Monday, August 3, 2020

HR New Normal

HR New Normal

▪️▪️▪️▪️▪️▪️▪️▪️▪️


Htain Lin Kyaw (HR)

ဒီကနေ့ ခေတ်အခြေအနေအရ အရမ်းခေတ်စားလာတဲ့ စကားလုံးပါ ။   ၂၀၀၈ လောက်ကတည်းက သုံးခဲ့တယ်လို့ လည်း သိရပါတယ် ။  အားလုံးသိကြတဲ့အတိုင်း ကမ္ဘာမှာ Covid 19 စဖြစ်လာတာနဲ့အမျှ လူနေထိုင်မှု  ပုံစံတွေ ၊ အလုပ်လုပ်ကိုင်မှု ပုံစံတွေကို ပြောင်းလဲလာခဲ့ပါတယ်  ။

အဲ့လို ပြောင်းလဲမှုတွေနဲ့အတူတူ New Normal ကလည်း လိုက်ပါ ဖွံ့ဖြိုးလာခဲ့ပါပြီ ၊  စီးပွားရေးဆိုင်ရာ တိုးတတ်ဖွံ့ဖြိုးမှု နဲ့အတူ  Industry 5.0 လို့ ခေါ်တဲ့ နည်းပညာအခြေပြု လုပ်ငန်းဆောင်ရွက်မှုတွေဟာ ကမ္ဘာအနှံ အရှိန်အဟုန်မြှင့်လာကြပါတယ် ။  ကျွန်တော်တို့လို နိုင်ငံတွေလည်း အနည်းငယ်တော့ ပြောင်းလဲ လိုက်ပါခဲ့တာတွေ ရှိပါတယ် ။  သူများတွေမှာတော့ နည်းပညာဆိုင်ရာ New Normal ကတော့ စနေတာကြာခဲ့ပါပြီ ။

New Normal ဆိုတာ ကျွန်တော်တို့ပုံမှန်ပြုလုပ်ဆောင်ရွက်နေကြတဲ့ အရာတွေကို ချန်ခဲ့ပြီး အသစ်သော အရာတွေနဲ့ နေ့စဉ်ဖြတ်သန်းရတော့မယ့် ပုံစံမျိုးကို ဆိုလိုပါတယ် ။ ကျွန်တော်တို့ ပုံမှန်ပြုလုပ်နေ ကြတဲ့အရာတွေဖြစ်တဲ့ နေ့စဉ် ဖြတ်သန်းမှုတွေကို မတူညီတော့တဲ့ ပုံစံမျိုးနဲ့ဆက်သွားသွားနေတာမျိုးပါ ။

ဥပမာ -  အရင် အပြင်သွားရင် သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူတူ စားသောက်ကြမယ် ၊  စကားတွေ ပြောကြမယ် ၊ တရင်းတနှီးပွေ့ဖက်ခဲ့ကြပေမဲ့ အခုအချိန်မှာတော့ အကန့်အသတ် အသစ်ပေါင်းများစွာနဲ့ ကျွန်တော်တို့ မိတ်ဆွေ သူငယ်ချင်းများ နဲ့ တွေ့ဆုံတဲ့အခါ  ခပ်ခွာခွာနေရတာမျိုး ၊တရင်းတနှီးဆက်ဆံရေးမျိုးနဲ့  သင်နေထိုင်လို့ရမှာ မဟုတ်တော့ပါဘူး ။

ဒီလို ပြောင်းလဲလာတဲ့အထဲ လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်မှုတွေ အတွက်လည်း ပြောင်းလဲ ဆောင်ရွက်ရဦးမယ် ဆိုတာ အသေအချာပါပဲ  ။

ဒီတော့ လုပ်ငန်းခွင်အတွင်း နေ့စဉ် ပုံမှန် လုပ်ဆောင်နေကြရတဲ့ အလုပ်တွေအတွက်  New Normal ဆိုတာကြီးက ဆိုင်းမဆင့် ဘုံမဆင့် ရောက်လေတဲ့ အခါ HR တွေ အနေနဲ့ ဘာတွေ ပြင်ဆင်ဆောင်ရွက်ထားဖို့ လိုမလဲ ဆိုတာကို အကြောင်းအရာ တစ်ချို့ အကျဉ်းချုပ်ဆွေးနွေးချင်ပါတယ် ။

❗Organization Downsizing

လက်တွေ့အရင်ဆုံးကြုံတွေ့ရမယ့်အရာဖြစ်ပါတယ် ၊  ဒီအခြေအနေမှာကမ္ဘာအနှံ စီးပွားရေး ထိခိုက်မှုများ ကြောင့် အဖွဲ့အစည်းတွေ ပြုပြင်ပြောင်းလဲမှု လုပ်ရာမှာ အရည်အချင်းရှိသူတွေ သာ ပိုမိုရှင်ကျန်မယ့် အခြေအနေမျိုးတွေ ဖြစ်လာပါတယ် ။

Adapting the skillset of the workforce to shifting market demands ပါ ။

ဒါကြောင့် လူအနည်းဆုံးနဲ့ တက်နိုင်သမျှ စွမ်းဆောင်ရည် အကောင်းဆုံး လုပ်ရမယ့် အခြေအနေဖြစ်ပါလိမ့်မယ် ။ ထုတ်လုပ်ရေးအပိုင်းက လွဲလို့ ရုံးတွေမှာ လူတွေအများ ကြီးနဲ့ လုပ်ဆောင်ရ တာမျိုး မဟုတ်ပဲ  Work From Home လုပ်ရတာမျိုးတွေ ရှိလာမှာဖြစ်သလို သင့်အလုပ် ပတ်ဝန်းကျင်မှာ လူအနည်းငယ်သာ ရှိတော့မယ် အခြေအနေဖြစ်လာနိုင်ပါတယ် ။

ထုတ်လုပ်ရေး လုပ်ငန်းအပိုင်းတွေမှာ Auto Machines တွေပိုအသုံးများ လာပြီး လူအစားထိုးနည်းပညာတွေရ သင့်အလုပ်မှာ  လုပ်ဖော်ကိုင်ဖက် နည်းသွားတာကို  တစ်ဖြည်းဖြည်း တွေ့လာရပါမယ် ။

❗Investing in technology

နည်းပညာဆိုင်ရာအထောက်အပံ မဖြစ်မနေ ယူရတော့မယ့် အခြေအနေတွေဖြစ်လာပါလိမ့်မယ် ။  ဝန်ထမ်းအချင်းချင်းတွေ့ဆုံတာ ၊ အစည်းအဝေးတွေကျင်းပတာ တွေကအစ နည်းပညာဆိုင်ရာ ပံ့ပိုးမှုတွေ အတွက် လုပ်ငန်းတွေ အနေနဲ့ ရင်းနှီးမြှပ်နှံရတာတွေရှိလာမှာပါ။  HR ရဲ့ လုပ်ငန်းစဉ်တွေမှာလည်း နည်းပညာအထောက်အကူပြု အသုံးချရမယ့်  လုပ်ငန်းစဉ်တွေကို ထည့်သွင်းအသုံးချရမှာဖြစ်ပါတယ် ။

လစာတွက်တာ ၊ အစည်းအဝေးလုပ်တာ ၊ ရုံးတွင်းကြေညာချက်တွေ ၊  ဝန်ထမ်းအသစ်ခန့်အပ်တဲ့ လုပ်ငန်းစဉ်  ၊ လေ့ကျင့်သင်ကြားပေးခြင်းကအစ တော်တော်များများသော HR Functions တွေမှာ နည်းပညာနဲ့ထိတွေက ဆက်ဆံလာရမှာကိုပြင်ဆင်ထားဖို့လိုပါတယ် ။  နည်းပညာအပိုင်းမှာ ပိုပြီးရင်းနှီးမြှပ်နှံလေလေ HR  ဝန်ထမ်းဦး ရေလည်း လျော့ပါးလာမယ့်အခြေအနေရှိပါတယ် ။  အခုအခြေအနေက HR 4.0 ကို အလျင်အမြန် စတင်စေမယ်လို့ ထင်ပါတယ် ။

❗HR Policy Changes

လုပ်ငန်းခွင်အတွင်းက ပြောင်းလဲလာတဲ့ ပုံစံတွေကြောင့် သင့်လုပ်ငန်းရဲ့ ဝန်ထမ်းရေးရာ ပေါ်လစီကို ပြင်ဆင် ပြောင်းလဲရမှာတွေရှိပါတယ် ။  အလုပ်လုပ်ကိုင်မှု ပုံစံတွေက ပြောင်းလဲလာမှာဖြစ်တာကြောင့် ဝန်ထမ်းတွေရဲ့ အလုပ်လုပ်ကိုင်မှုအတွက်သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ၊ အလုပ်ချိန်သတ်မှတ်ချက်တွေ၊ နည်းပညာအထောက်အပံ့တွေ ပိုပြီးအသုံးပြုလာလေလေ  ရုံးတွင်း Internet , Email , Mobile အသုံးပြုတာ တွေကအစ ပြောင်းလဲ လာရတာတွေရှိပါတယ်။ ဒါတွေအတွက်လည်း ပြင်ဆင်ရမှာ တွေရှိလာဦးမှာပါ ။

❗Employee Health and Safety

လက်ရှိ လုပ်ငန်းတွေကို တော်တော်များများ စစ်ဆေးဆောင်ရွက်နေတဲ့ အချက်ဖြစ်ပါတယ် ။  ကျန်းမာရေးဆိုင်ရာ လမ်းညွန်ချက်များ ကို သိရှိလိုက်နာဖို့  HR များအနေနဲ့ ကြိုးစားပြင်ဆင်ရမှာဖြစ်ပါတယ် ။ ဝန်ထမ်းတွေရဲ့ ကျန်းမာရေး အခြေအနေဟာ လုပ်ငန်းရဲ့ စွမ်းဆောင်ရည်နဲ့ အချိုးကျလာတဲ့ အချိန်ကိုလည်း ရောက်လာနိုင်မှာဖြစ်ပါတယ် ။

ဒါကို အရင်က  သိပ် လေးမထားခဲ့ပေမဲ့ အခုအချိန်မှာ ဦးစားပေး လုပ်ဆောင်ရမယ့် အချိန်ဖြစ်လာပါတယ် ။  Organization Downsizing ကြောင့် နည်းသွားမယ့်  ဝန်ထမ်းဦးရေ အကြား အလုပ်ပျက်ကွက်မှုနှုန်းတွေ မများစေဖို့လည်း လိုအပ်တာကြောင့် မိမိဝန်ထမ်းတိုင်း ကျန်းမာစွာနေထိုင်ရေးက New Normal မှာ အရင်ဆုံးကြုံတွေ့ရမယ့်အချက်ပဲဖြစ်ပါတယ် ။

❗Between employee relationship

New Normal ကြောင့် ဝန်ထမ်းများအကြား ဆက်ဆံရေးပုံစံ ပြောင်းလဲသွားနိုင်သလား ဆိုတာကို ထည့်သွင်း စဉ်းစားရမှာဖြစ်ပါတယ် ။ နေ့စဉ်နေထိုင်မှု ပုံစံတွေမှာ တစ်ဦးနဲ့ တစ်ဦး ကန့်သတ်ချက်တွေကြောင့် ပိုပြီးရင်းနှီး ကျွမ်းဝင်မယ့်အခွင့်အလမ်းနည်းပါးနိုင်တာမျိုးလည်း ရှိနိုင်ပါတယ် ။

ဒါကြောင့်လည်း  ဝန်ထမ်းတွေကြားက ဆက်ဆံရေးခိုင်ခိုင်မာမာ တည်ဆောက်နိုင်မယ့် နည်းလမ်းအသစ်များကို စဉ်းစား သင့်ပါတယ် ။  အဖွဲ့အစည်းရဲ့ ရည်မှန်းချက်  ၊ ဖြတ်ကျော်ရမယ့် အကျပ်အတည်းတွေအတွက် ဝန်ထမ်းတွေရဲ့ စကားကို ( Listen and create trust )နားထောင်ပြီး ယုံကြည်မှုကို ဖန်တီးတည်ဆောက်ဖို့လိုပါတယ် ။

အထက်က တင်ပြခဲ့တာတွေအပြင်  HR New Normal အတွက် ပြင်ဆင်ပြောင်းလဲ နိုင်တာတွေ လည်း ရှိလာပါဦးမယ် ။  ကမ္ဘာကြီးက အမြဲ ပြောင်းလဲနေတာပါ ၊ အမီလိုက်နိုင်ဖို့ လိုပါတယ် ။

ဒါကြောင့် မိမိ အဖွဲ့အစည်းအတွက် ပြောင်းလဲလာမယ့် HR New Normal တွေကို သင်ကိုယ်တိုင် လက်တွေ့ကျကျ သိရှိနားလည် အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ထိန်လင်းကျော် ( HR)

Ref :    ;

-Three Priorities For HR In The "New Normal" And Beyond
-3 Ways HR Is Defining the New Normal By Euclides (E.J.) Marin, Nakisa Apr 30, 2020
-Effective strategies for remote work during COVID-19, The Ivey Academy Coronavirus 2020 strategy toolkit, Open-source

(Zawgyi)

HR New Normal

▪️▪️▪️▪️▪️▪️▪️▪️▪️


Htain Lin Kyaw (HR)

ဒီကေန႔ ေခတ္အေျခအေနအရ အရမ္းေခတ္စားလာတဲ့ စကားလုံးပါ ။   ၂၀၀၈ ေလာက္ကတည္းက သုံးခဲ့တယ္လို့ လည္း သိရပါတယ္ ။  အားလုံးသိၾကတဲ့အတိုင္း ကမၻာမွာ Covid 19 စျဖစ္လာတာနဲ႔အမၽွ လူေနထိုင္မွု  ပုံစံေတြ ၊ အလုပ္လုပ္ကိုင္မွု ပုံစံေတြကို ေျပာင္းလဲလာခဲ့ပါတယ္  ။

အဲ့လို ေျပာင္းလဲမွုေတြနဲ႔အတူတူ New Normal ကလည္း လိုက္ပါ ဖြံ့ၿဖိဳးလာခဲ့ပါၿပီ ၊  စီးပြားေရးဆိုင္ရာ တိုးတတ္ဖြံ့ၿဖိဳးမွု နဲ႔အတူ  Industry 5.0 လို့ ေခၚတဲ့ နည္းပညာအေျချပဳ လုပ္ငန္းေဆာင္ရြက္မွုေတြဟာ ကမၻာအႏွံ အရွိန္အဟုန္ျမႇင့္လာၾကပါတယ္ ။  ကၽြန္ေတာ္တို့လို နိုင္ငံေတြလည္း အနည္းငယ္ေတာ့ ေျပာင္းလဲ လိုက္ပါခဲ့တာေတြ ရွိပါတယ္ ။  သူမ်ားေတြမွာေတာ့ နည္းပညာဆိုင္ရာ New Normal ကေတာ့ စေနတာၾကာခဲ့ပါၿပီ ။

New Normal ဆိုတာ ကၽြန္ေတာ္တို့ပုံမွန္ျပဳလုပ္ေဆာင္ရြက္ေနၾကတဲ့ အရာေတြကို ခ်န္ခဲ့ၿပီး အသစ္ေသာ အရာေတြနဲ႔ ေန႔စဥ္ျဖတ္သန္းရေတာ့မယ့္ ပုံစံမ်ိဳးကို ဆိုလိုပါတယ္ ။ ကၽြန္ေတာ္တို့ ပုံမွန္ျပဳလုပ္ေန ၾကတဲ့အရာေတြျဖစ္တဲ့ ေန႔စဥ္ ျဖတ္သန္းမွုေတြကို မတူညီေတာ့တဲ့ ပုံစံမ်ိဳးနဲ႔ဆက္သြားသြားေနတာမ်ိဳးပါ ။

ဥပမာ -  အရင္ အျပင္သြားရင္ သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔ အတူတူ စားေသာက္ၾကမယ္ ၊  စကားေတြ ေျပာၾကမယ္ ၊ တရင္းတႏွီးေပြ႕ဖက္ခဲ့ၾကေပမဲ့ အခုအခ်ိန္မွာေတာ့ အကန႔္အသတ္ အသစ္ေပါင္းမ်ားစြာနဲ႔ ကၽြန္ေတာ္တို့ မိတ္ေဆြ သူငယ္ခ်င္းမ်ား နဲ႔ ေတြ႕ဆုံတဲ့အခါ  ခပ္ခြာခြာေနရတာမ်ိဳး ၊တရင္းတႏွီးဆက္ဆံေရးမ်ိဳးနဲ႔  သင္ေနထိုင္လို့ရမွာ မဟုတ္ေတာ့ပါဘူး ။

ဒီလို ေျပာင္းလဲလာတဲ့အထဲ လုပ္ငန္းခြင္အတြင္း လုပ္ငန္းေဆာင္ရြက္မွုေတြ အတြက္လည္း ေျပာင္းလဲ ေဆာင္ရြက္ရဦးမယ္ ဆိုတာ အေသအခ်ာပါပဲ  ။

ဒီေတာ့ လုပ္ငန္းခြင္အတြင္း ေန႔စဥ္ ပုံမွန္ လုပ္ေဆာင္ေနၾကရတဲ့ အလုပ္ေတြအတြက္  New Normal ဆိုတာႀကီးက ဆိုင္းမဆင့္ ဘုံမဆင့္ ေရာက္ေလတဲ့ အခါ HR ေတြ အေနနဲ႔ ဘာေတြ ျပင္ဆင္ေဆာင္ရြက္ထားဖို့ လိုမလဲ ဆိုတာကို အေၾကာင္းအရာ တစ္ခ်ိဳ့ အက်ဥ္းခ်ဳပ္ေဆြးေႏြးခ်င္ပါတယ္ ။

❗Organization Downsizing

လက္ေတြ႕အရင္ဆုံးၾကဳံေတြ႕ရမယ့္အရာျဖစ္ပါတယ္ ၊  ဒီအေျခအေနမွာကမၻာအႏွံ စီးပြားေရး ထိခိုက္မွုမ်ား ေၾကာင့္ အဖြဲ႕အစည္းေတြ ျပဳျပင္ေျပာင္းလဲမွု လုပ္ရာမွာ အရည္အခ်င္းရွိသူေတြ သာ ပိုမိုရွင္က်န္မယ့္ အေျခအေနမ်ိဳးေတြ ျဖစ္လာပါတယ္ ။

Adapting the skillset of the workforce to shifting market demands ပါ ။

ဒါေၾကာင့္ လူအနည္းဆုံးနဲ႔ တက္နိုင္သမၽွ စြမ္းေဆာင္ရည္ အေကာင္းဆုံး လုပ္ရမယ့္ အေျခအေနျဖစ္ပါလိမ့္မယ္ ။ ထုတ္လုပ္ေရးအပိုင္းက လြဲလို့ ႐ုံးေတြမွာ လူေတြအမ်ား ႀကီးနဲ႔ လုပ္ေဆာင္ရ တာမ်ိဳး မဟုတ္ပဲ  Work From Home လုပ္ရတာမ်ိဳးေတြ ရွိလာမွာျဖစ္သလို သင့္အလုပ္ ပတ္ဝန္းက်င္မွာ လူအနည္းငယ္သာ ရွိေတာ့မယ္ အေျခအေနျဖစ္လာနိုင္ပါတယ္ ။

ထုတ္လုပ္ေရး လုပ္ငန္းအပိုင္းေတြမွာ Auto Machines ေတြပိုအသုံးမ်ား လာၿပီး လူအစားထိုးနည္းပညာေတြရ သင့္အလုပ္မွာ  လုပ္ေဖာ္ကိုင္ဖက္ နည္းသြားတာကို  တစ္ျဖည္းျဖည္း ေတြ႕လာရပါမယ္ ။

❗Investing in technology

နည္းပညာဆိုင္ရာအေထာက္အပံ မျဖစ္မေန ယူရေတာ့မယ့္ အေျခအေနေတြျဖစ္လာပါလိမ့္မယ္ ။  ဝန္ထမ္းအခ်င္းခ်င္းေတြ႕ဆုံတာ ၊ အစည္းအေဝးေတြက်င္းပတာ ေတြကအစ နည္းပညာဆိုင္ရာ ပံ့ပိုးမွုေတြ အတြက္ လုပ္ငန္းေတြ အေနနဲ႔ ရင္းႏွီးျမႇပ္ႏွံရတာေတြရွိလာမွာပါ။  HR ရဲ့ လုပ္ငန္းစဥ္ေတြမွာလည္း နည္းပညာအေထာက္အကူျပဳ အသုံးခ်ရမယ့္  လုပ္ငန္းစဥ္ေတြကို ထည့္သြင္းအသုံးခ်ရမွာျဖစ္ပါတယ္ ။

လစာတြက္တာ ၊ အစည္းအေဝးလုပ္တာ ၊ ႐ုံးတြင္းေၾကညာခ်က္ေတြ ၊  ဝန္ထမ္းအသစ္ခန႔္အပ္တဲ့ လုပ္ငန္းစဥ္  ၊ ေလ့က်င့္သင္ၾကားေပးျခင္းကအစ ေတာ္ေတာ္မ်ားမ်ားေသာ HR Functions ေတြမွာ နည္းပညာနဲ႔ထိေတြက ဆက္ဆံလာရမွာကိုျပင္ဆင္ထားဖို့လိုပါတယ္ ။  နည္းပညာအပိုင္းမွာ ပိုၿပီးရင္းႏွီးျမႇပ္ႏွံေလေလ HR  ဝန္ထမ္းဦး ေရလည္း ေလ်ာ့ပါးလာမယ့္အေျခအေနရွိပါတယ္ ။  အခုအေျခအေနက HR 4.0 ကို အလ်င္အျမန္ စတင္ေစမယ္လို့ ထင္ပါတယ္ ။

❗HR Policy Changes

လုပ္ငန္းခြင္အတြင္းက ေျပာင္းလဲလာတဲ့ ပုံစံေတြေၾကာင့္ သင့္လုပ္ငန္းရဲ့ ဝန္ထမ္းေရးရာ ေပၚလစီကို ျပင္ဆင္ ေျပာင္းလဲရမွာေတြရွိပါတယ္ ။  အလုပ္လုပ္ကိုင္မွု ပုံစံေတြက ေျပာင္းလဲလာမွာျဖစ္တာေၾကာင့္ ဝန္ထမ္းေတြရဲ့ အလုပ္လုပ္ကိုင္မွုအတြက္သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြ ၊ အလုပ္ခ်ိန္သတ္မွတ္ခ်က္ေတြ၊ နည္းပညာအေထာက္အပံ့ေတြ ပိုၿပီးအသုံးျပဳလာေလေလ  ႐ုံးတြင္း Internet , Email , Mobile အသုံးျပဳတာ ေတြကအစ ေျပာင္းလဲ လာရတာေတြရွိပါတယ္။ ဒါေတြအတြက္လည္း ျပင္ဆင္ရမွာ ေတြရွိလာဦးမွာပါ ။

❗Employee Health and Safety

လက္ရွိ လုပ္ငန္းေတြကို ေတာ္ေတာ္မ်ားမ်ား စစ္ေဆးေဆာင္ရြက္ေနတဲ့ အခ်က္ျဖစ္ပါတယ္ ။  က်န္းမာေရးဆိုင္ရာ လမ္းညြန္ခ်က္မ်ား ကို သိရွိလိုက္နာဖို့  HR မ်ားအေနနဲ႔ ႀကိဳးစားျပင္ဆင္ရမွာျဖစ္ပါတယ္ ။ ဝန္ထမ္းေတြရဲ့ က်န္းမာေရး အေျခအေနဟာ လုပ္ငန္းရဲ့ စြမ္းေဆာင္ရည္နဲ႔ အခ်ိဳးက်လာတဲ့ အခ်ိန္ကိုလည္း ေရာက္လာနိုင္မွာျဖစ္ပါတယ္ ။

ဒါကို အရင္က  သိပ္ ေလးမထားခဲ့ေပမဲ့ အခုအခ်ိန္မွာ ဦးစားေပး လုပ္ေဆာင္ရမယ့္ အခ်ိန္ျဖစ္လာပါတယ္ ။  Organization Downsizing ေၾကာင့္ နည္းသြားမယ့္  ဝန္ထမ္းဦးေရ အၾကား အလုပ္ပ်က္ကြက္မွုႏွုန္းေတြ မမ်ားေစဖို့လည္း လိုအပ္တာေၾကာင့္ မိမိဝန္ထမ္းတိုင္း က်န္းမာစြာေနထိုင္ေရးက New Normal မွာ အရင္ဆုံးၾကဳံေတြ႕ရမယ့္အခ်က္ပဲျဖစ္ပါတယ္ ။

❗Between employee relationship

New Normal ေၾကာင့္ ဝန္ထမ္းမ်ားအၾကား ဆက္ဆံေရးပုံစံ ေျပာင္းလဲသြားနိုင္သလား ဆိုတာကို ထည့္သြင္း စဥ္းစားရမွာျဖစ္ပါတယ္ ။ ေန႔စဥ္ေနထိုင္မွု ပုံစံေတြမွာ တစ္ဦးနဲ႔ တစ္ဦး ကန႔္သတ္ခ်က္ေတြေၾကာင့္ ပိုၿပီးရင္းႏွီး ကၽြမ္းဝင္မယ့္အခြင့္အလမ္းနည္းပါးနိုင္တာမ်ိဳးလည္း ရွိနိုင္ပါတယ္ ။

ဒါေၾကာင့္လည္း  ဝန္ထမ္းေတြၾကားက ဆက္ဆံေရးခိုင္ခိုင္မာမာ တည္ေဆာက္နိုင္မယ့္ နည္းလမ္းအသစ္မ်ားကို စဥ္းစား သင့္ပါတယ္ ။  အဖြဲ႕အစည္းရဲ့ ရည္မွန္းခ်က္  ၊ ျဖတ္ေက်ာ္ရမယ့္ အက်ပ္အတည္းေတြအတြက္ ဝန္ထမ္းေတြရဲ့ စကားကို ( Listen and create trust )နားေထာင္ၿပီး ယုံၾကည္မွုကို ဖန္တီးတည္ေဆာက္ဖို့လိုပါတယ္ ။

အထက္က တင္ျပခဲ့တာေတြအျပင္  HR New Normal အတြက္ ျပင္ဆင္ေျပာင္းလဲ နိုင္တာေတြ လည္း ရွိလာပါဦးမယ္ ။  ကမၻာႀကီးက အျမဲ ေျပာင္းလဲေနတာပါ ၊ အမီလိုက္နိုင္ဖို့ လိုပါတယ္ ။

ဒါေၾကာင့္ မိမိ အဖြဲ႕အစည္းအတြက္ ေျပာင္းလဲလာမယ့္ HR New Normal ေတြကို သင္ကိုယ္တိုင္ လက္ေတြ႕က်က် သိရွိနားလည္ အေကာင္အထည္ေဖာ္ဖို့ တိုက္တြန္းလိုက္ပါတယ္။

ထိန္လင္းေက်ာ္ ( HR)

Ref :    ;

-Three Priorities For HR In The "New Normal" And Beyond
-3 Ways HR Is Defining the New Normal By Euclides (E.J.) Marin, Nakisa Apr 30, 2020
-Effective strategies for remote work during COVID-19, The Ivey Academy Coronavirus 2020 strategy toolkit, Open-source

No comments: