Friday, October 15, 2021

ငှက်ပျောသီးကျောက်ကျော - ငှက်ပျောသာကူပေါင်း - မုန့်ကုလားမည်း

ငှက်ပျောသီးကျောက်ကျော - ငှက်ပျောသာကူပေါင်း - မုန့်ကုလားမည်း - နို့ဟင်းမလိုင် - ကောက်ညှင်းမျှစ်ချဉ်ပြန်ပေါင်းထုပ်


ငှက်ပျောကျောက်ကျော




ပါဝင်ပစ္စည်းများ


၁။ ကျောက်ကျောမှုန့်အသေး ၁ ထုပ် (နှစ်သက်ရာတံဆိပ်)

၂။ သကြား ၂၅ ကျပ်သား ( လျော့လည်း ရ )

၃။ ရေ ၂ လီတာ

၄။ နို့စိမ်း ၁ ဘူး

၅။ ငှက်ပျောသီး ၄ လုံး ခပ်ပါးပါးလှီးထားပါ ( ဖီးကြမ်းက လွဲရင် နှစ်သက်ရာ )


ပြုလုပ်နည်း


၁။ ကျောက်ကျောအထုပ်သေး ၁ ထုပ်၊ သကြား၂၅ ကျပ်သား ကို ရေ ၂ လီတာနီးပါး ထည့်ကျိုပါ။

၂။ တချိန်တည်းမှာ ငှက်ပျောသီး လွီးထားတာကို ကျောက်ကျောဖြန့်မဲ့ ဗန်းထဲအပြည့် ဖြန့်ထည့်ထားပါ။

၃။ ကျိုနေတဲ့ ကျောက်ကျောကိုလည်း အဆက်မပြတ်မွှေပါ။

၄။ ဆူရင် နို့စိမ်းတစ်ဘူးနီးပါးထည့်ပြီး ဆက်ကျိုပါ။ ဆူပြီး ခဏမွာ မွှေတဲ့ဇွန်းမှာ ကပ်နေတဲ့ အစေ့လေးတွေ ပျောက်သွားတာနဲ့ ဗန်းထဲလောင်းထည့်ပါ။ နှံ့အောင်မွှေပြီး အေအးခံပါ။

၅။ ခဲရင် ရေခဲသေတ္တာထဲထည့်၊ အေးရင် နှစ်သက်သလို လွီးပါ။ ခုဆိုရင်တော့ မွှေးအိနေတဲ့ ငှက်ပျောသီးကျောက်ကျောလေးကို အရသာရှိရှိသုံးဆောင်ကြမယ်နော်။


ငှက်ပျောသာကူပေါင်း (Banana Pudding With Sago)




ငှက်ပျောပေါင်းကိုမြန်မာအချိုပွဲတခုအနေဖြင့်သတ်မှန်ကြသလိုမလေးရှားထိုင်းနိုင်ငံနှင့်အခြားအရှေ့တောင်အာရှနိုင်ငံတွေမှာလည်းပြုလုပ်တည်ခင်းလေ့ရှိပါတယ်။ငှက်ပျောပေါင်းသီးသန့်ပြုလုပ်နိုင်သလိုသာကူစေ့အနည်းငယ်ဖြင့်ရောပြီးသာကူငှက်ပျောပေါင်းလည်းပြုလုပ်နိုင်ပါတယ်။


ပါဝင်ပစ္စည်း

****

ရခိုင်ငှက်ပျောသီးမှည့်- ၁၅ လုံး

သကြား - ၅၀ ဂရမ်

ဆား -အနည်းငယ်

ဆွမ်းမွေးရွက် -နှစ်ပင် (optional)

နွားနို့ - ၈၀၀ ml

အုန်းနို့ - ၂၀၀ ml

သာကူစေ့ - ၃ဇွန်း စားပွဲဇွန်း


ပြင်ဆင်ပြုလုပ်ပုံ

*******

(၁)ရခိုင်ငှက်ပျောသီးမှည့်ကိုအလုံးလိုက်ရေဆေးပြီးအိုးတခုတွင်ထည့်ပါ။ဆားအနည်းငယ်ထည့်ပါ။ရေမြုတ်ရုံထည့်ပြီးမီးဖိုပေါ်တွင်၁၅မိနစ်ခန့်ဆူပွက်အောင်တည်ပါ။

(အချို့သူများကအဖန်ဓာတ်ထွက်ရန်ကင်ပွန်းချဉ်မန်ကျည်းရွက်တို့ကိုထည့်ပြုတ်လေ့ရှိပါတယ်။)

(၂)ပြီးလျှင်ဆယ်ယူပြီးအခွံသင်ကာအိုးသန့်သန့်တခုတွင်ထည့်ပါ။

(၃)နွားနို့အုန်းနို့သကြားနှင့်ဆွမ်းမွေးရွက်ထည့်ပြီးမီးအေးအေးဖြင့်ဆူပွက်အောင်တည်ပါ။

(၄)ခမ်းသွားပါကရေအနည်းငယ်ဆီထည့်ပေးပြီး ငှက်ပျောသီးနီရောင်သမ်းလာသည်ထိတည်ပေးပါ။

(၅)အဖြူရောင်သုံးဆောင်လိုပါကနို့အနည်းငယ်ပျစ်ပြီးငှက်ပျောသီးအိလာသည်နှင့်မီးဖိုမှချကာတည်ခင်းနိုင်ပါပြီ။

(၆)လိုချင်သောအရောင်ရပါကသာကူစေ့ကိုရေဆေးပြီးရေနွေးပွက်ပွက်ဆူတွင်အဆံပျောက်ခါနီးထိပြုတ်ပြီးရေဆေးရေစစ်ကာငှက်ပျောပေါင်းထဲထည့်ပါ။သာကူစေ့များသမအောင်ပြုလုပ်ပြီးအပူဖြစ်စေအအေးဖြစ်စေတည်ခင်းသုံးဆောင်နိုင်ပါပြီ။

ဆွမ်းမွေးရွက်မှာအနံ့မွေးရန်အတွက်ထည့်ခြင်းဖြစ်၍အလွယ်တကူမရနိုင်ပါကမထည့်ဘဲပြုလုပ်နိုင်ပါတယ်။

ငှက်ပျောပေါင်းပြုလုပ်ရန်ရခိုင်ငှက်သီး မှာအကောင်းဆုံးဖြစ်ပြီးဖီးကြမ်းငှက်ပျောသီးဖြင့်လည်းပြုလုပ်နိုင်ပါတယ်။


Black Sticky Rice Cake

..............




မုန့်ကုလားမည်းလို့လူသိများတဲ့အချိုပွဲကိုများသောအားဖြင့်ထိုးမုန့်ဆိုင်များတွင်တွဲရောင်းလေ့ရှိတာမို့မန္တလေးပြန်မှသာစားဖြစ်တာများပါတယ်။အဝေးရောက်နေသူများနှင့်အလှူအတန်းများဧည့်ခံကျွေးမွေးနိုင်ရန်ကိုယ်တိုင်ပြုလုပ်လိုသူများအတွက်လုပ်နည်လေးမျှဝေပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်း

ကောက်ညင်းငချိတ် - ၂ခွက် (ပေါင်းအိုးဆန်ချိန်ခွက်)

အုန်းနို့. - ၄၀၀ ml

သကြား - ၂၅၀ ဂရမ်

ထောပတ် - ၁၅၀ ဂရမ်

ဘိန်းစေ့ - အနည်းငယ် (optional)


ပြင်ဆင်ပြုလုပ်ပုံ

(၁)ဦးစွာကောက်ညင်းငချိတ်ကိုရေဆေးသန့်စင်ပြီးတညသို့မဟုတ်၆နာရီခန့်စိမ်ထားပါ။

(၂)ရစေိမျပွီးသားငခြိတျကိုရတေကွိမျပွနျေ ဆးကာရေစစ်ထားပါ။

(၃)ကြိတ်စက်တွင်ရေစစ်ထားသောငချိတ်ကိုအုန်းနို့၄၀၀mlထည့်ပြီးချောမွေ့လာသည်ထိကြိတ်ပေးပါ။

(၄)လိုအပ်သောအနေအထားထိချောမွေ့ပြီးညက်လာပါကအိုးမကပ်သည့်ဒယ်တွင်ထည့်ပါ။

(၅)သကြားနှင့်ထောပတ်ထည့်ပြီးအနေတော်မီးဖြင့်တည်ကာအဆက်မပျက်မွေပေးပါ။

(၆)မုန့်သားညက်ပြီးဆီပြန်လုံးလာသည်ထိမွေပေးကာဆီသုတ်ထားသောဘမ်းတွင်ထည့်ပြီးမျက်နှာပြင်ညီအောင်ပြုလုပ်ပါ။ဘိန်းစေ့ဖြူးလိုပါကလှော်ပြီးသားဘိန်းစေ့ဖြူ းကာအအေးခံထားပါ။မုန့်သားလုံးဝအေးသွားလျှင်လိုသလိုလှီးဖြတ်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

 တညထားပြီးမှသာလှီးဖြတ်ပါ။

ဒယ်အိုးဖြင့်မတည်ဘဲမိုက်ခရိုဝေ့ဖ်တွင်ပြုလုပ်လိုပါကအပူခံဖန်ပန်းကန်တွင်ထည့်ပြီးနှစ်မိနစ်တကြိမ်ထုတ်ပြီးသမအောင်မွေပေးပါ။အသုံးပြုသည့်မိုက်ခရိုဝေ့ဖ်အားပေါ်မူတည်ပြီးဆယ်မိနစ်မှဆယ့်ငါးမိနစ်ကြာပါမယ်။

...........

Sofia


နို့ဟင်းမလိုင် 




နွားနို့ - ၁ဘူး(1lit.)

ဆန် - ချိန်ခွက်တစ်ဝက်

ရေ - ၁ဘူးခြဲ(1.5 lit)

ထန်းလျက်ဖြူ - ၁၀သားခန့် (ကြိုထားပြီးအချိုလိုသလာက်ထည့်ပါ)

ဆား - လ်ဘက်ဇွန်းတဇွန်း


တွဲဖက်စားရန်

အီကြာကွေး

နို့စိမ်း

မလိုင်


ပြုလုပ်ပုံ


1.နွားနို့ကို သုံးပုံတစ်ပုံတင်အောင် ကျိုထားပါ။ တက်လာသော မလိုင်များခပ် ထားပါ။

2.ဆန် ချိန်ခွက်တစ်ဝက်ခန့်ကို အရောင်ရပြီး မွှေးလာသည်ထိ လှော်ပေးကာ ကြိတ်ပြီး ဇကာခ် ထားပါ။ ( ဆန်လှော်မှုန့်သုံးကသိတ်မမွှေးပါ)

3.ထန်းလျက်ဖြူကို ရေအနည်းငယ် ထည့်ပြီး ကျိုကာ အမှိုက်စစ် ထားပါ။

4.ကျိုထားသော နို့အိုးထဲသို့ ထန်းလျက်ရည်နှင့် ဆား ထည့်ပါ။ ဆန်လှော်မှုန့်ကို ရေအနည်းငယ်ဖြင့် ဖျော်ထည့်ပါ။

5.ပြီးလျှင် ရေတလီတာ ထပ်ထည့်ပြီး မီးအေးအေးဖြင့် ဆူပွက်ပြီး ပျစ်လာသည်ထိ ကျိုထားပါ။

6.အဖုံးမဖုံးဘဲ ဆူပွက်အောင် တည်ထားပါ။

အိုးမကပ်စေရန် အတွက်လည်း မကြာမကြာ မွှေပေးပါ။

7.ပ်စ္လာပါက ပန်းကန်တွင် ထည့်ပြီး အီကြာကွေး ပါးပါး ညှပ်ထားသည်ကို ထည့်ပါ။ နို့စိမ်းနှင့် မလိုင်ထည့်ပြီး ပူပူနွေးနွေး သုံးဆောင် နိုင်ပါသည်။


ကောက်ညှင်းမျှစ်ချဉ်ပြန်ပေါင်းထုပ်နည်း 

(Sticky Rice with Pickled Bamboo Shoot)

-------------------------------------------------- 




 ပန်းသေးရိုးရာအစားအစာတစ်ခုဖြစ်တဲ့ ကောက်ညှင်းအသားမျှစ်ချဉ်ပြန်ပေါင်း ထုပ်လေးဖြစ်ပါတယ်။ အသားမျှစ်ချဉ်ရဲ့ မွှေးရနံ့နဲ့အတူ တွဲဖက်ပြီး ပြန်ပေါင်းထားတဲ့ ပြန်ပေါင်းထုပ်လေးကို စားဖူးသူတိုင်း နှစ်သက်ကြမှာ အမှန်ပါ။ 

ပါဝင်ပစ္စည်းများ

 အမဲသား - ၃ဝဝ ဂရမ် (ဆိတ္သား၊ ကြက်သား)

 ကြက်သွန်နီ - အနေတော် ၂ လုံး

 မျှစ်ချဉ် - ၂ဝဝ ဂရမ်

 ချင်း ကြက်သွန်ဖြူထောင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

 ဆား - ၁/၂ ဇွန်း

 ငရုတ်သီးခြောက် - ၅ တောင့်

 တရုတ်မဆလာ - ၁ ဇွန်း

 ဆီ - လိုသလောက်

 ကောက်ညှင်းပေါင်း 

 ငှက်ပျောဖက်/ပြောင်းဖူးဖက်


ပြုလုပ်နည်း

၁။ ဦးစြာ အသားမျှစ်ချဉ်ပြန်ပေါင်းပြုလုပ်ဖို့အတွက် အသားမျှစ်ချဉ်ကို အရင်ဆုံး ကြော်ရမှာ ဖြစ်ပါတယ်။ အမဲသားကို သေးသေးစိတ်၍ ဆား၊ ချင်း ကြက်သွန်ဖြူ ထောင်းနှင့် တရုတ်မဆလာတို့ကို ထည့်ပြီး နယ္ထားပါ။

၂။ ကြက်သွန်နီမထူမပါး လွီးထားပါ။

၃။ အားလုံးအဆင်သင့်ဖြစ်လျှင် ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။

၄။ ဆီပူလျှင် ငရုတ်သီးခြောက်ကြော်ပါ။ ကြက်သွန်ထည့်ပြီး ကြော်ပါ။ မီးပြင်းဖြင့် အရောင်ပြောင်းရုံကြော်ပြီး မျှစ်ချဉ်ထည့်ကြော်ပါ။

၅။ မျှစ်ချဉ်အနည်းငယ်ခြောက်လာပါက အသားထည့်ကြော်ပါ။

၆။ ရေခန်းပြီး အသားကျက်ပါက အရသာအပေါ့အငန်မြည်း၍ သမအောင်မွှေပြီး မီးဖိုမွခ်ကာ ပြန်ပေါင်းထုပ်ပြုလုပ်ရန် အသင့်ဖြစ်ပါပြီ။ ကြော်ပြီးသားကို ဟင်း တစ်ခွက်အဖြစ် တည်ခင်းနိုင်ပါတယ်။

၇။ ကောက်ညှင်းမျှစ်ချဉ်ပြန်ပေါင်း ပြုလုပ်ရန်အတွက် ကောက်ညှင်းကို ကြိုတင်၍ ရေစိမ်ပြီး ပေါင်းထားပေးဖို့ လိုအပ်ပါတယ်။ ငှက်ပျောဖက်ကိုလည်း ရေဆေး သန့်စင်၍ အပူပေးပြီး လိုအပ်သည့်အရွယ်များ ဖြတ်ထားပါ။ ကျွန်မကတော့ ပြောင်းဖူးဖက်ကို အသုံးပြုပြီး ပြုလုပ်ထားပါတယ်။

၈။ အားလုံးအသင့်ဖြစ်လျှင် ဖက်ထဲ ကောက်ညှင်းပေါင်းထားတာကို ထည့်၍ အပေါ်မှ အသားမျှစ်ချဉ်ကြော်ကို တင်ပြီး သေချာစွာ ထုပ်ပါ။ ပြီးလျှင် ပေါင်းမည့် ပေါင်းအိုးထဲ စီထည့်ပါ။ အားလုံးထုပ်ပြီးပါက ရေနွေးအိုးအပေါ်မှာတင်၍ မိနစ် 

၃၀ ခန့် ပေါင်းပြီး ပူပူနွေးနွေး မွှေးကြိုင်လှတဲ့ ကောက်ညှင်းမျှစ်ချဉ်ပြန်ပေါင်း ထုပ္ကို ထုတ်ယူ၍ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

------------------------------------------

Sofia


ငွက္ေပ်ာသီးေက်ာက္ေက်ာ - ငွက္ေပ်ာသာကူေပါင္း - မုန္႕ကုလားမည္း - ႏို႔ဟင္းမလိုင္ - ေကာက္ညွင္းမွ်စ္ခ်ဥ္ျပန္ေပါင္းထုပ္


ငွက္ေပ်ာေက်ာက္ေက်ာ




ပါဝင္ပစၥည္းမ်ား


၁။ ေက်ာက္ေက်ာမႈန႔္အေသး ၁ ထုပ္ (ႏွစ္သက္ရာတံဆိပ္)

၂။ သၾကား ၂၅ က်ပ္သား ( ေလ်ာ့လည္း ရ )

၃။ ေရ ၂ လီတာ

၄။ နို႔စိမ္း ၁ ဘူး

၅။ ငွက္ေပ်ာသီး ၄ လုံး ခပ္ပါးပါးလွီးထားပါ ( ဖီးၾကမ္းက လြဲရင္ ႏွစ္သက္ရာ )


ျပဳလုပ္နည္း


၁။ ေက်ာက္ေက်ာအထုပ္ေသး ၁ ထုပ္၊ သၾကား၂၅ က်ပ္သား ကို ေရ ၂ လီတာနီးပါး ထည့္က်ိဳပါ။

၂။ တခ်ိန္တည္းမွာ ငွက္ေပ်ာသီး လွီးထားတာကို ေက်ာက္ေက်ာျဖန႔္မဲ့ ဗန္းထဲအျပည့္ ျဖန႔္ထည့္ထားပါ။

၃။ က်ိဳေနတဲ့ ေက်ာက္ေက်ာကိုလည္း အဆက္မျပတ္ေမႊပါ။

၄။ ဆူရင္ နို႔စိမ္းတစ္ဘူးနီးပါးထည့္ၿပီး ဆက္က်ိဳပါ။ ဆူၿပီး ခဏမွာ ေမႊတဲ့ဇြန္းမွာ ကပ္ေနတဲ့ အေစ့ေလးေတြ ေပ်ာက္သြားတာနဲ႕ ဗန္းထဲေလာင္းထည့္ပါ။ ႏွံ႕ေအာင္ေမႊၿပီး အေအးခံပါ။

၅။ ခဲရင္ ေရခဲေသတၱာထဲထည့္၊ ေအးရင္ ႏွစ္သက္သလို လွီးပါ။ ခုဆိုရင္ေတာ့ ေမႊးအိေနတဲ့ ငွက္ေပ်ာသီးေက်ာက္ေက်ာေလးကို အရသာရွိရွိသုံးေဆာင္ၾကမယ္ေနာ္။


ငွက္ေပ်ာသာကူေပါင္း (Banana Pudding With Sago)




ငွက္ေပ်ာေပါင္းကိုျမန္မာအခ်ိဳပြဲတခုအေနျဖင့္သတ္မွန္ၾကသလိုမေလးရွားထိုင္းနိုင္ငံႏွင့္အျခားအေရွ႕ေတာင္အာရွနိုင္ငံေတြမွာလည္းျပဳလုပ္တည္ခင္းေလ့ရွိပါတယ္။ငွက္ေပ်ာေပါင္းသီးသန႔္ျပဳလုပ္နိုင္သလိုသာကူေစ့အနည္းငယ္ျဖင့္ေရာၿပီးသာကူငွက္ေပ်ာေပါင္းလည္းျပဳလုပ္နိုင္ပါတယ္။


ပါဝင္ပစၥည္း

****

ရခိုင္ငွက္ေပ်ာသီးမွည့္- ၁၅ လုံး

သၾကား - ၅၀ ဂရမ္

ဆား -အနည္းငယ္

ဆြမ္းေမြး႐ြက္ -ႏွစ္ပင္ (optional)

ႏြားနို႔ - ၈၀၀ ml

အုန္းနို႔ - ၂၀၀ ml

သာကူေစ့ - ၃ဇြန္း စားပြဲဇြန္း


ျပင္ဆင္ျပဳလုပ္ပုံ

*******

(၁)ရခိုင္ငွက္ေပ်ာသီးမွည့္ကိုအလုံးလိုက္ေရေဆးၿပီးအိုးတခုတြင္ထည့္ပါ။ဆားအနည္းငယ္ထည့္ပါ။ေရျမဳတ္႐ုံထည့္ၿပီးမီးဖိုေပၚတြင္၁၅မိနစ္ခန႔္ဆူပြက္ေအာင္တည္ပါ။

(အခ်ိဳ႕သူမ်ားကအဖန္ဓာတ္ထြက္ရန္ကင္ပြန္းခ်ဥ္မန္က်ည္း႐ြက္တို႔ကိုထည့္ျပဳတ္ေလ့ရွိပါတယ္။)

(၂)ၿပီးလွ်င္ဆယ္ယူၿပီးအခြံသင္ကာအိုးသန႔္သန႔္တခုတြင္ထည့္ပါ။

(၃)ႏြားနို႔အုန္းနို႔သၾကားႏွင့္ဆြမ္းေမြး႐ြက္ထည့္ၿပီးမီးေအးေအးျဖင့္ဆူပြက္ေအာင္တည္ပါ။

(၄)ခမ္းသြားပါကေရအနည္းငယ္ဆီထည့္ေပးၿပီး ငွက္ေပ်ာသီးနီေရာင္သမ္းလာသည္ထိတည္ေပးပါ။

(၅)အျဖဴေရာင္သုံးေဆာင္လိုပါကနို႔အနည္းငယ္ပ်စ္ၿပီးငွက္ေပ်ာသီးအိလာသည္ႏွင့္မီးဖိုမွခ်ကာတည္ခင္းနိုင္ပါၿပီ။

(၆)လိုခ်င္ေသာအေရာင္ရပါကသာကူေစ့ကိုေရေဆးၿပီးေရႏြေးပြက္ပြက္ဆူတြင္အဆံေပ်ာက္ခါနီးထိျပဳတ္ၿပီးေရေဆးေရစစ္ကာငွက္ေပ်ာေပါင္းထဲထည့္ပါ။သာကူေစ့မ်ားသမေအာင္ျပဳလုပ္ၿပီးအပူျဖစ္ေစအေအးျဖစ္ေစတည္ခင္းသုံးေဆာင္နိုင္ပါၿပီ။

ဆြမ္းေမြး႐ြက္မွာအနံ႕ေမြးရန္အတြက္ထည့္ျခင္းျဖစ္၍အလြယ္တကူမရနိုင္ပါကမထည့္ဘဲျပဳလုပ္နိုင္ပါတယ္။

ငွက္ေပ်ာေပါင္းျပဳလုပ္ရန္ရခိုင္ငွက္သီး မွာအေကာင္းဆုံးျဖစ္ၿပီးဖီးၾကမ္းငွက္ေပ်ာသီးျဖင့္လည္းျပဳလုပ္နိုင္ပါတယ္။


Black Sticky Rice Cake

..............




မုန့္ကုလားမည္းလို႔လူသိမ်ားတဲ့အခ်ိဳပြဲကိုမ်ားေသာအားျဖင့္ထိုးမုန့္ဆိုင္မ်ားတြင္တြဲေရာင္းေလ့ရွိတာမို႔မႏၱေလးျပန္မွသာစားျဖစ္တာမ်ားပါတယ္။အေဝးေရာက္ေနသူမ်ားႏွင့္အလႉအတန္းမ်ားဧည့္ခံေကြၽးေမြးနိုင္ရန္ကိုယ္တိုင္ျပဳလုပ္လိုသူမ်ားအတြက္လုပ္နည္ေလးမွ်ေဝေပးလိုက္ပါတယ္။

ပါဝင္ပစၥည္း

ေကာက္ညင္းငခ်ိတ္ - ၂ခြက္ (ေပါင္းအိုးဆန္ခ်ိန္ခြက္)

အုန္းနို႔. - ၄၀၀ ml

သၾကား - ၂၅၀ ဂရမ္

ေထာပတ္ - ၁၅၀ ဂရမ္

ဘိန္းေစ့ - အနည္းငယ္ (optional)

ျပင္ဆင္ျပဳလုပ္ပုံ

(၁)ဦးစြာေကာက္ညင္းငခ်ိတ္ကိုေရေဆးသန့္စင္ၿပီးတညသို႔မဟုတ္၆နာရီခန့္စိမ္ထားပါ။

(၂)ရေစိမ်ပြီးသားငချိတ်ကိုရေတကြိမ်ပြန်ေ ဆးကာေရစစ္ထားပါ။

(၃)ႀကိတ္စက္တြင္ေရစစ္ထားေသာငခ်ိတ္ကိုအုန္းနို႔၄၀၀mlထည့္ၿပီးေခ်ာေမြ႕လာသည္ထိႀကိတ္ေပးပါ။

(၄)လိုအပ္ေသာအေနအထားထိေခ်ာေမြ႕ၿပီးညက္လာပါကအိုးမကပ္သည့္ဒယ္တြင္ထည့္ပါ။

(၅)သၾကားႏွင့္ေထာပတ္ထည့္ၿပီးအေနေတာ္မီးျဖင့္တည္ကာအဆက္မပ်က္ေမြေပးပါ။

(၆)မုန့္သားညက္ၿပီးဆီျပန္လုံးလာသည္ထိေမြေပးကာဆီသုတ္ထားေသာဘမ္းတြင္ထည့္ၿပီးမ်က္ႏွာျပင္ညီေအာင္ျပဳလုပ္ပါ။ဘိန္းေစ့ျဖဴးလိုပါကေလွာ္ၿပီးသားဘိန္းေစ့ျဖဴ းကာအေအးခံထားပါ။မုန့္သားလုံးဝေအးသြားလွ်င္လိုသလိုလွီးျဖတ္ၿပီးတည္ခင္းသုံးေဆာင္နိုင္ပါၿပီ။

 တညထားၿပီးမွသာလွီးျဖတ္ပါ။

ဒယ္အိုးျဖင့္မတည္ဘဲမိုက္ခရိုေဝ့ဖ္တြင္ျပဳလုပ္လိုပါကအပူခံဖန္ပန္းကန္တြင္ထည့္ၿပီးႏွစ္မိနစ္တႀကိမ္ထုတ္ၿပီးသမေအာင္ေမြေပးပါ။အသုံးျပဳသည့္မိုက္ခရိုေဝ့ဖ္အားေပၚမူတည္ၿပီးဆယ္မိနစ္မွဆယ့္ငါးမိနစ္ၾကာပါမယ္။

...........

Sofia


နို႔ဟင္းမလိုင္ 




ႏြားနို႔ - ၁ဘူး(1lit.)

ဆန္ - ခ်ိန္ခြက္တစ္ဝက္

ေရ - ၁ဘူးခြဲ(1.5 lit)

ထန္းလ်က္ျဖဴ - ၁၀သားခန့္ (ႀကိဳထားၿပီးအခ်ိဳလိုသလာက္ထည့္ပါ)

ဆား - လၻက္ဇြန္းတဇြန္း


တြဲဖက္စားရန္

အီၾကာေကြး

နို႔စိမ္း

မလိုင္


ျပဳလုပ္ပုံ


1.ႏြားနို႔ကို သုံးပုံတစ္ပုံတင္ေအာင္ က်ိဳထားပါ။ တက္လာေသာ မလိုင္မ်ားခပ္ ထားပါ။

2.ဆန္ ခ်ိန္ခြက္တစ္ဝက္ခန့္ကို အေရာင္ရၿပီး ေမႊးလာသည္ထိ ေလွာ္ေပးကာ ႀကိတ္ၿပီး ဇကာခ် ထားပါ။ ( ဆန္ေလွာ္မႈန့္သုံးကသိတ္မေမႊးပါ)

3.ထန္းလ်က္ျဖဴကို ေရအနည္းငယ္ ထည့္ၿပီး က်ိဳကာ အမွိုက္စစ္ ထားပါ။

4.က်ိဳထားေသာ နို႔အိုးထဲသို႔ ထန္းလ်က္ရည္ႏွင့္ ဆား ထည့္ပါ။ ဆန္ေလွာ္မႈန့္ကို ေရအနည္းငယ္ျဖင့္ ေဖ်ာ္ထည့္ပါ။

5.ၿပီးလွ်င္ ေရတလီတာ ထပ္ထည့္ၿပီး မီးေအးေအးျဖင့္ ဆူပြက္ၿပီး ပ်စ္လာသည္ထိ က်ိဳထားပါ။

6.အဖုံးမဖုံးဘဲ ဆူပြက္ေအာင္ တည္ထားပါ။

အိုးမကပ္ေစရန္ အတြက္လည္း မၾကာမၾကာ ေမႊေပးပါ။

7.ပ်စ္လာပါက ပန္းကန္တြင္ ထည့္ၿပီး အီၾကာေကြး ပါးပါး ညွပ္ထားသည္ကို ထည့္ပါ။ နို႔စိမ္းႏွင့္ မလိုင္ထည့္ၿပီး ပူပူႏြေးႏြေး သုံးေဆာင္ နိုင္ပါသည္။


ေကာက္ညႇင္းမၽွစ္ခ်ဥ္ျပန္ေပါင္းထုပ္နည္း 

(Sticky Rice with Pickled Bamboo Shoot)

-------------------------------------------------- 


 ပန္းေသးရိုးရာအစားအစာတစ္ခုျဖစ္တဲ့ ေကာက္ညႇင္းအသားမၽွစ္ခ်ဥ္ျပန္ေပါင္း ထုပ္ေလးျဖစ္ပါတယ္။ အသားမၽွစ္ခ်ဥ္ရဲ့ ေမႊးရနံ့နဲ႔အတူ တြဲဖက္ၿပီး ျပန္ေပါင္းထားတဲ့ ျပန္ေပါင္းထုပ္ေလးကို စားဖူးသူတိုင္း ႏွစ္သက္ၾကမွာ အမွန္ပါ။ 

ပါဝင္ပစၥည္းမ်ား

• အမဲသား - ၃ဝဝ ဂရမ္ (ဆိတ္သား၊ ၾကက္သား)

• ၾကက္သြန္နီ - အေနေတာ္ ၂ လုံး

• မၽွစ္ခ်ဥ္ - ၂ဝဝ ဂရမ္

• ခ်င္း ၾကက္သြန္ျဖဴေထာင္း - လက္ဖက္ရည္ဇြန္း ၁ ဇြန္း

• ဆား - ၁/၂ ဇြန္း

• င႐ုတ္သီးေျခာက္ - ၅ ေတာင့္

• တ႐ုတ္မဆလာ - ၁ ဇြန္း

• ဆီ - လိုသေလာက္

• ေကာက္ညႇင္းေပါင္း 

• ငွက္ေပ်ာဖက္/ေျပာင္းဖူးဖက္


ျပဳလုပ္နည္း

၁။ ဦးစြာ အသားမၽွစ္ခ်ဥ္ျပန္ေပါင္းျပဳလုပ္ဖို့အတြက္ အသားမၽွစ္ခ်ဥ္ကို အရင္ဆုံး ေၾကာ္ရမွာ ျဖစ္ပါတယ္။ အမဲသားကို ေသးေသးစိတ္၍ ဆား၊ ခ်င္း ၾကက္သြန္ျဖဴ ေထာင္းႏွင့္ တ႐ုတ္မဆလာတို့ကို ထည့္ၿပီး နယ္ထားပါ။

၂။ ၾကက္သြန္နီမထူမပါး လွီးထားပါ။

၃။ အားလုံးအဆင္သင့္ျဖစ္လၽွင္ ဒယ္အိုးထဲ ဆီထည့္ၿပီး အပူေပးပါ။

၄။ ဆီပူလၽွင္ င႐ုတ္သီးေျခာက္ေၾကာ္ပါ။ ၾကက္သြန္ထည့္ၿပီး ေၾကာ္ပါ။ မီးျပင္းျဖင့္ အေရာင္ေျပာင္း႐ုံေၾကာ္ၿပီး မၽွစ္ခ်ဥ္ထည့္ေၾကာ္ပါ။

၅။ မၽွစ္ခ်ဥ္အနည္းငယ္ေျခာက္လာပါက အသားထည့္ေၾကာ္ပါ။

၆။ ေရခန္းၿပီး အသားက်က္ပါက အရသာအေပါ့အငန္ျမည္း၍ သမေအာင္ေမႊၿပီး မီးဖိုမွခ်ကာ ျပန္ေပါင္းထုပ္ျပဳလုပ္ရန္ အသင့္ျဖစ္ပါၿပီ။ ေၾကာ္ၿပီးသားကို ဟင္း တစ္ခြက္အျဖစ္ တည္ခင္းနိုင္ပါတယ္။

၇။ ေကာက္ညႇင္းမၽွစ္ခ်ဥ္ျပန္ေပါင္း ျပဳလုပ္ရန္အတြက္ ေကာက္ညႇင္းကို ႀကိဳတင္၍ ေရစိမ္ၿပီး ေပါင္းထားေပးဖို့ လိုအပ္ပါတယ္။ ငွက္ေပ်ာဖက္ကိုလည္း ေရေဆး သန႔္စင္၍ အပူေပးၿပီး လိုအပ္သည့္အရြယ္မ်ား ျဖတ္ထားပါ။ ကၽြန္မကေတာ့ ေျပာင္းဖူးဖက္ကို အသုံးျပဳၿပီး ျပဳလုပ္ထားပါတယ္။

၈။ အားလုံးအသင့္ျဖစ္လၽွင္ ဖက္ထဲ ေကာက္ညႇင္းေပါင္းထားတာကို ထည့္၍ အေပၚမွ အသားမၽွစ္ခ်ဥ္ေၾကာ္ကို တင္ၿပီး ေသခ်ာစြာ ထုပ္ပါ။ ၿပီးလၽွင္ ေပါင္းမည့္ ေပါင္းအိုးထဲ စီထည့္ပါ။ အားလုံးထုပ္ၿပီးပါက ေရေႏြးအိုးအေပၚမွာတင္၍ မိနစ္ 

၃၀ ခန႔္ ေပါင္းၿပီး ပူပူေႏြးေႏြး ေမႊးႀကိဳင္လွတဲ့ ေကာက္ညႇင္းမၽွစ္ခ်ဥ္ျပန္ေပါင္း ထုပ္ကို ထုတ္ယူ၍ တည္ခင္းသုံးေဆာင္နိုင္ပါၿပီ။

------------------------------------------

Sofia


No comments: