Monday, August 24, 2020

SSD ဆိုတာဘာလဲ?



ခုတလော Page မှာ တော်တော်များများမေးကြတာက SSD ပါတဲ့ မော်ဒယ်ရှိလား  ဒါမှမဟုတ် SSD ထပ်စိုက်လို့ရလား စတဲ့ မေးခွန်းတွေဖြစ်ပါတယ်..
အဓိပ္ပာယ်က လေးလံနှေးကွေးတဲ့ HDD တွေကို လူတွေ သိပ်သဘောမကျတော့တာမျိုးပါ..
Flash-based memory ကိုအသုံးပြုထားတဲ့ SSD တွေက  မကြာခင် ကွန်ပျုတာတွေရဲ့ Storage Device
နေရာမှာ HDD တွေအစား  အစားထိုးဝင်ရောက်လာတော့မှာပါ..

ဒီလို အစားထိုးဝင်ရောက်လာမယ့် SSD တွေအကြောင်း သိသင့်တဲ့အချက်အလက်တစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်...

SSD ဆိုတာဘာလဲ?
===============

SSD ရဲ့ အရှည်ကောက်က Solid State Drive ဆိုတာတော့ သိကြမှာပါ..
အရင်တုန်းက  Data တွေကို mechanical hard drives လို့ခေါ်တဲ့ HDD ထဲမှာသိမ်းပါတယ်..
HDD တစ်လုံးရဲ့ အလုပ်လုပ်ပုံကိုအရင်ရှင်းပြပါမယ်..
HDD တွေကို သံလိုက်ပြားတွေနဲ့ဖွဲ့စည်းထားပြီး data တွေကို အဲ့သံလိုက်ပြားတွေပေါ်မှာ binary စနစ်ဖြစ်တဲ့
 0 , 1 နဲ့ အကန့်ခွဲပြီးသိမ်းပါတယ်။ ဒီ Data တွေကိုသိမ်းဆည်းဖို့ ဖတ်ရှုဖို့အတွက် မောင်းတံလို အချောင်းလေးတစ်ခုပါပြီး သံလိုက်ပြားကိုလည်ပတ်စေတာပါ..
HDD တွေမှာပါတဲ့  5600 RPM , 7700 RPM စတာတွေက အဲ့သံလိုက်ပြားရဲ့လည်ပတ်နှုန်းဖြစ်ပြီး ပိုမြန်လေ
ပိုကောင်းလေပါပဲ..
ဆိုတော့ ပြောရရင် HDD တွေဟာ mechanical လို့ခေါ်တဲ့ ရုပ်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အလွယ်တကူပျက်စီးနိုင်ပါတယ်..

SSD ကတော့ အဲ့လိုမဟုတ်ပါဘူး..
HDD မှာလို့ mechanical parts တွေမပါဝင်တဲ့အတွက် ပျက်စီးနိုင်ခြေနည်းပါတယ်..
နောက်ပြီး အလုပ်လုပ်တဲ့ ပုံစံကလည်း HDD နဲ့ အများကြီးကွာခြားပါတယ်..
Data တွေသိမ်းဖို့အတွက် သံလိုက်ပြားတွေမသုံးဘဲ NAND Flash memory လို့ခေါ်တဲ့ chip ပြားပေါ်မှာ Electronic Signal အနေနဲ့သိမ်းပါတယ်..
SSD ရဲ့အလုပ်လုပ်တဲ့ ပုံစံက RAM တွေနဲ့နည်းနည်းဆင်ပါတယ်
RAM တွေမှာက Volatile Memory လို့ခေါ်တဲ့ ပါဝါပိတ်လိုက်ရင် ပျောက်သွားတဲ့ memory chip တွေ ကို သုံးပါတယ်။ SSD မှာကျ Non-Volatile Memory လို့ခေါ်တဲ့ ပါဝါပိတ်လိုက်လည်း ဆက်လက်သိမ်းဆည်းပေးထားတဲ့  memory chip တွေကို သုံးပါတယ်။
ဒီလို electronic signal အနေနဲ့သိမ်းတဲ့အတွက် Data သိမ်းတာ ၊ ဖတ်တာ တွေမှာ ပိုမြန်သွားပြီး HDD တွေနဲ့ အဓိကကွာခြားချက်ဖြစ်သွားပါတယ်။

အစောပိုင်း 1950 , 1970 နဲ့ 1980 ကာလတွေမှာ SSD နဲ့ဆင်တဲ့နည်းပညာကို high-end supercomputer တွေမှာပဲအသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် ဈေးအရမ်းကြီးပြီး storage capacity ကလည်း
2MB~20MBs လောက်အထိပဲဆံ့တဲ့အတွက် 1990 မတိုင်ခင်အထိ လူတိုင်းသုံးနိုင်တဲ့အရာမဟုတ်သေးပါဘူး။ အဓိကအသုံးပြုခဲ့တာက စစ်တပ်နည်းပညာဆိုင်ရာတွေနဲ့ အာကာသ လေ့လာရေးနေရာတွေမှာပါ။
1990 အစောပိုင်းမှာတော့ နည်းပညာတီထွင်ဆန်းသစ်မှုတွေနဲ့အတူ SSD ဈေးနှုန်းတွေကျလာပါတယ်။
ဒါပေမယ့် သက်တမ်းနဲ့အရွယ်အစားက ပြဿနာဖြစ်နေဆဲပါ….

SSD တွေကို ဘယ်လိုနေရာမှာအသုံးပြုလဲ?
===============================

👉 Business

Programming Companies  တွေ ၊ Data Analysis Companies တွေ စတဲ့  data အမြောက်အများနဲ့ အလုပ်လုပ်ရတဲ့ companies တွေမှာ SSD က မရှိမဖြစ်ပါ..

👉 Gaming

ထူးထူးခြားခြားပြောနေစရာတောင်မလိုပါဘူး ..Performance က အဓိကဖြစ်တဲ့ Gaming Computer တွေမှာ
ဘယ်သူမှ HDD မသုံးပါဘူး။

👉 Mobility

Luxury Laptop တွေမှာ အဓိကအချက်ဖြစ်တဲ့ battery ကြာရှည်ခံဖို့ဆိုရင် power အသုံးနည်းတဲ့ SSD တွေကမပါမဖြစ်ပါပဲ..နောက်ပြီး SSD တွေက HDD တွေထက် shock resistant ပိုကောင်းတဲ့အတွက်
မတော်တဆပြုတ်ကျတဲ့ အန္တာရယ်ကနေလည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။

👉 Servers

Enterprise server တွေမှာ client pc တွေကို မြန်မြန်ဆန်ဆန်အလုပ်လုပ်ပေးနိုင်ဖို့တွက် SSD တွေကိုသုံးပါတယ်။

SSD အမျိုးအစားများ
===============

သင့် Computer ကို SSD upgrade လုပ်တော့မယ်ဆိုရင်ဒီတိုင်းနဲ့ မပြီးပါဘူး..
SSD မှာမှ အမျိုးအစားတွေကွဲပါသေးတယ်။ mSATA လား ၊ PCIe လား အစရှိသဖြင့်ပါ..
ဒီနေရာမှာ တစ်ခုရှင်းပြချင်တာက interface လို့ခေါ်တဲ့ SSD တွေရဲ့ချိတ်ဆက်ပုံစနစ်ပါ ..
သင့် computer မှာ support လုပ်တဲ့ interface နဲ့ ကိုက်ညီတဲ့ SSD ကိုပဲ upgrade လုပ်နိုင်မှာဖြစ်ပါတယ်။
ဒါဆို Interface တွေအကြောင်း အကျဉ်းချုံးရှင်းပြပါမယ်.

👉 PCIe & NVMe SSDs

PCI Express လို့ခေါ်တဲ့ PCIe interface က graphics card , network card  နဲ့ တခြား high performance device တွေဆီတိုက်ရိုက်ချိတ်ဆက်ထားတာကြောင့် CPU တွေ RAM တွေနဲ့ ချိတ်ရာမှာ ပိုမြန်ပြီး အကောင်းဆုံးစွမ်းဆောင်ရည်ကိုရရှိမှာပါ။ နောက်ပြီး  PCIe interface က Nonvolatile Memory Express Standard လို့ခေါ်တဲ့ NVMe မှာအခြေခံတဲ့အတွက် IOPS လို့ခေါ်တဲ့ input output per second ကမြင့်မားပြီး
SATA 3 တွေထက် latency ပိုနည်းပါတယ်။ SATA 3 ထက်ပိုကောင်းတယ်ဆိုတဲ့ သဘောပါ..

👉 mSATA III, SATA III, and traditional SSDs

Serial Advanced Technology Attachment လို့ အရှည်ခေါ်တဲ့ SATA  ဟာ Data တွေ သိမ်းဆည်းဖို့ သပ်သပ် ဖန်တီးထားတဲ့ old interface ဖြစ်ပါတယ်။  သာမန် SSD အများစုဟာ SATA 3 interface နဲ့ပဲ motherboard ပေါ်ကို ချိတ်ဆက်ထားပါတယ်။ SATA III ရဲ့ သီအိုရီအရ အမြန်ဆုံး speed ဟာ 6.0Gbps
ဖြစ်ပြီး Megabyte နဲ့ဆိုရင် တစ်စက္ကန့်ကို 750 မီဂါဘိုက်ပါ။ ဒါပေမယ့် တကယ်တမ်း read/write test လုပ်ရင် အဲဒီလောက် မထွက်ပါဘူး။ ဆိုတော့ SATA III တွေဟာ PCIe ထက်ပိုနိမ့်ပါတယ်။
ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် HDD သုံးထားတာထက်တော့ ပိုမြန်နေပါသေးတယ်..

ဒီလောက်ဆို SSD တွေအကြောင်း နဲ့ အလုပ်လုပ်ပုံကို အပြည့်စုံဆုံး မဟုတ်တောင် အနည်းအကျဉ်လောက်တော့ နားလည်သွားမယ်လို့ထင်ပါတယ်..

Ref : google
Credit: SLN Myanmar

#knowledgesharing
#aboutSSD
#sln

(Zawgyi)


ခုတေလာ Page မွာ ေတာ္ေတာ္မ်ားမ်ားေမးၾကတာက SSD ပါတဲ့ ေမာ္ဒယ္ရွိလား  ဒါမွမဟုတ္ SSD ထပ္စိုက္လို့ရလား စတဲ့ ေမးခြန္းေတြျဖစ္ပါတယ္..
အဓိပၸာယ္က ေလးလံေႏွးေကြးတဲ့ HDD ေတြကို လူေတြ သိပ္သေဘာမက်ေတာ့တာမ်ိဳးပါ..
Flash-based memory ကိုအသုံးျပဳထားတဲ့ SSD ေတြက  မၾကာခင္ ကြန္ပ်ဳတာေတြရဲ့ Storage Device
ေနရာမွာ HDD ေတြအစား  အစားထိုးဝင္ေရာက္လာေတာ့မွာပါ..

ဒီလို အစားထိုးဝင္ေရာက္လာမယ့္ SSD ေတြအေၾကာင္း သိသင့္တဲ့အခ်က္အလက္တစ္ခ်ိဳ့ကိုေဖာ္ျပေပးလိုက္ပါတယ္...

SSD ဆိုတာဘာလဲ?
===============

SSD ရဲ့ အရွည္ေကာက္က Solid State Drive ဆိုတာေတာ့ သိၾကမွာပါ..
အရင္တုန္းက  Data ေတြကို mechanical hard drives လို့ေခၚတဲ့ HDD ထဲမွာသိမ္းပါတယ္..
HDD တစ္လုံးရဲ့ အလုပ္လုပ္ပုံကိုအရင္ရွင္းျပပါမယ္..
HDD ေတြကို သံလိုက္ျပားေတြနဲ႔ဖြဲ႕စည္းထားၿပီး data ေတြကို အဲ့သံလိုက္ျပားေတြေပၚမွာ binary စနစ္ျဖစ္တဲ့
 0 , 1 နဲ႔ အကန႔္ခြဲၿပီးသိမ္းပါတယ္။ ဒီ Data ေတြကိုသိမ္းဆည္းဖို့ ဖတ္ရွုဖို့အတြက္ ေမာင္းတံလို အေခ်ာင္းေလးတစ္ခုပါၿပီး သံလိုက္ျပားကိုလည္ပတ္ေစတာပါ..
HDD ေတြမွာပါတဲ့  5600 RPM , 7700 RPM စတာေတြက အဲ့သံလိုက္ျပားရဲ့လည္ပတ္ႏွုန္းျဖစ္ၿပီး ပိုျမန္ေလ
ပိုေကာင္းေလပါပဲ..
ဆိုေတာ့ ေျပာရရင္ HDD ေတြဟာ mechanical လို့ေခၚတဲ့ ႐ုပ္ပစၥည္းေတြနဲ႔ ျပဳလုပ္ထားတာျဖစ္ၿပီး အလြယ္တကူပ်က္စီးနိုင္ပါတယ္..

SSD ကေတာ့ အဲ့လိုမဟုတ္ပါဘူး..
HDD မွာလို့ mechanical parts ေတြမပါဝင္တဲ့အတြက္ ပ်က္စီးနိုင္ေျခနည္းပါတယ္..
ေနာက္ၿပီး အလုပ္လုပ္တဲ့ ပုံစံကလည္း HDD နဲ႔ အမ်ားႀကီးကြာျခားပါတယ္..
Data ေတြသိမ္းဖို့အတြက္ သံလိုက္ျပားေတြမသုံးဘဲ NAND Flash memory လို့ေခၚတဲ့ chip ျပားေပၚမွာ Electronic Signal အေနနဲ႔သိမ္းပါတယ္..
SSD ရဲ့အလုပ္လုပ္တဲ့ ပုံစံက RAM ေတြနဲ႔နည္းနည္းဆင္ပါတယ္
RAM ေတြမွာက Volatile Memory လို့ေခၚတဲ့ ပါဝါပိတ္လိုက္ရင္ ေပ်ာက္သြားတဲ့ memory chip ေတြ ကို သုံးပါတယ္။ SSD မွာက် Non-Volatile Memory လို့ေခၚတဲ့ ပါဝါပိတ္လိုက္လည္း ဆက္လက္သိမ္းဆည္းေပးထားတဲ့  memory chip ေတြကို သုံးပါတယ္။
ဒီလို electronic signal အေနနဲ႔သိမ္းတဲ့အတြက္ Data သိမ္းတာ ၊ ဖတ္တာ ေတြမွာ ပိုျမန္သြားၿပီး HDD ေတြနဲ႔ အဓိကကြာျခားခ်က္ျဖစ္သြားပါတယ္။

အေစာပိုင္း 1950 , 1970 နဲ႔ 1980 ကာလေတြမွာ SSD နဲ႔ဆင္တဲ့နည္းပညာကို high-end supercomputer ေတြမွာပဲအသုံးျပဳခဲ့ပါတယ္။ ဒါေပမယ့္ ေဈးအရမ္းႀကီးၿပီး storage capacity ကလည္း
2MB~20MBs ေလာက္အထိပဲဆံ့တဲ့အတြက္ 1990 မတိုင္ခင္အထိ လူတိုင္းသုံးနိုင္တဲ့အရာမဟုတ္ေသးပါဘူး။ အဓိကအသုံးျပဳခဲ့တာက စစ္တပ္နည္းပညာဆိုင္ရာေတြနဲ႔ အာကာသ ေလ့လာေရးေနရာေတြမွာပါ။
1990 အေစာပိုင္းမွာေတာ့ နည္းပညာတီထြင္ဆန္းသစ္မွုေတြနဲ႔အတူ SSD ေဈးႏွုန္းေတြက်လာပါတယ္။
ဒါေပမယ့္ သက္တမ္းနဲ႔အရြယ္အစားက ျပႆနာျဖစ္ေနဆဲပါ….

SSD ေတြကို ဘယ္လိုေနရာမွာအသုံးျပဳလဲ?
===============================

👉 Business

Programming Companies  ေတြ ၊ Data Analysis Companies ေတြ စတဲ့  data အေျမာက္အမ်ားနဲ႔ အလုပ္လုပ္ရတဲ့ companies ေတြမွာ SSD က မရွိမျဖစ္ပါ..

👉 Gaming

ထူးထူးျခားျခားေျပာေနစရာေတာင္မလိုပါဘူး ..Performance က အဓိကျဖစ္တဲ့ Gaming Computer ေတြမွာ
ဘယ္သူမွ HDD မသုံးပါဘူး။

👉 Mobility

Luxury Laptop ေတြမွာ အဓိကအခ်က္ျဖစ္တဲ့ battery ၾကာရွည္ခံဖို့ဆိုရင္ power အသုံးနည္းတဲ့ SSD ေတြကမပါမျဖစ္ပါပဲ..ေနာက္ၿပီး SSD ေတြက HDD ေတြထက္ shock resistant ပိုေကာင္းတဲ့အတြက္
မေတာ္တဆျပဳတ္က်တဲ့ အႏၲာရယ္ကေနလည္း ကာကြယ္ၿပီးသားျဖစ္ပါတယ္။

👉 Servers

Enterprise server ေတြမွာ client pc ေတြကို ျမန္ျမန္ဆန္ဆန္အလုပ္လုပ္ေပးနိုင္ဖို့တြက္ SSD ေတြကိုသုံးပါတယ္။

SSD အမ်ိဳးအစားမ်ား
===============

သင့္ Computer ကို SSD upgrade လုပ္ေတာ့မယ္ဆိုရင္ဒီတိုင္းနဲ႔ မၿပီးပါဘူး..
SSD မွာမွ အမ်ိဳးအစားေတြကြဲပါေသးတယ္။ mSATA လား ၊ PCIe လား အစရွိသျဖင့္ပါ..
ဒီေနရာမွာ တစ္ခုရွင္းျပခ်င္တာက interface လို့ေခၚတဲ့ SSD ေတြရဲ့ခ်ိတ္ဆက္ပုံစနစ္ပါ ..
သင့္ computer မွာ support လုပ္တဲ့ interface နဲ႔ ကိုက္ညီတဲ့ SSD ကိုပဲ upgrade လုပ္နိုင္မွာျဖစ္ပါတယ္။
ဒါဆို Interface ေတြအေၾကာင္း အက်ဥ္းခ်ဳံးရွင္းျပပါမယ္.

👉 PCIe & NVMe SSDs

PCI Express လို့ေခၚတဲ့ PCIe interface က graphics card , network card  နဲ႔ တျခား high performance device ေတြဆီတိုက္ရိုက္ခ်ိတ္ဆက္ထားတာေၾကာင့္ CPU ေတြ RAM ေတြနဲ႔ ခ်ိတ္ရာမွာ ပိုျမန္ၿပီး အေကာင္းဆုံးစြမ္းေဆာင္ရည္ကိုရရွိမွာပါ။ ေနာက္ၿပီး  PCIe interface က Nonvolatile Memory Express Standard လို့ေခၚတဲ့ NVMe မွာအေျခခံတဲ့အတြက္ IOPS လို့ေခၚတဲ့ input output per second ကျမင့္မားၿပီး
SATA 3 ေတြထက္ latency ပိုနည္းပါတယ္။ SATA 3 ထက္ပိုေကာင္းတယ္ဆိုတဲ့ သေဘာပါ..

👉 mSATA III, SATA III, and traditional SSDs

Serial Advanced Technology Attachment လို့ အရွည္ေခၚတဲ့ SATA  ဟာ Data ေတြ သိမ္းဆည္းဖို့ သပ္သပ္ ဖန္တီးထားတဲ့ old interface ျဖစ္ပါတယ္။  သာမန္ SSD အမ်ားစုဟာ SATA 3 interface နဲ႔ပဲ motherboard ေပၚကို ခ်ိတ္ဆက္ထားပါတယ္။ SATA III ရဲ့ သီအိုရီအရ အျမန္ဆုံး speed ဟာ 6.0Gbps
ျဖစ္ၿပီး Megabyte နဲ႔ဆိုရင္ တစ္စကၠန႔္ကို 750 မီဂါဘိုက္ပါ။ ဒါေပမယ့္ တကယ္တမ္း read/write test လုပ္ရင္ အဲဒီေလာက္ မထြက္ပါဘူး။ ဆိုေတာ့ SATA III ေတြဟာ PCIe ထက္ပိုနိမ့္ပါတယ္။
ဒါေပမယ့္ ဘယ္လိုပဲျဖစ္ျဖစ္ HDD သုံးထားတာထက္ေတာ့ ပိုျမန္ေနပါေသးတယ္..

ဒီေလာက္ဆို SSD ေတြအေၾကာင္း နဲ႔ အလုပ္လုပ္ပုံကို အျပည့္စုံဆုံး မဟုတ္ေတာင္ အနည္းအက်ဥ္ေလာက္ေတာ့ နားလည္သြားမယ္လို့ထင္ပါတယ္..

Ref : google
Credit: SLN Myanmar

#knowledgesharing
#aboutSSD
#sln

No comments: