Old School Hip Hop " က " Hip Hop " ကို စတင်တဲ့
အမျိုးအစား တခု လို့ပြောရပါတယ် ။ ဒီ Type ကို ၁၉၇၆ ကအစ ၁၉၈၂ အထိ သတ်မှတ်ထားတဲ့ Rap ဂီတ တမျိုးဖြစ်ပါတယ် ။ ဒီဂီတက Dj Kool Herc , Afrika Bambaataa , Besatie Boys , Grandmaster Flesh & Furious Five , Sugarhill Gang , RUN DMC , Public Enemy , တို့လို ပုဂ္ဂိုလ် တွေ ဖန်တီးခဲ့တဲ့ " Hip Hop " ဂီတသီချင်း တွေ ကို ဆိုပါတယ် ။ Tempo အနေအထားအရ ၉၀ နဲ့ ၁၁၀ ကြားမှာ ဖန်တီးလေ့ ရှိပါတယ် ။
New School Hip Hop
🔵🔵🔵🔵🔵🔵🔵🔵
" New School Hip Hop " ဆိုတာကတော့ ၁၉၈၃ က စပြီး ၁၉၉၉ ခုနှစ်ထိ အောင်မြင်ခဲ့ တဲ့ ဂီတ အမျိုးအစား လဲ ဖြစ်ပါတယ် ။" Old School " နဲ့ " New School " အပြောင်း အလဲ ကြားက အောင်မြင်ပြီးသားနဲ့ အောင်မြင်လာတဲ့ Ice-T , CypressHill , Snoop Dogg , Nutorious B.I.G , Tupac , Eazy-E , Dr.Dre , Nas , Jay -Z , Ice Cube , Wu-Tang Clan , 50 Cent , The Game , LL Cool j , တို့ ကြောင့် " New School " တွေဖြစ်လာတယ် ။ သူတို့ရဲ့ ဂီတသီချင်းတွေက " Old Schvl Clash " ဘက် ရောက်ပေမဲ့ တခြား အနုပညာရှင် တွေ ကတော့ " New Clash " ဘက် ရောက် ကြတယ် ။ " New Clash " တွေက သူတို့ရဲ့ သီချင်းတွေ ကို Tempo ၁၀၀ နဲ့ ၁၂၀ အထိ ဖန်တီးလေ့ရှိကြတယ် ။
West Coast Hip Hop
🔵🔵🔵🔵🔵🔵🔵🔵
1978 နောက်ပိုင်းက စပြီး Amarican အနောက်ဘက် ကမ်းရိုးတန်း ဒေသ တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဂီတ တခုပါ ။ American နိုင်ငံရှိ အနောက်ဘက် ကမ်းဂိုးတန်း တလွှား က LA (Los Angeles) , Las Vegas , San Diego , Long Beach , San Frarciscos , Oakland , Compton , Phrenix , Seattle စတဲ့ ပြည်နယ် နိုင်ငံ ဒေသ တွေ မှာ ပေါ်ပေါက်ခဲ့ တာပါ ။ West Coast Hip Hop ပေါ်ချိန် က Gangstar Hip Hop တွေနဲ့ ယှဉ်တွဲ ပြီးဖြစ်လာတာ ကြောင့် အချိန်ကသိပ်မကွာခြားပါဘူး ။ ပြီးတော့ West Coast က စကားလုံးတွေ ဗန်းစကားတွေ နဲ့ လက်တန်း ဆိုတာတွေ ထက် အကြောင်းအရာတွေ ဖြစ်တဲ့ နိုင်ငံရေး ၊လူမူရေး ၊လူ ၊ Street , Nature ပေါ် မှာ အခြေ ခံ ပြီး ဆိုတာများတယ် ။ Battle ဆိုတာထက် အကြောင်းအရာကို အဓိက ပေးပြီး ဆိုတယ် ။ West Coast သီချင်းတွေကိုတော့ Tempo 100 နဲ့ 120 အကြားမှာပဲ ဖန်တီးလေ့ရှိပါတယ် ။
" Mid West Hip Hop " က ၁၉၉၀ ခုနှစ်နောက်ပိုင်း American ရဲ့ အလယ်ပိုင်း ဒေသ တွေ ဖြစ်တဲ့ Chicago , Detroit , Michigan , Illinois , St.Louis , Columbia တွေမှာ ပေါ်ပေါက်ခဲ့ တဲ့ " Hip Hop " ဂီတတမျိုး ဖြစ်ပါတယ် ။ သူတို့ရဲ့ Tempo Range က အများနဲ့ မတူတာ တွေ့ ရ ပါတယ် ။ မြင့်လဲ မြင့်တယ် ။ Range တွေကို ၉၀ ကနေ ၁၈၀ ထိ ဖန်တီးသုံးစွဲ ကြပါတယ် ။ တခြား Mid West အကြောင်းကတော့ ထပ် ပြောစရာ မလိုလောက်အောင် သိပြီးသားမို့ မရေးတော့ပါဘူး ။
Gangsta Hip Hop
🔵🔵🔵🔵🔵🔵
" Gangsta Hip Hop " ကသီးသန့်ကြီး ခွဲထွတ် နေတာမျိုးမဟုတ်ပါဘူး ။ " West Coast " နဲ့ တပါတည်း တဆင့် ဖြစ်လာတဲ့ ဂီတ တမျိုးပါ ။ ၁၉၈၃ ခုနှစ် ပတ်လည် တဝိုက် မှာ ထွတ်ပေါ် လာတာလဲ ဖြစ်ပါတယ် ။ လမ်းဘေး ဒုစရိုက်ဂိုဏ်းများ နှင့် မူးယစ် ဆေးဝါး ဂိုဏ်း သား များ အကြောင်း ၊ နိုင်ငံရေး အကြောင်း ၊ Street Culture အကြောင်း အရာ တွေကို အဓိကထား စပ်ဆိုတဲ့ " Hip Hop " Branch တခုပါ ။ ပြီးတော့ GangSta Hip Hop ကို တနည်းအားဖြင့် " Hardcore Rap " လို့လဲ ခေါ်ပါတယ် ။ Gangsta Rap တွေကို တော့ West Coast အတိုင်း ၁၀၀ နဲ့ ၁၂၀ ကြားမှာ ဖန်တီးကြပါတယ် ။
Southern Hip Hop
🔵🔵🔵🔵🔵🔵🔵
" Southern Rap " တွေကို The Geto Boys အဖွဲ့က ၁၉၈၅ ခုနှစ် ဝင်းကျင် လောက်က သယ်ဆောင် လာခဲ့ပါတယ် ။ သူတို့ရဲ့ " Dam It Feels good to be a Gangsta " သီချင်းနဲ့ " My mind playing Trick on me " သီချင်း နှစ်ပုဒ်မှာ " Sourthern Rap " နဲ့ " Gangsta Rap " တွေကို ထည့်သွင်း ရွတ်ဆိုရာမှ သိရှိလာပြီး မိုင်ယာမီ မှာလဲ 2 Live Crew အဖွဲ့က လဲ Hip Hop ပုံစံတခု ပေါ် အခြေခံပြီး ပေါ်ပေါက်လာခဲ့ တယ် ။ Southern ( Dirty South ) Rap တွေက Sex , Club , Party , စတဲ့ နေရာတွေ အကြောင်း ကို စပ်ဆို တဲ့ " Hip Hop " မျိုးခွဲ တခု လို့ လဲ သတ်မှတ်ထားပါတယ် ။ Southern Rap တွေရဲ့ Tempo အနေထားကတော့ ၈၀ ကနေ ၁၈၀ ထိ ရှိပါတယ်။
၁၇ ရာစုနဲ့ ၁၈ ရာစုအကြားက ကျေးကျွန် ထားရှိတဲ့စနစ်တွေကြောင့် Blues ဂီတ ထွက်ပေါ်လာခဲ့ရတာပဲ
ဖြစ်ပါတယ်။ အာဖရိက အမေရိကန်လူမျိုး ကျေးကျွန်တွေဟာ
သူတို့ရဲ့ဘ၀ အကြောင်းတွေကို တေးသီချင်းတွေလို့
သတ်မှတ်ခဲ့ကြပါတယ်။ Blues ဂီတဟာ အနှိမ်ခံလူတွေရဲ့ ဂီတတစ်ခုဖြစ်တဲ့အတွက် Blues သီချင်းတွေဟာ အဆွေးသီချင်းတွေသာ ဖြစ်နေတာကို တွေ့ရပါတယ်။
ရှေးဦး Blues ဂီတသီချင်းတွေဟာ ဓမ္မတေး သီချင်းတွေလို
အဆွဲအငင်တွေ အများကြီးပါဝင်နေတဲ့ ပုံစံမျိုးပဲဖြစ်ပါတယ်။ Blues ဆိုတဲ့ အခေါ်အဝေါ်ဟာ Blues devils ဆိုတဲ့
စကားလုံးက ဆင်းသက်လာတာပါ။ ညှိုးငယ်နေတဲ့ ကဝေတွေလို့ အဓိပ္ပာယ်ရပြီး ၁၇၉၈ ခုနှစ်က ပြသခဲ့တဲ့ ပြဇာတ်၊ ဇာတ်လမ်းတစ်ခုရဲ့ နာမည်ကို ယူပြီးသုံးနှုန်းထားတာပဲဖြစ်ပါတယ်။
Blues သီချင်းပုံစံတွေဟာ ရိုးရှင်းပြီး သီချင်းပိုဒ် တစ်ပိုဒ်တည်းကိုပဲ ထပ်တလဲလဲသီဆိုရတဲ့
ပုံစံမျိုးတွေဖြစ်ပါတယ်။ Blues ဂီတမှာ ကျေးလက် Blues ဂီတနဲ့ မြို့ပြ Blues ဂီတဆိုပြီးလည်း နှစ်မျိုး
ခွဲခြားထားခဲ့ပါတယ်။ Blues ဂီတဟာ ပုံသဏ္ဌာန်ခွဲဂီတ သိပ်အများကြီးမရှိတဲ့ ဂီတလည်း ဖြစ်ပါတယ်။
Blues ဂီတ မပေါ်ပေါက်ခင်မှာ အကြို Blues ဂီတလို့ ပြောလို့ရတဲ့ Ring Shouts, Field hollers အစရှိတဲ့
နာမည်တွေနဲ့ လူမည်းတွေရဲ့ ဂီတတွေ ပေါ်ထွက်ခဲ့ပါသေးတယ်။
Blues ဂီတရဲ့ အရိုးရှင်းဆုံး ပုံစံခွဲဂီတတစ်ခုကတော့
Rhythm & Blue လို့ နာမည်ရတဲ့ R &B ဂီတပဲဖြစ်ပါတယ်။
R & B ဂီတဟာ ဆွေးမြည့်စရာတွေ ပါဝင်နေတဲ့ Blues
ဂီတကို မြူးကြွတဲ့စည်းချက်တွေနဲ့ ပေါင်းစပ်ပြီး ဖန်တီးထားတာပါ။
၁၉၃၀ ခုနှစ်အတွင်းမှာတော့ Country Blues ဂီတကို
တီထွင်ခဲ့ကြပါတယ်။ ၁၉၃၀ ပြည့်နှစ် နောက်ပိုင်းမှာ
Skip James, Charley Patton နဲ့ Georgia Tom Dorsey
အစရှိတဲ့ အနုပညာရှင်တွေဟာ Country Blues ဂီတနဲ့ ကျော်ကြားခဲ့ကြပါတယ်။ Blues ဂီတကို Gospel ဂီတနဲ့
ပေါင်းစပ်ပြီး Soul ဂီတကိုလည်း ဖန်တီးခဲ့ကြပါတယ်။
Soul ဂီတကို အခြေခံပြီး Funk ဂီတလည်း ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။ Funk ဂီတကိုတော့ Hip Hop ရဲ့
ရှေ့ပြေးဂီတတစ်ခုလို့ တချို့ကသတ်မှတ်ကြပါတယ်။
Blues ဂီတဟာ စန္ဒရားနဲ့ တီးခတ် သီဆိုရတဲ့ ရှေးဦး Jazz ဂီတ ပုံစံမျိုးနဲ့ ခပ်ဆင်ဆင် တူနေပါတယ်။ Blues ဂီတ
သီချင်းတွေမှာတော့ ဘင်ဂျိုတူရိယာကို အဓိကသုံးတာကို တွေ့ရပါတယ်။