Thursday, August 13, 2020

စစ်ထောက်လှမ်းရေးအဖွဲ့နှင့် ဘိန်းဘုရင်များ

နဝတ လက်ထက် စစ်ထောက်လှမ်းရေးအဖွဲ့နှင့်
ဘိန်းဘုရင်များ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


• ၁၉၈၉ ခုနှစ် နဝတ စစ်အစိုးရလက်ထက် ခရိုနီ
အဖြစ်သို့ ကူးပြောင်းခဲ့သူ ဘိန်းဘုရင် လော်စစ်ဟန်
-----------------------------------------------------
တော်လှန်ရေး ကောင်စီလက်ထက်တွင် လွယ်
မော် ကာကွယ်ရေး ခေါင်းဆောင်အဖြစ် တာဝန်
ထမ်းဆောင်ခဲ့ သူမှာ ခွန်ဆာ ဖြစ်သည်။ ခွန်ဆာ
သည်တန့်ယန်း၊ ကျိုင်းတုံ ဒေသများတွင် ကာကယ်
ရေး တာဝန် ယူခဲ့ပြီး ဘိန်းလုပ်ငန်းများ လုပ်ဆောင်
ခြင်း၊ နိုင်ငံရေး ကစားခြင်း၊ စီးပွားရေး သောင်းကျန်း
ခြင်း အပြင် ကေအိုင်အေ တို့နှင့် နားလည်မှု ခဲ့ခြင်း
တို့ကြောင့် အစိုးရက ၁၉၆၉ ခုနှစ် အောက်တိုဘာ
လ ၂၄ရက်နေ့ နောက်ဆုံး ထားပြီးလက်နက် ပြန်
အပ်ရန် အမိန့်ထုတ် ခဲ့သည်။

ခွန်ဆာ သည် အစိုးရ အမိန့်ကို လိုက်နာခြင်း မရှိ
သဖြင့် ၁၉၆၉ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့
တွင် လွယ်မော် ကာကွယ်ရေး ဝင်ရောက်ရှင်းလင်း
ခဲ့သည်။ တပ်သားအင်အားသုံးထောင် နီးပါး ရှိသည့်
အနက် ခွန်ဆာနှင့် အချို့ကိုသာ ဖမ်းမိပြီး ကျန်လူ
များ တောခိုသွား ခဲ့ကြသည်။

ကိုးကန့် နယ်မြေ ဒေသသည် မြန်မာနိုင်ငံ အရှေ့
မြောက်ဒေသ ရှမ်းပြည်နယ်တွင် ရှိပြီး တရုတ်ပြည်
သူ့သမ္မတနိုင်ငံနှင့်လည်း ဆက်စပ်နေသည်။ ထို
ဒေသတွင် အစိုးရက ကိုးကန့် ကာကွယ်ရေး အဖွဲ့
ကို ဖွဲ့ ခွင့်ပေးထားသည်။ ထိုအဖွဲ့သည် ကွန်မြူနစ်
စနစ်ကို မနှစ်သက် သဖြင့် ဗမာပြည် ကွန်မြူနစ်
ပါတီ (ဗကပ) များကို အစိုးရ ကိုယ်စား တိုက်ခိုက်
ပေးနေ သောကြောင့်လည်း အစိုးရ၏ မျက်နှာသာ
ပေးခြင်းကို ခံနေရသည်။ ၁၉၆၈ ခုနှစ်တွင် ကိုးကန့်
ကာကွယ်ရေး အဖွဲ့၌ တပ်ဖွဲ့ဝင် အင်အား ၂၀၀၀
အထိ တိုးလာသည်။ ကိုးကန့် ကာကွယ်ရေး အဖွဲ့
ခေါင်းဆောင်မှာ လော်စစ်ဟန် ဖြစ်သည်။

ကိုးကန့်အဖွဲ့သည် အစိုးရအထောက်အပံ့ကို ရ
သည့်အပြင် မှောင်ခိုလုပ်ငန်း၊ ဘိန်းလုပ်ငန်းတို့ဖြင
စီးပွားတိုးလာပြီး လူနှင့်လက်နက်အင်အားများ
လည်း ကောင်းလာသည်။ ၁၉၇၃ ခုနှစ် ဧပြီလ
၃၀ ရက်နေ့တွင် နောက်ဆုံး ထားပြီး ကိုးကန့်
ကာကွယ်ရေး အဖွဲ့အား လက်နက် သိမ်းရန်
အစိုးရက စီစဉ်သည့် အခါတွင် လော်စစ်ဟန်သည်
လက်နက်များ အပ်မည် ဟု ကတိပြ ခဲ့ပြီးမှ ကိုးကန့်
ကာကွယ်ရေး တပ်ရင်း သုံးရင်း နှင့်အတူ လက်
နက်များကို မအပ်နှံ တော့ဘဲ တောခို သွားခဲ့သည်။

လော်စစ်ဟန် ထံတွင် ထိုအချိန်က လက်နက်
အပြည့်အစုံတပ်ဆင်ထားသော ကိုယ်ပိုင် စစ်တပ်
ကြီး တစ်ခုကို ပိုင်ဆိုင်ထားသည်။ လက်ရှိ အနေ
အထားတွင် သူ့သြဇာ အာဏာ တည်ဆောက်ထား
နိုင်မှုကို စွန့်လွှတ်ရန် မရည်ရွယ်ပေ။ကာကွယ်ရေး
တပ်ကို ဖျက်သိမ်းရန် ချက်ချင်း အမိန့်ပေး လိုက်ပြီး
SSA တပ် နှင့်လည်း လျှို့ဝှက်စွာ ပြေလည်မှု ရယူ
ထားလိုက်သည်။

အားလုံး အဆက်အသွယ်များ လုပ်ပြီးသည့်အခါ
တွင် သူသည် လားရှိုးမှအသာလေး ခြေရာ ဖျောက်
သွား ခဲ့သည်။ မြန်မာ့ ထောက်လှမ်းရေး တပ်၏
အကာအကွယ်ပေးမှု အောက်တွင် နှစ်ပေါင်းများစွာ
ခံတပ်ကြီးပမာ ဆောက်လုပ် နေထိုင်ခဲ့သည့် စံအိမ်
တော်ကြီးကိုစွန့်ခွာခဲ့ပြီး တောခို သွားခဲ့ခြင်း ဖြစ်
သည်။ ဤနယ်မြေ တွင် သူသည် အရှေ့မြောက်
တိုင်းစစ်ဌာနချုပ်မှတပ်မှူးကြီး ဗိုလ်မှူးကြီး အေးကို
(နောင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီတွင် ထင်
ရှားလာသူ) နှင့်လည်း သူသည် ရင်းနှီးကျွမ်းဝင်သူ
 ဖြစ်ပြီး အဆက်အသွယ် ရှိခဲ့သည်။

လော်စစ်ဟန် သွားရောက် တပ်စွဲထားသည့် နေရာ
သည် အရေးပါသည့်နေရာ တစ်နေရာ ဖြစ်သေဖြင့
မြန်မာအာဏာပိုင်များ အတွက်လည်းအကျပ်
အတည်း နှင့် ရင်ဆိုင်ခဲ့ရသည်။ ၁၉၇၂ ခုနှစ်တွင်
အမေရိကန် ပြည်ထောင်စုမှ မူးယစ်ဆေးဝါး အကြံ
ပေးအရာရှိ နယ်လ်ဆင် ဂရော့စ်က လော်စစ်ဟန်
ကို”အရှေ့တောင် အာရှ ဘိန်းဖြူ ရာဇာ”ဟု အမည်
လိုက်သည်။ထို့ပြင် လော်စစ်ဟန်ကို နိုင်ငံတကာ
လူဆိုးစာရင်း အမည်သွင်းပြီး အာရှနှင့်အမေရိက
တွင် မူးယစ် ဆေးဝါးကြောင့် ဘေးဒုက္ခ ရောက်နေ
ရသူများ၏ လက်သည် တရားခံ တာဝန်ရှိသူဟု
စွပ်စွဲခဲ့သည်။

ထိုသို့ အမေရိကန်၏ ထုတ်ပြန် ကြေညာချက်က
ရှမ်းပြည်နယ်အတွက် အံ့အားသင့်စရာ ဖြစ်သွားခဲ့
သည်။ ထိုစဉ်က အမေရိကန် မူးယစ်ဆေးဝါးဆိုင်
ရာ မူဝါဒများကို သိသာထင်ရှားစွာ ပြောင်းလဲနေချိန်
လည်း ဖြစ်သည်။ အမေရိကန်အစိုးရသည်ရွှေတြိဂံ
ဒေသတွင် ကြီးစိုးနေသည့် တပ်ဖွဲ့ များကို တိုက်
ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထောက်ပံ့နေခြင်း
ကို နိုင်ငံတိုင်း သိကြသည်။ အထူးသဖြင့် ကူမင်တန်
တို့အား အမေရိကန်တို့က အထောက်အပံ့ ပေးနေ
ခြင်းကို အားလုံးသိကြသည်။ ဘိန်းဖြူ ကျိုချက်ခြင်း
ထုတ်လုပ်ခြင်းတို့သည် ထိုနယ်ဒေသတွင် ထင်ရှား
လာပြီး ဝယ်လိုအားကလည်း ကောင်းလာသည်။
ဗီယက်နမ်စစ်ပွဲမှ အမေရိကန် စစ်သားများသည်
ရွှေတြိဂံ ဒေသ၏ ဖောက်သည်များ ဖြစ်နေသည်။

အမေရိကန် စစ်သားများ ဗီယက်နမ်မှ ပြန်လာကြ
သည့် အခါတွင် မူးယစ်ဆေးဝါး ပြဿနာ သည်
ဆိုင်ဂုံ ရှိစစ်တန်းလျားများမှ အမေရိကန် ပြည်
ထောင်စု လူလတ်တန်းစား ရပ်ကွက်သို့တိုင် ရောက်
လာခဲ့တော့သည်။ ပြည်သူတွေလည်း လှုပ်လှုပ်ရှားရှား
ဖြစ်လာသလို အာဏာပိုင် တို့ကလည်း မူးယစ်ဆေး
ဝါး ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် စတင်
လုပ်ဆောင် ရတော့သည်။

ဝါရှင်တန်သည် ပထမအဆင့် အနေဖြင့် မူးယစ်
ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (DEA) ကို ဖွဲ့စည်း
လိုက်သည်။အငြင်းပွားစရာ ဖြစ်နေသည့် ဗီယက်
နမ် စစ်ပွဲတွင် အမေရိကန် တို့က ပါဝင်နေပြီး ဖြစ်
နေသဖြင့် နောက်ထပ်စစ်ပွဲတစ်ပွဲဖြစ်သည့် မူးယစ်
စစ်ပွဲအတွက် စစ်မျက်နှာပြင် အသစ် မဖွင့်မိရန်
သိမ်မွေ့စွာဖြင့် ကိုင်တွယ်နေရသည်။ အမေရိကန်
အထောက်အပံ့များသည် ကုလသမဂ္ဂအဖွဲ့အစည်း
များ မှတစ်ဆင့် ထိုဒေသသို့ ရောက်ရှိနေခဲ့သည်။
နိုင်ငံတကာတွင် ဗီယက်နမ် စစ်ကြောင့် သိက္ခာကျ
နေခဲ့သည့် အမေရိကန်သည် မူးယစ် စစ်ပွဲဖြင့
သိက္ခာပြန် ဆယ်နိုင်ရန် စီစဉ်ခဲ့သည်။ ကမ္ဘာက
မူးယစ်ဆေးဝါး ရောင်းဝယ်ရေးတွင် အဓိကကျသူ
တစ်ဦးကို မီဒီယာသို့ ဖော်ထုတ်ပေးပြီး အာရုံလွှဲ
ပြောင်းရန် ကြိုးစားနေသည်။ သူတို့ရွေးချယ် လိုက်
သူမှာ လော်စစ်ဟန် ဖြစ်သွားသည်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးရှိ နေအိမ်မှတစ်ဆင့်
လော်စစ်ဟန်သည် အစောင့်ယာဉ်တန်း သုံး၊ လေး
တန်းလောက် အကူအညီယူကာ ဘိန်းများ၊
ကျောက်စိမ်းများနှင့် အခြား တရား မဝင် ကုန်များ
ကို ရွှေတြိဂံဒေသ၏ အဓိကျသော နေရာဖြစ်သည့်
တာချီလိတ် နယ်စပ် အထိ ရောက်အောင် နှစ်စဉ် ပို
ပေးနေသည်။ တာချီလိတ်သို့ ကျိုင်းတုံ မှ တစ်ဆင့်
ထို ကုန်ပစ္စည်းများကို တစ်နှစ်လျှင် ဆယ်ခေါက်
လောက် ရအောင် ပို့ပေးနေကျ ဖြစ်သည်။

လော်စစ်ဟန်တွင် လက်နက်အင်အား လူအင်အား
တောင့်တင်းသည့် စစ်တပ် တစ်တပ် ရှိနေသဖြင့်
သူပိုင် အစောင့်အရှောက် ယာဉ်တန်းဖြင့် လားရှိုး
ကိုဖြတ်ကာ ထိုင်းပိုင်နက်အထိ အ လွယ်တကူ
သွားလာနိုင်ခဲ့သည်။ သူသည် မကြာမီ ဘိန်းရာဇာ
ကြီး တစ်ဦးအဆင့် ရောက်လာသည်အထိ တန်ခိုး
ထွား လာခဲ့သည်။ လော်စစ်ဟန်သည် ရွှေတြိဂံ
ဒေသတွင်လည်းကောင်း၊ ဘန်ကောက်နှင့် တိုင်ပေ
တို့တွင် လည်းကောင်း သြဇာ ချဲ့ထွင်နိုင်သူ ဖြစ်
လာသဖြင့် အမေရိကန် အတွက်လည်း အရှေ့
အာရှတွင် သူတို့သြဇာ အခိုင်အမာ တည်ဆောက်
နိုင်ရေးကို စိုးရိမ် လာခဲ့သည်။

ရှမ်းပြည်နယ်တွင် ကွန်မြူနစ်တို့ရန်ကို တွန်းလှန်ရန်
အင်အားမရှိသည့် ရှမ်းသူပုန်တို့သည် လက်နက်
အင်အားလည်းမရှိ၊ နောက်ခံအင်အားလည်းမရှိ၊
ငွေကြေး အထောက်အပံ့လည်း မရှိသဖြင့် လော
စစ်ဟန်နှင့် ပူးပေါင်းရန် သဘောတူလိုက်ကြသည်။
ရှမ်းသူပုန်များက သူ့ကို လက်ခံ လိုက်ခြင်းသည်
အထောက်အပံ့ အကူအညီ ရလိုခြင်းကြောင့် ဖြစ်
ကြောင်း ထင်ရှားသည်။ လော် စစ်ဟန်က တစ်ဆင့်
ဘိန်းများကို ရောင်းချနိုင်မည်ဆိုလျှင် ပိုက်ဆံလည်းရ၊
ကမ္ဘာက အသိအမှတ် ပြုမှုကိုလည်း ရနိုင်သောကြောင့်
တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘောဖြင့် ရှမ်းတို့က
သူ့ကို လက်ခံခဲ့သည်။

နောက်ဆုံးတွင် ဘိန်းဘုရင်ကြီးနှင့် ရှမ်း သူပုန်တို့
သဘောတူညီချက် တစ်ခုတွင် လက်မှတ် ရေးထိုး
နိုင်ခဲ့ကြသည်။ထိုသဘောတူ ညီချက်တွင် အချက်
ငါးချက်ပါသည်။ အရေးကြီးသည့် အချက်မှာ SSA
တပ်သည် အမေရိကန် မူးယစ် ဆေးဝါး ဆန့်ကျင်
ရေး ဗျူရိုကို ဖိတ်ခေါ်ပြီး ရှမ်းပြည်နယ် အတွင်းရှိ
ဘိန်းစိုက်ဒေသများကို လှည့်လည်ကြည့်ရှိစေမည့်
အစီအစဉ်ပါသည်။ ထိုအစီအစဉ်အရ SSA နှင့်
လော်စစ်ဟန် တို့သည် အမေရိကန် မူးယစ်အဖွဲ့
ရောက်လာပါက ဘိန်းများကို ဖျက်ဆီးနိုင်ရန်
အတွက် ရှမ်းပြည်နယ်အတွင်း ဘိန်းများကိုလိုက်လံ
 စုဆောင်း ဝယ်ယူခဲ့ရသည်။ SSA အဖွဲ့နှင့်
သဘောတူညီချက်များ လက်မှတ်ရေးထိုးပြီး
နောက် မြောက် ပိုင်း ရှမ်းပြည်နယ် အတွင်းရှိ
လွိုင်ကော်ကို SSA တို့ ခြေကုပ် ယူထား နိုင်ခဲ့သည်။
၁၉၇၃ ခုနှစ် ဧပြီလတွင် ရှမ်းတို့ ဗကပ တို့နှင့်
စစ်ရေး အရ ပူးပေါင်းရန် သဘောတူညီခဲ့ကြသည်။
ထိုနှစ် ဇူာလိုင်လ ၁၇ ရက်နေ့တွင် လော်စစ်ဟန်
ကို ထိုင်း အစိုးရကဖမ်းဆီးလိုက်သည်။ထိုအချိန်မှ
စတင်ပြီး အင်အားတောင့်တင်းခဲ့သည့် ကိုးကန့်
ကာကွယ်ရေးတပ်ဖွဲ့သည် ပြိုကွဲ သွားတော့သည်။

၁၉၈၀ နောက်ပိုင်းတွင် မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်
မှုသည် နှစ်ဆခန့် တက်လာသည် ဟု အမေရိကန်
အစိုးရကဆိုသည်။ ၁၉၈ရခုနှစ်တွင် မြန်မာနိုင်ငံမှ
ဘိန်းစိမ်း ၈၃၆ တန်ထွက် ကြောင်း၊ ၁၉၉၅ ခုနှစ်
တွင် ၂၃၄၀ တန် အထိ တိုးမြှင့် ထုတ်ခဲ့ကြောင်း
အမေရိကန် တို့က စွပ်စွဲခဲ့သည်။ ၁၉၈၇ ခုနှစ်တွင်
ဘိန်းဖြူ ၅၄ တန် ထွက်ခဲ့ရာမှ ၁၉၉၅ ခုနှစ်တွင်
၁၆၆ တန် အထိ တိုးမြင့် လာခဲ့သည်။ ထုတ်လုပ်
သည့် ဒေသများမှာ ကိုးကန့်နှင့် ဝ နယ်များတွင်
ဖြစ်သည်။လော်စစ်ဟန်ကို ထိုင်းအစိုးရသည်
မြန်မာနိုင်ငံသို့ ပြန်လည်လွှဲအပ်ခဲ့သည်။ သူ့ကို
မြန်မာအစိုးရက ရှမ်းသူပုန် SSA အဖွဲ့နှင့် ပူးပေါင်း
မှုဖြင့် သေဒဏ်ချမှတ်ခဲ့သည်။ သို့သော် ၁၉၈၀
ပြည့်နှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်
လွတ်မြောက်လာခဲ့သည်။

ဝနှင့် ကိုးကန့်သူပုန်တို့သည် ၁၉၈၉ ခုနှစ်တွင်
မြန်မာပြည်အတွင်း နှစ်ပေါင်းများစွာ အစိုးရကို
ဒုက္ခပေးနေသည့် ဗကပ တို့ကို တိုက်ထုတ်ပေးခဲ့
သည်။ ထိုစဉ်က စစ်ထောက်လှမ်းရေးနှင့် နိုင်ငံ
တော် အကြီးအကဲ နေရာတွင် ရောက်နေသည့်
ဗိုလ်ချုပ် ခင်ညွန့်သည် လော်စစ်ဟန်ကို သဘော
ကျသွားပြီး လော်စစ်ဟန်နှင့် လက်တွဲ လိုက်တော့
သည်။

နှစ်ပေါင်းများစွာ ဘိန်းဘုရင်အဖြစ် နာမည်ကျော်
ခဲ့သည့် လော်စစ်ဟန်သည် ချက်ချင်းဆိုသလိုပင်
အရှင်မွေး နေ့ချင်းကြီး ဆိုသလို တရားဝင် နေထိုင်
ခွင့််၊ လုပ်ပိုင်ခွင့်များ ရရှိခဲ့သည်။

လော်စစ်ဟန်သည် ၁၉၉၂ ခုနှစ်တွင် အေးရှားဝေါလ်
ကုမ္ပဏီကို ထူထောင်ခဲ့သည်။ ထိုကုမ္ပဏီ၏ လည်
ပတ်ငွေများသည် သူ မည်သည့်နည်းဖြင့် ရခဲ့သည့်
ငွေများ ဖြစ်ကြောင်းမှာ အငြင်းပွားဖွယ်် ဖြစ်သော်
လည်း လုပ်ငန်း အတော်များများကို ဗိုလ်ချုပ်များ၏
မျက်နှာသာ ပေးမှုဖြင့် လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်
ရခဲ့သည်။ တစ်သက်လုံး အမြစ်မဖြုတ်နိုင်ခဲ့သည့်
ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) တို့ကို
လော်စစ်ဟန်က အမြစ်ဖြုတ် ပေးခဲ့သဖြင့် ကျေးဇူး
အထူးတင် နေသောကြောင့် သူကောင်းပြုထားခြင်း
လည်း ဖြစ်မည်ထင်သည်။

လော်စစ်ဟန်၏ သားဖြစ်သူ စတီဗင်လော (မြန်မာ
အမည် ထွန်းမြင့်နိုင်) သည် စင်ကာပူသူ တစ်ဦး
ဖြစ်သည့် Cecila Ng နှင့် ၁၉၉၆ ခုနှစ်တွင် လက်
ထပ်ခဲ့သည်။ မြန်မာနိုင်ငံ ဆောက် လုပ်ရေး လုပ်
ငန်းများအပြင် စွမ်းအင်ကဏ္ဍအတွက်ပါ လုပ်ငန်း
များရပြီး ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံ
လုပ်ကိုင်ခဲ့ကြသည်။

၂၀၀၈ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံအတွင်း
နာဂစ်မုန်တိုင်းဒဏ်ကို ခါးသီးစွာ ခံစာ လိုက်ရသည်။
အမေရိကန် အစိုးရသည် လော်စစ်ဟန်၊ သူ့ သား၊
ချွေးမ အပါအဝင် စင်ကာပူ နိုင်ငံအတွင်း သူတို့နှင့်
ဆက်စပ်နေသည့် ကုမ္ပဏီပေါင်း ၁၀ ခုကို စစ်အာ
ဏာရှင် ခရိုနီအုပ်စုစာရင်းသွင်းကာ စီးပွားရေးပိတ်
ဆို့မှုများ ပြုလုပ်လိုက်သည်။


အေးရှားဝေါလ် ကုမ္ပဏီသည် တရုတ်-မြန်မာ ရေနံ
နှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံ
မှု ပေါင်းများစွာနှင့် လုပ်ကိုင်ခွင့် ရရှိခဲ့သည်။ အထူး
သဖြင့် ကျောက်ဖြူရေနက်ကွင်း စီမံကိန်းတွင်ဖြစ်
သည်။ ထို့ပြင် အငြင်းပွားနေသော မြစ်ဆုံ ရေအား
လျှပ်စစ် စီမံကိန်းနှင့် တာဆန်း ရေအားလျှပ်စစ် စီမံ
ကိန်းတို့တွင်လည်း သူတို့ပါဝင်ပတ်သက်မှု ရှိနေပြန်
်သည်။

စတီဗင်လောသည် မြန်မာနိုင်ငံရှိ လုပ်ငန်းများကို
ကြီးကြပ်ကွပ်ကဲနေပြီး၊ သားများက ထိုင်း၊ စင်ကာပူ
နှင့် ထိုင်ဝမ်တို့တွင် စီးပွားရေးလုပ်ငန်းများကို လုပ်
ဆောင်နေကြသည်။ စတီဗင်လောသည် သမ္မတ
ဦးသိန်းစိန်၏ ပထမဦးဆုံး တရုတ်ပြည်ခရီးစဉ်တွင်
လိုက်ပါခွင့်ရခဲ့သူ ဖြစ်သည်။

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ တစ်ချိန်က ဘိန်း
ဘုရင် ဖြစ်ခဲ့ပြီး၊ အလွန်ချမ်းသာသည့် မြန်မာ့သူဌေး
ကြီးတစ်ဦးလည်း ဖြစ်ခဲ့သူ လော်စစ်ဟန်သည်
အသက် ၈၀ အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။
သူ ကွယ်လွန် ခဲ့ချိန်တွင် ဇနီး၊ သား လေးယောက်၊
သမီး လေးယောက် နှင့် မြေး ၁၆ ယောက်တို့ ကျန်
ခဲ့သည်။

Ref: Burma in Revolt Opium and Insurgency
Since 1948, Bertil Lintner
The Golden Triangle Opium Trade: An
Overview, Bertil Lintner
BurmaDemocracy

ငွေစိုး

(Zawgyi)

နဝတ လက္ထက္ စစ္ေထာက္လွမ္းေရးအဖြဲ႕ႏွင့္
ဘိန္းဘုရင္မ်ား
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။



• ၁၉၈၉ ခုႏွစ္ နဝတ စစ္အစိုးရလက္ထက္ ခ႐ိုနီ
အျဖစ္သို႔ ကူးေျပာင္းခဲ့သူ ဘိန္းဘုရင္ ေလာ္စစ္ဟန္
-----------------------------------------------------
ေတာ္လွန္ေရး ေကာင္စီလက္ထက္တြင္ လြယ္
ေမာ္ ကာကြယ္ေရး ေခါင္းေဆာင္အျဖစ္ တာဝန္
ထမ္းေဆာင္ခဲ့ သူမွာ ခြန္ဆာ ျဖစ္သည္။ ခြန္ဆာ
သည္တန္႔ယန္း၊ က်ဳိင္းတုံ ေဒသမ်ားတြင္ ကာကယ္
ေရး တာဝန္ ယူခဲ့ၿပီး ဘိန္းလုပ္ငန္းမ်ား လုပ္ေဆာင္
ျခင္း၊ ႏိုင္ငံေရး ကစားျခင္း၊ စီးပြားေရး ေသာင္းက်န္း
ျခင္း အျပင္ ေကအိုင္ေအ တို႔ႏွင့္ နားလည္မႈ ခ့ဲျခင္း
တို႔ေၾကာင့္ အစိုးရက ၁၉၆၉ ခုႏွစ္ ေအာက္တိုဘာ
လ ၂၄ရက္ေန႔ ေနာက္ဆုံး ထားၿပီးလက္နက္ ျပန္
အပ္ရန္ အမိန္႔ထုတ္ ခဲ့သည္။

ခြန္ဆာ သည္ အစိုးရ အမိန္႔ကို လိုက္နာျခင္း မရွိ
သျဖင့္ ၁၉၆၉ ခုႏွစ္ ေအာက္တိုဘာ ၂၅ ရက္ေန႔
တြင္ လြယ္ေမာ္ ကာကြယ္ေရး ဝင္ေရာက္ရွင္းလင္း
ခဲ့သည္။ တပ္သားအင္အားသုံးေထာင္ နီးပါး ရွိသည့္
အနက္ ခြန္ဆာႏွင့္ အခ်ဳိ႕ကိုသာ ဖမ္းမိၿပီး က်န္လူ
မ်ား ေတာခိုသြား ခဲ့ၾကသည္။

ကိုးကန္႔ နယ္ေျမ ေဒသသည္ ျမန္မာႏိုင္ငံ အေရွ႕
ေျမာက္ေဒသ ရွမ္းျပည္နယ္တြင္ ရွိၿပီး တ႐ုတ္ျပည္
သူ႔သမၼတႏိုင္ငံႏွင့္လည္း ဆက္စပ္ေနသည္။ ထို
ေဒသတြင္ အစိုးရက ကိုးကန္႔ ကာကြယ္ေရး အဖြဲ႕
ကို ဖြဲ႕ ခြင့္ေပးထားသည္။ ထိုအဖြဲ႕သည္ ကြန္ျမဴနစ္
စနစ္ကို မႏွစ္သက္ သျဖင့္ ဗမာျပည္ ကြန္ျမဴနစ္
ပါတီ (ဗကပ) မ်ားကို အစိုးရ ကိုယ္စား တိုက္ခိုက္
ေပးေန ေသာေၾကာင့္လည္း အစိုးရ၏ မ်က္ႏွာသာ
ေပးျခင္းကို ခံေနရသည္။ ၁၉၆၈ ခုႏွစ္တြင္ ကိုးကန္႔
ကာကြယ္ေရး အဖြဲ႕၌ တပ္ဖြဲ႕ဝင္ အင္အား ၂၀၀၀
အထိ တိုးလာသည္။ ကိုးကန္႔ ကာကြယ္ေရး အဖြဲ႕
ေခါင္းေဆာင္မွာ ေလာ္စစ္ဟန္ ျဖစ္သည္။

ကိုးကန္႔အဖြဲ႕သည္ အစိုးရအေထာက္အပံ့ကို ရ
သည့္အျပင္ ေမွာင္ခိုလုပ္ငန္း၊ ဘိန္းလုပ္ငန္းတို႔ျဖင
စီးပြားတိုးလာၿပီး လူႏွင့္လက္နက္အင္အားမ်ား
လည္း ေကာင္းလာသည္။ ၁၉၇၃ ခုႏွစ္ ဧၿပီလ
၃၀ ရက္ေန႔တြင္ ေနာက္ဆုံး ထားၿပီး ကိုးကန္႔
ကာကြယ္ေရး အဖြဲ႕အား လက္နက္ သိမ္းရန္
အစိုးရက စီစဥ္သည့္ အခါတြင္ ေလာ္စစ္ဟန္သည္
လက္နက္မ်ား အပ္မည္ ဟု ကတိျပ ခဲ့ၿပီးမွ ကိုးကန္႔
ကာကြယ္ေရး တပ္ရင္း သုံးရင္း ႏွင့္အတူ လက္
နက္မ်ားကို မအပ္ႏွံ ေတာ့ဘဲ ေတာခို သြားခဲ့သည္။

ေလာ္စစ္ဟန္ ထံတြင္ ထိုအခ်ိန္က လက္နက္
အျပည့္အစုံတပ္ဆင္ထားေသာ ကိုယ္ပိုင္ စစ္တပ္
ႀကီး တစ္ခုကို ပိုင္ဆိုင္ထားသည္။ လက္ရွိ အေန
အထားတြင္ သူ႔ၾသဇာ အာဏာ တည္ေဆာက္ထား
နိုင္မႈကို စြန္႔လႊတ္ရန္ မရည္႐ြယ္ေပ။ကာကြယ္ေရး
တပ္ကို ဖ်က္သိမ္းရန္ ခ်က္ခ်င္း အမိန္႔ေပး လိုက္ၿပီး
SSA တပ္ ႏွင့္လည္း လွ်ဳိ႕ဝွက္စြာ ေျပလည္မႈ ရယူ
ထားလိုက္သည္။

အားလုံး အဆက္အသြယ္မ်ား လုပ္ၿပီးသည့္အခါ
တြင္ သူသည္ လား႐ိႈးမွအသာေလး ေျခရာ ေဖ်ာက္
သြား ခဲ့သည္။ ျမန္မာ့ ေထာက္လွမ္းေရး တပ္၏
အကာအကြယ္ေပးမႈ ေအာက္တြင္ ႏွစ္ေပါင္းမ်ားစြာ
ခံတပ္ႀကီးပမာ ေဆာက္လုပ္ ေနထိုင္ခဲ့သည့္ စံအိမ္
ေတာ္ႀကီးကိုစြန္႔ခြာခဲ့ၿပီး ေတာခို သြားခဲ့ျခင္း ျဖစ္
သည္။ ဤနယ္ေျမ တြင္ သူသည္ အေရွ႕ေျမာက္
တိုင္းစစ္ဌာနခ်ဳပ္မွတပ္မွဴးႀကီး ဗိုလ္မွဴးႀကီး ေအးကို
(ေနာင္ ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ ပါတီတြင္ ထင္
ရွားလာသူ) ႏွင့္လည္း သူသည္ ရင္းႏွီးကြၽမ္းဝင္သူ
 ျဖစ္ၿပီး အဆက္အသြယ္ ရွိခဲ့သည္။

ေလာ္စစ္ဟန္ သြားေရာက္ တပ္စြဲထားသည့္ ေနရာ
သည္ အေရးပါသည့္ေနရာ တစ္ေနရာ ျဖစ္ေသျဖင့
ျမန္မာအာဏာပိုင္မ်ား အတြက္လည္းအက်ပ္
အတည္း ႏွင့္ ရင္ဆိုင္ခဲ့ရသည္။ ၁၉၇၂ ခုႏွစ္တြင္
အေမရိကန္ ျပည္ေထာင္စုမွ မူးယစ္ေဆးဝါး အႀကံ
ေပးအရာရွိ နယ္လ္ဆင္ ဂေရာ့စ္က ေလာ္စစ္ဟန္
ကို”အေရွ႕ေတာင္ အာရွ ဘိန္းျဖဴ ရာဇာ”ဟု အမည္
လိုက္သည္။ထို႔ျပင္ ေလာ္စစ္ဟန္ကို ႏိုင္ငံတကာ
လူဆိုးစာရင္း အမည္သြင္းၿပီး အာရွႏွင့္အေမရိက
တြင္ မူးယစ္ ေဆးဝါးေၾကာင့္ ေဘးဒုကၡ ေရာက္ေန
ရသူမ်ား၏ လက္သည္ တရားခံ တာဝန္ရွိသူဟု
စြပ္စြဲခဲ့သည္။

ထိုသို႔ အေမရိကန္၏ ထုတ္ျပန္ ေၾကညာခ်က္က
ရွမ္းျပည္နယ္အတြက္ အံ့အားသင့္စရာ ျဖစ္သြားခဲ့
သည္။ ထိုစဥ္က အေမရိကန္ မူးယစ္ေဆးဝါးဆိုင္
ရာ မူဝါဒမ်ားကို သိသာထင္ရွားစြာ ေျပာင္းလဲေနခ်ိန္
လည္း ျဖစ္သည္။ အေမရိကန္အစိုးရသည္ေရႊႀတိဂံ
ေဒသတြင္ ႀကီးစိုးေနသည့္ တပ္ဖြဲ႕ မ်ားကို တိုက္
ရိုက္ျဖစ္ေစ၊ သြယ္ဝိုက္၍ ျဖစ္ေစ ေထာက္ပံ့ေနျခင္း
ကို ႏိုင္ငံတိုင္း သိၾကသည္။ အထူးသျဖင့္ ကူမင္တန္
တို႔အား အေမရိကန္တို႔က အေထာက္အပံ့ ေပးေန
ျခင္းကို အားလုံးသိၾကသည္။ ဘိန္းျဖဴ က်ဳိခ်က္ျခင္း
ထုတ္လုပ္ျခင္းတို႔သည္ ထိုနယ္ေဒသတြင္ ထင္ရွား
လာၿပီး ဝယ္လိုအားကလည္း ေကာင္းလာသည္။
ဗီယက္နမ္စစ္ပြဲမွ အေမရိကန္ စစ္သားမ်ားသည္
ေရႊႀတိဂံ ေဒသ၏ ေဖာက္သည္မ်ား ျဖစ္ေနသည္။

အေမရိကန္ စစ္သားမ်ား ဗီယက္နမ္မွ ျပန္လာၾက
သည့္ အခါတြင္ မူးယစ္ေဆးဝါး ျပႆနာ သည္
ဆိုင္ဂုံ ရွိစစ္တန္းလ်ားမ်ားမွ အေမရိကန္ ျပည္
ေထာင္စု လူလတ္တန္းစား ရပ္ကြက္သို႔တိုင္ ေရာက္
လာခဲ့ေတာ့သည္။ ျပည္သူေတြလည္း လႈပ္လႈပ္ရွားရွား
ျဖစ္လာသလို အာဏာပိုင္ တို႔ကလည္း မူးယစ္ေဆး
ဝါး ျပႆနာမ်ားကို ေျဖရွင္းႏိုင္ေရးအတြက္ စတင္
လုပ္ေဆာင္ ရေတာ့သည္။

ဝါရွင္တန္သည္ ပထမအဆင့္ အေနျဖင့္ မူးယစ္
ေဆးဝါး တိုက္ဖ်က္ေရးအဖြဲ႕ (DEA) ကို ဖြဲ႕စည္း
လိုက္သည္။အျငင္းပြားစရာ ျဖစ္ေနသည့္ ဗီယက္
နမ္ စစ္ပြဲတြင္ အေမရိကန္ တို႔က ပါဝင္ေနၿပီး ျဖစ္
ေနသျဖင့္ ေနာက္ထပ္စစ္ပြဲတစ္ပြဲျဖစ္သည့္ မူးယစ္
စစ္ပြဲအတြက္ စစ္မ်က္ႏွာျပင္ အသစ္ မဖြင့္မိရန္
သိမ္ေမြ႕စြာျဖင့္ ကိုင္တြယ္ေနရသည္။ အေမရိကန္
အေထာက္အပံ့မ်ားသည္ ကုလသမဂၢအဖြဲ႕အစည္း
မ်ား မွတစ္ဆင့္ ထိုေဒသသို႔ ေရာက္ရွိေနခဲ့သည္။
ႏိုင္ငံတကာတြင္ ဗီယက္နမ္ စစ္ေၾကာင့္ သိကၡာက်
ေနခဲ့သည့္ အေမရိကန္သည္ မူးယစ္ စစ္ပြဲျဖင့
သိကၡာျပန္ ဆယ္ႏိုင္ရန္ စီစဥ္ခဲ့သည္။ ကမာၻက
မူးယစ္ေဆးဝါး ေရာင္းဝယ္ေရးတြင္ အဓိကက်သူ
တစ္ဦးကို မီဒီယာသို႔ ေဖာ္ထုတ္ေပးၿပီး အာ႐ုံလႊဲ
ေျပာင္းရန္ ႀကဳိးစားေနသည္။ သူတို႔ေ႐ြးခ်ယ္ လိုက္
သူမွာ ေလာ္စစ္ဟန္ ျဖစ္သြားသည္။

ရွမ္းျပည္ေျမာက္ပိုင္း လား႐ိႈးရွိ ေနအိမ္မွတစ္ဆင့္
ေလာ္စစ္ဟန္သည္ အေစာင့္ယာဥ္တန္း သုံး၊ ေလး
တန္းေလာက္ အကူအညီယူကာ ဘိန္းမ်ား၊
ေက်ာက္စိမ္းမ်ားႏွင့္ အျခား တရား မဝင္ ကုန္မ်ား
ကို ေရႊႀတိဂံေဒသ၏ အဓိက်ေသာ ေနရာျဖစ္သည္႔
တာခ်ီလိတ္ နယ္စပ္ အထိ ေရာက္ေအာင္ ႏွစ္စဥ္ ပို
ေပးေနသည္။ တာခ်ီလိတ္သို႔ က်ဳိင္းတုံ မွ တစ္ဆင့္
ထို ကုန္ပစၥည္းမ်ားကို တစ္ႏွစ္လွ်င္ ဆယ္ေခါက္
ေလာက္ ရေအာင္ ပို႔ေပးေနက် ျဖစ္သည္။

ေလာ္စစ္ဟန္တြင္ လက္နက္အင္အား လူအင္အား
ေတာင့္တင္းသည့္ စစ္တပ္ တစ္တပ္ ရွိေနသျဖင့္
သူပိုင္ အေစာင့္အေရွာက္ ယာဥ္တန္းျဖင့္ လား႐ိႈး
ကိုျဖတ္ကာ ထိုင္းပိုင္နက္အထိ အ လြယ္တကူ
သြားလာႏိုင္ခဲ့သည္။ သူသည္ မၾကာမီ ဘိန္းရာဇာ
ႀကီး တစ္ဦးအဆင့္ ေရာက္လာသည္အထိ တန္ခိုး
ထြား လာခဲ့သည္။ ေလာ္စစ္ဟန္သည္ ေရႊႀတိဂံ
ေဒသတြင္လည္းေကာင္း၊ ဘန္ေကာက္ႏွင့္ တိုင္ေပ
တို႔တြင္ လည္းေကာင္း ၾသဇာ ခ်ဲ႕ထြင္ႏိုင္သူ ျဖစ္
လာသျဖင့္ အေမရိကန္ အတြက္လည္း အေရွ႕
အာရွတြင္ သူတို႔ၾသဇာ အခိုင္အမာ တည္ေဆာက္
ႏိုင္ေရးကို စိုးရိမ္ လာခဲ့သည္။

ရွမ္းျပည္နယ္တြင္ ကြန္ျမဴနစ္တို႔ရန္ကို တြန္းလွန္ရန္
အင္အားမရွိသည့္ ရွမ္းသူပုန္တို႔သည္ လက္နက္
အင္အားလည္းမရွိ၊ ေနာက္ခံအင္အားလည္းမရွိ၊
ေငြေၾကး အေထာက္အပံ့လည္း မရွိသျဖင့္ ေလာ
စစ္ဟန္ႏွင့္ ပူးေပါင္းရန္ သေဘာတူလိုက္ၾကသည္။
ရွမ္းသူပုန္မ်ားက သူ႔ကို လက္ခံ လိုက္ျခင္းသည္
အေထာက္အပံ့ အကူအညီ ရလိုျခင္းေၾကာင့္ ျဖစ္
ေၾကာင္း ထင္ရွားသည္။ ေလာ္ စစ္ဟန္က တစ္ဆင့္
ဘိန္းမ်ားကို ေရာင္းခ်ႏိုင္မည္ဆိုလွ်င္ ပိုက္ဆံလည္းရ၊
ကမာၻက အသိအမွတ္ ျပဳမႈကိုလည္း ရႏိုင္ေသာေၾကာင့္
တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ သေဘာျဖင့္ ရွမ္းတို႔က
သူ႔ကို လက္ခံခဲ့သည္။

ေနာက္ဆုံးတြင္ ဘိန္းဘုရင္ႀကီးႏွင့္ ရွမ္း သူပုန္တို႔
သေဘာတူညီခ်က္ တစ္ခုတြင္ လက္မွတ္ ေရးထိုး
ႏိုင္ခဲ့ၾကသည္။ထိုသေဘာတူ ညီခ်က္တြင္ အခ်က္
ငါးခ်က္ပါသည္။ အေရးႀကီးသည့္ အခ်က္မွာ SSA
တပ္သည္ အေမရိကန္ မူးယစ္ ေဆးဝါး ဆန္႔က်င္
ေရး ဗ်ဴ႐ိုကို ဖိတ္ေခၚၿပီး ရွမ္းျပည္နယ္ အတြင္းရွိ
ဘိန္းစိုက္ေဒသမ်ားကို လွည့္လည္ၾကည့္႐ွိေစမည့္
အစီအစဥ္ပါသည္။ ထိုအစီအစဥ္အရ SSA ႏွင့္
ေလာ္စစ္ဟန္ တို႔သည္ အေမရိကန္ မူးယစ္အဖြဲ႕
ေရာက္လာပါက ဘိန္းမ်ားကို ဖ်က္ဆီးႏိုင္ရန္
အတြက္ ရွမ္းျပည္နယ္အတြင္း ဘိန္းမ်ားကိုလိုက္လံ
 စုေဆာင္း ဝယ္ယူခဲ့ရသည္။ SSA အဖြဲ႕ႏွင့္
သေဘာတူညီခ်က္မ်ား လက္မွတ္ေရးထိုးၿပီး
ေနာက္ ေျမာက္ ပိုင္း ရွမ္းျပည္နယ္ အတြင္းရွိ
လြိဳင္ေကာ္ကို SSA တို႔ ေျခကုပ္ ယူထား ႏိုင္ခဲ့သည္။
၁၉၇၃ ခုႏွစ္ ဧၿပီလတြင္ ရွမ္းတို႔ ဗကပ တို႔ႏွင့္
စစ္ေရး အရ ပူးေပါင္းရန္ သေဘာတူညီခဲ့ၾကသည္။
ထိုႏွစ္ ဇူာလိုင္လ ၁၇ ရက္ေန႔တြင္ ေလာ္စစ္ဟန္
ကို ထိုင္း အစိုးရကဖမ္းဆီးလိုက္သည္။ထိုအခ်ိန္မွ
စတင္ၿပီး အင္အားေတာင့္တင္းခဲ့သည့္ ကိုးကန္႔
ကာကြယ္ေရးတပ္ဖြဲ႕သည္ ၿပဳိကြဲ သြားေတာ့သည္။

၁၉၈၀ ေနာက္ပိုင္းတြင္ ျမန္မာႏိုင္ငံ ဘိန္းထုတ္လုပ္
မႈသည္ ႏွစ္ဆခန္႔ တက္လာသည္ ဟု အေမရိကန္
အစိုးရကဆိုသည္။ ၁၉၈၇ခုႏွစ္တြင္ ျမန္မာႏိုင္ငံမွ
ဘိန္းစိမ္း ၈၃၆ တန္ထြက္ ေၾကာင္း၊ ၁၉၉၅ ခုႏွစ္
တြင္ ၂၃၄၀ တန္ အထိ တိုးျမႇင့္ ထုတ္ခဲ့ေၾကာင္း
အေမရိကန္ တို႔က စြပ္စြဲခဲ့သည္။ ၁၉၈၇ ခုႏွစ္တြင္
ဘိန္းျဖဴ ၅၄ တန္ ထြက္ခဲ့ရာမွ ၁၉၉၅ ခုႏွစ္တြင္
၁၆၆ တန္ အထိ တိုးျမင့္ လာခဲ့သည္။ ထုတ္လုပ္
သည့္ ေဒသမ်ားမွာ ကိုးကန္႔ႏွင့္ ဝ နယ္မ်ားတြင္
ျဖစ္သည္။ေလာ္စစ္ဟန္ကို ထိုင္းအစိုးရသည္
ျမန္မာႏိုင္ငံသို႔ ျပန္လည္လႊဲအပ္ခဲ့သည္။ သူ႔ကို
ျမန္မာအစိုးရက ရွမ္းသူပုန္ SSA အဖြဲ႕ႏွင့္ ပူးေပါင္း
မႈျဖင့္ ေသဒဏ္ခ်မွတ္ခဲ့သည္။ သို႔ေသာ္ ၁၉၈၀
ျပည့္ႏွစ္တြင္ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ျပန္လည္
လြတ္ေျမာက္လာခဲ့သည္။


ဝႏွင့္ ကိုးကန္႔သူပုန္တို႔သည္ ၁၉၈၉ ခုႏွစ္တြင္
ျမန္မာျပည္အတြင္း ႏွစ္ေပါင္းမ်ားစြာ အစိုးရကို
ဒုကၡေပးေနသည့္ ဗကပ တို႔ကို တိုက္ထုတ္ေပးခဲ့
သည္။ ထိုစဥ္က စစ္ေထာက္လွမ္းေရးႏွင့္ ႏိုင္ငံ
ေတာ္ အႀကီးအကဲ ေနရာတြင္ ေရာက္ေနသည္႔
ဗိုလ္ခ်ဳပ္ ခင္ညြန္႔သည္ ေလာ္စစ္ဟန္ကို သေဘာ
က်သြားၿပီး ေလာ္စစ္ဟန္ႏွင့္ လက္တြဲ လိုက္ေတာ့
သည္။

ႏွစ္ေပါင္းမ်ားစြာ ဘိန္းဘုရင္အျဖစ္ နာမည္ေက်ာ္
ခဲ့သည့္ ေလာ္စစ္ဟန္သည္ ခ်က္ခ်င္းဆိုသလိုပင္
အရွင္ေမြး ေန႔ခ်င္းႀကီး ဆိုသလို တရားဝင္ ေနထိုင္
ခြင့္္၊ လုပ္ပိုင္ခြင့္မ်ား ရရွိခဲ့သည္။

ေလာ္စစ္ဟန္သည္ ၁၉၉၂ ခုႏွစ္တြင္ ေအးရွားေဝါလ္
ကုမၸဏီကို ထူေထာင္ခဲ့သည္။ ထိုကုမၸဏီ၏ လည္
ပတ္ေငြမ်ားသည္ သူ မည္သည့္နည္းျဖင့္ ရခဲ့သည့္
ေငြမ်ား ျဖစ္ေၾကာင္းမွာ အျငင္းပြားဖြယ္္ ျဖစ္ေသာ္
လည္း လုပ္ငန္း အေတာ္မ်ားမ်ားကို ဗိုလ္ခ်ဳပ္မ်ား၏
မ်က္ႏွာသာ ေပးမႈျဖင့္ လက္ဝါးႀကီးအုပ္ လုပ္ပိုင္ခြင့္
ရခဲ့သည္။ တစ္သက္လုံး အျမစ္မျဖဳတ္ႏိုင္ခဲ့သည့္
ဗမာျပည္ ကြန္ျမဴနစ္ ပါတီ (ဗကပ) တို႔ကို
ေလာ္စစ္ဟန္က အျမစ္ျဖဳတ္ ေပးခဲ့သျဖင့္ ေက်းဇူး
အထူးတင္ ေနေသာေၾကာင့္ သူေကာင္းျပဳထားျခင္း
လည္း ျဖစ္မည္ထင္သည္။

ေလာ္စစ္ဟန္၏ သားျဖစ္သူ စတီဗင္ေလာ (ျမန္မာ
အမည္ ထြန္းျမင့္ႏိုင္) သည္ စင္ကာပူသူ တစ္ဦး
ျဖစ္သည့္ Cecila Ng ႏွင့္ ၁၉၉၆ ခုႏွစ္တြင္ လက္
ထပ္ခဲ့သည္။ ျမန္မာႏိုင္ငံ ေဆာက္ လုပ္ေရး လုပ္
ငန္းမ်ားအျပင္ စြမ္းအင္က႑အတြက္ပါ လုပ္ငန္း
မ်ားရၿပီး ေဒၚလာသန္းေပါင္းမ်ားစြာ ရင္းႏွီးျမႇဳပ္ႏွံ
လုပ္ကိုင္ခဲ့ၾကသည္။


၂၀၀၈ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ျမန္မာႏိုင္ငံအတြင္း
နာဂစ္မုန္တိုင္းဒဏ္ကို ခါးသီးစြာ ခံစာ လိုက္ရသည္။
အေမရိကန္ အစိုးရသည္ ေလာ္စစ္ဟန္၊ သူ႔ သား၊
ေခြၽးမ အပါအဝင္ စင္ကာပူ ႏိုင္ငံအတြင္း သူတို႔ႏွင့္
ဆက္စပ္ေနသည့္ ကုမၸဏီေပါင္း ၁၀ ခုကို စစ္အာ
ဏာရွင္ ခ႐ိုနီအုပ္စုစာရင္းသြင္းကာ စီးပြားေရးပိတ္
ဆို႔မႈမ်ား ျပဳလုပ္လိုက္သည္။

ေအးရွားေဝါလ္ ကုမၸဏီသည္ တ႐ုတ္-ျမန္မာ ေရနံ
ႏွင့္ ဓာတ္ေငြ႕ပိုက္လိုင္း စီမံကိန္းတြင္ ရင္းႏွီးျမႇဳပ္ႏွံ
မႈ ေပါင္းမ်ားစြာႏွင့္ လုပ္ကိုင္ခြင့္ ရရွိခဲ့သည္။ အထူး
သျဖင့္ ေက်ာက္ျဖဴေရနက္ကြင္း စီမံကိန္းတြင္ျဖစ္
သည္။ ထို႔ျပင္ အျငင္းပြားေနေသာ ျမစ္ဆုံ ေရအား
လွ်ပ္စစ္ စီမံကိန္းႏွင့္ တာဆန္း ေရအားလွ်ပ္စစ္ စီမံ
ကိန္းတို႔တြင္လည္း သူတို႔ပါဝင္ပတ္သက္မႈ ရွိေနျပန္
္သည္။

စတီဗင္ေလာသည္ ျမန္မာႏိုင္ငံရွိ လုပ္ငန္းမ်ားကို
ႀကီးၾကပ္ကြပ္ကဲေနၿပီး၊ သားမ်ားက ထိုင္း၊ စင္ကာပူ
ႏွင့္ ထိုင္ဝမ္တို႔တြင္ စီးပြားေရးလုပ္ငန္းမ်ားကို လုပ္
ေဆာင္ေနၾကသည္။ စတီဗင္ေလာသည္ သမၼတ
ဦးသိန္းစိန္၏ ပထမဦးဆုံး တ႐ုတ္ျပည္ခရီးစဥ္တြင္
လိုက္ပါခြင့္ရခဲ့သူ ျဖစ္သည္။

၂၀၁၃ ခုႏွစ္၊ ဇူလိုင္လ ၆ ရက္ေန႔ တစ္ခ်ိန္က ဘိန္း
ဘုရင္ ျဖစ္ခဲ့ၿပီး၊ အလြန္ခ်မ္းသာသည့္ ျမန္မာ့သူေဌး
ႀကီးတစ္ဦးလည္း ျဖစ္ခဲ့သူ ေလာ္စစ္ဟန္သည္
အသက္ ၈၀ အ႐ြယ္တြင္ ကြယ္လြန္သြားခဲ့သည္။
သူ ကြယ္လြန္ ခဲ့ခ်ိန္တြင္ ဇနီး၊ သား ေလးေယာက္၊
သမီး ေလးေယာက္ ႏွင့္ ေျမး ၁၆ ေယာက္တို႔ က်န္
ခဲ့သည္။

Ref: Burma in Revolt Opium and Insurgency
Since 1948, Bertil Lintner
The Golden Triangle Opium Trade: An
Overview, Bertil Lintner
BurmaDemocracy

ေငြစိုး

No comments: