"၂၁ ရာစု လူနေမှုပုံစံ"
ဒီနေ့ခေတ် ၂၁ ရာစုဟာ ဘယ်ခေတ်ကနဲ့မှ မတူအောင် စိတ်ဖိစီးစရာတွေ များပါတယ်။ ဘယ်သူ့ကို မေးလိုက် မေးလိုက် စိတ်ဖိစီးစရာ၊ စိတ်ညစ်စရာတွေ ရှိနေမယ်။ တကယ်တမ်းဆို အစစအရာရာ အဆင်ပြေလာတဲ့ ခေတ်ပါ။ သွားစရာ၊ လည်စရာ၊ စားစရာ၊ သောက်စရာ ပေါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ အဆင့်မြင့်လာတယ်။ အရာရာ လွယ်ကူလာတယ်။ မိသားစု၊ မိတ်ဆွေသူငယ်ချင်း ဘယ်လောက်ပဲ အနေဝေးပါစေ၊ လူမှုကွန်ရက်ကတစ်ဆင့် ဆက်သွယ်လို့ ရလာတယ်။ အိမ်ထဲမှာနေရင်းနဲ့ကို အလုပ်တွေလုပ်၊ ဝင်ငွေတွေ ရှာလို့ ရလာတယ်။ ဒါပေမဲ့လည်း ပျော်မနေကြဘူး။ ဘာလို့လဲ စဉ်းစားကြည့်ဖို့ ကောင်းတယ်။
အဓိကကတော့ အပြိုင်အဆိုင် များလာတယ်။ များလာတော့ အမြဲကြိုးစားရုန်းကန်နေရတယ်။ ရပ်နေလို့ မရတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးဖို့ ပျက်ကွက်လာတယ်။ လူတွေကလည်း အောင်မြင်ရင်ပြီးရော၊ ပိုက်ဆံရရင်ပြီးရော၊ နာမည်ကြီးရင်ပြီးရော ဘာပဲလုပ်ရ လုပ်ရ ဆိုတာမျိုးတွေ ဖြစ်လာတယ်။ ပြောရရင် ခေတ်ပျက်လာတယ်ပေါ့။ လိုချင်စရာတွေ များတော့ လိုအင်ဆန္ဒတွေလည်း များလာတယ်။ လူမှုကွန်ရက်ကလည်း အစပိုင်းတော့ အကျိုးပြုတယ် ထင်ရပေမဲ့ နောက်ပိုင်းကျ သူ့ရဲ့ ဆိုးကျိုးတွေလည်း ရှိလာတယ်။ ဥပမာ ဒီလိုမျိုး အဆက်အသွယ် ရှိနေတော့ လူတွေက တော်ရုံတန်ရုံ အပြင်မှာ မတွေ့ဖြစ်ကြတော့ဘူး။ တွေ့ရင်လည်း ဖုန်းပွတ်ရင်းနဲ့ပဲ တွေ့ကြတော့တယ်။ နောက်ပြီး ဒါကို သုံးရင်း ဘယ်သူကတော့ ဘာဖြစ်နေပြီ၊ ဘာဝယ်လိုက်ပြီ၊ ဘယ်လိုအောင်မြင်နေပြီ ဆိုတာတွေကို မြင်ရတော့ ကိုယ်နဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ဘဝကိုယ် အားမရတာတွေ ဖြစ်လာတယ်။
ဒီအတွက် ၂၁ ရာစုမှာ ကျန်းမာပျော်ရွှင်စွာ နေနိုင်ဖို့ဟာ သိပ်လည်း ခက်ခဲလာသလို အင်မတန်လည်း အရေးကြီးလာတယ်။ ဒါကြောင့် ခုပြောတာလေးတွေကို အကုန်မဟုတ်တောင် နည်းနည်းလောက်ဖြစ်ဖြစ် ကြိုးစားပြီး လုပ်ကြည့်စေချင်တယ်။
၁။ သူများနဲ့ မနှိုင်းပါနဲ့။
လူဆိုတာ ကိုယ့်ဘဝနဲ့ ကိုယ်ပါ။ ကံတရားချင်းလည်း မတူသလို ပံ့ပိုးမှုချင်းလည်း မတူပါဘူး။ စထွက်မှတ် မတူတဲ့အတွက် အချိန်ကာလတစ်ခုအတွင်းမှာ ရောက်ခဲ့တဲ့ ခရီးချင်းလည်း မတူနိုင်ပါဘူး။ ဒီတော့ ကိုယ့်ဘဝ ကိုယ်သိပါ။ ကိုယ်ဖြစ်ချင်တာ ဘာလဲ၊ ကိုယ့်ဘဝမှာ တန်ဖိုးထားရတဲ့ အရာတွေက ဘာလဲ သေချာစဉ်းစားပါ။ အဲဒီအတိုင်း ခိုင်ခိုင်မာမာ နေပါ။
၂။ ဆိုရှယ်မီဒီယာအစား လူချင်း ထိတွေ့ဆက်ဆံမှုကို ဦးစားပေးပါ။
TED talk တစ်ခုမှာ ကြည့်ဖူးပါတယ်။ လူတွေရဲ့ အသက်ရှည်ခြင်းအပေါ် လွှမ်းမိုးတဲ့ အချက်တွေကို သုတေသန လုပ်ထားတာမှာ ထိပ်ဆုံးက ပါတဲ့ ၂ ချက်က ဘာလဲဆိုတော့ Social integration (လူမှုပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်ခြင်း) နဲ့ Close relationship (ရင်းနှီးတဲ့ ဆက်ဆံရေး) ဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်က ဆက်ဆံရေးဆိုတာ အင်မတန် အပေါ်ယံဆန်ပါတယ်။ သူများတွေ မွေးနေ့ဆုတောင်းနေကြတာ တွေ့မှ Happy birthday လို့ အဖြစ်သဘော ဝင်ရေးလိုက်တာမျိုးပါ။ သူ့မွေးနေ့မှာ အမှတ်တရလေး ဖြစ်သွားအောင် ငါတော့ ဘာလုပ်ပေးလိုက်မယ် ဆိုတာမျိုး သေချာပြင်ဆင်ပြီး လုပ်ပေးတာ မဟုတ်ပါဘူး။ ဒီပေါ်မှာ သူငယ်ချင်း ၅ ထောင် ရှိနေပေမဲ့လည်း ကိုယ်နေထိုင်မကောင်း ဖြစ်တဲ့အခါ၊ ကိုယ်ဒုက္ခရောက်တဲ့အခါ ဘယ်သူကမှ လာမကူညီပါဘူး။ ဒီတော့ သုံးတာလည်း သုံးပါ။ ပြင်ပက တကယ်အနှစ်သာရပြည့်ဝတဲ့ ဆက်ဆံရေးတွေကိုလည်း တည်ဆောက်စေချင်ပါတယ်။ မိသားစုကို အချိန်ပေးပါ။ ခရီးတူတူထွက်၊ ညစာတူတူစားတာမျိုး မကြာခဏ လုပ်ပေးပါ။ ဖုန်းတွေ အကုန်ဘေးချပြီး ရင်းရင်းနှီးနှီး စကားပြောကြပါ။ အဲဒါက ကိုယ့်ပျော်ရွှင်မှုကို တက်စေပါလိမ့်မယ်။
၃။ လိုအင်ဆန္ဒတွေကို ထိန်းချုပ်ပါ။
ဒါ စားလိုက်ရရင် ပျော်သွားတယ်။ ဒါပေမဲ့ ခဏပဲ။ နောက်တစ်ခု စားချင်လာပြန်ရော။ ဒါလေး ဝယ်လိုက်ရရင်၊ ဝတ်လိုက်ရရင် ပျော်သွားတယ်။ ခဏလည်းနေရော၊ နောက်တစ်ခု လိုချင်၊ ဝတ်ချင်လာပြန်တယ်။ ဆိုတော့ ပျော်ရွှင်မှုဆိုတာ အလိုဆန္ဒ ပြည့်မှုအပေါ်မှာ ရှိတာ မဟုတ်ဘူး။ အလိုဆန္ဒ နည်းခြင်းအပေါ်မှာ ရှိတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်က ဆွဲဆောင်နေတာတွေ သိပ်များလို့ လိုအင်ဆန္ဒတွေ ထိန်းချုပ်ရတာ ခက်မှန်း သိပါတယ်။ ဒါပေမဲ့ အဲဒါက ပျော်ရွှင်ဖို့အတွက်တော့ သိပ်အရေးကြီးတဲ့ ဘဝနေထိုင်နည်း တစ်ခုပါ။
၄။ အကောင်းမြင်စိတ်နဲ့ ဖြတ်သန်းပါ။
ဘဝဆိုတာ မျှော်လင့်မထားတဲ့ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေပါတယ်။ ခုဆို ကြည့်။ ဘယ်သူက COVID-19 ကို ဖြစ်လာမယ် ထင်ခဲ့လို့လဲ။ နေ့စဉ်ဘဝမှာလည်း မထင်မှတ်တာတွေ အမြဲဖြစ်နေကျပဲ။ ဒါတွေကို အပြစ်တင် ညည်းညူနေရုံနဲ့တော့ မပြီးဘဲ အကောင်းမြင်စိတ်ကလေး ထားပြီး ကျော်ဖြတ်နိုင်အောင် ကြိုးစားရပါလိမ့်မယ်။ မလုပ်ခဲ့ရင် ကောင်းသား၊ မဖြစ်ခဲ့ရင် ကောင်းသား၊ ငါ ဒီလိုလုပ်ခဲ့ရမှာ စတဲ့ အတိတ်ကို တမ်းတပြီး ဘာအဓိပ္ပါယ်မှ မရှိတဲ့ ညည်းတွားမှုတွေကို သတိကလေး ထားပြီး ထိန်းလိုက်ပါ။ ပြီးရင် အကောင်းဆုံး ဘယ်လိုရှေ့ဆက်မလဲ ဆိုပြီး စဉ်းစားတတ်တဲ့ အလေ့အကျင့်ကို မွေးပါ။ စိတ်ညစ်စရာတွေ အတော်လျော့ပါးသွားပါလိမ့်မယ်။
၅။ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပါ။
တစ်ချိန်လုံး အလုပ်တွေလုပ်၊ ကျန်းမာရေး ထိမလို ဖြစ်မှ အသည်းအသန် ကုသနေရမဲ့အစား စောစောကတည်းက ကိုယ့်ကိုယ်ကိုယ် အချိန်ပေးတာ ပိုကောင်းပါတယ်။ အဲ့လို ဆေးရုံတက်ရတဲ့အခါ အရင်က ငါမရှိရင် မဖြစ်ဘူးဆိုတဲ့ ကိစ္စတွေက ဖြစ်သွားတာပဲမို့လား။ ဒါကြောင့် ငါမရှိရင် မဖြစ်ဘူးဆိုတာ မဟုတ်ပါဘူး။ ဖြစ်ပါတယ်။ ကိုယ့်စိတ်က မပြတ်သားတာပါ။ ဒီတော့ ကိုယ့်အတွက် အချိန်တစ်ခု မဖြစ်မနေ ပေးပါ။ အားကစားလုပ်ချိန်၊ ကျန်းမာရေးစစ်ဆေးချိန်၊ တရားထိုင်ချိန်၊ ကိုယ်ဝါသနာ ပါတာလေးတွေ လုပ်ဖို့အချိန် စသဖြင့် ပေးပါ။ ကားတစ်စီးလိုပေါ့။ တစ်ချိန်လုံး မောင်းပဲနေလို့ မရပါဘူး။ ဆီဖြည့်ရတယ်။ အနားပေးရတယ်။ ဆီ၊ ရေ၊ လေ၊ ဝိုင် စစ်ရပါတယ်။ ဒါမှ ကြာရှည်ခံတာပါ။ ကိုယ့်ကိုယ်ကိုယ်လည်း အဲ့လိုကားတစ်စင်းလို သဘောထားပြီး အချိန်ပေးပါ။
ဒေါက်တာ ဖြိုးသီဟ
(၂၇.၇.၂၀၂၀ ထုတ် Good Health ဂျာနယ်ပါ ဆောင်းပါး)
(Zawgyi)
"၂၁ ရာစု လူေနမွုပုံစံ"
ဒီေန႔ေခတ္ ၂၁ ရာစုဟာ ဘယ္ေခတ္ကနဲ႔မွ မတူေအာင္ စိတ္ဖိစီးစရာေတြ မ်ားပါတယ္။ ဘယ္သူ႔ကို ေမးလိုက္ ေမးလိုက္ စိတ္ဖိစီးစရာ၊ စိတ္ညစ္စရာေတြ ရွိေနမယ္။ တကယ္တမ္းဆို အစစအရာရာ အဆင္ေျပလာတဲ့ ေခတ္ပါ။ သြားစရာ၊ လည္စရာ၊ စားစရာ၊ ေသာက္စရာ ေပါတယ္။ က်န္းမာေရး ေစာင့္ေရွာက္မွုေတြ အဆင့္ျမင့္လာတယ္။ အရာရာ လြယ္ကူလာတယ္။ မိသားစု၊ မိတ္ေဆြသူငယ္ခ်င္း ဘယ္ေလာက္ပဲ အေနေဝးပါေစ၊ လူမွုကြန္ရက္ကတစ္ဆင့္ ဆက္သြယ္လို့ ရလာတယ္။ အိမ္ထဲမွာေနရင္းနဲ႔ကို အလုပ္ေတြလုပ္၊ ဝင္ေငြေတြ ရွာလို့ ရလာတယ္။ ဒါေပမဲ့လည္း ေပ်ာ္မေနၾကဘူး။ ဘာလို့လဲ စဥ္းစားၾကည့္ဖို့ ေကာင္းတယ္။
အဓိကကေတာ့ အၿပိဳင္အဆိုင္ မ်ားလာတယ္။ မ်ားလာေတာ့ အျမဲႀကိဳးစား႐ုန္းကန္ေနရတယ္။ ရပ္ေနလို့ မရေတာ့ဘူး။ ကိုယ့္ကိုယ္ကိုယ္ အခ်ိန္ေပးဖို့ ပ်က္ကြက္လာတယ္။ လူေတြကလည္း ေအာင္ျမင္ရင္ၿပီးေရာ၊ ပိုက္ဆံရရင္ၿပီးေရာ၊ နာမည္ႀကီးရင္ၿပီးေရာ ဘာပဲလုပ္ရ လုပ္ရ ဆိုတာမ်ိဳးေတြ ျဖစ္လာတယ္။ ေျပာရရင္ ေခတ္ပ်က္လာတယ္ေပါ့။ လိုခ်င္စရာေတြ မ်ားေတာ့ လိုအင္ဆႏၵေတြလည္း မ်ားလာတယ္။ လူမွုကြန္ရက္ကလည္း အစပိုင္းေတာ့ အက်ိဳးျပဳတယ္ ထင္ရေပမဲ့ ေနာက္ပိုင္းက် သူ႔ရဲ့ ဆိုးက်ိဳးေတြလည္း ရွိလာတယ္။ ဥပမာ ဒီလိုမ်ိဳး အဆက္အသြယ္ ရွိေနေတာ့ လူေတြက ေတာ္႐ုံတန္႐ုံ အျပင္မွာ မေတြ႕ျဖစ္ၾကေတာ့ဘူး။ ေတြ႕ရင္လည္း ဖုန္းပြတ္ရင္းနဲ႔ပဲ ေတြ႕ၾကေတာ့တယ္။ ေနာက္ၿပီး ဒါကို သုံးရင္း ဘယ္သူကေတာ့ ဘာျဖစ္ေနၿပီ၊ ဘာဝယ္လိုက္ၿပီ၊ ဘယ္လိုေအာင္ျမင္ေနၿပီ ဆိုတာေတြကို ျမင္ရေတာ့ ကိုယ္နဲ႔ ႏွိုင္းယွဥ္ၿပီး ကိုယ့္ဘဝကိုယ္ အားမရတာေတြ ျဖစ္လာတယ္။
ဒီအတြက္ ၂၁ ရာစုမွာ က်န္းမာေပ်ာ္ရႊင္စြာ ေနနိုင္ဖို့ဟာ သိပ္လည္း ခက္ခဲလာသလို အင္မတန္လည္း အေရးႀကီးလာတယ္။ ဒါေၾကာင့္ ခုေျပာတာေလးေတြကို အကုန္မဟုတ္ေတာင္ နည္းနည္းေလာက္ျဖစ္ျဖစ္ ႀကိဳးစားၿပီး လုပ္ၾကည့္ေစခ်င္တယ္။
၁။ သူမ်ားနဲ႔ မႏွိုင္းပါနဲ႔။
လူဆိုတာ ကိုယ့္ဘဝနဲ႔ ကိုယ္ပါ။ ကံတရားခ်င္းလည္း မတူသလို ပံ့ပိုးမွုခ်င္းလည္း မတူပါဘူး။ စထြက္မွတ္ မတူတဲ့အတြက္ အခ်ိန္ကာလတစ္ခုအတြင္းမွာ ေရာက္ခဲ့တဲ့ ခရီးခ်င္းလည္း မတူနိုင္ပါဘူး။ ဒီေတာ့ ကိုယ့္ဘ၀ ကိုယ္သိပါ။ ကိုယ္ျဖစ္ခ်င္တာ ဘာလဲ၊ ကိုယ့္ဘဝမွာ တန္ဖိုးထားရတဲ့ အရာေတြက ဘာလဲ ေသခ်ာစဥ္းစားပါ။ အဲဒီအတိုင္း ခိုင္ခိုင္မာမာ ေနပါ။
၂။ ဆိုရွယ္မီဒီယာအစား လူခ်င္း ထိေတြ႕ဆက္ဆံမွုကို ဦးစားေပးပါ။
TED talk တစ္ခုမွာ ၾကည့္ဖူးပါတယ္။ လူေတြရဲ့ အသက္ရွည္ျခင္းအေပၚ လႊမ္းမိုးတဲ့ အခ်က္ေတြကို သုေတသန လုပ္ထားတာမွာ ထိပ္ဆုံးက ပါတဲ့ ၂ ခ်က္က ဘာလဲဆိုေတာ့ Social integration (လူမွုပတ္ဝန္းက်င္နဲ႔ သဟဇာတ ျဖစ္ျခင္း) နဲ႔ Close relationship (ရင္းႏွီးတဲ့ ဆက္ဆံေရး) ျဖစ္ပါတယ္။
လူမွုကြန္ရက္ေပၚက ဆက္ဆံေရးဆိုတာ အင္မတန္ အေပၚယံဆန္ပါတယ္။ သူမ်ားေတြ ေမြးေန႔ဆုေတာင္းေနၾကတာ ေတြ႕မွ Happy birthday လို့ အျဖစ္သေဘာ ဝင္ေရးလိုက္တာမ်ိဳးပါ။ သူ႔ေမြးေန႔မွာ အမွတ္တရေလး ျဖစ္သြားေအာင္ ငါေတာ့ ဘာလုပ္ေပးလိုက္မယ္ ဆိုတာမ်ိဳး ေသခ်ာျပင္ဆင္ၿပီး လုပ္ေပးတာ မဟုတ္ပါဘူး။ ဒီေပၚမွာ သူငယ္ခ်င္း ၅ ေထာင္ ရွိေနေပမဲ့လည္း ကိုယ္ေနထိုင္မေကာင္း ျဖစ္တဲ့အခါ၊ ကိုယ္ဒုကၡေရာက္တဲ့အခါ ဘယ္သူကမွ လာမကူညီပါဘူး။ ဒီေတာ့ သုံးတာလည္း သုံးပါ။ ျပင္ပက တကယ္အႏွစ္သာရျပည့္ဝတဲ့ ဆက္ဆံေရးေတြကိုလည္း တည္ေဆာက္ေစခ်င္ပါတယ္။ မိသားစုကို အခ်ိန္ေပးပါ။ ခရီးတူတူထြက္၊ ညစာတူတူစားတာမ်ိဳး မၾကာခဏ လုပ္ေပးပါ။ ဖုန္းေတြ အကုန္ေဘးခ်ၿပီး ရင္းရင္းႏွီးႏွီး စကားေျပာၾကပါ။ အဲဒါက ကိုယ့္ေပ်ာ္ရႊင္မွုကို တက္ေစပါလိမ့္မယ္။
၃။ လိုအင္ဆႏၵေတြကို ထိန္းခ်ဳပ္ပါ။
ဒါ စားလိုက္ရရင္ ေပ်ာ္သြားတယ္။ ဒါေပမဲ့ ခဏပဲ။ ေနာက္တစ္ခု စားခ်င္လာျပန္ေရာ။ ဒါေလး ဝယ္လိုက္ရရင္၊ ဝတ္လိုက္ရရင္ ေပ်ာ္သြားတယ္။ ခဏလည္းေနေရာ၊ ေနာက္တစ္ခု လိုခ်င္၊ ဝတ္ခ်င္လာျပန္တယ္။ ဆိုေတာ့ ေပ်ာ္ရႊင္မွုဆိုတာ အလိုဆႏၵ ျပည့္မွုအေပၚမွာ ရွိတာ မဟုတ္ဘူး။ အလိုဆႏၵ နည္းျခင္းအေပၚမွာ ရွိတာ ျဖစ္ပါတယ္။ ဒီေန႔ေခတ္က ဆြဲေဆာင္ေနတာေတြ သိပ္မ်ားလို့ လိုအင္ဆႏၵေတြ ထိန္းခ်ဳပ္ရတာ ခက္မွန္း သိပါတယ္။ ဒါေပမဲ့ အဲဒါက ေပ်ာ္ရႊင္ဖို့အတြက္ေတာ့ သိပ္အေရးႀကီးတဲ့ ဘဝေနထိုင္နည္း တစ္ခုပါ။
၄။ အေကာင္းျမင္စိတ္နဲ႔ ျဖတ္သန္းပါ။
ဘဝဆိုတာ ေမၽွာ္လင့္မထားတဲ့ အျဖစ္အပ်က္ေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။ ခုဆို ၾကည့္။ ဘယ္သူက COVID-19 ကို ျဖစ္လာမယ္ ထင္ခဲ့လို့လဲ။ ေန႔စဥ္ဘဝမွာလည္း မထင္မွတ္တာေတြ အျမဲျဖစ္ေနက်ပဲ။ ဒါေတြကို အျပစ္တင္ ညည္းညဴေန႐ုံနဲ႔ေတာ့ မၿပီးဘဲ အေကာင္းျမင္စိတ္ကေလး ထားၿပီး ေက်ာ္ျဖတ္နိုင္ေအာင္ ႀကိဳးစားရပါလိမ့္မယ္။ မလုပ္ခဲ့ရင္ ေကာင္းသား၊ မျဖစ္ခဲ့ရင္ ေကာင္းသား၊ ငါ ဒီလိုလုပ္ခဲ့ရမွာ စတဲ့ အတိတ္ကို တမ္းတၿပီး ဘာအဓိပၸါယ္မွ မရွိတဲ့ ညည္းတြားမွုေတြကို သတိကေလး ထားၿပီး ထိန္းလိုက္ပါ။ ၿပီးရင္ အေကာင္းဆုံး ဘယ္လိုေရွ႕ဆက္မလဲ ဆိုၿပီး စဥ္းစားတတ္တဲ့ အေလ့အက်င့္ကို ေမြးပါ။ စိတ္ညစ္စရာေတြ အေတာ္ေလ်ာ့ပါးသြားပါလိမ့္မယ္။
၅။ ကိုယ့္ကိုယ္ကိုယ္ အခ်ိန္ေပးပါ။
တစ္ခ်ိန္လုံး အလုပ္ေတြလုပ္၊ က်န္းမာေရး ထိမလို ျဖစ္မွ အသည္းအသန္ ကုသေနရမဲ့အစား ေစာေစာကတည္းက ကိုယ့္ကိုယ္ကိုယ္ အခ်ိန္ေပးတာ ပိုေကာင္းပါတယ္။ အဲ့လို ေဆး႐ုံတက္ရတဲ့အခါ အရင္က ငါမရွိရင္ မျဖစ္ဘူးဆိုတဲ့ ကိစၥေတြက ျဖစ္သြားတာပဲမို့လား။ ဒါေၾကာင့္ ငါမရွိရင္ မျဖစ္ဘူးဆိုတာ မဟုတ္ပါဘူး။ ျဖစ္ပါတယ္။ ကိုယ့္စိတ္က မျပတ္သားတာပါ။ ဒီေတာ့ ကိုယ့္အတြက္ အခ်ိန္တစ္ခု မျဖစ္မေန ေပးပါ။ အားကစားလုပ္ခ်ိန္၊ က်န္းမာေရးစစ္ေဆးခ်ိန္၊ တရားထိုင္ခ်ိန္၊ ကိုယ္ဝါသနာ ပါတာေလးေတြ လုပ္ဖို့အခ်ိန္ စသျဖင့္ ေပးပါ။ ကားတစ္စီးလိုေပါ့။ တစ္ခ်ိန္လုံး ေမာင္းပဲေနလို့ မရပါဘူး။ ဆီျဖည့္ရတယ္။ အနားေပးရတယ္။ ဆီ၊ ေရ၊ ေလ၊ ဝိုင္ စစ္ရပါတယ္။ ဒါမွ ၾကာရွည္ခံတာပါ။ ကိုယ့္ကိုယ္ကိုယ္လည္း အဲ့လိုကားတစ္စင္းလို သေဘာထားၿပီး အခ်ိန္ေပးပါ။
ေဒါက္တာ ၿဖိဳးသီဟ
(၂၇.၇.၂၀၂၀ ထုတ္ Good Health ဂ်ာနယ္ပါ ေဆာင္းပါး)

No comments:
Post a Comment