Sunday, May 24, 2015

TOEFL နှင့် IELTS ဘယ်ဟာ ပိုကောင်းသလဲ




နိုင်ငံတကာ တက္ကသိုလ် ပညာရေးကို လေ့လာလိုက်စားဖို့အတွက် အင်္ဂလိပ်စကား ကို First Language မသုံးတဲ့ နိုင်ငံ အများစုဟာ TOEFL နဲ့ IELTS စာမေးပွဲ ၂ ခုကို ဖြေရပါတယ်။၂ ခု စလုံးရယ်လို့ မဟုတ်ပဲ ၁ ခုလည်းဖြေ လည်း ရပါတယ်။


ဖြေရတဲ့ အကြောင်းအရင်းကလည်း အားလုံး သိထားတဲ့အတိုင်း နိုင်ငံတကာ တက္ကသိုလ်မှာ ပညာ သင်ကြားတဲ့ အခါ ဘာသာစကားအခက်အခဲ များကို ကျော် လွားစေဖို့ ဖြစ်ပါတယ်။

တူညီမှု

တူတာကတော့ နှစ်ခုစလုံးက အင်္ဂလိပ်စာတွေပါပဲ။ Pre-University ကျောင်းသား များ Higher Education level တစ်ခုကို သွားဖို့အတွက် ကိုယ်ကြိုက်နှစ်သက်ရာ ရွေးချယ်ဖြေဆို နိုပါတယ်။ အရေး၊ အဖတ်၊ အပြော၊ အကြား လေးခု ( 4 Skills) ဖြစ်ပြီး စာမေးပွဲကြေး က ဒေါ်လာ ၁၅၀ ကနေ ၂၅၀ အထိ နိုင်ငံအလိုက် မတူပါဘူး။ သို့ပေမယ့် IELTS က ဈေးပိုသက်သာတယ်လို့ ထင်ရပေမယ့် အချို့ နိုင်ငံတွေမှာ အတူတူလောက်ပါပဲ။

ကွဲပြားခြားနားမှု

အဓိက ကွဲပြားတဲ့ အချက်တစ်ခုက Speaking ဖြစ်ပါတယ်။ Speaking Test အတွက် IELTS မှာ စားမေးပွဲ စစ်သူ တစ်ဦးနဲ့ Face to Face ပြောဆိုရခြင်း ဖြစ် ပါတယ်။ TOEFL မှာတော့ ဘယ်သူနဲ့မှ မပြောရပဲ မိုက်ခရိုဖုန်းမှာ ပြောရပြီး ယင်း အသုံကို ပြန်စစ်ဆေးလို့ အမှတ်ပေးခြင်း ဖြစ်ပါတယ်။ IELTS ရဲ့  အမှတ်ပေးပုံက ၀ ကနေ ၉ ကြား ဖြစ်ပြီး TOEFL အမှတ်ပေးပုံက SAT type နဲ့ တူပါတယ်။ ပြီးတော့ TOEFL ကို အမေရိကန် အခြေဆိုက် Educational Testing Service လို့အမည်ရတဲ့ Non Profit အဖွဲ့အစည်း တစ်ခုက ကျင်းပ ပေးခြင်း ဖြစ်ပြီး အမေရိကန် အင်္ဂလိပ် ဘာသာစကားကို အခြေတည်ပါတယ။် IELTS ကတော့ ဗြိတိန် သံရုံး၊ ကိန်းဘရစ်ခ်ျ တက္ကသိုလ်၊ သြစတေးလျ IDP Education ယင်း အဖွဲ့ အစည်း သုံးခုက ပူးပေါင်း ပြုလုပ်ပေးတဲ့ စာမေးပွဲ ဖြစ်ပြီး ဗြိတိသျှ အင်္ဂလိပ်ကို အခြေတည်ပါတယ်။

ဒီတော့ အဓိက ကွဲပြားခြားနားမှုအနေနဲ့ စာလုံးပေါင်း မတူတာတွေ၊ အသံထွက် မတူတာတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်စာ လေ့လာသူများက ဖော်ပြချက်အရတော့ အမေရိကန် အင်္ဂလိပ်စာ ဆိုတာ ဗြိတိသျှ အင်္ဂလိပ်မှ ဆင်းသက်လာခြင်း ဖြစ်ပြီး အလွယ်ယူ ပြန်လည် ဖန်တီးထားတဲ့ ဘာသာရပ် ဖြစ်ပါတယ်။ အလွယ်ယူ ဆိုပေမယ့် ဖြစ်သလိုမဟုတ်ပါဘူး။ ဒီအတွက် စံသတ်မှတ်ခြင်းကိုလည်း အမေရိကန်က ရှေး စာပေ ပညာရှင်တို့ သေချာပြုလုပ်ထားခဲ့ခြင်း ဖြစ် ပါတယ်။ ဥပမာ Centre လို့ ဗြိတိသျှအင်္ဂလိပ်မှာ ရေးပေမယ့် အမေရိကန်မှာ Center လို့ရေးပါတယ်။ အစရှိသဖြင့် အသုံးအနှုန်း၊ ပြောဆိုမှု၊ အသံထွက်က အစ ကွဲပြားမှု အချို့ ရှိနေပါသေးတယ်။ (သို့ပေမယ့် ဒါဟာ ကြီးမားတဲ့ Barrier မဟုတ်ပါဘူး)

ဘယ်ဟာ ပိုကောင်းသလဲ

ဘယ်ဟာ ပိုကောင်းသလဲ ဆိုတာထက် ဘယ်အရပ်ကိုသွားပြီး ကျောင်းတက် မလဲ ဆိုတာကို မေးရမှာ ဖြစ်ပါတယ်။ အရင်ဆုံး မိမိတက်ရမယ့် ကျောင်းကို စုံစမ်းလို့ ယင်းကျောင်းက လက်ခံတဲ့ စာမေးပွဲကို ဖြေကြားပေးခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ စင်္ကာပူ နဲ့ ဥရောပ နိုင်ငံအများစုက IELTS ကို ပိုဦးစားပေးပြီး အမေရိက နိုင်ငံများက TOEFL ကိုဦးစားပေးပါတယ်။ အနီးစပ်ဆုံးအနေနဲ့ ထိုင်းနိုင်ငံ တက္ကသိုလ်တွေတောင် TOEFL ကို Prefer ဖြစ်ပါတယ်။ ထိုင်းမှာက ဥရောပ ချိတ်ဆက်တက္ကသိုလ်ဖြစ်ပြီး အရင်းအမြစ် ပြန်ရှာလိုက်တော့ နော်ဝေတို့လို နိုင်ငံက TOEFL ကို ဦးစားပေးတာ တွေ့ရပြန်ပါတယ်။

ဒီတော့အနှစ်ချုပ်လိုက်ရင် ၅၀-၅၀ ပါပဲ။ ဘယ်ဟာမှ သာတယ်၊ နာတယ် မရှိပါဘူး။ ကမ္ဘာပေါ်က တက္ကသိုလ် နဲ့ ကျောင်းပေါင်း ၆ ထောင်ကျော်က IELTS ကော၊ TOEFL ကိုပါ လက်ခံ ရယူဖို့ သဘောတူညီချက် ယူထားပြီး ဖြစ်ပါတယ်။ ယခု နောက်ပိုင်း တက္ကသိုလ်တွေကလည်း IELTS မှ၊ TOEFL မှ ရယ်လို့ မဟုတ်ပဲ အားလုံးကို လက်ခံလာတာကို တွေ့ရပါတယ်။

ဒီတော့ စားမေးပွဲ ဖြေမယ့်သူဟာ စကားပြောတဲ့အခါ Face to Face အတွက် ယုံကြည်မှု မရှိပါဘူးဆိုရင်တော့ TOFEL က ပိုရွေးချယ် သင့်ပါတယ်။

TOEFL က abstract learner လို့ခေါ်တဲ့ ယေဘုယျ အားဖြင့် လေ့လာ မှတ်သား ထားသူများအတွက် အကောင်းဆုံး စားမေးပွဲဖြစ်ကြောင်း ဆိုပါတယ်။ တစ်မျိုး မထင်လိုက်ပါနဲ့။ သူက ခံစားမှု အပိုင်းကို ဦးစားပေးပြီး အချို့  မေးခွန်း အမှားအမှန်တွေကို Grammer ကျကျ မတွေးပဲ စိတ်နဲ့ ခံစားပြီး ဖြေဆိုတတ်သူကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အကြောင်းကတော့ သူက Multiple choice question တွေမို့လို့ ဖြစ်ပါတယ်။

IELTS ကျတော့ concrete learner လို့ခေါ်တဲ့ အာရုံ ၅ ပါး ထိတွေ့မှုအပေါ် အခြေခံလေ့လာ သူများ အတွက် သင့်တော်တဲ့ စားမေပွဲဖြစ်ကြောင်း ဆိုပါတယ်။ ခေါင်းမရှုပ်သွားပါနဲ့။ သူက ခံစားမှု အပိုင်းထက် တိကျမှန်ကန်တဲ့ အချက်တွေကို မှတ်သားမှု အားကောင်းတာကို ဆိုလိုခြင်း ဖြစ်ပါ တယ်။ မေးခွန်း တစ်ခုအတွက် ခံစားမှုကို ဦးစားမပေးပဲ မှတ်သားထားတဲ့ အချက်အတိုင်း ပြန်လည် ဖြေကြားတတ်သူ အတွက် IELTS ကသင့်လျော်ခြင်း ဖြစ် ပါတယ်။ သို့ပေမယ့် Abstract Learner နဲ့ Concrete Learner ၂ ဦးရဲ့ အရည်အသွေးကို နောက်ဆုံး ယှဉ်ကြည့်လိုက်တဲ့အခါမှာ တူညီနေတာကိုလည်း တွေ့ရှိရပါတယ်။ ဒါကြောင့်လည်း IELTS နဲ့ TOEFL ကို အရည်အချင်း တူတဲ့ စာမေးပွဲလို့ ကမ္ဘာက သတ်မှတ်ခြင်း ဖြစ်ပါတယ်။

ဒီလောက် ဆိုရင် IELTS နဲ့ TOEFL မှာ ကိုယ်ဟာ ဘယ် စာမေးပွဲကို ဝင်ရောက်ဖြေဆိုသင့်ကြောင်း သေချာ သိရှိပြီလို့ မျော်လင့် ပါတယ်။
.
Ref:i-studentgloba

အောင်ခမ်း (www.innewsmyanmar.com)

No comments: