Monday, February 8, 2021

အမျိုးသားဖက်ရှင် Casual Style အတွက်

 အမျိုးသားဖက်ရှင် Casual Style အတွက် ဘယ်လိုအထာကျအောင် တွဲစပ်နိုင်သလဲ




အမျိုးသားတွေရဲ့ Wardrobe ထဲမှာ အများဆုံးရှိတတ်တဲ့ အဝတ်အစားတွေနဲ့ ဘယ်လို styling လုပ်ရမယ်ဆိုတာ ပြောပြပေးပါမယ်။ Casual Style ပေါ့ပေါ့ပါးပါး ထသွားထလာပုံစံကို ပိုပြီးပြည့်စုံ ဖက်ရှင်ကျသွားအောင် အပေါ်အောက်တွဲနေကျပုံစံကို ဘယ်လိုလေးပြောင်းလဲတွဲကြည့် နိုင်မလဲ၊ ဘာလေးတွေဖြည့်ဖို့လိုမလဲဆိုတဲ့ အိုင်ဒီယာလေးတွေရသွားဖို့ ရည်ရွယ်ပါတယ်။




ခုနောက်ပိုင်း Graphic Tee တွေကို Jeans နဲ့တွဲဝတ်တာ သိပ်မတွေ့ရတော့ပါဘူး။ သူ့ကို Jeans ထက် Ankle Pant တွေ Smart Trouser, Tapered Pant တွေ လွယ်လွယ်ပြောရရင် Style Pant ဒေါက်ပျောက်ဘောင်းဘီမျိုးတွေနဲ့သာ တော်တော်လေးတွဲဝတ်လာကြပါတယ်။ ပြီးရင် ခြေအိတ်ဖော်ပြီး ကိုယ်သဘောကျတဲ့ Sneaker တွေနဲ့ Styling လုပ်မယ်။ ဒါကိုရိုးသေးတယ်ထင်ရင်တော့ Belt Chain တွေတပ်ပြီး Beanie တွေဆောင်းပါ။ Bucket ဦးထုပ်တွေဘာတွေနဲ့လည်း အဆင်ပြေပါတယ်။



Button Down Shirt တွေကို သဘောကျတဲ့သူတွေ Printed Shirt တွေကိုဝတ်ရတာနှစ်ခြိုက်တဲ့သူတွေအတွက် သူ့ကိုဆန်းသွားအောင် Smart Tapered Pant တွေ၊ Style Pant ဒေါက်ပျောက်တွေနဲ့တွဲဝတ်နိုင်ပါတယ်။ အရှည်ကိုတော့ Full Length ဖြစ်ဖြစ် Crop လုပ်ထားတာ ဖြစ်ဖြစ် ကိုယ်သဘောကျတာကို ရွေးပါ။ Shirt ကို တစ်ထပ်တည်းဝတ်ပြီး အင်္ကျီကို ဘောင်းဘီထဲ Tuck in လုပ် ခါးပတ်ပတ်ကာ styling လုပ် နိုင်သလို အပေါ်တစ်ထပ်အနေနဲ့လည်း Layered Fashion မျိုးဝတ်ချလို့ရပါသေးတယ်။ ချိန်းကြိုးဘာညာကတော့ ဝါသနာပါရင် ဆင်မြန်းလိုက်ရုံပါပဲ။



ထသွားထလာလောက်ပဲမို့ ဘောင်းဘီတိုလေးပဲ ဝတ်ထားတယ်ဆိုရင် ဒါမှမဟုတ် ကိုယ်တိုင်က ဘောင်းဘီတိုတွေဝတ်ရတာကြိုက်တယ် ဆိုရင် သူ့ကို Oversized Tee တွေ၊ Sweatshirt တွေ၊ Pullover တွေနဲ့ ဝတ်လို့ရပါတယ်။ Layered Fashion သဘောကျရင်တော့ T shirt အပေါ်မှာ ရှပ်အင်္ကျီကောက်ထပ်ပြီးတော့ဖြစ်ဖြစ် ဒါမှမဟုတ် Tshirt ပေါ် Hoodie အလွယ်တကူကောက်စွတ်ပြီးတော့ဖြစ်ဖြစ် သွားလိုက်ရုံပါပဲ။ ဘောင်းဘီတိုနဲ့ဆိုတော့ Sneaker အထဲက ခြေအိတ်လေးဖော်စီးရင် အတော်လေးမိုက်ပါတယ်။



ကိုယ့်ဆီမှာ Oversized Tee ပြောင်ကာလာတွေရှိတယ်ဆိုရင် သူ့ကိုရိုးရိုးလေးနဲ့ အထာကျအောင် အောက်ကနေ Ankle Pant တွေ Suit Pant တွေနဲ့တွဲဝတ်နိုင်ပါတယ်။ Jeans ဆိုရင်လည်း Skinny Jeans ထက်စာရင် Loose ဖြစ်တဲ့ Straight Leg Jeans တွေ၊ Smart Trouser တွေက ပိုအဆင်ပြေပါတယ်။ အပေါ်ရော အောက်ရော Plain Colour တွေမို့ရိုးတယ်လို့ခံစားရရင်တော့ ဒါကို ပိုထူးခြားအောင် ဘောင်းဘီ အောက်အနားတစ်ခေါက်လောက်ခေါက်ပြီး ခြေအိတ်ပေါ်အောင်ဝတ်ပါ။ Sneaker ကိုတော့ ကိုယ်သဘောကျတဲ့ Sneaker မျိုးရွေးနိုင်သလို Slip On Sneaker တွေ ဒါမှမဟုတ် Slide ကွင်းထိုးဖိနပ်တွေနဲ့လည်း ဆင်မြန်းလို့ရပါတယ်။



Cardigan တွေ၊ Sweater တွေဝတ်ရတာသဘောကျတယ်ဆိုရင်လည်း သူ့ကိုအောက်က Plain Shirt ခပ်ပွပွနဲ့တွဲဝတ်လို့ရပါတယ်။ သည်လို အတွဲအစပ်မျိုးအတွက်ကတော့ အရမ်းကြပ်တဲ့ jeans တွေထက်စာရင် Relaxed Pants တွေနဲ့ပိုလိုက်ပါတယ်။ ကိုယ်ဝတ်မယ့် Cardigan တွေ Sweater တွေက အညိုတွေ အနက်တွေဆိုရင်တော့ ဘောင်းဘီကို ကာကီရောင်၊ အသားရောင် ဒါမှမဟုတ် အညိုအနုလေးတွေပိုရွေး စေချင်ပါတယ်။ သည် Outfit မျိုးက Sneaker တွေနဲ့သာမက Slip on Loaferတွေ Boot တွေနဲ့လည်းလိုက်ပါတယ်။



ယောက်ျားလေးတွေအတော်များများက ကာလာဆန်းတာမျိုးတွေ အပေါ်အောက် သိပ်မဝတ်ကြပါဘူး။ ဒါကြောင့် တစ်ခါတစ်လေတော့ အပြောင်းအလဲဖြစ်အောင် Block Colour လေးတွေ အပေါ်အောက်တွဲဝတ်ဖို့ တိုက်တွန်းချင်ပါတယ်။ မျက်စိရှုပ်တယ်လို့ထင်ရပေမယ့် ကာလာတွဲစပ်မှုနဲ့တင် ထူးခြားနေမှာကတော့ သေချာလို့ပါပဲ။



ယောက်ျားလေးတိုင်းမှာ ရှပ်အင်္ကျီအကွက်တွေ၊ ဆွယ်တာအကွက်တွေ ဒါမှမဟုတ် Flannel ရှပ်အကွက်တွေ ရှိတတ်ကြပါတယ်။ သူတို့ကို တစ်ထပ်တည်း ဒါမှမဟုတ် အောက်ကနေ Graphic Tee တွေ၊ T Shirt ပြောင်လေးတွေ တစ်ထပ်ခံပြီးတော့လည်း ဝတ်နိုင်ပါသေးတယ်။ ခရီးသွားဘာညာအတွက်ဆိုရင် T Shirt နေရာမှာ Hoodie အစားထိုးပြီး Flannel ထပ်ဝတ်ကြည့်ပါ။ ဘောင်းဘီကတော့ Slim Fit Cutting ကနေ Baggy ဖြစ်တာမျိုးထိ သဘောကျရင်တွဲဝတ်ကြည့်ပါ။



အဝတ်အစားအတွက် အားထုတ်ဝတ်ဆင်လာတဲ့ပုံ မပေါက်ချင်ဘူးဆိုရင်တော့ Oversized Hoodie တွေ Sweatshirt တွေ၊ Polo Shirt စတာ တွေကို အောက်ကနေ Loose ဖြစ်တဲ့ Jeans မျိုး ဒါမှမဟုတ် Jogger pant တွေနဲ့ တွဲဝတ်လိုက်ရုံပါပဲ။ အင်္ကျီနဲ့ဘောင်းဘီတွဲစပ်မှုက ရိုးတယ် ထင်ရင် ဖိနပ်ကိုသာ သေချာဦးစားပေးရွေးလိုက်ပါ။


80/90 ပြည့်နှစ်တွေကလို ဝတ်ချင်တဲ့သူတွေ Retro Vibe ရချင်တဲ့သူတွေအတွက်ကတော့ Printed Shirt တွေ၊ Sweatshirt တွေ၊ Vintage Colour Block Jacket တွေရှိရင် အဆင်ပြေပါပြီ။ သူ့ကို Smart Trouser တွေ ဒါမှမဟုတ် Ankle Pant, Suit Pant တွေနဲ့ တွဲဝတ်ပစ်နိုင် သလို Loose Casual Straight Leg Pant တွေနဲ့လည်း ဆင်မြန်းနိုင်ပါတယ်။ ဖိနပ်ကိုတော့ Sneaker, Shoe စတာတွေနဲ့ အဆင်ပြေသလို တွဲဝတ်ပါ။



ဘယ်သူတွေဘာပြောပြော Jeans ပဲအမြဲဝတ်တယ်ဆိုတဲ့သူတွေအတွက် Jeans Jacket ကို အောက်ကအင်္ကျီအစင်းနဲ့တွဲဝတ်ပြီး Smart Trouser လေးတွေနဲ့လည်း စမ်းဝတ်ကြည့်ပါ။ Denim on Denim ဝတ်မယ်ဆိုရင်လည်း Layered Fashion လေးထူးခြားနေအောင် Jean Jacket တွေ၊ Jean Shirt တွေအောက်မှာခံမယ့် အင်္ကျီလေးကို လိုက်ဖက်အောင်ရွေးဖို့တိုက်တွန်းချင်ပါတယ်။ သူ့ကိုလည်း Sneaker ကနေ Dr.Martin လို Boot တွေထိ လိုက်ဖက်တဲ့ဖိနပ်မျိုး တွဲဝတ်ပါ။



၂၀၁၉ အစကတည်းက အရမ်းကိုခေတ်စားလာခဲ့တဲ့ Plaid Pant, Plaid Joggers တွေဟာ သူ့တစ်ထည်တည်းနဲ့တင် Statement တော် တော်လေးဖြစ်တာ သတိထားမိပါတယ်။ သူ့ကို Graphic Tee တွေ၊ Oversized Hoodie တွေ၊ Sweatshirt စတာတွေနဲ့ အဆင်ပြေသလိုသာ တွဲလိုက်ပါ။ ဒါကိုမှ အခြား accessory တွေထပ်ဖြည့်လိုက်ရင်တော့ တော်တော်လေးအထာကျသွားပြီပေါ့။



ခေတ်အဆက်ဆက် Layered Fashion တွေထဲ မေ့ထားလို့မရတဲ့ အတွဲအစပ်ကိုပြပါဆိုရင် လက်ရှည်အင်္ကျီပေါ်လက်တိုထပ်ဝတ်ပြီး Styling လုပ်တာမျိုးလို့ဆိုရပါလိမ့်မယ်။ ခုနောက်ပိုင်း EBoy Outfit တွေအနေနဲ့ တစ်ခေတ်ထလာတယ်ထင်ရပေမယ့် တကယ်တော့ သူက ဘယ်တုန်းကမှ မှေးမှိန်မသွားတဲ့ အတွဲအစပ်မျိုးပါ။ တော်တော်များများက အစင်းလက်ရှည်၊ လက်တို စတာတွေနဲ့ အခြားသော Tee တွေ ထပ်ဝတ်တတ်ကြပေမယ့် အစင်းတွေမရှိလည်း ပြောင်အဖြူ၊ အနက်စတာတွေနဲ့ အိုကေပါတယ်။ သူနဲ့ဆို ဘောင်းဘီအတွက် ကိုယ်သဘောကျတဲ့ Jeans တွေနဲ့ တွဲဝတ်နိုင်သလို Jogger Pants တွေ Sweat Pant တွေနဲ့လည်း တွဲလို့ရတယ်နော်။



ကိုယ့်ရဲ့အဝတ်ဘီရိုထဲ မရှိမဖြစ် ဘောင်းဘီအမျိုးအစားတွေအနေနဲ့ Smart Trouser တွေ၊ Ankle Pant, Style Pant ဒေါက်ပျောက်တွေ၊ Plaid Jogger Pant တွေ၊ Sweat Pant တွေအပြင် Loose ဖြစ်တဲ့ Straight Leg Pant တွေ၊ Sweat Pant တွေရှိသင့်ပါတယ်။ ဒါတွေအကုန် ရှိရမယ်မဟုတ်ပေမယ့် အနည်းဆုံး ၃မျိုးလောက်ရှိမယ်ဆိုရင် Styling လုပ်ရတာပိုအဆင်ပြေပါလိမ့်မယ်။




Accessories အနေနဲ့က ချဲ့ရင်ချဲ့သလောက်ရပေမယ့် နေကာမျက်မှန်၊ ဦးထုပ်၊ Fannypack bag၊ ခြေအိတ် စတာတွေက အရေးကြီးလိုအပ် သလို Belt Chain တွေ၊ ဆွဲကြိုး ဘာညာတွေကလည်း ရှိထားရင်ကောင်းပါတယ်ရှင်။

ရေးသားသူ - မေသော် (I am Fashion)

(Zawgyi) 

အမ်ိဳးသားဖက္ရွင္ Casual Style အတြက္ ဘယ္လိုအထာက်ေအာင္ တြဲစပ္ႏိုင္သလဲ




အမ်ိဳးသားေတြရဲ႕ Wardrobe ထဲမွာ အမ်ားဆံုးရွိတတ္တဲ့ အ၀တ္အစားေတြနဲ႔ ဘယ္လို styling လုပ္ရမယ္ဆိုတာ ေျပာျပေပးပါမယ္။ Casual Style ေပါ့ေပါ့ပါးပါး ထသြားထလာပံုစံကို ပိုျပီးျပည့္စံု ဖက္ရွင္က်သြားေအာင္ အေပၚေအာက္တြဲေနက်ပံုစံကို ဘယ္လိုေလးေျပာင္းလဲတြဲၾကည့္ ႏိုင္မလဲ၊ ဘာေလးေတြျဖည့္ဖို႔လိုမလဲဆိုတဲ့ အိုင္ဒီယာေလးေတြရသြားဖို႔ ရည္ရြယ္ပါတယ္။

ခုေနာက္ပိုင္း Graphic Tee ေတြကို Jeans နဲ႔တြဲ၀တ္တာ သိပ္မေတြ႕ရေတာ့ပါဘူး။ သူ႕ကို Jeans ထက္ Ankle Pant ေတြ Smart Trouser, Tapered Pant ေတြ လြယ္လြယ္ေျပာရရင္ Style Pant ေဒါက္ေပ်ာက္ေဘာင္းဘီမ်ိဳးေတြနဲ႔သာ ေတာ္ေတာ္ေလးတြဲ၀တ္လာၾကပါတယ္။ ျပီးရင္ ေျခအိတ္ေဖာ္ျပီး ကိုယ္သေဘာက်တဲ့ Sneaker ေတြနဲ႔ Styling လုပ္မယ္။ ဒါကိုရိုးေသးတယ္ထင္ရင္ေတာ့ Belt Chain ေတြတပ္ျပီး Beanie ေတြေဆာင္းပါ။ Bucket ဦးထုပ္ေတြဘာေတြနဲ႔လည္း အဆင္ေျပပါတယ္။

Button Down Shirt ေတြကို သေဘာက်တဲ့သူေတြ Printed Shirt ေတြကို၀တ္ရတာႏွစ္ျခိဳက္တဲ့သူေတြအတြက္ သူ႕ကိုဆန္းသြားေအာင္ Smart Tapered Pant ေတြ၊ Style Pant ေဒါက္ေပ်ာက္ေတြနဲ႔တြဲ၀တ္ႏိုင္ပါတယ္။ အရွည္ကိုေတာ့ Full Length ျဖစ္ျဖစ္ Crop လုပ္ထားတာ ျဖစ္ျဖစ္ ကိုယ္သေဘာက်တာကို ေရြးပါ။ Shirt ကို တစ္ထပ္တည္း၀တ္ျပီး အက်ႌကို ေဘာင္းဘီထဲ Tuck in လုပ္ ခါးပတ္ပတ္ကာ styling လုပ္ ႏိုင္သလို အေပၚတစ္ထပ္အေနနဲ႔လည္း Layered Fashion မ်ိဳး၀တ္ခ်လို႔ရပါေသးတယ္။ ခ်ိန္းၾကိဳးဘာညာကေတာ့ ၀ါသနာပါရင္ ဆင္ျမန္းလိုက္ရံုပါပဲ။

ထသြားထလာေလာက္ပဲမို႔ ေဘာင္းဘီတိုေလးပဲ ၀တ္ထားတယ္ဆိုရင္ ဒါမွမဟုတ္ ကိုယ္တိုင္က ေဘာင္းဘီတိုေတြ၀တ္ရတာၾကိဳက္တယ္ ဆိုရင္ သူ႕ကို Oversized Tee ေတြ၊ Sweatshirt ေတြ၊ Pullover ေတြနဲ႔ ၀တ္လို႔ရပါတယ္။ Layered Fashion သေဘာက်ရင္ေတာ့ T shirt အေပၚမွာ ရွပ္အက်ႌေကာက္ထပ္ျပီးေတာ့ျဖစ္ျဖစ္ ဒါမွမဟုတ္ Tshirt ေပၚ Hoodie အလြယ္တကူေကာက္စြတ္ျပီးေတာ့ျဖစ္ျဖစ္ သြားလိုက္ရံုပါပဲ။ ေဘာင္းဘီတိုနဲ႔ဆိုေတာ့ Sneaker အထဲက ေျခအိတ္ေလးေဖာ္စီးရင္ အေတာ္ေလးမိုက္ပါတယ္။

ကိုယ့္ဆီမွာ Oversized Tee ေျပာင္ကာလာေတြရွိတယ္ဆိုရင္ သူ႕ကိုရိုးရိုးေလးနဲ႔ အထာက်ေအာင္ ေအာက္ကေန Ankle Pant ေတြ Suit Pant ေတြနဲ႔တြဲ၀တ္ႏိုင္ပါတယ္။ Jeans ဆိုရင္လည္း Skinny Jeans ထက္္စာရင္ Loose ျဖစ္တဲ့ Straight Leg Jeans ေတြ၊ Smart Trouser ေတြက ပိုအဆင္ေျပပါတယ္။ အေပၚေရာ ေအာက္ေရာ Plain Colour ေတြမို႔ရိုးတယ္လို႔ခံစားရရင္ေတာ့ ဒါကို ပိုထူးျခားေအာင္ ေဘာင္းဘီ ေအာက္အနားတစ္ေခါက္ေလာက္ေခါက္ျပီး ေျခအိတ္ေပၚေအာင္၀တ္ပါ။ Sneaker ကိုေတာ့ ကိုယ္သေဘာက်တဲ့ Sneaker မ်ိဳးေရြးႏိုင္သလို Slip On Sneaker ေတြ ဒါမွမဟုတ္ Slide ကြင္းထိုးဖိနပ္ေတြနဲ႔လည္း ဆင္ျမန္းလို႔ရပါတယ္။

Cardigan ေတြ၊ Sweater ေတြ၀တ္ရတာသေဘာက်တယ္ဆိုရင္လည္း သူ႕ကိုေအာက္က Plain Shirt ခပ္ပြပြနဲ႔တြဲ၀တ္လို႔ရပါတယ္။ သည္လို အတြဲအစပ္မ်ိဳးအတြက္ကေတာ့ အရမ္းၾကပ္တဲ့ jeans ေတြထက္စာရင္ Relaxed Pants ေတြနဲ႔ပိုလိုက္ပါတယ္။ ကိုယ္၀တ္မယ့္ Cardigan ေတြ Sweater ေတြက အညိဳေတြ အနက္ေတြဆိုရင္ေတာ့ ေဘာင္းဘီကို ကာကီေရာင္၊ အသားေရာင္ ဒါမွမဟုတ္ အညိဳအနုေလးေတြပိုေရြး ေစခ်င္ပါတယ္။ သည္ Outfit မ်ိဳးက Sneaker ေတြနဲ႔သာမက Slip on Loaferေတြ Boot ေတြနဲ႔လည္းလိုက္ပါတယ္။

ေယာက္်ားေလးေတြအေတာ္မ်ားမ်ားက ကာလာဆန္းတာမ်ိဳးေတြ အေပၚေအာက္ သိပ္မ၀တ္ၾကပါဘူး။ ဒါေၾကာင့္ တစ္ခါတစ္ေလေတာ့ အေျပာင္းအလဲျဖစ္ေအာင္ Block Colour ေလးေတြ အေပၚေအာက္တြဲ၀တ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။ မ်က္စိရႈပ္တယ္လို႔ထင္ရေပမယ့္ ကာလာတြဲစပ္မႈနဲ႔တင္ ထူးျခားေနမွာကေတာ့ ေသခ်ာလို႕ပါပဲ။

ေယာက္်ားေလးတိုင္းမွာ ရွပ္အက်ႌအကြက္ေတြ၊ ဆြယ္တာအကြက္ေတြ ဒါမွမဟုတ္ Flannel ရွပ္အကြက္ေတြ ရွိတတ္ၾကပါတယ္။ သူတို႔ကို တစ္ထပ္တည္း ဒါမွမဟုတ္ ေအာက္ကေန Graphic Tee ေတြ၊ T Shirt ေျပာင္ေလးေတြ တစ္ထပ္ခံျပီးေတာ့လည္း ၀တ္ႏိုင္ပါေသးတယ္။ ခရီးသြားဘာညာအတြက္ဆိုရင္ T Shirt ေနရာမွာ Hoodie အစားထိုးျပီး Flannel ထပ္၀တ္ၾကည့္ပါ။ ေဘာင္းဘီကေတာ့ Slim Fit Cutting ကေန Baggy ျဖစ္တာမ်ိဳးထိ သေဘာက်ရင္တြဲ၀တ္ၾကည့္ပါ။

အ၀တ္အစားအတြက္ အားထုတ္၀တ္ဆင္လာတဲ့ပံု မေပါက္ခ်င္ဘူးဆိုရင္ေတာ့ Oversized Hoodie ေတြ Sweatshirt ေတြ၊ Polo Shirt စတာ ေတြကို ေအာက္ကေန Loose ျဖစ္တဲ့ Jeans မ်ိဳး ဒါမွမဟုတ္ Jogger pant ေတြနဲ႔ တြဲ၀တ္လိုက္ရံုပါပဲ။ အက်ႌနဲ႔ေဘာင္းဘီတြဲစပ္မႈက ရိုးတယ္ ထင္ရင္ ဖိနပ္ကိုသာ ေသခ်ာဦးစားေပးေရြးလိုက္ပါ။

80/90 ျပည့္ႏွစ္ေတြကလို ၀တ္ခ်င္တဲ့သူေတြ Retro Vibe ရခ်င္တဲ့သူေတြအတြက္ကေတာ့ Printed Shirt ေတြ၊ Sweatshirt ေတြ၊ Vintage Colour Block Jacket ေတြရွိရင္ အဆင္ေျပပါျပီ။ သူ႕ကို Smart Trouser ေတြ ဒါမွမဟုတ္ Ankle Pant, Suit Pant ေတြနဲ႔ တြဲ၀တ္ပစ္ႏိုင္ သလို Loose Casual Straight Leg Pant ေတြနဲ႔လည္း ဆင္ျမန္းႏိုင္ပါတယ္။ ဖိနပ္ကိုေတာ့ Sneaker, Shoe စတာေတြနဲ႔ အဆင္ေျပသလို တြဲ၀တ္ပါ။

ဘယ္သူေတြဘာေျပာေျပာ Jeans ပဲအျမဲ၀တ္တယ္ဆိုတဲ့သူေတြအတြက္ Jeans Jacket ကို ေအာက္ကအက်ႌအစင္းနဲ႔တြဲ၀တ္ျပီး Smart Trouser ေလးေတြနဲ႔လည္း စမ္း၀တ္ၾကည့္ပါ။ Denim on Denim ၀တ္မယ္ဆိုရင္လည္း Layered Fashion ေလးထူးျခားေနေအာင္ Jean Jacket ေတြ၊ Jean Shirt ေတြေအာက္မွာခံမယ့္ အက်ႌေလးကို လိုက္ဖက္ေအာင္ေရြးဖို႔တိုက္တြန္းခ်င္ပါတယ္။ သူ႕ကိုလည္း Sneaker ကေန Dr.Martin လို Boot ေတြထိ လိုက္ဖက္တဲ့ဖိနပ္မ်ိဳး တြဲ၀တ္ပါ။

၂၀၁၉ အစကတည္းက အရမ္းကိုေခတ္စားလာခဲ့တဲ့ Plaid Pant, Plaid Joggers ေတြဟာ သူ႕တစ္ထည္တည္းနဲ႔တင္ Statement ေတာ္ ေတာ္ေလးျဖစ္တာ သတိထားမိပါတယ္။ သူ႕ကို Graphic Tee ေတြ၊ Oversized Hoodie ေတြ၊ Sweatshirt စတာေတြနဲ႔ အဆင္ေျပသလိုသာ တြဲလိုက္ပါ။ ဒါကိုမွ အျခား accessory ေတြထပ္ျဖည့္လိုက္ရင္ေတာ့ ေတာ္ေတာ္ေလးအထာက်သြားျပီေပါ့။

ေခတ္အဆက္ဆက္ Layered Fashion ေတြထဲ ေမ့ထားလို႔မရတဲ့ အတြဲအစပ္ကိုျပပါဆိုရင္ လက္ရွည္အက်ႌေပၚလက္တိုထပ္၀တ္ျပီး Styling လုပ္တာမ်ိဳးလို႔ဆိုရပါလိမ့္မယ္။ ခုေနာက္ပိုင္း EBoy Outfit ေတြအေနနဲ႔ တစ္ေခတ္ထလာတယ္ထင္ရေပမယ့္ တကယ္ေတာ့ သူက ဘယ္တုန္းကမွ ေမွးမွိန္မသြားတဲ့ အတြဲအစပ္မ်ိဳးပါ။ ေတာ္ေတာ္မ်ားမ်ားက အစင္းလက္ရွည္၊ လက္တို စတာေတြနဲ႔ အျခားေသာ Tee ေတြ ထပ္၀တ္တတ္ၾကေပမယ့္ အစင္းေတြမရွိလည္း ေျပာင္အျဖဴ၊ အနက္စတာေတြနဲ႔ အိုေကပါတယ္။ သူနဲ႔ဆို ေဘာင္းဘီအတြက္ ကိုယ္သေဘာက်တဲ့ Jeans ေတြနဲ႔ တြဲ၀တ္ႏိုင္သလို Jogger Pants ေတြ Sweat Pant ေတြနဲ႔လည္း တြဲလို႔ရတယ္ေနာ္။

ကိုယ့္ရဲ႕အ၀တ္ဘီရိုထဲ မရွိမျဖစ္ ေဘာင္းဘီအမ်ိဳးအစားေတြအေနနဲ႔ Smart Trouser ေတြ၊ Ankle Pant, Style Pant ေဒါက္ေပ်ာက္ေတြ၊ Plaid Jogger Pant ေတြ၊ Sweat Pant ေတြအျပင္ Loose ျဖစ္တဲ့ Straight Leg Pant ေတြ၊ Sweat Pant ေတြရွိသင့္ပါတယ္။ ဒါေတြအကုန္ ရွိရမယ္မဟုတ္ေပမယ့္ အနည္းဆံုး ၃မ်ိဳးေလာက္ရွိမယ္ဆိုရင္ Styling လုပ္ရတာပိုအဆင္ေျပပါလိမ့္မယ္။

Accessories အေနနဲ႔က ခ်ဲ႕ရင္ခ်ဲ႕သေလာက္ရေပမယ့္ ေနကာမ်က္မွန္၊ ဦးထုပ္၊ Fannypack bag၊ ေျခအိတ္ စတာေတြက အေရးၾကီးလိုအပ္ သလို Belt Chain ေတြ၊ ဆြဲၾကိဳး ဘာညာေတြကလည္း ရွိထားရင္ေကာင္းပါတယ္ရွင္။



ေရးသားသူ - ေမေသာ္ (I am Fashion)

No comments: