Tuesday, August 25, 2020

တရုတ်ချစ်သူများနေ့ 七歹節(乞歹節)

#တရုတ်ချစ်သူများနေ့ 七歹節(乞歹節)


တရုတ်ချစ်သူများနေ့ဆိုတာ တရုတ်ပြည်ရဲ့ ဒဏ္ဍာရီပုံပြင် ၄ ပုဒ်ထဲက နွားကျောင်းသားလေးနဲ့ နတ်သမီးလေးပုံပြင်ကနေ ဖြစ်ပေါ်လာတာပါ။ တရုတ်ပြည်ရဲ့ ဒဏ္ဍာရီပုံပြင် ၄ ပုဒ်ထဲမှာ မြန်မာတွေနဲ့ ရင်းနှီးတဲ့ ပုံပြင် ၂ ပုဒ်လဲ ရှိပါသေးတယ်။ အဲ့ဒါတွေကတော့ ချစ်သူ့လိပ်ပြာ (လျံစန်းပေါ်နဲ့ ကျုရင်းထိုက်) မြွေဖြူမင်းသမီးလေး (ရွယ်ရှန်း) တို့ ဖြစ်ပြီး အခုကတော့ နွားကျောင်းသားနဲ့ နတ်သမီးလေးတို့ရဲ့ ပုံပြင်ကို ပြောပြမှာ ဖြစ်ပါတယ်။

ဒီပုံပြင်လေးက အမျိုးမျိုးရှိပါတယ်။ ပထမပုံပြင်မှာ ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းပြီး သာယာဝပြောဖို့ တာဝန်ရှိတဲ့ ယက္ကန်းနတ်သမီးလေးက လူပြည်ကို ဆင်းရင်း နွားကျောင်းသားလေးကို ချစ်မိသွားလို့ လူပြည်မှာ နွားကျောင်းသားလေးနဲ့ ပေါင်းသင်းပြီး သားသမီး ၂ယောက် ရတဲ့အခါမှာမှ နတ်မင်းကြီး သိပြီး လူနဲ့နတ် ပေါင်းဖက်ရမလားလို့ အမျက်ဒေါသနဲ့ နတ်သမီးလေးကို နတ်ပြည် ပြန်ခေါ်ခဲ့ပါတယ်။ ဒါကြောင့် ချစ်သူ ၂ ဦးဟာ လွမ်းဆွတ်နေကြပြီး နတ်သမီးလေးဟာလဲ အရင်လို ယက္ကန်းမယက်နိုင်တော့ပဲ မှိုင်တွေနေပါတယ်။ နွားကျောင်းသားလေးဟာလဲ နွားတွေကို မကျောင်းနိုင်တော့ပဲ နတ်သမီးလေးကို လွမ်းတဲ့စိတ်နဲ့ ငိုနေခဲ့ပါတယ်။ ဒါကြောင့် သနားပြီး တစ်နှစ်မှာတစ်ကြိမ် တရုတ်လ ရလပိုင်း ၇ ရက်နေ့မှာ ပြန်လည်တွေ့ဆုံခွင့် ပေးခဲ့ပါတယ်။ သူတို့ ပြန်တွေ့မယ့် အချိန်ဆို ကျီးကန်းတွေက တံတားထိုးပေးပါတယ်။

နောက်တစ်မျိုးမှာတော့ တစ်ခါတုန်းက နွားကျောင်းသား ကောင်လေးတစ်ယောက် ရှိခဲ့ပါတယ်။ သူ့ကို သူ့အကိုတို့မိသားစုက နှိပ်ကွပ်ထားပြီး နွားပဲ ကျောင်းခိုင်းခဲ့ပါတယ်။ တကယ်တော့ သူကျောင်းရတဲ့ နွားဟာ နတ်နွား တစ်ကောင် ဖြစ်ပြီး လူစကား ပြောနိုင်ပါသတဲ့။ ဖူးစာဖက် မရှိပဲ အထီးကျန်နေတဲ့ နွားကျောင်းသားလေးကို အကြံပေးပြီး ရေကန်နားမှာ သွားစောင့်စေပါတယ်။ အချိန်တန်တော့ ကောင်းကင်မယ်တော်ရဲ့ သမီးတော် ခုနှစ်ပါးဟာ ကောင်းကင်ကနေ ဆင်းသက်ပြီး ရေချိုးကြစဉ်မှာ ကောင်းကင်ပျံနိုင်တဲ့ နတ်ဝတ်စုံတွေကို ဖွက်ထားပါတယ်။ နတ်သမီးခုနှစ်ဖော် ပြန်ဖို့ ခက်နေချိန်မှာ သဘောတူညီမှု ရယူပြီး အငယ်ဆုံးမလေးက လူပြည်မှာ နေခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့ ၂ ဦး အရမ်းချစ်သွားကြပြီး လက်ထပ်ပေါင်းသင်းလို့ သားသမီး၂ယောက် ရတဲ့ အချိန်မှာ နတ်မယ်တော်ကြီးသိပြီး  နတ်သမီးလေးကို ပြန်ခေါ်သွားခဲ့တယ်။

ဒါပေမယ့် နွားကျောင်းသားလေးရဲ့ နတ်နွားကြီးဟာ ကောင်းကင်ပျံနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် နတ်နွားကို စီးပြီး နတ်သမီးလေးရှိရာ နတ်ဗိမာန်ကို ကလေး ၂ ဦးကို တင်ခေါ်ပြီး သွားတွေ့နေခဲ့ပါတယ်။ ဒါကို သူ့အကို သိသွားတော့ နတ်နွားကြီးကို သူ့အကိုလုပ်သူက အတင်းသတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနတ်နွားရဲ့  နွားရေခွံဟာ ကောင်းကင်ပျံနိုင်တဲ့ အစွမ်းရှိတာမို့ နွားကျောင်းသားလေးဟာ နွားသရေ အပေါ်ကို သားနဲ့သမီးတင်ပြီး နတ်သမီးလေးရှိရာ နတ်ဘုံကို အရင်လို သွားတွေ့နေခဲ့ပါတယ်။ ဒါပေမယ့် ကောင်းကင်ဘုရင်ကြီး သိသွားတဲ့အခါ ကောင်းကင်ဘုံကို တက်လို့မရအောင် အလယ်မှာ ငွေရောင်မြစ်တစ်စင်း ခြားထားခဲ့ပါတယ်။

ဒါ့ကြောင့် ချစ်သူ ၂ ဦးဟာ လွမ်းဆွတ်ကြေကွဲပြီး သတိတရ ရှိနေကြပါတော့တယ်။ လူပြည်နဲ့ နတ်ပြည် အလွမ်းတွေနဲ့  ဖွဲ့သီထားတဲ့ သံယောဇဉ်ကြိုးကို နတ်မယ်တော်ကြီးတောင် မတားရက်တော့လို့ တစ်နှစ်မှာတစ်ကြိမ် ပြန်လည် တွေ့ဆုံခွင့်ကို တရုတ်လ ရလပိုင်း ရရက်နေ့ တစ်နှစ်မှာ တရက်သာ တွေ့ခွင့်ပေးလိုက်ပါတယ်။ သပိတ်လွယ်ငှက်ကလေးတွေက တံတား ထိုးပေးကြပြီး ချစ်သူနှစ်ဦး ပြန်ဆုံချိန်မှာ သက်တံ့တံတားကြီး ဖြစ်နေခဲ့ပါတယ်။

နောက်တမျိုးကတော့ Zhinu (ကျီးနွီ) လို့ အမည်ရတဲ့ နတ်သမီးလေး တစ်ပါး ရှိပါတယ်။ ကောင်းကင်ဘုံက နတ်ဘုံနတ်နန်းမှာ နေရတဲ့ ဘဝကို သူ အတော်လေး ငြီးငွေ့နေတဲ့အတွက်  သာမန်ဘဝလေးအတိုင်း နေထိုင်တဲ့ လူ့ပြည်ကို အလည်ဆင်းပါတယ်။

ဒီလိုဆင်းလာတော့ မမျှော်လင့်ပဲ ရိုးသားတဲ့ နွားကျောင်းသားလေး တစ်ဦးနဲ့ သွားတွေ့ပါတယ်။ Niulang (နယိုလန်) လို့အမည်ရတဲ့ ရွယ်တူ လူငယ်လေး ဖြစ်ပြီး ချစ်ကြိုက်သွားကြပါတယ်။ ဒါကြောင့် Niulang နဲ့ Zhinu ဟာ ဘဝတစ်ခု အတူထူထောင်ဖို့ သဘောတူညီခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက် မခွဲမခွာ ကတိတွေ ပေးကြပါတယ်။ ပျော်ရွှင်သာယာတဲ့ မိသားစု ဘဝ ဖြစ်ခဲ့ပြီး သားသမီး နှစ်ဦး ထွန်းကားလာပါတယ်။

တစ်နေ့တော့ ကောင်းကင်ဘုံက ကောင်ကင်နတ်မင်းကြီး သိပါသွားခဲ့ပါတယ်။ ကောင်းကင်ဘုရင်ဟာ သူ့ရဲ့ ၇ ယောက်မြောက် သမီးတော် ဖြစ်တဲ့ ZhiNu ကို အင်မတန် ချစ်မြတ်နိုးပါတယ်။ ဒါကြောင့် လူ့ပြည်မှာ လူသားနဲ့ ဘဝတစ်ခု ထူထောင်ဖို့ အတွက်ကို လုံးဝ သဘောမတူပါဘူး။ ဒါကြောင့် မရရတဲ့နည်းနဲ့ နတ်သမီးလေး Zhinu ကိုပြန်ခေါ်ပါတယ်။

ဒီလိုနဲ့ Zhinu ခမျာ သူ့ချစ်သူနဲ့ မိသားစုကို ခွဲခွာလို့ ကောင်းကင်ဘုံပေါ် ပြန်လည် ရောက်ရှိသွားပါတယ်။ နွားကျောင်းသားလေး Niulang တစ်ယောက် လုံးဝ လက်မလျော့ပါဘူး။ ချစ်သူ Zhinu ကို ပြန်ရဖို့ နည်းအမျိုးမျိုး ကြိုးစားပါတယ်။ ဒါပေမယ့် လူသားဖြစ်နေတော့ မစွမ်းသာပါဘူး။ သို့သော် သူ့ကိုကူညီမယ့် သူ ပေါ်လာတယ်။ အခြားသူ မဟုတ်ပါဘူး။ သူ့မွေးထားတဲ့ နွားတစ်ကောင်ဖြစ်ပါတယ်။

သူ့ကိုသတ်ပြီး သူ့အရေခွံကို Niulang မှ ခြုံထားရင် မိုးပေါ် ပျံနိုင်ကြောင်းပြောပါတယ်။ သူရဲ့ နွားကို မသတ်ရက်ပါဘူး။ သို့ပေမယ့် နောက်ဆုံးတော့ သူချစ်တဲ့ နွားကိုယ်တိုင် အသက်ကို စတေးနေတော့ ဝမ်းနည်းစွာပဲ သတ်လိုက်ပါတယ်။

သူတကယ်ပဲ မိုးပေါ်ပျံနိုင်သွားပါတယ်။ မိုးပေါ်ပျံပြီး သူ့ချစ်သူ နတ်သမီးထံ ကလေး ၂ ဦးယူဆောင်လို့ သွားသွားတွေ့ပါတယ်။ ဒီလိုတွေ့နေတာ ကိုလည်း နောက်ဆုံးတော့ နတ်သမီးမယ်တော်ကြီးဟာ  သိရှိသွားပါတယ်။ ဒီလို တွေ့ဆုံတာကို တားမြစ်ဖို့အတွက် ကြံစည်ပါတယ်။

ဒါကြောင့် Zhinu နဲ့ Niulang ကြားမှာ တွေ့ဆုံလို့မရအောင် မယ်တော်ကြီးဟာ သူမရဲ့ ဆံထိုးနဲ့ ပစ်လိုက်တဲ့အခါ ကောင်းကင်မှာ ငွေရောင် မြစ်တစ်စင်းဖြစ်ပေါ်လာပြီး လူ့ပြည်နဲ့ နတ်ပြည်ကို စည်းခြားထားလိုက်ပါတယ်။ ယင်းမြစ်ကို ကျော်လွန်လို့ Niulang တစ်ယောက် မပျံသန်းနိုင်ပါဘူး။ ဒါကြောင့် ယက်ကန်းရက်ပြီး ဝမ်းနည်းနေတဲ့ သူ့ချစ်သူ နတ်သမီး Zhinu ဟာ လူ့ပြည်က သူ့မိသားစု ကြည့်ရင်း အမြဲလိုလို ငိုကြွေးနေပါတော့တယ်။ ခင်ပွန်း Niulang လည်း ကလေးနှစ်ဦးနဲ့အတူ သူ့ချစ်သူကို လှမ်းကြည့်လို့ ဝမ်းနည်းနေရပါတော့တယ်။

သို့ပေမယ့် ကံကောင်းပါတယ်။ သူ့တို့ နှစ်ဦးရဲ့ ကွဲကွာနေတဲ့ ချစ်ခြင်းကို သနားစာနာတဲ့ ကောင်းကင်ပေါ်က ပျံလွှားငှက်ကလေးများဟာ တစ်နှစ်ကို တကြိမ် တိတ်တဆိတ် တွေ့ဆုံစေနိုင်ဖို့အတွက် တံတားအဖြစ် လာရောက်ဖန်တီးပေးပါတယ်။ တစ်နှစ်လုံးမှာမှ တစ်နေ့ (တစ်ည)ပဲ ဖြစ်ပါတယ်။ တစ်ည တွေ့ဆုံပြီးနောက် ယင်းငှက်တို့ ပြန်လည် ပျံသန်းထွက်ခွာသွားပါတယ်။ ဒီလိုနဲ့ နှစ်တိုင်း တွေ့ရမယ့် တစ်ညကိုသာ မျှော်နေကြပါတယ်။ ယင်းချစ်သူတို့ တွေ့ဆုံတဲ့ နေ့လေးဟာ ချစ်သူများနေ့လေးပဲ ဖြစ်ပါတယ်။

七夕节 (Qi Xi Jie) လို့ခေါ်တဲ့ တရုတ်ချစ်သူများနေ့ဟာ တရုတ်ပြကဒိန်ရဲ့ ၇ လပိုင်း ၇ ရက်နေ့တိုင်းမှာ ကျရောက်ပါတယ်။ အင်္ဂလိပ်ပြကဒိန်နဲ့ဆို August လအတွင်း နေ့တစ်နေ့မှာ ကျရောက်ပါတယ်။ ယခု ၂၀၂၀ ခုနစ်ဆို သြဂုတ်လ ၂၅ ရက်နေ့ဟာ တရုတ်ချစ်သူများနေ့ ဖြစ်ပါတယ်။

#林圛朙(天下第一)

တရုတ်ရိုးရာ ဒဏ္ဍာရီပုံပြင် ၄ ပုဒ်

လျံစန်းပေါ်နဲ့ ကျုရင်းထိုင်

https://m.facebook.com/story.php?story_fbid=1824090841193332&id=1811445109124572

မြွေဖြူရှင်ရဲ့ ချစ်မေတ္တာ

https://m.facebook.com/story.php?story_fbid=1846553322280417&id=1811445109124572

မုန့်ကျန်းနွီရဲ့ မဟာတံတိုင်းပေါ်မှ ငိုချင်း

https://www.facebook.com/tianxiadiyi888888/photos/a.1815138368755246/1898868290382253/?type=3

(Zawgyi)

#တ႐ုတ္ခ်စ္သူမ်ားေန႔ 七歹節(乞歹節)



တ႐ုတ္ခ်စ္သူမ်ားေန႔ဆိုတာ တ႐ုတ္ျပည္ရဲ့ ဒ႑ာရီပုံျပင္ ၄ ပုဒ္ထဲက ႏြားေက်ာင္းသားေလးနဲ႔ နတ္သမီးေလးပုံျပင္ကေန ျဖစ္ေပၚလာတာပါ။ တ႐ုတ္ျပည္ရဲ့ ဒ႑ာရီပုံျပင္ ၄ ပုဒ္ထဲမွာ ျမန္မာေတြနဲ႔ ရင္းႏွီးတဲ့ ပုံျပင္ ၂ ပုဒ္လဲ ရွိပါေသးတယ္။ အဲ့ဒါေတြကေတာ့ ခ်စ္သူ႔လိပ္ျပာ (လ်ံစန္းေပၚနဲ႔ က်ဳရင္းထိုက္) ေႁမြျဖဴမင္းသမီးေလး (ရြယ္ရွန္း) တို့ ျဖစ္ၿပီး အခုကေတာ့ ႏြားေက်ာင္းသားနဲ႔ နတ္သမီးေလးတို့ရဲ့ ပုံျပင္ကို ေျပာျပမွာ ျဖစ္ပါတယ္။

ဒီပုံျပင္ေလးက အမ်ိဳးမ်ိဳးရွိပါတယ္။ ပထမပုံျပင္မွာ ေကာက္ပဲသီးႏွံေတြ ျဖစ္ထြန္းၿပီး သာယာဝေျပာဖို့ တာဝန္ရွိတဲ့ ယကၠန္းနတ္သမီးေလးက လူျပည္ကို ဆင္းရင္း ႏြားေက်ာင္းသားေလးကို ခ်စ္မိသြားလို့ လူျပည္မွာ ႏြားေက်ာင္းသားေလးနဲ႔ ေပါင္းသင္းၿပီး သားသမီး ၂ေယာက္ ရတဲ့အခါမွာမွ နတ္မင္းႀကီး သိၿပီး လူနဲ႔နတ္ ေပါင္းဖက္ရမလားလို့ အမ်က္ေဒါသနဲ႔ နတ္သမီးေလးကို နတ္ျပည္ ျပန္ေခၚခဲ့ပါတယ္။ ဒါေၾကာင့္ ခ်စ္သူ ၂ ဦးဟာ လြမ္းဆြတ္ေနၾကၿပီး နတ္သမီးေလးဟာလဲ အရင္လို ယကၠန္းမယက္နိုင္ေတာ့ပဲ မွိုင္ေတြေနပါတယ္။ ႏြားေက်ာင္းသားေလးဟာလဲ ႏြားေတြကို မေက်ာင္းနိုင္ေတာ့ပဲ နတ္သမီးေလးကို လြမ္းတဲ့စိတ္နဲ႔ ငိုေနခဲ့ပါတယ္။ ဒါေၾကာင့္ သနားၿပီး တစ္ႏွစ္မွာတစ္ႀကိမ္ တ႐ုတ္လ ၇လပိုင္း ၇ ရက္ေန႔မွာ ျပန္လည္ေတြ႕ဆုံခြင့္ ေပးခဲ့ပါတယ္။ သူတို့ ျပန္ေတြ႕မယ့္ အခ်ိန္ဆို က်ီးကန္းေတြက တံတားထိုးေပးပါတယ္။

ေနာက္တစ္မ်ိဳးမွာေတာ့ တစ္ခါတုန္းက ႏြားေက်ာင္းသား ေကာင္ေလးတစ္ေယာက္ ရွိခဲ့ပါတယ္။ သူ႔ကို သူ႔အကိုတို့မိသားစုက ႏွိပ္ကြပ္ထားၿပီး ႏြားပဲ ေက်ာင္းခိုင္းခဲ့ပါတယ္။ တကယ္ေတာ့ သူေက်ာင္းရတဲ့ ႏြားဟာ နတ္ႏြား တစ္ေကာင္ ျဖစ္ၿပီး လူစကား ေျပာနိုင္ပါသတဲ့။ ဖူးစာဖက္ မရွိပဲ အထီးက်န္ေနတဲ့ ႏြားေက်ာင္းသားေလးကို အႀကံေပးၿပီး ေရကန္နားမွာ သြားေစာင့္ေစပါတယ္။ အခ်ိန္တန္ေတာ့ ေကာင္းကင္မယ္ေတာ္ရဲ့ သမီးေတာ္ ခုႏွစ္ပါးဟာ ေကာင္းကင္ကေန ဆင္းသက္ၿပီး ေရခ်ိဳးၾကစဥ္မွာ ေကာင္းကင္ပ်ံနိုင္တဲ့ နတ္ဝတ္စုံေတြကို ဖြက္ထားပါတယ္။ နတ္သမီးခုႏွစ္ေဖာ္ ျပန္ဖို့ ခက္ေနခ်ိန္မွာ သေဘာတူညီမွု ရယူၿပီး အငယ္ဆုံးမေလးက လူျပည္မွာ ေနခဲ့ပါတယ္။ ေနာက္ပိုင္းမွာ သူတို့ ၂ ဦး အရမ္းခ်စ္သြားၾကၿပီး လက္ထပ္ေပါင္းသင္းလို့ သားသမီး၂ေယာက္ ရတဲ့ အခ်ိန္မွာ နတ္မယ္ေတာ္ႀကီးသိၿပီး  နတ္သမီးေလးကို ျပန္ေခၚသြားခဲ့တယ္။

ဒါေပမယ့္ ႏြားေက်ာင္းသားေလးရဲ့ နတ္ႏြားႀကီးဟာ ေကာင္းကင္ပ်ံနိုင္စြမ္း ရွိပါတယ္။ ဒါေၾကာင့္ နတ္ႏြားကို စီးၿပီး နတ္သမီးေလးရွိရာ နတ္ဗိမာန္ကို ကေလး ၂ ဦးကို တင္ေခၚၿပီး သြားေတြ႕ေနခဲ့ပါတယ္။ ဒါကို သူ႔အကို သိသြားေတာ့ နတ္ႏြားႀကီးကို သူ႔အကိုလုပ္သူက အတင္းသတ္ခဲ့ပါတယ္။ ဒါေပမယ့္ အဲ့ဒီနတ္ႏြားရဲ့  ႏြားေရခြံဟာ ေကာင္းကင္ပ်ံနိုင္တဲ့ အစြမ္းရွိတာမို့ ႏြားေက်ာင္းသားေလးဟာ ႏြားသေရ အေပၚကို သားနဲ႔သမီးတင္ၿပီး နတ္သမီးေလးရွိရာ နတ္ဘုံကို အရင္လို သြားေတြ႕ေနခဲ့ပါတယ္။ ဒါေပမယ့္ ေကာင္းကင္ဘုရင္ႀကီး သိသြားတဲ့အခါ ေကာင္းကင္ဘုံကို တက္လို့မရေအာင္ အလယ္မွာ ေငြေရာင္ျမစ္တစ္စင္း ျခားထားခဲ့ပါတယ္။

ဒါ့ေၾကာင့္ ခ်စ္သူ ၂ ဦးဟာ လြမ္းဆြတ္ေၾကကြဲၿပီး သတိတရ ရွိေနၾကပါေတာ့တယ္။ လူျပည္နဲ႔ နတ္ျပည္ အလြမ္းေတြနဲ႔  ဖြဲ႕သီထားတဲ့ သံေယာဇဥ္ႀကိဳးကို နတ္မယ္ေတာ္ႀကီးေတာင္ မတားရက္ေတာ့လို့ တစ္ႏွစ္မွာတစ္ႀကိမ္ ျပန္လည္ ေတြ႕ဆုံခြင့္ကို တ႐ုတ္လ ၇လပိုင္း ၇ရက္ေန႔ တစ္ႏွစ္မွာ တရက္သာ ေတြ႕ခြင့္ေပးလိုက္ပါတယ္။ သပိတ္လြယ္ငွက္ကေလးေတြက တံတား ထိုးေပးၾကၿပီး ခ်စ္သူႏွစ္ဦး ျပန္ဆုံခ်ိန္မွာ သက္တံ့တံတားႀကီး ျဖစ္ေနခဲ့ပါတယ္။


ေနာက္တမ်ိဳးကေတာ့ Zhinu (က်ီးႏြီ) လို့ အမည္ရတဲ့ နတ္သမီးေလး တစ္ပါး ရွိပါတယ္။ ေကာင္းကင္ဘုံက နတ္ဘုံနတ္နန္းမွာ ေနရတဲ့ ဘဝကို သူ အေတာ္ေလး ၿငီးေငြ႕ေနတဲ့အတြက္  သာမန္ဘဝေလးအတိုင္း ေနထိုင္တဲ့ လူ႔ျပည္ကို အလည္ဆင္းပါတယ္။

ဒီလိုဆင္းလာေတာ့ မေမၽွာ္လင့္ပဲ ရိုးသားတဲ့ ႏြားေက်ာင္းသားေလး တစ္ဦးနဲ႔ သြားေတြ႕ပါတယ္။ Niulang (နယိုလန္) လို့အမည္ရတဲ့ ရြယ္တူ လူငယ္ေလး ျဖစ္ၿပီး ခ်စ္ႀကိဳက္သြားၾကပါတယ္။ ဒါေၾကာင့္ Niulang နဲ႔ Zhinu ဟာ ဘဝတစ္ခု အတူထူေထာင္ဖို့ သေဘာတူညီခဲ့ၾကၿပီး တစ္ေယာက္ကို တစ္ေယာက္ မခြဲမခြာ ကတိေတြ ေပးၾကပါတယ္။ ေပ်ာ္ရႊင္သာယာတဲ့ မိသားစု ဘဝ ျဖစ္ခဲ့ၿပီး သားသမီး ႏွစ္ဦး ထြန္းကားလာပါတယ္။

တစ္ေန႔ေတာ့ ေကာင္းကင္ဘုံက ေကာင္ကင္နတ္မင္းႀကီး သိပါသြားခဲ့ပါတယ္။ ေကာင္းကင္ဘုရင္ဟာ သူ႔ရဲ့ ၇ ေယာက္ေျမာက္ သမီးေတာ္ ျဖစ္တဲ့ ZhiNu ကို အင္မတန္ ခ်စ္ျမတ္နိုးပါတယ္။ ဒါေၾကာင့္ လူ႔ျပည္မွာ လူသားနဲ႔ ဘဝတစ္ခု ထူေထာင္ဖို့ အတြက္ကို လုံးဝ သေဘာမတူပါဘူး။ ဒါေၾကာင့္ မရရတဲ့နည္းနဲ႔ နတ္သမီးေလး Zhinu ကိုျပန္ေခၚပါတယ္။

ဒီလိုနဲ႔ Zhinu ခမ်ာ သူ႔ခ်စ္သူနဲ႔ မိသားစုကို ခြဲခြာလို့ ေကာင္းကင္ဘုံေပၚ ျပန္လည္ ေရာက္ရွိသြားပါတယ္။ ႏြားေက်ာင္းသားေလး Niulang တစ္ေယာက္ လုံးဝ လက္မေလ်ာ့ပါဘူး။ ခ်စ္သူ Zhinu ကို ျပန္ရဖို့ နည္းအမ်ိဳးမ်ိဳး ႀကိဳးစားပါတယ္။ ဒါေပမယ့္ လူသားျဖစ္ေနေတာ့ မစြမ္းသာပါဘူး။ သို့ေသာ္ သူ႔ကိုကူညီမယ့္ သူ ေပၚလာတယ္။ အျခားသူ မဟုတ္ပါဘူး။ သူ႔ေမြးထားတဲ့ ႏြားတစ္ေကာင္ျဖစ္ပါတယ္။

သူ႔ကိုသတ္ၿပီး သူ႔အေရခြံကို Niulang မွ ျခဳံထားရင္ မိုးေပၚ ပ်ံနိုင္ေၾကာင္းေျပာပါတယ္။ သူရဲ့ ႏြားကို မသတ္ရက္ပါဘူး။ သို့ေပမယ့္ ေနာက္ဆုံးေတာ့ သူခ်စ္တဲ့ ႏြားကိုယ္တိုင္ အသက္ကို စေတးေနေတာ့ ဝမ္းနည္းစြာပဲ သတ္လိုက္ပါတယ္။

သူတကယ္ပဲ မိုးေပၚပ်ံနိုင္သြားပါတယ္။ မိုးေပၚပ်ံၿပီး သူ႔ခ်စ္သူ နတ္သမီးထံ ကေလး ၂ ဦးယူေဆာင္လို့ သြားသြားေတြ႕ပါတယ္။ ဒီလိုေတြ႕ေနတာ ကိုလည္း ေနာက္ဆုံးေတာ့ နတ္သမီးမယ္ေတာ္ႀကီးဟာ  သိရွိသြားပါတယ္။ ဒီလို ေတြ႕ဆုံတာကို တားျမစ္ဖို့အတြက္ ႀကံစည္ပါတယ္။

ဒါေၾကာင့္ Zhinu နဲ႔ Niulang ၾကားမွာ ေတြ႕ဆုံလို့မရေအာင္ မယ္ေတာ္ႀကီးဟာ သူမရဲ့ ဆံထိုးနဲ႔ ပစ္လိုက္တဲ့အခါ ေကာင္းကင္မွာ ေငြေရာင္ ျမစ္တစ္စင္းျဖစ္ေပၚလာၿပီး လူ႔ျပည္နဲ႔ နတ္ျပည္ကို စည္းျခားထားလိုက္ပါတယ္။ ယင္းျမစ္ကို ေက်ာ္လြန္လို့ Niulang တစ္ေယာက္ မပ်ံသန္းနိုင္ပါဘူး။ ဒါေၾကာင့္ ယက္ကန္းရက္ၿပီး ဝမ္းနည္းေနတဲ့ သူ႔ခ်စ္သူ နတ္သမီး Zhinu ဟာ လူ႔ျပည္က သူ႔မိသားစု ၾကည့္ရင္း အျမဲလိုလို ငိုေႂကြးေနပါေတာ့တယ္။ ခင္ပြန္း Niulang လည္း ကေလးႏွစ္ဦးနဲ႔အတူ သူ႔ခ်စ္သူကို လွမ္းၾကည့္လို့ ဝမ္းနည္းေနရပါေတာ့တယ္။

သို့ေပမယ့္ ကံေကာင္းပါတယ္။ သူ႔တို့ ႏွစ္ဦးရဲ့ ကြဲကြာေနတဲ့ ခ်စ္ျခင္းကို သနားစာနာတဲ့ ေကာင္းကင္ေပၚက ပ်ံလႊားငွက္ကေလးမ်ားဟာ တစ္ႏွစ္ကို တႀကိမ္ တိတ္တဆိတ္ ေတြ႕ဆုံေစနိုင္ဖို့အတြက္ တံတားအျဖစ္ လာေရာက္ဖန္တီးေပးပါတယ္။ တစ္ႏွစ္လုံးမွာမွ တစ္ေန႔ (တစ္ည)ပဲ ျဖစ္ပါတယ္။ တစ္ည ေတြ႕ဆုံၿပီးေနာက္ ယင္းငွက္တို့ ျပန္လည္ ပ်ံသန္းထြက္ခြာသြားပါတယ္။ ဒီလိုနဲ႔ ႏွစ္တိုင္း ေတြ႕ရမယ့္ တစ္ညကိုသာ ေမၽွာ္ေနၾကပါတယ္။ ယင္းခ်စ္သူတို့ ေတြ႕ဆုံတဲ့ ေန႔ေလးဟာ ခ်စ္သူမ်ားေန႔ေလးပဲ ျဖစ္ပါတယ္။


七夕节 (Qi Xi Jie) လို့ေခၚတဲ့ တ႐ုတ္ခ်စ္သူမ်ားေန႔ဟာ တ႐ုတ္ျပကဒိန္ရဲ့ ၇ လပိုင္း ၇ ရက္ေန႔တိုင္းမွာ က်ေရာက္ပါတယ္။ အဂၤလိပ္ျပကဒိန္နဲ႔ဆို August လအတြင္း ေန႔တစ္ေန႔မွာ က်ေရာက္ပါတယ္။ ယခု ၂၀၂၀ ခုနစ္ဆို ၾသဂုတ္လ ၂၅ ရက္ေန႔ဟာ တ႐ုတ္ခ်စ္သူမ်ားေန႔ ျဖစ္ပါတယ္။

#林圛朙(天下第一)

တ႐ုတ္ရိုးရာ ဒ႑ာရီပုံျပင္ ၄ ပုဒ္

လ်ံစန္းေပၚနဲ႔ က်ဳရင္းထိုင္

https://m.facebook.com/story.php?story_fbid=1824090841193332&id=1811445109124572

ေႁမြျဖဴရွင္ရဲ့ ခ်စ္ေမတၱာ

https://m.facebook.com/story.php?story_fbid=1846553322280417&id=1811445109124572

မုန႔္က်န္းႏြီရဲ့ မဟာတံတိုင္းေပၚမွ ငိုခ်င္း

https://www.facebook.com/tianxiadiyi888888/photos/a.1815138368755246/1898868290382253/?type=3

No comments: