Sunday, August 9, 2020
Samsung Galaxy Note 20 | Note 20 Ultra : First Impression
Samsung Galaxy Note 20 | Note 20 Ultra : Un-Hyped But Still Breaking Expectations?
Samsung ကနေ ဒီနှစ်အတွက် Galaxy Note 20 Series ဖုန်းတွေကို မိတ်ဆက်ခဲ့တယ်။ ကျွန်တော်တို့အနေနဲ့လည်း ထုံးစံအတိုင်း ရက်ပိုင်းလောက်၊ အချိန်တစ်ခုအထိ ကြိုပြီးစမ်းသပ်ခဲ့ဖြစ်တယ်။ အဲ့ဒီအတွက်အခု Article ကတော့ Galaxy Note 20 နဲ့ Note 20 Ultra ဖုန်းတွေကို စမ်းဖြစ်တဲ့အကြောင်းကို First Impression ဖြစ်ပါလိမ့်မယ်။
အမှန်အတိုင်းပြောရရင် Galaxy Note 20 Series ဖုန်းတွေက အရှေ့ကထွက်ထားပြီးသာ Galaxy S20 Series ဖုန်းတွေလည်းရှိနေခဲ့တော့ အများကြီးပိုမကောင်းရင်တောင်မှ ဘာစိတ်ဝင်စားစရာ Feature တွေပါလာမလဲဆိုတာ သိချင်ရုံလောက်စိတ်ပဲရှိခဲ့တယ်။ လုံးဝ Best of 2020 ဆိုတဲ့ဖုန်းတွေဖြစ်လာမယ်တို့၊ Best Innovative ဆိုတဲ့ဖုန်းတွေဖြစ်လာမယ်ဆိုတဲ့ Hype ဖြစ်တဲ့ စိတ်တွေတေ့ာမရှိခဲ့ဘူးဆိုတာက ဝန်ခံရမှာပါ။
ဘာပဲဖြစ်ဖြစ် Galaxy Note 20 ထက် Note 20 Ultra ဖုန်းကို အရင်ပြောကြတာပေါ့။ အနည်းဆုံး ဒီ Galaxy Note 20 Ultra ကတော့ မနှစ်က Note 10+ ထက် ပိုကောင်းတဲ့ဖုန်းဆိုတာကတော့ သေချာပါတယ်။
အရင်ဆုံး Galaxy Note 20 Ultra က Galaxy S20 Ultra ကိုစမ်းဖြစ်ပြီးသားဖြစ်နေတော့ Galaxy S20 Ultra ကိုမှ လေးထောင့်ပိုဆန်ပြီး S Pen ပါလာတဲ့ *တကယ့်* Android Flagship ဖုန်းလို့ပြောနိုင်ပါတယ်။
Slight Curved and love it
Display အနေနဲ့ဆိုရင် 6.9” QHD+ AMOELD Display သုံးထားမယ်၊ Curved ဖြစ်နေတုန်းပေမယ့် S20 Series ဖုန်းတွေအတိုင်းပဲ အရမ်း Curved နေတာမျိုးမဟုတ်ဘူး။ Brightness ပိုင်းမှာ Noteo 10 ထက်တောင် 25% လောက်ပိုကောင်းလာမယ်လို့ပြောတယ်။ ဘေးဘောင်တွေကလည်းတော်တော်လေးပါတယ်။ ဒါပေမယ့် ဘေး ၂ ဖက်ပဲ Curved ထားတာဖြစ်ပြီး ဘောင် ၄ ဘက်စလုံးကို Curved လုပ်ထားတာမျိုးမဟုတ်ဘူး။ Selfie Camera ကတော့ 40MP ကနေ 10MP Sensor ကိုပြန်ပြောင်းထားပြီး ထုံးစံအတိုင်းအလယ်မှာပဲ ထားထားတုန်းပဲ။ ပြောရရင် Note 10+ ထက် နည်းနည်းပိုကြီးသွားပြီး Curved ဖြစ်တာလျော့သွားတာပဲရှိမယ်။
Display က 6.9” QHD+ ဆိုပေမယ့် 120Hz ကို FHD+ မှာပဲရလိမ့်မယ်။ ဒါပေမယ့် Samsung ကနေ Provide လုပ်ပေးတဲ့ Unit တွေမှာ Refresh Rate ကို User ဘက်ကနေ Display Setting ထဲမှာ ပြောင်းလို့မရတော့ဘူး။ Resolution တောင်မှ Note 20 Ultra မှာပဲ ပြောင်းလို့ရတော့တာပါ။ But Update မှာတော့ မပြောတတ်ဘူးပေါ့။
Design အနေနဲ့ကတော့ Note Series ဖုန်းတစ်လုံးကို Galaxy S20 Ultra ထက်တောင် ပိုကြီး ပိုထူတဲ့ Camera Bump ထည့်ထားတာလို့ပဲပြောလို့ရမယ်။ ဒါက Samsung အတွက် ဒုတိယမြောက် 108MP Sensor သုံးထားတဲ့ဖုန်းပါ – ပြီးတော့ 108MP ဖုန်းတွေလည်း အများကြီးရှိနေတဲ့အချိန်မှာ ဒီ Camera Bump က ပြောရရင် S20 Ultra ထက် ပိုသေးရမယ့်အစား ပိုထူမလားတောင် ထင်ရပါတယ်။ ပြီးတော့ ဒီ Camera Design အသစ်က Note 20 မှာတော့ Simple ဖြစ်ပြီး လှတယ်ဆိုပေမယ့် Note 20 Ultra မှာတော့ မတရားကြီးပြီး Helfty ဖြစ်နေတယ်လို့ပဲ ခံစားနေရပါတယ်။ ဖုန်းရဲ့ အောက်ဖက်နဲ့ အပေါ်ဘက်ဘောင်တွေကတော့ လုံးဝ Flat ဖြစ်နေတုန်းပဲ။
that Camera Bump is insane compared to Huawei P40 Pro
Design မှာတော့ Note 20 Ultra ဖုန်းက Note Series ဖုန်းတစ်လုံး၊ Android Flagship ဖုန်းတစ်လုံးလို့ တန်းသိနိုင်တဲ့ Quality ရှိသလားဆိုရင် ရှိနေတုန်းပါပဲ။ Maybe စမ်းဖြစ်တဲ့အရောင်က Black ဖြစ်နေလို့လားတော့မသိပေမယ့် Wow ဖြစ်လောက်တဲ့အထိတော့ Impressive မဖြစ်သေးပါဘူး။
အဲ့တော့ Camera – S20 Ultra နဲ့အကုန်လုံးနီးပါးတူပါတယ်။ 108MP Primary Sensor ၊ 12MP Telephoto Sensor နဲ့ 12MP Ultrawide ပါမယ်။ သိသိသာသာပိုကောင်းလာသလား? စမ်းဖြစ်တဲ့အချိန်အရတော့ သိသိသာသာပိုကောင်းလာတာမျိုး သတိမထားရဘူး။ S20 Ultra ဖုန်းအတိုင်းနီးပါးပဲ။
အဲ့တော့ ဘာတွေကွာသွားမလဲ? သိနိုင်တာကတော့ 8K Video တွေကို 21:9 Format နဲ့ပါ 24fps နဲ့ရိုက်လို့ရမယ်။ Live Focus ကို Ultrawide အနေနဲ့ပါ ရိုက်လို့ရလာတယ်။ ပြီးတော့ စမ်းဖြစ်တဲ့ Unit ထဲမှာမပါတဲ့ Zooming ပိုင်းမှာ ပိုပြီး Slider က Smooth ဖြစ်လာမယ်။
နောက်ထပ်ပြောင်းလဲမှုက ToF Sensor ကနေ Laser Autofocus ကို ပြောင်းလိုက်တယ်၊ ၂ ခုလုံးထည့်ရင် ဘာဖြစ်မှာလဲဆိုပြီး မေးချင်ပေမယ့် ToF Sensor မရှိတော့တာက S20+ နဲ့ S20 Ultra တုန်းကလိုမျိုး AR Measure တွေ၊ AR 3D အရုပ် Scan လုပ်တာတွေမရတော့ဘူး။ အဲ့ဒီအစား Focus ပိုင်းမှာလည်း တခြား Flagship ဖုန်းတွေကို Range Limit ရှိတဲ့ Laser Autofocus ထည့်ပေးလိုက်တာနဲ့တင် ဖြေရှင်းပြီးသွားပြီလားဆိုတော့လည်း စမ်းဖြစ်တဲ့အချိန်တိုတစ်ခုနဲ့ သေချာမသိခဲ့ရပါဘူး။ Samsung ကိုယ်တိုင်ကလည်း ဒီ Laser Autofocus အလုပ်လုပ်နိုင်မယ့် Range တွေ၊ S20 Ultra ထက် ဘယ်လောက်ပိုကောင်းလာမလဲဆိုတာကိုတော့ တရားဝင်ပြောကြားခဲ့ခြင်းမရှိဘူး။
ပြီးတော့ နောက်ဆုံး 100x Space Zoom ဆိုတာက Space Zoom ဆိုပြီးလည်း မသုံးတော့သလို Max ကလည်း 50x အထိပဲရှိမယ်။ Max Zoom မှာ AI ကနေ ရိုက်ပြီးတဲ့ပုံကိုတောင် ပြန်ပြီး ကြည့်လို့ရတဲ့အထိ ပြန်မထုတ်ပေးနိုင်တော့ဘူး။ ဒါပေမယ့် 5x ကနေ 10x လောက်မှာတော့ အဆင်ပြေတဲ့ဓါတ်ပုံတွေပြန်ရပါတယ်။
Battery အနေနဲ့ကတော့ 4500mAh ကိုပြန်ကျသွားတယ်။ အဲ့ဒါကြောင့် S20 Ultra လောက်မလေးတော့တာလည်း ဖြစ်နိုင်ပါတယ်။ Samsung ကနေ ပြောတာကတော့ 50% အားသွင်းဖို့ကို မိနစ် ၃၀ အချိန်ပေးရမယ်လို့ သိရတယ်။
IU is LOVE :$
ကျန်တဲ့ Wireless Charging တွေ၊ Reverse Wireless Charging တွေ၊ ပြီးတော့ တော်တော်ကို S20 Ultra ထက်တောင် ပိုကောင်းတဲ့ Stereo Speaker တွေကတော့ Display ကောင်းကောင်းနဲ့ ပေါင်းပြီး Multimedia ပိုင်းမှာတော်တော်လေးကောင်းလာဖို့တော့ရှိတယ်။ ကျန်တာကတော့ ထပ်ပြောစရာမရှိ။ Note 20 ကို ဆက်တာပေါ့။
First, give us a breath.
Plastic Back – Flagship Killer လည်းမဟုတ်၊ High End Mid Range ဖုန်းလည်းမဟုတ်တဲ့ Galaxy Note Series ဖုန်းတစ်လုံးအနေနဲ့ Plastic Back ကို သုံးထားတာပါ။ ဒီတစ်ချက်ထဲနဲ့တင် အရင်တုန်းက Galaxy Note 20 Series ဖုန်းတွေဆိုတာ Build Quality အကောင်းဆုံး၊ Powerful အဖြစ်ဆုံးဖုန်းတွေဆိုပြီး ပြောခဲ့တာတွေ၊ ပြီးတော့ မနှစ်တုန်းက ပန်းရောင် Galaxy Note 10 လေးကို မတရားကြိုက်ခဲ့တာမျိုးတွေပါ ပြန်ပြီး ဘယ်လိုမျိုး Upgrade လဲဆိုပြီး ပြန်မေးချင်စရာကောင်းသွားတာပါ။ တကယ်ကို ဆွံ့အ…
First Flagship Phone with Plastic Back?
တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင်တော့ နောက်ဖက်က Plastic Back က Smooth Texture ဖြစ်လာတယ်၊ ဒါပေမယ့် ဒီအချက်ကြောင့် Plastic ကို သုံးထားတာဆိုရင်တော့ အရှေ့ကထွက်ထားသမျှ Smooth ၊ Frosted Glass Back နဲ့ Flagship ဖုန်းတွေကပဲ Samsung လောက် မခိုတတ်၊ ညဏ်မရှိလို့ပဲလားလို့တောင် တွေးမိသွားသေး။
နောက်တစ်ချက်က Design ပါ။ Plastic Back ကြောင့် Frame တွေကအစ Note 20 Ultra လောက် Premium မဆန်တော့သလို Note 20 Ultra လိုမျိုး Curved Display လည်းမဟုတ်တော့ အရှေ့ဘက်ကကြည့်မယ်ဆိုရင် Samsung Galaxy A71 နဲ့တောင် ပိုတူပါတယ်။ ဒါပေမယ့်လည်း အားသာချက်ကို မရရအောင်ပြောရမယ်ဆိုတော့ ကိုင်ရတာ တော်တော်လေးကိုပေါ့တယ်၊ Texture က သဘောကျစရာကောင်းတယ်။
Display ကတော့ 6.7” AMOLED Display ကိုသုံးထားတယ်။ Resolution ကလည်း Full HD+ ပဲရှိတယ်။ Refresh Rate ကလည်း 60Hz ပဲရမယ်။ Wait – WHAT?
Full HD+ ဆိုတာက ပထမဆုံး Letdown ပါ – S20 Series ဖုန်းအားလုံး၊ အသေးဆုံး S20 ကအစ QHD+ ကိုရနေတယ်။ ပြီးတော့ S20 Series ဖုန်းအားလုံး 120Hz ကို Full HD+ မှာရနေတယ်အချိန်မှာ ဒုတိယ Letdown ဖြစ်တဲ့ Note 20 က 60Hz ဆိုတာက Plastic Back နဲ့ဆိုတော့ $349 တန် Pixel 4a လားလို့တောင် ပြန်မေးရမလိုဖြစ်နေတယ်။ :3
နောက်တစ်ခုက Flat 6.7” Display ဖြစ်နေတော့ ဘေးဘောင်တွေက Symmetrical မဖြစ်တာကတော့ တော်တော်လေးကို ဆိုးပါတယ်။ အပေါ်ကဘောင်က အောက်ဖက်ဘောင်နဲ့မတူဘူး၊ ဘေးဘောင်တွေနဲ့ အပေါ်အောက်ဘောင်တွေလည်းမတူဘူး။ အဲ့တော့ ကြားထဲ Transistion အကူးတွေမှာတော်တော်လေးကြည့်ရတာ OCD ဖြစ်၊ တော်တော်ဆိုးပါတယ်။
ပြီးတော့ Camera ကလည်း S20+ or S20 နဲ့တူတူပဲ – 12MP Primary + 64MP (3x Cropped Zoom) နဲ့ 12MP Ultrawide တွေပါမယ်။ အဲ့တော့ Quality ပိုင်းမှာလည်း တူတူလောက်ပဲ၊ ပြောရရင် Zoom မှာဆိုလည်း 30x Max မှာ ထုံးစံအတိုင်း Quality က အားရဖို့မကောင်း။ နားမလည်တာနောက်တစ်ခုက Galaxy Note 20 Ultra လိုမျိုး Autofocus Issue ရှိတဲ့ 108MP Sensor လည်းမဟုတ်ပေမယ့် ToF Sensor လည်းဖြုတ်၊ Laser Autofocus လည်းမပါပါဘူး။ ဒါပေမယ့် အဲ့လိုမပါတော့ Camera Bump ကလည်း သေးသေးလေးနဲ့ တော်တော်လေးကို ကြည့်ရရှင်းပြီး လှနေတာလေးကတော့ မိုက်တယ်။
Camera Design is Simple AF tho
ကျန်တာကတော့ ဘာမှဆက်ပြောဖို့မရှိတော့ဘူး။ Battery မှာတေ့ာ တော်တော်လေးအသုံးခံလောက်တဲ့ 4300mAh Battery ပါမယ် – Fast Charging ကတော့ 25W ဖြစ်မလား၊ 15W ဖြစ်မလားမသိသေး။
အဲ့တော့ ဒီ Note 20 | Note 20 Ultra မှာ မတူတာတွေကတော့ ကုန်ပြီ။ ဒါပေမယ့် တူတာကိုဆက်ပြောကြတာပေါ့။
အရင်ဆုံး Note Series ဖုန်းတွေရဲ့ အသက်လို့ပြောရမယ့် S Pen – Latency ကို AI Prediction နဲ့အမြင့်ဆုံး 9ms ပဲရှိအောင်လုပ်ထားတာ Impressive ဖြစ်ဖို့ကောင်းတယ်။ ပြီးတော့ သုံးရတဲ့ Feedback လည်း Note 10 ထက် တော်တော်ကိုကောင်းလာတယ်။ ခြစ်လိုက်ရင်တောင် တဂျစ်ဂျစ်နဲ့ အသံတောင်ပြန်ကြားနေရပြီ။ ဘာပဲဖြစ်ဖြစ် အရင်ကလည်း ပြိုင်ဘက်မရှိတဲ့ဘက်မှာ ပိုပြီး Improved ဖြစ်လာတာကတော့မိုက်တယ်။ တစ်ခုအဆင်မပြေတာက S Pen ကို ညာဘက်ကနေ ဘယ်ဘက်ပြောင်းလိုက်တော့ ညာသန်ကျွန်တော်တို့အတွက်က တော်တော်လေးကို အဆင်မပြေဖြစ်သွားတယ်။
S Pen on Right Side sucks
နောက်ထက် S Pen Feature က အရင်တုန်းကလိုမျိုး Camera Control တွေ၊ Slide Control တွေတင်မဟုတ်တော့ပဲ Home Screen Control တွေပါရလာပြီ။ ဒါပေမယ့် စမ်းသလောက်ကတော့ အောက်ကနေ ဘယ်၊ အပေါ်ကနေညာဘက်ရမ်းနေပြီးတော့ Recent ၊ Home Screen ၊ Multitasking View သွားတာတွေ၊ ပြီးတော့ “Z” ပုံစံခြစ်ပြီး Screenshot လုပ်တာတွေနဲ့ မတရားရှုပ်လာတယ် – ပြောရရင် Gesture တွေကို အလွတ်ရပြီး မမှားပဲကောင်းကောင်းလုပ်နိုင်ဖို့က အချိန်တော်တော်ကိုလိုမယ့်သဘောမှာရှိတယ်။
ပြီးတော့ Samsung Notes App က တော်တော်လေးပိုကောင်းလာပြီ။ ပြီးတော့ Folder ခွဲ Save လို့ရတာတွေ၊ Desktop နဲ့ Sync ရတာတွေမိုက်တယ်။ တခြား Notes မှာ ပိုရလာတဲ့ Feature တွေလည်းရှိဦးမှာပါ။
နောက်တစ်ချက်ကတော့ Galaxy Note 20 Series ဖုန်းတွေမှာ Dex ကို Wireless နဲ့ ချိတ်လို့ရလာမယ်၊ ပြီးတော့ Ultrawide Band သုံးလာမယ့် Nearby Share ပုံစံလည်းရမယ်ပြောပေမယ့် Googel Nearby Share ကိုပဲ ပိုကောင်းလာမလားတော့ မပြောတတ်။
နောက်ဆုံးတူညီတဲ့အချက်က Exynos 990 Chipset ပါ – US မှာတော့ Snapdragon 865+ ဆိုပေမယ့် ဒီကိုတော့ Exynos 990 ပဲဝင်လိမ့်မယ်။ RAM ကလည်း 8GB နဲ့ Storage ကတော့ 128GB or 256GB ဖြစ်လိမ့်မယ်။
အဲ့တော့ကာ အဆုံးသတ်ရမယ်ဆိုရင် Galaxy Note 20 Ultra က Note 10+ သုံးနေရင်တောင်မှ အရမ်းသိသိသာသာ Hardware ပိုင်း Improvement မရှိတဲ့ Flagship ဖုန်းတစ်လုံးလို့မြင်တယ်။ Note 20 ကတော့ ပြောစရာစကားတောင်ပျောက်ပြီး S Pen ပါနေတာကလွဲရင် “အော်… အဲ့ဒါ Note Series Flagship ဖုန်းလား” လို့ပဲ ပြောမိတော့မယ့်ဖုန်းတစ်လုံးဖြစ်လာပါတယ်။ အဖြစ်သင့်ဆုံးက Note 20 ဆိုတဲ့နာမည်အစား Note 20e or Note 20 Lite လို့သာ နာမည်ပြောင်းလိုက်ပါ။
Well, we surely didn’t impress this time.
#TechGadgetMM
(Zawgyi)
Samsung Galaxy Note 20 | Note 20 Ultra : Un-Hyped But Still Breaking Expectations?
IU is LOVE :$
First, give us a breath.
#TechGadgetMM
No comments: