Tuesday, March 31, 2015

AiDs သတင်းစုံ


 HIV news

 • ပြင်သစ်ဆေးပညာရှင်တွေကနေ မျိုးဗီဇ စနစ်ကို တွေ့ရှိလိုက်ပါတယ်။ HIV ကူးစက်နေတဲ့ ယောက်ျား ၂ ယောက်မှာ အဲဒီနည်းနဲ့ အလိုလိုပျောက်သွားစေနိုင်တာဖြစ်တယ်လို့ ၂၃-၃-၂ဝ၁၅ နေ့ သတင်းက ဆိုပါတယ်။ ဒီတွေ့ရှိချက်ကနေ HIV-AIDS တိုက်ဖျက်ရေးမှာ အထောက်အကူ ရလာပါလိမ့်မယ်။
• ပြင်သစ်မှာပဲ HIV ရှိနေတဲ့ အမျိုးသမီးတွေကနေ တရားရုံးမှာ လျှောက်ချက်တင်ကြတယ်။ သူတို့ကို အတင်း သားကြောဖြတ်ခိုင်းလို့ လျှော်ကြေးရလိုမှု ဖြစ်ပါတယ်။ တရားရုံးကနေ ကိုယ့်လိင်ဆက်ဆံဖက်ကို ကိုယ့်မှာ HIV ရှိနေတာကို ထုတ်ပြောဖို့ဆိုတာ ဖွဲ့စည်းပုံနဲ့ မညီဖူးလို့ ဆုံးဖြတ်ပါတယ်။
• ၁-၁၂-၂ဝ၁ဝ တုံးက ပြဌာန်းထားတဲ့ HIV and AIDS Prevention and Control Act, No. 14  ဟာ အဲလို မညီကြောင်း ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ (၂၄-၃-၂ဝ၁၅)
http://www.nation.co.ke/news/Partners-need-not-reveal-HIV-status/-/1056/2663532/-/1kr4bqz/-/index.html

HIV ပိုးရှိနေသူတွေကိုပေးနေတဲ့ Truvada ဆေးဟာ ကူးစက်ခံရနိုင်ခြေ ၈၆% နည်းစေတယ်

• အမေရိကန်ပြည်ထောင်စု ဆီယာတယ်လ်မှာကျင်းပခဲ့တဲ့ Retroviruses and Opportunistic Infections ကွန်ဖရင့်မှာ ယူကေနိုင်ငံက ပညာရှင်တွေကနေ အဲလိုပြောလိုက်တာပါ။
• HIV ပိုးရှိနေသူတဲ့ လိင်ဆက်ဆံသူတွေအတွက် ကာကွယ်ဆေးသဘောဖြစ်ပါတယ်။
• အဲလိုဆေးပေးနည်းကို Pre-exposure prophylaxis (PrEP) လို့ခေါ်တယ်။
• ၂ဝ၁၂ ကတည်းက လူပေါင်း ၅၄၅ ယောက်ကိုစမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ၂၇၆ ယောက်ကို အဲလိုဆေး ချက်ချင်း ပေးခဲ့ပြီး၊ ၂၆၉ ယောက်ကိုတော့ ၁၂ လနေမှသာ ဆေးပေးပါတယ်။ ၂၂ ယောက်မှာ ပထမနှစ်အတွင်း HIV ကူးစက်ခံရတယ်။ ၃ ယောက်က ပထမအုပ်စုကဖြစ်ပြီး၊ ကျန် ၁၉ ယောက်က ဒုတိယအုပ်စုကဖြစ်ပါတယ်။ ၁့၃% နဲ့ ၈့၉% ကူးစက်ကြတယ်။
• ဒါကြောင့် HIV ပိုးရှိနေသူနဲ့ အတူနေသူတွေဟာ Truvada ဆေးကို ချက်ချင်းသောက်ရင် HIV ကူးစက်လာမှာကို ကာကွယ်ဖို့ သုံးနိုင်ကြပါတယ်။

1. HIV အတွက် Truvada ဆေး http://doctortintswe.blogspot.com/2014/12/hiv-truvada.html
2. HIV Prevention ကာကွယ်ဆေး http://doctortintswe.blogspot.com/2014/10/hiv-prevention.html
3. HIV အတွက် ART ဆေးများ http://doctortintswe.blogspot.com/2015/02/hiv-art.html

ဒေါက်တာတင့်ဆွေ (၈-၃-၂ဝ၁၅)
http://www.medicalnewstoday.com/articles/289949.php
ဒေါက်တာတင့်ဆွေ - HIV ပိုးရှိနေသူတွေကိုပေးနေတဲ့ Truvada ဆေးဟာ ကူးစက်ခံရနိုင်ခြေ ၈၆% နည်းစေတယ်

အင်ဒီယားနားပြည်နယ်တွင် HIV ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာထား

 အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်၏ ဒေသတချို့တွင် HIV ဗိုင်းရပ်စ် ပျံ့နှံ့မှုဆိုးရွားသော အခြေအနေသို့ ရောက်ရှိခဲ့ပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေ အနေ ကြေညာထားသည်။
မူးယစ်ဆေး သုံးစွဲသူများကြား ဆေးထိုးအပ်ဝေမျှသုံးစွဲခြင်းကို မြင်တွေ့နေကျဖြစ်သည့် စကော့ကောင်တီဒေသတွင် မကြာမီ သီတင်းပတ်များအတွင်းက HIV ပိုး ကူးစက်ခံရသူ ၇၉ ဦးရှိခဲ့ပြီး တစ် နှစ်လျှင် ပျမ်းမျှကူးစက်ခံရသူ ငါးဦးမှ ယင်းကဲ့သို့ မြင့်တက်လာခဲ့ ခြင်းဖြစ်သည်။

ပြည်နယ် အုပ်ချုပ်ရေးမှူး မိုက်ပန်စီက ၎င်းယခင်က ဆန့်ကျင် ခဲ့သော အစီအစဉ်တစ်ခုဖြစ်သည့် ဆေးထိုးအပ်လဲလှယ်ပေးရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် ကျန်းမာရေးအာဏာပိုင် များအား အခွင့်အာဏာပေးလိုက်သည်။
HIV ဗိုင်းရပ်စ်မှာ AIDS ရောဂါဖြစ်စေသော ဗိုင်းရပ်စ်ဖြစ်သည်။ HIV ပိုးပျံ့နှံ့မှုကို ပြီးခဲ့သည့် ဇန်နဝါရီ အတွင်းက ပထမဆုံးသိရှိခဲ့ပြီး နောက်ပိုင်း လွန်ခဲ့သောတစ်လက HIV ပိုးကူးစက်ခံရသူ ၂၆ ဦးရှိ ရာမှ ၇၉ ဦးအထိ ယင်းဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။

ယင်းကဲ့သို့ HIV ပိုး ကူးစက်ခံရမှုများ အားလုံးနီးပါးမှာ ဆေးထိုး အပ်ဝေမျှသုံးစွဲသော မူးယစ်ဆေးသုံးစွဲသူမှ စတင်ကြောင်း ပြည် နယ်ကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင် ပမ်းပွန်တုန်းစ်က ပြောသည်။

ကူးစက်ခံရသူ အများစုမှာ အကိုက်အခဲပျောက်ဆေးတစ်မျိုး ဖြစ်သော Opana ဆေးကို ထိုးသွင်းရာတွင် HIV ပိုးရှိသော လူတစ် ယောက်နှင့် ဆေးထိုးအပ်ဝေမျှ သုံးစွဲခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ရောဂါကူးစက်ခံရသူ အရေအတွက် မြင့်တက်လာမည်ဟု အရာရှိများက မျှော်လင့်ထားပြီး ရောဂါရှိကြောင်း အတည်ပြုထားပြီး ဖြစ်သည့် လူများနှင့် ဆက်စပ်သော အခြားလူ ၁၀၀ ဦးအထိ ဆက်သွယ်စစ်ဆေးရန် ဆောင်ရွက်နေသည်။
အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အရ ဒေသဆိုင်ရာကျန်းမာ ရေးအရာရှိများက ပြည်နယ်ကျန်းမာရေးအေဂျင်စီ၏ ကွပ်ကဲမှုဖြင့် ယာယီဆေးထိုးအပ် လဲလှယ်ပေးရေး အစီအစဉ်ကို စတင်မည်ဖြစ်ကြောင်း သိရသည်။
7 Day Daily - အင်ဒီယားနားပြည်နယ်တွင် HIV ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာထား

အသစ်ထွက်မည့် စမတ်ဖုန်း HIV ပိုး ရှိမရှိ စမ်းသပ်ပေးမည်

 

 လာမယ့်နှစ် အနည်းငယ်အတွင်း အသစ်ထွက်လာဖို့ ရှိတဲ့ စမတ်ဖုန်းဟာ လူ့အသက်တွေကို ကယ်တင်ရေးမှာ အထောက်အပံ့ဖြစ်လာနိုင်ပါတယ်။
စမတ်ဖုန်းမှာ အိပ်ခ်ျအိုင်ဗွီ (HIV) ဗိုင်းရက်စ် ရှိ၊ မရှိကို စမ်းသပ်ပေးနိုင်တဲ့ App တခုကို ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ လက်ချောင်းကနေ သွေးဖောက်ပြီး ၁၅ မိနစ်လောက် စမ်းသပ်လိုက်ရုံနဲ့ အိပ်ခ်ျအိုင်ဗွီ ပိုး ရှိမရှိကို အဖြေထုတ်ပေးနိုင်စွမ်း ရှိပါတယ်။

စမတ်ဖုန်းကို ထုတ်လုပ်ဖို့ သုတေသန ပြုနေသူတွေဟာ လောလောဆယ်မှာ အာဖရိကတိုက်က ရ၀မ်ဒါမှ စမ်းသပ်ခဲ့ပြီး ဓာတုဗေဒ စမ်းသပ်ခန်းမှာလိုပဲ အဖြေက တိကျတယ်လို့ သုတေသီတွေက ပြောပါတယ်။

နယူးယောခ်မြို့ ကိုလီဗီယာ တက္ကသိုလ်က ဆမ်း ဆီယား Sam Sia က စမတ်ဖုန်းကြောင့် လူနာတွေဆီက သွေးနမူနာတွေဟာ အဝေးကြီးမှာရှိတဲ့ ဓာတ်ခွဲခန်းတွေအထိ ယူသွားစရာမလိုအပ်တော့ဘဲ အဖြေ ထုတ်နိုင်တော့မယ်လို့ ပြောပါတယ်။
အရင်က ဒီလို အခက်အခဲတွေ ရှိခဲ့လို့ အထူးသဖြင့် အိပ်ခ်ျအိုင်ဗွီပိုးရှိတဲ့ မိခင်တွေကနေ ကလေးတွေကို ရောဂါ ဖြန့်ဝေတာမျိုး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

စမတ်ဖုန်းမှာ ပါတဲ့ App ဟာ အိပ်ခ်ျအိုင်ဗွီကိုသာမက တခြား လိင်ဆက်ဆံရာက တဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း စမ်းသပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်က ၃၄ ဒေါ်လာပဲ ရှိမယ်လို့ ဆိုပါတယ်။
သုတေသီတွေဟာ ကျယ်ပြန်တဲ့ စမ်းသပ်မှုတွေကို ဆက်လုပ်ဖို့ ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ဆီက ထောက်ခံချက်ရဖို့လည်း မျှော်လင့်နေပါတယ်။

ဓာတ်ပုံ – ရိုက်တာ ဗွီဒီယို
DVB - အသစ်ထွက်မည့် စမတ်ဖုန်း HIV ပိုး ရှိမရှိ စမ်းသပ်ပေးမည်

HIV ကာကွယ်ဆေး အဖြစ် ART ဆေးဝါးများကို အသုံးပြုလာ

လိင်တူ ချစ်သူများ အနေဖြင့် ကျန်းမာရေး ကောင်းမွန် နေသော်လည်း ရောဂါကူးစက်မှု မဖြစ်ပွား စေရန် ကြိုတင် ကာကွယ်သည့် အနေဖြင့် HIV ဆေးဝါးများကို ကြိုတင် သောက်သုံး ပေးသင့်ကြောင်း ယူကေ ဆေးဝါး သုတေသန ကောင်စီနှင့် အင်္ဂလန်နိုင်ငံ ပြည်သူ့ ကျန်းမာရေး သိပ္ပံပညာရှင် များက အဆိုပြုထားသည်။

''ကျွန်တော်တို့ရဲ့ လေ့လာတွေ့ ရှိချက် အရ HIV ဆေး ပုံမှန်တိုက်ကျွေး ထားခြင်းအားဖြင့် တစ်နှစ်ကို လိင်တူချစ်သူ ၁၃ ဦးမှာ တစ်ဦးနှုန်း HIV မဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။ ရောဂါကူးစက် နိုင်ခြေ အလွန်မြင့်မားတဲ့ လူပေါင်း ၅၄၅ ဦး ကို စမ်းသပ်ခဲ့ တာပါ။ အမျိုးသမီး တွေကို တားဆေး တိုက်သလိုပဲ လိင်တူချစ်သူ တွေကိုလဲ ART ကြိုတိုက်ထားမယ် ဆိုရင် HIV ကူးစက်ပြန့်ပွားမှု နှုန်းကို အများကြီး ထိန်းချုပ် နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်'' ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။
Antiretroviral Therapy ခေါ် ART ဆေးသည် HIV ရောဂါသည်များကို သာမန်လူလောက် နီးနီး ပြန်လည် ကောင်းမွန်သက်သာ လာအောင် ကုသပေးနိုင်ရာ HIV ကူးစက်ခံ ရခြင်းရှိ၊ မရှိ မသေချာ သေးသော လိင်တူချစ်သူ များကို ကြိုတင် တိုက်ကျွေးခြင်း အားဖြင့် HIV ကာကွယ် ကုသမှု လုပ်ငန်းစဉ် တစ်ရပ်လုံးတွင် ကြီးမားသော အပြောင်းအလဲ ရှိလာနိုင်ပြီး HIV ကူးစက်ခံရသူ ဦးရေကိုလည်း လျှော့ချနိုင်လိမ့် မည်ဟု သုတေသီ များက ယုံကြည် နေကြသည်။

“ART က HIV လူနာတွေကို ထိရောက်စွာ ကုသပေးနိုင် ပါတယ်။ အခုသူ့ကို ကာကွယ်ဆေး အဖြစ်လဲ ကျွန်တော်တို့ အသုံးပြု သွားမှာပါ။ လိင်တူချစ်သူ တွေဟာ HIV ကူးစက် ခံရနိုင်ခြေ အလွန်မြင့်မား ပါတယ်။ လန်ဒန်မှာ လိင်တူချစ်သူ ရှစ်ယောက် မှာ တစ်ယောက်က HIV ရှိပါတယ်။ တစ်နိုင်ငံလုံး မှာတော့ ၂၆ ယောက်မှာ တစ်ယောက်နှုန်း ဖြစ်ပါတယ်။ ART ကို ကာကွယ်ဆေး အဖြစ် အသုံးပြုပြီး ကတည်းက HIV ကူးစက်ခံရတဲ့ လိင်တူချစ်သူ ဦးရေ ၈၆ ရာခိုင်နှုန်း ကျဆင်းခဲ့ ပါတယ်'' ဟု သုတေသီများ က ရှင်းပြသည်။

ကမ္ဘာပေါ်တွင် လိင်တူချစ်သူ အမျိုးသားနှင့် အမျိုးသမီး အမြောက်အမြား ရှိပြီး လိင်တူချစ်သူ အမျိုးသမီး များထက် အမျိုးသား များက HIV ကူးစက်ခံရ နိုင်ခြေ ပိုမိုမြင့်မား သည့်အတွက် HIV ဝေဒနာသည် များကို တိုက်ကျွေးရလေ့ ရှိသော ART ဆေးကို ကာကွယ်ဆေး အဖြစ် ကြိုတင်တိုက်ကျွေး ခြင်းဖြင့် HIV ကူးစက်ခံရ နိုင်ခြေကို ၈၆ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး သည့်နောက် ဤကုထုံးကို ကျယ်ပြန့်စွာ ဆက်လက် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။
Postoperative mortality rates low among patients with HIV prescribed ART

Yadanarpon Daily
မြဝတီ - HIV ကာကွယ်ဆေး အဖြစ် ART ဆေးဝါးများကို အသုံးပြုလာ


တခါသုံး ဆေးထိုးအပ် သုံးဖို့ WHO လှုပ်ရှား

တခါသုံး ဆေးထိုးအပ်တွေကို ၂၀၂၀ ခုနှစ်အမီ သုံးစွဲသွားကြဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဆော်သြ ထားပါတယ်။ ဆေးထိုးအပ်တွေကို တခါမက ပြန်လည် အသုံးပြုတဲ့ အတွက် တနှစ်မှာ လူ ၂ သန်းကျော်ဟာ HIV နဲ့ အသည်းရောင် ရောဂါတွေအပါအ၀င် ကူးစက်ရောဂါတွေ ဖြစ်ပွားကြတယ်လို့ ဆိုပါတယ်။
တခါသုံး ဆေးထိုးအပ်တွေက ဈေးပိုကြီးပေမယ့် ရောဂါဖြစ်လို့ ကုသရတဲ့ ဆေးကုသစရိတ် ထက်စာရင် ဒီအပ်တွေ သုံးစွဲတာက အကုန်အကျ သက်သာပါတယ်လို့ WHO အဖွဲ့ကြီးက ပြောပါတယ်။
တခါသုံး ဆေးထိုးအပ်ကို အသုံးပြုခြင်းအားဖြင့် အသည်းရောင် ဘီအမျိုးအစား ရောဂါသည် ၁.၇ သန်းကျော်၊ စီအမျိုးအစား ရောဂါသည် ၃ သိန်း နဲ့ HIV ရောဂါသည် ၃ သောင်းခွဲခန့် နှစ်စဉ်ဖြစ်ပွားနေတာကို တားဆီးနိုင်မှာ ဖြစ်တယ်လို့ WHO ဆေးထိုး ကုသမှုဆိုင်ရာ အဖွဲ့မှ Dr Selma Khamassi က ဘီဘီစီကို ပြောပါတယ်။
နှစ်စဉ် ထိုးဆေး ၁၆ ဘီလီယံကျော် သုံးစွဲနေရတယ်လို့လည်း ဆိုပါတယ်။ မသန့်ရှင်းတဲ့ ဆေးထိုးအပ်တွေကြောင့် လူတွေ သန်းနဲ့ချီပြီး နှစ်စဉ် HIV နဲ့ အသည်းရောင် ရောဂါတွေ ဖြစ်နေတဲ့ အတွက် ရောဂါဖြစ်မှု လျှော့ချရေးအတွက် WHO က လှုပ်ရှားဆောင်ရွက်မှု တခုကို စတင်လိုက်တာ ဖြစ်ပါတယ်။
BBC - တခါသုံး ဆေးထိုးအပ် သုံးဖို့ WHO လှုပ်ရှား

မန္တလေး ဗဟို အကျဉ်းထောင်အတွင်း အမျိုးသား တစ်ဦး သေဆုံး

 အောင်မြေသာစံ မြို့နယ်ရှိ မန္တလေး ဗဟို အကျဉ်းထောင်တွင် အမျိုးသား တစ်ဦး HIV/AIDS ရောဂါဖြင့် သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၂၅) ရက် နေ့ (၁၃း၀၀) အချိန်တွင် မန္တလေး ဗဟို အကျဉ်းထောင်တွင် မန္တလေးခရိုင် တရားရုံး၊ အမှု အမှတ် (၁၁၄/၁၁) ပြစ်မှုပုဒ်မ ၃၀၂ (၁) (ခ) အရ ပြစ်ဒဏ် တစ်သက် ကျခံလျက်ရှိသော အကျဉ်းသား ထောင်ဝင်အမှတ် ....... ဦး........ (၃၄) နှစ်သည် HIV/AIDS ရောဂါဖြင့် ထောင်တွင်း ဆေးရုံသို့ တင်ပို့ ကုသစဉ် သေဆုံး သွားကြောင်း သိရ၍ ဒုမြို့နယ် တရားသူကြီး ဦးလွှမ်းမိုးအောင်၏ ကြီးကြပ်မှုဖြင့် နယ်မြေ စခန်း အမှတ် (၂) ရဲအုပ် ဇော်ဝင်းမျိုးနှင့် အဖွဲ့သည် သက်သေများနှင့် အတူ သွားရောက် စစ်ဆေးပြီး (၁၃း၁၅) အချိန် နယ်မြေ စခန်း အမှတ်(၂) မှ သေမှုသေခင်း အမှတ်စဉ် (၆/၂၀၁၅) ဖြင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

မန္တလေး (MDN(T.Y.D.N))
The Messenger - မန္တလေး ဗဟို အကျဉ်းထောင်အတွင်း အမျိုးသား တစ်ဦး သေဆုံး

No comments: