Friday, February 12, 2021

Mala Xiang Guo (မာလာရှမ်းကော) မဟုတ်တဲ့ မာလာဟင်းများ (အပိုင်း တစ်)

Mala Xiang Guo (မာလာရှမ်းကော) မဟုတ်တဲ့ မာလာဟင်းများ (အပိုင်း တစ်) 

မာလာရှမ်းကောမြန်မာပြည်မှာခေတ်စားနေတာ နှစ်အတော်ကြာပါပြီ။ သေချာတာကတော့ စီချွမ်တရုတ်စားသောက်ဆိုင်တစ်ခုမှာ မာလာငါးဟင်းကို အရင်ဆုံးစားဖူးတယ်။ နောက်ပိုင်းတော့ အခုခေတ်စားနေတဲ့ မာလာရှမ်းကောကိုစားဖူးတာပေါ့။မာလာရှမ်းကော ချက်ရင်ပဲဖြစ်ဖြစ်၊ မာလာငါး၊ မာလာကြက်ချဉ်စပ် ဘယ်လိုဆိုဆို အဓိကကျတဲ့ ပါဝင်ပစ္စည်းအမယ်က မာလာအနှစ် သို့မဟုတ် အမှုန့် (Mala Cuisine Paste or Powder) ပါပဲ။ အရသာအစပ်ပိုကဲမလား၊ ထုံတုံတုံအရသာပိုကြိုက်သလားဆိုတာကတော့ကြည့်ရွေးရမယ် ထင်ပါတယ်။


သည်တစ်ခါလည်း မာလာဟင်းချက်နည်းတွေကို အချို့က အချိုးအစားတိတိကျကျဖော်ပြကြသလို အချို့က ပျှမ်းမျှသဘောချက်နည်း ကိုသာပြောထားကြတာမို့ ကိုယ့်လက်စွမ်းအလိုက် အရသာကွာခြားနိုင်ပါတယ်။ဒါကြောင့် အချက်အပြုတ် Youtuber တွေရဲ့ Video Clips တွေနဲ့ တွဲဖက်တင်ကာဝေငှလိုက်ပါတယ်။


(၁) မာလာကြက်ပေါင်း




ပါဝင်ပစ္စည်း

ကြက် တစ်ကောင်၊ သန့်စင်ပြီး ဂျင်း အနည်းငယ်၊ ကြက်သွန်မြိတ်၊ ဟွာကျောင်း (Sichuan Pepper သို့မဟုတ် မက်ခါးသီး) အနည်းငယ်၊ မာလာဟင်းခတ်အမှုန့် (၁) ဇွန်း၊ ပဲငံပြာရည်အကြည်၊ နှမ်းဆီမွှေး။

ပြင်ဆင်ချက်ပြုတ်ပုံ

ကြက်တစ်ကောင်အားသန့်စင်ပြီး ဂျင်း၊ ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်၊ ဟွာကျောင်းတို့ဖြင့်ပြုတ်ပါ သို့မဟုတ် ပေါင်းပါ။

ထို့နောက် ပြုတ်ထားသည့် ကြက်သားများအား အသားများ မာသွားစေရန် ရေခဲရေနဲ့စိမ်ထားပါ။ ပြီးနောက် အနေတော်အရွယ် လှီးဖြတ်ထားပါ။

မာလာဟင်းခတ်အမှုန့် (စားပွဲတင်ဇွန်း တစ်ဇွန်း)၊ ဟွာကျောင်းအနည်းငယ်၊ ပဲငံပြာရည်အကြည်အနည်းတို့ကို ပန်းကန်တစ်ခုထဲသို့ ထည့်ထားပြီး ခြစ်ခြစ်တောက်ပူနေအောင် အပူပေးထားတဲ့ နှမ်းဆီအား လောင်းချပါ။

လှီးဖြတ်ထားသည့် ကြက်သားများပေါ်သို့ ဆီမွှေးအားလောင်းချပြီးနောက် သုံးဆောင်နိုင်ပါပြီ။


(၂) မာလာဖက်ထုပ်



လိုအပ်ပစ္စည်း

မာလာဟင်းအနှစ်၊ ဂျင်း၊ ကြက်သွန်မြိတ်၊ ဆီမွှေး၊ ခရုဆီ၊ မိမိနှစ်သက်ရာ အသား၊ ကြက်သွန်ဖြူ၊ ဖက်ထုပ်ရွက်။

ပြင်ဆင်ပြုလုပ်ပုံ

မာလာဟင်းအနှစ်၊ ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ ပါးပါးလှီးထားသော ကြက်သွန်မြိတ်နှင့် ဆီမွှေး အနည်းငယ်ကို ပန်းကန်လုံးတစ်ခုထဲတွင်ထည့်ပြီးမွှေပါ။

မိမိနှစ်သက်ရာအသားကို ကြိတ်ထားတာရယ်၊ ကြက်သွန်မြိတ်ပါးပါးလှီးထားတာရယ်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူတို့ကို ခရုဆီ အနည်းငယ်ထည့်ကာ ရောနယ်ပါ။

အရသာနယ်ထားသည့် အသားများကို ဖက်ထုပ်ရွက်ဖြင့်ထုပ်ပါ။

ထို့နောက် ကြက်သားပြုတ်ရည်ထဲထည့်ပြီးပြုတ်ပေးပါ။

မာလာဟင်းအနှစ်ပြင်ထားတာကို ပြုတ်ရည်အိုးထဲသို့ထည့်ပါ။

အရသာအတွက် ဆား (သို့မဟုတ်) ကြက်သားမှုန့်ထည့်ပါ။


(၃) ရေဘဝဲ (သို့မဟုတ်) ပြည်ကြီးငါး မာလာဟင်း




လိုအပ်ပစ္စည်းများ

ရေဘဝဲ (သို့မဟုတ်) ပြည်ကြီးငါး၊ မာလာဟင်းခတ်အမှုန့် စားပွဲတင်ဇွန်းတစ်ဇွန်း၊ ပဲငံပြာရည်အကြည် ၁ဇွန်း၊ ဂျင်း၊ ကြက်သွန်ဖြူ၊ဆီ။

ပြင်ဆင်ချက်ပြုတ်ပုံ

ရေဘဝဲ သို့မဟုတ် ပြည်ကြီးငါးများကို သန့်စင်စွာဆေးကြောပြီး ရေစစ်ထားပါ။

မာလာဟင်းခတ်အမှုန့် စားပွဲတင်ဇွန်းတစ်ဇွန်း၊ ပဲငံပြာရည်အကြည် တစ်ဇွန်း၊ ဆား သို့မဟုတ် ကြက်သားမှုန့်အနည်းငယ်တို့ကို ပန်းကန်လုံးတစ်လုံးထဲတွင် ဖျော်စပ်ထားပါ။

ဒယ်အိုးတစ်ခုထဲတွှု် ဆီထည့်ပြီး ဂျင်းနုတ်နုတ်စင်း၊ ကြက်သွန်ဖြူပါးပါးလှီးတို့ကို ဆီသတ်ပါ။ ရေဘဝဲ သို့မဟုတ် ပြည်ကြီးငါးများကိုလဲ ထည့်သွင်းပြီး ဆီသတ်ပါ။

ထို့နောက် ဖျော်စပ်ထားသော အရည်များအား ဒယ်အိုးအတွင်းသို့ လောင်းချပါ။ အရသာမြည်းပါ။

ဒယ်အိုးအား Oven ထဲသို့ထည့်သွင်းပြီး အပူချိန် ၂၀၀ ဒီဂရီဖြင့် ဆယ်မိနစ်ခန့် Bake ပါ။


(၃) မာလာခေါက်ဆွဲ




လိုအပ်ပစ္စည်း

ခေါက်ဆွဲ၊ မာလာဟင်းအနှစ်၊ ဂျင်း၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ဆီမွှေး၊နံနံပင်၊မြေပဲ၊နှမ်း။

ပြင်ဆင်ချက်ပြုတ်ပုံ

ပန်းကန်းလုံးတစ်ခုထဲ မာလာဟင်းအနှစ်၊ ဂျင်း၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ဆီမွှေးတို့အားထည့်ပြီး မွှေပါ။

ခေါက်ဆွဲများအားပြုတ်ထားပါ။

မိမိနှစ်သက်ရာအသား တစ်ခုခုအားပြုတ်ပါ။ အသားပြုတ်အိုးထဲသို့ မာလာအနှစ်ပြင်ဆင်ထားတာကိုထည့်ပါ။

ပြင်ဆင်စားမည့် ပန်းကန်လုံးတစ်ခုထဲသို့ ခေါက်ဆွဲလိုသလောက်ထည့်ပါ။ ထို့နောက် အသားပြုတ်ရည်နှင့် အသားများထည့်ပါ။

နံနံပင်၊ မြေပဲထောင်း၊ နှမ်းစသည်တို့ကိုဖြူးပြီး စားသုံးနိုင်ပါသည်။


(၄) စီချွမ် အမဲသား မာလာဟင်း




အမဲသား(မိုးခိုသား)၊ ဒိန်ချဉ်၊ဂျင်း၊မာလာဟင်းအနှစ်၊ကြက်သွန်မြိတ်၊ ငရုတ်သီးခြောက်အတောင့်ကြော်၊ နှမ်းဆီ၊ နံနံပင်။

ပြင်ဆင်ပြုလုပ်ပုံ

အမဲသား(မိုးခိုသား)များအား အနေတော်အရွယ်ပါးပါးလှီးဖြတ်ပြီး ဒိန်ချဉ်အနည်းငယ်၊ ဆား၊ ဂျင်းအရည်တို့ဖြင့် အရသာ ဝင်အောင်နယ်နှပ်ထားပါ။

မာလာဟင်းခတ်အနှစ် (၁)ဇွန်း၊ ထောင်းထားသောဂျင်း၊ ကြက်သွန်ဖြူ၊ ပါးပါးလှီးထားသော ကြက်သွန်မြိတ်၊ ငရုတ်သီးခြောက်တို့အား အမဲရိုး (သို့မဟုတ်) ကြက်ရိုးဖြင့်ပြုတ်ထားသော ပြုတ်ရည်ထဲသို့ထည့်ပြီး ဆူအောင်တည်ပါ။ ထို့နောက် ပြုတ်ရည်အား ဇကာဖြင့်စစ်ထားပါ။

ဇကာစစ်ပြီး သန့်စင်ထားသောပြုတ်ရည်အား ဆူအောင်တည်ထားပြီး အမဲသားများအားထည့်ပါ။ ပဲငံပြာရည်အကြည်ထည့်ပါ။

ပန်းကန်တစ်ခုအတွင်း အသား၊ပြုတ်ရည်များထည့်ပြီး ပူခြစ်နေအောင်အပူပေးထားသော နှမ်းဆီအားလောင်းချပါ။

နံနံပင်၊ငရုတ်သီးတောင့်ကြော်များထည့်ပါ။


(၅) မာလာငါးခဲပတ်ကင်




လိုအပ်ပစ္စည်းများ

ကကတစ် ငါးတစ်ကောင်၊ မာလာဟင်းအနှစ်၊ပဲငံပြာရည်အကြည်၊ မိမိနှစ်သက်ရာ အသီးအနှံများ(ကြက်သွန်နီ၊ ငရုတ်ပွသီး)၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ဟွာကျောင်း၊ကြက်သွန်မြိတ်၊ နံနံပင်။

ပြင်ဆင်ပြုလုပ်ပုံ

ကကတစ်ငါးတစ်ကောင်အား အကြေးခွံထိုး၊ အညစ်အကြေးသန့်စင်ပြီး ရေစင်အောင်ဆေးကြောပါ။

ထို့နောက် ဓားမွှန်းရာပေးပြီး ဆား သို့မဟုတ် ကြက်သားမှုန့်ဖြင့်နယ်ထားပါ။

မိမိနှစ်သက်ရာ အသီးအနှံများအား ခဲပတ်အတွင်သို့ထည့်သွင်းရန် အနေတော်အရွယ်လှီးဖြတ်ထားပါ။

ဂျင်း၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ အကုန်ပါးပါးလှီးပြီး ဆီသတ်ပါ။

မာလာဟင်းအနှစ်ထည့်ပြီ ဆီသတ်ပါ။ ပဲငံပြာရည်အကြည် တစ်ဇွန်းထည့်ပါ။ အရသာအတွက် ဆားအနည်းငယ် ထည့်ပါ။

ရရှိလာသည့် မာလာဟင်းအနှစ်များအား ခဲပတ်အတွင်းထည့်သွင်းထားသည့် ငါးနှင့်အသီးအရွက်များပေါ်သို့ဆမ်းပါ။

ထို့နောက် ခဲပတ်အားလုံခြုံစွာထုတ်ပြီး Oven သို့မဟုတ် မီးသွေးမီးဖိုပေါ်တွင်ကင်ပါ။

Oven နှင့်ကင်ပါက အပူချိန် ၂၀၀ ဒီဂရီပေးပြီး ၄၅မိနစ်ခန့်ကင်ပါ။


(၆) ကြက်ခြေထောက် မာလာ




လိုအပ်ပစ္စည်း

သန့်စင်ပြီး ကြက်ခြေထောက်များ၊ ဟင်းချက်အရက်ဖြူ၊ ကြက်သွန်ဖြူ၊ဂျင်း၊မာလာဟင်းအနှစ်၊ပဲငံပြာရည်အကြည်

ပြင်ဆင်ပြုလုပ်ပုံ

ကြက်ခြေထောက်များ ရေဆေးသန့်စင်ပြီးနောက် ပဲငံပြာရည်အကြည်၊ ဆား၊ အရက်ဖြူအနည်းငယ်၊ ကြက်သွန်ဖြူ ပါးပါးလှီး၊ ထောင်းထားတဲ့ ဂျင်းတို့ဖြင့် ရောနှောပြုတ်ထားပါ။

ကြက်ခြေထောက်၏အသားများ နူးပြီဆိုပါက ရေစစ်ထားပါ။

ရေစစ်ထားသော ကြက်ခြေထောက်များအား မာလာဟင်းခတ်အနှစ်ဖြင့်နယ်ပါ။

နယ်ထားသော ကြက်ခြေထောက်များအား ဆီပူပူထဲတွင်ထည့်ကာ ရွှေညိုရောင်ရသည်အထိ ပြန်ကြော်ပါ။

ကြက်ခြေထောက်ပြုတ်ရည်ထဲသို့ ကြော်ထားသော ကြက်ခြေထောက်များကိုထည့်ပြီး သုံးဆောင်လို့ရသလို ကြွပ်ကြွပ်ရွရွ ကြက်ခြေထောက် စပ်စပ်လေးကို သည်အတိုင်းလေးလည်း သုံးဆောင်လို့ရပါတယ်။


(၇) မာလာကြက်ကြော်




ကြက်ပေါင် သို့မဟုတ် ကြက်ရင်ပုံသား၊ မာလာဟင်းခတ်အမှုန့်(အဝါရောင်အထုတ်)၊ နွားနို့၊သကြား၊ဆား၊ပဲငံပြာရည်အကြည်၊ ကြက်ဥအနှစ်၊ ဂျုံမှုန့်၊ ပျားရည်။

ပြင်ဆင်ချက်ပြုတ်ပုံ

ကြက်ပေါင် (သို့မဟုတ်) ကြက်ရင်ပုံသားများအား ရေဖြင့်စင်ကြယ်အောင်ဆေးပေးပါ။

မာလာဟင်းခတ်အမှုန့် + နွားနို့ ထမင်းစားဇွန်း ၅ ဇွန်း+သကြား+ဆား+ပဲငံပြာရည်အကြည်အနည်းငယ်+ ကြက်ဥအနှစ်တို့အား ဗူးတစ်ခုအတွင်း ဖျော်စပ်ထားပြီး ကြက်သားများအား ဗူးထဲရှိအရည်များနဲ့နယ်ပါ။ ၁၂နာရီခန့် အရသာနှပ်ထားပါ။

အရသာနှပ်ထားသောကြက်သားများအား ဂျုံမှုန့်များပေါ်သို့တင်ပြီး နှံ့စပ်သည်အထိဖြူးပေးပါ။

ထို့နောက် ဆီပူပူတွင် ဆီနစ်သည်အထိကြက်သားများအားကြော်ပါ။ ရွှေညိုရောင်ရပါကဆီမှ ဆည်ယူပြီးဆီစစ်ထားပါ။

ကြက်ကြော်များပေါ်သို့ မာလာဟင်းခတ်အမှုန့်ဖြူးပေးပြီး ပျားရည်ဆမ်းပါ။

ချက်ပြုတ်ပြသူ -  Chan Sitt Lynn (https://www.facebook.com/chansitt.lynn.7


(Zawgyi) 

Mala Xiang Guo (မာလာရွမ္းေကာ) မဟုတ္တဲ့ မာလာဟင္းမ်ား (အပိုင္း တစ္) 



မာလာရွမ္းေကာျမန္မာျပည္မွာေခတ္စားေနတာ ႏွစ္အေတာ္ၾကာပါျပီ။ ေသခ်ာတာကေတာ့ စီခၽြမ္တရုတ္စားေသာက္ဆိုင္တစ္ခုမွာ မာလာငါးဟင္းကို အရင္ဆံုးစားဖူးတယ္။ ေနာက္ပိုင္းေတာ့ အခုေခတ္စားေနတဲ့ မာလာရွမ္းေကာကိုစားဖူးတာေပါ့။မာလာရွမ္းေကာ ခ်က္ရင္ပဲျဖစ္ျဖစ္၊ မာလာငါး၊ မာလာၾကက္ခ်ဥ္စပ္ ဘယ္လိုဆိုဆို အဓိကက်တဲ့ ပါ၀င္ပစၥည္းအမယ္က မာလာအႏွစ္ သို႕မဟုတ္ အမႈန္႔ (Mala Cuisine Paste or Powder) ပါပဲ။ အရသာအစပ္ပိုကဲမလား၊ ထံုတံုတံုအရသာပိုၾကိဳက္သလားဆိုတာကေတာ့ၾကည့္ေရြးရမယ္ ထင္ပါတယ္။

သည္တစ္ခါလည္း မာလာဟင္းခ်က္နည္းေတြကို အခ်ိဳ႕က အခ်ိဳးအစားတိတိက်က်ေဖာ္ျပၾကသလို အခ်ိဳ႕က ပွ်မ္းမွ်သေဘာခ်က္နည္း ကိုသာေျပာထားၾကတာမို႔ ကိုယ့္လက္စြမ္းအလိုက္ အရသာကြာျခားႏိုင္ပါတယ္။ဒါေၾကာင့္ အခ်က္အျပဳတ္ Youtuber ေတြရဲ႕ Video Clips ေတြနဲ႔ တြဲဖက္တင္ကာေ၀ငွလိုက္ပါတယ္။


(၁) မာလာၾကက္ေပါင္း




ပါ၀င္ပစၥည္း

ၾကက္ တစ္ေကာင္၊ သန္႔စင္ျပီး ဂ်င္း အနည္းငယ္၊ ၾကက္သြန္ျမိတ္၊ ဟြာေက်ာင္း (Sichuan Pepper သို႔မဟုတ္ မက္ခါးသီး) အနည္းငယ္၊ မာလာဟင္းခတ္အမႈန္႔ (၁) ဇြန္း၊ ပဲငံျပာရည္အၾကည္၊ ႏွမ္းဆီေမႊး။

ျပင္ဆင္ခ်က္ျပဳတ္ပံု

ၾကက္တစ္ေကာင္အားသန္႔စင္ျပီး ဂ်င္း၊ ပါးပါးလွီးထားတဲ့ ၾကက္သြန္ျမိတ္၊ ဟြာေက်ာင္းတို႔ျဖင့္ျပဳတ္ပါ သို႕မဟုတ္ ေပါင္းပါ။

ထို႔ေနာက္ ျပဳတ္ထားသည့္ ၾကက္သားမ်ားအား အသားမ်ား မာသြားေစရန္ ေရခဲေရနဲ႔စိမ္ထားပါ။ ျပီးေနာက္ အေနေတာ္အရြယ္ လွီးျဖတ္ထားပါ။

မာလာဟင္းခတ္အမႈန္႔ (စားပြဲတင္ဇြန္း တစ္ဇြန္း)၊ ဟြာေက်ာင္းအနည္းငယ္၊ ပဲငံျပာရည္အၾကည္အနည္းတို႔ကို ပန္းကန္တစ္ခုထဲသို႔ ထည့္ထားျပီး ျခစ္ျခစ္ေတာက္ပူေနေအာင္ အပူေပးထားတဲ့ ႏွမ္းဆီအား ေလာင္းခ်ပါ။

လွီးျဖတ္ထားသည့္ ၾကက္သားမ်ားေပၚသို႔ ဆီေမႊးအားေလာင္းခ်ျပီးေနာက္ သံုးေဆာင္ႏိုင္ပါျပီ။


(၂) မာလာဖက္ထုပ္



လိုအပ္ပစၥည္း

မာလာဟင္းအႏွစ္၊ ဂ်င္း၊ ၾကက္သြန္ျမိတ္၊ ဆီေမႊး၊ ခရုဆီ၊ မိမိႏွစ္သက္ရာ အသား၊ ၾကက္သြန္ျဖဴ၊ ဖက္ထုပ္ရြက္။

ျပင္ဆင္ျပဳလုပ္ပံု

မာလာဟင္းအႏွစ္၊ ေထာင္းထားေသာ ဂ်င္း၊ ၾကက္သြန္ျဖဴ၊ ပါးပါးလွီးထားေသာ ၾကက္သြန္ျမိတ္ႏွင့္ ဆီေမႊး အနည္းငယ္ကို ပန္းကန္လံုးတစ္ခုထဲတြင္ထည့္ျပီးေမႊပါ။

မိမိႏွစ္သက္ရာအသားကို ၾကိတ္ထားတာရယ္၊ ၾကက္သြန္ျမိတ္ပါးပါးလွီးထားတာရယ္၊ ေထာင္းထားတဲ့ ၾကက္သြန္ျဖဴတို႔ကို ခရုဆီ အနည္းငယ္ထည့္ကာ ေရာနယ္ပါ။

အရသာနယ္ထားသည့္ အသားမ်ားကို ဖက္ထုပ္ရြက္ျဖင့္ထုပ္ပါ။

ထို႕ေနာက္ ၾကက္သားျပဳတ္ရည္ထဲထည့္ျပီးျပဳတ္ေပးပါ။

မာလာဟင္းအႏွစ္ျပင္ထားတာကို ျပဳတ္ရည္အိုးထဲသို႔ထည့္ပါ။

အရသာအတြက္ ဆား (သို႕မဟုတ္) ၾကက္သားမႈန္႔ထည့္ပါ။


(၃) ေရဘ၀ဲ (သို႕မဟုတ္) ျပည္ၾကီးငါး မာလာဟင္း



လိုအပ္ပစၥည္းမ်ား

ေရဘ၀ဲ (သို႕မဟုတ္) ျပည္ၾကီးငါး၊ မာလာဟင္းခတ္အမႈန္႔ စားပြဲတင္ဇြန္းတစ္ဇြန္း၊ ပဲငံျပာရည္အၾကည္ ၁ဇြန္း၊ ဂ်င္း၊ ၾကက္သြန္ျဖဴ၊ဆီ။

ျပင္ဆင္ခ်က္ျပဳတ္ပံု

ေရဘ၀ဲ သို႕မဟုတ္ ျပည္ၾကီးငါးမ်ားကို သန္႔စင္စြာေဆးေၾကာျပီး ေရစစ္ထားပါ။

မာလာဟင္းခတ္အမႈန္႔ စားပြဲတင္ဇြန္းတစ္ဇြန္း၊ ပဲငံျပာရည္အၾကည္ တစ္ဇြန္း၊ ဆား သို႕မဟုတ္ ၾကက္သားမႈန္႔အနည္းငယ္တို႔ကို ပန္းကန္လံုးတစ္လံုးထဲတြင္ ေဖ်ာ္စပ္ထားပါ။

ဒယ္အိုးတစ္ခုထဲတြႈ္ ဆီထည့္ျပီး ဂ်င္းႏုတ္ႏုတ္စင္း၊ ၾကက္သြန္ျဖဴပါးပါးလွီးတို႔ကို ဆီသတ္ပါ။ ေရဘ၀ဲ သို႕မဟုတ္ ျပည္ၾကီးငါးမ်ားကိုလဲ ထည့္သြင္းျပီး ဆီသတ္ပါ။

ထို႔ေနာက္ ေဖ်ာ္စပ္ထားေသာ အရည္မ်ားအား ဒယ္အိုးအတြင္းသို႔ ေလာင္းခ်ပါ။ အရသာျမည္းပါ။

ဒယ္အိုးအား Oven ထဲသို႔ထည့္သြင္းျပီး အပူခ်ိန္ ၂၀၀ ဒီဂရီျဖင့္ ဆယ္မိနစ္ခန္႔ Bake ပါ။


(၃) မာလာေခါက္ဆြဲ




လိုအပ္ပစၥည္း

ေခါက္ဆြဲ၊ မာလာဟင္းအႏွစ္၊ ဂ်င္း၊ ၾကက္သြန္ျမိတ္၊ ၾကက္သြန္ျဖဴ၊ ဆီေမႊး၊နံနံပင္၊ေျမပဲ၊ႏွမ္း။

ျပင္ဆင္ခ်က္ျပဳတ္ပံု

ပန္းကန္းလံုးတစ္ခုထဲ မာလာဟင္းအႏွစ္၊ ဂ်င္း၊ ၾကက္သြန္ျမိတ္၊ ၾကက္သြန္ျဖဴ၊ဆီေမႊးတို႔အားထည့္ျပီး ေမႊပါ။

ေခါက္ဆြဲမ်ားအားျပဳတ္ထားပါ။

မိမိႏွစ္သက္ရာအသား တစ္ခုခုအားျပဳတ္ပါ။ အသားျပဳတ္အိုးထဲသို႔ မာလာအႏွစ္ျပင္ဆင္ထားတာကိုထည့္ပါ။

ျပင္ဆင္စားမည့္ ပန္းကန္လံုးတစ္ခုထဲသို႔ ေခါက္ဆြဲလိုသေလာက္ထည့္ပါ။ ထို႔ေနာက္ အသားျပဳတ္ရည္ႏွင့္ အသားမ်ားထည့္ပါ။

နံနံပင္၊ ေျမပဲေထာင္း၊ ႏွမ္းစသည္တို႔ကိုျဖဴးျပီး စားသံုးႏိုင္ပါသည္။


(၄) စီခၽြမ္ အမဲသား မာလာဟင္း




အမဲသား(မိုးခိုသား)၊ ဒိန္ခ်ဥ္၊ဂ်င္း၊မာလာဟင္းအႏွစ္၊ၾကက္သြန္ျမိတ္၊ ငရုတ္သီးေျခာက္အေတာင့္ေၾကာ္၊ ႏွမ္းဆီ၊ နံနံပင္။

ျပင္ဆင္ျပဳလုပ္ပံု

အမဲသား(မိုးခိုသား)မ်ားအား အေနေတာ္အရြယ္ပါးပါးလွီးျဖတ္ျပီး ဒိန္ခ်ဥ္အနည္းငယ္၊ ဆား၊ ဂ်င္းအရည္တို႔ျဖင့္ အရသာ ၀င္ေအာင္နယ္ႏွပ္ထားပါ။

မာလာဟင္းခတ္အႏွစ္ (၁)ဇြန္း၊ ေထာင္းထားေသာဂ်င္း၊ ၾကက္သြန္ျဖဴ၊ ပါးပါးလွီးထားေသာ ၾကက္သြန္ျမိတ္၊ ငရုတ္သီးေျခာက္တို႔အား အမဲရိုး (သို႕မဟုတ္) ၾကက္ရိုးျဖင့္ျပဳတ္ထားေသာ ျပဳတ္ရည္ထဲသို႔ထည့္ျပီး ဆူေအာင္တည္ပါ။ ထို႔ေနာက္ ျပဳတ္ရည္အား ဇကာျဖင့္စစ္ထားပါ။

ဇကာစစ္ျပီး သန္႔စင္ထားေသာျပဳတ္ရည္အား ဆူေအာင္တည္ထားျပီး အမဲသားမ်ားအားထည့္ပါ။ ပဲငံျပာရည္အၾကည္ထည့္ပါ။

ပန္းကန္တစ္ခုအတြင္း အသား၊ျပဳတ္ရည္မ်ားထည့္ျပီး ပူျခစ္ေနေအာင္အပူေပးထားေသာ ႏွမ္းဆီအားေလာင္းခ်ပါ။

နံနံပင္၊ငရုတ္သီးေတာင့္ေၾကာ္မ်ားထည့္ပါ။


(၅) မာလာငါးခဲပတ္ကင္



လိုအပ္ပစၥည္းမ်ား

ကကတစ္ ငါးတစ္ေကာင္၊ မာလာဟင္းအႏွစ္၊ပဲငံျပာရည္အၾကည္၊ မိမိႏွစ္သက္ရာ အသီးအႏွံမ်ား(ၾကက္သြန္နီ၊ ငရုတ္ပြသီး)၊ ၾကက္သြန္ျဖဴ၊ ဂ်င္း၊ ဟြာေက်ာင္း၊ၾကက္သြန္ျမိတ္၊ နံနံပင္။

ျပင္ဆင္ျပဳလုပ္ပံု

ကကတစ္ငါးတစ္ေကာင္အား အေၾကးခြံထိုး၊ အညစ္အေၾကးသန္႔စင္ျပီး ေရစင္ေအာင္ေဆးေၾကာပါ။

ထို႔ေနာက္ ဓားမႊန္းရာေပးျပီး ဆား သို႕မဟုတ္ ၾကက္သားမႈန္႔ျဖင့္နယ္ထားပါ။

မိမိႏွစ္သက္ရာ အသီးအႏွံမ်ားအား ခဲပတ္အတြင္သို႔ထည့္သြင္းရန္ အေနေတာ္အရြယ္လွီးျဖတ္ထားပါ။

ဂ်င္း၊ ၾကက္သြန္ျမိတ္၊ ၾကက္သြန္ျဖဴ အကုန္ပါးပါးလွီးျပီး ဆီသတ္ပါ။

မာလာဟင္းအႏွစ္ထည့္ျပီ ဆီသတ္ပါ။ ပဲငံျပာရည္အၾကည္ တစ္ဇြန္းထည့္ပါ။ အရသာအတြက္ ဆားအနည္းငယ္ ထည့္ပါ။

ရရွိလာသည့္ မာလာဟင္းအႏွစ္မ်ားအား ခဲပတ္အတြင္းထည့္သြင္းထားသည့္ ငါးႏွင့္အသီးအရြက္မ်ားေပၚသို႔ဆမ္းပါ။

ထို႔ေနာက္ ခဲပတ္အားလံုျခံဳစြာထုတ္ျပီး Oven သို႔မဟုတ္ မီးေသြးမီးဖိုေပၚတြင္ကင္ပါ။

Oven ႏွင့္ကင္ပါက အပူခ်ိန္ ၂၀၀ ဒီဂရီေပးျပီး ၄၅မိနစ္ခန္႔ကင္ပါ။


(၆) ၾကက္ေျခေထာက္ မာလာ



လိုအပ္ပစၥည္း

သန္႔စင္ျပီး ၾကက္ေျခေထာက္မ်ား၊ ဟင္းခ်က္အရက္ျဖဴ၊ ၾကက္သြန္ျဖဴ၊ဂ်င္း၊မာလာဟင္းအႏွစ္၊ပဲငံျပာရည္အၾကည္

ျပင္ဆင္ျပဳလုပ္ပံု

ၾကက္ေျခေထာက္မ်ား ေရေဆးသန္႔စင္ျပီးေနာက္ ပဲငံျပာရည္အၾကည္၊ ဆား၊ အရက္ျဖဴအနည္းငယ္၊ ၾကက္သြန္ျဖဴ ပါးပါးလွီး၊ ေထာင္းထားတဲ့ ဂ်င္းတို႔ျဖင့္ ေရာေႏွာျပဳတ္ထားပါ။

ၾကက္ေျခေထာက္၏အသားမ်ား ႏူးျပီဆိုပါက ေရစစ္ထားပါ။

ေရစစ္ထားေသာ ၾကက္ေျခေထာက္မ်ားအား မာလာဟင္းခတ္အႏွစ္ျဖင့္နယ္ပါ။

နယ္ထားေသာ ၾကက္ေျခေထာက္မ်ားအား ဆီပူပူထဲတြင္ထည့္ကာ ေရႊညိဳေရာင္ရသည္အထိ ျပန္ေၾကာ္ပါ။

ၾကက္ေျခေထာက္ျပဳတ္ရည္ထဲသို႔ ေၾကာ္ထားေသာ ၾကက္ေျခေထာက္မ်ားကိုထည့္ျပီး သံုးေဆာင္လို႔ရသလို ၾကြပ္ၾကြပ္ရြရြ ၾကက္ေျခေထာက္ စပ္စပ္ေလးကို သည္အတိုင္းေလးလည္း သံုးေဆာင္လို႔ရပါတယ္။


(၇) မာလာၾကက္ေၾကာ္


ၾကက္ေပါင္ သို႕မဟုတ္ ၾကက္ရင္ပံုသား၊ မာလာဟင္းခတ္အမႈန္႔(အ၀ါေရာင္အထုတ္)၊ ႏြားႏို႔၊သၾကား၊ဆား၊ပဲငံျပာရည္အၾကည္၊ ၾကက္ဥအႏွစ္၊ ဂ်ံဳမႈန္႔၊ ပ်ားရည္။

ျပင္ဆင္ခ်က္ျပဳတ္ပံု

ၾကက္ေပါင္ (သို႕မဟုတ္) ၾကက္ရင္ပံုသားမ်ားအား ေရျဖင့္စင္ၾကယ္ေအာင္ေဆးေပးပါ။

မာလာဟင္းခတ္အမႈန္႔ + ႏြားႏို႔ ထမင္းစားဇြန္း ၅ ဇြန္း+သၾကား+ဆား+ပဲငံျပာရည္အၾကည္အနည္းငယ္+ ၾကက္ဥအႏွစ္တို႔အား ဗူးတစ္ခုအတြင္း ေဖ်ာ္စပ္ထားျပီး ၾကက္သားမ်ားအား ဗူးထဲရွိအရည္မ်ားနဲ႔နယ္ပါ။ ၁၂နာရီခန္႔ အရသာႏွပ္ထားပါ။

အရသာႏွပ္ထားေသာၾကက္သားမ်ားအား ဂ်ံဳမႈန္႔မ်ားေပၚသို႔တင္ျပီး ႏွံ႔စပ္သည္အထိျဖဴးေပးပါ။

ထို႔ေနာက္ ဆီပူပူတြင္ ဆီနစ္သည္အထိၾကက္သားမ်ားအားေၾကာ္ပါ။ ေရႊညိဳေရာင္ရပါကဆီမွ ဆည္ယူျပီးဆီစစ္ထားပါ။

ၾကက္ေၾကာ္မ်ားေပၚသို႔ မာလာဟင္းခတ္အမႈန္႔ျဖဴးေပးျပီး ပ်ားရည္ဆမ္းပါ။

ခ်က္ျပဳတ္ျပသူ -  Chan Sitt Lynn (https://www.facebook.com/chansitt.lynn.7

No comments: