Showing posts with label အလုပ္​အကိုင္​. Show all posts
Showing posts with label အလုပ္​အကိုင္​. Show all posts

Wednesday, August 28, 2024

အနိုင်ကျင့်တတ်တဲ့ အထက်လူကြီးကို ဘယ်လိုတုံ့ပြန်မလဲ ?

အနိုင်ကျင့်တတ်တဲ့ အထက်လူကြီးကို ဘယ်လိုတုံ့ပြန်မလဲ ?




ကျွန်တော်တို့ ကြီးပြင်းလာတဲ့ ဘဝတစ်လျှောက်မှာ အနိုင်ကျင့်တတ်တဲ့ သူတွေနဲ့ တစ်ချိန်မဟုတ် တစ်ချိန် တစ်ကွေ့မဟုတ် တစ်ကွေ့မှာ တွေ့ကြရတတ်ပါတယ်။


အထူးသဖြင့် ငယ်ဘဝမှာ တွေ့ရတတ်ပြီး အဲတုန်းက အနိုင်ကျင့်တတ်တဲ့သူတွေက အင်မတန်ရှင်းလင်းတဲ့ အနိုင်ကျင့်နည်းကို သုံးကြတဲ့ အတွက် သိသာထင်ရှားပါတယ်။


ဥပမာ မုန့်လုစားတာတို့၊ လမ်းသွားတုန်း ခြေခံထိုးတာတို့၊ အုပ်စုဖွဲ့ ထိုးကြိတ်တာတို့ပေါ့။အဲဒီတုန်းက ကျွန်တော်တို့ ဘယ်လိုဖြေရှင်း ကျော်လွန်ခဲ့ကြသလဲ။သူတို့ကို ထိပ်တိုက်ရင်မဆိုင် မငြင်းဆန်ဘဲ၊ မုန့်ရှိရင် မုန့်ကျွေး၊ အခြား ခဲတံတို့ဘာတို့ လဘ်ထိုးတဲ့သဘော ပေး (ဆက်သ) ပြီး သူတို့ အနိုင်မကျင့်အောင် လုပ်ခဲ့ရတယ်။ဒါတောင်မှ အနိုင်ကျင့်တတ်တဲ့သူက တွေ့တိုင်း အမြဲဖြဲခြောက်နေတုန်းပဲ။တွေ့တိုင်း မာန်မဲ၊ မျက်နှာထန်ထန်နဲ့နေပြီး သူတို့နိုင်ကြောင်း အမြဲပြလေ့ရှိတယ်။တချို့အနိုင်ကျင့်ခံရတဲ့သူတွေဆို ငယ်ကြောက်လို့ ဆိုရမလောက် တစ် သက်လုံး မလှန်ရဲကြဘူး၊၊


ဆိုပါစို့ သူ့ကို စ အနိုင်ကျင့်ခံရတုန်းက သူက အကောင်ငယ်ဦးမယ်၊ အားလည်းမရှိဘူး၊ သူငယ်ချင်းလည်း မရှိဘူး၊ နောက်ကြီးလာတော့ အနိုင်ကျင့်တဲ့သူထက် ပိုအရပ်ရှည်လာမယ်၊ ခွန်အားပိုကြီးလာမယ်။ဒါပေမဲ့ အနိုင်ကျင့်သူရှေ့ရောက်ရင် ဟိုတုန်းက သူငယ်နှပ်စား ကလေးလေး ပြန်ဖြစ်သွားပြီး အနိုင်ကျင့်သမျှ ငုံ့ခံနေတတ်ကြတယ်။

ငယ်တုန်းကတော့ အနိုင်ကျင့်သူကို ရှောင်လို့လွယ်တယ်။သူ ဒီလမ်းကလာရင် ကိုယ် ဟိုလမ်းကသွား၊ ထိပ်တိုက်မတွေ့အောင်နေ၊ ဒါမှမဟုတ် ဆရာမနဲ့ တိုင်ပြောပြီး နောက်မလုပ်အောင်လုပ် စသဖြင့်ပေါ့။


ဒါပေမဲ့ လုပ်ငန်းခွင်ထဲရောက်လို့ ကိုယ်ကလည်း အကြောင်းအမျိုးမျိုးကြောင့် ရထားတဲ့ အလုပ်ကို မစွန့်လွှတ်နိုင်၊ ကိုယ့်အထက်လူကြီးကလည်း အနိုင်ကျင့်တတ်တဲ့၊ အနိုင့်အထက်ပြုတတ်တဲ့ လူစားဖြစ်နေပြီဆိုရင် တကယ့် ကျဉ်းထဲကျပ်ထဲရောက်တာပဲ။ဒီလိုဖြစ်လာပြီဆိုရင် အကောင်းဆုံး ဘယ်လိုရင်ဆိုင်ဖြေရှင်း၊ ကျော်လွှားကြမလဲ။


အရင်ဆုံး အလုပ်ထဲမှာ အနိုင်ကျင့်တတ်တဲ့ အထက်လူကြီးတွေက ဘယ်လိုလူစားတွေလဲဆိုတာ လေ့လာကြည့်ကြရအောင်။


အနိုင်ကျင့်တတ်တဲ့ အထက်လူကြီးတွေက သူတို့ရဲ့ အာဏာပါဝါနဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး သူတို့လုပ်စေချင်သလို လုပ်လာအောင် အတင်းအကျပ်စေခိုင်းတာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ် ယုံကြည်စိတ် လျော့နည်းလာအောင် လစ်လျူရှု ဖယ်ကျဉ်ထားတာ စတဲ့နည်းတွေနဲ့ ကိုယ့်လက်အောက်ငယ်သားတွေကို ဖိနှိပ်အုပ်ချုပ်နိုင်အောင် နည်းမျိုးစုံနဲ့ အမြဲလုပ်နေတဲ့သူတွေဖြစ်တယ်။သူတို့သုံးတတ်တဲ့ နည်းတွေထဲမှာ နှုတ်အားဖြင့် နှိမ်ချပြောဆို ဖိနှိပ်တာ၊ ပြစ်တင်ကြိမ်းမောင်းတာ၊ မလုပ်နိုင်တဲ့ အချိန်မီ မပြီးနိုင်တဲ့ အလုပ်တွေ ဝန်ပိအောင် မနားတမ်းခိုင်းစေတာ၊ လူကြားထဲကြ ကိုယ့်အားနည်းချက်ကို အပိုင်ကိုင်ပြီး အရှက်ခွဲတာ၊ လက်လှုပ်ခြေလှုပ်ကအစ လိုက်ကြည့်ပြီး စိတ်ကျဉ်းကျပ် မလုပ်မကိုင်ရဲဖြစ်လာအောင် မလိုအပ်ဘဲ အနီးကပ် ကြီးကြပ်ကွပ်ကဲနေတာ စတဲ့ နည်းလမ်းပေါင်းစုံနဲ့ မိမိငယ်သားတွေကို ဖိနှိပ်အုပ်ချုပ်တတ်၊ ရစ်တတ်ပါတယ်။


ဒီလိုလုပ်တတ်တဲ့ အထက်လူကြီးတွေဟာ သူ့လက်အောက်က ဝန်ထမ်းတွေကို စိတ်ထိခိုက်ပျက်ပြားစေပြီး၊ လုပ်ငန်းခွင် ပျော်ပိုက်မှုမရှိ၊ သာ ယာမှုမရှိ၊ အလုပ်စွမ်းအား ကျဆင်းစေတဲ့အတွက် ကုမ္ပဏီအဖွဲ့အစည်း အဖို့ အဆိပ်အတောက်တစ်ခုပဲဖြစ်ပါတယ်။


အနိုင်ကျင့်တတ်တဲ့ အထက်လူကြီးတွေ ဒီလို ဘာကြောင့်လုပ်ကြသလဲ ဆိုတာကို လေ့လာကြည့်ရင် – သူတို့ရဲ့ စိတ်လုံခြုံမှုမရှိတာနဲ့ သူတို့ရဲ့ သြဇာအာဏာ၊ ရာထူး လက်လွှတ်ရမှာ ကြောက်တဲ့စိတ်ကို ဖုံးကွယ်ချင်တာ၊ လူတွေကို ဖိနှိပ်ချုပ်ချယ်ချင်တဲ့ စိတ်သဘောထားရှိတာနဲ့ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ အကျင့်ရှိတာ၊ သူကလွဲရင် လူတွေအားလုံးက အသုံးမကျဘူးလို့ အထင်သေးစိတ်ရှိတာ၊ ငါသာသိ ငါသာတတ် စိတ်ထားရှိတာ စတဲ့ စိတ်သဘောထားတွေ လွှမ်းမိုးနေတာကို တွေ့ရမှာဖြစ်ပါတယ်။


အဲဒါတွေအပြင် သူတို့မှာ ပုဂ္ဂိုလ်ရေး အိမ်တွင်းရေး အဆင်မပြေမှုရှိနေတာကို အလုပ်ထဲမှာ လာပေါက်ကွဲနေတာ၊ အမှန်တကယ် ကျွမ်းကျင်မှုနဲ့ အရည်အချင်းမပြည့်ဝတာ၊ အားနည်းတယ်လို့ သူတို့စိတ်မှာထင်တဲ့ သူတွေကို အနိုင်အထက် ဆက်ဆံချင်တာတွေ စိုးမိုးနေတဲ့အပြင်၊ သူလုပ်ကိုင်လာခဲ့တဲ့ ပတ်ဝန်းကျင်ရဲ့ အထက်ဖား အောက်ဖိ အကျင့်ဆိုးတွေကို အလေ့အထသဖွယ် စွဲနေတာလည်း ဖြစ်နိုင်ပါတယ်။ဒါမှ မဟုတ် ရာထူးကြီးတဲ့အတွက် ဖြစ်ပေါ်လာတဲ့ အလုပ်ဝန်ထုပ်ဝန်ပိုးကို ခံနိုင်ရည်မရှိတာလည်း ဖြစ်တတ်ပါတယ်။


အဲဒီတော့ မဖြစ်မနေ ရင်ဆိုင်ဆက်ဆံရတော့မယ့် အနိုင်ကျင့်တတ်တဲ့ အထက်လူကြီးနဲ့ ဘယ်လိုနေထိုင်လုပ်ကိုင်ကြသင့်သလဲဆိုတာကို အောက်ပါအတိုင်း အကြံပေးချင်ပါတယ်။


      (၁) ပညာရှင်ဆန်အောင်နေပါ။

အင်္ဂလိပ်လို Be Professional ပေါ့။မိမိအလုပ်တာဝန်ကို ကောင်းစွာကျေပွန်အောင် ထမ်းဆောင်နိုင်တဲ့ အရည်အချင်း အသိပညာပြည့်ဝအောင် ကြိုးစားပါ။အနိုင်ကျင့်သူက မိမိစိတ်ကို တုန်လှုပ်ချောက်ချားအောင် လုပ်ပေမယ့် ကိုယ့်ရပ်တည်ချက်ကို မပျက်ပါစေနဲ့။သူ့ရဲ့ အပြစ်တင်စွပ်စွဲ ပြောဆိုမှုတွေကို မတုန်မလှုပ်ဘဲ အလုပ်အကိုင် ရှုဒေါင့်ကပဲ အချက်အလက်နဲ့ ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းပါ။မိမိကိုယ်ကိုယ် ကာကွယ်ပြီး အကြောက်အကန်ငြင်းဆန်တဲ့ အနေအထား ဖြစ်မသွားပါစေနဲ့။သူဒီလိုလုပ်လို့ ရန်ညှိုးရန်စွယ် ဖြစ်လာမယ့် အခြေအနေ ရောက်မ သွားအောင် သတိနဲ့ တုံ့ပြန်ပါ။အဓိက-က သူနဲ့ ပြိုင်မငြင်းနဲ့ သူ့လို ကမူးရှူးထိုး ဒေါသတကြီး တုံ့ပြန်တာမျိုး မလုပ်ပါနဲ့။


      (၂) အနိုင်ကျင့်တတ်တဲ့ အထက်လူကြီးနဲ့ အချေအတင် ထိပ်တိုက်တွေ့တဲ့ အခြေအနေ ဖြစ်လာပြီဆိုရင် အဖြစ်အပျက်အားလုံးကို သေချာစွာ ရေးမှတ်ထားပါ။

ရက်စွဲ အချိန် နေရာ ဖြစ်ပျက်ပုံ၊ သူပြောတဲ့ စကား၊ မိမိဖြေရှင်းချက်ပေးပုံ စတာတွေ အားလုံးကို အသေးစိတ်ရေးမှတ်ထားပါ။ဖြစ်နိုင်ရင် အီးမေးလ်ပေးစာ၊ ဒါမှမဟုတ် အခြားပေးစာ စတဲ့ အထက်လူကြီးက မိမိကို မတရားဖိနှိပ် အနိုင်ကျင့်တဲ့ အပြုအမူ ပေါ်လွင်စေမယ့် သက်သေအားလုံးကို သေချာစွာ မှတ်တမ်းတင် သိမ်း ဆည်းထားပါ။လိုအပ်လို့ HR တို့ ဌာနတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့တို့နဲ့ ရှင်းရတဲ့အခါ ကိုယ့်ဖက်က ပိုင်ပိုင်နိုင်နိုင် ခုခံကာကွယ်နိုင်ဖို့အတွက် အသင့်ပြင်ထားတဲ့ သဘောပါ။


      (၃) စည်းဘောင် သတ်မှတ်ထားပါ။

အဲဒီအထက်လူကြီး အလုပ်တာဝန်ပေးအပ်လာတိုင်း မိမိလုပ်နိုင်တဲ့ အတိုင်းအတာ၊ ပြီးစီးနိုင်မယ့် အချိန်ကာလတွေကို သေချာစဉ်းစားတွက်ချက်ပြီးမှ ပွင့်ပွင့်လင်းပြောပြီး လက်ခံဆောင်ရွက်ပါ။မိမိကို နှိပ်ကွပ်တာတွေ လျော့သွားအောင် မျက်နှာလို မျက်နှာရ မစဉ်းစားဘဲ လုပ်မိမယ်ဆိုရင် တာဝန်မကျေဘူးဆိုတဲ့ သူထောင်ထားတဲ့ ထောင်ချောက်ထဲမှာ ထွက်ပေါက်မရှိ ပိတ်မိသွားရတော့မှာပါ။မိမိကို ဝန်ပိစေမယ့်၊ ဖြစ်နိုင်ခြေနည်းတဲ့ အလုပ်ကို ခိုင်းစေလာရင် တာဝန်ယူ မလုပ်ကိုင်နိုင်ကြောင်း ယဉ်ယဉ်ကျေးကျေး ခိုင်ခိုင်လုံလုံ အကျိုးအကြောင်းပြပြီး ငြင်းဆိုပါ။ဒါမှမဟုတ် အောင်မြင်စွာ လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ လူ၊ အချိန်၊ ငွေအင်အား ပံ့ပိုးပေးဖို့ ကတိရအောင်ယူပြီးမှ လက်ခံလုပ်ဆောင်ပါ။


အလုပ်ကို လက်ခံလုပ်ကိုင်ပြီဆိုရင်လည်း နားလည်မှုမှားတာမျိုး မဖြစ်အောင် အလုပ်ကို မိမိရှင်းရှင်းလင်းလင်း တိတိကျကျ သိရအောင် မေးမြန်း သဘောထားရယူပြီးမှ ဆောင်ရွက်ပါ။မိမိပေးထားတဲ့ ကတိကိုတော့ ဘယ်တော့မှ မပျက်ပါစေနဲ့။


      (၄) အကူအညီရှာထားပါ။

မိမိအထက်လူကြီးနဲ့ ကြုံဆုံနေရတဲ့ အခက်အခဲကို စိတ်ချရတဲ့ မိမိ လုပ်ဖော်ကိုင်ဖက်တွေကို အသိပေးထားပါ၊ HR ဌာနကိုလည်း တရားဝင်တိုင်တန်းတဲ့သဘောမျိုး မဟုတ်ဘဲ ဖြစ်နေတဲ့ အခြေအနေကို ကြိုတင်အသိပေးတဲ့အနေနဲ့ ပြောပြထားပါ။လိုအပ်လာရင် သူတို့ဆီက အကူအညီရနိုင်ပါတယ်။အနည်းဆုံး သူတို့ဆီက အကောင်းဆုံးအကြံဉာဏ်တွေရလာနိုင်ပါတယ်။သူတို့မှာ တခြားဌာနကနေလည်း အလားတူ အတွေ့အကြုံမျိုး ရှိထားနိုင်တာကြောင့် မိမိအတွက် အထောက်အကူရမှာ သေချာပါတယ်။


      (၅)  မိမိအရည်အချင်းကို အမြဲတိုးတက်နေပါစေ။

မိမိအလုပ်နဲ့ သက်ဆိုင်တဲ့ လိုအပ်တဲ့ အရည်အချင်းမှန်သမျှကို တိုးတက်နေအောင် အမြဲကြိုးစားနေခြင်းဖြင့် မိမိကိုယ်ကိုယ် ယုံကြည်စိတ် ရှိရှိ ရဲရဲဝံ့ဝံ့လုပ်ကိုင်နိုင်အောင် လုပ်ထားပါ။တတ်နိုင်ရင် အလုပ်အတွက် လိုအပ်တဲ့ အရည်အချင်း အသိအမှတ်ပြု လက်မှတ်တွေ ရထားအောင် သင်တန်းတွေတက်ပါ၊ လုပ်ငန်းတွင်း သင်တန်းပို့ချမှုတွေရှိရင်လည်း လက်မလွတ်ပါစေနဲ့။မိမိအစွမ်းကိုလည်း အခွင့်သင့်တိုင်း ထုတ်ပြပါ။မိမိက ကိုယ့်အလုပ်မှာ ကျွမ်းကျင်တဲ့ အားကိုးရတဲ့ လက်လွှတ်လို့မရတဲ့ ဝန်ထမ်းဖြစ်တာကို သိရင် အနိုင်ကျင့်ချင်တဲ့ လူတောင် မလုပ်ရဲတော့ဘဲ လက်တွန့်သွားမှာပါ။


      (၆) အားကိုးရတဲ့သူတွေကို ပေါင်းထားပါ။

အလုပ်ထဲမှာ မိမိကို ပံ့ပိုးကူညီပေးမယ့် စီနီယာတွေ၊ အပေါင်းအသင်းဆံ့သူတွေ၊ အနိုင်ကျင့်တတ်တဲ့ အထက်လူကြီးကို မီးသေတဲ့သူတွေ၊ အရေးရှိရင် သက်သေကောင်းလိုက်ပေးမယ့်သူတွေ၊ မိမိအလုပ်မှာ လိုအပ်တာတွေကို သင်ပြလမ်းညွှန်ပေးနိုင်မယ့်သူတွေကို ကောင်းကောင်းပေါင်းထား မိတ်ဖွဲ့ထားပါ။မိမိက အသိုင်းအဝန်းတောင့်ပြီး လူချစ်လူခင်များတဲ့သူဖြစ်နေရင် အနိုင်ကျင့်ချင်တဲ့လူမှာ တော်တော်နဲ့ မလုပ်ရဲဘဲ လက်တွန့်နေသွားတတ်ပါတယ်။


      (၇) မရတဲ့အဆုံး ထိပ်တိုက်ဖြေရှင်းဖို့ ပြင်ဆင်ပါ။

အထက်ကလို မိမိက သတိထား ရှောင်ရှားနိုင်အောင် ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာဖြစ်အောင် ပြင်ဆင်ထားတဲ့ကြားက၊ အနိုင်ကျင့်တတ်တဲ့ အထက်လူကြီးက ပိုကဲလာမယ်၊ ဆီလို အပေါက်ရှာပြီး ပိုဖိနှိပ်လာမယ်ဆိုရင်တော့၊ ခုနက စုဆောင်းထားတဲ့ သက်သေအထောက်အထားတွေနဲ့ HR ကို မတတ်သာဘဲ တင်ပြတိုင်ကြား ရတော့မှာဖြစ်ပါတယ်။တိုင်ကြားရာမှာလည်း ကုမ္ပဏီအဖွဲ့အစည်းက ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအတိုင်း စနစ်တကျ ဆောင်ရွက်ပါ။ပြီးရင် မိမိက စစ်မျက်နှာဖွင့်လိုက်ပြီဖြစ်တဲ့အတွက် ပိုပြီး သတိကြီးကြီးနဲ့ လုပ်ကိုင်ဆောင်ရွက်ရတော့မှာဖြစ်ပါတယ်။


အနိုင်ကျင့်တတ်တဲ့သူတွေဆီမှာ အကောက်ဉာဏ်မျိုးစုံရှိတတ်တဲ့ အတွက် သူတို့ ဘာကြံစည်လုပ်လာဦးမယ်ဆိုတာ ကြိုမသိနိုင်ပါ။နောက်တစ်ခု သိထားသင့်တာက အနိုင်ကျင့်တဲ့သူဆိုတာ သူတို့နိုင်မယ်ထင်လို့ လုပ်ကြတာပါ၊ တေ့တေ့ဆိုင်ဆိုင်ဆို တကယ်သတ္တိရှိကြသူတွေ မဟုတ်ပါဘူး။သူတို့မနိုင်ဘူးဆိုတာသိရင် အမြီးကုတ် မျက်နှာချိုသွေး နောက်ဆုတ်သွားတတ်ပါတယ်။ဒါပေမဲ့ အင်္ဂလိပ်စကားပုံရှိတယ် “Bullies are Cowards and Cowards Never Forgive” တဲ့ သူတို့ တစ်နည်းမဟုတ် တစ်နည်းနဲ့ မိမိကို ကလဲ့စားချေဖို့ ကြံစည်နေကြဦးမယ်ဆိုတာ သတိမလစ်ပါစေနဲ့။


      (၈) မိမိလှုပ်ရှားရမယ့် လမ်းတွေ စဉ်းစားထားပါ။

တကယ်လို့ အခုလို HR တို့ အထက်အဖွဲ့အစည်းတွေကို အကြောင်းကြား တိုင်ကြားပြီး ဖြေရှင်းဖို့ ကြိုးစားတဲ့ကြားက၊ အနိုင်ကျင့်တတ်တဲ့ အထက်လူကြီးက နောက်ခံသိပ်ကောင်းနေတဲ့အတွက် မြွေဆိုးကို ထိပ်ပုတ်မိတဲ့ အခြေအနေမျိုး ဖြစ်သွားပြီး၊ မိမိအနေအထားက ဘာမှ အကြောင်းမထူးဘူးဆိုတာ သိလာခဲ့ရင်၊ မိမိရဲ့လုပ်သက်နဲ့ ရထားတဲ့ လစာ စတာတွေကလည်း လက်မလွှတ်ချင်စရာ အနေအထား ရှိမယ်ဆိုရင် သင့်တော်အဆင်ပြေမယ့် ကုမ္ပဏီတွင်းက အခြားဌာနတစ်ခုကို ရွှေ့ပြောင်း တာဝန်ထမ်းဆောင်ဖို့ စဉ်းစားကြိုးစားပါ။ဒါမှ မဟုတ်လည်း ဒီကုမ္ပဏီကို စွန့်ခွာပြီး အခြား ကောင်းတဲ့ ကုမ္ပဏီတစ်ခုခုမှာ ပြောင်းရွှေ့အလုပ်-လုပ်ဖို့ စတင်ခြေလှမ်းရတော့မှာဖြစ်ပါတယ်။


ဒါကတော့ အနိုင်ကျင့်တတ်တဲ့ အထက်လူကြီးနဲ့ တွေ့တဲ့အခါ လုပ်ဆောင်သင့်တဲ့ နည်းလမ်းလေးတွေကို အကြံပေး တင်ပြလိုက်တာဖြစ်ပါတယ်။အနိုင်ကျင့်တတ်တဲ့ အထက်လူကြီးအောက်မှာ အလုပ်-လုပ်ရတာဟာ ပျော်ရွှင်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခု မဟုတ်ပေမယ့်၊ ဒါကို အောင်မြင်ကျော်လွှားနိုင်ပြီဆိုရင် သိပ်ကိုကောင်းတဲ့ အောင်မြင်မှုအရသာတစ်ခု၊ အတွေ့အကြုံတစ်ခု ဖြစ်လာမှာပါ။


ကျွမ်းကျင်ပညာရှင် ပီသအောင် ကြိုးစားလုပ်ကိုင်မယ်၊ စည်းဘောင်သတ်မှတ်ပြီး အလုပ်-လုပ်မယ်၊ မိမိကို ကူညီပံ့ပိုးမယ့်သူတွေကို မိတ်ဖွဲ့ထားမယ်ဆိုရင် အခြေအနေကို ဆိုးမလာအောင် ထိထိရောက်ရောက် ကိုင်တွယ်ထားနိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုက မိမိရဲ့ဘဝ သာယာကောင်းမွန်ဖို့ကလည်း သိပ်အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ဒီလို မလိုလားအပ်ဘဲ စိတ်ကျဉ်းကျပ်၊ ညစ်ညူးစရာ အနေအထားကြားမှာ နေထိုင်လုပ်ကိုင်ရတာဟာ ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး၊ ဒီတော့ မိမိ လုပ်အားနဲ့ အချိန်တွေကို သုံးရတာခြင်းအတူတူ သာယာတဲ့ အလုပ်ဝန်းကျင်ရှိတဲ့ အခြားအဖွဲ့အစည်းတစ်ခုခုကို ပြောင်းရွှေ့ အလုပ်-လုပ်ဖို့ ဆုံးဖြတ်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။


လူအချင်းချင်း အနိုင်အထက်ပြု ဖိနှိပ်တဲ့ လုပ်ငန်းဝန်းကျင်ကို မကြုံဆုံရပဲ၊ လုံခြုံတဲ့ အလုပ်ပတ်ဝန်းကျင်မှာ လုပ်ငန်းစွမ်းရည်ကို ပျော်ရွှင်ချမ်းမြေ့စွာ ပြသနိုင်ပြီး အနာဂတ် အလားအလာကောင်းသော ထူးချွန်တဲ့ ဝန်ထမ်းများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။


မေတ္တာဖြင့် ….


သက်ထွန်း (သျှမ်း)


#OpinionLeadersMedia


#Article

Wednesday, September 7, 2022

ကုမ္ပဏီတစ်ခုမှာ HR အနေနဲ့ဝင်လုပ်တော့မယ်ဆိုရင်

 ကုမ္ပဏီတစ်ခုမှာ HR အနေနဲ့ဝင်လုပ်တော့မယ်ဆိုရင် ဘာကိုသတိထားသင့်လဲ။

==========================




ဒီမေးခွန်းက အလုပ်အကိုင်အခွင့်အလမ်းတွေကိုရှာဖွေနေကြတဲ့သူတွေအတွက်အရေးကြီးပါတယ်။ 


အလုပ်တစ်ခုကိုလျှောက်တဲ့အခါ ကုမ္ပဏီက ကိုယ့်ကို အင်တာဗျူးပြီးကိုယ့်ရဲ့အကြောင်းကိုသူတို့သိအောင်လုပ်ပြီး စိတ်ကြိုက်ရွေးချယ်သလို၊ ကိုယ့်အနေနဲ့လည်း ကုမ္ပဏီအကြောင်းကို အသေအချာ သိအောင်လုပ်ရပါမယ်။ 


အလုပ်တစ်ခုရရင်ပြီး​ရောဆိုပြီး ရရာအလုပ်တစ်ခုကိုဝင်လုပ်မိတဲ့အခါ ကံကောင်းပြီး အရာရာအဆင်ပြေနေရင်တော့ ကိစ္စမရှိပေမယ့်၊ ကိုယ်နဲ့မကိုက်ညီတဲ့ လုပ်ငန်းတစ်ခုဖြစ်နေမယ်ဆိုရင် ကိုယ်လည်း စိတ်ချမ်းသာမှာ မဟုတ်သလို၊ လုပ်ချင်တိုင်းလည်း လုပ်လို့မရ၊ အဆင်မပြေမှုတွေနဲ့ နေ့စဉ်နဲ့အမျှကြုံတွေနေရမယ်ဆိုရင် အတော်စိတ်ညစ်ဖို့ ကောင်းမှာဖြစ်ပါတယ်။


လုပ်ငန်းအဖွဲ့အစည်းတိုင်းမှာ အလုပ်လုပ်ကိုင်တဲ့ပုံစံတွေ အမျိုးမျိုးရှိတတ်ပါတယ်။ အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုဓလေ့ထုံစံတွေက အမျိုးမျိုးရှိတတ်ပါတယ်။ အဲ့ဒီ့အရာပေါ်မှာမူတည်ပြီး အလုပ်လုပ်ကိုင်ကြတဲ့ပုံစံတွေကွဲပြားကြပါတယ်။ 


HR အလုပ်ကို လုပ်ကိုင်ကြတဲ့သူတွေနဲ့ ပတ်သက်ပြီး အမျိုမျိုးပြောကြတာ ကြားဖူးကြမယ် ထင်ပါတယ်။ 


HR ဆိုတာ ဝန်ထမ်းနဲ့အလုပ်ရှင်အကြားက ပေါင်းကူးတံတား ဘာညာပြောတတ်ကြတယ်။ အချို့ကကြတော့ HR ဆိုတာ လုပ်ငန်းရဲ့အကျိုးကိုပဲကြည့်ရမယ်၊ ဘယ်သူ့ဖက်မှ မလိုက်ဘူး ဆိုပြီးလည်းပြောတတ်ကြတယ်။ ပြီးတော့ HR ဆိုတာ ဝန်ထမ်းရဲ့ အကျိုးကို ကာကွယ်ပေးနိုင်ရမယ်ဆိုပြီး ဝန်ထမ်းရဲ့ ကိုယ်စားလှယ်အနေနဲ့လည်း ပြောတတ်ကြတယ်။ 


ဘယ်လိုမျိုး အမျိုးမျိုးပြောကြပါစေ၊ တကယ့်လက်တွေ့မှာတော့ HR သမားတွေက ကိုယ်လုပ်ချင်တာ လုပ်နိုင်တယ်ဆိုတာထက်၊ ကိုယ်လုပ်တဲ့ ကုမ္ပဏီက လက်ခံထားတဲ့ HR management ပုံမှာပဲ စီးဝင်သွားရပြီး လုပ်ကိုင်ကြရတာဖြစ်ပါတယ်။ 


ကိုယ့် ကုမ္ပဏီရဲ့ လက်ခံထားတဲ့ HR management ပုံစံကို ကိုယ့်အနေနဲ့ မကြိုက်ဘူးဆိုရင်၊ ကိုယ်ကြိုက်တဲ့ပုံစံကို ပြောင်းလဲပစ်နိုင်ဖို့ အတော်ကြိုးစားယူရပါလိမ့်မယ်။ 


ဒီကိစ္စက အပြောသာလွယ်တာပါ၊ လက်တွေ့မှာ မလွယ်ကူလှပါဘူး။ 


ဒါကြောင့် အလုပ်တစ်ခုကို မရွေးချယ်ခင်၊ ကိုယ့်လုပ်ရမယ့် ကုမ္ပဏီရဲ့ လက်ခံထားတဲ့ HR management ပုံစံကို အနည်းနဲ့အများ တီးခေါက်မိအောင်လုပ်ယူသင့်ပါတယ်။ 


ဒီအခါမှာ သူတို့ရဲ့ အလုပ်လုပ်ကိုင်ပုံကို နားလည်လာပြီး ကိုယ်နဲ့ကိုက်ညီတယ် မကိုက်ညီဘူးဆိုတာကို ချင့်ချိန်နိုင်မှာ ဖြစ်ပါတယ်။ 


ဒီအချက်ကို ပေါ့သေးသေး သဘောမထားပါနဲ့၊ ဒီအချက်ကို ဂရုမစိုက်ခဲ့မိရင် နောက်မှ အလုပ်လုပ်ရတာ အဆင်မပြေဘူး၊ HR ကို ကိုယ်ဖြစ်ချင်တဲ့ပုံစံနဲ့ လုပ်ကိုင်လို့မရဘူး၊ စသဖြင့် မကျေမနပ်ငြီးတွားရတာတွေ ဖြစ်လာနိုင်ပါတယ်။


ကိုယ့်ရဲ့ကုမ္ပဏီမှာ ဘယ်လို HRM ပုံစံမျိုးရှိပါသလဲ။

==========================


အရင်ဆုံး management ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်ကိုအရင်းဆုံးစဉ်းစားကြည့်ရအောင်။ 


management လုပ်တယ်ဆိုတက structure ကျကျ၊ plan ရှိရှိ၊ formal ဆန်ဆန်၊ targeted way နဲ့ လုပ်ကိုင်ဆောင်ရွက်ကြတာလို့ ပြောလို့ရပါတယ်။ တစ်ခုခုကိုတိတိကျကျသတ်မှတ်ပြီး အောင်မြင်ရရှိအောင်လုပ်ကြရတာဖြစ်ပါတယ်။ 


management ဆိုတဲ့ စကားလုံးရဲ့ နောက်မှာ institutionalization ဆိုတဲ့ လုပ်ငန်းအဖွဲ့အစည်းကို အတိအကျ ပုံစံချ သတ်မှတ် ဆောင်ရွက်ခြင်း သဘောတွေရှိနေပါတယ်။ 


Attitude 

======

အခုပြောခဲ့တဲ့ အချက်တွေကို တွေးကြည့်ပြီး ကုမ္ပဏီတွေက ဘယ်လို ဖွံဖြိုးတိုးတက်ခဲ့တာလဲ ဆိုတာကို စဉ်းစားကြည့်လို့ရပါတယ်။ 


ကုမ္ပဏီတစ်ခုကို တည်ထောင်တဲ့အခါမှာ တည်ထောင်သူဆိုတာကတော့ရှိရပါတယ်။ ဘယ်သူက တည်ထောင်ခဲ့တာလဲ ပေါ့လေ။ ဒီ တည်ထောင်သူ founder က အရေးကြီးပါတယ်။ ကုမ္ပဏီတည်ထောင်ကာ အစမှာပဲမဟုတ်ပဲ ကုမ္ပဏီရဲ့ ရာဇဝင်တောက်လျှောက်မှာ အရေးပါပါတယ်။ 


ဒီတည်ထောင်သူမှာ attitude လို့ခေါ်တဲ့ စိတ်နေသဘောထားတွေရှိပါတယ်။ management နဲ့ပတ်သက်တဲ့ သဘောထားတွေ၊ လူတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတဲ့ သဘောထားတွေရှိကြပါတယ်။ 


Richard Branson, Bill Gates, Steve Jobs စတဲ့ နာမည်ကြီးတွေနဲ့ သူတို့ကုမ္ပဏီမှာထားတဲ့ သူတို့ရဲ့စိတ်နေသဘောထားတွေကို နားလည်ကြည့်လို့ရပါတယ်။ သူတို့ရဲ့ စိတ်နေသဘောထားတွေက ကုမ္ပဏီအတွင်းမှာ လုပ်တာကိုင်တာတွေအပေါ် သက်ရောက်မှုရှိနေတာကို သတိထားမိနိုင်ပါတယ်။


Culture 

======

ကုမ္ပဏီက တဖြေးဖြေးကြီးထွားလာတာနဲ့အမျှ ဒီတည်ထောင်သူတွေက နေရာတိုင်းမှာ မရှိနိုင်တော့ပါဘူး။ 


ဒီအခါမှာ ကုမ္ပဏီကို သူတို့ဖြစ်ချင်တဲ့ပုံစံအတိုင်းလည်ပတ်နေဖို့အတွက် culture ဆိုတဲ့ ဓလေ့ထုံးစံကို ဖန်တီလာရပါတယ်။ "ငါတို့ဆီမှာတော့ ဒါနဲ့ပတ်သက်ရင် ဒီလိုမျိုးပဲလုပ်ကြတယ်။" ဆိုတဲ့ ဥပမာလိုပါပဲ။ 


Culture ဆိုတဲ့ သွယ်ဝိုက်သောစည်းမျဉ်းများက ဒီကုမ္ပဏီမှာ ဘယ်အပြုအမူကတော့ ကောင်းတယ်၊ ဘယ်အပြုအမူကတော့ မကောင်းဘူး စသဖြင့် သတ်မှတ်ထားတာဖြစ်ပါတယ်။ 


ဒီအရာတွေကများသောအားဖြင့် ဒီတည်ထောင်သူတွေရဲ့ စိတ်နေသဘောထားနဲ့ သွားပြီး ချိတ်ဆက်နေတတ်ပါတယ်။ 


ဒီအချက်ကို နားလည်သဘောပေါက်ဖို့ အရမ်းအရေးကြီးပါတယ်။ ကုမ္ပဏီမှာ စည်းမျဉ်းစည်းကမ်းတွေ မရှိခဲ့ရင်တောင်မှ လူတွေက ဘယ်လိုနေထိုင်ပြောဆိုရမလဲဆိုတာကို နားလည်သဘောပေါက်ကြပါတယ်။


Roles and Structures

===============


ဒါပေမယ့် ကုမ္ပဏီကြီး ကြီးထွားလာပြီဆိုရင်တော့ institutionalize လုပ်ဖို့ လိုအပ်ပါတယ်။ Culture နဲ့တင်မလုံလောက်တော့ပါဘူး။ အထူးသဖြင့် Role တွေ၊ Structure တွေကို သတ်မှတ်ဖို့လိုအပ်လာပါပြီ။ 


ကုမ္ပဏီက သေးငယ်တုန်းကတော့ ဘယ်သူက ဘယ်အရာတွေနဲ့ပတ်သက်ပြီး အဆုံးအဖြတ်တွေပေးနေသလဲ ဆိုတာကို အလွယ်တကူ နားလည်နိုင်ပေမယ့် ကုမ္ပဏီက ကြီးထွားလာတဲ့အခါမှာ ဘယ်သူက ဘယ်အရာကိုလုပ်မှာလဲ၊ ဘယ်သူက ဘယ်အရာကို အဆုံးအဖြတ်ပေးမှာလဲဆိုတဲ့ role and structure တွေကိုသတ်မှတ်ပေးဖို့လိုအပ်လာပါတယ်။ 


process တွေအတွက် structure တွေဟာ လိုအပ်လာပါတယ်။ ဥပမာ - ဝန်ထမ်းတစ်ယောက်က business travel တစ်ခုကိုသွားရတော့မယ်ဆိုရင်၊ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ business class က စီးရမှာလား၊ economy class က စီးရမှာလား၊ ဘယ်သူက ဆုံးဖြတ်မှာလဲ။ rules တွေကို သတ်မှတ်ရပါတော့မယ်။


Management Systems

================


အပြိုင်အဆိုင်များတဲ့ အဖွဲ့အစည်းတွေမှာ ခုနက ပြောခဲ့တဲ့ role တွေ၊ structure တွေကို သတ်မှတ်ရုံနဲ့ မလုံလောက်တော့ပါဘူး။ 


Management System တွေရှိဖို့လိုအပ်ဖို့အပ်လာပါတယ်။ ဥပမာ - Customer Relations Management System တွေ၊ Supply Change Management System တွေ၊ HR Management System တွေက ဥပမာတွေပဲဖြစ်ပါတယ်။ 


Management System တွေက အရမ်းကိုရှုပ်ထွေးလာပါတယ်။ Process တွေအများကြီးပါဝင်လာပါတယ်။ IT အပိုင်းတွေလည်း အများကြီးပါဝင်လာပါတယ်။ 


Institutionalization

=============

ဆိုတော့ကား တည်ထောင်သူရဲ့ attitude ကနေ ကုမ္ပဏီရဲ့ culture အဖြစ်ပြောင်းလဲလာပြီးတော့၊ ကုမ္ပဏီကြီးထွားလာတာနဲ့အမျှ role တွေ၊ structure တွေ၊ management system တွေကို သတ်မှတ်ပြီးတော့ လုပ်ဆောင်လာရပါတယ်။ 


ဒီနေရာကနေစပြီးတော့ institutionalization ဆိုတဲ့အရာကို စတင်လုပ်ဆောင်လာရပါတယ်။ ပုံတွေကို အတိအကျချသတ်မှတ်ပြီး၊ စနစ်တကျလုပ်ဆောင်လာကြရပါတယ်။


ဒီလို institutionalize လုပ်တဲ့အခါမှာ လုပ်ပုံလုပ်နည်းတွေအရ အခြမ်းနှစ်ခြမ်းဖြစ်လာပါတယ်။ ဒါကိုနားလည်ဖို့အတွက် ခုနကပြောခဲ့တဲ့ အလုပ်ကိစ္စနဲ့ ခရီးသွားတဲ့အခါ ဘယ်လိုလက်မှတ်မျိုးဝယ်မရမလဲ ဆိုတဲ့ ဥပမာကိုပြန်ကြရအောင်။ 


တစ်ချို့ကုမ္ပဏီတွေက business class နဲ့သွားရမလား၊ economy class နဲ့သွားရမလားဆိုတာကို ခရီးသွားရမယ့် ဝန်ထမ်းကပဲ ဆုံးဖြတ်ရပါတယ်။ ကုမ္ပဏီရဲ့ အကျိုးစီးပွားအတွက်လိုအပ်ချက်အပေါ်မှာပဲမူတည်ပြီး ဝန်ထမ်းက စဉ်းစားဆုံးဖြတ်သွားလို့ရပါတယ်။ ဒီလိုကုမ္ပဏီအမျိုးအစားက Agility and Network ဆိုတဲ့အခြမ်းဘက်ကနေ ဖွံဖြိုးတိုးတက်နေတဲ့ ကုမ္ပဏီတွေလို့ ပြောလို့ရပါတယ်။


တစ်ချို့ကုမ္ပဏီတွေကကြတော့ ကိုယ့်ရဲ့ အလုပ်ကိစ္စနဲ့ ခရီးသွားတဲ့ကိစ္စကို ကိုယ့်ရဲ့အထက်အရာရှိက ဆုံးဖြတ်ပြီး ခွင့်ပြုချက်ကိုပေးရပါတယ်။ အရာရာအားလုံးကို အထက်အရာရှိကနေပြီးတော့ အောက်လက်ငယ်သားတွေအတွက် ဆုံးဖြတ်ပေးရပါတယ်။ ဒီလို ကုမ္ပဏီမျိုးတွေကတော့ Hierarchy and Stability ဆိုတဲ့ အခြမ်းဘက်ကနေ ဖွံဖြိုးတိုးတက်နေတဲ့ ကုမ္ပဏီတွေလို့ ပြောလို့ရပါတယ်။


HR Management ပုံစံများ

==================


အခုပြောခဲ့တာတွေကို ဆင်ခြင်သုံးသပ်ပြီး HR Triangle တစ်ခုကိုတည်ဆောက်လို့ရပါတယ်။ ဒီ Triangle အပေါ်မူတည်ပြီး ကုမ္ပဏီတစ်ခုရဲ့ HR Management ပုံစံတွေကို (၃) မျိုးခွဲခြားလိုက်လို့ရပါတယ်။ 


1️⃣ Hire and Pay


ဒီပုံစံကတော့ တည်ထောင်သူရဲ့ လွှမ်းမိုးမှုများတဲ့ ပုံစံမျိုးလို့ပြောလို့ရပါတယ်။ ဒီပုံစံမှာ role တွေ၊ structure တွေ၊ management system တွေ သတ်မှတ်ထားတာနည်းပါတယ်။ 


ဝန်ထမ်းကို ခန့်မယ် (Hire)၊ လစာပေးမယ် (Pay)။ ဝန်ထမ်းက သူလုပ်ရမယ့် အလုပ်ကို လုပ်ရမယ့် သဘောမျိုးပါပဲ။ ဒီထက်ပိုပြီး ဘာမှမရှိပါဘူး။ Institutionalization ဆိုတာ လုံးဝမရှိပါဘူး။ Performance Appraisal, Employer Branding, Structured Training and Development စတာတွေ တစ်ခုမှ မရှိပါဘူး။ 


ဝန်ထမ်းကို ဘာမှာ အကဲဖြတ်စရာ၊ သင်ပေးစရာ မလိုပါဘူး။ လုပ်နိုင်မယ်လို့ ထင်တဲ့သူကို ခန့်ခဲ့တယ်။ မလုပ်နိုင်ဘူးဆိုရင် နောက်တစ်ယောက်ကို ပြောင်းခန့်နာမျိုးကို လုပ်မှာဖြစ်ပါတယ်။ 


ဒီလိုပုံစံမျိုးမှာ HR ကျွမ်းကျင်သူပညာရှင်တွေလည်း မရှိတတ်ပါဘူး။


2️⃣ Central Planning and Control


ဒီလိုပုံစံမှာတော့ အရာရာအားလုံးကို management ကနေ ဆုံးဖြတ်လုပ်ကိုင်ကြပါတယ်။ ဒီနေရာမှာ HR ဌာနရဲ့ အခန်းကဏ္ဍကကြီးမားလာပါတယ်။ HR ဌာနက အများကြီးတာဝန်ယူလာရပါတယ်။ 


HR နဲ့ပတ်သက်တဲ့ကိစ္စအားလုံးကို HR ဌာနကပဲ တာဝန်ယူဆုံးဖြတ်ကြရပါတယ်။ လူခန့်ချင်လား။ HR ဌာနကိုလာရပါတယ်။ HR ဌာနကပဲ တာဝန်ယူခန့်ပေးပါတယ်။ ဝန်ထမ်းကို ဖွံဖြိုးတိုးတက်စေချင်သလား။ HR ဌာနကိုလာရပါတယ်။ HR ကပဲ ဝန်ထမ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် စီစဉ်ဆောင်ရွက်ပေးပါတယ်။ 


HR နဲ့ ပတ်သက်တဲ့ အရာမှန်သမျှကို HR ဌာနကပဲ ဗဟိုဦးစီးပြီး တာဝန်ယူဆောင်ရွက်ပါတယ်။


3️⃣ People-centered Enablement 


ဒီပုံစံမှာတော့ ဝန်ထမ်းတွေမှာ empowerment ပိုရလာပါတယ်။ HR နဲ့ ဆိုင်တဲ့ ကိစ္စတွေကို သက်ဆိုင်ရာဝန်ထမ်းကပဲ ကိုယ့်တာဝန် ကိုယ်ယူရပါတယ်။ HR ဌာနက နောက်ကနေပြီး လိုအပ်တာကို ပံ့ပိုးပေးပါတယ်။ Coach လုပ်ပေးတဲ့ သဘောတွေပဲ ရှိပါတော့တယ်။ 


လူခန့်ချင်လား။ သက်ဆိုင်ရာလိုင်းမန်နေဂျာက ကိုယ့်ဘာသာ ကိုယ့်အတွက်သင့်တော်မယ့်သူကို တာဝန်ယူပြီး ခန့်ကြရပါတယ်။ အကူအညီလိုတာကို HR ဌာနကပံ့ပိုးပေးပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဖွံ့ဖြိုးတိုးတက်ချင်ပါသလား။ ဝန်ထမ်းကပဲ ကိုယ့်ဘာသာကိုယ်အစပြုလုပ်ဆောင်ရပါတယ်။ လိုအပ်တာတွေကို HR က ပံ့ပိုးပေးပါတယ်။ 


ဆိုလိုချင်တာကတော့ လူတွေနဲ့ဆိုင်တဲ့ ကိစ္စတိုင်းမှာ လူတွေကပဲ ကိုယ့်ဘာသာကိုယ်တာဝန်ယူပြီး လုပ်ကိုင်ဆောင်ရွက်ရတာမျိုးဖြစ်ပါတယ်။


တစ်ခုတော့ရှိတယ်။ အခုပြောခဲ့တဲ့ ပုံစံတွေက နေ့စဉ် HR ဌာနကလုပ်တဲ့ Administration ကိစ္စတွေကိုဆိုလိုတာမဟုတ်ပါဘူး။ လူတွေအားလုံးနဲ့ဆိုင်တဲ့၊ ကုမ္ပဏီရဲ့ အနာဂတ်စီးပွားရေးဆိုင်ရာကိစ္စတွေကို ရိုက်ခက်လာမယ့် ကိစ္စတွေကို ဆိုလိုတာဖြစ်ပါတယ်။ 


အကျဉ်းအားဖြင့်ပြောရရင် မဟာဗျူဟာဆိုင်ရာ HR management ပုံစံ (၃) မျိုးရှိပြီးတော့၊ အဲ့ဒါတွေက (၁) Hire and Pay, (၂) Central Planning and Control, နဲ့ (၃) People-centered Enablement ဖြစ်ပါတယ်။


ကိုယ်အလုပ်လုပ်မယ့်ကုမ္ပဏီက ဘယ်လို HR management ပုံစံကို ကျင့်သုံးနေလဲ

==========================

 

ဒါတွေကို နားလည်ပြီဆိုရင် "ကုမ္ပဏီတစ်ခုမှာ HR အနေနဲ့ဝင်လုပ်တော့မယ်ဆိုရင် ဘာကိုသတိထားသင့်လဲ။" ဆိုတဲ့မေးခွန်းရဲ့ အဖြေကို နားလည်သဘောပေါက်နိုင်ပါပြီ။ 


ကိုယ်လုပ်တဲ့ ကုမ္ပဏီက လက်ခံထားတဲ့ HR management ပုံစံကို နားလည်သဘောပေါက်ဖို့လိုပါတယ်။ HR သမားတွေက ကိုယ်လုပ်ချင်တာတွေကို လက်တွေ့မှာ တကယ်မလုပ်နိုင်ပါဘူး။ကိုယ်လုပ်တဲ့ ကုမ္ပဏီက လက်ခံထားတဲ့ HR management ပုံစံမှာပဲ စီးဝင်သွားရပြီး လုပ်ကိုင်ကြရတာဖြစ်ပါတယ်။ 


ကိုယ့် ကုမ္ပဏီရဲ့ လက်ခံထားတဲ့ HR management ပုံစံကို ကိုယ့်အနေနဲ့ မကြိုက်ဘူးဆိုရင်၊ ကိုယ်ကြိုက်တဲ့ပုံစံကို ပြောင်းလဲပစ်နိုင်ဖို့ဆိုတာလက်တွေ့မှာ မလွယ်ကူလှပါဘူး။ 


ဒါကြောင့် အလုပ်တစ်ခုကို မရွေးချယ်ခင်၊ ကိုယ့်လုပ်ရမယ့် ကုမ္ပဏီရဲ့ လက်ခံထားတဲ့ HR management ပုံစံကို အနည်းနဲ့အများ တီးခေါက်မိအောင်လုပ်ယူသင့်ပါတယ်လို့ အကြံပေးချင်တာဖြစ်ပါတယ်။ 


အခုရှင်းပြခဲ့တဲ့အရာတွေကို ဖတ်ရှူနားလည်သဘောပေါက်ပြီး အကျိုးတစ်ခုခုရမယ်လို့ မျှော်လင့်ပါတယ်။


~KC~


Inspired by Prof. Armin Trost

Wednesday, May 25, 2022

အလုပ်ထွက်သင့်ပြီလား?

အလုပ်ထွက်သင့်ပြီလား?




                                                                                ခင်အေးချမ်း

 

လူတိုင်းလူတိုင်းမှာ ကံဆိုးတဲ့နေ့ မကြာမကြာရှိတတ်ပါတယ်။ ဒီအလုပ်ကနေ ထွက်တော့မယ်၊ ထွက်စာ တင်တော့မယ်လို့ ကြိမ်းဝါးပြီးတော့တောင် ရုံးကနေ ဒေါသတကြီးဆင်းလာတာမျိုးလည်း ဖြစ်ဖူးကောင်းဖြစ်ဖူးနိုင်တယ်။ ဒါပေမဲ့ သင့်အနေနဲ့ သင့်အလုပ်ကို ဒုတိယအခွင့်အရေးပေးသင့်လား၊ သင့်အလုပ်ကနေ နုတ်ထွက် သင့်ပြီလားဆိုတာကို ဘယ်လိုလုပ်ပြီး သိနိုင်မှာပါလိမ့်? 


ဒီနေရာမှာတော့ သင့်အနေနဲ့ သင့်စိတ်အလိုအတိုင်း အမြဲတမ်းလိုက်ပါသင့်ပါတယ်။ ဆိုလိုတာကတော့ သင်ဟာ သင့်လက်ရှိအလုပ်ကို တကယ်ကိုပဲ တူးတူးခါးခါးမုန်းတီးနေပြီဆိုရင် အခြားအခွင့်အလမ်းတွေကို လုံးလုံး လျားလျားစတင်ရှာဖွေသင့်ပါတယ်။ 


မှတ်ချက်။ ။ ဆိုးရွားသောအလုပ်တစ်ခုသည် ကျန်းမာရေးပြဿနာများနှင့် မပျော်ရွှင်ခြင်းကို ဖြစ်စေနိုင်ပါသည်။


အကယ်၍ သင်က စည်းစပ် (ခြံစည်းရိုး) မှာ ရောက်နေတယ်ဆိုရင် ထွက်ပေါက်ကို ပြသတဲ့သင်္ကေတ ဖြစ်ကောင်းဖြစ်နိုင်တဲ့ သင့်ခံစားချက်တွေ၊ အတွေးတွေနဲ့ အဖြစ်အပျက်တွေကို မျက်လုံးကျယ်ကျယ် ဖွင့်ကြည့် သင့်ပါတယ်နော်။


အလုပ်ကနေ နုတ်ထွက်သင့်ကြောင်း သတိပေးနေသည့် အချက်ပြမှုများ---


- အလုပ်ကိုသွားရမှာ ကြောက်နေတယ်


နောက်နေ့ ရုံးသွားရမှာ ကြောက်စိတ်ကြီးနဲ့ ညတိုင်းအိပ်ရာဝင်နေရသလား? လုပ်ငန်းခွင်တစ်နေ့တာနဲ့ ပတ် သက်ပြီး စနိုးစနောင့်ဖြစ်ခြင်း၊ စိတ်ထင့်ခြင်းတွေ ရှိတတ်တာဟာ သဘာဝပဲဆိုပေမဲ့ သင့်အနေနဲ့ လုပ်ငန်း ခွင်ထဲက အချိန်နာရီတွေကို တကယ်ကိုပဲ စိုးရိမ်ကြောက်ရွံ့နေတယ်ဆိုရင်တော့ အလုပ်ကနေနုတ်ထွက်ချင် ကြောင်း ကြိုတင်အသိပေးတဲ့ နုတ်ထွက်စာတင်ဖို့ အချိန်ရောက်ပါပြီ။ 


- လုပ်နေကျထက် ပိုပြီးတော့ အချိန်ဆွဲလုပ်နေမိတယ်


လူတိုင်းလူတိုင်း ရံဖန်ရံခါကတော့ အီလေးဆွဲလုပ်တတ်ကြပါတယ်။ ဒါပေမဲ့ သင့်ရဲ့နေ့စဥ်လုပ်ငန်းတာဝန် အပေါ်မှာ သင့်အနေနဲ့ စိတ်ဝင်စားမှုလုံးဝမရှိတော့ဘူးဆိုရင်တော့ သင့်ရဲ့လက်ရှိအလုပ်အကိုင်ရာထူးနေရာဟာ သင့်အတွက် တကယ်ကိုပဲ သင့်တော်ကောင်းမွန်ခြင်းရှိမရှိဆိုတာကို စဥ်းစားသုံးသပ်သင့်ပါတယ်။ အနည်းဆုံးတော့ သင့်အလုပ်ရဲ့ အချို့အပိုင်းတွေဟာ ဖေ့စ်ဘွတ်ခ်ပွတ်တာထက်တော့ ပိုပြီးစိတ်ဝင်စားစရာကောင်းသင့်ပါတယ်။


- သင့်ကျန်းမာရေးကို ထိခိုက်စေနေပြီ


နေမကောင်းတဲ့နေ့တွေ များလာပြီလား? သင့်အနေနဲ့ ရနိုင်သလောက် အချိန်တွေကို အရယူနေ/လစ်နေပြီ လား? အလုပ်မှာ ဆိုးရွားတဲ့နေ့တစ်နေ့ကို ကျော်ဖြတ်ဖို့ ညဘက်မှာ ဝိုင်တစ်ခွက်နှစ်ခွက် (ဒါမှမဟုတ် အများကြီး) သောက်နေရလား? ကောင်းကောင်းစားဖို့၊ ကောင်းကောင်းအိပ်ဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိလောက်အောင် တစ်နေ့တစ်နေ့ နာရီပေါင်းများစွာ အလုပ်လုပ်နေလား? ဘယ်အလုပ်ကမှ သင့်ကျန်းမာရေးကို ထိခိုက်ခံဖို့လောက် ထိ မထိုက်တန်ပါဘူး။


- ကုလားမနိုင် ရခိုင်မဲနေမိတယ်


သင့်မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အများဆုံးပြောဖြစ်တဲ့ စကားစမြည်ပြောဆိုမှုတွေအကြောင်း စဥ်း စားကြည့်ပါ။ သင့်လုပ်ဖော်ကိုင်ဖက်တွေ၊ သင့်လုပ်ငန်းခွင်၊ သင့်အလုပ်နဲ့ပတ်သက်ပြီး သင့်အနေနဲ့ မကျေနပ် ကြောင်း တွေချည်းပဲ အမြဲတစေပြောနေမိသလား?


- လိုအပ်တဲ့အရည်အချင်းထက် ကျော်လွန်နေတယ်


သင့်အရည်အချင်းက သင်လုပ်နေတဲ့အလုပ်အတွက် လိုအပ်တဲ့အရည်အချင်းထက် သာလွန်နေတယ်ဆို ရင် လည်း အဲဒီအလုပ်မှာဆက်နေပြီး သင့်ကိုယ်သင်အနစ်မွန်းမခံသင့်ပါဘူး။ သင့်အရည်အချင်းနဲ့ကိုက်ညီတဲ့ အလုပ် အကိုင်နေရာတွေကို အမြဲစူးစမ်းရှာဖွေလုပ်ကိုင်ပါ။


- တိုးတက်ဖို့အတွက် လမ်းစမရှိဘူး


တိုးတက်ဖို့အတွက် အခွင့်အလမ်းမပေးတဲ့ အလုပ်အကိုင်နေရာတစ်ခုမှာ အချိန်သိပ်အကုန်မခံပါနဲ့။ သင့် အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ရဲ့ တိုးတက်မှုကို အားမပေးတဲ့ ကုမ္ပဏီတစ်ခုအတွက် သင့်အချိန်တွေ၊ ခွန် အားတွေကို အသုံးပြုခြင်းက ရေရှည်မှာ သင့်အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်လမ်းကြောင်းဖွံ့ဖြိုးမှုကို အ နှောင့် အယှက်ဖြစ်စေခြင်းနဲ့ အဆုံးသတ်ပါလိမ့်မယ်။ 


- အလုပ်ပတ်ဝန်းကျင်က အပျက်သဘောဆောင်နေတယ်


အပျက်သဘောဆောင်တဲ့ ပတ်ဝန်းကျင်တစ်ခုဟာ အဆိပ်အတောက်ပါပဲ။ သင့်လုပ်ဖော်ကိုင်ဖက်တွေက အမြဲတစေ မကျေမနပ်ညည်းတွားပြောဆိုနေကြတယ်၊ သင့်အထက်လူကြီးတွေကလည်း အမြဲကိုပဲမရွှင်မပျ ဖြစ် နေ တတ်ကြတယ်ဆိုရင် သင့်အနေနဲ့ ပျော်ရွှင်ဖို့ရာ ခက်ခဲပါတယ်။ ဒါ့အပြင် အားရစရာမရှိ၊ အကောင်း မမြင် တတ် တဲ့ ပတ်ဝန်းကျင်တစ်ခုဟာ သင့်ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်လမ်းကြောင်းရွေးချယ်မှုအတွက် သင့်မှာ ရှိထားပြီးသား စိတ်ထက်သန်ပြင်းပြမှု၊ မက်မောမှုတွေကိုပါ သေဆုံးစေနိုင်ပါတယ်။ သင့်မှာ အဲဒီလိုအဖြစ် မျိုး ကြုံဆုံနေရပြီဆိုရင်တော့ အဲဒီကနေထွက်ပြီး သင်နဲ့ပိုမိုကိုက်ညီသင့်လျော်တဲ့ လုပ်ငန်းခွင်တစ်ခုကို ရှာဖွေဖို့ရာ အချိန်ရောက်ပါပြီနော်။


- အခြားကုမ္ပဏီတွေကနေ အလုပ်ကမ်းလှမ်းမှုတွေကို ကြုံနေရတယ်


အခြားကနေ သင့်အတွက် လက်ရှိထက်ပိုမိုသာလွန်တဲ့ ရာထူး၊ လစာ၊ အခွင့်အရေးတွေနဲ့ အလုပ်ကမ်း လှမ်း တာကို ခံနေရပါသလား? သင့်လက်ရှိအလုပ်ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး သင့်အနေနဲ့ မသာမယာဖြစ် နေတယ်၊ အခြားရာထူးနေရာအတွက် အခွင့်အလမ်းတွေ လုံလောက်ပိုလျှံစွာ သင့်မှာ ရှိနေတယ်ဆိုရင် ရှေ့ဆက် တိုး ဖို့ မီးစိမ်းပြမှုတစ်ခုအဖြစ် အဲဒီကမ်းလှမ်းမှုကို မှတ်ယူလက်ခံလိုက်ပါ။


- ကုမ္ပဏီရဲ့ဓလေ့ထုံးတမ်းက သင်နဲ့မကိုက်ညီဘူးဖြစ်နေတယ်


သင်က (ဥပမာ - အချိန်အားဖြင့်) ပြောင်းလွယ်ပြင်လွယ်ရှိတဲ့၊ အဆင်ပြေသလို ညှိလို့ရတဲ့ Work-from-Home (နေအိမ်မှအလုပ်လုပ်ခြင်း) ပုံစံမျိုးကို လိုလားတယ်၊ ဒါပေမဲ့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ရုံး သွား တက်ရတဲ့ အလုပ်ကို လုပ်နေရတယ်ဆိုရင်လည်း သင့်ရာထူးအလုပ်အကိုင်နေရာရဲ့ အခြားကဏ္ဍတွေက ဘယ်လောက်ပဲအဆင်ပြေနေပါစေ သင့်အနေနဲ့ သင့်အလုပ်အပေါ် ကျေနပ်မှုမရတာမျိုးဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။  


အကယ်၍ သင့်အတွက် အဆင်ပြေမယ့် အချိန်ဇယားမျိုးကို လက်ရှိအလုပ်မှာ ညှိကြည့်လို့မရဖြစ် နေတယ်ဆိုရင် သင်ပိုမိုလိုလားတဲ့ ဘဝနေထိုင်မှုပုံစံမျိုးကို ပေးစွမ်းနိုင်တဲ့ ဓလေ့ထုံးတမ်းမျိုးရှိတဲ့ အခြားကုမ္ပဏီ တွေက အလုပ်အကိုင်နေရာတွေကို စဥ်းစားသင့်ပါတယ်။


- ထုတ်ဖော်ပြောဆိုခွင့် မရှိဖြစ်နေတယ်


သင့်အတွက် သင်အရေးဆို/ပြောဆိုဖို့၊ သင့်အတွေးတွေကို မျှဝေဖို့၊ သင့်သဘောထားအမြင်တွေကို အသံ ဟစ်ဖို့အတွက် သင့်အနေနဲ့ လုပ်ငန်းခွင်မှာ သက်သောင့်သာသာရှိစိတ်၊ ပြောရဲဆိုရဲစိတ် ဖြစ်သင့်/ရှိသင့်ပါတယ်။ ပါးစပ်ပိတ်နေမိအောင် ဖိနှိပ်ထားတဲ့ ပတ်ဝန်းကျင်မျိုးကတော့ သည်းညည်းခံဖို့ရာ မထိုက်တန်ပါဘူး။


- သင့်အလုပ်အကိုင်နဲ့သင်အကြား အချိတ်အဆက်မမိတော့ဘူး


ယနေ့ခေတ်မှာ အလုပ်အကိုင်လမ်းကြောင်းပြောင်းကုန်ကြတဲ့သူတွေကို ပိုပိုပြီးတော့ တွေ့မြင်လာရပါ တယ်။ သင့်အနေနဲ့လည်း သင်နဲ့အချိတ်အဆက်မမိတော့တဲ့ အလုပ်အကိုင်လမ်းကြောင်းပေါ်မှာ ပိတ်မိနေတာ မျိုးမဖြစ်သင့်ပါဘူးနော်။


အကယ်၍ သင့်အလုပ်အကိုင်အပေါ် ချစ်ခင်မက်မောစိတ်မရှိတော့ဘူးဆိုရင် သင်ထပ်မံစိတ်ဝင်စားမိတဲ့ အခြားအခွင့်အလမ်းတွေအတွက် မျက်စိရော စိတ်ကိုပါ ဖွင့်ထားလိုက်ကာ သင်တကယ်ကို လုပ်ချင်ကိုင်ချင်စိတ် ဖြစ်နေတဲ့ လမ်းကြောင်းပေါ်ကို စတင်တက်လှမ်းလိုက်ပါ။ 


အထက်ပါအချက်ပြလက္ခဏာလေးတွေကတော့ သင့်လက်ရှိအလုပ်ကနေ နုတ်ထွက်သင့်မသင့် ဆုံးဖြတ် ဖို့ရာ ကူညီပေးပါလိမ့်မယ်။


အကယ်၍ သင့်အနေနဲ့ ဤဆောင်းပါးကို ဖတ်ရှုနေပြီး အထက်ပါအချက်ပြမှုတွေထဲက အတော်များများ သင့်မှာဖြစ်နေတာကို တွေ့ရတယ်ဆိုရင် အလုပ်ကနေနုတ်ထွက်ဖို့ရာ အချိန်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ အလုပ်ကနေ ချက်ချင်းကြီး မထွက်သင့်တဲ့ အချိန်အခါလေးတွေလည်း ရှိပါတယ်နော်။ 


ဖြစ်နိုင်မယ်ဆိုရင် ဗျူဟာကျကျဖြစ်ပါစေ။ အလုပ်သစ် လက်ခံပြီးတော့မှပဲ နုတ်ထွက်တာက အမြဲတမ်းနီး ပါးအတွက် ပိုမိုကောင်းမွန်တတ်ပါတယ်။ မျောက်တွေ သစ်ပင်သစ်ကိုင်းကူးကြသလိုပဲ 'တစ်ဖက်မြဲမှ တစ်ဖက် လွှတ်ကြပါစို့' လားရှင်။ 


Ref: https://www.thebalancecareers.com/signs-its-time-to-quit-your-job-2062292

Tuesday, April 19, 2022

စားသောက်ဆိုင် တစ်ဆိုင်ဖွင့်တော့မယ်ဆိုရင်

 စားသောက်ဆိုင် တစ်ဆိုင်ဖွင့်တော့မယ်ဆိုရင်

.................................... 




ရေးသားသူ ~ AungMyths


ကျွန်တော် ဒီအပတ်ပြောပြချင်တာကတော့ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်တော့မယ်ဆိုရင် ဘာတွေက ဘယ်လိုရှိလဲ ဘာတွေကိုတော့ ထည့်တွက်ရမယ် အမြတ်ရာခိုင်နှုန်းက ဘယ်လောက်ရှိရမယ် ငှားခ/ဝန်ထမ်းလစာ/ရေဖိုးမီးဖိုး/အခွန်/ပစ္စည်းလျော့တွက် တွေရဲ့အချိုး အစားဘယ်လာက်ရှိသင့်တယ်ဆိုတာတွေ အားလုံးကို ထည့်ပြီးရေးသွားပါ့မယ်...


ကျွန်တော်တို့လူငယ်တွေ တော်တော်များများက အလုပ်ထဲမှာ စားသောက်ဆိုင်တို့ Bar တို့ ဖွင့်ရတာက အလွယ်ဆုံးလို့ထင်ကြပါတယ်... ဒါကြောင့်လဲ စားသောက်ဆိုင်တွေအများကြီးတိုးလာနေတယ်... တိုက်ခန်းလေးကိုငှားဖွင့်ကြတဲ့သူတွေ၊ အိမ် ခြံဝင်းကြီးငှားပြီး ဖွင့်ကြတဲ့သူတွေ၊ shopping mall တွေမှာဖွင့်ကြတယ်၊ ကားလေးတွေနဲ့ရောင်းတယ်၊ လက်တွန်းလှည်းလေးတွေနဲ့ရောင်းကြတယ်၊ အိမ်ကနေပြီး Deliver လုပ်တဲ့ Online ဆိုင်လေး တွေလုပ်ကြတယ်...


ပထမဆုံးဆိုင်ဖွင့်တော့မယ်ဆိုရင် အရင်ဆုံးစဉ်းစားရတဲ့အချက်က နေရာပါ... ကိျုယျပိုငျတဲ့နရော၊ ငှားဖွင့်ရမည့်နေရာ၊ စျေးနှုန်း၊ စျေးကွက်အနေအထားနဲ့ လာနိုင်တဲ့လူပမာဏတို့ပါ... Shopping Mall တစ်ခုကို တရက် လူ ၅,၀၀၀ လာတယ်ဆိုကြပါစို့ အဲဒီ ၅,၀၀၀ ထဲက လူဘယ်နှစ်ယောက်က ကိုယ့်ဆီလာမယ်လို့တွက်မလဲပေါ့... အရင်က ရန်ကုန်မြို့မှာ နံမည်ကြီးတဲ့ဆိုင်တွေကို လူတွေ တကူးတက သွားစားကြတယ်... ခုလို ကားတွေအရမ်းကျပ်လာတော့ သွားမစားကြတော့ဘူး အနီးအနားက ဆိုငျေ တွမှာဘဲစားကြတော့တာ... ဒါကြောင့် မြို့လည်ခေါင်တည့်တည့် ပန်ဆိုးတန်းဘက် ကဆိုင်တွေက Fri-Sat-Sun Night တွေမှာ လူတွေလာကြတာနဲသွားတယ်... 


ဘယ်လောက်ပေးပြီးငှားမလဲ အကျယ်ဘယ်လောက်ရလဲ? စျေးပေါလို့ချောင်ထဲမှာဖွင့်ရင်လဲ အဆင်မပြေဘူး... လမ်းမကြီးပေါ်ဖွင့်လို့ စျေးသိပ်ကြီးပြန်ရင်လဲ အဆင်မပြေပါဘူး... ဒီတော့ နေရာကို သေသေချာချာရွေးဖို့လိုပါတယ်... ၁နှစ်ငှားပြီး စျေးတက် ကိုယ်က ရွှေ့ရမယ်ဆိုပြန်ရင်လဲ ဒုက္ခက လှလှနဲ့တွေ့ရတော့မှာ ဒီတော့ ဒီအပိုင်းကို သေချာလေးစဉ်းစားဖို့လိုပါတယ်... 


Shopping Mall တွေကို လူဝင်မဝင်မေးရင်လဲ Mon-Thurs ဘယ်လောက်ဝင်လဲ၊ Fri-Sat-Sun ဘယ်လောက်ဝင်လဲ ခွဲမေးဖို့လိုပါမယ်... တချို့ Mall တွေက Fri-Sun လူကျပြီး Mon-Thurs လူမရှိရင် ငုတ်တုပ်ထိုင်ရမှာပါ....


ဒုတိယအရေးအကြီးဆုံးက ဟင်းတွေကို ဘယ်လောက်နဲ့ရောင်းမှာလဲ? အဲဒါ ကျွန်တော်တို့ မြန်မာပြည်က စားဖိုမှုးဆိုတဲ့သူတွေ လုပ်မတတ်တဲ့အချက်ပါ... အသား၊ငါးစျေးက လတိုင်းပြောင်းနေတယ်... တက်နေတယ်ဆိုရင်ပိုမှန်မယ်ထင်တယ်... သူတို့ပြောတိုင်းမယုံပါနဲ့ ကိုယ်တိုင် ချိန်ပြီးတွက်ပါ... ပထမတခေါက် အပင်ပန်းခံပြီး ကိုယ်တိုင်စျေးသွားပါ... ဒါမှ တပိဿာဘယ်လောက်စျေးလဲဆိုတာ အကြမ်းမျဉ်း သိသွားရင်ဟင်းတပွဲစီရဲ့စျေးနှုန်းကို စိတ်တွက် တွက်လို့ရပါပြီ... ဒီတော့ ကုန်ကျစားရိတ်ကို ဘယ်လိုတွက်မလဲ ဒီလိုပါ

> ထည့်ရတဲ့ အသားအချိန်

> အရွက် ပမာဏ

> ထည့်ရတဲ့ Sauce တွေရဲ့ မှန်းချေကုန်ကျစားရိတ်

> ချက်ချိန်ကြာတဲ့ အပေါ်မှာမူတည်ပြီးကုန်မည့် Gasဖိုး/မီတာခ

> ပန်းကန်ပေါ်က အလှဆင်ပစ္စည်း အရွက်တွေရဲ့ ကုန်ကျစားရိတ်

> ပေးတဲ့ တခါသုံး တူ၊ဇွန်းတွေရဲ့ ကုန်ကျစားရိတ်

> ပါဆယ်ထည့်တဲ့ဗူးက ဘယ်လောက်ကျလဲ,  ဗူးပေါ်မှာကပ်တဲ့ တံဆိပ်ကရော ဘယ်လောက်ကျလဲ

ရောင်းတဲ့ ထမင်း၊ ဟင်းတပွဲ အပေါ်မှာဒါတွေ အားလုံးထည့်တွက်ရမှာဖြစ်ပါတယ်။ ဒါတွေထည့်တွက်လိုက်ရင် ဘာမှမကျန်တော့ဘူးလေ ဆိုလို့ရှိရင်တော့ သင်ဟာအရှုံးဖက်ကို ဦးတည်ဖို့ဖြစ်နေပါပြီ... အသား၊ငါးစျေးလဲ နဲနဲစီတက်လိုက်တာနဲ့တင် ရှုံးတော့မှာပါ... ကျွန်တော်တို့ မီးဖိုခန်းတွေရဲ့ ၈၀% လောက်မှာ ချိန်ခွင်ဆိုတာမရှိပါဘူး... ချိန်လဲ မချိန်ကြပါဘူး... 


ကဲဥပမာအနေနဲ့ ကုန်းဘောင်ကြီးကြော် တပွဲကိုအကြမ်းမျဉ်းတွက်ကြည့်ရအောင်

> ကြက်သား > ၇၀၀

> ငရုပ်သီးအပွခြောက် > ၅၀

> ကြက်သွန်ဖြူ၊နီ၊ဂျင်း > ၁၀၀

> မုန်လာဥနီ > ၂၀၀

> ပဲသီး > ၁၀၀

> ပဲငံပြာရည်၊ခရုဆီ > ၅၀

> ဆီ > ၁၅၀

> Gas > ၁၅၀

စုစုပေါင်းကုန်ကျစားရိတ် > ၁၅၀၀

ရောင်းစျေး > ၃၅၀၀

အကြမ်းအမြတ် > ၂,၀၀၀

ရခိုင်နှုန်းအားဖြင့် > ၅၇%


မရောင်းရလို့ ထားတာကြာသွားလို့ ပြစ်ရမည့် အလေအလွင့် ဆုံးရှုံးမှုတွေ အများကြီးရှိသေးတဲ့အတွက်ကြောင့် ရောင်းစျေးအပေါ်မှာ ရာခိုင်နှုန်း ၆၀-၆၅% မမြတ်ရင် အဲဒီဟင်းပွဲကို မရောင်းသင့်ပါဘူး... 


ကဲဒါဆို ကျန်တဲ့စားရိတ်တွေ ဆက်ပြီးတွက်ကြည့်ကြရအောင်...


ဆိုင်ခန်းငှားခ > သိန်း ၂၀

ဝန်ထမ်းခ > သိန်း ၁၂

မန်နေဂျာ x 1 ( 2.5 Thein )

Chef x 1 ( 2.5 Thein )

ဓားကိုင် x 1 ( 1.5 Thein )

ပန်းကန်ဆေး x 1 ( 1 Thein )

Waiter x 3 ( 1.5 Thein )

ဒါတောင် ကိုယ့်လခထည့်တွက်မထားသေးဘူး... မန်နေဂျာမရှိရင် မန်နေဂျာလခကို ကိုယ့်အတွက် ထည့်တွက်ပါ

မီတာခ > ၁သိန်း

Gas ဖိုး > ၁သိန်း

ဆိုင်းဘုတ်ခွန် > ၀.၂ သိန်း

ဝန်ထမ်းထမင်းစား > ၁.၅သိန်း

ပေါင်း> ၃၅.၇သိနျး ဒါတွေက လစဉ်ကုန်တော့မှာ 


ဒါဆို ၃၅.၇ သိန်းပြန်ရအောင် တရက်ဘယ်နှစ်ပွဲရောင်းကြမလဲ? ရက် ၃၀နဲ့တွက်မယ်ဆိုရင် 

> တလကို ၁၇၈၅ပြဲ 

> ၁ရက်ပျမ်းမျှ ပွဲ ၆၀ရောင်းရပါမယ်... 

စနေတနင်္ဂနွေ ပိုရောင်းရမယ်... အဲဒါက ဆိုပါစို့ Sat/Sun ပွဲ ၈၀ ရောင်းရတယ်ဆိုရင် စမြတ်မယ်ပေါ့... Sat/Sun ပွဲ ၁၂၀ ရောင်းရတယ်ဆို မဆိုးဘူးပေါ့... ဒီအပေါ်မှာ ၅% ကုန်သွယ်ခွန်၊ အမြတ်တော်ခွန်၊ စည်ပင်ခွန်၊ အရက်လိုင်စင်ခွန်၊ အမှိုက်ခွန်၊ မီးဖိုချောင် Waste ဒါတွေ တခုမှထည့်မတွက်ရသေးဘူးနော်...


ဒါတွေပါထည့်တွက်ရင် တရက်ကို ပွဲ ၁၀၀ ပျမ်းမျှရောင်းရဖို့ လိုတာ သေချာသွားပါပြီ... 


ဒီတော့ စားသုံးသူတွေဖက်ကနေပြန်ကြည့်ကြရအောင်... သူ့ဟင်းက ၃,၅၀၀ နဲ့ရောင်းတယ် ဒါလေးချက်တာ ဘယ်လောက်တောင် ကုန်လို့လဲ မိုင်ကုန် ၁၅၀၀ ပေါ့ တပွဲ ၂၀၀၀ မြတ်တယ် အမြတ်ကြီးစားဘဲလို့ စိတ်ထဲကနေထင်ကြမှာ... ဒါလဲ အပြစ်တော့မဟုတ်ဘူး ဖြစ်နေတာက ဒီလိုဖြစ်နေတာ... ဒါ ပုဇွန်တွေ၊ ငါးတွေ၊ ဂဏန်းတွေ မပါသေးဘူး... အဲဒါတွေက ပိုပြီးတော့ စျေးကြီးသေးတယ်... ဒါဆို အဲဒီ မြတ်တဲ့ ၂၀၀၀ ကဘယ်ကိုရောက်သွားလဲပေါ့...

ရောင်းစျေး တပွဲ ၃,၅၀၀  ရတဲ့အပေါ်မှာ အချိုးချရင်

Raw > 40%

Rental > 30%

Human > 15%

ဒါဆို 15% ကျန်သေးတယ်... ဟုတ်ပါတယ် ဒီ 15% ထဲမှာမှ

Maintainance > 3%

Depreciation > 5%

Waste > 2%


နှုတ်လိုက်ရင် စားသောက်ဆိုင်ဖွင့်တဲ့ လူတွေရဲ့ ဘဝအခြေအနေကိုသိရမှာပါ...

ဒီတော့ တပွဲ ၃,၅၀၀ ကို လမ်းဘေးမှာ မီးဖိုချ ဒယ်အိုးတလုံးနဲ့ ရောင်းတဲ့ဆိုင်တွေကတော့ အမြတ်ကောင်းမှာပါ... သူတို့မှာလဲ ဘယ်နှစ်ယောက်လာဝယ်မလဲဆိုတဲ့ Risk တော့ရှိတာပေါ့...


စားသောက်ဆိုင်ဖွင့်တဲ့သူတွေဖက်ကလဲ လာစားတဲ့သူတွေက အမြတ်ကြီးစားလို့ မထင်ရအောင် ဟင်းတူရင်တောင် အရသာကွဲရမယ်၊ အရသာမကွဲရင် Service ကောင်းရမယ်... သူ ကြက်ကုန်းဘောင်ရောင်းလို့ ငါလဲလိုက်ရောင်းမယ် အရသာကလဲ အတူတူဘဲ ပေးတဲ့ service ကလဲ အတူတူဘဲဆို အစောကြီးတည်းက မလုပ်သင့်ပါဘူး... ၂ယောက်လုံး Market ကိုမျှယူပြီး အပြိုင် Promotion တွေကြောင့် ရေရှည်မှာ ၂ယောက်ထဲက ၁ယောက်ကတော့ သွားရမှာ... အဲ ကိုယ့်ပြိုင်ဖက်က ဆိုင်ပိတ်သွားတဲ့အချိန် ကိုယ်လဲမျော့နေတဲ့အချိန် နောက်တယောက် ထပ်ရောက်လာရင် အရင်က ဖွင့်တဲ့ ၂ယောက်လုံး သေသွားပြီး တတိယ တယောက်ကကျန်နေခဲ့မယ်... 


Promotion တွေပေးနေပေမယ့်လဲ လစဉ် အရှုံးနဲ့ ရင်ဆိုင်ရတဲ့ ဖိအားကြောင့် ကာစတမ်မာတွေကိုပေးတဲ့ Service ပိုင်းမှာ အားလျော့တာတွေလဲဖြစ်နိုင်သေးတယ်....




ဒီတော့ သေချာပေါက်မြတ်ချင်ရင် Rental ကို Attack လုပ်ပါ Revenue ကို တင်ပါ... Menu မှာ အမျိုး ၂၀၀ မရောင်းပါတဲ့ စာမျက်နှာ ၃မျက်နှာရောင်းပြီး ၃မျက်နှာလုံးမှာ ပါတဲ့ဟင်းတိုင်းက ကောင်းအောင်လုပ်ပါ... ၁လ ကို ၁ရက်လောက် မီးဖိုထဲမှာ အနဲဆုံး ၄နာရီလောက်နေပါ... Waste က ချက်တဲ့သူက အဓိကဘဲ... သူတို့တွေဖြုန်းပြစ်တာပါ... မှားသွားလို့၊ မကောင်းတော့လို့၊ မေ့သွားလို့ လွင့်ပြစ်ရတဲ့ ကိစ္စတွေ ဒုနဲ့ဒေး... ပစ္စည်းစာရင်း အတိအကျမရှိ၊ မရှိဘူးထင်ပြီး စွတ်ဝယ်၊ အရင်ဝယ်ထားတာတွေကိုမသုံးလို့ ပြစ်ရနဲ့... မြန်မာပြည်က စားဖိုမှူးတချို့တွေက တကယ်တမ်းတော့ ဒယ်ကိုင်အဆင့်ဘဲရှိတယ်။ ကိုယ့်မီးဖိုခန်းက ပစ္စည်းတွေကိုမှ မစီမံနိုင်ဘဲနဲ့ ကိုယ့်ဟာကိုယ် Chef/ချက်ကြီး လို့ နံမည်တတ်နေတာ အင်မတန်ရှက်စရာကောင်းတယ်... လစာ 3.5 Thein အထိအောင် မီးဖိုခန်းကို သူတို့ ၁၀၀% စီမံတတ်လေ့မယ်လို့ မျှော်လင့်လို့မရပါဘူး... ကွမ်းစားတဲ့ စဖိုမှုးတွေရှိသေးတယ်... ကွမ်းယာဟာ ရှာကို ထုံစေတဲ့အတွက် ကွမ်းစားရင် အရသာမြည်းလို့ မပေါက်ပါဘူး...


ဒီတော့ စားသောက်ဆိုင်ဖွင့်တော့မယ်ဆိုရင် ဒါလေးတွေ ကို့ကိျုယျမေးကွညျ့ပါ

> ကိျုယျတိုငျက အစားအသောက် သမားလား?

> ကိုယ်တိုင် ဟင်းချက်တတ်လား?

> ကိုယ်တိုင် စျေးသွားဖူးလား?

> ဆိုင်အပြင်အဆင်ကို ဘယ်လောက်ဖိုးသုံးမှာလဲ?

> အရှုံးခံနိုင်ဖို့ ၆လစာ ပိုက်ဆံ လက်ထဲမှာရှိလား?

> နေ့တိုင်း ဆိုင်မှာထိုင်ကြည့်နိုင်လား?

> အရသာတွေကို ကောင်းကောင်းမြည်းတတ်လား?

> ဟင်းပွဲ အသစ်တွေ ကိုယ့်ဟာကိုယ်ထုတ်ဖို့ စီစဉ်တတ်လား? ( စားဖိုမှုးတွေခိုင်းရင် တုန်ယမ်း၊ချဉ်စပ်၊ချိုချဉ် သံသရာထဲက ထွက်မှာမဟုတ်ဘူး )


နောက်ဆုံး အနေနဲ့ အရေးအကြီးဆုံး တစ်ခုမှာချင်တာကတော့ ငွေအတိုး(၂-၃ကျပ်တိုး) နဲ့ယူပြီး စားသောက်ဆိုင် လုံးဝ(လုံးဝ) မဖွင့်ပါနဲ့ ဆိုတာပါဘဲ...


Credit - #AungMyths

Monday, January 3, 2022

လုပ်ငန်းခွင်ဖိအား (working stress) တွေကိုဘယ်လိုကျော်လွှားကြမလဲ?

လုပ်ငန်းခွင်ဖိအား (working stress) တွေကိုဘယ်လိုကျော်လွှားကြမလဲ?




#Stress_Problems

#လုပ်ငန်းခွင်ပြဿနာ

#psychology


(မိမိကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလုပ်တာပဲဖြစ်ဖြစ်၊ အခြားသူရဲ့ စီးပွားရေးလုပ်ငန်းမှာ ၀န်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်တာပဲဖြစ်ဖြစ် အျမဲတေစ စိတ္ဖိအား၊ လုပ်ငန်းခွင်ဖိအားကို တစ်ကြိမ်မဟုတ် တစ်ကြိမ်ကြုံဆုံရပါတယ်။ သည်အခါ အဆင်ပြေပြေဖြေရှင်းကျော်လွှားနိုင် ဖို့ ဘယ်လိုအချက်အလက်လေးတွေကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ဖတ်ရှုသိမြင်နိုင်အောင် စာတစ်ဆောင်ေ၀ငှလိုက်ပါတယ်။)


အလုပ်မှာမပျော်မရွှင်ဖြစ်နေလား? အလုပ်ထွက်ဖို့(ဝါ) အလုပ်ပြောင်းဖို့စဉ်းစားနေပြီလား? ဒီဆောင်းပါးလေးကိုအဆုံးထိဖတ်ကြည့်စေ ချင်တယ်။.


ဟုတ်ကဲ့ပါ အလုပ်အကိုင်ရှိသူတိုင်းဟာ အလုပ်နဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုဖိအားတွေတော့ တစ်ချိန်မဟုတ်တစ်ချိန်ကြုံကြရပါတယ်။ ဘယ်လိုအလုပ်မျိုးပင်ဖြစ်စေစိတ်ဖိစီးစေတဲ့အစိတ်အပိုင်းလေးတွေတော့ရှိနေတာပါပဲ။သင်ကြိုက်တဲ့သင်ဝါသနာပါတဲ့အလုပ်ကိုလုပ်နေရသည့်တိုင် လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေကတော့ရှိတာပါပဲ။ ပုံမှန်အားဖြင့်တော့ လုပ်ရမယ့်အလုပ်ပြီးမြောက်အောင်သတ်မှတ်ချိန် အတွင်း မလုပ်နိုင်တဲ့အခါ၊စိန်ခေါ်မှုများတဲ့တာဝန်တွေထမ်းဆောင်ရတဲ့အခါစိတ်ဖိစီးမှုတွေကြုံရတတ်ပါတယ်။ဒါကတော့ရေတိုဖြစ်တဲ့ဖိစီးမှုပါပဲ။ ဒါပေမယ့်လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေဟာကြာရှည်ဖြစ်လာရင်တော့ ကျော်လွားရန်ခက်ခဲလာနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။အမေရိကန်စိတ်ပညာအသင်းကြီး(APA)ရဲ့အဆိုအရတော့ လုပ်ငန်းခွင့်စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းရင်းတွေကယေဘူယျအားဖြင့်တူကြပါတယ်။သင်ဟာအလုပ်မှာတွေ့ရတဲ့ဖိစိမှုးတွေ pressureတွေ tension တွေကို အမြဲတမ်းရှောင်ရှားလို့တော့မရပါဘူးတစ်ကြိမ်မဟုတ်တစ်ကြိမ်ကြုံရမှာပါပဲ။ဒါပေမယ့်အလုပ်မှာကြုံရတဲ့ဖိအားတွေကို စနစ္တက် စီမံပေးခြင်းဖြင့် ရေရှည်လုပ်ငန်းခွင်စိတ်ဖိစီးမှုကိုတားဆီးနိုင်ပါတယ်။


ဘယ်အရာတွေကလုပ်ငန်းခွင်စိတ်ဖိစီးမှုတွေဖြစ်စေသလဲ?


၁။ လစာနည်းပါးမှု

၂။ လုပ်ငန်းခွင်မှာဝန်ထုပ်ဝန်ပိုးများတဲ့အလုပ်တွေကိုလုပ်ရခြင်း(ဝန်ပိခြင်း)

၃။ ရာထူးတက်ဖို့အခွင့်အလမ်းနည်းပါးခြင်း။တိုးတက်ရာတိုးတက်ကြောင်းမရှိခြင်း။

၄။ နွေးထွေးတဲ့ပတ်ဝန်းကျင်မရှိခြင်း၊social support မရခြင်း။

၅။ အလုပ်နဲ့ပါတ်သက်တဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာအကန့်အသတ်တွေများနေခြင်း၊ဆုံးဖြတ်ချက်ချဖို့ခက်ခဲခြင်း။

၆။ လုပ်ငန်းခွင်ရဲ့လိုအပ်ချက်တွေအပေါ်ပြည့်ဝစွာမဆောင်ရွက်နိုင်ခြင်း။အထက်ဌာနရဲ့လိုလားချက်ကဘာဆိုတာကိုမရှင်းလင်းခြင်း။


ဒါတွေကတော့လုပ်ငန်းခွင်ဖိအားတွေကိုဖြစ်စေတဲ့အရာတွေပါ။ဒီလုပ်ငန်းခွင်ဖိအားတွေကိုသင်မထိန်းချုပ်နိုင်ဘူးဆိုဘာတွေဖြစ်လာမလဲ?


လုပ်ငန်းခွင်ဖိအားတွေတွေကိုမထိန်းချုပ်နိုင်တဲ့အခါ 


အလုပ်နဲ့သက်ဆိုင်တဲ့ဖိအားတွေကြောင့်ရလာတဲ့စိတ်ဖိစီးမှုတွေကချက်ခြင်းကြီးသင့်ဦးနှောက်ထဲပေါ်လာပြီးခံစားရတာမျိုးတော့မဟုတ်ပါဘူး။ဒါပေမယ့်လုပ်ငန်းခွင်ဖိအားတွေကနေစိတ်ဖိစီးမှုတွေအမြဲမပြတ်ဖြစ်နေမယ်ဆိုရင်တော့မကျန်းမာခြင်းနဲ့သက်တောင့်သက်သာမဖြစ်ခြင်းတွေကိုဖြစ်စေပါလိမ့်မယ်။စိတ်ဖိစီးမှုတွေကိုဖြစ်စေတဲ့အလုပ်ပတ်ဝန်းကျင်(work environment) တစ်ခုဟာခေါင်းတစ်ခြမ်းကိုက်ခြင်း ၊အစာအိမ်ရောဂါဖြစ်ခြင်း၊အိပ်ရေးမဝသလိုခံစားရခြင်း၊ဒေါသထွက်လွယ်ခြင်း၊နဲ့အာရုံစူးစိုက်ဖို့ခက်ခြင်းစတဲ့ပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ဒါ့အပြင်စိတ်ဖိစီးမှုတွေကရေရှည်ဖြစ်လာမယ်ဆိုရင်တော့စိုးရိမ်စိတ်တွေမြင့်လားတာ၊insomnia ဖြစ်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ ကိုယ်ခံအားနည်းခြင်းစတာတွေကိုဖြစ်စေပါတယ်။အဲဒီအရာတွေကနေတစ်ဆင့်စိတ်ကျခြင်း၊နှလုံးရောဂါဖြစ်ခြင်း၊အဝလွန်ခြင်းစတဲ့ကျန်းမာရေးနဲ့ဆိုင်တဲ့ရောဂါတွေထိပါဦးတည်စေနိုင်ပါတယ်။ပိုဆိုးတာကတော့လုပ်ငန်းခွင်ဖိစိးမှုကြုံရတဲ့သူတွေဟာ ပိုဆိုးတဲ့အလေ့အကျင့်တွေ ထပ်ပေါင်းထည့်လိုက်တာပါပဲ။ ဘယ်လိုအရာတွေလဲဆိုတော့ စိတ်ညစ်တိုင်းစားတာ၊ ကျန်းမာရေးနဲ့မညီ တဲ့အစားအစာတွေစားတာ၊ စီးကရက်သောက်တာ၊မူးယစ်ဆေးဝါးသုံးတာ၊ အရက်သောက်တာ စတဲ့နည်းလမ်းတွေနဲ့ ဖိစီးမှုတွေကို မကြာခဏရင်ဆိုင်ဖြေးရှင်းကြတာပါပဲ။


ဒီလိုဖိစီးမှုတွေကိုဘယ်လိုကျော်လွားမလဲ?

.စိတ်ဖိစီးမှုဖြေစ်စေမယ့် အကြောင်းအရာတွေကိုစနစ်တကျစီမံကျော်လွှားမယ်ဆိုရင် စိတ်ဖိစီးမှုတွေလျော့ပါးစေမှာပါ။ 


ဘယ်လိုကျော်လွှားကြမလဲ?

၁။သင့်ကိုဖိစီးစေတဲ့အရာတွေကိုထောင်ချောက်ပြန်ဆင်ပါ။

ဘယ်လိုအခြေအနေတွေက သင့်ကို ဖိစီးမှုအများဆုံးဖြစ်စေသလဲဆိုတာနှင့် အဲဒီအရာတွေအပေါ် သင်ဘယ်လိုတုန့်ပြန်သလဲဆိုတာကို တစ်ပတ် ဒါမှမဟုတ်နှစ်ပတ်လောက်နေ့စဉ်မှတ်တမ်းရေးသွင်းထားပါ။သင့်ရဲ့အတွေးတွေ၊ခံစားချက်တွေ၊ အလုပ်ပတ်ဝန်းကျင်အကြောင်း တွေ၊အလုပ်ထဲကလူတွေအကြောင်း၊အလုပ်အခြေအနေ၊သင်ရဲ့ပြုမှုဆောင်ရွက်ပုံတွေ၊ physical setting ခေါ်တဲ့သင့်ရဲ့ရုံးစားပွဲအပြင် အဆင်တွေစတာတွေအားလုံးကို မှတ်တမ်းယူထားပါ။ ဥပမာသင်ဟာအလုပ်ထဲမှာအမြဲတမ်းအသံကိုအော်ပြောနေရသလား? အအော်ခံ နေရသလား?စက်သံကားသံတွေဆူညံနေသလား?လမ်းအများကြီးလျောက်နေရသလား?ထိုင်ခုံကသက်တောင့်သက်သာမဖြစ်တာလား?ဒီလိုမှတ်တမ်းယူခြင်းက ဖိစီးစေတဲ့အရာတွေနဲ့ အဲဒီအရာတွေအပေါ်သင်ဘယ်လိုပြုမူနေသလဲဆိုတဲ့ ပုံစံတစ်ခါကိုရှာဖွေတွေ့ရှိဖို့သင့် ကိုကူညီမွာပါ။


၂။ကောင်းမွန်တဲ့တုန့်ပြန်မှုပုံစံတည်ဆောက်ပါ။


စိတ်ဖိစီးစေတဲ့အရာတွေဖြေဖျောက်ဖို့သင်အာရုံစိုက်တဲ့အခါ အရက်သောက်ခြင်း စီးကရက်သောက်ခြင်းတွေလုပ်မယ့်အစား တစ်ခြားပို ကောင်းတဲ့ရွေးချယ်မှုကိုလုပ်ပါ။ ဥပမာ exercise လုပ်ခြင်း။ လေ့ကျင့်ခန်းလုပ်ခြင်းလမ်းလျောက်ခြင်းတွေက ရုပ်ပိုင်းဆိုင်ကာကျန်းမာရေး သာမက စိတ်ပိုင်းဆိုင်ရာအတွက်ပါတကယ်အသုံးဝင်ပါတယ်။ဒါတွေအပြင် တရားထိုင်ခြင်း ယောဂကျင့်ခြင်းစတဲ့အပြုအမူကောင်းတွေ ပြုမူပါ။


၃။မိမိကိုယ်ကိုစည်းကမ်းဘောင်အတွင်းဝင်အောင်တည်ဆောက်ပါ


  ဒီနေ့လို နည်းပညာခေတ်ကြီးမှာ သင့်အပေါ်ဖိအားတွေတစ်နေ့လုံးသက်ရောက်နေဖို့သိပ်လွယ်ပါတယ်။အနားယူရမယ့်အချိန်မှာ အလုပ်နဲ့ဆိုင်သည်ဖြစ်စေမဆိုင်သည်ဖြစ်စေ electronic device တွေကိုသုံးစွဲတာလျော့ပါ။အိမ်ရောက်တဲ့အခါအလုပ်နဲ့ဆိုင်တဲ့ emails မစစ်တာမျိူး။ညစာစားချိန်အတွင်း ဖုန်းလက်ခံမပြောတာမျိုး စတဲ့စည်းကမ်းတွေသတ်မှတ်နေထိုင်ပါ။


၄။အနားယူဖို့အချိန်လုံလုံလောက်လောက်ယူပါ


အလုပ်ကြိုးစားတာကကောင်းတဲ့အပြုအမူပါ။ ဒါပေမယ့်အလုပ်ကြိုးစားရာကနေ လုပ်ငန်းခွင်ဖိအားတွေရရှိလာမယ်ဆိုရင်တော့ ရေရှည်အောင်မြင်ဖို့မလွယ်ပါဘူး။ဒီတော့အလုပ်ကိုကြိုးစားပါ။အဲဒါနဲ့အတူအနားယူဖို့အချိန်လဲလုံလုံလောက်လောက်ပေးပါ။

အနားယူနေတဲ့အချိန်မှာဖုန်းကိုပိန်ထားပြီးတစ်နေ့ကိုတစ်နာရီဖြစ်စေနာရီဝက်ဖြစ်စေ အလုပ်နဲ့အဆက်အသွယ်ဖြတ်ထားပါ။ အလုပ်အကြောင်းတွေးတောင်မတွေးပါနဲ့။


၅။။နားယူဖို့အကောင်းဆုံးနည်းလမ်းကိုရွေးချယ်ပါ


ရေရေကူးခြင်း၊တရားထိုခြင်း၊ အသက်ရှုလေ့ကျင့်ခန်းစတာတွေက သင့်စိတ်အတွက်သက်တောင့်သက်သာဖြစ်စေပါတယ်။ မနက်စောစောဖြစ်စေညနေဘက်ဖြစ်စေ လမ်းလျောက်ခြင်းကိုပြုပါ။သင့်စိတ်မှာကြုံနေရတဲ့ဖိအားတွေကိုလျော့လာစေပါတယ်။


၆။အထက်လူကြီးနဲ့ပွင့်ပွင့်လင်းပြောပါ


ကိုယ်လုပ်နေတဲ့အလုပ်ပါတ်ဝန်းကျင်ကအဆင်မပြေကြောင်းပွင့်ပွင့်လင်းလင်းပြောပြပါ။ စည်ပင်မှာအမှိုက်ရှင်းလင်းရေးမှာ အလုပ်လုပ်နေ သူအတွက်အနံ့ဆိုးတွေရနေတဲ့ပါတ်ဝန်းကျင်ကပြဿနာမဟုတ်ပေမယ့် ရုံးစာရေးတစ်ယောက်အတွက် အနံအသက်မကောင်းတဲ့ ပါတ်ဝန်းကျင်ကအလုပ်မှာအာရုံစိုက်ဖို့ခက်ခဲ့ပါတယ်။

အလုပ်ပါတ်ဝန်းကျင်ကောင်းဆိုတာ အလုပ်ပြီးမြောက်ဖို့ အများကြီးအထောက်အကူပြုပါတယ်။ ရုံးသုံးကိရိယာတွေ ထိုင်ခုံတွေ လေဝင်လေထွက်တွေ ပါတ်ဝန်းကျင်ကလာတဲ့အသံတွေ စတာတွေဟာအလုပ်ပါတ်ဝန်းကျင်ကောင်းတစ်ခုအတွက်သေချာပြင်ဆင် ရပါတယ်။

Batterfly effect theory လိုပါပဲ လူတစ်ယောက်စိတ်ကြည်နေရင် ကျန်လူတစ်ယောက်ကိုပါစိတ်ကြည်လင်မှူတွေကူးစက်ပြီး ပျော်ရွှင်တဲ့လုပ်ငန်းခွင်တစ်ခုဖြစ်လာပြီး အလုပ်တွေအများကြီးပြီးမြောက်နိုင်ပါတယ်။


၇။ မိတ်ဆွေတွေဆီကအကူအညီတွေရယူပါ


အလုပ်မှာမပျော်မရွင်ဖြစ်နေပြီ လုပ်ငန်းခွင်ဖိအားတွေကြုံလာရပြီဆိုရင် ယုံကြည်ရတဲ့သူငယ်ချင်းတွေ မိသားစုဝင်တွေဆီကနေ အကူအညီတွေရယူပါ။ ပွင့်ပွင့်လင်းလင်းဆွေးနွေးတာမျိုး၊gymသွားဖို့အဖော်ခေါ်တာမျိုး၊မနက်ခင်းလမ်းလျောက်ဖို့အဖော်ခေါ်တာမျိုး စတဲ့မိသားစုတွေဆီကနေ အထောက်အပံရယူတာမျိုးတွေလုပ်ပါ။


ဒီဆောင်းပါးကတော့ဒီလောက်ပါပဲအဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။ အမေရိကန်စိတ်ပညာအသင်းကြီး၏ Coping with stress at work. ဆောင်းပါးအားဆီလျော်သလိုဘာသာပြန်ပေးထားခြင်းဖြစ်ပါသည်။မှားယွင်းမှုရှိက ကျွန်တော်၏ညံ့ဖျင်းမှုကြောင့်ဖြစ်ပါသည်။ တစ်စုံတစ်ယောက်သောသူအတွက်ပင်အကျိုးတစ်ခုဖြစ်ထွန်းစေကာမူ ကြိုးစားရကြိုးနပ်ပေပြီ။


ကျေးဇူးတင်လျှက်

     သိန်းကြွယ်


(Zawgyi) 

လုပ္ငန္းခြင္ဖိအား (working stress) ေတြကိုဘယ္လိုေက်ာ္လႊားၾကမလဲ?




#Stress_Problems

#လုပ္ငန္းခြင္ျပႆနာ

#psychology

(မိမိကိုယ္ပိုင္စီးပြားေရးလုပ္ငန္းကိုလုပ္တာပဲျဖစ္ျဖစ္၊ အျခားသူရဲ႕ စီးပြားေရးလုပ္ငန္းမွာ ၀န္ထမ္းတစ္ဦးအျဖစ္ အလုပ္လုပ္တာပဲျဖစ္ျဖစ္ အျမဲတေစ စိတ္ဖိအား၊ လုပ္ငန္းခြင္ဖိအားကို တစ္ၾကိမ္မဟုတ္ တစ္ၾကိမ္ၾကံဳဆံုရပါတယ္။ သည္အခါ အဆင္ေျပေျပေျဖရွင္းေက်ာ္လႊားႏိုင္ ဖို႔ ဘယ္လိုအခ်က္အလက္ေလးေတြကို ထည့္သြင္းစဥ္းစားသင့္ေၾကာင္း ဖတ္ရႈသိျမင္ႏိုင္ေအာင္ စာတစ္ေဆာင္ေ၀ငွလိုက္ပါတယ္။)


အလုပ္မွာမေပ်ာ္မ႐ႊင္ျဖစ္ေနလား? အလုပ္ထြက္ဖို႔(ဝါ) အလုပ္ေျပာင္းဖို႔စဥ္းစားေနၿပီလား? ဒီေဆာင္းပါးေလးကိုအဆုံးထိဖတ္ၾကည့္ေစ ခ်င္တယ္။.


ဟုတ္ကဲ့ပါ… အလုပ္အကိုင္ရွိသူတိုင္းဟာ အလုပ္နဲ႕ပတ္သက္တဲ့စိတ္ဖိစီးမႈဖိအားေတြေတာ့ တစ္ခ်ိန္မဟုတ္တစ္ခ်ိန္ႀကဳံၾကရပါတယ္။ ဘယ္လိုအလုပ္မ်ိဳးပင္ျဖစ္ေစစိတ္ဖိစီးေစတဲ့အစိတ္အပိုင္းေလးေတြေတာ့ရွိေနတာပါပဲ။သင္ႀကိဳက္တဲ့သင္ဝါသနာပါတဲ့အလုပ္ကိုလုပ္ေနရသည့္တိုင္ လုပ္ငန္းခြင္စိတ္ဖိစီးမႈေတြကေတာ့ရွိတာပါပဲ။ ပုံမွန္အားျဖင့္ေတာ့ လုပ္ရမယ့္အလုပ္ၿပီးေျမာက္ေအာင္သတ္မွတ္ခ်ိန္ အတြင္း မလုပ္နိုင္တဲ့အခါ၊စိန္ေခၚမႈမ်ားတဲ့တာဝန္ေတြထမ္းေဆာင္ရတဲ့အခါစိတ္ဖိစီးမႈေတြႀကဳံရတတ္ပါတယ္။ဒါကေတာ့ေရတိုျဖစ္တဲ့ဖိစီးမႈပါပဲ။ ဒါေပမယ့္လုပ္ငန္းခြင္စိတ္ဖိစီးမႈေတြဟာၾကာရွည္ျဖစ္လာရင္ေတာ့ ေက်ာ္လြားရန္ခက္ခဲလာနိုင္ပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာေရာစိတ္ပိုင္းဆိုင္ရာ က်န္းမာေရးကိုထိခိုက္နိုင္ပါတယ္။အေမရိကန္စိတ္ပညာအသင္းႀကီး(APA)ရဲ႕အဆိုအရေတာ့ လုပ္ငန္းခြင့္စိတ္ဖိစီးမႈျဖစ္ေစတဲ့ အေၾကာင္းရင္းေတြကေယဘူယ်အားျဖင့္တူၾကပါတယ္။သင္ဟာအလုပ္မွာေတြ႕ရတဲ့ဖိစိမႈးေတြ pressureေတြ tension ေတြကို အၿမဲတမ္းေရွာင္ရွားလို႔ေတာ့မရပါဘူးတစ္ႀကိမ္မဟုတ္တစ္ႀကိမ္ႀကဳံရမွာပါပဲ။ဒါေပမယ့္အလုပ္မွာႀကဳံရတဲ့ဖိအားေတြကို စနစ္တက် စီမံေပးျခင္းျဖင့္ ေရရွည္လုပ္ငန္းခြင္စိတ္ဖိစီးမႈကိုတားဆီးနိုင္ပါတယ္။


ဘယ္အရာေတြကလုပ္ငန္းခြင္စိတ္ဖိစီးမႈေတြျဖစ္ေစသလဲ?


၁။ လစာနည္းပါးမႈ

၂။ လုပ္ငန္းခြင္မွာဝန္ထုပ္ဝန္ပိုးမ်ားတဲ့အလုပ္ေတြကိုလုပ္ရျခင္း(ဝန္ပိျခင္း)

၃။ ရာထူးတက္ဖို႔အခြင့္အလမ္းနည္းပါးျခင္း။တိုးတက္ရာတိုးတက္ေၾကာင္းမရွိျခင္း။

၄။ ေႏြးေထြးတဲ့ပတ္ဝန္းက်င္မရွိျခင္း၊social support မရျခင္း။

၅။ အလုပ္နဲ႕ပါတ္သက္တဲ့ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္ရာမွာအကန့္အသတ္ေတြမ်ားေနျခင္း၊ဆုံးျဖတ္ခ်က္ခ်ဖို႔ခက္ခဲျခင္း။

၆။ လုပ္ငန္းခြင္ရဲ႕လိုအပ္ခ်က္ေတြအေပၚျပည့္ဝစြာမေဆာင္႐ြက္နိုင္ျခင္း။အထက္ဌာနရဲ႕လိုလားခ်က္ကဘာဆိုတာကိုမရွင္းလင္းျခင္း။


ဒါေတြကေတာ့လုပ္ငန္းခြင္ဖိအားေတြကိုျဖစ္ေစတဲ့အရာေတြပါ။ဒီလုပ္ငန္းခြင္ဖိအားေတြကိုသင္မထိန္းခ်ဳပ္နိုင္ဘူးဆိုဘာေတြျဖစ္လာမလဲ?


လုပ္ငန္းခြင္ဖိအားေတြေတြကိုမထိန္းခ်ဳပ္နိုင္တဲ့အခါ 


အလုပ္နဲ႕သက္ဆိုင္တဲ့ဖိအားေတြေၾကာင့္ရလာတဲ့စိတ္ဖိစီးမႈေတြကခ်က္ျခင္းႀကီးသင့္ဦးေႏွာက္ထဲေပၚလာၿပီးခံစားရတာမ်ိဳးေတာ့မဟုတ္ပါဘူး။ဒါေပမယ့္လုပ္ငန္းခြင္ဖိအားေတြကေနစိတ္ဖိစီးမႈေတြအၿမဲမျပတ္ျဖစ္ေနမယ္ဆိုရင္ေတာ့မက်န္းမာျခင္းနဲ႕သက္ေတာင့္သက္သာမျဖစ္ျခင္းေတြကိုျဖစ္ေစပါလိမ့္မယ္။စိတ္ဖိစီးမႈေတြကိုျဖစ္ေစတဲ့အလုပ္ပတ္ဝန္းက်င္(work environment) တစ္ခုဟာေခါင္းတစ္ျခမ္းကိုက္ျခင္း ၊အစာအိမ္ေရာဂါျဖစ္ျခင္း၊အိပ္ေရးမဝသလိုခံစားရျခင္း၊ေဒါသထြက္လြယ္ျခင္း၊နဲ႕အာ႐ုံစူးစိုက္ဖို႔ခက္ျခင္းစတဲ့ျပႆနာေတြကိုျဖစ္ေစနိုင္ပါတယ္။ဒါ့အျပင္စိတ္ဖိစီးမႈေတြကေရရွည္ျဖစ္လာမယ္ဆိုရင္ေတာ့စိုးရိမ္စိတ္ေတြျမင့္လားတာ၊insomnia ျဖစ္ျခင္း၊ ေသြးေပါင္ခ်ိန္တက္ျခင္း၊ ကိုယ္ခံအားနည္းျခင္းစတာေတြကိုျဖစ္ေစပါတယ္။အဲဒီအရာေတြကေနတစ္ဆင့္စိတ္က်ျခင္း၊ႏွလုံးေရာဂါျဖစ္ျခင္း၊အဝလြန္ျခင္းစတဲ့က်န္းမာေရးနဲ႕ဆိုင္တဲ့ေရာဂါေတြထိပါဦးတည္ေစနိုင္ပါတယ္။ပိုဆိုးတာကေတာ့လုပ္ငန္းခြင္ဖိစိးမႈႀကဳံရတဲ့သူေတြဟာ ပိုဆိုးတဲ့အေလ့အက်င့္ေတြ ထပ္ေပါင္းထည့္လိုက္တာပါပဲ။ ဘယ္လိုအရာေတြလဲဆိုေတာ့ စိတ္ညစ္တိုင္းစားတာ၊ က်န္းမာေရးနဲ႕မညီ တဲ့အစားအစာေတြစားတာ၊ စီးကရက္ေသာက္တာ၊မူးယစ္ေဆးဝါးသုံးတာ၊ အရက္ေသာက္တာ စတဲ့နည္းလမ္းေတြနဲ႕ ဖိစီးမႈေတြကို မၾကာခဏရင္ဆိုင္ေျဖးရွင္းၾကတာပါပဲ။


ဒီလိုဖိစီးမႈေတြကိုဘယ္လိုေက်ာ္လြားမလဲ?

.စိတ္ဖိစီးမႈေျဖစ္ေစမယ့္ အေၾကာင္းအရာေတြကိုစနစ္တက်စီမံေက်ာ္လႊားမယ္ဆိုရင္ စိတ္ဖိစီးမႈေတြေလ်ာ့ပါးေစမွာပါ။ 


ဘယ္လိုေက်ာ္လႊားၾကမလဲ?

၁။သင့္ကိုဖိစီးေစတဲ့အရာေတြကိုေထာင္ေခ်ာက္ျပန္ဆင္ပါ။

ဘယ္လိုအေျခအေနေတြက သင့္ကို ဖိစီးမႈအမ်ားဆံုးျဖစ္ေစသလဲဆိုတာႏွင့္ အဲဒီအရာေတြအေပၚ သင္ဘယ္လိုတုန္႔ျပန္သလဲဆိုတာကို တစ္ပတ္ ဒါမွမဟုတ္ႏွစ္ပတ္ေလာက္ေန႕စဥ္မွတ္တမ္းေရးသြင္းထားပါ။သင့္ရဲ႕အေတြးေတြ၊ခံစားခ်က္ေတြ၊ အလုပ္ပတ္ဝန္းက်င္အေၾကာင္း ေတြ၊အလုပ္ထဲကလူေတြအေၾကာင္း၊အလုပ္အေျခအေန၊သင္ရဲ႕ျပဳမႈေဆာင္႐ြက္ပုံေတြ၊ physical setting ေခၚတဲ့သင့္ရဲ႕႐ုံးစားပြဲအျပင္ အဆင္ေတြစတာေတြအားလုံးကို မွတ္တမ္းယူထားပါ။ ဥပမာသင္ဟာအလုပ္ထဲမွာအၿမဲတမ္းအသံကိုေအာ္ေျပာေနရသလား? အေအာ္ခံ ေနရသလား?စက္သံကားသံေတြဆူညံေနသလား?လမ္းအမ်ားႀကီးေလ်ာက္ေနရသလား?ထိုင္ခုံကသက္ေတာင့္သက္သာမျဖစ္တာလား?ဒီလိုမွတ္တမ္းယူျခင္းက ဖိစီးေစတဲ့အရာေတြနဲ႕ အဲဒီအရာေတြအေပၚသင္ဘယ္လိုျပဳမူေနသလဲဆိုတဲ့ ပုံစံတစ္ခါကိုရွာေဖြေတြ႕ရွိဖို႔သင့္ ကိုကူညီမွာပါ။


၂။ေကာင္းမြန္တဲ့တုန့္ျပန္မႈပုံစံတည္ေဆာက္ပါ။


စိတ္ဖိစီးေစတဲ့အရာေတြေျဖေဖ်ာက္ဖို႔သင္အာ႐ုံစိုက္တဲ့အခါ အရက္ေသာက္ျခင္း စီးကရက္ေသာက္ျခင္းေတြလုပ္မယ့္အစား တစ္ျခားပို ေကာင္းတဲ့ေ႐ြးခ်ယ္မႈကိုလုပ္ပါ။ ဥပမာ exercise လုပ္ျခင္း။ ေလ့က်င့္ခန္းလုပ္ျခင္းလမ္းေလ်ာက္ျခင္းေတြက ႐ုပ္ပိုင္းဆိုင္ကာက်န္းမာေရး သာမက စိတ္ပိုင္းဆိုင္ရာအတြက္ပါတကယ္အသုံးဝင္ပါတယ္။ဒါေတြအျပင္ တရားထိုင္ျခင္း ေယာဂက်င့္ျခင္းစတဲ့အျပဳအမူေကာင္းေတြ ျပဳမူပါ။


၃။မိမိကိုယ္ကိုစည္းကမ္းေဘာင္အတြင္းဝင္ေအာင္တည္ေဆာက္ပါ


  ဒီေန႕လို နည္းပညာေခတ္ႀကီးမွာ သင့္အေပၚဖိအားေတြတစ္ေန႕လုံးသက္ေရာက္ေနဖို႔သိပ္လြယ္ပါတယ္။အနားယူရမယ့္အခ်ိန္မွာ အလုပ္နဲ႕ဆိုင္သည္ျဖစ္ေစမဆိုင္သည္ျဖစ္ေစ electronic device ေတြကိုသုံးစြဲတာေလ်ာ့ပါ။အိမ္ေရာက္တဲ့အခါအလုပ္နဲ႕ဆိုင္တဲ့ emails မစစ္တာမ်ိဴး။ညစာစားခ်ိန္အတြင္း ဖုန္းလက္ခံမေျပာတာမ်ိဳး စတဲ့စည္းကမ္းေတြသတ္မွတ္ေနထိုင္ပါ။


၄။အနားယူဖို႔အခ်ိန္လုံလုံေလာက္ေလာက္ယူပါ


အလုပ္ႀကိဳးစားတာကေကာင္းတဲ့အျပဳအမူပါ။ ဒါေပမယ့္အလုပ္ႀကိဳးစားရာကေန လုပ္ငန္းခြင္ဖိအားေတြရရွိလာမယ္ဆိုရင္ေတာ့ ေရရွည္ေအာင္ျမင္ဖို႔မလြယ္ပါဘူး။ဒီေတာ့အလုပ္ကိုႀကိဳးစားပါ။အဲဒါနဲ႕အတူအနားယူဖို႔အခ်ိန္လဲလုံလုံေလာက္ေလာက္ေပးပါ။

အနားယူေနတဲ့အခ်ိန္မွာဖုန္းကိုပိန္ထားၿပီးတစ္ေန႕ကိုတစ္နာရီျဖစ္ေစနာရီဝက္ျဖစ္ေစ အလုပ္နဲ႕အဆက္အသြယ္ျဖတ္ထားပါ။ အလုပ္အေၾကာင္းေတြးေတာင္မေတြးပါနဲ႕။


၅။။နားယူဖို႔အေကာင္းဆုံးနည္းလမ္းကိုေ႐ြးခ်ယ္ပါ


ေရေရကူးျခင္း၊တရားထိုျခင္း၊ အသက္ရႈေလ့က်င့္ခန္းစတာေတြက သင့္စိတ္အတြက္သက္ေတာင့္သက္သာျဖစ္ေစပါတယ္။ မနက္ေစာေစာျဖစ္ေစညေနဘက္ျဖစ္ေစ လမ္းေလ်ာက္ျခင္းကိုျပဳပါ။သင့္စိတ္မွာႀကဳံေနရတဲ့ဖိအားေတြကိုေလ်ာ့လာေစပါတယ္။


၆။အထက္လူႀကီးနဲ႕ပြင့္ပြင့္လင္းေျပာပါ


ကိုယ္လုပ္ေနတဲ့အလုပ္ပါတ္ဝန္းက်င္ကအဆင္မေျပေၾကာင္းပြင့္ပြင့္လင္းလင္းေျပာျပပါ။ စည္ပင္မွာအမွိုက္ရွင္းလင္းေရးမွာ အလုပ္လုပ္ေန သူအတြက္အနံ႕ဆိုးေတြရေနတဲ့ပါတ္ဝန္းက်င္ကျပႆနာမဟုတ္ေပမယ့္ ႐ုံးစာေရးတစ္ေယာက္အတြက္ အနံအသက္မေကာင္းတဲ့ ပါတ္ဝန္းက်င္ကအလုပ္မွာအာ႐ုံစိုက္ဖို႔ခက္ခဲ့ပါတယ္။

အလုပ္ပါတ္ဝန္းက်င္ေကာင္းဆိုတာ အလုပ္ၿပီးေျမာက္ဖို႔ အမ်ားႀကီးအေထာက္အကူျပဳပါတယ္။ ႐ုံးသုံးကိရိယာေတြ ထိုင္ခုံေတြ ေလဝင္ေလထြက္ေတြ ပါတ္ဝန္းက်င္ကလာတဲ့အသံေတြ စတာေတြဟာအလုပ္ပါတ္ဝန္းက်င္ေကာင္းတစ္ခုအတြက္ေသခ်ာျပင္ဆင္ ရပါတယ္။

Batterfly effect theory လိုပါပဲ လူတစ္ေယာက္စိတ္ၾကည္ေနရင္ က်န္လူတစ္ေယာက္ကိုပါစိတ္ၾကည္လင္မႉေတြကူးစက္ၿပီး ေပ်ာ္႐ႊင္တဲ့လုပ္ငန္းခြင္တစ္ခုျဖစ္လာၿပီး အလုပ္ေတြအမ်ားႀကီးၿပီးေျမာက္နိုင္ပါတယ္။


၇။ မိတ္ေဆြေတြဆီကအကူအညီေတြရယူပါ


အလုပ္မွာမေပ်ာ္မ႐ြင္ျဖစ္ေနၿပီ လုပ္ငန္းခြင္ဖိအားေတြႀကဳံလာရၿပီဆိုရင္ ယုံၾကည္ရတဲ့သူငယ္ခ်င္းေတြ မိသားစုဝင္ေတြဆီကေန အကူအညီေတြရယူပါ။ ပြင့္ပြင့္လင္းလင္းေဆြးႏြေးတာမ်ိဳး၊gymသြားဖို႔အေဖာ္ေခၚတာမ်ိဳး၊မနက္ခင္းလမ္းေလ်ာက္ဖို႔အေဖာ္ေခၚတာမ်ိဳး စတဲ့မိသားစုေတြဆီကေန အေထာက္အပံရယူတာမ်ိဳးေတြလုပ္ပါ။


ဒီေဆာင္းပါးကေတာ့ဒီေလာက္ပါပဲအဆုံးထိဖတ္ေပးလို႔ေက်းဇူးတင္ပါတယ္။ အေမရိကန္စိတ္ပညာအသင္းႀကီး၏ Coping with stress at work. ေဆာင္းပါးအားဆီေလ်ာ္သလိုဘာသာျပန္ေပးထားျခင္းျဖစ္ပါသည္။မွားယြင္းမႈရွိက ကြၽန္ေတာ္၏ညံ့ဖ်င္းမႈေၾကာင့္ျဖစ္ပါသည္။ တစ္စုံတစ္ေယာက္ေသာသူအတြက္ပင္အက်ိဳးတစ္ခုျဖစ္ထြန္းေစကာမူ ႀကိဳးစားရႀကိဳးနပ္ေပၿပီ။


ေက်းဇူးတင္လွ်က္

     သိန္းႂကြယ္

Sunday, November 28, 2021

ကိုယ်ပိုင် လုပ်ငန်းတစ်ခု စတင်ဖို့

 ကိုယ်ပိုင် လုပ်ငန်းတစ်ခု စတင်ဖို့.




#Start_Up

#စီးပွားရေးလုပ်ငန်း

#Business_Managements


(စီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်လိုစတင်လုပ်ကိုင်လို့ရမလဲ တွေးတောနေသူများ နည်းနည်းပဲဖြစ်ဖြစ် အကြံဉာဏ်ရအောင်လို့ ဆရာကောင်းဟိန်းစိုးရဲ့ ဆောင်းပါးကို ဖော်ပြလိုက်ပါတယ်။ ဘယ္သူမဆို ကိုယ့်နောင်ရေးအတွက်ပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းတစ်ခုခုကို လုပ်ကိုင်ကြပါ။ ထိုင်စားလို့ရအောင် ငွေအရင်းအနီးရှိတယ်ဆိုသော်မှ လုပ်ငန်းတစ်ခုကိုလုပ်ပါလို့ပြောပါရစေ။)


ကျွန်တော့်ကိုအမေးများတဲ့ မေးခွန်းတွေထဲမှာ စီးပွားရေး လုပ်ငန်းတစ်ခု စတင်ချင်လို့ ဘာလုပ်ရမလဲ ဘယ်လိုရွေးချယ်လုပ်ကိုင်ရမလဲ ဆိုတာ ကလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကျွန်တော် ကစီးပွားရေး အကြောင်း ရင်းနှီးမြုပ်နှံမှုနဲ ့ငွေကြေး အကြောင်းတွေ ပြောတာကို နားထောင်ပြီးတဲ့အခါ စီးပွားရေး တစ္ခုခု စလုပ်ချင်စိတ် တွေ ဖြစ်လာကြလေ့ရှိပါတယ် ဒါပေမယ့် စိတ္သာ ပေါ်လာတယ် ဘာကို ဘယ္က စလုပ် လို့ လုပ်ရမယ်ဆိုတာကို စဉ်းစားလို့မရပဲ လက်လျော့ပြီး ဒုံရင်းပြန်ဖြစ်သွားကြသူတွေ လဲ အတော်များနိုင် ပါတယ်။ ဒီအတွက် ဒီနေ့မှာ တော့ စီးပွားရေး လုပ်ငန်းတစ်ခု စမယ် ဆိုရင် ဘယ်လိုရွေးချယ် ရမလဲ ဒါမှမဟုတ် အပိုဝင်ငွေ ရဖို့ လုပ်ငန်းလေးတစ်ခု စချင်တယ်ဆိုရင် ဘယ်လိုရွေးချယ်ရမလဲ ဆိုတာကို ကျွန်တော့် အတွေ့အကြုံပေါ်မူတည်ပြီး မျှဝေပေးချင်ပါတယ်။

.

(1) လူတွေရဲ့ ပြဿနာ တွေပေါ်မူတည်စဉ်းစားခြင်း။

.

ဒီနည်းလမ်းကတော့မိမိ ပတ်ဝန်းကျင်က လူတွေ မွာ ဘယ်လိုအခက်အခဲ ပြဿနာတွေ ရှိနေသလဲ ဒါမှမဟုတ် ဈေးကွက် အတွင်းမှာ ဘယ်လိုလိုအပ်ချက်တွေ ရှိနေသလဲ စတဲ့ External Factors တွေကို ဖော်ထုတ်ကာ ဘာစီးပွားရေးလုပ်ရမလဲဆိုတာကို သုံးသပ် တဲ့နည်းဖြစ်ပါတယ်။ ဥပမာ ကိုယ့်မြို့ကလူတွေ ဟာ စက္သုံးဆီ အလြယ္တကူ ဝယ္မရ တဲ့ အခက်အခဲရှိနေရင် ကိုယ္က စက်သုံးဆီရောင်းချပေးတာ မျိုး၊ ကိုဗစ္ကာလ လူတွေအပြင်မထွက် နိုင်တော့ အိမ်အရောက်ပို့ တဲ့ Delivery Service တွေ လုပ်ဆောင်ပေးတာ မျိုး၊ ရေရှား တဲ့အရပ်မှာ ရေရောင်းတာ စက်ရေတွင်းတူးတာမျိုး၊ စတာတွေ ဖြစ်ပါတယ်။ လူတွေ ရဲ့ ပိုကြီးတဲ့ ပြဿနာ ကိုဖြေရှင်းပေးနိုင်လေလေ ငွေ ရေလေလ ဖြစ်တာပါပဲ။ 

.

(2) ဈေးကွက် အခြေအနေကို သုံးသပ် စဉ်းစားခြင်း။

.

ဈေးကွက် ထဲမွာ ရွိတဲ့ ကုန်ပစ္စည်း တွေရဲ့ အရည်အသွေး သို့မဟုတ် Value တွေဟာ သာမာန် မျှလောက် သာ ဖြစ်နေ ပြီး မိမိ က ပိုပြီး ထူးခြားတဲ့ ကုန်ပစ္စည်း တစ္ခုခု ကို ကုန်သွယ် တင်ပို့ရောင်းချနိုင်တယ် ဆိုရင် လဲ ဒါဟာ စီးပွားရေး အခွင့်အလမ်းကောင်းတစ်ခုဖြစ်မှာဖြစ်ပါတယ်။ ဥပမာ ကိုယ့်မြို့မှာ လူတွေက သစ္သား မီးခြစ်လေးတွေသာ အသုံးများနေကြတယ်ဆိုပါစို့။ ဒါဆိုရင်ကိုယ်က ပိုပြီး ကောင်းတဲ့ ပလတ်စတစ် ဂတ်စ် မီးခြစ် လေးတွေ မှာယူရောင်းချ တာမျိုးပါပဲ။ ဒီနည်းကလဲ ရိုးစဉ်းလွယ်ကူပါတယ်။

.

(3) မိမိရဲ့ အားသာချက်အပေါ်မူတည်စဉ်းစားခြင်း။

.

ကာနယ်ဆန်းဒါးဟာ KFC ကြက်ကြော်ရယ်လို့ ဖြစ်မလာခင် မွာ ငွေလဲမရှာနိုင်အသုံးစရိတ်လဲ မရှိတော့ပဲ အတော်ကိုတိုင်ပတ်နေပါတယ်တဲ့။ ဒါနဲ့ တစ်ခုခုရောင်းမှ ဖြစ်မယ်လို့တွေးမိပြီး ကိုယ့်မှာ ဘာရောင်းချ နိုင်လဲ ဆိုတဲ့အားသာခ်က္ကို စဉ်းစားပါတယ်တဲ့။ ဒီအခါမွာ သူ ဟာ တစ်မြို့လုံးမှာ ရွိသမွ် ကြက်ကြော် အားလုံးထက် သာလွန်ကောင်းမွန်တဲ့ ကြက်ကြော်ကို လုပ်နိုင်တယ်ဆိုတာ စဉ်းစားမိပြီး ကောင်းသထက် ကောင်းအောင်လုပ်ကာ သူ့ရဲ့ KFC ကြက်ကြော်နည်းကို ဆိုင်တွေ မွာ လိုက်ရောင်းချပါတော့တယ်။ 

.

ဒီနည်းကတော့ ကိုယ့် မွာ ဘယ်လိုအားသာချက်ရှိသလဲ ဘာကိုအကောင်းဆုံး လုပ်နိုင်သလဲ ဆိုတဲ့ မေးခွန်းကို မေးပြီး စီးပွားရေး ဘာလုပ်ရမယ်ဆိုတာစဉ်းစားတာပါပဲ။ ဒီအတြက္ကေတာ့ မိမိ မွာ အခြားသူတွေ ထက်သာလွန်တယ် Talent ဖြစ်တယ် ဆိုတဲ့ အရာတစ္ခုခု ကျွမ်းကျင်မှု တစ်ခုခုတော့ ရှိနေဖို့ လိုပါတယ်။ ဥပမာ ကျွန်တော်ဆိုရင်လဲ ရုံးဝန်ထမ်းဘဝ မှာတုန်းက လတိုင်း KPI Presentation တွေ ပြရလေ့ရှိပါတယ်။ ဒီလိုနဲ့ ကိုယ့်ကိုကိုယ်. Presentation ပြုလုပ်ရာ စကားပြောဆိုတင်ပြရာမှာ အခြားသူတွေ ထက် အတော်လေး အားသာတယ္ဆိုတာကို သိရှိလာခဲ့ပါတယ်။ အဲဒီအားသာချက် ကိုပဲ အသုံးပြုပြီး စာသင်ကြားရေး ကို အသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်သည်အထိ ရွေးချယ် လုပ်ဆောင် နိုင်ခဲ့ တာဖြစ်ပါတယ်။

.

ဒီတော့ မိမိ မွာ ဘယ္လို အချက်တွေ အားသာလဲ အဲဒီအချက်တွေကို ဘယ်စီးပွားရေး မွာ တိုက်ရိုက်သော်လည်း ကောင်း သွယ်ဝိုက်၍ သော်လည်းကောင်းအသုံးချနိုင်မလဲဆိုတာ ဆက်တွေး ရမွာ ပါပဲ။ တစ်ခါတစ်လေကျတော့ ကိုယ်အားသာကျွမ်းကျင်တာကစီးပွားရေး အဖြစ် တိုက်ရိုက် မလုပ်ဆောင်နိုင် ဘူးဆိုတာ မျိုးလဲ ရှိတတ်ပါတယ်။ ဒါပေမယ့် သွယ်ဝိုက်သောအားဖြင့် တစ်နည်းနည်းကတော့ ဘယ်အား သာ ချက်မဆို စီးပွားရေး လုပ်ငန်းတစ်ခုအတွက် အသုံးဝင်တတ်လေ့ရှိပါတယ်။

.

.

(4) ကိုယ့် Network အပေါ်မူတည်စဉ်းစားခြင်း။

.

ကိုယ့်ရဲ့ ရင်းနှီးတဲ့ အသိအကျွမ်း မိတ်ဆွေတွေ ထဲမွာ ဘယ္လို စီးပွားရေး လုပ်ငန်းမျိုးတွေ နဲ့ လုပ်ဆောင် အောင်မြင်နေကြသလဲ ၊ အဲဒါကို ဘယ္လို လက်တွဲလုပ်ဆောင်နိုင်မလဲ ဆိုတာကလည်း ကိုယ်ပိုင်စီးပွား ရေး စတင်ဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တစ်ခါက တစ္လကို သိန်းထောင်နဲ့ ချီ ရောင်းရ ငွေရှိတဲ့ စားသောက် ဆိုင် ပိုင်ရှင်တစ်ဦး နဲ့တွေ့ဆုံတော့ လုပ်ငန်းဘယ်လိုစဖြစ်တာလဲ လို့ မေးဖြစ်ပါတယ်။ သူပြောက သိပ္ကို ရိုး ပါတယ်။ သူငယ်ချင်း က အောင်မြင်တဲ့ စားသောက်ဆိုင်တွေ အများကြီး လုပ်နေတယ် ဒီတော့ ငါ့ကိုဘယ္လို လုပ်ရမလဲ ကူညီပေးပါကွာဆိုပြီး သူ့ဆီက နည်းလမ်းတွေ လည်ပတ်ပုံတွေအပြင် မန်နေဂျာ ကိုပါ ခြောက်လလောက်ငှားပြီး စတင်လိုက်တာပါပဲဗျာ တဲ့။ လိုတဲ့ ငွေအရင်းအနှီးကျတော့ ရော ဗျလို့ ထပ်မေးတော့ သူငယ်ချင်း သုံးလေးယောက်ကို ပါမလားမေး လိုက္တာ ပါမယ်ဆိုတာနဲ့ စျဖစ္တာပါပဲဆရာ တဲ့။ 

.

.

(5) ရာသီ ပေါ် မူတည်စဉ်းစားမယ်

.

နောက်ထပ်တစ်နည်းကတော့ ရာသီအလိုက် ကြိမ်းသေရောင်းရမယ့် ပေါ်ပင် အလုပ်လေးတွေ အရောင်း အဝယ်လေးတွေ ဆောင်ရွက်တာမျိုးပါပဲ။ ဥပမာ သူငယ်ချင်းတစ်ယောက် ဆိုရင် သူ့နယ် က စပါးမပေါ်ခင် အချိန် လေးမှာ ကြိုပေး စနစ်နဲ့ ဝယ္ထား ၊စပါး ပေါ် စပါးဈေးတက်ရင်ပြန်ရောင်းတာမျိုး၊. စိန္တစ္လုံး သရက္သီးလို တစ်နှစ်တစ်ခါ ပဲပေါ်ပြီး လူတွေ လဲ ကြိမ်းသေ ဝယ္စား ဖြစ်ကြတဲ့ ရာသီသီးနှံတွေကို ပေါ်ဦးပေါ်ဖျား ရအောင် မှာယူရောင်းချတာမျိုး စတာတွေဖြစ်ပါတယ်။ 

.

.

(6) ဈေးအသက်သာ ဆုံးနေရာ/Supplier ကို သိရှိရင်

.

ကုန်ပစ္စည်း တစ္ခုခု ကို ဘယ်နေရာကနေ ဈေးအသက်သာဆုံး ရနိုင်မလဲ မူရင်းစက်ရုံက ဘယ်မှာလဲ၊ ပင်ရင်းလက်ကား ဆိုင်က ဘယ်မှာလဲ စသည်ဖြင့် သိရှိအောင် ဆောင်ရွက်နိုင်ရင်လည်း အဲဒီ Source က အရောင်းရဆုံး ကုန်ပစ္စည်းကို လက္ကား ဝယ်ယူ ပြီး လက်လီပြန်လည်ရောင်းချကာ ကိုယ်ပိုင်လုပ်ငန်းလေး တစ္ခုကို အစပြုနိုင်မှာ ဖြစ်ပါတယ်။ဥပမာ ရပ်ကွက် ထဲမွာ အရောင်းရဆုံး ဆန်အမျိုးအစား ကို ဈေးအသက်သာ ဆုံး ဘယ္ကေန ဝယ်ယူ ရရှိနိုင်မလဲဆိုတာ သိရင် ရပ်ကွက်ထဲက လက်ရှိရောင်းချ နေတဲ့ ဆန်ဆိုင်တွေထက် ဈေးလျော့ပြီး ရောင်းနိုင်မှာ ဖြစ် လို့ ကြိမ်းသေပေါက် အရောင်းပမာဏ တစ္ခုကေတာ့ ရရွိ မွာ ဖြစ်ပါတယ်။

.

.

(7) အနာဂတ် အလားအလာတွေ အပေါ် မူတည်စဉ်းစားမယ်

.

 အနာဂတ်မှာ ဘယ္လို စီးပွားရေး အမျိုးအစားတွေ ကုန်ပစ္စည်းအမျိုးအစားတွေက အရောင်းရဆုံးတွေ ဖြစ်လာမလဲကို ကြိုတင်ခန့်မှန်းကာ အခုကထဲက လိုအပ်ချက်တွေကို ဖြည့်ဆည်း ထားတာမျိုး နဲ့လဲ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်ဖို့လုပ်ဆောင်နိုင်ပါတယ်။ ဥပမာ ဖုန်းဆင်းကဒ် တွေ ပေါပေါလောလောနဲ့ ဝယ်ယူလို့ ရလာတဲ့အခါမှာသေချာတာကတော့ ဖုန်းဟန်းဆက်တွေပါ ဈေးကွက်အကြီးကြီး ဖြစ်လာ တော့မှာ ကြိမ်းသေပဲဖြစ်ပါတယ်။ အဲဒီလိုအချိန်မှာ ဖုန်းဟန်းဆက် ဈေးကွက်ထဲ ဝင်ရောက်ခဲ့တဲ့ သူတွေ ဟာ အတော်လေး အလုပ်ဖြစ်သွားကြပါတယ်။ လက်ရှိမြန်မာနိုင်ငံရေး စီးပွားရေး ပြောင်းလဲမှုတွေအပေါ် မူတည်သုံးသပ်ပြီး ခေတ်စားလာမယ့် လုပ်ငန်းတွေကို သုံးသပ်ပြင်ဆင်ထား နိုင် ခြင်းကလည်း နည်းလမ်း တစ်ခုဖြစ်ပါတယ်။

.

.

ဒီလောက်ဆိုရင်တော့ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စဖို့ ဘယ္ကေန စပြီး စဉ်းစားရမယ်ဆိုတာကို ကောင်းကောင်း နားလည်သဘောပေါက်လောက်ပြီလို့ ယူဆပါတယ္ဗ်ား။

.

.

လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။

.

.

Kaung Hein Soe Strategic

Business Consultant



ကိုယ္ပိုင္ လုပ္ငန္းတစ္ခု စတင္ဖို႔




#Start_Up

#စီးပြားေရးလုပ္ငန္း

#Business_Managements


(စီးပြားေရးလုပ္ငန္းတစ္ခုကို ဘယ္လိုစတင္လုပ္ကိုင္လို႔ရမလဲ ေတြးေတာေနသူမ်ား နည္းနည္းပဲျဖစ္ျဖစ္ အၾကံၪာဏ္ရေအာင္လို႔ ဆရာေကာင္းဟိန္းစိုးရဲ႕ ေဆာင္းပါးကို ေဖာ္ျပလိုက္ပါတယ္။ ဘယ္သူမဆို ကိုယ့္ေနာင္ေရးအတြက္ပဲျဖစ္ျဖစ္ စီးပြားေရးလုပ္ငန္းတစ္ခုခုကို လုပ္ကိုင္ၾကပါ။ ထိုင္စားလို႔ရေအာင္ ေငြအရင္းအနီးရွိတယ္ဆိုေသာ္မွ လုပ္ငန္းတစ္ခုကိုလုပ္ပါလို႔ေျပာပါရေစ။)


ကြၽန္ေတာ့္ကိုအေမးမ်ားတဲ့ ေမးခြန္းေတြထဲမွာ စီးပြားေရး လုပ္ငန္းတစ္ခု စတင္ခ်င္လို႔ ဘာလုပ္ရမလဲ ဘယ္လိုေ႐ြးခ်ယ္လုပ္ကိုင္ရမလဲ ဆိုတာ ကလဲ တစ္ခုအပါအဝင္ျဖစ္ပါတယ္။ ကြၽန္ေတာ္ ကစီးပြားေရး အေၾကာင္း ရင္းႏွီးျမဳပ္ႏွံမႈနဲ ့ေငြေၾကး အေၾကာင္းေတြ ေျပာတာကို နားေထာင္ၿပီးတဲ့အခါ စီးပြားေရး တစ္ခုခု စလုပ္ခ်င္စိတ္ ေတြ ျဖစ္လာၾကေလ့ရွိပါတယ္ ဒါေပမယ့္ စိတ္သာ ေပၚလာတယ္ ဘာကို ဘယ္က စလုပ္ လို႔ လုပ္ရမယ္ဆိုတာကို စဥ္းစားလို႔မရပဲ လက္ေလ်ာ့ၿပီး ဒုံရင္းျပန္ျဖစ္သြားၾကသူေတြ လဲ အေတာ္မ်ားနိုင္ ပါတယ္။ ဒီအတြက္ ဒီေန႕မွာ ေတာ့ စီးပြားေရး လုပ္ငန္းတစ္ခု စမယ္ ဆိုရင္ ဘယ္လိုေ႐ြးခ်ယ္ ရမလဲ ဒါမွမဟုတ္ အပိုဝင္ေငြ ရဖို႔ လုပ္ငန္းေလးတစ္ခု စခ်င္တယ္ဆိုရင္ ဘယ္လိုေ႐ြးခ်ယ္ရမလဲ ဆိုတာကို ကြၽန္ေတာ့္ အေတြ႕အႀကဳံေပၚမူတည္ၿပီး မွ်ေဝေပးခ်င္ပါတယ္။

.

(1) လူေတြရဲ႕ ျပႆနာ ေတြေပၚမူတည္စဥ္းစားျခင္း။

.

ဒီနည္းလမ္းကေတာ့မိမိ ပတ္ဝန္းက်င္က လူေတြ မွာ ဘယ္လိုအခက္အခဲ ျပႆနာေတြ ရွိေနသလဲ ဒါမွမဟုတ္ ေစ်းကြက္ အတြင္းမွာ ဘယ္လိုလိုအပ္ခ်က္ေတြ ရွိေနသလဲ စတဲ့ External Factors ေတြကို ေဖာ္ထုတ္ကာ ဘာစီးပြားေရးလုပ္ရမလဲဆိုတာကို သုံးသပ္ တဲ့နည္းျဖစ္ပါတယ္။ ဥပမာ ကိုယ့္ၿမိဳ႕ကလူေတြ ဟာ စက္သုံးဆီ အလြယ္တကူ ဝယ္မရ တဲ့ အခက္အခဲရွိေနရင္ ကိုယ္က စက္သုံးဆီေရာင္းခ်ေပးတာ မ်ိဳး၊ ကိုဗစ္ကာလ လူေတြအျပင္မထြက္ နိုင္ေတာ့ အိမ္အေရာက္ပို႔ တဲ့ Delivery Service ေတြ လုပ္ေဆာင္ေပးတာ မ်ိဳး၊ ေရရွား တဲ့အရပ္မွာ ေရေရာင္းတာ စက္ေရတြင္းတူးတာမ်ိဳး၊ စတာေတြ ျဖစ္ပါတယ္။ လူေတြ ရဲ႕ ပိုႀကီးတဲ့ ျပႆနာ ကိုေျဖရွင္းေပးနိုင္ေလေလ ေငြ ရေလေလ ျဖစ္တာပါပဲ။ 

.

(2) ေစ်းကြက္ အေျခအေနကို သုံးသပ္ စဥ္းစားျခင္း။

.

ေစ်းကြက္ ထဲမွာ ရွိတဲ့ ကုန္ပစၥည္း ေတြရဲ႕ အရည္အေသြး သို႔မဟုတ္ Value ေတြဟာ သာမာန္ မွ်ေလာက္ သာ ျဖစ္ေန ၿပီး မိမိ က ပိုၿပီး ထူးျခားတဲ့ ကုန္ပစၥည္း တစ္ခုခု ကို ကုန္သြယ္ တင္ပို႔ေရာင္းခ်နိဳင္တယ္ ဆိုရင္ လဲ ဒါဟာ စီးပြားေရး အခြင့္အလမ္းေကာင္းတစ္ခုျဖစ္မွာျဖစ္ပါတယ္။ ဥပမာ ကိုယ့္ၿမိဳ႕မွာ လူေတြက သစ္သား မီးျခစ္ေလးေတြသာ အသုံးမ်ားေနၾကတယ္ဆိုပါစို႔။ ဒါဆိုရင္ကိုယ္က ပိုၿပီး ေကာင္းတဲ့ ပလတ္စတစ္ ဂတ္စ္ မီးျခစ္ ေလးေတြ မွာယူေရာင္းခ် တာမ်ိဳးပါပဲ။ ဒီနည္းကလဲ ရိုးစဥ္းလြယ္ကူပါတယ္။

.

(3) မိမိရဲ႕ အားသာခ်က္အေပၚမူတည္စဥ္းစားျခင္း။

.

ကာနယ္ဆန္းဒါးဟာ KFC ၾကက္ေၾကာ္ရယ္လို႔ ျဖစ္မလာခင္ မွာ ေငြလဲမရွာနိုင္အသုံးစရိတ္လဲ မရွိေတာ့ပဲ အေတာ္ကိုတိုင္ပတ္ေနပါတယ္တဲ့။ ဒါနဲ႕ တစ္ခုခုေရာင္းမွ ျဖစ္မယ္လို႔ေတြးမိၿပီး ကိုယ့္မွာ ဘာေရာင္းခ် နိုင္လဲ ဆိုတဲ့အားသာခ်က္ကို စဥ္းစားပါတယ္တဲ့။ ဒီအခါမွာ သူ ဟာ တစ္ၿမိဳ႕လုံးမွာ ရွိသမွ် ၾကက္ေၾကာ္ အားလုံးထက္ သာလြန္ေကာင္းမြန္တဲ့ ၾကက္ေၾကာ္ကို လုပ္နိုင္တယ္ဆိုတာ စဥ္းစားမိၿပီး ေကာင္းသထက္ ေကာင္းေအာင္လုပ္ကာ သူ႕ရဲ႕ KFC ၾကက္ေၾကာ္နည္းကို ဆိုင္ေတြ မွာ လိုက္ေရာင္းခ်ပါေတာ့တယ္။ 

.

ဒီနည္းကေတာ့ ကိုယ့္ မွာ ဘယ္လိုအားသာခ်က္ရွိသလဲ ဘာကိုအေကာင္းဆုံး လုပ္နိုင္သလဲ ဆိုတဲ့ ေမးခြန္းကို ေမးၿပီး စီးပြားေရး ဘာလုပ္ရမယ္ဆိုတာစဥ္းစားတာပါပဲ။ ဒီအတြက္ကေတာ့ မိမိ မွာ အျခားသူေတြ ထက္သာလြန္တယ္ Talent ျဖစ္တယ္ ဆိုတဲ့ အရာတစ္ခုခု ကြၽမ္းက်င္မႈ တစ္ခုခုေတာ့ ရွိေနဖို႔ လိုပါတယ္။ ဥပမာ ကြၽန္ေတာ္ဆိုရင္လဲ ႐ုံးဝန္ထမ္းဘဝ မွာတုန္းက လတိုင္း KPI Presentation ေတြ ျပရေလ့ရွိပါတယ္။ ဒီလိုနဲ႕ ကိုယ့္ကိုကိုယ္. Presentation ျပဳလုပ္ရာ စကားေျပာဆိုတင္ျပရာမွာ အျခားသူေတြ ထက္ အေတာ္ေလး အားသာတယ္ဆိုတာကို သိရွိလာခဲ့ပါတယ္။ အဲဒီအားသာခ်က္ ကိုပဲ အသုံးျပဳၿပီး စာသင္ၾကားေရး ကို အသက္ေမြးဝမ္းေၾကာင္းတစ္ခုျဖစ္သည္အထိ ေ႐ြးခ်ယ္ လုပ္ေဆာင္ နိုင္ခဲ့ တာျဖစ္ပါတယ္။

.

ဒီေတာ့ မိမိ မွာ ဘယ္လို အခ်က္ေတြ အားသာလဲ အဲဒီအခ်က္ေတြကို ဘယ္စီးပြားေရး မွာ တိုက္ရိုက္ေသာ္လည္း ေကာင္း သြယ္ဝိုက္၍ ေသာ္လည္းေကာင္းအသုံးခ်နိဳင္မလဲဆိုတာ ဆက္ေတြး ရမွာ ပါပဲ။ တစ္ခါတစ္ေလက်ေတာ့ ကိုယ္အားသာကြၽမ္းက်င္တာကစီးပြားေရး အျဖစ္ တိုက္ရိုက္ မလုပ္ေဆာင္နိုင္ ဘူးဆိုတာ မ်ိဳးလဲ ရွိတတ္ပါတယ္။ ဒါေပမယ့္ သြယ္ဝိုက္ေသာအားျဖင့္ တစ္နည္းနည္းကေတာ့ ဘယ္အား သာ ခ်က္မဆို စီးပြားေရး လုပ္ငန္းတစ္ခုအတြက္ အသုံးဝင္တတ္ေလ့ရွိပါတယ္။

.

.

(4) ကိုယ့္ Network အေပၚမူတည္စဥ္းစားျခင္း။

.

ကိုယ့္ရဲ႕ ရင္းႏွီးတဲ့ အသိအကြၽမ္း မိတ္ေဆြေတြ ထဲမွာ ဘယ္လို စီးပြားေရး လုပ္ငန္းမ်ိဳးေတြ နဲ႕ လုပ္ေဆာင္ ေအာင္ျမင္ေနၾကသလဲ ၊ အဲဒါကို ဘယ္လို လက္တြဲလုပ္ေဆာင္နိုင္မလဲ ဆိုတာကလည္း ကိုယ္ပိုင္စီးပြား ေရး စတင္ဖို႔ နည္းလမ္းတစ္ခုျဖစ္ပါတယ္။ တစ္ခါက တစ္လကို သိန္းေထာင္နဲ႕ ခ်ီ ေရာင္းရ ေငြရွိတဲ့ စားေသာက္ ဆိုင္ ပိုင္ရွင္တစ္ဦး နဲ႕ေတြ႕ဆုံေတာ့ လုပ္ငန္းဘယ္လိုစျဖစ္တာလဲ လို႔ ေမးျဖစ္ပါတယ္။ သူေျပာက သိပ္ကို ရိုး ပါတယ္။ သူငယ္ခ်င္း က ေအာင္ျမင္တဲ့ စားေသာက္ဆိုင္ေတြ အမ်ားႀကီး လုပ္ေနတယ္ ဒီေတာ့ ငါ့ကိုဘယ္လို လုပ္ရမလဲ ကူညီေပးပါကြာဆိုၿပီး သူ႕ဆီက နည္းလမ္းေတြ လည္ပတ္ပုံေတြအျပင္ မန္ေနဂ်ာ ကိုပါ ေျခာက္လေလာက္ငွားၿပီး စတင္လိုက္တာပါပဲဗ်ာ တဲ့။ လိုတဲ့ ေငြအရင္းအႏွီးက်ေတာ့ ေရာ ဗ်လိဳ႕ ထပ္ေမးေတာ့ သူငယ္ခ်င္း သုံးေလးေယာက္ကို ပါမလားေမး လိုက္တာ ပါမယ္ဆိုတာနဲ႕ စျဖစ္တာပါပဲဆရာ တဲ့။ 

.

.

(5) ရာသီ ေပၚ မူတည္စဥ္းစားမယ္

.

ေနာက္ထပ္တစ္နည္းကေတာ့ ရာသီအလိုက္ ႀကိမ္းေသေရာင္းရမယ့္ ေပၚပင္ အလုပ္ေလးေတြ အေရာင္း အဝယ္ေလးေတြ ေဆာင္႐ြက္တာမ်ိဳးပါပဲ။ ဥပမာ သူငယ္ခ်င္းတစ္ေယာက္ ဆိုရင္ သူ႕နယ္ က စပါးမေပၚခင္ အခ်ိန္ ေလးမွာ ႀကိဳေပး စနစ္နဲ႕ ဝယ္ထား ၊စပါး ေပၚ စပါးေစ်းတက္ရင္ျပန္ေရာင္းတာမ်ိဳး၊. စိန္တစ္လုံး သရက္သီးလို တစ္ႏွစ္တစ္ခါ ပဲေပၚၿပီး လူေတြ လဲ ႀကိမ္းေသ ဝယ္စား ျဖစ္ၾကတဲ့ ရာသီသီးႏွံေတြကို ေပၚဦးေပၚဖ်ား ရေအာင္ မွာယူေရာင္းခ်တာမ်ိဳး စတာေတြျဖစ္ပါတယ္။ 

.

.

(6) ေစ်းအသက္သာ ဆုံးေနရာ/Supplier ကို သိရွိရင္

.

ကုန္ပစၥည္း တစ္ခုခု ကို ဘယ္ေနရာကေန ေစ်းအသက္သာဆုံး ရနိုင္မလဲ မူရင္းစက္႐ုံက ဘယ္မွာလဲ၊ ပင္ရင္းလက္ကား ဆိုင္က ဘယ္မွာလဲ စသည္ျဖင့္ သိရွိေအာင္ ေဆာင္႐ြက္နိုင္ရင္လည္း အဲဒီ Source က အေရာင္းရဆုံး ကုန္ပစၥည္းကို လက္ကား ဝယ္ယူ ၿပီး လက္လီျပန္လည္ေရာင္းခ်ကာ ကိုယ္ပိုင္လုပ္ငန္းေလး တစ္ခုကို အစျပဳနိုင္မွာ ျဖစ္ပါတယ္။ဥပမာ ရပ္ကြက္ ထဲမွာ အေရာင္းရဆုံး ဆန္အမ်ိဳးအစား ကို ေစ်းအသက္သာ ဆုံး ဘယ္ကေန ဝယ္ယူ ရရွိနိုင္မလဲဆိုတာ သိရင္ ရပ္ကြက္ထဲက လက္ရွိေရာင္းခ် ေနတဲ့ ဆန္ဆိုင္ေတြထက္ ေစ်းေလ်ာ့ၿပီး ေရာင္းနိုင္မွာ ျဖစ္ လို႔ ႀကိမ္းေသေပါက္ အေရာင္းပမာဏ တစ္ခုကေတာ့ ရရွိ မွာ ျဖစ္ပါတယ္။

.

.

(7) အနာဂတ္ အလားအလာေတြ အေပၚ မူတည္စဥ္းစားမယ္

.

 အနာဂတ္မွာ ဘယ္လို စီးပြားေရး အမ်ိဳးအစားေတြ ကုန္ပစၥည္းအမ်ိဳးအစားေတြက အေရာင္းရဆုံးေတြ ျဖစ္လာမလဲကို ႀကိဳတင္ခန႔္မွန္းကာ အခုကထဲက လိုအပ္ခ်က္ေတြကို ျဖည့္ဆည္း ထားတာမ်ိဳး နဲ႕လဲ ကိုယ္ပိုင္လုပ္ငန္းတစ္ခုကို စတင္ဖို႔လုပ္ေဆာင္နိုင္ပါတယ္။ ဥပမာ ဖုန္းဆင္းကဒ္ ေတြ ေပါေပါေလာေလာနဲ႕ ဝယ္ယူလို႔ ရလာတဲ့အခါမွာေသခ်ာတာကေတာ့ ဖုန္းဟန္းဆက္ေတြပါ ေစ်းကြက္အႀကီးႀကီး ျဖစ္လာ ေတာ့မွာ ႀကိမ္းေသပဲျဖစ္ပါတယ္။ အဲဒီလိုအခ်ိန္မွာ ဖုန္းဟန္းဆက္ ေစ်းကြက္ထဲ ဝင္ေရာက္ခဲ့တဲ့ သူေတြ ဟာ အေတာ္ေလး အလုပ္ျဖစ္သြားၾကပါတယ္။ လက္ရွိျမန္မာနိုင္ငံေရး စီးပြားေရး ေျပာင္းလဲမႈေတြအေပၚ မူတည္သုံးသပ္ၿပီး ေခတ္စားလာမယ့္ လုပ္ငန္းေတြကို သုံးသပ္ျပင္ဆင္ထား နိုင္ ျခင္းကလည္း နည္းလမ္း တစ္ခုျဖစ္ပါတယ္။

.

.

ဒီေလာက္ဆိုရင္ေတာ့ ကိုယ္ပိုင္လုပ္ငန္းတစ္ခု စဖို႔ ဘယ္ကေန စၿပီး စဥ္းစားရမယ္ဆိုတာကို ေကာင္းေကာင္း နားလည္သေဘာေပါက္ေလာက္ၿပီလို႔ ယူဆပါတယ္ဗ်ား။

.

.

လုံေလာက္တဲ့ အသိပညာဟာ ျပင္းထန္တဲ့ အခက္အခဲေတြကို လြယ္ကူစြာေက်ာ္ျဖတ္ေစနိုင္ပါတယ္။

.

.

Kaung Hein Soe Strategic

Business Consultant


Wednesday, November 3, 2021

အလုပ်အတွက် အင်တာဗျူးဖြေတဲ့အခါ လုံးဝမပြောသင့်တဲ့ စကား (၅) ခွန်း

အလုပ်အတွက် အင်တာဗျူးဖြေတဲ့အခါ လုံးဝမပြောသင့်တဲ့ စကား (၅) ခွန်း 




#Job_Interviews

#အလုပ်အင်တာဗျူး


(ကုမ္ပဏီတစ်ခု၊အဖွဲ့အစည်းတစ်ခုခုမှာ ၀န်ထမ်းအဖြစ် အလုပ်လုပ်ကိုင်လိုသူများအတွက် အလုပ်လျှောက်လွှာတင်တာ၊ အင်တာဗျူးဖြေ ဆိုရတာတွေက မလွဲမသွေကြုံဆုံရမယ့် ပထမအဆင့် လှေကားထစ်တွေပဲဖြစ်ပါတယ်။ ငါတော်နေတတ်နေသားနဲ့ ဘာကြောင့်အလုပ်မရ တာလဲဆိုတဲ့ အတွေး၀င်လာရင် ပြန်လည်ဆန်းစစ်ရမယ့်အထဲမှာ အင်တာဗျူးချိန် ကိုယ်ဖြေဆိုခဲ့ပြေခဲ့တာတွေကလည်း ပါနေတတ်ပါ တယ်။)


(၁) ဒီနေ့ချိန်းထားတာကို နောက်ရက်ရွှေ့လိုရမလား 


ဖြစ်နိုင်မယ်ဆိုရင်တော့ တကယ့်အရေးပေါ်ကိစ္စလောက်ကလွဲပြီး အခုလိုမျိုး ပြန်လည်းချိန်ဆိုတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ သင်မှ မဟုတ်ပါဘူး။ အားလုံးရဲ့အချိန်တွေက တန်ဖိုးရှိပါတယ်။


ဒါကြောင့် ချိန်းဆိုထားပြီးရင် မပျက်မကွက်သွားရောက်ပါ။ အင်တာဗျူးလုပ်ဖို့ ချိန်းထားတဲ့အချိန်ထက် နောက်ကျတာ၊ နောက်ရက်ပြန်ချိန်း တာတွေဟာ သင့်အပေါ် ယုံကြည်မှုလျော့နည်းစေနိုင်ပါတယ်။


(၂)တခြားအလုပ်ရွေးစရာရှိလို့ ဘယ်နေ့နောက်ဆုံးထားပြီး အကြောင်းပြန်ပါ့မယ် 


ဘယ်သူ့မှတော့ ကုမ္ပဏီဘက်က အကြောင်းပြန်လာတာကို စိတ်ပင်ပန်းကြီးစွာ စောင့်ဆိုင်းမနေချင်ကြပါဘူး။ ဒါပေမဲ့လို့ သင့်ဘက်က အခုလိုမျိုးပြောလိုက်လို့လည်း အလုပ်ဖြစ်မယ်မထင်ပါနဲ့။


တကယ်ပဲသင့်မှာ ရွေးချယ်စရာ အခြားအလုပ်ရှိနေခဲ့ရင်တောင် ဘယ်ဟာကသင့်အတွက် ပိုအဆင်ပြေတယ်ဆိုတာကို သိပြီးဖြစ်နေ ရပါမယ်။ အဲဒီလိုအချိန်မျိုးမှာ ကုမ္ပဏီဘက်ကို ဘာကြောင့် အျခားအလုပ္ကို ရွေးချယ်ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းကို ရိုးရိုးသားသား ရှင်းပြတာမျိုးပဲ ဖြစ်သင့်ပါတယ်။



(၃)ဘယ်အချိန်ဖြစ်ဖြစ်စနိုင်တယ်။


ဒါပေမဲ့ ဒီရက်တွေတော့မရဘူး ကိုယ္က အလုပ်လည်း အရေးတကြီးလိုနေတယ်။ လုပ်လည်းလုပ်ချင်တယ်။ လက်ရှိလည်း အခြားအလုပ်ရှိမနေလို့ အင်တာဗျူးမှာ ဘယ်အချိန်အလုပ်စဆင်းနိုင်လဲမေးတဲ့အခါ အထက်ပါအတိုင်း ပြောခဲ့ခြင်းမှရှောင်ပါ။


ကိုယ်လိုချင်တဲ့ပိတ်ရက်တွေကို သေချာရှောင်ရှားပြီးမှပဲ ကိုယ်အလုပ်စဝင်နိုင်မယ့်ရက်ကို ပြောသင့်ပါတယ်။


(၄)ဒီထက်ပိုကောင်းတဲ့နေရာလိုချင်တာ၊ ဒါပေမဲ့ လောလောဆယ်တော့ ဒီအလုပ္ကို လက်ခံလိုက်ပါမယ်။


တကယ်လို့သင့်ကို အလုပ္တစ္ခုက အင်တာဗျူးချိန်းတယ်ဆိုပါစို့။ အဲဒီအချိန်မှာ ဒီအလုပ်ကိုလက်ခံနိုင်၊ မနိုင် သေချာချင့်ချိန်ရမှာက သင့်ကိစ္စပါ။


ဘာလို့လဲဆိုတော့ ခေါ်တဲ့သူက ဒီအလုပ်နဲ့ သင်နဲ့ သင့်တော်တယ်ထင်လို့ အင်တာဗျူးချိန်းတာပါ။ ဘယ္သူမဆို အလုပ်မှာ အကောင်းဆုံး ဖြစ်စဉ်တွေ လိုချင်ကြသလို အလုပ်ရှင်ဘက်ကလည်း ဒီအလုပ်အပေါ် အကောင်းဆုံးလုပ်နိုင်ဖို့ မျှော်လင့်ထားကြတာချည်းပါပဲ။


ဒါကိုမွ ရာထူးလောက်ပဲ သင့်ခေါင်းထဲရှိနေမယ်ဆိုရင်တော့ ကြာရှည်မှာ အဆင်ပြေမှာမဟုတ်လို့ သင့်ကိုသူတို့ဘက်က လက်လွှတ်ခံလိုက်မှာ ဖြစ်ပါတယ်။


(၅)လက်ရှိကုမ္ပဏီက ဘယ်လိုကောင်းတာ  


သင့်လက်ရှိကုမ္ပဏီနဲ့ သင့်လက်ရှိသူဌေး ဘယ်လောက်ပဲကောင်းတယ်ပြောပြော အဲဒီဟာတွေကို သင့်ရဲ့အတိတ်မှာပဲ ထားခဲ့လိုက်ပါတော့။


အင်တာဗျူးမှာ ဒါတွေသွားပြောနေလို့ သင့်ကိုဖြည့်ဆည်းပေးမယ် မထင်ပါနဲ့။ အဲဒီအစား သင်ရမယ့်အခွင့်အရေးတွေပဲ ဆုံးရှုံးလိုက်ရပါလိမ့် မယ်။ ဘယ္သူမွ သင့်ရဲ့စကားတွေကို ကြားချင်မှာမဟုတ်လို့ အဲဒီလိုအပြောတွေထက် သင့်ရဲ့စွမ်းဆောင်ရည်တွေကို ဘယ်လိုပြသရမယ် ဆိုတာပဲ ပြင်ဆင်ထားသင့်ပါတယ်။


အလုပ္အတြက္ အင္တာဗ်ဴးေျဖတဲ့အခါ လုံးဝမေျပာသင့္တဲ့ စကား (၅) ခြန္း 




#Job_Interviews

#အလုပ္အင္တာဗ်ဴး


(ကုမၸဏီတစ္ခု၊အဖြဲ႕အစည္းတစ္ခုခုမွာ ၀န္ထမ္းအျဖစ္ အလုပ္လုပ္ကိုင္လိုသူမ်ားအတြက္ အလုပ္ေလွ်ာက္လႊာတင္တာ၊ အင္တာဗ်ဴးေျဖ ဆိုရတာေတြက မလြဲမေသြၾကံဳဆံုရမယ့္ ပထမအဆင့္ ေလွကားထစ္ေတြပဲျဖစ္ပါတယ္။ ငါေတာ္ေနတတ္ေနသားနဲ႔ ဘာေၾကာင့္အလုပ္မရ တာလဲဆိုတဲ့ အေတြး၀င္လာရင္ ျပန္လည္ဆန္းစစ္ရမယ့္အထဲမွာ အင္တာဗ်ဴးခ်ိန္ ကိုယ္ေျဖဆိုခဲ့ေျပခဲ့တာေတြကလည္း ပါေနတတ္ပါ တယ္။)


(၁) ဒီေန႕ခ်ိန္းထားတာကို ေနာက္ရက္ေ႐ႊ႕လိုရမလား 


ျဖစ္နိုင္မယ္ဆိုရင္ေတာ့ တကယ့္အေရးေပၚကိစၥေလာက္ကလြဲၿပီး အခုလိုမ်ိဳး ျပန္လည္းခ်ိန္ဆိုတာမ်ိဳး လုံးဝမလုပ္သင့္ပါဘူး။ သင္မွ မဟုတ္ပါဘူး။ အားလုံးရဲ႕အခ်ိန္ေတြက တန္ဖိုးရွိပါတယ္။


ဒါေၾကာင့္ ခ်ိန္းဆိုထားၿပီးရင္ မပ်က္မကြက္သြားေရာက္ပါ။ အင္တာဗ်ဴးလုပ္ဖို႔ ခ်ိန္းထားတဲ့အခ်ိန္ထက္ ေနာက္က်တာ၊ ေနာက္ရက္ျပန္ခ်ိန္း တာေတြဟာ သင့္အေပၚ ယုံၾကည္မႈေလ်ာ့နည္းေစနိုင္ပါတယ္။


(၂)တျခားအလုပ္ေ႐ြးစရာရွိလို႔ ဘယ္ေန႕ေနာက္ဆုံးထားၿပီး အေၾကာင္းျပန္ပါ့မယ္ 


ဘယ္သူ႕မွေတာ့ ကုမၸဏီဘက္က အေၾကာင္းျပန္လာတာကို စိတ္ပင္ပန္းႀကီးစြာ ေစာင့္ဆိုင္းမေနခ်င္ၾကပါဘူး။ ဒါေပမဲ့လို႔ သင့္ဘက္က အခုလိုမ်ိဳးေျပာလိုက္လို႔လည္း အလုပ္ျဖစ္မယ္မထင္ပါနဲ႕။


တကယ္ပဲသင့္မွာ ေ႐ြးခ်ယ္စရာ အျခားအလုပ္ရွိေနခဲ့ရင္ေတာင္ ဘယ္ဟာကသင့္အတြက္ ပိုအဆင္ေျပတယ္ဆိုတာကို သိၿပီးျဖစ္ေန ရပါမယ္။ အဲဒီလိုအခ်ိန္မ်ိဳးမွာ ကုမၸဏီဘက္ကို ဘာေၾကာင့္ အျခားအလုပ္ကို ေ႐ြးခ်ယ္ျဖစ္တယ္ဆိုတဲ့ အေၾကာင္းရင္းကို ရိုးရိုးသားသား ရွင္းျပတာမ်ိဳးပဲ ျဖစ္သင့္ပါတယ္။



(၃)ဘယ္အခ်ိန္ျဖစ္ျဖစ္စနိုင္တယ္။


ဒါေပမဲ့ ဒီရက္ေတြေတာ့မရဘူး  ကိုယ္က အလုပ္လည္း အေရးတႀကီးလိုေနတယ္။ လုပ္လည္းလုပ္ခ်င္တယ္။ လက္ရွိလည္း အျခားအလုပ္ရွိမေနလို႔ အင္တာဗ်ဴးမွာ ဘယ္အခ်ိန္အလုပ္စဆင္းနိုင္လဲေမးတဲ့အခါ အထက္ပါအတိုင္း ေျပာခဲ့ျခင္းမွေရွာင္ပါ။


ကိုယ္လိုခ်င္တဲ့ပိတ္ရက္ေတြကို ေသခ်ာေရွာင္ရွားၿပီးမွပဲ ကိုယ္အလုပ္စဝင္နိုင္မယ့္ရက္ကို ေျပာသင့္ပါတယ္။


(၄)ဒီထက္ပိုေကာင္းတဲ့ေနရာလိုခ်င္တာ၊ ဒါေပမဲ့ ေလာေလာဆယ္ေတာ့ ဒီအလုပ္ကို လက္ခံလိုက္ပါမယ္။


တကယ္လို႔သင့္ကို အလုပ္တစ္ခုက အင္တာဗ်ဴးခ်ိန္းတယ္ဆိုပါစို႔။ အဲဒီအခ်ိန္မွာ ဒီအလုပ္ကိုလက္ခံနိုင္၊ မနိုင္ ေသခ်ာခ်င့္ခ်ိန္ရမွာက သင့္ကိစၥပါ။


ဘာလို႔လဲဆိုေတာ့ ေခၚတဲ့သူက ဒီအလုပ္နဲ႕ သင္နဲ႕ သင့္ေတာ္တယ္ထင္လို႔ အင္တာဗ်ဴးခ်ိန္းတာပါ။ ဘယ္သူမဆို အလုပ္မွာ အေကာင္းဆုံး ျဖစ္စဥ္ေတြ လိုခ်င္ၾကသလို အလုပ္ရွင္ဘက္ကလည္း ဒီအလုပ္အေပၚ အေကာင္းဆုံးလုပ္နိုင္ဖို႔ ေမွ်ာ္လင့္ထားၾကတာခ်ည္းပါပဲ။


ဒါကိုမွ ရာထူးေလာက္ပဲ သင့္ေခါင္းထဲရွိေနမယ္ဆိုရင္ေတာ့ ၾကာရွည္မွာ အဆင္ေျပမွာမဟုတ္လို႔ သင့္ကိုသူတို႔ဘက္က လက္လႊတ္ခံလိုက္မွာ ျဖစ္ပါတယ္။


(၅)လက္ရွိကုမၸဏီက ဘယ္လိုေကာင္းတာ  


သင့္လက္ရွိကုမၸဏီနဲ႕ သင့္လက္ရွိသူေဌး ဘယ္ေလာက္ပဲေကာင္းတယ္ေျပာေျပာ အဲဒီဟာေတြကို သင့္ရဲ႕အတိတ္မွာပဲ ထားခဲ့လိုက္ပါေတာ့။


အင္တာဗ်ဴးမွာ ဒါေတြသြားေျပာေနလို႔ သင့္ကိုျဖည့္ဆည္းေပးမယ္ မထင္ပါနဲ႕။ အဲဒီအစား သင္ရမယ့္အခြင့္အေရးေတြပဲ ဆုံးရႈံးလိုက္ရပါလိမ့္ မယ္။ ဘယ္သူမွ သင့္ရဲ႕စကားေတြကို ၾကားခ်င္မွာမဟုတ္လို႔ အဲဒီလိုအေျပာေတြထက္ သင့္ရဲ႕စြမ္းေဆာင္ရည္ေတြကို ဘယ္လိုျပသရမယ္ ဆိုတာပဲ ျပင္ဆင္ထားသင့္ပါတယ္။

Saturday, July 24, 2021

Hospitality Industry က HR ဆိုင်ရာစိန်ခေါ်မှုကြီ

 Hospitality Industry က HR ဆိုင်ရာစိန်ခေါ်မှုကြီး

 



#စာရေးသူ_မြတ်သုတလှိုင်ဝင်း

#business_knowledges 

#HR_Management 


(၂၀၂၀၊ဇန်နဝါရီလထုတ်HR Journal မှာဖော်ပြထားတဲ့ဆရာမြတ်သုတလိူင်ဝင်းရဲ့ဆောင်းပါးကိုဖော်ပြလိုက်ပါတယ်,)


စာရှု့သူအားလုံးမင်္ဂလာပါခင်ဗျား။ တစ်ကမ္ဘာလုံး Coronavirus ကပ်ရောဂါဘေးကိုခံစားနေကြတာဟာ နှစ်ပေါက်နေပြီး၊ ယခုလိုကာလအတွင်း နိုင်ငံတစ်ကာမှာ လုပ်ဆောင်နေကြတာတွေကိုတင်ပြလိုခြင်းဖြစ်ပါတယ်။ အချို့လုပ်ဆောင်ချက်တွေဆိုရင် ကျွန်တော်တို့နိုင်ငံမှာလဲအကောင်အထည်ဖော်နေတာဟာတော်တော်လေးရင်းနှီး ပြီးအကျွမ်းတဝင်ဖြစ်နေပါပြီ။ ယခုတင်ပြချက်က အချို့အချက်တွေဟာ ဗဟုသုတအဖြစ်သော်လည်းကောင်း၊ အချို့အကြောင်းအရာတွေကတော့ တွေးစရာ စိတ်ကူးလေးတွေအဖြစ် ဆင်ချင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ 


Coronavirus ကပ်ရောဂါဘေးကျရောက်မှုက hospitality industry ကိုလှုပ်ခါသွားစေခဲ့ပါတယ်။ ဒါပေမယ့်လဲ အခက်အခဲတွေ၊ ခြိမ်းခြောက်မှုတွေမှာ အခွင့်အလမ်းတွေကတော့ရှိကြစမြဲပါ။ကမ္ဘာနဲ့ အဝှမ်း coronavirus ကပ်ရောဂါဘေးကျရောက်မှုက tsunami ရဲ့အားကဲ့သို့ ပြင်းထန်စွာ ရိုက်ခတ်ခြင်းခံရတဲ့အတွက် hospitality company တွေဟာ ဆက်လက် ရပ်တည်နိုင်ဖို့အတွက်တော်တော်လေး အကျပ်ရိုက်နေကြရပါတယ်။


စားသောက်ဆိုင်လုပ်ငန်းတွေမှာလဲ ယခုနှစ်အဖို့ $240 billion လောက်အရှုံးပေါ်နေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအလယ်လောက်မှာ စားသောက်ဆိုင်လုပ်ငန်းတွေက အကြမ်းအားဖြင့် ဝန်ထမ်း(၃)သန်း ဟာအလုပ် လက်မဲ့ဖြစ်ခဲ့ရပါပြီ၊ the National Restaurant Association ထံကရရှိတဲ့ အချက်အလက်တွေအရ ၆ပုံ၁ပုံလောက်သောစားသောက်ဆိုင်တွေက လုံးဝပိတ်သိမ်းလိုက်ရတဲ့အခြေအနေသို့ ဆိုက်ရောက်ခဲ့ကြရပါတယ်။


ဟိုတယ်လုပ်ငန်းတွေက ဝန်ထမ်း(၃၈%)ဟာ ဒီနှစ်အစောပိုင်းမှာကတည်းက အလုပ်လက်မဲ့ဖြစ်မှုကို ခံစားနေကြရပါတယ်။ ဒီနှစ်နွေရာသီမှာ ၃ပုံ၂ပုံနီးပါးသော အမေရိကန်က ဟိုတယ်တွေမှာ ဧည့်သည်တည်းခိုမှု ရာခိုင်နှုန်းမှာ (၅၀%)(သို့)အဲဒါထက်လျော့နည်းတဲ့အတွက် စရိတ်တွေကိုပေးချေနိုင်ဖို့ပင် အတော်ခက်ခဲနေ ကြရပါတယ်။


The Bureau of Labor Statistics ရဲ့ စာရင်းဇယားတွေအရ ၂၀၁၉ခုနှစ် စက်တင်ဘာလကနေ ၂၀၂၀ခုနှစ် စက်တင်ဘာလအတွင်း entertainment and recreation လုပ်ငန်းတွေမှာ အလုပ်အကိုင်အခွင့် အလမ်း (၃၁%) ပြုတ်ကျခဲ့ကြောင်းသိရပါတယ်။


Coronavirus ဆိုတဲ့ဒီရေ ကျဆင်းသွားသကဲ့သို့၊ ဆုတ်ယုတ်သွားခြင်းက လုပ်ငန်းနယ်ပယ်တွေမှာရှိကြတဲ့ human resource leaders တွေအတွက် လစာလျော့ချမှု၊ ဝန်ထမ်းဝင်ထွက်နှုန်းမြင့်တက်မှု၊ စွမ်းရည်မြင့်မားသူ တွေကိုထိန်းရ၊ ရှာဖွေရ စတဲ့ တူညီတဲ့ အခက်အခဲပြဿနာတွေကို ရင်ဆိုင်နေကြရပါတယ်။ ဒါပေမယ့်လဲ ဗိုင်းရပ်စ် က စီးပွားရေးကို ပြန်လည်ပြုပြင်မှုတွေလဲ လုပ်ပေးပြီး၊ အခွင့်အလမ်းအသစ်တွေကိုအခြားတစ်နည်းနဲ့ ဖော်ဆောင် ပေးနေပါပြီ။ အဝေးတစ်နေရာကနေ လှမ်းအလုပ်လုပ်ခြင်းက ပုံမှန်လုပ်ရိုးလုပ်စဉ်ကဲ့သို့ ဖြစ်လာနေပါပြီ။ အလုပ်တွေကလဲ ယခင်ကနဲ့ယှဉ်ရင်ပိုပြီး၊ ပြောင်းလွယ်ပြင်လွယ်ပုံစံတွေ ဖြစ်လာကြပါပြီ။ ထမ်းဆောင်ရမယ့် တာဝန်တွေ ကလဲ ပိုမိုကျယ်ပြန့်လာခဲ့ပါပြီ။ 


စိန်ခေါ်မှုကို ကြံ့ကြံ့ခံခြင်း

“HR တွေအတွက် အလွန်ကြောက်စရာကောင်းပါတယ်၊ ဒါပေမယ့် ချဲ့ကားပြီး အမြင်ကျယ်ကျယ်ကြည့် နိုင်မယ်ဆိုရင် အနေအထားကောင်းပဲ”လို့ Burger King ကို အနှစ်(၂၀)ကြာ franchise ယူထားပြီး၊ ယခုဆိုရင် the University of South Carolina ရဲ့ the School of Hotel (Restaurant and Tourism Management) မှာ ဒါရိုက်တာ ဖြစ်နေတဲ့ Robin DiPietro ကပြောပါတယ်။ “လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်ုပ်တို့ဟာ hospitality နဲ့ tourism အတွက် လူတွေ ရှာဖွေမှုမလုပ်နိုင်ခဲ့ကြပါဘူး။ ယခုတော့ အရည်အချင်းပြည့်ဝသူတွေ ရဖို့ အတွက် အခွင့်အလမ်းတွေအများကြီးရှိလာနိုင်ပါပြီ။


ဒီလိုဆိုခြင်းက နှစ်ရှည်လများ ဝန်ထမ်းအသစ်ရှိဖွေရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဖြေရှင်းပြီးဖြစ် တယ်လို့တော့ မဆိုလိုပါ။ လုပ်ငန်းနယ်ပယ်တွေမှာ အစစအရာရာလျော့ချမှုတွေ လုပ်နေရတော့ Talent ဆိုင်ရာ အကျပ်အတည်းကို သက်သာရုံလောက်သာ လုပ်ဆောင်သင့်ပါတယ်။ ကုမ္ပဏီတွေ ကလဲ အလုပ်လျှောက်လွှာတွေ အများအပြားနဲ့ပိနေတော့ အဲဒီအထဲက အကောင်းဆုံးဆိုတာကို ရွေးထုတ်ရခက်ခဲပါတယ်။ Coronavirus ကြောင့် စီးပွားရေးချွတ်ခြုံကျနေပြီး၊ အတော်ရုန်းကန်နေရတဲ့အချိန်မှာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေအနေနဲ့ဝန်ထမ်း အသစ်တွေထပ်ခန့်ထားနိုင်ဖို့ လုံလောက်တဲ့ ဝင်ငွေလည်ပတ်မှုမရှိ ဖြစ်နေတတ်ပါတယ်။


တစ်ချိန်တည်းမှာပဲ hospitality industry မှာ ဝန်ထမ်းဝင်ထွက်နှုန်းမြင့်မားမှုကတော့ ဆက်လက် ဖြစ်နေဦးမှာပါ။ The Cornell University School of Hotel Administration က professor of management ဖြစ်တဲ့ J. Bruce Tracey က “Hospitality အလုပ်တွေမှာ လုပ်ခနိမ့်ပြီး၊ ကျွမ်းကျင်မှုနည်းနေပါပြီ” လို့ပြောလာ ပါတယ်။ “ကျွန်ုပ်တို့ကြုံတွေ့ရမယ့်အဓိကအခက်အခဲတစ်ခုက ပိုမိုကောင်းမွန်ပြီး၊ ဖွံ့ဖြိုးတိုးတက်ရာသို့ လှေကား ထစ်တွေကို တက်လှမ်းနိုင်ဖို့ပဲဖြစ်ပါတယ်။” ဆိုလိုရင်းက hospitality industry ဟာ အရည်အချင်း အလားသဏ္ဌာန်တူတဲ့ရာထူးတွေအတွက် အခြားသော လုပ်ငန်းနယ်ပယ်တွေနဲ့ရံဖန်ရံခါယှဉ်ပြိုင်ကြရမယ့်သဘော ဖြစ်ပါတယ်။ Hospitality လုပ်ငန်းတူသူ အချင်းချင်းအကြား၊ ရှားပါးတဲ့အချို့သော talent တွေကို ဒီနယ်ပယ်ထဲမှာပဲအပြိုင်လုနေမယ့်အစား အခြားသောနယ်ပယ်က ကျွမ်းကျင်မှုချင်း တူသူတွေ ကိုလဲ ရှာဖွေ အသုံးချနိုင်ကြောင်းကို Tracey ကရှင်းပြပါတယ်။ 


ဒီလုပ်ငန်းနယ်ပယ်ရဲ့ ထိပ်ပိုင်းမှာတာဝန်ယူနေကြသူ တွေဟာ ကျားမ၊ အယူဝါဒ၊ လူမျိုးစသဖြင့် မတူ ကွဲပြားခြားနားမှုနဲပြီး၊ ဘောင်ကျဉ်းနေခြင်းက နောက်ထပ် တာရှည်နေဦးမယ့် အခက်အခဲပဲ ဖြစ်ပါတယ်။ အောက်ခြေအဆင့်က ယာယီလုပ်သားတွေမှာ မတူကွဲပြားခြားနားသူ လူပေါင်းစုံနဲ့ လုပ်ကိုင်နိုင်ကြပြီး၊ လုပ်ငန်းလည်ပတ်မှုအဆင်ပြေနေပေမယ့်၊ စီမံခန့်ခွဲရေးအဆင့်မှာတော့အဲဒီလိုမဖြစ်နိုင်သေးတာကိုတွေ့ရပါတယ်။    


ယခုနှစ်မှာ နိုင်ငံရဲ့ လူမျိုးစွဲ ဆုပ်ကိုင်ထားမှုကို ဆန်းစစ်တဲ့အနေနဲ့ hospitality company တွေကို ၎င်းတို့ရဲ့ လုပ်သားအင်အားအခြေအနေကို ပြန်လည်သုံးသပ်မှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ထိုသို့ ဆောင်ရွက် ချက်ကို အထူးအလေးအနက်ထား အာရုံစိုက်တဲ့အနေနဲ့ hospitality industry ကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့ လုပ်ငန်း အတွင်းမှာ လုပ်သားထုနဲ့ ပတ်သက်လို့ ကမ္ဘာ့မှာရှိတဲ့ လူမျိုးအများစုကို ကိုယ်စားပြုသလားဆိုပြီး၊ Overland Park, Kan., က executive search firm ဖြစ်တဲ့ Horizon Hospitality က CEO Scott Samuels က မေးခွန်း ထုတ်လိုက်ပါတယ်။ 


စီမံခန့်ခွဲမှုအဆင့်ရာထူးတွေအတွက်မတူကွဲပြားခြားနားသူတွေကိုပိုမိုရှာဖွေသင့်ကြောင်းဟိုတယ်(၃၅)လုံး ကို လည်ပတ်လုပ်ကိုင်နေတဲ့ New York City က SBE Lifestyle Hospitality က chief culture officer ဖြစ်သူ Robert Mellwig ကဆိုပါတယ်။ ဒါ့အပြင် သူက HR တွေဟာ အဆက်အသွယ်ကျယ်ပြန့်ဖို့နဲ့ အခြားသော လုပ်ငန်းနယ်ပယ်က လူတွေကိုပါစုဆောင်းခန့်ထားသင့်တယ်လို့ အကြံပြုထားပါသေးတယ်။ 


ကုမ္ပဏီတွေကလဲ မတူကွဲပြားခြားနားတဲ့ talent တွေအများအပြား ရရှိအောင် မိမိအစီအစဉ်နဲ့ ပြုစုပျိုး ထောင်ထားဖို့လဲလိုပါတယ်လို့ Mellwig က mentoring and sponsorship program တွေမှာ ထပ်မံဖြည့်စွက် ပြောကြားထားပါသေးတယ်။ ရာထူးအနိမ့်ပိုင်းကနေပိုက်လိုင်းသွယ်တန်းထားသကဲ့သို့ ဝန်ထမ်းတွေကိုအထက်သို့ တက်လှမ်းနိုင်ဖို့အတွက် လိုအပ်တာတွေကို ပံ့ပိုးပေးရမယ့်အပိုင်းကိုကြည့်ပြီး၊ သူက “အစောပိုင်း မှာ food chain အတွက်ဝန်ထမ်းရွေးချယ်ခန့်ထားမှုပြုလုပ်ထားပေမယ့်၊ နောက်ပိုင်းဒီလုပ်ငန်းနယ်ပယ်ရဲ့ ရေရှည်ရည်မှန်း ချက်တွေအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အဆင့်မြင့်ရာထူးနေရာတွေကို ဖြည့်စွက်မြှင့်တင်ပေးနိုင်မယ့် ယန္တရားကို ကြည့်နိုင်ဖို့လိုပါပြီ” ဟုဆိုပါတယ်။ 


လုပ်ငန်းရှင်တွေဘက်ကလဲ ပြဿနာအခက်အခဲတွေကို ထိပ်တိုင်ရင်ဆိုင်နိုင်ဖို့ အသေအချာချိန်ဆ ဖို့လိုပါတယ်။ အမျိုးသမီးဝန်ထမ်းတွေဟာ ရာထူးတိုးမြှင့်ခြင်းခံရပြီးနောက်ပိုင်းမှာ အိမ်ထောင်ထိန်းသိမ်းမှု အကြောင်းပြချက်နဲ့ လုပ်ငန်းခွင်ကို ကျောခိုင်းထွက်ခွာသွားကြတဲ့အတွက် ကုမ္ပဏီတွေက အဆိုပါ အမျိုးသမီး ဝန်ထမ်းတွေကို လုပ်ငန်းခွင်ကထွက်မသွားစေဘဲ ဆက်လက်ဆွဲထားနိုင်ဖို့ မိသားစုနဲ့ပတ်သက်တဲ့ အထောက်အပံ့ တွေ လုပ်ပေးဖို့လိုအပ်ကြောင်းကိုပါသူကမှတ်ချက်ပြုပါသေးတယ်။ 


လုပ်ငန်းရှင်တွေက မတူကွဲပြားခြားနားသူတွေကို ခန့်ထားခြင်း၊ ရာထူးတိုးပေးခြင်း၊ တို့ကိုမျှတစွာစီမံ ဆောင်ရွက်တဲ့ မန်နေဂျာတွေကို ချီးမြှင့်မှုတွေလုပ်ပေးသင့်ပါတယ်။ Tracey က “မှန်းထားတာတွေရချင်မှ ရမယ်၊ ရလာတာကိုပဲသေချာစစ်ဆေးမယ်၊ ချီးမြှောက်မှုတွေလုပ်ပေးရမယ်” လို့ဆိုပါတယ်။ 


နိုင်ငံပေါင်း(၃၅)နိုင်ငံမှာ ဟိုတယ်ပေါင်း (၇၅၀)ဖွင့်လှစ်လုပ်ကိုင်နေတဲ့ Newport Beach, Calif., က Preferred Hotels and Resorts လုပ်ငန်းဟာ ထိပ်ပိုင်းခေါင်ချုပ်တွေမှာ မျိုးမတူကွဲပြားသူတွေနဲ့ ဦးဆောင် လုပ်ကိုင်လျှက်ရှိ တိုးတက်မှုတွေရရှိနေပါတယ်။ ကုမ္ပဏီရဲ့ အကြီးတန်းအမှုဆောင်ရာထူးရဲ့ (၄၄%)ဟာ အမျိုး သမီးတွေ ဖြစ်နေပြီး၊ (၁၀%)ဟာ လူမည်းတွေဖြစ်ပြီး၊ senior vice president of human resources ဖြစ်တဲ့ Greg Smith လဲ အဲဒီထဲ အပါအဝင်ဖြစ်ပါတယ်။


ဘာလျှို့ဝှက်ချက်ဖော်မူလာမှမရှိပါဘူး။ Smith က “ကျွန်ုပ်တို့ဟာ ဒီအပိုင်းကို တကယ်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြလို့ပဲ” ဖြစ်ကြောင်းပြောပါတယ်။ မတူကွဲပြားခြားနားသူတွေကို ရာထူးတိုးပေးဖို့ သင့်တော်မှုမရှိ ဘူးလို့ပြောလာကြရင်လဲ ခုခံတုန့်ပြန်မယ့်အစား ဒါကဘာကိုဆိုလိုပါသလဲဆိုပြီး၊ အကြံပြုချက်ကို တောင်းခံလေ့ ရှိပါတယ်။ 


ခက်ခဲတဲ့ ဆုံးဖြတ်ချက်များ 

ပြီးခဲ့တဲ့ နွေဦးကာလ ကမ္ဘာ့ကပ်ဘေးအစပိုင်းအချိန်တုန်းက hospitality businesses တွေပိတ်လိုက်ရတဲ့ အခါပထမဦးဆုံးစိန်ခေါ်မှုတွေထဲတစ်ခုက ဝန်ထမ်းအင်အားကို ဘယ်လိုလျော့ချကြမလဲ ဆိုတာပဲဖြစ်ပါတယ်။


“ဝန်ထမ်းအင်အားလျော့တဲ့နေရာမှာ အဆင်ပြေအောင်ဘယ်လိုလုပ်မလဲ၊ အလုပ်မဖြုတ်ဘဲအလုပ်ကနေ အနားပေးထားရတဲ့ ဝန်ထမ်းတွေ၊ အလုပ်ရပ်စဲလိုက်ရတဲ့ ဝန်ထမ်းတွေ၊ ကို ဘယ်လို ဆောင်ရွက်ပေးရမလဲ၊ ကျန်ရှိ နေတဲ့ ဝန်ထမ်းတွေအနေနဲ့လဲ နောက်တစ်ကြိမ်၎င်းတို့အလှည့်ဆိုတာမျိုး စိုးရိမ်စိတ်မရှိစေဘဲ ကုမ္ပဏီအပေါ်မှာ ဆက်လက်သစ္စာရှိနေစေဖို့ဆိုတာတွေက စိန်ခေါ်မှုအကြီး ကြီးတွေဖြစ်နေပါတယ်။” လို့ Samuels ကဆိုပါတယ်။  


စီးပွားရေးနလံထဖို့ နှေးနေခြင်း (သို့)ဆောင်းရာသီမှာ coronavirus ပြန့်နှံ့ခြင်းတွေကနေ သင်ခန်းစာတွေ ယူနေရဦးမှာဖြစ်ပါတယ်။ အလုပ်ချိန်ပြောင်းတာတွေ၊ လျော့ချရတာတွေကို ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သူမှု ရှိမှ ဝန်ထမ်းတွေအနေနဲ့ မျှတမှုကို နားလည်လက်ခံနိုင်မှာဖြစ်ကြောင်း၊ Nicole Leier(senior consultant-Executive HR Consulting Group၊ Los Angeles) ကပြောပါတယ်။  


အလုပ်ကနေ ခေတ္တခဏအနားပေးခြင်းကို လုပ်သက်အပေါ်အခြေခံစဉ်းစားပေးမယ်ဆိုရင် ဝန်ထမ်းတွေ က နားလည်လက်ခံနိုင်ပါတယ်။ စားသောက်ဆိုင်တွေကလဲ ရာသီဥတုဆိုးလာတဲ့အခါ လူတွေမလာကြတော့ တဲ့ အခြေအနေမှာ ရုတ်တရက် ဝန်ထမ်းအရေအတွက်ကို ချိန်ညှိရမှာဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာရင် အောင်မြင်စွာနဲ့ ဆောင်ရွက်နိုင်ဖို့ မူဝါဒသတ်မှတ်ချက်တွေကို ချမှတ်ထားရမှာဖြစ်ပါတယ်။ 


Los Angeles မှာ အခြေဆိုက်တဲ့ တန်ဖိုးကြီးအိမ်ယာလုပ်ငန်းလုပ်ကိုင်တဲ့ Montage International က executive vice president of people ဖြစ်သူ Mandy Holloway က၊ သူမရဲ့ကုမ္ပဏီမှာ ဝန်ထမ်းအရေအတွက် ထက်ဝက်လျော့ချလိုက်ရတဲ့ အကြောင်းပြောလာပါတယ်။ သူမက လုပ်ငန်းအခြေအနေနဲ့ ဝန်ထမ်းအရေအတွက် ခန့်ထားမှု အခြေအနေကို နားလည်သဘောပေါက်ဖို့လိုပြီး၊ ဝန်ထမ်းအင်အားကို အမြဲတမ်း လိုရင်လိုသလို ပြောင်းလဲနိုင်ဖို့ ကတော့ စိန်ခေါ်မှုပဲဖြစ်ပါတယ်။ Montage hotels (၇)လုံးကို နွေဦးရာသီမှာပိတ်ထားခဲ့ရပြီ၊ စက်တင်ဘာလမှာ ဟိုတယ်တစ်လုံးကို ပြန်လည်ဖွင့်လှစ်ပြီး၊ ကျွန်မတို့ ဝန်ထမ်းတွေကို အနားပေးထားတဲ့အခြေအနေမှာ ဘယ်လို ကောင်းကောင်းလုပ်နိုင်မလဲဆိုတာနဲ့ ဝန်ထမ်းတွေကို ဘယ်လို စောင့်ရှောက်နိုင်မလဲဆိုတာကို လေ့လာခဲ့ကြပါ သေးတယ်။ ဥပမာ- Montage sold gift cards တွေကို အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေအတွက် အထောက်အပံ့ ဖြစ်စေဖို့ ကယ်ဆယ်ရေးရံပုံငွေထူထောင်ခြင်းတို့ကို စီစဉ်ပေးခဲ့ပါတယ်။ အလုပ်မှနားနေရတဲ့ ဝန်ထမ်းတွေနဲ့ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေအတွက် နေ့စဉ် (၂၄)နာရီ တယ်လီဖုန်းဖြင့် ကုသမှုခံယူနိုင်မယ့် အစီအစဉ်တွေကိုလဲ စီစဉ်ပေးထားပါတယ်။ အဲဒီလိုဆောင်ရွက်နိုင်ဖို့ ဆေးပညာဆိုင်ရာအရင်းအမြစ်တွေကို ကြိုတင်ပြင်ဆင်ထားပါတယ်လို့ ဒီနယ်ပယ်မှာ လုပ်သက်အနှစ်(၂၀)ရှိတဲ့ Holloway က ဆိုပါတယ်။ 


ဝန်ထမ်းနဲ့ မိသားစုဟာ စားစရာတွေကို တစ်လမှာ နှစ်ကြိမ်ထောက်ပံ့ထားပြီး၊ လုပ်သားတွေဟာ အတတ်ပညာ ဆိုင်ရာတိုးတက်လာစေဖို့ အခွင့်အလမ်းတွေကိုလဲ ရရှိကြမှာဖြစ်တဲ့အပြင်၊ online ကနေ ကိုယ်ကာယလေ့ကျင့် ခန်းတွေ၊ ချက်ပြုပ်နည်းတွေကိုလဲ လေ့လာနိုင်ကြပါသေးတယ်။ 


အခြားသော business leader တွေလိုပဲ၊ Samuels က သူရဲ့ ဝန်ထမ်းတွေနဲ့ပတ်သက်ပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ရပါတယ်။ သူရဲ့ executive search firm ဟာ ၂၀၁၉ခုနှစ်မှာ အောင်မြင်မှုတွေကို မြင်တွေ့ခဲ့ရပေမယ့် ယခု ရာထူး(၂၉)နေရာမှာ (၉)နေရာလောက်ကိုလျော့လိုက်ရပါပြီ။  ဒီကပ်ဘေးကြီး စတင်ကတည်းက မသေချာမရေရာတာတွေနဲ့လုပ်ကိုင်နေကြရပြီး၊ ပထမဦးဆုံးမေးခွန်းက ဝန်ထမ်းတွေကို အနားပေးထားမှာလား၊ အလုပ်ကနေရပ်စဲလိုက်ကြမလားဆိုတာပဲဖြစ်ပါတယ်။


ဒီကပ်ဘေးကြီးက ဘယ်လောက်ကြာဦးမှာလဲ၊ ဝန်ထမ်းတွေကို အလုပ်ကအနားပေးထားတော့ ပြန်ဖွင့်တဲ့ အခါပြန်လာကြမှာပေါ့လို့ Samuels ကပြောပါတယ်။ ဒါပေမယ့် သေချာအတတ်တော့မပြောနိုင်ဘူးပေါ့၊ ဝန်ထမ်း တွေဘက်ကရော သေချာရဲ့လား၊ ဘေးရောကင်းကြရဲ့လား။ 


Samuels က အလုပ်ကနေထုတ်လိုက်ရတဲ့ ဝန်ထမ်းတွေအတွက် ထွက်ခွာဖို့၊ နောက်အလုပ်ရှာဖို့တွေမှာ ပါဝင်ဆောင်ရွက်နေရပြီး၊ လူတိုင်းကိုလဲ အခုလိုခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုဘယ်ပုံချခဲ့ရတယ်ဆိုတာ တွေကို ရှင်းပြနေခဲ့ရပါတယ်။ ထွက်သွားရတဲ့ ဝန်ထမ်းတွေအတွက် ကျန်းမာရေးဆိုင်ရာခံစားခွင့်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ အလုပ်လက်မဲ့အခြေအနေကနေ နောက် အလုပ်အတွက် ပြင်ဆင်ရမှာတွေကိုလဲ မျှဝေပေးခဲ့ပါတယ်။


အလုပ်ကနေ နားနေရတာက အလုပ်ဖြုတ်ခံရတာထက်စာရင် ကောင်းပါသေးတယ်။ “Hospitality Industry မှာ သင်ရဲ့လုပ်သားအင်အားစုတွေ ဆုံးရှုံးမှုမခံချင်ရင် - ရွှေကဲ့သို့ တန်ဖိုး တက်လာအောင် လေ့ကျင့်သင်ကြားပေးကြပါ။” လို့ Hyatt ၊ the Century Plaza နဲ့ Waldorf Astoria တို့မှာအလုပ်လုပ်ခဲ့တဲ့ Nicole Leier ကပြောပါတယ်။


ထူးချွန်ဝန်ထမ်းတွေကိုထိန်းထားခြင်း

လုပ်သားဈေးကွက်ဟာ မသေချာဖြစ်နေပြီး၊ အလုပ်လက်မဲ့နှုန်းမြင့်မားနေချိန်မှာတောင် သေချာစွာ လေ့ကျင့်သင်ကြားပေးထားတဲ့ထူးချွန်ဝန်ထမ်းတွေကိုထိန်းထားဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။ အဆုံးမှာတော့ လုပ်ငန်းထဲက ဝန်ထမ်းတွေကိုပဲ ရာထူးတိုးပေးသွားခြင်းက ဝန်ထမ်းနဲ့ ကုမ္ပဏီကို တစ်သားတည်းဖြစ်အောင် တွယ်ချိတ်ပေးနိုင်တဲ့နည်းလမ်းကောင်းဖြစ်ကြောင်း Leier က သူမ Hyatt မှာရှိစဉ် ကာလမှာ ကောင်းကောင်းကြီး မြင်တွေ့ခဲ့ရပါတယ်။


အဲဒီလိုပဲ လုပ်သားတွေကို လေ့ကျင့်မှုတွေလုပ်ပေး၊ တာဝန်တွေတိုးပေးခြင်းအားဖြင့် ၎င်းတို့ရဲ့ ဂုဏ်ကို မြှင့်တင်ပေးရာရောက်ပြီး၊ ဝန်ထမ်းကောင်းတွေကို ထိန်းထားနိုင်မှုနှုန်းကိုမြင့်မားစေပါတယ်။ Leier က Century Plaza မှာရှိစဉ်တုန်းကလဲ ဝန်ထမ်းတွေဟာ ရေရှည်ကုမ္ပဏီနဲ့လက်တွဲပြီး လုပ်ကိုင်နိုင်ကြပြီး၊ လုပ်ငန်းအတွင်းမှာလဲ တစ်ဦးနဲ့တစ်ဦး စာနာစိတ်တွေနဲ့လုပ်ကိုင်နေကြတာကိုလဲ တွေ့ခဲ့ရပါတယ်။ “တစ်ဦးဦးက သင့်ကို အချိန်ပေးပြီးလေ့ကျင့်ပေးမယ်၊ သင်ယူခွင့်တွေပေးမယ်ဆိုရင်၊ ဒါဟာ အဖွဲ့အစည်းအပေါ် သစ္စာစောင့် သိမှုနဲ့ အောင်မြင်အောင်လုပ်ပေးမယ်ဆိုတဲ့စိတ်ထားကိုဖြစ်စေပါတယ်” လို့ Leier ကဆိုပါတယ်။


နှစ်ပတ်လည်ကိတ်မုန့်၊ gift card ၊ ရုပ်ရှင်လက်မှတ်၊ လက်ရေးမူနဲ့ ကျေးဇူးတင်အသိအမှတ်ပြုစာထုတ် ပေးခြင်း၊ စတာတွေနဲ့ နှစ်သက်လိုလားမှုတွေပြပြီး၊ ဝန်ထမ်းတွေ သစ္စာရှိလာအောင်ပြုလုပ်ပေးကြောင်း Courtney Hendricks (HR manager- Milwaukee-based Cousins Subs)ကဆိုပါတယ်။ စားသောက်ဆိုင် လုပ်ငန်းစု ကလဲလုပ်သားတွေကို ထိန်းတဲ့အနေနဲ့ hourly workers တွေကို ရာထူးအဆင့်တွေတက်အောင် လမ်းကြောင်းတွေချထားပေးရမှာဖြစ်ပါတယ်။ Hendricks ရဲ့ အထက်လူကြီးကိုယ်တိုင်က (၁၆)နှစ်သား sandwich အလုပ်သမားကနေအဆင့်ဆင့်တက်လာသူဖြစ်ကြောင်း၊ အဆင့်ဆင့်တက်နိုင်မယ့်လှေကားထစ်တွေ ထင်ထင်ရှားရှား ရှိနေရမှာဖြစ်ပါတယ်။ 


ကပ်ရောဂါဘေးက အရာရာကိုထိန်းချုပ်ထားတဲ့အချိန်မှာ Holloway က သူမရဲ့ ဝန်ထမ်းတွေအကြား တင်းကျပ်မှုတွေကို ပြေလျော့စေဖို့ စဉ်ဆက်မပြတ်ဆက်သွယ်ပြောဆိုမှုတွေ၊ လေ့ကျင့်သင်ကြားမှုတွေကို အလေး ထားဆောင်ရွက်လျှက်ရှိပါတယ်။ ကျွန်မတို့ဟာ ဆက်သွယ်မှုတွေကို ရပ်လိုက်လို့မရဘူး။ ကုမ္ပဏီကလဲ အပတ်စဉ် သိသင့်တာတွေကို အချိန်နဲ့တစ်ပြေးညီထုတ်ပြန်ပေးပြီး၊ လုပ်ငန်းတည်ရှိရာနေရာတိုင်းမှာ အထွေထွေမန်နေဂျာ တွေက အပတ်စဉ် online ကနေတစ်ဆင့် ဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီး၊ သိသင့်တာတွေပြောဆိုပေးပြီး၊ အဆက် အသွယ်မပြတ်ဘဲ၊ နွေးထွေးမှုတွေကို ခံစားနေနိုင်တဲ့အပြင်၊ ဝန်ထမ်းတွေနေထိုင်ရာအရပ်က ဒေသန္တရသတင်းတွေ ကိုလဲ ဖလှယ်ပြီးဖြစ်နေပါတယ်။ Montage က ထုတ်ပြန်ထားတဲ့ ဘေးအန္တရာယ်ကင်းရေးအစီအစဉ်ဖြစ်တဲ့ နေ့စဉ် ကိုယ်အပူချိန်စစ်ပေးခြင်းတို့ကိုဆောင်ရွက်ပေးတဲ့အပြင်၊ online ကနေ personal protective gear ဝတ်ဆင်ပုံ သင်ရိုးတွေကိုလဲ ပံ့ပိုးပေးပါတယ်။ ဒါအပြင် အလုပ်တွေပြန်မဖွင့်ခင်မှာ မန်နေဂျာတွေကို ဘေးအန္တရာယ်အကြား မှာ အဘယ်ကဲ့သို့ ဦးဆောင်မှုတွေလုပ်ရမလဲဆိုတာတွေကိုလဲ ကြိုတင်လေ့ကျင့်သင်ကြားပေးထားပါသေးတယ်။  


အဝေးတစ်နေရာသို့ရွေ့ရှားခြင်း 

ရုတ်တရက်ကြီးလုပ်ငန်းတွေပိတ်လိုက်၊ ရပ်ဆိုင်းလိုက်ရပြီးတဲ့နောက် hospitality company တွေက ဘယ်လိုလုပ်သားတွေက အများဆုံးလိုအပ်မလဲနဲ့ ဘယ်လိုအလုပ်တွေက အဝေးတစ်နေရာကနေ အောင်မြင် အောင်လုပ်နိုင်မလဲဆိုတဲ့ စိတ်ကူးကောင်းတွေရရှိခဲ့ပါတယ်။


လုပ်ငန်းတွေဟာ သာမာန်အခြေအနေမျိုးမဟုတ်တဲ့အချိန်မှာ အိမ်ကနေအလုပ် လုပ်နိုင်ဖို့ စီစဉ်လို့ရ နိုင်ပေမယ့် hospitality လုပ်ငန်းနယ်ပယ်ကတော့ မဖြစ်နိုင်ဘူး၊ အစီအစဉ်တွေပြန်ချဖို့အချိန်ယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် လုပ်လို့ရပါတယ်ဆိုပြီး Leier ကပြောပါတယ်။ 


ဘာတွေလုပ်ရမလဲ။ မူဝါဒတွေပြန်ရေးဆွဲရမှာဖြစ်ပါတယ်။ ဥပမာ- ဝန်ထမ်းတွေရဲ့ Skype လိုင်းတွေဖွင့် ပေးပြီး၊ သတ်မှတ်ထားတဲ့အချိန်တွေမှာသုံးနိုင်ဖို့၊ ဖုန်းဖြေဆိုနိုင်ဖို့နဲ့ e-mail message လက်ခံရရှိဖို့ စတာတွေ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အနောက် ကလေးငိုသံစတဲ့ ဆူညံမှုတွေကိုတော့ နားလည်ပေးရတာပေါ့လို့ Leier ကပြောပါတယ်။ 


  Mellwig က ရေရှည်မှာ အလုပ်အတော်များများဟာ အဝေးကနေလုပ်ဆောင်နိုင်မှာဖြစ်ကြောင်းသိလာ ကြရပါပြီ၊ ဝန်ထမ်းတွေရဲ့ အလုပ်သွားလမ်းခရီးမှာ အချိန်ပေးရတာတွေကိုလဲလျော့ချနိုင်တဲ့အပြင်၊ ၎င်းတို့ရဲ့ အလုပ်နဲ့မိသားစု ဘဝဟန်ချက်ကို ထိန်းပေးနိုင်မှာဖြစ်ကြောင်းပြောပါတယ်။ ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ ဓလေ့အပေါ်အခြေခံထားတဲ့ Cousins Subs ကဲ့သို့ ကုမ္ပဏီတွေအတွက်ကတော့ အဝေးတစ်နေရာက အလုပ်လုပ်ကြဖို့ဆိုတာ စိန်ခေါ်မှုပဲဖြစ်ပါတယ်။ ဝန်ထမ်းတွေဟာ တစ်ပတ်လျှင် နှစ်ရက်(သို့)သုံးရက်ကို အလှည့်ကျစနစ်နဲ့ရုံးတက်ရပြီး၊ ကျန်ရက် များမှာ အိမ်ကနေအလုပ်လုပ်ကြရမှာဖြစ်ပါတယ်။ Hendricks တို့လို HR managerအတွက်ကတော့ ဝန်ထမ်းတွေ၊ အထူးသဖြင့် ငယ်ရွယ်တဲ့ လုပ်သားတွေဟာ တုန့်ပြန်မှုလျင်မြန်တဲ့အတွက် နောက်ကထပ်ချပ်မကွာစစ်ဆေးနေကြဖို့ အထူးလိုအပ်လာပါပြီ။ အဝေးကနေလှမ်းအလုပ်လုပ်ကြတယ်ဆိုတော့ ဝန်ထမ်းတွေနဲ့ အဆက်အသွယ်လုပ်ရာမှာ အခက်အခဲတွေ အများကြီးရှိနိုင်သလို၊ အထူးသဖြင့် တစ်ဦးနဲ့တစ်ဦးတွေ့ဆုံပြောဆိုဆွေးနွေးမှုဆိုတာတွေ မရှိနိုင်တော့ဘူးပေါ့။ ဒါပေမယ့်လဲ ကုမ္ပဏီတွေဟာ ဝန်ထမ်းတွေနဲ့ virtual meetings ပြုလုပ်ပြီး၊ လုပ်ငန်းဆောင်ရွက်နေကြရပါပြီ။ 


များပြားလှတဲ့ စိတ်ကူးအသစ်

COVID-19 ကပ်ရောဂါဘေးကြောင့် တစ်ဦးနဲ့တစ်ဦးခတ်ခွာခွာနေဆက်ဆံနေရတာလဲ တာရှည်လာတော့ လုပ်ငန်းလည်ပတ်မှုပုံစံတွေကို ဆန်းသစ်တီထွင်မှုတွေလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးနေသလိုဖြစ်လာပါတယ်။ 


ဟိုတယ်အခန်းတွေက နေ့စဉ်သန့်ရှင်းနေရမှာဖြစ်တော့ အချို့ဆိုရင် စက်ရုပ်နဲ့ အရင်ဦးဆုံးပိုးသတ် ဆေးဖြန်းပြီးမှ housekeeper တွေက ဝင်ရောက်သန့်ရှင်းရေးလုပ်ဆောင်ကြပါတယ်။ အချို့ကြပြန်တော့ ဧည့်သည်တွေကို phone apps နဲ့ check in လုပ်ခြင်း၊ အခန်းထဲကို သော့မလိုဘဲဝင်ရောက်နိုင်ခြင်း၊ စတာတွေကို စီစဉ်ဖန်တီးပေးထားပါတယ်။ စားသောက်ဆိုင်တွေမှာလဲ menus ကို QR codes နဲ့ကြည့်ပြီး မှာနိုင်အောင်စီစဉ်ထားကြပြီ ဖြစ်ပါတယ်။  


လုပ်ငန်းတွေဟာ အခြေအနေတွေနဲ့ သဟဇာဖြစ်လာပြီး၊ တဖြည်းဖြည်းနဲ့ ရုပ်သွင်ပါပြောင်းလဲလာရပါပြီ။ ဒီလို အချင်းအရာတွေအများကြီးက ကျွန်ုပ်တို့နဲ့ရှိနေဦးမှာပါလို့ Samuels ဆိုပါတယ်။   


PANDEMIC DOWNSIZING TIPS


အကယ်၍သာ ကမ္ဘာ့ကပ်ရောဂါဘေးကျရောက်လာလို့ ဝန်ထမ်းတွေလျော့ရပြီဆိုရင် HR Professional တွေက၎င်းတို့ရဲ့အတွေ့အကြုံအပေါ်အခြေခံပြီး အောက်ပါတို့ကိုအကြံပြုထားပါတယ်၊။ 


ဝန်ထမ်းလျော့ရတော့မယ်(သို့)အိမ်မှာနားနေရတော့မယ်ဆိုရင် ပွင့်လင်းမြင်သာအောင်လုပ်ပါ။

ဝန်ထမ်းလျော့ချဖို့လိုလာပြီဆိုရင် အမျှင်တန်းမနေပဲ မြန်မြန်ဆောင်ရွက်ပါ။

ရပ်စဲခံရတဲ့ဝန်ထမ်းတွေကို နစ်နာကြေးစီစဉ်ပေးပါ။ ဖြစ်နိုင်မယ်ဆိုရင် အိမ်မှာနားနေရတဲ့ ဝန်ထမ်းတွေကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ပေးပါ။

ဝန်ထမ်းတွေရဲ့အသံကိုနားထောင်ပါ။ မူဝါဒအသစ်တွေအတွက် ဝန်ထမ်းတွေရဲ့ တုန့်ပြန်မှုကို သုံးသပ်ပါ။

ဝန်ထမ်းတွေကို စာနာမှုပြပါ။ ကရုစိုက်ပါ။

 ဒီလိုလုပ်ငန်းတွေရပ်ဆိုင်းကုန်တော့ စားသောက်ဆိုင်လုပ်ငန်းတွေက ပုံသေသတ်မှတ်ချက်တွေနဲ့ ဘောက်ဆူးမျှဝေပေးတဲ့ အစီအစဉ်တွေကို စဉ်းစားလာကြပါတယ်။ မိရိုးဖလာအားဖြင့် customer တွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ဝန်ထမ်းတွေဟာ customer တွေကဘောက်ဆူးပေးတာနဲ့ အဆင်ပြေကြလို့ လစာကို အနည်းငယ်သာသတ်မှတ်ပေးလေ့ရှိကြပါတယ်။ kitchen ပိုင်းက ဝန်ထမ်းတွေကြတော့ လစာမြင့်ပြီး၊ ဘောက်ဆူး မရကြပါ။ ဒီလို ဘောက်ဆူးမျှဝေ တဲ့နည်းနဲ့မှ chef တွေနဲ့ cook တွေကို အလွယ်တကူခေါ်နိုင်ဖြစ်ကြောင်းနဲ့ COVID ကလူတွေကို ဖွဲ့စည်းပုံကအစ ပြန်လည်သုံးသပ်နိုင်ဖို့အချိန်ပေးလိုက်သလိုဖြစ်လာပါတယ်လို့ Samuels ရှင်းပြပါတယ်။  


ဆောင်းရာသီကာလတွေမှာ အောင်မြင်နေကြတဲ့ စားသောက်ဆိုင်တွေက အစားအသောက်တွေကို ဝယ်သွားလို့ရအောင်နဲ့ ဆိုင်အပြင်ဘက်မှာ အပူပေးတဲ့စနစ်တွေနဲ့ နွေးနေတဲ့ ဝန်းကျင်ကို ဖန်တီးထားပေးခြင်းတို့က customer တွေကိုဆွဲဆောင်ခြင်းနည်းပဲမဟုတ်ပါလား။ 


Cousins Subs က ကပ်ရောဂါဘေးအစောပိုင်းတုန်းကတည်းက အလျင်အမြန်ပဲ လိုက်လျောညီထွေဖြစ် အောင်စီစဉ်ခဲ့ပါတယ်။ ကားပေါ်ကနေလှမ်းဝယ်လို့ရတဲ့ စားသောက်ဆိုင်ဟာ (၃၀%)ပဲရှိခဲ့ပါတယ်။ ရုတ်တရက် လိုအပ်ချက်ဖြစ်လာတော့ လမ်းဘေးပလက်ဖောင်းကနေ ကားပေါ်ကနေဝယ်လို့ရအောင် ရောင်းရတာတွေဖြစ်လာ ပါတယ်။ Hendricks က “ကျွန်ုပ်တို့ (၄၈)နာရီ အတွင်း ပလက်ဖောင်းကနေရောင်းဖို့ အကောင်အထည်ဖော်ခဲ့ ပါတယ်။” “ဒီလိုနဲ့ကျွန်တော်တို့လုပ်ငန်းကို အဆင်ပြေစေခဲ့ပါတယ်။” 


Umami Burger ၊ Sam’s Crispy Chicken နဲ့ အခြားစားသောက်ဆိုင်လုပ်ငန်းတွေကိုလုပ်ကိုင်နေတဲ့ SBE က “ghost” (သို့) cloud kitchens—sites အဖြစ်သို့ပြောင်းလဲပြီး၊ ချက်ပြုတ်ပြီးအစားအစာတွေကို delivery သက်သက်နဲ့ပို့ဆောင်ခဲ့ပါတယ်။ SBE မှာ အမှတ်တံဆိပ်အမျိုးမျိုးရှိတော့ ဥပမာ- Krispy Rice နဲ့ Plant Nation လုပ်ငန်းတွေအတွက် အစားအစာတွေချက်ပြုတ်ခြင်းကို share kitchen စနစ်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ Mellwig က ကုမ္ပဏီဟာ customer တွေအတွက် အစားအစာတွေကို အဆင့်မြင့်မြင့်ပို့ပေးနိုင်ဖို့ အထူးစီစဉ်မှုတွေအပြင်၊ အရသာ အပိုင်းမှာလဲ မိသားစုပေါင်းစုံအတွက် ရွေးချယ်စရာတွေအမျိုးစုံအောင်ဖန်တီးပေးထားပါတယ်။ ဆိုင်အတွင်းစားသောက်မှုအလေ့အထက ကပ်ရောဂါဘေးကြောင့် လုံးဝရပ်သွားပေမယ့် SBE ဟာ ဝန်ထမ်းတွေနဲ့ အစီအစဉ်ပြန်ချပြီး အလျင်အမြန်ပဲ ghost kitchen စိတ်ကူးနဲ့ အစားအစာပေးပို့ခြင်းကိုဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။  


Cross-training ပြုလုပ်ခြင်းကလဲ ကုမ္ပဏီကို နာလန်ပြန်ထဖို့အတွက် နောက်ထပ် ဗျူဟာတစ်ခုဖြစ်လာ ပါတယ်။ ဝန်ထမ်းလျော့တာကိုလုပ်ရမယ်ဆိုရင်၊ ကျွမ်းကျင်ဝန်ထမ်းတွေကိုသူတို့ရဲ့ အလုပ်တာဝန်လုပ်လို့မရသေး ပေမယ့်လဲ လျော့တဲ့ထဲ ထည့်လို့မဖြစ်ပါ။  


Cross-training ပြုလုပ်ပေးခြင်းအားဖြင့် ဝန်ထမ်းတွေရဲ့ကျွမ်းကျင်မှုအရည်အချင်းတွေတက်လာမယ်ဆိုရင် ပိုပြီးပြောင်း လွယ်ပြင်လွယ်ဖြစ်လာပါလိမ့်မယ်။ ဟိုတယ်ရဲ့ front-desk clerk ကို အလုပ်ပါးနေချိန်မှာ accounting department ကိုဝိုင်းကူစေမှာ ဖြစ်တော့ ဝန်ထမ်းတွေရဲ့ အတွေ့အကြုံတွေလဲ ပိုကျယ်ပြန့်လာမယ်၊ ဒါဆိုလုပ်ငန်း ဆောင်ရွက်ချက်တွေကို ဝန်ထမ်းအနည်းငယ်နဲ့လုပ်နိုင်လာပါလိမ့်မယ်။ ဒါပေမယ့် လုပ်ခလစာတွေကိုတော့ပိုပေးဖို့ လိုပါလိမ့်မယ်။ 


ယခုလိုစီးပွားရေးကျဆင်းနေချိန်မှာ ဟိုတယ်တွေအနေနဲ့ valets ၊ door people နဲ့ bell service စတဲ့ ဝန်ဆောင်မှု(၃)မျိုးအတွက် ဝန်ထမ်း(၃)မျိုးထားမယ့်အစား “welcome ambassador” ဆိုပြီး အဆိုပါဝန်ဆောင်မှု တွေကို ဆောင်ရွက်စေမှာဖြစ်ပါတယ်။ကုမ္ပဏီတွေအတွက် အခွင့်အရေးတစ်ရပ်အနေနဲ့ အလုပ်တွေ၊ ကျွမ်းကျင်မှုတွေ၊ တာဝန်တွေကို ပြန်လည်သုံးသပ်ပြီး၊ ပေါင်းစပ်ဖန်တီးမှုတွေလုပ်ခြင်းအားဖြင့် hospitality industry မှာ အင်အားအနည်းငယ်နဲ့ လုပ်နိုင်တဲ့ အတွေ့အကြုံတွေရလာပြီး၊ ပိုကောင်းတဲ့အလုပ်တွေဖြစ်လာပါပြီလို့ ဖြည့်စွက်ပြောထားပါသေးတယ်။   


တာဝန်တွေတိုးပေးခြင်းအားဖြင့် အလုပ်တွေမှာ ပြောင်းလွယ်ပြင်လွယ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဝန်ထမ်း တွေကိုလဲ အခြားသောအလုပ်တာဝန်တွေကို လုပ်တတ်အောင်သင်ထားပေးမယ်ဆိုရင် ကျွမ်းကျင်မှုနယ်ပယ် ပိုကျယ်လာမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေကို ပိုပြီးထိရောက်မှုရှိမယ်၊ ပိုကျယ်ပြန့်တဲ့အလုပ်တာဝန်တွေပေးပြီး၊   ကုမ္ပဏီနဲ့အတူ ကြီးထွားခွင့်ပေးရမှာဖြစ်ပါတယ်။ ပိုမိုကျယ်ပြန့်မယ်၊ ပိုပြီးတော့စိတ်ဝင်စားဖို့လဲကောင်းမယ်၊ လုပ်ခွင့်တွေလဲရမယ်၊ ဆိုရင် employee engagement ပိုမိုရရှိလာမှာဖြစ်ပါတယ်။အကယ်၍ ဝန်ထမ်းတွေသာ မပျော်တော့ဘူးဆိုရင် ဧည့်သည်တွေ အတွက် အဆင်ပြေဖို့ မစဉ်းစားနဲ့တော့ လို့ Tracey ကပြောလိုက်ပါပြီ။


Reference: 

Tamara Lytle, a freelance writer in the Washington, D.C., December 1, 2020. HR Magazine Winter 2020, SHRM HR Magazine E-Newsletter.


[Zawgyi]Hospitality Industry က HR ဆိုင္ရာစိန္ေခၚမႈႀကီး 




#စာေရးသူ_ျမတ္သုတလိႈင္ဝင္း

#business_knowledges 

#HR_Management 


(၂၀၂၀၊ဇန္နဝါရီလထုတ္HR Journal မွာေဖာ္ျပထားတဲ့ဆရာျမတ္သုတလိူင္ဝင္းရဲ့ေဆာင္းပါးကိုေဖာ္ျပလိုက္ပါတယ္,)


စာရႈ႔သူအားလံုးမဂၤလာပါခင္ဗ်ား။ တစ္ကမ႓ာလံုး Coronavirus ကပ္ေရာဂါေဘးကိုခံစားေနၾကတာဟာ ႏွစ္ေပါက္ေနၿပီး၊ ယခုလိုကာလအတြင္း ႏိုင္ငံတစ္ကာမွာ လုပ္ေဆာင္ေနၾကတာေတြကိုတင္ျပလိုျခင္းျဖစ္ပါတယ္။ အခ်ိဳ႕လုပ္ေဆာင္ခ်က္ေတြဆိုရင္ ကြၽန္ေတာ္တို႔ႏိုင္ငံမွာလဲအေကာင္အထည္ေဖာ္ေနတာဟာေတာ္ေတာ္ေလးရင္းႏွီး ၿပီးအကြၽမ္းတဝင္ျဖစ္ေနပါၿပီ။ ယခုတင္ျပခ်က္က အခ်ိဳ႕အခ်က္ေတြဟာ ဗဟုသုတအျဖစ္ေသာ္လည္းေကာင္း၊ အခ်ိဳ႕အေၾကာင္းအရာေတြကေတာ့ ေတြးစရာ စိတ္ကူးေလးေတြအျဖစ္ ဆင္ခ်င္ႏိုင္ဖို႔ ရည္ရြယ္ပါတယ္။ 


Coronavirus ကပ္ေရာဂါေဘးက်ေရာက္မႈက hospitality industry ကိုလႈပ္ခါသြားေစခဲ့ပါတယ္။ ဒါေပမယ့္လဲ အခက္အခဲေတြ၊ ၿခိမ္းေျခာက္မႈေတြမွာ အခြင့္အလမ္းေတြကေတာ့ရိွၾကစၿမဲပါ။ကမ႓ာနဲ႔ အဝွမ္း coronavirus ကပ္ေရာဂါေဘးက်ေရာက္မႈက tsunami ရဲ့အားကဲ့သို႔ ျပင္းထန္စြာ ရိုက္ခတ္ျခင္းခံရတဲ့အတြက္ hospitality company ေတြဟာ ဆက္လက္ ရပ္တည္ႏိုင္ဖို႔အတြက္ေတာ္ေတာ္ေလး အက်ပ္ရိုက္ေနၾကရပါတယ္။


စားေသာက္ဆိုင္လုပ္ငန္းေတြမွာလဲ ယခုႏွစ္အဖို႔ $240 billion ေလာက္အရႈံးေပၚေနပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလအလယ္ေလာက္မွာ စားေသာက္ဆိုင္လုပ္ငန္းေတြက အၾကမ္းအားျဖင့္ ဝန္ထမ္း(၃)သန္း ဟာအလုပ္ လက္မဲ့ျဖစ္ခဲ့ရပါၿပီ၊ the National Restaurant Association ထံကရရိွတဲ့ အခ်က္အလက္ေတြအရ ၆ပံု၁ပံုေလာက္ေသာစားေသာက္ဆိုင္ေတြက လံုးဝပိတ္သိမ္းလိုက္ရတဲ့အေျခအေနသို႔ ဆိုက္ေရာက္ခဲ့ၾကရပါတယ္။


ဟိုတယ္လုပ္ငန္းေတြက ဝန္ထမ္း(၃၈%)ဟာ ဒီႏွစ္အေစာပိုင္းမွာကတည္းက အလုပ္လက္မဲ့ျဖစ္မႈကို ခံစားေနၾကရပါတယ္။ ဒီႏွစ္ေနြရာသီမွာ ၃ပံု၂ပံုနီးပါးေသာ အေမရိကန္က ဟိုတယ္ေတြမွာ ဧၫ့္သည္တည္းခိုမႈ ရာခိုင္ႏႈန္းမွာ (၅၀%)(သို႔)အဲဒါထက္ေလ်ာ့နည္းတဲ့အတြက္ စရိတ္ေတြကိုေပးေခ်ႏိုင္ဖို႔ပင္ အေတာ္ခက္ခဲေန ၾကရပါတယ္။


The Bureau of Labor Statistics ရဲ့ စာရင္းဇယားေတြအရ ၂၀၁၉ခုႏွစ္ စက္တင္ဘာလကေန ၂၀၂၀ခုႏွစ္ စက္တင္ဘာလအတြင္း entertainment and recreation လုပ္ငန္းေတြမွာ အလုပ္အကိုင္အခြင့္ အလမ္း (၃၁%) ျပဳတ္က်ခဲ့ေၾကာင္းသိရပါတယ္။


Coronavirus ဆိုတဲ့ဒီေရ က်ဆင္းသြားသကဲ့သို႔၊ ဆုတ္ယုတ္သြားျခင္းက လုပ္ငန္းနယ္ပယ္ေတြမွာရိွၾကတဲ့ human resource leaders ေတြအတြက္ လစာေလ်ာ့ခ်မႈ၊ ဝန္ထမ္းဝင္ထြက္ႏႈန္းျမင့္တက္မႈ၊ စြမ္းရည္ျမင့္မားသူ ေတြကိုထိန္းရ၊ ရွာေဖြရ စတဲ့ တူညီတဲ့ အခက္အခဲျပႆနာေတြကို ရင္ဆိုင္ေနၾကရပါတယ္။ ဒါေပမယ့္လဲ ဗိုင္းရပ္စ္ က စီးပြားေရးကို ျပန္လည္ျပဳျပင္မႈေတြလဲ လုပ္ေပးၿပီး၊ အခြင့္အလမ္းအသစ္ေတြကိုအျခားတစ္နည္းနဲ႔ ေဖာ္ေဆာင္ ေပးေနပါၿပီ။ အေဝးတစ္ေနရာကေန လွမ္းအလုပ္လုပ္ျခင္းက ပံုမွန္လုပ္ရိုးလုပ္စဉ္ကဲ့သို႔ ျဖစ္လာေနပါၿပီ။ အလုပ္ေတြကလဲ ယခင္ကနဲ႔ယွဉ္ရင္ပိုၿပီး၊ ေျပာင္းလြယ္ျပင္လြယ္ပံုစံေတြ ျဖစ္လာၾကပါၿပီ။ ထမ္းေဆာင္ရမယ့္ တာဝန္ေတြ ကလဲ ပိုမိုက်ယ္ျပန႔္လာခဲ့ပါၿပီ။ 


စိန္ေခၚမႈကို ႀကံ့ႀကံ့ခံျခင္း

“HR ေတြအတြက္ အလြန္ေၾကာက္စရာေကာင္းပါတယ္၊ ဒါေပမယ့္ ခ်ဲ့ကားၿပီး အျမင္က်ယ္က်ယ္ၾကၫ့္ ႏိုင္မယ္ဆိုရင္ အေနအထားေကာင္းပဲ”လို႔ Burger King ကို အႏွစ္(၂၀)ၾကာ franchise ယူထားၿပီး၊ ယခုဆိုရင္ the University of South Carolina ရဲ့ the School of Hotel (Restaurant and Tourism Management) မွာ ဒါရိုက္တာ ျဖစ္ေနတဲ့ Robin DiPietro ကေျပာပါတယ္။ “လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္က ကြၽႏ္ုပ္တို႔ဟာ hospitality နဲ႔ tourism အတြက္ လူေတြ ရွာေဖြမႈမလုပ္ႏိုင္ခဲ့ၾကပါဘူး။ ယခုေတာ့ အရည္အခ်င္းျပၫ့္ဝသူေတြ ရဖို႔ အတြက္ အခြင့္အလမ္းေတြအမ်ားႀကီးရိွလာႏိုင္ပါၿပီ။


ဒီလိုဆိုျခင္းက ႏွစ္ရွည္လမ်ား ဝန္ထမ္းအသစ္ရိွေဖြရာမွာ ႀကံဳေတြ့ရတဲ့ အခက္အခဲေတြကို ေျဖရွင္းၿပီးျဖစ္ တယ္လို႔ေတာ့ မဆိုလိုပါ။ လုပ္ငန္းနယ္ပယ္ေတြမွာ အစစအရာရာေလ်ာ့ခ်မႈေတြ လုပ္ေနရေတာ့ Talent ဆိုင္ရာ အက်ပ္အတည္းကို သက္သာရံုေလာက္သာ လုပ္ေဆာင္သင့္ပါတယ္။ ကုမၸဏီေတြ ကလဲ အလုပ္ေလ်ွာက္လႊာေတြ အမ်ားအျပားနဲ႔ပိေနေတာ့ အဲဒီအထဲက အေကာင္းဆံုးဆိုတာကို ေရြးထုတ္ရခက္ခဲပါတယ္။ Coronavirus ေၾကာင့္ စီးပြားေရးခြၽတ္ၿခံဳက်ေနၿပီး၊ အေတာ္ရုန္းကန္ေနရတဲ့အခ်ိန္မွာ ဟိုတယ္ေတြ၊ စားေသာက္ဆိုင္ေတြအေနနဲ႔ဝန္ထမ္း အသစ္ေတြထပ္ခန႔္ထားႏိုင္ဖို႔ လံုေလာက္တဲ့ ဝင္ေငြလည္ပတ္မႈမရိွ ျဖစ္ေနတတ္ပါတယ္။


တစ္ခ်ိန္တည္းမွာပဲ hospitality industry မွာ ဝန္ထမ္းဝင္ထြက္ႏႈန္းျမင့္မားမႈကေတာ့ ဆက္လက္ ျဖစ္ေနဦးမွာပါ။ The Cornell University School of Hotel Administration က professor of management ျဖစ္တဲ့ J. Bruce Tracey က “Hospitality အလုပ္ေတြမွာ လုပ္ခနိမ့္ၿပီး၊ ကြၽမ္းက်င္မႈနည္းေနပါၿပီ” လို႔ေျပာလာ ပါတယ္။ “ကြၽႏ္ုပ္တို႔ႀကံဳေတြ့ရမယ့္အဓိကအခက္အခဲတစ္ခုက ပိုမိုေကာင္းမြန္ၿပီး၊ ဖြံ႔ၿဖိဳးတိုးတက္ရာသို႔ ေလွကား ထစ္ေတြကို တက္လွမ္းႏိုင္ဖို႔ပဲျဖစ္ပါတယ္။” ဆိုလိုရင္းက hospitality industry ဟာ အရည္အခ်င္း အလားသဏၭာန္တူတဲ့ရာထူးေတြအတြက္ အျခားေသာ လုပ္ငန္းနယ္ပယ္ေတြနဲ႔ရံဖန္ရံခါယွဉ္ၿပိဳင္ၾကရမယ့္သေဘာ ျဖစ္ပါတယ္။ Hospitality လုပ္ငန္းတူသူ အခ်င္းခ်င္းအၾကား၊ ရွားပါးတဲ့အခ်ိဳ႕ေသာ talent ေတြကို ဒီနယ္ပယ္ထဲမွာပဲအၿပိဳင္လုေနမယ့္အစား အျခားေသာနယ္ပယ္က ကြၽမ္းက်င္မႈခ်င္း တူသူေတြ ကိုလဲ ရွာေဖြ အသံုးခ်ႏိုင္ေၾကာင္းကို Tracey ကရွင္းျပပါတယ္။ 


ဒီလုပ္ငန္းနယ္ပယ္ရဲ့ ထိပ္ပိုင္းမွာတာဝန္ယူေနၾကသူ ေတြဟာ က်ားမ၊ အယူဝါဒ၊ လူမ်ိဳးစသျဖင့္ မတူ ကြဲျပားျခားနားမႈနဲၿပီး၊ ေဘာင္က်ဉ္းေနျခင္းက ေနာက္ထပ္ တာရွည္ေနဦးမယ့္ အခက္အခဲပဲ ျဖစ္ပါတယ္။ ေအာက္ေျခအဆင့္က ယာယီလုပ္သားေတြမွာ မတူကြဲျပားျခားနားသူ လူေပါင္းစံုနဲ႔ လုပ္ကိုင္ႏိုင္ၾကၿပီး၊ လုပ္ငန္းလည္ပတ္မႈအဆင္ေျပေနေပမယ့္၊ စီမံခန႔္ခြဲေရးအဆင့္မွာေတာ့အဲဒီလိုမျဖစ္ႏိုင္ေသးတာကိုေတြ့ရပါတယ္။    


ယခုႏွစ္မွာ ႏိုင္ငံရဲ့ လူမ်ိဳးစြဲ ဆုပ္ကိုင္ထားမႈကို ဆန္းစစ္တဲ့အေနနဲ႔ hospitality company ေတြကို ၄တို႔ရဲ့ လုပ္သားအင္အားအေျခအေနကို ျပန္လည္သံုးသပ္မႈေတြ စတင္လုပ္ေဆာင္ခဲ့ပါတယ္။ ထိုသို႔ ေဆာင္ရြက္ ခ်က္ကို အထူးအေလးအနက္ထား အာရံုစိုက္တဲ့အေနနဲ႔ hospitality industry ကုမၸဏီေတြဟာ ၄တို႔ရဲ့ လုပ္ငန္း အတြင္းမွာ လုပ္သားထုနဲ႔ ပတ္သက္လို႔ ကမ႓ာ့မွာရိွတဲ့ လူမ်ိဳးအမ်ားစုကို ကိုယ္စားျပဳသလားဆိုၿပီး၊ Overland Park, Kan., က executive search firm ျဖစ္တဲ့ Horizon Hospitality က CEO Scott Samuels က ေမးခြန္း ထုတ္လိုက္ပါတယ္။ 


စီမံခန႔္ခြဲမႈအဆင့္ရာထူးေတြအတြက္မတူကြဲျပားျခားနားသူေတြကိုပိုမိုရွာေဖြသင့္ေၾကာင္းဟိုတယ္(၃၅)လံုး ကို လည္ပတ္လုပ္ကိုင္ေနတဲ့ New York City က SBE Lifestyle Hospitality က chief culture officer ျဖစ္သူ Robert Mellwig ကဆိုပါတယ္။ ဒါ့အျပင္ သူက HR ေတြဟာ အဆက္အသြယ္က်ယ္ျပန႔္ဖို႔နဲ႔ အျခားေသာ လုပ္ငန္းနယ္ပယ္က လူေတြကိုပါစုေဆာင္းခန႔္ထားသင့္တယ္လို႔ အႀကံျပဳထားပါေသးတယ္။ 


ကုမၸဏီေတြကလဲ မတူကြဲျပားျခားနားတဲ့ talent ေတြအမ်ားအျပား ရရိွေအာင္ မိမိအစီအစဉ္နဲ႔ ျပဳစုပ်ိဳး ေထာင္ထားဖို႔လဲလိုပါတယ္လို႔ Mellwig က mentoring and sponsorship program ေတြမွာ ထပ္မံျဖၫ့္စြက္ ေျပာၾကားထားပါေသးတယ္။ ရာထူးအနိမ့္ပိုင္းကေနပိုက္လိုင္းသြယ္တန္းထားသကဲ့သို႔ ဝန္ထမ္းေတြကိုအထက္သို႔ တက္လွမ္းႏိုင္ဖို႔အတြက္ လိုအပ္တာေတြကို ပံ့ပိုးေပးရမယ့္အပိုင္းကိုၾကၫ့္ၿပီး၊ သူက “အေစာပိုင္း မွာ food chain အတြက္ဝန္ထမ္းေရြးခ်ယ္ခန႔္ထားမႈျပဳလုပ္ထားေပမယ့္၊ ေနာက္ပိုင္းဒီလုပ္ငန္းနယ္ပယ္ရဲ့ ေရရွည္ရည္မွန္း ခ်က္ေတြအတြက္ ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ အဆင့္ျမင့္ရာထူးေနရာေတြကို ျဖၫ့္စြက္ျမႇင့္တင္ေပးႏိုင္မယ့္ ယႏၲရားကို ၾကၫ့္ႏိုင္ဖို႔လိုပါၿပီ” ဟုဆိုပါတယ္။ 


လုပ္ငန္းရွင္ေတြဘက္ကလဲ ျပႆနာအခက္အခဲေတြကို ထိပ္တိုင္ရင္ဆိုင္ႏိုင္ဖို႔ အေသအခ်ာခ်ိန္ဆ ဖို႔လိုပါတယ္။ အမ်ိဳးသမီးဝန္ထမ္းေတြဟာ ရာထူးတိုးျမႇင့္ျခင္းခံရၿပီးေနာက္ပိုင္းမွာ အိမ္ေထာင္ထိန္းသိမ္းမႈ အေၾကာင္းျပခ်က္နဲ႔ လုပ္ငန္းခြင္ကို ေက်ာခိုင္းထြက္ခြာသြားၾကတဲ့အတြက္ ကုမၸဏီေတြက အဆိုပါ အမ်ိဳးသမီး ဝန္ထမ္းေတြကို လုပ္ငန္းခြင္ကထြက္မသြားေစဘဲ ဆက္လက္ဆြဲထားႏိုင္ဖို႔ မိသားစုနဲ႔ပတ္သက္တဲ့ အေထာက္အပံ့ ေတြ လုပ္ေပးဖို႔လိုအပ္ေၾကာင္းကိုပါသူကမွတ္ခ်က္ျပဳပါေသးတယ္။ 


လုပ္ငန္းရွင္ေတြက မတူကြဲျပားျခားနားသူေတြကို ခန႔္ထားျခင္း၊ ရာထူးတိုးေပးျခင္း၊ တို႔ကိုမ်ွတစြာစီမံ ေဆာင္ရြက္တဲ့ မန္ေနဂ်ာေတြကို ခ်ီးျမႇင့္မႈေတြလုပ္ေပးသင့္ပါတယ္။ Tracey က “မွန္းထားတာေတြရခ်င္မွ ရမယ္၊ ရလာတာကိုပဲေသခ်ာစစ္ေဆးမယ္၊ ခ်ီးေျမႇာက္မႈေတြလုပ္ေပးရမယ္” လို႔ဆိုပါတယ္။ 


ႏိုင္ငံေပါင္း(၃၅)ႏိုင္ငံမွာ ဟိုတယ္ေပါင္း (၇၅၀)ဖြင့္လွစ္လုပ္ကိုင္ေနတဲ့ Newport Beach, Calif., က Preferred Hotels and Resorts လုပ္ငန္းဟာ ထိပ္ပိုင္းေခါင္ခ်ဳပ္ေတြမွာ မ်ိဳးမတူကြဲျပားသူေတြနဲ႔ ဦးေဆာင္ လုပ္ကိုင္လ်ွက္ရိွ တိုးတက္မႈေတြရရိွေနပါတယ္။ ကုမၸဏီရဲ့ အႀကီးတန္းအမႈေဆာင္ရာထူးရဲ့ (၄၄%)ဟာ အမ်ိဳး သမီးေတြ ျဖစ္ေနၿပီး၊ (၁၀%)ဟာ လူမည္းေတျြဖစ္ၿပီး၊ senior vice president of human resources ျဖစ္တဲ့ Greg Smith လဲ အဲဒီထဲ အပါအဝင္ျဖစ္ပါတယ္။


ဘာလ်ိႈ႔ဝွက္ခ်က္ေဖာ္မူလာမွမရိွပါဘူး။ Smith က “ကြၽႏ္ုပ္တို႔ဟာ ဒီအပိုင္းကို တကယ္ႀကိဳးပမ္း ေဆာင္ရြက္ခဲ့ၾကလို႔ပဲ” ျဖစ္ေၾကာင္းေျပာပါတယ္။ မတူကြဲျပားျခားနားသူေတြကို ရာထူးတိုးေပးဖို႔ သင့္ေတာ္မႈမရိွ ဘူးလို႔ေျပာလာၾကရင္လဲ ခုခံတုန႔္ျပန္မယ့္အစား ဒါကဘာကိုဆိုလိုပါသလဲဆိုၿပီး၊ အႀကံျပဳခ်က္ကို ေတာင္းခံေလ့ ရိွပါတယ္။ 


ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္မ်ား 

ၿပီးခဲ့တဲ့ ေနြဦးကာလ ကမ႓ာ့ကပ္ေဘးအစပိုင္းအခ်ိန္တုန္းက hospitality businesses ေတြပိတ္လိုက္ရတဲ့ အခါပထမဦးဆံုးစိန္ေခၚမႈေတြထဲတစ္ခုက ဝန္ထမ္းအင္အားကို ဘယ္လိုေလ်ာ့ခ်ၾကမလဲ ဆိုတာပဲျဖစ္ပါတယ္။


“ဝန္ထမ္းအင္အားေလ်ာ့တဲ့ေနရာမွာ အဆင္ေျပေအာင္ဘယ္လိုလုပ္မလဲ၊ အလုပ္မျဖဳတ္ဘဲအလုပ္ကေန အနားေပးထားရတဲ့ ဝန္ထမ္းေတြ၊ အလုပ္ရပ္စဲလိုက္ရတဲ့ ဝန္ထမ္းေတြ၊ ကို ဘယ္လို ေဆာင္ရြက္ေပးရမလဲ၊ က်န္ရိွ ေနတဲ့ ဝန္ထမ္းေတြအေနနဲ႔လဲ ေနာက္တစ္ႀကိမ္၄တို႔အလွၫ့္ဆိုတာမ်ိဳး စိုးရိမ္စိတ္မရိွေစဘဲ ကုမၸဏီအေပၚမွာ ဆက္လက္သစၥာရိွေနေစဖို႔ဆိုတာေတြက စိန္ေခၚမႈအႀကီး ႀကီးေတျြဖစ္ေနပါတယ္။” လို႔ Samuels ကဆိုပါတယ္။  


စီးပြားေရးနလံထဖို႔ ေနွးေနျခင္း (သို႔)ေဆာင္းရာသီမွာ coronavirus ျပန႔္ႏွံ႔ျခင္းေတြကေန သင္ခန္းစာေတြ ယူေနရဦးမွာျဖစ္ပါတယ္။ အလုပ္ခ်ိန္ေျပာင္းတာေတြ၊ ေလ်ာ့ခ်ရတာေတြကို ေဆာင္ရြက္ရာမွာ ပြင့္လင္းျမင္သူမႈ ရိွမွ ဝန္ထမ္းေတြအေနနဲ႔ မ်ွတမႈကို နားလည္လက္ခံႏိုင္မွာျဖစ္ေၾကာင္း၊ Nicole Leier(senior consultant-Executive HR Consulting Group၊ Los Angeles) ကေျပာပါတယ္။  


အလုပ္ကေန ေခတၲခဏအနားေပးျခင္းကို လုပ္သက္အေပၚအေျခခံစဉ္းစားေပးမယ္ဆိုရင္ ဝန္ထမ္းေတြ က နားလည္လက္ခံႏိုင္ပါတယ္။ စားေသာက္ဆိုင္ေတြကလဲ ရာသီဥတုဆိုးလာတဲ့အခါ လူေတြမလာၾကေတာ့ တဲ့ အေျခအေနမွာ ရုတ္တရက္ ဝန္ထမ္းအေရအတြက္ကို ခ်ိန္ၫွိရမွာျဖစ္ပါတယ္။ အဲဒီလိုျဖစ္လာရင္ ေအာင္ျမင္စြာနဲ႔ ေဆာင္ရြက္ႏိုင္ဖို႔ မူဝါဒသတ္မွတ္ခ်က္ေတြကို ခ်မွတ္ထားရမွာျဖစ္ပါတယ္။ 


Los Angeles မွာ အေျခဆိုက္တဲ့ တန္ဖိုးႀကီးအိမ္ယာလုပ္ငန္းလုပ္ကိုင္တဲ့ Montage International က executive vice president of people ျဖစ္သူ Mandy Holloway က၊ သူမရဲ့ကုမၸဏီမွာ ဝန္ထမ္းအေရအတြက္ ထက္ဝက္ေလ်ာ့ခ်လိုက္ရတဲ့ အေၾကာင္းေျပာလာပါတယ္။ သူမက လုပ္ငန္းအေျခအေနနဲ႔ ဝန္ထမ္းအေရအတြက္ ခန႔္ထားမႈ အေျခအေနကို နားလည္သေဘာေပါက္ဖို႔လိုၿပီး၊ ဝန္ထမ္းအင္အားကို အၿမဲတမ္း လိုရင္လိုသလို ေျပာင္းလဲႏိုင္ဖို႔ ကေတာ့ စိန္ေခၚမႈပဲျဖစ္ပါတယ္။ Montage hotels (၇)လံုးကို ေနြဦးရာသီမွာပိတ္ထားခဲ့ရၿပီ၊ စက္တင္ဘာလမွာ ဟိုတယ္တစ္လံုးကို ျပန္လည္ဖြင့္လွစ္ၿပီး၊ ကြၽန္မတို႔ ဝန္ထမ္းေတြကို အနားေပးထားတဲ့အေျခအေနမွာ ဘယ္လို ေကာင္းေကာင္းလုပ္ႏိုင္မလဲဆိုတာနဲ႔ ဝန္ထမ္းေတြကို ဘယ္လို ေစာင့္ေရွာက္ႏိုင္မလဲဆိုတာကို ေလ့လာခဲ့ၾကပါ ေသးတယ္။ ဥပမာ- Montage sold gift cards ေတြကို အလုပ္ထုတ္ခံရတဲ့ ဝန္ထမ္းေတြအတြက္ အေထာက္အပံ့ ျဖစ္ေစဖို႔ ကယ္ဆယ္ေရးရံပံုေငြထူေထာင္ျခင္းတို႔ကို စီစဉ္ေပးခဲ့ပါတယ္။ အလုပ္မွနားေနရတဲ့ ဝန္ထမ္းေတြနဲ႔ တာဝန္ထမ္းေဆာင္ေနၾကတဲ့ ဝန္ထမ္းေတြအတြက္ ေန့စဉ္ (၂၄)နာရီ တယ္လီဖုန္းျဖင့္ ကုသမႈခံယူႏိုင္မယ့္ အစီအစဉ္ေတြကိုလဲ စီစဉ္ေပးထားပါတယ္။ အဲဒီလိုေဆာင္ရြက္ႏိုင္ဖို႔ ေဆးပညာဆိုင္ရာအရင္းအျမစ္ေတြကို ႀကိဳတင္ျပင္ဆင္ထားပါတယ္လို႔ ဒီနယ္ပယ္မွာ လုပ္သက္အႏွစ္(၂၀)ရိွတဲ့ Holloway က ဆိုပါတယ္။ 


ဝန္ထမ္းနဲ႔ မိသားစုဟာ စားစရာေတြကို တစ္လမွာ ႏွစ္ႀကိမ္ေထာက္ပံ့ထားၿပီး၊ လုပ္သားေတြဟာ အတတ္ပညာ ဆိုင္ရာတိုးတက္လာေစဖို႔ အခြင့္အလမ္းေတြကိုလဲ ရရိွၾကမွာျဖစ္တဲ့အျပင္၊ online ကေန ကိုယ္ကာယေလ့က်င့္ ခန္းေတြ၊ ခ်က္ျပဳပ္နည္းေတြကိုလဲ ေလ့လာႏိုင္ၾကပါေသးတယ္။ 


အျခားေသာ business leader ေတြလိုပဲ၊ Samuels က သူရဲ့ ဝန္ထမ္းေတြနဲ႔ပတ္သက္ၿပီး ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ေတြကို ခ်မွတ္ခဲ့ရပါတယ္။ သူရဲ့ executive search firm ဟာ ၂၀၁၉ခုႏွစ္မွာ ေအာင္ျမင္မႈေတြကို ျမင္ေတြ့ခဲ့ရေပမယ့္ ယခု ရာထူး(၂၉)ေနရာမွာ (၉)ေနရာေလာက္ကိုေလ်ာ့လိုက္ရပါၿပီ။  ဒီကပ္ေဘးႀကီး စတင္ကတည္းက မေသခ်ာမေရရာတာေတြနဲ႔လုပ္ကိုင္ေနၾကရၿပီး၊ ပထမဦးဆံုးေမးခြန္းက ဝန္ထမ္းေတြကို အနားေပးထားမွာလား၊ အလုပ္ကေနရပ္စဲလိုက္ၾကမလားဆိုတာပဲျဖစ္ပါတယ္။


ဒီကပ္ေဘးႀကီးက ဘယ္ေလာက္ၾကာဦးမွာလဲ၊ ဝန္ထမ္းေတြကို အလုပ္ကအနားေပးထားေတာ့ ျပန္ဖြင့္တဲ့ အခါျပန္လာၾကမွာေပါ့လို႔ Samuels ကေျပာပါတယ္။ ဒါေပမယ့္ ေသခ်ာအတတ္ေတာ့မေျပာႏိုင္ဘူးေပါ့၊ ဝန္ထမ္း ေတြဘက္ကေရာ ေသခ်ာရဲ့လား၊ ေဘးေရာကင္းၾကရဲ့လား။ 


Samuels က အလုပ္ကေနထုတ္လိုက္ရတဲ့ ဝန္ထမ္းေတြအတြက္ ထြက္ခြာဖို႔၊ ေနာက္အလုပ္ရွာဖို႔ေတြမွာ ပါဝင္ေဆာင္ရြက္ေနရၿပီး၊ လူတိုင္းကိုလဲ အခုလိုခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ေတြကို ဘယ္လိုဘယ္ပံုခ်ခဲ့ရတယ္ဆိုတာ ေတြကို ရွင္းျပေနခဲ့ရပါတယ္။ ထြက္သြားရတဲ့ ဝန္ထမ္းေတြအတြက္ က်န္းမာေရးဆိုင္ရာခံစားခြင့္နဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြ၊ အလုပ္လက္မဲ့အေျခအေနကေန ေနာက္ အလုပ္အတြက္ ျပင္ဆင္ရမွာေတြကိုလဲ မ်ွေဝေပးခဲ့ပါတယ္။


အလုပ္ကေန နားေနရတာက အလုပ္ျဖဳတ္ခံရတာထက္စာရင္ ေကာင္းပါေသးတယ္။ “Hospitality Industry မွာ သင္ရဲ့လုပ္သားအင္အားစုေတြ ဆံုးရႈံးမႈမခံခ်င္ရင္ - ေရႊကဲ့သို႔ တန္ဖိုး တက္လာေအာင္ ေလ့က်င့္သင္ၾကားေပးၾကပါ။” လို႔ Hyatt ၊ the Century Plaza နဲ႔ Waldorf Astoria တို႔မွာအလုပ္လုပ္ခဲ့တဲ့ Nicole Leier ကေျပာပါတယ္။


ထူးခြၽန္ဝန္ထမ္းေတြကိုထိန္းထားျခင္း

လုပ္သားေဈးကြက္ဟာ မေသခ်ာျဖစ္ေနၿပီး၊ အလုပ္လက္မဲ့ႏႈန္းျမင့္မားေနခ်ိန္မွာေတာင္ ေသခ်ာစြာ ေလ့က်င့္သင္ၾကားေပးထားတဲ့ထူးခြၽန္ဝန္ထမ္းေတြကိုထိန္းထားဖို႔က အေရးအႀကီးဆံုးျဖစ္ပါတယ္။ အဆံုးမွာေတာ့ လုပ္ငန္းထဲက ဝန္ထမ္းေတြကိုပဲ ရာထူးတိုးေပးသြားျခင္းက ဝန္ထမ္းနဲ႔ ကုမၸဏီကို တစ္သားတည္းျဖစ္ေအာင္ တြယ္ခ်ိတ္ေပးႏိုင္တဲ့နည္းလမ္းေကာင္းျဖစ္ေၾကာင္း Leier က သူမ Hyatt မွာရိွစဉ္ ကာလမွာ ေကာင္းေကာင္းႀကီး ျမင္ေတြ့ခဲ့ရပါတယ္။


အဲဒီလိုပဲ လုပ္သားေတြကို ေလ့က်င့္မႈေတြလုပ္ေပး၊ တာဝန္ေတြတိုးေပးျခင္းအားျဖင့္ ၄တို႔ရဲ့ ဂုဏ္ကို ျမႇင့္တင္ေပးရာေရာက္ၿပီး၊ ဝန္ထမ္းေကာင္းေတြကို ထိန္းထားႏိုင္မႈႏႈန္းကိုျမင့္မားေစပါတယ္။ Leier က Century Plaza မွာရိွစဉ္တုန္းကလဲ ဝန္ထမ္းေတြဟာ ေရရွည္ကုမၸဏီနဲ႔လက္တြဲၿပီး လုပ္ကိုင္ႏိုင္ၾကၿပီး၊ လုပ္ငန္းအတြင္းမွာလဲ တစ္ဦးနဲ႔တစ္ဦး စာနာစိတ္ေတြနဲ႔လုပ္ကိုင္ေနၾကတာကိုလဲ ေတြ့ခဲ့ရပါတယ္။ “တစ္ဦးဦးက သင့္ကို အခ်ိန္ေပးၿပီးေလ့က်င့္ေပးမယ္၊ သင္ယူခြင့္ေတြေပးမယ္ဆိုရင္၊ ဒါဟာ အဖြဲ႔အစည္းအေပၚ သစၥာေစာင့္ သိမႈနဲ႔ ေအာင္ျမင္ေအာင္လုပ္ေပးမယ္ဆိုတဲ့စိတ္ထားကိုျဖစ္ေစပါတယ္” လို႔ Leier ကဆိုပါတယ္။


ႏွစ္ပတ္လည္ကိတ္မုန႔္၊ gift card ၊ ရုပ္ရွင္လက္မွတ္၊ လက္ေရးမူနဲ႔ ေက်းဇူးတင္အသိအမွတ္ျပဳစာထုတ္ ေပးျခင္း၊ စတာေတြနဲ႔ ႏွစ္သက္လိုလားမႈေတျြပၿပီး၊ ဝန္ထမ္းေတြ သစၥာရိွလာေအာင္ျပဳလုပ္ေပးေၾကာင္း Courtney Hendricks (HR manager- Milwaukee-based Cousins Subs)ကဆိုပါတယ္။ စားေသာက္ဆိုင္ လုပ္ငန္းစု ကလဲလုပ္သားေတြကို ထိန္းတဲ့အေနနဲ႔ hourly workers ေတြကို ရာထူးအဆင့္ေတြတက္ေအာင္ လမ္းေၾကာင္းေတြခ်ထားေပးရမွာျဖစ္ပါတယ္။ Hendricks ရဲ့ အထက္လူႀကီးကိုယ္တိုင္က (၁၆)ႏွစ္သား sandwich အလုပ္သမားကေနအဆင့္ဆင့္တက္လာသူျဖစ္ေၾကာင္း၊ အဆင့္ဆင့္တက္ႏိုင္မယ့္ေလွကားထစ္ေတြ ထင္ထင္ရွားရွား ရိွေနရမွာျဖစ္ပါတယ္။ 


ကပ္ေရာဂါေဘးက အရာရာကိုထိန္းခ်ဳပ္ထားတဲ့အခ်ိန္မွာ Holloway က သူမရဲ့ ဝန္ထမ္းေတြအၾကား တင္းက်ပ္မႈေတြကို ေျပေလ်ာ့ေစဖို႔ စဉ္ဆက္မျပတ္ဆက္သြယ္ေျပာဆိုမႈေတြ၊ ေလ့က်င့္သင္ၾကားမႈေတြကို အေလး ထားေဆာင္ရြက္လ်ွက္ရိွပါတယ္။ ကြၽန္မတို႔ဟာ ဆက္သြယ္မႈေတြကို ရပ္လိုက္လို႔မရဘူး။ ကုမၸဏီကလဲ အပတ္စဉ္ သိသင့္တာေတြကို အခ်ိန္နဲ႔တစ္ေျပးညီထုတ္ျပန္ေပးၿပီး၊ လုပ္ငန္းတည္ရိွရာေနရာတိုင္းမွာ အေထြေထြမန္ေနဂ်ာ ေတြက အပတ္စဉ္ online ကေနတစ္ဆင့္ ဝန္ထမ္းေတြနဲ႔ ေတြ့ဆံုၿပီး၊ သိသင့္တာေတြေျပာဆိုေပးၿပီး၊ အဆက္ အသြယ္မျပတ္ဘဲ၊ ေနြးေထြးမႈေတြကို ခံစားေနႏိုင္တဲ့အျပင္၊ ဝန္ထမ္းေတြေနထိုင္ရာအရပ္က ေဒသႏၲရသတင္းေတြ ကိုလဲ ဖလွယ္ၿပီးျဖစ္ေနပါတယ္။ Montage က ထုတ္ျပန္ထားတဲ့ ေဘးအႏၲရာယ္ကင္းေရးအစီအစဉ္ျဖစ္တဲ့ ေန့စဉ္ ကိုယ္အပူခ်ိန္စစ္ေပးျခင္းတို႔ကိုေဆာင္ရြက္ေပးတဲ့အျပင္၊ online ကေန personal protective gear ဝတ္ဆင္ပံု သင္ရိုးေတြကိုလဲ ပံ့ပိုးေပးပါတယ္။ ဒါအျပင္ အလုပ္ေတျြပန္မဖြင့္ခင္မွာ မန္ေနဂ်ာေတြကို ေဘးအႏၲရာယ္အၾကား မွာ အဘယ္ကဲ့သို႔ ဦးေဆာင္မႈေတြလုပ္ရမလဲဆိုတာေတြကိုလဲ ႀကိဳတင္ေလ့က်င့္သင္ၾကားေပးထားပါေသးတယ္။  


အေဝးတစ္ေနရာသို႔ေရြ့ရွားျခင္း 

ရုတ္တရက္ႀကီးလုပ္ငန္းေတြပိတ္လိုက္၊ ရပ္ဆိုင္းလိုက္ရၿပီးတဲ့ေနာက္ hospitality company ေတြက ဘယ္လိုလုပ္သားေတြက အမ်ားဆံုးလိုအပ္မလဲနဲ႔ ဘယ္လိုအလုပ္ေတြက အေဝးတစ္ေနရာကေန ေအာင္ျမင္ ေအာင္လုပ္ႏိုင္မလဲဆိုတဲ့ စိတ္ကူးေကာင္းေတြရရိွခဲ့ပါတယ္။


လုပ္ငန္းေတြဟာ သာမာန္အေျခအေနမ်ိဳးမဟုတ္တဲ့အခ်ိန္မွာ အိမ္ကေနအလုပ္ လုပ္ႏိုင္ဖို႔ စီစဉ္လို႔ရ ႏိုင္ေပမယ့္ hospitality လုပ္ငန္းနယ္ပယ္ကေတာ့ မျဖစ္ႏိုင္ဘူး၊ အစီအစဉ္ေတျြပန္ခ်ဖို႔အခ်ိန္ယူရမွာျဖစ္ပါတယ္။ ဒါေပမယ့္ လုပ္လို႔ရပါတယ္ဆိုၿပီး Leier ကေျပာပါတယ္။ 


ဘာေတြလုပ္ရမလဲ။ မူဝါဒေတျြပန္ေရးဆြဲရမွာျဖစ္ပါတယ္။ ဥပမာ- ဝန္ထမ္းေတြရဲ့ Skype လိုင္းေတြဖြင့္ ေပးၿပီး၊ သတ္မွတ္ထားတဲ့အခ်ိန္ေတြမွာသံုးႏိုင္ဖို႔၊ ဖုန္းေျဖဆိုႏိုင္ဖို႔နဲ႔ e-mail message လက္ခံရရိွဖို႔ စတာေတြ ျဖစ္ပါတယ္။ တစ္ခါတစ္ရံမွာေတာ့ အေနာက္ ကေလးငိုသံစတဲ့ ဆူညံမႈေတြကိုေတာ့ နားလည္ေပးရတာေပါ့လို႔ Leier ကေျပာပါတယ္။ 


  Mellwig က ေရရွည္မွာ အလုပ္အေတာ္မ်ားမ်ားဟာ အေဝးကေနလုပ္ေဆာင္ႏိုင္မွာျဖစ္ေၾကာင္းသိလာ ၾကရပါၿပီ၊ ဝန္ထမ္းေတြရဲ့ အလုပ္သြားလမ္းခရီးမွာ အခ်ိန္ေပးရတာေတြကိုလဲေလ်ာ့ခ်ႏိုင္တဲ့အျပင္၊ ၄တို႔ရဲ့ အလုပ္နဲ႔မိသားစု ဘဝဟန္ခ်က္ကို ထိန္းေပးႏိုင္မွာျဖစ္ေၾကာင္းေျပာပါတယ္။ ပူးေပါင္းေဆာင္ရြက္မႈဆိုတဲ့ ဓေလ့အေပၚအေျခခံထားတဲ့ Cousins Subs ကဲ့သို႔ ကုမၸဏီေတြအတြက္ကေတာ့ အေဝးတစ္ေနရာက အလုပ္လုပ္ၾကဖို႔ဆိုတာ စိန္ေခၚမႈပဲျဖစ္ပါတယ္။ ဝန္ထမ္းေတြဟာ တစ္ပတ္လ်ွင္ ႏွစ္ရက္(သို႔)သံုးရက္ကို အလွၫ့္က်စနစ္နဲ႔ရံုးတက္ရၿပီး၊ က်န္ရက္ မ်ားမွာ အိမ္ကေနအလုပ္လုပ္ၾကရမွာျဖစ္ပါတယ္။ Hendricks တို႔လို HR managerအတြက္ကေတာ့ ဝန္ထမ္းေတြ၊ အထူးသျဖင့္ ငယ္ရြယ္တဲ့ လုပ္သားေတြဟာ တုန႔္ျပန္မႈလ်င္ျမန္တဲ့အတြက္ ေနာက္ကထပ္ခ်ပ္မကြာစစ္ေဆးေနၾကဖို႔ အထူးလိုအပ္လာပါၿပီ။ အေဝးကေနလွမ္းအလုပ္လုပ္ၾကတယ္ဆိုေတာ့ ဝန္ထမ္းေတြနဲ႔ အဆက္အသြယ္လုပ္ရာမွာ အခက္အခဲေတြ အမ်ားႀကီးရိွႏိုင္သလို၊ အထူးသျဖင့္ တစ္ဦးနဲ႔တစ္ဦးေတြ့ဆံုေျပာဆိုေဆြးေနြးမႈဆိုတာေတြ မရိွႏိုင္ေတာ့ဘူးေပါ့။ ဒါေပမယ့္လဲ ကုမၸဏီေတြဟာ ဝန္ထမ္းေတြနဲ႔ virtual meetings ျပဳလုပ္ၿပီး၊ လုပ္ငန္းေဆာင္ရြက္ေနၾကရပါၿပီ။ 


မ်ားျပားလွတဲ့ စိတ္ကူးအသစ္

COVID-19 ကပ္ေရာဂါေဘးေၾကာင့္ တစ္ဦးနဲ႔တစ္ဦးခတ္ခြာခြာေနဆက္ဆံေနရတာလဲ တာရွည္လာေတာ့ လုပ္ငန္းလည္ပတ္မႈပံုစံေတြကို ဆန္းသစ္တီထြင္မႈေတြလုပ္ေဆာင္ဖို႔ လႈံ႔ေဆာ္ေပးေနသလိုျဖစ္လာပါတယ္။ 


ဟိုတယ္အခန္းေတြက ေန့စဉ္သန႔္ရွင္းေနရမွာျဖစ္ေတာ့ အခ်ိဳ႕ဆိုရင္ စက္ရုပ္နဲ႔ အရင္ဦးဆံုးပိုးသတ္ ေဆးျဖန္းၿပီးမွ housekeeper ေတြက ဝင္ေရာက္သန႔္ရွင္းေရးလုပ္ေဆာင္ၾကပါတယ္။ အခ်ိဳ႕ၾကျပန္ေတာ့ ဧၫ့္သည္ေတြကို phone apps နဲ႔ check in လုပ္ျခင္း၊ အခန္းထဲကို ေသာ့မလိုဘဲဝင္ေရာက္ႏိုင္ျခင္း၊ စတာေတြကို စီစဉ္ဖန္တီးေပးထားပါတယ္။ စားေသာက္ဆိုင္ေတြမွာလဲ menus ကို QR codes နဲ႔ၾကၫ့္ၿပီး မွာႏိုင္ေအာင္စီစဉ္ထားၾကၿပီ ျဖစ္ပါတယ္။  


လုပ္ငန္းေတြဟာ အေျခအေနေတြနဲ႔ သဟဇာျဖစ္လာၿပီး၊ တျဖည္းျဖည္းနဲ႔ ရုပ္သြင္ပါေျပာင္းလဲလာရပါၿပီ။ ဒီလို အခ်င္းအရာေတြအမ်ားႀကီးက ကြၽႏ္ုပ္တို႔နဲ႔ရိွေနဦးမွာပါလို႔ Samuels ဆိုပါတယ္။   


PANDEMIC DOWNSIZING TIPS


အကယ္၍သာ ကမ႓ာ့ကပ္ေရာဂါေဘးက်ေရာက္လာလို႔ ဝန္ထမ္းေတြေလ်ာ့ရၿပီဆိုရင္ HR Professional ေတြက၄တို႔ရဲ့အေတြ့အႀကံဳအေပၚအေျခခံၿပီး ေအာက္ပါတို႔ကိုအႀကံျပဳထားပါတယ္၊။ 


ဝန္ထမ္းေလ်ာ့ရေတာ့မယ္(သို႔)အိမ္မွာနားေနရေတာ့မယ္ဆိုရင္ ပြင့္လင္းျမင္သာေအာင္လုပ္ပါ။

ဝန္ထမ္းေလ်ာ့ခ်ဖို႔လိုလာၿပီဆိုရင္ အမ်ွင္တန္းမေနပဲ ျမန္ျမန္ေဆာင္ရြက္ပါ။

ရပ္စဲခံရတဲ့ဝန္ထမ္းေတြကို နစ္နာေၾကးစီစဉ္ေပးပါ။ ျဖစ္ႏိုင္မယ္ဆိုရင္ အိမ္မွာနားေနရတဲ့ ဝန္ထမ္းေတြကို က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ေပးပါ။

ဝန္ထမ္းေတြရဲ့အသံကိုနားေထာင္ပါ။ မူဝါဒအသစ္ေတြအတြက္ ဝန္ထမ္းေတြရဲ့ တုန႔္ျပန္မႈကို သံုးသပ္ပါ။

ဝန္ထမ္းေတြကို စာနာမႈျပပါ။ ကရုစိုက္ပါ။

 ဒီလိုလုပ္ငန္းေတြရပ္ဆိုင္းကုန္ေတာ့ စားေသာက္ဆိုင္လုပ္ငန္းေတြက ပံုေသသတ္မွတ္ခ်က္ေတြနဲ႔ ေဘာက္ဆူးမ်ွေဝေပးတဲ့ အစီအစဉ္ေတြကို စဉ္းစားလာၾကပါတယ္။ မိရိုးဖလာအားျဖင့္ customer ေတြနဲ႔ ထိေတြ့ဆက္ဆံရတဲ့ဝန္ထမ္းေတြဟာ customer ေတြကေဘာက္ဆူးေပးတာနဲ႔ အဆင္ေျပၾကလို႔ လစာကို အနည္းငယ္သာသတ္မွတ္ေပးေလ့ရိွၾကပါတယ္။ kitchen ပိုင္းက ဝန္ထမ္းေတြၾကေတာ့ လစာျမင့္ၿပီး၊ ေဘာက္ဆူး မရၾကပါ။ ဒီလို ေဘာက္ဆူးမ်ွေဝ တဲ့နည္းနဲ႔မွ chef ေတြနဲ႔ cook ေတြကို အလြယ္တကူေခၚႏိုင္ျဖစ္ေၾကာင္းနဲ႔ COVID ကလူေတြကို ဖြဲ႔စည္းပံုကအစ ျပန္လည္သံုးသပ္ႏိုင္ဖို႔အခ်ိန္ေပးလိုက္သလိုျဖစ္လာပါတယ္လို႔ Samuels ရွင္းျပပါတယ္။  


ေဆာင္းရာသီကာလေတြမွာ ေအာင္ျမင္ေနၾကတဲ့ စားေသာက္ဆိုင္ေတြက အစားအေသာက္ေတြကို ဝယ္သြားလို႔ရေအာင္နဲ႔ ဆိုင္အျပင္ဘက္မွာ အပူေပးတဲ့စနစ္ေတြနဲ႔ ေနြးေနတဲ့ ဝန္းက်င္ကို ဖန္တီးထားေပးျခင္းတို႔က customer ေတြကိုဆြဲေဆာင္ျခင္းနည္းပဲမဟုတ္ပါလား။ 


Cousins Subs က ကပ္ေရာဂါေဘးအေစာပိုင္းတုန္းကတည္းက အလ်င္အျမန္ပဲ လိုက္ေလ်ာညီေထျြဖစ္ ေအာင္စီစဉ္ခဲ့ပါတယ္။ ကားေပၚကေနလွမ္းဝယ္လို႔ရတဲ့ စားေသာက္ဆိုင္ဟာ (၃၀%)ပဲရိွခဲ့ပါတယ္။ ရုတ္တရက္ လိုအပ္ခ်က္ျဖစ္လာေတာ့ လမ္းေဘးပလက္ေဖာင္းကေန ကားေပၚကေနဝယ္လို႔ရေအာင္ ေရာင္းရတာေတျြဖစ္လာ ပါတယ္။ Hendricks က “ကြၽႏ္ုပ္တို႔ (၄၈)နာရီ အတြင္း ပလက္ေဖာင္းကေနေရာင္းဖို႔ အေကာင္အထည္ေဖာ္ခဲ့ ပါတယ္။” “ဒီလိုနဲ႔ကြၽန္ေတာ္တို႔လုပ္ငန္းကို အဆင္ေျပေစခဲ့ပါတယ္။” 


Umami Burger ၊ Sam’s Crispy Chicken နဲ႔ အျခားစားေသာက္ဆိုင္လုပ္ငန္းေတြကိုလုပ္ကိုင္ေနတဲ့ SBE က “ghost” (သို႔) cloud kitchens—sites အျဖစ္သို႔ေျပာင္းလဲၿပီး၊ ခ်က္ျပဳတ္ၿပီးအစားအစာေတြကို delivery သက္သက္နဲ႔ပို႔ေဆာင္ခဲ့ပါတယ္။ SBE မွာ အမွတ္တံဆိပ္အမ်ိဳးမ်ိဳးရိွေတာ့ ဥပမာ- Krispy Rice နဲ႔ Plant Nation လုပ္ငန္းေတြအတြက္ အစားအစာေတြခ်က္ျပဳတ္ျခင္းကို share kitchen စနစ္နဲ႔ ေဆာင္ရြက္ခဲ့ပါတယ္။ Mellwig က ကုမၸဏီဟာ customer ေတြအတြက္ အစားအစာေတြကို အဆင့္ျမင့္ျမင့္ပို႔ေပးႏိုင္ဖို႔ အထူးစီစဉ္မႈေတြအျပင္၊ အရသာ အပိုင္းမွာလဲ မိသားစုေပါင္းစံုအတြက္ ေရြးခ်ယ္စရာေတြအမ်ိဳးစံုေအာင္ဖန္တီးေပးထားပါတယ္။ ဆိုင္အတြင္းစားေသာက္မႈအေလ့အထက ကပ္ေရာဂါေဘးေၾကာင့္ လံုးဝရပ္သြားေပမယ့္ SBE ဟာ ဝန္ထမ္းေတြနဲ႔ အစီအစဉ္ျပန္ခ်ၿပီး အလ်င္အျမန္ပဲ ghost kitchen စိတ္ကူးနဲ႔ အစားအစာေပးပို႔ျခင္းကိုေဆာင္ရြက္ခဲ့တာပဲျဖစ္ပါတယ္။  


Cross-training ျပဳလုပ္ျခင္းကလဲ ကုမၸဏီကို နာလန္ျပန္ထဖို႔အတြက္ ေနာက္ထပ္ ဗ်ူဟာတစ္ခုျဖစ္လာ ပါတယ္။ ဝန္ထမ္းေလ်ာ့တာကိုလုပ္ရမယ္ဆိုရင္၊ ကြၽမ္းက်င္ဝန္ထမ္းေတြကိုသူတို႔ရဲ့ အလုပ္တာဝန္လုပ္လို႔မရေသး ေပမယ့္လဲ ေလ်ာ့တဲ့ထဲ ထၫ့္လို႔မျဖစ္ပါ။  


Cross-training ျပဳလုပ္ေပးျခင္းအားျဖင့္ ဝန္ထမ္းေတြရဲ့ကြၽမ္းက်င္မႈအရည္အခ်င္းေတြတက္လာမယ္ဆိုရင္ ပိုၿပီးေျပာင္း လြယ္ျပင္လြယ္ျဖစ္လာပါလိမ့္မယ္။ ဟိုတယ္ရဲ့ front-desk clerk ကို အလုပ္ပါးေနခ်ိန္မွာ accounting department ကိုဝိုင္းကူေစမွာ ျဖစ္ေတာ့ ဝန္ထမ္းေတြရဲ့ အေတြ့အႀကံဳေတြလဲ ပိုက်ယ္ျပန႔္လာမယ္၊ ဒါဆိုလုပ္ငန္း ေဆာင္ရြက္ခ်က္ေတြကို ဝန္ထမ္းအနည္းငယ္နဲ႔လုပ္ႏိုင္လာပါလိမ့္မယ္။ ဒါေပမယ့္ လုပ္ခလစာေတြကိုေတာ့ပိုေပးဖို႔ လိုပါလိမ့္မယ္။ 


ယခုလိုစီးပြားေရးက်ဆင္းေနခ်ိန္မွာ ဟိုတယ္ေတြအေနနဲ႔ valets ၊ door people နဲ႔ bell service စတဲ့ ဝန္ေဆာင္မႈ(၃)မ်ိဳးအတြက္ ဝန္ထမ္း(၃)မ်ိဳးထားမယ့္အစား “welcome ambassador” ဆိုၿပီး အဆိုပါဝန္ေဆာင္မႈ ေတြကို ေဆာင္ရြက္ေစမွာျဖစ္ပါတယ္။ကုမၸဏီေတြအတြက္ အခြင့္အေရးတစ္ရပ္အေနနဲ႔ အလုပ္ေတြ၊ ကြၽမ္းက်င္မႈေတြ၊ တာဝန္ေတြကို ျပန္လည္သံုးသပ္ၿပီး၊ ေပါင္းစပ္ဖန္တီးမႈေတြလုပ္ျခင္းအားျဖင့္ hospitality industry မွာ အင္အားအနည္းငယ္နဲ႔ လုပ္ႏိုင္တဲ့ အေတြ့အႀကံဳေတြရလာၿပီး၊ ပိုေကာင္းတဲ့အလုပ္ေတျြဖစ္လာပါၿပီလို႔ ျဖၫ့္စြက္ေျပာထားပါေသးတယ္။   


တာဝန္ေတြတိုးေပးျခင္းအားျဖင့္ အလုပ္ေတြမွာ ေျပာင္းလြယ္ျပင္လြယ္လုပ္ႏိုင္မွာ ျဖစ္ပါတယ္။ ဝန္ထမ္း ေတြကိုလဲ အျခားေသာအလုပ္တာဝန္ေတြကို လုပ္တတ္ေအာင္သင္ထားေပးမယ္ဆိုရင္ ကြၽမ္းက်င္မႈနယ္ပယ္ ပိုက်ယ္လာမွာျဖစ္ပါတယ္။ ဝန္ထမ္းေတြကို ပိုၿပီးထိေရာက္မႈရိွမယ္၊ ပိုက်ယ္ျပန႔္တဲ့အလုပ္တာဝန္ေတြေပးၿပီး၊   ကုမၸဏီနဲ႔အတူ ႀကီးထြားခြင့္ေပးရမွာျဖစ္ပါတယ္။ ပိုမိုက်ယ္ျပန႔္မယ္၊ ပိုၿပီးေတာ့စိတ္ဝင္စားဖို႔လဲေကာင္းမယ္၊ လုပ္ခြင့္ေတြလဲရမယ္၊ ဆိုရင္ employee engagement ပိုမိုရရိွလာမွာျဖစ္ပါတယ္။အကယ္၍ ဝန္ထမ္းေတြသာ မေပ်ာ္ေတာ့ဘူးဆိုရင္ ဧၫ့္သည္ေတြ အတြက္ အဆင္ေျပဖို႔ မစဉ္းစားနဲ႔ေတာ့ လို႔ Tracey ကေျပာလိုက္ပါၿပီ။


Reference: 

Tamara Lytle, a freelance writer in the Washington, D.C., December 1, 2020. HR Magazine Winter 2020, SHRM HR Magazine E-Newsletter.