Friday, December 8, 2017

"ဝ" ရိုးရာဆန်ပြုတ် _ ယိုးဒယားကြက်ဆီထမင်း _နတ်သုဒ္ဓါ

အထူးပြု ဟင်းလျာတွေ မပါဘဲ ဆန်အထူးပြု စားစရာ ချက်ပြုတ်မှုကို ဒီတစ်ပါတ်အတွက် ကူးယူဝေငှလိုက်ပါတယ်။

"ဝ"  ရိုးရာဆန်ပြုတ်
...................


"ဝ"ရိုးရာဆန်ပြုတ်ဆိုရင် နားထဲမှာ နည်းနည်းစိမ်းနေကြမယ်လို့ ထင်ပါ တယ်။ "ဝ"လူမျိုးတွေနဲ့ အနေနီးစပ်တဲ့ဒေသများမှာ နေထိုင်သူများကတော့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒီဆန်ပြုတ်ချက်နည်းလေးကို မျှဝေပေးလာသူကတော့ ]ဝ}လူမျိုးစု အများအပြားနေထိုင်တဲ့ ပန်စမ်းမှ ဆိုဖီယာရဲ့ ညီမလေးဖြစ်ပါတယ်။ ထူးခြားတဲ့ပါဝင်ပစ္စည်းများနဲ့ အရသာ ပူစပ်စပ်ရှိတဲ့ ]ဝ}ဆန်ပြုတ်လုပ်နည်းလေး ပြန်လည် မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
- ကြက်သား - တစ်စိတ်
- ဆန် - ပေါင်းအိုးဆန်ချိန်ခွက် တစ်ခွက်
- ချင်း - လက်တစ်ဆစ်
- ကြက်သွန်ဖြူ - ၅ မြွှာ
- ရေ - ၂ လီတာခန့်
- ဆား - ၁ ဇွန်း
- ဟင်းခတ်မှုန့် - အနည်းငယ်
- ဘိန်းစေ့ - လက်နှစ်ဆုပ်
- ဟွားကျောက်မှုန့် - ၁ ဇွန်း
- ဂေါ်ရခါးညွန့် - ၁ စည်း
- စမုန်စပါးရွက် - ၁ စည်း
- တွဲဖက်စားရန် ငရုတ်သီးထောင်း

ပြင်ဆင်ပြုလုပ်ပုံ
၁။ ဦးစွာ ကြက်သားကို  ရေဆေးသန့်စင်ပြီး ချင်းနှင့်ကြက်သွန်ဖြူ ထုပြားထည့်ကာ ရေထည့်ပြီး တည်ထားပါ။
၂။ ဆားနှင့် ဟင်းခတ်မှုန့်ထည့်ပါ။ အပေါ်တက်လာသော အမြှုပ်များ  ခပ်ထုတ် ပေးပြီး ကြက်သားနူးပါက ဆယ်ယူထားပါ။
၃။ ကျန်ကြက်သားပြုတ်ရည်ထဲ  ဆန်ကို ရေဆေးပြီးထည့်ကာ နူးအိသည်အထိ တည်ပေးပါ။ လိုအပ်ပါက ရေကို အနည်းငယ်စီ ထပ်ထည့်ပေးပါ။
၎။ ဆန်ပြုတ်ပြုတ်ထားစဉ် ဘိန်းစေ့ကို ရေဆေးသန့်စင်ပြီး (ခဲမပါအောင် ကျင်ပေးပါ) ရေစစ်ကာ အနည်းငယ်ညက်ရုံ ထောင်းထားပါ။
၅။ အအေးခံထားသော ကြက်သားကို အသားမျှင်ထားပါ။
၆။ ဆန်ပြုတ်ကြေညက်ပြီး နူးအိပါက အသားမျှင်ထားသည်ကို ထည့်ပါ။ ထောင်းထားသောဘိန်းစေ့နှင့် ဟွားကျောက်မှုန့်ထည့်ပြီး သမအောင်မွှေ ပေးပါ။
၇။ ဆူပွက်ပါက အပျစ်အကျဲနှင့် အရသာကို လိုသလိုပြုပြင်ကာ ဂေါ်ရခါးညွန့် နှင့် စမုန်စပါးရွက်ထည့်ပြီး သမအောင်မွှေပေးပါ။ အရွက်ကျက်ပါက ပန်းကန်ထဲထည့်ပြီး ငရုတ်သီးထောင်းဖြင့် တွဲဖက်ကာ ပူပူစပ်စပ်အရသာ ရှိတဲ့ "ဝ" ရိုးရာဆန်ပြုတ်ကို တည်ခင်းသုံးဆောင်နိုင်ပါပြီ။
............................
Sofia

ယိုးဒယားကြက်ဆီထမင်း ♡ 
Thai Style Chicken Rice 
❀ ❀ ❀ 

ကြက်ဆီထမင်းချက်ရန်အတွက်ဦးစွာပထမကြက်ဆီအရင်ချက်ထားရပါတယ်။အသင့်သုံးကြက်ဆီပုလင်းများလည်းစူပါမားကတ်များတွင်ရနိုင်ပါတယ်ဒီနည်းကယိုးဒယားကြက်ဆီထမင်းအတွက်ဖြစ်ပါတယ်။ကြက်ဆီဖတ်ကိုကိုယ့်အိမ်မှာစုထားတာဖြစ်စေဈေးကဖြစ်စေဝယ်ယူနိုင်ပါတယ်။

ကြက်ဆီချက်ရန်ပါဝင်ပစ္စည်း
********************
ကြက်ဆီဖတ်တစ်ကီလိုကိုရေဆေးသန့်စင်ပြီးဒယ်အိုးတလုံးတွင်ထည့်ပါ။
စပါးလင် - နှစ်ချောင်းထုပြီးထုံးပါ။
ဂျင်းခပ်ကြီးကြီးနှစ်တက်ထုပြားထားပါ။
သံပုရာသီးကြီးကြီးတလုံးထပ်ခြမ်းခြမ်းပါ။
ကြက်သွန်ဖြူဥကြီးကြီးအခွံမသင်ဘဲအလယ်ကနေထပ်ခြမ်းခြမ်းထားပါ။

ကြက်ဆီချက်နည်း
*************
1.ပါဝင်ပစ္စည်းအားလုံးကိုကြက်ဆီဖတ်နှင့်ရောပြီးမီးပြင်းဖြင့်တည်ပါ။မကြာမကြာမွေပေးပါ။ 2.အိုးကပ်လာလျှင်မီးလျော့ပြီးကြက်ဆီဖတ်များကြွပ်လာသည်ထိကြော်ပေးပါ။
3.ကြွပ်လာလျှင်ထွက်လာသောဆီများကိုစစ်ထုတ်ပြီးပုလင်းတခုဖြင့်ထည့်ထားပြီးမိမိချက်လိုသောအချိန်တွင်အဆင်သင့်ရှိအောင်သိမ်းထားနိုင်ပါတယ်။

ကြက်ဆီထမင်းချက်နည်း
*****************
ဆန် - ၆ခွက် ဆန်ချိန်ခွက်
ကြက်ဆီ - ၁၀၀ ဂရမ်
ရေ/ကြက်ပြုတ်ရည် - ၇ခွက်ခွဲ
ဂျင်း - လက်တစ်ဆစ်ပါးပါးလှီး
ကြက်သွန်ဖြူ - ၅မြောင်း ဓားပြားရိုက်
စပါးလင် - တစ်ချောင်း ထုပြီးထုံးထားပါ။
ဆွမ်းမွှေးရွက် - နှစ်ပင် ထုံးထားပါ။
ဆား - တစ်ဇွန်း စားပွဲတင်ဇွန်း
သကြား - တစ်ဇွန်း
ဟင်းခပ်မှုန့်/ကြက်သားမှုန့် - တစ်ဇွန်း optional

ပြင်ဆင်ချက်ပြုတ်ပုံ
**************
1.ဦးစွာဆန်ဆေးပြီးရေစစ်ထားပါ။
2.ချက်မည့်အိုးတခုတွင်ချက်ပြီးသားကြက်ဆီကိုထည့်ပါ။
3.ဂျင်းကြက်သွန်ဖြူစပါးလင်တို့ကိုကြက်ဆီဖြင့်ဆီသပ်ပါ။
4.အနံ့မွှေးလာလျှင်ဆန်ထည့်ပါ။ ဆွမ်းမွေးရွက်ကို ထုံးပြီးထည့်ပါ။
5.ရေကိုကြက်ပြုတ်ရေရှိကကြက်ပြုတ်ရေသုံးပါမရှိလျှင်ကြက်သားမှုန့်ဖြင့်ဖျော်ပြီးသုံးနိုင်ပါတယ်။ရေချိန်ကိုမိမိချက်နေကျဆန်ပေါ်မူတည်ပြီးထည့်ပါ။
6.အရသာဆားသကြားဟင်းခပ်မှုန့်ထည့်ပြီးတည်ပါ။
7.ဆူပွက်လာလျှင်ကြက်ဆီများအပေါ်အောက်နှံ့အောင်နှစ်ခါလောက်မွေပေးပြီးကျက်လျှင်ကြက်ပေါင်းကြက်ကင်ကြက်ကြော်မိမိနှစ်သက်ရာဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

ကြက်ဆီထမင်းဆော့ပြုလုပ်နည်း
******************
ပဲငပိအငံ - အချိုပန်းကန်လုံးတစ်လုံး
ပဲငံပြာရည်အကြည် -၅ဇွန်း စားပွဲတင်ဇွန်း
ဗီနီဂါ - ၅ဇွန်း
ကြက်သွန်ဖြူ - ၅မြောင်း
ဂျင်း - လက်တစ်ဆစ်
သကြား - ၃ဇွန်း
ငရုပ်သီး - ဆယ်တောင့်
နံနံပင်အမြစ် - ဆယ်ပင်
ပါဝင်ပစ္စည်းအားလုံးကိုရောပြီးစက်ဖြင့်ကြိတ်ပါ။
ကြက်ပြုတ်ရည်အနည်းငယ်ထည့်ပြီးမီးဖိုပေါ်တွင်ဆူပွက်အောင်တည်ပါ။အရသာမှာချဉ်ငံစပ်ဖြစ်ပါတယ်။ဆော့ကိုပြုလုပ်ပြီးရေခဲသေတ္တာတွင်သိမ်းထားနိုင်ပါတယ်။
.....................
Sofia
http://sofiafoodparadise.blogspot.com

နတ်သုဒ္ဓါ



နတ်သုဒ္ဓါချက်နည်း မေးထားတဲ့သူတွေအတွက်တင်ပေးလိုက်ပါတယ်။ ထောပတ်နံ့မွှေးမွှေးလေးနဲ့ အလွန်စားလို့ကောင်းပါတယ်။ ကြက်သားဆီပြန်၊ ဆိတ်သားဆီပြန်၊ ငပိကြော်၊ သရက်ချဉ်တို့နဲ့ တွဲစားရင်အလွန်လိုက်ဖက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ဆန် - ပေါင်းအိုးမှာပါသော ဆန်ချိန်သောခွက်ဖြင့် ၆ ခွက် (basmati ဒံပေါက်ဆန်ကိုအသုံးပြုလျှင်ပိုကောင်းပါတယ်။)
၂။ ထောပတ် - ထမင်းစားဇွန်း ၈ ဇွန်း
၃။ ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၎။ သကြား - ထမင်းစားဇွန်း ၂ ဇွန်း
၅။ ကရဝေးရွက် - ၅ ရွက်
၆။ သစ်ကြမ်းပိုးခေါက် - ၂ ခု
၇။ လေးညှင်းပွင့် - ၁၀ ပွင့်
၈။ ဇီယာ - လက်ဖက်ရည်ဇွန်း တဝက်
၉။ ဖာလာစေ့ - ၈ စေ့
၁၀။ ကြက်သွန်နီကြော် - ထမင်းစားဇွန်း ၈ ဇွန်း
၁၁။ စပျစ်သီးခြောက် - ထမင်းစားဇွန်း ၄ ဇွန်း
၁၂။ သီဟိုငှ်စေ့ - ထမင်းစားဇွန်း ၈ ဇွန်း
၁၃။ မုန်လာဥနီ - အကြီး ၁ ဥ
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ မုန်လာဥနီကို အတုံးအသေးလေးတွေတုံးထားပါ။
၂။ ဒယ်အိုးထဲတွင် ထောပတ်ကို အပူပေးပြီး ထောပတ်ပူလာလျှင် သစ်ကြမ်းပိုးခေါက် နှင့် ကရဝေးရွက်၊ လေးညှင်းပွင့်၊ ဇီယာ၊ ဖာလာစေ့တို့ ကို ထည့်ရ်ျ မွှေးလာသည်အထိဆီသတ်ပါ။ ထို့ နောက် မီးဖိုပေါ်မှချရ်ျ ထောပတ်ဆီကိုဇကာနှင့်စစ်ထားပါ။ ကရဝေးရွက် ၂ ရွက်နှင့် သစ်ကြမ်းပိုးခေါက်ကိုပဲချန်ထားပြီး ကျန်တာတွေကိုလွှင့်ပစ်လိုက်ပါ။ ဆီသတ်ထားသော ထောပတ်ဆီကိုဒယ်အိုးထဲပြန်ထည့်အပူပေးပြီး ပူလာလျှင် သီဟိုငှ်စေ့ နှင့် တုံးထားသော မုန်လာဥနီများ ၂ မိနစ်လောက်ထည့်ကြော်ပါ။ ထို့နောက်မီးဖိုပေါ်မှချပါ။
၃။ ထမင်းပေါင်းအိုးထဲတွင် ဆန်ကိုဆေးပြီး ခါတိုင်းချက်သလို ရေကိုထည့်ပါ။ ကြက်သွန်နီကြော်၊ ဆား၊ သကြား တို့ ကိုထည့်ရ်ျ ဆား နှင့် သကြားများသမသွားအောင်မွှေပါ။  ထောပတ် နှင့် ဆီတ်ထားသော သစ်ဂျပိုးခေါက်နှင့် ကရဝေးရွက်များ၊ မုန်လာဥနီ၊ သီဟိုငှ်စေ့တို့ကို ထည့်ရ်ျ သမသွားအောင် မွှေပြီး ထမင်းချက်သလိုခလုပ်နှိပ်ရ်ျ ချက်ပါ။
၅။ နတ်သုဒ္ဓါကျက်လျှင် စပျစ်သီးခြောက်ကိုအပေါ်မှဖြူးပြီး ၁၅ မိနစ်လောက် နှပ်ထားပါ။
၆။ အနံ့ မွှေးမွှေး နှင့် နတ်သုဒ္ဓါကိုသုံးဆောင်နိုင်ပါပြီရှင်။

ချက်ပြုတ်ပြသူ - အိစံ

No comments: