Friday, July 10, 2015

ART medicines price ဆေးဈေး



 ART medicines price ဆေးဈေး

ဆရာရဲ့ ART နှင့် နယ်စပ်တိုက်ပွဲအကြောင်း facebook မှာ ဖတ်ရတယ်ဆရာ။ ဘာကြောင့် ART ဆေးက ဒီလောက် ခဲယဉ်းတာလဲဆရာ။ ကျန်တဲ့ဆေးတွေလို အလွယ်တကူ ဘာဖြစ်လို့ ဝယ်လို့မရသေးတာလဲ။

ဆေးထုတ်လုပ်မှုမှာ ကုန်ကြမ်းပစ္စည်း ရှားပါးလို့လား။ ဒါမျိုးကျ ဆေးကုမ္ပဏီတွေကလဲ ဒီဆေးမှဘာကြောင့် အပြိုင်ဆိုင် မကြော်ငြာကြ မထုတ်ကြလည်း မသိဘူးနော်။ ရှင်းပြစေချင်ပါတယ်ဆရာ။

ခေါင်းစဉ်အရ နယ်စပ်တိုက်ပွဲကြောင့် ထိုင်းဖက်ကနေ ဆေးအပါအဝင် ကုန်တွေ မလာနိုင်လို့ဖြစ်ပါတယ်။ HIV အတွက် ART ဆေးကို တချို့နေရာတွေမှာ အခမဲ့ပေးပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက HIV ဆေးတွေကို ပြိုင်ဆိုင်ထုတ်လုပ်လာခဲ့တယ်။ တက်ကြွလှုတ်ရှားသူတွေကနေ အစိုးရနဲ့ ဆေးကုမ္ပဏီတွေအပေါ် ဆေးနာမည်ရင်းအတိုင်း ထုတ်ဖို့နဲ့ ဈေးနှုန်းသက်သာဖို့ရာ ဖိအားတွေပေးနေကြတယ်။ အဲဒီကျေးဇူးနဲ့ အခုနေအခါ မချမ်းသာသေးတဲ့ တိုင်းပြည်တွေက လူနာတွေပါ လက်လှမ်းမီလာကြပါတယ်။ လူနာပေါင်း ၈ သန်းလောက်က ART ဆေးလိုနေကြတယ်။

တိုးတက်မှု သိသိသာသာ ရှိလာတာ မှန်ပေမယ့် လိုအပ်ချက်တွေက များနေဆဲဖြစ်တယ်။ ပိုပြီးထိရောက်တဲ့ဆေးကို ချမ်းသာတဲ့ နိုင်ငံတွေမှာပဲ လက်လှမ်းမီနေတယ်။ ၁၉၉၆ ခုနှစ်မှာ HAART ခေါ်တာကိုသုံးခဲ့တယ်။

AIDS ဖြစ်လာမှာကို နှေးစေတယ်။ အဲတာကို ချမ်းသာတဲ့ နေရာတွေမှာသာ ရနိုင်ခဲ့တယ်။ နောက် ၄ နှစ်နေတော့ အဲဒီနေရာတွေမှာ ၈၄% ကျဆင်းသွားခဲ့တယ်။ လူတယောက်စာ antiretroviral drugs (ARVs) ဆေးက ဒေါ်လာ ၁ဝဝဝဝ ကနေ ၁၅ဝဝဝ ကုန်ကျတယ်။ HAART ပေါ်ပြီးနောက် ၅ နှစ်နေတော့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေရဲ့ ၂% မှာဆေးရလာတယ်။

၂ဝဝ၁ မှာ အိန္ဒိယဆေးကုမဏီ Cipla ကနေ ဈေးချိုတာကို ဒေါ်လာ ၃၅ဝ နဲ့ ထုတ်ပေးနိုင်လာပါတယ်။ ဈေးပြိုင်ဆိုင်မှုတွေ ဖြစ်လာတယ်။ Clinton Foundation ကလင်တန်ဖေါင်ဒေးရှင်းနဲ့ ဆင်းရဲတဲ့ တိုင်းပြည်တချို့က အစိုးရတွေကနေ လုံးပမ်ကြတယ်။ ၂ဝဝ၁ နှစ်လည်မှာ အိန္ဒိယကနေ ဆေးသုံးမျိုးတွဲကို လူတယောက်စာ တနှစ်တွက် ဒေါ်လာ ၂၉၅ နဲ့ ထုတ်ပေးလာနိုင်တယ်။

၂ဝ၁၃ မှာ ပျမ်းမျှဆေးတန်ဖိုး = $115 per patient per year (PPY) နဲ့ ဒုတိယတန်းစားဆေးကို = $330 PPY နဲ့ ရလာတယ်။ တတိယတန်းစားဆေးက = $1500 PPY ကျော်သေးတယ်။ ၃ မျိုးတွဲဆေးဆိုတာ stavudine (d4T) +lamivudine (3TC) +nevirapine (NVP) ဖြစ်ပါတယ်။ Fixed dose combination (FDC) လို့လည်းခေါ်တယ်။

၂ဝဝ၈ UNAIDS အစီရင်ခံစာအရ HIV အများအပြားဖြစ်နေတဲ့တိုင်းပြည် ၉၄% နဲ့ ကပ်ရောဂါလိုဖြစ်နေတဲ့တိုင်းပြည် ၆၁% မှာ ဆေးရနေကြပြီလို့သိရတယ်။

၂ဝဝ၅ ခုနှစ် ဧပြီလမှာ AIDS Medicines and Diagnostics Service (AMDS) ကနေ Global Price Reporting Mechanism (GPRM) ဆေးဈေးအစီရင်ခံခြင်းစနစ်ကို စလုပ်လာနိုင်တယ်။

• Etravirine (Intelence) = $1,028-= $1,112
• Efavirenz (Sustiva) = $863-$965
• Nevirapine (Viramune) = $770-$852
• Lamivudine/Zidovudine (Combivir) = $922-$994
• Emtricitabine and tenofovir (Truvada) = $1,309-$1,411
• Abacavir (Ziagen) = $600-$619 - $234-$438
• Fosamprenavir (Lexiva) = $1,021-$1,113
• Ritonavir (Norvir) = $530-$586
• Darunavir (Prezista) = $1,279-$1,383
• Atazanavir (Reyataz) = $1,288-$1,393
• Enfuvirtide (Fuzeon) = $3,172-$3,434
• Maraviroc (Selzentry) = $2,458-$2,660
• Raltegravir (Isentress) = $1,224-$1,325
• Abacavir, dolutegravir, and lamivudine (Triumeq) = $2,237-$2,422
ဒေါက်တာတင့်ဆွေ (၈-၇-၂ဝ၁၅)
ဒေါက်တာတင့်ဆွေ - ART medicines price ဆေးဈေး

သြစတြေးလျတွင် သွားဆေးခန်းပြခဲ့သူ လူနာ ၁၁,၀၀၀ HIV ပိုး ကူးစက်ခံရမည်ကို စိုးရိမ်နေရ

သြစတြေးလျနိုင်ငံတွင် သွားဆေးခန်းပြခဲ့သည့် လူနာပေါင်း ၁၁,၀၀၀ အထိသည် HIV ပိုး ကူးစက်ခံရနိုင်ဖွယ် ရှိခဲ့သောကြောင့် ၎င်းတို့အား စစ်ဆေးမှုများ ပြုလုပ်ပေးရန် ဇူလိုင် ၂ ရက်တွင် ဆရာဝန်များကို တောင်းဆိုခဲ့သည်။ ဆစ်ဒနီရှိ ဆေးခန်းများတွင် သန့်ရှင်းရေး စည်းမျဉ်းများကို ချိုးဖောက်ခဲ့သောကြောင့် HIV နှင့် အသည်းရောင်ရောဂါပိုးများ ကူးစက်ခံရနိုင်သည်ဟု စိုးရိမ်နေကြသည်။

နယူးဆောက်သ်ဝေး ကျန်းမာရေးဌာနက သွားဘက်ဆိုင်ရာ ဆရာဝန် ၁၂ ဦးကို သန့်ရှင်းရေး ညံ့ဖျင်းမှုနှင့် ကိရိယာများကို ပိုးသတ်ရာ၌ ညံ့ဖျင်းမှုတို့ဖြင့် စွဲချက်တင်ထားပြီး လူနာများကို ကြိုတင်ကာကွယ်မှု အနေဖြင့် HIV ပိုးအပြင် အသည်းရောင်အသားဝါ အေ၊ ဘီနှင့် စီပိုး စစ်ဆေးမှုများ ပြုလုပ်ရန် အကြံပြုထားသည်။

နယူးဆောက်သ်ဝေး ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဂျရမီမက်အန်နယ်တီက ယခုထိ ရောဂါပိုး ကူးစက်ခံရသူ မတွေ့သေးကြောင်းနှင့် ကူးစက်နိုင်ခြေမှာ နည်းပါးကြောင်း ပြောကြားခဲ့သည်။ သို့သော် သူက ကြီးကျယ်သော သွားဘက်ဆိုင်ရာ ကုသမှု ခံယူခဲ့သူများ အနေဖြင့် စိုးရိမ်ရသည်ဟု ဆိုသည်။

သူက “ရောဂါဖြစ်တဲ့ အထောက်အထား မတွေ့သေးတာနဲ့ ရောဂါကူးစက်ခံရတဲ့ အထောက်အထား မတွေ့သေးတာဟာ အရေးကြီးပါတယ်။ ဒါပေမဲ့ အဲဒီဆေးခန်းတွေမှာ ရောဂါပိုး ကူးစက်မှု မရှိအောင် ထိန်းချုပ်ခြင်းနဲ့ ပတ်သက်ပြီး ပြဿနာတွေရှိကြောင်း အစီရင်ခံမှုတွေကြောင့် ကျွမ်းကျင်ပညာရှင်တွေက စိုးရိမ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

သူက “ကူးစက်မှုတွေ မရှိပါစေနဲ့လို့ မျှော်လင့်ပါတယ်။ အန္တရာယ်ကတော့ နည်းပါးတယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ လူတွေအနေနဲ့ သူတို့ရဲ့ အနေအထားကို သိရတာ အကောင်းဆုံးပါပဲ။ ရောဂါပိုးတွေအတွက် ကုသမှု အမြန်ရနိုင်လို့ပါ” ဟုလည်း ပြောကြားခဲ့သည်။ သွားဆေးခန်းများတွင် ကိရိယာများအား စနစ်တကျ ပိုးသတ်သန့်စင်ခြင်း မရှိသောကြောင့် သွားဖုံးမှနေ၍ ရောဂါကူးစက်မည်ကို စိုးရိမ်ခြင်းဖြစ်သည်။
Ref:AFP

HIV နှင့် စီပိုး ပူးတွဲလူနာများအား ပထမဆုံး အကြိမ် အခမဲ့ ဆေးဝါး ကုသမှုပေးမည်

မြန်မာနိုင်ငံရှိ HIV နှင့် အသည်းရောင် အသားဝါ (စီ) ရောဂါပိုးတို့ ပူးတွဲ ခံစားနေရသည့် လူနာများအား ပထမဆုံး အကြိမ် အခမဲ့ဆေးဝါး ကုသမှုပေးမည် ဖြစ်ကြောင်း MSF Holland ထံမှ သိရသည်။

မြန်မာ၊ အိန္ဒိယ၊ အီရန်၊ ယူကရိန် အပါအ၀င် နိုင်ငံ ခုနစ်နိုင်ငံရှိ HIV နှင့် စီပိုး ပူးတွဲ လူနာများအား ဆေးဝါး ကုသမှုပေးရန် သုံးနှစ် စီမံကိန်းချမှတ်ပြီး UNAIDS မှ (၅) မီလီယံ ထောက်ပံ့ကြောင်း သိရသည်။

“HIV ပိုးရှိတဲ့သူမှာ စီပိုးဝင်လာရင် သာမာန်စီပိုး ကူးစက်ခံရတဲ့ သူနဲ့မတူဘူး။ ကုသရတာ အလွန်တရာမှ ခက်ခဲတယ်။ သိန်းရာကျော် ကုန်ကျတယ်။ စီပိုးရှိမရှိ ဆေးစစ်ဖို့တောင် ကုန်ကျစရိတ်တွေ အများကြီး ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ အဖွဲ့တွေ ပူးပေါင်းပြီး ဆောင်ရွက်မယ်။ ဈေးကြီးတဲ့ ဆေးတွေကို ဈေးနည်းနည်း ရအောင်လည်း ဆောင်ရွက်သွားမယ်” ဟု MSF Halland မှ ဒေါက်တာလင်းထက်က ပြောသည်။

ထိုသို့ ဆေးဝါး ကုသမှုအား HIV နှင့် စီပိုး ပူးတွဲ လူနာများထဲမှ ၂၀၁၅ ခုနှစ်တွင် (၅၀) ဦး၊ ၂၀၁၆ ခုနှစ်တွင် (၁၂၀) ဦး၊ ၂၀၁၇ ခုနှစ်တွင် (၁၂၀) ဦး တို့ကို ကုသမှု ပြုလုပ်ရန် လျာထားကြောင်း သိရသည်။
“၂၀၁၆ နှစ် စပိုင်းလောက်မှာမှ စလုပ်ဖြစ်မယ် ထင်တယ်။ ကျွန်တော်တို့မှာရှိတဲ့ အင်အားနဲ့ လူနာ ဘယ်နှယောက် ကုမလဲဆိုတာ ပြန်စဉ်းစားရမှာ ဖြစ်တယ်။ ဖြစ်တဲ့ လူနာကတော့ အများကြီးပဲ။ အဲဒီအထဲမှာ ဘယ်လောက် ကုပေးမလဲ ဆိုတာ ကိုယ့်ရဲ့ ၀န်ထမ်း အင်အားရယ်၊ ခွင့်ပြုချက်ရယ်၊ ဆေးတွေ ဘယ်အချိန် ရောက်လာမလဲ ဆိုတဲ့ အပေါ် မူတည်တယ်။ စလုပ်တဲ့အခါ ဒီပရိုဂရမ်က ဘယ်လောက်ထိ အဆင်ပြေ ချောမွေ့သလဲ ဆိုတဲ့အပေါ် မူတည်ပြီး၊ အရေအတွက် တိုးပြီး လုပ်ဖို့ရှိပါတယ်” ဟု ဒေါက်တာ လင်းထက်က ပြောသည်။

လက်ရှိတွင် အဆိုပါ စီမံကိန်းအား အကောင်ထည်ဖော် ဆောင်ရွက်ရန် အတွက် ကျန်းမာရေး ၀န်ကြီးဌာနထံ ခွင့်ပြုချက် တောင်းခံထားပြီး၊ ခွင့်ပြုချက် ရသည်နှင့် HIV နှင့် စီပိုး ပူးတွဲ လူနာများထဲမှာ အသည်း ပျက်စီးမှုများသူနှင့် အသည်းခြောက်သူများအား ဦးစားပေး ကုသသွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မနှစ်က HIV နဲ့ပတ်သက်တဲ့ ဖိုရမ် လုပ်တုန်းက တက်ရောက် လာသူတွေက HIV ကူးစက် ရောဂါ ရှိသူတွေကို စီပိုးရှိမရှိ သွေးစစ်ဆေးမှု ပြုလုပ်ဖို့ အတွက်ကိုပဲ ငွေကြေး ကုန်ကျမှုတွေ အများကြီး ရှိတယ်။ အဲဒီအတွက် ကုသမှုကို လက်လှမ်းမီရ ရှိဖို့ရယ်၊ ဆေးဝါးတွေကို သက်သက် သာသာနဲ့ရရှိရင် သူတို့ ကုသချင်ပါတယ်လို့ ပြောကြတယ်” ဟု HIV Positive ဖြင့် နေထိုင်သူများ အဖွဲ့မှ အကြီးတန်း အရာရှိ ဦးမင်းဆန်းထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် HIV ကူးစက်ရောဂါ ခံစားနေရသူ နှစ်သိန်းခန့်ရှိပြီး၊ ထိုအထဲမှ (၁၅) ရာခိုင်နှုန်းခန့်မှာ အသည်းရောင် အသားဝါ (စီ)ပိုးကိုပါ ပူးတွဲ ခံစားနေရကြောင်း သိရသည်။
ဖူးပွင့်သူ (ရန်ကုန် ၊ ဇူလိုင် ၄)

No comments: