Monday, August 17, 2020

ကလေးများ အသက်အရွယ်အလိုက် လိင်ပညာပေး သင်ကြားနည်း

ကလေးများ အသက်အရွယ်အလိုက် လိင်ပညာပေး သင်ကြားနည်း


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

လိင်ပညာပေးကို မကြာခင်မှာ ကျောင်းစာတွေမှာ ထည့်သွင်းဖို့ ပြင်ဆင်နေကြပါပြီ။ ဒါဟာ ကောင်းတဲ့အချက်ပါပဲ။ မီးဆိုတာ ပူမှန်းသိမှ ရှောင်ရကောင်းမှန်း နားလည်မှာလေ။ ခုလက်ရှိကတော့ ဆယ်တန်းမှာ သင်ဖို့ ပြောထားကြပါတယ်။ နောက်ပိုင်းကျရင်တော့ ဒီထက်ငယ်တဲ့ အရွယ်မှာလည်း သင်လာလိမ့်မယ်လို့ ထင်ပါတယ်။

တကယ်တော့ လိင်ပညာပေးကို ဘယ်အရွယ်ကစသင်ရမလဲဆိုတော့ သူများနိုင်ငံတွေမှာတော့ ကလေးက  ပြောတာကို နားလည်တယ်ဆိုတာနဲ့ သင်ပေးလို့ရပါပြီတဲ့။ ကလေးတွေရဲ့ နားလည်နိုင်စွမ်းပေါ်မူတည်ပြီး တဖြည်းဖြည်း တိုးသင်သွားတာပါ။

လိင်စော်ကားခံရတယ်ဆိုတာ အသက်အရွယ်မရွေး ကျားမမရွေး ဖြစ်နိုင်တယ်ဆိုတာ အားလုံး မြင်နေ ကြားနေရပါတယ်။ ဒါကြောင့် ကလေးတွေကို ကိုယ့်ကိုယ်ကို ကာကွယ်တတ်အောင် စောစောသင်ထားနိုင်ရင် အကောင်းဆုံးပါပဲ။

နောက်တစ်ခုက လိင်ပညာပေးဆိုတာ ကျောင်းက ဆရာ၊ ဆရာမတွေပဲ သင်ပေးရတာ မဟုတ်ပါဘူး။ ကလေးငယ်လေးတွေနဲ့ အရင်ဆုံးထိတွေ့ရမှာ အိမ်က မိဘတွေပါ။ ဒါပေမယ့် စစချင်းဆို ဘယ်လိုသင်ရမလဲဆိုတာ အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် နည်းလမ်းလေးတွေ ပြောပြပေးပါမယ်။

မွေးစကနေ ၂နှစ်အထိ
ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ နာမည်ကို သင်ပေးပါ။ လိင်အင်္ဂါ အပါအဝင်ပေါ့။ ပြီးတော့ ဒါတွေက ကိုယ့်ကိုယ့်ကို ထိတွေ့ကိုင်တွယ်လို့ရကြောင်း ပြောပြထားပါ။ ရေချိုးရင်းနဲ့ ထိတွေ့ကိုင်တွယ်ပေးလိုက်ပါ။ နည်းနည်းလေး နားလည်နိုင်ရင် ဒါက ယောကျာ်းလေးဆို ဒါရှိတယ်၊ မိန်းကလေးဆို ဒါရှိတယ် စသဖြင့် ပြောပြပေးပါ။

ဘယ်အစိတ်အပိုင်းက ဘာလုပ်တယ်ဆိုတာ ပြောပြထားပါ။ ဥပမာ ဒါက အင်းအင်းပါတဲ့နေရာ၊ ဒါက ရှူးရှူးပေါက်တဲ့နေရာ စသဖြင့်။ နောက်ပြီး ကလေးတွေက ကိုယ်တုံးလုံးချွတ်နဲ့ လျှောက်ဆော့တတ်ပါတယ်။ ဘယ်နေရာမှာတော့ ချွတ်လို့ရတယ်။ ဘယ်နေရာမှာတော့ မရဘူးဆိုတာ ရှင်းပြထားပါ။

တကယ်ဆို လိင်ပညာပေးတောင် မဟုတ်သေးပါဘူး။ ကလေးတွေကို သူ့တို့ရဲ့ ကိုယ်အင်္ဂါတွေအကြောင်း ရင်းရင်းနှီးနှီး သိစေချင်တာပါ။ ပြီးတော့ လိင်အင်္ဂါတွေကိုလည်း ရှက်မနေဘဲ တခြား အစိတ်အပိုင်းတွေနဲ့ တူတူပဲဆိုတာ သိစေချင်တာပါ။

၂နှစ်ကနေ ၅နှစ်
ဒီအရွယ်ဆိုရင်တော့ မိန်းကလေးနဲ့ ယောကျာ်းလေး ဘာကွာလဲ ပြောပြလို့ရပါပြီ။ ဥပမာ ကောင်လေးတွေမှာ ဒီလိင်အင်္ဂါရှိတယ်၊ ကောင်မလေးတွေနဲ့မတူဘူး။ ဒါပေမယ့် အားလုံးမှာ ခြေတွေ၊ လက်တွေ ရှိတာချင်း တူတူပဲ။ တစ်ယောက်နဲ့ တစ်ယောက် မတူလို့လဲ ဘာမှမဖြစ်ဘူး။ ဒါဟာ သဘာဝပဲ ဆိုတာ ရှင်းပြရပါမယ်။
နောက်ပြီးတော့ privacyလို့ ခေါ်တဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပြောပြပေးရပါမယ်။ တချို့သော အစိတ်အပိုင်းတွေက လူတိုင်းမြင်အောင် ပြဖို့ မလိုကြောင်းပေါ့။ ဘယ်နေရာမှာတော့ အင်္ကျီချွတ်လို့ရတယ်၊ ဘယ်နေရာမှာတော့ မရဘူးဆိုတာမျိုး။

သူများရဲ့ လွတ်လပ်ခွင့်ကိုလည်း လေးစားဖို့လိုကြောင်း သင်ပေးထားပါ။ တစ်ယောက်ယောက်က အိမ်သာတံခါး ပိတ်ထားရင် ဆွဲမဖွင့်ဘဲ အရင်ဆုံး တံခါးခေါက်ဖို့လိုကြောင်း ပြောပြထားပါ။
ကိုယ့်ရဲ့ အစိတ်အပိုင်းတွေကို ထိတွေ့တဲ့အခါလည်း ဒီလိုပါပဲ။ ဘယ်အချိန်၊ ဘယ်နေရာမှာ ကိုင်တွယ်လို့ရကြောင်း ပြောထားပေးပါ။ ဥပမာ အိမ်သာတက်ပြီးလို့ အိမ်သာထဲမှာ သန့်ရှင်းရေးလုပ်တာက ပြဿနာ မရှိပေမယ့် လူကြားထဲမှာ ကိုယ့်ရဲ့ လိင်အင်္ဂါကို မကိုင်ပြရဘူးဆိုတာ သင်ပေးထားပါ။

နောက်ပြီး ကလေးအချင်းချင်းဆော့လို့ ဒီနေရာတွေကို ထိတွေ့နေတာတွေ့ရင် ကောင်းကောင်းမွန်မွန်ပြောပြီး တားမြစ်ပါ။ ဒါဟာ လူတိုင်းကို အလွယ်တကူပေးထိလို့မရကြောင်း နားလည်အောင် ရှင်းပြပါ။

ဒီအရွယ်ဆို မေမေတွေ ခေါင်းအစားရဆုံး မေးခွန်းက သားသားဘယ်ကရောက်လာသလဲဆိုတာပါပဲ။ ဒီအတွက်တော့ စိတ်မပူပါနဲ့။ ခွေးတွေမှာ ပါပီလေးတွေ ရှိသလို လူတွေမှာလဲ လူသေးသေးလေးတွေ ရှိတာပေါ့၊ သားသားက မေမေ့ဗိုက်ထဲကနေ အပြင်ကို ထွက်လာတာလို့ ရှင်းပြပေးနိုင်ပါတယ်။

သူတို့ရဲ့ ခန္ဓာကိုယ်ကို လေးစားတတ်အောင် သင်ပေးပါ။ သင်က သူ့ကို နမ်းရှုံ့ချင်တယ်၊ ဖက်ချင်တယ်ဆိုရင် အရင်ခွင့်တောင်းပါ။ သူမကြိုက်ရင် မလုပ်ပါနဲ့။ ဒါမှ သူများကို လေးစားရကောင်းမှန်း သိမှာပါ။

၅နှစ်ကနေ ၈နှစ်
သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး ပိုသိအောင် ပြောပြလို့ရပါပြီ။ ဥပမာ သားအိမ်၊ သားဥပြွန်၊ ဆီးလမ်းကြောင်း စသဖြင့်ပေါ့။
လူပျိုဖော်၊ အပျိုဖော်ဝင်စ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် ကြီးထွားပုံခြင်း မတူကြတော့ပါဘူး။ ဘယ်လိုပဲ ပိန်တာ၊ ဝတာ၊ ပုတာ၊ ရှည်တာ မတူပေမယ့် အားလုံးက တူတူပဲ ဖြစ်ကြောင်း၊ မခွဲခြားသင့်ကြောင်း သင်ပေးပါ။

စိတ်ပိုင်းဆိုင်ရာပြောင်းလဲတာ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ကြုံရနိုင်တာကြောင့် ဒါဟာ လူပျိုဖော်၊ အပျိုဖော်ဝင်လို့  ဖြစ်ရတယ်ဆိုတဲ့အကြောင်း ရှင်းပြထားပါ။ ပြောင်းလဲလာတဲ့သူတို့ကိုလည်း နားလည်ပေးပါ။

ခုချိန်မှာတော့ သူတို့မေးတဲ့ ကလေးလေး ဘယ်ကလာသလဲဆိုတဲ့ မေးခွန်းကို ဖြေလို့ရပါပြီ။ ကောင်မလေးရဲ့ မျိုးဥလေးနဲ့ ကောင်လေးရဲ့ သုက်ကောင်လေး လိင်ဆက်ဆံရာက ပေါင်းပြီး ဖြစ်လာတဲ့ဆိုတဲ့ အကြောင်းပေါ့။

ဒါပေမယ့် လူကြီးဖြစ်မှ လိင်ဆက်ဆံတာ၊ ပွေ့ဖက်နမ်းရှုံ့တာတွေက လုပ်လို့ရကြောင်း၊ ခုလုပ်လို့ မရသေးကြောင်းကိုပါ တစ်ခါတည်း ရှင်းပြထားပါ။ တစ်ယောက်ယောက်က လာလုပ်ရင်လည်း ငြင်းဆန်နိုင်ကြောင်း သင်ပေးပါ။

နောက်တစ်ခုက ဒီအရွယ်ဆို တချို့ကလေးတွေက အာသာဖြေတတ်နေပါပြီ။ အပြာကားတွေ ကြည့်တတ်နေပါပြီ။ အာသာဖြေတာ အပြစ်မဟုတ်ပေမယ့် ဘယ်အချိန်၊ ဘယ်နေရာမှာပဲ လုပ်သင့်တယ်၊ ကိုယ့်ကိုယ်ကို ထိခိုက်အောင် မလုပ်သင့်ဘူးဆိုတာကို ပြောပြထားပါ။ အပြာကားတွေဆိုတာလည်း ကြည့်လို့မဖြစ်တာ မဟုတ်ပေမယ့် လက်တွေ့ဘဝနဲ့ တော်တော်ကွာခြားကြောင်း ရှင်းပြထားပါ။

ဖုန်းလည်း သုံးနေပြီဖြစ်တဲ့အတွက် မသိတဲ့သူက ကိုယ်ရဲ့ လိင်အင်္ဂါပုံတွေ ပို့ခိုင်းရင် ဒါမှမဟုတ် သူ့ပုံတွေ ပို့ရင်၊ အပြင်မှာ တွေ့ဖို့ချိန်းရင်၊ ဖုန်းဆက်နှောင့်ယှက်ရင် လူကြီးတွေကို အသိပေးဖို့ပြောထားပါ။

၉နှစ်ကနေ ၁၂နှစ်
မိန်းကလေးတွေဆို ရာသီလာတာနဲ့ ပတ်သတ်လို့ ရှင်းပြဖို့ လိုပါပြီ။ ရာသီလာတဲ့အချိန် ဘယ်လိုနေရမယ်၊ ဘယ်လို အပြောင်းအလဲတွေ ဖြစ်တတ်တယ်ဆိုပြီးတော့ပါ။ နောက်ပြီး ကိုယ်ဝန်ရနိုင်တဲ့အရွယ်ရောက်လာပြီဆိုတာ သိဖို့လိုနေပါပြီ။
သားယောကျာ်းလေးတွေကလည်း လိင်တံထောင်မတ်တာ၊ သုက်လွှတ်တာတွေအကြောင်း သိဖို့လိုပါပြီ။ သုက်ကောင်လေးတွေက ကလေးရအောင် လုပ်ပေးနိုင်တယ် ဆိုတာရောပေါ့။

နောက်ပြီး လိင်က ကူးစက်တတ်တဲ့ ရောဂါအကြောင်းတွေ၊ မလိုချင်ဘဲ ကိုယ်ဝန်ရနိုင်တဲ့အကြောင်းတွေ၊ သက်ငယ် ကိုယ်ဝန်ဆောင်ခြင်းရဲ့ အန္တရာယ်တွေ စတာတွေကိုလည်း ပြောပြရမှာပါ။ အန္တရာယ်ကို သိထားမှ ရှောင်နိုင်မှာ မို့လို့ပါ။

ကဲ ခုဆိုရင် ဘာတွေ ဘယ်လိုသင်ပေးရမလဲဆိုတာ ပြောပြလိုက်ပြီဆိုတော့ ဖေဖေ မေမေတို့က သင်ပေးဖို့ပဲ ကျန်တော့တာပေါ့။ လိင်ပညာပေးဆိုတာ ရိုင်းစိုင်း ကြမ်းတမ်းတဲ့ စကားလုံးတွေ မပါဘဲ သင်လို့ရတယ်ဆိုတာ သိကြပြီလို့ ထင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

(Zawgyi) 

ကေလးမ်ား အသက္အရြယ္အလိုက္ လိင္ပညာေပး သင္ၾကားနည္း


ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Phyowai Lynn
ေရးသားသူ Dr. Htet Htet Zaw Win

လိင္ပညာေပးကို မၾကာခင္မွာ ေက်ာင္းစာေတြမွာ ထည့္သြင္းဖို႔ ျပင္ဆင္ေနၾကပါၿပီ။ ဒါဟာ ေကာင္းတဲ့အခ်က္ပါပဲ။ မီးဆိုတာ ပူမွန္းသိမွ ေရွာင္ရေကာင္းမွန္း နားလည္မွာေလ။ ခုလက္ရွိကေတာ့ ဆယ္တန္းမွာ သင္ဖို႔ ေျပာထားၾကပါတယ္။ ေနာက္ပိုင္းက်ရင္ေတာ့ ဒီထက္ငယ္တဲ့ အရြယ္မွာလည္း သင္လာလိမ့္မယ္လို႔ ထင္ပါတယ္။

တကယ္ေတာ့ လိင္ပညာေပးကို ဘယ္အရြယ္ကစသင္ရမလဲဆိုေတာ့ သူမ်ားနိုင္ငံေတြမွာေတာ့ ကေလးက  ေျပာတာကို နားလည္တယ္ဆိုတာနဲ႔ သင္ေပးလို႔ရပါၿပီတဲ့။ ကေလးေတြရဲ့ နားလည္နိုင္စြမ္းေပၚမူတည္ၿပီး တျဖည္းျဖည္း တိုးသင္သြားတာပါ။

လိင္ေစာ္ကားခံရတယ္ဆိုတာ အသက္အရြယ္မေရြး က်ားမမေရြး ျဖစ္နိုင္တယ္ဆိုတာ အားလုံး ျမင္ေန ၾကားေနရပါတယ္။ ဒါေၾကာင့္ ကေလးေတြကို ကိုယ့္ကိုယ္ကို ကာကြယ္တတ္ေအာင္ ေစာေစာသင္ထားနိုင္ရင္ အေကာင္းဆုံးပါပဲ။

ေနာက္တစ္ခုက လိင္ပညာေပးဆိုတာ ေက်ာင္းက ဆရာ၊ ဆရာမေတြပဲ သင္ေပးရတာ မဟုတ္ပါဘူး။ ကေလးငယ္ေလးေတြနဲ႔ အရင္ဆုံးထိေတြ႕ရမွာ အိမ္က မိဘေတြပါ။ ဒါေပမယ့္ စစခ်င္းဆို ဘယ္လိုသင္ရမလဲဆိုတာ အခက္ေတြ႕နိုင္ပါတယ္။ ဒါေၾကာင့္ နည္းလမ္းေလးေတြ ေျပာျပေပးပါမယ္။

ေမြးစကေန ၂ႏွစ္အထိ
ခႏၶာကိုယ္အစိတ္အပိုင္းေတြရဲ့ နာမည္ကို သင္ေပးပါ။ လိင္အဂၤါ အပါအဝင္ေပါ့။ ၿပီးေတာ့ ဒါေတြက ကိုယ့္ကိုယ့္ကို ထိေတြ႕ကိုင္တြယ္လို႔ရေၾကာင္း ေျပာျပထားပါ။ ေရခ်ိဳးရင္းနဲ႔ ထိေတြ႕ကိုင္တြယ္ေပးလိုက္ပါ။ နည္းနည္းေလး နားလည္နိုင္ရင္ ဒါက ေယာက်ာ္းေလးဆို ဒါရွိတယ္၊ မိန္းကေလးဆို ဒါရွိတယ္ စသျဖင့္ ေျပာျပေပးပါ။

ဘယ္အစိတ္အပိုင္းက ဘာလုပ္တယ္ဆိုတာ ေျပာျပထားပါ။ ဥပမာ ဒါက အင္းအင္းပါတဲ့ေနရာ၊ ဒါက ရႉးရႉးေပါက္တဲ့ေနရာ စသျဖင့္။ ေနာက္ၿပီး ကေလးေတြက ကိုယ္တုံးလုံးခၽြတ္နဲ႔ ေလၽွာက္ေဆာ့တတ္ပါတယ္။ ဘယ္ေနရာမွာေတာ့ ခၽြတ္လို႔ရတယ္။ ဘယ္ေနရာမွာေတာ့ မရဘူးဆိုတာ ရွင္းျပထားပါ။

တကယ္ဆို လိင္ပညာေပးေတာင္ မဟုတ္ေသးပါဘူး။ ကေလးေတြကို သူ႔တို႔ရဲ့ ကိုယ္အဂၤါေတြအေၾကာင္း ရင္းရင္းႏွီးႏွီး သိေစခ်င္တာပါ။ ၿပီးေတာ့ လိင္အဂၤါေတြကိုလည္း ရွက္မေနဘဲ တျခား အစိတ္အပိုင္းေတြနဲ႔ တူတူပဲဆိုတာ သိေစခ်င္တာပါ။

၂ႏွစ္ကေန ၅ႏွစ္
ဒီအရြယ္ဆိုရင္ေတာ့ မိန္းကေလးနဲ႔ ေယာက်ာ္းေလး ဘာကြာလဲ ေျပာျပလို႔ရပါၿပီ။ ဥပမာ ေကာင္ေလးေတြမွာ ဒီလိင္အဂၤါရွိတယ္၊ ေကာင္မေလးေတြနဲ႔မတူဘူး။ ဒါေပမယ့္ အားလုံးမွာ ေျခေတြ၊ လက္ေတြ ရွိတာခ်င္း တူတူပဲ။ တစ္ေယာက္နဲ႔ တစ္ေယာက္ မတူလို႔လဲ ဘာမွမျဖစ္ဘူး။ ဒါဟာ သဘာဝပဲ ဆိုတာ ရွင္းျပရပါမယ္။
ေနာက္ၿပီးေတာ့ privacyလို႔ ေခၚတဲ့ ကိုယ္ပိုင္လြတ္လပ္ခြင့္ကို ေျပာျပေပးရပါမယ္။ တခ်ိဳ႕ေသာ အစိတ္အပိုင္းေတြက လူတိုင္းျမင္ေအာင္ ျပဖို႔ မလိုေၾကာင္းေပါ့။ ဘယ္ေနရာမွာေတာ့ အကၤ်ီခၽြတ္လို႔ရတယ္၊ ဘယ္ေနရာမွာေတာ့ မရဘူးဆိုတာမ်ိဳး။

သူမ်ားရဲ့ လြတ္လပ္ခြင့္ကိုလည္း ေလးစားဖို႔လိုေၾကာင္း သင္ေပးထားပါ။ တစ္ေယာက္ေယာက္က အိမ္သာတံခါး ပိတ္ထားရင္ ဆြဲမဖြင့္ဘဲ အရင္ဆုံး တံခါးေခါက္ဖို႔လိုေၾကာင္း ေျပာျပထားပါ။
ကိုယ့္ရဲ့ အစိတ္အပိုင္းေတြကို ထိေတြ႕တဲ့အခါလည္း ဒီလိုပါပဲ။ ဘယ္အခ်ိန္၊ ဘယ္ေနရာမွာ ကိုင္တြယ္လို႔ရေၾကာင္း ေျပာထားေပးပါ။ ဥပမာ အိမ္သာတက္ၿပီးလို႔ အိမ္သာထဲမွာ သန္႔ရွင္းေရးလုပ္တာက ျပႆနာ မရွိေပမယ့္ လူၾကားထဲမွာ ကိုယ့္ရဲ့ လိင္အဂၤါကို မကိုင္ျပရဘူးဆိုတာ သင္ေပးထားပါ။

ေနာက္ၿပီး ကေလးအခ်င္းခ်င္းေဆာ့လို႔ ဒီေနရာေတြကို ထိေတြ႕ေနတာေတြ႕ရင္ ေကာင္းေကာင္းမြန္မြန္ေျပာၿပီး တားျမစ္ပါ။ ဒါဟာ လူတိုင္းကို အလြယ္တကူေပးထိလို႔မရေၾကာင္း နားလည္ေအာင္ ရွင္းျပပါ။

ဒီအရြယ္ဆို ေမေမေတြ ေခါင္းအစားရဆုံး ေမးခြန္းက သားသားဘယ္ကေရာက္လာသလဲဆိုတာပါပဲ။ ဒီအတြက္ေတာ့ စိတ္မပူပါနဲ႔။ ေခြးေတြမွာ ပါပီေလးေတြ ရွိသလို လူေတြမွာလဲ လူေသးေသးေလးေတြ ရွိတာေပါ့၊ သားသားက ေမေမ့ဗိုက္ထဲကေန အျပင္ကို ထြက္လာတာလို႔ ရွင္းျပေပးနိုင္ပါတယ္။

သူတို႔ရဲ့ ခႏၶာကိုယ္ကို ေလးစားတတ္ေအာင္ သင္ေပးပါ။ သင္က သူ႔ကို နမ္းရႈံ႔ခ်င္တယ္၊ ဖက္ခ်င္တယ္ဆိုရင္ အရင္ခြင့္ေတာင္းပါ။ သူမႀကိဳက္ရင္ မလုပ္ပါနဲ႔။ ဒါမွ သူမ်ားကို ေလးစားရေကာင္းမွန္း သိမွာပါ။

၅ႏွစ္ကေန ၈ႏွစ္
သူတို႔ရဲ့ ခႏၶာကိုယ္နဲ႔ ပတ္သတ္ၿပီး ပိုသိေအာင္ ေျပာျပလို႔ရပါၿပီ။ ဥပမာ သားအိမ္၊ သားဥႁပြန္၊ ဆီးလမ္းေၾကာင္း စသျဖင့္ေပါ့။
လူပ်ိဳေဖာ္၊ အပ်ိဳေဖာ္ဝင္စ ျဖစ္တဲ့အတြက္ တစ္ေယာက္နဲ႔ တစ္ေယာက္ ႀကီးထြားပုံျခင္း မတူၾကေတာ့ပါဘူး။ ဘယ္လိုပဲ ပိန္တာ၊ ဝတာ၊ ပုတာ၊ ရွည္တာ မတူေပမယ့္ အားလုံးက တူတူပဲ ျဖစ္ေၾကာင္း၊ မခြဲျခားသင့္ေၾကာင္း သင္ေပးပါ။

စိတ္ပိုင္းဆိုင္ရာေျပာင္းလဲတာ၊ ႐ုပ္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈေတြ ၾကဳံရနိုင္တာေၾကာင့္ ဒါဟာ လူပ်ိဳေဖာ္၊ အပ်ိဳေဖာ္ဝင္လို႔  ျဖစ္ရတယ္ဆိုတဲ့အေၾကာင္း ရွင္းျပထားပါ။ ေျပာင္းလဲလာတဲ့သူတို႔ကိုလည္း နားလည္ေပးပါ။

ခုခ်ိန္မွာေတာ့ သူတို႔ေမးတဲ့ ကေလးေလး ဘယ္ကလာသလဲဆိုတဲ့ ေမးခြန္းကို ေျဖလို႔ရပါၿပီ။ ေကာင္မေလးရဲ့ မ်ိဳးဥေလးနဲ႔ ေကာင္ေလးရဲ့ သုက္ေကာင္ေလး လိင္ဆက္ဆံရာက ေပါင္းၿပီး ျဖစ္လာတဲ့ဆိုတဲ့ အေၾကာင္းေပါ့။

ဒါေပမယ့္ လူႀကီးျဖစ္မွ လိင္ဆက္ဆံတာ၊ ေပြ႕ဖက္နမ္းရႈံ႔တာေတြက လုပ္လို႔ရေၾကာင္း၊ ခုလုပ္လို႔ မရေသးေၾကာင္းကိုပါ တစ္ခါတည္း ရွင္းျပထားပါ။ တစ္ေယာက္ေယာက္က လာလုပ္ရင္လည္း ျငင္းဆန္နိုင္ေၾကာင္း သင္ေပးပါ။

ေနာက္တစ္ခုက ဒီအရြယ္ဆို တခ်ိဳ႕ကေလးေတြက အာသာေျဖတတ္ေနပါၿပီ။ အျပာကားေတြ ၾကည့္တတ္ေနပါၿပီ။ အာသာေျဖတာ အျပစ္မဟုတ္ေပမယ့္ ဘယ္အခ်ိန္၊ ဘယ္ေနရာမွာပဲ လုပ္သင့္တယ္၊ ကိုယ့္ကိုယ္ကို ထိခိုက္ေအာင္ မလုပ္သင့္ဘူးဆိုတာကို ေျပာျပထားပါ။ အျပာကားေတြဆိုတာလည္း ၾကည့္လို႔မျဖစ္တာ မဟုတ္ေပမယ့္ လက္ေတြ႕ဘဝနဲ႔ ေတာ္ေတာ္ကြာျခားေၾကာင္း ရွင္းျပထားပါ။

ဖုန္းလည္း သုံးေနၿပီျဖစ္တဲ့အတြက္ မသိတဲ့သူက ကိုယ္ရဲ့ လိင္အဂၤါပုံေတြ ပို႔ခိုင္းရင္ ဒါမွမဟုတ္ သူ႔ပုံေတြ ပို႔ရင္၊ အျပင္မွာ ေတြ႕ဖို႔ခ်ိန္းရင္၊ ဖုန္းဆက္ေႏွာင့္ယွက္ရင္ လူႀကီးေတြကို အသိေပးဖို႔ေျပာထားပါ။

၉ႏွစ္ကေန ၁၂ႏွစ္
မိန္းကေလးေတြဆို ရာသီလာတာနဲ႔ ပတ္သတ္လို႔ ရွင္းျပဖို႔ လိုပါၿပီ။ ရာသီလာတဲ့အခ်ိန္ ဘယ္လိုေနရမယ္၊ ဘယ္လို အေျပာင္းအလဲေတြ ျဖစ္တတ္တယ္ဆိုၿပီးေတာ့ပါ။ ေနာက္ၿပီး ကိုယ္ဝန္ရနိုင္တဲ့အရြယ္ေရာက္လာၿပီဆိုတာ သိဖို႔လိုေနပါၿပီ။
သားေယာက်ာ္းေလးေတြကလည္း လိင္တံေထာင္မတ္တာ၊ သုက္လႊတ္တာေတြအေၾကာင္း သိဖို႔လိုပါၿပီ။ သုက္ေကာင္ေလးေတြက ကေလးရေအာင္ လုပ္ေပးနိုင္တယ္ ဆိုတာေရာေပါ့။

ေနာက္ၿပီး လိင္က ကူးစက္တတ္တဲ့ ေရာဂါအေၾကာင္းေတြ၊ မလိုခ်င္ဘဲ ကိုယ္ဝန္ရနိုင္တဲ့အေၾကာင္းေတြ၊ သက္ငယ္ ကိုယ္ဝန္ေဆာင္ျခင္းရဲ့ အႏၲရာယ္ေတြ စတာေတြကိုလည္း ေျပာျပရမွာပါ။ အႏၲရာယ္ကို သိထားမွ ေရွာင္နိုင္မွာ မို႔လို႔ပါ။

ကဲ ခုဆိုရင္ ဘာေတြ ဘယ္လိုသင္ေပးရမလဲဆိုတာ ေျပာျပလိုက္ၿပီဆိုေတာ့ ေဖေဖ ေမေမတို႔က သင္ေပးဖို႔ပဲ က်န္ေတာ့တာေပါ့။ လိင္ပညာေပးဆိုတာ ရိုင္းစိုင္း ၾကမ္းတမ္းတဲ့ စကားလုံးေတြ မပါဘဲ သင္လို႔ရတယ္ဆိုတာ သိၾကၿပီလို႔ ထင္ပါတယ္။

Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

No comments: