Saturday, August 8, 2020
စျေးကွက်ပြိုင်ဆိုင်မှုရဲ့ အင်အား ၅ ရပ်
စျေးကွက်ပြိုင်ဆိုင်မှုရဲ့ အင်အား ၅ ရပ် (သို့) 
Michael Porter's (5) Forces ..⁉️
မိတ်ဆွေဟာ သူများတွေထက် ကုန်ပစ္စည်းတစ်ခုကို စျေးသက်သာအောင်ထုတ်လုပ်ပြီး စျေးကွက်ပြိုင်ဆိုင်မှုမှာ အသက်သာဆုံး ထုတ်လုပ်သူတစ်ယောက်ဖြစ်ချင်တာလား
ဒါမှမဟုတ် တခြားသူတွေမသိတဲ့စျေးကွက်သေးသေးလေးတခုကနေ အမြတ်စွန်းအများကြီး ရှာနိုင်ပြီလား
မိတ်ဆွေတို့ရဲ့ စီးပွားရေးတိုးတက်ဖို့အတွက် ဘယ်လိုမျိုးဗျူဟာကို သုံးမလဲဆိုတာကိုသိဖို့ လက်ရှိကျင်လည်နေတဲ့ စျေးကွက်အခြေအနေက အရေးကြီးတယ်ဆိုတာကိုရော သိထားကြပြီလား ..
ယနေ့မှာတော့ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ မိတ်ဆွေတွေအတွက် စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာမှာ အရေးပါလှတဲ့ စျေးကွက်ပြိုင်ဆိုင်မှုရဲ့ အင်အား(၅)ရပ် အကြောင်းကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။
ကဲ ဒါဆို မိတ်ဆွေတွေအတွက် စျေးကွက်ပြိုင်ဆိုင်မှုအင်အား(၅)ရပ်က ဘာတွေဖြစ်မလဲ။ ဘယ်လိုမျိုးအချိန်တွေမှာ ဖြစ်တတ်ကြလည်းဆိုတာကို ကြည့်လိုက်ကြရအောင်....
1️⃣ လက်ရှိ ရှိနေတဲ့လုပ်ငန်းတွေ အကြား ပြိုင်ဆိုင်မှု
ပထမဆုံးအနေနဲ့ ကြည့်သင့်တာက သူနဲ့လက်ရှိ လုပ်ငန်းတူပြိုင်ဖက်တွေ ဘယ်လောက်ရှိနေသလဲ ဆိုတာပါပဲ။ ပြိုင်ဆိုင်မှုနဲ့ပြိုင်လက်တွေများလာလေလေ မိတ်ဆွေရဲ့စျေးနှုန်းနဲ့အမြတ်အစွန်းကို ဖိအားပေးနိုင်တယ်ဆိုတာကို သိထားပါ။ ဘယ်လိုမျိုးအချိန်တွေမှာ ဒီပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်လည်းဆိုတော့.
📌 စျေးကွက်ထဲမှာ လုပ်ငန်းတူကုမ္ပဏီတွေများလာတဲ့အခါ
📌ထုတ်ကုန်တခုနဲ့တခုအကြားကွဲပြားမှုတွေ လုပ်နိုင်ဖို့ အခွင့်အလမ်းနည်းပါးပြီး ပြိုင်ဆိုင်မှုအတွက် စျေးနှုန်းကိုပဲအားစိုက်နေရတဲ့အခါ
📌လက်ရှိစျေးကွက်ရဲ့တိုးတက်နှုန်းဟာ နှေးကွေးနေပြီး စျေးကွက်ဝေစုအတွက် ပိုမိုပြိုင်ဆိုင်မှုများလာတဲ့အခါ လုပ်ငန်းတူပြိုင်ဖက်တွေအကြား ပြိုင်ဆိုင်မှုပြင်းထန်နေပါလိမ့်မယ်။
2️⃣Supplier တွေရဲ့ ညှိနှိုင်းမှုပါဝါ။
ဒီပြိုင်ဆိုင်မှုရဲ့ အဓိကသော့ချက်ကတော့ မိတ်ဆွေရဲ့ Supplier တွေကို ဘယ်လောက်စျေးဆစ်နိုင်ပြီလည်း ဆိုတဲ့အချက်ပါ။
မိတ်ဆွေအပေါ် သူတို့ရဲ့ ပါဝါကများနေမယ်ဆိုရင် သူတို့ပြောသလို မိတ်ဆွေက လိုက်လုပ်ရမှာဖြစ်ပြီး သူတို့ရဲ့ပါဝါနည်းနေပြီဆိုရင်တော့ သူတို့အပေါ် မိတ်ဆွေက စျေးကောင်းကောင်းဆစ်နိုင်မှာ ဖြစ်တယ်။
ဘယ်လိုအချိန်တွေမှာ Supplier တွေရဲ့ပါဝါများနိုင်လည်းဆိုတာ တချက်ကြည့်ရအောင်...❗
📌စျေးကွက်ကို Supplier အနည်ငယ်ကပဲထိန်းချုပ်ထားတဲ့အခါ။
📌Supplier တခုနဲ့တခုကြား ပြောင်းလဲရတဲ့ ကုန်ကျစရိတ်များတဲ့အခါ။
📌Supplier တွေက ကိုယ့်လုပ်ငန်းကို ကောက်ဝယ်ပြီး ကိုယ်လုပ်တာကို သူပါလုပ်နိုင်တဲ့အခါ။
📌အခြားအစားထိုးစရာ ဘာမှမရှိတဲ့အခါတွေမှာ Supplier တွေရဲ့ ပါဝါဟာ မိတ်ဆွေအပေါ်လွမ်းမိုးနေပါလိမ့်မယ်။
3️⃣ဝယ်သူတွေရဲ့ ညှိနှိုင်းနိုင်မှုပါဝါ။
ဒီနေရာမှာတော့ မိတ်ဆွေရဲ့ Supplier တွေလိုပဲ မိတ်ဆွေရဲ့ဖောက်သည်တွေက ဘယ်လောက်ထိ ပါဝါရှိနေလည်း ဆိုတာကို ကြည့်ရမှာဖြစ်တယ်။ တနည်းပြောရရင် မိတ်ဆွေအပေါ် ဖောက်သည်တွေရဲ့ စျေးဆစ်နိုင်စွမ်းပေါ့။
ဘယ်လိုမျိုးအခြေအနေမှာ ဝယ်သူတွေရဲ့ ပါဝါများနိုင်လည်းဆိုတော့
📌ကိုယ့်ပစ္စည်းကို အစားထိုးစရာတွေအများကြီး ရှိနေတဲ့အခါ။
📌ကိုယ့်နဲ့ပြိုင်ဖက်အကြား ပြောင်းလဲရတဲ့ကိစ္စက ရိုးရှင်းပြီး သိပ်ပြီးကုန်ကျစရိတ်မရှိတဲ့အခါ။
📌သူတို့မှာလည်း ကိုယ်နဲ့လုပ်ငန်းတူတွေများများရှိနေတဲ့အခါ။
📌ဝယ်သူတွေက ကိုယ့်လုပ်ငန်းကိုတောင် ပြန်ဝယ်နိုင်စွမ်းရှိတဲ့အခါတွေမှာ ဝယ်သူတွေရဲ့ ပါဝါဟာ မိတ်ဆွေအပေါ်လွမ်းမိုးမှုရှိနေလိမ့်မယ်။
4️⃣ အသစ်ထပ်ဝင်လာမယ့် လုပ်ငန်းသစ်တွေရဲ့ အန္တရယ်။
အမြတ်များတဲ့စျေးကွက်တွေကတော့ အသစ်ထပ်ဝင်ချင်တဲ့ လုပ်ငန်းတွေကို ဖိတ်ခေါ်နေသလိုပါဘဲ။ အဲ့ဒီအချိန်မှာသာ စျေးကွက်ထဲကိုဝင်မယ့်ကိစ္စက လွယ်ကူလေလေ ၊ပိုပြီးများများဝင်လေပါဘဲ။
ဒါနဲ့ ဘယ်လိုအချိန်မှာ လုပ်ငန်းတူပြိုင်ဖက်အသစ်တွေဝင်နိုင်မလဲ။❓
📌မူပိုင်ခွင့်နဲ့ နည်းပညာတွေက ဝင်ရောက်မှုကို မတားဆီးနိုင်တဲ့အခါ၊
📌စျေးကွက်ကစတင်ရင်းနှီးဖို့ သိပ်ပြီးကုန်ကျစရိတ်မရှိတဲ့အခါ၊
📌လုပ်ရှိ လုပ်နေတဲ့လုပ်ငန်းတွေက ရှိနေတဲ့သွင်းအားစုတွေကို မထိန်းချုပ်နိုင်တဲ့အခါ၊
📌ဗဟိုချုပ်ကိုင်မှု ၊စျေးကွက်ချုပ်ကိုင်မှုအားနည်းနေတဲ့အချိန်တွေမှာ ပြိုင်ဖက်လုပ်ငန်းအသစ်တွေလအများကြီး ဝင်လာမှာဖြစ်တယ်။
5️⃣ အစားထိုးမယ့် ကုန်ပစ္စည်း/လုပ်ငန်းတွေရဲ့ အန္တရယ်။
ဒီအခြေအနေမှာတခုစဉ်းစားရမှာက မိတ်ဆွေက လိမ္မော်ရည်ရောင်းလို့ မိတ်ဆွေရဲ့ပြိုင်ဖက်က လိမ္မော်ရည် လိုက်ရောင်းမယ်လို့ ထင်ထားလို့မရဘူး။ မိတ်ဆွေရဲ့ လိမ္မော်ရည်ကို ရေသန့်ကလည်းအစားထိုးနိုင်သလို ကိုကာကိုလာကလည်းအစားထိုးနိုင်တာပဲဆိုတာကို မိတ်ဆွေသဘောပေါက်ထားရမယ်။
ဘာတွေက အစားထိုးကုန်ပစ္စည်းတွေဖြစ်ပြီး မိတ်ဆွေရဲ့လုပ်ငန်းတွေအန္တရယ်အနည်းအများကို ပြဋ္ဌာန်းနေလည်း ဆိုရင်တော့....
📌အစားထိုးကုန်ပစ္စည်းရဲ့ စျေးနှုန်းနှင့်အရည်အသွေး၊
📌ကုန်ပစ္စည်းတံဆိပ်အပေါ် သူတို့ရဲ့ သစ္စာရှိမှု၊
📌ပြောင်းလဲလို့ရတဲ့ ကုန်ကျစရိတ်စတာတွေက လွမ်းမိုးနေမှာဖြစ်တယ်။
ဟုတ်ကဲ့...ဒါတွေကတော့ မိတ်ဆွေတို့ရဲ့ စျေးကွက်ပြိုင်ဆိုင်မှုကို လေ့လာကြည့်ဖို့ အထောက်အကူပြုစေမယ့် စျေးကွက်ပြိုင်ဆိုင်မှုရဲ့ အင်အား(၅)ရပ်အကြောင်းပဲ ဖြစ်ပါတယ်။
မိတ်ဆွေဟာ လက်ရှိစျေးကွက်မှာ ရှိနေပီးသားဘဲ ဖြစ်ဖြစ်၊ ယခုစျေးကွက်ကိုမိတ်ဆွေဝယ်ယူဖို့ စဉ်းစားရင်ပဲ ဖြစ်ဖြစ် ထိရောက်တဲ့ပြိုင်ဆိုင်မှုမဟာဗျူဟာတွေကို ချမှတ်နိုင်ဖို့ အထက်မှာပြောခဲ့တဲ့ ပြိုင်ဆိုင်မှုအင်အား (၅)ရပ် ကိုအရင်ဆုံး လေ့လာဆန်းစစ်ဖို့အကြံပြုလိုပါတယ်။
“ကောင်းမွန်တဲ့စျေးကွက်တခုကိုဖန်တီးနိုင်ပြီး၊စျေးကွက်ပြိုင်ဆိုင်မှုအတွက်လည်း ဗျူဟာကောင်းတွေချမှတ်နိုင်ကြပါစေ”
                                                                                                                                    Kyaw Nyein(YAU)
References:
50 Management Ideas You Really Need To Know
Edward Russell Walling
(Zawgyi)
ဈေးကွက်ပြိုင်ဆိုင်မှုရဲ့ အင်အား ၅ ရပ် (သို့) 
မိတ်ဆွေဟာ သူများတွေထက် ကုန်ပစ္စည်းတစ်ခုကို ဈေးသက်သာအောင်ထုတ်လုပ်ပြီး ဈေးကွက်ပြိုင်ဆိုင်မှုမှာ အသက်သာဆုံး ထုတ်လုပ်သူတစ်ယောက်ဖြစ်ချင်တာလား
ဒါမှမဟုတ် တခြားသူတွေမသိတဲ့ဈေးကွက်သေးသေးလေးတခုကနေ အမြတ်စွန်းအများကြီး ရှာနိုင်ပြီလား
မိတ်ဆွေတို့ရဲ့ စီးပွားရေးတိုးတက်ဖို့အတွက် ဘယ်လိုမျိုးဗျူဟာကို သုံးမလဲဆိုတာကိုသိဖို့ လက်ရှိကျင်လည်နေတဲ့ ဈေးကွက်အခြေအနေက အရေးကြီးတယ်ဆိုတာကိုရော သိထားကြပြီလား ..
ယနေ့မှာတော့ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ မိတ်ဆွေတွေအတွက် စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာမှာ အရေးပါလှတဲ့ ဈေးကွက်ပြိုင်ဆိုင်မှုရဲ့ အင်အား(၅)ရပ် အကြောင်းကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။
📌 ဈေးကွက်ထဲမှာ လုပ်ငန်းတူကုမ္ပဏီတွေများလာတဲ့အခါ
📌ထုတ်ကုန်တခုနဲ့တခုအကြားကွဲပြားမှုတွေ လုပ်နိုင်ဖို့ အခွင့်အလမ်းနည်းပါးပြီး ပြိုင်ဆိုင်မှုအတွက် ဈေးနှုန်းကိုပဲအားစိုက်နေရတဲ့အခါ
📌လက်ရှိဈေးကွက်ရဲ့တိုးတက်နှုန်းဟာ နှေးကွေးနေပြီး ဈေးကွက်ဝေစုအတွက် ပိုမိုပြိုင်ဆိုင်မှုများလာတဲ့အခါ လုပ်ငန်းတူပြိုင်ဖက်တွေအကြား ပြိုင်ဆိုင်မှုပြင်းထန်နေပါလိမ့်မယ်။
ဒီပြိုင်ဆိုင်မှုရဲ့ အဓိကသော့ချက်ကတော့ မိတ်ဆွေရဲ့ Supplier တွေကို ဘယ်လောက်ဈေးဆစ်နိုင်ပြီလည်း ဆိုတဲ့အချက်ပါ။
မိတ်ဆွေအပေါ် သူတို့ရဲ့ ပါဝါကများနေမယ်ဆိုရင် သူတို့ပြောသလို မိတ်ဆွေက လိုက်လုပ်ရမှာဖြစ်ပြီး သူတို့ရဲ့ပါဝါနည်းနေပြီဆိုရင်တော့ သူတို့အပေါ် မိတ်ဆွေက ဈေးကောင်းကောင်းဆစ်နိုင်မှာ ဖြစ်တယ်။
📌ဈေးကွက်ကို Supplier အနည်ငယ်ကပဲထိန်းချုပ်ထားတဲ့အခါ။
အမြတ်များတဲ့ဈေးကွက်တွေကတော့ အသစ်ထပ်ဝင်ချင်တဲ့ လုပ်ငန်းတွေကို ဖိတ်ခေါ်နေသလိုပါဘဲ။ အဲ့ဒီအချိန်မှာသာ ဈေးကွက်ထဲကိုဝင်မယ့်ကိစ္စက လွယ်ကူလေလေ ၊ပိုပြီးများများဝင်လေပါဘဲ။
📌ဈေးကွက်ကစတင်ရင်းနှီးဖို့ သိပ်ပြီးကုန်ကျစရိတ်မရှိတဲ့အခါ၊
📌ဗဟိုချုပ်ကိုင်မှု ၊ဈေးကွက်ချုပ်ကိုင်မှုအားနည်းနေတဲ့အချိန်တွေမှာ ပြိုင်ဖက်လုပ်ငန်းအသစ်တွေလအများကြီး ဝင်လာမှာဖြစ်တယ်။
📌အစားထိုးကုန်ပစ္စည်းရဲ့ ဈေးနှုန်းနှင့်အရည်အသွေး၊
ဟုတ်ကဲ့...ဒါတွေကတော့ မိတ်ဆွေတို့ရဲ့ ဈေးကွက်ပြိုင်ဆိုင်မှုကို လေ့လာကြည့်ဖို့ အထောက်အကူပြုစေမယ့် ဈေးကွက်ပြိုင်ဆိုင်မှုရဲ့ အင်အား(၅)ရပ်အကြောင်းပဲ ဖြစ်ပါတယ်။
မိတ်ဆွေဟာ လက်ရှိဈေးကွက်မှာ ရှိနေပီးသားဘဲ ဖြစ်ဖြစ်၊ ယခုဈေးကွက်ကိုမိတ်ဆွေဝယ်ယူဖို့ စဉ်းစားရင်ပဲ ဖြစ်ဖြစ် ထိရောက်တဲ့ပြိုင်ဆိုင်မှုမဟာဗျူဟာတွေကို ချမှတ်နိုင်ဖို့ အထက်မှာပြောခဲ့တဲ့ ပြိုင်ဆိုင်မှုအင်အား (၅)ရပ် ကိုအရင်ဆုံး လေ့လာဆန်းစစ်ဖို့အကြံပြုလိုပါတယ်။
“ကောင်းမွန်တဲ့ဈေးကွက်တခုကိုဖန်တီးနိုင်ပြီး၊ဈေးကွက်ပြိုင်ဆိုင်မှုအတွက်လည်း ဗျူဟာကောင်းတွေချမှတ်နိုင်ကြပါစေ”
                                                                                                                                    Kyaw Nyein(YAU)
References:
No comments: