Monday, December 11, 2017

Hip Hop လောကထဲဝင်ချင်တယ်ဆိုရင်


Hip Hop လောကထဲဝင်ချင်တယ်ဆိုရင်ပဲဖြစ်ဖြစ်...Hip Hop သီချင်းတွေဖန်တီးနေရင်ပဲဖြစ်ဖြစ် အနည်းဆုံးတော့ဒါလေးတွေသိထားသင့်တယ်။

" MC "
🔵🔵
ယခုခေတ် လူငယ်အများ စု က " Hip Hop " မှာ ပျော် မွေ့ကြတာ တော်တော်ကောင်း ပါတယ် ။ အများစုက ပရိသတ် မလုပ်ချင် ကြဘူး ။ အဆိုတော် ပဲ ဖြစ်ချင် ကြတယ် ။ အဆိုဆိုတာနဲ့ ပထမဆုံး ဘာနာမည်နဲ့ ဆိုမလဲ ? Pro ကျတဲ့ Group ဘက်က နာမည်ကောင်း တွေ ရွေးတတ်တယ် ။ တချို့ က Group Name တွေယူတယ် ရှိတာပဲ .. တချို့ကျ အဆိုတော် နာမည် ရှေ့ မှာ MC တပ်ကြတယ် ။ မမှားပါဘူး ။ ဒါပေမဲ့ သိထားဖို့တော့ လိုတယ်ဗျ ။ နိုင်ငံတကာ မှာ MC ရဲ့ Means ကို အဓိပ္ပါယ် (၄) မျိုး ဖြင့် ၁၉၇၅ ခုနှစ်နောက်ပိုင်းမှာ ခွဲထားပါတယ် .........

၁။Master of Ceremonies
၂။Move The Crowd
၃။Microphone Controller
၎။Mic Checka

၁။MC = Master Of Ceremonies (အခမ်းအနားပွဲမှာဖျော် ဖြေတဲ့ ခေါင်းဆောင်ဖျော်ဖြေသူ)

၂။MC = Move The Crowd
(ပရိသတ်ထုကို ထိန်းချုပ် ဦးဆောင်နိုင်သော Rapper)

၃။MC = Microphone Controller
(မိုက်ခရိုဖုန်း ကိုထိန်းချုပ်၍ ကာရံစကားလုံးများ ကို ကြွယ်ထုတ်သူ freestyler)

၎။MC = Mic Checka
 ( Mic Checker ) စသဖြင့်။

" Nine Elements "
🔵🔵🔵🔵🔵🔵
" Element " တခုချင်းစီ မှာ စိတ်ဝင်စား စရာ တွေ ရှိတယ် ။ ပြောရရင် " Hip Hop " ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ကိုယ် မသိသေးတဲ့ အရာတွေ အများကြီး ရှိပါသေးတယ် ။ " Hip Hop " ကို ချစ်မြတ်နိုးလို့ ဝါသနာ အရရှာ ဖွေ ကြည့်မယ် ဆိုရင် " Hip Hop " ကဘာလဲ သဘောပေါက်လာ မှာပါ ။ ပြီးတော့ " Hip Hop " က နိုင်ငံခြား ယဉ်ကျေးမူ တခုပါ ။ အရင်တုန်းက ကျွန်တော် လဲ " Hip Hop " မှာ " Elements " လေးမျိုးပဲ ရှိတယ် ဆိုတာကို လက်ခံ ပါတယ် ။ " Hip Hop "က ကျယ်ပြန့်လာတာနဲ့မျှ  " Elements " တွေလဲ များလာပါတယ် ။ " Means " တွေ အရ ......

၁။ Break Dancing.        
လမ်းဘေးလူငယ်ဆန်ဆန် ကခုန်ခြင်း။

၂။ Emceeing(Rapping)
 စကားလုံးကာရံတွေကို တီးခတ်သော Beat ပေါ် ရွှတ်ဆိုခြင်း။

၃။ Graffiti Art.                
လမ်းဘေး,အဆောက်အဦး,နံရံတွေပေါ် မူတ်ဆေးဘူးကိုင်၍
 မိမိဖော်ပြလိုသော ပုံသဏ္ဍန်,စာ,ရေးဆွဲခြင်း။

၎။Deejaying( DJing)
  ဂီတ,Beat,songs,တို့ကို အနှေးအမြန်Volumeအတိုးအလျှော့ Stop( pause) လိုသလို ထိန်းချုပ်တီးဖြတ်ခြင်း။

၅။Beat Boxing
လည်ချောင်း,လျှာ,ရင်ခေါင်း,ပါးစပ်နဲ့ တီးတဲ့လူရဲ့အသံ ထွတ် အင်္ဂါ
အသုံးပြုပြီး ပါးပ်မှတူရိယာသံစဉ်,တီးလုံး, တို့ကိုဖန်တီးခြင်း။

၆။Street Fashion
 လမ်းအမြင်တမျိုးပဲ။လမ်းFashionအထာကျကျ Group
လိုက်ဝတ်ဆင်ခြင်း။

၇။Street Knowledges
လမ်းဘကပေးတဲ့လက်တွေ့ပညာ,လူတွေ,ပတ်ဝန်းကျင်တွေ,တိရိစ္ဆာန်တွေ,ချမ်းသာတဲ့လူ,ဆင်းရဲတဲ့လူ,ရက်ကွက်,နေရာစုံကပေးတဲ့အသိတရားများကို ဗန်းစကားလုံး အဖြစ်ပြောင်းလဲသင်ယူ လေ့လာခြင်း.....

၈။Street Languages
လမ်းပေါ်ကစကား,ရက်ကွက်စကား,မြို့စကား,လူကြီးစကား,လူငယ်စကား,စုံလင်မူရှိအောင် ကြွယ်ခြင်း။

၉။Street Entrepreneuraalism
လမ်းဘေး Policy(မူဝါဒ),ခေတ်အလိုက် ပြောင်းလဲနေသော
 မြို့ပြလမ်းဘေး ဖြစ်ပျက်မြင်ကြားနေရသော ခေတ်ရဲ့လူမူရေး
စီးပွားရေးအခြေအနေများကို မျက်ခြည်မပြတ်လေ့လာစောင့်ကြည့်ခြင်း......    စသဖြင့် ။

" Three Skills "
🔵🔵🔵🔵🔵
ဒါက အဆိုပိုင်းပါ ။ အမှန်ပြောရရင် လိုအပ်မယ်ထင် လို့ ပြန် ရေးလိုက်တာပါ ။ တချို့ကလဲ မရေးဘူးလားမေး ကြလို့ ။ ကျွန်တော် က " ပရိသတ် " ပါ ။ အဆိုတော် မဟုတ်တော့ သိပ်အကျယ်ချဲ့ပြောရင် မကောင်းဘူး ။ မြန်မာပြည်မှာ ဆိုရင်တော့ ကာရံ ၊ အသံနေအသံထား ၊ စကားလုံး ဗဟုသုတ ၊ စတဲ့ အဆိုပိုင်းတွေ မှာတော့ ရသ , Bigg-Y , N-Zai , ကြက်ဖ ၊ ဂျေမီ စသဖြင့် သူတို့်ရဲ့ အဆိုပိုင်းတွေမှာ ကျွန်တော် " ပရိသတ် " အနေနဲ့ ဖြစ်လာရတာပါ ။ ဒါက Personal Case တခုပါ ။ ကျွန်တော် ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ဒီသုံးမျိုးလောက် ပဲဖြန့်ဝေ ပေးထားလို့ ပြန် share ပေးပါသည် ။

No.1, Lyricism (စာသားသီကုံးဖန်တီးနိုင်မူ)
🔲🔲🔲🔲🔲🔲🔲🔲🔲🔲🔲🔲

Hip Hop Musician တယောက်တွက် အရေးကြီးတဲ့ case တခု...အကြောင်းအရာ တခုကို မတူညီတဲ့ ရူထောင့်တွေ၊ ဆန်းသစ်တဲ့ အမြင်၊ ချဉ်းကပ် စိတ်ကူးပုံဖော် ပြီး အထိရောက်ဆုံး နဲ့ လိုရင်းတိုရှင်း သူများထက်ပိုဂေါ်နိုင် တဲ့ စကားလုံး (vocabulary) ဖန်တီးမူ...နောက်တချက် စာဖတ်အား( reading )လူတန်းစားမျိုး မျိုးရဲ့ နေ့စဉ် သုံးစကားလေ့လာမူ (Languages study) ခေတ်စနစ် ကိုထင်ဟပ်စေတဲ့ ဗန်းစကားအချက်အလတ် (Knowledge Skills) ကိုယ်ရွှတ် ဆိုမဲ့ သဒ္ဒါ (usages) flow နူန်း connection Rhyme နဲ့ အင်္လကာ (credit) မူတွေ သိထားမှ ကိုယ်ချရေးတဲ့ Rap က Listener တယောက်တွက် Hip Hop Rapဆိုတာ ဘာလဲ သူတို့သိလာမှာ....

No.2, Techniques of Hip Hop (နည်းပညာသုံးသပ်မူ)
🔲🔲🔲🔲🔲🔲🔲🔲🔲🔲🔲🔲🔲🔲🔲

အခြေခံအားဖြင့် Hip Hop ရဲ့ Techniques အပိုင်းကို
နှစ်ပိုင်း ခွဲထားပါတယ်......

1st step - Beating အပိုင်း.....အဲ့ မှာဘာပါလဲဆိုတော့....
credit skills တွေပါတယ်...လေ့လာကြည့်မယ်....သူ့မှာလဲ...software, hardware, Recording, Simpling, Deejaying နဲ့ နောက် Microphoning (Mic skills) အသုံးချမူစွမ်းရည်တွေ ပါဝင်တယ်......

2nd step - Rapping အပိုင်း.....အဲ့ မှာကော.? ဘယ်လိုချက်တွေပါဝင်လဲ ? စကားလုံး(cutting) အဖိ(press) အဖော့(charade) စည်းချက်နဲ့အတူ ကာရံ ရသံ ညီညာအောင် ရွှတ်ဆို နိုင်မူ အသက်အရှူအထုတ် (breathes) ပြီးရင် clear voice 'n' cotinuous rapping တီးတဲ့ beat ပေါ် ကွဲသွားတတ်တာ အရေးကြီးတဲ့ အချက်ပဲ.....

No.3, Flow 'n' Delivery
(ချိတ်ဆက်ပြောင်းလဲရွှတ်ဆိုစီးဆင်းနိုင်မူ)
🔲🔲🔲🔲🔲🔲🔲🔲🔲🔲🔲
ကိုယ် ရွေးချယ်သုံးထာတဲ့ ကာရန် တွေကို နောက်ခံ (Beating) နဲ့ လိုက်အောင်.....တဖက်စကားလုံး (Group) ဒါမှမဟုတ် စာကြောင်းတကြောငိးချင်းရဲ့ (Rapping skills)က တခုနဲ့ တခု ချိတ်ဆက်နေဖို့ ထစ်ငေါ့မူမရှိ (stop) မဖြစ်ပဲ လျှောလျှော ရှူ ရှူ   ပြီးဆုံးအောင် ရွှတ်ဆိုဖို့လိုပါတယ်....နောက်တချက် က ကိုယ်က ပေးချင်းတဲ့(Rap)
တပုဒ်ရဲ့ (Messages) ဒါမှမဟုတ် သီချင်းရဲ့ (images) ကို နားထောင်သူ သိရှိအောင် အာရုံမလွှဲ နိုင်အောင် ကိုယ်ဖန်တီးတဲ့ (beat) နဲ့ (Rhyme)ကလဲအရေးကြီးပါတယ်...အရေးကြီး ဆုံးက (listener) နဲ့ သက်ဆိုင်လို့ ကျနော်ဝေ ဖန်ပြောပြခြင်း မရှိပါ......

" Hip Hop "
........................
ဒီ Title အောက်မှာပဲ  အခြား Branch Titles တွေ ရှိပါတယ် ။ သိသလောက်နဲ့ လူကြိုက်များတဲ့ Types တွေကတော့ ......

၁🔵Old School Hip Hop
၂🔵New School Hip Hop
၃🔵East Coast Hip Hop
၎🔵West Coast Hip Hop
၅🔵Mid West Hip Hop
၆🔵Gangstar Hip Hop
၇🔵Southern Hip Hop

" Hip Hop " ဆိုတာကလဲ ဆင့်ကဲဖြစ်လာတဲ့ ဂီတ အမျိုးအစား တခုပါ ။ ကျွန်တော် လက်လှမ်း မှီသလောက် ဆိုရင် ဒီလောက်ပဲ ရေးပေးနိုင်မယ် ။ အခြေခံ အဆင့် ကို မသိတဲ့လူတွေ တွက် ။ နောက်ပိုင်း မှာလဲ " Hip Hop " က တဆင့်တဆင့် များလာတာ တကြောင်း ပြီးတော့ လူတော်လူတတ်တွေ များလာတာ တကြောင်း ကြောင့် ချဲ့ထွင်ပြီး ပြောလို့ မဖြစ်ဘူးဗျာ ။ အဲ့ကြောင့် ဒီ Types တွေရဲ့ စဖြစ်လာတဲ့ Locate တွေ သီချင်းကို ဖန်တီးခဲ့ ကြတဲ့ လူတချို့ ဖန်တီးလေ့ ရှိကြတဲ့ Tempo လေးတွေကို တချက် ရေးပေးလိုက်ပါတယ် ။.....

Old School Hip Hop
🔵🔵🔵🔵🔵🔵🔵

Old School Hip Hop " က " Hip Hop " ကို စတင်တဲ့
အမျိုးအစား တခု လို့ပြောရပါတယ် ။ ဒီ Type ကို ၁၉၇၆ ကအစ ၁၉၈၂ အထိ သတ်မှတ်ထားတဲ့ Rap ဂီတ တမျိုးဖြစ်ပါတယ် ။ ဒီဂီတက Dj Kool Herc , Afrika Bambaataa , Besatie Boys , Grandmaster Flesh & Furious Five , Sugarhill Gang , RUN DMC , Public Enemy , တို့လို ပုဂ္ဂိုလ် တွေ ဖန်တီးခဲ့တဲ့ " Hip Hop " ဂီတသီချင်း တွေ ကို ဆိုပါတယ် ။ Tempo အနေအထားအရ ၉၀ နဲ့ ၁၁၀ ကြားမှာ ဖန်တီးလေ့ ရှိပါတယ် ။

                             
 New School Hip Hop
🔵🔵🔵🔵🔵🔵🔵🔵
                             
" New School Hip Hop " ဆိုတာကတော့ ၁၉၈၃ က စပြီး ၁၉၉၉ ခုနှစ်ထိ အောင်မြင်ခဲ့ တဲ့ ဂီတ အမျိုးအစား လဲ ဖြစ်ပါတယ် ။" Old School " နဲ့ " New School " အပြောင်း အလဲ ကြားက အောင်မြင်ပြီးသားနဲ့ အောင်မြင်လာတဲ့ Ice-T , CypressHill , Snoop Dogg , Nutorious B.I.G , Tupac , Eazy-E , Dr.Dre , Nas , Jay -Z , Ice Cube , Wu-Tang Clan , 50 Cent , The Game , LL Cool j , တို့ ကြောင့် " New School " တွေဖြစ်လာတယ် ။ သူတို့ရဲ့ ဂီတသီချင်းတွေက " Old Schvl Clash " ဘက် ရောက်ပေမဲ့ တခြား အနုပညာရှင် တွေ ကတော့ " New Clash " ဘက် ရောက် ကြတယ် ။ " New Clash " တွေက သူတို့ရဲ့ သီချင်းတွေ ကို Tempo ၁၀၀ နဲ့ ၁၂၀ အထိ ဖန်တီးလေ့ရှိကြတယ် ။

                             
West Coast  Hip Hop
🔵🔵🔵🔵🔵🔵🔵🔵
                   
1978 နောက်ပိုင်းက စပြီး Amarican အနောက်ဘက် ကမ်းရိုးတန်း ဒေသ တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဂီတ တခုပါ ။ American နိုင်ငံရှိ အနောက်ဘက် ကမ်းဂိုးတန်း တလွှား က LA (Los Angeles) , Las Vegas , San Diego , Long Beach , San Frarciscos , Oakland , Compton , Phrenix , Seattle စတဲ့ ပြည်နယ် နိုင်ငံ ဒေသ တွေ မှာ ပေါ်ပေါက်ခဲ့ တာပါ ။ West Coast Hip Hop ပေါ်ချိန် က Gangstar Hip Hop တွေနဲ့ ယှဉ်တွဲ ပြီးဖြစ်လာတာ ကြောင့် အချိန်ကသိပ်မကွာခြားပါဘူး ။ ပြီးတော့ West Coast က စကားလုံးတွေ ဗန်းစကားတွေ နဲ့ လက်တန်း ဆိုတာတွေ ထက် အကြောင်းအရာတွေ ဖြစ်တဲ့ နိုင်ငံရေး ၊လူမူရေး ၊လူ ၊ Street , Nature ပေါ် မှာ အခြေ ခံ ပြီး ဆိုတာများတယ် ။ Battle ဆိုတာထက် အကြောင်းအရာကို အဓိက ပေးပြီး ဆိုတယ် ။ West Coast သီချင်းတွေကိုတော့ Tempo 100 နဲ့ 120 အကြားမှာပဲ ဖန်တီးလေ့ရှိပါတယ် ။

                         
East Coast Hip Hop
🔵🔵🔵🔵🔵🔵🔵
             
1967 လောက်က အရှေ့ဘက် ကမ်းရိုးတန်းဒေသ မှာ အခြေချရွှေ့ ပြောင်း နေထိုင်ခဲ့တဲ့ Musicians တွေရဲ့ စတင်ဖန်တီး လိုက်တဲ့ Type တမျိုးပါ ။ Hip Hop ရဲ့အစ ဦးပိုင်းမှာ ပေါ်ထွတ်ခဲ့လို့ ဂီတရဲ့ အစလို့လဲ ပြောလို့ရပါတယ် ။ စီရင်ချက်ချဒေသ 5 ခုဖြစ်တဲ့ Manhatton , The Bronx , Brooklyn , Queens နဲ့ Stae Island ဒေသတွေ မှာ စတင်ပျံနှံ့ ခဲ့ပြီး ဒီအထဲကမှ Bronx က East Coast rapper တွေရဲ့ Begotten locate တခုဖြစ်ခဲ့ပါတယ် ။ East က Lyric skills ကိုအဓိက ထားပြီး လက်တန်းချိတ်ဆက် ချဲ့ထွင် ဖန်တီးခဲ့ပါတယ် ။ နောက်ပြီး Element ထဲက နှစ်ခုဖြစ်တဲ့ Breaking Dancing နဲ့ Deejaying ကိုလဲ စနစ်ကျကျ rule တွေ regulation တွေ နဲ့ ဦးဆောင်လမ်းပြခဲ့ပါတယ် ။ သီချင်းတွေက African - American လူမျိုးတွေရဲ့ လေယူလေသိမ်း အသံထွတ် တွေနဲ့ပဲ Amrican's Tonality အတိုင်းပဲ ဖွဲ့နွဲ့ ခဲ့ပါတယ် ။ သူတို့ရဲ့ သူချင်းတွေ က အများအားဖြင့် Tempo ၉၀ နဲ့ ၁၂၀ ကြားမှာပဲ ထားတတ်ပါတယ် ။

Mid West Hip Hop
🔵🔵🔵🔵🔵🔵🔵                  
                             
" Mid West Hip Hop " က ၁၉၉၀ ခုနှစ်နောက်ပိုင်း American ရဲ့ အလယ်ပိုင်း ဒေသ တွေ ဖြစ်တဲ့ Chicago , Detroit , Michigan , Illinois , St.Louis , Columbia တွေမှာ ပေါ်ပေါက်ခဲ့ တဲ့ " Hip Hop " ဂီတတမျိုး ဖြစ်ပါတယ် ။ သူတို့ရဲ့ Tempo Range က အများနဲ့ မတူတာ တွေ့ ရ ပါတယ် ။ မြင့်လဲ မြင့်တယ် ။ Range တွေကို ၉၀ ကနေ ၁၈၀ ထိ ဖန်တီးသုံးစွဲ ကြပါတယ် ။ တခြား Mid West အကြောင်းကတော့ ထပ် ပြောစရာ မလိုလောက်အောင် သိပြီးသားမို့ မရေးတော့ပါဘူး ။

Gangsta Hip Hop
🔵🔵🔵🔵🔵🔵                  
                             
" Gangsta Hip Hop " ကသီးသန့်ကြီး ခွဲထွတ် နေတာမျိုးမဟုတ်ပါဘူး ။ " West Coast " နဲ့ တပါတည်း တဆင့် ဖြစ်လာတဲ့ ဂီတ တမျိုးပါ ။ ၁၉၈၃ ခုနှစ် ပတ်လည် တဝိုက် မှာ ထွတ်ပေါ် လာတာလဲ ဖြစ်ပါတယ် ။ လမ်းဘေး ဒုစရိုက်ဂိုဏ်းများ နှင့် မူးယစ် ဆေးဝါး ဂိုဏ်း သား များ အကြောင်း ၊ နိုင်ငံရေး အကြောင်း ၊ Street Culture အကြောင်း အရာ တွေကို အဓိကထား စပ်ဆိုတဲ့ " Hip Hop " Branch တခုပါ ။ ပြီးတော့ GangSta Hip Hop ကို တနည်းအားဖြင့် " Hardcore Rap " လို့လဲ ခေါ်ပါတယ် ။ Gangsta Rap တွေကို တော့ West Coast အတိုင်း ၁၀၀ နဲ့ ၁၂၀ ကြားမှာ ဖန်တီးကြပါတယ် ။

Southern Hip Hop
🔵🔵🔵🔵🔵🔵🔵            
                       
" Southern Rap " တွေကို The Geto Boys အဖွဲ့က ၁၉၈၅ ခုနှစ် ဝင်းကျင် လောက်က သယ်ဆောင် လာခဲ့ပါတယ် ။ သူတို့ရဲ့ " Dam It Feels good to be a Gangsta " သီချင်းနဲ့ " My mind playing Trick on me " သီချင်း နှစ်ပုဒ်မှာ " Sourthern Rap " နဲ့ " Gangsta Rap " တွေကို ထည့်သွင်း ရွတ်ဆိုရာမှ သိရှိလာပြီး မိုင်ယာမီ မှာလဲ 2 Live Crew အဖွဲ့က လဲ Hip Hop ပုံစံတခု ပေါ် အခြေခံပြီး ပေါ်ပေါက်လာခဲ့ တယ် ။ Southern ( Dirty South ) Rap တွေက Sex , Club , Party , စတဲ့ နေရာတွေ အကြောင်း ကို စပ်ဆို တဲ့ " Hip Hop " မျိုးခွဲ တခု လို့ လဲ သတ်မှတ်ထားပါတယ် ။ Southern Rap တွေရဲ့ Tempo အနေထားကတော့ ၈၀ ကနေ ၁၈၀ ထိ ရှိပါတယ်။

Credit:Myanmar Underground Hip Hop

No comments: