Thursday, August 6, 2020

Oral_Herpes_ပါးစပ္ေရယုန္

ပါးစပ္​ ၀န္းက်င္၌ျဖစ္ေသာ ေရယုန္

(အ​ေရျပားေပၚစူးေနေသာခံစားခ်က္ရယ္ အရည္ၾကည္ဖု ခပ္မာမာေတြစုေနေသာ ေရယုန္ေပါက္တာ အေတာ္ခံစားရခက္ပါလိမ့္မယ္။ ကိုယ္​ခႏၶာ ၊ ကိုယ္အဂၤါေတြမွာေပါက္တဲ့ ေရယုန္နဲ႔ ပါးစပ္ဝန္းက်င္မွာေပါက္ေသာ ေရယုန္ ဘယ္လိုကြဲမလဲ သိခ်င္သမို့ ေဆာင္းပါးတစ္ေဆာင္ကူးယူေဝငွလိုက္ပါတယ္။)

(Zawgyi )

#Oral_Herpes_ပါးစပ္ေရယုန္
************************


အဓိပၸာယ္ဖြင့္ဆိုခ်က္
°°°°°°°°°°°°°°°°°
Oral Herpes (ပါးစပ္ေရယုန္) ကဘာလဲ?
••••••••••••••••••••••••••••••••••••••••••
ပါးစပ္တြင္ေပါက္ေသာေရယုန္ဆိုသည္မွာ ေရယုန္ဗိုင္းရပ္စ္ေၾကာင့္ ျဖစ္ေသာ ပါးစပ္၊ ႏႈတ္ခမ္း သို႔မဟုတ္ သြားဖုံး တြင္ ေရာဂါပိုးကူးစက္ျခင္း တစ္မ်ိဳးျဖစ္သည္။ ေရာဂါသည္ ပါးစပ္ႏွင့္ သြားဖုံးပတ္လည္တြင္ အဖုမ်ားအျဖစ္ စတင္ေပၚ လာသည္။ ထိုဗိုင္းရပ္စ္သည္ ေရေက်ာက္၊ shingles, ပါးစပ္ အနာမ်ား ႏွင့္ mononuclear leukemia တို႔ကိုျဖစ္ေစေသာ ဗိုင္းရပ္စ္ႏွင့္ မ်ိဳးႏြယ္တူ ျဖစ္သည္။ ငယ္ရြယ္စဥ္တြင္ ထိေတြ႕ မႈျဖင့္ ကူးစက္ျခင္းျဖစ္ၿပီး အရြယ္ေရာက္ၿပီးသူမ်ား၏ ၈၀ ရာ ခိုင္ႏႈန္းသည္ ေရယုန္ဗိုင္းရပ္စ္ အမ်ိဳးအစား ၁ ကို ကူးစက္ခံ ရပါသည္။ ေရယုန္အမ်ိဳးအစား ၂ သည္ လိင္ဆက္ဆံရာမွ ကူးစက္ပါသည္။

Oral Herpes (ပါးစပ္ေရယုန္) က ဘယ္ေလာက္အျဖစ္မ်ားသလဲ?
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ပါးစပ္တြင္ေပါက္ေသာေရယုန္သည္ HIV ကူးစက္ခံရ သူမ်ားႏွင့္ ဆီးပူေညာင္းက်ေရာဂါ၊ ကာလသားေရာဂါ စေသာ လိင္မွတစ္ဆင့္ ကူးစက္ေသာ ေရာဂါရွိသူမ်ားတြင္ ေတြ႕ရတတ္ပါသည္။ သို႔ေသာ္လည္း ကေလးဘဝတြင္ ေရယုန္ဗိုင္းရပ္စ္ ကူးစက္ခံရဖူးသူတိုင္း ေရာဂါျပန္ရ နိုင္ပါ သည္။ အႏၲရာယ္ ျဖစ္ေစေသာ အခ်က္မ်ားကို ေလ်ာ့ခ် ျခင္းျဖင့္ ေရာဂါကို ထိန္းခ်ဳပ္နိုင္ပါသည္။ ပိုမိုေသာ အခ်က္ အလက္မ်ားအတြက္ ဆရာဝန္ႏွင့္ တိုင္ပင္ပါ။

လကၡဏာမ်ား
°°°°°°°°°°°
Oral Herpes (ပါးစပ္ေရယုန္) ရဲ့လကၡဏာေတြကဘာေတြလဲ?
••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခ်ိဳ႕လူမ်ားတြင္ ေရယုန္ဗိုင္းရပ္စ္ စဝင္ပါက ပါးစပ္တြင္ အနာမ်ား ျဖစ္နိုင္ပါသည္။ သို႔ေသာ္ အခ်ိဳ႕လူမ်ားတြင္ ေရာဂါ လကၡဏာ မျပပါ။ ေရာဂါလကၡဏာမ်ားသည္ အသက္ ၁- ၅ ႏွစ္အရြယ္ ကေလးမ်ားတြင္ ျဖစ္ေပၚေလ့ရွိၿပီး မျပင္းထန္ သို႔မဟုတ္ ျပင္းထန္နိုင္ပါသည္။ ထိုလကၡဏာမ်ားသည္ ဗိုင္း ရပ္စ္ကို ထိေတြ႕ၿပီး ၁-၃ ပတ္အတြင္း ေပၚလာၿပီး ၃ပတ္အထိ ၾကာနိုင္ပါသည္။

သတိျပဳရန္လိုေသာ လကၡဏာမ်ားမွာ-
ႏႈတ္ခမ္း သို႔မဟုတ္ ပါးစပ္ ပတ္လည္တြင္ အေရျပား ယားယံျခင္း
ပါးစပ္အနီးတြင္ အဖုအပိမ့္မ်ား ေပၚျခင္း
ႏႈတ္ခမ္း ႏွင့္ ပါးစပ္ အနီးတြင္ စူးသလို ခံစားရျခင္း

အဖုမ်ား ေပၚမလာခင္ ေအာက္ပါတို႔ ျဖစ္နိုင္ပါသည္။
လည္ေခ်ာင္နာျခင္း
အဖ်ားတက္ျခင္း
မ်ိဳခ်ရာတြင္ နာက်င္ျခင္း

အဖုမ်ားႏွင့္ နီရဲျခင္းသည္ ေအာက္ပါေနရာမ်ားတြင္ ျဖစ္ေပၚ နိုင္ပါသည္။
သြားဖုံး
တစ္ဖက္ဆီ
ပါးစပ္
လည္ေခ်ာင္း
အဖုမ်ားသည္ ေပါင္းစုကာ အစုအေဝးျဖစ္လာသည္။
အထက္တြင္ ေဖာ္ၿပ မထားေသာ အျခားလကၡဏာ မ်ားလည္းရွိနိုင္ပါသည္။ အကယ္၍ သင့္ဆီတြင္ ေရာဂါ လကၡဏာ တစ္ခုခုမ်ား ရွိေနသည္ဟု စိုးရိမ္မိပါက ဆရာဝန္နဲ႔ ေဆြးေႏြး တိုင္ပင္ သင့္ပါသည္။

ဘယ္အခ်ိန္မွာ ဆရာဝန္နဲ႔ သြားေရာက္ေတြ႕ဆုံသင့္သလဲ?
•••••••••••••••••••••••••••••••••••••••••••••••••••••
အထက္တြင္ ေဖာ္ျပထားေသာ ေရာဂါလကၡဏာမ်ား ရွိပါက သို႔မဟုတ္ ေမးလိုသည္မ်ားရွိပါက ဆရာဝန္ႏွင့္ တိုင္ပင္ ေဆြးေႏြးပါ။ လူတစ္ေယာက္ႏွင့္ တစ္ေယာက္ ေရာဂါ အေျခအေနခ်င္း မတူပါ။ ေရာဂါအေျဖရွာရန္ နည္းလမ္းမ်ား၊ ကုသျခင္းမ်ား အတြက္ ဆရာဝန္ႏွင့္ အျမဲတန္း တိုင္ပင္ပါ။ သင့္အတြက္ အေကာင္းဆုံး ကုသမႈကို ရယူပါ။

အေၾကာင္းရင္းမ်ား
°°°°°°°°°°°°°°°
Oral Herpes (ပါးစပ္ေရယုန္) ကိုဘာေတြကျဖစ္ေစသလဲ?
•••••••••••••••••••••••••••••••••••••••••••••••••••••••••
ပါးစပ္တြင္ေပါက္ေသာေရယုန္ ကိုျဖစ္ေစေသာ အေၾကာင္းရင္းမွာ ေရယုန္ ဗိုင္းရပ္စ္ အမ်ိဳးအစား ၁ျဖစ္ၿပီး ေရာဂါပိုးရွိသူ၏ တံေတြးကို ထိေတြ႕ျခင္းျဖင့္ အဓိက ပ်ံ႕ႏွံ့ပါသည္။ ဥပမာ- ေရာဂါပိုးရွိသူက ကေလးအား နမ္းေသာအခါ ျဖစ္သည္။ ဗိုင္းရပ္စ္မ်ားသည္ ကိုယ္ခႏၶာအတြင္းသို႔ အေရျပား အနာမ်ား ပါးစပ္အနာမ်ားမွ တစ္ဆင့္လည္းဝင္ေရာက္နိုင္ပါသည္။ ပထမအႀကိမ္ ေရာဂါပိုးကူးစက္ခံရၿပီး ေနာက္ ဗိုင္းရပ္စ္သည္ မလႈပ္ရွားဘဲ ၿငိမ္ေနကာ အခ်ိန္တစ္ခု အၾကာတြင္ ပါးစပ္အနာမ်ား ျပန္ျဖစ္ေစပါသည္။

ေရယုန္ ဗိုင္းရပ္စ္ အမ်ိဳးအစား ၂သည္ လိင္ဆက္ဆံ ျခင္း မွတစ္ဆင့္ ပ်ံ႕ႏွံ့ၿပီး လိင္အဂၤါေပါက္ေသာ ေရယုန္ကို ျဖစ္ေစပါသည္။ သို႔ေသာ္လည္း ေရယုန္ ဗိုင္းရပ္စ္ အမ်ိဳး အစား ၂သည္ ပါးစပ္ျဖင့္ လိင္ဆက္ဆံျခင္းျဖင့္ ပါးစပ္တြင္ ျဖစ္ပြားနိုင္သည္။

Risk factors
°°°°°°°°°°°°°°°
ငါ့ဆီမွာ Oral Herpes (ပါးစပ္ေရယုန္) ျဖစ္နိုင္ေျခကိုဘာေတြက ျမင့္တက္ေစသလဲ?
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ပါးစပ္တြင္ေပါက္ေသာေရယုန္ ျဖစ္နိုင္ေခ်ကို ျမင့္ေစ ေသာ အခ်က္မ်ားမွာ-
ကိုယ္ခံအားစနစ္ အားနည္းျခင္း
HIV ကူးစက္ျခင္း
ကင္ဆာကို ဓါတ္ကုထုံးျဖင့္ ကုသျခင္း
လုံျခဳံမႈမရွိေသာ လိင္ဆက္ဆံျခင္း
ျဖစ္နိုင္ေခ်ျမင့္ေစေသာ အခ်က္မ်ား မရွိျခင္းသည္ သင့္အား ေရာဂါမရနိုင္ဟု မဆိုလိုပါ။ ထိုလကၡဏာမ်ားသည္ ကိုးကားခ်က္သာလၽွင္ ျဖစ္သည္။ ပိုမိုေသာ အခ်က္အလက္မ်ားအတြက္ အထူးကု ဆရာဝန္ႏွင့္ တိုင္ပင္ေဆြးေႏြးသင့္ပါသည္။

ေရာဂါအေျဖရွာျခင္းႏွင့္ ကုသမႈ
°°°°°°°°°°°°°°°°°°°°°°°°°
ယခုေဖာ္ျပထားေသာ အခ်က္အလက္မ်ားကို ေဆးပညာအႀကံေပးမႈေနရာတြင္ အစားထိုးရန္မသင့္ေတာ္ပါ။ ပိုမိုေသာအခ်က္အလက္မ်ားရရွိရန္အတြက္ ဆရာဝန္ႏွင့္ အျမဲတမ္းတိုင္ပင္ပါ။

Oral Herpes (ပါးစပ္ေရယုန္) ကို ဘယ္လိုအတည္ျပဳပါသလဲ?
••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ဆရာဝန္သည္ ပါးစပ္ ႏႈတ္ခမ္းရွိ အဖုမ်ားကို ၾကည့္ျခင္းျဖင့္ ေရာဂါအေျဖရွာနိုင္ပါသည္။ တစ္ခါတစ္ရံ ဆရာဝန္သည္ နမူနာတစ္ခု ယူကာ ပို၍ အေသးစိတ္ေသာ စစ္ေဆးမႈ အတြက္ ဓါတ္ခြဲခန္းသို႔ ပို႔ပါမည္။

ထိုစစ္ေဆးမႈမ်ားမွာ-
ဗိုင္းရပ္စ္ ေမြးျခင္း (ပိုးအား ေဆးျဖင့္ နိုင္မနိုင္ သိေစရန္)
ဗိုင္းရပ္စ္ ၏ DNA အားစစ္ျခင္း
Tzanck HSV စစ္ျခင္း

Oral Herpes (ပါးစပ္ေရယုန္) ကို ဘယ္လိုကုသပါသလဲ?
••••••••••••••••••••••••••••••••••••••••••••••••••••••••
ပါးစပ္တြင္ေပါက္ေသာေရယုန္၏ လကၡဏာမ်ားသည္ ကုသျခင္း မရွိဘဲ တစ္ပတ္ ႏွစ္ပတ္အတြင္း ေပ်ာက္ကင္းသြားနိုင္ပါသည္။ ဆရာဝန္သည္ နာက်င္ျခင္း သက္သာရန္ ႏွင့္ ေရာဂါလကၡဏာမ်ား သက္သာရန္ ဗိုင္းရပ္စ္ေပ်ာက္ ေဆးမ်ားကို ေသာက္သုံးရန္ ညႊန္ၾကားနိုင္ပါသည္။

ပါးစပ္တြင္ ေပါက္ေသာေရယုန္တြင္ အသုံးျပဳနိုင္ေသာ ေဆးမ်ားမွာ-
Acyclovir
Famciclovir
Valacyclovir
ထိုေဆးမ်ားသည္ ေရယုန္၏ အႏၲရာယ္ရွိေသာ ေရာဂါလကၡဏာမ်ားတြင္ အသုံးျပဳရာတြင္ အက်ိဳးအရွိဆုံး ျဖစ္ပါသည္။

ဗိုင္းရပ္စ္ေပ်ာက္လိမ္းေဆးကို လည္း အသုံးျပဳနိုင္ပါသည္။ သို႔ေသာ္လည္း ၎တို႔သည္ ေဈးႀကီးၿပီး ဖ်ားနာမႈ ၾကာခ်ိန္ကို နာရီအနည္းငယ္မွ တစ္ရက္သာ တိုေစပါသည္။

Penciclovir ႏွင့္ acyclovir အေပၚယံလိမ္းေဆးသည္ ေရယုန္ အစုအျပဳံလိုက္ျဖစ္ျခင္းတြင္ အလြန္အသုံးဝင္သည္။ ႏႈတ္ခမ္းလိမ္း ပ႐ုပ္ဆီ ႏွင့္ စိုစြတ္ေစေသာ အဆီမ်ားသည္ လုံးဝအက်ိဳးမရွိပါ။

နာက်င္ျခင္း သက္သာေစရန္ aspirin, acetaminophen သို႔မဟုတ္ ibuprofen ေသာက္နိုင္ပါသည္။

လူေနမႈပုံစံ ေျပာင္းလဲျခင္းနဲ႔ အိမ္သုံးကုထုံးမ်ား အသုံးျပဳျခင္းသည္ ပါးစပ္တြင္ေပါက္ေသာေရယုန္ကို ကုသရာတြင္ ဘယ္လို အေထာက္ အကူျပဳနိုင္မလဲ?
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ေအာက္ပါ လူေနမႈပုံစံမ်ား ႏွင့္ အိမ္သုံး ကုထုံးမ်ား သည္ ပါးစပ္တြင္ ေပါက္ေသာ ေရယုန္ကို ထိန္းခ်ဳပ္နိုင္ပါသည္။

လက္ကို ဆပ္ျပာ၊ ေႏြးေသာေရျဖင့္ မၾကာခဏ ေဆးပါ။ အထူးသျဖင့္ အိမ္သာ အသုံးျပဳၿပီး ျဖစ္သည္။
အေရျပားကို သန႔္ရွင္း ေျခာက္ေသြ႕ေအာင္ထားပါ။ ေရာဂါျဖစ္ေသာ ေနရာတြင္ အေမြးအမၽွင္ ရိတ္ျခင္း မျပဳပါႏွင့္။
နမ္းျခင္း၊ ပါးစပ္ျဖင့္ လိင္ဆက္ဆံျခင္းသည္ ေရာဂါကူးစက္နိုင္သည္ကို သိရွိပါ။
ေရာဂါလကၡဏာမ်ားကို အခ်ိန္မီ သိေအာင္ ေလ့လာပါ။ ဗိုင္းရပ္စ္ေပ်ာက္ကုထုံးကို အခ်ိန္မီစတင္ ျခင္းသည္ ဖ်ားနာျခင္း ၾကာခ်ိန္ကိုေလ်ာ့ခ်နိုင္သည္။
တစ္ကိုယ္ရည္သုံး သန႔္ရွင္းေရးပစၥည္းကို မၽွေဝသုံးစြဲျခင္း ေရွာင္ၾကဥ္ပါ။
ေရာဂါလကၡဏာမ်ား ပိုဆိုးလာပါက ဆရာဝန္ကို ေခၚပါ။ အဖ်ားတက္ျခင္း၊ အနာမ်ားမွ ျပည္ထြက္ျခင္းတို႔ ျဖစ္သည္။
ျပင္းထန္စြာ ေခါင္းကိုက္ျခင္း၊ အသက္ရႉျမန္ျခင္း၊ ျပင္းထန္စြာ မ်က္စိနာျခင္း၊ အလင္းမထိနိုင္ျခင္း တို႔ ျဖစ္ပါက ဆရာဝန္ကို ခ်က္ခ်င္းေခၚပါ သို႔မဟုတ္ အေရးေပၚအခန္းသို႔ အျမန္သြားပါ။
ေရာဂါျပန္ျဖစ္ျခင္းသည္ တစ္ႏွစ္အတြင္း ၄-၆ႀကိမ္ အထက္ပိုပါက ဆရာဝန္ေခၚပါ။ ကာကြယ္မႈ ေဆးမ်ား ေန႔စဥ္ေသာက္ရန္ လိုအပ္နိုင္သည္။
႐ုပ္ပိုင္းဆိုင္ရာ ႏွင့္ စိတ္ပိုင္းဆိုင္ရာ စိတ္ဖိစီးမႈမ်ားကို ေရွာင္ၾကဥ္ပါ၊ ထိန္းခ်ဳပ္နိုင္ရန္ ႀကိဳးစားပါ။ စိတ္ဖိစီးမႈသည္ ကိုယ္ခံအားစနစ္ကို အားနည္းေစၿပီး ေရာဂါ ျပန္ျဖစ္ေစပါသည္။
က်န္းမာေရးႏွင့္ညီေသာ အစာမ်ားကိုစားပါ။ လုံေလာက္စြာ အိပ္စက္ပါ။ အားကစားလုပ္ပါ။
ေနေလာင္ျခင္းကို ေရွာင္ပါ။ ေနေရာင္ျခည္သည္ ေရာဂါျပန္ျဖစ္ေစနိုင္သည္။ ေနေလာင္ခံခရင္မ္ကို အျမဲအသုံးျပဳပါ။
အကယ္၍ သင့္တြင္ ေမးခြန္းမ်ား ရွိပါက သင့္အတြက္ သင့္ေတာ္ေသာ အေျဖရွာေဖြနိုင္ရန္ ဆရာဝန္ႏွင့္ ေဆြးေႏြးတိုင္ပင္ သင့္ပါသည္။

#Regards
#Dr_Zin_Wai_Yan_Lin
#Medical_Editor
#Dr_Thurein_Hlaing_Win

(Unicode)

#Oral_Herpes_ပါးစပ်ရေယုန်
************************


အဓိပ္ပာယ်ဖွင့်ဆိုချက်
°°°°°°°°°°°°°°°°°
Oral Herpes (ပါးစပ်ရေယုန်) ကဘာလဲ?
••••••••••••••••••••••••••••••••••••••••••
ပါးစပ်တွင်ပေါက်သောရေယုန်ဆိုသည်မှာ ရေယုန်ဗိုင်းရပ်စ်ကြောင့် ဖြစ်သော ပါးစပ်၊ နှုတ်ခမ်း သို့မဟုတ် သွားဖုံး တွင် ရောဂါပိုးကူးစက်ခြင်း တစ်မျိုးဖြစ်သည်။ ရောဂါသည် ပါးစပ်နှင့် သွားဖုံးပတ်လည်တွင် အဖုများအဖြစ် စတင်ပေါ် လာသည်။ ထိုဗိုင်းရပ်စ်သည် ရေကျောက်၊ shingles, ပါးစပ် အနာများ နှင့် mononuclear leukemia တို့ကိုဖြစ်စေသော ဗိုင်းရပ်စ်နှင့် မျိုးနွယ်တူ ဖြစ်သည်။ ငယ်ရွယ်စဉ်တွင် ထိတွေ့ မှုဖြင့် ကူးစက်ခြင်းဖြစ်ပြီး အရွယ်ရောက်ပြီးသူများ၏ ၈၀ ရာ ခိုင်နှုန်းသည် ရေယုန်ဗိုင်းရပ်စ် အမျိုးအစား ၁ ကို ကူးစက်ခံ ရပါသည်။ ရေယုန်အမျိုးအစား ၂ သည် လိင်ဆက်ဆံရာမှ ကူးစက်ပါသည်။

Oral Herpes (ပါးစပ်ရေယုန်) က ဘယ်လောက်အဖြစ်များသလဲ?
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ပါးစပ်တွင်ပေါက်သောရေယုန်သည် HIV ကူးစက်ခံရ သူများနှင့် ဆီးပူညောင်းကျရောဂါ၊ ကာလသားရောဂါ စသော လိင်မှတစ်ဆင့် ကူးစက်သော ရောဂါရှိသူများတွင် တွေ့ရတတ်ပါသည်။ သို့သော်လည်း ကလေးဘဝတွင် ရေယုန်ဗိုင်းရပ်စ် ကူးစက်ခံရဖူးသူတိုင်း ရောဂါပြန်ရ နိုင်ပါ သည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချ ခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

လက္ခဏာများ
°°°°°°°°°°°
Oral Herpes (ပါးစပ်ရေယုန်) ရဲ့လက္ခဏာတွေကဘာတွေလဲ?
••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အချို့လူများတွင် ရေယုန်ဗိုင်းရပ်စ် စဝင်ပါက ပါးစပ်တွင် အနာများ ဖြစ်နိုင်ပါသည်။ သို့သော် အချို့လူများတွင် ရောဂါ လက္ခဏာ မပြပါ။ ရောဂါလက္ခဏာများသည် အသက် ၁- ၅ နှစ်အရွယ် ကလေးများတွင် ဖြစ်ပေါ်လေ့ရှိပြီး မပြင်းထန် သို့မဟုတ် ပြင်းထန်နိုင်ပါသည်။ ထိုလက္ခဏာများသည် ဗိုင်း ရပ်စ်ကို ထိတွေ့ပြီး ၁-၃ ပတ်အတွင်း ပေါ်လာပြီး ၃ပတ်အထိ ကြာနိုင်ပါသည်။

သတိပြုရန်လိုသော လက္ခဏာများမှာ-
နှုတ်ခမ်း သို့မဟုတ် ပါးစပ် ပတ်လည်တွင် အရေပြား ယားယံခြင်း
ပါးစပ်အနီးတွင် အဖုအပိမ့်များ ပေါ်ခြင်း
နှုတ်ခမ်း နှင့် ပါးစပ် အနီးတွင် စူးသလို ခံစားရခြင်း

အဖုများ ပေါ်မလာခင် အောက်ပါတို့ ဖြစ်နိုင်ပါသည်။
လည်ချောင်နာခြင်း
အဖျားတက်ခြင်း
မျိုချရာတွင် နာကျင်ခြင်း

အဖုများနှင့် နီရဲခြင်းသည် အောက်ပါနေရာများတွင် ဖြစ်ပေါ် နိုင်ပါသည်။
သွားဖုံး
တစ်ဖက်ဆီ
ပါးစပ်
လည်ချောင်း
အဖုများသည် ပေါင်းစုကာ အစုအဝေးဖြစ်လာသည်။
အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ?
•••••••••••••••••••••••••••••••••••••••••••••••••••••
အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာများ ရှိပါက သို့မဟုတ် မေးလိုသည်များရှိပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပါ။ လူတစ်ယောက်နှင့် တစ်ယောက် ရောဂါ အခြေအနေချင်း မတူပါ။ ရောဂါအဖြေရှာရန် နည်းလမ်းများ၊ ကုသခြင်းများ အတွက် ဆရာဝန်နှင့် အမြဲတန်း တိုင်ပင်ပါ။ သင့်အတွက် အကောင်းဆုံး ကုသမှုကို ရယူပါ။

အကြောင်းရင်းများ
°°°°°°°°°°°°°°°
Oral Herpes (ပါးစပ်ရေယုန်) ကိုဘာတွေကဖြစ်စေသလဲ?
•••••••••••••••••••••••••••••••••••••••••••••••••••••••••
ပါးစပ်တွင်ပေါက်သောရေယုန် ကိုဖြစ်စေသော အကြောင်းရင်းမှာ ရေယုန် ဗိုင်းရပ်စ် အမျိုးအစား ၁ဖြစ်ပြီး ရောဂါပိုးရှိသူ၏ တံတွေးကို ထိတွေ့ခြင်းဖြင့် အဓိက ပျံ့နှံ့ပါသည်။ ဥပမာ- ရောဂါပိုးရှိသူက ကလေးအား နမ်းသောအခါ ဖြစ်သည်။ ဗိုင်းရပ်စ်များသည် ကိုယ်ခန္ဓာအတွင်းသို့ အရေပြား အနာများ ပါးစပ်အနာများမှ တစ်ဆင့်လည်းဝင်ရောက်နိုင်ပါသည်။ ပထမအကြိမ် ရောဂါပိုးကူးစက်ခံရပြီး နောက် ဗိုင်းရပ်စ်သည် မလှုပ်ရှားဘဲ ငြိမ်နေကာ အချိန်တစ်ခု အကြာတွင် ပါးစပ်အနာများ ပြန်ဖြစ်စေပါသည်။

ရေယုန် ဗိုင်းရပ်စ် အမျိုးအစား ၂သည် လိင်ဆက်ဆံ ခြင်း မှတစ်ဆင့် ပျံ့နှံ့ပြီး လိင်အင်္ဂါပေါက်သော ရေယုန်ကို ဖြစ်စေပါသည်။ သို့သော်လည်း ရေယုန် ဗိုင်းရပ်စ် အမျိုး အစား ၂သည် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဖြင့် ပါးစပ်တွင် ဖြစ်ပွားနိုင်သည်။

Risk factors
°°°°°°°°°°°°°°°
ငါ့ဆီမှာ Oral Herpes (ပါးစပ်ရေယုန်) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ?
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ပါးစပ်တွင်ပေါက်သောရေယုန် ဖြစ်နိုင်ချေကို မြင့်စေ သော အချက်များမှာ-
ကိုယ်ခံအားစနစ် အားနည်းခြင်း
HIV ကူးစက်ခြင်း
ကင်ဆာကို ဓါတုကုထုံးဖြင့် ကုသခြင်း
လုံခြုံမှုမရှိသော လိင်ဆက်ဆံခြင်း
ဖြစ်နိုင်ချေမြင့်စေသော အချက်များ မရှိခြင်းသည် သင့်အား ရောဂါမရနိုင်ဟု မဆိုလိုပါ။ ထိုလက္ခဏာများသည် ကိုးကားချက်သာလျှင် ဖြစ်သည်။ ပိုမိုသော အချက်အလက်များအတွက် အထူးကု ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
°°°°°°°°°°°°°°°°°°°°°°°°°
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

Oral Herpes (ပါးစပ်ရေယုန်) ကို ဘယ်လိုအတည်ပြုပါသလဲ?
••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ဆရာဝန်သည် ပါးစပ် နှုတ်ခမ်းရှိ အဖုများကို ကြည့်ခြင်းဖြင့် ရောဂါအဖြေရှာနိုင်ပါသည်။ တစ်ခါတစ်ရံ ဆရာဝန်သည် နမူနာတစ်ခု ယူကာ ပို၍ အသေးစိတ်သော စစ်ဆေးမှု အတွက် ဓါတ်ခွဲခန်းသို့ ပို့ပါမည်။

ထိုစစ်ဆေးမှုများမှာ-
ဗိုင်းရပ်စ် မွေးခြင်း (ပိုးအား ဆေးဖြင့် နိုင်မနိုင် သိစေရန်)
ဗိုင်းရပ်စ် ၏ DNA အားစစ်ခြင်း
Tzanck HSV စစ်ခြင်း

Oral Herpes (ပါးစပ်ရေယုန်) ကို ဘယ်လိုကုသပါသလဲ?
••••••••••••••••••••••••••••••••••••••••••••••••••••••••
ပါးစပ်တွင်ပေါက်သောရေယုန်၏ လက္ခဏာများသည် ကုသခြင်း မရှိဘဲ တစ်ပတ် နှစ်ပတ်အတွင်း ပျောက်ကင်းသွားနိုင်ပါသည်။ ဆရာဝန်သည် နာကျင်ခြင်း သက်သာရန် နှင့် ရောဂါလက္ခဏာများ သက်သာရန် ဗိုင်းရပ်စ်ပျောက် ဆေးများကို သောက်သုံးရန် ညွှန်ကြားနိုင်ပါသည်။

ပါးစပ်တွင် ပေါက်သောရေယုန်တွင် အသုံးပြုနိုင်သော ဆေးများမှာ-
Acyclovir
Famciclovir
Valacyclovir
ထိုဆေးများသည် ရေယုန်၏ အန္တရာယ်ရှိသော ရောဂါလက္ခဏာများတွင် အသုံးပြုရာတွင် အကျိုးအရှိဆုံး ဖြစ်ပါသည်။

ဗိုင်းရပ်စ်ပျောက်လိမ်းဆေးကို လည်း အသုံးပြုနိုင်ပါသည်။ သို့သော်လည်း ၎င်းတို့သည် ဈေးကြီးပြီး ဖျားနာမှု ကြာချိန်ကို နာရီအနည်းငယ်မှ တစ်ရက်သာ တိုစေပါသည်။

Penciclovir နှင့် acyclovir အပေါ်ယံလိမ်းဆေးသည် ရေယုန် အစုအပြုံလိုက်ဖြစ်ခြင်းတွင် အလွန်အသုံးဝင်သည်။ နှုတ်ခမ်းလိမ်း ပရုပ်ဆီ နှင့် စိုစွတ်စေသော အဆီများသည် လုံးဝအကျိုးမရှိပါ။

နာကျင်ခြင်း သက်သာစေရန် aspirin, acetaminophen သို့မဟုတ် ibuprofen သောက်နိုင်ပါသည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်းသည် ပါးစပ်တွင်ပေါက်သောရေယုန်ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ?
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် ပါးစပ်တွင် ပေါက်သော ရေယုန်ကို ထိန်းချုပ်နိုင်ပါသည်။

လက်ကို ဆပ်ပြာ၊ နွေးသောရေဖြင့် မကြာခဏ ဆေးပါ။ အထူးသဖြင့် အိမ်သာ အသုံးပြုပြီး ဖြစ်သည်။
အရေပြားကို သန့်ရှင်း ခြောက်သွေ့အောင်ထားပါ။ ရောဂါဖြစ်သော နေရာတွင် အမွေးအမျှင် ရိတ်ခြင်း မပြုပါနှင့်။
နမ်းခြင်း၊ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းသည် ရောဂါကူးစက်နိုင်သည်ကို သိရှိပါ။
ရောဂါလက္ခဏာများကို အချိန်မီ သိအောင် လေ့လာပါ။ ဗိုင်းရပ်စ်ပျောက်ကုထုံးကို အချိန်မီစတင် ခြင်းသည် ဖျားနာခြင်း ကြာချိန်ကိုလျော့ချနိုင်သည်။
တစ်ကိုယ်ရည်သုံး သန့်ရှင်းရေးပစ္စည်းကို မျှဝေသုံးစွဲခြင်း ရှောင်ကြဉ်ပါ။
ရောဂါလက္ခဏာများ ပိုဆိုးလာပါက ဆရာဝန်ကို ခေါ်ပါ။ အဖျားတက်ခြင်း၊ အနာများမှ ပြည်ထွက်ခြင်းတို့ ဖြစ်သည်။
ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ အသက်ရှူမြန်ခြင်း၊ ပြင်းထန်စွာ မျက်စိနာခြင်း၊ အလင်းမထိနိုင်ခြင်း တို့ ဖြစ်ပါက ဆရာဝန်ကို ချက်ချင်းခေါ်ပါ သို့မဟုတ် အရေးပေါ်အခန်းသို့ အမြန်သွားပါ။
ရောဂါပြန်ဖြစ်ခြင်းသည် တစ်နှစ်အတွင်း ၄-၆ကြိမ် အထက်ပိုပါက ဆရာဝန်ခေါ်ပါ။ ကာကွယ်မှု ဆေးများ နေ့စဉ်သောက်ရန် လိုအပ်နိုင်သည်။
ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုများကို ရှောင်ကြဉ်ပါ၊ ထိန်းချုပ်နိုင်ရန် ကြိုးစားပါ။ စိတ်ဖိစီးမှုသည် ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး ရောဂါ ပြန်ဖြစ်စေပါသည်။
ကျန်းမာရေးနှင့်ညီသော အစာများကိုစားပါ။ လုံလောက်စွာ အိပ်စက်ပါ။ အားကစားလုပ်ပါ။
နေလောင်ခြင်းကို ရှောင်ပါ။ နေရောင်ခြည်သည် ရောဂါပြန်ဖြစ်စေနိုင်သည်။ နေလောင်ခံခရင်မ်ကို အမြဲအသုံးပြုပါ။
အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။

#Regards
#Dr_Zin_Wai_Yan_Lin
#Medical_Editor
#Dr_Thurein_Hlaing_Win

#Oral_Herpes
**************
Definition
°°°°°°°°°°°°
What is Oral Herpes?
•••••••••••••••••••••••••••••
Oral herpes is caused by the herpes simplex virus. It is an infection of the lips or gums. The disease begins as a lump around the mouth and gums. The virus causes chickenpox, measles, mumps and rubella. It is related to the virus that causes shingles, mouth ulcers and mononuclear leukemia. It is transmitted by contact at an early age and 80% of adults are infected with the herpes virus type 1. Type 2 herpes is transmitted through sexual contact.

How common is Oral Herpes?
••••••••••••••••••••••••••••••••••••••••
Oral herpes has been linked to HIV infection and gonorrhea. It is more common in people with sexually transmitted diseases such as meningitis. However, anyone who was infected with the herpes virus as a child can get the disease back. The disease can be controlled by reducing the risk factors. Consult your doctor for more information.

Symptoms
°°°°°°°°°°°°°
What are the symptoms of Oral Herpes?
•••••••••••••••••••••••••••••••••••••••••••••••••••••••
Some people get sores in their mouth when they get the herpes virus. However, some people do not show any symptoms. Symptoms usually occur in children aged 1-5 years and may be mild or severe. These symptoms appear within one to three weeks of exposure to the virus and can last up to three weeks.

Symptoms to note:
Itchy skin around the lips or mouth
Rash around the mouth
Feeling pungent near the lips and mouth

The following may occur before the rash appears.
Sore throat,
fever,
pain when swallowing

Rashes and redness can occur in the following areas:
Gum
On the one hand
mouth
Throat
The bumps combine to form clumps
There may be other symptoms not listed above. If you are concerned that you may have any symptoms, you should consult your doctor.

When should you see a doctor?
•••••••••••••••••••••••••••••••••••••••••••
Talk to your doctor if you have any of the above symptoms or have any questions. The disease varies from person to person. Ways to find a cure; Always consult your doctor for treatment. Get the best treatment for you.

Reasons
°°°°°°°°°°°
What Causes Oral Herpes?
••••••••••••••••••••••••••••••••••••
The most common cause of shingles in the mouth is the herpes virus type 1, which is mainly spread by contact with the saliva of an infected person. For example, when an infected person kisses a baby. Viruses can also enter the body through skin and mouth ulcers. After the first infection, the virus stays still and after a while it causes sores to return.

The herpes virus type 2 is spread through sexual contact and causes genital herpes. However, type 2 virus can be spread through oral sex.

Risk factors
°°°°°°°°°°°°°°°
What Increases My Risk of Oral Herpes?
•••••••••••••••••••••••••••••••••••••••••••••••••••••••
Factors that increase the risk of herpes in the mouth are:
Immune Deficiency
HIV Infection
Chemotherapy for cancer
Unsafe sex
Just because you do not have a probable cause does not mean that you do not get sick. These are just references. You should consult a specialist for more information.

Diagnosis and treatment
°°°°°°°°°°°°°°°°°°°°°°°°°°°°°°
This information is not intended to be a substitute for medical advice. Always consult your doctor for more information.

How is Oral Herpes confirmed?
••••••••••••••••••••••••••••••••••••••••••
The doctor can diagnose the condition by looking at the bumps on the lips. Sometimes the doctor will take a sample and send it to the lab for a more detailed examination.

These tests are:
Viral infection (to determine if the virus can be treated with antibiotics)
DNA testing of viruses
Tzanck HSV test

How is Oral Herpes treated?
••••••••••••••••••••••••••••••••••••••
Symptoms of herpes can be cured within a week or two without treatment. Your doctor may prescribe antiviral medication to relieve pain and symptoms.

Oral medications for herpes include:
Acyclovir
Famciclovir
Valacyclovir
These drugs are most effective in treating the dangerous symptoms of herpes.

Antiviral creams can also be used. However, they are expensive and reduce the duration of illness from a few hours to a day.

Penciclovir and acyclovir topical ointments are very useful in the treatment of herpes. Lip balm and moisturizer are completely useless.

You can take aspirin, acetaminophen or ibuprofen to relieve the pain.

How can a change in lifestyle and the use of home remedies help in the treatment of oral thrush?
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
The following lifestyle and home remedies can control oral thrush.

Wash your hands with soap and water. Rinse frequently with warm water. Especially toilets have been used.
Keep skin clean and dry.Do not shave the affected area.
Kissing Know that oral sex can be contagious.
Learn about the symptoms in a timely manner. Early treatment of antiviral therapy can reduce the duration of illness.
Avoid sharing personal hygiene products.
Call your doctor if your symptoms get worse.Fever And diarrhea.
Severe headache; Shortness of breath Severe eye pain; Call a doctor immediately or go to the emergency room immediately.
If the recurrence occurs more than 4-6 times a year, call your doctor. You may need to take the vaccine daily.
Avoid physical and mental stress; Try to control it. Stress weakens the immune system and can lead to relapses.
Eat a healthy diet. Get enough sleep. Do sports.
Avoid sun exposure. Sunlight can cause recurrence. Always use sunscreen.
If you have any questions, you should consult your doctor to find the right answer for you.

#Regards
#Dr_Zin_Wai_Yan_Lin
#Medical_Editor
#Dr_Thurein_Hlaing_Win

Herpes (oral & genital) - causes, symptoms, diagnosis, treatment, pathology ==>https://youtu.be/IOUnXeqNyMs

No comments: