Wednesday, February 3, 2021

“မိန်းမဆန်ခြင်းနဲ့ ခေတ်သစ်ခေါင်းဆောင်မှု”

 “မိန်းမဆန်ခြင်းနဲ့ ခေတ်သစ်ခေါင်းဆောင်မှု”




“စကားများလိုက်တာ၊ မိန်းမကြီးကျနေတာပဲ” “မိန်းမလို မိန်းမရနဲ့” စတဲ့ စကားတွေ ကြားဖူးကြမှာပါ။ ယောက်ျားတစ်ယောက်က စကားများတယ်၊ အတင်းပြောတတ်တယ်၊ သတ္တိမရှိဘူး၊ အဲ့လို အခြေအနေတွေမှာဆို ဒီလိုစကားတွေနဲ့ ခိုင်းနှိုင်းပြီး ပြောတတ်တယ်။ ဒါ မိန်းမတွေမှာမှ ရှိတဲ့ စရိုက်တွေပေါ့။ မိန်းမဆန်တယ် ဆိုတာကို အဆိုးဘက်ကနေပဲ ပြောကြတာ များတယ်။


ဒီဆောင်းပါးမှာတော့ မိန်းမဆန်ခြင်းဟာ ဘယ်လောက်ကောင်းသလဲ ဆိုတာကို ဆွေးနွေးချင်ပါတယ်။ အထူးသဖြင့် ခေတ်သစ်ခေါင်းဆောင်မှုအတွက်ပေါ့။


အရင်ဆုံး ယောက်ျားဆန်တယ်၊ မိန်းမဆန်တယ် ဆိုတာ ဘာလဲ ပြောကြည့်ရအောင်။ အင်္ဂလိပ်လိုဆိုရင်တော့ Masculine ဖြစ်တယ်၊ Feminine ဖြစ်တယ်လို့ ပြောကြပါတယ်။


ယောက်ျားဆန်တယ်လို့ သတ်မှတ်ကြတဲ့ စရိုက်လက္ခဏာတွေကတော့ ဦးဆောင်နိုင်စွမ်း ရှိတယ်။ ဆုံးဖြတ်ချက် ပြတ်သားတယ်။ ရဲရင့်တယ်။ ပြောရဲဆိုရဲ ရှိတယ်။ ကြံ့ခိုင်တယ်။ စိတ်ခံစားချက်ကို ရှေ့တန်းမတင်ဘူး။ 


မိန်းမဆန်တယ်လို့ သတ်မှတ်ကြတဲ့ စရိုက်လက္ခဏာတွေကတော့ နူးညံ့တယ်။ သိမ်မွေ့တယ်။ ယဉ်ကျေးတယ်။ စိတ်ရှည်တယ်။ ဒါတွေက အကောင်းဘက်က လက္ခဏာတွေ။ အဆိုးဘက်က အချက်တွေကတော့ ဆောင်းပါးအစမှာ ပြောခဲ့သလို အတင်းပြောတတ်တယ်။ တွေဝေတယ်။ စိတ်ခံစားချက်ကို ရှေ့တန်းတင်တယ်။ စိတ်ဓါတ်ပျော့ညံ့တယ်။ မှီခိုချင်တယ်။ ဒီလိုအချက်တွေပေါ့။


တကယ်တော့ ဒါတွေဟာ ယောက်ျားတိုင်း၊ မိန်းမတိုင်းမှာ ရှိကိုရှိနေတဲ့ အချက်မျိုးတွေ မဟုတ်ဘူး။ ပင်ကိုယ်စရိုက်ရယ်၊ ပြုစုပျိုးထောင်ခံခဲ့ရတဲ့ ပုံစံရယ်နဲ့ အဓိက သက်ဆိုင်တယ်။


ယောက်ျားလေးထဲမှာလည်း ဆုံးဖြတ်ချက် မပြတ်သားတဲ့သူ၊ သတ္တိမရှိတဲ့သူ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းတဲ့သူ၊ အတင်းပြောတတ်သူတွေ တစ်ပုံကြီး။ မိန်းကလေးထဲမှာလည်း ရဲရင့်တယ်၊ လုပ်ရဲကိုင်ရဲ ဆုံးဖြတ်ရဲတယ်၊ စိတ်ဓါတ်ကြံ့ခိုင်တယ်၊ တခုခုဆို ဒဲ့ရှင်းတယ်၊ ဒဲ့ပြောတယ် ဆိုတဲ့သူတွေ အများကြီးပဲ။


ဒါပေမဲ့ များသောအားဖြင့်တော့ သားယောက်ျားလေးဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် ဦးဆောင်နိုင်စွမ်း ရှိအောင်၊ သတ္တိရှိအောင် ပျိုးထောင်တယ်။ မိသားစုထဲမှာ အလေးပေး ဆက်ဆံတယ်။ မိန်းကလေးကျတော့ ဗိုင်းကောင်းကျောက်ဖိ ဆိုတာမျိုး ပုံသွင်းတယ်။ ဘာမဆို မပြောရ၊ မဆိုရ၊ မသွားရ၊ မလာရ ပိတ်ပင်တယ်။ ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းသွားတယ်။ တစ်ယောက်ယောက်အပေါ် မှီခိုနေရမှ ဆိုတဲ့ စိတ်တွေ ဝင်ကုန်တယ်။ အဲ့လိုနဲ့ လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါ အလုပ်မှာ တော်ပါရက်နဲ့ ရာထူးတိုးပေး မခံရတာတွေ၊ အထင်သေးခံရတာတွေ ဖြစ်လာတယ်။ 


ဟိုရက်ကတော့ Harvard Business Review (HBR) Guide for Women at Work ဆိုတဲ့ စာအုပ်လေး ဖတ်ဖြစ်တယ်။ အရင်ဆုံး စဖတ်ဖြစ်အောင် ဆွဲဆောင်နိုင်ခဲ့တဲ့ ဆောင်းပါးက အမျိုးသမီးဆန်တဲ့ အရည်အသွေးတွေဟာ ခေါင်းဆောင်ကောင်း ဖြစ်စေနိုင်တယ်တဲ့။ 


အရင်တုန်းကတော့ အမျိုးသမီးတွေဆိုရင် အထင်သေးကြတယ်။ ကိုယ်ဝန်ဆောင်ရမယ်၊ ကလေးမွေးရမယ်၊ ဒါဆို အလုပ်မှာ လာထိခိုက်မယ်ပေါ့။ အခုကျ ခေတ်က တိုးတက်လာတယ်။ လူတွေကလည်း အမြင်ပွင့်လာတယ်။ ဥပမာ အခု ကိုဗစ်ပြဿနာမှာ ဦးဆောင်မှု ကောင်းကောင်းပေးနိုင်သူ ဆိုပြီး ချီးကျူးခံနေရတဲ့ နယူးဇီလန်က အမျိုးသမီး ဝန်ကြီးချုပ် Jacinda Ardern ဆိုရင် ၂၀၁၈ ခုနှစ်တုန်းက လက်ရှိတာဝန်ကို ထမ်းဆောင်နေဆဲမှာကိုပဲ ကလေးမွေးဖွားခဲ့သူ ဖြစ်ပါတယ်။ ဒီလို ကလေးမွေးဖွားရခြင်းဟာ အမျိုးသား ဝန်ကြီးချုပ်တွေမှာဆို ပြသနာတစ်ခု မဟုတ်ပါဘူး။ အမျိုးသမီး ဖြစ်တဲ့အတွက် ဒီကိစ္စက ရှိလာတယ်။ ရှိပေမဲ့ ဒါကို ပြဿနာလို့ မမြင်တော့ဘူး။ အဆင်ပြေအောင် ပံ့ပိုးပေးတယ်။ Congratulations လုပ်ကြတယ်။ အဲ့တော့ ပုံမှန်အတိုင်းပဲ တာဝန်ထမ်းဆောင်သွားတယ်။ ခေတ်က ဒီလိုဖြစ်လာပြီ။


နောက်ပြီး နည်းပညာက တိုးတက်လာတော့ ခွန်အားသုံး အလုပ်လုပ်ရတယ် ဆိုတာလည်း သိပ်မရှိတော့ဘူး။ ဒီခေတ်မှာ အားနွဲ့တယ်ဆိုတာ ပညာမတတ်တာကို ခေါ်တာ ဖြစ်သွားပြီ။ အဲ့လိုပဲ ခေါင်းဆောင်မှု အရည်အသွေးနဲ့ ပတ်သက်ရင်လည်း ယောက်ျားဆန်တယ်လို့ သတ်မှတ်ကြတဲ့ ဟောဟောဒိုင်းဒိုင်းနဲ့ ပြောမယ်၊ ဆိုမယ်၊ လုပ်မယ်၊ ကိုင်မယ် ဆိုတာထက် ခေါင်းအေးတာ၊ တစ်ဖက်သားစကားကို နားထောင်တတ်တာ၊ စိတ်ရှည်တာ၊ ကိုယ်ချင်းစာတတ်တာ စတဲ့ မိန်းမဆန်တဲ့ အရည်အသွေးတွေကို ပိုပြီး တောင်းဆိုလာကြတယ်။


ကျွန်တော် အခုညွှန်းတဲ့ ဆောင်းပါးကို ရေးသူက John Gerzema ။ သူက ခေတ်သစ်ခေါင်းဆောင်မှုအရွေ့မှာ အမျိုးသမီးတွေရဲ့ စရိုက်လက္ခဏာတွေ ဘယ်လောက်အရေးပါလာသလဲ ဆိုတဲ့ အကြောင်းကို ရေးလေ့ရှိသူ။ နိုင်ငံပေါင်းများစွာက ဝန်ထမ်းပေါင်းများစွာနဲ့ စစ်တမ်းတွေလည်း လုပ်ခဲ့တယ်။ လူတွေရဲ့ စရိုက်လက္ခဏာတွေကို ဖော်ပြထားပြီးတော့ ဘယ်ဟာက ယောက်ျားဆန်တယ်၊ ဘယ်ဟာက မိန်းမဆန်တယ် ဆိုပြီး ခွဲခိုင်းတယ်။ ပြီးတော့မှ ခေတ်သစ်ခေါင်းဆောင်တွေဆီက ဘယ်လို စရိုက်လက္ခဏာတွေကို လိုချင်သလဲ ဆိုပြီး မေးတယ်။


အဲဒီမှာ အချက် ၁၀ ချက် ထွက်လာတယ်။ ၈ ချက်က မိန်းမဆန်တယ်လို့ သတ်မှတ်ကြတဲ့ အချက်တွေ ဖြစ်ပြီး ၂ ချက်ကသာ ယောက်ျားဆန်တယ်လို့ သတ်မှတ်ကြတဲ့ အချက်တွေ ဖြစ်တယ်။


အဲဒီအချက်တွေကတော့ -


၁။ ကိုယ့်ရဲ့ ခံစားချက်တွေကို ဖော်ပြတတ်ခြင်း (Expressive)

၂။ အနာဂတ်အတွက် စီစဉ်တတ်ခြင်း (Plans for future)

၃။ ကျိုးကြောင်းကျ စဉ်းစားတတ်ခြင်း (Reasonable)

၄။ သစ္စာရှိခြင်း (Loyal)

၅။ ပျော့ပြောင်းခြင်း၊ ပြောင်းလွယ်ပြင်လွယ် ဖြစ်ခြင်း (Flexible)

၆။ စိတ်ရှည်ခြင်း (Patient)

၇။ ခံစားသိဖြင့် ဆုံးဖြတ်ခြင်း (Intuitive)

၈။ ပူးပေါင်းဆောင်ရွက်တတ်ခြင်း (Collaborative) တို့ဖြစ်ပြီး


ယောက်ျားဆန်တယ်လို့ သတ်မှတ်ကြတဲ့ အချက် ၂ ချက်ကတော့


၉။ ဆုံးဖြတ်ချက် ပြတ်သားခြင်း (Decisive)

၁၀။ ကြံ့ခိုင်ခြင်း၊ အရှုံးမပေးတတ်ခြင်း (Resilient) တွေဖြစ်ပါတယ်။


ဒါကြောင့် ခေတ်သစ်ခေါင်းဆောင်မှုမှာ အမျိုးသမီးဆန်တဲ့ စရိုက်လက္ခဏာတွေ ပိုလိုအပ်လာပြီလို့ ပြောကြတာပါ။


တကယ်တာ့ ဒါက စစ်တမ်းတစ်ခုကနေ ထွက်လာတဲ့ ရလဒ်ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ အမြင်တူချင်မှ တူမယ်။ ဥပမာ Expressive ဖြစ်တယ်ဆိုတဲ့ ကိုယ့်ဘက်က အမြင်၊ ကိုယ့်ခံစားချက်တွေကို တစ်ဖက်သားသိအောင် ပြောတတ်တာ၊ မြိုသိပ်မထားတာမျိုးဆိုရင် တချို့က သဘောတူချင်မှ တူမယ်။ စိတ်ကောက်တတ်တဲ့ ကိုယ့်ကောင်မလေးနဲ့ ယှဉ်ပြီး ဒါကို ငြင်းချင်ငြင်းမယ်။ အားလုံးတော့လည်း မဆိုလိုပါဘူး။ ဒါပေမဲ့ အမျိုးသားတွေက စိတ်ဓါတ်ကျရင်၊ စိတ်ညစ်ရင်၊ ဝမ်းနည်းရင်တောင် ငါ ယောက်ျားပဲ ဆိုတဲ့စိတ်နဲ့ ဟန်ဆောင်ပြီး အားတင်းထားတတ်ကြတာ များတယ်။ ဒီအတွက် Expressive ဖြစ်တာက အမျိုးသမီးတွေမှာ ပိုအတွေ့ရများတယ် ဆိုတာလည်း လက်ခံလို့ ရပါတယ်။


ကျွန်တော်ပြောခဲ့သလိုပဲ။ ဒီအချက်တွေက မိန်းမမှန်ရင် ရှိကိုရှိရမဲ့ အချက်တွေ၊ ယောက်ျားမှန်ရင် ရှိကိုရှိနေမဲ့ အချက်တွေ မဟုတ်ပါဘူး။ ဒါက ကျားမသတ်မှတ်ချက်တွေသာ ဖြစ်ပြီး ဘယ်သူ့မှာမဆို ရှိနိုင်တဲ့၊ ဘယ်သူမဆို လေ့ကျင့်ပျိုးထောင်လို့ ရတဲ့ အရည်အသွေးတွေသာ ဖြစ်ပါတယ်။ 


နောက်တစ်ခုကတော့ မိန်းမကြီးကျနေတာပဲ၊ မိန်းမလို မိန်းမရနဲ့ စတဲ့ စကားတွေလို မကောင်းတဲ့ စရိုက်လက္ခဏာတွေကျမှ မိန်းမနဲ့ နှိုင်းပြောတာမျိုး မဟုတ်ဘဲ မိန်းမဆန်တဲ့ စရိုက်လက္ခဏာတွေထဲမှာလည်း ကောင်းတဲ့ အချက်တွေ အများကြီးပဲ ရှိတယ်ဆိုတာကို သိစေချင်ပါတယ်။


ဒါကြောင့် ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် ခုပြောခဲ့တဲ့ ခေါင်းဆောင်စရိုက်လက္ခဏာ ၁၀ ခု ရှိနေအောင် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ထားနိုင်မယ် ဆိုရင် အကောင်းဆုံးပါပဲ။


ဒေါက်တာ ဖြိုးသီဟ

၁၁.၁.၂၀၂၁


Ref: Feminine Values Can Give Leaders an Edge - John Gerzema


(အခွင့်အလမ်းဂျာနယ်တွင် ဖော်ပြပြီးသော ဆောင်းပါးဖြစ်ပါသည်။)


(Zawgyi) 

“မိန္းမဆန္ျခင္းနဲ႔ ေခတ္သစ္ေခါင္းေဆာင္မွု”




“စကားမ်ားလိုက္တာ၊ မိန္းမႀကီးက်ေနတာပဲ” “မိန္းမလို မိန္းမရနဲ႔” စတဲ့ စကားေတြ ၾကားဖူးၾကမွာပါ။ ေယာက္်ားတစ္ေယာက္က စကားမ်ားတယ္၊ အတင္းေျပာတတ္တယ္၊ သတၱိမရွိဘူး၊ အဲ့လို အေျခအေနေတြမွာဆို ဒီလိုစကားေတြနဲ႔ ခိုင္းႏွိုင္းၿပီး ေျပာတတ္တယ္။ ဒါ မိန္းမေတြမွာမွ ရွိတဲ့ စရိုက္ေတြေပါ့။ မိန္းမဆန္တယ္ ဆိုတာကို အဆိုးဘက္ကေနပဲ ေျပာၾကတာ မ်ားတယ္။


ဒီေဆာင္းပါးမွာေတာ့ မိန္းမဆန္ျခင္းဟာ ဘယ္ေလာက္ေကာင္းသလဲ ဆိုတာကို ေဆြးေႏြးခ်င္ပါတယ္။ အထူးသျဖင့္ ေခတ္သစ္ေခါင္းေဆာင္မွုအတြက္ေပါ့။


အရင္ဆုံး ေယာက္်ားဆန္တယ္၊ မိန္းမဆန္တယ္ ဆိုတာ ဘာလဲ ေျပာၾကည့္ရေအာင္။ အဂၤလိပ္လိုဆိုရင္ေတာ့ Masculine ျဖစ္တယ္၊ Feminine ျဖစ္တယ္လို့ ေျပာၾကပါတယ္။


ေယာက္်ားဆန္တယ္လို့ သတ္မွတ္ၾကတဲ့ စရိုက္လကၡဏာေတြကေတာ့ ဦးေဆာင္နိုင္စြမ္း ရွိတယ္။ ဆုံးျဖတ္ခ်က္ ျပတ္သားတယ္။ ရဲရင့္တယ္။ ေျပာရဲဆိုရဲ ရွိတယ္။ ႀကံ့ခိုင္တယ္။ စိတ္ခံစားခ်က္ကို ေရွ႕တန္းမတင္ဘူး။ 


မိန္းမဆန္တယ္လို့ သတ္မွတ္ၾကတဲ့ စရိုက္လကၡဏာေတြကေတာ့ ႏူးညံ့တယ္။ သိမ္ေမြ႕တယ္။ ယဥ္ေက်းတယ္။ စိတ္ရွည္တယ္။ ဒါေတြက အေကာင္းဘက္က လကၡဏာေတြ။ အဆိုးဘက္က အခ်က္ေတြကေတာ့ ေဆာင္းပါးအစမွာ ေျပာခဲ့သလို အတင္းေျပာတတ္တယ္။ ေတြေဝတယ္။ စိတ္ခံစားခ်က္ကို ေရွ႕တန္းတင္တယ္။ စိတ္ဓါတ္ေပ်ာ့ညံ့တယ္။ မွီခိုခ်င္တယ္။ ဒီလိုအခ်က္ေတြေပါ့။


တကယ္ေတာ့ ဒါေတြဟာ ေယာက္်ားတိုင္း၊ မိန္းမတိုင္းမွာ ရွိကိုရွိေနတဲ့ အခ်က္မ်ိဳးေတြ မဟုတ္ဘူး။ ပင္ကိုယ္စရိုက္ရယ္၊ ျပဳစုပ်ိဳးေထာင္ခံခဲ့ရတဲ့ ပုံစံရယ္နဲ႔ အဓိက သက္ဆိုင္တယ္။


ေယာက္်ားေလးထဲမွာလည္း ဆုံးျဖတ္ခ်က္ မျပတ္သားတဲ့သူ၊ သတၱိမရွိတဲ့သူ၊ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မွု အားနည္းတဲ့သူ၊ အတင္းေျပာတတ္သူေတြ တစ္ပုံႀကီး။ မိန္းကေလးထဲမွာလည္း ရဲရင့္တယ္၊ လုပ္ရဲကိုင္ရဲ ဆုံးျဖတ္ရဲတယ္၊ စိတ္ဓါတ္ႀကံ့ခိုင္တယ္၊ တခုခုဆို ဒဲ့ရွင္းတယ္၊ ဒဲ့ေျပာတယ္ ဆိုတဲ့သူေတြ အမ်ားႀကီးပဲ။


ဒါေပမဲ့ မ်ားေသာအားျဖင့္ေတာ့ သားေယာက္်ားေလးဆိုရင္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မွုရွိေအာင္ ဦးေဆာင္နိုင္စြမ္း ရွိေအာင္၊ သတၱိရွိေအာင္ ပ်ိဳးေထာင္တယ္။ မိသားစုထဲမွာ အေလးေပး ဆက္ဆံတယ္။ မိန္းကေလးက်ေတာ့ ဗိုင္းေကာင္းေက်ာက္ဖိ ဆိုတာမ်ိဳး ပုံသြင္းတယ္။ ဘာမဆို မေျပာရ၊ မဆိုရ၊ မသြားရ၊ မလာရ ပိတ္ပင္တယ္။ ဒီလိုနဲ႔ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မွု အားနည္းသြားတယ္။ တစ္ေယာက္ေယာက္အေပၚ မွီခိုေနရမွ ဆိုတဲ့ စိတ္ေတြ ဝင္ကုန္တယ္။ အဲ့လိုနဲ႔ လုပ္ငန္းခြင္ထဲ ေရာက္တဲ့အခါ အလုပ္မွာ ေတာ္ပါရက္နဲ႔ ရာထူးတိုးေပး မခံရတာေတြ၊ အထင္ေသးခံရတာေတြ ျဖစ္လာတယ္။ 


ဟိုရက္ကေတာ့ Harvard Business Review (HBR) Guide for Women at Work ဆိုတဲ့ စာအုပ္ေလး ဖတ္ျဖစ္တယ္။ အရင္ဆုံး စဖတ္ျဖစ္ေအာင္ ဆြဲေဆာင္နိုင္ခဲ့တဲ့ ေဆာင္းပါးက အမ်ိဳးသမီးဆန္တဲ့ အရည္အေသြးေတြဟာ ေခါင္းေဆာင္ေကာင္း ျဖစ္ေစနိုင္တယ္တဲ့။ 


အရင္တုန္းကေတာ့ အမ်ိဳးသမီးေတြဆိုရင္ အထင္ေသးၾကတယ္။ ကိုယ္ဝန္ေဆာင္ရမယ္၊ ကေလးေမြးရမယ္၊ ဒါဆို အလုပ္မွာ လာထိခိုက္မယ္ေပါ့။ အခုက် ေခတ္က တိုးတက္လာတယ္။ လူေတြကလည္း အျမင္ပြင့္လာတယ္။ ဥပမာ အခု ကိုဗစ္ျပႆနာမွာ ဦးေဆာင္မွု ေကာင္းေကာင္းေပးနိုင္သူ ဆိုၿပီး ခ်ီးက်ဴးခံေနရတဲ့ နယူးဇီလန္က အမ်ိဳးသမီး ဝန္ႀကီးခ်ဳပ္ Jacinda Ardern ဆိုရင္ ၂၀၁၈ ခုႏွစ္တုန္းက လက္ရွိတာဝန္ကို ထမ္းေဆာင္ေနဆဲမွာကိုပဲ ကေလးေမြးဖြားခဲ့သူ ျဖစ္ပါတယ္။ ဒီလို ကေလးေမြးဖြားရျခင္းဟာ အမ်ိဳးသား ဝန္ႀကီးခ်ဳပ္ေတြမွာဆို ျပသနာတစ္ခု မဟုတ္ပါဘူး။ အမ်ိဳးသမီး ျဖစ္တဲ့အတြက္ ဒီကိစၥက ရွိလာတယ္။ ရွိေပမဲ့ ဒါကို ျပႆနာလို့ မျမင္ေတာ့ဘူး။ အဆင္ေျပေအာင္ ပံ့ပိုးေပးတယ္။ Congratulations လုပ္ၾကတယ္။ အဲ့ေတာ့ ပုံမွန္အတိုင္းပဲ တာဝန္ထမ္းေဆာင္သြားတယ္။ ေခတ္က ဒီလိုျဖစ္လာၿပီ။


ေနာက္ၿပီး နည္းပညာက တိုးတက္လာေတာ့ ခြန္အားသုံး အလုပ္လုပ္ရတယ္ ဆိုတာလည္း သိပ္မရွိေတာ့ဘူး။ ဒီေခတ္မွာ အားႏြဲ႕တယ္ဆိုတာ ပညာမတတ္တာကို ေခၚတာ ျဖစ္သြားၿပီ။ အဲ့လိုပဲ ေခါင္းေဆာင္မွု အရည္အေသြးနဲ႔ ပတ္သက္ရင္လည္း ေယာက္်ားဆန္တယ္လို့ သတ္မွတ္ၾကတဲ့ ေဟာေဟာဒိုင္းဒိုင္းနဲ႔ ေျပာမယ္၊ ဆိုမယ္၊ လုပ္မယ္၊ ကိုင္မယ္ ဆိုတာထက္ ေခါင္းေအးတာ၊ တစ္ဖက္သားစကားကို နားေထာင္တတ္တာ၊ စိတ္ရွည္တာ၊ ကိုယ္ခ်င္းစာတတ္တာ စတဲ့ မိန္းမဆန္တဲ့ အရည္အေသြးေတြကို ပိုၿပီး ေတာင္းဆိုလာၾကတယ္။


ကၽြန္ေတာ္ အခုညႊန္းတဲ့ ေဆာင္းပါးကို ေရးသူက John Gerzema ။ သူက ေခတ္သစ္ေခါင္းေဆာင္မွုအေရြ႕မွာ အမ်ိဳးသမီးေတြရဲ့ စရိုက္လကၡဏာေတြ ဘယ္ေလာက္အေရးပါလာသလဲ ဆိုတဲ့ အေၾကာင္းကို ေရးေလ့ရွိသူ။ နိုင္ငံေပါင္းမ်ားစြာက ဝန္ထမ္းေပါင္းမ်ားစြာနဲ႔ စစ္တမ္းေတြလည္း လုပ္ခဲ့တယ္။ လူေတြရဲ့ စရိုက္လကၡဏာေတြကို ေဖာ္ျပထားၿပီးေတာ့ ဘယ္ဟာက ေယာက္်ားဆန္တယ္၊ ဘယ္ဟာက မိန္းမဆန္တယ္ ဆိုၿပီး ခြဲခိုင္းတယ္။ ၿပီးေတာ့မွ ေခတ္သစ္ေခါင္းေဆာင္ေတြဆီက ဘယ္လို စရိုက္လကၡဏာေတြကို လိုခ်င္သလဲ ဆိုၿပီး ေမးတယ္။


အဲဒီမွာ အခ်က္ ၁၀ ခ်က္ ထြက္လာတယ္။ ၈ ခ်က္က မိန္းမဆန္တယ္လို့ သတ္မွတ္ၾကတဲ့ အခ်က္ေတြ ျဖစ္ၿပီး ၂ ခ်က္ကသာ ေယာက္်ားဆန္တယ္လို့ သတ္မွတ္ၾကတဲ့ အခ်က္ေတြ ျဖစ္တယ္။


အဲဒီအခ်က္ေတြကေတာ့ -


၁။ ကိုယ့္ရဲ့ ခံစားခ်က္ေတြကို ေဖာ္ျပတတ္ျခင္း (Expressive)

၂။ အနာဂတ္အတြက္ စီစဥ္တတ္ျခင္း (Plans for future)

၃။ က်ိဳးေၾကာင္းက် စဥ္းစားတတ္ျခင္း (Reasonable)

၄။ သစၥာရွိျခင္း (Loyal)

၅။ ေပ်ာ့ေျပာင္းျခင္း၊ ေျပာင္းလြယ္ျပင္လြယ္ ျဖစ္ျခင္း (Flexible)

၆။ စိတ္ရွည္ျခင္း (Patient)

၇။ ခံစားသိျဖင့္ ဆုံးျဖတ္ျခင္း (Intuitive)

၈။ ပူးေပါင္းေဆာင္ရြက္တတ္ျခင္း (Collaborative) တို့ျဖစ္ၿပီး


ေယာက္်ားဆန္တယ္လို့ သတ္မွတ္ၾကတဲ့ အခ်က္ ၂ ခ်က္ကေတာ့


၉။ ဆုံးျဖတ္ခ်က္ ျပတ္သားျခင္း (Decisive)

၁၀။ ႀကံ့ခိုင္ျခင္း၊ အရွုံးမေပးတတ္ျခင္း (Resilient) ေတြျဖစ္ပါတယ္။


ဒါေၾကာင့္ ေခတ္သစ္ေခါင္းေဆာင္မွုမွာ အမ်ိဳးသမီးဆန္တဲ့ စရိုက္လကၡဏာေတြ ပိုလိုအပ္လာၿပီလို့ ေျပာၾကတာပါ။


တကယ္တာ့ ဒါက စစ္တမ္းတစ္ခုကေန ထြက္လာတဲ့ ရလဒ္ျဖစ္ပါတယ္။ ကိုယ့္အေနနဲ႔ အျမင္တူခ်င္မွ တူမယ္။ ဥပမာ Expressive ျဖစ္တယ္ဆိုတဲ့ ကိုယ့္ဘက္က အျမင္၊ ကိုယ့္ခံစားခ်က္ေတြကို တစ္ဖက္သားသိေအာင္ ေျပာတတ္တာ၊ ၿမိဳသိပ္မထားတာမ်ိဳးဆိုရင္ တခ်ိဳ့က သေဘာတူခ်င္မွ တူမယ္။ စိတ္ေကာက္တတ္တဲ့ ကိုယ့္ေကာင္မေလးနဲ႔ ယွဥ္ၿပီး ဒါကို ျငင္းခ်င္ျငင္းမယ္။ အားလုံးေတာ့လည္း မဆိုလိုပါဘူး။ ဒါေပမဲ့ အမ်ိဳးသားေတြက စိတ္ဓါတ္က်ရင္၊ စိတ္ညစ္ရင္၊ ဝမ္းနည္းရင္ေတာင္ ငါ ေယာက္်ားပဲ ဆိုတဲ့စိတ္နဲ႔ ဟန္ေဆာင္ၿပီး အားတင္းထားတတ္ၾကတာ မ်ားတယ္။ ဒီအတြက္ Expressive ျဖစ္တာက အမ်ိဳးသမီးေတြမွာ ပိုအေတြ႕ရမ်ားတယ္ ဆိုတာလည္း လက္ခံလို့ ရပါတယ္။


ကၽြန္ေတာ္ေျပာခဲ့သလိုပဲ။ ဒီအခ်က္ေတြက မိန္းမမွန္ရင္ ရွိကိုရွိရမဲ့ အခ်က္ေတြ၊ ေယာက္်ားမွန္ရင္ ရွိကိုရွိေနမဲ့ အခ်က္ေတြ မဟုတ္ပါဘူး။ ဒါက က်ားမသတ္မွတ္ခ်က္ေတြသာ ျဖစ္ၿပီး ဘယ္သူ႔မွာမဆို ရွိနိုင္တဲ့၊ ဘယ္သူမဆို ေလ့က်င့္ပ်ိဳးေထာင္လို့ ရတဲ့ အရည္အေသြးေတြသာ ျဖစ္ပါတယ္။ 


ေနာက္တစ္ခုကေတာ့ မိန္းမႀကီးက်ေနတာပဲ၊ မိန္းမလို မိန္းမရနဲ႔ စတဲ့ စကားေတြလို မေကာင္းတဲ့ စရိုက္လကၡဏာေတြက်မွ မိန္းမနဲ႔ ႏွိုင္းေျပာတာမ်ိဳး မဟုတ္ဘဲ မိန္းမဆန္တဲ့ စရိုက္လကၡဏာေတြထဲမွာလည္း ေကာင္းတဲ့ အခ်က္ေတြ အမ်ားႀကီးပဲ ရွိတယ္ဆိုတာကို သိေစခ်င္ပါတယ္။


ဒါေၾကာင့္ ေယာက္်ားပဲျဖစ္ျဖစ္၊ မိန္းမပဲျဖစ္ျဖစ္ ခုေျပာခဲ့တဲ့ ေခါင္းေဆာင္စရိုက္လကၡဏာ ၁၀ ခု ရွိေနေအာင္ ကိုယ့္ကိုယ္ကိုယ္ ေလ့က်င့္ထားနိုင္မယ္ ဆိုရင္ အေကာင္းဆုံးပါပဲ။


ေဒါက္တာ ၿဖိဳးသီဟ

၁၁.၁.၂၀၂၁


Ref: Feminine Values Can Give Leaders an Edge - John Gerzema


(အခြင့္အလမ္းဂ်ာနယ္တြင္ ​ေဖာ္ျပၿပီး​ေသာ ေဆာင္းပါးျဖစ္ပါသည္။)

No comments: