Showing posts with label ဂီတဆိုင်ရာဆောင်းပါး. Show all posts
Showing posts with label ဂီတဆိုင်ရာဆောင်းပါး. Show all posts
Saturday, February 1, 2025
အန်တီ မာမာအေး၏ သီချင်း Album များ
အမေ ဒေါ် မာမာအေး ၏
❤️❤️🧡🧡🧡🧡🧡💛💛💛💚💚💚💙💙💜💜💜💜💜💜🖤🖤🖤💖💗
အသံအရည်သွေးအရမ်းကောင်းသော
#မူရင်း-ဓါတ်ပြားတေး-(၂၆)ပုဒ် <အပါဝင်>
စီရီးခွေ-(၃၈)ခွေနှင့်အတူတစ်စုတစ်စည်းတည်း တင်ပေးလိုက်ပါတယ်ခင်ဗျာ။
_______________<<<♥>>>_______________
You can download the folder here:
မာမာအေးဓာတ်ပြား(မူရင်းတေးများ)
https://yadi.sk/d/ulZJV_ui53pOUw
You can download the folder here:
ဒဂုံ-မူပိုင်-မာမာအေးလက်ရွေးစင်(မာမာအေး)
https://yadi.sk/d/wuen8E95iPC5bQ
You can download the folder here:
ကြင်သူမေ့ရင်ခက်ချေမည်(မာမာအေး)
https://yadi.sk/d/CRcUpr7ZInoCKA
You can download the folder here:
မြို့မဧည့်ခံတေး-၁(မာမာအေး)
https://yadi.sk/d/cweXlSEtPZJYOg
You can download the folder here:
မြို့မဧည့်ခံတေး-၂(မာမာအေး)
https://yadi.sk/d/u3VmGwNXiBZXMQ
You can download the folder here:
မြို့မဧည့်ခံတေး-၄(မာမာအေး)
https://yadi.sk/d/TPPF8ICiTb3sBA
You can download the folder here:
မြို့မဧည့်ခံတေး(၆)မာမာအေး
https://yadi.sk/d/CHwoT01kNFvIuQ
You can download the folder here:
မြို့မဧည်ခံတေးအမှတ်(၇)တစ်ကြိုက်တည်းကြိုက် (မာမာအေး)
https://yadi.sk/d/gf0cCAzcqwM8PQ
You can download the folder here:
မဆုံဆည်ခဲ့လေသောအချစ်(မာမာအေး)
https://yadi.sk/d/PX2EOR4lTBoFJw
You can download the folder here:
မာမာအေး ကံ့ကော်တစ်ထောင်
https://yadi.sk/d/KM4ZvU_JDBnBHg
You can download the folder here:
မာမာအေး-သူတို့အကြိုက်တေး
https://yadi.sk/d/O4LsxbaCDhMD-A
You can download the folder here:
မာမာအေးအကောင်းတစ်ကာ့အကောင်းဆုံးတေး(၁)
https://yadi.sk/d/sYbvkczLmhEZQg
You can download the folder here:
မာမာအေးအကောင်းတကာ့အကောင်းဆုံးတေး(၂)
https://yadi.sk/d/KZbnkHGZil8Gbg
You can download the folder here:
မာမာအေးအကောင်းတကာ့အကောင်းဆုံးတေး(၃)
https://yadi.sk/d/n-jkeNhZKktoWQ
You can download the folder here:
မာမာအေးအကောင်းတကာ့အကောင်းဆုံးတေး(၄)
https://yadi.sk/d/XHhGqZik1V6Zhg
You can download the folder here:
အာယားမ(မာမာအေး)
https://yadi.sk/d/vYkSp1GbkOPj4w
You can download the folder here:
အိမ်ရှင်မ(မာမာအေး)
https://yadi.sk/d/eroQgVv4yoCVlQ
You can download the folder here:
ဣနြေ္ဒရှင်မ(မာမာအေး)
https://yadi.sk/d/eGpAZ6g46CVKpw
You can download the folder here:
ကောက်စိုက်မ(မာမာအေး)
https://yadi.sk/d/ZTgvpHK_83iN7A
You can download the folder here:
ယောင်းမ(မာမာအေး)
https://yadi.sk/d/QsharPKsZohsig
You can download the folder here:
ရွှေဘုံနိဒါန်း(မာမာအေး)
https://yadi.sk/d/O2Yp9e5Ge_hQnA
You can download the folder here:
ကျွဲမ(မာမာအေး)
https://yadi.sk/d/PddkOa0GJ8WakQ
You can download the folder here:
ရွှေနှင်းဆီ(မာမာအေး)
https://yadi.sk/d/nRrVdNUNXOFBpw
You can download the folder here:
မေ့ကွက်ကိုရှာ(မာမာအေး)
https://yadi.sk/d/jXBp79I_aiuQbQ
You can download the folder here:
ဗောဓိရွှေကျောင်း(မာမာအေး)
https://yadi.sk/d/8Babyu-hs8Ayzg
You can download the folder here:
အချစ်ဘယ်ရောက်နေ(မာမာအေး)
https://yadi.sk/d/Skp6Kb_tO8gnVg
You can download the folder here:
မာမာအေးချစ်မာမာအေး
https://yadi.sk/d/jRKrQLqhhwCnJg
You can download the folder here:
မာမာအေး(ရောင်တော်ဘွဲ့)CD
https://yadi.sk/d/Bt8VU6XndmwDGA
You can download the folder here:
မာမာအေး(တစ်ချစ်တည်းချစ်)
https://yadi.sk/d/f8bMVSABLcNMKQ
You can download the folder here:
မင်္ဂလာဗျော(မာမာအေး)
https://yadi.sk/d/VtV-U3AQGDhmgQ
You can download the folder here:
ကြည်ကြည်ဌေး(၏)မာမာအေး
https://yadi.sk/d/vddRWqosywGK0g
You can download the folder here:
ပါးတို့ပွဲ(မာမာအေး)
https://yadi.sk/d/ytgdMkP6akFcXQ
You can download the folder here:
ပဉ္ဇင်းအမ(မာမာအေး)-CD
https://yadi.sk/d/oe8eJxJVpZCCIQ
You can download the folder here:
နန်းမြို့တော်မှနိဒါန်းသဝဏ်လွှာ(မာမာအေး)
https://yadi.sk/d/SdNOgttXCsIHxw
You can download the folder here:
ထန်းလျက်သည်လုံမေ(မာမာအေး)
https://yadi.sk/d/LHsnE_RkQrUw9w
You can download the folder here:
ချစ်ရအောင်(မာမာအေး)
https://yadi.sk/d/RQ4hT2SjMbH0Qw
You can download the folder here:
(မာမာအေး)-သာချို -CD
https://yadi.sk/d/NhWTKJ_Ah0Qnnw
You can download the folder here:
(မာမာအေး)-မြပန်းခွေ
https://yadi.sk/d/uwraMIoSfOc9MA
You can download the folder here:
(မာမာအေး)-မုန့်စား
https://yadi.sk/d/z8a2dEBoTeBuqg
Link..by..Kyaw Thu
တစ်ဆင့်ပြန်လည်မျှဝေပေးပါသည်
Friday, June 21, 2024
သခင်တင် (ခေါ်) ဝိုင်အမ်ဘီဆရာတင်
 "အချစ်ညှောင့်လေးတွယ်ခဲ့သော ဂီတအာဇာနည်
(သို့မဟုတ်)
သခင်တင် (ခေါ်) ဝိုင်အမ်ဘီဆရာတင်”
သခင်တင် (၁၈၉၄- ၁၉၅၀) သည် ဂီတစာဆို တစ်ဦး ဖြစ်ပြီး ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးတွင် အရေးပါသော တို့ဗမာအစည်းအရုံးဝင်တစ်ဦး ဖြစ်သည့်အပြင်၊ တို့ဗမာ သီချင်း နှင့် ကမ္ဘာမကျေ မြန်မာနိုင်ငံတော်သီချင်း တို့ကို ရေးစပ်သီကုံး ခဲ့သူ ဖြစ်သည်။ သူသည် ဂျပန်တော်လှန်ရေးတွင်လည်း တော်လှန်ရေး သမားတစ်ယောက် အဖြစ် ဝင်ရောက် ဆောင်ရွက်ခဲ့သည်။
ငယ်စဉ်ဘဝနှင့်  ပညာရေး
မြန်မာ သက္ကရာဇ် ၁၂၅၅ ခုနှစ် တပို့တွဲလဆန်း ၇ ရက်နေ့၊ ခရစ်သက္ကရာဇ် (၁၈၉၄)ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့၊ ရွှေဘုန်းရှိန်၊ မင်းသားစုရပ်၌ ဖွားမြင်သည်။ အဘမှာသီပေါမင်း လက်ထက် မင်းမှုထမ်းတစ်ဦး ဖြစ်သူ ဦးရန်အောင် ဖြစ်ပြီး မိခင်မှာရွှေဘုန်းရှန် မင်းသားစုရပ် ဒေါ်သိန်း ဖြစ်သည်။ မွေးချင်း သုံးယောက် အနက် မောင်တင်မှာ အလတ် ဖြစ်သည်။
မောင်တင်ခြောက်နှစ်သားအရွယ်တွင် ဘီ၊ တီ၊ အင် ခေါ် ဗုဒ္ဓသာသနနုဂ္ဂဟကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ ထိုချိန်က ဘီ၊ တီ၊ အင် ကျောင်း၏ ကျောင်းအုပ် ဆရာကြီးမှာ ၁၉၁၉ ခုနှစ်တွင် ဘိလပ်သို့ မြန်မာ ကိုယ်စားလှယ် အဖြစ် သွားရောက်ခဲ့သော ဖေ၊ ပု၊ ရှိန် သုံးဦးတွင်တစ်ဦး အပါအဝင် ဖြစ်သော ဦးထွန်းရှိန်ပင် ဖြစ်သည်။ မောင်တင်သည် ငယ်စဉ်ကပင် ဂီတ ဝါသနာပါသည့် အလျောက် ကျောင်းအားချိန်များ၌ တေးကိုသာညည်း၍ အချိန်ကုန် စေတတ်သည်။ မောင်တင် ဤသို့နေသည်ကို အတန်းပိုင်က မကြိုက်၊ ပညာသင်မှု နည်းပါးမည်စိုး၍ တေးမညည်းရန် အခါမလပ် သတိပေး ဆုံးမခဲ့သည်။ မောင်တင်ကား သူ့အား မတရားချုပ်ချယ်သည်ဟု ယူဆကာ သတ္တမတန်း အောင်သည်နှင့် ကျောင်းမှ ထွက်လိုက်သည်။
မောင်တင်သည် ဖခင်ကြီး၏ တိုက်တွန်းချက်အရ ကျောင်းဆက်လက်နေခဲ့ရာ ၁၉၀၉ ခုနှစ်၊ အသက် ၁၇ နှစ်အရွယ်တွင် ကယ်လီကျောင်းမှ ဆယ်တန်း အောင်မြင်ခဲ့သည်။
ဝိုင်အမ်ဘီဆရာတင် ဘဝ
ဆယ်တန်း အောင်ပြီးနောက် အမ်ဘီတီ အလွတ် ပညာသင်ကျောင်း၌ ဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုချိန်မှစ၍ ဆရာတင်ဟု ထင်ရှားစပြုလာသည်။ ဆရာတင်သည် ကျောင်းသားများကို စာပြပြီးလျှင် လက်ဆွဲဘာဂျာတစ်လုံးဖြင့် တေးညည်းလေ့ရှိသည်။ ယင်းသို့ ဝါသနာအလျောက် အားလပ်ချိန်တွင် တေးဆို၍ ဘာဂျာဆွဲနေသည်ကို ဆရာ၏ဂုဏ်သိက္ခာဖြင့် မညီ၊ သဘင်သည်ဆန်သည်ဟု စွပ်စွဲသံများ ကြားရသဖြင့် ဆရာ့သက်တမ်း သုံးနှစ်ခန့်အပြီးတွင် ယင်း အမ်၊ ဘီ၊ တီ ကျောင်းမှ အလုပ်ထွက်လိုက်သည်။
အလုပ်မှ ထွက်ပြီးသောအခါ ဆရာတင်သည် သူ့ဝါသနာ အလျောက် တေးဆို၍ ဘာဂျာဆွဲနေခဲ့သည်။ ဘာဂျာသံကိုလည်း လေးလေးနက်နက် သုတေသနပြုခဲ့သည်။ သီချင်းကြီးများကို ဆိုတီးရင်း ကာလပေါ် သီချင်းများ စတင်ရေးစပ်ခြင်း ပြုခဲ့သည်။
၁၂၇၆ ခုနှစ်ကစ၍ သီချင်းများ ရေးစပ်ခဲ့သည်။ ယင်းအပြင် သူစပ်သော သီချင်းများကို အသံစမ်းခြင်း၊ တေးသွားသွင်းခြင်း စသည်များ ပြုခဲ့သည်။ အောင်မြင်သော သီချင်းရေးဆရာ အဖြစ်လည်း မရောက်သေး၊ စိတ်ချ ယုံကြည်ချက်လည်း မရှိသေးဖြင့် ရေးစပ်ပြီး သီချင်းများကို ဂီတနယ်ထဲသို့ မသွင်းသေးချေ။
တပည့်ဟောင်းများ၏ တိုက်တွန်းချက်များကြောင့် ဆရာတင်သည် ၁၉၁၈ ခုနှစ်ခန့်တွင် ဗုဒ္ဓဘာသာ လူငယ်များ အင်္ဂလိပ်ပညာ သင်ကျောင်း ခေါ် 'ဝိုင်၊ အမ်၊ ဘီ' အလွတ်ပညာသင်ကျောင်းကို မန္တလေးမြို့ ၈၄ လမ်းနှင့် ၃၆ လမ်းထောင့်၌ စတင် ဖွင့်လှစ်ခဲ့သည်။ ဆရာတင်၏ကျောင်း၌ မန္တလေးမြို့ပေါ်မှ သာမက ရေနံချောင်း၊ ချောက်၊ မကွေး၊ စလေ စသော ရပ်ဝေးမြို့မှ ကျောင်းသားများ လာရောက်တက်ခဲ့သည်။ ကျောင်းဖွင့်စက ကျောင်းသား ၁၀ ယောက်မျှသာ ရှိသော်လည်း သုံးလေးလကြာသောအခါ ကျောင်းသား ၅၀ ကျော်မျှဖြစ်လာခဲ့သည်။ ဆရာတင်သည် ညဘက်တွင် စာသင်၍ နေ့ဘက်တွင် သီချင်းစပ်သည်။ သူ၏ ဂီတရိပ်မြုံ စာဆိုဘုံနန်းမှာ မန္တလေးမြို့၊ မင်းသားစုရပ် နှင့် ပြည်လုံးအံ့ လှေတန်းရပ် အကြား၊ ရွှေတချောင်းမြောင်းဘောင် အနောက်ဘက်၊ သဲပုံ စေတီကြီးနှင့် မျက်နှာချင်းဆိုင် ညောင်ပင်ကြီး အောက်ရှိ ကွပ်ပျစ်လေးပင် ဖြစ်သည်။ ဆရာတင် ပထမဆုံး စပ်ဆိုသော သီချင်းမှာ အာကာသဇိုး အမည်ရှိ သီချင်းဖြစ်သည်။ ထိုသီချင်းကို မြခြေချင်း မငွေမြိုင် အား သီဆိုစေရာ အတော်ပင် လူကြိုက်များခဲ့သည်ဟု ဆိုသည်။
 ထိုအခါမှ စ၍ ဝိုင်၊ အမ်၊ ဘီ ကျောင်းကို အစွဲပြု၍ သီချင်းရေး ဆရာ 'ဝိုင်၊ အမ်၊ ဘီ ဆရာတင်' ဟု တွင်ကာ တမုဟုတ်ခြင်း ကျော်ကြား လာခဲ့သည်။ ဒုတိယ ရေးသော သီချင်းမှာ ပထမ ကမ္ဘာစစ်အောင် သီချင်း ဖြစ်သည်။ ပထမ ကမ္ဘာစစ်ပြီးဆုံး၍ စစ်အောင်ပွဲများ ကျင်းပသည်တွင် မန္တလေးမြို့ ဥပုသ်တော်ကုန်း၌ စစ်အောင်ပွဲ အထိမ်းအမှတ်ဖြင့် မငွေမြိုင် ပွဲကသော အခါ ဆိုရန် ရေးပေးထားသော သီချင်း ဖြစ်သည်။ ယင်းသီချင်း ဆိုအပြီးတွင် စစ်သားများ အားလုံး မတ်တတ်ရပ်၍ အလေးပြု ကြသည်ဟု ပြောစမှတ် ပြုခဲ့ကြသည်။
ဝိုင်၊ အမ်၊ ဘီ ဆရာတင်သည် ကျောင်းဆရာ လုပ်ရင်း ကာလပေါ် သံဆန်း သီချင်းများ ရေးသား၍ နာမည် ရလာသော အခါ ကျောင်းကပွဲများ ကျင်းပရာတွင် ဆရာတင်သည်ပင် သီချင်းများ ရေးပေးရသည်။ မြန်မာနိုင်ငံ ဦးချစ်မောင်နှင့် အလွန်ရင်းနှီးသည့် အလျောက် ယင်းအငြိမ့် အတွက် သီချင်းများကို ကူး၍ ရေးပေးခဲ့သည်။ ယင်းအငြိမ့်နှင့် အတူ ၁၉၂၅ ခုနှစ်က ရန်ကုန်သို့ လိုက်ပါဖူးသည်။ မန္တလေးမြို့၌လည်း ကိုယ်တိုင် ဦးစီး၍ ဝိုင်၊ အမ်၊ ဘီ တီးဝိုင်း အဖွဲ့ကို ဖွဲ့ပြီး စေတနာ့ ဝန်ထမ်း အဖိုးအခ မယူဘဲ ရပ်ရွာ ကိစ္စများတွင် ကူညီ တီးမှုတ် ပေးခဲ့သည်။ မန္တလေးမြို့၌ ငါးပွင့်ဆိုင် ကွန်ဖရင့်ကြီးပြီး ၁၂၈၃ ခုနှစ်တွင် ဂီတဖြင့်နိုင်ငံရေး စိတ်ဓာတ် လှုံ့ဆော်ရန် တူရိယာ အသင်းချုပ် ဖွဲ့စည်းခဲ့သည်။ နယ်ချဲ့တို့၏ အနှောင့်အယှက် သွေးခွဲမှုကြောင့် ဆရာတင် ရည်ရွယ်ချက် မအောင်မြင်ဘဲ ပျက်ပြားခဲ့သည်။ ဆရာတင်သည် မင်းသမီး ဥဩမယ်တင်၊ ဥက္ကလာ မအေးကြည်၊ တလိုင်းမလေးကျင်၊ နေရှင်နယ် ခင်ပု၊ မြသီ၊ မြရီတို့ အတွက် ဟေမန်တိင်း၊ ရွှေနွယ်ရိုး၊ ပချိုင့်ကလေး၊ သူကလေး၊ အုံ့ပုံးချစ်၊ လူ၊ အောင်တော်မူ၊ မယ့်ဖူးစာ၊ ပလုပ်တုတ်တုတ် စသော သီချင်းများကို ရေးစပ် ပေးကာ သီဆိုခဲ့သည်။
လူသား တစ်ယောက် ဖြစ်၍ ဆရာတင်သည် ငွေအသပြာ အတွက် အချစ် နှင့် သက်ဆိုင်သော သီချင်းများ ရေးစပ်ခဲ့သည်။ ရေးဖန် များလာသော အခါ သူငြီးငွေ့သွားပြီ ဖြစ်သည်။ ၁၉၂၇ ခုနှစ်တွင် နိုင်ငံခြားဖြစ် အင်္ကျီပါး ဝတ်စ ပြုလာသည်ကို သရော်သည့် အနေဖြင့် ဦးချစ်ဖွယ် သီဆိုရန် ဝံသာနု သီချင်း တပုဒ် ရေးစပ်ပေးခဲ့သည်။ ခေတ်ကို သရော်ရာတွင် ဆရာတင်သည် ထူးခြားသော အတွေးအခေါ် အယူအဆ ရှိသူ ဖြစ်သည်။ ခေတ်ပြောင်း တော်လှန်ရေးကို ထာဝစဉ် ရှေးရှုနေသော သူတစ်ယောက်လည်း ဖြစ်သည်။ ဇာတိမာန် ဆွပေးသည့် အလောင်းဘုရား ဦးအောင်ဇေယျ သီချင်းကိုလည်း တပ်လှန့်သည့် သဘောဖြင့် စပ်ဆိုခဲ့သည်။
ဝိုင်၊ အမ်၊ ဘီ တီးဝိုင်း အဖွဲ့ဝင် ဦးဘသိန်းသည့် ရုပ်ရှင်လုပ်ငန်းကို အားကျလာသဖြင့် မြန့်မာ့သွေး ဖလင် ရုပ်ရှင်ကုမ္ပဏီတစ်ခု တည်ထောင်ကာ "ဗိုလ်ဆင်တောင်" ဇာတ်ကားကို ရိုက်ကူးရန် စီစဉ်သော အခါ ဝိုင်၊အမ်၊ဘီ ဆရာတင်က ဒါရိုက်တာလုပ်၍ ကိုယ်တိုင် သီချင်းရေးသည်။ သို့ရာတွင် ဇာတ်ကား မပြီးမီ အိမ်ထောင်ရေး အဆင်မပြေသဖြင့် ရန်ကုန်သို့ ဆင်းလာခဲ့သည်။ ဦးအုံးမောင် တည်ထောင်သော လန်ဒန်အတ် ကုမ္ပဏီ အသံတိတ် ရုပ်ရှင်ကားများ အတွက် ရုပ်ရှင်တီးဝိုင်းတွင် သီဆို၍ သီချင်းများ ရေးပေးသည့် သီချင်းရေးဆရာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ယင်းနောက် မြန်မာအဆွေ နှင့် ဗြိတိသျှဘားမားရုပ်ရှင် ကုမ္ပဏီတို့မှ ဇာတ်ကားများအတွက် သီချင်းများ ရေးစပ်ရသည်။ ရုပ်ရှင် ကုမ္ပဏီများ အတွက် ဆရာတင် စပ်ဆို ပေးခဲ့သော သီချင်း အပုဒ်ပေါင်းမှာ သုံးထောင်ကျော် လေးထောင်နီးပါး ရှိခဲ့သည်။
လွတ်လပ်ရေးကြိုးပမ်းမှု
တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခြင်း
ဆရာတင် ရန်ကုန်သို့ ဒုတိယ အကြိမ် ရောက်ခဲ့ခြင်းသည် ဆရာတင် အဖို့ နိုင်ငံရေး နယ်ထဲသို့ တနည်းအားဖြင့် ခြေစုံပစ် ဝင်နိုင်ရန် ဖန်တီး သကဲ့သို့ ဖြစ်လာခဲ့သည်။ အကြောင်းမှာမူ သူ ၁၉၁၈-ခုခန့်က သိကျွမ်း ခင်မင်ခဲ့သော သခင် ဘသောင်းနှင့် ရန်ကုန်တွင် တွေ့ရသော ကြောင့်ပင် ဖြစ်သည်။ သခင် ဘသောင်းနှင့် ဆရာတင် စတင် တွေ့ဆုံရသော အချိန်မှာ မန္တလေးမြို့ ဗုဒ္ဓဘာသာ အထက်တန်းကျောင်း ကပွဲ လုပ်စဉ်က ဖြစ်ခဲ့သည်။ သခင် ဘသောင်းသည် မြန်မာပြည်တွင်း ကျွန်စိတ်ပေါက် သူမျာအား မြန်မာပြည်ကို ကျွန်တွင်းမှ နုတ်ယူရန် သခင်အမည်ကို ရှေးဦးဆုံး ခံယူ၍ တို့ဗမာ အစည်းအရုံး ဖွဲ့စည်း တည်ထောင်ရန် အကြံယူစိုင်းပြင်းနေဆဲ ပုဂ္ဂိုလ် ဖြစ်သည်။ သခင်ဘသောင်း၏ သိမ်းသွင်းမှုကြောင့် ဝိုင်၊ အမ်၊ ဘီ ဆရာတင်သည် သခင် အမည်ခံကာနိုင်ငံရေး ကြိုးပမ်းမှုများကို တဖက်တလမ်းမှ ထောက်ခံသည်ဟု ဆုံးဖြတ်ခဲ့သည်။ ထိုနောက် သခင်တင်သည် မန္တလေးမြို့သို့ ပြန်လာခဲ့သည်။ ငွေရှင်ကြေးရှင်နှင့် ဘဝတူ သီချင်းရေးဖော်ရေးဖက်များ၏ နှိမ်မှုကို နာကြည်းတပ်၍ ထည့်သွင်း စပ်ဆိုခဲ့သည်။ သခင်တင်သည် ရန်ကုန်မှ မန္တလေးမြို့သို့ ပြန်ရောက် လာပြီးနောက် သူ့ကျောင်းကို ပြန်ဖွင့်ပြန်သည်။ ရန်ကုန်သို့လည်း မကြာခဏ ဆင်း၍ ရုပ်ရှင် ကုမ္ပဏီများနှင့် ဓာတ်ပြား ကုမ္ပဏီများသို့ သီချင်းရေးပို့လေ့ရှိသည်။ သူ့ကျောင်း၌ စာသင်ရက် မမှန်တော့ဘဲ ဖြစ်ခဲ့ရာ ကျောင်းသားဦးရေ လျော့ပါးလာသည်။ ထိုကြောင့် သူ၏ ဝိုင်၊ အမ်၊ ဘီ ကျောင်းကို ဖွင့်လိုက်ပိတ်လိုက်နှင့် နောက်ဆုံး စတုတ္ထအကြိမ်တွင် လုံးဝပိတ်ကာ ရန်ကုန်သို့ အပြီးပြောင်းရွှေ့သွားခဲ့သည်။
ဝိုင်၊ အမ်၊ ဘီ သခင်တင်သည် ရန်ကုန်၌ သခင် ဘသောင်း စသည်တို့နှင့် အမြဲ တွေ့ဆုံ ဆွေးနွေးကာ နိုင်ငံရေးသီချင်းများ ရေးရန် အကြံယူလျက် ရှိသည်။ သို့ဖြင့် ယခုနိုင်ငံတော် သီချင်းအဖြစ် ရောက်ရှိလာသော တို့ဗမာ သီချင်း အကောင်အထည်ပေါ်လာခဲ့သည်။ အစပထမတွင် တို့ဗမာ သီချင်းကို 'နောင်ဥဒါန်း ဘယ်မကျေစရာ' အပိုဒ်မှစ၍ ရေးခဲ့သည်။ နောက်မှ မိတ်ဆွေများနှင့် ထပ်မံဆွေးနွေးကာ 'တကောင်း အဘိရာဇာ' အစချီ ခြေဆင်း စာပိုဒ်ကို ထပ်မံ ဖြည့်သွင်းခဲ့သည်။
တို့ဗမာ သီချင်းကို ၁၉၃၀ ပြည့်နှစ် ဇူလိုင်လ ၂၀ ရက်၊ (၁၂၉၂ ဝါဆို လပြည့်ကျော် ၁၁ ရက်) တနင်္ဂနွေနေ့ ညနေ ၅ နာရီ အချိန်တွင် ရွှေတိဂုံစေတီတော် ရာဟုထောင့် တန်ဆောင်းကြီး၌ အခမ်းအနားနှင့် သခင်တင်ကိုယ်တိုင် သီဆိုခဲ့သည်။
ထိုစဉ်က သခင်တင်မှာ ကိုယ်ပိုင်တူရိယာလည်း မရှိ၊ ငွေပေး၍လည်း မငှားနိုင်ဖြစ်နေရာ သန်းဘရားသား ကုမ္ပဏီမှ တူရိယာပစ္စည်းများကို အခမဲ့ကူညီသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဆိုင်းတီးနိုင်ခဲ့ခြင်း ဖြစ်သည်။ သီချင်းဆိုအပြီးတွင် ရွှေတောင်တန်းသူဌေး ဦးဘိုးညှင်းနှင့် ဇနီး ဒေါ်မြတင်တို့က လက်ဖက်ရည် မုန့်တို့ဖြင့် ဧည့်ခံလိုက်သေးသည်ဟု ဆိုသည်။
အစပထမ လူထုရှေ့မှောက်သို့ တင်ပြရန် ၁၉၃၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ ညဘက်တွင် သထုံဆောင် သဟာယနှင့် စာဖတ်ခန်း၌ တို့ဗမာ သီချင်းကို ပထမဆုံး သီဆို ပြခဲ့ကြသည်။ သီချင်းပါ စကားလုံးများကို သခင်ဘသောင်း၊ သခင်သိန်းမောင်၊ သခင်လှဘော်၊ သခင်အုန်းဖေ၊ သခင်ကျော်စိန်ထွန်း၊ သခင်သာဒိုး၊ သခင်ဖိုးနီစသော သခင်များက စုပေါင်းရှာဖွေပေးခဲ့သည်။
၁၉၃၆ ခုနှစ် ဇူလိုင်လတွင် မြင်းခြံမြို့၌ ကျင်းပသော တို့ဗမာ အစည်းအရုံး၏ ဒုတိယအကြိမ် ညီလာခံတွင် အမျိုးသား သီချင်းအဖြစ် ထပ်မံ ဆုံးဖြတ်ချက် ချခဲ့ကြသည်။ ဝိုင်၊ အမ်၊ ဘီ သခင်တင်သည် နိုင်ငံတော် သီချင်းအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသော တို့ဗမာ သီချင်းသာ မကာ အခြား နိုင်ငံရေး သီချင်းများကိုလည်း စပ်ဆိုခဲ့သေးသည်။ စစ်ကြိုခေတ်တွင် အမျိုးသားရေးနှင့် စပ်လျဉ်းသော တေးသီချင်းများကို အရေးသားနိုင်ခဲ့ဆုံး ဂီတစာဆို ပုဂ္ဂိုလ်လည်း ဖြစ်သည်။
ဖက်ဆစ် တော်လှန်ရေ
ဂျပန်တော်လှန်ရေးတွင်လည်း မြေအောက် ဂျပန်ဆန့်ကျင်ရေး အဖွဲ့နှင့် ဆက်သွယ်ကာ တော်လှန်ရေး သမားတစ်ယောက် အဖြစ် ဝင်ရောက် ဆောင်ရွက်ခဲ့သည်။
စစ်ကြီးပြီးသော အခါ ဆရာတင်သည် ပြဇာတ် အဖွဲ့များ အတွက် သီချင်းများကို စတင်ရေးခဲ့သည်။ မိတ်ဆွေဟောင်း ရန်နိုင်စိန် ဦးစီးသော ပြဇာတ် မန္တလေးသို့ ရောက်လာသော အခါ သီချင်းများ ရေးပေးပြီး ကိုယ်တိုင်လည်း သရုပ်ဆောင် အဖြစ် ပါဝင်ခဲ့သည်။ ထို့နောက် ရန်ကုန်သို့ ဆင်းကာ ဂီတ အနုပညာ နယ်အတွင်း လှည့်လည် ကျက်စားနေခဲ့သည်။
လွတ်လပ်ရေးရပြီးခေတ်
သခင်တင်သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် နေ့တွင် မြင်းခြံမြို့၌ ကျင်းပသော လွတ်လပ်ရေးအထိမ်းအမှတ် အောင်ပွဲဝင်အခမ်းအနားတွင် 'နိုးနိုးနာ' ပြဇာတ်နှင့် 'နှစ်ကိုယ့်တစ်စိတ်' အော်ပရာတို့ကို ကိုယ်တိုင် သရုပ်ဆောင်ကပြခဲ့သည်။ အခွင့်အရေးယူသည့် နိုင်ငံရေးသမားများအား သရော်လှောင်ပြောင် ထားသည့် ဇာတ်လမ်းဖြစ်သည်။ ခေတ်ကာလကို သရော်ထားသော ဇာတ်လမ်း ဟုလည်း ဆိုနိုင်သည်။ မြင်းခြံတခွင် ဂီတပညာဖြင့် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ပြီးနောက် ပုတီးစိပ်ဂိုဏ်းသို့ဝင်ကာ နဝင်္ဂ သီလ ဆောက်တည်ခြင်းဖြင့် လောကုတ္တရာ အကျိုးကို ကျင့်ကြံ အားထုတ်ခဲ့သည်။
ဆရာတင်၏မိသားစု
ဒေါ်သီတာ ဆိုသူ မိုးကုတ်သူဖြင့် အိမ်ထောင်ကျပြီး သားသမီးမထွန်းကားခဲ့ပေ။ ဝိုင်၊ အမ်၊ ဘီ သခင်တင်သည် အရပ်ပုသည်။ အသားညိုသည်။ ပါးစပ်ပြဲ၍ မျက်လုံး အရောင်တောက်သည်။ အသံမြည်၍ စူးရှသည်။ အဆိုပိုင်၍ မှင်နှင့်မောင်းနှင့် ဟန်ကောင်းသည်။ စကားပြောရာတွင် စိတ်ရောကိုယ်ပါ ပြောတတ်၍ နားထောင်ကောင်းသည်။ လက်ရေးလက်သားလှသည်။ မြန်သည်။ အင်္ဂလိပ် စကားပြောကောင်းသည်ဟု ဆိုသည်။ စာရေးရာတွင် မင်နက်ကို သုံးလေ့ မရှိ၊ ရဲရင့်သည် ဟူသော အနက်ကို ဆောင်သောမင်နီကို သုံးသည်။ အချို့က လူ့ကန့်လန့်ကြီးဟု ခေါ်ဆိုကြသည်။
ဘဝနိဂုံ
ဘက်စုံ နယ်စုံ ပညာရှင်ကြီး ဝိုင်အမ်ဘီ သခင်တင်သည် တီဘီ ရောဂါဖြင့် မြန်မာ သက္ကရာဇ် ၁၃၁၂ ခု၊ ဒုတိယ ဝါဆိုလပြည့်ကျော် ၁၀ ရက် (ခရစ်နှစ် ၁၉၅၀ ဩဂုတ် ၈ ရက်) နေ့ အသက် ၅၇ နှစ် အရွယ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။
ဂုဏ်ပြုမှုခံရခြင်း
မကွယ်လွန်မီ (၁၉၅၀)ပြည့်နှစ် မြန်မာ့ လွတ်လပ်ရေး ဒုတိယ နှစ်ပတ်လည် (၁၉၅၀ပြည့် ဇန်နဝါရီ ၄ရက်) နေ့တွင် သခင်တင်အား နိုင်ငံတော် အစိုးရက "ဝဏ္ဏကျော်ထင်ဘွဲ့" ပေးအပ်ချီးမြင့်ခဲ့သည်။
Saturday, December 16, 2023
ဗဒင် (နေရာ)
 ဗဒင်   
အဆိုတော်ဗဒင်ဟု အသံကြားရလျှင်ဖြင့် ကျနော်တို့ငယ်ငယ်တုန်းက ဘဝကိုသွားပြီးသတိရတတ်ပါတယ်။ ဟုတ်ပါတယ် ကျနော်တို့ ငယ်စဉ်ခလေးဘဝက သူရဲ့သီချင်းလေးတွေကို ငြီးရင်းဆော့ကစားခဲ့တာတွေ စာသင်ခန်းထဲမှာ သူ့ရဲ့ဆိုလွယ်တေးလေးတွေကို ငြီးငြူခဲ့ပြီး ဖြတ်သန်းခဲ့ရတာလေးတွေ အမှတ်ပြန် ရစေခဲ့ပါတယ်။
ဗဒင်ရဲ့ဘဝဇာတ်ကြောင်းကို အင်တာနက်ပေါ်မှာပြန်ရှာရင်းတွေ့ ခဲ့ရတာလေးတွေကိုပြန်လည်ဖော်ပြပါရစေ
ဗဒင်သည် ပေါ့ပ်ဂီတဖြင့် ကျော်ကြားခဲ့သော မြန်မာအဆိုတော် တေးရေးဆရာ တစ်ဦးဖြစ်သည် ကိုယ်ပိုင်သံစဉ်သီချင်းများကိုသာ ရေးသားသီဆိုလေ့ရှိပြီး သူ၏ "နေရာ" သီချင်းစီးရီးမှာ မြန်မာ့ဂီတသမိုင်းတွင် ရောင်းအား အကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့သည် 
သို့သော် သီချင်းစီးရီး ၄ ခု ထုတ်ဝေခဲ့ပြီးနောက် ကွယ်လွန်ခဲ့သည်
ဗဒင်သည် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဒေါနလမ်းတွင် နေထိုင်ခဲ့သည်။ နှစ်ခြင်း ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး အင်းစိန်မြို့နယ် မင်းကြီးလမ်းမပေါ်ရှိ ရွာမနှစ်ခြင်းအသင်းတော်တွင် ပုံမှန်တက်ရောက်လေ့ရှိသည်။ 
အသားဖြူ၍ အရပ်မြင့်ပြီး ဆံပင်ကို အမြဲတမ်း တိုတို ညှပ်ထားလေ့ရှိသည်။ ရန်ကုန်တက္ကသိုလ်မှ စိတ္ပညာ အထူးပြုဖြင့် မဟာဘွဲ့ရရှိခဲ့သည်။ စာဖတ်ဝါသနာပါသူတစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။
မအောင်မြင်မီအချိန်ကာလမျာ
ဗဒင်သည် နာမည်ကျော်အဆိုတော်မဖြစ်မီအချိန်က သီချင်းရေးဆရာတစ်ယောက်အဖြစ် ရပ်တည်ခဲ့သည်။ ဇော်ရည် သီဆိုခဲ့သော "ရိုးရိုးအေးအေးကြီးကိုပဲ" နှင့် ဂျေမောင်မောင် သီဆိုသော "အသည်းစွဲ" သီချင်းများမှာ ဗဒင် အဆိုတော်မဖြစ်မီ အချိန်က ရေးစပ်ခဲ့သော သီချင်းများထဲမှ ထင်ရှားသော သီချင်းများဖြစ်သည်။ 
ဗဒင်၏ နာမည်အကြီးဆုံးသီချင်းဖြစ်သော "သိုးမည်းတွေအကြောင်း" သီချင်းမှာ သူအဆိုတော်မဖြစ်မီ အချိန်ကာလက ဘဝကို ထင်ဟပ်ပြထားသော သီချင်းဖြစ်သည်။
ပထမဆုံးနှင့် အကျော်ကြားဆုံးစီးရီ
ဗဒင်သည် ၁၉၉၃ ခုနှစ်တွင် "နေရာ" အမည်ရှိသော ပထမဆုံးစီးရီးကို ထုတ်ဝေခဲ့သည်။ "နေရာ" စီးရီး၏ မူပိုင်ထုတ်ဝေသူမှာ ဗဒင်၏ ကွယ်လွန်ပြီးခဲ့သော အခင်ဆုံးသူငယ်ချင်းတစ်ဦး၏ မိခင်ဖြစ်ပြီး သူ့အား မြေတောင်မြှောက်ပေးခဲ့ခြင်းဖြစ်သည်။ "နေရာ" အခွေသည် စတင်ထွက်ရှိသည့်နေ့မှစ၍ သူ၏ ဇာတိမြို့ဖြစ်သော အင်းစိန်မြို့နယ်တွင် ရေပန်းအစားဆုံး သီချင်းစီးရီးဖြစ်ခဲ့ပြီး မကြာမီအချိန်အတွင်းတွင် မြန်မာတစ်နိုင်ငံလုံး တောရေမြို့များပါမကျန် ပျံ့နှံ့ နာမည်ကျော်ခဲ့သည်။ 
နေရာ စီးရီးအတွက် ကက်ဆက်ခွေ ကာဗာကဒ် ၁ သိန်းကျော်နှင့် သီချင်းစာအုပ်ပေါင်း ၅ သိန်းကျော် ရောင်းချခဲ့ရသဖြင့် မြန်မာ့ဂီတသမိုင်းတွင် ရောင်းအားအကောင်းဆုံး စီးရီးအဖြစ် စံချိန်တင်ခဲ့သည်။ မြန်မာနိုင်ငံ အနှံ့အပြား မြို့ကြီးများသာမက ကျေးလက်တောရွာများတွင်ပင် ဗဒင်၏ သီချင်းများက ကျော်ကြားခဲ့သည်။
နေရာတေးစီးရီးထွက်ရှိပြီးနောက်
ဗဒင်၏ လေးစားစရာကောင်းသော အမူအကျင့်တစ်ခုမှာ ဟန်မလုပ်တတ်ခြင်းနှင့် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း နေထိုင်တတ်ခြင်းဖြစ်သည်။ အောင်မြင်ကျော်ကြားလာသော်လည်း သူ၏ပုံသဏျဏ်ဏ္႑ာနျမှာ မပြောင်းလဲဘဲ ယခင်နေထိုင်နေကျအတိုင်းပင် ဆက်လက်နေထိုင်ခဲ့သည်။ အင်းစိန်မြို့အတွင်း ဆိုက်ကားတစ်စီးဖြင့် လှည့်ပတ်သွားလာနေလေ့ရှိပြီး အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက် အတွင်းမှ ထန်းရည်ဆိုင်(တချို့ပြောတာ ဘီအီးဆိုင်)တွင် မကြာခဏဆိုသလို တွေ့ရတတ်သည်။ 
နေရာ စီးရီး ထွက်ရှိပြီးနောက် အချိန်အတော်ကြာသည်အထိ ဒုတိယနှင့် နောက်ဆုံးစီးရီးကို မထုတ်ဝေခဲ့ပေ။ "ဒီအတိုင်းပဲ" ဟု အမည်ရသော သင်္ကြန်သီချင်းတစ်ပုဒ်ကိုသာ အခြားအဆိုတော်များနှင့် တွဲဖက်ထုတ်ဝေခဲ့သည်။
ထွက်ရှိခဲ့သော တေးစီးရီ
နေရာ (၁၉၉၃)
http://www.mediafire.com/?zqnjfhligc0tvs1   or
http://phyuniwarpyar.blogspot.com/2014/11/blog-post_934.html?m=0
ဒီနေ့ (၁၉၉၆)
http://www.mediafire.com/?nv3b5btkc2kfezg    or  
http://phyuniwarpyar.blogspot.com/2015/06/blog-post_80.html?m=0
အရှိအတိုင်း (၁၉၉၇)
http://www.mediafire.com/?5joyh21yhjvx4hp  or
http://phyuniwarpyar.blogspot.com/2015/06/blog-post_87.html?m=0
မေမ့ပါဘူး (၁၉၉၉)
http://www.mediafire.com/?1aoluyemakcttjj  or
http://phyuniwarpyar.blogspot.com/2015/06/blog-post_42.html?m=0
     အွန်လိုင်းပေါ်တွင် တွေ့ရသော ဗဒင်၏အကြောင်းကို တချို့အချက်များ ပြင်ဆင်ဖြည့်စွက်ထားပါသည်။ သီချင်းလင့်ခ်များလည်း ထည့်ပေးလိုက်ပါသည်။ နေရာစီးရီးမတိုင်ခင်က ဗဒင်သည် တေးရေးဆရာအဖြစ် သန်းနိုင် စောခူဆဲ ဂျေညီညီ ဂျေမောင်မောင် ဖိုးချို သားထွေး အစရှိသူတို့အတွက် သီချင်းများရေးသားခဲ့ပါသည်။ ဓမ္မတေးများလည်း သီဆိုခဲ့ပါသည်။
ဗဒင်အမှတ်တရ ပြန်လည်သီဆိုကြသော ငါ့..သမီး စာကျက်နေတယ် live show album မှာလည်း အောင်မြင်ခဲ့ပါသည်။ R.ဇာနည်ပြန်လည်သီဆိုခဲ့သော သနပ္ခ်စ်သူကို မူလသီဆိုခဲ့သူမြာ ဂျေညီညီဖြစ်၍ အိနြေ္ဒရှင် အမည်နှင့်ဖြစ်သည်။ ထူးအယ်လင်းသီဆိုသော ငါ့သမီး..စာကျက်နေတယ်မှာ ပလေးဘွိုင်သန်းနိုင်မှ ဘယ်သူတွေလဲဟေ့ အမည်နှင့်သီဆိုခဲ့ပါသညည်။
ကျွန်တော်ကတော့ နေရာထက် ဒီနေ့ကို ပိုကြိုက်မိသည်။ မူရင်းတင်သူ၊ ၇၀၈၀၉၀ အဖွဲ့ဝင်များ၊ ကိုသူရနှင့် ကိုဘလက်၊ ဖြူနီဝါပြာဘလော့တို့အား ကျေးဇူးအထူးတင်ပါသည်။ မှားနေသောအချက်များရှိလျှင် ထောက်ပြကြဖို့ တောင်းဆိုပါရစေ....
ငါ့..သမီး စာကျက်နေတယ်
http://phyuniwarpyar.blogspot.com/2015/07/blog-post_98.html?m=0
#ဂီတအကြောင်းသောင်းပြောင်းထွေလာ
#ဗဒင်
#BMYZ
Credit
#ခိုင်ကြီး
Friday, December 8, 2023
"သူငယ်ချင်းရေ ၆ နာရီတောင်ထိုးပြီးပါကကောလေ"
 "သူငယ်ချင်းရေ 
၆ နာရီတောင်ထိုးပြီးပါကကောလေ"
၁၉၇၉ မှာ နံမည်ကျော် ပလေးဘွိုင်အဖွဲ့ကွဲပါတယ်။ ပလေးဘွိုင်သန်းနိုင်၊ တက္ကသိုလ်အေးမောင်၊ ကျော်နိုင် ကျန်ခဲ့ပြီး သိန်းတန် မြန်မာပြည်၊ တော်မီကျော်နိုင်၊ ရော်နီကောင်း ထွက်သွားပါတယ်။ ဦးသိန်းတန်တို့ ၃ယောက်က ဗစ်တာခင်ညို၊ ဇော်ဇော်ဝင်း၊ ဇော်ဝင်းရှိန် တို့နဲ့ ငြိမ်းချမ်းချစ်ခင် ပျော်ပျော်ရွှင် Love Peace & Joy (LPJ) အဖွဲ့ကို သိပ်မကြာခင်ဖွဲ့လိုက်တယ်။ ပထမဆုံး စတိတ်ရှိုး ၂ပွဲကို ဗဟန်း ဟာမစ်တစ်ကွင်း (အခု ပုလဲကွန်ဒိုရှေ့) နဲ့  ကျုံးကြီးလမ်း မူလ ရွှေပုဇွန် ဆိုင်ရှေ့မှာလုပ်ခဲ့တယ်။ ကျနော့်အဖေရုံးကတပည့်တဦးက ရွှေပုဇွန်နဲ့ခင်ပြီး ကျနော်ကြည့်ချင်မှန်းသိတော့ ခေါ်သွားခဲ့ပါတယ်။ ကျုံးကြီး (မြောင်းကြီး) ရဲ့တဖက်တချက်မှာ ခေါက်ကုလားထိုင်တွေနဲ့ ထိုင်ကြည့်ရပါတယ်။ အေးချမ်းတဲ့ရာသီမို့ ဒီဇင်ဘာ ၇၉ (သို့) ၁၉၈၀ ဇန်နဝါရီ လို့ ထင်မိပါတယ်။ ၁၉၇၉-၈၆ စတိတ်ရှိုး ရွှေခေတ်တွေရဲ့အစပေါ့။ ကိုခိုင်ထူးတောင် သိပ်နံမည်မကြီးသေး။ လွှမ်းမိုး၊ ကံကော်တောမျိုးအောင်၊ ဘိုဘိုဟန်ခေတ် (ရန်ကုန်နေပူပူ နင်ထီးလေးဆောင်းတော့၊ အကြင်နာရင်မှာဖြစ် ငါဟာထီးလေးဖြစ်လိုက်ချင်။)
ကျနော်လည်း အရမ်းကိုပျော်ရွှင်စွာနဲ့ကြည့်နေပါတယ်။ ရှေ့ဆုံးတန်း အစိတ် ခေတ်ပေါ့။ ပွဲစပြီး သိပ်မကြာခင်မှာပဲ ကျနော်တခါမှ မမြင်ဖူးတဲ့ လူငယ်အဆိုတော်လေးတယောက်ထွက်လာပါတယ်။ E-Machine အလှည့်ဖြစ်ပါလိမ့်မယ်။ သူ့ကိုဘယ်သူမှသိပုံမရပါဘူး၊ အသက် ၁၉ နှစ်လောက် အရပ်ပုပု ၅ ပေ ၃ လက္မခန့်၊ အနောက်တိုင်းဝတ်စုံ Suit အပြည့်အစုံနဲ့။ အရောင်ကအသားရောင် အညိုနုပါ။ Suit က သူ့ရဲ့ကိုယ်ပေါ်မှာ ကပိုကရို ကြီးထွားနေသလို Fender ဂစ်တာကလည်း သူ့အတွက်အတော်ကြီးနေပါတယ်။ဆံပင်က ကပ္ပလီလေးလို ခွေကောက်နေပြီး မျက်မှန်လေးနဲ့။ ဘာပဲပြောပြော ပရိတ်သတ်ကတော့ ဘယ်သူလဲဆိုပြီး စူးစမ်းစွာနဲ့ ဝိုင်းကြည့်နေကြတယ်။
အင်ထရိုလေးအပြီး စဆိုလိုက်တော့ 
"သူငယ်ချင်းရေ ၆ နာရီတောင်ထိုးပြီးပါကကောလေ" အားလုံးပါးစပ်အဟောင်းသားဖြစ်သွားကြတယ်။အသံက စူးစူး ညှောင်နာနာလေး။ ကလေးသံ သိပ်မပျောက်ချင်သေး။ 
"လာကြလေ လက်ဘက်ရည်ဆိုင်ကိုသွားကြပါစို့လေ" လို့ အစပြုလာတဲ့ လူငယ် လက်ဘက်ရည်ဆိုင်ယဉ်ကျေးမှု့ရဲ့အစ၊ စတီရီယိုခေတ် စတင်အရှိန်ရလာချိန်၊ လက်ဘက်ရည်ဆိုင်မှာ လူငယ်တွေ သီချင်းနားထောင်၊စုပေါင်းထိုင်၊ လေပန်း၊ ရေနွေးကြမ်းသောက်ခြင်းကာလတွေရဲ့အစ ဘဝကို ဖော်ကြူးထားတဲ့ လူငယ်ကိုယ်စားပြုသီချင်းလေး။ 
စိန်လွင်၊ သန်းနိုင်၊ သိန်းတန် တို့ရဲ့ အသံတွေကိုနားယဉ်နေတဲ့ ကျနော့်အတွက်တော့ တကယ့်ကိုအထူးအဆန်းပါပဲ။ နောက်တပုဒ်က “တိုးတိုးတိတ်တိတ်လေး အကြင်နာ”ထင်ပါတယ်။ သူ့အသံက သိပ်မပြည့်ဝသေးပေမယ့် နားထောင်လို့ကောင်းတယ်။ ဆွဲဆောင်မှု့ရှိတယ်။ လန်းဆန်းသစ်လွင်တယ်။စာသားတွေက ရိုးစင်းပေမယ့် catchy ဖြစ်တယ်။ တခါတလေလည်း အရိုးဆုံးက အကောင်းဆုံးဖြစ်နေတတ်တယ်မဟုတ်လား။
အဆိုရှင်နံမည်တောင် သေသေချာချာ မသိလိုက်ပေမယ့် နားထဲစွဲကျန်ခဲ့တဲ့ "လက်ဘက်ရည်ဆိုင်ကို သွားကြပါစို့"။ သီချင်းရှင်ရဲ့ ရာဇဝင်အထုပ္ပတ္တိ အားလုံးရဲ့အစ။ (ကျနော် အဲဒီ့ညက ခံစားခဲ့တဲ့အတိုင်း မှတ်မိသလိုရေးသားထားခြင်းသာဖြစ်ပါတယ်။)
အဲဒီ့ညပြီးမှ “ဒီအချိန်မှာပြန်တွေ့တာဘာလုပ်ရမှာလဲ”၊ “အလွမ်း”၊ မေဆွိ နဲ့ “အနမ်းပန်း” စသည်ဖြင့် နားထောင်ဖြစ်ပြီး နံမည်အရမ်းကြီးလာပါတယ်။ မေဆွိတကယ်တမ်းပေါက်ခဲ့တာ အနမ်းပန်း နဲ့ပါ။ (မကြာခင်မှာကြင်နာမယ်၊ အနမ်းပန်း၊ ညှို့နိုင်လွန်းတဲ့ချစ်သူ။) ကိုင်ဇာ ၁၉၇၉ တနှစ်ထဲမှာ နှစ်ခွေထွက်ခဲ့တယ်။ “အလွမ်း” E-Machine နဲ့ “အနမ်းပန်း” ACES တကယ်က အနုပညာသက်တမ်းအရ ကိုင်ဇာက ခိုင်ထူးထက် တနှစ်(လပိုင်း) စောပါတယ်။ ကိုခိုင်ထူးပြောဖူးတာ “ကျနော်နဲ့ကိုင်ဇာ သိပ်ချစ်တယ်၊ LPJ နဲ့ နယ်ရှိုးသွားရင် စင်အောက်မှာပျင်းရင် တယောက်အင်္ကျီ တယောက်ဖြဲကြတယ်”တဲ့။ ကျနော်တို့ကြီးပြင်းခဲ့တာ ကိုင်ဇာ၊ ခိုင်ထူး ခေတ်ပါ။
ကျနော်တို့နား သွားထိုင်နေကြ လက်ဘက်ရည်ဆိုင်က ၂ဆိုင် ၃ဆိုင်ပါပဲ။ အင်းလျားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းထောင့်က Smile။ တို့ဖူးကျော်လည်းရ။ မဟုတ်ရင်တော့ ကျောင်းထဲက ဦးချစ်နဲ့ လှည်းတန်းစျေးကဆိုင်။ လှည်းတန်းကဆိုင်က လူရှုပ် ကားရှုပ်မို့ သီချင်းနားထောင်လို့မကောင်း၊ ဒါပေမယ့် ညနက်တဲ့အထိဖွင့်တယ်။ အဲဒီ့ခေတ်က ဘယ်ဆိုင်က ဘာစက်၊ ဘာစပီကာသုံးလဲကအစ လိုက်ကြည့်ခဲ့တာ။ တကယ်တမ်း ကိုင်ဇာအကြောင်း ရေးရမယ်ဆိုရင် ရေးစရာတွေအများကြီးရှိပါတယ်။ “အလွမ်း” သီချင်းလေးက အခုအချိန်အထိ ကျနော် အရမ်းကြိုက်တဲ့ သီချင်းလေးတပုဒ်။
“သူ့အတွေး၊ သူ့အရေး၊ သူ့အဆွေး”
ကျနော်တို့အားလုံး သူ့ကိုခရက်ဒစ်ပေးဖို့မေ့နေကြတာ သူက စတီရီယိုခေတ်ရဲ့ဆယ်ကျော်သက်အမျိုးသားဆယ်လီပါပဲ။ “The Prince of Myanmar Stereo” ပေါ့နော်။ Princess ကတော့ အထူးပြောစရာမလိုတဲ့ မေဆွိပေါ့။ ၁၉၇၉ နိုဝင်ဘာ “အနမ်းပန်း”ထွက်တော့ သူတို့နှစ်ယောက် ၁၇နဲ့၁၈ နိုင်ငံကျော်တွေဖြစ်သွားကြပြီ။ အခုလို Internet ခေတ်မှာ ငယ်ငယ်နဲ့ နံမည်ကြီးဖို့လွယ်ပေမယ့် ဟိုခေတ်ကမလွယ်ပါ။ နွဲ့ယဉ်ဝင်း၊ တင်မိုးခိုင်၊ ပုလဲ တို့နောက် ဒုတိယမျိုးဆက်အစက မေဆွိပါပဲ။ ယောင်္ကျားလေးဖက်မှာ ဆယ်ကျော်သက်ဆိုလို့ ကိုင်ဇာတယောက်ထဲ။ ဒါကြောင့်လဲ သူတို့နှစ်ယောက် နံမည်ကြီး ကံစပ်သလို၊ ဘာလိုလိုသတင်းတွေလဲ ထွက်ခဲ့ကြတယ်။
ကျနော်တို့ ၉-၁၀တန်းနှစ်တွေမှာ တေးရေးတွေက လူလတ်၊လူကြီးတွေပါပဲ။ ကိုလေးလွင်၊ မောင်စိမ်းသူ၊ မောင်ဆွေနွယ်၊ သုခမိန်လှိုင်။ ကိုယ်ပိုင်သံစဉ်ဖက်မှာ ဆရာလိတ်၊ ကိုနေဝင်း၊ ကိုမောင်မောင် စသည်ဖြင့်။ သူတို့ရေးတဲ့သီချင်းတွေက ဘဝ၊အချစ် ဒဿနတွေ၊ အဲဒီတုန်းက ကြိုက်ပေမယ့် ရင်ထဲထိအောင် မခံစားခဲ့ရဘူး။ စိုင်းထီးဆိုင်သီချင်းတွေကို အသက်၂၀ကျော်မှ စခံစားလာမိခဲ့တာ။ ခင်ဝမ်းလည်းထိုနည်းလည်းကောင်း။ ပထမ ၂-၃ခွေထဲက ကိုင်ဇာရေးတဲ့သီချင်းတွေဆို သူ ရေးခဲ့တုန်းက ၁၅-၁၆ နှစ်ပေါ့။ အရမ်းရိုးသားတဲ့ခံစားချက်တွေ။ လူကြီးတယောက်ရဲ့ အတွေ့အကြုံနဲ့ ထိန်းချုပ်မှု့ အရောင်ဆိုးမှု့တွေမပါခဲ့ဘူး။ ဘိုလိုပြောရရင်တော့ Raw Emotions and lyrics တွေပေါ့။
“၁၅-၁၆နှစ်သားတယောက် ရေးထားတဲ့သီချင်းတွေကို ၁၅-၁၆နှစ်သားတွေ နားဆင်ခံစားစီးမျောခဲ့ရတာ စတီရီယိုလောကမှာ ဘယ်တုန်းက ရှိခဲ့ဖူးသလဲ?” ကျနော်တို့ကြုံခဲ့ကြရတယ်။ လူကြီးတွေက ကလေးကလား သီချင်းတွေလို့အမည်တတ်ခဲ့တာ မှန်တယ်လို့ပြောလဲရပါတယ်။ ဘာပဲခေါ်ခေါ် ရင်ကိုလာမှန်ဖို့အဓိကပါပဲ။ 
“စစ်တိုက်ဖို့ ဒါးခုတ်ဖို့ သေနတ်ပစ်ဖို့
ငါမကြောက်ဖူး တကယ်ပါ၊
မင်းကြမှ တွေ့လိုက်ရ၊ အသည်းထဲက
ရင်မှာ တဒုံးဒုံးဖြစ်နေ ….🎶”
အခုနေပြန်တွေးရင်းတောင် ပြုံးမိပါတယ်။
နောင်ကြိုက်တာမကြိုက်တာအပထား 
အဲဒီ့တုန်းကတော့ ရင်ကို ဒိုင်းကနဲမှန်တာပဲ။
“အလွမ်း” သီချင်းရဲ့ စာသားတွေဆိုရင်
အဲဒီတုန်းက ရည်းစားမရှိသေး၊ 
အသည်းမကွဲဖူးသေးပေမယ့် 
ကိုယ်ကြွေနေတဲ့သူလေးတွေ ရှိနေပြီဆိုတော့ 
ကိုယ့်ခံစားချက်တွေကိုပဲရေးထားသလိုလို။ 
“အိမ်ရှေ့မင်းသားလေး” ဆိုတာလဲ ကိုယ်ပဲပေါ့။
“ခရစ္စမတ်ည” ဆိုလည်း တည့်တည့်ကိုမှန်တာ။
နောက်ဆုံး
“လေယာဉ်ကြီး ပန်ကာလည်ပြီ” ဆိုလည်း ကိုယ်ပဲ။
ကျနော် ကိုင်ဇာ၊ခိုင်ထူး ခေတ်မှာ ၁၀တန်းရောက်တာပါ။ 
ကိုယ့်အသက် ၁၆နှစ်မှာ အရမ်းခံစားကြိုက်နှစ်သက်ခဲ့ရတဲ့ သီချင်းတွေက သေရာပါမှာပါပဲ။
ငြိမ်းချမ်းကြပါစေ။
🦁
Kyaw Lion 
December 11, 2020
“သူ့အတွေး၊ သူ့အရေး” December 6, 2023
“လက်ဘက်ရည်ဆိုင်ကို သွားကြပါစို့"
https://my.pcloud.com/publink/show?code=XZjMI27ZK58yt894vgkCf1sD1a0JrQwjxMqV
“အလွမ်း”
https://u.pcloud.link/publink/show?code=XZXigs7Zs2hdzD3EccymSKcupaH2R7u6jslk
Sunday, September 24, 2023
Lo_Fi ဆိုတာဘာလဲ?'
🎙Lo-fi ဟာဆိုရင် “low fidelity” ကို အတိုကောက်ခေါ်တာပါ။ စျေးချိုတဲ့ အသံဖမ်းကိရိယာတွေနဲ့ အသံဖမ်းထားလို့ နောက်ခံဆူညံသံတွေပါရှိတဲ့ အသံအရည်အသွေးနိမ့်တဲ့ recording လို့ အဓိပ္ပာယ်ရပါတယ်။ သူနဲ့ ဆန့်ကျင်ဘက်ကတော့ “high fidelity” (သို့) hi-fi လို့ခေါ်တဲ့ ယနေ့ခေတ် Official Music Video တွေမှာ နားဆင်ရတဲ့ ကြည်လင်ပြတ်သားနေတဲ့ အသံအရည်အသွေးကောင်းတဲ့ သီချင်းတွေပေါ့ဗျာ။ 
📻Lo-fi ဟာဆိုရင် electronic ဂီတရဲ့ subgenre တစ်ခု ဖြစ်ပြီး downtempo သံစဉ်နဲ့ chill ဖြစ်တဲ့ vibe ကို ပေးပါတယ်။ House, Jazz & Hip-hop beats တွေနဲ့ မိမိအိမ်မှာပဲ ပေါ့ပေါ့ပါးပါး အသံသွင်းထားသလို DIY music aesthetic samples တွေနဲ့ mix ပြီး lo-fi music တွေကို ဖန်တီးလေ့ရှိကြပါတယ်။ ရလဒ်အနေနဲ့ စိတ်ကူးအိမ်မက်ထဲထဲ မျောလွင့်နေရသလို သက်တောင့်သက်သာနဲ့နဲ့ retro vibe ဆန်တဲ့ သံစဉ်တေးသွားကို ရရှိလာပါတော့တယ်။ ဒါ့ကြောင့်ပဲ background music အဖြစ် အများဆုံး သုံးစွဲကြပါတယ်။ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ အာရုံစိုက်ပြီးလုပ်ရမယ့် အလုပ်တွေပြီးမြောက်စေဖို့အတွက်လည်း နားဆင်လေ့ရှိကြပါတယ်။ 
Lo-fi Jazz 🎧 “Accident” by Big Bag & Mary
https://www.youtube.com/watch?v=cqnis_uL5Zs
🗺Lo-fi တွေရဲ့ သမိုင်းကြောင်းကတော့ 2013ခုနစ်, Youtube မှာ livestream channels တွေ ခေတ်ထချိန်မှာ စတင်ခဲ့ပါတယ်။ 
💽Lo-fi artists တွေဟာ YouTube နဲ့ တခြား streaming sites တွေမှာ Chillhop စွန့်ဦးတီထွင်သူ Nujabes နှင့် Hip-hop သမား J Dilla တို့ရဲ့ lo-fi beats တွေကို inspire ယူထားတဲ့ lo-fi playlists တွေကို စတင်ဖန်တီးလာခဲ့ကြပါတော့တယ်။ 
🇯🇵Lo-fi လို့ပြောလိုက်တာနဲ့ နောက်ထပ်တွဲမြင်ကြတာကတော့ ဂျပန်ကာတွန်း anime တွေပါ။ Lo-fi livestreams တော်တော်များများရဲ့ Visual element ကိုကြည့်မယ်ဆိုရင် anime ပုံတွေနဲ့ ဖော်ပြကြတာများပါတယ်။ အခုလိုဖြစ်ရတဲ့အကြောင်းကတော့ 2004 ခုနစ်ထွက် anime seires “Samurai Champloo”မှာ ပါဝင်တဲ့ Nujabes ရဲ့ soundtrack ကို inspire ကြရာကနေ visual ကိုပါ anime ပုံတွေနဲ့ ဖော်ပြလာခဲ့ပါတော့တယ်။
၁) Drum loops 🥁 
Hip-hop ဂီတလိုပဲ lo-fi ဟာဆိုရင်လည်း သူ့ရဲ့ rhythms အဖြစ် drum loops တွေကို အလွန်အကျွန် သုံးစွဲလေ့ရှိပါတယ်။ Electronically produced samples သံစဉ်တွေ နှင့် drums live recordings တွေကိုပါ lo-fi သီချင်းတွေဖန်တီးရာမှာ သုံးလေ့ရှိပါတယ်။ Beats တွေဟာဆိုရင် တစ်မိနစ်လျှင် ပျမ်းမျှ 70 to 90 beats အထိရှိတတ်ပြီး low- to mid-tempo range အတွင်းရှိပါတယ်။ 
၂) Jazz chords 🎷
Lo-fi ဂီတဟာ နားထောင်လိုက်တာနဲ့ အတွေးထဲမျောလွင့်စေပြီး relax ဖြစ်စေတာကတော့ Jazz chord progressions တွေနဲ့ ဖန်တီးထားလို့ပါ။ Bass, Drum နဲ့ Piano များနဲ့ Samples တွေရဲ့ rhythm ကို ဖန်တီး,တီးခတ်လေ့ရှိပြီး တချို့ lo-fi artists တွေဆိုရင် Guitarတွေ, Horns တွေနဲ့တောင် အသုံးပြုပြီး samples ဖန်တီးလေ့ရှိကြပါတယ်။ 
၃) Samples🎼
Lo-fi ဟာဆိုရင် တူရိယာဂီတအမျိုးအစား (instrumental music) ဖြစ်ပေမယ့်လည်း သီချင်းသံစဉ် ပိုမိုကောင်းမွန်စေဖို့ samples တွေနဲ့ အခြား effects တွေကိုလည်း အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် Vocal samples တွေကိုတော့ သိပ်သုံးလေ့မရှိပါဘူး။ နွေးထွေးပြီး အတိတ်ကို လွမ်းဆွတ်သတိရစေတဲ့ ခံစားချက်ရရှိစေဖို့ ဓာတ်ပြားစက်ဖွင့်စဉ် မြည်တဲ့အက်ကွဲသံလေးတွေကိုလည်း ထည့်သွင်း mix လေ့ရှိပါတယ်။
၁) Chillhop Music
Netherlands-based ဒီ YouTube channelကတော့ lo-fi music နဲ့ ပက်သက်လို့ လေ့လာစရာအများဆုံးပါ။ တခြား lo-fi channels တွေလိုပဲ ပိုင်ရှင် Bas van Leeuwen ဟာ သူ့ရဲ့ subscribers တွေနဲ့ ဆက်သွယ်ဖို့ livestream ကို အများဆုံးသုံးပါတယ်။
Listen🎧https://youtu.be/7NOSDKb0HlU
၂) ChilledCow
ပြင်သစ်အနုပညာရှင် Dmitriရဲ့ ဒီ channel လေးကတော့ 2017ခုနစ်မှာ Lo-fi music livestreaming စတင်ပြုလုပ်ခဲ့ပါတယ်။ သူ့ဟာ Whisper of the Heart ဂျပန် anime ဇာတ်ကားထဲက ကောင်မကလေး စာလုပ်နေတဲ့ပုံနဲ့ livestream ရင်း နာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ အဲ့ကောင်မလေးပုံကို သူ့ရဲ့ logo အဖြစ်ထားကာ “Lo-fi Girl”ဆိုတဲ့နာမည်ကို သူ့ရဲ့ music label နဲ့ Youtube Channel နာမည်အဖြစ် ပြောင်းလဲလိုက်ပါတော့တယ်။
Listen🎧 https://youtu.be/lTRiuFIWV54
၃) College Music
UK based ပိုင်ရှင် Luke Pritchard နှင့် Jonny Laxton တို့ဟာ 2013 ခုနစ်မှာ သူတို့ရဲ့ channel ကို စတင် launch ခဲ့ပါတယ်။ Summer jazz, late-night beats နှင့် တခြားသော Relaxing & Studying ကို အသားပေးထားတဲ့ tailor-made lo-fi beats များကိုလည်း နားဆင်ရမှာပါ။
Listen🎧 https://youtu.be/XDh0JcxrbPM
၄) Powfu
Canadian artist Powfu (နာမည်ရင်း: Isaiah Farber)ကတော့ 2020ခုနစ်မှာ သူ့ရဲ့
 “Death Bed (coffee for your head)” သီချင်းနဲ့ Billboard Hot 100 singles chart မှာ No.23 အထိ ချိတ်နိုင်ခဲ့ပါတယ်။
Listen 🎧 https://youtu.be/jJPMnTXl63E
🎼Lo-fi ရဲ့ တခြားဂီတတွေနဲ့မတူပဲ တမူထူးခြားတဲ့အချက်တွေကတော့
၁) အတိတ်ကို လွမ်းဆွတ်သတိရစေတယ်
ယနေ့ခေတ် ဆိုရှယ်မီဒီယာသုံးစွဲသူ Gen Z အားလုံး ရေဒီယိုကို သုံးဖူးချင်မှ သုံးဖူးကြမှာပါ။ မသုံးဖူးပေမယ့်လည်း ရုပ်ရှင်ဇာတ်ကားဟောင်းတွေ, ကာတွန်းဇာတ်လမ်းဟောင်းတွေထဲမှာ ရေဒီယိုအသုံးပြုတာကိုတော့ မြင်ဖူး, ကြားဖူးကြမယ် ထင်ပါတယ်။ အသံလေး တကျစ်ကျစ်နဲ့ lo-fi သီချင်းတွေဟာ ရေဒီယိုတွေ, ဓာတ်ပြားဟောင်းတွေက လွှင့်တဲ့သီချင်းတွေနဲ့ဆင်လို့ ကြားလိုက်ရတာနဲ့ ကိုယ်မရောက်ဖူးတဲ့ Vintage တို့, Retro တို့ခေတ်တွေကိုတောင် ရောက်သွားသလို ခံစားရစေပါတယ်။
၂) စိတ်ကို သက်တောင့်သက်သာ ဖြစ်စေတယ်
🐌Slow-tempo ဖြစ်တဲ့ beats တွေကိုသာ အသုံးပြုထားလို့ နားဆင်သူရဲ့ စိတ်ကို ease ဖြစ်စေတယ်။ 
😴 အိပ်မပျော်တဲ့နေ့တွေဆိုလည်း lo-fi သာ နားထောင်လိုက်။ ခဏလောက်ကြာတာနဲ့ အိပ်ပျော်သွားလိမ့်မယ်။ 
✏️သင်္ချာစာမေးပွဲနီးနေလို့ သင်္ချာပုဒ်စာတွေ အချိန်အကြာကြီးလေ့ကျင့်ရမယ်ဆိုလည်း ဘာမှမပူနဲ့။ Lo-fi သာဖွင့်ထားလိုက် အချိန်တွေ ဘယ်လိုကုန်လို့ကုန်မှန်း မသိလိုက်ဘဲ စာတွေလည်း အများကြီးပြီးနေပါလိမ့်မယ်။ 
အိမ်အလုပ်တွေ မပြီးသေးတဲ့ အိမ်ရှင်မတွေဆိုရင်လည်း Lo-fi လေးဖွင့်ရင်း ပန်းကန်ဆေး🍽, မီးပူတိုက်👔, အဝတ်လျှော်🧼, ဟင်းချက်🍲 လို့ရပါသေးတယ်။ 
စိတ်သေချာအာရုံစိုက်ပြီး လုပ်ရမယ့်အလုပ်တွေဆိုရင် Chill ဖြစ်တဲ့ Lo-fi သာဖွင့်ထားလိုက်။
မူလဘူတဖော်ပြမျှဝေသူ -
ဂီတရွာ - Gita Ywar
Thursday, June 29, 2023
ကန်မြဲ ကိုအေးကျော်
 "တောင်တော်ပုပ္ပါး"လို၊ "ပန်းရည် ဘဏ်တိုက်"' လို သီချင်းမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာ…
ကန်မြဲ ကိုအေးကျော် 
************
(ဆရာချစ်ဦးညို)
ချီလေတဲ့ ချီလေ၊ ဤမြေမှ ထိုတောင်တန်း၊ အပြန် အပြန်လားကွယ့်၊ အသွား အသွားပါဗျို့၊ မိုးလေသာခိုက် သယ်ယူလိုက်ပါ့၊ ပန်းရည်ဘဏ်တိုက် ဆောက်ကြပါလေကုန်။
အကြောင်းတရားနှင့် အကျိုးတရား ဆက်စပ်မိပြီးနောက်တွင် ပန်းရည်ဘဏ်တိုက်ကို ဆိုရမည်မှာ ပါးစပ် အရသာ ရှိလာပါသည်။ နှုတ်၊ လျှာ၊ အာတွေ့ရုံမျှမက ရင်ဖြင့်လည်း တစ်ဝြကီး နှလုံးခွေ့လာပါသည်။ ဤသို့သော ထူးကဲသိမ်မွေ့ သည့်ရသကို ပေးစွမ်းနိုင်သည့် ကျေးဇူးရှင် တေးပြုဆရာ၏ ကျေးဇူးကိုလည်း ဆင်ခြင်မိလာပါသည်။
တေးပြုဆရာကား အထက်အညာ မြင်းခြံတစ်ဝိုက်၊ ကန်မြဲဇဂျမ်းရွာသား ဆရာကိုအေးကျော် ဖြစ်လေသည်။ ဆရာ ကိုအေးကျော်တဲ့။ နိုင်ငံကျော် နာမည်ကြီး လျှမ်းလျှမ်းတောက်သီချင်းရေးဆရာ မဟုတ်။ လူသိ မများ။ ဟိုအညာကျေးလက်တောရွာက ပုဂ္ဂိုလ်။ သူ့ရုပ်ပုံလွှာသည် မှေးမှိန်ဝေသီလွန်းလှသည်။ ပန်းရည်ဘဏ်တိုက် ကို ကျွန်တော် သိသော်လည်း သူ့ကို ကျွန်တော်မသိ။ ထိုနည်းတူ ကျွန်တော်တို့အသည်းစွဲကြိုက်ရသော သာလေစွရွှေညာမြေ (လုံမလေး)၊ ရုပ်သေးပွဲ သွားရအောင် (ခင်အုန်းမြင့်လေး)၊ မိုးဦးတေး (ကိုဘသောင်း)၊ တောင်တော်ပုပ္ပါး (ကိုဘသောင်း)၊ တေးများ၏ လက်ရာရှင် များလည်း ဆရာကိုအေးကျော်ပင်ဖြစ်ကြောင်း သိလာသောအခါ သူ့အပေါ် စိတ်၀င်စားညွတ်နူး စိတ်များက ဖြတ်ဖြတ်နိုး ကြားလာလေသည်။
အရိုးခံလှ ကြွယ်ဝပေသော ဤတေးများ၏လက်ရာတွင် ကိုအေးကျော်သည် မည်သူနည်း။ မည်သို့နည်း။
ကိုအေးကျော်သည် ဆေးရွက်ခူးသူ၊ ကွမ်းရွက်ရောင်းသူ၊ ဆေးရွက်ကွမ်းကုန်ကူးသူ။ ကုန်ကူးသည်ဟု ဆိုရငြား သီချင်းရေးဖို့ကလွဲပြီး တစ်လောကလုံးမှာ ဘာကိုမျှ စိတ်မ၀င်စားသူဖြစ်သောကြောင့် ရောင်းသမျှစျေး၊ ကူးသမျှ ကုန်ရှုံးသည် ချည်းပင်။
သူသွားလေရာပင် မျဉ်းကြောင်းမပါသော အကြမ်းစာအုပ်တစ်အုပ်ပါသည်။ ခဲတံတစ်ချောင်း၊ ဖယောင်းတိုင်နှင့် မီးခြစ်ဘူးပါသည်။ ရောက်သည့်စျေး၊ ရောက်သည့်ပွဲရုံတွင် ဖယောင်းတိုင်ထွန်းကာ အကြမ်းစာအုပ်တွင် ခဲတံဖြင့် သီချင်းရေးသည်။ အချိန်တိုင်းမှာလည်း သီချင်းရေးဖို့ တွေးသည်။ လောက မျက်မြင်အလှ၊မျက်ကွယ်အလှတို့ နောက်သို့ စက္ကန့်နှင့်သမျှ သူတစေ့စပ်စပ်လိုက်ကြည့်သည်။ သီချင်းစာသား၊ စကားလုံးလေးတွေ ဘယ်လို ဖန်ဆင်းမည်ဆိုတာပဲ သူ တွေးသည်။
သီချင်းတွေ ရေးရာတွင်လည်း သူ့မှာ ရေးချင်လို့ ရေးတာပဲ ရှိသည်။ မရေးရမနေနိုင်သောကြောင့် ရေးသော သီချင်းရေးဆရာ ဖြစ်သည်။ မြန်မာ့အသံပို့ဖို့ ဓာတ်ပြားတိုက်နှင့် ဆက်သွယ်ဖို့ အဆိုတော်တစ်ဦးဦးထံအပ်ဖို့ သူ့မှာ ရည်ရွယ်ချက်အလျင်းမရှိ။ သီချင်းရေးခ ရလိုမှု၊ နာမည်ကျော်ကြားလိုမှု သူ့ခေါင်းထဲမှာ မရှိ။ သူ့ပန်းရည် ဘဏ်တိုက်သော် မှာပင် ကဗျာဆရာကြီးတစ်ဦးက (ဦးတင်မိုး) အစီအစဉ်လုပ်ပေးသောကြောင့် တိုင်းသိပြည်သိ သီချင်းအဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။ ဉာဏ်ပူဇော်ခ ငွေ ၂၀၀ ကျော်ကို စာတိုက်မှတစ်ဆင့် လက်ခံရာ တွင်လည်း ငွေလွှဲစာဖြတ်ပိုင်း၌ ““အေးကျော်”” ဟူသော လက်မှတ်မှတစ်ပါး ဘာမျှမပြန်ကြား။ ရန်ကုန်သို့ ခေါ်သော်လည်း သူ မလိုက်။ သီချင်းရေးဖို့မှအပ လောကကြီးသည် သူ့အတွက် ဘာမှစိတ်၀င်စားရာမရှိသော အရာ ဖြစ်နေသည်။ သူ့အကြောင်း အတော်လေးသိသော တစ်ရွာတည်းသား ကဗျာဆရာကြီး ဆရာဂျမ်းခေါ် ဦးတင်မိုး အား ကျွန်တော် မေးကြည့်ပါသည်။ သူက တသသ ဖြေလေသည်။
““ကိုအေးကျော်ဟာ သီချင်းရေးဖို့ အသက်ရှင်နေတဲ့သူပဲ။ မျက်လုံးတွေကလည်း စူးစူးရှရှအရောင်တွေ တောက်နေ တယ်။ ဘာကိုမဆို အလေးအနက်ကြည့်တယ်။ ဘာပဲမြင်မြင် ကြားကြား၊ ဒါကို သီချင်းစာသား ဖြစ်အောင် ဘယ်လိုကူး ပြောင်းလိုက်ရမလဲဆိုတာကိုပဲ အမြဲတွေးနေတာ။ စီးပွားရေးဆိုတာ ဝေးရော၊ သူကိုယ်တိုင် ထမင်းစားတာတောင်မှ သူ့အစ်မကြီးက စိတ်တိုတိုနဲ့ကျွေးတဲ့ ထမင်းရော၊ ဟင်းရော ရောပုံထားတဲ့ အိုးလေးနဲ့ပဲ မညည်းမညူစားတာ၊ ဘာဆိုတာ ဘာတစ်ခုကိုမှ အားကျမရှိဘူး””
““ကုန်းစောင်းမှာ အိမ်ထောင်ကျဖူးတယ်၊ ဇနီးရော သားသမီးပါ ဆုံးပါးသွားကြရှာတယ်””
““သူ့သီချင်းတွေ မြန်မာ့အသံက ဓာတ်ပြားရပြီး လွှင့်နေတာလည်း သူမသိဘူး၊ ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဇာတ်ကားရိုက်တော့ ဆရာမင်းကျော်နဲ့ ဆရာဦးသုခတို့ရဲ့ လိုလားချက်အရ ဒီစကားလုံးရဲ့ မူလပိုင်ရှင် ဖြစ်တဲ့ သူ့ကို ဂုဏ်ပြု ချီးမြှင့်ချင်လို့ ရန်ကုန်ကိုခေါ်တော့ သူက ငြင်းတယ်လေ””
““သီချင်းအဖြစ် ရောက်မလာတဲ့ သူ့စာတွေ အများကြီးရှိဦးမယ်၊ ကိုယ်တစ်ပိုင်းတစ်စ နှုတ်ရဲ့ရထားတာလေး
တစ်ခု ရှိတယ်၊ ဘယ်လောက်အတွေးစိပ်တဲ့သူလဲ၊ ဘယ်လောက်စကားလုံးနိုင်တဲ့သူလဲ စဉ်းစားကြည့်””
ဆရာရွတ်ပြသည်။ ကျွန်တော် ကောက်မှတ်လိုက်သည်။ တစ်ပိုင်းတစ်စ ထိုစကားလုံးမှာ “သံသရာ ဘ၀ ဓာတ်ပြားပြင်ဆီ၊ နာမ်ခန္ဓာနှစ်၀ ဇာတ်လျားအစဉ်သည်၊ ကံကြမ္မာက အပ်သွားတင်လေပြီ”
““သူ အခု ဘယ်မှာနေသလဲ”” ဟု မေးပါသည်။
““မရှိတော့ဘူးဗျာ၊ ကိုအေးကျော် ဆုံးသွားရှာပြီ၊ ဘယ်နှခုနှစ်၊ ဘယ်လ၊ ဘယ်ရက်၊ ဘယ်တုန်းက ဆုံးသွားမှန်း ဘယ်သူမှ မသိကြဘူး၊ ဘာရောဂါမှန်းလည်း မသိဘူး၊ ဆုံးတာ သုံးလေးနှစ် ရှိသွားပြီတဲ့၊ သူ့အစ်မ ဒေါ်ဆယ်တင် တောင် မမှတ်မိဘူး၊ သူ့တူလေးပြောတော့ မိုးတွေရွာနေတုန်း နွားတင်းကုပ်ထဲမှာ ခွေခွေလေး ဆုံးနေတာပဲတဲ့လေ””
““ “အို ဘယ့်ပျားငယ် ပျားသူငယ်ရယ် မိုးလေသာခိုက် သယ်ယူလိုက်ပါ့ ပန်းရည်ဘဏ်တိုက် ဆောက်ကြပါလေ ကုန်” တဲ့လား ကိုအေးကျော်ရယ်””
( ဆရာချစ်ဦးညို ရဲ့ ပန်းရည်ဘဏ်တိုက် ဆောင်းပါး)
--------------------------------------------------------
( ဆရာနေ၀င်းမြင့်ရဲ့ဟောပြောချက် )
ဒါကြောင့် ကျွန်တော်တို့ ခံစားတတ်သောနှလုံးသားနဲ့ ခံစားတတ်သောစိတ်ရှိဖို့လိုပါတယ်။ 
ပန်းရည်ဘဏ်တိုက် ကိုအေးကျော် နွားတင်းကုပ်ထဲမှာ ခဲတံလေး တံတွေးဆွတ်ပြီးရေးတာ။ သိပ်ဆင်းရဲရှာ တယ်။ တောင်တော်ရွှေပုပ္ပါး လဲသူရေးပါတယ်။ နဂါးလိန် ချော်ဆစ်က စကားဝါတောင်တော်ပန်းခိုင်… လှမ်းဆွတ်ပါ့မေရယ် ပန်းခက်က ဝေတယ်.. ဘယ်သူ ပြိုင်လို့ လှပါတော့နိုင်… ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဆိုတဲ့ ကိုအေးကျော်ရဲ့ စာလုံးရှစ်လုံး ကို ဒါရိုက်တာဦးသုခက ( အဲဒီခေတ်က ) ငွေ၅၀၀ ပေး၀ယ်တယ်။
အင်မတန်အနုပညာမြောက်တဲ့ သီချင်းရေးဆရာ အင်မတန် ဆင်းရဲရှာတယ်။ မြင်းခြံစျေး ထဲမှာ ကွမ်းရွက် ကလေး ရောင်းရတယ်။ တစ်နေ့တော့ သီချင်းလေးတစ်ပုဒ်သူရေးတယ်။ မြင်းခြံသူလေး ရုပ်သေးပွဲ ဟိုဘက်ရွာ သွား ကြည့်မယ့် အဖြစ်ကလေးကို သူရေးတယ်။ သူတို့ရွာသူလေးတစ်ယောက် အင်မတန်ဆင်းရဲတယ်။  
ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှိုင်းလို့ ရွှေဝိုင်းတို့ ဗေထိဆော်…ရုပ်သေးပွဲက ဒီခေတ်လို ကျွန်တော်တို့က ကြော်ငြာလို့ရတာ မဟုတ်ဘူး။ လက်ကမ်းကြော်ငြာပေးလို့ရတာမဟုတ်ဘူး။ ဗေထိ..ဗေထိ..ဗေထိ..ညနေ(၄) နာရီ လောက် ဆို အသံပေးရပြီ။ ဒီအသံကြားရင် ရုပ်သေးပွဲရှိပြီ။ ဒီကနေ့မှ သွားမကြည့်ရင် နောက်(၅)နှစ် လည်း မသေချာ။ နောက်(၁၀)နှစ်လည်း မသေချာတော့ အမေ..သမီးသွားကြည့်ပါရစေ။ အမေကို ခွင့်တောင်း 
ကိုအေးကျော်က သီချင်းလေးကို ဒီလိုစတယ်.. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှိုင်းလို့ ရွှေဝိုင်းတို့ ဗေထိဆော် တဲ့အသံကြားတော့ ရင်တွေခုန်ပြီ။ ပွဲကြည့်ချင် လို့..ရုပ်သေးပွဲကြည့်ချင်လို့..သမီးရယ် ရေလေးတော့ ခပ်ခဲ့ပါဦး။ သူမျာလှည်းနဲ့ လိုက်ရမှာ..အမေ…ရဲ့၊ ဒုက္ခပါပဲ..ရေခပ်တော့ လက်ယက်တွင်း ကလေး ကနေ စစ်စစ်ခပ်ရမှာ အမေ သမီးဘယ်မှီမှာတုန်း..။ မှီပါသယ် သမီးရယ် ကိုယ့်အစ်ကိုတွေပဲ နေပါဦးရှင်လို့.. တားထားရင်နေကြမှာပါ။ အမေက ခွင့်ပြုမယ်ဆိုတော့ စံပယ်ပန်းလေး တွေသီ… ရေစို၀တ် လေးနဲ့ အုပ်ထား။ တဘက်ကလေး ပွဲမှာခြုံဖို့..တဘက်ကလည်း ကောင်းကောင်း မရှိတော့ အဟောင်းကို ပဲ မဲနယ်ပြာနေ အောင်ဆိုးပြီး..လှမ်း.. ဒီတဘက်လေးခြုံ စံပယ်ပန်းလေးပန်ပြီးလိုက်ရမှာ..။ သနပ်ခါး ကလည်း တောသူများ ပီပီ ကျောက်ပြင်က တခြမ်းပဲ့နေတယ်။ နတ်သမီးကျွန်းထဲမှာ ပိုးလောက်လန်း က လေးငါးဆယ်ကောင်နဲ့။ သနပ်ခါး ကလည်း အပွေးမရှိ၊ ဂျစ်ဂျစ် ဂျစ်ဂျစ်နဲ့သွေး. ထွက်လာတာလေး ပါးလိမ်း.. မှန်ကလည်း ပြဒါးမပါ.. ရေအိုးလေး ကောက်ပြီး လှည်းလည်းလှမ်းကြည့်၊ ဒါလေးကိုအေးကျော်က သီချင်းကို ၀တ္ထုလေးဖြစ်အောင် ရေးတယ်။
သီချင်းဂီတကဗျာကို ခံစားတာ မတ်တပ်၊ ဖတ်ကာ မတ်တပ်၊ ခံစားတာမတ်တပ်မဟုတ်ပဲနဲ့ နက်နက်ဘယ်လို စပ်ခဲ့ သီခဲ့ ဖွဲ့ခဲ့ကြသလဲ အနုပညာ ကို ဘယ်လိုပေါင်းစပ်ဖော်ကျူးကြသလဲဆိုတဲ့ စိတ်ခံစားမှုမျိုးကိုပါ ကျွန်တော်တို့ သားသမီးတွေကို ကျွန်တော်တို့ သင်ပေးရ လိမ့်မယ်။ ကျွန်တော်တို့မှာ အလုပ်တွေ အများကြီးရှိပါသေးတယ်။
-------- -----------
( ဆရာမ နုနုရည် ) 
ကျွန်မ ပုပ္ပါးကို စရောက်ဖူးတဲ့ အချိန်ကစပြီး၊ ရောက်တဲ့ အခါတိုင်း အခါတိုင်းလဲ စိတ်ထဲမှာ ခံစားထိခိုက် ကြေကွဲနေတတ်တယ်။ ပုပ္ပါး တောင်ကြီးက စိမ်းညို့ပြာမှိုင်း.... လို့.....။ စကားစိမ်း စကားဝါ ပန်းရနံ့တွေကလဲ တတောလုံး၊ တတောင်လုံး ကြိုင်လို့ လှိုင်လို့။ ပုဂံပြည့်ရှင် နော်ရထာအတွက် ပုပ္ပါးက ကွမ်းကို ဆက်ဖို့၊ ပန်းကို ဆက်ဖို့ လာခဲ့ရတဲ့ ကိုဗျတ္တနဲ့ ပုပ္ပါးသူလေး မယ်၀ဏ္ဏတို့ရဲ့ မေတ္တာပန်းရနံ့ဟာလည်း ဟောဒီတတောလုံး တတောင်လုံးမှာ သင်းပျံ့လို့ နေပေလိမ့်မယ်လို့....။
ဒီနေရာလေးမှာများ ပုဂံက ချစ်သူအလာကို မယ်၀ဏ္ဏခမျာ မျှော်ရှာလေသလား၊ ဟောဟို .. စကားဝါပင်ကြီး အောက်မှာများ ချစ်သူနှစ်ဦး စကားလက်ဆုံ ပြောမကုန် ဖြစ်ခဲ့ကြသလေလားလို့လည်း ကျွန်မ လျှောက်တွေး တတ် တယ်။ အဲဒီလိုအချိန်များမှာ ပုပ္ပါးနဲ့ ပတ်သက်တဲ့ သီချင်းတွေထဲမှာ ကျွန်မ အကြိုက်ဆုံး လွမ်းစရာ အကောင်းဆုံးသီချင်း။ ကန်မြဲကိုအေးကျော်ရေးပြီး ရေဒီယိုအဆိုကျော် ကိုမြသောင်းဆိုတဲ့ တောင်တော်ပုပ္ပါး သီချင်းကိုများ သတိရမိလိုက်ရင် ဒါမှမဟုတ် ပုပ္ပါးတောင်ထိပ်ကနေ လော်စပီကာနဲ့ ဖွင့်လိုက်ရင် ကြက်သီး မွှေညင်း ထပြီး မျက်ရည်ဝဲအောင် လွမ်းရတယ်။ ကိုအေးကျော်ရဲ့ သီချင်းကလေ ဘယ်လောက်များ စကားလုံး တွေ လှလိုက်သလဲ ဆိုရင်....။
"xx နဂါးလိမ် ကျော်ဆစ်ကxx စကားဝါတောင်တော်ပန်း လှမ်းဆွတ်ပါ့မေရယ်xx ပန်းခက်က ဝေတယ်xx ဘယ်သူပြိုင်လို့ လှပါတော့နိုင်xx" တဲ့.....။
ခဲတံအတိုလေးတတို၊ ဗလာစာအုပ် အစုတ်လေးတအုပ်၊ ဖယောင်းတိုင်တို၊ မီးချစ်ဗူးလေး တဗူးထည့်ထားတဲ့ လွယ်အိတ်နွမ်းလေးလွယ်ပြီး ကန်မြဲရွာကနေ မြင်းခြံကို ဆေးရွက်ကြီးအထမ်းကြီး ထမ်းရောင်းရရှာတဲ့ သူတဦးရဲ့ ရုပ်ပုံလွှာဟာ 'ဘယ်သူပြိုင်လို့ လှပါတော့နိုင်' လို စကားလုံးမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာရဲ့ ရုပ်ပုံလွှာ တဲ့ လား .....။
ကန်မြဲရွာသား နိုင်ငံကျော်ကဗျာဆရာကြီး ဦးတင်မိုးက ပြောပြ ခဲ့ဖူးလို့။ 'တောင်တော်ပုပ္ပါး' လို၊ 'ပန်းရည် ဘဏ်တိုက်' လို သီချင်းမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာရဲ့ ဘ၀ ရုပ်ပုံလွှာကို ကျွန်မ သိခဲ့ရဖူးတယ်။
ပုပ္ပါးရောက်တိုင်း ဒီသီချင်းကို ဆိုမိမြဲ...။ ဒီသီချင်းကြောင့်လဲ ပုပ္ပါးကို ပိုပြီး ခံစားတတ်စေခဲ့တာပေါ့။
( ဆရာမ နုနုရည် ရဲ့ ကျေးဇူးတင်ဖူး....တင်တတ်နိုင်ပါစေ )
တောင်တော်ပုပ္ပါးကို ဓါတ်ပြားသွင်းတော့ “ရင်သပ်ရှုမောလောက်ဖွယ် ထူးမဆန်းသော စိမ့်စမ်းသွယ် ရစ်လည်ဗွေဆိုင်” ဆိုတဲ့ စာသားက ဆရာလင်းခေးလုလင်ပြင်လိုက်တာလို့ ဆရာမ နုနုရည်က ပြောပါတယ်။ 
ကန်မြဲကိုအေးကျော်ရဲ့ မူရင်းစာသားက “လူသား ကိုဗျတ္တနဲ့ ဘီလူးပန်းစား မယ်၀ဏတို့ မေတ္တာသွယ်ပြိုင်” တဲ့။ 
ပြီးတော့ ရွှေမိုးတွေ ညို့လိုညို့ရင် အပိုဒ်မှာလဲ မူရင်းက ပုပါးမှာ မိုးညို ညိုရင၊်ချောင်းသွင်သွင် ဆင်း၊ ဧရာမြစ်မင်းသို့တိုင်၊ ဦးတင့်တယ် တူသံဟိန်း၊ မိုးနတ်မောင်ချိမ်းပါလို့ တူယှဉ်ကာပြိုင်” ပါ လို့ ဆရာမ နုနုရည်က ရှင်းလင်းထားတာလည်းတွေ့ရပါတယ်။
ပန်းရည်ဘဏ်တိုက်သီချင်းနားဆင်ရန်( Link )
*********************************
ဆို - နီနီဝင်းရွှေ
 တောင်တော်ပုပ္ပါး သီချင်းနားဆင်ရန်( Link )
********************************
တေးရေးသူက ကန်မြဲ ကိုအေးကျော် ( တောင်သာ )
တေးဆိုသူက သံဖြူ ဘ သောင်း ( မြင်းခြံ )
တီးဝိုင်းက မြင်းခြံ မြို့မတီးဝိုင်း နဲ့ တစ်ချိန်က
ရေဒီယို နဲ့ဓာတ်ပြားရ " တောင်တော်ပုပ္ပါး " သီချင်း
ရဲ့အမည်အမှန်က " ဘယ်သူပြိုင်လို့ လှပါတော့နိုင် "
မူရင်းပိုင်ရှင်များအားလုံးအား ( credit ) ပေးပါတယ်ခင်ဗျာ။
#Thura_Htayaung
9 - 6 - 2018
source - ကိုဖူး
Credit.. maung maung nyo( မောင်သစ်ဆင်း)
#ကန်မြဲချစ်မင်းဝေပြန်လည်မျှဝေသည်။။
Saturday, October 1, 2022
စိုင်းထီးဆိုင် @ ရင်ထဲက ဦးထီးဆိုင်
 “တေးသံသွင်းများမှ စီးရီးရောင်းရငွေသိမ်းရတာ ညည အိပ်ရေးပင်ပျက်သည်” ဟု ဆိုရသည် အထိ အောင်မြင်ခဲ့သော အဆိုတော်တစ်ယောက် အကြောင်း
★★★★★★★★★★★★★★★★★
စိုင်းထီးဆိုင်သည် မြန်မာပြည်တွင် ကျော်ကြားသော ရှမ်းလူမျိုး တေးရေးဆရာ၊ အဆိုတော်တစ်ဦးဖြစ်သည်။ သူ၏ ဂီတခရီးတစ်လျောက်လုံးတွင် ရှမ်းဘာသာဖြင့် သီဆိုသော သီချင်းအယ်ဘမ် ၃ ခွေ မှ ၄ ခွေနှင့် ဗမာဘာသာဖြင့်သီဆိုသော သီချင်းခွေ ၃၀မှ ၄၀ အထိ ထွက်ရှိခဲ့သည်။ သူသည် ကန်ထရီးဂီတကိုသာ အထူးအသားပေး ရေးသားခဲ့လေသည်။ စိုင်းထီးဆိုင်နှင့်အတူ တေးရေးဆရာ၊ ဒေါက်တာ စိုင်းခမ်းလိတ်နှင့် သဘာဝရင်သွေးငယ် The Wild Ones အဖွဲ့သည်လည်း မန္တလေးအခြေပြုပြီး နိုင်ငံကျော်ဖြစ်ခဲ့သည်။
စိုင်းထီးဆိုင်ကို အဖဦးနန္ဒာ၊ အမိ နန်းအိန်တို့မှ (၁၉၅၀) ပြည့်နှစ်၊ စက်တင်ဘာလ (၂၃) ရက်၊ မြန်မာသက္ကရာဇ် (၁၃၁၂) ခုနှစ်၊ တော်သလင်းလဆန်း (၁၂) ရက်၊ စနေနေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့တွင် ဖွားမြင်ခဲ့သည်။ မောင်နှမသားချင်းငါးဦးအနက် စိုင်းထီးဆိုင်မှာ သားအကြီးဆုံးဖြစ်ပြီး ညီမ နန်းဝင်းထိန်၊ နန်းမြင့်အုန်း၊ နန်းသိန်းထွေး (ခ) ယိင်းနှင့် ညီစိုင်းအောင်ထီးခမ်းတို့ ဖြစ်ပါသည်။ စိုင်းထီးဆိုင် မွေးစက ပြာနှမ်းနှမ်း မည်းတူးတူးလေးဖြစ်၍ နာမည်ကို အိုက်တူးဟု အလွယ်တကူ မှည့်ခေါ်ခဲ့ကြပြီး လသား အရွယ် အမည်မှည့်ချိန်တွင် စိုင်းတင်ဦး ဟုမှည့်ခဲ့ကြသည်။ ကိုရင်ကြီး ဝတ်ချိန်တွင် ရှင်ဓမ္မရက ဘွဲ့အမည်ဖြင့် သင်္ကန်းစည်းခဲ့သည်။
အသက် ၅ နှစ်ကျော်အရွယ်၌ လင်ခေးရှိ အလယ်တန်းကျောင်းတွင် တက်သော်လည်း စာသင်နှစ်မပြီးခင် အချိန်မှာပဲ လင်းခေး ကျောင်းမှ ထွက်ပြီး လွယ်လင်ရှိ Sacred Heart Convent High School တွင် ကျောင်းအိပ်ကျောင်းစား သွားနေရသည်။ စိုင်းတင်ဦး အမည်မှသည် ရစ်ချတ်နန္ဒာဟု ခေါ်တွင်ခဲ့သည်။ ယင်းကျောင်းတွင် စစ္စတာပီးယား လက်ဆောင်ပေးသော နိုင်လွန်ကြိုး လေးချောင်းတပ်၊ ယူကလီးလီး တူရိယာကို တီးခွင့်ရခဲ့ပြီး အဆို၊ အတီးပညာနှင့် စတင်ရင်းနှီးခဲ့ခြင်းဖြစ်သည်။ စတုတ္ထတန်းအောင်၍ ပဉ္စမတန်းသို့ ရောက်သောအခါ တောင်ကြီး Christian High School တွင် ပြောင်းတက်ခဲ့ပါသည်။ ယင်း ကျောင်းတွင် ဂစ်တာ သေသေချာချာ တီးတတ်အောင် သင်ပြပေးခဲ့သော သူငယ်ချင်း မောင်မောင်နှင့်တွေ့ဆုံပြီး တောင်ကြီး ယဉ်ကျေးမှုတီးဝိုင်းတွင် အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပါသည်။ ကိုးတန်းနှစ်တွင် စာမေးပွဲကျသဖြင့် ဖခင်ဖြစ်သူက တောင်ကြီးတွင် မထားတော့ဘဲ လွယ်လင်တွင် ကျောင်းပြန်နေစေသည်။ ကိုးတန်းအောင်မှ တောင်ကြီးတွင် ပြန်နေခွင့်ပေးမည်ဟု ဆိုခဲ့သည်။ လွယ်လင် ပြန်ရောက်တော့ သွားလာ လည်ပတ်စရာသိပ်မရှိ၊ အပေါင်းအသင်းလည်း နည်းသွားသည့်အတွက် သီချင်းလေးတွေ ပိုစပ်ဖြစ်လာခဲ့သည်။ နွေရာသီ လူတိုင်းစာတတ်မြောက်ရေး လှုပ်ရှားမှုများ ပြုလုပ်ရာ ရှမ်းစာပေသင်ကြား တတ်မြောက်ရေးသည်လည်း အရေးကြီးသော အခန်းကဏ္ဍ တစ်ရပ်ဖြစ်လာသည်။ ယင်းသို့ သင်ကြားရာတွင် ရှမ်းစာရေးထုံး မူသစ်မူဟောင်းရှိရာ ဘယ်မူနှင့် သင်ကြားမလဲဆိုသည်ကို အတည်ပြုရန် ညီလာခံတစ်ခုအား တောင်ကြီးတွင် ကျင်းပခဲ့ပါသည်။ ထိုညီလာခံ၌ စိုင်းခမ်းလိတ် နှင့် စတင်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်၏ တွေ့ဆုံမှုမှာ မြန်မာနိုင်ငံတလွှား ကိုယ်ပိုင်သံစဉ် တေးလောကတွင် ခေတ်တစ်ခေတ်ဖြစ်စေမည့် အင်အားကြီးမားသည့် ရှေးရေစက် တစ်ခုပင်ဖြစ်ပါတော့သည်။
ကျောင်းများ ပြည်သူပိုင်သိမ်းသည့်အခါ ရစ်ချတ် နန္ဒဆိုသည့် အမည်ကို ပြောင်းရန် စိတ်ကူးရလာသည်။ တောင်ကြီးမြို့တွင် နေထိုင်သော ရှမ်းစာဆိုတော်တစ်ဦးဖြစ်သည့် ဦးခွန်မဟာကား နက္ခတ္တဗေဒ၊ မဟာဘုတ်နှင့် ဗေဒင်ကိန်းခန်း တတ်ကျွမ်းသူဖြစ်၍ သွားရောက်တွက်ချက်ပြီး အမည်မှည့်ခိုင်းရာမှ “ စိုင်းထီးဆိုင် ” ဖြစ်လာသည်။ ထီးဆိုသည်မှာ ထိပ်ဖျား၊ ဆိုင်ကစိန်ဖြစ်၍ ထိပ်တက်ဖျားက စိန်ကျောက်မျက်ဟု အဓိပ္ပာယ်ရသည်။
လွယ်လင်မှာ ကိုးတန်းအောင်တော့ တောင်ကြီးသို့ ပြန်ရောက်လာခဲ့သည်။ သို့သော် တစ်ဖက်နိုင်ငံ ချင်းမိုင်မြို့သို့ ရှမ်းဘာသာဖြင့် အသံလွှင့်နိုင်ဖို့ ကြိုးပမ်းခဲ့ရာမှ စာမေးပွဲဖြေဖို့ ဖောင်တင်ရက် နောက်ကျသွားခဲ့ရသည်။ ထို့ကြောင့် ဖခင်ဖြစ်သူကလည်း လင်ခေးမှာပဲ ဆယ်တန်းဖြေဖို့ ပြောခဲ့ရာ လင်းခေး ပြန်ရောက်လာခဲ့သည်။ စာမေးပွဲဖြေဆိုပြီးသောနေ့မှာ စိုင်းထီးဆိုင်အပါအဝင်ဖြစ်သော လင်ခေးဘောလုံးအဖွဲ့သားတွေ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲကြည့်ဖို့ ရန်ကုန်သွားကြသည်။ အားကစားပွဲကြည့်ရင်း သူငယ်ချင်း စိုးစိုးမြင့်နှင့် တွေ့ရသည်။ စိုးစိုးမြင့်မှ မြန်မာ့အသံ ရှမ်းအစီအစဉ်မှာ သီချင်းတွေအသံသွင်းဖို့ရှိတယ်။ ဒီရက်အတွင်း အသံသွင်းမယ်ဆိုရင် ဖြစ်မလားလို့ မေးလာခဲ့သည်။ စိုင်းထီးဆိုင်အတွက် ရေငတ်တုန်း ရေတွင်းထဲ ကျသွားခြင်းပင်ဖြစ်သည်။ ယင်းတွင်မှ “အဝေးကချစ်သူ”၊ “လှေငယ်ရှင်ဆုတောင်း”၊ “အကျည်းတန်ချစ်သူ”၊ “ကိုယ်သဘော ကျသူလေး”၊ “ပန်းချယ်ရီ” စသည့် ကိုယ်တိုင်ရေး ကိုယ်ပိုင်သံစဉ် ရှမ်းသီချင်းငါးပုဒ် အသံသွင်းဖြစ်ခဲ့သည်။ ယင်းသီချင်းများသည်လည်း လူကြိုက်များပြီး ဓာတ်ပြားရကာ အမြဲတမ်း အသံလွှင့်ပေးဖို့ ဖြစ်လာခဲ့သည်။ ဆယ်တန်း အောင်သောအခါ စိတ်ပညာမေဂျာဖြင့် မန္တလေးတက္ကသိုလ်သို့ တက်ခွင့်ရခဲ့သည်။ ဤတွင် စိုင်းခမ်းလိတ်နှင့် ပြန်တွေ့ဖြစ်သည်။ စိုင်းခမ်းလိတ်မှ စိုင်းထီးဆိုင်ကို သီချင်းဝါသနာပါသောကြောင့်သာမက ညီဖြစ်သူစိုင်းခမ်းသီ၏ သူငယ်ချင်းအဖြစ်လည်း သံယောဇဉ်ရှိသူဖြစ်သည်။ မန္တလေး ရောက်တော့ ဂီတမိတ်ဆွေများ တိုးပွားလာခဲ့ရာ တေးရေးဆရာကိုနေဝင်း အပါအဝင်ဖြစ်ပေသည်။ ကိုနေဝင်း၏ “မောင့်လပြည့်ဝန်း”သီချင်းမှာလည်း မကြာခဏကြားကြားနေ၍ရနေခဲ့ရာ ညဘက်အရှေ့ဆောင်မှာအမြဲလိုလိုသီချင်းဆိုဖြစ်ခဲ့သည်။
ယင်းနောက်(၁၉၇၃)ခုနှစ်ခန့်တွင် စိုင်းခမ်းလိတ်၊ စိုင်းထီးဆိုင်၊ ခွန်မျိုးလွင်နှင့် စောသိမ်းဝင်းတို့ ပါဝင်သော The Out-siders တီးဝိုင်းဖွဲ့ခဲ့သည်။ မန္တလေးတက္ကသိုလ်နယ်မြေတွင် The Outsiders အဖွဲ့၏သီဆိုတီးခတ်မှုများ လူသိများလာခဲ့သည်။ ၎င်းအချိန်တွင် မန္တလေးစင်ထရယ် (ဗဟို) တေးသံသွင်းမှ ငွေကြေးအကုန်အကျခံပြီး အသံဖမ်း ကြည့်ကြသည်။ ပထမဆုံးရလဒ်ကတော့ စတီရီယို ဟိုင်ဖိုင်သံမထွက်၊ အတီးပိုင်းမသပ်ရပ်၊ အသံဖမ်း ကွာလတီလိုအပ်၊ အဆိုပိုင်းစကားသံများ ပီပီသသမရှိဘဲ သိပ်ဝဲနေသည့် အတွက် မအောင်မြင်ခဲ့ပါ။ ထို့ကြောင့် ရန်ကုန်မှာ အသံဖမ်းစနစ်ကောင်းကောင်း၊ စတူဒီယိုကောင်းကောင်းနှင့် အသံသွင်းမည်ဆိုပြီး ဦးဘသိန်းစတူဒီယိုတွင် အသံသွင်းခဲ့ကြသည်။ မာစတာခွေထွက်တော့ ရန်ကုန်ရှိတေးသံသွင်းတွေ လိုက်ပြရာဘယ်သူမှမယူသဖြင့် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် တစ်ပုဒ်နှစ်ကျပ်နှုန်းနှင့် ဖြန့်ရသည်။ တချို့ဆို ပစ်ပစ်ခါခါငြင်းဆိုသဖြင့် စိတ်ဓာတ်ကျကြရသည်။ တောင်ကြီးမှ “မောတေးသံသွင်း” တစ်ဆိုင်ပဲ လိုလိုလားလားရှိခဲ့သည်။ ဈေးမဖြတ်ဘဲ အတော်တော်များများ ယူထားလိုက်သည်။ ထိုအချိန် တွင်သူငယ်ချင်း “အောင်ခိုင်မြင့် ဂျေမောင်မောင်နှင့် တွေ့သည်။ သူကရန်ကုန်မှာ လိုက်ဖြန့်ပေးမည်ဆိုပြီး အခွေကို သေသေချာချာလိုက်ဖြန့်ပေးရာ လူကြားထဲ အတော်ပျံ့နှံ့သွားခဲ့သည်။ (၁၉၇၃)ခုနှစ်မှာ The Outsiders နှင့် The Highlanders (စိုင်းခမ်းသီ၊ စောဂျက်ဆင်၊ စောဂျော်နီတို့ စုစည်းထားသောအဖွဲ့) ဝိုင်းတော်သား များပူးပေါင်းပြီး The Wild Ones (သဘာဝရဲ့ရင်သွေးငယ်များ) တေးဂီတအဖွဲ့စတင်ဖွဲ့ခဲ့သည်။ ပြီး ရန်ကုန်ရုပ်ရှင်ခြံမှာ ဒုတိယခွေကို သွင်းဖြစ်ခဲ့သည်။ “နွေရာသီ”၊ “ချစ်တာတစ်ခုတည်းသိတယ်”၊ “စိုင်းပြန်ရဦးမယ်”၊ “ရွှေဟင်္သာနားခိုက်” ပါဝင်သောသီချင်း (၁၀) ပုဒ်ဖြစ်သည်။ ထိုအခွေမှာ တေးသံသွင်းများမှ စီးရီးရောင်းရငွေ သိမ်းရတာ ညည အိပ်ရေးပင်ပျက်သည်ဟု ဆိုပါသည်။ ထိုအခွေအား ညည်းညည်းညူညူ တဖျစ်တောက်တောက်နှင့် အသံသွင်း ပေးခဲ့သော ရွက်ဝါမောင်မောင် ပင်အံ့အားသင့်ခဲ့ရသည်အထိဖြစ်ခဲ့သည်။ ထို့နောက် တတိယခွေကို “ပန်းသာရုပ်ရှင်ခြံ” တွင် သွင်းဖြစ်ပြီး စီးရီးခေါင်းစဉ်မှာ “မန္တလေးရောက်ရှမ်းတစ်ယောက်” ဖြစ်သည်။ ဒီတစ်ကြိမ်မှာတော့စီးရီးမှာပေါက်သွားခဲ့ပြီး တေးသံသွင်းများမှ လက်မလည်အောင် ကူးနေခဲ့ရသည်။ နောက်ဆက်၍ “ခြင်္သေ့လည်ပြန် (သို့) ပြန်ညှိရမယ့်ကာရန်”၊ “စိတ္တဇအလွမ်း”၊ “ပျံသာပျံပါရွှေဟင်္သာ” ( ကျေနပ်ပါတော့ )၊ “ အိပ်စက်အနားယူပြီ” စသည့် စီးရီးများ စီကာစဉ်ကာ ထွက်လာသည်။ ယနေ့မြန်မာ ဘာသာနှင့် ရှမ်းဘာသာဖြင့် တေးသီချင်း စီးရီးခွေပေါင်းများစွာ ထွက်ရှိခဲ့ပြီးဖြစ်သည်။
စိုင်းထီးဆိုင်မှာ တေးစီးရီး များသီဆိုရုံမက ဒါရိုက်တာ မောင်ငြိမ်းချမ်းစီစဉ်ပြီး ဗီဒီယိုဇာတ်ကား များဖြစ်သည့် “အချစ်အတွက် တစ်ဖန်မွေးဖွားခြင်း” (မင်းသမီးမေသန်းနုနှင့်) “မစ္ဆရိယ” (မင်းသမီးမေသန်းနုနှင့်) “မန္တလေးရောက် ရှမ်းတစ်ယောက်” (မင်းသမီး မေသဉ္ဇာဦးနှင့်) ကားများ ရိုက်ကူးခဲ့ပါသေးသည်။
စိုင်းထီးဆိုင်မဆုံးပါးခင် ဆုန်သင်းပါရ်၊ ရတနာဦးတို့နှင့် အတူသီဆိုထားသော “ ဝတ်မှုန်ခရီး” တေးစီးရီး ထွက်ခဲ့ပြီးမကြာခင် စိုင်းခမ်းလိတ်၏သမီး “နန်းခမ်းနွဲ့လိတ်”နှင့် တွဲဖက်သီဆိုထားသော “တွဲဖက်ကောင်း” စီးရီးထွက်ဖို့ရှိပါသည်။ စိုင်းထီးဆိုင်၏ နောက်ဆုံးတေးစီးရီး ဖြစ်ပါသည်။ ယင်းသို့အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း ဘဝကို ကြံ့ကြံ့ခံရင်ဆိုင်၍ တေးလောကသို့ တိုးဝင်လာခဲ့ရသော စိုင်းထီးဆိုင်သည် ယနေ့ဆိုလျှင် မြန်မာပြည်တနံတလျားတွင် မသိသူမရှိသလောက်အောင် ပရိတ်များထုနှင့် ထည်နှင့် အခိုင်အမာရှိခဲ့သူ ဖြစ်သည်။ မြန်မာပြည်တွင်သာမက ပြည်ပနိုင်ငံ အသီးသီးမှလည်း လေးစားစွာ ဖိတ်ကြားခြင်း ခံခဲ့ရသော တေးသံရှင်တစ်ဦး လည်းဖြစ်ပါသည်။
စိုင်းထီးဆိုင်သည် မကျန်းမမာဖြစ်လာရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အစာအိမ်နှင့်အူလမ်းကြောင်းဌာနတွင် တက်ရောက်ကုသခဲ့ရာမှ (၁၀၊၃၊၂၀၀၈) ရက်နေ့ နံနက် (၅:၄၅)နာရီတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပါသည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်သန်းစိုး၊ သားစိုင်းခိုင်ခမ်း၊ သမီးနန်းစံဟွမ်နှင့် နန်းယုခေါင်တို့ ကျန်ရစ်ခဲ့ပါသည်။
#ထွက်ရှိခဲ့သောတေးစီးရီးများ 
သဘာဝ (၁၉၇၃)
နွေရာသီ (၁၉၇၄)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ (၁၉၇၅)
နန်းခမ်းနွဲ့အတွက် သီချင်းတစ်ပုဒ် (၁၉၇၆)
စိတ်တဇအလှမျး (၁၉၇၇)
ကျေနပ်ပါတော့ (၁၉၇၈)
အိပ်စက်အနားယူပြီ (၁၉၇၈)
နွေနံနက်ခင်း (ဇူလိုင်၊ ၁၉၈၀)
သဘာဝရဲ့ ရင်သွေးငယ် (၁၉၈၁)
ဥပေက္ခာ လောကသား (မတ်၊ ၁၉၈၁)
လူကြမ်းမင်းသား (၁၉၈၁)
အမှတ်တရ သီချင်းများ (ဇူလိုင်၊ ၁၉၈၂)
ရန်ကုန်မှာ သာတဲ့လ (ဇူလိုင်၊ ၁၉၈၂)
ပလက်ဖောင်းမင်းသား (၁၉၈၃)
အမှတ်တရ - ၂ (စက်တင်ဘာ၊ ၁၉၈၃)
အမှတ်တရ - ၃ (၁၉၈၄)
ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေမယ် (စက်တင်ဘာ၊ ၁၉၈၄)
ရေဒီယိုကမာရွတ် (၁၉၈၅)
ချစ်အာမခံ (၁၉၈၅)
မောင့်အရိုင်းပန်း (၁၉၈၅)
သခင့်ဆီ အ‌ပြေးပြန်လာမည် (၁၉၈၆)
လေညာအရပ်က အချစ် (ဇန်နဝါရီ၊ ၁၉၈၆)
ဘဝမီးအိမ် (၁၉၈၇)
ဝေးလုခါ ဝေးနေချိန် (၁၉၈၈)
ရတနာ (ဇန်နဝါရီ၊ ၁၉၈၉)
အားလုံးကိုပျော်စေချင်ခဲ့သူ (ဩဂုတ်၊ ၁၉၈၉)
အချစ်ဆုတောင်း (၁၉၉၀)
အချစ်ဖိတ်စာ (၁၉၉၀)
ခြင်္ဿေ့လည်ပြန် (၁၉၉၀)
ဒီဇင်ဘာညတစ်ည (ဧပြီ၊ ၁၉၉၁)
ချစ်အားနည်းမှ ချစ်အားကြီး (စက်တင်ဘာ ၁၉၉၁)
လွယ်လွယ်နဲ့ မဖြစ်ဘူး လေးညှို့ရှင် (စက်တင်ဘာ ၁၉၉၁) (ခင်မောင်တိုး)
ဝမ်းရေး (၁၉၉၁) (မီမီဝင်းဖေ)
အတ္တစိတ်ကူး (ဧပြီ၊ ၁၉၉၃)
မတောင်းဘဲ ပြည့်တဲ့ဆု (ဇန်နဝါရီ၊ ၁၉၉၄)
လက်ရည်တစ်ပြင်တည်း (၁၉၉၄) (ဟေမာနေဝင်း)
အကောင်းဆုံးတေးများ (မတ်၊ ၁၉၉၄)
မေတ္တာဂုဏ် (‌ဟေမာနေဝင်း)
တစ်မူးရှိလို့ တစ်ပဲလှူ (၁၉၉၄)
မှာသူတစ်ယောက်၊ လာသူတစ်ယောက် (အောက်တိုဘာ၊ ၁၉၉၄) (မီမီဝင်းဖေ)
မိုးလုံးပတ်လည် (၁၉၉၄)
ငယ်ချစ်ဦး (ဇူလိုင်၊ ၁၉၉၄)
ဆုံးဖြတ်လိုက်ပါ၊ ဆုံးဖြတ်လိုက်ပြီ (ဩဂုတ်၊ ၁၉၉၅) (ဆွတ်ကျဲအို)
ချယ်ရီကိုသာ ပန်ပါကွယ် (ဩဂုတ်၊ ၁၉၉၅)
ငယ်ကျွမ်းဆွေနှင့် ရွှေရုပ်ရှင်သီချင်းများ (စက်တင်ဘာ ၁၉၉၅) (ဟေမာနေဝင်း)
အချစ်မျဉ်းပြိုင် (၁၉၉၅) (မေဆွိ)
ကိုယ်တစ်‌ယောက်တည်းကျန် (ဒီဇင်ဘာ ၁၉၉၅)
ကျွန်တော်ချစ်သော မှုံရွှေရည် (၁၉၉၆)
ပျံသန်းခြင်း မိုးကောင်းကင် ၁+၂ (မတ်၊ ၁၉၉၆)
အရိုင်းမာယာရှင် (စက်တင်ဘာ၊ ၁၉၉၆)
အနီးဆုံးသွေး၊ အဝေးဆုံးလူ
ရတနာနှင့် ခေါင်းစီးတေးများ
ခိုင်ထူး၊ စိုင်းထီးဆိုင် အကောင်းဆုံးတေးများ
ချစ်ခြင်းရဲ့ အဖော်မွန် (ဧပြီ၊ ၁၉၉၇)
သင်္ဘောသားတစ်‌ယောက် အကြောင်း
အာသီသ (၁၉၉၇)
အစစ်အမှတ် (နန်းနောင့်နောင့်)
အမြတ်နိုးဆုံး (နှင်း၊ မေဆွိ)
မနက်ဖြန်ဆက်ရန် MWD Live (ဇန်နဝါရီ၊ ၁၉၉၈)
အမေနေ့ (ဇန်နနဝါရီ ၁၉၉၈)
လေတံခွန်မလေး (၁၉၉၈)
သပြေညိုဆိုသော ပန်း (မတ်၊ ၁၉၉၈)
မြဲနေသေးတဲ့ လက်တွဲတစ်ခု (ဇူလိုင်၊ ၁၉၉၈) (မီမီဝင်းဖေ)
အကြိုက်ဆုံး စိုင်းထီဆိုင်တေးတွေ (အောက်တိုဘာ၊ ၁၉၉၈)
လိမ္မော်ချိန်
အချစ်ဂဟေ (၂၀၀၀)
အကျည်းတန်ချစ်သူ (ဇွန်၊ ၂၀၀၀)
သုံးရာသီ (ဇွန်၊ ၂၀၀၀)
ရွှေထာဝရတေးစု - ရွှေရတုအမှတ်တရ (စက်တင်ဘာ၊ ၂၀၀၀)
ရခွင့် (စက်တင်ဘာ၊ ၂၀၀၀)
သုံးပန်လှ (ဒီဇင်ဘာ၊ ၂၀၀၀)
ဒီဇင်ဘာ နံနက်ခင်း (ဒီဇင်ဘာ၊ ၂၀၀၀)
ရွှေလက်ဆောင် သီချင်းများ - ၁ (၂၀၀၁)
ရွှေလက်ဆောင် သီချင်းများ - ၂ (၂၀၀၁)
ရွှေလက်ဆောင် သီချင်းများ - ၃ (၂၀၀၁)
နံနက်ခင်းပေါင်းများစွာ (၂၀၀၂)
တစ်‌ယောက်သောသူ အနမ်း (စက်တင်ဘာ၊ ၂၀၀၄)
တောင်တန်း‌မြေမှ တေးမှတ်တမ်း (ဇန်နဝါရီ၊ ၂၀၀၆)
Unplugged Live( ၂၀၀၆)
ပါရမီရှင် (ဇန်နဝါရီ၊ ၂၀၀၇)
အကောင်းတကာ့ အကောင်းဆုံးတေး
အကောင်းတကာ့ အကောင်းဆုံးတေး - ၂
အကောင်းတကာ့ အကောင်းဆုံးတေး - ၃
အကောင်းတကာ့ အကောင်းဆုံးတေး - ၄
အကောင်းတကာ့ အကောင်းဆုံးတေး - ၅
The Very Best of Sai Htee Saing Vol -1
The Very Best of Sai Htee Saing Val - 2
အက်ဆစ်တစက် နှင်းတစက်
ယင်းမာရဲ့ "စိုင်းထီးစိုင်" - ၁
ယင်းမာရဲ့ "စိုင်းထီးစိုင်" - ၂
တွဲဖက်ကောင်း (နန်းခမ်းနွဲ့လိတ်)
စိုင်းထီးဆိုင် ဖြတ်သန်းခဲ့ရတဲ့ ဂီတရေစီးကြောင်း
=================================
ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ဂီတရေစီးကြောင်းကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်တော့ ....
ဆရာစိုင်းခမ်းလိတ်အကြောင်းကို ထည့်ပြောမှ ပြည့်စုံမယ်လို့ ထင်တယ်လေ...။
ဆရာစိုင်းခမ်းလိတ် ...
စိန့်အယ်(လ်)ဘတ်ကျောင်းမှာ (၁၀)တန်း ကျောင်းသားဘဝက စ,ရလိမ့်မယ် ထင်ပါတယ်။ 
ဆရာ့မှာ ညီအစ်ကိုမောင်နှမ မွေးချင်း (၄) ယောက် ရှိတယ်။ 
နမ္မတူမြို့ရှိ ရုပ်ရှင်ရုံဘေးအုတ်ခုံပေါ်မှာ ဆရာစပ်ထားတဲ့ သီချင်း သုံး၊ လေးပုဒ်ကို သူငယ်ချင်းတွေကို ဆိုပြတယ်။ သူငယ်ချင်းတွေက အစက လက်မခံချင်ကြဘူး။ ကျွန်တော်တို့ ရှမ်းလူမျိုးတွေဟာလည်း ဂစ်တာဆိုတဲ့ ကြိုးတပ်တူရိယာပစ္စည်းကို အဲဒီကာလတစ်ဝိုက်လောက်က လက်မခံချင်ကြဘူး။ 
အောင်မြင်ဖို့အတွက် အဟန့်အတားလို့ပဲ စိတ်ထဲမှာ မှတ်ယူထားခဲ့ပါတယ်။ ဒါနဲ့ပဲ ... မန္တလေးတက္ကသိုလ်ရောက်တော့ ရည်ရွယ်ချက်က ရှမ်းစာပေပြန့်ပွားရေး၊ မတိမ်ကော မပပျောက်ရေးကိုဦးတည်ပြီး ရှမ်းစာသင်တဲ့အခါမှာ ပိုမိုစိတ်ဝင်စားမှုရှိအောင် ရှမ်းသီချင်းတွေ ညှပ်ညှပ်သင်ပေးခဲ့တယ်။ 
အဲလိုနဲ့ပဲ ... 
၁၉၇၃ ခုနှစ် အရောက်မှာတော့ မန္တလေးဗဟိုတေးသံသွင်းမှာ ... "သဘာဝ"  "ဝမ်းနည်းမိတယ်" သီချင်းတွေ အစမ်းသွင်းကြည့်ပြီး ..
၁၉၇၄ ရန်ကုန်ဆင်းလာပြီး ဆရာစိုင်းခမ်းလိတ်ရေးသားတဲ့ 'သဘာဝ" "ပျံသန်းတဲ့ငှက်ကို သူတို့မို့ဖမ်းချင်တယ်" အပါအဝင် သီချင်းပုဒ်ရေ (၁၇) ပုဒ်ကို THE WILD ONES တေးဂီတအဖွဲ့နဲ့ ဦးဘသိန်းစတူဒီယိုမှာ တစ်ရက်တည်းအပြတ် အသံသွင်းခဲ့ကြတယ်။ 
ရှမ်းတိုင်းရင်းသားတွေလည်းဖြစ် ... ကော်ပီသီချင်းတွေ အောင်မြင်နေတဲ့ကာလဆိုတော့ ကိုယ်ပိုင်သံစဉ်သီချင်းတွေက စမ်းတဝါးဝါးပေါ့။ PLAY BOY အောင်မြင်နေတဲ့အချိန် စိတ်ပျက်လက်ပျက်နဲ့ပဲ မန္တလေးပြန်တက်ခဲ့ရတယ်ပေါ့...ဗျာ။ 
၁၉၇၅ - ၇၆ ခုနှစ်မှာ ...
ဦးဘသိန်း စတူဒီယိုမှာပဲ နန်းအေးအေးဆွေနဲ့ တွဲဖက်ပြီး စီးရီးသွင်းဖို့ ပြင်ဆင်ခဲ့ကြတယ်။ နန်းအေးအေးဆွေက PLAY BOY တေးဂီတအဖွဲ့နဲ့ အသံသွင်းယူချင်တဲ့ ဆန္ဒကြောင့် သဘောထားချင်းမတိုက်ဆိုင်မှုကြောင့် နန်းအေးအေးဆွေကို သီချင်းတွေခွဲပေးပြီး ကျန်တဲ့သီချင်းတွေအနက် "နွေရာသီ" "ကွဲနေတဲ့ မှန်စ,များ" အပါအဝင် သီချင်း (၁၀) ပုဒ်ကို ရွက်ဝါမောင်မောင် အကူအညီနဲ့ အသံသွင်းခဲ့တဲ့ကာလမှာ .. စားမှု၊ နေမှု အားလုံးချို့ချို့တဲ့တဲ့နဲ့ အကြွေးတင်ပြီး မန္တလေး ပြန်တက်ခဲ့ရတယ်။ 
အသင့်သွင်းပြီးတဲ့ သီချင်းတွေကို လိုက်စပ်တော့လည်း ဘယ်ဆိုင်ကမှ နားထောင်ကြည့်ဖော်တောင် မရဘူး။ အဲဒီ သီချင်းတွေကို ဂျေမောင်မောင်က ဘယ်သူ့တိုက်တွန်းမှုမှမပါဘဲ သူ့ဆန္ဒတစ်ခုတည်းနဲ့ အကူအညီပေးပြီး ဆိုင်တွေကို အတင်စနစ်နဲ့ ပေးကူးခဲ့တယ်။ 
တေးချစ်ပရိသတ်ကြား အတော်အသင့်ပျံ့နှံ့ပြီးကျွန်တော့် သီချင်းလေးတွေကို နားထောင်လာကြတယ်။ အဲဒီကာလတုန်းကတော့ ကိုယ့်သီချင်း ကိုယ်ပြန်ကြားခွင့်ရရင် စိတ်ကြည်နူးရတဲ့အဆင့်။ ခုချိန်ကျတော့ ... ဘဝရပ်တည်မှုနဲ့ နှီးနွယ်လာတော့ အနုပညာခံစားမှုကွာဟချက်တွေ ရှိလာတာတော့ အမှန်ပဲ။ 
ဆရာစိုင်းခမ်းလိတ်နဲ့ ကျွန်တော့်ကို နောက်တစ်ကြိမ် ရန်ကုန်ဆင်း သီချင်းသွင်းဖို့ကိစ္စ တွန်းအားပေးဖြစ်တဲ့ အကြောင်းအရာကတော့ (----) ကနေပြီး ကျွန်တော်တို့ရဲ့ "လယ်သူမလေး မောင့်ချစ်သူ" သီချင်းကို မြန်မာလိုရော အင်္ဂလိပ်လိုပါ ဆိုခဲ့တယ်။ (----) သီဆိုလိုက်တဲ့အတွက် တချို့ကျောင်းသားတွေဟာ ဆရာစိုင်းခမ်းလိတ်အပေါ် သံသယရှိလာတယ်။ ဒီသီချင်း ဘယ်သူအရင် ရေးတာလဲဆိုတဲ့အချက်ပေါ့။ 
ဆရာစိုင်းခမ်းလိတ်လည်း စိတ်မကောင်းဖြစ်ပြီး ခံပြင်းတဲ့စိတ်နဲ့ သီချင်းတွေကို ပိုပြီးကောင်းမွန်အောင် ကြိုးစားဖန်တီး ရေးသားခဲ့တယ်။ မန္တလေးမှာ နာမည်ကြီးတဲ့ "ဟန်တင်" ဆိုတဲ့ အဆိုတော်က "သဘာဝ" သီချင်းကို သူ့စီးရီးမှာထည့်ဆိုလို့ မန္တလေးလက်ဖက်ရည်ဆိုင်တွေ၊ အအေးဆိုင်တွေမှာ ကိုယ်ပိုင်သံစဉ်သီချင်းကို အာရုံစိုက် နားထောင်လာတတ်တဲ့ အလေ့အကျင့်ရလာတယ်လို့ပြောရင် မှန်တယ်လို့ထင်ပါတယ်။ ကျေးဇူးတင်ရမယ့်အထဲ ကိုဟန်တင်လည်း ပါရှိပါတယ်။ 
ကိုယ်ရရှိလာမယ့် အကျိုးအမြတ်ကို မမျှော်ကိုးတတ်ဘဲ တိပ်ရီကော်တာထဲက ပျံ့လွင့်လာမယ့် ကျွန်တော့်သီချင်း တေးချစ်ပရိသတ်နားထောင်လာစေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ ရန်ကုန်တစ်ခေါက်ပြန်ဆင်းပြီး ဦးဘသိန်းမှာပဲ အသံသွင်းကြပြန်တယ်။ စကားလုံးပီသမှု၊ လူငယ်ကြိုက်ဖြစ်နိုင်မယ့် သံစဉ်အကြောင်းအရာကို ရွေးချယ်ပြီး အကြိုးစားဆုံး အနုပညာရင်ခုန်မှုမျိုးဟာ ... စိုင်းထီးဆိုင်ဟာ ... ကိုယ်ပိုင်သံစဉ် အဆိုရှင်လိုင်းမှာ ရပ်တည်နိုင်ဖို့ ခြေချခွင့်တစ်နေရာ ရရှိခဲ့ခြင်းပါပဲ။ 
"မန္တလေးရောက် ရှမ်းတစ်ယောက်" စီးရီးဟာ.. ကျွန်တော် ဂီတလမ်းမကို ခြေချခွင့်ရတဲ့ စီးရီးပါပဲ။ အဲဒီစီးရီးကို တောင်ကြီးကမိတ်ဆွေ ရှမ်းရိုးမတေးသံသွင်းနဲ့ ယင်းမာတေးသံသွင်းက ငွေရင်းတစ်ဝက်စီ စိုက်ထုတ်ခဲ့ကြပါတယ်။ မအောင်မြင်ခင်အချိန်နဲ့ အောင်မြင်လာတဲ့အချိန်ဟာ အစစအရာရာ ကွာဟလာပါတယ်။ မအောင်မြင်ခင်မှာ ကိုယ်ဘယ်လောက်ပဲ ရိုးသားစွာကြိုးစားယူပေမယ့် အထင်သေးတဲ့မျက်လုံးတွေနဲ့ ရင်ဆိုင်ရတာပဲ။ 
ခုချိန်ထိ ကျွန်တော် စီးရီး (၂၀)ကျော် သီဆိုခဲ့ပြီးပါပြီ။ စတီရီယိုပန်းချင်းကြီးထဲမှာ ကော်ပီသချင်းသီဆိုသူ၊ ကိုယ်ပိုင်သံစဉ်သီချင်းသီဆိုသူ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရင်ခုန်ခံစား နေကြပါတယ်။ ကျွန်တော့်အဖို့တော့ ... ကြိုးစားလုပ်ကိုင်ရမယ့် ဂီတလုပ်ငန်းစဉ်တွေ အများအပြားကျန်ရှိနေပါသေးတယ်။ စိတ်ကူးထဲမှာတင် ပျက်ပြယ်သွားခဲ့ရတဲ့ သံစဉ်တွေလည်း အများကြီးပဲ။ 
နိမ့်တုံ၊ မြင့်တုံ လောကဓံတရာကိုးတော့ ကျွန်တော်တို့ လွန်ဆန်လို့မရဘူးလေ။ အဟောင်းတွေနေရာမှာ အသစ်တွေအစားထိုး လက်ဆင့်ကမ်းသယ်ဆောင်ကြလိမ့်မယ်။ ကျွန်တော်တို့ ကူညီရမယ်.. အားပေးရမယ်။ အဲဒီလိုနဲ့ပဲ တေးချစ်ပရိသတ်က စိုင်းထီးဆိုင်ဆိုတဲ့ အဆိုဝါသနာပါတဲ့ လူသားတစ်ဦးကို လက်ခံနေသရွေ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေကို နွေးထွေးစွာ ရင်ခုန်ခြင်းနှင့်အတူ ...။
ဆရာစိုင်းခမ်းလိတ်နှင့် တစ်ချိန်က အနုပညာကိုအတူတကွ မန္တလေးမှာရင်ခုန်ခဲ့ကြသော ကိုနေဝင်း၊ ကိုရဲလွင်၊ ကိုခင်မောင်တိုး တို့အား သတိတရရှိနေရင်း ...
ငွေရတုမှာ မဆုံခဲ့ရသော စတီရီယိုခေတ်ဦး ပညာရှင်များ...
ယနေ့ထိ ဝင်ရောက်လာကြသော လူငယ်စတီရီယိုအဆိုရှင်လေးများနှင့် ဆုံချင်ပါတယ်။ 
ကျွန်တော်တို့တစ်တွေရင်ခုန်နေကြတဲ့ ...ဂီတနဲ့ ပတ်သတ်၍
အမြဲတမ်း တေးချစ်ပရိသတ်ကို စေတနာမှန်ဖို့ပဲ လိုအပ်ပါတယ်။ 
စိုင်းထီးဆိုင်
------
"တေးသံသွင်းများမှ စီးရီးရောင်းရငွေ သိမ်းရတာ ညည အိပ်ရေးပင်ပျက်သည်” ဟု ဆိုရသည် အထိ အောင်မြင်ခဲ့သော အဆိုတော်တစ်ယောက် အကြောင်း
From - Myanmar Wikipedia
စိုင်းထီးဆိုင် ဖြတ်သန်းခဲ့ရတဲ့ ဂီတရေစီးကြောင်း
မဟေသီမဂ္ဂဇင်း 
Rock နှင့် ပတ်ဝန်းကျင်
Mg Mg Tin
Photo Credit & 
Source - Hseng Sam
          Saipanpha Mk
          Bohn Bon
Credit All Original Uploader 
#သိုး
Wednesday, December 29, 2021
စွယ် စုံ ရ အ နု ပ ညာ ရှင် .... ၀င်းဦး
စွယ် စုံ ရ အ နု ပ ညာ ရှင် .... ၀င်းဦး (၁၃-၃-၁၉၃၅) - (၁၄-၁၂-၁၉၈၈)
#၀င်းဦး
#သရုပ်ဆောင်
#အနုပညာရှင်
#ကိုယ်ရေးအကျဉ်း
(သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ၊ ဒါရိုက္တာ၊ ထုတ်ေ၀သူ စသဖြင့် စွယ်စုံရအနုပညာရှင် (ဦး)၀င်းဦးကတော့ တစ်ခေတ်မှာ တစ်ယောက်ဆိုရလောက်အောင် ထင်ပေါ်ကျော်ကြားခဲ့သူပါ။ သရုပ်ဆောင်ရာ၊ သီချင်းဆိုရာ၊ စာရေးရာမှာ ဘယ်တော့မှ ပြီးစလွယ်မလုပ် တတ်အားသမျှ ကြိုးစားလုပ်ဆောင်တတ်သူဖြစ်ပါတယ်။ သူ့ပုဂ္ဂိုလ်ရေးမှာ ဘယ်လိုပဲဖြစ်နေပါစေ ပရိသတ်အပေါ်တာ၀န်ကျေဖို့ ကြိုးစား သလို မစော်ကားမိအောင်လည်း သတိထားခဲ့သူတစ်ဦးဖြစ်ပါတယ်။ နောက်ပေါ် အနုပညာရှင်များရဲ့ စံထားအားကျခံရသူမို့ သူ့အကြောင်း အကျဉ်းမျှဖြစ်ဖြစ် သိထားရအောင် ေ၀မျှလိုက်ပါတယ်။)
စွယ်စုံရမင်းသားကြီး ဝင်းဦး ကွယ်လွန်ခဲ့သည်မှာ_ ဒီဇင်ဘာလ၁၄ရက်နေ့ဆိုရင်၃၃နှစ်ရှိပါပြီ။
တပ်မတော်သားဗိုလ်ကြီးကိုဦး၊စာရေးဆရာလေး ညိုမင်းလွင်....
ဒါရိုက်တာ၀င်းဦး.....မင်းသားဝင်းဦး....အဆိုတော်ဝင်းဦး.....
ကဗျာဆရာဝင်းဦး....စာရေးဆရာဝင်းဦး......
မြန်မာ့ အနုပညာ သမိုင်းတွင် ထူးချွန်သော ဒါရိုက္တာ၊ မင်းသား၊ ဇာတ်ညွှန်းဆရာ၊ အဆိုတော်၊ စာရေးဆရာ၊ စနစ္တက် စီမံခန့်ခွဲ တတ်သော ရုပ်ရှင်ကုမ္ပဏီ ပိုင်ရှင်နှင့် မဂ္ဂဇင်း စာအုပ် ထုတ်ဝေသူ ပိုင်ရှင်မှာ ဝင်းဦးပင် ဖြစ်သည်။
၀င်းဦးသည် ၁၉၃၅-ခုနှစ်၊ မတ္လ(၁၃)ရက်နေ့၊ အဖ ဦးဘညွန့်(ချစ်ဒုက္ခ)+ အမိ ဒေါ်မင်နီဘခက် (အင်္ဂလိပ်ခေတ်၊ ဆရာ၀န်ကြီး ကာနယ်ဘခက်၏ သမီး) တို့မှ ရန်ကုန်မြို့၌ ဖွားမြင်သည်။ မွေးချင်းငါးဦးရှိသည့်အနက် တတိယမြောက် ဖြစ်သည်။ အမည်ရင်းမှာ လှမြင့် ဖြစ်သည်။ မွေးချင်းများမှာ-
    ၁။ တင်တင်ဦး (မေယု) ရုပ်ရှင်မင်းသမီး
    ၂။ ကိုကျော်၀င်း (ဝင်းညွန့်) ရုပ်ရှင်မင်းသား
    ၃။ ကိုဦး (၀င်းဦး) ရုပ်ရှင်မင်းသား
    ၄။ အောင်မိုး ရုပ်ရှင်မင်းသား
    ၅ ။ တက္ကသိုလ် ကြည်ရွှင် ရုပ်ရှင်မင်းသား တို့ဖြစ်သည်။ 
ဝင်းဦး ဟု အမည်မှည့်ခေါ်ခြင်းမှာ ၁၉၆၀-ပြည့်နှစ်၊ ရှုမ၀ မဂ္ဂဇင်း၌ ရေးသားသော တက္ကသိုလ်ကျောင်းသား တစ်ဦး ၀တၳုရှည်ကြီးမှစ၍ အစ္မျဖစ္သူ တင်တင်ဦး (မေယု) နှင့် အစ်ကိုဖြစ်သူ ကိုကျော်၀င်း (ဝင်းညွန့်) တို့၏အမည်မှ ရှေ့ဆုံးနှင့် နောက်ဆုံး စာလုံးမ်ားကိုယူ၍ ၀င်းဦး ဟူသော ကလောင်အမည်ကို ယူခဲ့ခြင်း ဖြစ်သည်။
#ကိုယ်ရေးဖြစ်စဉ်
ဝင်းဦးသည် ရန်ကုန်တွင် မွေးဖွားကာ အသက်ငါးနှစ်အရွယ်တွင် ဒုတိယကမ်ဘာစစ်ကြီး ဖြစ်သဖြင့် မိခင်၊ မောင်နှမများ နှင့်အတူ စစ်ကိုင်းတောင်တွင် စစ်ဘေးရှောင်ပုန်း နေရသည်။ ထိုစဉ်တွင် မိခင်ရင်း ကွယ်လွန်ခဲ့သည်။ ဒုတိယမိခင် ဒေါ်အုန်းခင် (အငြိမ်းစား ကထိက) ၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းခဲ့ရသည်။ ဒုတိယကမ်ဘာစစ်ကြီး ပြီးသောအခါ ဆရာကြီး ဦးဘ အုပ်ချုပ်သည့် (တီတီစီ လေ့ကျင့်ရေးကျောင်း) တွင် ပညာကို စတင်သင်ယူခဲ့သည်။ ၁၉၄၉-ခုနှစ်တွင် တီတီစီ ကျောင်းမှပင် ဆယ်တန်း (တက္ကသိုလ်ဝင်တန်း) အောင်မြင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားရာ ဥပစာအထက်တန်း အောင်မြင်ခဲ့သည်။ တက္ကသိုလ် ပညာကို နှစ်နှစ်နေပြီး ဆက်လက် မသင်ပဲ ဗိုလ်သင်တန်း အပတ်စဉ် (၈)ကို တက်ရောက်ခဲ့သည်။ တပ်မတော် (ကြည်း) သို့ ၁၉၅၂-ခုနှစ်တွင် ဝင်ရောက် အမှုထမ်းခဲ့သည်။ ဒုတိယဗိုလ် လှမြင့်မှနေ၍ ဗိုလ်ကြီး ကိုဦး အမည်ဖြင့် တပ္မဟာ (၅)၊ တပ်ရင်း (၇) တွင် အမှုထမ်းခဲ့သည်။ ယင်းကဲ့သို့ အမှုထမ်းနေစဉ်အတွင်း မှော်ဘီမြို့ရှိ ကြည်း၊ ရေ၊ လေ၊ ပူးပေါင်း စစ်ဆင်ရေး လေထီးသင်တန်းသို့ တက်ရောက်ပြီး ၁၉၅၉-ခုနှစ်တွင် သြစတြေးလျ နိုင်ငံသို့ လေထီးပညာရပ်များ သွားရောက်သင်ကြားခဲ့သည်။ ပြန်ရောက်လာသောအခါ မှော်ဘီရှိ လေထီးသင်တန်းကျောင်းမှာ နည်းပြဗိုလ်ကြီးအဖြစ် ဆက်လက်တာ၀န် ထမ်းဆောင်သည်။ ၁၉၆၁-ခုနှစ်တွင် ဗိုလ်ကြီး အဆင့်ဖြင့် တပ်မတော်မှ နုတ်ထွက်ခဲ့သည်။
ဝင်းဦးသည် ကျောင်းသားဘဝကပင် သွေးသောက်မဂ္ဂဇင်းနှင့် ရှုမဝမဂ္ဂဇင်း တို့တွင် ညိုမင်းလွင်ကလောင် အမည်ဖြင့် ကဗ်ာ၊ ဝတၳုများ ရေးသားခဲ့သည်။ `ညိုမင်းလွင်အမည်မှာ ဒဂုန်မဂ္ဂဇင်းတွင် ညိုမြ (အိုးဝေညိုမြ) ရေးသားသော ၀တ်တုတိုတစ်ပုဒ်၏ အမည်ဖြစ်ပြီး ထို၀တ္တုအား နှစ်သက်စွဲလန်းသည်ကို အကြောင်းပြု၍ ကလောင်အမည် မှည့်ခဲ့သည်။ ပထမဆုံး ရေးသားခဲ့သော ဝတၳုမှာ `ဂျိန်းဖြစ်သည်။ ၁၉၆ဝ-ပြည့်နှစ် ရှုမဝမဂ္ဂဇင်း၌ `တက္ကသိုလ် ကျောင်းသားတစ်ဦး မဂ္ဂဇင်းဝတၳုရှည်ကြီးကို ရေးသားခဲ့သည်။ ဤမဂ္ဂဇင်း ဝတၳုရှည်ကို ဝင်းဦး ကလောင် အမည်ဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။ ဝင်းဦးဆိုသော အမည်သည် ယင်း ဝတၳုရှည်ကြီးကြောင့် နာမည်ကျော်ကြား လူသိများခဲ့သည် မှန်သော်လည်း တစ်နိုင်ငံလုံးက ဝင်းဦးကို အသိအမှတ် ပြုခဲ့သည်မှာ ရုပ်ရှင်ကြောင့်ပင်ဖြစ်သည်။ `မင်းထင် ရွှေမှန် ရာဇ၀င်ကားအတွက် ဇာတ်ညွှန်းရေးသား၍ ရုပ်ရှင်နယ်သို့ ရောက်ရှိလာခဲ့သည်။
ဝင်းဦး၏ ပွဲဦးထွက် ဇာတ္ကားမွာ ၁၉၅၇-ခုနှစ်၊ ရှုမဝမဂ္ဂဇင်းတွင် ဝင်းဦးကိုယ်တိုင် ရေးသားခဲ့သော `နှစ်ယောက်ထဲ နေချင်တယ် ဝတၳုရှည်ကို ရိုက်ကူးခြင်းဖြစ်သည်။ နှစ်ယောက်ထဲ နေချင်တယ် ဇာတ်ကားနှင့် အတူ ဇာတ်ဝင်တေး တစ်ပုဒ် ဖြစ်သော `မီးပုံပြဲ သီချင်းသည် တစ်နိုင်ငံလုံးသို့ ဝင်းဦး၏ နာမည်နှင့် တွဲပြီး ဖုံးလွှမ်းသွားခဲ့သည်။
ဝင်းဦးသည် အျခား ရုပ်ရှင် ကုမ္ပဏီများ အတွက် ပါဝင်သရုပ်ဆောင် ပေးခဲ့သည်သာမက မိမိ ကိုယ်တိုင်လည်း စန္ဒာရုပ်ရှင် ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ဝင်းဦး ကိုယ်တိုင် ဒါရိုက္တာ လုပ်ပြီး သူကိုယ်တိုင် ပါဝင် သရုပ်ဆောင် ခဲ့သော `ဆောင်းအိပ်မက် ဇာတ်ကားတွင် ဝင်းဦး၏ ဒါရိုက္တာပညာ၊ သရုပ်ဆောင်ပညာကို ချီးကျူးဖွယ်ရာ တွေ့ရသည်။ ဤဇာတ္ကား မှာပင် ဝင်းဦးသည် ပထမဆုံး အကြိမ် အကယ္ဒမီ ရခဲ့သည်။ ဆက်လက်၍ ဝင်းဦး ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ဒါရိုက္တာ လုပ်ပြီး ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခဲ့သော `မှုံရွှေရည်ဇာတ်ကား၌ ၁၉၇ဝ ပြည့်နှစ် အတွက် ဒုတိယ အကြိမ် အကယ္ဒမီ ရခဲ့ပြန်သည်။ မြန်မာ့အသံမှ ရေဒီယိုဇာတ်လမ်းများတွင် အသံဖြင့် ပါ၀င်သရုပ်ဆောင်ခဲ့သည်။ ရုပ်မြင်သံကြားဇာတ်လမ်းများကိုလည်း ကိုယ်တိုင်ပါ၀င်ရိုက်ကူးပြီး ထုတ်လွှင့်ခဲ့သည်။
 #အဆိုတော်ဘ၀
၀င်းဦး အစပြုခဲ့သည့် သီချင်းမှာ `တေလေငှက်ဖြစ်သည်။ ထိုသီချင်းကို `ချစ်သောသူ တစ်ယောက်ဇာတ်ကားတွင် သရုပ်ဆောင် သီဆိုခဲ့ခြင်း ဖြစ်သည်။ ၀င်းဦးသည် ခေတ်ပေါ်သီချင်းများ သာမက ရှေးသီချင်းကြီးများကိုပါ ပိုင်နိုင်စွာ သီဆိုနိုင်သူ ဖြစ်သည်။ အချစ်၊ အလွမ်း၊ တိုင်းပြုပြည်ပြု သီချင်းပေါင်း မ်ားစြာ သီဆိုခဲ့သည်။ တစ်ချိန်က မန္တလေးသင်္ကြန်တွင် မြို့မ အပျော်တမ်း တူရိယာအဖွဲ့နှင့် တွဲဖက်၍ သီချင်းများ သီဆိုခဲ့သည်။ မန္တလေးသင်္ကြန်နှင့် ၀င်းဦးသည် ဒွန်တွဲနေပေသည်။
#အမျိုးသားဇာတ်ဆောင်ဆု
အကယ္ဒမီ (အမျိုးသားဇာတ်ဆောင်ဆု) နှစ်ကြိမ် ဆွတ်ခူးရရှိခဲ့သည်။
    ၁၉၆၇-ခုနှစ် (ဆောင်းအိမ်မက်)ဇာတ္ကား
    ၁၉၇၀-ခုနှစ် (မှုံရွှေရည်)ဇာတ္ကား 
 #ဓာတ်ပြားကုမ္ပဏီ
၀ငျးဦးသညျ ကင်း၀န်အမည်ရှိသော ဓာတ်ပြားကုမ္ပဏီကိုလည်း တည်ထောင်၍ ဓာတ်ပြားများ ထုတ်လုပ်ဖြန့်ဖြူး ခဲ့သေးသည်။ အထူးသဖြင့် ကိုယ်တိုင်သီဆိုသည့် သီချင်းများ ဖြစ်သည်။
 #စန္ဒာပုံနှိပ်တိုက်
ဝင်းဦးသည် စန္ဒာပုံနှိပ်တိုက်ကို တည်ထောင်ပြီး စန္ဒာမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။ စန္ဒာမဂ္ဂဇင်းသည် မြန်မာနိုင်ငံ စာပေသမိုင်းတွင် ရောင်စုံ အော့ဖ်ဆက် (OFFSET) နည်းဖြင့် ထုတ်လုပ်သော ပထမဆုံး ပုဂ္ဂလိက ရောင်စုံ မဂ္ဂဇင်း ဖြစ်သည်။ စာမူ အရေအတွက် မ်ားမ်ား ဖော်ပြနိုင်ရန်အတွက် စန္ဒာမဂ္ဂဇင်းတွင် စာလုံးသေး (၁၂) ပွိုင့်ကို စတင် အသုံးပြုခဲ့သည်။ ဝင်းဦးသည် ခင်မောင်ဝင့် ကလောင် အမည်ဖြင့် ကမ်ဘာ့ ရုပ်ရှင်၊ မြန်မာ့ ရုပ်ရှင် အကြောင်းများကို သုတရသ ပြောင်မြောက်စွာ ရေးသားခဲ့သည်။ စန္ဒာ မဂ္ဂဇင်းတွင် ကေလးမ်ား အတွက် ဦးဦး ပုံပြောမယ်၊ အမျိုးသမီးများ အတွက် မရှပ်တေး ဟူသော အခန်း ကဏ္႑များ ခြဲ၍ တင်ပြမှုကြောင့် ကေလး၊ လူကြီး၊ က်ားမ မရွေး ကြိုက်နှစ်သက်သော မဂ္ဂဇင်း တစ်စောင် အဖြစ် ကျော်ကြားခဲ့ပြီး မြန်မာနိုင်ငံတွင် စောင်ရေ အမ်ားဆုံး ထုတ်ဝေရသည့် မဂ္ဂဇင်း ဖြစ်ခဲ့သည်။
    ကလောင် အမည်ခွဲများ - ညိုမင်းလွင်၊ ခင်မောင်ဝင့် 
ထို့ အပြင် အားကစားနှင့် လူမှုရေးလုပ်ငန်းများတွင်လည်း ပါ၀င်ဆောင်ရွက် ကူညီခဲ့သူဖြစ်သည်။
 #ဘ၀နိဂုံး
၁၉၈၈-ခုနှစ်တွင် မကျန်းမာ၍ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ သွားရောက်ဆေးကုသမှု ခံခဲ့သည်။ ဆေးကုသမှုခံယူရင်း ဗြိတိန်နိုင်ငံတစ်ခွင် ခရီးလှည့်လည် လေ့လာခဲ့သည်။ ပြည်သူကို ချစ်သော ဝင်းဦး၊ ပြည်သူက ချစ်သော ဝင်းဦးသည် ၁၉၈၈-ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့၊ ရန်ကုန်မြို့တွင် မြန်မာနိုင်ငံနှင့် မြန်မာ ပြည်သူ ပြည်သားများကို ကျောခိုင်းကာ လူ့ဘဝကို စွန့်ခွာသွားခဲ့သည်။ ခိုင်မာလာနှင်းဆီ ဇာတ်ကားရိုက်ကူးဆဲတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်က ၀င်းဦး အသုဘသည် လွန်စွာစည်ကားခဲ့သည်။
 #ဝင်းဦး ရေးသား ပြုစုခဲ့သော စာအုပ္မ်ား
    အာကသဒုံးယာဉ် လက်နက်များ - ၁၉၆၁ ခုနှစ်
    အသက်ရှင်နေနည်းနှင့် လေဟာပြင်ခရီး - ၁၉၆၁ ခုနှစ်
    နုနုငယ်ငယ် - ၁၉၆၁ ခုနှစ်
    လွမ်းလေသူ အမိုက်အမဲ (ဝတၳုတိုပေါင်းချုပ်) - ၁၉၆၂ ခုနှစ်
    မုန်းလဲမေ့ပါနိုင် - ၁၉၆၂ ခုနှစ်
    အသည်းစား မဟာရာဇာ၏ ရှင်းတမ်း - ၁၉၆၂ ခုနှစ်
    တက္ကသိုလ် ကျောင်းသားတစ်ဦး - ၁၉၆၂ ခုနှစ်
    ပန်းကြဲတဲ့ ဖဲစက်ရာမှာ - ၁၉၆၃ ခုနှစ်
    တေးသီချင်းဆန်းများ - ၁၉၆၃ ခုနှစ်
    မျက်ရှု - ၁၉၆၆ ခုနှစ်
    ကျွန်တော်မွှေးတဲ့မီး - ၁၉၆၉ ခုနှစ်
    တေးပေါင်းချုပ် - ၁၉၆၉ ခုနှစ်
    တေးပေါင်းချုပ် လက်ရွေးစင် - ၁၉၆၉ ခုနှစ်
    နှလုံးသား အသစ်နှင့် ချစ်မယ့်သူ - ၁၉၇ဝ ပြည့်နှစ်
    ဆွေး - ၁၉၇၁ ခုနှစ်
    မိန်းမလှအမုန်း - ၁၉၇၁ ခုနှစ်
    ငွေလှိုင်းဇာခြည်ပေါ်မှာ - ၁၉၇၁ ခုနှစ်
    ယောက်ျား မပီသသူနှင့် ခ်စ္မိသူ လူတယောက်အကြောင်း - ၁၉၇၁ ခုနှစ်
    ရေဒီယိုတေးများ - ၁၉၇၁ ခုနှစ်
    လတန်ခူးပေမို့ - ၁၉၇၁ ခုနှစ်
    သြစတြေးလျမှ ချစ်သမျှအကြောင်း - ၁၉၇၂ ခုနှစ်
    ကြင်နာသူအသည်း - ၁၉၇၂ ခုနှစ် (ဤစာအုပ္ကို ချစ်သူကြင်သူမြတ်နိုးသူ အမည်ဖြင့် ရုပ်ရှင်ရိုက်ခဲ့။ အတည်ပြုချက်လိုအပ်သည်။)
    ချစ်ဦးသူနှင့် ခ်စ္ဖူးသူ - ၁၉၇၂ ခုနှစ်
    နောင်အင်းလေး - ၁၉၇၂ ခုနှစ်
    နာမည်ကျော် ဇာတ်လိုက်မင်းသား ကိုဂြတို - ၁၉၇၃ ခုနှစ်
    ဆယ်စုခေတ် တစ်နှစ်စွန်း မန်းသင်္ကြန် - ၁၉၇၉ ခုနှစ်
    ပုဂ္ဂိုလ်ကျော် (၁၃) ဦး -
    နှစ်ယောက်ထဲ နေချင်တယ်
    မျှော်လင့်ခိုး သံသရာဝယ်
    သိုး - ၁၉၈၁ ခုနှစ်
    သည်ခေတ် သည်အရွယ် သည်လိင်ကိစ္စ 
 #သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများ
    နှစ်ယောက်ထဲ နေချင်တယ် (တင်တင်မူ)
    မောင်တို့ချယ်ရီမြေ (ခင်သန်းနု)
    မုန်းတစ်လှည့် ပြုံးတစ်လှည့် (တင်တင်အေး)
    ပိတောက်ရိပ်၀ယ် (နှင်းဆီ)
    ချစ်သဲ (ကြည်စိုး၊ ဝါဝါဝင်းရွှေ)
    ရင်သွေးရင်နှစ် (ဝါဝါ၀င်းရွှေ)
    ညီညီလွင် (ဝါဝါ၀င်းရွှေ)
    မုန်းမေ့ပါနိုင် (တင်တင်မူ၊ သီသီ၊ ဝါဝါ၀င်းရွှေ)
    ချစ်သောမောင်မောင် (သီသီ)
    ချစ်သူရွေးမယ် ချစ်ဝဲလယ် (မြင့်မြင့်ခင်၊ ချိုပြုံး၊ တင်တင်နွဲ့၊နွဲ့နွဲ့မူ၊ မြင့်မြင့်ခိုင်၊ စမ်းစမ်းအေး၊ စန္ဒာ) (ရွစ္ကိုယ္ခြဲ သရုပ်ဆောင်သည်။)
    တစ်ပွင့်တည်းပန်မယ် (ကြည်ကြည်ဌေး)
    တိမ်လွှာမို့မို့လွင် (မြင့်မြင့်ခင်)
    ချစ်သောသူ တစ်ယောက်
    ဘယ်ပြေးမလဲ မိချိုသဲ (စန္ဒာ)
    သိကြားစေ သက်သေညွှန်း (ဝါဝါ၀င်းရွှေ ၊ ခင်သန်းနု)
    ဆောင်းအိပ်မက် (တင်တင်အေး)
    မောင့်အချစ်တော် (ချစ်စပယ်)
    မောင်မောင်နှင့် သိင်္ဂီ(စံရှားတင်)
    တိမ်ဦးလေပြေ မောင့်ကိုစေ (ခင်ယုမေ)
    မောင်ချော့မြှူပါ့မယ် (ကြည်ကြည်ဌေး)
    သိုး (ကောလိပ်ဂျင်နေ၀င်း၊ ခင်သန်းနု)
    အတွယ်အတာ (စန္ဒာလင်း)
    မုံရွှေရည် (ခင်သန်းနု)
    ဆုထူးငယ် ပန်းရွယ်သွန်း
    ဤစံအိမ်၀ယ်
    နှင်းပျောက်တဲ့နွေ
    သက်တန့်ပေါ်က လူတစ်ယောက်
    ဗိမ္မိဿရ (အေဝမ်း ဦးတင်မောင်၊ ကြည်ကြည်ဋ္ဌေး)
    ရည်းစားဓားပြ
    ကျောက်မဲအကျဉ်းသား
    မုန်းပါတယ်မောင့်ကို (ဖိုးပါကြီး၊ မြင့်မြင့်ခင်)
    ဝေဠု
    ငွေလှိုင်းဇာပေါ်မှာ
    တစ်ကျော့နှစ်ကျော့ တေးကိုသီ (တင်တင်မြ၊ ချိုပြုံး)
    ခိုင်မာလာနှင်းဆီ (နောက်ဆုံး ဇာတ္ကား)  
ထပ်ဆင့်မျှေ၀ပေးသူ - နော်ဂဲလယ်ထူး (စာပေပရဟိတ)
#၀င်းဦး
#သရုပ်ဆောင်
#အနုပညာရှင်
#ကိုယ်ရေးအကျဉ်း
မြန်မာ့ အနုပညာ သမိုင်းတွင် ထူးချွန်သော ဒါရိုက်တာ၊ မင်းသား၊ ဇာတ်ညွှန်းဆရာ၊ အဆိုတော်၊ စာရေးဆရာ၊ စနစ်တကျ စီမံခန့်ခွဲ တတ်သော ရုပ်ရှင်ကုမ္ပဏီ ပိုင်ရှင်နှင့် မဂ္ဂဇင်း စာအုပ် ထုတ်ဝေသူ ပိုင်ရှင်မှာ ဝင်းဦးပင် ဖြစ်သည်။
ဝင်းဦး ဟု အမည်မှည့်ခေါ်ခြင်းမှာ ၁၉၆၀-ပြည့်နှစ်၊ ရှုမ၀ မဂ္ဂဇင်း၌ ရေးသားသော တက္ကသိုလ်ကျောင်းသား တစ်ဦး ၀တ္ထုရှည်ကြီးမှစ၍ အစ်မဖြစ်သူ တင်တင်ဦး (မေယု) နှင့် အစ်ကိုဖြစ်သူ ကိုကျော်ဝင်း (ဝင်းညွန့်) တို့၏အမည်မှ ရှေ့ဆုံးနှင့် နောက်ဆုံး စာလုံးများကိုယူ၍ ၀င်းဦး ဟူသော ကလောင်အမည်ကို ယူခဲ့ခြင်း ဖြစ်သည်။
#ကိုယ်ရေးဖြစ်စဉ်
ဝင်းဦး၏ ပွဲဦးထွက် ဇာတ်ကားမှာ ၁၉၅၇-ခုနှစ်၊ ရှုမဝမဂ္ဂဇင်းတွင် ဝင်းဦးကိုယ်တိုင် ရေးသားခဲ့သော `နှစ်ယောက်ထဲ နေချင်တယ် ဝတ္ထုရှည်ကို ရိုက်ကူးခြင်းဖြစ်သည်။ နှစ်ယောက်ထဲ နေချင်တယ် ဇာတ်ကားနှင့် အတူ ဇာတ်ဝင်တေး တစ်ပုဒ် ဖြစ်သော `မီးပုံပွဲ သီချင်းသည် တစ်နိုင်ငံလုံးသို့ ဝင်းဦး၏ နာမည်နှင့် တွဲပြီး ဖုံးလွှမ်းသွားခဲ့သည်။
 #အဆိုတော်ဘဝ
အကယ်ဒမီ (အမျိုးသားဇာတ်ဆောင်ဆု) နှစ်ကြိမ် ဆွတ်ခူးရရှိခဲ့သည်။
    ၁၉၆၇-ခုနှစ် (ဆောင်းအိမ်မက်)ဇာတ်ကား
    ၁၉၇၀-ခုနှစ် (မှုံရွှေရည်)ဇာတ်ကား 
 #ဓာတ်ပြားကုမ္ပဏီ
 #စန္ဒာပုံနှိပ်တိုက်
 #ဘ၀နိဂုံး
 #ဝင်းဦး ရေးသား ပြုစုခဲ့သော စာအုပ်များ
    လွမ်းလေသူ အမိုက်အမဲ (ဝတ္ထုတိုပေါင်းချုပ်) - ၁၉၆၂ ခုနှစ်
    မျက်ရှု - ၁၉၆၆ ခုနှစ်
    ဆွေး - ၁၉၇၁ ခုနှစ်
    ယောက်ျား မပီသသူနှင့် ချစ်မိသူ လူတယောက်အကြောင်း - ၁၉၇၁ ခုနှစ်
    ချစ်ဦးသူနှင့် ချစ်ဖူးသူ - ၁၉၇၂ ခုနှစ်
    နာမည်ကျော် ဇာတ်လိုက်မင်းသား ကိုဂွတို - ၁၉၇၃ ခုနှစ်
    ပုဂ္ဂိုလ်ကျော် (၁၃) ဦး -
    သိုး - ၁၉၈၁ ခုနှစ်
    ချစ်သူရွေးမယ် ချစ်ဝဲလယ် (မြင့်မြင့်ခင်၊ ချိုပြုံး၊ တင်တင်နွဲ့၊နွဲ့နွဲ့မူ၊ မြင့်မြင့်ခိုင်၊ စမ်းစမ်းအေး၊ စန္ဒာ) (ရှစ်ကိုယ်ခွဲ သရုပ်ဆောင်သည်။)
    ချစ်သောသူ တစ်ယောက်
    အတွယ်အတာ (စန္ဒာလင်း)
    မုံရွှေရည် (ခင်သန်းနု)
    ဤစံအိမ်ဝယ်
    နှင်းပျောက်တဲ့နွေ
    ရည်းစားဓားပြ
    ကျောက်မဲအကျဉ်းသား
    ဝေဠု
    ငွေလှိုင်းဇာပေါ်မှာ
    ခိုင်မာလာနှင်းဆီ (နောက်ဆုံး ဇာတ်ကား)  
ထပ်ဆင့်မျှဝေပေးသူ - နော်ဂဲလယ်ထူး (စာပေပရဟိတ)