Tuesday, February 23, 2021

Yoga Asanas for insomnia

Yoga Asanas for insomnia

အိပ်မပျော်ခြင်းတွက် ယောဂကျင့်စဉ်


🧘‍♂️🧘‍♂️🕉🧘‍♀️🧘‍♀️




ညဘက် အိပ်မပျော်ခြင်းဟာ ရောဂါတစ်ခုလား ။🙄🤔


ယနေ့ခေတ်လူတော်တော်များများကြားမှာ အိပ်မပျော်တဲ့ပြဿနာ (Insomnia) ဟာ တဖြည်းဖြည်း ကြီးထွားလာနေသည်ကို တွေ့နိုင်ပါသည် ။ အိပ်ချင်ပေမယ့် အိပ်မရတာ ၊ အိပ်မပျော်တာ ၊ အိပ်ပျော်ဖို့ ပုံမှန်ထက် ကြိုးစားနေရတာ ၊ မကြာခဏ လန့်နိုးတာ စသည်ဖြင့် လူအများစုတွင် ကြုံတွေ့နေရပေသည် ။ အသက်အရွယ်ကြီးလာခြင်း ၊ အိပ်ချိန်ပုံမှန် မရှိခြင်း ၊ အချိန်ဇုံ ကွာခြားသောနေရာများသို့ လေယာဉ်ခရီးသွားခြင်း နှင့် ရောဂါအခံတစ်ခုခုရှိသောကြောင့် နောက်ဆက်တွဲအနေဖြင့်လည်း အိပ်မပျော်ခြင်းတို့ ဖြစ်ပွားတတ်ပါသည် ။


မည်သည့်အကြောင့်ကြောင့်ပင်ဖြစ်စေ အိပ်မပျော်မှုများလာပါက ခန္ဓာကိုယ် Physical ပိုင်းတွင်သာမက စိတ်ခံစားမှု Emotional ပိုင်းကိုပါ ထိခိုက်လာနိုင်ပါသည် ။ စိတ်ပိုင်းဆိုင်ရာတွင်လည်း စိတ်မကြည်ခြင်း ၊ ‌‌ဒေါသထွက်လွယ်ခြင်း ၊ ဘာမဟုတ်သော ကိစ္စသေးသေးလေးကိုပင် ပုံကြီးချဲ့လာခြင်း တို့ဖြစ်ပွားလာတတ်ပါသည် ။ ရုပ်ပိုင်းဆိုင်ရတွင်လည်း နေ့လယ်ဘက်တွင် အိပ်ငိုက်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ခေါင်းမကြည်ခြင်း ၊ အာရုံစူးစိုက်မှု လျော့ကျသွားခြင်း ၊ နှလုံးရောဂါ နှင့် အခြားသောကျန်းမား‌ရေးဆိုးကျိုးများကို ဖြစ်ပွားလာတတ်သည့်အတွက် သတိပြုရမည့် ရောဂါတစ်ခုဖြစ်ပါသည် ။


လေ့လာမှုများအရ လူ ၄ ယောက်တွင် ၁ ယောက်မှာ အိပ်မပျော်ခြင်း ပြဿနာရှိသည်ဟု သိရပါသည် ။ ကမ္ဘာ့လူဦးရေ၏ ၃ ပုံ ၂ ပုံခန့်သည် စိတ်ဖိစီးမှုများ ၊ စိတ်လှုပ်ရှားမှုများကြောင့် အိပ်မပျော်ခြင်းကို ခံစားကြဖူးသည်ဟု သိရပါသည် ။  အိပ်ဆေးသောက်ခြင်းသည် အိပ်မပျော်ခြင်းပြဿနာကို ခဏတာဖြေရှင်းပေးနိုင်သော်လည်း ရေရည်တွင် နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်လာတတ်ပါသည် ။ အိပ်စက်ခြင်းဟူသည် သဘာဝနည်းလမ်းအတိုင်း ခန္ဓာကိုယ်ကို အားအင်ပြန်လည်ဖြည့်တင်းပေးနိုင်သည့် Natural Restorative နည်းလမ်းဖြစ်သည့်အတွက် အလွန်အရေးကြီးပါသည် ။


#အိပ်မပျော်ခြင်း Insomnia


😴😴📌


အိပ်ပျော်ဖို့ခက်ခဲသော အခြေအနေကို ၂ မျိုး ခွဲခြားလေ့လာနိုင်ပါသည် ။


#ယေဘူယျအကြောင်းများကြောင့်အိပ်မပျော်ခြင်း (Primary Insomnia) နှင့် #ရောဂါအခံကြောင့်နောက်ဆက်တွဲအဖြစ် အိပ်မပျော်ခြင်း (Secondary Insomnia) တို့ ဖြစ်ပါသည် ။ ပထမအမျိုးအစားသည် အသက်အရွယ်ကြီးရင့်လာသည့်အတွက် အိပ်မပျော်ခြင်း ၊ အိပ်ချိန်ပုံမှန်မရှိခြင်းကြောင့် အိပ်မပျော်ခြင်း ၊ လေယာဉ်ဖြင့် ခရီးသွားရာတွင် အချိန်အပြောင်းအလဲကြောင့် အိပ်မပျော်ခြင်း နှင့် တခြားသော အကြောင်းရင်ခံ အမျိုးမျိုးကြောင့် အိပ်မပျော်ခြင်းပင် ဖြစ်ပေသည် ။


ရောဂါအခံတစ်ခုခုရှိသဖြင့် နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် အိပ်မ‌ပျော်ရခြင်းမှန်သမျှကို ဒုတိယအမျိုးအစား Secondary Insomnia အမျိုးအစားဟု သတ်မှတ်နိုင်ပါသည် ။ အရိုးအဆစ် နှင့် ကြွက်သားရောဂါများ ၊ နှလုံးရောဂါများ ၊ အစာအိမ် နှင့် အူလမ်းကြောင်းရောဂါများ ၊ ဆီးလမ်းကြောင်းရောဂါများ ၊ အာရုံကြောရောဂါများ ၊ အသက်ရှုလမ်းကြောင်းရောဂါများကဲ့သို့သော ရောဂါကြီးများ ဖြစ်ပွားသောအခါ နောက်ဆက်တွဲအဖြစ် အိပ်မ‌ပျော်ခြင်းကို ခံစားရနိုင်ပါသည် ။


မည်သည့်အမျိုးအစားပင်ဖြစ်စေ အိပ်မ‌ပျော်ခြင်းသည် ရက်ပိုင်းခန့်မှသည် သီတင်းအပါတ် ၁ ခုအတွင်း ‌ပျောက်သွားတတ်ပါသည် ။ ထို့ကဲ့သို့ မဟုတ်ဘဲ လပေါင်းများစွာ (သို့) နှစ်နဲ့ချီ၍ အိပ်မပျော်ခြင်းကို ခံစားနေရပါက ယင်းသည် နာတာရှည်အိပ်မ‌ပျော်ခြင်း (Chronic Insomnia) အဖြစ်သို့ ရောက်ရှိသွားမည် ဖြစ်သည် ။ နာတာရှည်အိပ်မပျော်ခြင်း ဖြစ်ပွားပြီဆိုပါက ကျန်းမာရေးကိုသာမက ဘဝအရည်အသွေးများကိုပါ ဆုံရှုံးသွားနိုင်သည့်အတွက် အထူးသတိပြုသင့်ပါသည် ။


#ဖြစ်ပွားရသောအကြောင်းရင်း


📌📌


ညနေပိုင်းတွင် အစာကို ပြည့်တင်းစွာ စားသောက်ခြင်း ၊ ဆီးချိုရောဂါနှင့် ဆီးရောဂါပြဿနာရှိသဖြင့် ညဘက်မကြာခဏ ဆီးထသွားရသူများ ၊ ယနေ့ခေတ် ပြောင်းလဲလာသော လူနေမှုပုံစံများကြောင့် ဖုန်း ၊ ကွန်ပြူတာများကို အလွန်အကျွံ အသုံးပြုလာခြင်းကလည်း အဓိကအကြောင်းအရင်းတစ်ခု ဖြစ်ပါသည် ။ ထို့ပြင် ရာသီဥတုပူပြင်းသဖြင့် ချွေးများစွာထွက်ကာ ညဘက်အိပ်မရခြင်း ၊ အိပ်နေရင်းဖြင့် Sleep Apnea ရောဂါကြောင့် အသက်ရှုရပ်တတ်သူများ ၊ စိတ်ကျရောဂါရှိသူများ နှင့် သိုင်းရွိုက်ဟော်မုန်း များနေသူများတွင်လည်း အိပ်မပျော်ခြင်းကို ကြုံရတတ်ပါသည် ။


#ရောဂါလက္ခဏာများ📌💡


အိပ်မပျော်ခြင်းသည် တစ်ညတစ်လေမဟုတ်ဘဲ တစ်ပါတ်တွင် ၃ ရက်နှင့်အထက် အိပ်မ‌ပျော်ခြင်းကို ၃ လခန့်အထိ ခံစားနေရပါက နာတာရှည်အိပ်မပျော်ခြင်းဟု သတ်မှတ်နိုင်ပါသည် ။ ထိုကဲ့သို့ ဖြစ်ပွားပါက ကျွမ်းကျင်သော ဆရာဝန်နှင့် အမြန်ဆုံးသွားရောက် ပြသတိုင်ပင် သင့်ပါသည် ။ နောက်ကျမှအိပ်ခြင်း ၊ နောက်ကျမှထခြင်းတို့ကြောင့် ခန္ဓကိုယ် ဇီဝကမ္မဖြစ်စဉ်သည် ပုံမှန်မဟုတ်တော့ဘဲ ပြောင်းလဲလာကာ ရေရှည်တွင် ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်နိုင်ကာ နှလုံးရောဂါဖြစ်ပွားနှုန်း ပိုမိုလာသည်ဟု လေ့လာမှုများက ဖော်ပြထားပါသည် ။


ညဘက်အိပ်မ‌ပျော်သည့်အတွက် နောက်နေ့တွင် စိတ်ရောကိုယ်ပါ ရွင်လန်းတက်ကြွမှု မရှိတော့ခြင်း ၊ ထိုင်းမှိုင်းလေးလံ ငိုက်မြည်းနေခြင်း ၊ ကျောင်းသူ/ကျောင်သားများတွင်လည်း သင်ခန်းစာများကို စိတ်မပါတော့ခြင်း ၊ လုပ်ငန်းခွင်တွင်လည်း စိတ်ပါဝင်စားမှု လျေ့ာကျသွားသည့်အတွက် အမှားမှားအယွင်းယွင်း ဖြစ်ခြင်းတို့ ဖြစ်လာနိုင်ပါသည် ။


အိပ်မပျော်ခြင်းကြောင့် ခန္ဓာကိုယ်တွင် Catecholamine ဟော်မုန်းများ ပိုမိုထွက်ရှိလာသည့်အတွက် သွေးကြောများကျုံ့သွားကာ သွေးပေါင်ချိန်ကို ပိုတက်သွားစေသည့်အတွက် သွေးတိုးရောဂါရှင်များသည် အထူးသတိပြုရပါမည် ။ ဆီးချိုရောဂါရှင်များတွင်လည်း အင်ဆူလင်ဟော်မုန်း ကောင်းမွန်စွာ မထွက်နိုင်တော့သည့်အတွက် သွေးထဲတွင် ဂလူးကို့စ်များ တက်လာနိုင်ပါသည် ။ ထိခိုက်ဒဏ်ရာရထားသဖြင့် အနာဖြစ်နေသူများတွင်လည်း အနာကျက်နူန်းကို နှေးသွားစေနိုင်ပါသည် ။ အရိုကျိုးနေသူများတွင်လည်း အရိုးပြန်ဆက်ခြင်းကို နှေး‌ကွေးသွားစေနိုင်ပါသည် ။


#ဖြစ်ပွားရသောအကြောင်းရင်းများ 📌💡


ဟော်မုန်းများသည် အိပ်စက်ခြင်းအပေါ် အကျိုးသက်ရောက်စေနိုင်ပြီး ဓာတုဆေးဝါးများသောက်သုံးနေရခြင်းကလည်း အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပါသည် ။ အမျိုးသမီးများတွင်လည်း သွေးဆုံးပြီးနောက် ၃ နှစ်ခန့်ကြာသောအခါ အိပ်မ‌ပျော်ခြင်းသည် ၄၀% အထိ တိုးလာနိုင်သည်ဟု သိရပါသည် ။


အိပ်မပျော်ရခြင်း၏ အဓိကအကြောင်းရင်းများမှာ


✅ ဦးနှောက်နှင့် အာရုံကြောပြဿနာ


✅ စိတ်လှုပ်ရှားမှု နှင့် စိတ်ဖိစီးမှုများခြင်း


✅ အရက် ၊ ကော်ဖီ စသည့် အစားအစာများစားသုံခြင်း


✅ အချိန်ဇုံပြောင်းလဲခြင်းကြောင့် အိပ်မပျော်ခြင်း (Transient Insomnia) တို့ ဖြစ်ပါသည် ။


#ဦးနှောက်နှင့်အာရုံကြောပြဿနာများ 📌📌


ဦးနှောက်လှိုင်း (brain wave) များသည် ဦးနှောက်ကို နိုးဆွမှုနည်းလာသည့်အခါ အကျိုးဆက်များမှ တစ်ခုအနေဖြင့် အိပ်မပျော်ခြင်းကို ခံစားရနိုင်ပါသည် ။ အဆိုပါ အိပ်မပျော်ခြင်းမှတဆင့် စိတ်ကျရောဂါ ၊ အစွဲအလန်းကြီးလာခြင်း ၊ မကြာခဏဘာမှမလုပ်ပဲ ငြိမ်ကျသွားခြင်း ၊ နှလုံးခုန်မြန်ပြီး အသက်ရှုမဝခြင်းမျိုးထိ ဖြစ်ပွားလာတတ်ပါသည် ။


#စိတ်လှုပ်ရှားမှုနှင့်စိတ်ဖိစီးမှုများခြင်း (Acute Insomnia)📌📌


နေ့စဉ်ဘဝရှင်သန်မှုတွင် ဘက်ပေါင်းစုံမှလာသော ဖိစီးမှုများကြောင့်လည်း အိပ်ပျော်ဖို့ ခက်ခဲစေပါသည် ။ လုပ်ငန်းခွင်တွင် ဖိစီးမှုများသာမက လူငယ်လူရွယ်များတွင် စာမေးပွဲကိစ္စ ၊ အလုပ်အသစ် ကျောင်းအသစ်တက်ရခြင်း နှင့် တခြားမလိုအပ်သော စိတ်လှုပ်ရှားမှုများကြောင့် စိုးရိမ်သောကရောက်ကာ ညဘက်တွင် အိပ်မပျော်ခြင်းကို ကြုံရတတ်ပါသည် ။ အိပ်ရာပြောင်းခြင်း ၊ နေရာပြောင်းခြင်း ၊ ဆူညံသံများသောအချိန်တို့တွင်လည်း အိပ်မပျော်ခြင်း ဖြစ်တတ်ပါသည် ။


#အရက်ကော်ဖီစသည့်အစားအစာများစားသောက်ခြင်း📌📌


Caffeine ဓာတ်များသော လက်ဖက်ရည် ‌ကော်ဖီများ ၊ အရက် ဘီယာ Alcoholic များ ၊ Energy Drink ဟုခေါ်နေကြသော အားဖြည့်အချိုရည်များကို ညနေဘက်တွင် သောက်သုံးခြင်းတို့က အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပါသည် ။ ကော်ဖီကို မနက်ပိုင်းတွင် သောက်သုံးခြင်းက အိပ်စက်မှုကို အနှောက်အယှက် မပေးနိုင်ပါ ။ သို့သော်လည်း ခဏ ခဏ နှင့် အလွန်အကျွံသောက်သုံးပါက  ခန္ဓာကိုယ်တွင် Caffeine ဓာတ်များလာသောအခါ ခန္ဓာကိုယ်သည် မောပန်းနွမ်းနယ်လာသည့်အပြင် အာရုံကြောများကို လှုံ့ဆော်ပေးသည့်အတွက် မျက်စိကြောင်စေကာ အိပ်မ‌ပျော်ခြင်းကို ဖြစ်စေနိုင်ပါသည် ။ ထို့အပြင် ခန္ဓာကိုယ်တွင် Caffeine ဓာတ်များ အလွန်အကျွံများလာသည့်အခါ အိပ်မပျာ်ခြင်းသာမက ဟော်မုန်း Hormones ဓာတ်များပါ Imbalance ဖြစ်လာစေနိုင်ပါသည် ။


#အချိန်ဇုံပြောင်းလဲခြင်းကြောင့်အိပ်မပျော်ခြင်း (Transient Insomnia) 📌📌


လေယာဉ်ဖြင့် ခရီးသွားကြသောအခါ သက်ဆိုင်ရာနိုင်ငံအလိုက် အချိန်ဇုန်များကွာခြားကြသဖြင့် jet lag ခေါ် အိပ်မ‌ပျော်ခြင်းကို ခံစားရတတ်ပါသည် ။ သို့သော်လည်း ရက်အနည်းငယ်အတွင်း (သို့) တစ်ပါတ်အတွင်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိတတ်ပါသည် ။ ကျွန်ုပ်တို့ လူသားများသည် နေ့စဉ်ပုံမှန် အချိန်ဖြင့်သာ ပြုလုပ်လေ့ရှိသကဲ့သို့ပင် ခန္ဓာကိုယ်သည်လည်း သူ့အချိန်နှင့်သူသာ အလုပ်လုပ်ကိုင်လေ့ရှိပါသည် ။ ယင်းကို ဇီဝနာရီဟူ၍ ခေါ်ဆိုပါသည် ။


#ဇီဝနာရီ ⏰🕰


အာယုဗ္ဗေဒဆေးပညာအရ ခန္ဓာကိုယ်ခုခံအားစနစ်သည် ကိုယ်တွင်းဇီဝနာရီနှင့် တိုက်ရိုက်ဆက်စပ်နေပါသည် ။ ကိုယ်တွင်းဇီဝနာရီဟူသည် ကျွန်ုပ်တို့ အိပ်စက်ချိန် ၊ နိုးထချိန် ၊ ကိုယ်တွင်းအင်္ဂါများ သန့်စင်ချိန် စသည်ဖြင့် စနစ်တကျလည်ပတ်နေ‌သော ကိုယ်တွင်း ဇီဝယန္တရားစနစ် ဖြစ်ပါသည် ။ နိုဗယ်ဆုရ သိပ္ပံပညာရှင် john Douillard ကလည်း ယင်းကို ထောက်ခံပေးထားပါသည် ။ သူသည် ရှေးဟောင်းအာယုဗ္ဗေဒဆေးပညာ နှင့် ခေတ်သိပ္ပံပညာရပ်တို့ကို ပေါင်းစပ်လေ့လာသုတေသန ပြုလုပ်နေသော ပညာရှင်တစ်ဦးဖြစ်ပါသည် ။


“စောစောအိပ်ထ ပြုကျင့်က တွင်းပကိုယ်ခန္ဓာ ရောဂါခပ်သိမ်း ရှောင်ခွာညိမ်း ကင်းငြိမ်းလွန်ချမ်းသာ” ဟူသော ရှေးလူကြီးများထားခဲ့သော စနစ်သည် အမှန်တကယ် အကျိုးရှိကြောင်း သူကဆိုပါသည် ။ အဆိုပါစနစ်အရ ညနေ နေဝင်ပြီးနောက် ၂ နာရီမှ ၃ နာရီအတွင်း အိပ်စက်အနားယူရန် နှင့် မနက်စောစော နေမင်းအတူ နိုးထကြခြင်းဖြင့် ကျန်းမာရေးကို များစွာအထောက်အကူပြုကာ ဇီဝကမ္မစနစ်ကို ဟန်ချက်ညီတိုးတက်စေမည် ဖြစ်ပါသည် ။


သို့သော် သင်က ညဘက်ဆို စောစောမပြောနဲ့ ၊ အိပ်ပျော်ဖို့တောင် ခက်တဲ့သူတစ်ယောက်လား ။ သို့ဆိုပါက 🔎🔎


#ကာကွယ်ကုသခြင်း 👩‍⚕️👨‍⚕️


ညဘက်တွင် စာဖတ်ခြင်း ၊ ဖုန်း ကွန်ပြူတာ သုံးခြင်းများကို လျော့ပါ ။ ဖုန်း ကွန်ပြူတာတို့မှ ထွက်သော အပြာရောင်အလင်းကြောင့် ဦးနှောက်အတွင်း ပယ်နီရယ်ဂလင်းမှ Melatonin #မယ်လတိုနင်ဟော်မုန်း ထုတ်လုပ်ပေးမူကို ထိခိုက်စေပါသည် ။ မယ်လတိုနင်သည် ကိုယ်တွင်းမှထုတ်လုပ်သော သဘာဝအိပ်ဆေးတစ်မျိုးဖြစ်ပြီး ပုံမှန် ည ၉ နာရီနှင့် ၁၀ နာရီကြားတွင် ခန္ဓာကိုယ်မှ ထုတ်ပေးပါသည် ။ တစ်နေကုန် လျှပ်စစ်မီးနှင့်နေကြသူအများစုတွင် မယ်လတိုနင် ချို့တဲ့တတ်ပါသည် ။📌📌


မယ်လတိုနင် ချို့တဲ့လျှင် ကိုယ်ခန္ဓာရောင်ရမ်းလာကာ ကိုယ်ခံစွမ်းအားကျသွားမည် ။ ကင်ဆာဖြစ်ဖို့ လွယ်ကူလာမည် ဖြစ်သည် ။ ညဘက်တွင် မီးဖွင့်အိပ်လေ့ရှိသူများတွင်လည်း မယ်လတိုနင် ချို့တဲ့တတ်ပါသည် ။ မယ်လတိုနင် ချို့တဲ့မူကို ကာကွယ်ရန်အတွက် လိုအပ်ပါက မယ်လတိုနင်ဖြည့်စွက်စာ သောက်ပေးနိုင်ပါသည် ။ သို့ရာတွင် အကောင်းဆုံးမှာ ဖြည့်စွက်စာမသောက်ဘဲ သဘာဝနည်းလမ်းအတိုင်း နေ့ဘက်တွင် နေရောင်ခံခြင်း ၊ ညဘက်တွင် အိပ်ခန်းကို အမှောင်ချကာ စောစောအိပ်သောအကျင့် မွေးမြူပေးခြင်းဖြင့် မယ်လတိုနင် ထွက်လာနိုင်ပါသည် ။📌📌


ထို့ပြင် ညဘက်တွင် အစာကို ပြည့်တင်းစွာ စားသောက်ခြင်းက အိပ်ပျော်ခြင်းကို အနှောက်အယှက်ပေးနိုင်ပါသည် ။ အာယုဗ္ဗေဒဆေးပညာအရ ကျွန်ုပ်တို့စားသောက်လိုက်သော အစာတို့သည် #ပါဏလေကြောင့် အစာသစ်အိမ်သို့ရောက်ရှိ၍ ပါစကသည်းခြေ၏အစွမ်းဖြင့် လောင်ကျွမ်းကာ အမြုပ်မှ ခြင်ဆီဖြစ်ရသည် ။ ထို့နောက် #သမာန‌လေသည် အစာဟောင်းအိမ်သို့ ထက်မံပို့ဆောင်သဖြင့် ဝမ်းမီးသည် တစ်နေ့ နှင့်တစ်ညဉ့် ချက်အပ်သည်မှ ခန္ဓာကိုယ်တွက် လိုအပ်‌သော အသွေး အသား အဆီ သြဇာ အာဟာရကို ရရှိလေသည် ။📌📌


ဗုဒ္ဓအဘိဓမ္မာအရ သတ္တဝါဟူသမျှသည် အာဟာရကိုမှီ၍ ဖြစ်ရသလို အာဟာရကြောင့်လည်း ရုပ်ခန္ဓာကိုယ် ဖြစ်ပေါ်လာရသည် ။ ဆေးပညာဥပဒေသကျမ်းအရ သောက-စိုးရိမ်စိတ် ၊ ကြောက်ရွံ့စိတ်များခြင်း ၊ သမရ-မေထုန် ကာမဂုဏ်များခြင်း နှင့် ဇာဂရ-ညအခါမအိပ်ဘဲ နေ့အခါ အအိပ်များသောအခါ လေဒေါသသည် ပျက်ရတော့သည် ။📌📌


#လေဒေါသ ခေါ် ဝါတ သည် ပျက်သောအခါ ပိတ္တ ၊ ကဖ တို့သည်လည်း ဖောက်ပြန်ကာ ဝမ်းမီလည်း ပျက်ရတော့သည် ။ ညံ့ဖျင်း‌သော ဝမ်းမီးသည်ကား ရောဂါအပေါင်းဖြစ်ကြောင်း အဓိက ဆိုသည့်အတိုင်း စားတိုင်း သွေးသား အားအင် မဖြစ်သည့်အတွက် ဉာဏ်ဖြင့်ယှဉ်ကာ စားသောက်မူသည် အရေးကြီးလှပါတော့သည် ။ ယောဂကျင့်စဉ်များသည် ဝမ်းမီးကို သမမျှတစေပြီး လက်မထိပ်နှင့် လက်ခလယ်ထိတ်ကို ထိကပ်ထားရသော Akash Mudra သည်လည်း ဝမ်းမီးကို တိုးပွားကောင်းမွန်စေနိုင်ပါသည် ။📌📌


#အထွေထွေအကြံပြုချက်များ


🙏✅❌


✅ အိပ်ချိန်ကို ပုံသေထားရှိပေးပါ ။ နေ့လယ်ခင်း အိပ်တတ်သောအကျင့်ရှိပါက ၃ နာရီမတိုင်ခင်ထိသာ မိနစ် ၃၀ မှ ၄၅ မိနစ်အထိသာ အိပ်စက်ပါ ။


❌ ကော်ဖီ လက်ဖက်ရည်များကို နေ့လယ် ၃ နာရီနောက်ပိုင်း သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ ။ ဖြစ်နိုင်ပါက ဆေးလိပ် ၊ အရက် ၊ ကော်ဖီများကို ဖြတ်ပါ ။ မဖြတ်နိုင်သေးပါက လျော့သောက်ပါ ။


✅ လိုအပ်ပါက ဖြည့်စွက်စာများဖြစ်သည့် မက်လတိုနင် ၊ မက်ဂနီစီယမ် နှင့် ဇင့် တို့ကို အတူတကွ သောက်သုံးပေးခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါသည် ။


❌ မအိပ်ခင် ၂ နာရီအလိုတွင် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် ပြုလုပ်ခြင်းကို ရှောင်ပါ ။ လေ့ကျင့်ခန်းများကြောင့် ခန္ဓာကိုယ်တွင် လန်းဆန်းသွားနိုင်သည့်အတွက် အိပ်ပျော်ဖို့ ခက်ခဲသွားစေနိုင်ပါသည် ။


✅ အိပ်ချင်လာသောအခါမှသာ အိပ်ရာပေါ်သို့ သွားပါ ။ အိပ်ချိန်မှလွဲ၍ အိပ်ရာပေါ်တွင် အချိန်ကြာကြာ လှဲနေခြင်းကို ရှောင်ပါ ။


✅ မာလွန်းသော အိပ်ရာခင်း နှင့် မြင့်လွန်းသော ခေါင်းအုံးများအား အသုံပြုခြင်းကို ရှောင်ကြဉ်ပါ ။


✅ ယားယံခြင်း ၊ အင်ပြင်ထခြင်းတို့ဖြစ်စေနိုင်သည့် ဖုန်မှုန့်များကင်းစင်စေရန် အိပ်ခန်းကို သန့်ရှင်းစွာထားရှိပေးပါ ။


✅ ဦးနှောက် နှင့် စိတ်ကို အနားရစေနိုင်သည့် Sleep Music ဂီတသံစဉ်များကို နားထောင်ပေးပါ ။ ထို့ပြင် အိပ်စက်မှုအရည်အသွေးကို တိုးတက်လာစေနိုင်ရန် Sound Healing အတန်းများ Yoga Nidra အတန်းများကိုလည်း တက်ရောက်ပေးသင့်ပါသည် ။


Song Healing အတန်းများကို ‌အောက်ပါ Link တွင် စုံစမ်းနိုင်ပါသည် ။


https://m.facebook.com/story.php?story_fbid=230063845165852&id=105412684297636


ထို့ထက်ပို၍ ပြုလုပ်ချင်ပါက ယောဂကျင့်စဉ်များသည် သင်၏ အိပ်မပျော်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါသည် ။ 🙏🕉✅


ယောဂပရာဏယမ်များသည် သင်၏ စိတ်ကိုငြိမ်သက်အေးချမ်းစေကာ စိတ်ဖီစီးမှုများအတွက် အကောင်းဆုံးကျင့်စဉ်များပင်ဖြစ်သည် ။ အာသနများသည်ကား သင်၏ တောင့်တင်းနေသော အကြောအချဉ်များကို ပြေလျော့စေသည့်အတွက် သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေနိုင်ပါသည် ။💚💚


ထို့ကြောင့်ပင် ညဘက် အိပ်မပျော်တတ်သူများအတွက် လေ့ကျင့်သင့်သော ယောဂကျင့်စဉ်များကို အောက်တွင် ဖော်ပြပေးထားပါသည် ။ အထက်ပါ အကွက်များကို နေ့လယ်ဘက် အစားနှင့် အနည်းဆုံး ၂ နာရီခြား၍လည်းကောင်း (သို့) အိပ်ခါနီးတွင်လည်းကောင်း ပေါ့ပေါ့ပါးပါး လေ့ကျင့်ပေးနိုင်ပါသည် ။👇👇👇


1.Padangusthasana


2.Halasana


3.Viparita Karani


4.Shavasana


5.Supta Matsyendrasana


6.Supta Baddha Konasana


7.Balasana


8.Marjariasana


9.Paschimottanasana




1️⃣ Padangusthasana #ပါဒန်ဂူးစ်ထစန (ရပ်လျှက် ရှေ့သို့ မှောက်ချခြင်းပုံစံ)💠💠


ပါဒ သည် ခြေထောက် ၊ အန္ဂူစ်ထ သည် ခြေမ ကို ဆိုလိုပါသည် ။ ခန္ဓာကိုယ်ကို ရှေ့သို့ မှောက်ချကာ လက်ညိုးနှင့် လက်မဖြင့် ခြေမကို ကိုင်ထားရသော အကွက်ဖြစ်သည် ။ ဤကျင့်စဉ်သည် လူသစ်တန်း အခြေခံယောဂီများပင်လျှင် အလွယ်တကူ ပြုလုပ်နိုင်သော အကွက်ဖြစ်သည့်အားလျှော်စွာ ယောဂကျင့်စဉ်များ၏ အဦးအစပိုင်းတွင် အကြောများကို ဖြေလျော့သည့်အနေဖြင့် စတင် ပြုလုပ်ကြပါသည် ။ လက်များသည် ခြေမကို မကိုင်ထားဘဲ ကြမ်းပြင်တွင် အလိုက်သင့် ချထားပါက Uttanasana ဟု ခေါ်ဆိုပါသည် ။🛡🛡


ဥတာနာစန ဟူသည် အစွမ်းကုန် ဆွဲဆန့်ပေးခြင်းဟု အဓိပ္ပါယ်ရပေသည် ။ တခါတုန်းက တောအုပ်ကြီးတစ်ခုတွင် ကြီးမားသော ဝက်သစ်ချပင်ကြီး တစ်ပင် ရှိပေသည် ။ သူ၏ဘေးတွင်ကား ဝါးရုံပင်များ ရှိပေသည် ။ မနက်တိုင်းပင် တက်သစ်ချပင်ကြီးသည် သူသာလျှင် တောအုပ်တစ်ခုလုံးတွင် အကြီးမားဆုံး ၊ အမြင့်ဆုံး နှင့် အသန်မာဆုံး ဖြစ်သည်ဟု တစ်တောလုံးကြားအောင် ကြုံးဝါးကာ ဂုဏ်ယူလေ့ရှိပေသည် ။ ယင်း ကြုံးဝါးသံကို လေကို အစိုးရသော အရှင်က ကြားလိုက်သောအခါ သူ့ကို ပညာပေးရန်အတွက် ညနေပိုင်းတွင် ကြီးမားသော မုန်တိုင်းကြီးကို ဖန်တီးလိုက်ပေသည် ။🎑🌬🌳


ဝါးရုံပင်များသည် တိုက်ခတ်နေသော လေနှင့်အတူ ဘယ်/ညာ ယိမ်းနွဲ့ကာ အလိုက်သင့် နေကြသဖြင့် ရပ်တည်နိုင်ကြသော်လည်း ဝက်သစ်ချပင်ကြီးမှာမှု သူ၏ သန်မာမှုကို ယုံကြည်လျက် လေကို အံတုကာရင်ဆိုင်သဖြင့် အမြစ်ပါကျွတ်ထွက်ကာ ပြိုလဲခဲ့ရပေသည် ။ ထို့ကြောင့်ပင် ယောဂကျင့်သော ယောဂီသည် ခန္ဓာကိုယ်ကို တင်းတောင့်ထားခြင်းကို ရှောင်ကာ ပြုလွယ် ၊ ပျောင်းလွယ် ၊ ပြင်လွယ်တတ်စေရန် စိတ် နှင့် ခန္ဓာကိုယ်ကို လျော့ချထားရပါမည် ။ ✔🌟✨


သန်မာခြင်း နှင့် ပျော့ပြောင်းမှုကြား ၊ အလင်း နှင့် အမှောင်ကြား ၊ အဖြူ နှင့် အနက် တို့ကဲ့သို့သော ဆန့်ကျင်ဘက်အရာတို့၏ ကြားရှိ မျှခြေတစ်ခုကို နားလည် သဘော‌ပေါက်အောင် အားထုတ်ရခြင်းသည် ယောဂကျင့်စဉ်ပင် ဖြစ်သည် ။ ယင်းက လောကဓံမုန်တိုင်းများ မည်မျှပင် ထန်နေပါစေ ယောဂီသည် သတိဖြင့် ရင်ဆိုင်ခြင်းဖြင့် လွတ်မြောက်မှုကို မျက်မှောက်ပြုနိုင်ရန်လည်း ဖြစ်ပေသည် ။🛡🛡


အကျိုးကျေးဇူးများ💎💎


ခန္ဓာကိုယ်တစ်ခုလုံးကို ဆွဲဆန့်ပေးနိုင်ကာ ပျော့ပျောင်းမှုကို တိုးတက်လာစေနိုင်ပါသည် ။ အာရုံစူးစိုက်မှုကို တိုးတက်လာစေပြီး မောပန်းနွမ်းနယ်ခြင်းကို ဖယ်ရှား‌ပေးပါသည် ။ အစာအိမ် ၊ ကျောက်ကပ် ၊ အသည်း ၊ နှလုံး နှင့် အတွင်းအော်ဂန်များကိုလည်း လှုံ့ဆော်ပေးနိုင်ကာ ယင်းတို့၏ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်လာစေပါသည် ။🔑🔑


ခန္ဓာ နှင့် စိတ်ကိုလည်း ဟန်ချက်ညီစေပြီး နာဗ့်ကြောစနစ်တစ်ခုလုံးကို ထိမ်းချုပ်ပေးကာ သွေးတိုးရောဂါကို ကုသပေးနိုင်ပါသည် ။ ကျောရိုးကိုလည်း ဆွဲဆန့်ပေးနိုင်သည့်အတွက် ခါးနာခြင်းအတွက်လည်း ကောင်းမွန်သော အကွက်တစ်ကွက် ဖြစ်ပါသည် ။🔑🔑


2️⃣ Halasana #ထွန်တုံးပုံစံကျင့်စဉ် Plough Pose 🙏🙏


ဟာလဆနကျင့်စဉ်သည် ကွေးညွတ်နေသော ကျောရိုးမကြီးတစ်ခုလုံးကို ဆန့်ထုတ်ပေးနိုင်ကာ ကျောရိုးတစ်ခုနှင့်တစ်ခုကြားရှိ Spinal Discs အဝိုင်းပြားများကိုလည်း စန့်ထွက်လာစေပြီး တင်ပါးဆုံကြောများကိုလည်း ပျော့ပျောင်းညီညွတ်စေပါသည် ။ ကျောရိုးအာရုံကြောများကို အားကောင်းလာစေပြီး လည်ပင်း ၊ လက်မောင်းနှင့် ပခုံးကြွက်သားများ တင်းတောင့်နေခြင်းကို လျော့သွားစေသည်သာမက ရိုးဆက်ရောင်ရမ်းနာရောဂါများမှလည်း ကာကွယ်ပေးနိုင်ပါသည် ။


ဝမ်းဗိုက်ကြွက်သားနှင့် သားအိမ်ပိုင်းဆိုင်ရာကြွက်သားများကို သန်စွမ်းစေပြီး အဆီပိုများကို လျော့ကြစေကာ အဝလွန်ခြင်းကို ကာကွယ်ပေးပါသည် ။ ကိုယ်တွင်းအင်္ဂါများကို နှိပ်နှယ်ပေးနိုင်ကာ အသည်း နှင့် သရက်ရွက်တို့ကို လှုံ့‌ဆော်ပေးနိုင်သည့်အတွက် အစာမကြေခြင်း ၊ ဝမ်းချုပ်ခြင်းတို့ကို လည်း သက်သာပျောက်ကင်းစေပါသည် ။


3️⃣ Viparita Karani #ဝိပရိတကရာနီ 💠💠


သက္ကတဘာသာ ဝိပရိတ ဟူသည် ထက်အောက် #ပြောင်းပြန်လှန်ခြင်း ဖြစ်ပြီး ၊ ကရာနီသည် #လေ့ကျင့်နည်းအမျိုးအစားတစ်ခု ဖြစ်သည် ။ ထို့ကြောင့်ပင် ဤကျင့်စဉ်ပုံစံသည် ကမ္ဘာမြေစွဲအားကိုအသုံးပြုလျက် ကုဏ္ဍလိနီစွမ်းအင် နိုးကြွလာစေရန် ခန္ဓာကိုယ်ကို ပြောင်းပြန်ပြုလုပ်ကာ လေ့ကျင့်ရသောကျင့်စဉ်များဖြစ်သည့် Shoulder Stand ပခုံးထောက်ပုံစံ ၊ Headstand ဦးပင်စိုက်ပုံစံ ၊ Handstand ကင်းမြီးကောက်ထောင်ခြင်းပုံစံများကဲ့သို့သော အာစနအကွက်တစ်ခု ဖြစ်သည် ။ ၁၇ ရာစုက ပြုစုခဲ့သည် ဂန္ထဝင် ယောဂကျမ်းတစ်ဆူဖြစ်သော ဟဌယောဂပရာဒိပိကကျမ်းတွင် ဝိပရိတကရာနီသည် အာစနအကွက်တစ်ခုမဟုတ်ဘဲ မုဒြာ ခေါ် လက်အနေအထားဟန်တစ်ခုသာဖြစ်ပြီး ယနေ့ခေတ်ရောက်မှသာ အာစနနယ်အတွင်းသို့ ရောက်လာခဲ့ခြင်းဖြစ်သည် ။


ဝိပရိတကရာနီအကွက်သည် Shoulder Stand ခေါ် ပခုံးထောက်အကွက်နှင့် ဆင်တူနေသည်ကို တွေ့နိုင်ပါသည် ။ သို့ရာတွင် ပခုံးထောက်အကွက်တွင် Cervical Spine လည်ပင်းရိုးဆစ်များကို ပိုမိုဆွဲဆန့်ပေးနိုင်ပြီး ဝိပရိတကရာနီအကွက်တွင်မူ Thoracic Spine ကျောရိုးဆစ်များကို ပိုမိုဖိအားပေးကာ ဆွဲဆန့်ပေးနိုင်စေပါသည် ။ ထို့ကြောင့်ပင် လေ့ကျင့်ရာတွင် ကျောရိုးအောက်ခြေပိုင်း (သို့) တင်ပါးနေရာတွင် လက်ဖနောင့်ဖြင့်ထောက်ပင့်ကာ တထောင်ဆစ်အားကို အသုံးပြု၍ လေ့ကျင့်ရပါသည် ။ သို့သော်လည်း ဤကျင့်စဉ်သည် လူသစ်တန်းယောဂီများအတွက် အနည်းငယ် ခက်ခဲနိုင်သည့်အတွက် လေ့ကျင့်ရာတွင် နံရံ (သို့) စောင်ထူထူကို ကျောအောက်တွင် ခုခံ၍လည်း လေ့ကျင့်နိုင်ပါသည် ။


အကျိုးကျေးဇူးများ 💎💠


လေ့ကျင့်ရာတွင် ဝမ်းဗိုက်တွင်းအစာမရှိချိန် မနက် (သို့) ညနေပိုင်းတွင် လေ့ကျင့်နိုင်ပါသည် ။ ခန္ဓာ နှင့် စိတ်ကို အနားရစေနိုင်သည့် အကွက်ဖြစ်သည့်အတွက် မိမိတွင် ဖိအားများ ၊ ဖီစီးမှုများ ၊ စိတ်ရှုပ်စရာများ ရှိနေချိန်တွင်လည်း ဤကျင့်စဉ်ကို လေ့ကျင့်ခြင်းဖြင့် စိတ်နှင့် ခန္ဓာတွင် ဖိစီးနေမှုများမှ သက်သာသွားစေနိုင်ပါသည် ။ အကယ်၍ ယောဂီသည် လက်ဖနောင့်ဖြင့် ပင့်ထားခြင်းပုံစံကို မရပါက နံရံတွင်ကပ်၍ ခြေနှစ်ချောင်းကို မိုးပေါ်ထောင်ထားခြင်းပုံစံကို ပြုလုပ်နိုင်ပါသည် ။ ထိုပုံစံက ရိုးရှင်းလွယ်ကူသည့်အတွက် လူတိုင်းပင် လွယ်လွယ်ကူကူပြုလုပ်နိုင်ပါသည် ။ ပုံမှန်ပြုလုပ်ခြင်းဖြင့် အလုံးစုံးကျန်းမာရေးကို အထောက်အကူပြုကာ အသစ်တစ်ဖန်ပြန်လည်နိုပျိုစေမည့် ကျင့်စဉ်တစ်ခုဖြစ်ပါသည် ။


4️⃣ Shavasana #သျှဝစန (လူသေကောင်ပုံစံ) 📌📌


သက္ကတဘာသာ သျှဝဟူသည် #လူသေကောင်ကို ခေါ်ဆိုခြင်းဖြစ်သည် ။ ရှေးအခါကာလက ကိုယ်ကျင့်သီလနှင့်ပြည့်စုံကာ ချောမောလှပလွန်းသည့် ဆာဝိတြီ အမည်ရှိ မင်းသမီးတစ်ပါးရှိခဲ့ပေသည် ။ အရွယ်ရောက်လာသောအခါ ဆတြဝ အမည်ရှိသည့် မင်းသားတစ်ပါးနှင့် လက်ဆက်ခဲ့ပေသည် ။ မင်းသား၏ ဖခမည်းတော် ဆလာရမင်းကြီးသည် မျက်စိကွယ်သွားသည့်အတွက် တိုင်းပြည်မှ နှင်ထုတ်ခံရကာ ရသေ့သင်္ကန်းကျောင်းတစ်ခုတွင် နေထိုင်နေရပေသည် ။


မင်းသားနှင့် မင်းသမီးတို့သည် ရသေ့သင်္ကန်းကျောင်းတွင် ပျော်ရွင်စွာနေလာခဲ့ကြသော်လည်း တစ်နှစ်ခန့်ကြာသောအခါ ဝမ်းနည်းစရာကြုံတွေ့ရတော့ပေသည် ။ တစ်နေ့တွင် မင်းသားသည် တောတွင်း သစ်ခုတ်ထွက်ခဲ့ရာမှ ရုတ်တရက် ခေါင်းကိုက်လာသည့်အတွက် မင်းသမီး၏ ပေါင်ပေါ်တွင် မိန်းမောနေစဉ်ပင် အသက်ထွက်သွားခဲ့ပေသည် ။ ယင်းမှာ သူတို့၏ လက်ဆက်ပွဲကြောင့်ပင် ကျိန်စာသင့်ကာ သေချိန်မတန်သေးဘဲ သေဆုံးရခြင်းဖြစ်သည် ။


သေခြင်းကို အစိုးရသောနတ်ဘုရား ရာမသည် မင်းသား၏ ဝိဉာဉ်ကို ခေါ်ယူသွားသောအခါ မင်းသမီးသည်လည်း မဆိုင်းမတွဘဲ နောက်မှလိုက်သွားလေသည် ။ မင်းသမီး၏ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုကို နှစ်သက်သည့်အတွက် ရာမဘုရားက မင်းသား၏အသက်မှလွဲ၍ ကျန်တာကို ဆုမွန်အဖြစ်ပေးမည်ဟု ဆိုခဲ့ပေသည် ။ မင်းသမီးက သူမ၏ ယောက်ခမဘုရင်ကြီးကို မျက်စီအလင်းပြန်ရစေရန် ဆုတောင်းခဲ့ပေသည် ။ ဒုတိယအနေဖြင့် ဘုရင်ကြီးကို ထီးနန်းပြန်လည်ရရှိရန် နှင့် တတိယအနေဖြင့် ဘုရင်ကြီးတွင် သားယောင်္ကျား ၁၀၀ ထွန်းကားရန် ဆုတောင်းခဲ့ပေသည် ။


အလုံးစုံပြည့်ဝသွားသော်လည်း သူမသည် ဘုရားရှင်နောက်သို့သာ လိုက်ပါမြဲလိုက်ပါခဲ့ပေသည် ။ ဘုရားရှင်က သေမင်းတိုင်းပြည်သည် အလွန်အန္တာရယ်များသည်အတွက် လာလမ်းအတိုင်းလှည့်ပြန်ရန် ပြောလေသည် ။ သို့သော်လည်း မင်းသမီးသည် တွန့်ဆုတ်ခြင်းမရှိဘဲ လိုက်လာမြဲလိုက်ပါနေသည့်အတွက် နောက်ဆုံးတစ်ခုအနေဖြင့် ဆုတစ်ခုတောင်းစေသည် ။ မင်းသမီးက သူမတွင် သားသမီးများစွာ ရလိုကြောင်း ဆုတောင်းခဲ့ပေသည် ။ ဘုရားက ပြည့်စေဟု ဆုပေးသည့်အခါ သားသမီးဟူသည် လင်ယောင်္ကျားရှိမှသာ ရရှိနိုင်သည့်အတွက် သူမ၏ ခင်ပွန်းမင်သားသည်လည်း တစ်ဖန်ပြန်လည် အသက်ပြန်ရှင်ခဲ့ရပေသည် ။


အကျိုးကျေးဇူးများ 💎💠


လူသေကောင်ပုံစံသည် ကလေးပုံစံကဲ့သို့ပင် အနားယူသောအကွက်တစ်ကွက် ဖြစ်ပါသည် ။ မရတာစန ဟူ၍လည်းခေါ်ဆိုသော ဤကျင့်စဉ်သည် ခန္ဓာကိုယ်တစ်ခုလုံးတွင် တင်းကျပ်နေသမျှ စိတ်နှင့် ခန္ဓာကိုယ်တစ်ခုလုံးကို လျှော့ချပေးနိုင်ပြီး ခန္ဓာကိုယ်သည် အသက်မရှိသော လူသေကောင်းကဲ့သို့ပင် အာရုံ ၆ ပါးမှ လွတ်မြောက်ကာ ပကတိငြိမ်းချမ်းခြင်းကို ခံစားရနိုင်ပေသည် ။ ဦးနှောက်နှင့် နာဗ်ကြောစနစ်တစ်ခုလုံးကို အနားရစေပြီး ညဘက်အိပ်မပျော်သူများ ၊ စိတ်ကရောင်ခြောက်ချား ဖြစ်နေသူများအတွက် အထူးသင့်လျှော်ပါသည် ။


အာရုံစူးစိုက်မှုကို အားကောင်းလာစေပြီး စိုးရိမ်သောကများကို ဖယ်ရှားပေးနိုင်ပါသည် ။ ပန်းနာရောဂါ ၊ အစာအိမ်ရောဂါ ၊ နှလုံးရောဂါ ၊ ဆီးချို ၊ သွေးတိုးရောဂါ စသည့် အာရုံကြောနှင့် ဂလင်းဖောက်ပြန်မှုများကြောင့် ဖြစ်ပေါ်လာသော ဝေဒနာများအတွက် အထူးသင့်လျော်သော ကျင့်စဉ်ပုံစံပင်ဖြစ်ပါသည် ။


5️⃣ Supta Matsyendrasana #ဆုပ္တ်မတ်ဆီရန္ဒြာစန (ငါးဘုရင်အလှဲပုံစံ) 💠💠


မတ်ဆီရန္ဒြာ ဟူသည် ကြီးကျယ်သော ‌ယောဂီတစ်ပါးဖြစ်ပြီး သူသည် ငါးအပေါင်း၏ ဘုရင် #ငါးနတ်ဘုရားပင် ဖြစ်ပါသည် ။ အခါတစ်ပါးတွင် သီဝဘုရားရှင်နှင့် မယ်တော်ပါရ်ဝတီ တို့သည် ပင်လယ်ကမ်းစပ်တစ်နေရာတွင် ထိုင်ကာ ယောဂ၏ လေးနက်သော ဒဿနအတွေးအခေါ်များကို ဆွေးနွေးနေခဲ့ကြပေသည် ။ သီဝဘုရားရှင် ဟောကြားတော်မူသော ခက်ခဲနက်နဲလှသော ယောဂဒဿနများကို တွေးတောဆင်ခြင်းရင်းဖြင့် မယ်တော်သည် ခေတ္တခဏမျှ အိပ်ငိုက်သွားခဲ့ပေသည် ။


သို့ရာတွင် ဘုရားရှင်နှင့် မယ်‌တော်တို့ ဆွေးနွေးနေရာ ကန်စပ်အနီးတွင် ရှိနေသော ငါးတစ်ကောင်သည်ကား စိတ်အာရုံစူးစိုက်စွာဖြင့်ပင် ဘုရားရှင် ဟောကြားသမျှ ဝါကျတိုင်း ၊ ပုဒ် ပါဒတိုင်းကို လေးနက်စွာပင် နာယူနေခဲ့ပါသည် ။ ဤသည်ကို သတိပြုမိသွားသော ဘုရားရှင်က သူ့ကို ယောဂီတစ်ပါးအသွင်သို့ ပြောင်းပေးလိုက်ကာ အမည်ကိုလည်း မတ်ဆီရန္ဒြာနာ့သ် ဟူ၍ တွင်စေခဲ့ပါသည် ။


ဆုပ္တ်တ ဟူသည် လှဲလျောင်းခြင်းဖြစ်ပြီး မတ်ဆီရန္ဒြာသည်ကား ငါးဘုရင်းကို ခေါ်ဆိုခြင်းဖြစ်သည် ။ လေ့ကျင့်ရာတွင် ပက်လက်အနေအထားမှ ဦးစွာ ဒူးတစ်ဖက်ကို ရင်ဘတ်ဆီသို့ ကွေးယူ၍ ဆန့်ကျင့်ဘက်ဆီသို့ ခန္ဓာကိုယ်ကို ဆွဲလှည့်ပေးရပါမည် ။ ရှုသွင်း ရှုထုတ် ၅ ကြိမ်မှ ၁၀ ကြိမ်ခန့်အထိ နေပြီးနောက် မူလ ပက်လက်အနေအထားသို့ ခန္ဓာကိုယ်ကို ပြန်လည်ပြုလုပ်ပါ ။ နောက်တစ်ဖက်သို့ ပြောင်းလဲပြုလုပ်ပါ ။ ထို့နောက်တွင် ပုံတွင်ပြထားသည့်အတိုင်း ဒူး ၂ ဖက်လုံးကို ကွေးယူလာကာ ဘေး ဘယ်/ညာ သို့ တစ်လှည့်စီ စောင်းကာ လေ့ကျင့်ပေးပါ ။


အကျိုးကျေးဇူးများ 💎💠


ကျောရိုးနောက်ပိုင်း တစ်ခုလုံးကို အကျိုးပြုပြီး ထိခိုက်နာကျဉ်မှုများမှ သက်သာလာစေပါသည် ။ သရက်ရွက် ၊ အသည်း ၊ ပန်ကရိယတို့၏ လုပ်ငန်းဆောင်ရွက်မှုကို လှုံ့ဆော်ပေးနိုင်ပါသည် ။ ဝမ်းမီးအားကို ကောင်းစေပြီး ကုဏ္ဍလိနီစွမ်းအင်ကို နိုးကြွလာစေပါသည် ။ အစာချေစနစ်ကို အားကောင်းစေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါသည် ။ ပခုံး ၊ လည်ပင်း ၊ ‌‌ကျောရိုးနှင့် လည်ပင်းတို့ကိုလည်း ဆွဲဆန့်ပေးနိုင်ပါသည် ။ ကျောရိုးဆစ်များကို ထောက်ပံ့ပေးထားသော ကြွက်သားများကိုလည်း ပျော့ပြောင်းလာစေပါသည် ‌‌။


6️⃣ Supta Baddha Konasana #ဆုပ္တ်ဘဒ္ဒြကွန်းအာစန 💠💠


ဆုပ္တ်ဟူသည် လဲလျောင်းခြင်း (သို့) အိပ်စက်ခြင်း ၊ ဘဒ္ဒြ ဟူသည် ထိန်းချုပ်ခြင်း ၊ #ကန့်သတ်ခြင်း ဖြစ်ပြီး ၊ ကိုန သည် #ထောင့်ကို ဆိုလိုပါသည် ။ အိန္ဒိယရှိ များစွာသော ဖိနပ်ချုပ်သမားတို့သည် ဤပုံစံအနေအထားဖြင့်သာ အလုပ်လုပ်ကိုင်ကြသည်ကို တွေ့ရှိနိုင်ပါသည် ။ ၁၅ ရာစုနှစ်က အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် Sant Ravidas အမည်ရှိသည့် ကဗျာဆရာ ၊ လူမှုပြုပြင်ပြောင်းလဲ‌ရေးသမား နှင့် ဝိဉာဏပုဂ္ဂိုလ် သူတော်စင်တစ်ပါး ပေါ်ပေါက်ခဲ့ပါသည် ။ သူသည် အလုပ်အကိုင်အားဖြင့် ဖိနပ်ချုပ်သောအလုပ်ကို လုပ်ကိုင်သော်လည်း သူ၏ အသိဉာဏ်ပညာကြောင့် နိုင်ငံတွင်း အထူးကျော်ကြားခဲ့ပေသည် ။


တနေ့တွင် ဘုရင်တစ်ပါးသည် သူ၏ကောင်းချီးပေးမှုကို ခံယူရရှိရန်အတွက် သူ့ထံသို့ ရောက်ရှိလာခဲ့ပေသည် ။ သူတော်စင်ကြီးသည် သူ၏ ချုပ်လက်စ ဖိနပ်သားရေစများ စိမ်ထားသည့် ရေကို ကောင်းချီးပေးသည့်အနေဖြင့် သောက်သုံးရန် ဘုရင်ကြီးကို ပေးလိုက်လေသည် ။ အော်ဂလီဆန်လောက်အောင် ရွံရှာသွားသော်လည်း ဘုရင်ကြီးသည် ဟန်ဆောင်ပန်‌ဆောင်ပြုကာ သောက်မည်ဟန်ပြုပြီးမှ လက်ချော်သွားသလိုပြု၍ ခွက်တွင်းမှ‌ရေများကို သူ၏အပေါ်ရုံအင်္ကျီပေါ်သို့ သွန်ချလိုက်လေသည် ။ ထိုအချင်းအရာကို မြင်သွားသော ဘုရင်ကြီး၏ အဝတ်များကို ‌လျှော်ပေးရသူ ခဝါသည်အမျိးသမီးသည် ထိုအဝတ်မှ ရေများကို ညှစ်ယူကာ သောက်သုံးခဲ့သဖြင့် ဉာဏ်ပညာရှိသော အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့ပေသည် ။


အကျိုးကျေးဇူးများ 💎💠


တရားထိုင်သူများကို များစွာအထောက်အကူပြုသည် ။ တင်ပါးစုံဂျိုင့် နှင့် ဒူးခေါင်းဂျိုင့်များကို ချောမွေ့ပြေပြစ်စေသည် ။ ကျန်းမာ သန်စွမ်းစေသည် ။ ဝမ်းတွင်း အင်္ဂါအစိတ်အပိုင်းများ၏ လုက်ငန်းဆောင်ရွက်မှုကို တိုးတက်လာစေပါသည် ။ ဆီးအိမ် နှင့် ဆီးလမ်းကြောင်းကို တိုးတက်ကောင်းမွန်လာစေပြီး အမျိုးသားများတွင် ဆီးနှင့်ပတ်သတ်သောရောဂါများ ၊ အမျိုးသမီးများတွင် ရာသီသွေးနှင့်ဆိုင်သော ပြဿနာများကို သက်သာပျောက်ကင်းစေပါသည် ။


7️⃣ Balasana  #ဘာလစန (ကလေးပုံစံ) 👶👶


ဘာလ ဟူသည် ကလေးငယ် ဟု အဓိပ္ပါယ်ရပေသည် ။ ဝီရစန အမှတ် ( ၂ )ဟူ၍လည်း ခေါ်ဆိုကြပါသည် ။ ကလေးပုံစံကျင့်စဉ်သည် လွယ်ကူရိုးရှင်းသော အာစနအကွက်တစ်ခု ဖြစ်သလို ခက်ခဲသည်ဟုလည်း ပြောဆိုနိုင်ပါသည် ။ ခန္ဓာကိုယ် ပိန်ပါးသူ ၊ အရိုးအဆစ်ပျော့ပြောင်းသူများတွင် မခက်ခဲသော်လည်း ဝဖိုင့်‌သောကိုယ်ရှိသူ ၊ အဆစ်အမြစ်ကိုက်ခဲ နာကျဉ်နေသူများတွင် ပြုလုပ်ရန် ခက်ခဲနိုင်ပါသည် ။ 


ထိုအခါ အထောက်အကူပစ္စည်းများကို အသုံးပြုနိုင်ပါသည် ။ တင်ပါးနှင့် ခြေကျင့်ဝတ်များအောက်တွင် စောင်ပါးပါးကို ခံခြင်း ၊ နဖူးအောက်တွင် ခေါင်းအုံး(သို့)အတုံးတစ်ခုခုကို ခံထားခြင်းဖြင့် မိမိတွင် သက်သောင့်သက်သာဖြင့် အဆင်ဆင်ပြေပြေနေနိုင်မည့် အနေအထားကို ပြင်ယူနိုင်ပါသည် ။ ကလေးပုံစံသည် ဟထယောဂကျင့်စဉ်၏ အခြေခံအဆင့်အကွက်တစ်ကွက်ဖြစ်ပြီး လေ့ကျင့်ရာတွင် ၁ မိနစ်မှ ၃ မိနစ်အထိ ထားရှိပေးနိုင်ပါသည် ။


ကလေးပုံစံသည် သျှဝစန(လူသေကောင်ပုံစံ)ကျင့်စဉ်ကဲ့သို့ပင် ခန္ဓာကိုယ်ကို အနားပေးသော relaxation အကွက်တစ်ကွက်ဖြစ်ပါသည် ။ ထို့ကြောင့်ပင် အခြားသော ယောဂအကွက်များကို ပြုလုပ်ပြီးစီးသည့်နောက် အကွက်တစ်ကွက်နှင့် တစ်ကွက်ကြားတွင် ခေတ္တအနားယူသောကျင့်စဉ်အဖြစ်လည်း ပြုလုပ်နိုင်ပါသည် ။


သတိပြုရန်မှာ ယောဂကျင့်စဉ်များသည် အားကစားလေ့ကျင့်ခန်းများကဲ့သို့ ခန္ဓာကိုယ်ကို ခပ်မြန်မြန် မရပ်မနားပြုလုပ်ရမည် မဟုတ်ဘဲ အကွက်တစ်ကွက်နှင့် တစ်ကွက်ကြားတွင် လုံလောက်သော အနားရသည်အထိ အနားပေးရန်လိုအပ်ပါသည် ။ လုံးဝအနားရသွားပြီဆိုမှ နောက်တစ်ကွက်ကို ကူးပြောင်းလေ့ကျင့်ရပါမည် ။


အကျိုးကျေးဇူးများ 💠✅


စိတ်နှင့် ခန္ဓာကိုယ်ကို အပြည့်အဝအနားရစေရာတွင် အကောင်းဆုံးသော အကွက်တစ်ကွက်ဖြစ်ပါသည် ။ ဦးနှောက်တွင် သွေးလည့်ပတ်စီးဆင်းမှုကို အားကောင်းစေကာ အာရုံကြောစနစ်တစ်ခုလုံးကို အ‌ထောက်အပံ့ပေးနိုင်ပါသည် ။ ဝမ်းဗိုက်ကြွက်သားများတွင်ဖြစ်ပေါ်နေသော တင်းအားများကို ဖြေလျော့ပေးနိုင်ပြီး ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါသည် ။ ကျောရိုးကိုလည်း ဖြေလျော့ပေးနိုင်ပြီး ကျောရိုးဆစ်များတွင် အနားမရခြင်း ၊ ဖိစီးမှုနေခြင်းများကို သက်သာလာစေကာ လည်ပင်းတွင် နာကျဉ်ကိုက်ခဲနေခြင်းကိုလည်း ပျောက်ကင်းစေပါသည် ။


8️⃣ Marjariasana #မာရ်ဂျရာစန (ကြောင်ပုံစံ) 💠💠


သက္ကတဘာသာ မာရ်ဂျရီသည် ကြောင်မကို ခေါ်ဆိုခြင်းဖြစ်သည် ။ ယောဂကျင့်စဉ်အကွက်များစွာသည် သဘာဝ ရေ မြေ တောတောင် နှင့် ကျေးငှက်တိရိစ္ဆာန်များ၏ ကိုယ်ဟန်ကို တုပထားခြင်းဖြစ်သည် ။ ထို့ကြောင့်ပင် မိမိတို့ အိမ်ရှိ ကြောင်ကလေးများသည်လည်း သင်၏ မြင်ဆရာ ဖြစ်လာနိုင်ပါသည် ။🛡🛡


ဤကျင့်စဉ်သည် ကြောင်ကလေးများ အညောင်းဆန့်သကဲ့သို့ ‌ကျောရိုးတစ်ခုလုံးကို မယုံကြည်နိုင်လောက်အောင် ဆွဲဆန့်ပေးနိုင်သော ကျင့်စဉ်ပင်ဖြစ်သည် ။ မည်မျှအကျိုး ရှိသည်ဟု ပြေပြရန်ပင် ခက်လောက်အောင် အထောက်အကူပြုနိုင်သော အကွက်ဖြစ်ပါသည် ။🛡🛡


ကြောင်ပုံစံကျင့်စဉ်သည် အာ့ရှ်တန်ဂကျင့်စဉ်၏ အခြေခံအဆင့် အကွက်တစ်ကွက်ဖြစ်ပါသည် ။ လေ့ကျင့်ရာတွင် နွားပုံစံ နှင့် ကြောင်ပုံစံ တို့ကို နှစ်ခုပေါင်းစပ်၍ လေ့ကျင့်ရပါသည် ။ ယင်းကို ချက္ကရာ ဝါးကားစနဟု ခေါ်ပါသည် ။


Cakravakasana ချက္ကရာ ဝါးကားစန ဟူသည် အကွက်အသစ် မဟုတ်ဘဲ နွား နှင့် ကြောင်ပုံစံ ၂ ခုကို ပေါင်းစပ်လေ့ကျင့်ရခြင်း ဖြစ်သည် ။ လေ့ကျင့်နည်းစနစ်များစွာရှိပြီး အများအားဖြင့် ရှုသွင်းချိန်တွင် နွားပုံစံကို ပြုလုပ်ပြီး ရှုထုတ်သည့်လေနှင့်အတူ ခေါင်းကို ငုံ့ကာ ကြောင်ပုံစံသို့ ပြောင်းလဲလေ့ကျင့်နည်းကို လေ့ကျင့်ကြပေသည် ။🔑🔑


ပြုလုပ်ရာတွင် ၅ ကြိမ်မှ ၁၀ ကြိမ်အထိ ပြုလုပ်နိုင်ပါသည် ။ တစ်ခြားနည်းလမ်း တစ်ခုမှာ အကွက် ၁ ခုစီတွင် ၁၀ စက္ကန့်စီ နေပေးခြင်းဖြစ်သည် ။ နွားပုံစံကို ၁၀ စက္ကန့်နေပြီးနောက် ကြောင်ပုံစံကိုလည်း ၁၀ စက္ကန့် ပြုလုပ်ရခြင်း ဖြစ်သည် ။ ထိုစနစ်ကိုလည်း ၅ ကြိမ်မှ ၆ ကြိမ်အထိ လေ့ကျင့်ပေးနိုင်ပါသည် ။🛡🛡


အကျိုးကျေးဇူးများ 💎💎


ကျောရိုးတစ်ခုလုံးကို ဆွဲဆန့်ပေးနိုင်ပြီး ပျော့ပျောင်းမှုကိုပါ တိုးတက်လာစေနိုင်သော ကျင့်စဉ်ဖြစ်သည် ။ လက်ကောက်ဝတ် ၊ ပခုံး တို့ကိုလည်း သန်စွမ်းလာစေနိုင်ပါသည် ။ နွားပုံစံသည် လည်ပင်းနှင့် ရင်ဘတ်ပိုင်း ၊ ကြောင်ပုံစံသည် ဇက်ပိုး နှင့် နောက်ကျောပိုင်းတို့ကို ဆွဲဆန့်ပေးနိုင်ပါသည် ။ အစာခြေအင်္ဂါစနစ်ကိုလည်း ဖိအားသက်ရောက်စေသည့်အတွက် ယင်းစနစ်ကို အထောက်အကူပေးကာ အစာချေဖျက်အားကို တိုးတက်လာစေပါသည် ။🔑🔑


ဝမ်းဗိုက်ကို အားပြုညစ်ထားရခြင်းဖြစ်ရာ ဗိုက်သားများကိုလည်း လှုံ့ဆော်ပေးနိုင်ပြီး မလိုအပ်သော အဆီပိုများကို လျေ့ာကျစေနိုင်ပါသည် ။ အလျင်အမြန်ပင် ဗိုက်အဆီများကို လျေ့ချပေးနိုင်သည်ဟု မဆိုလိုဘဲ ဖြည်းဖြည်းနှေးနှေးဖြင့် လျေ့ာကြသွားခြင်း ဖြစ်သည် ။ သွေးကောင်းသွေးသန့်မျာနှင့်တကွ ‌အောက်စီဂျင်ကိုပါ တစ်ကိုယ်လုံးသို့ ပျံ့နှံ့ရောက်ရှိသွားစေနိုင်ပြီး စိတ်တွင်လည်း ဖိစီးမှုများကို လျော့ကျသွားစေနိုင်မည့် ကျင့်စဉ်တစ်ရပ် ဖြစ်ပါသည် ။🔑🔑


9️⃣ Paschimottanasana #ပါချိမိုတာနစန (ထိုင်လျက်ရှေ့သို့မှောက်ချခြင်းပုံစံ) 💠💠


ပါချိမ ဟူသည် #အနောက်အရပ် ဖြစ်ပြီး ဥတာန သည် အစွမ်းကုန် ဆွဲဆန့်ခြင်း ဖြစ်သည် ။ ထို့ကြောင့် ဤကျင့်စဉ်သည် အနောက်ဘက်ကို အစွမ်းကုန် ဆွဲဆန့်ခြင်းဟု အဓိပ္ပါယ်ရပါသည် ။ ရိုးရာယောဂပညာရပ်တွင် ခန္ဓာကိုယ်တစ်ခုလုံးကို အရပ်မျက်နှာများအဖြစ် ပိုင်းခြားသတ်မှတ်ထားပါသည် ။ ထိပ်ဆုံးပိုင်းဖြစ်သော ဦးခေါင်းသည် မြောက်အရပ် ဖြစ်သည် ။ ခန္ဓာကိုယ် ရှေ့ဘက် နဖူးပြင်မှသည် ခြေဖျားအထိသည် အ‌ရှေ့အရပ် ဖြစ်သည် ။ ခြေဖဝါးပြင်များသည် တောင်အရပ်ဖြစ်ပြီး ခန္ဓာကိုယ် အနောက်ဖက်ခြမ်းတစ်ခုလုံးသည် အနောက်အရပ်အဖြစ် သတ်မှတ်ခြင်းခံရပါသည် ။


ရိုးရာယုံကြည်မှုများကို အ‌လေးထားလွန်းသော အိန္ဒိယနိုင်ငံတွင် အရပ်မျက်နှာများသည် များစွာအရေးပါလှပါသည် ။ ဘုန်းတော်ကြီးများ ၊ ယောဂီများနှင့် ယုံကြည်သူများသည် အရေးကြီးသော ပွဲလမ်းသဘင် အခမ်းအနားများကို ပြုလုပ်ရာတွင် အရပ်မျာက်နှာကို များစွာအလေးထား ထည့်သွင်းစဉ်းစားလေ့ ရှိပါသည် ။ မြန်မာတို့တွင် နေ့တစ်နေ့တွင် နဂါးခေါင်းသည် မည်သည့်ဘက်သို့ လှည့်နေသည်ကို ကြည့်၍ လုပ်ငန်းဆောင်တာ ၊ ခရီးသွားခြင်း ၊ အလုပ်သစ်စခြင်းတို့ကို ပြုလေ့ရှိသကဲ့သို့ အိန္ဒိယတွင်ကာ အရပ်မျက်နှာများကို ဆင်မောင်နှံဖြင့် ဖော်ပြလေ့ရှိကြပေသည် ။


အကျိုးကျေးဇူးများ 💎💠


နောက်ကြောကြွက်သားများကို ဆွဲဆန့်ပေးနိုင်ပြီး ပျော့ပြောင်းလာစေပါသည် ။ ဝမ်းဗိုက်ကြွက်သားများကို နှိပ်နယ်ပေးနိုင်ပြီး ဝမ်းတွင်းအင်္ဂါ အစိတ်အပိုင်းများကို လှုံ့ဆော်ပေးနိုင်ပါသည် ။ နှလုံးကိုလည်း အနားရစေပြီး ဝမ်းမီးကို တောက်စေပါသည် ။ သုတ်နှင့်ပတ်သတ်သော အားနည်းခြင်းများကို သက်သာစေပြီး ကုဏ္ဍလိနီနိုးကြွစေရန် အထောက်အကူပြုပါသည် ။ ဦးနှောက်ကိုလည်း အနားရစေပြီး အရပ်ရှည်လိုသူများသည် ဤကျင့်စဉ်ကို အထူးလေ့ကျင့်ကြပါသည် ။


အကယ်၍ မိတ်ဆွေတွင် ယောဂကျင့်စဉ်နှင့် ပတ်သတ်၍ ဆွေးနွေးလိုသည်များ ၊ အကြံပြုလိုသည်များရှိနေပါက 


အောက်ပါ Group


https://www.facebook.com/groups/219695225274415/


နှင့် Page 


https://www.facebook.com/MingalaYoga/


ကို ဝင်ရောက်ထားခြင်းဖြင့် update သတင်းများကို အမြဲသိရှိနေမည် ဖြစ်ပါသည် ။


Namaste'


Brahma Nanda

Ref;အင်တာနက်စာမျက်နှာများ ၊  International Sivananda Yoga Vedanta Centres Website ၊Wikipedia ၊ Yogipedia ၊ Yoga Basic.com Website ၊ The Art of Living Website ၊ Yoga Journal Website ၊ Swirlster Website ၊ HuffPost Website ၊


Swami Ramde-Yog Its philosophy & Practice ၊ Swati Chanchani,Rajiv Chanchani-Yoga for Children ၊  ကျောက်ဘီလူးတင်မောင်ဆွေ-အခြေခံကာယဗလလေ့ကျင့်ရေးလမ်းညွှန် ၊


ဦးသော်ဇင်-မဟာဘာရတ နှင့် ဘဂဝါဂီတ ၊ ဗိုလ်မင်းဟန်-သိပ္ပံနည်းကျစိတ်ပျိုကိုယ်နုယောဂကျင့်စဉ်များ ၊ ကျော်ဇေယျာပုသိမ်-စကားပြောသောကိုယ်တွင်းအင်္ဂါများ ၊ Yoga Anatomy 20hrs Course ၊MFTA Fitness Nutrition Specialist Course ၊  ဗိုလ်မင်းဟန်-သင့်ဘဝတွက်ယောဂီကျင့်စဉ် ၊ မင်းမောင်(ဒဿနိက)-ဟိန္ဒူဓမ္မယဉ်ကျေးမှုမိတ်ဆက် ။ 


(Zawgyi) 

Yoga Asanas for insomnia

အိပ္မေပ်ာ္ျခင္းတြက္ ေယာဂက်င့္စဥ္

🧘‍♂️🧘‍♂️🕉🧘‍♀️🧘‍♀️




ညဘက္ အိပ္မေပ်ာ္ျခင္းဟာ ေရာဂါတစ္ခုလား ။🙄🤔


ယေန႔ေခတ္လူေတာ္ေတာ္မ်ားမ်ားၾကားမွာ အိပ္မေပ်ာ္တဲ့ျပႆနာ (Insomnia) ဟာ တျဖည္းျဖည္း ႀကီးထြားလာေနသည္ကို ေတြ႕နိုင္ပါသည္ ။ အိပ္ခ်င္ေပမယ့္ အိပ္မရတာ ၊ အိပ္မေပ်ာ္တာ ၊ အိပ္ေပ်ာ္ဖို့ ပုံမွန္ထက္ ႀကိဳးစားေနရတာ ၊ မၾကာခဏ လန႔္နိုးတာ စသည္ျဖင့္ လူအမ်ားစုတြင္ ၾကဳံေတြ႕ေနရေပသည္ ။ အသက္အရြယ္ႀကီးလာျခင္း ၊ အိပ္ခ်ိန္ပုံမွန္ မရွိျခင္း ၊ အခ်ိန္ဇုံ ကြာျခားေသာေနရာမ်ားသို့ ေလယာဥ္ခရီးသြားျခင္း ႏွင့္ ေရာဂါအခံတစ္ခုခုရွိေသာေၾကာင့္ ေနာက္ဆက္တြဲအေနျဖင့္လည္း အိပ္မေပ်ာ္ျခင္းတို့ ျဖစ္ပြားတတ္ပါသည္ ။


မည္သည့္အေၾကာင့္ေၾကာင့္ပင္ျဖစ္ေစ အိပ္မေပ်ာ္မွုမ်ားလာပါက ခႏၶာကိုယ္ Physical ပိုင္းတြင္သာမက စိတ္ခံစားမွု Emotional ပိုင္းကိုပါ ထိခိုက္လာနိုင္ပါသည္ ။ စိတ္ပိုင္းဆိုင္ရာတြင္လည္း စိတ္မၾကည္ျခင္း ၊ ‌‌ေဒါသထြက္လြယ္ျခင္း ၊ ဘာမဟုတ္ေသာ ကိစၥေသးေသးေလးကိုပင္ ပုံႀကီးခ်ဲ႕လာျခင္း တို့ျဖစ္ပြားလာတတ္ပါသည္ ။ ႐ုပ္ပိုင္းဆိုင္ရတြင္လည္း ေန႔လယ္ဘက္တြင္ အိပ္ငိုက္ျခင္း ၊ ေခါင္းကိုက္ျခင္း ၊ ေခါင္းမၾကည္ျခင္း ၊ အာ႐ုံစူးစိုက္မွု ေလ်ာ့က်သြားျခင္း ၊ ႏွလုံးေရာဂါ ႏွင့္ အျခားေသာက်န္းမား‌ေရးဆိုးက်ိဳးမ်ားကို ျဖစ္ပြားလာတတ္သည့္အတြက္ သတိျပဳရမည့္ ေရာဂါတစ္ခုျဖစ္ပါသည္ ။


ေလ့လာမွုမ်ားအရ လူ ၄ ေယာက္တြင္ ၁ ေယာက္မွာ အိပ္မေပ်ာ္ျခင္း ျပႆနာရွိသည္ဟု သိရပါသည္ ။ ကမၻာ့လူဦးေရ၏ ၃ ပုံ ၂ ပုံခန႔္သည္ စိတ္ဖိစီးမွုမ်ား ၊ စိတ္လွုပ္ရွားမွုမ်ားေၾကာင့္ အိပ္မေပ်ာ္ျခင္းကို ခံစားၾကဖူးသည္ဟု သိရပါသည္ ။  အိပ္ေဆးေသာက္ျခင္းသည္ အိပ္မေပ်ာ္ျခင္းျပႆနာကို ခဏတာေျဖရွင္းေပးနိုင္ေသာ္လည္း ေရရည္တြင္ ေနာက္ဆက္တြဲအက်ိဳးဆက္မ်ား ျဖစ္လာတတ္ပါသည္ ။ အိပ္စက္ျခင္းဟူသည္ သဘာဝနည္းလမ္းအတိုင္း ခႏၶာကိုယ္ကို အားအင္ျပန္လည္ျဖည့္တင္းေပးနိုင္သည့္ Natural Restorative နည္းလမ္းျဖစ္သည့္အတြက္ အလြန္အေရးႀကီးပါသည္ ။


#အိပ္မေပ်ာ္ျခင္း Insomnia

😴😴📌


အိပ္ေပ်ာ္ဖို့ခက္ခဲေသာ အေျခအေနကို ၂ မ်ိဳး ခြဲျခားေလ့လာနိုင္ပါသည္ ။


#ေယဘူယ်အေၾကာင္းမ်ားေၾကာင့္အိပ္မေပ်ာ္ျခင္း (Primary Insomnia) ႏွင့္ #ေရာဂါအခံေၾကာင့္ေနာက္ဆက္တြဲအျဖစ္ အိပ္မေပ်ာ္ျခင္း (Secondary Insomnia) တို့ ျဖစ္ပါသည္ ။ ပထမအမ်ိဳးအစားသည္ အသက္အရြယ္ႀကီးရင့္လာသည့္အတြက္ အိပ္မေပ်ာ္ျခင္း ၊ အိပ္ခ်ိန္ပုံမွန္မရွိျခင္းေၾကာင့္ အိပ္မေပ်ာ္ျခင္း ၊ ေလယာဥ္ျဖင့္ ခရီးသြားရာတြင္ အခ်ိန္အေျပာင္းအလဲေၾကာင့္ အိပ္မေပ်ာ္ျခင္း ႏွင့္ တျခားေသာ အေၾကာင္းရင္ခံ အမ်ိဳးမ်ိဳးေၾကာင့္ အိပ္မေပ်ာ္ျခင္းပင္ ျဖစ္ေပသည္ ။


ေရာဂါအခံတစ္ခုခုရွိသျဖင့္ ေနာက္ဆက္တြဲအက်ိဳးဆက္အေနျဖင့္ အိပ္မ‌ေပ်ာ္ရျခင္းမွန္သမၽွကို ဒုတိယအမ်ိဳးအစား Secondary Insomnia အမ်ိဳးအစားဟု သတ္မွတ္နိုင္ပါသည္ ။ အရိုးအဆစ္ ႏွင့္ ႂကြက္သားေရာဂါမ်ား ၊ ႏွလုံးေရာဂါမ်ား ၊ အစာအိမ္ ႏွင့္ အူလမ္းေၾကာင္းေရာဂါမ်ား ၊ ဆီးလမ္းေၾကာင္းေရာဂါမ်ား ၊ အာ႐ုံေၾကာေရာဂါမ်ား ၊ အသက္ရွုလမ္းေၾကာင္းေရာဂါမ်ားကဲ့သို့ေသာ ေရာဂါႀကီးမ်ား ျဖစ္ပြားေသာအခါ ေနာက္ဆက္တြဲအျဖစ္ အိပ္မ‌ေပ်ာ္ျခင္းကို ခံစားရနိုင္ပါသည္ ။


မည္သည့္အမ်ိဳးအစားပင္ျဖစ္ေစ အိပ္မ‌ေပ်ာ္ျခင္းသည္ ရက္ပိုင္းခန႔္မွသည္ သီတင္းအပါတ္ ၁ ခုအတြင္း ‌ေပ်ာက္သြားတတ္ပါသည္ ။ ထို့ကဲ့သို့ မဟုတ္ဘဲ လေပါင္းမ်ားစြာ (သို့) ႏွစ္နဲ႔ခ်ီ၍ အိပ္မေပ်ာ္ျခင္းကို ခံစားေနရပါက ယင္းသည္ နာတာရွည္အိပ္မ‌ေပ်ာ္ျခင္း (Chronic Insomnia) အျဖစ္သို့ ေရာက္ရွိသြားမည္ ျဖစ္သည္ ။ နာတာရွည္အိပ္မေပ်ာ္ျခင္း ျဖစ္ပြားၿပီဆိုပါက က်န္းမာေရးကိုသာမက ဘဝအရည္အေသြးမ်ားကိုပါ ဆုံရွုံးသြားနိုင္သည့္အတြက္ အထူးသတိျပဳသင့္ပါသည္ ။


#ျဖစ္ပြားရေသာအေၾကာင္းရင္း

📌📌


ညေနပိုင္းတြင္ အစာကို ျပည့္တင္းစြာ စားေသာက္ျခင္း ၊ ဆီးခ်ိဳေရာဂါႏွင့္ ဆီးေရာဂါျပႆနာရွိသျဖင့္ ညဘက္မၾကာခဏ ဆီးထသြားရသူမ်ား ၊ ယေန႔ေခတ္ ေျပာင္းလဲလာေသာ လူေနမွုပုံစံမ်ားေၾကာင့္ ဖုန္း ၊ ကြန္ျပဴတာမ်ားကို အလြန္အကၽြံ အသုံးျပဳလာျခင္းကလည္း အဓိကအေၾကာင္းအရင္းတစ္ခု ျဖစ္ပါသည္ ။ ထို့ျပင္ ရာသီဥတုပူျပင္းသျဖင့္ ေခၽြးမ်ားစြာထြက္ကာ ညဘက္အိပ္မရျခင္း ၊ အိပ္ေနရင္းျဖင့္ Sleep Apnea ေရာဂါေၾကာင့္ အသက္ရွုရပ္တတ္သူမ်ား ၊ စိတ္က်ေရာဂါရွိသူမ်ား ႏွင့္ သိုင္းရြိဳက္ေဟာ္မုန္း မ်ားေနသူမ်ားတြင္လည္း အိပ္မေပ်ာ္ျခင္းကို ၾကဳံရတတ္ပါသည္ ။


#ေရာဂါလကၡဏာမ်ား📌💡


အိပ္မေပ်ာ္ျခင္းသည္ တစ္ညတစ္ေလမဟုတ္ဘဲ တစ္ပါတ္တြင္ ၃ ရက္ႏွင့္အထက္ အိပ္မ‌ေပ်ာ္ျခင္းကို ၃ လခန္႔အထိ ခံစားေနရပါက နာတာရွည္အိပ္မေပ်ာ္ျခင္းဟု သတ္မွတ္နိုင္ပါသည္ ။ ထိုကဲ့သို့ ျဖစ္ပြားပါက ကၽြမ္းက်င္ေသာ ဆရာဝန္ႏွင့္ အျမန္ဆုံးသြားေရာက္ ျပသတိုင္ပင္ သင့္ပါသည္ ။ ေနာက္က်မွအိပ္ျခင္း ၊ ေနာက္က်မွထျခင္းတို့ေၾကာင့္ ခႏၶကိုယ္ ဇီဝကမၼျဖစ္စဥ္သည္ ပုံမွန္မဟုတ္ေတာ့ဘဲ ေျပာင္းလဲလာကာ ေရရွည္တြင္ က်န္းမာေရးကို ဆိုးဆိုးရြားရြားထိခိုက္နိုင္ကာ ႏွလုံးေရာဂါျဖစ္ပြားႏွုန္း ပိုမိုလာသည္ဟု ေလ့လာမွုမ်ားက ေဖာ္ျပထားပါသည္ ။


ညဘက္အိပ္မ‌ေပ်ာ္သည့္အတြက္ ေနာက္ေန႔တြင္ စိတ္ေရာကိုယ္ပါ ရြင္လန္းတက္ႂကြမွု မရွိေတာ့ျခင္း ၊ ထိုင္းမွိုင္းေလးလံ ငိုက္ျမည္းေနျခင္း ၊ ေက်ာင္းသူ/ေက်ာင္သားမ်ားတြင္လည္း သင္ခန္းစာမ်ားကို စိတ္မပါေတာ့ျခင္း ၊ လုပ္ငန္းခြင္တြင္လည္း စိတ္ပါဝင္စားမွု ေလ့်ာက်သြားသည့္အတြက္ အမွားမွားအယြင္းယြင္း ျဖစ္ျခင္းတို့ ျဖစ္လာနိုင္ပါသည္ ။


အိပ္မေပ်ာ္ျခင္းေၾကာင့္ ခႏၶာကိုယ္တြင္ Catecholamine ေဟာ္မုန္းမ်ား ပိုမိုထြက္ရွိလာသည့္အတြက္ ေသြးေၾကာမ်ားက်ဳံ႕သြားကာ ေသြးေပါင္ခ်ိန္ကို ပိုတက္သြားေစသည့္အတြက္ ေသြးတိုးေရာဂါရွင္မ်ားသည္ အထူးသတိျပဳရပါမည္ ။ ဆီးခ်ိဳေရာဂါရွင္မ်ားတြင္လည္း အင္ဆူလင္ေဟာ္မုန္း ေကာင္းမြန္စြာ မထြက္နိုင္ေတာ့သည့္အတြက္ ေသြးထဲတြင္ ဂလူးကို့စ္မ်ား တက္လာနိုင္ပါသည္ ။ ထိခိုက္ဒဏ္ရာရထားသျဖင့္ အနာျဖစ္ေနသူမ်ားတြင္လည္း အနာက်က္ႏူန္းကို ေႏွးသြားေစနိုင္ပါသည္ ။ အရိုက်ိဳးေနသူမ်ားတြင္လည္း အရိုးျပန္ဆက္ျခင္းကို ေႏွး‌ေကြးသြားေစနိုင္ပါသည္ ။


#ျဖစ္ပြားရေသာအေၾကာင္းရင္းမ်ား 📌💡


ေဟာ္မုန္းမ်ားသည္ အိပ္စက္ျခင္းအေပၚ အက်ိဳးသက္ေရာက္ေစနိုင္ၿပီး ဓာတုေဆးဝါးမ်ားေသာက္သုံးေနရျခင္းကလည္း အိပ္မေပ်ာ္ျခင္းကို ျဖစ္ေစနိုင္ပါသည္ ။ အမ်ိဳးသမီးမ်ားတြင္လည္း ေသြးဆုံးၿပီးေနာက္ ၃ ႏွစ္ခန႔္ၾကာေသာအခါ အိပ္မ‌ေပ်ာ္ျခင္းသည္ ၄၀% အထိ တိုးလာနိုင္သည္ဟု သိရပါသည္ ။


အိပ္မေပ်ာ္ရျခင္း၏ အဓိကအေၾကာင္းရင္းမ်ားမွာ

✅ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာျပႆနာ

✅ စိတ္လွုပ္ရွားမွု ႏွင့္ စိတ္ဖိစီးမွုမ်ားျခင္း

✅ အရက္ ၊ ေကာ္ဖီ စသည့္ အစားအစာမ်ားစားသုံျခင္း

✅ အခ်ိန္ဇုံေျပာင္းလဲျခင္းေၾကာင့္ အိပ္မေပ်ာ္ျခင္း (Transient Insomnia) တို့ ျဖစ္ပါသည္ ။


#ဦးေႏွာက္ႏွင့္အာ႐ုံေၾကာျပႆနာမ်ား 📌📌


ဦးေႏွာက္လွိုင္း (brain wave) မ်ားသည္ ဦးေႏွာက္ကို နိုးဆြမွုနည္းလာသည့္အခါ အက်ိဳးဆက္မ်ားမွ တစ္ခုအေနျဖင့္ အိပ္မေပ်ာ္ျခင္းကို ခံစားရနိုင္ပါသည္ ။ အဆိုပါ အိပ္မေပ်ာ္ျခင္းမွတဆင့္ စိတ္က်ေရာဂါ ၊ အစြဲအလန္းႀကီးလာျခင္း ၊ မၾကာခဏဘာမွမလုပ္ပဲ ၿငိမ္က်သြားျခင္း ၊ ႏွလုံးခုန္ျမန္ၿပီး အသက္ရွုမဝျခင္းမ်ိဳးထိ ျဖစ္ပြားလာတတ္ပါသည္ ။


#စိတ္လွုပ္ရွားမွုႏွင့္စိတ္ဖိစီးမွုမ်ားျခင္း (Acute Insomnia)📌📌


ေန႔စဥ္ဘဝရွင္သန္မွုတြင္ ဘက္ေပါင္းစုံမွလာေသာ ဖိစီးမွုမ်ားေၾကာင့္လည္း အိပ္ေပ်ာ္ဖို့ ခက္ခဲေစပါသည္ ။ လုပ္ငန္းခြင္တြင္ ဖိစီးမွုမ်ားသာမက လူငယ္လူရြယ္မ်ားတြင္ စာေမးပြဲကိစၥ ၊ အလုပ္အသစ္ ေက်ာင္းအသစ္တက္ရျခင္း ႏွင့္ တျခားမလိုအပ္ေသာ စိတ္လွုပ္ရွားမွုမ်ားေၾကာင့္ စိုးရိမ္ေသာကေရာက္ကာ ညဘက္တြင္ အိပ္မေပ်ာ္ျခင္းကို ၾကဳံရတတ္ပါသည္ ။ အိပ္ရာေျပာင္းျခင္း ၊ ေနရာေျပာင္းျခင္း ၊ ဆူညံသံမ်ားေသာအခ်ိန္တို့တြင္လည္း အိပ္မေပ်ာ္ျခင္း ျဖစ္တတ္ပါသည္ ။


#အရက္ေကာ္ဖီစသည့္အစားအစာမ်ားစားေသာက္ျခင္း📌📌


Caffeine ဓာတ္မ်ားေသာ လက္ဖက္ရည္ ‌ေကာ္ဖီမ်ား ၊ အရက္ ဘီယာ Alcoholic မ်ား ၊ Energy Drink ဟုေခၚေနၾကေသာ အားျဖည့္အခ်ိဳရည္မ်ားကို ညေနဘက္တြင္ ေသာက္သုံးျခင္းတို့က အိပ္မေပ်ာ္ျခင္းကို ျဖစ္ေစနိုင္ပါသည္ ။ ေကာ္ဖီကို မနက္ပိုင္းတြင္ ေသာက္သုံးျခင္းက အိပ္စက္မွုကို အေႏွာက္အယွက္ မေပးနိုင္ပါ ။ သို့ေသာ္လည္း ခဏ ခဏ ႏွင့္ အလြန္အကၽြံေသာက္သုံးပါက  ခႏၶာကိုယ္တြင္ Caffeine ဓာတ္မ်ားလာေသာအခါ ခႏၶာကိုယ္သည္ ေမာပန္းႏြမ္းနယ္လာသည့္အျပင္ အာ႐ုံေၾကာမ်ားကို လွုံ႔ေဆာ္ေပးသည့္အတြက္ မ်က္စိေၾကာင္ေစကာ အိပ္မ‌ေပ်ာ္ျခင္းကို ျဖစ္ေစနိုင္ပါသည္ ။ ထို့အျပင္ ခႏၶာကိုယ္တြင္ Caffeine ဓာတ္မ်ား အလြန္အကၽြံမ်ားလာသည့္အခါ အိပ္မပ်ာ္ျခင္းသာမက ေဟာ္မုန္း Hormones ဓာတ္မ်ားပါ Imbalance ျဖစ္လာေစနိုင္ပါသည္ ။


#အခ်ိန္ဇုံေျပာင္းလဲျခင္းေၾကာင့္အိပ္မေပ်ာ္ျခင္း (Transient Insomnia) 📌📌


ေလယာဥ္ျဖင့္ ခရီးသြားၾကေသာအခါ သက္ဆိုင္ရာနိုင္ငံအလိုက္ အခ်ိန္ဇုန္မ်ားကြာျခားၾကသျဖင့္ jet lag ေခၚ အိပ္မ‌ေပ်ာ္ျခင္းကို ခံစားရတတ္ပါသည္ ။ သို့ေသာ္လည္း ရက္အနည္းငယ္အတြင္း (သို့) တစ္ပါတ္အတြင္း ပုံမွန္အေျခအေနသို့ ျပန္လည္ေရာက္ရွိတတ္ပါသည္ ။ ကၽြန္ုပ္တို့ လူသားမ်ားသည္ ေန႔စဥ္ပုံမွန္ အခ်ိန္ျဖင့္သာ ျပဳလုပ္ေလ့ရွိသကဲ့သို့ပင္ ခႏၶာကိုယ္သည္လည္း သူ႔အခ်ိန္ႏွင့္သူသာ အလုပ္လုပ္ကိုင္ေလ့ရွိပါသည္ ။ ယင္းကို ဇီဝနာရီဟူ၍ ေခၚဆိုပါသည္ ။


#ဇီဝနာရီ ⏰🕰


အာယုေဗၺဒေဆးပညာအရ ခႏၶာကိုယ္ခုခံအားစနစ္သည္ ကိုယ္တြင္းဇီဝနာရီႏွင့္ တိုက္ရိုက္ဆက္စပ္ေနပါသည္ ။ ကိုယ္တြင္းဇီဝနာရီဟူသည္ ကၽြန္ုပ္တို့ အိပ္စက္ခ်ိန္ ၊ နိုးထခ်ိန္ ၊ ကိုယ္တြင္းအဂၤါမ်ား သန႔္စင္ခ်ိန္ စသည္ျဖင့္ စနစ္တက်လည္ပတ္ေန‌ေသာ ကိုယ္တြင္း ဇီဝယႏၲရားစနစ္ ျဖစ္ပါသည္ ။ နိုဗယ္ဆုရ သိပၸံပညာရွင္ john Douillard ကလည္း ယင္းကို ေထာက္ခံေပးထားပါသည္ ။ သူသည္ ေရွးေဟာင္းအာယုေဗၺဒေဆးပညာ ႏွင့္ ေခတ္သိပၸံပညာရပ္တို့ကို ေပါင္းစပ္ေလ့လာသုေတသန ျပဳလုပ္ေနေသာ ပညာရွင္တစ္ဦးျဖစ္ပါသည္ ။


“ေစာေစာအိပ္ထ ျပဳက်င့္က တြင္းပကိုယ္ခႏၶာ ေရာဂါခပ္သိမ္း ေရွာင္ခြာညိမ္း ကင္းၿငိမ္းလြန္ခ်မ္းသာ” ဟူေသာ ေရွးလူႀကီးမ်ားထားခဲ့ေသာ စနစ္သည္ အမွန္တကယ္ အက်ိဳးရွိေၾကာင္း သူကဆိုပါသည္ ။ အဆိုပါစနစ္အရ ညေန ေနဝင္ၿပီးေနာက္ ၂ နာရီမွ ၃ နာရီအတြင္း အိပ္စက္အနားယူရန္ ႏွင့္ မနက္ေစာေစာ ေနမင္းအတူ နိုးထၾကျခင္းျဖင့္ က်န္းမာေရးကို မ်ားစြာအေထာက္အကူျပဳကာ ဇီဝကမၼစနစ္ကို ဟန္ခ်က္ညီတိုးတက္ေစမည္ ျဖစ္ပါသည္ ။


သို့ေသာ္ သင္က ညဘက္ဆို ေစာေစာမေျပာနဲ႔ ၊ အိပ္ေပ်ာ္ဖို့ေတာင္ ခက္တဲ့သူတစ္ေယာက္လား ။ သို့ဆိုပါက 🔎🔎


#ကာကြယ္ကုသျခင္း 👩‍⚕️👨‍⚕️


ညဘက္တြင္ စာဖတ္ျခင္း ၊ ဖုန္း ကြန္ျပဴတာ သုံးျခင္းမ်ားကို ေလ်ာ့ပါ ။ ဖုန္း ကြန္ျပဴတာတို့မွ ထြက္ေသာ အျပာေရာင္အလင္းေၾကာင့္ ဦးေႏွာက္အတြင္း ပယ္နီရယ္ဂလင္းမွ Melatonin #မယ္လတိုနင္ေဟာ္မုန္း ထုတ္လုပ္ေပးမူကို ထိခိုက္ေစပါသည္ ။ မယ္လတိုနင္သည္ ကိုယ္တြင္းမွထုတ္လုပ္ေသာ သဘာဝအိပ္ေဆးတစ္မ်ိဳးျဖစ္ၿပီး ပုံမွန္ ည ၉ နာရီႏွင့္ ၁၀ နာရီၾကားတြင္ ခႏၶာကိုယ္မွ ထုတ္ေပးပါသည္ ။ တစ္ေနကုန္ လၽွပ္စစ္မီးႏွင့္ေနၾကသူအမ်ားစုတြင္ မယ္လတိုနင္ ခ်ိဳ့တဲ့တတ္ပါသည္ ။📌📌


မယ္လတိုနင္ ခ်ိဳ့တဲ့လၽွင္ ကိုယ္ခႏၶာေရာင္ရမ္းလာကာ ကိုယ္ခံစြမ္းအားက်သြားမည္ ။ ကင္ဆာျဖစ္ဖို့ လြယ္ကူလာမည္ ျဖစ္သည္ ။ ညဘက္တြင္ မီးဖြင့္အိပ္ေလ့ရွိသူမ်ားတြင္လည္း မယ္လတိုနင္ ခ်ိဳ့တဲ့တတ္ပါသည္ ။ မယ္လတိုနင္ ခ်ိဳ့တဲ့မူကို ကာကြယ္ရန္အတြက္ လိုအပ္ပါက မယ္လတိုနင္ျဖည့္စြက္စာ ေသာက္ေပးနိုင္ပါသည္ ။ သို့ရာတြင္ အေကာင္းဆုံးမွာ ျဖည့္စြက္စာမေသာက္ဘဲ သဘာဝနည္းလမ္းအတိုင္း ေန႔ဘက္တြင္ ေနေရာင္ခံျခင္း ၊ ညဘက္တြင္ အိပ္ခန္းကို အေမွာင္ခ်ကာ ေစာေစာအိပ္ေသာအက်င့္ ေမြးျမဴေပးျခင္းျဖင့္ မယ္လတိုနင္ ထြက္လာနိုင္ပါသည္ ။📌📌


ထို့ျပင္ ညဘက္တြင္ အစာကို ျပည့္တင္းစြာ စားေသာက္ျခင္းက အိပ္ေပ်ာ္ျခင္းကို အေႏွာက္အယွက္ေပးနိုင္ပါသည္ ။ အာယုေဗၺဒေဆးပညာအရ ကၽြန္ုပ္တို့စားေသာက္လိုက္ေသာ အစာတို့သည္ #ပါဏေလေၾကာင့္ အစာသစ္အိမ္သို့ေရာက္ရွိ၍ ပါစကသည္းေျခ၏အစြမ္းျဖင့္ ေလာင္ကၽြမ္းကာ အျမဳပ္မွ ျခင္ဆီျဖစ္ရသည္ ။ ထို့ေနာက္ #သမာန‌ေလသည္ အစာေဟာင္းအိမ္သို့ ထက္မံပို့ေဆာင္သျဖင့္ ဝမ္းမီးသည္ တစ္ေန႔ ႏွင့္တစ္ညဥ့္ ခ်က္အပ္သည္မွ ခႏၶာကိုယ္တြက္ လိုအပ္‌ေသာ အေသြး အသား အဆီ ၾသဇာ အာဟာရကို ရရွိေလသည္ ။📌📌


ဗုဒၶအဘိဓမၼာအရ သတၱဝါဟူသမၽွသည္ အာဟာရကိုမွီ၍ ျဖစ္ရသလို အာဟာရေၾကာင့္လည္း ႐ုပ္ခႏၶာကိုယ္ ျဖစ္ေပၚလာရသည္ ။ ေဆးပညာဥပေဒသက်မ္းအရ ေသာက-စိုးရိမ္စိတ္ ၊ ေၾကာက္ရြံ့စိတ္မ်ားျခင္း ၊ သမရ-ေမထုန္ ကာမဂုဏ္မ်ားျခင္း ႏွင့္ ဇာဂရ-ညအခါမအိပ္ဘဲ ေန႔အခါ အအိပ္မ်ားေသာအခါ ေလေဒါသသည္ ပ်က္ရေတာ့သည္ ။📌📌


#ေလေဒါသ ေခၚ ဝါတ သည္ ပ်က္ေသာအခါ ပိတၱ ၊ ကဖ တို့သည္လည္း ေဖာက္ျပန္ကာ ဝမ္းမီလည္း ပ်က္ရေတာ့သည္ ။ ညံ့ဖ်င္း‌ေသာ ဝမ္းမီးသည္ကား ေရာဂါအေပါင္းျဖစ္ေၾကာင္း အဓိက ဆိုသည့္အတိုင္း စားတိုင္း ေသြးသား အားအင္ မျဖစ္သည့္အတြက္ ဉာဏ္ျဖင့္ယွဥ္ကာ စားေသာက္မူသည္ အေရးႀကီးလွပါေတာ့သည္ ။ ေယာဂက်င့္စဥ္မ်ားသည္ ဝမ္းမီးကို သမမၽွတေစၿပီး လက္မထိပ္ႏွင့္ လက္ခလယ္ထိတ္ကို ထိကပ္ထားရေသာ Akash Mudra သည္လည္း ဝမ္းမီးကို တိုးပြားေကာင္းမြန္ေစနိုင္ပါသည္ ။📌📌


#အေထြေထြအႀကံျပဳခ်က္မ်ား

🙏✅❌


✅ အိပ္ခ်ိန္ကို ပုံေသထားရွိေပးပါ ။ ေန႔လယ္ခင္း အိပ္တတ္ေသာအက်င့္ရွိပါက ၃ နာရီမတိုင္ခင္ထိသာ မိနစ္ ၃၀ မွ ၄၅ မိနစ္အထိသာ အိပ္စက္ပါ ။


❌ ေကာ္ဖီ လက္ဖက္ရည္မ်ားကို ေန႔လယ္ ၃ နာရီေနာက္ပိုင္း ေသာက္သုံးျခင္းကို ေရွာင္ၾကဥ္ပါ ။ ျဖစ္နိုင္ပါက ေဆးလိပ္ ၊ အရက္ ၊ ေကာ္ဖီမ်ားကို ျဖတ္ပါ ။ မျဖတ္နိုင္ေသးပါက ေလ်ာ့ေသာက္ပါ ။


✅ လိုအပ္ပါက ျဖည့္စြက္စာမ်ားျဖစ္သည့္ မက္လတိုနင္ ၊ မက္ဂနီစီယမ္ ႏွင့္ ဇင့္ တို့ကို အတူတကြ ေသာက္သုံးေပးျခင္းျဖင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစနိုင္ပါသည္ ။


❌ မအိပ္ခင္ ၂ နာရီအလိုတြင္ ေလ့က်င့္ခန္း ျပင္းျပင္းထန္ထန္ ျပဳလုပ္ျခင္းကို ေရွာင္ပါ ။ ေလ့က်င့္ခန္းမ်ားေၾကာင့္ ခႏၶာကိုယ္တြင္ လန္းဆန္းသြားနိုင္သည့္အတြက္ အိပ္ေပ်ာ္ဖို့ ခက္ခဲသြားေစနိုင္ပါသည္ ။


✅ အိပ္ခ်င္လာေသာအခါမွသာ အိပ္ရာေပၚသို့ သြားပါ ။ အိပ္ခ်ိန္မွလြဲ၍ အိပ္ရာေပၚတြင္ အခ်ိန္ၾကာၾကာ လွဲေနျခင္းကို ေရွာင္ပါ ။


✅ မာလြန္းေသာ အိပ္ရာခင္း ႏွင့္ ျမင့္လြန္းေသာ ေခါင္းအုံးမ်ားအား အသုံျပဳျခင္းကို ေရွာင္ၾကဥ္ပါ ။


✅ ယားယံျခင္း ၊ အင္ျပင္ထျခင္းတို့ျဖစ္ေစနိုင္သည့္ ဖုန္မွုန႔္မ်ားကင္းစင္ေစရန္ အိပ္ခန္းကို သန႔္ရွင္းစြာထားရွိေပးပါ ။


✅ ဦးေႏွာက္ ႏွင့္ စိတ္ကို အနားရေစနိုင္သည့္ Sleep Music ဂီတသံစဥ္မ်ားကို နားေထာင္ေပးပါ ။ ထို့ျပင္ အိပ္စက္မွုအရည္အေသြးကို တိုးတက္လာေစနိုင္ရန္ Sound Healing အတန္းမ်ား Yoga Nidra အတန္းမ်ားကိုလည္း တက္ေရာက္ေပးသင့္ပါသည္ ။


Song Healing အတန္းမ်ားကို ‌ေအာက္ပါ Link တြင္ စုံစမ္းနိုင္ပါသည္ ။

https://m.facebook.com/story.php?story_fbid=230063845165852&id=105412684297636


ထို့ထက္ပို၍ ျပဳလုပ္ခ်င္ပါက ေယာဂက်င့္စဥ္မ်ားသည္ သင္၏ အိပ္မေပ်ာ္ျခင္းကို သက္သာေပ်ာက္ကင္းေစနိုင္ပါသည္ ။ 🙏🕉✅


ေယာဂပရာဏယမ္မ်ားသည္ သင္၏ စိတ္ကိုၿငိမ္သက္ေအးခ်မ္းေစကာ စိတ္ဖီစီးမွုမ်ားအတြက္ အေကာင္းဆုံးက်င့္စဥ္မ်ားပင္ျဖစ္သည္ ။ အာသနမ်ားသည္ကား သင္၏ ေတာင့္တင္းေနေသာ အေၾကာအခ်ဥ္မ်ားကို ေျပေလ်ာ့ေစသည့္အတြက္ သင့္ကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားေစနိုင္ပါသည္ ။💚💚


ထို့ေၾကာင့္ပင္ ညဘက္ အိပ္မေပ်ာ္တတ္သူမ်ားအတြက္ ေလ့က်င့္သင့္ေသာ ေယာဂက်င့္စဥ္မ်ားကို ေအာက္တြင္ ေဖာ္ျပေပးထားပါသည္ ။ အထက္ပါ အကြက္မ်ားကို ေန႔လယ္ဘက္ အစားႏွင့္ အနည္းဆုံး ၂ နာရီျခား၍လည္းေကာင္း (သို့) အိပ္ခါနီးတြင္လည္းေကာင္း ေပါ့ေပါ့ပါးပါး ေလ့က်င့္ေပးနိုင္ပါသည္ ။👇👇👇


1.Padangusthasana

2.Halasana

3.Viparita Karani

4.Shavasana

5.Supta Matsyendrasana

6.Supta Baddha Konasana

7.Balasana

8.Marjariasana

9.Paschimottanasana


1️⃣ Padangusthasana #ပါဒန္ဂူးစ္ထစန (ရပ္လၽွက္ ေရွ႕သို့ ေမွာက္ခ်ျခင္းပုံစံ)💠💠




ပါဒ သည္ ေျခေထာက္ ၊ အႏၢဴစ္ထ သည္ ေျခမ ကို ဆိုလိုပါသည္ ။ ခႏၶာကိုယ္ကို ေရွ႕သို့ ေမွာက္ခ်ကာ လက္ညိဳးႏွင့္ လက္မျဖင့္ ေျခမကို ကိုင္ထားရေသာ အကြက္ျဖစ္သည္ ။ ဤက်င့္စဥ္သည္ လူသစ္တန္း အေျခခံေယာဂီမ်ားပင္လၽွင္ အလြယ္တကူ ျပဳလုပ္နိုင္ေသာ အကြက္ျဖစ္သည့္အားေလၽွာ္စြာ ေယာဂက်င့္စဥ္မ်ား၏ အဦးအစပိုင္းတြင္ အေၾကာမ်ားကို ေျဖေလ်ာ့သည့္အေနျဖင့္ စတင္ ျပဳလုပ္ၾကပါသည္ ။ လက္မ်ားသည္ ေျခမကို မကိုင္ထားဘဲ ၾကမ္းျပင္တြင္ အလိုက္သင့္ ခ်ထားပါက Uttanasana ဟု ေခၚဆိုပါသည္ ။🛡🛡


ဥတာနာစန ဟူသည္ အစြမ္းကုန္ ဆြဲဆန႔္ေပးျခင္းဟု အဓိပၸါယ္ရေပသည္ ။ တခါတုန္းက ေတာအုပ္ႀကီးတစ္ခုတြင္ ႀကီးမားေသာ ဝက္သစ္ခ်ပင္ႀကီး တစ္ပင္ ရွိေပသည္ ။ သူ၏ေဘးတြင္ကား ဝါး႐ုံပင္မ်ား ရွိေပသည္ ။ မနက္တိုင္းပင္ တက္သစ္ခ်ပင္ႀကီးသည္ သူသာလၽွင္ ေတာအုပ္တစ္ခုလုံးတြင္ အႀကီးမားဆုံး ၊ အျမင့္ဆုံး ႏွင့္ အသန္မာဆုံး ျဖစ္သည္ဟု တစ္ေတာလုံးၾကားေအာင္ ၾကဳံးဝါးကာ ဂုဏ္ယူေလ့ရွိေပသည္ ။ ယင္း ၾကဳံးဝါးသံကို ေလကို အစိုးရေသာ အရွင္က ၾကားလိုက္ေသာအခါ သူ႔ကို ပညာေပးရန္အတြက္ ညေနပိုင္းတြင္ ႀကီးမားေသာ မုန္တိုင္းႀကီးကို ဖန္တီးလိုက္ေပသည္ ။🎑🌬🌳


ဝါး႐ုံပင္မ်ားသည္ တိုက္ခတ္ေနေသာ ေလႏွင့္အတူ ဘယ္/ညာ ယိမ္းႏြဲ႕ကာ အလိုက္သင့္ ေနၾကသျဖင့္ ရပ္တည္နိုင္ၾကေသာ္လည္း ဝက္သစ္ခ်ပင္ႀကီးမွာမွု သူ၏ သန္မာမွုကို ယုံၾကည္လ်က္ ေလကို အံတုကာရင္ဆိုင္သျဖင့္ အျမစ္ပါကၽြတ္ထြက္ကာ ၿပိဳလဲခဲ့ရေပသည္ ။ ထို့ေၾကာင့္ပင္ ေယာဂက်င့္ေသာ ေယာဂီသည္ ခႏၶာကိုယ္ကို တင္းေတာင့္ထားျခင္းကို ေရွာင္ကာ ျပဳလြယ္ ၊ ေပ်ာင္းလြယ္ ၊ ျပင္လြယ္တတ္ေစရန္ စိတ္ ႏွင့္ ခႏၶာကိုယ္ကို ေလ်ာ့ခ်ထားရပါမည္ ။ ✔🌟✨


သန္မာျခင္း ႏွင့္ ေပ်ာ့ေျပာင္းမွုၾကား ၊ အလင္း ႏွင့္ အေမွာင္ၾကား ၊ အျဖဴ ႏွင့္ အနက္ တို့ကဲ့သို့ေသာ ဆန႔္က်င္ဘက္အရာတို့၏ ၾကားရွိ မၽွေျခတစ္ခုကို နားလည္ သေဘာ‌ေပါက္ေအာင္ အားထုတ္ရျခင္းသည္ ေယာဂက်င့္စဥ္ပင္ ျဖစ္သည္ ။ ယင္းက ေလာကဓံမုန္တိုင္းမ်ား မည္မၽွပင္ ထန္ေနပါေစ ေယာဂီသည္ သတိျဖင့္ ရင္ဆိုင္ျခင္းျဖင့္ လြတ္ေျမာက္မွုကို မ်က္ေမွာက္ျပဳနိုင္ရန္လည္း ျဖစ္ေပသည္ ။🛡🛡


အက်ိဳးေက်းဇူးမ်ား💎💎


ခႏၶာကိုယ္တစ္ခုလုံးကို ဆြဲဆန္႔ေပးနိုင္ကာ ေပ်ာ့ေပ်ာင္းမွုကို တိုးတက္လာေစနိုင္ပါသည္ ။ အာ႐ုံစူးစိုက္မွုကို တိုးတက္လာေစၿပီး ေမာပန္းႏြမ္းနယ္ျခင္းကို ဖယ္ရွား‌ေပးပါသည္ ။ အစာအိမ္ ၊ ေက်ာက္ကပ္ ၊ အသည္း ၊ ႏွလုံး ႏွင့္ အတြင္းေအာ္ဂန္မ်ားကိုလည္း လွုံ႔ေဆာ္ေပးနိုင္ကာ ယင္းတို့၏ လုပ္ငန္းစြမ္းေဆာင္ရည္ကို တိုးတက္လာေစပါသည္ ။🔑🔑


ခႏၶာ ႏွင့္ စိတ္ကိုလည္း ဟန္ခ်က္ညီေစၿပီး နာဗ့္ေၾကာစနစ္တစ္ခုလုံးကို ထိမ္းခ်ဳပ္ေပးကာ ေသြးတိုးေရာဂါကို ကုသေပးနိုင္ပါသည္ ။ ေက်ာရိုးကိုလည္း ဆြဲဆန႔္ေပးနိုင္သည့္အတြက္ ခါးနာျခင္းအတြက္လည္း ေကာင္းမြန္ေသာ အကြက္တစ္ကြက္ ျဖစ္ပါသည္ ။🔑🔑


2️⃣ Halasana #ထြန္တုံးပုံစံက်င့္စဥ္ Plough Pose 🙏🙏




ဟာလဆနက်င့္စဥ္သည္ ေကြးညြတ္ေနေသာ ေက်ာရိုးမႀကီးတစ္ခုလုံးကို ဆန႔္ထုတ္ေပးနိုင္ကာ ေက်ာရိုးတစ္ခုႏွင့္တစ္ခုၾကားရွိ Spinal Discs အဝိုင္းျပားမ်ားကိုလည္း စန႔္ထြက္လာေစၿပီး တင္ပါးဆုံေၾကာမ်ားကိုလည္း ေပ်ာ့ေပ်ာင္းညီညြတ္ေစပါသည္ ။ ေက်ာရိုးအာ႐ုံေၾကာမ်ားကို အားေကာင္းလာေစၿပီး လည္ပင္း ၊ လက္ေမာင္းႏွင့္ ပခုံးႂကြက္သားမ်ား တင္းေတာင့္ေနျခင္းကို ေလ်ာ့သြားေစသည္သာမက ရိုးဆက္ေရာင္ရမ္းနာေရာဂါမ်ားမွလည္း ကာကြယ္ေပးနိုင္ပါသည္ ။


ဝမ္းဗိုက္ႂကြက္သားႏွင့္ သားအိမ္ပိုင္းဆိုင္ရာႂကြက္သားမ်ားကို သန္စြမ္းေစၿပီး အဆီပိုမ်ားကို ေလ်ာ့ၾကေစကာ အဝလြန္ျခင္းကို ကာကြယ္ေပးပါသည္ ။ ကိုယ္တြင္းအဂၤါမ်ားကို ႏွိပ္ႏွယ္ေပးနိုင္ကာ အသည္း ႏွင့္ သရက္ရြက္တို့ကို လွုံ႔‌ေဆာ္ေပးနိုင္သည့္အတြက္ အစာမေၾကျခင္း ၊ ဝမ္းခ်ဳပ္ျခင္းတို့ကို လည္း သက္သာေပ်ာက္ကင္းေစပါသည္ ။


3️⃣ Viparita Karani #ဝိပရိတကရာနီ 💠💠




သကၠတဘာသာ ဝိပရိတ ဟူသည္ ထက္ေအာက္ #ေျပာင္းျပန္လွန္ျခင္း ျဖစ္ၿပီး ၊ ကရာနီသည္ #ေလ့က်င့္နည္းအမ်ိဳးအစားတစ္ခု ျဖစ္သည္ ။ ထို့ေၾကာင့္ပင္ ဤက်င့္စဥ္ပုံစံသည္ ကမၻာေျမစြဲအားကိုအသုံးျပဳလ်က္ ကု႑လိနီစြမ္းအင္ နိုးႂကြလာေစရန္ ခႏၶာကိုယ္ကို ေျပာင္းျပန္ျပဳလုပ္ကာ ေလ့က်င့္ရေသာက်င့္စဥ္မ်ားျဖစ္သည့္ Shoulder Stand ပခုံးေထာက္ပုံစံ ၊ Headstand ဦးပင္စိုက္ပုံစံ ၊ Handstand ကင္းၿမီးေကာက္ေထာင္ျခင္းပုံစံမ်ားကဲ့သို့ေသာ အာစနအကြက္တစ္ခု ျဖစ္သည္ ။ ၁၇ ရာစုက ျပဳစုခဲ့သည္ ဂႏၴဝင္ ေယာဂက်မ္းတစ္ဆူျဖစ္ေသာ ဟဌေယာဂပရာဒိပိကက်မ္းတြင္ ဝိပရိတကရာနီသည္ အာစနအကြက္တစ္ခုမဟုတ္ဘဲ မုျဒာ ေခၚ လက္အေနအထားဟန္တစ္ခုသာျဖစ္ၿပီး ယေန႔ေခတ္ေရာက္မွသာ အာစနနယ္အတြင္းသို့ ေရာက္လာခဲ့ျခင္းျဖစ္သည္ ။


ဝိပရိတကရာနီအကြက္သည္ Shoulder Stand ေခၚ ပခုံးေထာက္အကြက္ႏွင့္ ဆင္တူေနသည္ကို ေတြ႕နိုင္ပါသည္ ။ သို့ရာတြင္ ပခုံးေထာက္အကြက္တြင္ Cervical Spine လည္ပင္းရိုးဆစ္မ်ားကို ပိုမိုဆြဲဆန႔္ေပးနိုင္ၿပီး ဝိပရိတကရာနီအကြက္တြင္မူ Thoracic Spine ေက်ာရိုးဆစ္မ်ားကို ပိုမိုဖိအားေပးကာ ဆြဲဆန႔္ေပးနိုင္ေစပါသည္ ။ ထို့ေၾကာင့္ပင္ ေလ့က်င့္ရာတြင္ ေက်ာရိုးေအာက္ေျခပိုင္း (သို့) တင္ပါးေနရာတြင္ လက္ဖေနာင့္ျဖင့္ေထာက္ပင့္ကာ တေထာင္ဆစ္အားကို အသုံးျပဳ၍ ေလ့က်င့္ရပါသည္ ။ သို့ေသာ္လည္း ဤက်င့္စဥ္သည္ လူသစ္တန္းေယာဂီမ်ားအတြက္ အနည္းငယ္ ခက္ခဲနိုင္သည့္အတြက္ ေလ့က်င့္ရာတြင္ နံရံ (သို့) ေစာင္ထူထူကို ေက်ာေအာက္တြင္ ခုခံ၍လည္း ေလ့က်င့္နိုင္ပါသည္ ။


အက်ိဳးေက်းဇူးမ်ား 💎💠


ေလ့က်င့္ရာတြင္ ဝမ္းဗိုက္တြင္းအစာမရွိခ်ိန္ မနက္ (သို့) ညေနပိုင္းတြင္ ေလ့က်င့္နိုင္ပါသည္ ။ ခႏၶာ ႏွင့္ စိတ္ကို အနားရေစနိုင္သည့္ အကြက္ျဖစ္သည့္အတြက္ မိမိတြင္ ဖိအားမ်ား ၊ ဖီစီးမွုမ်ား ၊ စိတ္ရွုပ္စရာမ်ား ရွိေနခ်ိန္တြင္လည္း ဤက်င့္စဥ္ကို ေလ့က်င့္ျခင္းျဖင့္ စိတ္ႏွင့္ ခႏၶာတြင္ ဖိစီးေနမွုမ်ားမွ သက္သာသြားေစနိုင္ပါသည္ ။ အကယ္၍ ေယာဂီသည္ လက္ဖေနာင့္ျဖင့္ ပင့္ထားျခင္းပုံစံကို မရပါက နံရံတြင္ကပ္၍ ေျခႏွစ္ေခ်ာင္းကို မိုးေပၚေထာင္ထားျခင္းပုံစံကို ျပဳလုပ္နိုင္ပါသည္ ။ ထိုပုံစံက ရိုးရွင္းလြယ္ကူသည့္အတြက္ လူတိုင္းပင္ လြယ္လြယ္ကူကူျပဳလုပ္နိုင္ပါသည္ ။ ပုံမွန္ျပဳလုပ္ျခင္းျဖင့္ အလုံးစုံးက်န္းမာေရးကို အေထာက္အကူျပဳကာ အသစ္တစ္ဖန္ျပန္လည္နိုပ်ိဳေစမည့္ က်င့္စဥ္တစ္ခုျဖစ္ပါသည္ ။


4️⃣ Shavasana #သၽွဝစန (လူေသေကာင္ပုံစံ) 📌📌




သကၠတဘာသာ သၽွဝဟူသည္ #လူေသေကာင္ကို ေခၚဆိုျခင္းျဖစ္သည္ ။ ေရွးအခါကာလက ကိုယ္က်င့္သီလႏွင့္ျပည့္စုံကာ ေခ်ာေမာလွပလြန္းသည့္ ဆာဝိႀတီ အမည္ရွိ မင္းသမီးတစ္ပါးရွိခဲ့ေပသည္ ။ အရြယ္ေရာက္လာေသာအခါ ဆၾတဝ အမည္ရွိသည့္ မင္းသားတစ္ပါးႏွင့္ လက္ဆက္ခဲ့ေပသည္ ။ မင္းသား၏ ဖခမည္းေတာ္ ဆလာရမင္းႀကီးသည္ မ်က္စိကြယ္သြားသည့္အတြက္ တိုင္းျပည္မွ ႏွင္ထုတ္ခံရကာ ရေသ့သကၤန္းေက်ာင္းတစ္ခုတြင္ ေနထိုင္ေနရေပသည္ ။


မင္းသားႏွင့္ မင္းသမီးတို့သည္ ရေသ့သကၤန္းေက်ာင္းတြင္ ေပ်ာ္ရြင္စြာေနလာခဲ့ၾကေသာ္လည္း တစ္ႏွစ္ခန႔္ၾကာေသာအခါ ဝမ္းနည္းစရာၾကဳံေတြ႕ရေတာ့ေပသည္ ။ တစ္ေန႔တြင္ မင္းသားသည္ ေတာတြင္း သစ္ခုတ္ထြက္ခဲ့ရာမွ ႐ုတ္တရက္ ေခါင္းကိုက္လာသည့္အတြက္ မင္းသမီး၏ ေပါင္ေပၚတြင္ မိန္းေမာေနစဥ္ပင္ အသက္ထြက္သြားခဲ့ေပသည္ ။ ယင္းမွာ သူတို့၏ လက္ဆက္ပြဲေၾကာင့္ပင္ က်ိန္စာသင့္ကာ ေသခ်ိန္မတန္ေသးဘဲ ေသဆုံးရျခင္းျဖစ္သည္ ။


ေသျခင္းကို အစိုးရေသာနတ္ဘုရား ရာမသည္ မင္းသား၏ ဝိဉာဥ္ကို ေခၚယူသြားေသာအခါ မင္းသမီးသည္လည္း မဆိုင္းမတြဘဲ ေနာက္မွလိုက္သြားေလသည္ ။ မင္းသမီး၏ ခ်စ္ျခင္းေမတၱာႏွင့္ ယုံၾကည္မွုကို ႏွစ္သက္သည့္အတြက္ ရာမဘုရားက မင္းသား၏အသက္မွလြဲ၍ က်န္တာကို ဆုမြန္အျဖစ္ေပးမည္ဟု ဆိုခဲ့ေပသည္ ။ မင္းသမီးက သူမ၏ ေယာက္ခမဘုရင္ႀကီးကို မ်က္စီအလင္းျပန္ရေစရန္ ဆုေတာင္းခဲ့ေပသည္ ။ ဒုတိယအေနျဖင့္ ဘုရင္ႀကီးကို ထီးနန္းျပန္လည္ရရွိရန္ ႏွင့္ တတိယအေနျဖင့္ ဘုရင္ႀကီးတြင္ သားေယာကၤ်ား ၁၀၀ ထြန္းကားရန္ ဆုေတာင္းခဲ့ေပသည္ ။


အလုံးစုံျပည့္ဝသြားေသာ္လည္း သူမသည္ ဘုရားရွင္ေနာက္သို့သာ လိုက္ပါျမဲလိုက္ပါခဲ့ေပသည္ ။ ဘုရားရွင္က ေသမင္းတိုင္းျပည္သည္ အလြန္အႏၲာရယ္မ်ားသည္အတြက္ လာလမ္းအတိုင္းလွည့္ျပန္ရန္ ေျပာေလသည္ ။ သို့ေသာ္လည္း မင္းသမီးသည္ တြန႔္ဆုတ္ျခင္းမရွိဘဲ လိုက္လာျမဲလိုက္ပါေနသည့္အတြက္ ေနာက္ဆုံးတစ္ခုအေနျဖင့္ ဆုတစ္ခုေတာင္းေစသည္ ။ မင္းသမီးက သူမတြင္ သားသမီးမ်ားစြာ ရလိုေၾကာင္း ဆုေတာင္းခဲ့ေပသည္ ။ ဘုရားက ျပည့္ေစဟု ဆုေပးသည့္အခါ သားသမီးဟူသည္ လင္ေယာကၤ်ားရွိမွသာ ရရွိနိုင္သည့္အတြက္ သူမ၏ ခင္ပြန္းမင္သားသည္လည္း တစ္ဖန္ျပန္လည္ အသက္ျပန္ရွင္ခဲ့ရေပသည္ ။


အက်ိဳးေက်းဇူးမ်ား 💎💠


လူေသေကာင္ပုံစံသည္ ကေလးပုံစံကဲ့သို့ပင္ အနားယူေသာအကြက္တစ္ကြက္ ျဖစ္ပါသည္ ။ မရတာစန ဟူ၍လည္းေခၚဆိုေသာ ဤက်င့္စဥ္သည္ ခႏၶာကိုယ္တစ္ခုလုံးတြင္ တင္းက်ပ္ေနသမၽွ စိတ္ႏွင့္ ခႏၶာကိုယ္တစ္ခုလုံးကို ေလၽွာ့ခ်ေပးနိုင္ၿပီး ခႏၶာကိုယ္သည္ အသက္မရွိေသာ လူေသေကာင္းကဲ့သို့ပင္ အာ႐ုံ ၆ ပါးမွ လြတ္ေျမာက္ကာ ပကတိၿငိမ္းခ်မ္းျခင္းကို ခံစားရနိုင္ေပသည္ ။ ဦးေႏွာက္ႏွင့္ နာဗ္ေၾကာစနစ္တစ္ခုလုံးကို အနားရေစၿပီး ညဘက္အိပ္မေပ်ာ္သူမ်ား ၊ စိတ္ကေရာင္ေျခာက္ခ်ား ျဖစ္ေနသူမ်ားအတြက္ အထူးသင့္ေလၽွာ္ပါသည္ ။


အာ႐ုံစူးစိုက္မွုကို အားေကာင္းလာေစၿပီး စိုးရိမ္ေသာကမ်ားကို ဖယ္ရွားေပးနိုင္ပါသည္ ။ ပန္းနာေရာဂါ ၊ အစာအိမ္ေရာဂါ ၊ ႏွလုံးေရာဂါ ၊ ဆီးခ်ိဳ ၊ ေသြးတိုးေရာဂါ စသည့္ အာ႐ုံေၾကာႏွင့္ ဂလင္းေဖာက္ျပန္မွုမ်ားေၾကာင့္ ျဖစ္ေပၚလာေသာ ေဝဒနာမ်ားအတြက္ အထူးသင့္ေလ်ာ္ေသာ က်င့္စဥ္ပုံစံပင္ျဖစ္ပါသည္ ။


5️⃣ Supta Matsyendrasana #ဆုပၲ္မတ္ဆီရျႏၵာစန (ငါးဘုရင္အလွဲပုံစံ) 💠💠




မတ္ဆီရျႏၵာ ဟူသည္ ႀကီးက်ယ္ေသာ ‌ေယာဂီတစ္ပါးျဖစ္ၿပီး သူသည္ ငါးအေပါင္း၏ ဘုရင္ #ငါးနတ္ဘုရားပင္ ျဖစ္ပါသည္ ။ အခါတစ္ပါးတြင္ သီဝဘုရားရွင္ႏွင့္ မယ္ေတာ္ပါရ္ဝတီ တို့သည္ ပင္လယ္ကမ္းစပ္တစ္ေနရာတြင္ ထိုင္ကာ ေယာဂ၏ ေလးနက္ေသာ ဒႆနအေတြးအေခၚမ်ားကို ေဆြးေႏြးေနခဲ့ၾကေပသည္ ။ သီဝဘုရားရွင္ ေဟာၾကားေတာ္မူေသာ ခက္ခဲနက္နဲလွေသာ ေယာဂဒႆနမ်ားကို ေတြးေတာဆင္ျခင္းရင္းျဖင့္ မယ္ေတာ္သည္ ေခတၱခဏမၽွ အိပ္ငိုက္သြားခဲ့ေပသည္ ။


သို့ရာတြင္ ဘုရားရွင္ႏွင့္ မယ္‌ေတာ္တို့ ေဆြးေႏြးေနရာ ကန္စပ္အနီးတြင္ ရွိေနေသာ ငါးတစ္ေကာင္သည္ကား စိတ္အာ႐ုံစူးစိုက္စြာျဖင့္ပင္ ဘုရားရွင္ ေဟာၾကားသမၽွ ဝါက်တိုင္း ၊ ပုဒ္ ပါဒတိုင္းကို ေလးနက္စြာပင္ နာယူေနခဲ့ပါသည္ ။ ဤသည္ကို သတိျပဳမိသြားေသာ ဘုရားရွင္က သူ႔ကို ေယာဂီတစ္ပါးအသြင္သို့ ေျပာင္းေပးလိုက္ကာ အမည္ကိုလည္း မတ္ဆီရျႏၵာနာ့သ္ ဟူ၍ တြင္ေစခဲ့ပါသည္ ။


ဆုပၲ္တ ဟူသည္ လွဲေလ်ာင္းျခင္းျဖစ္ၿပီး မတ္ဆီရျႏၵာသည္ကား ငါးဘုရင္းကို ေခၚဆိုျခင္းျဖစ္သည္ ။ ေလ့က်င့္ရာတြင္ ပက္လက္အေနအထားမွ ဦးစြာ ဒူးတစ္ဖက္ကို ရင္ဘတ္ဆီသို့ ေကြးယူ၍ ဆန႔္က်င့္ဘက္ဆီသို့ ခႏၶာကိုယ္ကို ဆြဲလွည့္ေပးရပါမည္ ။ ရွုသြင္း ရွုထုတ္ ၅ ႀကိမ္မွ ၁၀ ႀကိမ္ခန႔္အထိ ေနၿပီးေနာက္ မူလ ပက္လက္အေနအထားသို့ ခႏၶာကိုယ္ကို ျပန္လည္ျပဳလုပ္ပါ ။ ေနာက္တစ္ဖက္သို့ ေျပာင္းလဲျပဳလုပ္ပါ ။ ထို့ေနာက္တြင္ ပုံတြင္ျပထားသည့္အတိုင္း ဒူး ၂ ဖက္လုံးကို ေကြးယူလာကာ ေဘး ဘယ္/ညာ သို့ တစ္လွည့္စီ ေစာင္းကာ ေလ့က်င့္ေပးပါ ။


အက်ိဳးေက်းဇူးမ်ား 💎💠


ေက်ာရိုးေနာက္ပိုင္း တစ္ခုလုံးကို အက်ိဳးျပဳၿပီး ထိခိုက္နာက်ဥ္မွုမ်ားမွ သက္သာလာေစပါသည္ ။ သရက္ရြက္ ၊ အသည္း ၊ ပန္ကရိယတို့၏ လုပ္ငန္းေဆာင္ရြက္မွုကို လွုံ႔ေဆာ္ေပးနိုင္ပါသည္ ။ ဝမ္းမီးအားကို ေကာင္းေစၿပီး ကု႑လိနီစြမ္းအင္ကို နိုးႂကြလာေစပါသည္ ။ အစာေခ်စနစ္ကို အားေကာင္းေစၿပီး ဝမ္းခ်ဳပ္ျခင္းကို သက္သာေစပါသည္ ။ ပခုံး ၊ လည္ပင္း ၊ ‌‌ေက်ာရိုးႏွင့္ လည္ပင္းတို့ကိုလည္း ဆြဲဆန႔္ေပးနိုင္ပါသည္ ။ ေက်ာရိုးဆစ္မ်ားကို ေထာက္ပံ့ေပးထားေသာ ႂကြက္သားမ်ားကိုလည္း ေပ်ာ့ေျပာင္းလာေစပါသည္ ‌‌။


6️⃣ Supta Baddha Konasana #ဆုပၲ္ဘျဒၵကြန္းအာစန 💠💠




ဆုပၲ္ဟူသည္ လဲေလ်ာင္းျခင္း (သို့) အိပ္စက္ျခင္း ၊ ဘျဒၵ ဟူသည္ ထိန္းခ်ဳပ္ျခင္း ၊ #ကန႔္သတ္ျခင္း ျဖစ္ၿပီး ၊ ကိုန သည္ #ေထာင့္ကို ဆိုလိုပါသည္ ။ အိႏၵိယရွိ မ်ားစြာေသာ ဖိနပ္ခ်ဳပ္သမားတို့သည္ ဤပုံစံအေနအထားျဖင့္သာ အလုပ္လုပ္ကိုင္ၾကသည္ကို ေတြ႕ရွိနိုင္ပါသည္ ။ ၁၅ ရာစုႏွစ္က အိႏၵိယနိုင္ငံ ေျမာက္ပိုင္းတြင္ Sant Ravidas အမည္ရွိသည့္ ကဗ်ာဆရာ ၊ လူမွုျပဳျပင္ေျပာင္းလဲ‌ေရးသမား ႏွင့္ ဝိဉာဏပုဂၢိဳလ္ သူေတာ္စင္တစ္ပါး ေပၚေပါက္ခဲ့ပါသည္ ။ သူသည္ အလုပ္အကိုင္အားျဖင့္ ဖိနပ္ခ်ဳပ္ေသာအလုပ္ကို လုပ္ကိုင္ေသာ္လည္း သူ၏ အသိဉာဏ္ပညာေၾကာင့္ နိုင္ငံတြင္း အထူးေက်ာ္ၾကားခဲ့ေပသည္ ။


တေန႔တြင္ ဘုရင္တစ္ပါးသည္ သူ၏ေကာင္းခ်ီးေပးမွုကို ခံယူရရွိရန္အတြက္ သူ႔ထံသို့ ေရာက္ရွိလာခဲ့ေပသည္ ။ သူေတာ္စင္ႀကီးသည္ သူ၏ ခ်ဳပ္လက္စ ဖိနပ္သားေရစမ်ား စိမ္ထားသည့္ ေရကို ေကာင္းခ်ီးေပးသည့္အေနျဖင့္ ေသာက္သုံးရန္ ဘုရင္ႀကီးကို ေပးလိုက္ေလသည္ ။ ေအာ္ဂလီဆန္ေလာက္ေအာင္ ရြံရွာသြားေသာ္လည္း ဘုရင္ႀကီးသည္ ဟန္ေဆာင္ပန္‌ေဆာင္ျပဳကာ ေသာက္မည္ဟန္ျပဳၿပီးမွ လက္ေခ်ာ္သြားသလိုျပဳ၍ ခြက္တြင္းမွ‌ေရမ်ားကို သူ၏အေပၚ႐ုံအကၤ်ီေပၚသို့ သြန္ခ်လိုက္ေလသည္ ။ ထိုအခ်င္းအရာကို ျမင္သြားေသာ ဘုရင္ႀကီး၏ အဝတ္မ်ားကို ‌ေလၽွာ္ေပးရသူ ခဝါသည္အမ်ိးသမီးသည္ ထိုအဝတ္မွ ေရမ်ားကို ညႇစ္ယူကာ ေသာက္သုံးခဲ့သျဖင့္ ဉာဏ္ပညာရွိေသာ အမ်ိဳးသမီးတစ္ေယာက္ျဖစ္လာခဲ့ေပသည္ ။


အက်ိဳးေက်းဇူးမ်ား 💎💠


တရားထိုင္သူမ်ားကို မ်ားစြာအေထာက္အကူျပဳသည္ ။ တင္ပါးစုံဂ်ိဳင့္ ႏွင့္ ဒူးေခါင္းဂ်ိဳင့္မ်ားကို ေခ်ာေမြ႕ေျပျပစ္ေစသည္ ။ က်န္းမာ သန္စြမ္းေစသည္ ။ ဝမ္းတြင္း အဂၤါအစိတ္အပိုင္းမ်ား၏ လုက္ငန္းေဆာင္ရြက္မွုကို တိုးတက္လာေစပါသည္ ။ ဆီးအိမ္ ႏွင့္ ဆီးလမ္းေၾကာင္းကို တိုးတက္ေကာင္းမြန္လာေစၿပီး အမ်ိဳးသားမ်ားတြင္ ဆီးႏွင့္ပတ္သတ္ေသာေရာဂါမ်ား ၊ အမ်ိဳးသမီးမ်ားတြင္ ရာသီေသြးႏွင့္ဆိုင္ေသာ ျပႆနာမ်ားကို သက္သာေပ်ာက္ကင္းေစပါသည္ ။


7️⃣ Balasana  #ဘာလစန (ကေလးပုံစံ) 👶👶




ဘာလ ဟူသည္ ကေလးငယ္ ဟု အဓိပၸါယ္ရေပသည္ ။ ဝီရစန အမွတ္ ( ၂ )ဟူ၍လည္း ေခၚဆိုၾကပါသည္ ။ ကေလးပုံစံက်င့္စဥ္သည္ လြယ္ကူရိုးရွင္းေသာ အာစနအကြက္တစ္ခု ျဖစ္သလို ခက္ခဲသည္ဟုလည္း ေျပာဆိုနိုင္ပါသည္ ။ ခႏၶာကိုယ္ ပိန္ပါးသူ ၊ အရိုးအဆစ္ေပ်ာ့ေျပာင္းသူမ်ားတြင္ မခက္ခဲေသာ္လည္း ဝဖိုင့္‌ေသာကိုယ္ရွိသူ ၊ အဆစ္အျမစ္ကိုက္ခဲ နာက်ဥ္ေနသူမ်ားတြင္ ျပဳလုပ္ရန္ ခက္ခဲနိုင္ပါသည္ ။ 


ထိုအခါ အေထာက္အကူပစၥည္းမ်ားကို အသုံးျပဳနိုင္ပါသည္ ။ တင္ပါးႏွင့္ ေျခက်င့္ဝတ္မ်ားေအာက္တြင္ ေစာင္ပါးပါးကို ခံျခင္း ၊ နဖူးေအာက္တြင္ ေခါင္းအုံး(သို့)အတုံးတစ္ခုခုကို ခံထားျခင္းျဖင့္ မိမိတြင္ သက္ေသာင့္သက္သာျဖင့္ အဆင္ဆင္ေျပေျပေနနိုင္မည့္ အေနအထားကို ျပင္ယူနိုင္ပါသည္ ။ ကေလးပုံစံသည္ ဟထေယာဂက်င့္စဥ္၏ အေျခခံအဆင့္အကြက္တစ္ကြက္ျဖစ္ၿပီး ေလ့က်င့္ရာတြင္ ၁ မိနစ္မွ ၃ မိနစ္အထိ ထားရွိေပးနိုင္ပါသည္ ။


ကေလးပုံစံသည္ သၽွဝစန(လူေသေကာင္ပုံစံ)က်င့္စဥ္ကဲ့သို့ပင္ ခႏၶာကိုယ္ကို အနားေပးေသာ relaxation အကြက္တစ္ကြက္ျဖစ္ပါသည္ ။ ထို့ေၾကာင့္ပင္ အျခားေသာ ေယာဂအကြက္မ်ားကို ျပဳလုပ္ၿပီးစီးသည့္ေနာက္ အကြက္တစ္ကြက္ႏွင့္ တစ္ကြက္ၾကားတြင္ ေခတၱအနားယူေသာက်င့္စဥ္အျဖစ္လည္း ျပဳလုပ္နိုင္ပါသည္ ။


သတိျပဳရန္မွာ ေယာဂက်င့္စဥ္မ်ားသည္ အားကစားေလ့က်င့္ခန္းမ်ားကဲ့သို့ ခႏၶာကိုယ္ကို ခပ္ျမန္ျမန္ မရပ္မနားျပဳလုပ္ရမည္ မဟုတ္ဘဲ အကြက္တစ္ကြက္ႏွင့္ တစ္ကြက္ၾကားတြင္ လုံေလာက္ေသာ အနားရသည္အထိ အနားေပးရန္လိုအပ္ပါသည္ ။ လုံးဝအနားရသြားၿပီဆိုမွ ေနာက္တစ္ကြက္ကို ကူးေျပာင္းေလ့က်င့္ရပါမည္ ။


အက်ိဳးေက်းဇူးမ်ား 💠✅


စိတ္ႏွင့္ ခႏၶာကိုယ္ကို အျပည့္အဝအနားရေစရာတြင္ အေကာင္းဆုံးေသာ အကြက္တစ္ကြက္ျဖစ္ပါသည္ ။ ဦးေႏွာက္တြင္ ေသြးလည့္ပတ္စီးဆင္းမွုကို အားေကာင္းေစကာ အာ႐ုံေၾကာစနစ္တစ္ခုလုံးကို အ‌ေထာက္အပံ့ေပးနိုင္ပါသည္ ။ ဝမ္းဗိုက္ႂကြက္သားမ်ားတြင္ျဖစ္ေပၚေနေသာ တင္းအားမ်ားကို ေျဖေလ်ာ့ေပးနိုင္ၿပီး ဝမ္းခ်ဳပ္ျခင္းကိုလည္း သက္သာေစပါသည္ ။ ေက်ာရိုးကိုလည္း ေျဖေလ်ာ့ေပးနိုင္ၿပီး ေက်ာရိုးဆစ္မ်ားတြင္ အနားမရျခင္း ၊ ဖိစီးမွုေနျခင္းမ်ားကို သက္သာလာေစကာ လည္ပင္းတြင္ နာက်ဥ္ကိုက္ခဲေနျခင္းကိုလည္း ေပ်ာက္ကင္းေစပါသည္ ။


8️⃣ Marjariasana #မာရ္ဂ်ရာစန (ေၾကာင္ပုံစံ) 💠💠




သကၠတဘာသာ မာရ္ဂ်ရီသည္ ေၾကာင္မကို ေခၚဆိုျခင္းျဖစ္သည္ ။ ေယာဂက်င့္စဥ္အကြက္မ်ားစြာသည္ သဘာဝ ေရ ေျမ ေတာေတာင္ ႏွင့္ ေက်းငွက္တိရိစၧာန္မ်ား၏ ကိုယ္ဟန္ကို တုပထားျခင္းျဖစ္သည္ ။ ထို့ေၾကာင့္ပင္ မိမိတို့ အိမ္ရွိ ေၾကာင္ကေလးမ်ားသည္လည္း သင္၏ ျမင္ဆရာ ျဖစ္လာနိုင္ပါသည္ ။🛡🛡


ဤက်င့္စဥ္သည္ ေၾကာင္ကေလးမ်ား အေညာင္းဆန႔္သကဲ့သို့ ‌ေက်ာရိုးတစ္ခုလုံးကို မယုံၾကည္နိုင္ေလာက္ေအာင္ ဆြဲဆန႔္ေပးနိုင္ေသာ က်င့္စဥ္ပင္ျဖစ္သည္ ။ မည္မၽွအက်ိဳး ရွိသည္ဟု ေျပျပရန္ပင္ ခက္ေလာက္ေအာင္ အေထာက္အကူျပဳနိုင္ေသာ အကြက္ျဖစ္ပါသည္ ။🛡🛡


ေၾကာင္ပုံစံက်င့္စဥ္သည္ အာ့ရွ္တန္ဂက်င့္စဥ္၏ အေျခခံအဆင့္ အကြက္တစ္ကြက္ျဖစ္ပါသည္ ။ ေလ့က်င့္ရာတြင္ ႏြားပုံစံ ႏွင့္ ေၾကာင္ပုံစံ တို့ကို ႏွစ္ခုေပါင္းစပ္၍ ေလ့က်င့္ရပါသည္ ။ ယင္းကို ခ်ကၠရာ ဝါးကားစနဟု ေခၚပါသည္ ။

Cakravakasana ခ်ကၠရာ ဝါးကားစန ဟူသည္ အကြက္အသစ္ မဟုတ္ဘဲ ႏြား ႏွင့္ ေၾကာင္ပုံစံ ၂ ခုကို ေပါင္းစပ္ေလ့က်င့္ရျခင္း ျဖစ္သည္ ။ ေလ့က်င့္နည္းစနစ္မ်ားစြာရွိၿပီး အမ်ားအားျဖင့္ ရွုသြင္းခ်ိန္တြင္ ႏြားပုံစံကို ျပဳလုပ္ၿပီး ရွုထုတ္သည့္ေလႏွင့္အတူ ေခါင္းကို ငုံ႔ကာ ေၾကာင္ပုံစံသို့ ေျပာင္းလဲေလ့က်င့္နည္းကို ေလ့က်င့္ၾကေပသည္ ။🔑🔑


ျပဳလုပ္ရာတြင္ ၅ ႀကိမ္မွ ၁၀ ႀကိမ္အထိ ျပဳလုပ္နိုင္ပါသည္ ။ တစ္ျခားနည္းလမ္း တစ္ခုမွာ အကြက္ ၁ ခုစီတြင္ ၁၀ စကၠန႔္စီ ေနေပးျခင္းျဖစ္သည္ ။ ႏြားပုံစံကို ၁၀ စကၠန႔္ေနၿပီးေနာက္ ေၾကာင္ပုံစံကိုလည္း ၁၀ စကၠန႔္ ျပဳလုပ္ရျခင္း ျဖစ္သည္ ။ ထိုစနစ္ကိုလည္း ၅ ႀကိမ္မွ ၆ ႀကိမ္အထိ ေလ့က်င့္ေပးနိုင္ပါသည္ ။🛡🛡


အက်ိဳးေက်းဇူးမ်ား 💎💎


ေက်ာရိုးတစ္ခုလုံးကို ဆြဲဆန႔္ေပးနိုင္ၿပီး ေပ်ာ့ေပ်ာင္းမွုကိုပါ တိုးတက္လာေစနိုင္ေသာ က်င့္စဥ္ျဖစ္သည္ ။ လက္ေကာက္ဝတ္ ၊ ပခုံး တို့ကိုလည္း သန္စြမ္းလာေစနိုင္ပါသည္ ။ ႏြားပုံစံသည္ လည္ပင္းႏွင့္ ရင္ဘတ္ပိုင္း ၊ ေၾကာင္ပုံစံသည္ ဇက္ပိုး ႏွင့္ ေနာက္ေက်ာပိုင္းတို့ကို ဆြဲဆန႔္ေပးနိုင္ပါသည္ ။ အစာေျခအဂၤါစနစ္ကိုလည္း ဖိအားသက္ေရာက္ေစသည့္အတြက္ ယင္းစနစ္ကို အေထာက္အကူေပးကာ အစာေခ်ဖ်က္အားကို တိုးတက္လာေစပါသည္ ။🔑🔑


ဝမ္းဗိုက္ကို အားျပဳညစ္ထားရျခင္းျဖစ္ရာ ဗိုက္သားမ်ားကိုလည္း လွုံ႔ေဆာ္ေပးနိုင္ၿပီး မလိုအပ္ေသာ အဆီပိုမ်ားကို ေလ့်ာက်ေစနိုင္ပါသည္ ။ အလ်င္အျမန္ပင္ ဗိုက္အဆီမ်ားကို ေလ့်ခ်ေပးနိုင္သည္ဟု မဆိုလိုဘဲ ျဖည္းျဖည္းေႏွးေႏွးျဖင့္ ေလ့်ာၾကသြားျခင္း ျဖစ္သည္ ။ ေသြးေကာင္းေသြးသန႔္မ်ာႏွင့္တကြ ‌ေအာက္စီဂ်င္ကိုပါ တစ္ကိုယ္လုံးသို့ ပ်ံ႕ႏွံ့ေရာက္ရွိသြားေစနိုင္ၿပီး စိတ္တြင္လည္း ဖိစီးမွုမ်ားကို ေလ်ာ့က်သြားေစနိုင္မည့္ က်င့္စဥ္တစ္ရပ္ ျဖစ္ပါသည္ ။🔑🔑


9️⃣ Paschimottanasana #ပါခ်ိမိုတာနစန (ထိုင္လ်က္ေရွ႕သို့ေမွာက္ခ်ျခင္းပုံစံ) 💠💠




ပါခ်ိမ ဟူသည္ #အေနာက္အရပ္ ျဖစ္ၿပီး ဥတာန သည္ အစြမ္းကုန္ ဆြဲဆန႔္ျခင္း ျဖစ္သည္ ။ ထို့ေၾကာင့္ ဤက်င့္စဥ္သည္ အေနာက္ဘက္ကို အစြမ္းကုန္ ဆြဲဆန႔္ျခင္းဟု အဓိပၸါယ္ရပါသည္ ။ ရိုးရာေယာဂပညာရပ္တြင္ ခႏၶာကိုယ္တစ္ခုလုံးကို အရပ္မ်က္ႏွာမ်ားအျဖစ္ ပိုင္းျခားသတ္မွတ္ထားပါသည္ ။ ထိပ္ဆုံးပိုင္းျဖစ္ေသာ ဦးေခါင္းသည္ ေျမာက္အရပ္ ျဖစ္သည္ ။ ခႏၶာကိုယ္ ေရွ႕ဘက္ နဖူးျပင္မွသည္ ေျခဖ်ားအထိသည္ အ‌ေရွ႕အရပ္ ျဖစ္သည္ ။ ေျခဖဝါးျပင္မ်ားသည္ ေတာင္အရပ္ျဖစ္ၿပီး ခႏၶာကိုယ္ အေနာက္ဖက္ျခမ္းတစ္ခုလုံးသည္ အေနာက္အရပ္အျဖစ္ သတ္မွတ္ျခင္းခံရပါသည္ ။


ရိုးရာယုံၾကည္မွုမ်ားကို အ‌ေလးထားလြန္းေသာ အိႏၵိယနိုင္ငံတြင္ အရပ္မ်က္ႏွာမ်ားသည္ မ်ားစြာအေရးပါလွပါသည္ ။ ဘုန္းေတာ္ႀကီးမ်ား ၊ ေယာဂီမ်ားႏွင့္ ယုံၾကည္သူမ်ားသည္ အေရးႀကီးေသာ ပြဲလမ္းသဘင္ အခမ္းအနားမ်ားကို ျပဳလုပ္ရာတြင္ အရပ္မ်ာက္ႏွာကို မ်ားစြာအေလးထား ထည့္သြင္းစဥ္းစားေလ့ ရွိပါသည္ ။ ျမန္မာတို့တြင္ ေန႔တစ္ေန႔တြင္ နဂါးေခါင္းသည္ မည္သည့္ဘက္သို့ လွည့္ေနသည္ကို ၾကည့္၍ လုပ္ငန္းေဆာင္တာ ၊ ခရီးသြားျခင္း ၊ အလုပ္သစ္စျခင္းတို့ကို ျပဳေလ့ရွိသကဲ့သို့ အိႏၵိယတြင္ကာ အရပ္မ်က္ႏွာမ်ားကို ဆင္ေမာင္ႏွံျဖင့္ ေဖာ္ျပေလ့ရွိၾကေပသည္ ။


အက်ိဳးေက်းဇူးမ်ား 💎💠


ေနာက္ေၾကာႂကြက္သားမ်ားကို ဆြဲဆန႔္ေပးနိုင္ၿပီး ေပ်ာ့ေျပာင္းလာေစပါသည္ ။ ဝမ္းဗိုက္ႂကြက္သားမ်ားကို ႏွိပ္နယ္ေပးနိုင္ၿပီး ဝမ္းတြင္းအဂၤါ အစိတ္အပိုင္းမ်ားကို လွုံ႔ေဆာ္ေပးနိုင္ပါသည္ ။ ႏွလုံးကိုလည္း အနားရေစၿပီး ဝမ္းမီးကို ေတာက္ေစပါသည္ ။ သုတ္ႏွင့္ပတ္သတ္ေသာ အားနည္းျခင္းမ်ားကို သက္သာေစၿပီး ကု႑လိနီနိုးႂကြေစရန္ အေထာက္အကူျပဳပါသည္ ။ ဦးေႏွာက္ကိုလည္း အနားရေစၿပီး အရပ္ရွည္လိုသူမ်ားသည္ ဤက်င့္စဥ္ကို အထူးေလ့က်င့္ၾကပါသည္ ။


အကယ္၍ မိတ္ေဆြတြင္ ေယာဂက်င့္စဥ္ႏွင့္ ပတ္သတ္၍ ေဆြးေႏြးလိုသည္မ်ား ၊ အႀကံျပဳလိုသည္မ်ားရွိေနပါက 

ေအာက္ပါ Group

https://www.facebook.com/groups/219695225274415/

ႏွင့္ Page 

https://www.facebook.com/MingalaYoga/

ကို ဝင္ေရာက္ထားျခင္းျဖင့္ update သတင္းမ်ားကို အျမဲသိရွိေနမည္ ျဖစ္ပါသည္ ။


Namaste'

Brahma Nanda


Ref;အင္တာနက္စာမ်က္ႏွာမ်ား ၊  International Sivananda Yoga Vedanta Centres Website ၊Wikipedia ၊ Yogipedia ၊ Yoga Basic.com Website ၊ The Art of Living Website ၊ Yoga Journal Website ၊ Swirlster Website ၊ HuffPost Website ၊

Swami Ramde-Yog Its philosophy & Practice ၊ Swati Chanchani,Rajiv Chanchani-Yoga for Children ၊  ေက်ာက္ဘီလူးတင္ေမာင္ေဆြ-အေျခခံကာယဗလေလ့က်င့္ေရးလမ္းညႊန္ ၊

ဦးေသာ္ဇင္-မဟာဘာရတ ႏွင့္ ဘဂဝါဂီတ ၊ ဗိုလ္မင္းဟန္-သိပၸံနည္းက်စိတ္ပ်ိဳကိုယ္ႏုေယာဂက်င့္စဥ္မ်ား ၊ ေက်ာ္ေဇယ်ာပုသိမ္-စကားေျပာေသာကိုယ္တြင္းအဂၤါမ်ား ၊ Yoga Anatomy 20hrs Course ၊MFTA Fitness Nutrition Specialist Course ၊  ဗိုလ္မင္းဟန္-သင့္ဘဝတြက္ေယာဂီက်င့္စဥ္ ၊ မင္းေမာင္(ဒႆနိက)-ဟိႏၵဴဓမၼယဥ္ေက်းမွုမိတ္ဆက္ ။ 

No comments: