အထိ နေ့တိုင်း လေ့ကျင့်ရမှာပါ ။ ဒီလိုမျိုး Hatha Yoga ကို တစ်နှစ်လောက်လေ့ကျင့်ပြီးရင်တော့ Ashtanga Yoga ကို ထပ်မံလေ့ကျင့်နိုင်ပါတယ် ။ ဒျာန ဆိုတဲ့ တရားအားထုတ်ခြင်းနဲ့ ပေါင်းစပ်ပြီး ခန္ဓာနဲ့ စိတ်ရဲ့ အဆုံးကို မျက်မှောက်ပြုနိုင်ကာ သံသရာကလွတ်မြောက်သွားရင်တော့ ယောဂကျင့်စဥ် ပြီးမြောက်အောင်မြင်သွားပါပြီ ။


2 #သင်တန်းကြေး


သင်တန်းမှာပဲ တက်တက် ၊ ဘယ်မှာပဲ တက်တက် ပညာပူဇော်ကြေးပေးရပါမယ် ။ ဘယ်အရာမှ အလကား မရပါဘူး ။ အခမဲ့ဆိုတဲ့ နေရာလဲ အချိန်တန်ရင် ပူဇော်ကန့်တော့ကြေးပေးရမှာပါ ။ တအားချမ်းသာလို့ ၊ အချိန်ပိုနေလို့ ၊ ပျင်းလို့ အခမဲ့ ယောဂသင်ပေးတဲ့သူ ရှိချင်ရှိပါလိမ့်မယ် ။ ကျနော် မပါပါဘူး ။


ရိုးရာထုံးစံအရတော့ ယောဂကျင့်စဥ်ကို အခကြေးငွေနဲ့ သင်ယူခွင့်မရှိပါဘူး ။ ဒါပေမယ့် ကျနော့်ကိုလဲ ဘယ်သူမှ အလကားသင်မပေးခဲ့ပါဘူး ။ အခကြေးငွေပေးပြီး သင်ခဲ့ရတာပါ ။ သူတို့ အခမဲ့ သင်တယ်ထားဦး ။ ကျနော်ကတော့ ဆရာတွေကို တန်ဖိုးတစ်ခုခု မပေးပဲ သင်ယူမှာ မဟုတ်ဘူး ။ ခုချိန်မှာ ယောဂက ကျနော့်ရဲ့ စီးပွားရေးပါ ။ အသက်မွေးဝမ်းကြောင်းအလုပ်ပါ ။ အရင် တခြားစီးပွားရေး လုပ်ခဲ့တုန်းက စေတနာနဲ့ ယောဂကို အခမဲ့သင်ပေးခဲ့ဘူးပါတယ် ။ အချိန်က တန်ဖိုးရှိတဲ့အတွက် တန်ဖိုးနဲ့ ညီမျှတဲ့အဖိုးအခကို ပေးရမှာပါ ။


ခု Online မှာ ရှိသေးတယ် ။ ဟိုဟာ လုပ်ပြပါ ။ ဒီဟာ လုပ်ပြပါနဲ့ ။ ဟိုဟာ ရချင်တာ ဘယ်လိုလုပ်ရမလဲနဲ့ ။ သိချင်ရင် သင်တန်းလာတက်ပါ ။ စျေးကြီးတယ်လို့ လာမပြောနဲ့ ။ ရွှေမှာ ရွှေစျေးရှိတယ် ။ ကန်စွန်းရွက်မှာ ကန်စွန်းရွက်စျေးရှိတယ် ။ ကန်စွန်းရွက်ကို ၅၀၀ ဖိုး ၃ စည်းနဲ့ ဆစ်လို့ရချင်ရမယ် ။ အခေါက်ရွှေဆိုတာ ပေါက်စျေးထက် တပြားမှ လျော့မှာ ဆစ်လို့ရမှာ မဟုတ်ပါဘူး ။ 


တစ်ခုတော့ရှိတယ် ။ တပည့်ဝတ္တရား ငါးပါးနဲ့ အညီနေပြီး အမှန်တကယ် စိတ်အားထက်သန်တဲ့ တပည့်မျိုးဆိုရင်တော့ အခမဲ့သင်ပေးဖို့အသင့်ရှိပါတယ် ။ ဆရာကို သူငယ်ချင်းပေါင်း ပေါင်းတာ လက်ခံတယ် ။ ဟာသလုပ်ပြီး စော်ကားရင်လဲ လက်ခံတယ် ။ အရေးကြီးတာ ယောဂတတ်သွားဖို့ပဲ ။


3 #နေရာ


နေရာ သိပ်အရေးကြီးပါတယ် ။ အိမ်မှာ လေ့ကျင့်လို့ မရဘူးလားဆိုရင် လေကောင်းလေသန့်ရပြီး လေဝင်လေထွက် ကောင်းမယ့်နေရာ ၊ အနည်ဆုံး ၁၀ ပေ ပတ်လည် ကျယ်ကျယ်ဝန်းဝန်း ရှိမယ့်နေရာ ၊ ကလေးတွေ ခွေး/ကြောင် တွေ မရှိမယ့်နေရာ ၊ ဆူညံသံတွေကင်းပြီး တိတ်ဆိပ်တဲ့ အခင်းအကျင်းရှိမယ်ဆိုရင် ရတယ်လို့ ယေဘူယျပြောနိုင်ပါတယ် ။ ပန်းခြံတွေ ၊ ရေကန်ဘေး နဲ့ သင်တန်းခန်းမတွေကတော့ ပိုကောင်းတယ်လို့ ပြောနိုင်ပါမယ် ။ အထူးသဖြင့် မိမိကို ဂရုတစိုက် ကူညီပြုပြင်ပေမယ့် ယောဂနည်းပြရှိမယ့် နေရာက အကောင်းဆုံးပါပဲ ။


ဘယ်နေရာမှာပဲကျင့်ကျင့် ယောဂဆိုတာ ခန္ဓာကိုယ်ကို ပုံစံအမျိုးမျိုးနဲ့ အကွက်မျိုးစုံ လေ့ကျင့်နေရာတာ ဖြစ်တဲ့အတွက် ရှက်လို့ မရပါဘူး ။ ဒါကြောင့် လူသူ အနှောက်အယှက် ကင်းတဲ့နေရာဖြစ်ရင်လဲ ကောင်းပါတယ် ။ မရခဲ့ရင်လဲ နေရာမရွေး ရဲရဲလေ့ကျင့် ရဲရဲ ကစားပါ ။


4 #အနာခံရပါမယ် 


ယောဂဆိုတာ ငြိမ်ငြိမ်လေးထိုင်နေရတာပဲ ဘာမှမပင်ပန်းနိုင်ပါဘူး ။ သက်သက်သာသာပဲလို့ ထင်နေရင် လုံးဝမှားပါလိမ့်မယ် ။ ဒီနေ့ လာတက်ပြီး မနက်ဖြန် ပျောက်သွားတဲ့သူတွေမှ အများကြီးပါ ။ သင်တန်းကြေးတောင် အဆုံးခံပြီး ထွက်ပြေးကြတာ ။ ယောဂဆိုတာ ခေါင်းအစ ခြေအဆုံးထိ လေ့ကျင့်ရတာပါ ။ ခန္ဓာကိုယ် အပေါ်ယံတင်လားဆိုတော့ မဟုတ်ပါဘူး ။ အတွင်း အင်္ဂါအစိတ်အပိုင်းထိကို ဆွဲဆန့် လေ့ကျင့်ပေးရတဲ့ ကျင့်စဥ်ပါ ။


နဂို အကြောပျော့ပြောင်းသူတွေအတွက်က မထောင်းသာလှပေမယ့် အကြောမာသူတွေအတွက်တော့ အတော့်ကို ခံရနိုင်ပါတယ် ။ ဒါပေမယ့် ယောဂလေ့ကျင့်ပြီးသွားချိန်မှာ ဒါတွေအကုန်လုံး ပျောက်သွားပြီး နေလိုထိုင်လို့ ကောင်းသွားတာ ပေါ့ပါးလန်းဆန်းသွားတာကတော့ ဘာနဲ့မှလဲလို့မရတဲ့ အရာပါပဲ ။


5 #ယောဂအတွက် ဘယ်လောက်ရင်းနှီးကုန်ကြမလဲ ။


ပုံမှန် သင်တန်းတက်ဖို့အတွက် သင်တန်းကြေး တစ်လကို အနည်းဆုံး ၅ သောင်းလောက်ထွက်ပါမယ် ။ အားကစားဝတ်စုံက ၃ စုံ ၄ စုံလောက် ဝယ်ထားရပါမယ် ။ ယောဂဖျာတစ်ချပ်တော့ မဖြစ်မနေ ဝယ်ထားသင့်ပါတယ် ။ သင်တန်းမှာ ဖျာပေးပေမယ့် ကိုယ်ပိုင်ဝယ်ထားနိုင်ရင် ပိုကောင်းတာပေါ့ ။ ဝယ်တဲ့အခါလည်း အမျိုးအစားကောင်းတာကိုပဲ ရွေးဝယ်ပါ ။ ဒါမှ ရေရှည်စိတ်ချမ်းချမ်းသာသာနဲ့ သုံးနိုင်မှာပါ ။


အထောက်အကူပစ္စည်းတွေကလဲ တကယ်လိုအပ်ရင် ဝယ်ထားပါ ။ Blocks တုံးတို့ ၊ ကြိုးတို့ ၊ Wheel တို့ ၊ Ball ဘောလုံးတို့ပေါ့ ။ ယောဂနယ်ဟာ အကျယ်ကြီးပါ ။ ဝယ်မယ်ဆိုရင် ဝယ်လို့ မဆုံးပါဘူး ။ ဝတ်စုံတွေ ၊ ဖျာတွေကလဲ ဒီဇိုင်းအမျိုးနဲ့ လိုချင်စဖွယ် အမြဲထွက်ပါတယ် ။ ယောဂီတွေ စားတဲ့ Foods ၊ လက်ဖက်ရည် ၊ Supplement ဆေးတွေ ၊ အဆောင်ကျောက်တွေ ၊ သောက်တဲ့ ရေကအစ ထွက်ပါတယ် ။ တရုတ်ပစ္စည်းကနေ Branded တွေအထိ စျေးအစားစားနဲ့ ထွက်နေတော့ ကုန်စရာတွေ ကြီးပါပဲ ။


ဒါတွေတွက် မသုံးတောင် မဖြစ်မနေအနေနဲ့ သင်တန်းကြေး ၊ ဝတ်စုံဖိုး ၊ သွားလာစရိတ်တွေကို ပေါင်းလိုက်ရင် တစ်လကို သိန်းဂဏန်းနီးပါး ကုန်နိုင်ပါတယ် ။ လွန်ခဲ့တဲ့ ၁၀ နှစ်က ကျနော့် လခက ၉ သောင်းရပါတယ် ။ ယောဂသင်တန်းကြေးက ၃၆,၀၀၀ ပါ ။ အပေါ်က စရိတ်တွေ အကုန်ပေါင်းရင် တလကို ၅၀,၀၀၀ လောက်ကုန်ပါတယ် ။ ကျန်တဲ့ ၄ သောင်းထဲက အဆောင်လခကို ဖယ်ထားပြီး မနက်နဲ့ နေ့လယ်ပဲ စားနိုင်ပါတယ် ။ ညတိုင်း ဥပုတ်စောင့်ရပါတယ် ။ ၂၀ ပဲပေးရတဲ့ လိုင်းကားခကို ကုန်မှာစိုးလို့ ယောဂသင်တန်းရှိတဲ့ မြေနီကုန်းကနေ အလုပ်ရှိတဲ့ ကန်တော်လေးကို လမ်းလျှောက်သွားပါတယ် ။


ဒါတွေ ဘာလို့ပြောလဲဆိုတော့ ယောဂက ကျနော့်ကို ငြိမ်းချမ်းပြီး ပျော်ရွင်စေလို့ ဖြစ်ပါတယ် ။ ပေးရတာထက်ပိုပြီး ရခဲ့တဲ့အတွက် ကျနော် မငြီးငြူခဲ့ပါဘူး ။ ဘယ်သူမှ တိုက်တွန်းစရာမလိုဘဲ ကျေနပ်စွာ အပင်ပန်းခံပြီး သင်တန်းတက်ခဲ့ပါတယ် ။ ဆရာကြီးဖွင့်တဲ့ ဆရာဖြစ်သင်တန်းကို တက်ဖို့လဲ သူများဆီမှာ ပိုက်ဆံချေးပြီး တက်ခဲ့ရတာပါပဲ ။ အရင်က ဝတ်စုံ ၃ စုံကို ရေလဲဝတ်ခဲ့ရပေမယ့် ခုချိန်မှာ ရာချီရှိနေပါပြီ ။ ယောဂစာအုပ်ပေါင်း ၁၀၀ ကျော် ပိုင်နေပါပြီ ။ တစ်ဝက်ကျော်က English စာအုပ်တွေပါ ။ စာအုပ်တန်ဖိုးက တစ်အုပ်ကို အနည်ဆုံး 20 ရှိပါတယ် ။


ဒါတွေထားပါ ။ ယောဂသင်ရင် ဘာတွေပြန်ရနိုင်မလဲ ။


 #အသက်


အသက် ၄၀ အရွယ်မှာ ဆယ်ကျော်သက်လို နုနေချင်တယ်ဆိုရင် ယောဂလေ့ကျင့်ပါ ။ အသက် ၅၀ အရွယ်မှာ သားသမီးတွေနဲ့ ညီအမလို ဖြစ်နေချင်ရင် ယောဂကျင့်ပါ ။


 #ကျန်းမာရေး


ဆေးရုံ ၊ ဆေးခန်းတွေကို မသွားချင်ရင် ယောဂလေ့ကျင့်ပါ ။ အသက်အရွယ်ရလာရင် တစ်နေရာရာတော့ မဖြစ်မနေသွားရမှာပါ ။ ယောဂသင်တန်းသွားမလား ။ ဆေးရုံ ဆေးခန်းသွားမလား ။ မိမိရွေးချယ်မှုပေါ်ပဲ မူတည်ပါတယ် ။


 #ခံနိုင်ရည်


စိတ်ရော ကိုယ်ပါ ကျန်းမာကြံ့ခိုင်လာမယ် ။ တော်ရုံတန်ရုံ လောကဓံ မဖြုံတော့ဘူး ။ နေလို့ ထိုင်လို့ကောင်းလာမယ် ။ ရောဂါဖြစ်ပွားမှု နည်းသွားမယ် ။


 #ပျော်ရွင်မှု


ဘယ်သူကမှ ယူမသွားနိုင်တဲ့ ပျော်ရွင်မှု အစစ်အမှန်ကို ရမယ် ။ ပတ်ဝန်းကျင်မှာ ဘယ်လောက်ပဲ လှိုင်းထန်နေပါစေ မိမိကတော့ ငြိမ်းချမ်းနေလိမ့်မယ် ။


 #ပေါင်းသင်းဆက်ဆံရေး


အရာရာမှာ အကောင်းမြင်လာမယ် ။ အတွေးအခေါ်တွေ အယူအဆတွေ အကောင်းဘက်ရောက်လာမယ် ။ ဒုတိယမိသားစုလို မိတ်ဆွေတွေ ရလာမယ် ။


 #စိတ်စွမ်းရည်


စိတ်တည်ငြိမ်လာမယ် ။ တရားအားထုတ်ဖို့ လမ်းကြောင်းပေါ်ကို လွယ်လွယ်ကူကူ ရောက်သွားမယ် ။ နေ့စဥ်ဘဝမှာပဲ ကျေနပ်စွာ ပျော်ရွင်နေမယ် ။


ဒါတွေ ရေးနေတာလဲ အပ်ကြောင်းထပ်နေပါပြီ ။ နိဗ္ဗာန် ဘယ်လိုမျိုးလဲဆိုတာ သိချင်ရင် ကိုယ်တိုင်အားထုတ်ကြည့်တဲ့ အခါ သိရပါလိမ့်မယ် ။ စာထဲမှာတော့ စာအရသာပဲ ရှိပါမယ် ။ လက်တွေ့လုပ်မှပဲ လက်တွေ့ ခံစားရပါလိမ့်မယ် ။

အဲ့အခါကြမှပဲ ဒါတွေက အမှန်ပဲဆိုတာ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ ထောက်ခံပါ ။


အရင်ဆုံးကတော့ ယောဂလေ့ကျင့်ရင် ဘာရမလဲဆိုတာထက် ကိုယ် ဘယ်လောက်ထိ ပေးဆပ်နိုင်လဲဆိုတာ အရင်ဆုံး ဆန်းစစ်ကြည့်ရအောင်ပါ ။


ကောင်းသောနေ့လေး ဖြစ်ကြပါစေ ။


Ref;ဆရာသိုင်းပြောင်းပြန်လူမင်း၏ စာကို အခြေခံ၍ ပြုပြင်ရေးသားထားပါသည် ။


ေယာဂေလ့က်င့္ရင္ ဘာရမလဲ။




ေတာ္ေတာ္မ်ားမ်ားက ေယာဂေလ့က်င့္ရင္ ဘာရမလဲဆိုတာ အရင္ေမးတတ္ၾကပါတယ္ ။ ေမးလဲေမးသင့္တဲ့ ေမးခြန္းျဖစ္တဲ့အတြက္ ျပန္ေျဖျပပါမယ္ ။


ဘာမွ မရေသးခင္ အရင္ဦးဆုံး ေပးရပါမယ္ ။


ဘာေတြ ေပးရမလဲဆိုရင္ 


1 #အခ်ိန္


အေတာ့္ကို ေပးရပါမယ္ ။ တေလာကေတာင္ က်ေနာ္ေရးထားဘူးပါတယ္ ။ ဆရာတဲ့ ေယာဂကို တစ္လနဲ႕ သင္ရင္တတ္လားတဲ့ ။ က်ေနာ္ျပန္ေျဖတာက အမလို ဉာဏ္ေကာင္းတဲ့သူဆိုရင္ တစ္လနဲ႕ တတ္ပါတယ္လို႔ ။ က်ေနာ္ကေတာ့ ဉာဏ္မေကာင္းလို႔ ၁၀ ႏွစ္ေက်ာ္ေလ့က်င့္လာတာေတာင္ ဘာမွန္းမသိေသးဘူး လို႔ ။ ေယာဂက်င့္စဥ္ဟာ အေတာ့္ကို နယ္က်ယ္တဲ့ ပညာရပ္ပါ ။ အာသနဆိုတဲ့ ေလ့က်င့္ခန္းေတြ ၊ ပရာဏာယမ္ဆိုတဲ့ အသက္ရႈက်င့္စဥ္ေတြအျပင္ ၊ ဒႆနအေတြးအေခၚေတြ ၊ မုျဒာေခၚတဲ့ လက္အေနအထားေတြ ၊ အာယုေဗဒ ေဆးပညာနဲ႕ ေဇာတိဆိုတဲ့ နကၡတ္ပညာရပ္ေတြပါ ပါဝင္ပါတယ္ ။


ဒါေတြကို ေနာက္ထားပါဦး ။ ေယာဂကို အားကစားပုံစံနဲ႕ ေလ့က်င့္ေနတယ္ပဲ ဆိုပါေတာ့ ။ အာသနအကြက္ေတြမွာ မူရင္းက ၈၄ ကြက္ရွိၿပီး အက်ယ္ခ်ဲ့ရင္ ၈၄၀,၀၀၀ ရွိပါတယ္ ။ ၿပီးေတာ့ ဒီေန႕ေခတ္မွာ အာသနနယ္ကို ထပ္ၿပီး တီထြင္ၾကတာ ၊ Cardio ေတြ Workout ေတြနဲ႕ ေပါင္းစပ္လာၾကျပန္ေတာ့ ပုံစံေတြက ပိုၿပီး က်ယ္ျပန႔္လာတဲ့အတြက္ အသစ္အသစ္ေတြ အမ်ားႀကီး ထပ္ထြက္လာေနပါတယ္ ။ ေရွ႕ဆက္ၿပီးလဲ သိပၸံနည္းက်က်နဲ႕ တိုးတက္လာဖို႔ပဲ ရွိပါတယ္ ။


ဒီအကြက္ေတြကို ပုံစံမွန္မွန္နဲ႕ ျပဳလုပ္နိုင္ဖို႔ဆိုတာ အခ်ိန္ေတြအမ်ားႀကီး ေပးရမွာပါ ။ အနည္းဆုံး ဆရာနဲ႕ အနီးကပ္ ၆ လေန ၁ ႏွစ္အထိ ေန႕တိုင္း ေလ့က်င့္ရမွာပါ ။ ဒီလိုမ်ိဳး Hatha Yoga ကို တစ္ႏွစ္ေလာက္ေလ့က်င့္ၿပီးရင္ေတာ့ Ashtanga Yoga ကို ထပ္မံေလ့က်င့္နိုင္ပါတယ္ ။ ဒ်ာန ဆိုတဲ့ တရားအားထုတ္ျခင္းနဲ႕ ေပါင္းစပ္ၿပီး ခႏၶာနဲ႕ စိတ္ရဲ႕ အဆုံးကို မ်က္ေမွာက္ျပဳနိုင္ကာ သံသရာကလြတ္ေျမာက္သြားရင္ေတာ့ ေယာဂက်င့္စဥ္ ၿပီးေျမာက္ေအာင္ျမင္သြားပါၿပီ ။


2 #သင္တန္းေၾကး


သင္တန္းမွာပဲ တက္တက္ ၊ ဘယ္မွာပဲ တက္တက္ ပညာပူေဇာ္ေၾကးေပးရပါမယ္ ။ ဘယ္အရာမွ အလကား မရပါဘူး ။ အခမဲ့ဆိုတဲ့ ေနရာလဲ အခ်ိန္တန္ရင္ ပူေဇာ္ကန႔္ေတာ့ေၾကးေပးရမွာပါ ။ တအားခ်မ္းသာလို႔ ၊ အခ်ိန္ပိုေနလို႔ ၊ ပ်င္းလို႔ အခမဲ့ ေယာဂသင္ေပးတဲ့သူ ရွိခ်င္ရွိပါလိမ့္မယ္ ။ က်ေနာ္ မပါပါဘူး ။


ရိုးရာထုံးစံအရေတာ့ ေယာဂက်င့္စဥ္ကို အခေၾကးေငြနဲ႕ သင္ယူခြင့္မရွိပါဘူး ။ ဒါေပမယ့္ က်ေနာ့္ကိုလဲ ဘယ္သူမွ အလကားသင္မေပးခဲ့ပါဘူး ။ အခေၾကးေငြေပးၿပီး သင္ခဲ့ရတာပါ ။ သူတို႔ အခမဲ့ သင္တယ္ထားဦး ။ က်ေနာ္ကေတာ့ ဆရာေတြကို တန္ဖိုးတစ္ခုခု မေပးပဲ သင္ယူမွာ မဟုတ္ဘူး ။ ခုခ်ိန္မွာ ေယာဂက က်ေနာ့္ရဲ႕ စီးပြားေရးပါ ။ အသက္ေမြးဝမ္းေၾကာင္းအလုပ္ပါ ။ အရင္ တျခားစီးပြားေရး လုပ္ခဲ့တုန္းက ေစတနာနဲ႕ ေယာဂကို အခမဲ့သင္ေပးခဲ့ဘူးပါတယ္ ။ အခ်ိန္က တန္ဖိုးရွိတဲ့အတြက္ တန္ဖိုးနဲ႕ ညီမွ်တဲ့အဖိုးအခကို ေပးရမွာပါ ။


ခု Online မွာ ရွိေသးတယ္ ။ ဟိုဟာ လုပ္ျပပါ ။ ဒီဟာ လုပ္ျပပါနဲ႕ ။ ဟိုဟာ ရခ်င္တာ ဘယ္လိုလုပ္ရမလဲနဲ႕ ။ သိခ်င္ရင္ သင္တန္းလာတက္ပါ ။ ေစ်းႀကီးတယ္လို႔ လာမေျပာနဲ႕ ။ ေ႐ႊမွာ ေ႐ႊေစ်းရွိတယ္ ။ ကန္စြန္း႐ြက္မွာ ကန္စြန္း႐ြက္ေစ်းရွိတယ္ ။ ကန္စြန္း႐ြက္ကို ၅၀၀ ဖိုး ၃ စည္းနဲ႕ ဆစ္လို႔ရခ်င္ရမယ္ ။ အေခါက္ေ႐ႊဆိုတာ ေပါက္ေစ်းထက္ တျပားမွ ေလ်ာ့မွာ ဆစ္လို႔ရမွာ မဟုတ္ပါဘူး ။ 


တစ္ခုေတာ့ရွိတယ္ ။ တပည့္ဝတၱရား ငါးပါးနဲ႕ အညီေနၿပီး အမွန္တကယ္ စိတ္အားထက္သန္တဲ့ တပည့္မ်ိဳးဆိုရင္ေတာ့ အခမဲ့သင္ေပးဖို႔အသင့္ရွိပါတယ္ ။ ဆရာကို သူငယ္ခ်င္းေပါင္း ေပါင္းတာ လက္ခံတယ္ ။ ဟာသလုပ္ၿပီး ေစာ္ကားရင္လဲ လက္ခံတယ္ ။ အေရးႀကီးတာ ေယာဂတတ္သြားဖို႔ပဲ ။


3 #ေနရာ


ေနရာ သိပ္အေရးႀကီးပါတယ္ ။ အိမ္မွာ ေလ့က်င့္လို႔ မရဘူးလားဆိုရင္ ေလေကာင္းေလသန႔္ရၿပီး ေလဝင္ေလထြက္ ေကာင္းမယ့္ေနရာ ၊ အနည္ဆုံး ၁၀ ေပ ပတ္လည္ က်ယ္က်ယ္ဝန္းဝန္း ရွိမယ့္ေနရာ ၊ ကေလးေတြ ေခြး/ေၾကာင္ ေတြ မရွိမယ့္ေနရာ ၊ ဆူညံသံေတြကင္းၿပီး တိတ္ဆိပ္တဲ့ အခင္းအက်င္းရွိမယ္ဆိုရင္ ရတယ္လို႔ ေယဘူယ်ေျပာနိုင္ပါတယ္ ။ ပန္းၿခံေတြ ၊ ေရကန္ေဘး နဲ႕ သင္တန္းခန္းမေတြကေတာ့ ပိုေကာင္းတယ္လို႔ ေျပာနိုင္ပါမယ္ ။ အထူးသျဖင့္ မိမိကို ဂ႐ုတစိုက္ ကူညီျပဳျပင္ေပမယ့္ ေယာဂနည္းျပရွိမယ့္ ေနရာက အေကာင္းဆုံးပါပဲ ။


ဘယ္ေနရာမွာပဲက်င့္က်င့္ ေယာဂဆိုတာ ခႏၶာကိုယ္ကို ပုံစံအမ်ိဳးမ်ိဳးနဲ႕ အကြက္မ်ိဳးစုံ ေလ့က်င့္ေနရာတာ ျဖစ္တဲ့အတြက္ ရွက္လို႔ မရပါဘူး ။ ဒါေၾကာင့္ လူသူ အႏွောက္အယွက္ ကင္းတဲ့ေနရာျဖစ္ရင္လဲ ေကာင္းပါတယ္ ။ မရခဲ့ရင္လဲ ေနရာမေ႐ြး ရဲရဲေလ့က်င့္ ရဲရဲ ကစားပါ ။


4 #အနာခံရပါမယ္ 


ေယာဂဆိုတာ ၿငိမ္ၿငိမ္ေလးထိုင္ေနရတာပဲ ဘာမွမပင္ပန္းနိုင္ပါဘူး ။ သက္သက္သာသာပဲလို႔ ထင္ေနရင္ လုံးဝမွားပါလိမ့္မယ္ ။ ဒီေန႕ လာတက္ၿပီး မနက္ျဖန္ ေပ်ာက္သြားတဲ့သူေတြမွ အမ်ားႀကီးပါ ။ သင္တန္းေၾကးေတာင္ အဆုံးခံၿပီး ထြက္ေျပးၾကတာ ။ ေယာဂဆိုတာ ေခါင္းအစ ေျခအဆုံးထိ ေလ့က်င့္ရတာပါ ။ ခႏၶာကိုယ္ အေပၚယံတင္လားဆိုေတာ့ မဟုတ္ပါဘူး ။ အတြင္း အဂၤါအစိတ္အပိုင္းထိကို ဆြဲဆန႔္ ေလ့က်င့္ေပးရတဲ့ က်င့္စဥ္ပါ ။


နဂို အေၾကာေပ်ာ့ေျပာင္းသူေတြအတြက္က မေထာင္းသာလွေပမယ့္ အေၾကာမာသူေတြအတြက္ေတာ့ အေတာ့္ကို ခံရနိုင္ပါတယ္ ။ ဒါေပမယ့္ ေယာဂေလ့က်င့္ၿပီးသြားခ်ိန္မွာ ဒါေတြအကုန္လုံး ေပ်ာက္သြားၿပီး ေနလိုထိုင္လို႔ ေကာင္းသြားတာ ေပါ့ပါးလန္းဆန္းသြားတာကေတာ့ ဘာနဲ႕မွလဲလို႔မရတဲ့ အရာပါပဲ ။


5 #ေယာဂအတြက္ ဘယ္ေလာက္ရင္းႏွီးကုန္ၾကမလဲ ။


ပုံမွန္ သင္တန္းတက္ဖို႔အတြက္ သင္တန္းေၾကး တစ္လကို အနည္းဆုံး ၅ ေသာင္းေလာက္ထြက္ပါမယ္ ။ အားကစားဝတ္စုံက ၃ စုံ ၄ စုံေလာက္ ဝယ္ထားရပါမယ္ ။ ေယာဂဖ်ာတစ္ခ်ပ္ေတာ့ မျဖစ္မေန ဝယ္ထားသင့္ပါတယ္ ။ သင္တန္းမွာ ဖ်ာေပးေပမယ့္ ကိုယ္ပိုင္ဝယ္ထားနိုင္ရင္ ပိုေကာင္းတာေပါ့ ။ ဝယ္တဲ့အခါလည္း အမ်ိဳးအစားေကာင္းတာကိုပဲ ေ႐ြးဝယ္ပါ ။ ဒါမွ ေရရွည္စိတ္ခ်မ္းခ်မ္းသာသာနဲ႕ သုံးနိုင္မွာပါ ။


အေထာက္အကူပစၥည္းေတြကလဲ တကယ္လိုအပ္ရင္ ဝယ္ထားပါ ။ Blocks တုံးတို႔ ၊ ႀကိဳးတို႔ ၊ Wheel တို႔ ၊ Ball ေဘာလုံးတို႔ေပါ့ ။ ေယာဂနယ္ဟာ အက်ယ္ႀကီးပါ ။ ဝယ္မယ္ဆိုရင္ ဝယ္လို႔ မဆုံးပါဘူး ။ ဝတ္စုံေတြ ၊ ဖ်ာေတြကလဲ ဒီဇိုင္းအမ်ိဳးနဲ႕ လိုခ်င္စဖြယ္ အၿမဲထြက္ပါတယ္ ။ ေယာဂီေတြ စားတဲ့ Foods ၊ လက္ဖက္ရည္ ၊ Supplement ေဆးေတြ ၊ အေဆာင္ေက်ာက္ေတြ ၊ ေသာက္တဲ့ ေရကအစ ထြက္ပါတယ္ ။ တ႐ုတ္ပစၥည္းကေန Branded ေတြအထိ ေစ်းအစားစားနဲ႕ ထြက္ေနေတာ့ ကုန္စရာေတြ ႀကီးပါပဲ ။


ဒါေတြတြက္ မသုံးေတာင္ မျဖစ္မေနအေနနဲ႕ သင္တန္းေၾကး ၊ ဝတ္စုံဖိုး ၊ သြားလာစရိတ္ေတြကို ေပါင္းလိုက္ရင္ တစ္လကို သိန္းဂဏန္းနီးပါး ကုန္နိုင္ပါတယ္ ။ လြန္ခဲ့တဲ့ ၁၀ ႏွစ္က က်ေနာ့္ လခက ၉ ေသာင္းရပါတယ္ ။ ေယာဂသင္တန္းေၾကးက ၃၆,၀၀၀ ပါ ။ အေပၚက စရိတ္ေတြ အကုန္ေပါင္းရင္ တလကို ၅၀,၀၀၀ ေလာက္ကုန္ပါတယ္ ။ က်န္တဲ့ ၄ ေသာင္းထဲက အေဆာင္လခကို ဖယ္ထားၿပီး မနက္နဲ႕ ေန႕လယ္ပဲ စားနိုင္ပါတယ္ ။ ညတိုင္း ဥပုတ္ေစာင့္ရပါတယ္ ။ ၂၀ ပဲေပးရတဲ့ လိုင္းကားခကို ကုန္မွာစိုးလို႔ ေယာဂသင္တန္းရွိတဲ့ ေျမနီကုန္းကေန အလုပ္ရွိတဲ့ ကန္ေတာ္ေလးကို လမ္းေလွ်ာက္သြားပါတယ္ ။


ဒါေတြ ဘာလို႔ေျပာလဲဆိုေတာ့ ေယာဂက က်ေနာ့္ကို ၿငိမ္းခ်မ္းၿပီး ေပ်ာ္႐ြင္ေစလို႔ ျဖစ္ပါတယ္ ။ ေပးရတာထက္ပိုၿပီး ရခဲ့တဲ့အတြက္ က်ေနာ္ မၿငီးျငဴခဲ့ပါဘူး ။ ဘယ္သူမွ တိုက္တြန္းစရာမလိုဘဲ ေက်နပ္စြာ အပင္ပန္းခံၿပီး သင္တန္းတက္ခဲ့ပါတယ္ ။ ဆရာႀကီးဖြင့္တဲ့ ဆရာျဖစ္သင္တန္းကို တက္ဖို႔လဲ သူမ်ားဆီမွာ ပိုက္ဆံေခ်းၿပီး တက္ခဲ့ရတာပါပဲ ။ အရင္က ဝတ္စုံ ၃ စုံကို ေရလဲဝတ္ခဲ့ရေပမယ့္ ခုခ်ိန္မွာ ရာခ်ီရွိေနပါၿပီ ။ ေယာဂစာအုပ္ေပါင္း ၁၀၀ ေက်ာ္ ပိုင္ေနပါၿပီ ။ တစ္ဝက္ေက်ာ္က English စာအုပ္ေတြပါ ။ စာအုပ္တန္ဖိုးက တစ္အုပ္ကို အနည္ဆုံး 20 ရွိပါတယ္ ။


ဒါေတြထားပါ ။ ေယာဂသင္ရင္ ဘာေတြျပန္ရနိုင္မလဲ ။


 #အသက္


အသက္ ၄၀ အ႐ြယ္မွာ ဆယ္ေက်ာ္သက္လို ႏုေနခ်င္တယ္ဆိုရင္ ေယာဂေလ့က်င့္ပါ ။ အသက္ ၅၀ အ႐ြယ္မွာ သားသမီးေတြနဲ႕ ညီအမလို ျဖစ္ေနခ်င္ရင္ ေယာဂက်င့္ပါ ။


 #က်န္းမာေရး


ေဆး႐ုံ ၊ ေဆးခန္းေတြကို မသြားခ်င္ရင္ ေယာဂေလ့က်င့္ပါ ။ အသက္အ႐ြယ္ရလာရင္ တစ္ေနရာရာေတာ့ မျဖစ္မေနသြားရမွာပါ ။ ေယာဂသင္တန္းသြားမလား ။ ေဆး႐ုံ ေဆးခန္းသြားမလား ။ မိမိေ႐ြးခ်ယ္မႈေပၚပဲ မူတည္ပါတယ္ ။


 #ခံနိုင္ရည္


စိတ္ေရာ ကိုယ္ပါ က်န္းမာႀကံ့ခိုင္လာမယ္ ။ ေတာ္႐ုံတန္႐ုံ ေလာကဓံ မၿဖဳံေတာ့ဘူး ။ ေနလို႔ ထိုင္လို႔ေကာင္းလာမယ္ ။ ေရာဂါျဖစ္ပြားမႈ နည္းသြားမယ္ ။


 #ေပ်ာ္႐ြင္မႈ


ဘယ္သူကမွ ယူမသြားနိုင္တဲ့ ေပ်ာ္႐ြင္မႈ အစစ္အမွန္ကို ရမယ္ ။ ပတ္ဝန္းက်င္မွာ ဘယ္ေလာက္ပဲ လွိုင္းထန္ေနပါေစ မိမိကေတာ့ ၿငိမ္းခ်မ္းေနလိမ့္မယ္ ။


 #ေပါင္းသင္းဆက္ဆံေရး


အရာရာမွာ အေကာင္းျမင္လာမယ္ ။ အေတြးအေခၚေတြ အယူအဆေတြ အေကာင္းဘက္ေရာက္လာမယ္ ။ ဒုတိယမိသားစုလို မိတ္ေဆြေတြ ရလာမယ္ ။


 #စိတ္စြမ္းရည္


စိတ္တည္ၿငိမ္လာမယ္ ။ တရားအားထုတ္ဖို႔ လမ္းေၾကာင္းေပၚကို လြယ္လြယ္ကူကူ ေရာက္သြားမယ္ ။ ေန႕စဥ္ဘဝမွာပဲ ေက်နပ္စြာ ေပ်ာ္႐ြင္ေနမယ္ ။


ဒါေတြ ေရးေနတာလဲ အပ္ေၾကာင္းထပ္ေနပါၿပီ ။ နိဗၺာန္ ဘယ္လိုမ်ိဳးလဲဆိုတာ သိခ်င္ရင္ ကိုယ္တိုင္အားထုတ္ၾကည့္တဲ့ အခါ သိရပါလိမ့္မယ္ ။ စာထဲမွာေတာ့ စာအရသာပဲ ရွိပါမယ္ ။ လက္ေတြ႕လုပ္မွပဲ လက္ေတြ႕ ခံစားရပါလိမ့္မယ္ ။

အဲ့အခါၾကမွပဲ ဒါေတြက အမွန္ပဲဆိုတာ ကိုယ္တိုင္ကိုယ္က် လက္ေတြ႕ ေထာက္ခံပါ ။


အရင္ဆုံးကေတာ့ ေယာဂေလ့က်င့္ရင္ ဘာရမလဲဆိုတာထက္ ကိုယ္ ဘယ္ေလာက္ထိ ေပးဆပ္နိုင္လဲဆိုတာ အရင္ဆုံး ဆန္းစစ္ၾကည့္ရေအာင္ပါ ။


ေကာင္းေသာေန႕ေလး ျဖစ္ၾကပါေစ ။


Ref;ဆရာသိုင္းေျပာင္းျပန္လူမင္း၏ စာကို အေျခခံ၍ ျပဳျပင္ေရးသားထားပါသည္ ။

No comments: