Saturday, October 9, 2021

စာအုပ်တစ်အုပ်ကို အကျိုးရှိရှိနဲ့ မှတ်မိနေအောင် ဖတ်နည်း

စာအုပ်တစ်အုပ်ကို အကျိုးရှိရှိနဲ့ မှတ်မိနေအောင် ဖတ်နည်း




#Reading_Guide

#စာဖတ်ကြမယ်

#စာအုပ်စာပေလူ့မိတ်ဆွေ

(စာဖတ်တတ်ရဲ့လားမေးရင် စာဖတ်တတ်တာပေါ့ဖြေကြမယ်ထင်တယ်။ ဒါမှမဟုတ် အကျိုးရှိတဲ့စာအုပ်မတွေ့လို့ မဖတ်ဖြစ်တာကြာပါပြီ လို့အကြောင်းပြမယ်။ သို့သော် စာတကယ်ဖတ်တတ်ရဲ့လားဆိုတဲ့မေးခွန်း ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ရအောင်။ တိုးတက်စာမျက်နှာ မွာ ဖော်ပြထားတဲ့ အကျိုးရှိအောင်စာဘယ်လိုဖတ်ကြမယ် ဆောင်းပါးလေးကို အရင်ပြန်ဖတ်ကြတာပေါ့။)


ဒီနေ့ ToeTeter တွေကို ပြောပြချင်တာကတော့ Limitless ရဲ့ FASTER Method ဖြစ်ပါတယ်။ 


ကျွန်တော်တို့ စာအုပ်တစ်အုပ်၊ ဗဟုသုတအသစ် တစ္ခုခုကို ဖတ်ပြီး လေ့လာပြီးပေမယ့် နောက်တစ်နေ့ရောက်တဲ့ အခါမွာ မေ့သွားတတ်ကြပါတယ်။ ဒါကို ကျွန်တော်တို့တွေပဲ ကြုံတွေ့နေရတာတော့ မဟုတ်ပါဘူး။ လေ့လာချက်တွေအရ လူသားတွေဟာ သူတို့လေ့လာထားတဲ့ အထဲက ၅၀ ရာခိုင်နှုန်းခန့်ကို တစ်နာရီအတွင်းမှာပဲ မေ့သွားတတ်ပြီး၊ ပျမ်းမျှအားဖြင့် ၇၀ ရာခိုင်နှုန်းလောက်ကိုတော့ ၂၄ နာရီအတွင်းမှာပဲ မေ့သွားလေ့ရှိကြပါတယ်။ 


ဒါကြောင့် ပထမဆုံးအနေနဲ့ စာအုပ်တစ်အုပ်ကို ဖတ်ရာမှာ အချိန်မဖြုန်းမိစေဘဲ မမေ့အောင်ဖတ်နည်းကို ပြောပြပေးသွားမှာပါ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ လေ့လာမှုနဲ့ ဦးနှောက်ရဲ့ စုပ်ယူမှုအားကောင်းအောင် စာလေ့လာမှုအပိုင်း၊ အမြန်ဖတ်နည်းအပိုင်းနဲ့ မှတ်ဉာဏ်တိုးတက်မှုအပိုင်းတို့ အတွက် အဆင့်မြင့် နည်းစနစ်တွေကိုလဲ ဝေမျှပေးသွားမှာပါ။


#စာအုပ်တစ်အုပ်ကို အချိန်အပိုင်းအခြားနဲ့ စနစ်တကျဖတ်နည်း


သုတေသနလေ့လာချက်တွေအရ ကျွန်တော်တို့ရဲ့ အလုပ်တစ်ခုအပေါ် အာရုံစိုက်နိုင်စွမ်းဟာ ၁၀ မိနစ္ကေန မိနစ် ၄၀ အတွင်းမှာပဲ ရှိပါတယ်။ မိနစ် ၄၀ ထက်ပိုပြီး အလုပ္တစ္ခုကို လုပ်မိရင်တော့ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ စိတ်ဟာ အာရုံလွင့်ပြယ်လာပါတော့တယ်။ အဲ့ဒီ့အတွက်ကြောင့် စာဖတ်တဲ့နေရာမှာ Francesco Cirillo ရဲ့ Pomodoro technique (ပိုမိုဒိုရိုနည်းစနစ်)ကို သုံးဖို့အကြံပေးချင်ပါတယ်။ Pomodoro နည်းစနစ်ကတော့ အလုပ်တစ်ခုလုပ်ဖို့အတွက် အကောင်းဆုံးကြာချိန်ကတော့ ၂၅ မိနစ်ဖြစ်ပြီး ၅ မိနစ် နားသင့်တယ်လို့ပြောပါတယ်။ ၂၅ မိနစ်အချိန်ပိုင်းတစ်ခုကို Pomodoro တစ္ခုစာ လို့သတ်မှတ်ပါတယ်။ စာအုပ်တစ်အုပ်ကိုဖတ်တဲ့အခါမှာ Pomodoro တစ္ခုစာ ၂၅ မိနစ်ဖတ်ပြီး ဦးနှောက်ကို ၅ မိနစ် အနားပေးသင့်ပါတယ်။ 


တစ္ခုခုကို လေ့လာတဲ့အခါမှာ Pomodoro technique ဟာ မှတ်ဉာဏ်နဲ့ သက်ဆိုင်တဲ့ အကြောင်းပြချက်တွေကြောင့် တိတိကျကျပြောရရင် Effect of Primacy နဲ့ Effect of Recency ကြောင့် တကယ်လဲ အလုပ်ဖြစ်ပါတယ်။ Effect of Primacy ဆိုတာကေတာ့ ကျွန်တော်တို့ဟာ Learning session တစ္ခု၊ အတန်းတစ်ခု၊ Presentation တစ္ခု ရဲ့ အစပိုင်းမှာ လေ့လာထားသမျှကို ပိုပြီး မှတ်မိလေ့ ရှိကြပါတယ်။ Effect of Recency ဆိုတာကေတာ့ နောက်ဆုံး လတ္တေလာ လေ့လာထားတဲ့ အရာတွေကိုလဲ မှတ်မိတာကိုပြောတာပါ။


ကျွန်တော်တို့ဟာ စာအုပ်တစ်အုပ်ကို နှစ်နာရီဆက်တိုက် မရပ္မနားဘဲ ဖတ်မယ်ဆိုရင် ဖတ်ထားသမျှရဲ့ ပထမ မိနစ်၂၀ စာကိုပဲ မှတ်မိပါလိမ့်မယ်။ မိနစ် ၃၀ လောက်ကစလို့ ဖတ္သမွ်ကို မေ့သွားနိုင်ပြီး ဖတ်ထားတာရဲ့ နောက်ဆုံးပိုင်းလောက်ကိုသာ မှတ်မိပါလိမ့်မယ်။ ဦးနှောက်က စုပ်ယူဖို့အတွက် အနားမေပးဘဲ ဒါမှမဟုတ် ဖတ္ထားသမွ်ကို ပြန်တွေးကြည့်ဖို့ အချိန်မပေးဘဲ ဆက်တိုက်ဖတ်မယ်ဆိုရင် ပထမဆုံးနဲ့ နောက်ဆုံးရဲ့ ကြားထဲက အရာအားလုံးက အရာမထင်ပဲဖြစ်နေမှာပါ။ ဒါကြောင့် စာအုပ်ဖတ်တဲ့အခါမှာ Pomodoro တစ္ခုစာ (၂၅ မိနစ်) စီသာ အာရုံစိုက်ပြီး ဖတ်သင့်ပါတယ်။ ၂၅ မိနစ်ပြည့်တဲ့အခါမှာ စာအုပ္ကို ရောက်တဲ့နေရာမှာ ခဏရပ်ပြီး ၂၅ မိနစ်အတွင်း ဖတ္ထားသမွ် လေ့လာထားသမျှကို ချရေးသင့်ပါတယ်။


#FASTER Method ကိုသုံးပါ


FASTER Method ဆိုတာကေတာ့ စာအုပ်တစ်အုပ်ကို ဖတ်တဲ့နေရာမှာ မြန်မြန်လေ့လာနိုင်စေတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ Forget, Act, State, Teach, Enter, Review ရဲ့ အတိုကောက်လဲဖြစ်ပါတယ်။ 


#Forget - မေ့ပစ်ပါ


စာအုပ်ဖတ်တဲ့နေရာမှာ အာရုံလွင့်ပြယ်စေမယ့် အရာ ၃ ခုကို မေ့ပစ်ပါ။ 


ပထမဆုံးကေတာ့ အသစ္တစ္ခုကို လေ့လာတဲ့အခါ ကျွန်တော်တို့ဟာ ဘာသာရပ်အကြောင်းကို ကိုယ်တကယ်သိထားတာထက် ပိုပြီး နားလည်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါကြောင့် ဒီဘာသာရပ်နဲ့ ပတ်သက်ပြီး ယခင်ကလေ့လာဖူးတဲ့ သိထားသမျှတွေကို မေ့ပစ်ပါ။ စိတ္က ရှင်းနေမှသာ ပညာအသစ်၊ ဗဟုသုတအသစ်တွေကို မှတ်သားနိုင်မှာပါ။


နောက်တစ်ချက်တော့ အရေးမကြီးတဲ့ အရာတွေကို မေ့ထားပါ။ စာအုပ်တစ်အုပ်ကို ဖတ်နေတုံးမှာ စိတ်ကိုလွင့်ပြယ်စေမယ့် တခြားအရေးမကြီးတဲ့ အကြောင်းအရာတွေကို မတွေးပါနဲ့။ အဲ့အတွေးတွေကို မှတ်စုစာအုပ်ထဲမှာ ခဏလောက်ချရေးထားပြီး စာဖတ်ပြီးကာမှသာ ဆက်လုပ်ပါ။


နောက်ဆုံးအနေနဲ့ မေ့ထားရမှာကတော့ ကိုယ့်ရဲ့ ကန့်သတ်ချက်တွေကိုပါပဲ။ ကိုယ့်ကိုယ်ကို ဉာဏ်မကောင်းပါဘူး၊ အကြာကြီး လေ့လာရတယ်၊ စတဲ့ အချက်တွေကိုမေ့ထားလိုက်ပါ။ ကျွန်တော်တို့ရဲ့ တတ်နိုင်စွမ်းတွေက ပုံသေမရှိပါဘူး။ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေကိုသာ တွန်းလှန်နိုက်ရင် ကျွန်တော်တို့ ဘယ်အရာကိုမဆို လေ့လာနိုင်ပါတယ်။


#Act - တက်တက်ကြွကြွလုပ်ဆောင်ပါ


ကျွန်တော်တို့ဟာ ငယ်ငယ်ထဲက အတန်းထဲမှာ စာသင်သမျှကို ငြိမ်ငြိမ်လေးသာ ထိုင်နားထောင်ခဲ့ကြရတဲ့ Passive learning နဲ့သာ လေ့လာခဲ့ကြရပါတယ်။ စာဖတ်တဲ့နေရာမှာ active ဖြစ်နိုင်သမျှ ဖြစ်အောင် လုပ်ပါ။ Notes တွေချမှတ်ပါ။ အရေးကြီးတဲ့အချက်တွေကို Highlight လုပ်ပါ။ စာကြောင်းတိုင်းကို အရေးကြီးတဲ့အချက်အနေနဲ့ Highlight လုပ္စရာမလိုပါဘူး။ အကုန္လုံးကို အရေးကြီးတယ်လို့ သတ်မှတ်နေရင် အကုန္လုံး အတူတူဖြစ်ပြီး ဘယ်အရာကမှ ပိုပြီး အရေးပါတဲ့အရာဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ပိုပြီး တက်တက်ကြွကြွ စာဖတ်ချင် စာလေ့လာချင်ပါသလား။ ဖတ္ထားသမွ်ကို ချရေးလိုက်ပါ။ စာဖတ်တဲ့နေရာမှာ တက်ကြွလေလေ စာလေ့လာရတာ ပိုကောင်းလေ၊ ပိုမြန်လေ၊ လေ့လာသမျှကို ပိုမှတ်မိလေပါပဲ။


#State - စာလေ့လာဖို့ အခြေအနေကောင်းတစ်ခုကို ဖန္တီးပါ


ကိုယ့်ရဲ့ စိတ်အခြေအနေနဲ့ ခန္ဓာကိုယ်ရဲ့ အခြေအနေကို ထိန်းချုပ်နိုင်ရင် ပျင်းရိဖို့ကောင်းတဲ့ လေ့လာခြင်းတွေကို စိတ်လှုပ်ရှားစရာ၊ စူးစမ်းလေ့လာဖွယ်ရာ၊ ပျော်စရာ အခြေအနေတွေအဖြစ်ကို ပြောင်းလဲနိုင်မှာပါ။ ဒီလိုထိန်းချုပ်နိုင်ဖို့အတွက် စာလေ့လာမယ့် ပတ်ဝန်းကျင်၊ ခန္ဓာကိုယ်အနေအထား၊ စိတ်အခြေအနေတို့ကို အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပါ။ သိလာရမယ့် အသိပညာအသစ်တွေအတွက် စိတ်လှုပ်ရှားမှု၊ စွမ်းအင်ပြည့်ဝမှုတွေ ရှိနေပါစေ။ လက်တွေ့လုပ်ကြည့်သင့်တာကတော့ မလေ့လာခင်မှာ ကိုယ့်ရဲ့ စိတ်အခြေအနေကို ဘယ်လောက် တက်ကြွနေသလဲ၊ ဘယ်လောက် အားအင်တွေပြည့်နေလဲ၊ ဘယ်လောက် စိတ်လှုပ်ရှားနေလဲ ဆိုတာ ၁ ကေန ၁၀ အတွင်း Rating ပေးပါ။ ကိုယ့်ရဲ့ Rating တိုးတက်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာကို အဖြေရှာပါ။


#Teach - ပြန်သင်ပေးပါ


တခြားတစ်ယောက်ကို ပြန်သင်ပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လေ့လာပါ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့လေ့လာထားသမျှကို Presentation လုပ်ရမယ့် အခါမျိုးမှာ တျခားသူကို ပြန်ရှင်းပြပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လေ့လာကြပါတယ်။ အာရုံလဲ ပိုစိုက်မိကြပါတယ်။ ပြန်သင်ပေးတယ်ဆိုတာ တကယ်တော့ နှစ်ခါပြန် လေ့လာတာနဲ့ တူတူပါပဲ။ ကိုယ့်ဘာသာကိုယ် တစ်ခါလေ့လာဖြစ်ပြီး တျခားသူကို ပြန်သင်တဲ့အခါမှာ တစ်ခါလေ့လာဖြစ်ပါတယ်။ လေ့လာတဲ့နေရာမှာလဲ အဖော်တစ်ယောက်နဲ့ ဒါမှမဟုတ် အသင်းအဖွဲ့လိုက် အတူတူလေ့လာနိုင်ပါတယ်။ 


#Enter - Calendar မွာ ထည့်သွင်းပါ


ကျွန်တော်တို့ရဲ့ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး Tool တစ္ခုကေတာ့ Calendar ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အရေးကြီးတဲ့ လုပ်ဆောင်စရာမှန်သမျှကို အချိန်စာရင်းမှာ ထည့်သွင်းလေ့ရှိကြပါတယ်။ စာအုပ်ဖတ်ဖို့အတွက် အချိန်စာရင်းကို Calendar မှာထည့်သွင်းပါ။ ဖတ်ထားသမျှရဲ့ အကျဉ်းချုပ် Headline ကိုလဲ Calendar မွာ ရက်အလိုက် ရေးမှတ်ထားပါ။


#Review - ပြန်နွှေးပါ


မေ့တတ်တာတွေကို လျော့ကျစေမယ့် အကောင်းဆုံးနည်းလမ်းကတော့ ပြန်နွှေးတာပါပဲ။ တစ်နေ့စာအတွက် စာမဖတ်ခင်မှာ အရင်နေ့က ဖတ္ထားတဲ့ စာကို မိနစ်အနည်းငယ်လောက် မှတ်မိထားသမျှကို ပြန်ပြောကြည့်တာ ချရေးတာမျိုး လုပ်သင့်ပါတယ်။ 


#အသိဉာဏ်ရှိရှိ ရွေးချယ်ပါ


ပြင်သစ်အတွေးအခေါ်ပညာရှင် Jean-Paul Sartre ကပြောခဲ့ပါတယ်။ "Life is C between B and D." ဘဝဆိုတာ မွေးဖွားခြင်း Birth ရဲ့ "B" နဲ့ သေဆုံးခြင်း Death ရဲ့ "D" ကြားထဲက ကျွန်တော်တို့ ပြုလုပ်ရတဲ့ ရွေးချယ်မှု (Choice ရဲ့ "C" ) တွေပါ။ ကိုယ့်ရဲ့အတားအဆီး ကန့်သတ်ချက်တွေကို ကိုယ်တိုင်ကျော်လွှားဖို့ဆိုတာက ကိုယ်ပိုင်ရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။ မကျော်လွှားဖို့ကလဲ ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။ အခုပဲ မှန်ကန်တဲ့ ရွေးချယ်မှုကို သေချာစဉ်းစားပြီး အသိဉာဏ်ရှိရှိ ရွေးချယ်လိုက်ပါ။

ရွေးချယ်ပြီးရင်တော့ ကိုယ့်ရဲ့ စိတ္ကို သန္နိတ်ဋ္ဌာန် ချမှတ်ပြီး အတိအကျလုပ်ဆောင်ပါ။ လူအမ်ားစုဟာ လုပ်သင့်တဲ့အရာကို သိပေမယ့် တကယ်မလုပ်ကြပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ လုပ်သင့်ကြောင်းကိုပဲ တွေးကြပြီး ကိုယ့်ကိုယ်ကို ကတိမပေးကြလို့ပါပဲ။ စာအုပ်တစ်အုပ်ကိုဖတ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ ကတိဝန္ခံခ်က္ကို ချရေးပါ။ ကျွန်တော်တို့ တစ္စုံတစ္ခုကို ချရေးလိုက်ခြင်းဖြင့် ကိုယ့်ကိုယ်ကို ကတိပေးရာရောက်ပြီး တကယ်လဲ လုပ်ဖြစ်လာလေ့ရှိပါတယ်။ ဒါကြောင့် ဒီစာအုပ္ကို Pomodoro တစ်ခုချင်းစီ ခြဲကာ ဖတ်မည့်အကြောင်း FASTER method ကို သုံးမည့်အကြောင်း စသဖြင့် ကတိဝန္ခံခ်က္တစ္ခု ရေးထားပါ။


#အမှန်တကယ် လိုအပ်နေတဲ့ အဖြေကတော့ မေးခွန်းတွေမေးဖို့ပဲဖြစ်ပါတယ်။


စာအုပ်တစ်အုပ်ကို ဖတ်ပြီးတဲ့ အခါမွာ မမှတ်မိနေပဲ မေ့သွားရတဲ့ အကြောင်းရင်းတစ်ခုကတော့ မှန်ကန်တဲ့ မေးခွန်းတွေကို မမေးနေလို့ပဲဖြစ်ပါတယ်။ ဦးနှောက်ဟာ တစ်စက္ကန့်တိုင်းမှာ သတင်းအချက်အလက်ပေါင်း ၁၁ သန်း Bit လောက်ကို လက်ခံရရှိပါတယ်။ ဒါပေမဲ့ တကယ်သိမ်းထားတဲ့ သတင်းအချက်အလက်ကတော့ တစ်စက္ကန့်မှာ ၅၀ Bit လောက်သာ ရှိပါတယ်။ ဒီလို သတင်းအချက်အလက်တွေကို စစ်ထုတ်ပေးတာကတော့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Reticular Activating System (RAS) ပဲဖြစ်ပါတယ်။ RAS ဟာ အိပ်စက်ခြင်းနဲ့ အမူအကျင့်များ အပါအဝင် လုပ်ဆောင်ချက်ပေါင်းများစွာကို တာဝန်ယူထားတဲ့ အပြင် အဓိပ်ပါယျမရှိတဲ့ ထပ်ခါထပ်ခါဖြစ်နေတဲ့ လှုံ့ဆော်မှုတွေကို လျစ်လျူရှုပြီး တခြားလှုံ့ဆော်မှုတွေကို အာရုံခံတဲ့ ဖြစ်စဉ်တစ်ခုကိုလဲ လုပ်ဆောင်ပါသေးတယ်။ 


RAS က တဆင့် ကျွန်တော်တို့အတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ဦးနှောက်ဆီရောက်အောင်လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ ကိုယ့်ကိုယ်ကို မေးခွန်းတွေမေးခြင်းပဲ ဖြစ်ပါတယ်။ RAS ဟာ algorithm တစ္ခုလိုပါပဲ။ ကျွန်တော်တို့ စိတ်ဝင်စားပုံပေါ်တဲ့ အရာတွေကိုသာ ပြပေးပြီး၊ ထိတွေ့မှုသိပ်မရှိတဲ့ အရာတွေကို ဖုံးကွယ်ထားပါတယ်။ ဒါကြောင့် တခါတေလမွာ ကျွန်တော်တို့လိုချင်တဲ့ အဖြေဟာ ဦးနှောက်ထဲမှာ ရှိပါတယ်။ အဖြေကို ထင်ရှားစေမယ့် အဖြေနဲ့ ကိုက်ညီမယ့် မေးခွန်းတွေကို မေးဖို့ပဲ လိုအပ္တာပါ။ 


တွေးခေါ်ခြင်းဆိုတာ အကြောင်းအရာတစ်ခုခုနဲ့ ပတ်သတ်ပြီး မေးခွန်းတွေမေးကာ အဖြေရှာတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ သင်းအုပ်ဆရာ Mandell Creighton က ပညာရေးရဲ့ စစ်မှန်တဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က လူတစ်ယောက်ကို မေးခွန်းတွေ ဆက်တိုက်မေးလာအောင် ပြုလုပ်ခြင်း လို့ပြောခဲ့ပါတယ်။


ကိုယ့်ကိုယ်ကို ပြန်မေးတဲ့ မေးခွန်းတွေထဲကမှ ကိုယ့်ကိုလွှမ်းမိုးစေတဲ့ မေးခွန်းတစ်ခု ဒါမှမဟုတ် နှစ်ခုတော့ ရှိတတ်ကြပါတယ်။ လူအမ်ားစုကေတာ့ ကိုယ့်ကို တခြားလူတွေ နှစ်သက်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ မေးခွန်းကိုမေးတတ်ကြပါတယ်။ တခြားလူတွေကြိုက်နှစ်သက်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ မေးခွန်းမျိုး မေးတဲ့သူတွေဟာ သူတို့ရဲ့ ပုံစံအစစ်အမှန်ကို ဘယ်တော့မှ ရှာတွေ့မှာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်သတိမထားမိပေမယ့် တခြားသူတွေရဲ့ အကြိုက်ကိုလိုက်ပြီး ပြောင်းနေမိတဲ့ အတွက်ပါပဲ။ 


သင့်ကို လွှမ်းမိုးစေတဲ့ မေးခွန်းတစ်ခုကရော ဘာဖြစ်မလဲ? Limitless စာအုပ်ရဲ့ စာရေးဆရာ Jim Kwik ကို လွှမ်းမိုးစေတဲ့ မေးခွန်းတစ်ခုကတော့ How do I make this better? ဒီ့ထက် ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။


#ကိုယ့်ရဲ့ စိတ္ကို ပြင်ဆင်ပါ


မေးခွန်းတွေက ကျွန်တော်တို့ရဲ့ အာရုံစူးစိုက်မှုတွေကို လမ်းညွှန်ပေးပါတယ်။ စာအုပ္ကို မဖတ်ခင်မှာ လုံလောက်တဲ့ မေးခွန်းတွေကို မေမးတဲ့ အတွက်ကြောင့် လူတွေဟာ သူတို့ရဲ့ အာရုံစူးစိုက်မှု၊ သဘောပေါက်နားလည်မှုနဲ့ မှတ်ဉာဏ်တွေမှာ အားနည်းတတ်ကြပါတယ်။ စာအုပ်ကိုမဖတ်ခင်မှာ မှန်ကန်တဲ့ မေးခွန်းမျိုးတွေကို ပြင်ဆင်ထားမယ်ဆိုရင်တော့ စာအုပ်ကိုဖတ်တဲ့ အခါမွာ အဖြေတွေကို တွေ့ရမှာပါ။


စာအုပ်မဖတ်ခင်မှာ ကိုယ့်ကိုယ်ကို မေးထားသင့်တဲ့ ဒီမေးခွန်း ၃ ခုကိုတော့ လက်တွေ့လုပ်ဆောင်သင့်ပါတယ်။ မေးခွန်းတွေကတော့ ရလာတဲ့ အသိပညာကို ဘယ္လို အသုံးပြုမလဲ။ ဘာကြောင့်လဲ။ ဘယ်အချိန်မှာ အသုံးပြုမလဲဆိုတာတွေပဲ ဖြစ်ပါတယ်။ ဒီမေးခွန်း ၃ ခုကို မြင်သာတဲ့နေရာ စားပွဲပေါ်၊ Phone မွာ ချရေးထားပါ။ ဒီမေးခွန်း ၃ ခုက စာအုပ်ထဲက လေ့လာထားသမျှကို ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲ၊ နှလုံးသားထဲ ထိ စွဲနေအောင် မှတ်မိနေစေပြီး အသိပညာတွေကို စွမ်းအားတွေအဖြစ် ပြောင်းပေးပါလိမ့်မယ်။


ToeTet.com

မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။


စာအုပ္တစ္အုပ္ကို အက်ိဳးရွိရွိနဲ႕ မွတ္မိေနေအာင္ ဖတ္နည္း




#Reading_Guide

#စာဖတ္ၾကမယ္

#စာအုပ္စာေပလူ႕မိတ္ေဆြ

(စာဖတ္တတ္ရဲ႕လားေမးရင္ စာဖတ္တတ္တာေပါ့ေျဖၾကမယ္ထင္တယ္။ ဒါမွမဟုတ္ အက်ိဳးရွိတဲ့စာအုပ္မေတြ႕လို႔ မဖတ္ျဖစ္တာၾကာပါျပီ လို႔အေၾကာင္းျပမယ္။ သို႔ေသာ္ စာတကယ္ဖတ္တတ္ရဲ႕လားဆိုတဲ့ေမးခြန္း ကိုယ့္ကိုယ္ကိုယ္ျပန္ေမးၾကည့္ရေအာင္။ တိုးတက္စာမ်က္ႏွာ မွာ ေဖာ္ျပထားတဲ့ အက်ိဳးရွိေအာင္စာဘယ္လိုဖတ္ၾကမယ္ ေဆာင္းပါးေလးကို အရင္ျပန္ဖတ္ၾကတာေပါ့။)


ဒီေန႕ ToeTeter ေတြကို ေျပာျပခ်င္တာကေတာ့ Limitless ရဲ႕ FASTER Method ျဖစ္ပါတယ္။ 


ကြၽန္ေတာ္တို႔ စာအုပ္တစ္အုပ္၊ ဗဟုသုတအသစ္ တစ္ခုခုကို ဖတ္ၿပီး ေလ့လာၿပီးေပမယ့္ ေနာက္တစ္ေန႕ေရာက္တဲ့ အခါမွာ ေမ့သြားတတ္ၾကပါတယ္။ ဒါကို ကြၽန္ေတာ္တို႔ေတြပဲ ႀကဳံေတြ႕ေနရတာေတာ့ မဟုတ္ပါဘူး။ ေလ့လာခ်က္ေတြအရ လူသားေတြဟာ သူတို႔ေလ့လာထားတဲ့ အထဲက ၅၀ ရာခိုင္ႏႈန္းခန႔္ကို တစ္နာရီအတြင္းမွာပဲ ေမ့သြားတတ္ၿပီး၊ ပ်မ္းမွ်အားျဖင့္ ၇၀ ရာခိုင္ႏႈန္းေလာက္ကိုေတာ့ ၂၄ နာရီအတြင္းမွာပဲ ေမ့သြားေလ့ရွိၾကပါတယ္။ 


ဒါေၾကာင့္ ပထမဆုံးအေနနဲ႕ စာအုပ္တစ္အုပ္ကို ဖတ္ရာမွာ အခ်ိန္မျဖဳန္းမိေစဘဲ မေမ့ေအာင္ဖတ္နည္းကို ေျပာျပေပးသြားမွာပါ။ ဒါ့အျပင္ ကြၽန္ေတာ္တို႔ရဲ႕ ေလ့လာမႈနဲ႕ ဦးႏွောက္ရဲ႕ စုပ္ယူမႈအားေကာင္းေအာင္ စာေလ့လာမႈအပိုင္း၊ အျမန္ဖတ္နည္းအပိုင္းနဲ႕ မွတ္ဉာဏ္တိုးတက္မႈအပိုင္းတို႔ အတြက္ အဆင့္ျမင့္ နည္းစနစ္ေတြကိုလဲ ေဝမွ်ေပးသြားမွာပါ။


#စာအုပ္တစ္အုပ္ကို အခ်ိန္အပိုင္းအျခားနဲ႕ စနစ္တက်ဖတ္နည္း


သုေတသနေလ့လာခ်က္ေတြအရ ကြၽန္ေတာ္တို႔ရဲ႕ အလုပ္တစ္ခုအေပၚ အာ႐ုံစိုက္နိုင္စြမ္းဟာ ၁၀ မိနစ္ကေန မိနစ္ ၄၀ အတြင္းမွာပဲ ရွိပါတယ္။ မိနစ္ ၄၀ ထက္ပိုၿပီး အလုပ္တစ္ခုကို လုပ္မိရင္ေတာ့ အခ်ိန္ၾကာလာတာနဲ႕အမွ် ကြၽန္ေတာ္တို႔ရဲ႕ စိတ္ဟာ အာ႐ုံလြင့္ျပယ္လာပါေတာ့တယ္။ အဲ့ဒီ့အတြက္ေၾကာင့္ စာဖတ္တဲ့ေနရာမွာ Francesco Cirillo ရဲ႕ Pomodoro technique (ပိုမိုဒိုရိုနည္းစနစ္)ကို သုံးဖို႔အႀကံေပးခ်င္ပါတယ္။ Pomodoro နည္းစနစ္ကေတာ့ အလုပ္တစ္ခုလုပ္ဖို႔အတြက္ အေကာင္းဆုံးၾကာခ်ိန္ကေတာ့ ၂၅ မိနစ္ျဖစ္ၿပီး ၅ မိနစ္ နားသင့္တယ္လို႔ေျပာပါတယ္။ ၂၅ မိနစ္အခ်ိန္ပိုင္းတစ္ခုကို Pomodoro တစ္ခုစာ လို႔သတ္မွတ္ပါတယ္။ စာအုပ္တစ္အုပ္ကိုဖတ္တဲ့အခါမွာ Pomodoro တစ္ခုစာ ၂၅ မိနစ္ဖတ္ၿပီး ဦးႏွောက္ကို ၅ မိနစ္ အနားေပးသင့္ပါတယ္။ 


တစ္ခုခုကို ေလ့လာတဲ့အခါမွာ Pomodoro technique ဟာ မွတ္ဉာဏ္နဲ႕ သက္ဆိုင္တဲ့ အေၾကာင္းျပခ်က္ေတြေၾကာင့္ တိတိက်က်ေျပာရရင္ Effect of Primacy နဲ႕ Effect of Recency ေၾကာင့္ တကယ္လဲ အလုပ္ျဖစ္ပါတယ္။ Effect of Primacy ဆိုတာကေတာ့ ကြၽန္ေတာ္တို႔ဟာ Learning session တစ္ခု၊ အတန္းတစ္ခု၊ Presentation တစ္ခု ရဲ႕ အစပိုင္းမွာ ေလ့လာထားသမွ်ကို ပိုၿပီး မွတ္မိေလ့ ရွိၾကပါတယ္။ Effect of Recency ဆိုတာကေတာ့ ေနာက္ဆုံး လတ္တေလာ ေလ့လာထားတဲ့ အရာေတြကိုလဲ မွတ္မိတာကိုေျပာတာပါ။


ကြၽန္ေတာ္တို႔ဟာ စာအုပ္တစ္အုပ္ကို ႏွစ္နာရီဆက္တိုက္ မရပ္မနားဘဲ ဖတ္မယ္ဆိုရင္ ဖတ္ထားသမွ်ရဲ႕ ပထမ မိနစ္၂၀ စာကိုပဲ မွတ္မိပါလိမ့္မယ္။ မိနစ္ ၃၀ ေလာက္ကစလို႔ ဖတ္သမွ်ကို ေမ့သြားနိုင္ၿပီး ဖတ္ထားတာရဲ႕ ေနာက္ဆုံးပိုင္းေလာက္ကိုသာ မွတ္မိပါလိမ့္မယ္။ ဦးႏွောက္က စုပ္ယူဖို႔အတြက္ အနားမေပးဘဲ ဒါမွမဟုတ္ ဖတ္ထားသမွ်ကို ျပန္ေတြးၾကည့္ဖို႔ အခ်ိန္မေပးဘဲ ဆက္တိုက္ဖတ္မယ္ဆိုရင္ ပထမဆုံးနဲ႕ ေနာက္ဆုံးရဲ႕ ၾကားထဲက အရာအားလုံးက အရာမထင္ပဲျဖစ္ေနမွာပါ။ ဒါေၾကာင့္ စာအုပ္ဖတ္တဲ့အခါမွာ Pomodoro တစ္ခုစာ (၂၅ မိနစ္) စီသာ အာ႐ုံစိုက္ၿပီး ဖတ္သင့္ပါတယ္။ ၂၅ မိနစ္ျပည့္တဲ့အခါမွာ စာအုပ္ကို ေရာက္တဲ့ေနရာမွာ ခဏရပ္ၿပီး ၂၅ မိနစ္အတြင္း ဖတ္ထားသမွ် ေလ့လာထားသမွ်ကို ခ်ေရးသင့္ပါတယ္။


#FASTER Method ကိုသုံးပါ


FASTER Method ဆိုတာကေတာ့ စာအုပ္တစ္အုပ္ကို ဖတ္တဲ့ေနရာမွာ ျမန္ျမန္ေလ့လာနိုင္ေစတဲ့ နည္းလမ္းပဲျဖစ္ပါတယ္။ Forget, Act, State, Teach, Enter, Review ရဲ႕ အတိုေကာက္လဲျဖစ္ပါတယ္။ 


#Forget - ေမ့ပစ္ပါ


စာအုပ္ဖတ္တဲ့ေနရာမွာ အာ႐ုံလြင့္ျပယ္ေစမယ့္ အရာ ၃ ခုကို ေမ့ပစ္ပါ။ 


ပထမဆုံးကေတာ့ အသစ္တစ္ခုကို ေလ့လာတဲ့အခါ ကြၽန္ေတာ္တို႔ဟာ ဘာသာရပ္အေၾကာင္းကို ကိုယ္တကယ္သိထားတာထက္ ပိုၿပီး နားလည္တယ္လို႔ ထင္တတ္ၾကပါတယ္။ ဒါေၾကာင့္ ဒီဘာသာရပ္နဲ႕ ပတ္သက္ၿပီး ယခင္ကေလ့လာဖူးတဲ့ သိထားသမွ်ေတြကို ေမ့ပစ္ပါ။ စိတ္က ရွင္းေနမွသာ ပညာအသစ္၊ ဗဟုသုတအသစ္ေတြကို မွတ္သားနိုင္မွာပါ။


ေနာက္တစ္ခ်က္ေတာ့ အေရးမႀကီးတဲ့ အရာေတြကို ေမ့ထားပါ။ စာအုပ္တစ္အုပ္ကို ဖတ္ေနတုံးမွာ စိတ္ကိုလြင့္ျပယ္ေစမယ့္ တျခားအေရးမႀကီးတဲ့ အေၾကာင္းအရာေတြကို မေတြးပါနဲ႕။ အဲ့အေတြးေတြကို မွတ္စုစာအုပ္ထဲမွာ ခဏေလာက္ခ်ေရးထားၿပီး စာဖတ္ၿပီးကာမွသာ ဆက္လုပ္ပါ။


ေနာက္ဆုံးအေနနဲ႕ ေမ့ထားရမွာကေတာ့ ကိုယ့္ရဲ႕ ကန႔္သတ္ခ်က္ေတြကိုပါပဲ။ ကိုယ့္ကိုယ္ကို ဉာဏ္မေကာင္းပါဘူး၊ အၾကာႀကီး ေလ့လာရတယ္၊ စတဲ့ အခ်က္ေတြကိုေမ့ထားလိုက္ပါ။ ကြၽန္ေတာ္တို႔ရဲ႕ တတ္နိုင္စြမ္းေတြက ပုံေသမရွိပါဘူး။ ကိုယ့္ကိုယ္ကို သတ္မွတ္ထားတဲ့ ကန႔္သတ္ခ်က္ေတြကိုသာ တြန္းလွန္နိုက္ရင္ ကြၽန္ေတာ္တို႔ ဘယ္အရာကိုမဆို ေလ့လာနိုင္ပါတယ္။


#Act - တက္တက္ႂကြႂကြလုပ္ေဆာင္ပါ


ကြၽန္ေတာ္တို႔ဟာ ငယ္ငယ္ထဲက အတန္းထဲမွာ စာသင္သမွ်ကို ၿငိမ္ၿငိမ္ေလးသာ ထိုင္နားေထာင္ခဲ့ၾကရတဲ့ Passive learning နဲ႕သာ ေလ့လာခဲ့ၾကရပါတယ္။ စာဖတ္တဲ့ေနရာမွာ active ျဖစ္နိုင္သမွ် ျဖစ္ေအာင္ လုပ္ပါ။ Notes ေတြခ်မွတ္ပါ။ အေရးႀကီးတဲ့အခ်က္ေတြကို Highlight လုပ္ပါ။ စာေၾကာင္းတိုင္းကို အေရးႀကီးတဲ့အခ်က္အေနနဲ႕ Highlight လုပ္စရာမလိုပါဘူး။ အကုန္လုံးကို အေရးႀကီးတယ္လို႔ သတ္မွတ္ေနရင္ အကုန္လုံး အတူတူျဖစ္ၿပီး ဘယ္အရာကမွ ပိုၿပီး အေရးပါတဲ့အရာျဖစ္လာေတာ့မွာ မဟုတ္ပါဘူး။ ပိုၿပီး တက္တက္ႂကြႂကြ စာဖတ္ခ်င္ စာေလ့လာခ်င္ပါသလား။ ဖတ္ထားသမွ်ကို ခ်ေရးလိုက္ပါ။ စာဖတ္တဲ့ေနရာမွာ တက္ႂကြေလေလ စာေလ့လာရတာ ပိုေကာင္းေလ၊ ပိုျမန္ေလ၊ ေလ့လာသမွ်ကို ပိုမွတ္မိေလပါပဲ။


#State - စာေလ့လာဖို႔ အေျခအေနေကာင္းတစ္ခုကို ဖန္တီးပါ


ကိုယ့္ရဲ႕ စိတ္အေျခအေနနဲ႕ ခႏၶာကိုယ္ရဲ႕ အေျခအေနကို ထိန္းခ်ဳပ္နိုင္ရင္ ပ်င္းရိဖို႔ေကာင္းတဲ့ ေလ့လာျခင္းေတြကို စိတ္လႈပ္ရွားစရာ၊ စူးစမ္းေလ့လာဖြယ္ရာ၊ ေပ်ာ္စရာ အေျခအေနေတြအျဖစ္ကို ေျပာင္းလဲနိုင္မွာပါ။ ဒီလိုထိန္းခ်ဳပ္နိုင္ဖို႔အတြက္ စာေလ့လာမယ့္ ပတ္ဝန္းက်င္၊ ခႏၶာကိုယ္အေနအထား၊ စိတ္အေျခအေနတို႔ကို အေကာင္းဆုံးျဖစ္ေအာင္ျပင္ဆင္ပါ။ သိလာရမယ့္ အသိပညာအသစ္ေတြအတြက္ စိတ္လႈပ္ရွားမႈ၊ စြမ္းအင္ျပည့္ဝမႈေတြ ရွိေနပါေစ။ လက္ေတြ႕လုပ္ၾကည့္သင့္တာကေတာ့ မေလ့လာခင္မွာ ကိုယ့္ရဲ႕ စိတ္အေျခအေနကို  ဘယ္ေလာက္ တက္ႂကြေနသလဲ၊ ဘယ္ေလာက္ အားအင္ေတြျပည့္ေနလဲ၊ ဘယ္ေလာက္ စိတ္လႈပ္ရွားေနလဲ ဆိုတာ ၁ ကေန ၁၀ အတြင္း Rating ေပးပါ။ ကိုယ့္ရဲ႕ Rating တိုးတက္ေအာင္ ဘယ္လိုလုပ္နိုင္မလဲဆိုတာကို အေျဖရွာပါ။


#Teach - ျပန္သင္ေပးပါ


တျခားတစ္ေယာက္ကို ျပန္သင္ေပးရမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႕ ေလ့လာပါ။ ကြၽန္ေတာ္တို႔ဟာ ကြၽန္ေတာ္တို႔ေလ့လာထားသမွ်ကို Presentation လုပ္ရမယ့္ အခါမ်ိဳးမွာ တျခားသူကို ျပန္ရွင္းျပေပးရမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႕ ေလ့လာၾကပါတယ္။ အာ႐ုံလဲ ပိုစိုက္မိၾကပါတယ္။ ျပန္သင္ေပးတယ္ဆိုတာ တကယ္ေတာ့ ႏွစ္ခါျပန္ ေလ့လာတာနဲ႕ တူတူပါပဲ။ ကိုယ့္ဘာသာကိုယ္ တစ္ခါေလ့လာျဖစ္ၿပီး တျခားသူကို ျပန္သင္တဲ့အခါမွာ တစ္ခါေလ့လာျဖစ္ပါတယ္။ ေလ့လာတဲ့ေနရာမွာလဲ အေဖာ္တစ္ေယာက္နဲ႕ ဒါမွမဟုတ္ အသင္းအဖြဲ႕လိုက္ အတူတူေလ့လာနိုင္ပါတယ္။ 


#Enter - Calendar မွာ ထည့္သြင္းပါ


ကြၽန္ေတာ္တို႔ရဲ႕ အရိုးရွင္းဆုံးနဲ႕ အထိေရာက္ဆုံး Tool တစ္ခုကေတာ့ Calendar ပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ အေရးႀကီးတဲ့ လုပ္ေဆာင္စရာမွန္သမွ်ကို အခ်ိန္စာရင္းမွာ ထည့္သြင္းေလ့ရွိၾကပါတယ္။ စာအုပ္ဖတ္ဖို႔အတြက္ အခ်ိန္စာရင္းကို Calendar မွာထည့္သြင္းပါ။ ဖတ္ထားသမွ်ရဲ႕ အက်ဥ္းခ်ဳပ္ Headline ကိုလဲ Calendar မွာ ရက္အလိုက္ ေရးမွတ္ထားပါ။


#Review - ျပန္ႏႊေးပါ


ေမ့တတ္တာေတြကို ေလ်ာ့က်ေစမယ့္ အေကာင္းဆုံးနည္းလမ္းကေတာ့ ျပန္ႏႊေးတာပါပဲ။ တစ္ေန႕စာအတြက္ စာမဖတ္ခင္မွာ အရင္ေန႕က ဖတ္ထားတဲ့ စာကို မိနစ္အနည္းငယ္ေလာက္ မွတ္မိထားသမွ်ကို ျပန္ေျပာၾကည့္တာ ခ်ေရးတာမ်ိဳး လုပ္သင့္ပါတယ္။ 


#အသိဉာဏ္ရွိရွိ ေ႐ြးခ်ယ္ပါ


ျပင္သစ္အေတြးအေခၚပညာရွင္ Jean-Paul Sartre ကေျပာခဲ့ပါတယ္။ "Life is C between B and D." ဘဝဆိုတာ ေမြးဖြားျခင္း Birth ရဲ႕ "B" နဲ႕ ေသဆုံးျခင္း Death ရဲ႕ "D" ၾကားထဲက ကြၽန္ေတာ္တို႔ ျပဳလုပ္ရတဲ့ ေ႐ြးခ်ယ္မႈ (Choice ရဲ႕ "C" ) ေတြပါ။ ကိုယ့္ရဲ႕အတားအဆီး ကန႔္သတ္ခ်က္ေတြကို ကိုယ္တိုင္ေက်ာ္လႊားဖို႔ဆိုတာက ကိုယ္ပိုင္ေ႐ြးခ်ယ္မႈ တစ္ခုျဖစ္ပါတယ္။ မေက်ာ္လႊားဖို႔ကလဲ ေ႐ြးခ်ယ္မႈတစ္ခုပဲျဖစ္ပါတယ္။ အခုပဲ မွန္ကန္တဲ့ ေ႐ြးခ်ယ္မႈကို ေသခ်ာစဥ္းစားၿပီး အသိဉာဏ္ရွိရွိ ေ႐ြးခ်ယ္လိုက္ပါ။

ေ႐ြးခ်ယ္ၿပီးရင္ေတာ့ ကိုယ့္ရဲ႕ စိတ္ကို သႏၷိတ္႒ာန္ ခ်မွတ္ၿပီး အတိအက်လဳပ္ေဆာင္ပါ။ လူအမ်ားစုဟာ လုပ္သင့္တဲ့အရာကို သိေပမယ့္ တကယ္မလုပ္ၾကပါဘူး။ ဘာေၾကာင့္လဲဆိုရင္ သူတို႔ဟာ လုပ္သင့္ေၾကာင္းကိုပဲ ေတြးၾကၿပီး ကိုယ့္ကိုယ္ကို ကတိမေပးၾကလို႔ပါပဲ။ စာအုပ္တစ္အုပ္ကိုဖတ္ေတာ့မယ္ဆိုရင္ ကိုယ့္ရဲ႕ ကတိဝန္ခံခ်က္ကို ခ်ေရးပါ။ ကြၽန္ေတာ္တို႔ တစ္စုံတစ္ခုကို ခ်ေရးလိုက္ျခင္းျဖင့္ ကိုယ့္ကိုယ္ကို ကတိေပးရာေရာက္ၿပီး တကယ္လဲ လုပ္ျဖစ္လာေလ့ရွိပါတယ္။ ဒါေၾကာင့္ ဒီစာအုပ္ကို Pomodoro တစ္ခုခ်င္းစီ ခြဲကာ ဖတ္မည့္အေၾကာင္း FASTER method ကို သုံးမည့္အေၾကာင္း စသျဖင့္ ကတိဝန္ခံခ်က္တစ္ခု ေရးထားပါ။


#အမွန္တကယ္ လိုအပ္ေနတဲ့ အေျဖကေတာ့ ေမးခြန္းေတြေမးဖို႔ပဲျဖစ္ပါတယ္။


စာအုပ္တစ္အုပ္ကို ဖတ္ၿပီးတဲ့ အခါမွာ မမွတ္မိေနပဲ ေမ့သြားရတဲ့ အေၾကာင္းရင္းတစ္ခုကေတာ့ မွန္ကန္တဲ့ ေမးခြန္းေတြကို မေမးေနလို႔ပဲျဖစ္ပါတယ္။ ဦးႏွောက္ဟာ တစ္စကၠန႔္တိုင္းမွာ သတင္းအခ်က္အလက္ေပါင္း ၁၁ သန္း Bit ေလာက္ကို လက္ခံရရွိပါတယ္။ ဒါေပမဲ့ တကယ္သိမ္းထားတဲ့ သတင္းအခ်က္အလက္ကေတာ့ တစ္စကၠန႔္မွာ ၅၀ Bit ေလာက္သာ ရွိပါတယ္။ ဒီလို သတင္းအခ်က္အလက္ေတြကို စစ္ထုတ္ေပးတာကေတာ့ ဦးႏွောက္ရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္တဲ့ Reticular Activating System (RAS) ပဲျဖစ္ပါတယ္။ RAS ဟာ အိပ္စက္ျခင္းနဲ႕ အမူအက်င့္မ်ား အပါအဝင္ လုပ္ေဆာင္ခ်က္ေပါင္းမ်ားစြာကို တာဝန္ယူထားတဲ့ အျပင္ အဓိပ္ပါယ်မရှိတဲ့ ထပ္ခါထပ္ခါျဖစ္ေနတဲ့ လႈံ႕ေဆာ္မႈေတြကို လ်စ္လ်ဴရႈၿပီး တျခားလႈံ႕ေဆာ္မႈေတြကို အာ႐ုံခံတဲ့ ျဖစ္စဥ္တစ္ခုကိုလဲ လုပ္ေဆာင္ပါေသးတယ္။ 


RAS က တဆင့္ ကြၽန္ေတာ္တို႔အတြက္ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြကို ဦးႏွောက္ဆီေရာက္ေအာင္လုပ္နိုင္တဲ့ နည္းလမ္းတစ္ခုကေတာ့ ကိုယ့္ကိုယ္ကို ေမးခြန္းေတြေမးျခင္းပဲ ျဖစ္ပါတယ္။ RAS ဟာ algorithm တစ္ခုလိုပါပဲ။ ကြၽန္ေတာ္တို႔ စိတ္ဝင္စားပုံေပၚတဲ့ အရာေတြကိုသာ ျပေပးၿပီး၊ ထိေတြ႕မႈသိပ္မရွိတဲ့ အရာေတြကို ဖုံးကြယ္ထားပါတယ္။ ဒါေၾကာင့္ တခါတေလမွာ ကြၽန္ေတာ္တို႔လိုခ်င္တဲ့ အေျဖဟာ ဦးႏွောက္ထဲမွာ ရွိပါတယ္။ အေျဖကို ထင္ရွားေစမယ့္ အေျဖနဲ႕ ကိုက္ညီမယ့္ ေမးခြန္းေတြကို ေမးဖို႔ပဲ လိုအပ္တာပါ။ 


ေတြးေခၚျခင္းဆိုတာ အေၾကာင္းအရာတစ္ခုခုနဲ႕ ပတ္သတ္ၿပီး ေမးခြန္းေတြေမးကာ အေျဖရွာတဲ့ ျဖစ္စဥ္တစ္ခုပါပဲ။ သင္းအုပ္ဆရာ Mandell Creighton က ပညာေရးရဲ႕ စစ္မွန္တဲ့ တစ္ခုတည္းေသာ ရည္႐ြယ္ခ်က္က လူတစ္ေယာက္ကို ေမးခြန္းေတြ ဆက္တိုက္ေမးလာေအာင္ ျပဳလုပ္ျခင္း လို႔ေျပာခဲ့ပါတယ္။


ကိုယ့္ကိုယ္ကို ျပန္ေမးတဲ့ ေမးခြန္းေတြထဲကမွ  ကိုယ့္ကိုလႊမ္းမိုးေစတဲ့ ေမးခြန္းတစ္ခု ဒါမွမဟုတ္ ႏွစ္ခုေတာ့ ရွိတတ္ၾကပါတယ္။ လူအမ်ားစုကေတာ့ ကိုယ့္ကို တျခားလူေတြ ႏွစ္သက္လာေအာင္ ဘယ္လိုလုပ္ရမလဲဆိုတဲ့ ေမးခြန္းကိုေမးတတ္ၾကပါတယ္။ တျခားလူေတြႀကိဳက္ႏွစ္သက္လာေအာင္ ဘယ္လိုလုပ္ရမလဲဆိုတဲ့ ေမးခြန္းမ်ိဳး ေမးတဲ့သူေတြဟာ သူတို႔ရဲ႕ ပုံစံအစစ္အမွန္ကို ဘယ္ေတာ့မွ ရွာေတြ႕မွာမဟုတ္ပါဘူး။ သူတို႔ကိုယ္တိုင္သတိမထားမိေပမယ့္ တျခားသူေတြရဲ႕ အႀကိဳက္ကိုလိုက္ၿပီး ေျပာင္းေနမိတဲ့ အတြက္ပါပဲ။ 


သင့္ကို လႊမ္းမိုးေစတဲ့ ေမးခြန္းတစ္ခုကေရာ ဘာျဖစ္မလဲ? Limitless စာအုပ္ရဲ႕ စာေရးဆရာ Jim Kwik ကို လႊမ္းမိုးေစတဲ့ ေမးခြန္းတစ္ခုကေတာ့ How do I make this better? ဒီ့ထက္ ပိုေကာင္းေအာင္ ဘယ္လိုလုပ္ရမလဲဆိုတဲ့ ေမးခြန္းပဲျဖစ္ပါတယ္။


#ကိုယ့္ရဲ႕ စိတ္ကို ျပင္ဆင္ပါ


ေမးခြန္းေတြက ကြၽန္ေတာ္တို႔ရဲ႕ အာ႐ုံစူးစိုက္မႈေတြကို လမ္းၫႊန္ေပးပါတယ္။ စာအုပ္ကို မဖတ္ခင္မွာ လုံေလာက္တဲ့ ေမးခြန္းေတြကို မေမးတဲ့ အတြက္ေၾကာင့္ လူေတြဟာ သူတို႔ရဲ႕ အာ႐ုံစူးစိုက္မႈ၊ သေဘာေပါက္နားလည္မႈနဲ႕ မွတ္ဉာဏ္ေတြမွာ အားနည္းတတ္ၾကပါတယ္။ စာအုပ္ကိုမဖတ္ခင္မွာ မွန္ကန္တဲ့ ေမးခြန္းမ်ိဳးေတြကို ျပင္ဆင္ထားမယ္ဆိုရင္ေတာ့ စာအုပ္ကိုဖတ္တဲ့ အခါမွာ အေျဖေတြကို ေတြ႕ရမွာပါ။


စာအုပ္မဖတ္ခင္မွာ ကိုယ့္ကိုယ္ကို ေမးထားသင့္တဲ့ ဒီေမးခြန္း ၃ ခုကိုေတာ့ လက္ေတြ႕လုပ္ေဆာင္သင့္ပါတယ္။ ေမးခြန္းေတြကေတာ့ ရလာတဲ့ အသိပညာကို ဘယ္လို အသုံးျပဳမလဲ။ ဘာေၾကာင့္လဲ။ ဘယ္အခ်ိန္မွာ အသုံးျပဳမလဲဆိုတာေတြပဲ ျဖစ္ပါတယ္။ ဒီေမးခြန္း ၃ ခုကို ျမင္သာတဲ့ေနရာ စားပြဲေပၚ၊ Phone မွာ ခ်ေရးထားပါ။ ဒီေမးခြန္း ၃ ခုက စာအုပ္ထဲက ေလ့လာထားသမွ်ကို ကြၽန္ေတာ္တို႔ရဲ႕ ဦးႏွောက္ထဲ၊ ႏွလုံးသားထဲ ထိ စြဲေနေအာင္ မွတ္မိေနေစၿပီး အသိပညာေတြကို စြမ္းအားေတြအျဖစ္ ေျပာင္းေပးပါလိမ့္မယ္။


ToeTet.com

မမွတ္မိေလာက္ေအာင္ တိုးတက္ေျပာင္းလဲလိုက္ပါ။

No comments: