Friday, August 21, 2020

ကုလားပဲအာလူးဆီပြန် - ပဲကြာဆံသုပ် - သူကြီးမငါးပိရည် -အမဲသားထောင်းကြော် - ပုစွန်ထုပ်ကြက်ဥမဆလာ

ကုလားပဲအာလူးဆီပြန်
-------------------------------


ပါဝင်ပစ္စည်းများ
ကုလားပဲအာလူးဆီပြန်
ကုလားပဲ   -  ၂၀ ဂရမ်
အာလူး  -  ၁ဝဝ ဂရမ်
ပျဉ်းတော်သိမ်  -  ၁ ခက်
မဆလာ  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
မန်ကျည်းရည်  -  စားပွဲဇွန်း ၃ ဇွန်း
ဆီ  -  စားပွဲဇွန်း ၃ ဇွန်း
ကြက်သွန်ဖြူ  -  ၁၀ ဂရမ်
ကြက်သွန်နီ  -  ၄၅ ဂရမ်
ချင်း  -  ၇ ဂရမ်
ဆား  -  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း
သကြား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးစိမ်း  -  ၅ တောင့်

ပြုလုပ်နည်း
 ကုလားပဲကို နူးအောင် ရေသန့်သန့်နဲ့ ပြုတ်ထား ပေးပါ။ အာလူးကိုလည်း အလုံးလိုက် ထည့်ချက်ချင် တဲ့အတွက် သတ်သတ်ပြုတ်ထားပေးပါ။ ကြက်သွန် ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကို နုပ်နုပ်စဉ်းထားပေးပါ။ ပျဉ်းတော်သိမ်ကိုလည်း အဆင်သင့်ခြွေထားပေးပါ။ မီးဖိုပေါ်ကို ဒယ်အိုးတင်ပြီး ဆီထည့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ပျဉ်းတော်သိမ်၊ မဆလာထည့်ပြီး ဆီသတ်ပေးပါ။ ဆီပြန်လာပြီဆိုရင် ပြုတ်ထားတဲ့ ကုလားပဲ၊ အာလူး ထည့်မွှေပါ။ ပြီးလျှင် မန်ကျည်းရည်၊ ဆား၊ သကြားထည့်ပြီး ဆီပြန်အောင် တည်ပါ။ ဆီပြန် လာပြီဆိုရင်တော့ ငရုတ်သီးစိမ်းအုပ်ပြီး သုံးဆောင် နိုင်ပါပြီ။ အချဉ်လေးနဲ့ ကုလားပဲရဲ့  ဆိမ့်တဲ့အရသာလေး အရမ်းကို လိုက်ဖက်လှပါတယ်။
------------------------
Shwe Min Eain

ပဲကြာဆံသုပ်
-----------------


ပါဝင်ပစ္စည်းများ
ပဲကြာဆံ  -  ၄၅ ဂရမ်
ကြက်သွန်နီ  -  ၂၅ ဂရမ်
ကြက်သွန်ဖြူ  -  ၁၀ ဂရမ်
ငရုတ်သီးစိမ်း  -  ၁၅ ဂရမ်
နံနံပင်  -  ၃ ဂရမ်
အာလူးပြုတ်  -  ၄၅ ဂရမ်
မန်ကျည်းရည်  -  စားပွဲဇွန်း ၁  ၁/၂ ဇွန်း
ဆား  -  လက်ဖက်ရည်ဇွန်း ၁   ၁/၂ ဇွန်း
သကြား  -  လက်ဖက်ရည်ဇွန်း ၁  ဇွန်း
ပဲငံပြာရည်အကြည်  -  စားပွဲဇွန်း ၁ ဇွန်း
ပျားရည်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သခွားသီး  -  ၈ ဂရမ်
မုန်လာဥနီ  -  ၈ ဂရမ်

ပြုလုပ်နည်း
 ပဲကြာဆံကို အရင်ဆုံး ရေစိမ်ပေးထားပြီး
ရေနွေးအိုးကို ဆူအောင် တည်ထားပေးပါ။ ရေဆူလာ ပြီဆိုရင် ပဲကြာဆံတွေ ထည့်ပြီး ပြုတ်ပေးပါ။ ပြုတ် ထားတဲ့ ပဲကြာဆံတွေကို ရေအေးနဲ့ စိမ်ထားပေးပါ။ အာလူးတွေကို ပြုတ်ပြီး အခွံခွာထားပါ။ ကြက်သွန်နီ ကို ပါးပါးလှီးထားပေးပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း နဲ့ နံနံပင်ကို ရောပြီး ထောင်းထားပါ။ ပြီးလျှင် ဇလုံ
တစ်ခုထဲကို ပဲကြာဆံထည့်၊ ထောင်းထားတာတွေ ထည့်၊ အာလူးပြုတ်ထည့်၊ မန်ကျည်းရည်၊ ဆား၊ သကြား၊ ပဲငံပြာရည်အကြည်၊ ပျားရည်ကို ထည့်ပြီး
လက်နဲ့ အသာအယာ နှံ့စပ်အောင် နယ်ပေးပြီး သခွား သီး၊ မုန်လာဥနီတို့နဲ့ တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။
--------------------------
Shwe Min Eain

သူကြီးမငါးပိရည်
-----------------------------


ပါဝင်ပစ္စည်းများ
ငါးပိရည်ကျို  -  ၁၅၀ ဂရမ်
ကုလားအော်သီး  -  ၈ ဂရမ်
ကြက်သွန်ဖြူ  -  ၂၀ ဂရမ်
ငရုတ်သီးအခြောက်တောင့်  -  ၃၀ ဂရမ်
ငါးသလဲထိုး  -  ၃ဝဝ ဂရမျ
နနွင်း  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ  -  ၅ဝဝ မီလီလီတာ
တို့စရာ  -  မိမိကြိုက်နှစ်သက်ရာ

ပြုလုပ်နည်း
 ငါးကို ရေစင်အောင်ဆေးပြီး ဇလုံတစ်လုံးထဲကို ထည့်ပြီး ဆား၊ နနွင်းနယ်ပြီးထားပါ။ ဆီကို ငါးကြော်ဖို့ အတွက် ဆူအောင်တည်ထားပါ။ ငါးပိကို အိုးထဲ ထည့်ပြီး နနွင်း၊ ရေထည့်ကာ ကျိုထားပေးပါ။ ဆူပွက် လာပြီး အသားတွေ အကုန်စင်သွားပြီဆိုရင်တော့ ပန်းကန်လုံးထဲ စစ်ထားပေးပါ။ ဆီဆူဆူထဲကို ငါးလေး တွေ ထည့်ပြီး ကြွပ်အောင် ကြော်ပေးပါ။ ပြီးလျှင် ဆယ်ပြီး ဆီစစ်ထားပေးပါ။ တစ်ဆက်တည်း ကြက်သွန်ဖြူ၊ ငရုတ်သီးအခြောက်တောင့်၊ ကုလား အော်သီးတို့ကို ဆီပူထဲမှာ သတ်သတ်စီ ကြော်ပြီး ဆီစစ်အအေးခံထားပါ။ ဆီစစ်ကာ အအေးခံထားတဲ့ ငါးကြော်၊ ငရုတ်သီးကြော်၊ ကြက်သွန်ဖြူကြော်တို့ကို ညက်နေအောင် ရောပြီး ထောင်းပေးပါ။ ပန်းကန် တစ်ခုထဲကို ထောင်းထားတာတွေထည့်၊ ကျိုပြီး စစ် ထားတဲ့ ငါးပိရည်ကျို မွှေးမွှေးလေး လောင်းထည့်ပြီး တို့စရာလေးနဲ့ တွဲဖက်ပြီး စားမယ်ဆိုရင်တော့ ဘာ အသားဟင်းမှမလိုဘဲ ထမင်းမြိန်စေမယ့် ကျွန်မ ကိုယ်တိုင် ဖန်တီးထားတဲ့ သူကြီးမငါးပိရည်လေးကို ရရှိပါပြီရှင်။
----------------------
Tin Tin Oo

အမဲသားထောင်းကြော်
°°°°°°°°°°°°°°°°°°°°°°


အမဲပေါင်သား...............၃ဝကျပ်သား
ကြက်သွန်နီ..................၂လုံး
ကြက်သွန်ဖြူ.................၅တက်
ငရုတ်ခြောက်တောင့်........၁၅တောင့်ခန့်

အမဲပေါင်သားကိုရေဆေးသန့်စင်ပြီးအမြှောင်ရှည်ပုံစံရအောင်ဒေါင်လိုက် ၂ခြမ်းစီလှီးဖြတ်ပါ။

ဆား၊ဟင်းခတ်မှုန့်၊ နနွင်းမှုန့်တို့နှင့်အရသာနယ်ပြီးချင်းသေးသေးတစ်တက်ကိုဓားပြားရိုက်ထည့်ကာနှုးသည်အထိပြုတ်ထားပါ။

ရေအနည်းငယ်လေးသာကျန်ပါစေ။

ထိုစဉ်အတွင်းကြက်သွန်နီ၊ ကြက်သွန်ဖြူ ကိုပါးပါးလှီးပြီးငရုတ်ခြောက်တောင့်ကိုမညှက်တညှက်ထောင်း(သို့) ကြိတ်ပေးပါ။

အမဲသားနှုးအိပြီဆိုလျှင်ခပ်ဖွဖွထောင်းပေးပြီးအသားမျှင်လေးတွေရအောင်ဖွာပေးပါ။

အမဲသားမျှင်လေးထဲများသို့ ဆား၊ဟင်းခတ်မှုန့်၊ကြက်သားမှုန့်၊ထောင်းထားတဲ့ငရုတ်ကြမ်းမှုန့်များကိုသမအောင်နယ်ပေးပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးပါးပါးလှီးထားတဲ့ကြက်သွန်နီ၊ ဖြူ ကိုနနွင်းမှုန့်၊အရောင်တင်မှုန့်တို့နှင့်အတူဆီသတ်ပါ။

အနည်းငယ်မွှေးလာလျှင်အရသာနယ်ထားတဲ့အမဲသားမျှင်တွေထည့်ကြော်ပေးပါ။

အစိုပုံစံကြိုက်တယ်ဆိုရင်(၅)မိနစ်ခန့်သာကြော်ပေးရန်လိုအပ်ပြီးခပ်ခြောက်ခြောက်လေးကြိုက်တယ်ဆိုရင်တော့မီးရှိန်လျှော့ချပြီးအချိန်အနည်းငယ်ပိုပြီးကြော်ပေးရပါမယ်။

*ကြက်၊ ဝက်၊ ဆိတ် မိမိနှစ်သက်ရာအသားဖြင့်ဤဟင်းပွဲကိုကြော်စားနိူင်ပါသည်။

ပုစွန်ထုပ်ကြက်ဥမဆလာ
°°°°°°°°°°°°°°°°°°°°°°°°°°°°


ပုစွန်ထုပ်................၅ကောင်
ကြက်သွန်နီဥကြီး...၁လုံး
ကြက်သွန်ဖြူ..........ရတက်
ချင်းသေးသေး........၁တက်
ငရုတ်ပွပုတောင့်......၃တောင့်
မဆလာ..................လက်ဖက်ဇွန်း၁ဇွန်း
ပျဉ်းတော်သိမ်ရွက်..၁ဝရွက်ခန့်
ကွကျဥ................... ၂လုံး

ပထမဆုံး ပုစွန်တွေကိုကျောခွဲ ချေးထုတ်ပါ။ အခွံခွာ လျှင်လဲရပါတယ်။

ကြက်သွန်နီကိုခပ်နုပ်နုပ်လေးစဉ်းပေးပါ။

ချင်း+ ကြက်သွန်ဖြူ၊ ရေစိမ်ပြီးအစေ့ထုတ်ထားသောငရုတ်ပွပုတောင့်တို့
ကိုရောပြီးညှက်နေအောင်ထောင်းပါ။

ကြက်ဥနှစ်လုံးကိုဖောက်ပြီးခေါက်ထားပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးပျဉ်းတော်သိမ်ရွက်တွေကိုအကြွပ်ကြော်ပြီးဆယ်ထုတ်ထားပါ။

ချင်း၊ကြက်သွန်ဖြူ အထောင်းကိုနနွင်းမှုန့်၊
ငရုတ်သီးအစိမ်းမှုန့်တို့ဖြင့်ဆီသပ်ပါ။

မွှေးလာလျှင်နုပ်နုပ်စဉ်းထားတဲ့ကြက်သွန်တွေထည့်ပါ။

ငါးငံပြာရည်၊ သကြား၊ အရသာမှုန့်တို့ဖြင့်
အရသာဖြည့်စွက်ပါ။

နွမ်းလာလျှင် မဆလာထည့်ပါ။ ရေအနည်းငယ်ဖြည့်စွက်ပြီးအနှစ်ကျအောင်ချက်ပါ။

ထိုအနှစ်ထဲသို့ခေါက်ထားသောကြက်ဥကို
ဖြေးညင်းစွာလောင်းထည့်ပြီးအဆတ်မပြတ်မွှေပေးပါ။

ညှက်ကြေနေတဲ့ကြက်ဥဖတ်လေးတွေအနှစ်ဖြစ်လာပြီဆိုမှ ပုစွန်တွေထည့်ပါ။

ပုစွန်ထဲကသတ္ထုရည်တွေစိမ့်ထွက်လာပြီး
ဆီပြန်လာလျှင်ကြော်ယူဆီစစ်ထားတဲ့ပျဉ်းတော်သိမ်ရွက်တွေထည့်မွှေပြီး ပန်းကန်ထဲသို့ ခပ်ထည့်ပါ။

(Zawgyi)

ကုလားပဲအာလူးဆီျပန္
-------------------------------


ပါဝင္ပစၥည္းမ်ား
ကုလားပဲအာလူးဆီျပန္
ကုလားပဲ   -  ၂၀ ဂရမ္
အာလူး  -  ၁ဝဝ ဂရမ္
ပ်ဥ္းေတာ္သိမ္  -  ၁ ခက္
မဆလာ  -  လက္ဖက္ရည္ဇြန္း ၁ ဇြန္း
မန္က်ည္းရည္  -  စားပြဲဇြန္း ၃ ဇြန္း
ဆီ  -  စားပြဲဇြန္း ၃ ဇြန္း
ၾကက္သြန္ျဖဴ  -  ၁၀ ဂရမ္
ၾကက္သြန္နီ  -  ၄၅ ဂရမ္
ခ်င္း  -  ၇ ဂရမ္
ဆား  -  လက္ဖက္ရည္ဇြန္း ၁  ၁/၂ ဇြန္း
သၾကား  -  လက္ဖက္ရည္ဇြန္း ၁ ဇြန္း
င႐ုတ္သီးစိမ္း  -  ၅ ေတာင့္

ျပဳလုပ္နည္း
 ကုလားပဲကို ႏူးေအာင္ ေရသန႔္သန႔္နဲ႔ ျပဳတ္ထား ေပးပါ။ အာလူးကိုလည္း အလုံးလိုက္ ထည့္ခ်က္ခ်င္ တဲ့အတြက္ သတ္သတ္ျပဳတ္ထားေပးပါ။ ၾကက္သြန္ ျဖဴ၊ ၾကက္သြန္နီ၊ ခ်င္းတို့ကို ႏုပ္ႏုပ္စဥ္းထားေပးပါ။ ပ်ဥ္းေတာ္သိမ္ကိုလည္း အဆင္သင့္ေႁခြထားေပးပါ။ မီးဖိုေပၚကို ဒယ္အိုးတင္ၿပီး ဆီထည့္၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ခ်င္း၊ ပ်ဥ္းေတာ္သိမ္၊ မဆလာထည့္ၿပီး ဆီသတ္ေပးပါ။ ဆီျပန္လာၿပီဆိုရင္ ျပဳတ္ထားတဲ့ ကုလားပဲ၊ အာလူး ထည့္ေမႊပါ။ ၿပီးလၽွင္ မန္က်ည္းရည္၊ ဆား၊ သၾကားထည့္ၿပီး ဆီျပန္ေအာင္ တည္ပါ။ ဆီျပန္ လာၿပီဆိုရင္ေတာ့ င႐ုတ္သီးစိမ္းအုပ္ၿပီး သုံးေဆာင္ နိုင္ပါၿပီ။ အခ်ဥ္ေလးနဲ႔ ကုလားပဲရဲ့  ဆိမ့္တဲ့အရသာေလး အရမ္းကို လိုက္ဖက္လွပါတယ္။
------------------------
Shwe Min Eain

ပဲၾကာဆံသုပ္
-----------------


ပါဝင္ပစၥည္းမ်ား
ပဲၾကာဆံ  -  ၄၅ ဂရမ္
ၾကက္သြန္နီ  -  ၂၅ ဂရမ္
ၾကက္သြန္ျဖဴ  -  ၁၀ ဂရမ္
င႐ုတ္သီးစိမ္း  -  ၁၅ ဂရမ္
နံနံပင္  -  ၃ ဂရမ္
အာလူးျပဳတ္  -  ၄၅ ဂရမ္
မန္က်ည္းရည္  -  စားပြဲဇြန္း ၁  ၁/၂ ဇြန္း
ဆား  -  လက္ဖက္ရည္ဇြန္း ၁   ၁/၂ ဇြန္း
သၾကား  -  လက္ဖက္ရည္ဇြန္း ၁  ဇြန္း
ပဲငံျပာရည္အၾကည္  -  စားပြဲဇြန္း ၁ ဇြန္း
ပ်ားရည္  -  လက္ဖက္ရည္ဇြန္း ၁ ဇြန္း
သခြားသီး  -  ၈ ဂရမ္
မုန္လာဥနီ  -  ၈ ဂရမ္

ျပဳလုပ္နည္း
 ပဲၾကာဆံကို အရင္ဆုံး ေရစိမ္ေပးထားၿပီး
ေရေႏြးအိုးကို ဆူေအာင္ တည္ထားေပးပါ။ ေရဆူလာ ၿပီဆိုရင္ ပဲၾကာဆံေတြ ထည့္ၿပီး ျပဳတ္ေပးပါ။ ျပဳတ္ ထားတဲ့ ပဲၾကာဆံေတြကို ေရေအးနဲ႔ စိမ္ထားေပးပါ။ အာလူးေတြကို ျပဳတ္ၿပီး အခြံခြာထားပါ။ ၾကက္သြန္နီ ကို ပါးပါးလွီးထားေပးပါ။ ၾကက္သြန္ျဖဴ၊ င႐ုတ္သီးစိမ္း နဲ႔ နံနံပင္ကို ေရာၿပီး ေထာင္းထားပါ။ ၿပီးလၽွင္ ဇလုံ
တစ္ခုထဲကို ပဲၾကာဆံထည့္၊ ေထာင္းထားတာေတြ ထည့္၊ အာလူးျပဳတ္ထည့္၊ မန္က်ည္းရည္၊ ဆား၊ သၾကား၊ ပဲငံျပာရည္အၾကည္၊ ပ်ားရည္ကို ထည့္ၿပီး
လက္နဲ႔ အသာအယာ ႏွံ့စပ္ေအာင္ နယ္ေပးၿပီး သခြား သီး၊ မုန္လာဥနီတို့နဲ႔ တြဲဖက္ၿပီး သုံးေဆာင္နိုင္ပါၿပီ။
--------------------------
Shwe Min Eain

သူႀကီးမငါးပိရည္
-----------------------------


ပါဝင္ပစၥည္းမ်ား
ငါးပိရည္က်ိဳ  -  ၁၅၀ ဂရမ္
ကုလားေအာ္သီး  -  ၈ ဂရမ္
ၾကက္သြန္ျဖဴ  -  ၂၀ ဂရမ္
င႐ုတ္သီးအေျခာက္ေတာင့္  -  ၃၀ ဂရမ္
ငါးသလဲထိုး  -  ၃ဝဝ ဂရမ်
နႏြင္း  -  လက္ဖက္ရည္ဇြန္း ၂ ဇြန္း
ဆား  -  လက္ဖက္ရည္ဇြန္း ၁ ဇြန္း
ေရ  -  ၅ဝဝ မီလီလီတာ
တို့စရာ  -  မိမိႀကိဳက္ႏွစ္သက္ရာ

ျပဳလုပ္နည္း
 ငါးကို ေရစင္ေအာင္ေဆးၿပီး ဇလုံတစ္လုံးထဲကို ထည့္ၿပီး ဆား၊ နႏြင္းနယ္ၿပီးထားပါ။ ဆီကို ငါးေၾကာ္ဖို့ အတြက္ ဆူေအာင္တည္ထားပါ။ ငါးပိကို အိုးထဲ ထည့္ၿပီး နႏြင္း၊ ေရထည့္ကာ က်ိဳထားေပးပါ။ ဆူပြက္ လာၿပီး အသားေတြ အကုန္စင္သြားၿပီဆိုရင္ေတာ့ ပန္းကန္လုံးထဲ စစ္ထားေပးပါ။ ဆီဆူဆူထဲကို ငါးေလး ေတြ ထည့္ၿပီး ႂကြပ္ေအာင္ ေၾကာ္ေပးပါ။ ၿပီးလၽွင္ ဆယ္ၿပီး ဆီစစ္ထားေပးပါ။ တစ္ဆက္တည္း ၾကက္သြန္ျဖဴ၊ င႐ုတ္သီးအေျခာက္ေတာင့္၊ ကုလား ေအာ္သီးတို့ကို ဆီပူထဲမွာ သတ္သတ္စီ ေၾကာ္ၿပီး ဆီစစ္အေအးခံထားပါ။ ဆီစစ္ကာ အေအးခံထားတဲ့ ငါးေၾကာ္၊ င႐ုတ္သီးေၾကာ္၊ ၾကက္သြန္ျဖဴေၾကာ္တို့ကို ညက္ေနေအာင္ ေရာၿပီး ေထာင္းေပးပါ။ ပန္းကန္ တစ္ခုထဲကို ေထာင္းထားတာေတြထည့္၊ က်ိဳၿပီး စစ္ ထားတဲ့ ငါးပိရည္က်ိဳ ေမႊးေမႊးေလး ေလာင္းထည့္ၿပီး တို့စရာေလးနဲ႔ တြဲဖက္ၿပီး စားမယ္ဆိုရင္ေတာ့ ဘာ အသားဟင္းမွမလိုဘဲ ထမင္းၿမိန္ေစမယ့္ ကၽြန္မ ကိုယ္တိုင္ ဖန္တီးထားတဲ့ သူႀကီးမငါးပိရည္ေလးကို ရရွိပါၿပီရွင္။
----------------------
Tin Tin Oo

အမဲသားေထာင္းေၾကာ္
°°°°°°°°°°°°°°°°°°°°°°


အမဲေပါင္သား...............၃၀က်ပ္သား
ၾကက္သြန္နီ..................၂လုံး
ၾကက္သြန္ျဖဴ.................၅တက္
င႐ုတ္ေျခာက္ေတာင့္........၁၅ေတာင့္ခန္႔

အမဲေပါင္သားကိုေရေဆးသန္႔စင္ၿပီးအေျမႇာင္ရွည္ပုံစံရေအာင္ေဒါင္လိုက္ ၂ျခမ္းစီလွီးျဖတ္ပါ။

ဆား၊ဟင္းခတ္မွုန္႔၊ နႏြင္းမွုန္႔တို့ႏွင့္အရသာနယ္ၿပီးခ်င္းေသးေသးတစ္တက္ကိုဓားျပားရိုက္ထည့္ကာႏွုးသည္အထိျပဳတ္ထားပါ။

ေရအနည္းငယ္ေလးသာက်န္ပါေစ။

ထိုစဥ္အတြင္းၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ ကိုပါးပါးလွီးၿပီးင႐ုတ္ေျခာက္ေတာင့္ကိုမညႇက္တညႇက္ေထာင္း(သို့) ႀကိတ္ေပးပါ။

အမဲသားႏွုးအိၿပီဆိုလၽွင္ခပ္ဖြဖြေထာင္းေပးၿပီးအသားမၽွင္ေလးေတြရေအာင္ဖြာေပးပါ။

အမဲသားမၽွင္ေလးထဲမ်ားသို့ ဆား၊ဟင္းခတ္မွုန္႔၊ၾကက္သားမွုန္႔၊ေထာင္းထားတဲ့င႐ုတ္ၾကမ္းမွုန္႔မ်ားကိုသမေအာင္နယ္ေပးပါ။

ဒယ္အိုးတစ္လုံးမွာဆီအနည္းငယ္ကိုအပူေပးၿပီးပါးပါးလွီးထားတဲ့ၾကက္သြန္နီ၊ ျဖဴ ကိုနႏြင္းမွုန္႔၊အေရာင္တင္မွုန္႔တို့ႏွင့္အတူဆီသတ္ပါ။

အနည္းငယ္ေမႊးလာလၽွင္အရသာနယ္ထားတဲ့အမဲသားမၽွင္ေတြထည့္ေၾကာ္ေပးပါ။

အစိုပုံစံႀကိဳက္တယ္ဆိုရင္(၅)မိနစ္ခန္႔သာေၾကာ္ေပးရန္လိုအပ္ၿပီးခပ္ေျခာက္ေျခာက္ေလးႀကိဳက္တယ္ဆိုရင္ေတာ့မီးရွိန္ေလၽွာ့ခ်ၿပီးအခ်ိန္အနည္းငယ္ပိုၿပီးေၾကာ္ေပးရပါမယ္။

*ၾကက္၊ ဝက္၊ ဆိတ္ မိမိႏွစ္သက္ရာအသားျဖင့္ဤဟင္းပြဲကိုေၾကာ္စားနိူင္ပါသည္။

ပုစြန္ထုပ္ၾကက္ဥမဆလာ
°°°°°°°°°°°°°°°°°°°°°°°°°°°°


ပုစြန္ထုပ္................၅ေကာင္
ၾကက္သြန္နီဥႀကီး...၁လုံး
ၾကက္သြန္ျဖဴ..........၇တက္
ခ်င္းေသးေသး........၁တက္
င႐ုတ္ပြပုေတာင့္......၃ေတာင့္
မဆလာ..................လက္ဖက္ဇြန္း၁ဇြန္း
ပ်ဥ္းေတာ္သိမ္ရြက္..၁၀ရြက္ခန္႔
ကြက်ဥ................... ၂လုံး

ပထမဆုံး ပုစြန္ေတြကိုေက်ာခြဲ ေခ်းထုတ္ပါ။ အခြံခြာ လၽွင္လဲရပါတယ္။

ၾကက္သြန္နီကိုခပ္ႏုပ္ႏုပ္ေလးစဥ္းေပးပါ။

ခ်င္း+ ၾကက္သြန္ျဖဴ၊ ေရစိမ္ၿပီးအေစ့ထုတ္ထားေသာင႐ုတ္ပြပုေတာင့္တို့
ကိုေရာၿပီးညႇက္ေနေအာင္ေထာင္းပါ။

ၾကက္ဥႏွစ္လုံးကိုေဖာက္ၿပီးေခါက္ထားပါ။

ဒယ္အိုးတစ္လုံးမွာဆီအနည္းငယ္ကိုအပူေပးၿပီးပ်ဥ္းေတာ္သိမ္ရြက္ေတြကိုအႂကြပ္ေၾကာ္ၿပီးဆယ္ထုတ္ထားပါ။

ခ်င္း၊ၾကက္သြန္ျဖဴ အေထာင္းကိုနႏြင္းမွုန္႔၊
င႐ုတ္သီးအစိမ္းမွုန္႔တို့ျဖင့္ဆီသပ္ပါ။

ေမႊးလာလၽွင္ႏုပ္ႏုပ္စဥ္းထားတဲ့ၾကက္သြန္ေတြထည့္ပါ။

ငါးငံျပာရည္၊ သၾကား၊ အရသာမွုန္႔တို့ျဖင့္
အရသာျဖည့္စြက္ပါ။

ႏြမ္းလာလၽွင္ မဆလာထည့္ပါ။ ေရအနည္းငယ္ျဖည့္စြက္ၿပီးအႏွစ္က်ေအာင္ခ်က္ပါ။

ထိုအႏွစ္ထဲသို့ေခါက္ထားေသာၾကက္ဥကို
ေျဖးညင္းစြာေလာင္းထည့္ၿပီးအဆတ္မျပတ္ေမႊေပးပါ။

ညႇက္ေၾကေနတဲ့ၾကက္ဥဖတ္ေလးေတြအႏွစ္ျဖစ္လာၿပီဆိုမွ ပုစြန္ေတြထည့္ပါ။

ပုစြန္ထဲကသတၳဳရည္ေတြစိမ့္ထြက္လာၿပီး
ဆီျပန္လာလၽွင္ေၾကာ္ယူဆီစစ္ထားတဲ့ပ်ဥ္းေတာ္သိမ္ရြက္ေတြထည့္ေမႊၿပီး ပန္းကန္ထဲသို့ ခပ္ထည့္ပါ။

No comments: