Saturday, August 22, 2020

ကြက်သွန်ဖြူပျားရည်အင်ဇိုင်းပြုလုပ်နည်း

#ကြက်သွန်ဖြူပျားရည်အင်ဇိုင်းပြုလုပ်နည်း
***************************

#ကြက်သွန်ဖြူပျားရည်ကျန်းမာရေးအကျိုးကျေးဇူးများ


၁. ကူးစက်ရောဂါပိုးမွှားများကိုဟန့်တားနိုင်ခြင်း

လေ့လာမူများအရ ကြက်သွန်ဖြူပျားရည်ပေါင်း
စပ်ထားခြင်းအားဖြင့် ဖျားနာခြင်းကိုဖြစ်စေတတ်
သော ဘက်တီးရီးယားပိုးများ၊ အစာအဆိပ်သင့်မူ
ကိုဖြစ်စေတတ်သောပိုမွှားများနှင့် အဆုပ်ရောင်
ရောဂါဖြစ်စေ တတ်သောပိုးမွှားများ စသည့်ကူး
စက်စေတတ်သောရောဂါပိုးမွှားများ ကြီးထွားလာ
မူကို နှေးကွေးစေခြင်း၊ ရပ်တန့်စေခြင်းများဖြစ်
ပေါ်စေနိုင်ပါသည်။ ထိုပိုးမွှားများတွင်
Streptococcus pneumonia ပိုးများ၊
Staphylococcus aureus နှင့် Salmonella
ပိုးများလည်းပါဝင်ပါသည်။

၂. ဗိုင်းရပ်စ်ဆန့်ကျင့်ဆေး ( Antiviral)

တစ်ချို့သောပျားရည်များသည် အစွမ်းထက်
ဗိုင်းရပ်စ်နှိမ်နင်းခြင်းဂုဏ်သတ္တိများရှိပြီး
ဗိုင်းရပ်စ်များကြောင့်ဖြစ်သော အအေးမိခြင်း၊
တုပ်ကွေးဖြစ်ခြင်းနှင့် အခြားသော ဖျားနာခြင်း
များကို သက်သာစေနိုင်ပါသည်။

၃. နှလုံးကျန်းမာရေးကို ထောက်ပံပေးနိုင်ခြင်း

၄. ခုခံအားစနစ်ကိုမြင့်တင်ပေးနိုင်ခြင်း

၅. အစာချေကျန်းမာရေးကိုထောက်ပံကူညီမူပေးနိုင်
ခြင်းနှင့် အစာအိမ်အူလမ်းကြောင်းရောဂါများကိုသက်
သာစေနိုင်ခြင်း။

၆. မကောင်းသောကိုလက်စထရောပမာဏများကို
လျော့ချပေးနိုင်ခြင်း

၇. ခန္ဓာကိုယ်ရှိအဆိပ်အတောက်များစွန့်ထုတ်မူကို
ကူညီမူပေးနိုင်ခြင်း

၈. အခြားသောကျန်းမာရေးအကျိုးကျေးဇူးများ

#ကြက်သွန်ဖြူပျားရည်အင်ဇိုင်းပြုလုပ်နည်း

၁. ကြက်သွန်ဖြူများကို အခွံခွာပါ။ အခွံခွာပြီးပါက
 ထိပ် ၂ ဖက်ကို အနည်းငယ်စီဖြတ်ပါ။ ကြက်သွန်ဖြူ
 များအတွင်းသို့ ပျားရည်များစိမ့်ဝင်စေရန် သွားကြား
 ထိုးတံလေးဖြင့် ၃၊ ၄ နေရာလောက်ဖောက်ပါ ( မ
 ဖောက်လည်းရပါသည်။) ( သို့မဟုတ်) ကြက်သွန်ဖြူ
 များကို ဓားပြားလေးဖြင့် အနည်းငယ်ရိုက်ပေးပါ။

၂. ကြက်သွန်ဖြူများကို ပုလင်းတစ်ဝက်ခန့်ထိရောက်
 အောင်ထည့်ပါ။ ထည့်ပြီးပါက ပျားရည်ကို ကြက်သွန်
 ဖြူများအားလုံး အုပ်မိသည်ထိလောင်းထည့်ပါ။ ကြက်
 သွန်ဖြူနှင့် ပျားရည်သည် ပုလင်း၏ ၃ ပုံ ၂ ပုံခန့်သာ
ဖြစ်ရပါမည်။ ၃ ပုံ ၁ ပုံကို လေဟာနယ်အဖြစ်ချန်ထား
ပေးရပါမည်။ သို့မှသာ ကြက်သွန်ဖြူမှရေငွေ့များနှင့်
ပျားရည်တို့ ပေါင်းစပ်ပြီး အချဉ်ဖောက်နေစဉ်ကာလ
မြင့်တက်လာသော အရည်များ အပြင်သို့လျှံကြခြင်း
ဖြစ်မည် မဟုတ်ပါ။


၃. ပုလင်းအဖုံးကို တင်းကြပ်စွာပိတ်ပြီး အေး၍မှောင်
သောနေရာ၌ ၂ ပတ်မှ ၁နှစ်အထိထား၍ အချဉ်ဖောက်
နိုင်ပါသည်။ စားသုံးရန် အသင့်တော်ဆုံးကာလမှာ ၁လ
၄၅ ရက်၊ ၃ လအမျိုးမျိုးပြောဆိုသော်လည်း မိမိကြိုက်
နှစ်သက်အချိန်တွင် သုံးဆောင်နိုင်ပါသည်။

၄. စတင်ပြုလုပ်ပြီး နောက်နေ့များမှစ၍ ၂ပတ်၊ ၁လ
ခန့်ထိ ပျားရည်များနှင့် ကြက်သွန်ဖြူများအုပ်မိစေရန်
ပုလင်းကို ပုံမှန်လှုပ်ပေးခြင်း၊အထက်-အောက်ပြောင်း
ပြန်လှန်၍ လှုပ်ပေးခြင်းများပြုလုပ်ပေးရပါမည်။
ပုလင်းမလှုပ်ခင် အဖုံးကိုတင်းကြပ်စွာပိတ်ထားဖို့မမေ့
ပါနှင့်။

၅. စတင်ပြုလုပ်ပြီး နောက်နေ့ ရက်အနည်းငယ်တွင်
လေပူဖောင်း ( အမြုပ်လေးများ) ကိုတွေ့မြင်ရခြင်း
မှာ အချဉ်ဖောက်ခြင်းလုပ်ငန်းစဉ် စတင်နေသည့်အ
မှတ်အသားဖြစ်ပါသည်။

၆. အချဉ်ဖောက်ခြင်းလုပ်ငန်းစဉ်မပြီးဆုံးသေးစဉ်
ကာလ၌ ကြက်သွန်ဖြူများသည် ပေါ်လောပေါ်နေ
တတ်ပါသည်။ အချဉ်ဖောက်ချိန်ကြာလာသည်နှင့်
အမျှ ကြက်သွန်ဖြူများ အညိုရောင်ဘက်သို့ပြောင်း
လဲလာပြီး၊ ပျားရည်မှာလည်း အရည်ကျဲလာပါမည်။

၇. ပျားရည်အောက်နစ်မြုပ်သွားချိန်သည် စားသုံး
ရန်အကောင်းဆုံးကာလဖြစ်ပြီး ထိုအချိန်၌ ပုလင်း
ကိုယူ၍ ရေခဲသေတ္တာထဲ၌ တစ်နှစ်ခန့်ထိ ထိန်းသိမ်း
ထားသို စားသုံးနိုင်ပါသည်။

#ကြက်သွန်ဖြူပျားရည်အချဉ်ဖောက်ရင်ဘာကြောင့်
#အစိမ်းရောင်အပြာရောင်ပြောင်းသွားတတ်တာလဲ


ကြက်သွန်ဖြူနှင့် ပျားရည်အချဉ်ဖောက်တဲ့အခါမှာ
တစ်ခါတစ်ရံ အစိမ်းရောင် ( သို့မဟုတ်) အပြာရောင်
ပြောင်းလဲသွားတတ်ပါသည်။ ထို့သို့ဖြစ်ခြင်းသည်
မကောင်းသော၊ အဆိပ်အတောက်ဖြစ်စေသော
အရာမဟုတ်ပါ။ ကြက်သွန်ဖြူတွင်ပါသော ဆာဖာ
( Sulfur) နှင့် အမီနိုအက်ဆစ် ( Amino Acid)
တို့ အင်ဇိုင်းနှင့်ဓာတ်ပြုခြင်းကြောင့် အရောင်ပြောင်း
လဲသွားခြင်းဖြစ်ပါသည်။ အနံအရသာမပြောင်းလဲ
သလို အာနိသင်လည်းမပြောင်းလဲပါ။ စိတ်ချစွာစား
သုံးနိုင်ပါသည်။

ပုံမှန်ပျားရည်နဲ့စိမ်ရင် အကုန်လုံးမစိးမ်ပါဘူး
ရှာလကာရည် ( vinegar ) စိမ်တာတွေကြတော့
အောက်ကပုံတွေလို အကုန်စိမ်းသွားတတ်ပါတယ်။

#စားသုံးခြင်း

ကြက်သွန်ဖြူပျားရည်အင်ဇိုင်း ထမင်းစားဇွန်း ၁
ဇွန်းနှင့် ကြက်သွန်ဖြူ  ၂ တက် ၃ တက်ကို တစ်
နေ့ ၃ ကြိမ်ပုံမှန်စားသုံးပေးနိုင်ပါသည်။

မျှဝေသူ - ကိုအောင်ဇော်ထွန်း

(Zawgyi)

#ၾကက္သြန္ျဖဴပ်ားရည္အင္ဇိုင္းျပဳလုပ္နည္း
***************************


#ၾကက္သြန္ျဖဴပ်ားရည္က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

၁. ကူးစက္ေရာဂါပိုးမႊားမ်ားကိုဟန္႔တားနိုင္ျခင္း

ေလ့လာမူမ်ားအရ ၾကက္သြန္ျဖဴပ်ားရည္ေပါင္း
စပ္ထားျခင္းအားျဖင့္ ဖ်ားနာျခင္းကိုျဖစ္ေစတတ္
ေသာ ဘက္တီးရီးယားပိုးမ်ား၊ အစာအဆိပ္သင့္မူ
ကိုျဖစ္ေစတတ္ေသာပိုမႊားမ်ားႏွင့္ အဆုပ္ေရာင္
ေရာဂါျဖစ္ေစ တတ္ေသာပိုးမႊားမ်ား စသည့္ကူး
စက္ေစတတ္ေသာေရာဂါပိုးမႊားမ်ား ႀကီးထြားလာ
မူကို ေႏွးေကြးေစျခင္း၊ ရပ္တန္႔ေစျခင္းမ်ားျဖစ္
ေပၚေစနိုင္ပါသည္။ ထိုပိုးမႊားမ်ားတြင္
Streptococcus pneumonia ပိုးမ်ား၊
Staphylococcus aureus ႏွင့္ Salmonella
ပိုးမ်ားလည္းပါဝင္ပါသည္။

၂. ဗိုင္းရပ္စ္ဆန္႔က်င့္ေဆး ( Antiviral)

တစ္ခ်ိဳ့ေသာပ်ားရည္မ်ားသည္ အစြမ္းထက္
ဗိုင္းရပ္စ္ႏွိမ္နင္းျခင္းဂုဏ္သတၱိမ်ားရွိၿပီး
ဗိုင္းရပ္စ္မ်ားေၾကာင့္ျဖစ္ေသာ အေအးမိျခင္း၊
တုပ္ေကြးျဖစ္ျခင္းႏွင့္ အျခားေသာ ဖ်ားနာျခင္း
မ်ားကို သက္သာေစနိုင္ပါသည္။

၃. ႏွလုံးက်န္းမာေရးကို ေထာက္ပံေပးနိုင္ျခင္း

၄. ခုခံအားစနစ္ကိုျမင့္တင္ေပးနိုင္ျခင္း

၅. အစာေခ်က်န္းမာေရးကိုေထာက္ပံကူညီမူေပးနိုင္
ျခင္းႏွင့္ အစာအိမ္အူလမ္းေၾကာင္းေရာဂါမ်ားကိုသက္
သာေစနိုင္ျခင္း။

၆. မေကာင္းေသာကိုလက္စထေရာပမာဏမ်ားကို
ေလ်ာ့ခ်ေပးနိုင္ျခင္း

၇. ခႏၶာကိုယ္ရွိအဆိပ္အေတာက္မ်ားစြန္႔ထုတ္မူကို
ကူညီမူေပးနိုင္ျခင္း

၈. အျခားေသာက်န္းမာေရးအက်ိဳးေက်းဇူးမ်ား

#ၾကက္သြန္ျဖဴပ်ားရည္အင္ဇိုင္းျပဳလုပ္နည္း

၁. ၾကက္သြန္ျဖဴမ်ားကို အခြံခြာပါ။ အခြံခြာၿပီးပါက
 ထိပ္ ၂ ဖက္ကို အနည္းငယ္စီျဖတ္ပါ။ ၾကက္သြန္ျဖဴ
 မ်ားအတြင္းသို့ ပ်ားရည္မ်ားစိမ့္ဝင္ေစရန္ သြားၾကား
 ထိုးတံေလးျဖင့္ ၃၊ ၄ ေနရာေလာက္ေဖာက္ပါ ( မ
 ေဖာက္လည္းရပါသည္။) ( သို့မဟုတ္) ၾကက္သြန္ျဖဴ
 မ်ားကို ဓားျပားေလးျဖင့္ အနည္းငယ္ရိုက္ေပးပါ။

၂. ၾကက္သြန္ျဖဴမ်ားကို ပုလင္းတစ္ဝက္ခန္႔ထိေရာက္
 ေအာင္ထည့္ပါ။ ထည့္ၿပီးပါက ပ်ားရည္ကို ၾကက္သြန္
 ျဖဴမ်ားအားလုံး အုပ္မိသည္ထိေလာင္းထည့္ပါ။ ၾကက္
 သြန္ျဖဴႏွင့္ ပ်ားရည္သည္ ပုလင္း၏ ၃ ပုံ ၂ ပုံခန္႔သာ
ျဖစ္ရပါမည္။ ၃ ပုံ ၁ ပုံကို ေလဟာနယ္အျဖစ္ခ်န္ထား
ေပးရပါမည္။ သို့မွသာ ၾကက္သြန္ျဖဴမွေရေငြ႕မ်ားႏွင့္
ပ်ားရည္တို့ ေပါင္းစပ္ၿပီး အခ်ဥ္ေဖာက္ေနစဥ္ကာလ
ျမင့္တက္လာေသာ အရည္မ်ား အျပင္သို့လၽွံၾကျခင္း
ျဖစ္မည္ မဟုတ္ပါ။

၃. ပုလင္းအဖုံးကို တင္းၾကပ္စြာပိတ္ၿပီး ေအး၍ေမွာင္
ေသာေနရာ၌ ၂ ပတ္မွ ၁ႏွစ္အထိထား၍ အခ်ဥ္ေဖာက္
နိုင္ပါသည္။ စားသုံးရန္ အသင့္ေတာ္ဆုံးကာလမွာ ၁လ
၄၅ ရက္၊ ၃ လအမ်ိဳးမ်ိဳးေျပာဆိုေသာ္လည္း မိမိႀကိဳက္
ႏွစ္သက္အခ်ိန္တြင္ သုံးေဆာင္နိုင္ပါသည္။

၄. စတင္ျပဳလုပ္ၿပီး ေနာက္ေန႔မ်ားမွစ၍ ၂ပတ္၊ ၁လ
ခန္႔ထိ ပ်ားရည္မ်ားႏွင့္ ၾကက္သြန္ျဖဴမ်ားအုပ္မိေစရန္
ပုလင္းကို ပုံမွန္လွုပ္ေပးျခင္း၊အထက္-ေအာက္ေျပာင္း
ျပန္လွန္၍ လွုပ္ေပးျခင္းမ်ားျပဳလုပ္ေပးရပါမည္။
ပုလင္းမလွုပ္ခင္ အဖုံးကိုတင္းၾကပ္စြာပိတ္ထားဖို့မေမ့
ပါႏွင့္။

၅. စတင္ျပဳလုပ္ၿပီး ေနာက္ေန႔ ရက္အနည္းငယ္တြင္
ေလပူေဖာင္း ( အျမဳပ္ေလးမ်ား) ကိုေတြ႕ျမင္ရျခင္း
မွာ အခ်ဥ္ေဖာက္ျခင္းလုပ္ငန္းစဥ္ စတင္ေနသည့္အ
မွတ္အသားျဖစ္ပါသည္။


၆. အခ်ဥ္ေဖာက္ျခင္းလုပ္ငန္းစဥ္မၿပီးဆုံးေသးစဥ္
ကာလ၌ ၾကက္သြန္ျဖဴမ်ားသည္ ေပၚေလာေပၚေန
တတ္ပါသည္။ အခ်ဥ္ေဖာက္ခ်ိန္ၾကာလာသည္ႏွင့္
အမၽွ ၾကက္သြန္ျဖဴမ်ား အညိဳေရာင္ဘက္သို့ေျပာင္း
လဲလာၿပီး၊ ပ်ားရည္မွာလည္း အရည္က်ဲလာပါမည္။

၇. ပ်ားရည္ေအာက္နစ္ျမဳပ္သြားခ်ိန္သည္ စားသုံး
ရန္အေကာင္းဆုံးကာလျဖစ္ၿပီး ထိုအခ်ိန္၌ ပုလင္း
ကိုယူ၍ ေရခဲေသတၱာထဲ၌ တစ္ႏွစ္ခန္႔ထိ ထိန္းသိမ္း
ထားသို စားသုံးနိုင္ပါသည္။

#ၾကက္သြန္ျဖဴပ်ားရည္အခ်ဥ္ေဖာက္ရင္ဘာေၾကာင့္
#အစိမ္းေရာင္အျပာေရာင္ေျပာင္းသြားတတ္တာလဲ

ၾကက္သြန္ျဖဴႏွင့္ ပ်ားရည္အခ်ဥ္ေဖာက္တဲ့အခါမွာ
တစ္ခါတစ္ရံ အစိမ္းေရာင္ ( သို့မဟုတ္) အျပာေရာင္
ေျပာင္းလဲသြားတတ္ပါသည္။ ထို့သို့ျဖစ္ျခင္းသည္
မေကာင္းေသာ၊ အဆိပ္အေတာက္ျဖစ္ေစေသာ
အရာမဟုတ္ပါ။ ၾကက္သြန္ျဖဴတြင္ပါေသာ ဆာဖာ
( Sulfur) ႏွင့္ အမီနိုအက္ဆစ္ ( Amino Acid)
တို့ အင္ဇိုင္းႏွင့္ဓာတ္ျပဳျခင္းေၾကာင့္ အေရာင္ေျပာင္း
လဲသြားျခင္းျဖစ္ပါသည္။ အနံအရသာမေျပာင္းလဲ
သလို အာနိသင္လည္းမေျပာင္းလဲပါ။ စိတ္ခ်စြာစား
သုံးနိုင္ပါသည္။

ပုံမွန္ပ်ားရည္နဲ႔စိမ္ရင္ အကုန္လုံးမစိးမ္ပါဘူး
ရွာလကာရည္ ( vinegar ) စိမ္တာေတြၾကေတာ့
ေအာက္ကပုံေတြလို အကုန္စိမ္းသြားတတ္ပါတယ္။

#စားသုံးျခင္း

ၾကက္သြန္ျဖဴပ်ားရည္အင္ဇိုင္း ထမင္းစားဇြန္း ၁
ဇြန္းႏွင့္ ၾကက္သြန္ျဖဴ  ၂ တက္ ၃ တက္ကို တစ္
ေန႔ ၃ ႀကိမ္ပုံမွန္စားသုံးေပးနိုင္ပါသည္။


မ်ွေ၀သူ - ကိုေအာင္ေဇာ္ထြန္း

No comments: