ကုမ္ပဏီတစ်ခုမှာ HR အနေနဲ့ဝင်လုပ်တော့မယ်ဆိုရင် ဘာကိုသတိထားသင့်လဲ။
==========================
ဒီမေးခွန်းက အလုပ်အကိုင်အခွင့်အလမ်းတွေကိုရှာဖွေနေကြတဲ့သူတွေအတွက်အရေးကြီးပါတယ်။
အလုပ်တစ်ခုကိုလျှောက်တဲ့အခါ ကုမ္ပဏီက ကိုယ့်ကို အင်တာဗျူးပြီးကိုယ့်ရဲ့အကြောင်းကိုသူတို့သိအောင်လုပ်ပြီး စိတ်ကြိုက်ရွေးချယ်သလို၊ ကိုယ့်အနေနဲ့လည်း ကုမ္ပဏီအကြောင်းကို အသေအချာ သိအောင်လုပ်ရပါမယ်။
အလုပ်တစ်ခုရရင်ပြီးရောဆိုပြီး ရရာအလုပ်တစ်ခုကိုဝင်လုပ်မိတဲ့အခါ ကံကောင်းပြီး အရာရာအဆင်ပြေနေရင်တော့ ကိစ္စမရှိပေမယ့်၊ ကိုယ်နဲ့မကိုက်ညီတဲ့ လုပ်ငန်းတစ်ခုဖြစ်နေမယ်ဆိုရင် ကိုယ်လည်း စိတ်ချမ်းသာမှာ မဟုတ်သလို၊ လုပ်ချင်တိုင်းလည်း လုပ်လို့မရ၊ အဆင်မပြေမှုတွေနဲ့ နေ့စဉ်နဲ့အမျှကြုံတွေနေရမယ်ဆိုရင် အတော်စိတ်ညစ်ဖို့ ကောင်းမှာဖြစ်ပါတယ်။
လုပ်ငန်းအဖွဲ့အစည်းတိုင်းမှာ အလုပ်လုပ်ကိုင်တဲ့ပုံစံတွေ အမျိုးမျိုးရှိတတ်ပါတယ်။ အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုဓလေ့ထုံစံတွေက အမျိုးမျိုးရှိတတ်ပါတယ်။ အဲ့ဒီ့အရာပေါ်မှာမူတည်ပြီး အလုပ်လုပ်ကိုင်ကြတဲ့ပုံစံတွေကွဲပြားကြပါတယ်။
HR အလုပ်ကို လုပ်ကိုင်ကြတဲ့သူတွေနဲ့ ပတ်သက်ပြီး အမျိုမျိုးပြောကြတာ ကြားဖူးကြမယ် ထင်ပါတယ်။
HR ဆိုတာ ဝန်ထမ်းနဲ့အလုပ်ရှင်အကြားက ပေါင်းကူးတံတား ဘာညာပြောတတ်ကြတယ်။ အချို့ကကြတော့ HR ဆိုတာ လုပ်ငန်းရဲ့အကျိုးကိုပဲကြည့်ရမယ်၊ ဘယ်သူ့ဖက်မှ မလိုက်ဘူး ဆိုပြီးလည်းပြောတတ်ကြတယ်။ ပြီးတော့ HR ဆိုတာ ဝန်ထမ်းရဲ့ အကျိုးကို ကာကွယ်ပေးနိုင်ရမယ်ဆိုပြီး ဝန်ထမ်းရဲ့ ကိုယ်စားလှယ်အနေနဲ့လည်း ပြောတတ်ကြတယ်။
ဘယ်လိုမျိုး အမျိုးမျိုးပြောကြပါစေ၊ တကယ့်လက်တွေ့မှာတော့ HR သမားတွေက ကိုယ်လုပ်ချင်တာ လုပ်နိုင်တယ်ဆိုတာထက်၊ ကိုယ်လုပ်တဲ့ ကုမ္ပဏီက လက်ခံထားတဲ့ HR management ပုံမှာပဲ စီးဝင်သွားရပြီး လုပ်ကိုင်ကြရတာဖြစ်ပါတယ်။
ကိုယ့် ကုမ္ပဏီရဲ့ လက်ခံထားတဲ့ HR management ပုံစံကို ကိုယ့်အနေနဲ့ မကြိုက်ဘူးဆိုရင်၊ ကိုယ်ကြိုက်တဲ့ပုံစံကို ပြောင်းလဲပစ်နိုင်ဖို့ အတော်ကြိုးစားယူရပါလိမ့်မယ်။
ဒီကိစ္စက အပြောသာလွယ်တာပါ၊ လက်တွေ့မှာ မလွယ်ကူလှပါဘူး။
ဒါကြောင့် အလုပ်တစ်ခုကို မရွေးချယ်ခင်၊ ကိုယ့်လုပ်ရမယ့် ကုမ္ပဏီရဲ့ လက်ခံထားတဲ့ HR management ပုံစံကို အနည်းနဲ့အများ တီးခေါက်မိအောင်လုပ်ယူသင့်ပါတယ်။
ဒီအခါမှာ သူတို့ရဲ့ အလုပ်လုပ်ကိုင်ပုံကို နားလည်လာပြီး ကိုယ်နဲ့ကိုက်ညီတယ် မကိုက်ညီဘူးဆိုတာကို ချင့်ချိန်နိုင်မှာ ဖြစ်ပါတယ်။
ဒီအချက်ကို ပေါ့သေးသေး သဘောမထားပါနဲ့၊ ဒီအချက်ကို ဂရုမစိုက်ခဲ့မိရင် နောက်မှ အလုပ်လုပ်ရတာ အဆင်မပြေဘူး၊ HR ကို ကိုယ်ဖြစ်ချင်တဲ့ပုံစံနဲ့ လုပ်ကိုင်လို့မရဘူး၊ စသဖြင့် မကျေမနပ်ငြီးတွားရတာတွေ ဖြစ်လာနိုင်ပါတယ်။
ကိုယ့်ရဲ့ကုမ္ပဏီမှာ ဘယ်လို HRM ပုံစံမျိုးရှိပါသလဲ။
==========================
အရင်ဆုံး management ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်ကိုအရင်းဆုံးစဉ်းစားကြည့်ရအောင်။
management လုပ်တယ်ဆိုတက structure ကျကျ၊ plan ရှိရှိ၊ formal ဆန်ဆန်၊ targeted way နဲ့ လုပ်ကိုင်ဆောင်ရွက်ကြတာလို့ ပြောလို့ရပါတယ်။ တစ်ခုခုကိုတိတိကျကျသတ်မှတ်ပြီး အောင်မြင်ရရှိအောင်လုပ်ကြရတာဖြစ်ပါတယ်။
management ဆိုတဲ့ စကားလုံးရဲ့ နောက်မှာ institutionalization ဆိုတဲ့ လုပ်ငန်းအဖွဲ့အစည်းကို အတိအကျ ပုံစံချ သတ်မှတ် ဆောင်ရွက်ခြင်း သဘောတွေရှိနေပါတယ်။
Attitude
======
အခုပြောခဲ့တဲ့ အချက်တွေကို တွေးကြည့်ပြီး ကုမ္ပဏီတွေက ဘယ်လို ဖွံဖြိုးတိုးတက်ခဲ့တာလဲ ဆိုတာကို စဉ်းစားကြည့်လို့ရပါတယ်။
ကုမ္ပဏီတစ်ခုကို တည်ထောင်တဲ့အခါမှာ တည်ထောင်သူဆိုတာကတော့ရှိရပါတယ်။ ဘယ်သူက တည်ထောင်ခဲ့တာလဲ ပေါ့လေ။ ဒီ တည်ထောင်သူ founder က အရေးကြီးပါတယ်။ ကုမ္ပဏီတည်ထောင်ကာ အစမှာပဲမဟုတ်ပဲ ကုမ္ပဏီရဲ့ ရာဇဝင်တောက်လျှောက်မှာ အရေးပါပါတယ်။
ဒီတည်ထောင်သူမှာ attitude လို့ခေါ်တဲ့ စိတ်နေသဘောထားတွေရှိပါတယ်။ management နဲ့ပတ်သက်တဲ့ သဘောထားတွေ၊ လူတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတဲ့ သဘောထားတွေရှိကြပါတယ်။
Richard Branson, Bill Gates, Steve Jobs စတဲ့ နာမည်ကြီးတွေနဲ့ သူတို့ကုမ္ပဏီမှာထားတဲ့ သူတို့ရဲ့စိတ်နေသဘောထားတွေကို နားလည်ကြည့်လို့ရပါတယ်။ သူတို့ရဲ့ စိတ်နေသဘောထားတွေက ကုမ္ပဏီအတွင်းမှာ လုပ်တာကိုင်တာတွေအပေါ် သက်ရောက်မှုရှိနေတာကို သတိထားမိနိုင်ပါတယ်။
Culture
======
ကုမ္ပဏီက တဖြေးဖြေးကြီးထွားလာတာနဲ့အမျှ ဒီတည်ထောင်သူတွေက နေရာတိုင်းမှာ မရှိနိုင်တော့ပါဘူး။
ဒီအခါမှာ ကုမ္ပဏီကို သူတို့ဖြစ်ချင်တဲ့ပုံစံအတိုင်းလည်ပတ်နေဖို့အတွက် culture ဆိုတဲ့ ဓလေ့ထုံးစံကို ဖန်တီလာရပါတယ်။ "ငါတို့ဆီမှာတော့ ဒါနဲ့ပတ်သက်ရင် ဒီလိုမျိုးပဲလုပ်ကြတယ်။" ဆိုတဲ့ ဥပမာလိုပါပဲ။
Culture ဆိုတဲ့ သွယ်ဝိုက်သောစည်းမျဉ်းများက ဒီကုမ္ပဏီမှာ ဘယ်အပြုအမူကတော့ ကောင်းတယ်၊ ဘယ်အပြုအမူကတော့ မကောင်းဘူး စသဖြင့် သတ်မှတ်ထားတာဖြစ်ပါတယ်။
ဒီအရာတွေကများသောအားဖြင့် ဒီတည်ထောင်သူတွေရဲ့ စိတ်နေသဘောထားနဲ့ သွားပြီး ချိတ်ဆက်နေတတ်ပါတယ်။
ဒီအချက်ကို နားလည်သဘောပေါက်ဖို့ အရမ်းအရေးကြီးပါတယ်။ ကုမ္ပဏီမှာ စည်းမျဉ်းစည်းကမ်းတွေ မရှိခဲ့ရင်တောင်မှ လူတွေက ဘယ်လိုနေထိုင်ပြောဆိုရမလဲဆိုတာကို နားလည်သဘောပေါက်ကြပါတယ်။
Roles and Structures
===============
ဒါပေမယ့် ကုမ္ပဏီကြီး ကြီးထွားလာပြီဆိုရင်တော့ institutionalize လုပ်ဖို့ လိုအပ်ပါတယ်။ Culture နဲ့တင်မလုံလောက်တော့ပါဘူး။ အထူးသဖြင့် Role တွေ၊ Structure တွေကို သတ်မှတ်ဖို့လိုအပ်လာပါပြီ။
ကုမ္ပဏီက သေးငယ်တုန်းကတော့ ဘယ်သူက ဘယ်အရာတွေနဲ့ပတ်သက်ပြီး အဆုံးအဖြတ်တွေပေးနေသလဲ ဆိုတာကို အလွယ်တကူ နားလည်နိုင်ပေမယ့် ကုမ္ပဏီက ကြီးထွားလာတဲ့အခါမှာ ဘယ်သူက ဘယ်အရာကိုလုပ်မှာလဲ၊ ဘယ်သူက ဘယ်အရာကို အဆုံးအဖြတ်ပေးမှာလဲဆိုတဲ့ role and structure တွေကိုသတ်မှတ်ပေးဖို့လိုအပ်လာပါတယ်။
process တွေအတွက် structure တွေဟာ လိုအပ်လာပါတယ်။ ဥပမာ - ဝန်ထမ်းတစ်ယောက်က business travel တစ်ခုကိုသွားရတော့မယ်ဆိုရင်၊ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ business class က စီးရမှာလား၊ economy class က စီးရမှာလား၊ ဘယ်သူက ဆုံးဖြတ်မှာလဲ။ rules တွေကို သတ်မှတ်ရပါတော့မယ်။
Management Systems
================
အပြိုင်အဆိုင်များတဲ့ အဖွဲ့အစည်းတွေမှာ ခုနက ပြောခဲ့တဲ့ role တွေ၊ structure တွေကို သတ်မှတ်ရုံနဲ့ မလုံလောက်တော့ပါဘူး။
Management System တွေရှိဖို့လိုအပ်ဖို့အပ်လာပါတယ်။ ဥပမာ - Customer Relations Management System တွေ၊ Supply Change Management System တွေ၊ HR Management System တွေက ဥပမာတွေပဲဖြစ်ပါတယ်။
Management System တွေက အရမ်းကိုရှုပ်ထွေးလာပါတယ်။ Process တွေအများကြီးပါဝင်လာပါတယ်။ IT အပိုင်းတွေလည်း အများကြီးပါဝင်လာပါတယ်။
Institutionalization
=============
ဆိုတော့ကား တည်ထောင်သူရဲ့ attitude ကနေ ကုမ္ပဏီရဲ့ culture အဖြစ်ပြောင်းလဲလာပြီးတော့၊ ကုမ္ပဏီကြီးထွားလာတာနဲ့အမျှ role တွေ၊ structure တွေ၊ management system တွေကို သတ်မှတ်ပြီးတော့ လုပ်ဆောင်လာရပါတယ်။
ဒီနေရာကနေစပြီးတော့ institutionalization ဆိုတဲ့အရာကို စတင်လုပ်ဆောင်လာရပါတယ်။ ပုံတွေကို အတိအကျချသတ်မှတ်ပြီး၊ စနစ်တကျလုပ်ဆောင်လာကြရပါတယ်။
ဒီလို institutionalize လုပ်တဲ့အခါမှာ လုပ်ပုံလုပ်နည်းတွေအရ အခြမ်းနှစ်ခြမ်းဖြစ်လာပါတယ်။ ဒါကိုနားလည်ဖို့အတွက် ခုနကပြောခဲ့တဲ့ အလုပ်ကိစ္စနဲ့ ခရီးသွားတဲ့အခါ ဘယ်လိုလက်မှတ်မျိုးဝယ်မရမလဲ ဆိုတဲ့ ဥပမာကိုပြန်ကြရအောင်။
တစ်ချို့ကုမ္ပဏီတွေက business class နဲ့သွားရမလား၊ economy class နဲ့သွားရမလားဆိုတာကို ခရီးသွားရမယ့် ဝန်ထမ်းကပဲ ဆုံးဖြတ်ရပါတယ်။ ကုမ္ပဏီရဲ့ အကျိုးစီးပွားအတွက်လိုအပ်ချက်အပေါ်မှာပဲမူတည်ပြီး ဝန်ထမ်းက စဉ်းစားဆုံးဖြတ်သွားလို့ရပါတယ်။ ဒီလိုကုမ္ပဏီအမျိုးအစားက Agility and Network ဆိုတဲ့အခြမ်းဘက်ကနေ ဖွံဖြိုးတိုးတက်နေတဲ့ ကုမ္ပဏီတွေလို့ ပြောလို့ရပါတယ်။
တစ်ချို့ကုမ္ပဏီတွေကကြတော့ ကိုယ့်ရဲ့ အလုပ်ကိစ္စနဲ့ ခရီးသွားတဲ့ကိစ္စကို ကိုယ့်ရဲ့အထက်အရာရှိက ဆုံးဖြတ်ပြီး ခွင့်ပြုချက်ကိုပေးရပါတယ်။ အရာရာအားလုံးကို အထက်အရာရှိကနေပြီးတော့ အောက်လက်ငယ်သားတွေအတွက် ဆုံးဖြတ်ပေးရပါတယ်။ ဒီလို ကုမ္ပဏီမျိုးတွေကတော့ Hierarchy and Stability ဆိုတဲ့ အခြမ်းဘက်ကနေ ဖွံဖြိုးတိုးတက်နေတဲ့ ကုမ္ပဏီတွေလို့ ပြောလို့ရပါတယ်။
HR Management ပုံစံများ
==================
အခုပြောခဲ့တာတွေကို ဆင်ခြင်သုံးသပ်ပြီး HR Triangle တစ်ခုကိုတည်ဆောက်လို့ရပါတယ်။ ဒီ Triangle အပေါ်မူတည်ပြီး ကုမ္ပဏီတစ်ခုရဲ့ HR Management ပုံစံတွေကို (၃) မျိုးခွဲခြားလိုက်လို့ရပါတယ်။
1️⃣ Hire and Pay
ဒီပုံစံကတော့ တည်ထောင်သူရဲ့ လွှမ်းမိုးမှုများတဲ့ ပုံစံမျိုးလို့ပြောလို့ရပါတယ်။ ဒီပုံစံမှာ role တွေ၊ structure တွေ၊ management system တွေ သတ်မှတ်ထားတာနည်းပါတယ်။
ဝန်ထမ်းကို ခန့်မယ် (Hire)၊ လစာပေးမယ် (Pay)။ ဝန်ထမ်းက သူလုပ်ရမယ့် အလုပ်ကို လုပ်ရမယ့် သဘောမျိုးပါပဲ။ ဒီထက်ပိုပြီး ဘာမှမရှိပါဘူး။ Institutionalization ဆိုတာ လုံးဝမရှိပါဘူး။ Performance Appraisal, Employer Branding, Structured Training and Development စတာတွေ တစ်ခုမှ မရှိပါဘူး။
ဝန်ထမ်းကို ဘာမှာ အကဲဖြတ်စရာ၊ သင်ပေးစရာ မလိုပါဘူး။ လုပ်နိုင်မယ်လို့ ထင်တဲ့သူကို ခန့်ခဲ့တယ်။ မလုပ်နိုင်ဘူးဆိုရင် နောက်တစ်ယောက်ကို ပြောင်းခန့်နာမျိုးကို လုပ်မှာဖြစ်ပါတယ်။
ဒီလိုပုံစံမျိုးမှာ HR ကျွမ်းကျင်သူပညာရှင်တွေလည်း မရှိတတ်ပါဘူး။
2️⃣ Central Planning and Control
ဒီလိုပုံစံမှာတော့ အရာရာအားလုံးကို management ကနေ ဆုံးဖြတ်လုပ်ကိုင်ကြပါတယ်။ ဒီနေရာမှာ HR ဌာနရဲ့ အခန်းကဏ္ဍကကြီးမားလာပါတယ်။ HR ဌာနက အများကြီးတာဝန်ယူလာရပါတယ်။
HR နဲ့ပတ်သက်တဲ့ကိစ္စအားလုံးကို HR ဌာနကပဲ တာဝန်ယူဆုံးဖြတ်ကြရပါတယ်။ လူခန့်ချင်လား။ HR ဌာနကိုလာရပါတယ်။ HR ဌာနကပဲ တာဝန်ယူခန့်ပေးပါတယ်။ ဝန်ထမ်းကို ဖွံဖြိုးတိုးတက်စေချင်သလား။ HR ဌာနကိုလာရပါတယ်။ HR ကပဲ ဝန်ထမ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် စီစဉ်ဆောင်ရွက်ပေးပါတယ်။
HR နဲ့ ပတ်သက်တဲ့ အရာမှန်သမျှကို HR ဌာနကပဲ ဗဟိုဦးစီးပြီး တာဝန်ယူဆောင်ရွက်ပါတယ်။
3️⃣ People-centered Enablement
ဒီပုံစံမှာတော့ ဝန်ထမ်းတွေမှာ empowerment ပိုရလာပါတယ်။ HR နဲ့ ဆိုင်တဲ့ ကိစ္စတွေကို သက်ဆိုင်ရာဝန်ထမ်းကပဲ ကိုယ့်တာဝန် ကိုယ်ယူရပါတယ်။ HR ဌာနက နောက်ကနေပြီး လိုအပ်တာကို ပံ့ပိုးပေးပါတယ်။ Coach လုပ်ပေးတဲ့ သဘောတွေပဲ ရှိပါတော့တယ်။
လူခန့်ချင်လား။ သက်ဆိုင်ရာလိုင်းမန်နေဂျာက ကိုယ့်ဘာသာ ကိုယ့်အတွက်သင့်တော်မယ့်သူကို တာဝန်ယူပြီး ခန့်ကြရပါတယ်။ အကူအညီလိုတာကို HR ဌာနကပံ့ပိုးပေးပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဖွံ့ဖြိုးတိုးတက်ချင်ပါသလား။ ဝန်ထမ်းကပဲ ကိုယ့်ဘာသာကိုယ်အစပြုလုပ်ဆောင်ရပါတယ်။ လိုအပ်တာတွေကို HR က ပံ့ပိုးပေးပါတယ်။
ဆိုလိုချင်တာကတော့ လူတွေနဲ့ဆိုင်တဲ့ ကိစ္စတိုင်းမှာ လူတွေကပဲ ကိုယ့်ဘာသာကိုယ်တာဝန်ယူပြီး လုပ်ကိုင်ဆောင်ရွက်ရတာမျိုးဖြစ်ပါတယ်။
တစ်ခုတော့ရှိတယ်။ အခုပြောခဲ့တဲ့ ပုံစံတွေက နေ့စဉ် HR ဌာနကလုပ်တဲ့ Administration ကိစ္စတွေကိုဆိုလိုတာမဟုတ်ပါဘူး။ လူတွေအားလုံးနဲ့ဆိုင်တဲ့၊ ကုမ္ပဏီရဲ့ အနာဂတ်စီးပွားရေးဆိုင်ရာကိစ္စတွေကို ရိုက်ခက်လာမယ့် ကိစ္စတွေကို ဆိုလိုတာဖြစ်ပါတယ်။
အကျဉ်းအားဖြင့်ပြောရရင် မဟာဗျူဟာဆိုင်ရာ HR management ပုံစံ (၃) မျိုးရှိပြီးတော့၊ အဲ့ဒါတွေက (၁) Hire and Pay, (၂) Central Planning and Control, နဲ့ (၃) People-centered Enablement ဖြစ်ပါတယ်။
ကိုယ်အလုပ်လုပ်မယ့်ကုမ္ပဏီက ဘယ်လို HR management ပုံစံကို ကျင့်သုံးနေလဲ
==========================
ဒါတွေကို နားလည်ပြီဆိုရင် "ကုမ္ပဏီတစ်ခုမှာ HR အနေနဲ့ဝင်လုပ်တော့မယ်ဆိုရင် ဘာကိုသတိထားသင့်လဲ။" ဆိုတဲ့မေးခွန်းရဲ့ အဖြေကို နားလည်သဘောပေါက်နိုင်ပါပြီ။
ကိုယ်လုပ်တဲ့ ကုမ္ပဏီက လက်ခံထားတဲ့ HR management ပုံစံကို နားလည်သဘောပေါက်ဖို့လိုပါတယ်။ HR သမားတွေက ကိုယ်လုပ်ချင်တာတွေကို လက်တွေ့မှာ တကယ်မလုပ်နိုင်ပါဘူး။ကိုယ်လုပ်တဲ့ ကုမ္ပဏီက လက်ခံထားတဲ့ HR management ပုံစံမှာပဲ စီးဝင်သွားရပြီး လုပ်ကိုင်ကြရတာဖြစ်ပါတယ်။
ကိုယ့် ကုမ္ပဏီရဲ့ လက်ခံထားတဲ့ HR management ပုံစံကို ကိုယ့်အနေနဲ့ မကြိုက်ဘူးဆိုရင်၊ ကိုယ်ကြိုက်တဲ့ပုံစံကို ပြောင်းလဲပစ်နိုင်ဖို့ဆိုတာလက်တွေ့မှာ မလွယ်ကူလှပါဘူး။
ဒါကြောင့် အလုပ်တစ်ခုကို မရွေးချယ်ခင်၊ ကိုယ့်လုပ်ရမယ့် ကုမ္ပဏီရဲ့ လက်ခံထားတဲ့ HR management ပုံစံကို အနည်းနဲ့အများ တီးခေါက်မိအောင်လုပ်ယူသင့်ပါတယ်လို့ အကြံပေးချင်တာဖြစ်ပါတယ်။
အခုရှင်းပြခဲ့တဲ့အရာတွေကို ဖတ်ရှူနားလည်သဘောပေါက်ပြီး အကျိုးတစ်ခုခုရမယ်လို့ မျှော်လင့်ပါတယ်။
~KC~
Inspired by Prof. Armin Trost
No comments:
Post a Comment