Monday, February 15, 2021

သိပၸံပညာရွင္ ပါရွန္းစာဆို အိုမာေခယမ္

သိပ္ပံပညာရှင် ပါရှန်းစာဆို အိုမာခေယမ် (Omar Khayyam 1048 – 1131)




‘Paradise’

Here with a Loaf of Bread beneath the Bough,

A Flask of Wine, a Book of Verse - and Thou

Beside me singing in the Wilderness -

And Wilderness is Paradise enow.


‘သုခဘုံ’

ကန္တရ အိုအေစစ် သစ်ပင်ရိပ်မှာ

ပေါင်မုန့်တစ်လုံး၊

ဝိုင်အရက် တစ်အိုး၊

ကဗျာလင်္ကာကျမ်းတစ်အုပ်၊

ကျွနု်ပ်ရဲ့ဘေးမှာ

မိန်းမချောလေး အသင်

အရိုင်းကန္တာရထဲမှာ တေးဆိုလျှက်

ယခုတော့ ကန္တရအိုအေစစ်ဟာ သုခဘုံပါပဲ။

~ အိုမာခေယမ် (Omar Khayyam)


ဇာတိနှင့် ငယ်ဘဝ

အိုမာခေယမ် (Omar Khayyam) ကို ၁၀၄၈ခုနှစ် မေလ ၁၈ရက်တွင် ပါရှားနိုင်ငံမြောက်ပိုင်း နီရှာပူ(Nishabur, Khorasan)၌ မွေးဖွားသည်။ ယခု အီရန်နိုင်ငံ ဖြစ်နေပြီ။ ဖခင်မှာ အီဘရာဟင်ခေယာမီဖြစ်ပြီး ချမ်းသာကြွယ်ဝသော ဆေးဝါးပညာရှင်တစ်ဦး ဖြစ်သည်။ အိုမာခေယမ်၏ မိသားစုသည် အစ္စလာမ်ဘာသာဝင် မွတ်ဆလင်များဖြစ်ကြသည်။သူ့ဖလင်သည် သူတတ်ထားသည့် အရာအားလုံးကို အိုမာခေယမ်ကို သင်ပေးသည်။ ဆေးပညာ၊ ဒဿန၊ သချာၤအားလုံးသည် ဖခင်ထံမှ အမွေဖြစ်သည်။


ယခင်ဆမာကန်(ယခု ဥဇဘက်ကစ္စတန်ဒေသ)သို့လှည်းတန်းကြီးဖြင့် လိုက်ပါခဲ့သည်။ ထိုစဉ်က ဆမာကန်သည် ပညာသင်ကြားရေး ဗဟိုဌာနဖြစ်သည်။ ဆမာကန်တွင် ဖခင်၏မိတ်ဆွေ တရားသူကြီးကပြောပေးသဖြင့် ဘုရင့်ထံ၌ ဘဏ္ဍာစိုးတာဝန်ထမ်းဆောင်ခွင့်ရသည်။ ဆမာကန်(Samarkand) တွင်သူသည် အက္ခရာသချာၤကို တိုးမြှင့်လေ့လာခဲ့သည်။ ၁၀၇၀ ပြည့်နှစ် အသက် ၂၂နှစ်အရွယ်တွင် အက္ခရာ ပညာကျမ်းကို ပြုစုထုတ်ဝေနိုင်ခဲ့သဖြင့် သချာၤပညာရှင်အဖြစ် ထင်ရှားခဲ့သည်။


၁၀၇၃ခုနှစ်တွင် အိုမာခေယမ်သည် တစ်နှစ်တွင် ၃၆၅ရက်နှင့် ဒသမ ၂၄၂၂ရက်ရှိကြောင်း တိကျစွာတွက်ချက်သတ်မှတ်ပေးနိုင်ခဲ့သည်။


ပါရှန်းစာဆိုဘဝ

အိုမာခေယမ်သည် ပါရှန်းစာပေးဖြင့် ကဗျာလင်္ကာများရေးသားခဲ့သည်ဆိုသော်လည်း သူအသက်ရှင်စဉ်ဖော်ထုတ်ခွင့်မရခဲ့ချေ။ နန်းတွင်း အာဏာလုပွဲများကြောင့် သူ့ကဗျာလင်္ကာများကို တိတ်တခိုးရွတ်ဆိုခဲ့ကြရသည်။

အိုမာခေယမ်သည် ၁၁၃၁ခုနှစ် ဒီဇင်ဘာလ ၄ ရက်တွင် နီရှာပူမွေးရပ်မြေ၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၃နှစ်ဖြစ် သည်။


အိုမာခေယမ်၏ ကဗျာလင်္ကာများကို ၁၈၀၀ပြည့်နှစ်တွင်မှ ‘အက်(ဒ)ဝပ်-ဖစ်ဂျရဲ(လ) Edward FitzGerald (1859) ဆိုသူက အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့သဖြင့် ပါရှန်းစာဆိုအဖြစ် ကမ္ဘာကသိကာ ထင်ရှားကျော်ကြားခဲ့သည်။


၎င်းကဗျာလင်္ကာစာအုပ်အမည်မှာ Rubaiyat of Omar Khayyamြဖြစ်ပါသည်။


‘The Flower’ 

Oh, come with old Khayyam, and Leave the Wise

To Talk: one thing is certain, that Life flies;

One thing is certain, and the Rest is Lies;

The flower that once has blown for ever dies.

အို….မိတ်ဆွေ ပညာတွေကိုမေ့ထားပြီး အဘိုးအိုခေယမ်နှင့် စကားပြောလှည့်စမ်းပါ။

သေချာတာတစ်ခုက လူ့ဘဝဆိုတာ ပျံသန်းနေတယ်။

ဒီနောက် သေချာတာတစ်ခုက ကျန်တာတွေဟာ မုသားတွေပါပဲ။

တစ်ချိန်တစ်ခါက ပန်းတစ်ပွင့် ရုတ်တရက် ရိုတ်ပုတ်ဆွတ်ခြွေခံခဲ့ရ၊ အမြဲထာဝရေကြွေလွင့်ဖို့ပါပဲ။


ပန်းပွင့်ကဗျာက ပေးသောအတွေး

စာဆို အိုမာခေယမ်သည် အသက်အရွယ်အိုမင်းလာသောအခါ စကားပြောဖော်၉တ်လာသည်။ ငယ်ရွယ်ချိန်ကလို လူ့ဘဝကို တစ်ခဏ မေ့သော ကန္တာရထဲက သုခဘုံကလေးအကြောင်း မပြောချင်တော့။ လူ့ဘဝ၏ သင်္ခါရ(အဖန်ပြောင်းလဲနေခြင်း)နှင့် အနိစ္စ (မြဲတည်မှုမရှိခြင်း) ဓမ္မသဘောကိုသာ ဆွေးနွေးပြောဆိုလိုတော့သည်။


‘The Seed’

With them the Seed of wisdom did I sow,

And with my own hand labour’d it to grow:

And this was all the Harvest that I reap’d _

“I came like Water, and like Wind I go.”


‘မျိုးစေ့’

အသိပညာ မျိုးစေ့ကို ကျွနု်ပ်ကြဲပက်ခဲ့တယ်။

သည်နောက် ကျွနု်ပ်၏ လက်ဖြင့် အပင်ကလေးများပေါက်လာစေရန် ပြုစုပျိုးထောင်ခဲ့တယ်။

ဒါဟာ ကျွနု်ပ်ရိတ်သိမ်းရမည့် ကောက်ပဲသီးနှံအားလုံးပါပဲ။

“(ပျိုးကြဲသူ) ကျွနု်ပ်ဟာ ချောင်းရေစီးလို ရောက်လာခဲ့တယ်။ ဒီနောက် လေလိုလိုပြန်ထွက်ခွာသွားတယ်။”

~ အိုမာခေယမ် 


မျိုးစေ့ကဗျာကို တွေးခေါ်ခံစားမိခြင်း

အတွေးအခေါ် ဒဿနအသိပညာပေးသော ကဗျာလင်္ကာဖွဲ့ဆိုခြင်း စသည်လောကကောင်းကျိုးကို တတ်နိုင်သရွေ့လုပ်ပြီးနောက် ဤလူ့ဘဝသို့ ချောင်းရေစီးလို ရောက်လာပြီး ယခုတော့ လေလိုလိုထွက်ခွာသွားပြီဟု စာဆို အိုမာခေယမ်က ကဗျာလင်္ကာဖြင့် ပွဲကြည့် သူများကို နှုတ်ဆက်ခဲ့တော့သည်။


နိဂုံးစကား

ကဗျာလင်္ကာ၊ ဝတ္ထု၊ ပန်းချီအနုပညာ ခံစားမှုများကို ရင်မှဖိတ်အန်ကျလာလျှင် မိအောင်သိမ်းယူ၍ မိမိသန်ရာ အနုပညာပုံစံဖြင့် ဖန်တီးလိုက်ပါ။ သင်ရှိနေစဉ် သို့မဟုတ် သင်မရှိတော့တဲ့အခါ အများသူငါ ဖတ်ရှုခံစားခွင့်ရအောင် စီစဉ်သိမ်းဆည်းထားခဲ့ပါ။ ဤသည်မှာ ပါရှန်းစာဆို အိုမာခေယမ်၏ ဘဝထဲက သင်ခန်းစာဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။


ကိုးကား - 

Rubaiyat of Omar Khayyam. Translated into English by Edward Fitzgerald, 1800.

Khit Thit English – Myanmar Dictionary


Wikipedia: https://en.m.wikipedia.org/wiki/Omar_Khayyam


Note: ၃၁ရက် ဇန်နဝါရီလ ၂၀၂၁ခုနှစ်ထုတ် ရတနာပုံသတင်းစာ စာမျက်နှာ ၂၂တွင်ပါသော သိပ္ပံပညာရှင် ပါရှန်းစာဆို အိုမာခေယမ် ခေါင်းစဉ်ဖြင့် မောင်ကြော့ဦးရေးသားသော ဆောင်းပါးတိုမှ ကောက်နှုတ်ဝေငှခြင်းဖြစ်ပါသည်။


(Zawgyi) 

သိပၸံပညာရွင္ ပါရွန္းစာဆို အိုမာေခယမ္ (Omar Khayyam 1048 – 1131)




‘Paradise’

Here with a Loaf of Bread beneath the Bough,

A Flask of Wine, a Book of Verse - and Thou

Beside me singing in the Wilderness -

And Wilderness is Paradise enow.


‘သုခဘံု’

ကႏၱရ အိုေအစစ္ သစ္ပင္ရိပ္မွာ

ေပါင္မုန္႔တစ္လံုး၊

၀ိုင္အရက္ တစ္အိုး၊

ကဗ်ာလကၤာက်မ္းတစ္အုပ္၊

ကၽြႏု္ပ္ရဲ႕ေဘးမွာ

မိန္းမေခ်ာေလး အသင္

အရိုင္းကႏၱာရထဲမွာ ေတးဆိုလွ်က္

ယခုေတာ့ ကႏၱရအိုေအစစ္ဟာ သုခဘံုပါပဲ။


- အိုမာေခယမ္ (Omar Khayyam)


ဇာတိႏွင့္ ငယ္ဘ၀

အိုမာေခယမ္ (Omar Khayyam) ကို ၁၀၄၈ခုႏွစ္ ေမလ ၁၈ရက္တြင္ ပါရွားႏိုင္ငံေျမာက္ပိုင္း နီရွာပူ(Nishabur, Khorasan)၌ ေမြးဖြားသည္။ ယခု အီရန္ႏိုင္ငံ ျဖစ္ေနျပီ။ ဖခင္မွာ အီဘရာဟင္ေခယာမီျဖစ္ျပီး ခ်မ္းသာၾကြယ္၀ေသာ ေဆး၀ါးပညာရွင္တစ္ဦး ျဖစ္သည္။ အိုမာေခယမ္၏ မိသားစုသည္ အစၥလာမ္ဘာသာ၀င္ မြတ္ဆလင္မ်ားျဖစ္ၾကသည္။သူ႕ဖလင္သည္ သူတတ္ထားသည့္ အရာအားလံုးကို အိုမာေခယမ္ကို သင္ေပးသည္။ ေဆးပညာ၊ ဒႆန၊ သခ်ာၤအားလံုးသည္ ဖခင္ထံမွ အေမြျဖစ္သည္။

ယခင္ဆမာကန္(ယခု ဥဇဘက္ကစၥတန္ေဒသ)သို႕လွည္းတန္းၾကီးျဖင့္ လိုက္ပါခဲ့သည္။ ထိုစဥ္က ဆမာကန္သည္ ပညာသင္ၾကားေရး ဗဟိုဌာနျဖစ္သည္။ ဆမာကန္တြင္ ဖခင္၏မိတ္ေဆြ တရားသူၾကီးကေျပာေပးသျဖင့္ ဘုရင့္ထံ၌ ဘ႑ာစိုးတာ၀န္ထမ္းေဆာင္ခြင့္ရသည္။ ဆမာကန္(Samarkand) တြင္သူသည္ အကၡရာသခ်ာၤကို တိုးျမွင့္ေလ့လာခဲ့သည္။ ၁၀၇၀ ျပည့္ႏွစ္ အသက္ ၂၂ႏွစ္အရြယ္တြင္ အကၡရာ ပညာက်မ္းကို ျပဳစုထုတ္ေ၀ႏိုင္ခဲ့သျဖင့္ သခ်ာၤပညာရွင္အျဖစ္ ထင္ရွားခဲ့သည္။

၁၀၇၃ခုႏွစ္တြင္ အိုမာေခယမ္သည္ တစ္ႏွစ္တြင္ ၃၆၅ရက္ႏွင့္ ဒသမ ၂၄၂၂ရက္ရွိေၾကာင္း တိက်စြာတြက္ခ်က္သတ္မွတ္ေပးႏိုင္ခဲ့သည္။


ပါရွန္းစာဆိုဘ၀

အိုမာေခယမ္သည္ ပါရွန္းစာေပးျဖင့္ ကဗ်ာလကၤာမ်ားေရးသားခဲ့သည္ဆိုေသာ္လည္း သူအသက္ရွင္စဥ္ေဖာ္ထုတ္ခြင့္မရခဲ့ေခ်။ နန္းတြင္း အာဏာလုပြဲမ်ားေၾကာင့္ သူ႕ကဗ်ာလကၤာမ်ားကို တိတ္တခိုးရြတ္ဆိုခဲ့ၾကရသည္။

အိုမာေခယမ္သည္ ၁၁၃၁ခုႏွစ္ ဒီဇင္ဘာလ ၄ ရက္တြင္ နီရွာပူေမြးရပ္ေျမ၌ ကြယ္လြန္သည္။ ကြယ္လြန္ခ်ိန္တြင္ အသက္ ၈၃ႏွစ္ျဖစ္ သည္။

အိုမာေခယမ္၏ ကဗ်ာလကၤာမ်ားကို ၁၈၀၀ျပည့္ႏွစ္တြင္မွ ‘အက္(ဒ)၀ပ္-ဖစ္ဂ်ရဲ(လ) Edward FitzGerald (1859) ဆိုသူက အဂၤလိပ္ဘာသာသို႔ ျပန္ဆိုထုတ္ေ၀ခဲ့သျဖင့္ ပါရွန္းစာဆိုအျဖစ္ ကမၻာကသိကာ ထင္ရွားေက်ာ္ၾကားခဲ့သည္။

၄င္းကဗ်ာလကၤာစာအုပ္အမည္မွာ Rubaiyat of Omar Khayyam ျဖစ္ပါသည္။


‘The Flower’ 

Oh, come with old Khayyam, and Leave the Wise

To Talk: one thing is certain, that Life flies;

One thing is certain, and the Rest is Lies;

The flower that once has blown for ever dies.

အို….မိတ္ေဆြ ပညာေတြကိုေမ့ထားျပီး အဘိုးအိုေခယမ္ႏွင့္ စကားေျပာလွည့္စမ္းပါ။

ေသခ်ာတာတစ္ခုက လူ႕ဘ၀ဆိုတာ ပ်ံသန္းေနတယ္။

ဒီေနာက္ ေသခ်ာတာတစ္ခုက က်န္တာေတြဟာ မုသားေတြပါပဲ။

တစ္ခ်ိန္တစ္ခါက ပန္းတစ္ပြင့္ ရုတ္တရက္ ရိုတ္ပုတ္ဆြတ္ေျခြခံခဲ့ရ၊ အျမဲထာ၀ရ ေၾကြလြင့္ဖို႔ပါပဲ။

ပန္းပြင့္ကဗ်ာက ေပးေသာအေတြး

စာဆို အိုမာေခယမ္သည္ အသက္အရြယ္အိုမင္းလာေသာအခါ စကားေျပာေဖာ္၉တ္လာသည္။ ငယ္ရြယ္ခ်ိန္ကလို လူ႕ဘ၀ကို တစ္ခဏ ေမ့ေသာ ကႏၱာရထဲက သုခဘံုကေလးအေၾကာင္း မေျပာခ်င္ေတာ့။ လူ႕ဘ၀၏ သခၤါရ(အဖန္ေျပာင္းလဲေနျခင္း)ႏွင့္ အနိစၥ (ျမဲတည္မႈမရွိျခင္း) ဓမၼသေဘာကိုသာ ေဆြးေႏြးေျပာဆိုလိုေတာ့သည္။


‘The Seed’

With them the Seed of wisdom did I sow,

And with my own hand labour’d it to grow:

And this was all the Harvest that I reap’d _

“I came like Water, and like Wind I go.”


‘မ်ိဳးေစ့’

အသိပညာ မ်ိဳးေစ့ကို ကၽြႏု္ပ္ၾကဲပက္ခဲ့တယ္။

သည္ေနာက္ ကၽြႏု္ပ္၏ လက္ျဖင့္ အပင္ကေလးမ်ားေပါက္လာေစရန္ ျပဳစုပ်ိဳးေထာင္ခဲ့တယ္။

ဒါဟာ ကၽြႏု္ပ္ရိတ္သိမ္းရမည့္ ေကာက္ပဲသီးႏွံအားလံုးပါပဲ။

“(ပ်ိဳးၾကဲသူ) ကၽြႏု္ပ္ဟာ ေခ်ာင္းေရစီးလို ေရာက္လာခဲ့တယ္။ ဒီေနာက္ ေလလိုလိုျပန္ထြက္ခြာသြားတယ္။”

အိုမာေခယမ္ 

မ်ိဳးေစ့ကဗ်ာကို ေတြးေခၚခံစားမိျခင္း

အေတြးအေခၚ ဒႆနအသိပညာေပးေသာ ကဗ်ာလကၤာဖြဲ႔ဆိုျခင္း စသည္ေလာကေကာင္းက်ိဳးကို တတ္ႏိုင္သေရြ႕လုပ္ျပီးေနာက္ ဤလူ႕ဘ၀သို႔ ေခ်ာင္းေရစီးလို ေရာက္လာျပီး ယခုေတာ့ ေလလိုလိုထြက္ခြာသြားျပီဟု စာဆို အိုမာေခယမ္က ကဗ်ာလကၤာျဖင့္ ပြဲၾကည့္ သူမ်ားကို ႏႈတ္ဆက္ခဲ့ေတာ့သည္။

နိဂံုးစကား

ကဗ်ာလကၤာ၊ ၀တၳဳ၊ ပန္းခ်ီအႏုပညာ ခံစားမႈမ်ားကို ရင္မွဖိတ္အန္က်လာလွ်င္ မိေအာင္သိမ္းယူ၍ မိမိသန္ရာ အႏုပညာပံုစံျဖင့္ ဖန္တီးလိုက္ပါ။ သင္ရွိေနစဥ္ သို႕မဟုတ္ သင္မရွိေတာ့တဲ့အခါ အမ်ားသူငါ ဖတ္ရႈခံစားခြင့္ရေအာင္ စီစဥ္သိမ္းဆည္းထားခဲ့ပါ။ ဤသည္မွာ ပါရွန္းစာဆို အိုမာေခယမ္၏ ဘ၀ထဲက သင္ခန္းစာျဖစ္ေၾကာင္း တင္ျပလိုက္ရေပသည္။

ကိုးကား - 

Rubaiyat of Omar Khayyam. Translated into English by Edward Fitzgerald, 1800.

Khit Thit English – Myanmar Dictionary


Wikipedia: https://www.britannica.com/biography/Omar-Khayyam-Persian-poet-and-astronomer


Note: ၃၁ရက္ ဇန္န၀ါရီလ ၂၀၂၁ခုႏွစ္ထုတ္ ရတနာပံုသတင္းစာ စာမ်က္ႏွာ ၂၂တြင္ပါေသာ သိပၸံပညာရွင္ ပါရွန္းစာဆို အိုမာေခယမ္ ေခါင္းစဥ္ျဖင့္ ေမာင္ေၾကာ့ဦးေရးသားေသာ ေဆာင္းပါးတိုမွ ေကာက္ႏႈတ္ေ၀ငွျခင္းျဖစ္ပါသည္။

No comments: