Friday, August 28, 2020

ငါးပင္စိမ္းအုန္းနို့ခ်က္ဟင္း_သက္သတ္လြတ္ ငံျပာရည္ခ်က္_မၽွစ္ကုန္းေဘာင္ေၾကာ္

ငါးပင်စိမ်းအုန်းနို့ချက်ဟင်း
-----------------------------------


ပါဝင်ပစ္စည်းများ
ကကတစ်ငါး  -  ၁ ကောင်
ကြက်သွန်နီ  -  ၁ လုံး
ကြက်သွန်ဖြူ  -  ၅ တက်
စပါးလင်  -  ၂ ချောင်း
ငရုတ်သီးအနီ  -  ၅ တောင့်
ခရမ်းကြွပ်သီး  -  ၃ လုံး
ရုံးပတီသီး  -  ၃ တောင့်
ခရမ်းချဉ်သီး  -  ၁ လုံး
ပင်စိမ်း  -  လိုအပ်သလို
ဆီ  -  စားပွဲဇွန်း ၃ ဇွန်း
နနွင်းမှုန့်  -  အနည်းငယ်
ငရုတ်နှစ်  -  အနည်းငယ်
သကြား၊ ဆား၊                               }   လိုအပ်သလို
ငရုတ်ကောင်း၊ ငံပြာရည်
အုန်းနို့  -  စားပွဲဇွန်း ၅ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်
 ငါးကို အကွင်းလိုက် အနေတော်လှီးဖြတ်ပြီး နနွင်း၊ ဆား၊ ငရုတ် ကောင်း၊ ငံပြာရည်တို့ဖြင့် အရသာ နယ်ထားပေးပါ။ ခရမ်းကြွပ်သီး၊ ရုံးပတီသီး၊ ခရမ်း ချဉ်သီး၊ စပါးလင်တို့ကို အနေတော်လှီးဖြတ်ထားပေးပါ။ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို နုပ်နုပ်စဉ်းပြီး နနွင်းမှုန့်၊ ငရုတ်နှစ်
တို့ဖြင့် ဆီသတ်ပေးပါ။ အနံ့မွှေး သွားပြီဆိုရင်တော့ စပါးလင်နှင့် ငါးထည့် ပါ။ ငါးအနံ့ မွှေးလာပြီဆိုရင်တော့ ရေနှင့် အုန်းနို့ကို လိုအပ်သလို ထည့်ပေး ပါ။ လိုအပ်သောအရသာနှင့် အသီးအနှံများ ထည့်ပြီး အားလုံးကျက်သည် အထိ ချက်ပေးပါ။ ငါးနှင့် အသီးအနှံများ ကျက်ပြီး လိုအပ်သောအရသာ ရပြီဆိုရင်တော့ ပင်စိမ်းထည့်ကာ ပန်းကန်ပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
----------------------------
Eant Wint Htut

သက်သတ်လွတ် ငံပြာရည်ချက်
--------------------------------------


 ဒါလေးကတော့ ငါးပိ၊ ငံပြာရည်မပါရင် ထမင်းမမြိန်တတ်တဲ့သူတွေအတွတ် အတော်လေးအဆင်ပြေစေတဲ့ သက်သတ် လွတ်အရံဟင်းတစ်မည်ပါရှင်။

ပါဝင်ပစ္စည်းများ
သကြား  -  စားပွဲဇွန်း ၂ ဇွန်း
ဆား  -  စားပွဲဇွန်း ၁ ဇွန်း
ဆီ  -  ၂ ကျပ်ခွဲသား
ငရုတ်ခွဲခြမ်း  -  စားပွဲဇွန်း ၂ ဇွန်း
ကြက်သွန်နီကြော်  -  အကြမ်းပန်းကန် ၁ လုံးခွဲ
ကြက်သွန်ဖြူ  -  ၂ ဥ
နနွင်း  -  အနည်းငယ်
အရသာမှုန့်  -  အနည်းငယ်

ချက်နည်း
 အရင်ဆုံး ဆားကို ပြာလာသည်အထိ လှော်ပြီး ဆယ်ထားပါ။ ဒယ်အိုးပူထဲ သကြားထည့်ပြီး လှော်ပါ။သကြားတွေ အရည်ပျော်ပြီး ညိုလာလျှင်  လှော်ထား
သော ဆားပြန်ထည့်ပါ။ ရေနွေးအကြမ်း ပန်းကန် ၃ လုံးခန့် ထည့်ပြီး ပွက်ပွက် ဆူလာလျှင် မီးဖိုပေါ်မှ ချထားပါ။ ငံပြာရည်ရပါပြီ။ ကြက်သွန်ဖြူကို ထောင်းပြီး နနွင်းအနည်းငယ်နှင့်အတူ ဆီသတ်ပါ။ မွှေးပြီး အရောင်ပြောင်းလာလျှင် ငရုတ်ခွဲ ခြမ်း ထည့်ပါ။ ကျိုထားသော ငံပြာရည်ထည့်ပါ။ ကြက်သွန်နီကြော်များ ခြေထည့်ပါ။ အရသာမှုန့်အနည်းငယ်ထည့်ပါ။ မပျစ်မကျဲ အနေထားရရင် ရပါပြီ။
---------------------------
ပန်းခရေ

မျှစ်ကုန်းဘောင်ကြော်
----------------------------


 လွယ်ကူပြီး လျင်မြန်တယ်။ မျှစ်ကြိုက်တဲ့သူ တွေလည်း အခုလို ကြော်စားပြီးရင်တော့ မျှစ်ကိုပိုပြီး ကြိုက်နှစ်သက်လာပါလိမ့်မယ်။ အသားလည်းမပါတဲ့ သက်သက်လွတ်  မျှစ်ကုန်းဘောင်လေး ကြည့်ရ အောင်…

ပါဝင်ပစ္စည်းများ
မျှစ်  -  ၂၅၀ ဂရမ်
ငရုတ်သီးအခြောက်တောင့်  -  ၇ တောင့်
မုန်လာဥနီ  -  ၁၅ ဂရမ်
မှို  -  ၁၅ ဂရမ်
ပဲငံပြာရည်အကြည်  -  စားပွဲဇွန်း ၁ ဇွန်း
ပဲငံပြာရည်အနောက်  -  စားပွဲဇွန်း ၁ ဇွန်း
ဆား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
သကြား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နာနတ်ပွင့်  -  ၂ ပွင့်
ကြက်သွန်နီ  -  ၂၅ ဂရမ်
ကြက်သွန်ဖြူ  -  ၃ ဂရမ်
ငရုတ်ပွ  -  ၁၀ ဂရမ်
ဆီ  -  စားပွဲဇွန်း ၃ ဇွန်း

ပြုလုပ်နည်း
 ကြက်သွန်ဖြူကို နုပ်နုပ်စဉ်း၊ ကြက်သွန်နီကို ပါးပါးလှီး၊ မုန်လာဥနီ၊ ပဲသီး၊ မျှစ်၊ ငရုတ်ပွတို့ကို မိမိတို့ စိတ်ကြိုက်ပုံစံလေးတွေ လှီးပြီး ရေစင်စင်ဆေးထား ပါ။ ပြီးလျှင် မီးဖိုပေါ်မှ ဒယ်အိုးထဲ ဆီထည့်ပါ။ ပြီးလျှင် နာနတ်ပွင့်နှင့် ငရုတ်သီးအခြောက်တောင့်ကို ထည့် ကြော်ပါ။ ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မျှစ်၊ မုန်လာဥနီ၊ မှို၊ ငရုတ်ပွ၊ ဆား၊ သကြား၊ ပဲငံပြာရည် အကြည်၊ အနောက်တို့ကိုထည့်ပြီး မီးပြင်းပြင်းနဲ့ ကြော်ပေးပါ။ အကုန်လုံးသမသွားပြီဆိုရင်တော့ ကြက်သွန်မြိတ်ဖြူးပြီး အနံ့အရသာနဲ့ ပြည့်စုံတဲ့ မျှစ်ကုန်းဘောင်ကြော်လေး ရပါပြီ။
--------------------------
Shwe Min Eain

(Zawgyi)



ငါးပင္စိမ္းအုန္းနို့ခ်က္ဟင္း
-----------------------------------
ပါဝင္ပစၥည္းမ်ား
ကကတစ္ငါး  -  ၁ ေကာင္
ၾကက္သြန္နီ  -  ၁ လုံး
ၾကက္သြန္ျဖဴ  -  ၅ တက္
စပါးလင္  -  ၂ ေခ်ာင္း
င႐ုတ္သီးအနီ  -  ၅ ေတာင့္
ခရမ္းႂကြပ္သီး  -  ၃ လုံး
႐ုံးပတီသီး  -  ၃ ေတာင့္
ခရမ္းခ်ဥ္သီး  -  ၁ လုံး
ပင္စိမ္း  -  လိုအပ္သလို
ဆီ  -  စားပြဲဇြန္း ၃ ဇြန္း
နႏြင္းမွုန႔္  -  အနည္းငယ္
င႐ုတ္ႏွစ္  -  အနည္းငယ္
သၾကား၊ ဆား၊                               }   လိုအပ္သလို
င႐ုတ္ေကာင္း၊ ငံျပာရည္
အုန္းနို့  -  စားပြဲဇြန္း ၅ ဇြန္း

ျပဳလုပ္ပုံအဆင့္ဆင့္
 ငါးကို အကြင္းလိုက္ အေနေတာ္လွီးျဖတ္ၿပီး နႏြင္း၊ ဆား၊ င႐ုတ္ ေကာင္း၊ ငံျပာရည္တို့ျဖင့္ အရသာ နယ္ထားေပးပါ။ ခရမ္းႂကြပ္သီး၊ ႐ုံးပတီသီး၊ ခရမ္း ခ်ဥ္သီး၊ စပါးလင္တို့ကို အေနေတာ္လွီးျဖတ္ထားေပးပါ။ ၾကက္သြန္ျဖဴႏွင့္ ၾကက္သြန္နီတို့ကို ႏုပ္ႏုပ္စဥ္းၿပီး နႏြင္းမွုန႔္၊ င႐ုတ္ႏွစ္
တို့ျဖင့္ ဆီသတ္ေပးပါ။ အနံ့ေမႊး သြားၿပီဆိုရင္ေတာ့ စပါးလင္ႏွင့္ ငါးထည့္ ပါ။ ငါးအနံ့ ေမႊးလာၿပီဆိုရင္ေတာ့ ေရႏွင့္ အုန္းနို့ကို လိုအပ္သလို ထည့္ေပး ပါ။ လိုအပ္ေသာအရသာႏွင့္ အသီးအႏွံမ်ား ထည့္ၿပီး အားလုံးက်က္သည္ အထိ ခ်က္ေပးပါ။ ငါးႏွင့္ အသီးအႏွံမ်ား က်က္ၿပီး လိုအပ္ေသာအရသာ ရၿပီဆိုရင္ေတာ့ ပင္စိမ္းထည့္ကာ ပန္းကန္ျပင္ၿပီး သုံးေဆာင္နိုင္ပါၿပီ။
----------------------------
Eant Wint Htut

သက္သတ္လြတ္ ငံျပာရည္ခ်က္
--------------------------------------
 ဒါေလးကေတာ့ ငါးပိ၊ ငံျပာရည္မပါရင္ ထမင္းမၿမိန္တတ္တဲ့သူေတြအတြတ္ အေတာ္ေလးအဆင္ေျပေစတဲ့ သက္သတ္ လြတ္အရံဟင္းတစ္မည္ပါရွင္။

ပါဝင္ပစၥည္းမ်ား
သၾကား  -  စားပြဲဇြန္း ၂ ဇြန္း
ဆား  -  စားပြဲဇြန္း ၁ ဇြန္း
ဆီ  -  ၂ က်ပ္ခြဲသား
င႐ုတ္ခြဲျခမ္း  -  စားပြဲဇြန္း ၂ ဇြန္း
ၾကက္သြန္နီေၾကာ္  -  အၾကမ္းပန္းကန္ ၁ လုံးခြဲ
ၾကက္သြန္ျဖဴ  -  ၂ ဥ
နႏြင္း  -  အနည္းငယ္
အရသာမွုန႔္  -  အနည္းငယ္

ခ်က္နည္း
 အရင္ဆုံး ဆားကို ျပာလာသည္အထိ ေလွာ္ၿပီး ဆယ္ထားပါ။ ဒယ္အိုးပူထဲ သၾကားထည့္ၿပီး ေလွာ္ပါ။သၾကားေတြ အရည္ေပ်ာ္ၿပီး ညိဳလာလၽွင္  ေလွာ္ထား
ေသာ ဆားျပန္ထည့္ပါ။ ေရေႏြးအၾကမ္း ပန္းကန္ ၃ လုံးခန႔္ ထည့္ၿပီး ပြက္ပြက္ ဆူလာလၽွင္ မီးဖိုေပၚမွ ခ်ထားပါ။ ငံျပာရည္ရပါၿပီ။ ၾကက္သြန္ျဖဴကို ေထာင္းၿပီး နႏြင္းအနည္းငယ္ႏွင့္အတူ ဆီသတ္ပါ။ ေမႊးၿပီး အေရာင္ေျပာင္းလာလၽွင္ င႐ုတ္ခြဲ ျခမ္း ထည့္ပါ။ က်ိဳထားေသာ ငံျပာရည္ထည့္ပါ။ ၾကက္သြန္နီေၾကာ္မ်ား ေျခထည့္ပါ။ အရသာမွုန႔္အနည္းငယ္ထည့္ပါ။ မပ်စ္မက်ဲ အေနထားရရင္ ရပါၿပီ။
---------------------------
ပန္းခေရ

မၽွစ္ကုန္းေဘာင္ေၾကာ္
----------------------------
 လြယ္ကူၿပီး လ်င္ျမန္တယ္။ မၽွစ္ႀကိဳက္တဲ့သူ ေတြလည္း အခုလို ေၾကာ္စားၿပီးရင္ေတာ့ မၽွစ္ကိုပိုၿပီး ႀကိဳက္ႏွစ္သက္လာပါလိမ့္မယ္။ အသားလည္းမပါတဲ့ သက္သက္လြတ္  မၽွစ္ကုန္းေဘာင္ေလး ၾကည့္ရ ေအာင္…

ပါဝင္ပစၥည္းမ်ား
မၽွစ္  -  ၂၅၀ ဂရမ္
င႐ုတ္သီးအေျခာက္ေတာင့္  -  ၇ ေတာင့္
မုန္လာဥနီ  -  ၁၅ ဂရမ္
မွို  -  ၁၅ ဂရမ္
ပဲငံျပာရည္အၾကည္  -  စားပြဲဇြန္း ၁ ဇြန္း
ပဲငံျပာရည္အေနာက္  -  စားပြဲဇြန္း ၁ ဇြန္း
ဆား  -  လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း
သၾကား  -  လက္ဖက္ရည္ဇြန္း ၁ ဇြန္း
နာနတ္ပြင့္  -  ၂ ပြင့္
ၾကက္သြန္နီ  -  ၂၅ ဂရမ္
ၾကက္သြန္ျဖဴ  -  ၃ ဂရမ္
င႐ုတ္ပြ  -  ၁၀ ဂရမ္
ဆီ  -  စားပြဲဇြန္း ၃ ဇြန္း

ျပဳလုပ္နည္း
 ၾကက္သြန္ျဖဴကို ႏုပ္ႏုပ္စဥ္း၊ ၾကက္သြန္နီကို ပါးပါးလွီး၊ မုန္လာဥနီ၊ ပဲသီး၊ မၽွစ္၊ င႐ုတ္ပြတို့ကို မိမိတို့ စိတ္ႀကိဳက္ပုံစံေလးေတြ လွီးၿပီး ေရစင္စင္ေဆးထား ပါ။ ၿပီးလၽွင္ မီးဖိုေပၚမွ ဒယ္အိုးထဲ ဆီထည့္ပါ။ ၿပီးလၽွင္ နာနတ္ပြင့္ႏွင့္ င႐ုတ္သီးအေျခာက္ေတာင့္ကို ထည့္ ေၾကာ္ပါ။ ၿပီးလၽွင္ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ မၽွစ္၊ မုန္လာဥနီ၊ မွို၊ င႐ုတ္ပြ၊ ဆား၊ သၾကား၊ ပဲငံျပာရည္ အၾကည္၊ အေနာက္တို့ကိုထည့္ၿပီး မီးျပင္းျပင္းနဲ႔ ေၾကာ္ေပးပါ။ အကုန္လုံးသမသြားၿပီဆိုရင္ေတာ့ ၾကက္သြန္ၿမိတ္ျဖဴးၿပီး အနံ့အရသာနဲ႔ ျပည့္စုံတဲ့ မၽွစ္ကုန္းေဘာင္ေၾကာ္ေလး ရပါၿပီ။
--------------------------
Shwe Min Eain

No comments: