Showing posts with label Fashion Advice. Show all posts
Showing posts with label Fashion Advice. Show all posts

Saturday, August 27, 2022

ခေါင်းလောင်းဘောင်းဘီ

 ခေါင်းလောင်းဘောင်းဘီ

-----------------------




အဝတ်အထည်ဒီဇိုင်းတွေဟာ မမျှော်လင့်တဲ့နေရာတွေက ရတတ်တာလည်း ရှိပါတယ် ။ ပန်းချီပုံကြမ်းတွေ ၊ ဒီဇိုင်းစတူဒီယိုတွေဆီကချည်း ထွက်လာတာမျိုးမဟုတ်ပါ ။


ဖလဲလို့လည်း ခေါ် ၊ ဘဲလ် ( bell - bottoms ) လို့လည်းခေါ်တဲ့ ခေါင်းလောင်းဘောင်းဘီဟာ ၁၉၆၀ လွန်နှစ်တွေကနေ ၁၉၇၀ လွန်နှစ်တွေအထိ ၁၀ နှစ်ကျော် ခေတ်စားခဲ့ဖူးပါတယ် ။

( ခေါင်းလောင်းပင်အကြောင်း ပြောရတာဟာ စတီရီယိုသမိုင်းမှာ ဒီဝတ်စုံဟာလည်း အရေးပါတဲ့နေရာမှာ ရှိခဲ့လို့ပါ ) ။



(ခေါင်းလောင်းဘောင်းဘီမြစ်ဖျားခံရာ US ရေတပ်ဘောင်းဘီ - ၁၈၆၄)


တကယ်တော့ ဒီဘောင်းဘီဒီဇိုင်းဟာ ၁၉ ရာစုအလယ်လောက်မှာ စခဲ့တာပါ ။ အမေရိကန်ရေတပ်သားတွေဝတ်တဲ့ ဘောင်းဘီပုံစံပါ ။ ဒီတုန်းက သူတို့အတွက် သတ်သတ်မှတ်မှတ် ရေတပ်ယူနီဖေါင်းရယ်လို့ မရှိသေးဘူး ။ အဝကျယ်တဲ့ ဘောင်းဘီတွေနဲ့ အမှုထမ်းရတယ် ။ သင်္ဘောပေါ်မှာ အဝကျယ်ဘောင်းဘီတွေရဲ့ ကောင်းကွက်က ...

- သင်္ဘောပေါ်က ချော်ကျရင် လှမ်းဆွဲလို့ လွယ်တယ် ၊ ( ဒါမှမဟုတ် ) တစ်ခုခုနဲ့ ငြိနေနိုင်တယ် ၊

- ကမ်းစပ်ဆီ ကူးဖို့ဖြစ်လာရင် ချွတ်ချဖို့ လွယ်တယ် ၊

- ကုန်းပတ်ပေါ် လှိုင်းရိုက်ရင် ဘောင်းဘီရေမစိုအောင် ခေါက်တင်လို့ လွယ်တယ် ၊

- ရေစိုခဲ့ရင်လည်း ချွတ်လို့ လွယ်တယ် ၊

- နောက်ဆုံး ရေထဲ မျောခဲ့ရင်တောင် ဘောင်းဘီပွပွထဲ လေထည့်ပြီး အသက်ကယ်ဗူဖေါင်းသဘောမျိုး လုပ်လို့ရတယ် ။


ဘောင်းဘီပွနဲ့ ရေတပ်သဘာဝ သဟဇာတဖြစ်နေတော့ တခြားရေတပ်တွေလည်း တုပ ဝတ်ဆင်လာကြတယ် ။ အထူးသဖြင့် ဗြိတိသျှရေတပ်ပေါ့ ။ ( US ရေတပ်ဟာ ၁၉၉၈ လောက်အထိ ဒီပွပွပုံစံပဲ အသုံးပြုခဲ့ပါတယ် ) ။


ဒါဖြင့် ပင်လယ်ထဲက ဒီဇိုင်းဟာ ဘယ်လိုလုပ် လူတွေရဲ့ အဝတ်ဗီရိုထဲ ရောက်လာလဲမေးရင် ...


၁၉၆၀ လွန်နှစ်တွေမှာ ကမ္ဘာကြီးဟာ မငြိမ်းချမ်းဘူး ။ အထူးသဖြင့် ဗီယက်နမ်စစ်ပွဲ ( ၁၉၅၅ - ၁၉၇၅ ) ကို လူငယ်တွေ အော့နှလုံးနာတယ် ။ စစ်ဆန့်ကျင်ရေးစိတ်ဓါတ်တွေ ကြီးထွားလာကြတယ် ။ ပြီးတော့ စတိုးဆိုင်ကြီးတွေမှာ တင်ရောင်းတဲ့ ရယ်ဒီမိတ် ချပ်ချပ်ရပ်ရပ် အဝတ်အထည်တွေအပေါ်လည်း ငြီးငွေ့လာတယ် ။ စစ်အသုံးအဆောင်တွေကလည်း ဒီအချိန် ပိုလျှံနေတော့ စစ်အထည်တပတ်နွမ်းတွေ စျေးသက်သက်သာသာနဲ့ ရောင်းတဲ့ဆိုင်တွေ ရှိလာတယ် ။ လူတွေက ဒီဆိုင်တွေဖက် ခြေဦးလှည့်ကြ ၊ ဝတ်ကြည့်ကြတယ် ။ အသစ်အဆန်းလိုဖြစ်ကာ စမတ်ကျသလို ခံစားကြရတယ် ။ 


ရေတပ်ဘောင်းဘီတစ်ပတ်နွမ်းတွေ ဝယ် ၊ ပန်းပွင့်ပုံတွေဘာတွေနဲ့ တန်ဆာဆင် ၊ စိတ်ကြိုက် မွမ်းမံတယ် ။ ပြီးတော့ US စစ်တပ်အပေါ် ဆန္ဒပြကြတယ် ။ စစ် ဆန့်ကျင်ရေးပေါ့ ။ အဲဒီစတိုင်ဟာ တဖြည်းဖြည်းနဲ့ ( movement ) လှုပ်ရှားမှုတစ်ခု ၊ အရွေ့တစ်ခုဖြစ်လာပြီး ဟစ်ပီတွေပါ ဒီအရွေ့ထဲ အားဖြည့်လာတယ် ။


သူတို့ဆီမှာ တီဗီလည်း ခေတ်စားနေတော့ ၁၉၆၆ လောက်မှာ အဆိုတော်ဆန်နီဘိုနိုနဲ့ ရှား ( Cher ) စုံတွဲဟာ အစီအစဉ်တစ်ခုမှာ ခေါင်းလောင်းဘောင်းဘီ ဝတ်ပြတယ် ။ ဒီမှာတင် လူတွေ သတိထားမိလာကြ ၊ စိတ်ဝင်စားလာကြတယ် ။ ဘိုနိုစုံတွဲသာမက ဒီတုန်းက နာမည်ကျော် Queen အဖွဲ့သားတွေ ၊ Jackson 5 ၊ ဂျင်မီဟန်းဒရစ် ၊ ဒေးဗစ်ဘိုဝီတို့ပါ bell - bottoms ရေစီးထဲ မျောပါလာတယ် ။ ( ခေါင်းလောင်းခေတ်ဦးမှာ သူတို့က အသင့်အတင့် အဝကျယ် ဘောင်းဘီတွေပေါ့ ။ အရှိန်ရလာတဲ့ ၁၉၇၀ လွန် နှစ်တွေမှသာ အဝ တအားကျယ်ဘောင်းဘီတွေ ခေတ်စားလာတာပါ ။ မောင်နီတို့လည်း ဒေသကောလိပ်ကျောင်းသားဘဝ { ၁၉၇၈ } လောက်မှာ အဝကျယ်ဘောင်းဘီကြီး ဝတ်ခဲ့ဖူးပါရဲ့ ။ တက်ထရက်စနဲ့ ချုပ်တာပါ ။ နေ့ခင်း မဝတ်ရဲလို့ ည ရုပ်ရှင်ရုံရှေ့ ရှိုးထုတ်ရတာပါ ။ အဲ့တစ်ခါပါပဲ ။ နောက်ထပ် မဝတ်ရဲလို့ လူပေးပစ်ပါတယ် ) ။


အဲလို အဝကျယ်ဘောင်းဘီကို ( Elephant bells ) လို့ ခေါ်ပါတယ် ။ ဂျင်းသားနဲ့ ချုပ်ပါတယ် ။ ၁၉၇၀ အလယ်ပိုင်းနဲ့ နှောင်းပိုင်းလောက်အထိ ခေတ်စားခဲ့ပါတယ် ။ 


(၁၉၇၁ ခုနှစ်မှာ စတူဒီယိုဂီတရဲ့ ပိုင်အိုနီးယား အဆိုတော် မင်းမင်းလတ်ဟာ bell button ဘောင်းဘီကို ဝတ်ဆင်နေပါပြီ)


ဒစ္စကိုတွေ ခေတ်စားတဲ့ ၁၉၈၀ လွန် နှစ်တွေအထိ ခေါင်းလောင်းဘောင်းဘီဟာ ခေတ်မတိမ်သေး ။ နာမည်ကျော်အနုပညာသမားတွေ ခေါင်းလောင်းဘောင်းဘီ ဝတ်လေ ၊ ဒီစတိုင် ကမ္ဘာတလွှား ပျံ့နှံ့လေပါ ။ လူတွေရဲ့ မရှိမဖြစ်ဝတ်စုံသဖွယ်တောင် ဖြစ်လာပါတယ် ။ ဆယ်စုနှစ် တစ်ခုကျော် ကြာခဲ့ပါတယ် ။ 


၁၉၈၀ အစပိုင်းနှစ်တွေရောက်တော့ ဒစ္စက်ိုခေတ် ကုန်သွားတာနဲ့အတူ ( punk rock ) ခေတ်ထလာတော့ ပန့်စတိုင် ဘောင်းဘီကျပ်ကျပ်တွေ ခေတ်စားလာပါတယ် ။ ရှည်သွယ်သွယ် ၊ တင်းတင်းကျပ်ကျပ်ဂျင်းဘောင်းဘီတွေနဲ့အတူ ပြူးတူးပြဲတဲအရောင်အတွဲအစပ်တွေဖက် လူငယ်တွေ အာရုံကျလာကြပြန်ပါတယ် ။ ဒီလိုနဲ့ ၁၅ နှစ်လောက် ရေပန်းစားခဲ့တဲ့ ခေါင်းလောင်းဘောင်းဘီ တစ်ခန်းရပ်သွားပါတယ် ။


မြန်မာပြည်မှာတော့ ၁၉၇၃ လောက်မှာ bell - bottoms တွေ စ , ဝတ်လာကြပြီလို့ ဆိုပါတယ် ။ 

၁၉၇၄ - ၇၅ လောက်မှာ ကျော်ဟိန်းနဲ့ စတီရီယိုဂီတသမားတွေ ဝတ်လာတော့ လူငယ်တွေလည်း လိုက်ဝတ်လာကြပါတယ် ။ [ သိန်းတန် ( မြန်မာပြည် ) ၊ တော်မီကျော်နိုင် ၊ သန်းနိုင် ၊ မင်းမင်းလတ် ... စသူတို့ပေါ့ ။ အထူးသဖြင့် မင်းမင်းလတ် ။ သူ့ပထမဆုံးတေးစု ကြော်ငြာတော့ ခေါင်းလောင်းဘောင်းဘီနဲ့ပါ ] ။


ဒါ့ကြောင့် bell က မြန်မာပြည်မှာ ၁၉၇၁ လောက်က စ ။ ၁၉၇၃ လောက်မှာ တွင်ကျယ် ။

ဖလဲ ( flare ) က ၁၉၈၀ ကျော်မှာမှ စ ။ ကျော်ဟိန်းစီးရီးကာဗာ ( ၁၉၈၁ ) မှာ ဖလဲနဲ့လို့ ဆိုကြပါတယ် ။


ဘဲလ်နဲ့ ဖလဲ မတူပါ ။

ဘဲလ်က ဒူးဆစ်အောက်ကနေ ကားသွားတာမျိုးပါ ။

ဖလဲက ခြေသလုံးကြွက်သားနေရာလောက်က စ , ကားတာပါ ။



(ဘဲလ်တွေ ဖလဲတွေနဲ့ သင်္ကြန်ကဲတဲ့ ရန်ကုန်သားများ - ၁၉၇၆)


စာကြွင်းအနေနဲ့ ခေါင်းလောင်းခေတ် နိဋ္ဌိတံပြီဆိုပေမယ့် ၁၉၉၀ အလွန်နှစ်တွေမှာ ခေါင်းလောင်းပုံတွေ တကျော့ပြန်ခေတ်စားလာပါတယ် ။ ဒီတကြိမ်မှာတော့ အလွန်အမင်း အဝကျယ်တာမျိုး မဟုတ်လို့ ' ခေါင်းလောင်းပုံ ' လို့တောင် ခေါ်ဖို့ ခပ်ခက်ခက် ။ ဒါ့ကြောင့် ဒီတစ်ကြိမ်ကျ အဲဒီဂျင်းပင်တွေကို ( bootcut ) လို့ ခေါ်ကြပါတယ် ။ အနုပညာသမားအတော်များများ ဝတ်ခဲ့ကြပါတယ် ။


ဒီဖက် ၂၁ ရာစုမှာတော့ 

- skinny jeans

- straight - cut လို့ခေါ်တဲ့ အကျပ်တွေ ပြန်ခေတ်စားလာပြီမို့ ဖလဲ ( ခေါ် ) boot - cut တွေ ခေတ်တိမ် မှေးမှိန်သွားပါကြောင်း ... ။

...


မျှဝေသူ - မောင်မောင်နီ

Monday, April 25, 2022

ရှမ်းအမျိုးသားရိုးရာ ခေါင်းပေါင်း

 ရှမ်းအမျိုးသားရိုးရာ ခေါင်းပေါင်းအကြောင်း သိကောင်းစရာ။ 




▶️ရှမ်းလူမျိုး ၊ရှမ်းရိုးရာဝတ်စုံလို့ပြောလိုက်တာနဲ့ ရိုးရာဝတ်စုံအပါအဝင် ခေါင်းပေါ်ကထုပ်ပေါင်းထားတဲ့ရှမ်းရိုးရာခေါင်းပေါင်းကိုပါ တွဲမြင်ကြပါတယ်။ 


ဒါဆိုဘာလို့ရှမ်းတွေခေါင်းပေါင်းပေါင်းကြတာလဲ။

👉အလှအပအတွက်လား 

👉အဆင်တန်ဆာ အတွက်လား 

👉ရှမ်းလူမျိုးဖြစ်မှန်း သိစေချင်လို့လား။


▶️ခုသလော နာမည်ကြီးသရုပ်ဆောင်တွေအပါအဝင် တိုင်းရင်းသားယဉ်ကျေးမှု့ကပွဲ  စင်တင်ပွဲတွေမှာ တရှမ်းရှမ်းနဲ့နာမည်တပ်ပြီး ကတ်ထူစက္ကူ ကိုခေါင်းမှာစွပ်ပြနေကြတာ ကြည့်လို့မြင်လို့မသင့်တော် ဂုဏ်ကျက်သရေရှိရမဲ့အစား အရုပ်ဆိုးလွန်းလှပါတယ်။ 


▶️လူမျိုးတစ်မျိုးရဲ့ဝတ်စုံကိုဝတ်ဆင်ရင် အဲဒီလူမျိုးစုကို ကိုယ်စားပြုနေတယ်ဆိုတာ သတိထားဆင်ခြင်စေချင်သလို  ၊ကိုယ့်လူမျိုးတွေထဲကလဲ လှချင်ပချင် ထင်ပေါ်ချင်စောနဲ့နည်းလမ်းကိုမသိ ရိုးရာကို နားမလည်ပဲ သူ့ထက်ငါဖော်ကြ ထွင်ကြတာ ကြာရင် ကိုယ်တိုင်ဘာမှန်းမသိ ၊ဘယ်သူ့ကိုအဖေအမေပြေးခေါ်ရမှန်းမသိ ဖြစ်ကုန်ပါတော့မယ်။ 


▶️ဒါကြောင့်ရိုးရာကိုပြန်လည်ထုတ်ဖော်ပြီး သတိထားဆင်ခြင်တတ်ကြစေဖို့ 

ပထမဆုံးအနေနဲ့ရှမ်းအမျိုးသားတို့ရဲ့ရိုးရာ ခေါင်းပေါင်းပေါင်းခြင်းအကြောင်းကို ဆွေးနွေးလေ့လာကြည့်ရအောင် ။ 


▶️ရည်ရွယ်ချက် 


ရှမ်းအမျိုးသားတွေဟာ ခေါင်းပေါင်းကို အသုံးအဆောင်တစ်ခုထဲအတွက်မဟုတ်ပဲ အကာအကွယ်အနေနဲ့ပါအသုံးပြုကြပါတယ်။ရှေးခေတ်တုန်းက တရပ်တကျေးကို ကုန်ကူးသန်းရောင်းဝယ်ဖို့သွားလာတဲ့အခါ မြစ်ချောင်းတွေ လျှိမြောင်ကမ်းပါးတွေကိုဖြတ်ကျော်ရတဲ့အခါ ခေါင်းပေါင်းကိုဖြုတ်ပြီးကြိုးအစားအသုံးပြုကြပါတယ်။ဒါကြောင့်ခရီးထွက်ရာမှာကြိုးအပိုယူဆောင်သွားစရာမလိုပဲခေါင်းပေါင်းပေါင်းသွားရုံနဲ့အဆင်ပြေပါတယ်။ 


လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့အခါမှာလဲအပူဒဏ်ကိုကာကွယ်ဖို့အသုံးပြုသလို ဘုရားကျောင်းကန်သွားရင်လဲခေါင်းပေါင်းကိုဖြည်ပြီးတဘက်အဖြစ်ပုခုံးပေါ်တင်ဖို့အသုံးပြုပါတယ်။


 နောက်တစ်ချက်ကရှေးစစ်သားတွေစစ်ထွက်တဲ့အခါ ခေါင်းပေါင်းပေါင်းထားတဲ့အတွက် မိမိတို့ခေါင်းကို ကာကွယ်ပြီးသားဖြစ်သလို စစ်နိုင်ရင်လဲ ရန်သူစစ်သုံ့ပန်းတွေကို အရေးပေါ်ချည်နှောင်ဖို့အထောက်အကူဖြစ်စေပါတယ်။   


▶️ခေါင်းပေါင်းပေါင်းနည်း 


🌟သာမန်ပြည်သူလူထု - မျက်နာသုတ်ပဝါကိုရိုးရိုးအုပ်ပေါင်း ပေါင်းပြီး ဘာအစမှမထွက်စေရပါ။ 


🌟အခမ်းအနားတက်ချိန်- ပေါင်းထားတဲ့အစပေါ်ကနေ နောက်ဆုံးပိုတဲ့အစကို ညာဖက်ခြမ်းမှာပဲထောင်ပြီးအလှဆင်ထားနိုင်သလို ညာဖက်နားအောက်နားမှာပဲ ခပ်တိုတိုချနိုင်ပါတယ် ။ ပုခုံးထက်ကျော်ပြီးခပ်ရှည်ရှည်ချရင် ဟိတ်ဟန်နည်းပြီး ရဲရင့်မှု့ ခန့်ညားမှု့မရှိဘူးလို့ ယုံကြည်ကြပါတယ်။ 


🌟စော်ဘွားမျိုးနွယ် - ၃လံခွဲအရှည်ရွှေကျင်ခပ်ပဝါ ကိုပေါင်းပါတယ်။ 

သက်တော် ၊ ဝါတော်ကြီးမားတဲ့ စဝ်ဖ တွေဟာ 

ခေါင်းပေါင်းကို ဘယ်ဘက် ချပေါင်းတတ်ကြတယ်။

သက်တော်ဝါတော်ငယ်တဲ့ စဝ်ဖ တွေသာ ခေါင်းပေါင်းကို 

ညာဘက်ချပေါင်းတတ်ကြပါတယ်။ ခေါင်းပေါင်း

ဘက်ဘက်အစချတာ က " ခိူဝ်းစဝ်ဖှ " လောက်သာ 

ပေါင်းတတ်ကြပါတယ်။ ခိူဝ်းစဝ်ဖ တွေဟာ သက်တော်ဝါတော် ငယ်တဲ့ စဝ်ဖ နဲ့ သာမန်လူတွေနဲ့ ခေါင်းပေါင်း ပေါင်းပုံချင်းမတူပါ။

ရွှေစလွယ်ရ စဝ်ဖတွေလည်း 

ရွှေစလွယ်ကို ဘယ်ဘက်တင်ရတာမို့ ဘယ်ဘက်ပဲ 

ချပြီး ပေါင်းကြပါတယ်။


🌟စစ်သား-စစ်စထွက်ချိန်၃လံအရှည်အစကို အုပ်ပေါင်းပေါင်းရပါတယ်။(အစချထားရင် တစ်ဖက်ရန်သူကအစလှမ်းဆွဲပြီးအနိုင်ယူနိုင်လို့ပါ) စစ်ရှုံးတာနဲ့ခေါင်းပေါင်းစကိုဘယ်ဖက်ချပြရပါတယ်။ 


🌟ဟော်တွင်းသက်တော်စောင့်-သိုင်းကိုယ်ခံပညာအယူအရ ခေါင်းပေါင်းအစကိုဘယ်ချရပါတယ်။ 


▶️ခေါင်းပေါင်းအရောင်ခွဲခြားပုံ။


👉လူပျိုလူလွတ်   - ပန်းရောင်ဖျော့

👉အိမ်ထောင်ကျသူ၊မင်္ဂလာဆောင်သတို့သား၊ တခုလပ်၊မုဆိုးဖို-အဝါရောင် 

👉အသက်ကြီးသူ၊သီလဆောက်တည်သူ-   အဖြူရောင် 

👉စစ်သည်တော်  -  အနီရောင် 

👉စော်ဘွား  -  ပန်းနုရောင်၊အဝါရောင်၊ဆင်စွယ်ရောင် 


အစိမ်းရောင်၊အပြာရောင်ပေါင်းခြင်းထုံးစံမရှိပါ ။ ဓလေ့ အနေနှင့်ပင် မရှိခဲ့ပါ ။


ထူးခြားမှုဟူ၍ နှောင်းခေတ် လက်ရှိ တိုင်းနေများနှင့် တိုင်းဆာများသာ အပြာရောင်အစကို ပေါင်းကြောင်း တွေ့ရပါသည်။


  

▶️ယနေ့ခေတ်ဖြစ်လေ့ဖြစ်ထရှိတတ်သောအမှား


အဓိပ္ပါယ်သေချာမသိပဲ အရောင်နဲ့ အစချတဲ့ဖက် မှားယွင်းတတ်တာပါ ။ 

လူပျိုဆိုရင် ပန်းနုရောင်ပဲပေါင်းပါတယ်။ အဝါရောင်ပေါင်းရင် အိမ်ထောင်ရှိတယ်လို့ အဓိပ္ပါယ်ရပါတယ် ။ တယောက်ထဲအယူမရှိဘူးဆိုပြီး ပေါင်းချင်တဲ့အရောင်ပေါင်းရင် နေရင်းထိုင်ရင်းအိမ်ထောင်ရှင်ပါလို့လူကြားထဲကြာ်ငြာသလိုဖြစ်သွားတတ်ပါတယ်။ 😄😄


ဘယ်ဖက်မှာအစချမိရင် 

စစ်ရှုံးတယ်လို့အဓိပ္ပါယ်ရပြီး နမိတ်မကောင်းတတ်ဘူးလို့အယူရှိပါတယ်။ 😐😐


ကပ်ထူစက္ကူခေါင်းပေါ်စွပ်ရင်တော့ ရုပ်အဆိုးဆုံးလူ ဖြစ်သွားပါလိမ့်မယ်။ 😂😂 


ဒါကြောင့် အားလုံးတွေးဆ ဆင်ခြင်ပြီး နည်းလမ်းမှန်ကန်သော ခေါင်းပေါင်းပုံစံများ နဲ့ ဂုဏ်ကျက်သရေပြည့်စုံကြပါစေ ။ 


Credit to all original sources 

Thank You


(Zawgyi)

ရွမ္းအမ်ိဳးသား႐ိုးရာ ေခါင္းေပါင္းအေၾကာင္း သိေကာင္းစရာ။ 




ရွမ္းလူမ်ိဳး ၊ရွမ္း႐ိုးရာဝတ္စုံလို႔ေျပာလိုက္တာနဲ႔ ႐ိုးရာဝတ္စုံအပါအဝင္ ေခါင္းေပၚကထုပ္ေပါင္းထားတဲ့ရွမ္း႐ိုးရာေခါင္းေပါင္းကိုပါ တြဲျမင္ၾကပါတယ္။ 


ဒါဆိုဘာလို႔ရွမ္းေတြေခါင္းေပါင္းေပါင္းၾကတာလဲ။

အလြအပအၾတကႅား 

အဆင္တန္ဆာ အၾတကႅား 

ရွမ္းလူမ်ိဳးျဖစ္မွန္း သိေစခ်င္လို႔လား။


ခုေသလာ နာမည္ႀကီးသ႐ုပ္ေဆာင္ေတြအပါအဝင္ တိုင္းရင္းသားယဥ္ေက်းမႈ႕ကပြဲ စင္တင္ပြဲေတြမွာ တရွမ္းရွမ္းနဲ႔နာမည္တပ္ၿပီး ကတ္ထူစကၠဴ ကိုေခါင္းမွာစြပ္ျပေနၾကတာ ၾကည့္လို႔ျမင္လို႔မသင့္ေတာ္ ဂုဏၠ္က္ေသရ႐ြိရမဲ့အစား အ႐ုပ္ဆိုးလြန္းလွပါတယ္။ 


လူမ်ိဳးတစ္မ်ိဳးရဲ႕ဝတ္စုံကိုဝတ္ဆင္ရင္ အဲဒီလူမ်ိဳးစုကို ကိုယ္စားျပဳေနတယ္ဆိုတာ သတိထားဆင္ျခင္ေစခ်င္သလို ၊ကိုယ့္လူမ်ိဳးေတြထဲကလဲ လွခ်င္ပခ်င္ ထင္ေပၚခ်င္ေစာနဲ႔နည္းလမ္းကိုမသိ ႐ိုးရာကို နားမလည္ပဲ သူ႔ထက္ငါေဖာ္ၾက ထြင္ၾကတာ ၾကာရင္ ကိုယ္တိုင္ဘာမွန္းမသိ ၊ဘယ္သူ႔ကိုအေဖအေမေျပးေခၚရမွန္းမသိ ျဖစ္ကုန္ပါေတာ့မယ္။ 


ဒါေၾကာင့္႐ိုးရာကိုျပန္လည္ထုတ္ေဖာ္ၿပီး သတိထားဆင္ျခင္တတ္ၾကေစဖို႔ 

ပထမဆုံးအေနနဲ႔ရွမ္းအမ်ိဳးသားတို႔ရဲ႕႐ိုးရာ ေခါင္းေပါင္းေပါင္းျခင္းအေၾကာင္းကို ေဆြးေႏြးေလ့လာၾကည့္ရေအာင္ ။ 


ရည္႐ြယ္ခ်က္ 


ရွမ္းအမ်ိဳးသားေတြဟာ ေခါင္းေပါင္းကို အသုံးအေဆာင္တစ္ခုထဲအတြက္မဟုတ္ပဲ အကာအကြယ္အေနနဲ႔ပါအသုံးျပဳၾကပါတယ္။ေရွးေခတ္တုန္းက တရေပၱက္းကို ကုန္ကူးသန္းေရာင္းဝယ္ဖို႔သြားလာတဲ့အခါ ျမစ္ေခ်ာင္းေတြ လွ်ိေျမာင္ကမ္းပါးေတြကိုျဖတ္ေက်ာ္ရတဲ့အခါ ေခါင္းေပါင္းကိုျဖဳတ္ၿပီးႀကိဳးအစားအသုံးျပဳၾကပါတယ္။ဒါေၾကာင့္ခရီးထြက္ရာမွာႀကိဳးအပိုယူေဆာင္သြားစရာမလိုပဲေခါင္းေပါင္းေပါင္းသြား႐ုံနဲ႔အဆင္ေျပပါတယ္။ 


လယ္ယာလုပ္ငန္းလုပ္ကိုင္တဲ့အခါမွာလဲအပူဒဏ္ကိုကာကြယ္ဖို႔အသုံးျပဳသလို ဘုရားေက်ာင္းကန္သြားရင္လဲေခါင္းေပါင္းကိုျဖည္ၿပီးတဘက္အျဖစ္ပုခုံးေပၚတင္ဖို႔အသုံးျပဳပါတယ္။


 ေနာက္တစ္ခ်က္ကေရွးစစ္သားေတြစစ္ထြက္တဲ့အခါ ေခါင္းေပါင္းေပါင္းထားတဲ့အတြက္ မိမိတို႔ေခါင္းကို ကာကြယ္ၿပီးသားျဖစ္သလို စစ္ႏိုင္ရင္လဲ ရန္သူစစ္သုံ႔ပန္းေတြကို အေရးေပၚခ်ည္ေႏွာင္ဖို႔အေထာက္အကူျဖစ္ေစပါတယ္။   


ေခါင္းေပါင္းေပါင္းနည္း 


သာမန္ျပည္သူလူထု - မ်က္နာသုတ္ပဝါကို႐ိုး႐ိုးအုပ္ေပါင္း ေပါင္းၿပီး ဘာအစမွမထြက္ေစရပါ။ 


အခမ္းအနားတက္ခ်ိန္- ေပါင္းထားတဲ့အစေပၚကေန ေနာက္ဆုံးပိုတဲ့အစကို ညာဖက္ျခမ္းမွာပဲေထာင္ၿပီးအလွဆင္ထားႏိုင္သလို ညာဖက္နားေအာက္နားမွာပဲ ခပ္တိုတိုခ်ႏိုင္ပါတယ္ ။ ပုခုံးထက္ေက်ာ္ၿပီးခပ္ရွည္ရွည္ခ်ရင္ ဟိတ္ဟန္နည္းၿပီး ရဲရင့္မႈ႕ ခန္႔ညားမႈ႕မရွိဘူးလို႔ ယုံၾကည္ၾကပါတယ္။ 


ေစာ္ဘြားမ်ိဳးႏြယ္ - ၃လံခြဲအရွည္ေ႐ႊက်င္ခပ္ပဝါ ကိုေပါင္းပါတယ္။ 

သက္ေတာ္ ၊ ဝါေတာ္ႀကီးမားတဲ့ စဝၹ ေတြဟာ 

ေခါင္းေပါင္းကို ဘယ္ဘက္ ခ်ေပါင္းတတ္ၾကတယ္။

သက္ေတာ္ဝါေတာ္ငယ္တဲ့ စဝၹ ေတြသာ ေခါင္းေပါင္းကို 

ညာဘက္ခ်ေပါင္းတတ္ၾကပါတယ္။ ေခါင္းေပါင္း

ဘက္ဘက္အစခ်တာ က " ခိူဝ္းစဝ္ဖွ " ေလာက္သာ 

ေပါင္းတတ္ၾကပါတယ္။ ခိူဝ္းစဝ္ဖ ေတြဟာ သက္ေတာ္ဝါေတာ္ ငယ္တဲ့ စဝၹ နဲ႔ သာမန္လူေတြနဲ႔ ေခါင္းေပါင္း ေပါင္းပုံခ်င္းမတူပါ။

ေ႐ႊစလြယ္ရ စဝ္ဖေတြလည္း 

ေ႐ႊစလြယ္ကို ဘယ္ဘက္တင္ရတာမို႔ ဘယ္ဘက္ပဲ 

ခ်ၿပီး ေပါင္းၾကပါတယ္။


စစ္သား-စစ္စထြက္ခ်ိန္၃လံအရွည္အစကို အုပ္ေပါင္းေပါင္းရပါတယ္။(အစခ်ထားရင္ တစ္ဖက္ရန္သူကအစလွမ္းဆြဲၿပီးအႏိုင္ယူႏိုင္လို႔ပါ) စစ္ရႈံးတာနဲ႔ေခါင္းေပါင္းစကိုဘယ္ဖက္ခ်ျပရပါတယ္။ 


ေဟာ္တြင္းသက္ေတာ္ေစာင့္-သိုင္းကိုယ္ခံပညာအယူအရ ေခါင္းေပါင္းအစကိုဘယ္ခ်ရပါတယ္။ 


ေခါင္းေပါင္းအေရာင္ခြဲျခားပုံ။


လူပ်ိဳလူလြတ္ - ပန္းေရာင္ေဖ်ာ့

အိမ္ေထာင္က်သူ၊မဂၤလာေဆာင္သတို႔သား၊ တခုလပ္၊မုဆိုးဖို-အဝါေရာင္ 

အသက္ႀကီးသူ၊သီလေဆာက္တည္သူ- အျဖဴေရာင္ 

စစ္သည္ေတာ္ - အနီေရာင္ 

ေစာ္ဘြား - ပန္းႏုေရာင္၊အဝါေရာင္၊ဆင္စြယ္ေရာင္ 


အစိမ္းေရာင္၊အျပာေရာင္ေပါင္းျခင္းထုံးစံမရွိပါ ။ ေဓလ့ အေနႏွင့္ပင္ မ႐ြိခဲ့ပါ ။


ထူးျခားမႈဟူ၍ ေႏွာင္းေခတ္ လက္ရွိ တိုင္းေနမ်ားႏွင့္ တိုင္းဆာမ်ားသာ အျပာေရာင္အစကို ေပါင္းေၾကာင္း ေတြ႕ရပါသည္။


  

ယေန႔ေခတ္ျဖစ္ေလ့ျဖစ္ထရွိတတ္ေသာအမွား


အဓိပၸါယ္ေသခ်ာမသိပဲ အေရာင္နဲ႔ အစခ်တဲ့ဖက္ မွားယြင္းတတ္တာပါ ။ 

လူပ်ိဳဆိုရင္ ပန္းႏုေရာင္ပဲေပါင္းပါတယ္။ အဝါေရာင္ေပါင္းရင္ အိမ္ေထာင္ရွိတယ္လို႔ အဓိပၸါယ္ရပါတယ္ ။ တေယာက္ထဲအယူမရွိဘူးဆိုၿပီး ေပါင္းခ်င္တဲ့အေရာင္ေပါင္းရင္ ေနရင္းထိုင္ရင္းအိမ္ေထာင္ရွင္ပါလို႔လူၾကားထဲၾကာ္ျငာသလိုျဖစ္သြားတတ္ပါတယ္။ 😄😄


ဘယ္ဖက္မွာအစခ်မိရင္ 

စစ္ရႈံးတယ္လို႔အဓိပၸါယ္ရၿပီး နမိတ္မေကာင္းတတ္ဘူးလို႔အယူရွိပါတယ္။ 😐😐


ကပ္ထူစကၠဴေခါင္းေပၚစြပ္ရင္ေတာ့ ႐ုပ္အဆိုးဆုံးလူ ျဖစ္သြားပါလိမ့္မယ္။ 😂😂 


ဒါေၾကာင့္ အားလုံးေတြးဆ ဆင္ျခင္ၿပီး နည္းလမ္းမွန္ကန္ေသာ ေခါင္းေပါင္းပုံစံမ်ား နဲ႔ ဂုဏ္က်က္သေရျပည့္စုံၾကပါေစ ။ 


Credit to all original sources 

Thank You


Wednesday, January 5, 2022

Christian Dior

Christian Dior (သို့မဟုတ်) စနစ်ဟောင်းတွေကိုတော်လှန်ပြီး လမ်းသစ်ဖောက်လာခဲ့တဲ့ လူငယ်တယောက်




Christian Diorဆိုတာ ကမ္ဘာကျော် Fashion Companyကြီးပေါ့။ ဒိုင်ယာနာ မင်းသမီးရဲ့ အသဲစွဲ၊ အဲလိဇဘက်တေလာရဲ့ အသဲစွဲ ၊ အခုလက်ရှိဆို Blackpink အဖွဲ့ဝင် Jisooရဲ့ အသဲစွဲ Diorပေါ့။


ဒီ Dior Fashion Houseကြီးရဲ့ တည်ထောင်သူ 

Christian Diorဟာ ငယ်ငယ်ကအရမ်းချမ်းသာပြီးတော့ သူ့အသက်၂၀ကျော်မှာ ကံကြမ္မာဆိုးများစွာနှင့် ကြုံတွေ့ပြီးမှ ဘဝကို ကိုယ့်ဒူးကိုယ်ချွန် အသစ်က ပြန်စခဲ့ရတာပါ။

အဲ့တော့ ကျနော်တို့ သူ့ဘဝဟာ ဘယ်လိုဖြစ်ပြီး ချမ်းသာနေရာကနေ ဘဝပျက်သွားခဲ့ရတယ်။ အခက်အခဲတွေကို သူဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာ ကြည့်လိုက်ကြရအောင်နော်။ 


ရွှေဇွန်းကိုက်ပြီးမွေး ရွှေခွက်နှင့် အချင်းဆေးခဲ့ရတဲ့ ငယ်ဘဝ


Christian Diorကို  လွန်ခဲ့တဲ့ နှစ်ပေါင်း၁၀၀ကျော် 1905ခုနှစ်မှာ Ganville ဆိုတဲ့ ပြင်သစ်နိုင်ငံရဲ့ ကမ်းခြေမြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ သူက အရင်အပတ်က ရေးခဲ့တဲ့ Lousi Vuitton လိုတော့ ဆင်းဆင်းရဲရဲ မွေးဖွားလာတာမဟုတ်ပါဘူး။ Diorတို့မိသားစုက သိပ်ချမ်းသာတယ်။ သူ့မိသားစုက မြေဩဇာလုပ်ငန်းလုပ်ကိုင်တာ။

သူ့အသက်၅နှစ်လောက်မှာတော့ တောသူဌေးတွေရဲ့ထုံးစံအတိုင်း မိသားစုလိုက် ပါရီ(Paris)ရွှေမြို့တော်ကြီးကို ပြောင်းရွှေ့အခြေချကြပါလေရော။


အဲ့ဒီခေတ်က ချမ်းသာသူတွေရဲ့ထုံးစံအတိုင်း သူ့မိဘတွေက သားသမီးကို နိုင်ငံရေးသမားဖြစ်စေချင်တယ်။ ငါတို့မှာငွေရှိပြီးပြီ ဩဇာအာဏာနှင့် ဂုဏ်ပကာသန ရှိဖို့ပဲ လိုတော့တယ်ပေါ့။ ဒါပေမယ့် Diorက နိုင်ငံရေး ဝါသနာမပါဘူး။ သူက အနုပညာဝါသနာပါတယ်။ ပန်းချီကားတွေကိုချစ်တယ်။ ဒါနှင့်ပဲ သူ့အဖေက သူ့သားလေးစိတ်ချမ်းသာဖို့ ပန်းချီပြခန်းတခုကို ဝယ်ပေးလိုက်ပါရော။အရမ်းချမ်းသာတာကိုး။ လိုချင်သမျှ ငွေနှင့်ပေါက်ဝယ်လိုက်ရုံပဲလေ။ 

ဒီလိုနှင့် Christian Diorဟာ Art Dealer ဖြစ်လာတယ်။ မြန်မာလိုဘာသာပြန်ရရင်တော့ ပန်းချီကား ဝယ်ရောင်းသမားပေါ့လေ။ ပန်းချီပညာမှာ ဝါသနာပါပြီး ပန်းချီကားတွေကို သုံးသပ်တာ ကျွမ်းကျင်လေတော့ အလားအလာကောင်းတဲ့ကားတွေဝယ် စျေးကောင်းရရင်ပြန်ရောင်း အဲ့လိုပေါ့။ ပြောသာပြောရတာပါ။ အဲ့ဒါကလည်း သူ့အတွက် စီးပွါးဖြစ်အလုပ်တခုတော့ မဟုတ်နေပါဘူး။ Rich Kidတယောက်ရဲ့ အပျင်းပြေ စီးပွါးရေးလေး တခုပေါ့။ ဒါပေမယ့် Christian Diorက အနုပညာမှာတော့ တကယ် ပါရမီ ပါတာဗျ။ သူနှင့်အလုပ်အတူတွဲလုပ်လာတဲ့ထဲမှာ ကမ္ဘာကျော် ပန်းချီဆရာကြီး ပီကာဆိုတို့လို လူတွေတောင်ပါတယ်။


သူဌေးသားလေး Dior ဒုက္ခရောက်ရပြီ။


၁၉၂၉ ကမ္ဘာ့စီးပွါးရေးပျက်ကပ်ကြီးမှာတော့  Diorရဲ့ တကယ့်ဘဝအစ ရောက်ပါပြီ။

သူ့အသက်၂၄နှစ်မှာပေါ့။

သူ့အမေနှင့် သူ့အကို ဆုံးသွားတယ်။ သူ့အဖေရဲ့ လုပ်ငန်းက အရှုံးတွေပေါ်လာပြီး စီးပွါးပျက်သွားတယ်။ မုန့်ဖိုးပေးမယ့်သူမရှိတော့ သူ့ပန်းချီပြခန်းလေးလည်း ပိတ်လိုက်ရပြီပေါ့။

သူ့ဘဝကြီးဟာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားပြီးတော့ ဘယ်နားကနေ ဘယ်လိုပြန်စမှန်းကို မသိတော့ဘူး။ ဒါနှင့်ပဲ သူလည်း လူတွေနှင့်ဝေးရာ ကျေးလက်ဒေသလေးတခုကိုသွားပြီး ခေါင်းအေးအေးထား ပုံတွေဟိုခြစ်ခြစ်လျှောက်ဆွဲကြည့်ရာကနေ ငါဟာ အမျိုးသမီးအဝတ်အစား Designတွေ ဆွဲရတာ ဝါသနာပါနေပါလား ဆိုတာ သဘောပေါက်သွားတယ်။ 

ဒီအတွေးကလေးဟာ တချိန်ချိန်မှာ ကမ္ဘာ့နံပါတ်၁ နေရာကို ရောက်လာတော့မယ့် Dior Fashion Houseကြီးရဲ့ အစပထမပေါ့။


Dior Couture Houseကြီးရဲ့ အစ


သူ Parisကို ပြန်လာတယ်။ အခြား နာမည်ကြီး Fashion Houseတွေမှာ အလုပ်တွေဝင်လိုက်သေးတယ်။ သူ့ရဲ့ Design တွေကို Designersတွေကိုရောင်းတယ်။ Fashion သတင်းစာတွေကို ရောင်းတယ်။ တရက်မှာတော့ အဲ့ဒီခေတ်က The King of Cotton လို့ ခေါ်ကြတဲ့  Marcel Boussac ဆိုတဲ့ သူဌေးကြီးရဲ့ ရင်းနှီးမြုပ်နှံပေးမှုနှင့် သူ့ကိုယ်ပိုင် Design House ဖြစ်တဲ့ Christian Diorကို တည်ထောင်လိုက်နိုင်တာပေါ့။


Diorရဲ့ New Look Design

တကယ်ကလေ Dior စတင်တည်ထောင်တဲ့အချိန်မှာ လူတွေအားလုံးက မွဲနေကြတာ။ ဒုတိယကမ္ဘာစစ်ပြီးကာစ အချိန်မှာ အစစအရာရာ ရှားပါးနေတော့ အားလုံးက ချွေတာရေးလမ်းကြောင်းပေါ်မှာပဲ ရှိနေကြတယ်။ အဲ့တော့ အဲ့ဒီအချိန်မှာ ခေတ်စားနေတဲ့ Fashionတွေကလည်း ချွေတာရေး Fashionပေါ့ကွယ်။ စကတ်ခပ်တိုတို ၊ဘောင်းဘီခပ်တိုတို ၊ အဝတ်စတွေ မလိုအပ်ပဲ ဖြတ်ညှပ်ကပ်မလုပ်ရအောင် ဘာDesignမှမပါတဲ့ ရိုးရိုးရှင်းရှင်းကြီးတွေပဲ ဝတ်ကြသတဲ့။


အဲ့ဒီ Fashion Trendကို Diorကြီးက ပြောင်းလှန်ချလိုက်ပါရောလား။ သူများတွေက အစမကုန်အောင် ချုပ်နေကြတဲ့အချိန်မှာ သူချုပ်တဲ့ ဝတ်စုံတစုံဟာ ပျမ်းမျှ အဝတ်စကိုက်၂၀လောက် ကုန်သတဲ့😂 အဲ့ဒီခေတ်ကလူကြီးတွေကတော့ အမလေး ငါသွေးတက် ပေါ့လေ။ Facebook မပေါ်သေးလို့ Facebook မှာပေါ်နေရင် တနိုင်ငံလုံး Shareပြီး ဝိုင်းဆဲကြမယ့်ဟာမျိုး😅

Dior Fashion Houseက ပထမဆုံး ထွက်လိုက်တဲ့ New Look လို့ ခေါ်တဲ့ Fashionက ဒီလို ။သူ့ပုံစံက သဲနာရီပုံစံ ။ ဝတ်ထားတဲ့သူကိုကြည့်လိုက်ရင် ခါးလေးမှာသိမ်ပြီးတော့ အောက်ကိုကားထွက်ပြီး အောက်မှာ ဖောင်းဖောင်းကားကားလေး ရှိနေမယ့် ပုံမျိုး။ အဲ့ဒီအတွက် အပေါ်က Jacketနှင့် အောက်က ဂါဝန်ကတော့ ဖောင်းဖောင်းကားကားလေး ရှိနေဖို့ အတွန့်တွေအများကြီးနှင့် အစတွေ အများကြီးသုံးပြီးချုပ်ရတယ်။

အဲ့အချိန်က ဝိုင်းအဆဲခံရပေမယ့် အမျိုးသမီးတွေကတော့ ကြိုက်ကြတာပါပဲ။ သူက ခါးလေးသေးပြီး တင်လေးကားစေမယ့် အမျိုးသမီးတို့ အကြိုက်ပုံစံကိုး။ အရင်ခေတ်က ခါးတွေသေးအောင် အထဲက ခံဝတ်ရတဲ့ Corset (ကော့ဆက်) တွေကို ကျန်းမာရေးအတွက်မသင့်တော်လို့ မသုံးကြတော့တဲ့နောက်ပိုင်း ခါးကလေးသေးနေတဲ့ ပုံမျိုးထွက်အောင် ချုပ်ပေးနိုင်တာ Diorရဲ့ လက်ရာတွေပဲ ရှိတာလေ။ အဲ့တော့ အထက်တန်းကျတဲ့ ပုံစံ ဝင့်ကြွားတဲ့ ပုံစံပေါက်နေတဲ့ Diorရဲ့ ဝတ်စုံတွေကို မမတွေသိပ်ကြိုက်ကြတယ်။ 

အဲ့ဒီ သူ့ရဲ့ New Lookက ဘယ်လောက်ထိ ပေါက်သွားသလဲဆို အဲ့ဒီအချိန်က ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်တွေတောင် လာပြီး ဝယ်ဝတ်ရတဲ့အထိပဲတဲ့။

ဒါ့အပြင် သူ့ရဲ့ အဲ့ဒီ New Lookဂယက်က နေမဝင်အင်ပါယာကြီးရဲ့ နန်းတွင်းထဲအထိပါ ဘယ်လိုရိုက်ခတ်သလဲ ပြောပြဦးမယ်။  အင်္ဂလန်ဘုရင်မကြီး အဲလိဇဘက် အဲ့ဒီအချိန်တုန်းကတော့ ဘုရင်မြေးတော်လေးပေါ့ သူနှင့် သူ့ညီမ မာဂရက်တို့က Dior Fashionတွေကို ကြိုက်လွန်းလို့ နန်းတွင်းထဲထိ သီးသန့်လာပြခိုင်းပြီး ဝယ်ကြလို့ ဘုရင်ကြီးGorge V က သူ့မြေးတွေကို တိုင်းသူပြည်သားတွေ ချွေတာနေရတဲ့အချိန်မှာ အဲ့လို အဝတ်အထည်တွေ ဖြုန်းတီးတဲ့ Diorရဲ့ New Lookကို မဝတ်ရဘူးလို့တောင် အမိန့်ထုတ်ခဲ့ရသတဲ့။


Dior Ready-to-wear စပြီ။


Diorရဲ့ Fashionတွေက အရမ်းအောင်မြင်တော့ American ကုန်သည်တွေဟာ ပြင်သစ်ကိုလာပြီးတော့ Diorရဲ့ Fashion Showပွဲတွေကိုတက်ကြတယ်။ ပြီးတော့ သူတို့ကြိုက်တဲ့ Designအထည်တွေကို ဝယ်သွားပြီးတော့ USမှာ အဲ့ပုံစံတွေ ပုံတူချုပ်ပြီး ရောင်းကြတာတဲ့။ ဒီဖက်ခေတ်စကားနှင့်ပြောရရင်တော့ First Copy , Replica တွေပေါ့လေ။ အဲ့ဒါကို သိသွားတဲ့ Diorဟာ America ကိုပါသွားပြီးတော့ Ready-to-Wear Fashionလုပ်ငန်းကို တည်ထောင်ချပလိုက်တယ်။  


အဲ့ဒီမှာလည်း သူအဆဲခံရတာပါပဲ။ ပြင်သစ်က Couture Houseတွေက Ready-to-Wear မထုတ်ဘူးလေ။ Diorအဲ့လိုလုပ်လိုက်တာ အပေါစားဆန်တယ်။ Couture Houseတွေကို သိက္ခာကျစေတယ် ဆဲကြပြန်ရော။

မည်သို့ပင်ဆိုစေကာမူ Diorရဲ့ ထုံးစံအတိုင်း ဘယ်သူမှမလုပ်တာကို ထလုပ် အမြတ်အစွန်းတွေအရမ်းရပြီး ထပ်အောင်မြင်သွားပြန်ရော။

အဲ့ကျ အခြား Couture Fashion  Houseတွေလည်း Ready-to-wear လိုက်ထုတ်ကြရတာပါပဲလေ😅


သူဟာ အဝတ်အထည်တွေတင်မက ရေမွှေးတွေဖက်ပါ ထပ်တိုးချဲ့လာတယ်။ သူ့ရဲ့ညီမလေး Catherine Diorဟာ ပြင်သစ်တော်လှန်ရေးမှာ  အဖမ်းခံလိုက်ရပြီး ထောင်၂နှစ်ကျသွားတော့ သူ့ညီမလေးကို ဂုဏ်ပြုတဲ့အနေနှင့် သူညီမလေးနာမည်နှင့် ရေမွှေးလေး ထုတ်လိုက်ပါတယ်။ အဲ့ဒါ အခု အရမ်းနာမည်ကြီးပြီး ပျိုမေတို့အသဲစွဲဖြစ်နေတဲ့ Miss Dior ရေမွှေးပေါ့။ 


Diorရဲ့ ဆက်ခံသူ Designerများ


အရမ်းအရမ်းကို အောင်မြင်ခဲ့တဲ့ Mr. Christian Dior ဟာ အသက်၅၂အရွယ် မှာပဲ  အပန်းဖြေခရီးထွက်ရင်း နှလုံးရောဂါနှင့် ရုတ်တရက်ကြီး ကွယ်လွန်သွားခဲ့ပါတယ်။ 


သူက သူမဆုံးခင်မှာ ကြိုသေရမှာကို ကြိုသိနေသလိုပဲ အသက်၁၉နှစ်အရွယ် Yves Saint Laurent ဆိုတဲ့ (နောင်အခါ YSL brandရဲ့Founder ဖြစ်လာမည့်) ကောင်ကလေးကို သူ့နေရာဆက်ခံမယ့် Diorရဲ့ ခေါင်းဆောင် Designerအဖြစ် ကြိုရွေးချယ်ခဲ့သေးတာပါ။ 

Mr.Diorကြီး သေဆုံးပြီး နောက်မှာတော့  Yves Saint Laurentက Diorကို ဆက်အောင်မြင်အောင်ကြိုးစားတယ်။ 

ပြီးတော့ သူ့နောက်မှာ Marc Bohanက ဆက်တာဝန်ယူတယ်။ အဲ့လိုပဲ Creative Director တွေ အဆင့်ဆင့် တာဝန်ယူလာကြတာပေါ့။


ယခုလက်ရှိ Diorရဲ့ ပိုင်ရှင်


1987မှာတော့ Dior တည်ထောင်ရာမှာ ငွေကြေးစိုက်ထုတ်ပေးခဲ့တဲ့ Diorရဲ့ မိခင် Company ဖြစ်တဲ့ Boussac Groupဟာ ဒေဝါလီခံလိုက်ရတာမို့ Diorကို Willot Groupကို ရောင်းလိုက်ရပါတယ်။ 

(ဒီနေရာမှာ တခုလောက်ရှင်းပြချင်တာက Mr.Christian Diorက ပါရမီ ပါပေမယ့် သူ့ကိုယ်ပိုင် Brand Diorကို တည်ထောင်တဲ့အခါမှာ သူ့မှာ ပိုက်ဆံမရှိပါဘူး။ ဒါကြောင့် Boussac Groupက အရင်းအနှီး စိုက်ထုတ်ပေးထားရတာမို့ Boussac Groupက ပိုင်တာပါခမျာ။)


ပြီးတော့ Diorကို Willot Group ကနေ ပြင်သစ်သူဌေး Bernard Arnault ထပ်ဝယ်တယ်။ အခုကတော့ Diorဟာ LVနှင့်အတူတူ LVMH Groupရဲ့လက်အောက်မှာ ရှိနေပါတယ်။


ပိုင်ရှင်ကတော့ ထုံးစံအတိုင်း ကမ္ဘာ့နံပါတ်၄

အချမ်းသာဆုံးသူဌေးကြီး Bernard Arnaultပေါ့ဗျာ။


ဒီနေ့ပြောသွားတာကတော့ နာမည်ကျော် Luxury Brandဖြစ်တဲ့ Dior အကြောင်းပါ။

နောက်နေ့တွေမှာလည်း အဲ့လို စိတ်ဝင်စားဖွယ်ရာတွေကို တင်ဆက်ပေးသွားဦးမှာမို့ ကျနော့်Pageလေးကို Like & Follow လုပ်ထားပေးကြပါဦးခမျာ။


ကျနော့် Personal Account ကတော့ ဒီမှာပါ။

https://www.facebook.com/profile.php?id=100008222441381


 Instagram သုံးစွဲသူတွေအတွက်က

https://www.instagram.com/itsmekwyp/


Subscribe me on Youtube

https://youtube.com/channel/UCtyCL0FfrRBjBhi53k9OOww


(Zawgyi) 

Christian Dior (သို႔မဟုတ္) စနစ္ေဟာင္းေတြကိုေတာ္လွန္ၿပီး လမ္းသစ္ေဖာက္လာခဲ့တဲ့ လူငယ္တေယာက္




#Fashion_Designer

#ဖက္ရွင္ကုမၸဏီမ်ား

#Christian_Dior


(Brand ဆိုမွ Brand ဆိုသူမ်ားအၾကား သည္နာမည္ကို မသိသူမရွိေလာက္ပါဘူးေနာ္။ အဲသည္လို တံဆိပ္အစြဲရွိသူေတြအၾကားမယ္ Dior အမွတ္တံဆိပ္ကို ဘယ္လိုထူေထာင္လာတယ္ဆိုတဲ့အေၾကာင္းကို မသိေသးသူမ်ားလည္း သိထားရေအာင္၊ သိထားသူမ်ားလည္း အမွတ္ရေအာင္ ကူးယူေ၀ငွလိုက္ပါတယ္။)


Christian Diorဆိုတာ ကမၻာေက်ာ္ Fashion Companyႀကီးေပါ့။ ဒိုင္ယာနာ မင္းသမီးရဲ႕ အသဲစြဲ၊ အဲလိဇဘက္ေတလာရဲ႕ အသဲစြဲ ၊ အခုလက္ရွိဆို Blackpink အဖြဲ႕ဝင္ Jisooရဲ႕ အသဲစြဲ Diorေပါ့။


#ဒီ Dior Fashion Houseႀကီးရဲ႕ တည္ေထာင္သူ 

Christian Diorဟာ ငယ္ငယ္ကအရမ္းခ်မ္းသာၿပီးေတာ့ သူ႕အသက္၂၀ေက်ာ္မွာ ကံၾကမၼာဆိုးမ်ားစြာႏွင့္ ႀကဳံေတြ႕ၿပီးမွ ဘဝကို ကိုယ့္ဒူးကိုယ္ခြၽန္ အသစ္က ျပန္စခဲ့ရတာပါ။

အဲ့ေတာ့ က်ေနာ္တို႔ သူ႕ဘဝဟာ ဘယ္လိုျဖစ္ၿပီး ခ်မ္းသာေနရာကေန ဘဝပ်က္သြားခဲ့ရတယ္။ အခက္အခဲေတြကို သူဘယ္လိုေက်ာ္ျဖတ္ခဲ့ရတယ္ဆိုတာ ၾကည့္လိုက္ၾကရေအာင္ေနာ္။ 


#ေ႐ႊဇြန္းကိုက္ၿပီးေမြး ေ႐ႊခြက္ႏွင့္ အခ်င္းေဆးခဲ့ရတဲ့ ငယ္ဘဝ


Christian Diorကို  လြန္ခဲ့တဲ့ ႏွစ္ေပါင္း၁၀၀ေက်ာ္ 1905ခုႏွစ္မွာ Ganville ဆိုတဲ့ ျပင္သစ္နိုင္ငံရဲ႕ ကမ္းေျခၿမိဳ႕ေလးမွာ ေမြးဖြားခဲ့ပါတယ္။ သူက အရင္အပတ္က ေရးခဲ့တဲ့ Lousi Vuitton လိုေတာ့ ဆင္းဆင္းရဲရဲ ေမြးဖြားလာတာမဟုတ္ပါဘူး။ Diorတို႔မိသားစုက သိပ္ခ်မ္းသာတယ္။ သူ႕မိသားစုက ေျမဩဇာလုပ္ငန္းလုပ္ကိုင္တာ။

သူ႕အသက္၅ႏွစ္ေလာက္မွာေတာ့ ေတာသူေဌးေတြရဲ႕ထုံးစံအတိုင္း မိသားစုလိုက္ ပါရီ(Paris)ေ႐ႊၿမိဳ႕ေတာ္ႀကီးကို ေျပာင္းေ႐ႊ႕အေျခခ်ၾကပါေလေရာ။


အဲ့ဒီေခတ္က ခ်မ္းသာသူေတြရဲ႕ထုံးစံအတိုင္း သူ႕မိဘေတြက သားသမီးကို နိုင္ငံေရးသမားျဖစ္ေစခ်င္တယ္။ ငါတို႔မွာေငြရွိၿပီးၿပီ ဩဇာအာဏာႏွင့္ ဂုဏ္ပကာသန ရွိဖို႔ပဲ လိုေတာ့တယ္ေပါ့။ ဒါေပမယ့္ Diorက နိုင္ငံေရး ဝါသနာမပါဘူး။ သူက အႏုပညာဝါသနာပါတယ္။ ပန္းခ်ီကားေတြကိုခ်စ္တယ္။ ဒါႏွင့္ပဲ သူ႕အေဖက သူ႕သားေလးစိတ္ခ်မ္းသာဖို႔ ပန္းခ်ီျပခန္းတခုကို ဝယ္ေပးလိုက္ပါေရာ။အရမ္းခ်မ္းသာတာကိုး။ လိုခ်င္သမွ် ေငြႏွင့္ေပါက္ဝယ္လိုက္႐ုံပဲေလ။ 

ဒီလိုႏွင့္ Christian Diorဟာ Art Dealer ျဖစ္လာတယ္။ ျမန္မာလိုဘာသာျပန္ရရင္ေတာ့ ပန္းခ်ီကား ဝယ္ေရာင္းသမားေပါ့ေလ။ ပန္းခ်ီပညာမွာ ဝါသနာပါၿပီး ပန္းခ်ီကားေတြကို သုံးသပ္တာ ကြၽမ္းက်င္ေလေတာ့ အလားအလာေကာင္းတဲ့ကားေတြဝယ္ ေစ်းေကာင္းရရင္ျပန္ေရာင္း အဲ့လိုေပါ့။ ေျပာသာေျပာရတာပါ။ အဲ့ဒါကလည္း သူ႕အတြက္ စီးပြါးျဖစ္အလုပ္တခုေတာ့ မဟုတ္ေနပါဘူး။ Rich Kidတေယာက္ရဲ႕ အပ်င္းေျပ စီးပြါးေရးေလး တခုေပါ့။ ဒါေပမယ့္ Christian Diorက အႏုပညာမွာေတာ့ တကယ္ ပါရမီ ပါတာဗ်။ သူႏွင့္အလုပ္အတူတြဲလုပ္လာတဲ့ထဲမွာ ကမၻာေက်ာ္ ပန္းခ်ီဆရာႀကီး ပီကာဆိုတို႔လို လူေတြေတာင္ပါတယ္။


#သူေဌးသားေလး Dior ဒုကၡေရာက္ရၿပီ။


၁၉၂၉ ကမၻာ့စီးပြါးေရးပ်က္ကပ္ႀကီးမွာေတာ့ Diorရဲ႕ တကယ့္ဘဝအစ ေရာက္ပါၿပီ။

သူ႕အသက္၂၄ႏွစ္မွာေပါ့။

သူ႕အေမႏွင့္ သူ႕အကို ဆုံးသြားတယ္။ သူ႕အေဖရဲ႕ လုပ္ငန္းက အရႈံးေတြေပၚလာၿပီး စီးပြါးပ်က္သြားတယ္။ မုန့္ဖိုးေပးမယ့္သူမရွိေတာ့ သူ႕ပန္းခ်ီျပခန္းေလးလည္း ပိတ္လိုက္ရၿပီေပါ့။

သူ႕ဘဝႀကီးဟာ ေဇာက္ထိုးမိုးေမွ်ာ္ ျဖစ္သြားၿပီးေတာ့ ဘယ္နားကေန ဘယ္လိုျပန္စမွန္းကို မသိေတာ့ဘူး။ ဒါႏွင့္ပဲ သူလည္း လူေတြႏွင့္ေဝးရာ ေက်းလက္ေဒသေလးတခုကိုသြားၿပီး ေခါင္းေအးေအးထား ပုံေတြဟိုျခစ္ျခစ္ေလွ်ာက္ဆြဲၾကည့္ရာကေန ငါဟာ အမ်ိဳးသမီးအဝတ္အစား Designေတြ ဆြဲရတာ ဝါသနာပါေနပါလား ဆိုတာ သေဘာေပါက္သြားတယ္။ 

ဒီအေတြးကေလးဟာ တခ်ိန္ခ်ိန္မွာ ကမၻာ့နံပါတ္၁ ေနရာကို ေရာက္လာေတာ့မယ့္ Dior Fashion Houseႀကီးရဲ႕ အစပထမေပါ့။


#Dior Couture Houseႀကီးရဲ႕ အစ


သူ Parisကို ျပန္လာတယ္။ အျခား နာမည္ႀကီး Fashion Houseေတြမွာ အလုပ္ေတြဝင္လိုက္ေသးတယ္။ သူ႕ရဲ႕ Design ေတြကို Designersေတြကိုေရာင္းတယ္။ Fashion သတင္းစာေတြကို ေရာင္းတယ္။ တရက္မွာေတာ့ အဲ့ဒီေခတ္က The King of Cotton လို႔ ေခၚၾကတဲ့  Marcel Boussac ဆိုတဲ့ သူေဌးႀကီးရဲ႕ ရင္းႏွီးျမဳပ္ႏွံေပးမႈႏွင့္ သူ႕ကိုယ္ပိုင္ Design House ျဖစ္တဲ့ Christian Diorကို တည္ေထာင္လိုက္နိုင္တာေပါ့။


#Diorရဲ႕ New Look Design

တကယ္ကေလ Dior စတင္တည္ေထာင္တဲ့အခ်ိန္မွာ လူေတြအားလုံးက မြဲေနၾကတာ။ ဒုတိယကမၻာစစ္ၿပီးကာစ အခ်ိန္မွာ အစစအရာရာ ရွားပါးေနေတာ့ အားလုံးက ေခြၽတာေရးလမ္းေၾကာင္းေပၚမွာပဲ ရွိေနၾကတယ္။ အဲ့ေတာ့ အဲ့ဒီအခ်ိန္မွာ ေခတ္စားေနတဲ့ Fashionေတြကလည္း ေခြၽတာေရး Fashionေပါ့ကြယ္။ စကတ္ခပ္တိုတို ၊ေဘာင္းဘီခပ္တိုတို ၊ အဝတ္စေတြ မလိုအပ္ပဲ ျဖတ္ညွပ္ကပ္မလုပ္ရေအာင္ ဘာDesignမွမပါတဲ့ ရိုးရိုးရွင္းရွင္းႀကီးေတြပဲ ဝတ္ၾကသတဲ့။


အဲ့ဒီ Fashion Trendကို Diorႀကီးက ေျပာင္းလွန္ခ်လိဳက္ပါေရာလား။ သူမ်ားေတြက အစမကုန္ေအာင္ ခ်ဳပ္ေနၾကတဲ့အခ်ိန္မွာ သူခ်ဳပ္တဲ့ ဝတ္စုံတစုံဟာ ပ်မ္းမွ် အဝတ္စကိုက္၂၀ေလာက္ ကုန္သတဲ့😂 အဲ့ဒီေခတ္ကလူႀကီးေတြကေတာ့ အမေလး ငါေသြးတက္ ေပါ့ေလ။ Facebook မေပၚေသးလို႔ Facebook မွာေပၚေနရင္ တနိုင္ငံလုံး Shareၿပီး ဝိုင္းဆဲၾကမယ့္ဟာမ်ိဳး😅

Dior Fashion Houseက ပထမဆုံး ထြက္လိုက္တဲ့ New Look လို႔ ေခၚတဲ့ Fashionက ဒီလို ။သူ႕ပုံစံက သဲနာရီပုံစံ ။ ဝတ္ထားတဲ့သူကိုၾကည့္လိုက္ရင္ ခါးေလးမွာသိမ္ၿပီးေတာ့ ေအာက္ကိုကားထြက္ၿပီး ေအာက္မွာ ေဖာင္းေဖာင္းကားကားေလး ရွိေနမယ့္ ပုံမ်ိဳး။ အဲ့ဒီအတြက္ အေပၚက Jacketႏွင့္ ေအာက္က ဂါဝန္ကေတာ့ ေဖာင္းေဖာင္းကားကားေလး ရွိေနဖို႔ အတြန့္ေတြအမ်ားႀကီးႏွင့္ အစေတြ အမ်ားႀကီးသုံးၿပီးခ်ဳပ္ရတယ္။

အဲ့အခ်ိန္က ဝိုင္းအဆဲခံရေပမယ့္ အမ်ိဳးသမီးေတြကေတာ့ ႀကိဳက္ၾကတာပါပဲ။ သူက ခါးေလးေသးၿပီး တင္ေလးကားေစမယ့္ အမ်ိဳးသမီးတို႔ အႀကိဳက္ပုံစံကိုး။ အရင္ေခတ္က ခါးေတြေသးေအာင္ အထဲက ခံဝတ္ရတဲ့ Corset (ေကာ့ဆက္) ေတြကို က်န္းမာေရးအတြက္မသင့္ေတာ္လို႔ မသုံးၾကေတာ့တဲ့ေနာက္ပိုင္း ခါးကေလးေသးေနတဲ့ ပုံမ်ိဳးထြက္ေအာင္ ခ်ဳပ္ေပးနိုင္တာ Diorရဲ႕ လက္ရာေတြပဲ ရွိတာေလ။ အဲ့ေတာ့ အထက္တန္းက်တဲ့ ပုံစံ ဝင့္ႂကြားတဲ့ ပုံစံေပါက္ေနတဲ့ Diorရဲ႕ ဝတ္စုံေတြကို မမေတြသိပ္ႀကိဳက္ၾကတယ္။ 

အဲ့ဒီ သူ႕ရဲ႕ New Lookက ဘယ္ေလာက္ထိ ေပါက္သြားသလဲဆို အဲ့ဒီအခ်ိန္က ကမၻာေက်ာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြေတာင္ လာၿပီး ဝယ္ဝတ္ရတဲ့အထိပဲတဲ့။

ဒါ့အျပင္ သူ႕ရဲ႕ အဲ့ဒီ New Lookဂယက္က ေနမဝင္အင္ပါယာႀကီးရဲ႕ နန္းတြင္းထဲအထိပါ ဘယ္လိုရိုက္ခတ္သလဲ ေျပာျပဦးမယ္။  အဂၤလန္ဘုရင္မႀကီး အဲလိဇဘက္ အဲ့ဒီအခ်ိန္တုန္းကေတာ့ ဘုရင္ေျမးေတာ္ေလးေပါ့ သူႏွင့္ သူ႕ညီမ မာဂရက္တို႔က Dior Fashionေတြကို ႀကိဳက္လြန္းလို႔ နန္းတြင္းထဲထိ သီးသန့္လာျပခိုင္းၿပီး ဝယ္ၾကလို႔ ဘုရင္ႀကီးGorge V က သူ႕ေျမးေတြကို တိုင္းသူျပည္သားေတြ ေခြၽတာေနရတဲ့အခ်ိန္မွာ အဲ့လို အဝတ္အထည္ေတြ ျဖဳန္းတီးတဲ့ Diorရဲ႕ New Lookကို မဝတ္ရဘူးလို႔ေတာင္ အမိန့္ထုတ္ခဲ့ရသတဲ့။


#Dior Ready-to-wear စၿပီ။


Diorရဲ႕ Fashionေတြက အရမ္းေအာင္ျမင္ေတာ့ American ကုန္သည္ေတြဟာ ျပင္သစ္ကိုလာၿပီးေတာ့ Diorရဲ႕ Fashion Showပြဲေတြကိုတက္ၾကတယ္။ ၿပီးေတာ့ သူတို႔ႀကိဳက္တဲ့ Designအထည္ေတြကို ဝယ္သြားၿပီးေတာ့ USမွာ အဲ့ပုံစံေတြ ပုံတူခ်ဳပ္ၿပီး ေရာင္းၾကတာတဲ့။ ဒီဖက္ေခတ္စကားႏွင့္ေျပာရရင္ေတာ့ First Copy , Replica ေတြေပါ့ေလ။ အဲ့ဒါကို သိသြားတဲ့ Diorဟာ America ကိုပါသြားၿပီးေတာ့ Ready-to-Wear Fashionလုပ္ငန္းကို တည္ေထာင္ခ်ပလိုက္တယ္။  


အဲ့ဒီမွာလည္း သူအဆဲခံရတာပါပဲ။ ျပင္သစ္က Couture Houseေတြက Ready-to-Wear မထုတ္ဘူးေလ။ Diorအဲ့လိုလုပ္လိုက္တာ အေပါစားဆန္တယ္။ Couture Houseေတြကို သိကၡာက်ေစတယ္ ဆဲၾကျပန္ေရာ။

မည္သို႔ပင္ဆိုေစကာမူ Diorရဲ႕ ထုံးစံအတိုင္း ဘယ္သူမွမလုပ္တာကို ထလုပ္ အျမတ္အစြန္းေတြအရမ္းရၿပီး ထပ္ေအာင္ျမင္သြားျပန္ေရာ။

အဲ့က် အျခား Couture Fashion Houseေတြလည္း Ready-to-wear လိုက္ထုတ္ၾကရတာပါပဲေလ😅


သူဟာ အဝတ္အထည္ေတြတင္မက ေရေမႊးေတြဖက္ပါ ထပ္တိုးခ်ဲ့လာတယ္။ သူ႕ရဲ႕ညီမေလး Catherine Diorဟာ ျပင္သစ္ေတာ္လွန္ေရးမွာ  အဖမ္းခံလိုက္ရၿပီး ေထာင္၂ႏွစ္က်သြားေတာ့ သူ႕ညီမေလးကို ဂုဏ္ျပဳတဲ့အေနႏွင့္ သူညီမေလးနာမည္ႏွင့္ ေရေမႊးေလး ထုတ္လိုက္ပါတယ္။ အဲ့ဒါ အခု အရမ္းနာမည္ႀကီးၿပီး ပ်ိဳေမတို႔အသဲစြဲျဖစ္ေနတဲ့ Miss Dior ေရေမႊးေပါ့။ 


#Diorရဲ႕ ဆက္ခံသူ Designerမ်ား


အရမ္းအရမ္းကို ေအာင္ျမင္ခဲ့တဲ့ Mr. Christian Dior ဟာ အသက္၅၂အ႐ြယ္ မွာပဲ  အပန္းေျဖခရီးထြက္ရင္း ႏွလုံးေရာဂါႏွင့္ ႐ုတ္တရက္ႀကီး ကြယ္လြန္သြားခဲ့ပါတယ္။ 


သူက သူမဆုံးခင္မွာ ႀကိဳေသရမွာကို ႀကိဳသိေနသလိုပဲ အသက္၁၉ႏွစ္အ႐ြယ္ Yves Saint Laurent ဆိုတဲ့ (ေနာင္အခါ YSL brandရဲ႕Founder ျဖစ္လာမည့္) ေကာင္ကေလးကို သူ႕ေနရာဆက္ခံမယ့္ Diorရဲ႕ ေခါင္းေဆာင္ Designerအျဖစ္ ႀကိဳေ႐ြးခ်ယ္ခဲ့ေသးတာပါ။ 

Mr.Diorႀကီး ေသဆုံးၿပီး ေနာက္မွာေတာ့ Yves Saint Laurentက Diorကို ဆက္ေအာင္ျမင္ေအာင္ႀကိဳးစားတယ္။ 

ၿပီးေတာ့ သူ႕ေနာက္မွာ Marc Bohanက ဆက္တာဝန္ယူတယ္။ အဲ့လိုပဲ Creative Director ေတြ အဆင့္ဆင့္ တာဝန္ယူလာၾကတာေပါ့။


#ယခုလက္ရွိ Diorရဲ႕ ပိုင္ရွင္


1987မွာေတာ့ Dior တည္ေထာင္ရာမွာ ေငြေၾကးစိုက္ထုတ္ေပးခဲ့တဲ့ Diorရဲ႕ မိခင္ Company ျဖစ္တဲ့ Boussac Groupဟာ ေဒဝါလီခံလိုက္ရတာမို႔ Diorကို Willot Groupကို ေရာင္းလိုက္ရပါတယ္။ 

(ဒီေနရာမွာ တခုေလာက္ရွင္းျပခ်င္တာက Mr.Christian Diorက ပါရမီ ပါေပမယ့္ သူ႕ကိုယ္ပိုင္ Brand Diorကို တည္ေထာင္တဲ့အခါမွာ သူ႕မွာ ပိုက္ဆံမရွိပါဘူး။ ဒါေၾကာင့္ Boussac Groupက အရင္းအႏွီး စိုက္ထုတ္ေပးထားရတာမို႔ Boussac Groupက ပိုင္တာပါခမ်ာ။)


ၿပီးေတာ့ Diorကို Willot Group ကေန ျပင္သစ္သူေဌး Bernard Arnault ထပ္ဝယ္တယ္။ အခုကေတာ့ Diorဟာ LVႏွင့္အတူတူ LVMH Groupရဲ႕လက္ေအာက္မွာ ရွိေနပါတယ္။


ပိုင္ရွင္ကေတာ့ ထုံးစံအတိုင္း ကမၻာ့နံပါတ္၄ အခ်မ္းသာဆုံးသူေဌးႀကီး Bernard Arnaultေပါ့ဗ်ာ။


ဒီေန႕ေျပာသြားတာကေတာ့ နာမည္ေက်ာ္ Luxury Brandျဖစ္တဲ့ Dior အေၾကာင္းပါ။

ေနာက္ေန႕ေတြမွာလည္း အဲ့လို စိတ္ဝင္စားဖြယ္ရာေတြကို တင္ဆက္ေပးသြားဦးမွာမို႔ က်ေနာ့္Pageေလးကို Like & Follow လုပ္ထားေပးၾကပါဦးခင္ဗ်ာ။


က်ေနာ့္ Personal Account ကေတာ့ ဒီမွာပါ။

https://www.facebook.com/profile.php?id=100008222441381


 Instagram သုံးစြဲသူေတြအတြက္က

https://www.instagram.com/itsmekwyp/


Subscribe me on Youtube

https://youtube.com/channel/UCtyCL0FfrRBjBhi53k9OOww

https://www.facebook.com/Kyaw-Wai-Yan-Phyo-2015410015351638/

Monday, February 8, 2021

အမျိုးသားဖက်ရှင် Casual Style အတွက်

 အမျိုးသားဖက်ရှင် Casual Style အတွက် ဘယ်လိုအထာကျအောင် တွဲစပ်နိုင်သလဲ




အမျိုးသားတွေရဲ့ Wardrobe ထဲမှာ အများဆုံးရှိတတ်တဲ့ အဝတ်အစားတွေနဲ့ ဘယ်လို styling လုပ်ရမယ်ဆိုတာ ပြောပြပေးပါမယ်။ Casual Style ပေါ့ပေါ့ပါးပါး ထသွားထလာပုံစံကို ပိုပြီးပြည့်စုံ ဖက်ရှင်ကျသွားအောင် အပေါ်အောက်တွဲနေကျပုံစံကို ဘယ်လိုလေးပြောင်းလဲတွဲကြည့် နိုင်မလဲ၊ ဘာလေးတွေဖြည့်ဖို့လိုမလဲဆိုတဲ့ အိုင်ဒီယာလေးတွေရသွားဖို့ ရည်ရွယ်ပါတယ်။




ခုနောက်ပိုင်း Graphic Tee တွေကို Jeans နဲ့တွဲဝတ်တာ သိပ်မတွေ့ရတော့ပါဘူး။ သူ့ကို Jeans ထက် Ankle Pant တွေ Smart Trouser, Tapered Pant တွေ လွယ်လွယ်ပြောရရင် Style Pant ဒေါက်ပျောက်ဘောင်းဘီမျိုးတွေနဲ့သာ တော်တော်လေးတွဲဝတ်လာကြပါတယ်။ ပြီးရင် ခြေအိတ်ဖော်ပြီး ကိုယ်သဘောကျတဲ့ Sneaker တွေနဲ့ Styling လုပ်မယ်။ ဒါကိုရိုးသေးတယ်ထင်ရင်တော့ Belt Chain တွေတပ်ပြီး Beanie တွေဆောင်းပါ။ Bucket ဦးထုပ်တွေဘာတွေနဲ့လည်း အဆင်ပြေပါတယ်။



Button Down Shirt တွေကို သဘောကျတဲ့သူတွေ Printed Shirt တွေကိုဝတ်ရတာနှစ်ခြိုက်တဲ့သူတွေအတွက် သူ့ကိုဆန်းသွားအောင် Smart Tapered Pant တွေ၊ Style Pant ဒေါက်ပျောက်တွေနဲ့တွဲဝတ်နိုင်ပါတယ်။ အရှည်ကိုတော့ Full Length ဖြစ်ဖြစ် Crop လုပ်ထားတာ ဖြစ်ဖြစ် ကိုယ်သဘောကျတာကို ရွေးပါ။ Shirt ကို တစ်ထပ်တည်းဝတ်ပြီး အင်္ကျီကို ဘောင်းဘီထဲ Tuck in လုပ် ခါးပတ်ပတ်ကာ styling လုပ် နိုင်သလို အပေါ်တစ်ထပ်အနေနဲ့လည်း Layered Fashion မျိုးဝတ်ချလို့ရပါသေးတယ်။ ချိန်းကြိုးဘာညာကတော့ ဝါသနာပါရင် ဆင်မြန်းလိုက်ရုံပါပဲ။



ထသွားထလာလောက်ပဲမို့ ဘောင်းဘီတိုလေးပဲ ဝတ်ထားတယ်ဆိုရင် ဒါမှမဟုတ် ကိုယ်တိုင်က ဘောင်းဘီတိုတွေဝတ်ရတာကြိုက်တယ် ဆိုရင် သူ့ကို Oversized Tee တွေ၊ Sweatshirt တွေ၊ Pullover တွေနဲ့ ဝတ်လို့ရပါတယ်။ Layered Fashion သဘောကျရင်တော့ T shirt အပေါ်မှာ ရှပ်အင်္ကျီကောက်ထပ်ပြီးတော့ဖြစ်ဖြစ် ဒါမှမဟုတ် Tshirt ပေါ် Hoodie အလွယ်တကူကောက်စွတ်ပြီးတော့ဖြစ်ဖြစ် သွားလိုက်ရုံပါပဲ။ ဘောင်းဘီတိုနဲ့ဆိုတော့ Sneaker အထဲက ခြေအိတ်လေးဖော်စီးရင် အတော်လေးမိုက်ပါတယ်။



ကိုယ့်ဆီမှာ Oversized Tee ပြောင်ကာလာတွေရှိတယ်ဆိုရင် သူ့ကိုရိုးရိုးလေးနဲ့ အထာကျအောင် အောက်ကနေ Ankle Pant တွေ Suit Pant တွေနဲ့တွဲဝတ်နိုင်ပါတယ်။ Jeans ဆိုရင်လည်း Skinny Jeans ထက်စာရင် Loose ဖြစ်တဲ့ Straight Leg Jeans တွေ၊ Smart Trouser တွေက ပိုအဆင်ပြေပါတယ်။ အပေါ်ရော အောက်ရော Plain Colour တွေမို့ရိုးတယ်လို့ခံစားရရင်တော့ ဒါကို ပိုထူးခြားအောင် ဘောင်းဘီ အောက်အနားတစ်ခေါက်လောက်ခေါက်ပြီး ခြေအိတ်ပေါ်အောင်ဝတ်ပါ။ Sneaker ကိုတော့ ကိုယ်သဘောကျတဲ့ Sneaker မျိုးရွေးနိုင်သလို Slip On Sneaker တွေ ဒါမှမဟုတ် Slide ကွင်းထိုးဖိနပ်တွေနဲ့လည်း ဆင်မြန်းလို့ရပါတယ်။



Cardigan တွေ၊ Sweater တွေဝတ်ရတာသဘောကျတယ်ဆိုရင်လည်း သူ့ကိုအောက်က Plain Shirt ခပ်ပွပွနဲ့တွဲဝတ်လို့ရပါတယ်။ သည်လို အတွဲအစပ်မျိုးအတွက်ကတော့ အရမ်းကြပ်တဲ့ jeans တွေထက်စာရင် Relaxed Pants တွေနဲ့ပိုလိုက်ပါတယ်။ ကိုယ်ဝတ်မယ့် Cardigan တွေ Sweater တွေက အညိုတွေ အနက်တွေဆိုရင်တော့ ဘောင်းဘီကို ကာကီရောင်၊ အသားရောင် ဒါမှမဟုတ် အညိုအနုလေးတွေပိုရွေး စေချင်ပါတယ်။ သည် Outfit မျိုးက Sneaker တွေနဲ့သာမက Slip on Loaferတွေ Boot တွေနဲ့လည်းလိုက်ပါတယ်။



ယောက်ျားလေးတွေအတော်များများက ကာလာဆန်းတာမျိုးတွေ အပေါ်အောက် သိပ်မဝတ်ကြပါဘူး။ ဒါကြောင့် တစ်ခါတစ်လေတော့ အပြောင်းအလဲဖြစ်အောင် Block Colour လေးတွေ အပေါ်အောက်တွဲဝတ်ဖို့ တိုက်တွန်းချင်ပါတယ်။ မျက်စိရှုပ်တယ်လို့ထင်ရပေမယ့် ကာလာတွဲစပ်မှုနဲ့တင် ထူးခြားနေမှာကတော့ သေချာလို့ပါပဲ။



ယောက်ျားလေးတိုင်းမှာ ရှပ်အင်္ကျီအကွက်တွေ၊ ဆွယ်တာအကွက်တွေ ဒါမှမဟုတ် Flannel ရှပ်အကွက်တွေ ရှိတတ်ကြပါတယ်။ သူတို့ကို တစ်ထပ်တည်း ဒါမှမဟုတ် အောက်ကနေ Graphic Tee တွေ၊ T Shirt ပြောင်လေးတွေ တစ်ထပ်ခံပြီးတော့လည်း ဝတ်နိုင်ပါသေးတယ်။ ခရီးသွားဘာညာအတွက်ဆိုရင် T Shirt နေရာမှာ Hoodie အစားထိုးပြီး Flannel ထပ်ဝတ်ကြည့်ပါ။ ဘောင်းဘီကတော့ Slim Fit Cutting ကနေ Baggy ဖြစ်တာမျိုးထိ သဘောကျရင်တွဲဝတ်ကြည့်ပါ။



အဝတ်အစားအတွက် အားထုတ်ဝတ်ဆင်လာတဲ့ပုံ မပေါက်ချင်ဘူးဆိုရင်တော့ Oversized Hoodie တွေ Sweatshirt တွေ၊ Polo Shirt စတာ တွေကို အောက်ကနေ Loose ဖြစ်တဲ့ Jeans မျိုး ဒါမှမဟုတ် Jogger pant တွေနဲ့ တွဲဝတ်လိုက်ရုံပါပဲ။ အင်္ကျီနဲ့ဘောင်းဘီတွဲစပ်မှုက ရိုးတယ် ထင်ရင် ဖိနပ်ကိုသာ သေချာဦးစားပေးရွေးလိုက်ပါ။


80/90 ပြည့်နှစ်တွေကလို ဝတ်ချင်တဲ့သူတွေ Retro Vibe ရချင်တဲ့သူတွေအတွက်ကတော့ Printed Shirt တွေ၊ Sweatshirt တွေ၊ Vintage Colour Block Jacket တွေရှိရင် အဆင်ပြေပါပြီ။ သူ့ကို Smart Trouser တွေ ဒါမှမဟုတ် Ankle Pant, Suit Pant တွေနဲ့ တွဲဝတ်ပစ်နိုင် သလို Loose Casual Straight Leg Pant တွေနဲ့လည်း ဆင်မြန်းနိုင်ပါတယ်။ ဖိနပ်ကိုတော့ Sneaker, Shoe စတာတွေနဲ့ အဆင်ပြေသလို တွဲဝတ်ပါ။



ဘယ်သူတွေဘာပြောပြော Jeans ပဲအမြဲဝတ်တယ်ဆိုတဲ့သူတွေအတွက် Jeans Jacket ကို အောက်ကအင်္ကျီအစင်းနဲ့တွဲဝတ်ပြီး Smart Trouser လေးတွေနဲ့လည်း စမ်းဝတ်ကြည့်ပါ။ Denim on Denim ဝတ်မယ်ဆိုရင်လည်း Layered Fashion လေးထူးခြားနေအောင် Jean Jacket တွေ၊ Jean Shirt တွေအောက်မှာခံမယ့် အင်္ကျီလေးကို လိုက်ဖက်အောင်ရွေးဖို့တိုက်တွန်းချင်ပါတယ်။ သူ့ကိုလည်း Sneaker ကနေ Dr.Martin လို Boot တွေထိ လိုက်ဖက်တဲ့ဖိနပ်မျိုး တွဲဝတ်ပါ။



၂၀၁၉ အစကတည်းက အရမ်းကိုခေတ်စားလာခဲ့တဲ့ Plaid Pant, Plaid Joggers တွေဟာ သူ့တစ်ထည်တည်းနဲ့တင် Statement တော် တော်လေးဖြစ်တာ သတိထားမိပါတယ်။ သူ့ကို Graphic Tee တွေ၊ Oversized Hoodie တွေ၊ Sweatshirt စတာတွေနဲ့ အဆင်ပြေသလိုသာ တွဲလိုက်ပါ။ ဒါကိုမှ အခြား accessory တွေထပ်ဖြည့်လိုက်ရင်တော့ တော်တော်လေးအထာကျသွားပြီပေါ့။



ခေတ်အဆက်ဆက် Layered Fashion တွေထဲ မေ့ထားလို့မရတဲ့ အတွဲအစပ်ကိုပြပါဆိုရင် လက်ရှည်အင်္ကျီပေါ်လက်တိုထပ်ဝတ်ပြီး Styling လုပ်တာမျိုးလို့ဆိုရပါလိမ့်မယ်။ ခုနောက်ပိုင်း EBoy Outfit တွေအနေနဲ့ တစ်ခေတ်ထလာတယ်ထင်ရပေမယ့် တကယ်တော့ သူက ဘယ်တုန်းကမှ မှေးမှိန်မသွားတဲ့ အတွဲအစပ်မျိုးပါ။ တော်တော်များများက အစင်းလက်ရှည်၊ လက်တို စတာတွေနဲ့ အခြားသော Tee တွေ ထပ်ဝတ်တတ်ကြပေမယ့် အစင်းတွေမရှိလည်း ပြောင်အဖြူ၊ အနက်စတာတွေနဲ့ အိုကေပါတယ်။ သူနဲ့ဆို ဘောင်းဘီအတွက် ကိုယ်သဘောကျတဲ့ Jeans တွေနဲ့ တွဲဝတ်နိုင်သလို Jogger Pants တွေ Sweat Pant တွေနဲ့လည်း တွဲလို့ရတယ်နော်။



ကိုယ့်ရဲ့အဝတ်ဘီရိုထဲ မရှိမဖြစ် ဘောင်းဘီအမျိုးအစားတွေအနေနဲ့ Smart Trouser တွေ၊ Ankle Pant, Style Pant ဒေါက်ပျောက်တွေ၊ Plaid Jogger Pant တွေ၊ Sweat Pant တွေအပြင် Loose ဖြစ်တဲ့ Straight Leg Pant တွေ၊ Sweat Pant တွေရှိသင့်ပါတယ်။ ဒါတွေအကုန် ရှိရမယ်မဟုတ်ပေမယ့် အနည်းဆုံး ၃မျိုးလောက်ရှိမယ်ဆိုရင် Styling လုပ်ရတာပိုအဆင်ပြေပါလိမ့်မယ်။




Accessories အနေနဲ့က ချဲ့ရင်ချဲ့သလောက်ရပေမယ့် နေကာမျက်မှန်၊ ဦးထုပ်၊ Fannypack bag၊ ခြေအိတ် စတာတွေက အရေးကြီးလိုအပ် သလို Belt Chain တွေ၊ ဆွဲကြိုး ဘာညာတွေကလည်း ရှိထားရင်ကောင်းပါတယ်ရှင်။

ရေးသားသူ - မေသော် (I am Fashion)

(Zawgyi) 

အမ်ိဳးသားဖက္ရွင္ Casual Style အတြက္ ဘယ္လိုအထာက်ေအာင္ တြဲစပ္ႏိုင္သလဲ




အမ်ိဳးသားေတြရဲ႕ Wardrobe ထဲမွာ အမ်ားဆံုးရွိတတ္တဲ့ အ၀တ္အစားေတြနဲ႔ ဘယ္လို styling လုပ္ရမယ္ဆိုတာ ေျပာျပေပးပါမယ္။ Casual Style ေပါ့ေပါ့ပါးပါး ထသြားထလာပံုစံကို ပိုျပီးျပည့္စံု ဖက္ရွင္က်သြားေအာင္ အေပၚေအာက္တြဲေနက်ပံုစံကို ဘယ္လိုေလးေျပာင္းလဲတြဲၾကည့္ ႏိုင္မလဲ၊ ဘာေလးေတြျဖည့္ဖို႔လိုမလဲဆိုတဲ့ အိုင္ဒီယာေလးေတြရသြားဖို႔ ရည္ရြယ္ပါတယ္။

ခုေနာက္ပိုင္း Graphic Tee ေတြကို Jeans နဲ႔တြဲ၀တ္တာ သိပ္မေတြ႕ရေတာ့ပါဘူး။ သူ႕ကို Jeans ထက္ Ankle Pant ေတြ Smart Trouser, Tapered Pant ေတြ လြယ္လြယ္ေျပာရရင္ Style Pant ေဒါက္ေပ်ာက္ေဘာင္းဘီမ်ိဳးေတြနဲ႔သာ ေတာ္ေတာ္ေလးတြဲ၀တ္လာၾကပါတယ္။ ျပီးရင္ ေျခအိတ္ေဖာ္ျပီး ကိုယ္သေဘာက်တဲ့ Sneaker ေတြနဲ႔ Styling လုပ္မယ္။ ဒါကိုရိုးေသးတယ္ထင္ရင္ေတာ့ Belt Chain ေတြတပ္ျပီး Beanie ေတြေဆာင္းပါ။ Bucket ဦးထုပ္ေတြဘာေတြနဲ႔လည္း အဆင္ေျပပါတယ္။

Button Down Shirt ေတြကို သေဘာက်တဲ့သူေတြ Printed Shirt ေတြကို၀တ္ရတာႏွစ္ျခိဳက္တဲ့သူေတြအတြက္ သူ႕ကိုဆန္းသြားေအာင္ Smart Tapered Pant ေတြ၊ Style Pant ေဒါက္ေပ်ာက္ေတြနဲ႔တြဲ၀တ္ႏိုင္ပါတယ္။ အရွည္ကိုေတာ့ Full Length ျဖစ္ျဖစ္ Crop လုပ္ထားတာ ျဖစ္ျဖစ္ ကိုယ္သေဘာက်တာကို ေရြးပါ။ Shirt ကို တစ္ထပ္တည္း၀တ္ျပီး အက်ႌကို ေဘာင္းဘီထဲ Tuck in လုပ္ ခါးပတ္ပတ္ကာ styling လုပ္ ႏိုင္သလို အေပၚတစ္ထပ္အေနနဲ႔လည္း Layered Fashion မ်ိဳး၀တ္ခ်လို႔ရပါေသးတယ္။ ခ်ိန္းၾကိဳးဘာညာကေတာ့ ၀ါသနာပါရင္ ဆင္ျမန္းလိုက္ရံုပါပဲ။

ထသြားထလာေလာက္ပဲမို႔ ေဘာင္းဘီတိုေလးပဲ ၀တ္ထားတယ္ဆိုရင္ ဒါမွမဟုတ္ ကိုယ္တိုင္က ေဘာင္းဘီတိုေတြ၀တ္ရတာၾကိဳက္တယ္ ဆိုရင္ သူ႕ကို Oversized Tee ေတြ၊ Sweatshirt ေတြ၊ Pullover ေတြနဲ႔ ၀တ္လို႔ရပါတယ္။ Layered Fashion သေဘာက်ရင္ေတာ့ T shirt အေပၚမွာ ရွပ္အက်ႌေကာက္ထပ္ျပီးေတာ့ျဖစ္ျဖစ္ ဒါမွမဟုတ္ Tshirt ေပၚ Hoodie အလြယ္တကူေကာက္စြတ္ျပီးေတာ့ျဖစ္ျဖစ္ သြားလိုက္ရံုပါပဲ။ ေဘာင္းဘီတိုနဲ႔ဆိုေတာ့ Sneaker အထဲက ေျခအိတ္ေလးေဖာ္စီးရင္ အေတာ္ေလးမိုက္ပါတယ္။

ကိုယ့္ဆီမွာ Oversized Tee ေျပာင္ကာလာေတြရွိတယ္ဆိုရင္ သူ႕ကိုရိုးရိုးေလးနဲ႔ အထာက်ေအာင္ ေအာက္ကေန Ankle Pant ေတြ Suit Pant ေတြနဲ႔တြဲ၀တ္ႏိုင္ပါတယ္။ Jeans ဆိုရင္လည္း Skinny Jeans ထက္္စာရင္ Loose ျဖစ္တဲ့ Straight Leg Jeans ေတြ၊ Smart Trouser ေတြက ပိုအဆင္ေျပပါတယ္။ အေပၚေရာ ေအာက္ေရာ Plain Colour ေတြမို႔ရိုးတယ္လို႔ခံစားရရင္ေတာ့ ဒါကို ပိုထူးျခားေအာင္ ေဘာင္းဘီ ေအာက္အနားတစ္ေခါက္ေလာက္ေခါက္ျပီး ေျခအိတ္ေပၚေအာင္၀တ္ပါ။ Sneaker ကိုေတာ့ ကိုယ္သေဘာက်တဲ့ Sneaker မ်ိဳးေရြးႏိုင္သလို Slip On Sneaker ေတြ ဒါမွမဟုတ္ Slide ကြင္းထိုးဖိနပ္ေတြနဲ႔လည္း ဆင္ျမန္းလို႔ရပါတယ္။

Cardigan ေတြ၊ Sweater ေတြ၀တ္ရတာသေဘာက်တယ္ဆိုရင္လည္း သူ႕ကိုေအာက္က Plain Shirt ခပ္ပြပြနဲ႔တြဲ၀တ္လို႔ရပါတယ္။ သည္လို အတြဲအစပ္မ်ိဳးအတြက္ကေတာ့ အရမ္းၾကပ္တဲ့ jeans ေတြထက္စာရင္ Relaxed Pants ေတြနဲ႔ပိုလိုက္ပါတယ္။ ကိုယ္၀တ္မယ့္ Cardigan ေတြ Sweater ေတြက အညိဳေတြ အနက္ေတြဆိုရင္ေတာ့ ေဘာင္းဘီကို ကာကီေရာင္၊ အသားေရာင္ ဒါမွမဟုတ္ အညိဳအနုေလးေတြပိုေရြး ေစခ်င္ပါတယ္။ သည္ Outfit မ်ိဳးက Sneaker ေတြနဲ႔သာမက Slip on Loaferေတြ Boot ေတြနဲ႔လည္းလိုက္ပါတယ္။

ေယာက္်ားေလးေတြအေတာ္မ်ားမ်ားက ကာလာဆန္းတာမ်ိဳးေတြ အေပၚေအာက္ သိပ္မ၀တ္ၾကပါဘူး။ ဒါေၾကာင့္ တစ္ခါတစ္ေလေတာ့ အေျပာင္းအလဲျဖစ္ေအာင္ Block Colour ေလးေတြ အေပၚေအာက္တြဲ၀တ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။ မ်က္စိရႈပ္တယ္လို႔ထင္ရေပမယ့္ ကာလာတြဲစပ္မႈနဲ႔တင္ ထူးျခားေနမွာကေတာ့ ေသခ်ာလို႕ပါပဲ။

ေယာက္်ားေလးတိုင္းမွာ ရွပ္အက်ႌအကြက္ေတြ၊ ဆြယ္တာအကြက္ေတြ ဒါမွမဟုတ္ Flannel ရွပ္အကြက္ေတြ ရွိတတ္ၾကပါတယ္။ သူတို႔ကို တစ္ထပ္တည္း ဒါမွမဟုတ္ ေအာက္ကေန Graphic Tee ေတြ၊ T Shirt ေျပာင္ေလးေတြ တစ္ထပ္ခံျပီးေတာ့လည္း ၀တ္ႏိုင္ပါေသးတယ္။ ခရီးသြားဘာညာအတြက္ဆိုရင္ T Shirt ေနရာမွာ Hoodie အစားထိုးျပီး Flannel ထပ္၀တ္ၾကည့္ပါ။ ေဘာင္းဘီကေတာ့ Slim Fit Cutting ကေန Baggy ျဖစ္တာမ်ိဳးထိ သေဘာက်ရင္တြဲ၀တ္ၾကည့္ပါ။

အ၀တ္အစားအတြက္ အားထုတ္၀တ္ဆင္လာတဲ့ပံု မေပါက္ခ်င္ဘူးဆိုရင္ေတာ့ Oversized Hoodie ေတြ Sweatshirt ေတြ၊ Polo Shirt စတာ ေတြကို ေအာက္ကေန Loose ျဖစ္တဲ့ Jeans မ်ိဳး ဒါမွမဟုတ္ Jogger pant ေတြနဲ႔ တြဲ၀တ္လိုက္ရံုပါပဲ။ အက်ႌနဲ႔ေဘာင္းဘီတြဲစပ္မႈက ရိုးတယ္ ထင္ရင္ ဖိနပ္ကိုသာ ေသခ်ာဦးစားေပးေရြးလိုက္ပါ။

80/90 ျပည့္ႏွစ္ေတြကလို ၀တ္ခ်င္တဲ့သူေတြ Retro Vibe ရခ်င္တဲ့သူေတြအတြက္ကေတာ့ Printed Shirt ေတြ၊ Sweatshirt ေတြ၊ Vintage Colour Block Jacket ေတြရွိရင္ အဆင္ေျပပါျပီ။ သူ႕ကို Smart Trouser ေတြ ဒါမွမဟုတ္ Ankle Pant, Suit Pant ေတြနဲ႔ တြဲ၀တ္ပစ္ႏိုင္ သလို Loose Casual Straight Leg Pant ေတြနဲ႔လည္း ဆင္ျမန္းႏိုင္ပါတယ္။ ဖိနပ္ကိုေတာ့ Sneaker, Shoe စတာေတြနဲ႔ အဆင္ေျပသလို တြဲ၀တ္ပါ။

ဘယ္သူေတြဘာေျပာေျပာ Jeans ပဲအျမဲ၀တ္တယ္ဆိုတဲ့သူေတြအတြက္ Jeans Jacket ကို ေအာက္ကအက်ႌအစင္းနဲ႔တြဲ၀တ္ျပီး Smart Trouser ေလးေတြနဲ႔လည္း စမ္း၀တ္ၾကည့္ပါ။ Denim on Denim ၀တ္မယ္ဆိုရင္လည္း Layered Fashion ေလးထူးျခားေနေအာင္ Jean Jacket ေတြ၊ Jean Shirt ေတြေအာက္မွာခံမယ့္ အက်ႌေလးကို လိုက္ဖက္ေအာင္ေရြးဖို႔တိုက္တြန္းခ်င္ပါတယ္။ သူ႕ကိုလည္း Sneaker ကေန Dr.Martin လို Boot ေတြထိ လိုက္ဖက္တဲ့ဖိနပ္မ်ိဳး တြဲ၀တ္ပါ။

၂၀၁၉ အစကတည္းက အရမ္းကိုေခတ္စားလာခဲ့တဲ့ Plaid Pant, Plaid Joggers ေတြဟာ သူ႕တစ္ထည္တည္းနဲ႔တင္ Statement ေတာ္ ေတာ္ေလးျဖစ္တာ သတိထားမိပါတယ္။ သူ႕ကို Graphic Tee ေတြ၊ Oversized Hoodie ေတြ၊ Sweatshirt စတာေတြနဲ႔ အဆင္ေျပသလိုသာ တြဲလိုက္ပါ။ ဒါကိုမွ အျခား accessory ေတြထပ္ျဖည့္လိုက္ရင္ေတာ့ ေတာ္ေတာ္ေလးအထာက်သြားျပီေပါ့။

ေခတ္အဆက္ဆက္ Layered Fashion ေတြထဲ ေမ့ထားလို႔မရတဲ့ အတြဲအစပ္ကိုျပပါဆိုရင္ လက္ရွည္အက်ႌေပၚလက္တိုထပ္၀တ္ျပီး Styling လုပ္တာမ်ိဳးလို႔ဆိုရပါလိမ့္မယ္။ ခုေနာက္ပိုင္း EBoy Outfit ေတြအေနနဲ႔ တစ္ေခတ္ထလာတယ္ထင္ရေပမယ့္ တကယ္ေတာ့ သူက ဘယ္တုန္းကမွ ေမွးမွိန္မသြားတဲ့ အတြဲအစပ္မ်ိဳးပါ။ ေတာ္ေတာ္မ်ားမ်ားက အစင္းလက္ရွည္၊ လက္တို စတာေတြနဲ႔ အျခားေသာ Tee ေတြ ထပ္၀တ္တတ္ၾကေပမယ့္ အစင္းေတြမရွိလည္း ေျပာင္အျဖဴ၊ အနက္စတာေတြနဲ႔ အိုေကပါတယ္။ သူနဲ႔ဆို ေဘာင္းဘီအတြက္ ကိုယ္သေဘာက်တဲ့ Jeans ေတြနဲ႔ တြဲ၀တ္ႏိုင္သလို Jogger Pants ေတြ Sweat Pant ေတြနဲ႔လည္း တြဲလို႔ရတယ္ေနာ္။

ကိုယ့္ရဲ႕အ၀တ္ဘီရိုထဲ မရွိမျဖစ္ ေဘာင္းဘီအမ်ိဳးအစားေတြအေနနဲ႔ Smart Trouser ေတြ၊ Ankle Pant, Style Pant ေဒါက္ေပ်ာက္ေတြ၊ Plaid Jogger Pant ေတြ၊ Sweat Pant ေတြအျပင္ Loose ျဖစ္တဲ့ Straight Leg Pant ေတြ၊ Sweat Pant ေတြရွိသင့္ပါတယ္။ ဒါေတြအကုန္ ရွိရမယ္မဟုတ္ေပမယ့္ အနည္းဆံုး ၃မ်ိဳးေလာက္ရွိမယ္ဆိုရင္ Styling လုပ္ရတာပိုအဆင္ေျပပါလိမ့္မယ္။

Accessories အေနနဲ႔က ခ်ဲ႕ရင္ခ်ဲ႕သေလာက္ရေပမယ့္ ေနကာမ်က္မွန္၊ ဦးထုပ္၊ Fannypack bag၊ ေျခအိတ္ စတာေတြက အေရးၾကီးလိုအပ္ သလို Belt Chain ေတြ၊ ဆြဲၾကိဳး ဘာညာေတြကလည္း ရွိထားရင္ေကာင္းပါတယ္ရွင္။



ေရးသားသူ - ေမေသာ္ (I am Fashion)

Wednesday, December 30, 2020

အမျိုးသားတွေကြား ရေပန်းစားလာတဲ့ Modern Classic ဖက်ရှင်

အမျိုးသားတွေကြား ရေပန်းစားလာတဲ့ Modern Classic ဖက်ရှင်




အားလုံးသိတဲ့အတိုင်း Classic ဖက်ရှင်ဆိုတာ ရာသီတွေဘယ်လိုပြောင်းပြောင်း နှစ်တွေ ဘယ်လောက်ကြာကြာ ဘယ်တော့မှရိုးသွားတယ်မရှိ တဲ့ စတိုင်လ်တစ်ခုဖြစ်ပြီး လူငယ် လူကြီးမရွေးလက်ခံတဲ့ စတိုင်လ်တစ်ခုဆိုရင်လည်းမမှားပါဘူး။


Classic ဖက်ရှင်လို့ပြောလိုက်ရင် ရှေ့ကြယ်သီးတပ်ရှပ်တွေ၊ Chino ဘောင်းဘီတွေ၊ Cardigan တွေ၊ Blazer တွေ၊ Leather biker jacket တွေ၊ Cotton Sweater Black Dress စတာတွေ အားလုံးတန်းပြီး သတိရကြမှာအမှန်ပါ။ ဒါတွေဟာ တစ်နှစ်ပြီးတစ်နှစ် ဆက်တိုက်ကို ခေတ်စားနေတာမို့ လူငယ်တွေဟာ ဒီ Classic Fashion ဆိုတာနဲ့ ဘာကြီးလဲ၊ ဒါက နည်းနည်းဘတ်မှဝတ်ရတာလို့ ထင်မြင်နေကြရာကနေ အခုအခါမှာတော့ Modern Classic Fashion ကိုတော်တော်လေး စိတ်ဝင်တစားရှိလာကြပါပြီ။


သူ့ကိုအရင်က ထူးခြားတဲ့အခမ်းအနား၊ ပွဲတက်၊ ပါတီ စတဲ့နေရာမျိုးတွေအတွက်သာ သီးသန့်ဝတ်ဆင်ခဲ့ကြပေမယ့် ခုတော့ ထသွားထလာ၊ ဒိတ်တင်ဘာညာတောင် ဒီလိုဝတ်တာမျိုးတွေ့လာရပါပြီ။


ဒါဆို Modern Classic Fashion Style အတွက် ဘယ်လိုတွေ တွဲဝတ်ရမယ်ဆိုတာေြပြောပြပါမယ်။




ကိုယ့်ဆီမှာ တီရှပ်ပြောင်တွေရှိတယ်ဆိုရင် သူတို့ကို Chinos pants၊ Pleated Trouser ၊ Corduroy Trouser ၊ Cropped Pant စတာတွေနဲ့ တွဲဝတ်နိုင်သလို Black Jeans တွေနဲ့လည်း တွဲဝတ်နိုင်ပါတယ်။ ဒါကိုမှ sneaker တွေ၊ running shoe, Boot စသဖြင့် ကိုယ်သဘောကျတဲ့ ဖိနပ်နဲ့ ဆင်မြန်းလိုက်တာကလည်း Modern Classic Fashion Style တစ်ခုပါပဲ။



လူတစ်ယောက်ရဲ့ ဖက်ရှင်စတိုင်လ်ကို Classic Fashion Style မှန်ကြည့်လိုက်တာနဲ့ တန်းသိသွားစေတဲ့ signature ကတော့ wool cardigan တွေပါ။ သူကအပေါ်ထပ်တွေထဲမှာဆိုရင် ခုနောက်ပိုင်းကာလမှ လူငယ်တွေ မျက်စိကျလာခဲ့တဲ့အရာပါ။ သူ့ကိုဆို တီရှပ်တွေ၊ ရှပ်အင်္ကျီတွေနဲ့ Layer သဘောဝတ်နိုင်သလို ဘောင်းဘီဆိုရင်တော့ Style Pant, Cropped Trouser, Pleated Trouser တွေကစပြီး Loose ဖြစ်တဲ့ Jeans ၊ Slim Fit Jeans တွေထိပါ တွဲဝတ်နိုင်ပါတယ်။




Trutleneck လို လည်ပင်းအမြင့်ဆွယ်တာတွေ သဘောကျတယ်ဆိုရင်တော့ သူ့ကို Jeans နဲ့တွဲပြီးဝတ်တာကနေ Chinos ဘောင်းဘီတွေထိ ကိုယ့်စိတ်ကြိုက်တွဲစပ်ဝတ်ဆင်လိုက်ရုံပါပဲ။သည်လိုဝတ်မယ်ဆိုရင်တော့ ဖိနပ်ကို sneaker တွေဘာတွေထက်စာရင် Leather shoe တွေ၊ ankle boot တွေ ဒါမှမဟုတ် loafersေတွေကိုပိုရွေးသင့်ပါတယ်။




Classic Fashion ဆိုရှေ့ကြယ်သီးတပ်ရှပ်တွေကိုအမြဲဦးစားပေးရွေးချယ်ခဲ့ကြသလို အရောင်ဆို အဖြူကမရှိမဖြစ်ပါ။ ဒါပေမယ့် ခုနောက်ပိုင်းတော့ ရှပ်ကိုမှ အပြာနု၊ ပန်းရောင်၊ အညိုထိရွေးချယ်လာကြပါပြီ။




Classic Fashion မှာအရေးပါတဲ့ Suit တွေဝတ်ရာမှာ ပျင်းစရာကောင်းတယ်လို့ ခံစားမိသူတွေအတွက် အရင်လို Suit ဒီဇိုင်းမျိုးတွေမဟုတ်တော့ဘဲ Oversized Suit တွေကိုရွေးချယ်နိုင်ပါပြီ။ အပေါ်ကလည်းအပွ၊ ဘောင်းဘီကလည်းအပွပါပဲ။ ဒီလို outfit မျိုးအတွက် Leather  Shoe တွေကနေ Sneaker, Running Shoeေတွေထိတွဲပြီးဆင်မြန်းနိုင်ပါတယ်။




ကိုယ့်ဆီမှာရှိနေပြီးသား ပြောင် Sweatshirt, Hoodie တွေနဲ့လည်း Chinos Pant တွေ၊ Style Pant စတာတွေနဲ့တွဲဝတ်ပြီး Modern Classic Look ဖန်တီးနိုင်ပါတယ်။ သည်လိုအတွဲအစပ်အတွက်ဆိုရင်တော့ sneaker ဖိနပ်အဖြူလေးတွေကေရွေးချယ်ဖို့အသင့်တော်ဆုံးပါ။




သည်နိုင်ငံမှာဝတ်တာအတွေ့ရနည်းတဲ့ Long Coat တွေကိုလည်း Classic Fashion အတွဲအစပ်ထဲထည့်ရမှာပါပဲ။ သူ့ကိုဆိုပြောင်ကာလာကနေ အကွက်တွေထိ ရွေးချယ်ဆင်မြန်းခဲ့ကြပြီး တီရှပ်၊ turtle neck sweater ၊ ရိုးရိုး sweater တွေပေါ်မှာလည်း အလွယ်တကူ အထာကျကျ ထပ်ဝတ်နိုင်လို့ပါ။ Modern Classic အနေနဲ့ Hoodie တွေပေါ်မှာထပ်ဝတ်ဆင်မြန်းလာကြသလို Cropped Trouser, Checkered Pant, Chinos pantေတွေနဲ့တွဲဝတ်လည်းမိုက်ပါတယ်။




Leather Jacket တွေထဲ Biker Jacket တွေ၊ Shirt Jacket တွေဟာ Classic Fashion ရဲ့မပါမဖြစ် item တစ်ခုပါ။ Leather Jacket ကိုတော့ ရှပ်အဖြူနဲ့ တွဲဝတ်လေ့ရှိသလို တီရှပ်အဖြူ ဒါမှမဟုတ် အနက်ရောင်တွေနဲ့လည်းတွဲပြီး ဆင်မြန်းနိုင်ပါတယ်။ Modern Classic Fashion ဘက်ရောက်ချင်ရင်တော့ Leather Jacket အတွဲအစပ်ကို Jeans အစား Style Pant တွေနဲ့ပါ တွဲဝတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ Shirt Jacket အတွက်ကတော့ ကြိုက်တဲ့တီရှပ်ပြောင်လေးတွေနဲ့တွဲပါ။ သူနဲ့ဆို Chinos Pants တွေ Style Pant တွေ Cropped Trouser တွေက ပိုလိုက်ဖက်ပါတယ်။




နောက်ထပ် Classic Fashion အတွက် ရွေးချယ်နိုင်တာကတော့ Cotton Polo Shirt တွေ၊ Cuban Collar Shirt တွေပါ။ သူ့ကိုပြောင်ပုံစံကနေ အစင်းအကွက်လေးတွေထိ ရွေးချယ်နိုင်ပါတယ်။ဒီဇိုင်းမှာလည်း ကြယ်သီးတပ်နဲ့ ဇစ်ဆွဲစသဖြင့် ကိုယ့်စိတ်ကြိုက်ရွေးချယ်နိုင်မှာမို့ လူငယ်ဆန်ဆန်နဲ့ သပ်သပ်ရပ်ရပ်ပုံစံလေးရွေးမယ်ဆို သူ့ကို Pleated Trouser, Cropped Trouser တွေနဲ့တွဲပြီး Sneaker ကနေ Leather Shoe စတာတွေနဲ့ တွဲဝတ်ပါ။


မေသော် (I am Fashion)


(Zawgyi) 

အမ်ိဳးသားေတြၾကား ေရပန္းစားလာတဲ့ Modern Classic ဖက္ရွင္




အားလံုးသိတဲ့အတိုင္း Classic ဖက္ရွင္ဆိုတာ ရာသီေတြဘယ္လိုေျပာင္းေျပာင္း ႏွစ္ေတြ ဘယ္ေလာက္ၾကာၾကာ ဘယ္ေတာ့မွရိုးသြားတယ္မရွိ တဲ့ စတိုင္လ္တစ္ခုျဖစ္ျပီး လူငယ္ လူၾကီးမေရြးလက္ခံတဲ့ စတိုင္လ္တစ္ခုဆိုရင္လည္းမမွားပါဘူး။

Classic ဖက္ရွင္လို႔ေျပာလိုက္ရင္ ေရွ႕ၾကယ္သီးတပ္ရွပ္ေတြ၊ Chino ေဘာင္းဘီေတြ၊ Cardigan ေတြ၊ Blazer ေတြ၊ Leather biker jacket ေတြ၊ Cotton Sweater Black Dress စတာေတြ အားလံုးတန္းျပီး သတိရၾကမွာအမွန္ပါ။ ဒါေတြဟာ တစ္ႏွစ္ျပီးတစ္ႏွစ္ ဆက္တိုက္ကို ေခတ္စားေနတာမို႔ လူငယ္ေတြဟာ ဒီ Classic Fashion ဆိုတာနဲ႔ ဘာၾကီးလဲ၊ ဒါက နည္းနည္းဘတ္မွ၀တ္ရတာလို႔ ထင္ျမင္ေနၾကရာကေန အခုအခါမွာေတာ့ Modern Classic Fashion ကိုေတာ္ေတာ္ေလး စိတ္၀င္တစားရွိလာၾကပါျပီ။

သူ႕ကိုအရင္က ထူးျခားတဲ့အခမ္းအနား၊ ပြဲတက္၊ ပါတီ စတဲ့ေနရာမ်ိဳးေတြအတြက္သာ သီးသန္႔၀တ္ဆင္ခဲ့ၾကေပမယ့္ ခုေတာ့ ထသြားထလာ၊ ဒိတ္တင္ဘာညာေတာင္ ဒီလို၀တ္တာမ်ိဳးေတြ႕လာရပါျပီ။

ဒါဆို Modern Classic Fashion Style အတြက္ ဘယ္လိုေတြ တြဲ၀တ္ရမယ္ဆိုတာ ေျပာျပပါမယ္။

ကိုယ့္ဆီမွာ တီရွပ္ေျပာင္ေတြရွိတယ္ဆိုရင္ သူတို႔ကို Chinos pants၊ Pleated Trouser ၊ Corduroy Trouser ၊ Cropped Pant စတာေတြနဲ႔ တြဲ၀တ္ႏိုင္သလို Black Jeans ေတြနဲ႔လည္း တြဲ၀တ္ႏိုင္ပါတယ္။ ဒါကိုမွ sneaker ေတြ၊ running shoe, Boot စသျဖင့္ ကိုယ္သေဘာက်တဲ့ ဖိနပ္နဲ႔ ဆင္ျမန္းလိုက္တာကလည္း Modern Classic Fashion Style တစ္ခုပါပဲ။

လူတစ္ေယာက္ရဲ႕ ဖက္ရွင္စတိုင္လ္ကို Classic Fashion Style မွန္ၾကည့္လိုက္တာနဲ႔ တန္းသိသြားေစတဲ့ signature ကေတာ့ wool cardigan ေတြပါ။ သူကအေပၚထပ္ေတြထဲမွာဆိုရင္ ခုေနာက္ပိုင္းကာလမွ လူငယ္ေတြ မ်က္စိက်လာခဲ့တဲ့အရာပါ။ သူ႕ကိုဆို တီရွပ္ေတြ၊ ရွပ္အက်ႌေတြနဲ႔ Layer သေဘာ၀တ္ႏိုင္သလို ေဘာင္းဘီဆိုရင္ေတာ့ Style Pant, Cropped Trouser, Pleated Trouser ေတြကစျပီး Loose ျဖစ္တဲ့ Jeans ၊ Slim Fit Jeans ေတြထိပါ တြဲ၀တ္ႏိုင္ပါတယ္။

Trutleneck လို လည္ပင္းအျမင့္ဆြယ္တာေတြ သေဘာက်တယ္ဆိုရင္ေတာ့ သူ႕ကို Jeans နဲ႔တြဲျပီး၀တ္တာကေန Chinos ေဘာင္းဘီေတြထိ ကိုယ့္စိတ္ၾကိဳက္တြဲစပ္၀တ္ဆင္လိုက္ရံုပါပဲ။သည္လို၀တ္မယ္ဆိုရင္ေတာ့ ဖိနပ္ကို sneaker ေတြဘာေတြထက္စာရင္ Leather shoe ေတြ၊ ankle boot ေတြ ဒါမွမဟုတ္ loafers ေတြကိုပိုေရြးသင့္ပါတယ္။

Classic Fashion ဆိုေရွ႕ၾကယ္သီးတပ္ရွပ္ေတြကိုအျမဲဦးစားေပးေရြးခ်ယ္ခဲ့ၾကသလို အေရာင္ဆို အျဖဴကမရွိမျဖစ္ပါ။ ဒါေပမယ့္ ခုေနာက္ပိုင္းေတာ့ ရွပ္ကိုမွ အျပာႏု၊ ပန္းေရာင္၊ အညိဳထိေရြးခ်ယ္လာၾကပါျပီ။

Classic Fashion မွာအေရးပါတဲ့ Suit ေတြ၀တ္ရာမွာ ပ်င္းစရာေကာင္းတယ္လို႔ ခံစားမိသူေတြအတြက္ အရင္လို Suit ဒီဇိုင္းမ်ိဳးေတြမဟုတ္ေတာ့ဘဲ Oversized Suit ေတြကိုေရြးခ်ယ္ႏိုင္ပါျပီ။ အေပၚကလည္းအပြ၊ ေဘာင္းဘီကလည္းအပြပါပဲ။ ဒီလို outfit မ်ိဳးအတြက္ Leather  Shoe ေတြကေန Sneaker, Running Shoe ေတြထိတြဲျပီးဆင္ျမန္းႏိုင္ပါတယ္။

ကိုယ့္ဆီမွာရွိေနျပီးသား ေျပာင္ Sweatshirt, Hoodie ေတြနဲ႔လည္း Chinos Pant ေတြ၊ Style Pant စတာေတြနဲ႔တြဲ၀တ္ျပီး Modern Classic Look ဖန္တီးႏိုင္ပါတယ္။ သည္လိုအတြဲအစပ္အတြက္ဆိုရင္ေတာ့ sneaker ဖိနပ္အျဖဴေလးေတြက ေရြးခ်ယ္ဖို႔အသင့္ေတာ္ဆံုးပါ။

သည္ႏိုင္ငံမွာ၀တ္တာအေတြ႕ရနည္းတဲ့ Long Coat ေတြကိုလည္း Classic Fashion အတြဲအစပ္ထဲထည့္ရမွာပါပဲ။ သူ႕ကိုဆိုေျပာင္ကာလာကေန အကြက္ေတြထိ ေရြးခ်ယ္ဆင္ျမန္းခဲ့ၾကျပီး တီရွပ္၊ turtle neck sweater ၊ ရိုးရိုး sweater ေတြေပၚမွာလည္း အလြယ္တကူ အထာက်က် ထပ္၀တ္ႏိုင္လို႔ပါ။ Modern Classic အေနနဲ႔ Hoodie ေတြေပၚမွာထပ္၀တ္ဆင္ျမန္းလာၾကသလို Cropped Trouser, Checkered Pant, Chinos pant ေတြနဲ႔တြဲ၀တ္လည္းမိုက္ပါတယ္။

Leather Jacket ေတြထဲ Biker Jacket ေတြ၊ Shirt Jacket ေတြဟာ Classic Fashion ရဲ႕မပါမျဖစ္ item တစ္ခုပါ။ Leather Jacket ကိုေတာ့ ရွပ္အျဖဴနဲ႔ တြဲ၀တ္ေလ့ရွိသလို တီရွပ္အျဖဴ ဒါမွမဟုတ္ အနက္ေရာင္ေတြနဲ႔လည္းတြဲျပီး ဆင္ျမန္းႏိုင္ပါတယ္။ Modern Classic Fashion ဘက္ေရာက္ခ်င္ရင္ေတာ့ Leather Jacket အတြဲအစပ္ကို Jeans အစား Style Pant ေတြနဲ႔ပါ တြဲ၀တ္ၾကည့္ဖို႔ အၾကံေပးခ်င္ပါတယ္။ Shirt Jacket အတြက္ကေတာ့ ၾကိဳက္တဲ့တီရွပ္ေျပာင္ေလးေတြနဲ႔တြဲပါ။ သူနဲ႔ဆို Chinos Pants ေတြ Style Pant ေတြ Cropped Trouser ေတြက ပိုလိုက္ဖက္ပါတယ္။




ေနာက္ထပ္ Classic Fashion အတြက္ ေရြးခ်ယ္ႏိုင္တာကေတာ့ Cotton Polo Shirt ေတြ၊ Cuban Collar Shirt ေတြပါ။ သူ႕ကိုေျပာင္ပံုစံကေန အစင္းအကြက္ေလးေတြထိ ေရြးခ်ယ္ႏိုင္ပါတယ္။ဒီဇိုင္းမွာလည္း ၾကယ္သီးတပ္နဲ႔ ဇစ္ဆြဲစသျဖင့္ ကိုယ့္စိတ္ၾကိဳက္ေရြးခ်ယ္ႏိုင္မွာမို႔ လူငယ္ဆန္ဆန္နဲ႔ သပ္သပ္ရပ္ရပ္ပံုစံေလးေရြးမယ္ဆို သူ႕ကို Pleated Trouser, Cropped Trouser ေတြနဲ႔တြဲျပီး Sneaker ကေန Leather Shoe စတာေတြနဲ႔ တြဲ၀တ္ပါ။

ေမေသာ္ (I am Fashion)

Thursday, December 17, 2020

" သင်...ရုပ်ဆိုးတာ မဟုတ်ပါဘူး ။ ခန့်ငြားမှု ကိုမဖန်တီးတတ်သေးတာပါ "

" သင်...ရုပ်ဆိုးတာ မဟုတ်ပါဘူး ။ ခန့်ငြားမှု ကိုမဖန်တီးတတ်သေးတာပါ " 




လူတစ်ချို့ ကိုယ့်ကိုကိုယ် ထင်တတ်ကြပါတယ် ။ " ကိုယ်ဟာ ရုပ်ဆိုးတယ် ၊ ဒါကြောင့် သပ်သပ်ရပ်ရပ် နေစရာလည်း မလိုပါဘူး "ပေါ့ ။ လွှဲမှားနေတဲ့ ယူဆမှုပါ ။

ကျွန်တော်တို့ ...လူတစ်ချို့ကို မြင်ဖူးကြပါလိမ့်မယ် ။ ချောမောတာ မဟုတ်သော်လည်း အလိုလို ကြည့်ကောင်းနေတာမျိုးပါ ။ Image အပိုင်းမှာတော့ ဒါကို X Factor လို့ ခေါ်ပါတယ် ။ 

အလားတူပါပဲ ။ လူတစ်ယောက်ဟာ ...ကိုယ့် image အတွက် negative ဖြစ်စေနိုင်မဲ့အရာတွေကို ရှောင်ရှားမယ် ဆိုရင်တော့ ...သပ်ရပ်ခန့်ငြားသူ တစ်ယောက်အဖြစ် ရပ်တည်နိုင်မှာပါ ။ 

ကဲ ...ဘယ်အချက်တွေကို သတိထားရှောင်ရှားရမလဲ ...ကြည့်လိုက်ရအောင်ပါ ။


(၁) မိမိ ၏ အသားအရည် ကို ဂရုမစိုက်ခြင်း ။ 

တစ်ချို့  ယောင်္ကျားလေးတွေ ...မျက်နှာသစ်ဖို့ ပျင်းတတ်ကြပါတယ် ။ ရေချိုးဆပ်ပြာရည် နဲ့ မျက်နှာသစ်လိုက်တာလည်းရှိတယ် (လုံးဝ မသင့်တော်ပါ)။ ကိုယ့် အသားအရည် နဲ့ သင့်တော်မည့် မျက်နှာသစ် ဆပ်ပြာကို သုံးပါ ။ 

မျက်နှာသစ်ပြီး Toner မသုံးချင်လျင်ပင် ....Essence Water / Lotion သို့မဟုတ် အဆီနည်းသော Moisturizer အသုံးပြုတတ်ရန် အကျင့် ပြုလုပ်ပေးပါ ။ 

ခန္ဓာကိုယ်ကို Skin Lotion လိမ်းသင့်ပါသည်။ အထူးသဖြင့် ရာသီဥတု အေးသော ၊ အသားခြောက်သော အချိန်မျိုးတွင် မဖြစ်မနေ လိမ်းသင့်သည်။ 

မျက်နှာပြင်ရှိ လိုအပ်ချက်များကို ပစ်မထားပါနှင့် ။ 

ယောကျ်ားလေး တို့၏ သဘာဝက  ပေပေတေတေနေကြသည် ။ အလှအပ လည်း စိတ်မဝင်စားပါ ။ သို့သော် အရေးကြုံလျင် လှချင်ကြပြန်သည် ။ ဥပမာ - ရည်းစားထားခါနီး အချိန်မျိုး ။ 

ခင်မင်နေသော ညီငယ် တစ်ယောက်ရှိသည် ။ မျက်နှာမှာ ဝက်ခြံ များက အပြည့် ....။ ပျောက်ကင်းချင်သည် တဲ့ ။ ဒါပေမဲ့ မျက်နှာကို ဂရုမစိုက်ချင်ပြန် ။ နားလည်အောင် လိုတိုရှင်း   ပြောပြခဲ့ ရသည်။ မျက်နှာကို တစ်နေ့ သုံးချိန် ပုံမှန်သစ်ဖို့ ။ ညစဉ် မျက်နှာသစ်ပြီးတိုင်း ဝက်ခြံဖုများပေါ် OXY 10 ဟု ခေါ်သော ဆေးတို့ပြီးမှ အိပ်ယာဝင်ဖို့ ၊ မျက်နှာသစ် ဆေးလိမ်းရန် မပျင်းဖို့ ...စသည်ဖြင့် ။ ၂ လအကြာ တွင် သူ့မျက်နှာပေါ်ရှိ ပြသနာများ ကင်းရှင်းသွားပြီ ။ အခုတော့ ခန့်ခန့်ငြားငြား လူငယ် တစ်ဦး ဖြစ်နေပါတော့သည် ။ 

မှတ်ချက် ။ မျက်နှာပုံမှန်သစ်ပါ ။ အသားအရေ ကို သန့်ရှင်းစွာထားပါ ။ အရေပြားပြသနာ ပေါ်လာလျင် အချိန်မဆွဲပဲ ချက်ချင်း ဖြေရှင်းကုသပါ ။

(၂) မိမိ နှင့် လိုက်ဖက်မည့် ဆံပင်ပုံစံကို မသိရှိခြင်း ။ 

အမျိုးသား တစ်ယောက် အတွက် ဆံပင်ပုံစံ က အလွန်အရေးကြီးပါသည် ။ 

တစ်ချို့ အမျိုးသားများ မိမိ နှင့် လိုက်ဖက်မည့် ဆံပင် ပုံစံ ကို မသိပါ ။ တစ်လ တစ်ခါ ဆံပင်ညှပ်ကြရသည် ဖြစ်ရာ ဆံပင်ညှပ်ခကိုလည်း နှမျောသောကြောင့် quality ကောင်းသော Hair Salon များသို့သွားလျှင် ဈေးကြီးပေးရမှာကိုလည်း တစ်ချို့က စိုးရိမ်ကြပြန်သည် ။ 


မှတ်ချက် ။   ။ အကယ်၍ .....အမြဲတမ်း ပုံမှန် အကောင်းဆုံးညှပ်ပေးနိုင်သော ဆံသဆရာရှိလျင် ကောင်းပါသည်။ ကိုယ့် စိတ်တိုင်းကျ ဆံသဆရာ မတွေ့သေးဘူးဆိုလျင် တစ်ခေါက်လောက်ပဲ ဖြစိဖြစ် Hair Salon ကောင်းကောင်းတွင် နာမည်ရ Hair Stylist တစ်ဦးဦး နှင့် ညှပ်ကြည့်ပါ ။ မိမိ ၏ ဆံသားပေါ် မူတည်ပြီး ဆောင်ရန် ရှောင်ရန်များ မေးကြည့်ထားပါ ။ မိမိ ရှောင်ရမည့် ဆံပင်ပုံစံ နှင့် အမြဲညှပ်သင့် သည့် ပုံစံကို မေးထားပါ  ။ မှတ်သားထားပါ ။ 

နောက်ပိုင်း သွားမညှပ်ဖြစ်လျင်တောင် တကယ့် Professional Hair Stylist မှ ဖန်တီးပေးလိုက်သော ပုံစံအကျ ဆုံး ကိုယ့် Hair Style ကို သေချာမှတ်သားထားပြီး ပြန်ပုံဖော်ခွင့်ရနိုင်သည်။ 

များသောအားဖြင့်တော့ အသင့်အတင့် သပ်သပ်ရပ်ရပ် ပုံဖော် ညှပ်ထားသော ဆံပင်ပုံစံသည် ယနေ့ခေတ်အမျိုးသားနှင့် လိုက်ဖက်သော trend ဖြစ်ပါသည်။ ဆီတွေ ၊ Hair Cream တွေ ရွှဲကပ်နေအောင် လိမ်းရသောခေတ် မဟုတ်ပါ ။ Hair Gel, Hair Wax အသုံးပြုလျင်ပင် သဘာဝကျကျ ခပ်ဖွဖွ အသုံးပြုတတ်သော အကျင့် ပြုလုပ်ပါ ။ 

အမျိုးသား တစ်ယောက်အတွက် ဆံပင်ပုံစံသည် အလွန်အရေးကြီးသည်ဟု သေချာ မှတ်သားထားရမှာ ဖြစ်ပါသည်။ 

(၃) အရပ် နှင့် ကိုယ်အလေးချိန် အချိုး မညီမျှခြင်း ။

တစ်ချို့က အရပ် နှင့် ကိုယ်အလေးချိန် မညီမျှ သောကြောင့် ကြည့်ရှုရ အဆင်မပြေပါ ။ Height & Weight Ratio ဇယားလေးကို comment ထဲတွင် မန့်ပေးထားပါမည် ။ ရှိသင့်သည့် weight ထက် ပိုလွန်နေလျင် သတိထား weight ချဖို့ လိုသည်။ ရှိသင့်သည့် weight အောက်ကျနေလျင်တော့  အပိန်လွန်နေသည် ဆိုသည့် သဘောပဲဖြစ်ပါသည်။ 

မိမိ Body ပေါ် မူတည်ပြီး သင့်တင့်စွာ စားသောက်တတ်ဖို့ လိုသည်။ 

ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု (သို့မဟုတ်) အားကစား တစ်ခုခုကို နေ့စဉ် ပြုလုပ်နိုင်လျင် ပိုကောင်းပါသည်။ 

အဓိက ကတော့ ...ကိုယ့်   ခန္တာကိုယ်ကို ဂရုမစိုက်ပဲ  နေချင်သလိုနေ တာမျိုးကို ရှောင်ဖို့ ဖြစ်သည်။ မိမိ ၏ အရပ်အမောင်းနှင့် လျော်ညီသော ကိုယ်ခန္ဓာ ရှိလျင်ပင် 50% လောက်က ကြည့်ကောင်း နေပြီဖြစ်ပါသည်။ 


(၄)တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိခြင်း ။  

ခံတွင်း နှင့် ကိုယ်ခန္ဓာ အနံအသက် မကောင်းခြင်း ၊ သန့်ရှင်းရေး ပုံမှန်မပြုလုပ်ခြင်းများ ဖြစ်သည် ။ များသော အားဖြင့်  ခေါင်း ပုံမှန် မလျှော် သောကြောင့် ဘောက်ထတာမျိုး ၊ ရေချိုးပျင်းသောကြောင့် အနံအသက် မကောင်းတာမျိုးတို့ကို အတွေ့ရများပါသည်။ Ugly ဘဝ သို့ မရောက် လိုလျင် အလေးထားရမည့် အဓိက အချက် ဖြစ်ပါသည်။


(၅) မိမိ နှင့် လိုက်ဖက်မည့် အဝတ်အစားများ မရွေးချယ် တတ်ခြင်း ။

ရုပ်ဆိုးလိုက်တာဟု အပြောခံရစေနိုင်သော အဓိက အချက်ဖြစ်ပါသည်။ မိမိ နှင့် လိုက်ဖက်သော အရောင်သွေး ကိုလည်း ရွေးချယ်တတ်ဖို့ လိုသည် ။ 

အင်္ကျီအရောင်ရွေးရာတွင် အမျိုးသားများ အတွက် အသားဖြူလျင် Off White ရွေးသင့်ပြီး ၊ အသားညိုလျင် Pure White ရွေးသင့်တာမျိုးရှိသည်။ 

ခန္ဓာကိုယ် ပြည့်ဖြိုးလျှင် တောက်ပြောင်သော အဝတ်အထည်ကို ရှောင်ရမှာ ဖြစ်ပြီး Matt ဖြစ်သော ပိတ်သားကိုသာ ဝတ်ဆင်သင့်ပါသည်။  

ပိန်သူ များ အတွက် နီညို ၊ royal blue ၊ သစ်ရွက်စိမ်း စသည့်အရောင်များရွေးချယ် နိုင်ပြီး ပြည့်သောသူများ အတွက်ကတော့   နက်ပြာ ၊ အစိမ်းပုပ် ၊ အညို ၊ စိမ်းပြာအရင့် စသည့် အရောင်များက body ကို ထိမ်းစေမှာဖြစ်သည်။  

အဖြူ , အနက် , မီးခိုးရောင် , ခဲရောင် အစရှိသည် တို့ ကတော့  အမျိုးသား တော်တော် များများ နှင့် လိုက်ဖက်သော အရောင်များ ဖြစ်ပါသည် ။ 

သိပ်ပွ လွန်းသော ၊ သိပ်ကျပ်လွန်းသော အဝတ်အထည်များက အမျိုးသား များအတွက် smart မဖြစ်စေနိုင်ပါ ။ 

Trend ကြောင့် ခပ်ပွပွ ဝတ်ချင်လျင်ပင် ...အနည်းငယ်ပွရုံသာ ဝတ်တာမျိုး ၊ body fit ဝတ်လျင်လည်း သင့်တင့်စွာ fit ဖြစ်ရုံ ဝတ်တာမျိုးက ပိုကောင်းပါသည်။ မလိုအပ်လျင် အပွင့်အခက်များ ၊ ဆန်းဆန်းပြားပြား pattern များမဝတ်ပါနှင့် ။ အပွင့်အခက်များက သင်္ကြန် နှင့် ပျော်ပွဲရွှင်ပွဲများ တွင်သာ ဝတ်ဆင်သင့်သည်။ ဆန်းပြားသော pattern များက ဖက်ရှင်ဆန်သင့်သော နေရာများ အတွက်သာ ကောင်းသည်။ နေရာတိုင်း အတွက် အဆင်မပြေပါ။ 


(၆) ကိုယ်ဟန်လှုပ်ရှားမှု နှင့် လေယူလေသိမ်း။    ။ 

ယောင်္ကျား တစ်ယောက်အတွက် သိမ်မွေ့လွန်းသော ကိုယ်ဟန် လှုပ်ရှားမှု ရှိရန် မလိုပါ ။ လွတ်လွတ်လပ်လပ် လှုပ်ရှားနေထိုင်ခြင်းက အကောင်းဆုံး ဖြစ်သည်။ သို့သော် ...ဗရမ်းဗတာ ဖြစ်လွန်းသော ဟန်ပန်က ကိုယ့် ဥပဓိရုပ်ကို ကျဆင်းစေသည် ။ စကားပြောဆို ဆက်ဆံချိန် မျက်လုံးပြူး မျက်ဆံပြူး ၊ ခြေတရမ်းရမ်း  လက်တရမ်းရမ်း ဟန်ပန်အမှုအယာ မျိုးတွေက အကြည့် ရဆိုးစေသော အချက်များ ဖြစ်ပါသည် ။ 

နောက်တစ်ခု လေယူလေသိမ်း ။ တစ်ချို့က အော်ကျယ်အော်ကျယ် စကားပြောသည် ၊ တစ်ချို့ က ဟောင်ဖွာ ဟောင်ဖွာ စကားပြောသည် ။ နှစ်ခုလုံး အဆင်မပြေ ။ လူအများ စိတ်ပျက်စေသော အချက်ဖြစ်ပါသည်။ 

ဒီထက်ပိုဆိုးတာက ...ညှောင်နာ ညှောင်နာ စကားပြောတာဖြစ်သည် ။ လူအထင်သေးသော လေယူလေသိမ်းဖြစ်သောကြောင့် ပြုပြင်ယူရမှာဖြစ်ပါသည်။ 

မှတ်ချက်။   ။  မိမိကိုယ်ဟန်လှုပ်ရှားမှုကို သတိထား ကြည့်ပါ ။ လိုအပ်လျင် သတိထား ထိန်းကွပ်ပါ ။  လေယူလေသိမ်း ကိုလည်း မိမိ ၏ အနီး ၊ အဝေး စသည်ဖြင့် အကွာဝေးပေါ် မူတည်၍ ပြောဆိုသင့်သည့် လေသံ အနိမ့်အမြင့် အတိုးအကျယ် ကို သေချာသိအောင် သတိထားသင့်ပါသည်။


(၇) စိတ်အကြည်ဓါတ်။  ။ 

နောက်ဆုံး တစ်ချက် ဖြစ်သလို ...အရေးအကြီးဆုံး အချက်လည်း ဖြစ်ပါသည် ။ 

လူတစ်ယောက် ...နှစ်လိုဖွယ် ကောင်းခြင်း / မကောင်းခြင်းတွင် သူ၏ စိတ်တံခါးပေါက် ဖြစ်သော မျက်လုံးများကလည်း အများကြီး အရေးပါသည်။ 

စဉ်းလဲသော စိတ်က မျက်လုံးတွင်ဖုံးကွယ်၍မရပါ ။ ဝန်တိုသော အငွေ့အသက် ကလည်း မျက်လုံးတွင် ပေါ်သည် ။ မောက်မာ တတ်သော စိတ်ကလည်း ဟန်ဆောင်၍ မရ ။ 

လူတစ်ချို့ ....အခြေခံမျက်နှာကျ နှင့် ကိုယ်ဟန်လှပ သော်လည်း မောက်မာခက်ထန်သော ၊ စဉ်းလဲညစ်နွမ်းသော စိတ်ဓါတ်ကြောင့် လူအများ ၏ နှစ်သက်မှုကို မရရှိပဲ လူမုန်းများတာကို တွေ့ဖူးကြပါလိမ့်မည်။ 

ဒါကြောင့် ....လူအများကြား နှစ်လိုဖွယ်ရာ ရှိနေဖို့ ဆိုလျင် ကြည်လင်သော စိတ်ဓါတ် ပိုင်ရှင်ဖြစ်ဖို့ လိုသည်။ မရှိသေးလျင် မိမိ၏အသိတရား ၊ ကိုးကွယ်ရာ ဘာသာ၏ ဆုံးမမှု အစရှိသဖြင့် ပြုပြင် ယူရမှာဖြစ်ပါသည်။  

ညိုးနွမ်းသိမ်ငယ်စိတ်သည်လည်း ဆက်ဆံရခက်ခဲသော စိတ်ဓါတ်ဖြစ်သည်။ 

ထို့ကြောင့် ....ပျောညံစွာလိုက်လျောလွန်းတာလည်း မဟုတ် ၊ ခက်ထန်စွာတင်းမာတာလည်း မဟုတ်သော   “မှန်လို ကျင့်ကြံတတ်သည့် Assertive Mindset “ရရှိအောင် ကြိုးစားနိုင်လျင်တော့ အကောင်းဆုံးဖြစ်ပါသည်။ 


မှတ်ချက် ။   ။  စိတ်ကို ပျိုးထောင်ရာတွင် .....


- သတိထားပါ  ၊သို့သော် သံသယ မများပါနှင့် ။ 


- ယုံကြည်မှုကို တန်ဖိုးထားပါ ၊ သို့သော်  အစွန်းမရောက်ပါနှင့် ။ 


- လိုက်လျောပါ ၊ သို့သော် အတိုင်းအတာကို တစ်ဖက်မှ သိပါစေ ။ 


- စည်းကမ်းထားပါ ၊ သို့သော် လိုအပ်သည်ထက် တင်းကျပ်ခြင်းက ဘယ်သူ့အတွက်မကောင်း။ 


- အားကိုးပါ ၊ သို့သော် ပုံမအပ်ပါနှင့် ။ 


- လေးနက်ပါ ၊ သို့သော် သူတပါးကို စိတ်ဖိစီးမှု ပေးတတ်သူ မဖြစ်ပါစေနှင့် ။ 


- ဥပေက္ခာပြုနိုင်အောင်ကြိုးစားပါ ၊ အမုန်းက မိမိအတွက်လည်း ပူလောင်ပါသည်။ 


- ရူးသွပ်စွာ မချစ်ပါနှင့် ၊ နားလည်မှုနှင့် မေတ္တာထားတတ်အောင်ကြိုးစားပါ ။ 


တည်ကြည် ခိုင်မာသော နှစ်လိုဖွယ် စိတ်ဓါတ် ပိုင်ရှင်များသည် ဥပဓိရုပ် ကောင်းမွန်ခြင်းဆိုသည့် အရာကို လက်ဆောင်မွန် အဖြစ် ပိုင်ဆိုင်လေ့ရှိပါသည်။ 


ဤ post တွင်ပါဝင်သော ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ထိမ်းသိမ်းမှုများ ၊ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ပျိုးထောင်မှု များ နှင့် အတူ ခန့်ငြားသော နှစ်လိုဖွယ် အမျိုးသားများ အဖြစ် ဘဝ ၏ အောင်မြင်မှုများ ဆွတ်ခူးနိုင်ကြပါစေ။ 


#MCNyiNyarAung

#mensimageconsulting


(Zawgyi) 

" သင္...႐ုပ္ဆိုးတာ မဟုတ္ပါဘူး ။ ခန႔္ျငားမွု ကိုမဖန္တီးတတ္ေသးတာပါ " 




လူတစ္ခ်ိဳ့ ကိုယ့္ကိုကိုယ္ ထင္တတ္ၾကပါတယ္ ။ " ကိုယ္ဟာ ႐ုပ္ဆိုးတယ္ ၊ ဒါေၾကာင့္ သပ္သပ္ရပ္ရပ္ ေနစရာလည္း မလိုပါဘူး "ေပါ့ ။ လႊဲမွားေနတဲ့ ယူဆမွုပါ ။

ကၽြန္ေတာ္တို့ ...လူတစ္ခ်ိဳ့ကို ျမင္ဖူးၾကပါလိမ့္မယ္ ။ ေခ်ာေမာတာ မဟုတ္ေသာ္လည္း အလိုလို ၾကည့္ေကာင္းေနတာမ်ိဳးပါ ။ Image အပိုင္းမွာေတာ့ ဒါကို X Factor လို့ ေခၚပါတယ္ ။ 

အလားတူပါပဲ ။ လူတစ္ေယာက္ဟာ ...ကိုယ့္ image အတြက္ negative ျဖစ္ေစနိုင္မဲ့အရာေတြကို ေရွာင္ရွားမယ္ ဆိုရင္ေတာ့ ...သပ္ရပ္ခန႔္ျငားသူ တစ္ေယာက္အျဖစ္ ရပ္တည္နိုင္မွာပါ ။ 

ကဲ ...ဘယ္အခ်က္ေတြကို သတိထားေရွာင္ရွားရမလဲ ...ၾကည့္လိုက္ရေအာင္ပါ ။


(၁) မိမိ ၏ အသားအရည္ ကို ဂ႐ုမစိုက္ျခင္း ။ 

တစ္ခ်ိဳ့  ေယာကၤ်ားေလးေတြ ...မ်က္ႏွာသစ္ဖို့ ပ်င္းတတ္ၾကပါတယ္ ။ ေရခ်ိဳးဆပ္ျပာရည္ နဲ႔ မ်က္ႏွာသစ္လိုက္တာလည္းရွိတယ္ (လုံးဝ မသင့္ေတာ္ပါ)။ ကိုယ့္ အသားအရည္ နဲ႔ သင့္ေတာ္မည့္ မ်က္ႏွာသစ္ ဆပ္ျပာကို သုံးပါ ။ 

မ်က္ႏွာသစ္ၿပီး Toner မသုံးခ်င္လ်င္ပင္ ....Essence Water / Lotion သို့မဟုတ္ အဆီနည္းေသာ Moisturizer အသုံးျပဳတတ္ရန္ အက်င့္ ျပဳလုပ္ေပးပါ ။ 

ခႏၶာကိုယ္ကို Skin Lotion လိမ္းသင့္ပါသည္။ အထူးသျဖင့္ ရာသီဥတု ေအးေသာ ၊ အသားေျခာက္ေသာ အခ်ိန္မ်ိဳးတြင္ မျဖစ္မေန လိမ္းသင့္သည္။ 

မ်က္ႏွာျပင္ရွိ လိုအပ္ခ်က္မ်ားကို ပစ္မထားပါႏွင့္ ။ 

ေယာက်္ားေလး တို့၏ သဘာဝက  ေပေပေတေတေနၾကသည္ ။ အလွအပ လည္း စိတ္မဝင္စားပါ ။ သို့ေသာ္ အေရးၾကဳံလ်င္ လွခ်င္ၾကျပန္သည္ ။ ဥပမာ - ရည္းစားထားခါနီး အခ်ိန္မ်ိဳး ။ 

ခင္မင္ေနေသာ ညီငယ္ တစ္ေယာက္ရွိသည္ ။ မ်က္ႏွာမွာ ဝက္ၿခံ မ်ားက အျပည့္ ....။ ေပ်ာက္ကင္းခ်င္သည္ တဲ့ ။ ဒါေပမဲ့ မ်က္ႏွာကို ဂ႐ုမစိုက္ခ်င္ျပန္ ။ နားလည္ေအာင္ လိုတိုရွင္း   ေျပာျပခဲ့ ရသည္။ မ်က္ႏွာကို တစ္ေန႔ သုံးခ်ိန္ ပုံမွန္သစ္ဖို့ ။ ညစဥ္ မ်က္ႏွာသစ္ၿပီးတိုင္း ဝက္ၿခံဖုမ်ားေပၚ OXY 10 ဟု ေခၚေသာ ေဆးတို့ၿပီးမွ အိပ္ယာဝင္ဖို့ ၊ မ်က္ႏွာသစ္ ေဆးလိမ္းရန္ မပ်င္းဖို့ ...စသည္ျဖင့္ ။ ၂ လအၾကာ တြင္ သူ႔မ်က္ႏွာေပၚရွိ ျပသနာမ်ား ကင္းရွင္းသြားၿပီ ။ အခုေတာ့ ခန႔္ခန႔္ျငားျငား လူငယ္ တစ္ဦး ျဖစ္ေနပါေတာ့သည္ ။ 

မွတ္ခ်က္ ။ မ်က္ႏွာပုံမွန္သစ္ပါ ။ အသားအေရ ကို သန႔္ရွင္းစြာထားပါ ။ အေရျပားျပသနာ ေပၚလာလ်င္ အခ်ိန္မဆြဲပဲ ခ်က္ခ်င္း ေျဖရွင္းကုသပါ ။

(၂) မိမိ ႏွင့္ လိုက္ဖက္မည့္ ဆံပင္ပုံစံကို မသိရွိျခင္း ။ 

​အမ်ိဳးသား တစ္ေယာက္ အတြက္ ဆံပင္ပုံစံ က အလြန္အေရးႀကီးပါသည္ ။ 

တစ္ခ်ိဳ့ အမ်ိဳးသားမ်ား မိမိ ႏွင့္ လိုက္ဖက္မည္​့ ဆံပင္ ပုံစံ ကို မသိပါ ။ တစ္လ တစ္ခါ ဆံပင္ညႇပ္ၾကရသည္ ျဖစ္ရာ ဆံပင္ညႇပ္ခကိုလည္း ႏွေမ်ာေသာေၾကာင့္ quality ေကာင္းေသာ Hair Salon မ်ားသို့သြားလွ်င္ ေဈးႀကီးေပးရမွာကိုလည္း တစ္ခ်ိဳ့က စိုးရိမ္ၾကျပန္သည္ ။ 


မွတ္ခ်က္ ။   ။ အကယ္၍ .....အျမဲတမ္း ပုံမွန္ အေကာင္းဆုံးညႇပ္ေပးနိုင္ေသာ ဆံသဆရာရွိလ်င္ ေကာင္းပါသည္။ ကိုယ့္ စိတ္တိုင္းက် ဆံသဆရာ မေတြ႕ေသးဘူးဆိုလ်င္ တစ္ေခါက္ေလာက္ပဲ ျဖစိျဖစ္ Hair Salon ေကာင္းေကာင္းတြင္ နာမည္ရ Hair Stylist တစ္ဦးဦး ႏွင့္ ညႇပ္ၾကည့္ပါ ။ မိမိ ၏ ဆံသားေပၚ မူတည္ၿပီး ေဆာင္ရန္ ေရွာင္ရန္မ်ား ေမးၾကည့္ထားပါ ။ မိမိ ေရွာင္ရမည့္ ဆံပင္ပုံစံ ႏွင့္ အျမဲညႇပ္သင့္ သည့္ ပုံစံကို ေမးထားပါ  ။ မွတ္သားထားပါ ။ 

ေနာက္ပိုင္း သြားမညႇပ္ျဖစ္လ်င္ေတာင္ တကယ့္ Professional Hair Stylist မွ ဖန္တီးေပးလိုက္ေသာ ပုံစံအက် ဆုံး ကိုယ့္ Hair Style ကို ေသခ်ာမွတ္သားထားၿပီး ျပန္ပုံေဖာ္ခြင့္ရနိုင္သည္။ 

မ်ားေသာအားျဖင့္ေတာ့ အသင့္အတင့္ သပ္သပ္ရပ္ရပ္ ပုံေဖာ္ ညႇပ္ထားေသာ ဆံပင္ပုံစံသည္ ယေန႔ေခတ္အမ်ိဳးသားႏွင့္ လိုက္ဖက္ေသာ trend ျဖစ္ပါသည္။ ဆီေတြ ၊ Hair Cream ေတြ ရႊဲကပ္ေနေအာင္ လိမ္းရေသာေခတ္ မဟုတ္ပါ ။ Hair Gel, Hair Wax အသုံးျပဳလ်င္ပင္ သဘာဝက်က် ခပ္ဖြဖြ အသုံးျပဳတတ္ေသာ အက်င့္ ျပဳလုပ္ပါ ။ 

​အမ်ိဳးသား တစ္ေယာက္အတြက္ ဆံပင္ပုံစံသည္ အလြန္အေရးႀကီးသည္ဟု ေသခ်ာ မွတ္သားထားရမွာ ျဖစ္ပါသည္။ 

(၃) အရပ္ ႏွင့္ ကိုယ္အေလးခ်ိန္ အခ်ိဳး မညီမၽွျခင္း ။




တစ္ခ်ိဳ့က အရပ္ ႏွင့္ ကိုယ္အေလးခ်ိန္ မညီမၽွ ေသာေၾကာင့္ ၾကည့္ရွုရ အဆင္မေျပပါ ။ Height & Weight Ratio ဇယားေလးကို comment ထဲတြင္ မန႔္ေပးထားပါမည္ ။ ရွိသင့္သည့္ weight ထက္ ပိုလြန္ေနလ်င္ သတိထား weight ခ်ဖို့ လိုသည္။ ရွိသင့္သည့္ weight ေအာက္က်ေနလ်င္ေတာ့  အပိန္လြန္ေနသည္ ဆိုသည့္ သေဘာပဲျဖစ္ပါသည္။ 

မိမိ Body ေပၚ မူတည္ၿပီး သင့္တင့္စြာ စားေသာက္တတ္ဖို့ လိုသည္။ 

ကိုယ္လက္လွုပ္ရွားမွု တစ္ခုခု (သို့မဟုတ္) အားကစား တစ္ခုခုကို ေန႔စဥ္ ျပဳလုပ္နိုင္လ်င္ ပိုေကာင္းပါသည္။ 

အဓိက ကေတာ့ ...ကိုယ့္   ခႏၲာကိုယ္ကို ဂ႐ုမစိုက္ပဲ  ေနခ်င္သလိုေန တာမ်ိဳးကို ေရွာင္ဖို့ ျဖစ္သည္။ မိမိ ၏ အရပ္အေမာင္းႏွင့္ ေလ်ာ္ညီေသာ ကိုယ္ခႏၶာ ရွိလ်င္ပင္ 50% ေလာက္က ၾကည့္ေကာင္း ေနၿပီျဖစ္ပါသည္။ 


(၄)တစ္ကိုယ္ရည္ သန႔္ရွင္းမွု မရွိျခင္း ။  

ခံတြင္း ႏွင့္ ကိုယ္ခႏၶာ အနံအသက္ မေကာင္းျခင္း ၊ သန႔္ရွင္းေရး ပုံမွန္မျပဳလုပ္ျခင္းမ်ား ျဖစ္သည္ ။ မ်ားေသာ အားျဖင့္  ေခါင္း ပုံမွန္ မေလၽွာ္ ေသာေၾကာင့္ ေဘာက္ထတာမ်ိဳး ၊ ေရခ်ိဳးပ်င္းေသာေၾကာင့္ အနံအသက္ မေကာင္းတာမ်ိဳးတို့ကို အေတြ႕ရမ်ားပါသည္။ Ugly ဘဝ သို့ မေရာက္ လိုလ်င္ အေလးထားရမည့္ အဓိက အခ်က္ ျဖစ္ပါသည္။


(၅) မိမိ ႏွင့္ လိုက္ဖက္မည့္ အဝတ္အစားမ်ား မေရြးခ်ယ္ တတ္ျခင္း ။

႐ုပ္ဆိုးလိုက္တာဟု အေျပာခံရေစနိုင္ေသာ အဓိက အခ်က္ျဖစ္ပါသည္။ မိမိ ႏွင့္ လိုက္ဖက္ေသာ အေရာင္​ေသြး ကိုလည္း ေရြးခ်ယ္တတ္ဖို့ လိုသည္ ။ 

အကၤ်ီအေရာင္ေရြးရာတြင္ အမ်ိဳးသားမ်ား အတြက္ အသားျဖဴလ်င္ Off White ေရြးသင့္ၿပီး ၊ အသားညိဳလ်င္ Pure White ေရြးသင့္တာမ်ိဳးရွိသည္။ 

ခႏၶာကိုယ္ ျပည့္ၿဖိဳးလွ်င္ ေတာက္ေျပာင္ေသာ အဝတ္အထည္ကို ေရွာင္ရမွာ ျဖစ္ၿပီး Matt ျဖစ္ေသာ ပိတ္သားကိုသာ ဝတ္ဆင္သင့္ပါသည္။  

ပိန္သူ မ်ား အတြက္ နီညိဳ ၊ royal blue ၊ သစ္ရြက္စိမ္း စသည့္အေရာင္မ်ားေရြးခ်ယ္ နိုင္ၿပီး ျပည့္ေသာသူမ်ား အတြက္ကေတာ့   နက္ျပာ ၊ အစိမ္းပုပ္ ၊ အညိဳ ၊ စိမ္းျပာအရင့္ စသည့္ အေရာင္မ်ားက body ကို ထိမ္းေစမွာျဖစ္သည္။  

အျဖဴ , အနက္ , မီးခိုးေရာင္ , ခဲေရာင္ အစရွိသည္ တို့ ကေတာ့  အမ်ိဳးသား ေတာ္ေတာ္ မ်ားမ်ား ႏွင့္ လိုက္ဖက္ေသာ အေရာင္မ်ား ျဖစ္ပါသည္ ။ 

သိပ္ပြ လြန္းေသာ ၊ သိပ္က်ပ္လြန္းေသာ အဝတ္အထည္မ်ားက အမ်ိဳးသား မ်ားအတြက္ smart မျဖစ္ေစနိုင္ပါ ။ 

Trend ေၾကာင့္ ခပ္ပြပြ ဝတ္ခ်င္လ်င္ပင္ ...အနည္းငယ္ပြ႐ုံသာ ဝတ္တာမ်ိဳး ၊ body fit ဝတ္လ်င္လည္း သင့္တင့္စြာ fit ျဖစ္႐ုံ ဝတ္တာမ်ိဳးက ပိုေကာင္းပါသည္။ မလိုအပ္လ်င္ အပြင့္အခက္မ်ား ၊ ဆန္းဆန္းျပားျပား pattern မ်ားမဝတ္ပါႏွင့္ ။ အပြင့္အခက္မ်ားက သၾကၤန္ ႏွင့္ ေပ်ာ္ပြဲရႊင္ပြဲမ်ား တြင္သာ ဝတ္ဆင္သင့္သည္။ ဆန္းျပားေသာ pattern မ်ားက ဖက္ရွင္ဆန္သင့္ေသာ ေနရာမ်ား အတြက္သာ ေကာင္းသည္။ ေနရာတိုင္း အတြက္ အဆင္မေျပပါ။ 


(၆) ကိုယ္ဟန္လွုပ္ရွားမွု ႏွင့္ ေလယူေလသိမ္း။    ။ 

ေယာကၤ်ား တစ္ေယာက္အတြက္ သိမ္ေမြ႕လြန္းေသာ ကိုယ္ဟန္ လွုပ္ရွားမွု ရွိရန္ မလိုပါ ။ လြတ္လြတ္လပ္လပ္ လွုပ္ရွားေနထိုင္ျခင္းက အေကာင္းဆုံး ျဖစ္သည္။ သို့ေသာ္ ...ဗရမ္းဗတာ ျဖစ္လြန္းေသာ ဟန္ပန္က ကိုယ့္ ဥပဓိ႐ုပ္ကို က်ဆင္းေစသည္ ။ စကားေျပာဆို ဆက္ဆံခ်ိန္ မ်က္လုံးျပဴး မ်က္ဆံျပဴး ၊ ေျခတရမ္းရမ္း  လက္တရမ္းရမ္း ဟန္ပန္အမွုအယာ မ်ိဳးေတြက အၾကည့္ ရဆိုးေစေသာ အခ်က္မ်ား ျဖစ္ပါသည္ ။ 

ေနာက္တစ္ခု ေလယူေလသိမ္း ။ တစ္ခ်ိဳ့က ေအာ္က်ယ္ေအာ္က်ယ္ စကားေျပာသည္ ၊ တစ္ခ်ိဳ့ က ေဟာင္ဖြာ ေဟာင္ဖြာ စကားေျပာသည္ ။ ႏွစ္ခုလုံး အဆင္မေျပ ။ လူအမ်ား စိတ္ပ်က္ေစေသာ အခ်က္ျဖစ္ပါသည္။ 

ဒီထက္ပိုဆိုးတာက ...ေညႇာင္နာ ေညႇာင္နာ စကားေျပာတာျဖစ္သည္ ။ လူအထင္ေသးေသာ ေလယူေလသိမ္းျဖစ္ေသာေၾကာင့္ ျပဳျပင္ယူရမွာျဖစ္ပါသည္။ 

မွတ္ခ်က္။   ။  မိမိကိုယ္ဟန္လွုပ္ရွားမွုကို သတိထား ၾကည့္ပါ ။ လိုအပ္လ်င္ သတိထား ထိန္းကြပ္ပါ ။  ေလယူေလသိမ္း ကိုလည္း မိမိ ၏ အနီး ၊ အေဝး စသည္ျဖင့္ အကြာေဝးေပၚ မူတည္၍ ေျပာဆိုသင့္သည့္ ေလသံ အနိမ့္အျမင့္ အတိုးအက်ယ္ ကို ေသခ်ာသိေအာင္ သတိထားသင့္ပါသည္။


(၇) စိတ္အၾကည္ဓါတ္။  ။ 

ေနာက္ဆုံး တစ္ခ်က္ ျဖစ္သလို ...အေရးအႀကီးဆုံး အခ်က္လည္း ျဖစ္ပါသည္ ။ 

လူတစ္ေယာက္ ...ႏွစ္လိုဖြယ္ ေကာင္းျခင္း / မေကာင္းျခင္းတြင္ သူ၏ စိတ္တံခါးေပါက္ ျဖစ္ေသာ မ်က္လုံးမ်ားကလည္း အမ်ားႀကီး အေရးပါသည္။ 

စဥ္းလဲေသာ စိတ္က မ်က္လုံးတြင္ဖုံးကြယ္၍မရပါ ။ ဝန္တိုေသာ အေငြ႕အသက္ ကလည္း မ်က္လုံးတြင္ ေပၚသည္ ။ ေမာက္မာ တတ္ေသာ စိတ္ကလည္း ဟန္ေဆာင္၍ မရ ။ 

လူတစ္ခ်ိဳ့ ....အေျခခံမ်က္ႏွာက် ႏွင့္ ကိုယ္ဟန္လွပ ေသာ္လည္း ေမာက္မာခက္ထန္ေသာ ၊ စဥ္းလဲညစ္ႏြမ္းေသာ စိတ္ဓါတ္ေၾကာင့္ လူအမ်ား ၏ ႏွစ္သက္မွုကို မရရွိပဲ လူမုန္းမ်ားတာကို ေတြ႕ဖူးၾကပါလိမ့္မည္။ 

ဒါေၾကာင့္ ....လူအမ်ားၾကား ႏွစ္လိုဖြယ္ရာ ရွိေနဖို့ ဆိုလ်င္ ၾကည္လင္ေသာ စိတ္ဓါတ္ ပိုင္ရွင္ျဖစ္ဖို့ လိုသည္။ မရွိေသးလ်င္ မိမိ၏အသိတရား ၊ ကိုးကြယ္ရာ ဘာသာ၏ ဆုံးမမွု အစရွိသျဖင့္ ျပဳျပင္ ယူရမွာျဖစ္ပါသည္။  

ညိဳးႏြမ္းသိမ္ငယ္စိတ္သည္လည္း ဆက္ဆံရခက္ခဲေသာ စိတ္ဓါတ္ျဖစ္သည္။ 

ထို့ေၾကာင့္ ....ေပ်ာညံစြာလိုက္ေလ်ာလြန္းတာလည္း မဟုတ္ ၊ ခက္ထန္စြာတင္းမာတာလည္း မဟုတ္ေသာ   “မွန္လို က်င့္ႀကံတတ္သည့္ Assertive Mindset “ရရွိေအာင္ ႀကိဳးစားနိုင္လ်င္ေတာ့ အေကာင္းဆုံးျဖစ္ပါသည္။ 


မွတ္ခ်က္ ။   ။  စိတ္ကို ပ်ိဳးေထာင္ရာတြင္ .....


- သတိထားပါ  ၊သို့ေသာ္ သံသယ မမ်ားပါႏွင့္ ။ 


- ယုံၾကည္မွုကို တန္ဖိုးထားပါ ၊ သို့ေသာ္  အစြန္းမေရာက္ပါႏွင့္ ။ 


- လိုက္ေလ်ာပါ ၊ သို့ေသာ္ အတိုင္းအတာကို တစ္ဖက္မွ သိပါေစ ။ 


- စည္းကမ္းထားပါ ၊ သို့ေသာ္ လိုအပ္သည္ထက္ တင္းက်ပ္ျခင္းက ဘယ္သူ႔အတြက္မေကာင္း။ 


- အားကိုးပါ ၊ သို့ေသာ္ ပုံမအပ္ပါႏွင့္ ။ 


- ေလးနက္ပါ ၊ သို့ေသာ္ သူတပါးကို စိတ္ဖိစီးမွု ေပးတတ္သူ မျဖစ္ပါေစႏွင့္ ။ 


- ဥေပကၡာျပဳနိုင္ေအာင္ႀကိဳးစားပါ ၊ အမုန္းက မိမိအတြက္လည္း ပူေလာင္ပါသည္။ 


- ႐ူးသြပ္စြာ မခ်စ္ပါႏွင့္ ၊ နားလည္မွုႏွင့္ ေမတၱာထားတတ္ေအာင္ႀကိဳးစားပါ ။ 


တည္ၾကည္ ခိုင္မာေသာ ႏွစ္လိုဖြယ္ စိတ္ဓါတ္ ပိုင္ရွင္မ်ားသည္ ဥပဓိ႐ုပ္ ေကာင္းမြန္ျခင္းဆိုသည့္ အရာကို လက္ေဆာင္မြန္ အျဖစ္ ပိုင္ဆိုင္ေလ့ရွိပါသည္။ 


ဤ post တြင္ပါဝင္ေသာ ႐ုပ္ပိုင္းဆိုင္ရာ ျပဳျပင္ထိမ္းသိမ္းမွုမ်ား ၊ စိတ္ပိုင္းဆိုင္ရာ ေလ့က်င့္ပ်ိဳးေထာင္မွု မ်ား ႏွင့္ အတူ ခန႔္ျငားေသာ ႏွစ္လိုဖြယ္ အမ်ိဳးသားမ်ား အျဖစ္ ဘဝ ၏ ေအာင္ျမင္မွုမ်ား ဆြတ္ခူးနိုင္ၾကပါေစ။ 


#MCNyiNyarAung

#mensimageconsulting


Wednesday, December 9, 2020

ကာလာတွေတွဲစပ်ဝတ်ဆင်ရာမှာ သိထားသင့်တဲ့အရာများ (Men Fashion)

ကာလာတွေတွဲစပ်ဝတ်ဆင်ရာမှာ သိထားသင့်တဲ့အရာများ (Men Fashion)




အဝတ်အစားဝတ်တဲ့အခါ ဘယ်လိုကာလာလေးတွေ တွဲဝတ်ရင်အဆင်ပြေတယ်၊ ဘယ်လိုအရောင်အတွဲအစပ်တွေက လူကိုပိုငယ်ရွယ်တဲ့ Look ရစေပြီး ဘယ်လိုအရောင်အတွဲအစပ်တွေကတော့ လူကိုပေါ်လွင်ထူးခြားစေတယ် စတာတွေကို သိရှိနားလည်သွားစေဖို့ ဖက်ရှင်အတွက် တကယ့်ကိုအရေးပါတဲ့ Colour Combination အကြောင်းလေးရေးပေးချင်ပါတယ်။


အမျိုးသားဖက်ရှင်ပဲဖြစ်ဖြစ် အမျိုးသမီးဖက်ရှင်ပဲဖြစ်ဖြစ် အဝတ်အစားဆင်မြန်းရာမှာ မဖြစ်မနေသိသင့်တဲ့ Colour Wheel အကြောင်းကိုလည်း ထည့်ပြောပြထားတာမို့ အရောင်ရွေးချယ်တွဲစပ်ဆင်မြန်းမှုအခြေခံသဘောတရားကို နားလည်သွားမှာဖြစ်တဲ့အပြင် ကိုယ်ပုံမှန်တွဲဝတ်နေကျအရောင်တွေကို ဘယ်လိုပြောင်းလဲပြီး အပေါ်အောက်ထပ်တွဲစပ်လို့ရတယ်၊ Layered Fashion အဖြစ်ဆင်မြန်းနိုင် တယ်ဆိုတာကိုပါ သိသွားမှာဖြစ်ပါတယ်။


“Colour Wheel လို့ခေါ်တဲ့ အရောင်စက်ဝိုင်း”


ပုံမှာမြင်ရတဲ့ Colour Wheel လေးမှာ Cool Colour နဲ့ Warm Colour ဆိုပြီး ခွဲပြထားတာတွေ့ရပါလိမ့်မယ်။ Cool Colour တွေကတော့ ခရမ်း၊အပြာ၊အစိမ်း၊စိမ်းပြာ၊ Red Violet နဲ့ Blue Violet တို့ပါသလို Warm Colour တွေကတော့ အနီ၊ လိမ္မော်၊ အဝါ၊ Yellow Green၊ Red Orange နဲ့ Yellow Orange စတဲ့အရောင်တွေပါဝင်ပါတယ်။ ဒီအရောင်တွေကို အဝတ်အစားအတွဲအစပ်နဲ့ ပတ်သက်ပြီး ၄မျိုးခွဲထုတ်ပစ်လိုက် မယ်ဆိုရင်


(၁) Analogous 

Analogous ကာလာဆိုတာကတော့ Colour Wheel ကကိုယ်ကြိုက်တဲ့ကာလာကို သူ့ဘေးကကာလာနဲ့တွဲဝတ်တာ၊ Layered ထပ်ဝတ်တာမျိုးပါ။ သူတို့ကျတော့ တူညီတဲ့ tone colour ရှိတာမို့ တွဲဝတ်ဖို့အဆင်မပြေစရာမရှိပါဘူး။


(၂) Complementary

သူကကျတော့ ပုံမှာပြထားသလို Colour Wheel မှာရှိတဲ့ မျက်နှာချင်းဆိုင်အရောင်တွေကို တွဲချပစ်လိုက်တာမျိုးပါ။ နည်းနည်းတော့ အတွဲအစပ်က အူကြောင်ကြောင်နိုင်တယ်ထင်ရပေမယ့် တွဲချလိုက်ရင် မိုက်နေတာမျိုးပေါ့။


(၃) Split Complementary

အပေါ်မှာ Complementary ကကျတော့ Colour Wheel ပေါ်ကမျက်နှာချင်းဆိုင်အရောင်တွေကို တွဲချတာမျိုးဖြစ်ပြီး Split ဆိုရင်တော့ ကိုယ်ရွေးတဲ့အရောင်ကို သူ့မျက်နှာချင်းဆိုင်ဘေးကပ်လျက်ကအရောင်တွေနဲ့ ထပ်ပေါင်းတွြဝတ်တာမျိုးပါ။


(၄) Triadic

Triadic ကျတော့ ကိုယ်ရွေးထားတဲ့ Colour ကို သုံးနားညီတြိဂံထိပ်လို ဆက်စပ်နေတဲ့ ကာလာနှစ်ခုနဲ့ တွဲဝတ်တာမျိုးပါ။


ဒီမှာတစ်ချက်ပြောချင်တာက ကိုယ်က Colour Wheel ကိုချည်းအားကိုးပြီး ဝတ်နေဖို့တော့ အမြဲမလိုပါဘူး။ ကိုယ့်စိတ်ထဲ လိုက်ဖက်တယ်ထင်တဲ့ အရောင်မျိုးတွေကိုလည်း တွဲဝတ်နိုင်ပါတယ်။ အရောင်တစ်ရောင်ချင်းစီနဲ့ လိုက်ဖက်တဲ့အရောင်တွေကို အောက်မှာ ထပ်ပြောပြပေးထားပါတယ်။


အပြာရင့်နဲ့ လိုက်ဖက်တဲ့အရောင်များ




ကိုယ်က Navy Blue လိုအပြာရင့်ကို ဝတ်ဖို့ရွေးချယ်လိုက်တာနဲ့ အနက်ရောင်လိုမှောင်တဲ့အရောင်မျိုးကိုတွဲဝတ်ဖို့ ရှောင်ရမယ်ဆိုတာတော့ သိပြီးဖြစ်မှာပါ။ သူနဲ့လိုက်ဖက်တဲ့ အရောင်တွေကတော့ အဖြူရောင်၊ အဝါနုရောင်(သနပ်ခါးရောင်)မျိုးတွေဖြစ်ပြီး ဒီအရောင်တွေနဲ့တွဲဝတ်မယ် ဆိုရင် ကိုယ့်ရဲ့ appearance ကိုပိုထူးခြားသွားစေပါတယ်။ နောက်ထပ်တွဲဝတ်နိုင်တာတွေကတော့ ပန်းနုရောင်၊ အပြာနုရောင်တို့ဖြစ်ပြီး အရင့်တွေထဲကတွဲဝတ်ချင်တယ်ဆိုရင်တော့ အနီ ဒါမှမဟုတ် ကြက်သွေးရောင်တို့ကိုေရွေးချယ်နိုင်ပါတယ်။


အစိမ်းရောင်နဲ့လိုက်ဖက်တဲ့အရောင်များ




အစိမ်းရောင်ဟာ အရောင်တွေထဲ ထူးခြားတဲ့အရောင်ဖြစ်ပြီး အမျိုးသားရော အမျိုးသမီးတွေပါ သူတို့အဝတ်ဗီရိုထဲအနည်းဆုံး တစ်ထည်လောက်တော့ ထည့်ထားတတ်ကြပါတယ်။ အစိမ်းရောင်ထဲမှာ အစိမ်းရင့်နဲ့ သံလွင်သီးအရောင်လိုမျိုး အရောင်ကွဲတွေရှိပေမယ့် သူတို့နှစ်ရောင်နဲ့လိုက်ဖက်တဲ့အရောင်တွေဟာ ကွာခြားတာမျိုးမရှိပါဘူး။ ကာကီရောင်နဲ့ အစိမ်း တွဲတဲ့အခါ လုံးဝသန့်ထွက်သွားသလိုမျိုးပဲ အနက်ရောင်နဲ့ အစိမ်းလည်း လိုက်ဖက်လွန်းလှပါတယ်။ နောက်ထပ်အစိမ်းနဲ့တွဲနိုင်တဲ့အရောင်တွေကတော့ အညို၊ အဝါ၊ နီညိုနဲ့ အပြာရင့်တွေပဲဖြစ်ပါတယ်။


မီးခိုးရောင်နဲ့ လိုက်ဖက်တဲ့အရောင်များ






မီးခိုးရောင်ကလည်း အမျိုးသားတွေ သဘောကျနှစ်ခြိုက်တဲ့အရောင်တွေထဲက တစ်ရောင်ပါ။ သူ့ကို မီးခိုးရောင်အနုနဲ့ အရင့်ဆိုပြီး နှစ်မျိုးခွဲနိုင် ပါသေးတယ်။ ကိုယ်က မီးခိုးရောင်အနုဝတ်မှာဆိုရင်တော့ အဖြူ ၊ အပြာနု ၊ ပန်းရောင်စတာတွေနဲ့သာ တွဲဝတ်ပါ။ တကယ်လို့ မီးခိုးရောင်အရင့်ဝတ်မှာဆိုရင်တော့ သူ့ကိုအနက်ရောင် ဒါမှမဟုတ် နီညိုရောင်တွေနဲ့ တွဲဝတ်ဖို့ အကြံပေးချင်ပါတယ်။


နီညိုရောင်နဲ့ လိုက်ဖက်တဲ့အရောင်များ




အရောင်တွေထဲမှာ နီညိုရောင်ကို သဘောကျနှစ်ခြိုက်တယ်ဆိုရင် ထူးခြားတယ်လို့ဆိုရမှာပါ။ သူကအရောင်တွဲစပ်ရာမှာ မလွယ်ကူဘူးလို့ ထင်ကြတာကြောင့် အမျိုးသားအများစုရှောင်ကြတဲ့အရောင်ပါ။ နီညိုရောင်နဲ့တွဲမယ်ဆိုရင် အရောင်ရင့်ချင်းဖြစ်တဲ့ အပြာရင့်နဲ့တွဲနိုင်သလို ဒီနှစ်ရောင်တွဲစပ်မှုဟာ အချိန်တိုင်းဆန်းသစ်နေတယ်လို့ သတ်မှတ်ကြပါတယ်။ နီညိုရောင်နဲ့ထပ်ပြီး တွဲစပ်နိုင်တဲ့ အရောင်တွေကတော့ Neutral Colour တွေဖြစ်တဲ့ အဖြူ ၊ အနက်၊ မီးခိုးနဲ့ အညို စတာတွေပါပဲ။


အဖြူရောင်နဲ့ လိုက်ဖက်တဲ့အရောင်များ




အရောင်တွေထဲ အဖြူရောင်ကလည်း တွဲစပ်ရသိက်ချက်တဲ့အထဲတော့မပါပါဘူး။ ဒါပေမယ့် သူ့မှာလည်း အလိုက်ဖက်ဆုံးအရောင်တွဲစပ်မှု တွေတော့ရှိပါတယ်။ အထူးသဖြင့် Cool Tones တွေဖြစ်တဲ့ အနက်ရောင်၊ အပြာရင့်နဲ့ အပြာနုရောင်တွေဟာ အဖြူရောင်နဲ့ အလိုက်ဖက်ဆုံး အရောင်တွေဖြစ်ပြီး Neutral Tones တွေဖြစ်တဲ့ သနပ်ခါးရောင်၊ အဝါနုရောင်တွေနဲ့လည်း လိုက်ဖက်ပါတယ်။


အနက်ရောင်နဲ့လိုက်ဖက်တဲ့အရောင်များ



အမျိုးသားတွေသဘောကျနှစ်ခြိုက်တဲ့ အရောင်တွေထဲမှာ အနက်ရောင်ကထိပ်ဆုံးက ပါပါတယ်။ သူက ဘယ်အရောင်နဲ့မဆိုလိုက်ဖက်တာမို့ အထူးခြားဆုံးအရောင်လို့လည်းဆိုရပါလိမ့်မယ်။ All Black ဝတ်ဆင်ရင်တောင် မိုက်နေတဲ့ကာလာအတွဲအစပ်မှာ သူနဲ့လိုက်ဖက်လွန်းတဲ့ အရောင်တွေကို ထပ်ပြောပြရရင်တော့ light tones တွေဖြစ်တဲ့ အဖြူရောင် ၊ ပန်းရောင်၊ အပြာနုရောင်တွေအပြင် အနီရောင်နဲ့လည်း ထူးခြားစွာလိုက်ဖက်နေပါတယ်။ အပေါ်မှာပြောထားသလိုပဲ သူက ကာလာအားလုံးနဲ့ လိုက်ဖက်ပြီးသားမို့ အရောင်အတွဲအစပ်မှာ အရမ်းကြီးေခေါင်းစားစရာမလိုပါဘူး။


သနပ်ခါးရောင်(အဝါနုရောင်)နဲ့ လိုက်ဖက်တဲ့အရောင်များ




အသားရောင်လို့လည်းခေါ်သလို သနပ်ခါးရောင်၊ အဝါနုရောင်လို့လည်းခေါ်တဲ့ Beige ကတော့ သူကိုယ်တိုင်က soft shade ဖြစ်တာမို့ လင်းတဲ့အရောင်တွေဖြစ်တဲ့ အဖြူ၊ အပြာ၊ ရွှံ့စေးဝါရောင်တွေနဲ့တွဲပြီး ဆင်မြန်းနိုင်ပါတယ်။


တကယ်လို့ Beige အရောင်ကိုမှ အဝါရောင်ဘက်ပိုရောက်တဲ့ အရောင်မျိုးဆိုရင်တော့ တအားနုတဲ့အရောင်မျိုးထက်စာရင် အညို၊ အပြာရင့်၊ နီညိုရင့်တွေလို rich tones တွေနဲ့ ပိုလိုက်ဖက်ပါတယ်။


အနီရောင်နဲ့လိုက်ဖက်တဲ့အရောင်များ




ကာလာရင့်အရောင်ဖြစ်တဲ့ အနီရောင်နဲ့ တွဲဖို့ဆိုရင်တော့ Neutral Colour တွေက အသင့်တော်ဆုံးပါ။ အရင့်အရင့်ချင်းတွဲဝတ်လို့မရတာ မဟုတ်ပေမယ့် သူကျတော့အတွဲမတော်ရင် တအားထင်းထင်းကြီး ဖြစ်နေတတ်တာမို့ပါ။ နောက် အနီနဲ့ဆို အဖြူကလည်း တကယ့်ကို တွဲစပ်ဝတ်ဆင်ဖို့ သင့်တော်တဲ့ကာလာဖြစ်ပြီး ကြည့်ရတဲ့သူကို fresh ဖြစ်စေပါတယ်။ အဖြူလိုပဲ အနီနဲ့ဘယ်အချိန်တွဲတွဲလိုက်ဖက်တဲ့ နောက်ထပ်တစ်ရောင်ကတော့ အနက်ပါပဲ။ ပွဲတက်တွေဘာတွေအတွက် Classic Look ရချင်တယ်ဆိုရင်တော့ အနီနဲ့အပြာရင့် တွဲနိုင်ပါတယ်။ နိုင်ငံတကာမှာတော့ အနီကိုအပေါ်အောက် one colour ဝတ်တာမျိုး၊ အနီနဲ့လိမ္မော်တွဲတာမျိုးတွေေခေတ်စားပါတယ်။


ပန်းရောင်နဲ့လိုက်ဖက်တဲ့အရောင်များ




အမျိုးသားအများစု မဝတ်ဖြစ်တဲ့အရောင်ကတော့ ပန်းရောင်ပါပဲ။ သူကတွဲဝတ်ဖို့ဆိုရင်လည်း အရောင်ရှာရတာခက်တာကြောင့်ပါ။ ဒါပေမယ့် အခုချိန်မှာတော့ အမျိုးသားတွေလည်း အရောင်နုတွေကို ပိုစိတ်ဝင်စားလာကြပြီး ပန်းရောင်ဝတ်ဖို့ စိတ်ကူးရှိရင် သူ့ကို မီးခိုးရောင်၊ အဖြူရောင်၊ သနပ်ခါးရောင်နဲ့ ရွှံ့စေးဝါရောင်စတာတွေနဲ့ တွဲဝတ်ကြည့်ဖို့အကြံပေးချင်ပါတယ်။ ပန်းရောင်က နည်းနည်းရင့်တယ်ဆိုရင်တော့ အနက်ရောင်၊ မီးခိုးရောင်အရင့်၊ အပြာရင့်တွေနဲ့ တွဲစပ်ဝတ်ဆင်နိုင်ပါတယ်။


အဝတ်အစားဝတ်တဲ့အခါ Colour Combination အတွက် အရေးကြီးတာတွေကတော့




ကြည့်လိုက်ရင် အရောင်တွေရှုပ်ယှက်ခတ်နေပြီး အဆင်မပြေမဖြစ်စေဖို့ အရောင်ရင့်တွေကို neutral colour တွေဖြစ်တဲ့ အဖြူ၊ အနက်၊ မီးခိုး၊ အသားရောင်၊ ဆင်စွယ်ရောင်၊ အစိမ်းနုရောင်၊ အညိုနုရောင်စတာတွေနဲ့သာ အများဆုံးတွဲဝတ်ပါ။


စမတ်ကျတဲ့အသွင်မျိုး၊ တည်ကြည်တဲ့ပုံစံမျိုး ရချင်တယ်ဆိုရင်တော့ ကိုယ်တွဲမယ့်အရောင်တွေထဲမှာ အပြာရင့်ရောင်၊ နီညိုရောင်နဲ့ အနီရောင်တွေ ပါဝင်နေပါစေ။

အညိုတို့ မီးခိုးတို့ကို တခြားအရောင်နုတွေနဲ့ တွဲပြီးဆင်မြန်းနိုင်ပါတယ်။


အနက်ရောင်ကိုမှ ထင်းတဲ့ဘက်သွားချင်တယ်ဆိုရင် သူ့ကို light colour တွေဖြစ်တဲ့ အဖြူ၊ အပြာနု၊ ပန်းရောင် စတာတွေနဲ့တွဲနိုင် တယ်ဆိုတာ မမေ့ပါနဲ့။ မဟုတ်ရင်တော့ စစ်စိမ်းတို့၊ အနီတို့နဲ့လည်းလိုက်ပါတယ်။


ကိုယ်ရွေးချယ်လိုက်တဲ့ အဝတ်အစားအရောင်တွေဟာ ကိုယ့် appearance ကို ညီညီမျှမျှနဲ့ ကြည့်ကောင်းအောင် ပံ့ပိုးပေးနိုင်တာမျိုး ဖြစ်သင့်ပါတယ်။


ရေးသားသူ - မေသော် (I am Fashion)


(Zawgyi) 

ကာလာေတြတြဲစပ္၀တ္ဆင္ရာမွာ သိထားသင့္တဲ့အရာမ်ား (Men Fashion)




အ၀တ္အစား၀တ္တဲ့အခါ ဘယ္လိုကာလာေလးေတြ တြဲ၀တ္ရင္အဆင္ေျပတယ္၊ ဘယ္လိုအေရာင္အတြဲအစပ္ေတြက လူကိုပိုငယ္ရြယ္တဲ့ Look ရေစျပီး ဘယ္လိုအေရာင္အတြဲအစပ္ေတြကေတာ့ လူကိုေပၚလြင္ထူးျခားေစတယ္ စတာေတြကို သိရွိနားလည္သြားေစဖို႔ ဖက္ရွင္အတြက္ တကယ့္ကိုအေရးပါတဲ့ Colour Combination အေၾကာင္းေလးေရးေပးခ်င္ပါတယ္။

အမ်ိဳးသားဖက္ရွင္ပဲျဖစ္ျဖစ္ အမ်ိဳးသမီးဖက္ရွင္ပဲျဖစ္ျဖစ္ အ၀တ္အစားဆင္ျမန္းရာမွာ မျဖစ္မေနသိသင့္တဲ့ Colour Wheel အေၾကာင္းကိုလည္း ထည့္ေျပာျပထားတာမို႔ အေရာင္ေရြးခ်ယ္တြဲစပ္ဆင္ျမန္းမႈအေျခခံသေဘာတရားကို နားလည္သြားမွာျဖစ္တဲ့အျပင္ ကိုယ္ပံုမွန္တြဲ၀တ္ေနက်အေရာင္ေတြကို ဘယ္လိုေျပာင္းလဲျပီး အေပၚေအာက္ထပ္တြဲစပ္လို႔ရတယ္၊ Layered Fashion အျဖစ္ဆင္ျမန္းႏိုင္ တယ္ဆိုတာကိုပါ သိသြားမွာျဖစ္ပါတယ္။

“Colour Wheel လို႔ေခၚတဲ့ အေရာင္စက္၀ိုင္း”




ပံုမွာျမင္ရတဲ့ Colour Wheel ေလးမွာ Cool Colour နဲ႔ Warm Colour ဆိုျပီး ခြဲျပထားတာေတြ႕ရပါလိမ့္မယ္။ Cool Colour ေတြကေတာ့ ခရမ္း၊အျပာ၊အစိမ္း၊စိမ္းျပာ၊ Red Violet နဲ႔ Blue Violet တို႔ပါသလို Warm Colour ေတြကေတာ့ အနီ၊ လိေမၼာ္၊ အ၀ါ၊ Yellow Green၊ Red Orange နဲ႔ Yellow Orange စတဲ့အေရာင္ေတြပါ၀င္ပါတယ္။ ဒီအေရာင္ေတြကို အ၀တ္အစားအတြဲအစပ္နဲ႔ ပတ္သက္ျပီး ၄မ်ိဳးခြဲထုတ္ပစ္လိုက္ မယ္ဆိုရင္

(၁) Analogous 

Analogous ကာလာဆိုတာကေတာ့ Colour Wheel ကကိုယ္ၾကိဳက္တဲ့ကာလာကို သူ႕ေဘးကကာလာနဲ႔တြဲ၀တ္တာ၊ Layered ထပ္၀တ္တာမ်ိဳးပါ။ သူတို႔က်ေတာ့ တူညီတဲ့ tone colour ရွိတာမို႔ တြဲ၀တ္ဖို႔အဆင္မေျပစရာမရွိပါဘူး။

(၂) Complementary

သူကက်ေတာ့ ပံုမွာျပထားသလို Colour Wheel မွာရွိတဲ့ မ်က္ႏွာခ်င္းဆိုင္အေရာင္ေတြကို တြဲခ်ပစ္လိုက္တာမ်ိဳးပါ။ နည္းနည္းေတာ့ အတြဲအစပ္က အူေၾကာင္ေၾကာင္ႏိုင္တယ္ထင္ရေပမယ့္ တြဲခ်လိုက္ရင္ မိုက္ေနတာမ်ိဳးေပါ့။

(၃) Split Complementary

အေပၚမွာ Complementary ကက်ေတာ့ Colour Wheel ေပၚကမ်က္ႏွာခ်င္းဆိုင္အေရာင္ေတြကို တြဲခ်တာမ်ိဳးျဖစ္ျပီး Split ဆိုရင္ေတာ့ ကိုယ္ေရြးတဲ့အေရာင္ကို သူ႕မ်က္ႏွာခ်င္းဆိုင္ေဘးကပ္လ်က္ကအေရာင္ေတြနဲ႔ ထပ္ေပါင္းတြျ၀တ္တာမ်ိဳးပါ။

(၄) Triadic

Triadic က်ေတာ့ ကိုယ္ေရြးထားတဲ့ Colour ကို သံုးနားညီၾတိဂံထိပ္လို ဆက္စပ္ေနတဲ့ ကာလာႏွစ္ခုနဲ႔ တြဲ၀တ္တာမ်ိဳးပါ။

ဒီမွာတစ္ခ်က္ေျပာခ်င္တာက ကိုယ္က Colour Wheel ကိုခ်ည္းအားကိုးျပီး ၀တ္ေနဖို႔ေတာ့ အျမဲမလိုပါဘူး။ ကိုယ့္စိတ္ထဲ လိုက္ဖက္တယ္ထင္တဲ့ အေရာင္မ်ိဳးေတြကိုလည္း တြဲ၀တ္ႏိုင္ပါတယ္။ အေရာင္တစ္ေရာင္ခ်င္းစီနဲ႔ လိုက္ဖက္တဲ့အေရာင္ေတြကို ေအာက္မွာ ထပ္ေျပာျပေပးထားပါတယ္။

အျပာရင့္နဲ႔ လိုက္ဖက္တဲ့အေရာင္မ်ား




ကိုယ္က Navy Blue လိုအျပာရင့္ကို ၀တ္ဖို႔ေရြးခ်ယ္လိုက္တာနဲ႔ အနက္ေရာင္လိုေမွာင္တဲ့အေရာင္မ်ိဳးကိုတြဲ၀တ္ဖို႔ ေရွာင္ရမယ္ဆိုတာေတာ့ သိျပီးျဖစ္မွာပါ။ သူနဲ႔လိုက္ဖက္တဲ့ အေရာင္ေတြကေတာ့ အျဖဴေရာင္၊ အ၀ါႏုေရာင္(သနပ္ခါးေရာင္)မ်ိဳးေတြျဖစ္ျပီး ဒီအေရာင္ေတြနဲ႔တြဲ၀တ္မယ္ ဆိုရင္ ကိုယ့္ရဲ႕ appearance ကိုပိုထူးျခားသြားေစပါတယ္။ ေနာက္ထပ္တြဲ၀တ္ႏိုင္တာေတြကေတာ့ ပန္းႏုေရာင္၊ အျပာႏုေရာင္တို႔ျဖစ္ျပီး အရင့္ေတြထဲကတြဲ၀တ္ခ်င္တယ္ဆိုရင္ေတာ့ အနီ ဒါမွမဟုတ္ ၾကက္ေသြးေရာင္တို႔ကို ေရြးခ်ယ္ႏိုင္ပါတယ္။

အစိမ္းေရာင္နဲ႔လိုက္ဖက္တဲ့အေရာင္မ်ား




အစိမ္းေရာင္ဟာ အေရာင္ေတြထဲ ထူးျခားတဲ့အေရာင္ျဖစ္ျပီး အမ်ိဳးသားေရာ အမ်ိဳးသမီးေတြပါ သူတို႔အ၀တ္ဗီရိုထဲအနည္းဆံုး တစ္ထည္ေလာက္ေတာ့ ထည့္ထားတတ္ၾကပါတယ္။ အစိမ္းေရာင္ထဲမွာ အစိမ္းရင့္နဲ႔ သံလြင္သီးအေရာင္လိုမ်ိဳး အေရာင္ကြဲေတြရွိေပမယ့္ သူတို႔ႏွစ္ေရာင္နဲ႔လိုက္ဖက္တဲ့အေရာင္ေတြဟာ ကြာျခားတာမ်ိဳးမရွိပါဘူး။ ကာကီေရာင္နဲ႔ အစိမ္း တြဲတဲ့အခါ လံုး၀သန္႔ထြက္သြားသလိုမ်ိဳးပဲ အနက္ေရာင္နဲ႔ အစိမ္းလည္း လိုက္ဖက္လြန္းလွပါတယ္။ ေနာက္ထပ္အစိမ္းနဲ႔တြဲႏိုင္တဲ့အေရာင္ေတြကေတာ့ အညိဳ၊ အ၀ါ၊ နီညိဳနဲ႔ အျပာရင့္ေတြပဲျဖစ္ပါတယ္။

မီးခိုးေရာင္နဲ႔ လိုက္ဖက္တဲ့အေရာင္မ်ား




မီးခိုးေရာင္ကလည္း အမ်ိဳးသားေတြ သေဘာက်ႏွစ္ျခိဳက္တဲ့အေရာင္ေတြထဲက တစ္ေရာင္ပါ။ သူ႕ကို မီးခိုးေရာင္အႏုနဲ႔ အရင့္ဆိုျပီး ႏွစ္မ်ိဳးခြဲႏိုင္ ပါေသးတယ္။ ကိုယ္က မီးခိုးေရာင္အႏု၀တ္မွာဆိုရင္ေတာ့ အျဖဴ ၊ အျပာႏု ၊ ပန္းေရာင္စတာေတြနဲ႔သာ တြဲ၀တ္ပါ။ တကယ္လို႔ မီးခိုးေရာင္အရင့္၀တ္မွာဆိုရင္ေတာ့ သူ႕ကိုအနက္ေရာင္ ဒါမွမဟုတ္ နီညိဳေရာင္ေတြနဲ႔ တြဲ၀တ္ဖို႔ အၾကံေပးခ်င္ပါတယ္။

နီညိဳေရာင္နဲ႔ လိုက္ဖက္တဲ့အေရာင္မ်ား




အေရာင္ေတြထဲမွာ နီညိဳေရာင္ကို သေဘာက်ႏွစ္ျခိဳက္တယ္ဆိုရင္ ထူးျခားတယ္လို႔ဆိုရမွာပါ။ သူကအေရာင္တြဲစပ္ရာမွာ မလြယ္ကူဘူးလို႔ ထင္ၾကတာေၾကာင့္ အမ်ိဳးသားအမ်ားစုေရွာင္ၾကတဲ့အေရာင္ပါ။ နီညိဳေရာင္နဲ႔တြဲမယ္ဆိုရင္ အေရာင္ရင့္ခ်င္းျဖစ္တဲ့ အျပာရင့္နဲ႔တြဲႏိုင္သလို ဒီႏွစ္ေရာင္တြဲစပ္မႈဟာ အခ်ိန္တိုင္းဆန္းသစ္ေနတယ္လို႔ သတ္မွတ္ၾကပါတယ္။ နီညိဳေရာင္နဲ႔ထပ္ျပီး တြဲစပ္ႏိုင္တဲ့ အေရာင္ေတြကေတာ့ Neutral Colour ေတြျဖစ္တဲ့ အျဖဴ ၊ အနက္၊ မီးခိုးနဲ႔ အညိဳ စတာေတြပါပဲ။

အျဖဴေရာင္နဲ႔ လိုက္ဖက္တဲ့အေရာင္မ်ား



အေရာင္ေတြထဲ အျဖဴေရာင္ကလည္း တြဲစပ္ရသိက္ခ်က္တဲ့အထဲေတာ့မပါပါဘူး။ ဒါေပမယ့္ သူ႕မွာလည္း အလိုက္ဖက္ဆံုးအေရာင္တြဲစပ္မႈ ေတြေတာ့ရွိပါတယ္။ အထူးသျဖင့္ Cool Tones ေတြျဖစ္တဲ့ အနက္ေရာင္၊ အျပာရင့္နဲ႔ အျပာႏုေရာင္ေတြဟာ အျဖဴေရာင္နဲ႔ အလိုက္ဖက္ဆံုး အေရာင္ေတြျဖစ္ျပီး Neutral Tones ေတြျဖစ္တဲ့ သနပ္ခါးေရာင္၊ အ၀ါႏုေရာင္ေတြနဲ႔လည္း လိုက္ဖက္ပါတယ္။

အနက္ေရာင္နဲ႔လိုက္ဖက္တဲ့အေရာင္မ်ား



အမ်ိဳးသားေတြသေဘာက်ႏွစ္ျခိဳက္တဲ့ အေရာင္ေတြထဲမွာ အနက္ေရာင္ကထိပ္ဆံုးက ပါပါတယ္။ သူက ဘယ္အေရာင္နဲ႔မဆိုလိုက္ဖက္တာမို႔ အထူးျခားဆံုးအေရာင္လို႔လည္းဆိုရပါလိမ့္မယ္။ All Black ၀တ္ဆင္ရင္ေတာင္ မိုက္ေနတဲ့ကာလာအတြဲအစပ္မွာ သူနဲ႔လိုက္ဖက္လြန္းတဲ့ အေရာင္ေတြကို ထပ္ေျပာျပရရင္ေတာ့ light tones ေတြျဖစ္တဲ့ အျဖဴေရာင္ ၊ ပန္းေရာင္၊ အျပာႏုေရာင္ေတြအျပင္ အနီေရာင္နဲ႔လည္း ထူးျခားစြာလိုက္ဖက္ေနပါတယ္။ အေပၚမွာေျပာထားသလိုပဲ သူက ကာလာအားလံုးနဲ႔ လိုက္ဖက္ျပီးသားမို႔ အေရာင္အတြဲအစပ္မွာ အရမ္းၾကီး ေခါင္းစားစရာမလိုပါဘူး။

သနပ္ခါးေရာင္(အ၀ါႏုေရာင္)နဲ႔ လိုက္ဖက္တဲ့အေရာင္မ်ား




အသားေရာင္လို႔လည္းေခၚသလို သနပ္ခါးေရာင္၊ အ၀ါႏုေရာင္လို႔လည္းေခၚတဲ့ Beige ကေတာ့ သူကိုယ္တိုင္က soft shade ျဖစ္တာမို႔ လင္းတဲ့အေရာင္ေတြျဖစ္တဲ့ အျဖဴ၊ အျပာ၊ ရႊံ႕ေစး၀ါေရာင္ေတြနဲ႔တြဲျပီး ဆင္ျမန္းႏိုင္ပါတယ္။

တကယ္လို႔ Beige အေရာင္ကိုမွ အ၀ါေရာင္ဘက္ပိုေရာက္တဲ့ အေရာင္မ်ိဳးဆိုရင္ေတာ့ တအားႏုတဲ့အေရာင္မ်ိဳးထက္စာရင္ အညိဳ၊ အျပာရင့္၊ နီညိဳရင့္ေတြလို rich tones ေတြနဲ႔ ပိုလိုက္ဖက္ပါတယ္။

အနီေရာင္နဲ႔လိုက္ဖက္တဲ့အေရာင္မ်ား




ကာလာရင့္အေရာင္ျဖစ္တဲ့ အနီေရာင္နဲ႔ တြဲဖို႔ဆိုရင္ေတာ့ Neutral Colour ေတြက အသင့္ေတာ္ဆံုးပါ။ အရင့္အရင့္ခ်င္းတြဲ၀တ္လို႔မရတာ မဟုတ္ေပမယ့္ သူက်ေတာ့အတြဲမေတာ္ရင္ တအားထင္းထင္းၾကီး ျဖစ္ေနတတ္တာမို႔ပါ။ ေနာက္ အနီနဲ႔ဆို အျဖဴကလည္း တကယ့္ကို တြဲစပ္၀တ္ဆင္ဖို႔ သင့္ေတာ္တဲ့ကာလာျဖစ္ျပီး ၾကည့္ရတဲ့သူကို fresh ျဖစ္ေစပါတယ္။ အျဖဴလိုပဲ အနီနဲ႔ဘယ္အခ်ိန္တြဲတြဲလိုက္ဖက္တဲ့ ေနာက္ထပ္တစ္ေရာင္ကေတာ့ အနက္ပါပဲ။ ပြဲတက္ေတြဘာေတြအတြက္ Classic Look ရခ်င္တယ္ဆိုရင္ေတာ့ အနီနဲ႔အျပာရင့္ တြဲႏိုင္ပါတယ္။ ႏိုင္ငံတကာမွာေတာ့ အနီကိုအေပၚေအာက္ one colour ၀တ္တာမ်ိဳး၊ အနီနဲ႔လိေမၼာ္တြဲတာမ်ိဳးေတြ ေခတ္စားပါတယ္။

ပန္းေရာင္နဲ႔လိုက္ဖက္တဲ့အေရာင္မ်ား




အမ်ိဳးသားအမ်ားစု မ၀တ္ျဖစ္တဲ့အေရာင္ကေတာ့ ပန္းေရာင္ပါပဲ။ သူကတြဲ၀တ္ဖို႔ဆိုရင္လည္း အေရာင္ရွာရတာခက္တာေၾကာင့္ပါ။ ဒါေပမယ့္ အခုခ်ိန္မွာေတာ့ အမ်ိဳးသားေတြလည္း အေရာင္ႏုေတြကို ပိုစိတ္၀င္စားလာၾကျပီး ပန္းေရာင္၀တ္ဖို႔ စိတ္ကူးရွိရင္ သူ႕ကို မီးခိုးေရာင္၊ အျဖဴေရာင္၊ သနပ္ခါးေရာင္နဲ႔ ရႊံ႕ေစး၀ါေရာင္စတာေတြနဲ႔ တြဲ၀တ္ၾကည့္ဖို႔အၾကံေပးခ်င္ပါတယ္။ ပန္းေရာင္က နည္းနည္းရင့္တယ္ဆိုရင္ေတာ့ အနက္ေရာင္၊ မီးခိုးေရာင္အရင့္၊ အျပာရင့္ေတြနဲ႔ တြဲစပ္၀တ္ဆင္ႏိုင္ပါတယ္။

အ၀တ္အစား၀တ္တဲ့အခါ Colour Combination အတြက္ အေရးၾကီးတာေတြကေတာ့

ၾကည့္လိုက္ရင္ အေရာင္ေတြရႈပ္ယွက္ခတ္ေနျပီး အဆင္မေျပမျဖစ္ေစဖို႔ အေရာင္ရင့္ေတြကို neutral colour ေတြျဖစ္တဲ့ အျဖဴ၊ အနက္၊ မီးခိုး၊ အသားေရာင္၊ ဆင္စြယ္ေရာင္၊ အစိမ္းႏုေရာင္၊ အညိဳႏုေရာင္စတာေတြနဲ႔သာ အမ်ားဆုံးတြဲ၀တ္ပါ။

စမတ္က်တဲ့အသြင္မ်ိဳး၊ တည္ၾကည္တဲ့ပံုစံမ်ိဳး ရခ်င္တယ္ဆိုရင္ေတာ့ ကိုယ္တြဲမယ့္အေရာင္ေတြထဲမွာ အျပာရင့္ေရာင္၊ နီညိဳေရာင္နဲ႔ အနီေရာင္ေတြ ပါ၀င္ေနပါေစ။

အညိဳတို႔ မီးခိုးတို႔ကို တျခားအေရာင္ႏုေတြနဲ႔ တြဲျပီးဆင္ျမန္းႏိုင္ပါတယ္။

အနက္ေရာင္ကိုမွ ထင္းတဲ့ဘက္သြားခ်င္တယ္ဆိုရင္ သူ႕ကို light colour ေတြျဖစ္တဲ့ အျဖဴ၊ အျပာႏု၊ ပန္းေရာင္ စတာေတြနဲ႔တြဲႏိုင္ တယ္ဆိုတာ မေမ့ပါနဲ႔။ မဟုတ္ရင္ေတာ့ စစ္စိမ္းတို႔၊ အနီတို႔နဲ႔လည္းလိုက္ပါတယ္။

ကိုယ္ေရြးခ်ယ္လိုက္တဲ့ အ၀တ္အစားအေရာင္ေတြဟာ ကိုယ့္ appearance ကို ညီညီမွ်မွ်နဲ႔ ၾကည့္ေကာင္းေအာင္ ပ့ံပိုးေပးႏိုင္တာမ်ိဳး ျဖစ္သင့္ပါတယ္။


ေရးသားသူ - ေမေသာ္ (I am Fashion)


#colourtheoryforclothes
#howtopaircolours
#menfashion
#fashionknowledgesharing
#iamfashion