Tuesday, February 9, 2021

ရေဒီယို နဲ့ ရုပ်မြင်သံကြား

ရေဒီယို နဲ့ ရုပ်မြင်သံကြား




Radio (ရေဒီယို) အသံဖမ်းစက်အရွယ်အစားအမျိုးမျိုးရှိကြတဲ့အထဲ ယခုခေတ်မှာတော့ အိတ်ဆောင်အရွယ် ရေဒီယိုများကို ကုမ္ပဏီများက အများအပြားထုတ်လုပ်ရောင်းချနေကြဆဲဖြစ်သည်။


သမာရိုးကျ AM ရေဒီယိုထုတ်လွှင့်မှုများက အများအပြားတိုးပွားပေါ်ပေါက်လာနေသလို အခြားတစ်ဖက်ကလည်း တစ်ပိုင်တစ်နိုင် အက်(ဖ်) အမ်ရေဒီယို FM Radio ထုတ်လွှင့်မှုများက ခေတ်စားလာလျက်ရှိသည်။ မတည်ရင်းနှီးမှုပမာဏအသင့်အတင့်ဖြင့် ထူထောင်ထုတ်လွှတ်နိုင် သော FM ရေဒီယိုထုတ်လွှင့်မှုများကို ဒေသအသီးသီးရှိ သောတရှင်များကလည်း သဘောကျနှစ်ခြိုက်လက်ခံလျက်ရှိကြသည်။ 


Frequency Modulation ဟုခေါ်ဆိုသော FM ထုတ်လွှင့်မှုများသည် Amplitude Modulation ဟုခေါ်ဆိုသော သမားရိုးကျ AM စနစ်ကဲ့သို့ မိုင်ပေါင်းထောင်ချီဝေးသည့် အကွယ်အဝေးထိတိုင် မရောက်ရှိနိုင်သော်လည်း အသံအရည်အသွေးကမူ AM စနစ်ထက် များစွာကြည်လင်ြပြတ်သားမှုရှိသည်။


ကမ္ဘာအရပ်ရပ်ရှိ FM ထုတ်လွှင့်သော အသံလွှင့်ရုံများသည် 88 MHz နှင့် 108 MHz အကြား ထုတ်လွှင့်ကြပြီး AM အသံလွှင့်ရုံများကမူ ၅၃၅ ကီလိုဟတ်ဇ် နှင့် ၁၇၀၀ ကီလိုဟတ်ဇ်အကြားထုတ်လွှင့်လျက်ရှိကြသည်။ ဟတ်ဇ်(Hz)ဟူသည်မှာ တစ်စက္ကန့်လျှင် တစ်ပတ်နှုန်းရှိသော ရေဒီယို ဖရီကွင်စီယူနစ်(Radio Frequency Unit) ဖြစ်ပြီး ၎င်းကိုစတင်ဖော်ထုတ်တွေ့ရှိခဲ့သည့် ဂျာမန်သိပ္ပံပညာရှင် Heinrich Hertz ကို ဂုဏ်ပြုသည့်အနေဖြင့် အမည်ပေးထားခြင်းဖြစ်သည်။


၁၈ ရာစုအတွင်းက ဗြိတိသျှသိပ္ပံပညာရှင် James Maxwell က လျှပ်စစ်သံလိုက်လှိုင်း (Electromagnetic Wave)သီအိုရီကိုဖော်ထုတ်ခဲ့ပြီး နောက် ၁၈၈၇ခုနှစ်အရောက်တွင် ဂျာမန်လူမျိုးသိပ္ပံပညာရှင် Heinrich Hertz ကလက်တွေ့စမ်းသပ်အောင်မြင်ခဲ့သည်။ ၎င်းကိုဂုဏ်ပြုသည့် အနေဖြင့် ရေဒီယိုထုတ်လွှင့်နိုင်သည့်လှိုင်းကိုပင် သိပ္ပံပညာရှင်များက ဟတ်ဇီယန်လှိုင်း(Hertzian Wave) ဟု အမည်နာမတပ်ခဲ့ကြသည်။ ရေဒီယိုသိပ္ပံပညာရှင် မာကိုနီလက်ထက်သို့ရောက်ရှိလာသည့်အခါမှသာ ဟတ်ဇီယန်လှိုင်းကို ထုတ်လွှင့်နိုင်သည့်ကိရိယာကို တီထွင်ေအောင်မြင်ခဲ့သည်။


၁၈၄၇ခုနှစ်တွင် မွေးဖွားခဲ့သော အီတလီလူမျိုး ဂူးဂလီမိုးမာကိုနီ (Guglielmo Marconi) သည် ၁၈၉၅ခုနှစ်တွင် ပထမဦးဆုံးသော် ရေဒီယို ဆက်သွယ်ရေးအချက်ပြမှုများကို လေထဲသို့လွှင့်ခဲ့သည်။ မာကိုနီသည် ပထမဦးဆုံးသော ရေဒီယိုဆက်သွယ်ရေးအချက်ပြမှုများကို ထုတ်လွှင့်ခဲ့သူသာဖြစ်ပြီး ရေဒီယိုကိုတီထွင်ခဲ့သူတစ်ဦးမဟုတ်ပေ။ အသံလွှင့်ရုံများမှ လွှင့်ထုတ်ချက်များကို ဖမ်းယူနားဆင်နိုင်သော ရေဒီယို ဖြစ်လာအောင် အဆင့်ဆင့်တီထွင်ခဲ့ကြသူများမှာ အမည်နာမအားဖြင့် ထင်ရှားကျော်ကြားသူများမဟုတ်ကြခြင်းကြောင့် အသံဖမ်းရေဒီယို အဆင့်သို့ ပြီးပြည့်စုံအောင်ရောက်ရှိခဲ့သော အချိန်ကာလကိုမူ အတိအကျပြော၍ မရနိုင်ချေ။


သို့ရာတွင် ရေဒီယိုထုတ်လွှင့်ခြင်းသည် ၂၀ရာစု၏ အစောပိုင်းကာလတွင် စတင်ခဲ့သည်ကိုမူ အထောက်အထားမှတ်တမ်းများက ဖော်ပြလျက် ရှိနေသည်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ မက်ထရိုပိုလီတန်အော်ပရာအဆောက်အအုံမှ ၁၉၁၀ပြည့်နှစ်တွင် ပထမဦးဆုံးသော အသံလွှင့်ချက်များကို ထုတ်လွှင့်ခဲ့သည်။ သို့ရာတွင် ထိုအချိန်က ရေဒီယိုအသံဖမ်းစက်ကို တည်ဆောက်ပြီးဖြစ်သည့် နယူးယောက်ဒေသရှိ အနည်းငယ်မျှသော ပြည်သူတို့ကသာလျှင် အဆိုပါအသံလွှင့်ချက်များကို ကြားနိုင်ခဲ့ကြသည်။


အဆိုပါ အသံလွှင့်ချက်ကို လုပ်ဆောင်ခဲ့သူမှာ အမေရိကန်နိုင်ငံသား တီထွင်ပညာရှင် လီးဒီးဖောရက်စ်ဖြစ်သည်။ ဖောရက်စ်သည် ရေဒီယို ပညာဆိုင်ရာ လေဟာနယ်ပြွန်( Vacuum Tube) နှင့် အီလက်ထရွန်ပြွန် (Electron Tube)များကို ၁၉၀၆ခုနှစ်တွင် တီထွင်ခဲ့ပြီး ၎င်းကိရိယာ များကြောင့် ဝေးလံသောဒေသများသို့ ရေဒီယိုအသံလွှင့်ချက်များကို ထုတ်လွှင့်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ကာလမှစ၍ သတင်းအချက် အလက်များ ပေးပို့ခြင်းနှင့် ထုတ်လွှင့်ခြင်းကို နေရာတစ်နေရာမှ ဝေးလံသော အခြားတစ်နေရာသို့ လျင်မြန်စွာ ရောက်ရှိအောင် ရေဒီယိုများက ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ နောက်ပိုင်းတွင် သိပ္ပံပညာရှင်များက အာကာသထဲသို့ ဆက်သွယ်နိုင်ရန် ရေဒီယိုစနစ်ကိုအသုံးချခဲ့ကြရာ ယနေ့ ထိတိုင်ပင်ဖြစ်သည်။


၁၉၂၀ပြည့်နှစ်ဝန်းကျင်အရောက်တွင် အသံလွှင့်ခြင်းနှင့် ဖမ်းယူနားဆင်ခြင်းဆိုင်ရာ လုပ်ငန်းသည် သတင်းအချက်အလက်ပေးပို့မှုဆိုင်ရာ နယ်ပယ်တွင် ပို၍ခိုင်မာစွာ ရပ်တည်လာခဲ့သည်။ ထင်ရှားသောမှတ်တိုင်တစ်ခုမှာ အမေရိကန်နိုင်ငံ၊ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ပစ္စဘတ်မြို့ရှိ KDKA အသံလွှင့်ရုံက ၁၉၂၀ပြည့်နှစ်၊ နိုဝင်ဘာလတွင်ကျင်းပပြုလုပ်ခဲ့သော အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်များကို ထုတ်လွှင့်ကြေညာပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းသည်ကား တစ်ကမ္ဘာလုံးသို့ ရေဒီယိုထုတ်လွှင့်ခြင်းကို ပထမဦးဆုံးတရားဝင်ကြေညာ လုပ်ဆောင်နိုင်ခဲ့သော သမိုင်းမှတ်တိုင်ကြီးတစ်ရပ်ပင်ဖြစ်သည်။


သမားရိုးကျ AM Radio စနစ်မှ FM ခေါ် Frequency Modulation ရေဒီယိုစနစ်သို့ အသွင်ပြောင်းလဲပေးခဲ့သူမှာ အီလက်ထရောနစ်ပညာရှင် အက်ဒဝင်အမ်းစထရောင်းဖြစ်ပြီး ရေဒီယိုဖမ်းယူရာ၍ ဆူညံသံနှင့် ကြားဖြတ်နှောင့်ယှက်သံများကို လျှော့ချပေးနိုင်ခဲ့သည်။ ယင်းနောက်ပိုင်း ကာလများတွင် ရေဒီယိုအသံလွှင့်လုပ်ငန်းကွန်ရက်များကို ထူထောင်ခဲ့ကြပြီး CBS ခေါ် ကိုလံဘီယာအသံလွှင့်အစီအစဉ်နှင့် NBC ခေါ် အမျိုးသားအသံလွှင့်ကော်ပိုရေးရှင်းတို့မှာ ထင်ရှားသော အသံလွှင့်ဌာနများဖြစ်ခဲ့သည်။


အမေရိကရေဒီယိုကော်ပိုရေးရှင်း (Radio Corporation of America – RCA) သည် ၁၉၂၆ခုနှစ်တွင် NBC ကိုထူထောင်ခဲ့သည်။ NBC နှင့် RCA အသံလွှင့်ဌာနနှစ်ခု၏ ထိုစဉ်က ထုတ်လွှင့်မှုတာဝန်ခံမှာ ဒေးဗစ်ဆန်းနော့ဖ်ဖြစ်ပြီး ၎င်းသည်ထင်ရှားသောေရေဒီယိုအရာရှိဖြစ်သည်။


RCA Radio Company သည် နောက်ပိုင်းတွင် အသံလွှင့်လုပ်ငန်းများကိုသာမက ရေဒီယိုများတပ်ဆင်ထုတ်လုပ်ရောင်းချခြင်း၊ ရေဒီယို အသံလွှင့်ခြင်းဆိုင်ရာ စက်ပစ္စည်းများထုတ်လုပ်ရောင်းချခြင်း၊ ရေဒီယိုနှင့် ရေဒီယိုစနစ်ဆိုင်ရာ အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ်ရောင်း ချခြင်းဖြင့် ကမ္ဘာကျော်အောင် လူသိများခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။


နောက်ပိုင်းတွင် ရေဒီယိုကွန်ရက်စနစ်အတွင်း အချိတ်အဆက်ပြုလုပ်ထားသော အသံလွှင့်ဌာနများအချင်းချင်း သတင်းဖလှယ်ရယူမှုကို သာမက သတင်းဌာနများအလိုက် သတင်းထောက်များကိုစေလွှတ်သတင်းရယူပြီး ထုတ်လွှင့်ခြင်းများကိုပါဆောင်ရွက်နိုင်ခဲ့ကြသည်။ သတင်းဌာနတစ်ခုအနေဖြင့် အခင်းဖြစ်ပွားရာဒေသများသို့ သတင်းထောက်များစေလွှတ်၍ သတင်းရယူခြင်းကို CBS အသံလွှင့်အစီအစဉ်က ပထမဦးဆုံးစတင်ခဲ့သည်။ 

မျက်မှောက်ကာလတွင် ကမ္ဘာ့ဒေသအသီးသီး၌ ရေဒီယိုအသံလွှင့်ဌာနပေါင်းထောင်သောင်းချီ၍ ရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံ၌လည်း ရေဒီယိုထုတ်လွှင့်မှုကို ၁၉၄၆ခုနှစ် ဖေဖော်ဝါရီ ၁၅ရက်က စတင်နိုင်ခဲ့သည့်အတွက် အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် ရေဒီယို ထုတ်လွှင့်မှုကို အစောဆုံးပြုလုပ်နိုင်သောနိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။


ကမ္ဘာပေါ်၌ ရေဒီယိုတစ်ခေတ်ကို စတင်နိုင်ခဲ့ပြီး နောက်နှစ်ပေါင်း ၂၀ခန့်အကြာတွင် ပြီးပြည့်စုံသော ရုပ်မြင်သံကြားစက်များ စတင်ပေါ် ပေါက်ခဲ့သည်။ သမိုင်းမှတ်တမ်းများအရ ရေဒီယိုများမပေါ်ပေါက်မီ၊ မထုတ်လွှင့်နိုင်မီကတည်းက ရုပ်မြင်သံကြားစက်များကို တီထွင်နိုင်ရန် သိပ္ပံပညာရှင်များက ကြိုးစားအားထုတ်ခဲ့ကြကြောင်းေတွေ့ရှိရသည်။


အဘယ်ကြောင့်ဆိုသော် ၁၉ရာစုနှောင်းပိုင်းကာလများက ရုပ်မြင်သံကြားစက်များကို မွေးဖွားနိုင်ရန် စတင်သန္ဓေတည်ခဲ့သော အချိန်ကာလ များဖြစ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများက ပြဆိုနေသောကြောင့်ပင်ဖြစ်သည်။ ထိုကာလများအတွင်းက ရုပ်မြင်သံကြားစက်များ၏ ဖန်တီးရှင် တို့သည် အဆင့်ဆင့်သောတီထွင်မှုများကို ကျော်ဖြတ်လာခဲ့ကြပြီးနောက် နှစ်ဆယ်ရာစု၏ နှစ်ဝက်ကာလမရောက်မီမှာပင် ဈေးကွက်တင် ရောင်းချနိုင်သည့်အဆင့်ရှိသော ရုရုပ်မြင်သံကြားစက်များအဖြစ်သို့ရောက်ရှိအောင်ေဆောင်ကြဉ်းပေးနိုင်ခဲ့ကြသည်။


ပြီးပြည့်စုံသော ရုပ်မြင်သံကြားစက်များ၏အခြေခံအကျဆုံးဖြစ်သည့် ပထမဦးဆုံးသော ရုပ်မြင်စက်ကို အမေရိကန်နိုင်ငံ ဘော့စတွန်မြို့မှ ဂျီအာကာရီ (G.R.Kari) က ၁၈၇၅ခုနှစ်တွင် စတင်တီထွင်ခဲ့သည်။ အဆိုပါရုပ်မြင်သံကြားစက်က ဖမ်းယူပေးသည့်ပုံမှာ လှုပ်ရှားမှုမရှိသော ရုပ်သေပုံဖြစ်ပြီးသဲသဲကွဲကွဲမမြင်ရပေ။


၁၈၈၄ခုနှစ်အရောက်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့မှ ဒေါက်တာပေါလ်နစ်ကော့ဗ် (Dr. Paul Nikov)က ဂျီအာကာရီတီထွင်ခဲ့သော စက်အတွင်း၌ Scanning Disc ကိုတပ်ဆင်ပေးလိုက်သည့်အခါ ရုပ်ပုံများမှာ အရိပ်သဏ္ဌာန်လှုပ်ရှားလာသည်။ သို့ရာတွင် သဲသဲကွဲကွဲြမြင်ရခြင်းမရှိသေးပေ။


စကော့တလန်နိုင်ငံသား တီထွင်သူပညာရှင် ဂျွန်လိုဂျီဘတ် (John Logie Baird) သည် ဂျီအာကာရီက စတင်တီထွင်ခဲ့ပြီး နစ်ကော့ဗ်က မွမ်းမံခဲ့သော အဆိုပါစက်ကိုပင် ထပ်မံပြုပြင်ဖန်တီးကာ ၁၉၂၆ခုနှစ် ဇန်နဝါရီ ၂၇ရက်တွင် ကမ္ဘာ့ပထမဦးဆုံးရုပ်မြင်သံကြားဖမ်းယူမှုကို စတင်နိုင်ခဲ့သည်။


ရုပ်မြင်သံကြားစက်များ၏ အခြေခံပစ္စည်းဖြစ်သော ကက်သုက်ရောင်ခြည်ပြွန်များကို ကားလ်ဖာဒီနန်ဘရေရမ်ဆိုသူက ၁၈၉၇ခုနှစ်တွင် ဈေးကွက်တင်ရောင်းချနိုင်သည့်အဆင့်သို့ရောက်အောင် ထုတ်လုပ်ပေးခဲ့သည်။ 


၁၈၈၉ခုနှစ်တွင် မွေးဖွားခဲ့သော ရုရှားလူမျိုးသိပ္ပံပညာရှင် ဒေါက်တာ ဗလာဒီမာကော့စ်မာဇိုရီကင်က အဆိုပါကက်သုတ်ရောင်ခြည်ပြွန်များကို ရုပ်မြင်သံကြားစက်အတွင်း၌ ထည့်သွင်းတည်ဆောက် နိုင်အောင် တီထွင်ပြုလုပ်ပေးခဲ့သည်။ 


အမေရိကန်နိုင်ငံ၏ Radio Corporation of America ကုမ္ပဏီကြီးက ဒေါက်တာဇိုရီကင်၏ တီထွင်ဖန်တီးမှုများအတွက် ပံ့ပိုးမှုများစွာ ပေးခဲ့သည်။ ၁၉၃၈ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် R.C.A အမှတ်တံဆိပ်ပါ ရုပ်မြင်သံကြားစက်များကို စတင်ထုတ်လုပ်ပေးနိုင်ခဲ့သည်။ ပြီးပြည့်စုံသော ရုပ်မြင်သံကြားစက်များ၏ ဘဝခရီးက ထိုနေ့မှစတင်ခဲ့ရသည်။


သို့ရာတွင် ပြီးပြည့်စုံသော်ရုပ်မြင်သံကြားစက်များ စတင်ပေါ်ပေါက်လာပြီး မကြာမီကာလမှာပင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့သည့်အတွက် ရုပ်မြင်သံကြားစက်များကို ကျယ်ပြန့်စွာထုတ်လုပ်သုံးစွဲနိုင်ခြင်းမရှိဘဲ ၁၉၄၆ခုနှစ်သို့ ရောက်ရှိမှသာလျှင် တွင်ကျယ်စွာထုတ်လုပ်ဖြန့်ဖြူး အသုံးပြုနိုင်ခဲ့ကြသည်။


မျက်မှောက်ကာလတွင်မူ ရုပ်မြင်သံကြားထုတ်လွှင့်မှုများ၏ တွင်ကျယ်ပုံနှင့် အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ရောင်းချနေကြသော ရုပ်မြင်သံကြားစက်များ၏ ဈေးကွက်ကြီးမားကျယ်ပြန့်ပုံကို အထူးပင်ညွှန်းဆိုရန် မလိုတော့ပြီဖြစ်သည်။


မြန်မာနိုင်ငံတွင်လည်း ၁၉၈၀ပြည့်နှစ် နိုဝင်ဘာလ ၁ ရက်မှစ၍ ရုပ်မြင်သံကြားထုတ်လွှင့်မှုများကို စတင်နိုင်ခဲ့ခြင်းဖြင့် မြန်မာ့ရုပ်မြင်သံကြား ခေတ်ကို အစပျိုးနိုင်ခဲ့ပြီဖြစ်ပေသည်။


ရေးသားသူ - ပါမောက္ခကိုကိုအောင်


စာကြွင်း။ ။ ရေဒီယိုနဲ့ ရုပ်မြင်သံကြားစက်တွေ ဘယ်လိုစတင်ပေါ်ပေါက်ခဲ့တာလဲ - ပါမောက္ခကိုကိုအောင် ဆောင်းပါးပါ အချက်အလက်အချို့ကို ပြန်လည်ကူးယူဝေငှခြင်းဖြစ်ပါသည်။


(Zawgyi) 

 ေရဒီယို နဲ႔ ရုပ္ျမင္သံၾကား




Radio (ေရဒီယို) အသံဖမ္းစက္အရြယ္အစားအမ်ိဳးမ်ိဳးရွိၾကတဲ့အထဲ ယခုေခတ္မွာေတာ့ အိတ္ေဆာင္အရြယ္ ေရဒီယိုမ်ားကို ကုမၸဏီမ်ားက အမ်ားအျပားထုတ္လုပ္ေရာင္းခ်ေနၾကဆဲျဖစ္သည္။

သမာရိုးက် AM ေရဒီယိုထုတ္လႊင့္မႈမ်ားက အမ်ားအျပားတိုးပြားေပၚေပါက္လာေနသလို အျခားတစ္ဖက္ကလည္း တစ္ပိုင္တစ္ႏိုင္ အက္(ဖ္) အမ္ေရဒီယို FM Radio ထုတ္လႊင့္မႈမ်ားက ေခတ္စားလာလ်က္ရွိသည္။ မတည္ရင္းႏွီးမႈပမာဏအသင့္အတင့္ျဖင့္ ထူေထာင္ထုတ္လႊတ္ႏိုင္ ေသာ FM ေရဒီယိုထုတ္လႊင့္မႈမ်ားကို ေဒသအသီးသီးရွိ ေသာတရွင္မ်ားကလည္း သေဘာက်ႏွစ္ျခိဳက္လက္ခံလ်က္ရွိၾကသည္။ 

Frequency Modulation ဟုေခၚဆိုေသာ FM ထုတ္လႊင့္မႈမ်ားသည္ Amplitude Modulation ဟုေခၚဆိုေသာ သမားရိုးက် AM စနစ္ကဲ့သို႔ မိုင္ေပါင္းေထာင္ခ်ီေ၀းသည့္ အကြယ္အေ၀းထိတိုင္ မေရာက္ရွိႏိုင္ေသာ္လည္း အသံအရည္အေသြးကမူ AM စနစ္ထက္ မ်ားစြာၾကည္လင္ ျပတ္သားမႈရွိသည္။

ကမၻာအရပ္ရပ္ရွိ FM ထုတ္လႊင့္ေသာ အသံလႊင့္ရံုမ်ားသည္ 88 MHz ႏွင့္ 108 MHz အၾကား ထုတ္လႊင့္ၾကျပီး AM အသံလႊင့္ရံုမ်ားကမူ ၅၃၅ ကီလိုဟတ္ဇ္ ႏွင့္ ၁၇၀၀ ကီလိုဟတ္ဇ္အၾကားထုတ္လႊင့္လ်က္ရွိၾကသည္။ ဟတ္ဇ္(Hz)ဟူသည္မွာ တစ္စကၠန္႔လွ်င္ တစ္ပတ္ႏႈန္းရွိေသာ ေရဒီယို ဖရီကြင္စီယူနစ္(Radio Frequency Unit) ျဖစ္ျပီး ၄င္းကိုစတင္ေဖာ္ထုတ္ေတြ႕ရွိခဲ့သည့္ ဂ်ာမန္သိပၸံပညာရွင္ Heinrich Hertz ကို ဂုဏ္ျပဳသည့္အေနျဖင့္ အမည္ေပးထားျခင္းျဖစ္သည္။

၁၈ ရာစုအတြင္းက ျဗိတိသွ်သိပၸံပညာရွင္ James Maxwell က လွ်ပ္စစ္သံလိုက္လႈိင္း (Electromagnetic Wave)သီအိုရီကိုေဖာ္ထုတ္ခဲ့ျပီး ေနာက္ ၁၈၈၇ခုႏွစ္အေရာက္တြင္ ဂ်ာမန္လူမ်ိဳးသိပၸံပညာရွင္ Heinrich Hertz ကလက္ေတြ႕စမ္းသပ္ေအာင္ျမင္ခဲ့သည္။ ၄င္းကိုဂုဏ္ျပဳသည့္ အေနျဖင့္ ေရဒီယိုထုတ္လႊင့္ႏိုင္သည့္လႈိင္းကိုပင္ သိပၸံပညာရွင္မ်ားက ဟတ္ဇီယန္လႈိင္း(Hertzian Wave) ဟု အမည္နာမတပ္ခဲ့ၾကသည္။ ေရဒီယိုသိပၸံပညာရွင္ မာကိုနီလက္ထက္သို႔ေရာက္ရွိလာသည့္အခါမွသာ ဟတ္ဇီယန္လႈိင္းကို ထုတ္လႊင့္ႏိုင္သည့္ကိရိယာကို တီထြင္ ေအာင္ျမင္ခဲ့သည္။

၁၈၄၇ခုႏွစ္တြင္ ေမြးဖြားခဲ့ေသာ အီတလီလူမ်ိဳး ဂူးဂလီမိုးမာကိုနီ (Guglielmo Marconi) သည္ ၁၈၉၅ခုႏွစ္တြင္ ပထမဦးဆံုးေသာ္ ေရဒီယို ဆက္သြယ္ေရးအခ်က္ျပမႈမ်ားကို ေလထဲသို႔လႊင့္ခဲ့သည္။ မာကိုနီသည္ ပထမဦးဆံုးေသာ ေရဒီယိုဆက္သြယ္ေရးအခ်က္ျပမႈမ်ားကို ထုတ္လႊင့္ခဲ့သူသာျဖစ္ျပီး ေရဒီယိုကိုတီထြင္ခဲ့သူတစ္ဦးမဟုတ္ေပ။ အသံလႊင့္ရံုမ်ားမွ လႊင့္ထုတ္ခ်က္မ်ားကို ဖမ္းယူနားဆင္ႏိုင္ေသာ ေရဒီယို ျဖစ္လာေအာင္ အဆင့္ဆင့္တီထြင္ခဲ့ၾကသူမ်ားမွာ အမည္နာမအားျဖင့္ ထင္ရွားေက်ာ္ၾကားသူမ်ားမဟုတ္ၾကျခင္းေၾကာင့္ အသံဖမ္းေရဒီယို အဆင့္သို႔ ျပီးျပည့္စံုေအာင္ေရာက္ရွိခဲ့ေသာ အခ်ိန္ကာလကိုမူ အတိအက်ေျပာ၍ မရႏိုင္ေခ်။

သို႔ရာတြင္ ေရဒီယိုထုတ္လႊင့္ျခင္းသည္ ၂၀ရာစု၏ အေစာပိုင္းကာလတြင္ စတင္ခဲ့သည္ကိုမူ အေထာက္အထားမွတ္တမ္းမ်ားက ေဖာ္ျပလ်က္ ရွိေနသည္။ အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ျမိဳ႕ရွိ မက္ထရိုပိုလီတန္ေအာ္ပရာအေဆာက္အအံုမွ ၁၉၁၀ျပည့္ႏွစ္တြင္ ပထမဦးဆံုးေသာ အသံလႊင့္ခ်က္မ်ားကို ထုတ္လႊင့္ခဲ့သည္။ သို႔ရာတြင္ ထိုအခ်ိန္က ေရဒီယိုအသံဖမ္းစက္ကို တည္ေဆာက္ျပီးျဖစ္သည့္ နယူးေယာက္ေဒသရွိ အနည္းငယ္မွ်ေသာ ျပည္သူတို႔ကသာလွ်င္ အဆိုပါအသံလႊင့္ခ်က္မ်ားကို ၾကားႏိုင္ခဲ့ၾကသည္။

အဆိုပါ အသံလႊင့္ခ်က္ကို လုပ္ေဆာင္ခဲ့သူမွာ အေမရိကန္ႏိုင္ငံသား တီထြင္ပညာရွင္ လီးဒီးေဖာရက္စ္ျဖစ္သည္။ ေဖာရက္စ္သည္ ေရဒီယို ပညာဆိုင္ရာ ေလဟာနယ္ျပြန္( Vacuum Tube) ႏွင့္ အီလက္ထရြန္ျပြန္ (Electron Tube)မ်ားကို ၁၉၀၆ခုႏွစ္တြင္ တီထြင္ခဲ့ျပီး ၄င္းကိရိယာ မ်ားေၾကာင့္ ေ၀းလံေသာေဒသမ်ားသို႔ ေရဒီယိုအသံလႊင့္ခ်က္မ်ားကို ထုတ္လႊင့္ႏိုင္ခဲ့ျခင္းျဖစ္သည္။ ထိုအခ်ိန္ကာလမွစ၍ သတင္းအခ်က္ အလက္မ်ား ေပးပို႔ျခင္းႏွင့္ ထုတ္လႊင့္ျခင္းကို ေနရာတစ္ေနရာမွ ေ၀းလံေသာ အျခားတစ္ေနရာသို႔ လ်င္ျမန္စြာ ေရာက္ရွိေအာင္ ေရဒီယိုမ်ားက ေဆာင္ၾကဥ္းေပးႏိုင္ခဲ့သည္။ ေနာက္ပိုင္းတြင္ သိပၸံပညာရွင္မ်ားက အာကာသထဲသို႔ ဆက္သြယ္ႏိုင္ရန္ ေရဒီယိုစနစ္ကိုအသံုးခ်ခဲ့ၾကရာ ယေန႔ ထိတိုင္ပင္ျဖစ္သည္။

၁၉၂၀ျပည့္ႏွစ္၀န္းက်င္အေရာက္တြင္ အသံလႊင့္ျခင္းႏွင့္ ဖမ္းယူနားဆင္ျခင္းဆိုင္ရာ လုပ္ငန္းသည္ သတင္းအခ်က္အလက္ေပးပို႔မႈဆိုင္ရာ နယ္ပယ္တြင္ ပို၍ခိုင္မာစြာ ရပ္တည္လာခဲ့သည္။ ထင္ရွားေသာမွတ္တိုင္တစ္ခုမွာ အေမရိကန္ႏိုင္ငံ၊ ပင္ဆယ္လ္ေဗးနီးယားျပည္နယ္၊ ပစၥဘတ္ျမိဳ႕ရွိ KDKA အသံလႊင့္ရံုက ၁၉၂၀ျပည့္ႏွစ္၊ ႏို၀င္ဘာလတြင္က်င္းပျပဳလုပ္ခဲ့ေသာ အေမရိကန္သမၼတေရြးေကာက္ပြဲရလဒ္မ်ားကို ထုတ္လႊင့္ေၾကညာေပးႏိုင္ခဲ့ျခင္းျဖစ္သည္။ ယင္းသည္ကား တစ္ကမၻာလံုးသို႔ ေရဒီယိုထုတ္လႊင့္ျခင္းကို ပထမဦးဆံုးတရား၀င္ေၾကညာ လုပ္ေဆာင္ႏိုင္ခဲ့ေသာ သမိုင္းမွတ္တိုင္ၾကီးတစ္ရပ္ပင္ျဖစ္သည္။

သမားရိုးက် AM Radio စနစ္မွ FM ေခၚ Frequency Modulation ေရဒီယိုစနစ္သို႔ အသြင္ေျပာင္းလဲေပးခဲ့သူမွာ အီလက္ထေရာနစ္ပညာရွင္ အက္ဒ၀င္အမ္းစထေရာင္းျဖစ္ျပီး ေရဒီယိုဖမ္းယူရာ၍ ဆူညံသံႏွင့္ ၾကားျဖတ္ေႏွာင့္ယွက္သံမ်ားကို ေလွ်ာ့ခ်ေပးႏိုင္ခဲ့သည္။ ယင္းေနာက္ပိုင္း ကာလမ်ားတြင္ ေရဒီယိုအသံလႊင့္လုပ္ငန္းကြန္ရက္မ်ားကို ထူေထာင္ခဲ့ၾကျပီး CBS ေခၚ ကိုလံဘီယာအသံလႊင့္အစီအစဥ္ႏွင့္ NBC ေခၚ အမ်ိဳးသားအသံလႊင့္ေကာ္ပိုေရးရွင္းတို႔မွာ ထင္ရွားေသာ အသံလႊင့္ဌာနမ်ားျဖစ္ခဲ့သည္။

အေမရိကေရဒီယိုေကာ္ပိုေရးရွင္း (Radio Corporation of America – RCA) သည္ ၁၉၂၆ခုႏွစ္တြင္ NBC ကိုထူေထာင္ခဲ့သည္။ NBC ႏွင့္ RCA အသံလႊင့္ဌာနႏွစ္ခု၏ ထိုစဥ္က ထုတ္လႊင့္မႈတာ၀န္ခံမွာ ေဒးဗစ္ဆန္းေနာ့ဖ္ျဖစ္ျပီး ၄င္းသည္ထင္ရွားေသာ ေရဒီယိုအရာရွိျဖစ္သည္။

RCA Radio Company သည္ ေနာက္ပိုင္းတြင္ အသံလႊင့္လုပ္ငန္းမ်ားကိုသာမက ေရဒီယိုမ်ားတပ္ဆင္ထုတ္လုပ္ေရာင္းခ်ျခင္း၊ ေရဒီယို အသံလႊင့္ျခင္းဆိုင္ရာ စက္ပစၥည္းမ်ားထုတ္လုပ္ေရာင္းခ်ျခင္း၊ ေရဒီယိုႏွင့္ ေရဒီယိုစနစ္ဆိုင္ရာ အီလက္ထရြန္နစ္ပစၥည္းမ်ား ထုတ္လုပ္ေရာင္း ခ်ျခင္းျဖင့္ ကမၻာေက်ာ္ေအာင္ လူသိမ်ားခဲ့သည္မွာ ယေန႔တိုင္ပင္ျဖစ္သည္။

ေနာက္ပိုင္းတြင္ ေရဒီယိုကြန္ရက္စနစ္အတြင္း အခ်ိတ္အဆက္ျပဳလုပ္ထားေသာ အသံလႊင့္ဌာနမ်ားအခ်င္းခ်င္း သတင္းဖလွယ္ရယူမႈကို သာမက သတင္းဌာနမ်ားအလိုက္ သတင္းေထာက္မ်ားကိုေစလႊတ္သတင္းရယူျပီး ထုတ္လႊင့္ျခင္းမ်ားကိုပါေဆာင္ရြက္ႏိုင္ခဲ့ၾကသည္။ သတင္းဌာနတစ္ခုအေနျဖင့္ အခင္းျဖစ္ပြားရာေဒသမ်ားသို႔ သတင္းေထာက္မ်ားေစလႊတ္၍ သတင္းရယူျခင္းကို CBS အသံလႊင့္အစီအစဥ္က ပထမဦးဆံုးစတင္ခဲ့သည္။ 

မ်က္ေမွာက္ကာလတြင္ ကမၻာ့ေဒသအသီးသီး၌ ေရဒီယိုအသံလႊင့္ဌာနေပါင္းေထာင္ေသာင္းခ်ီ၍ ရွိေနျပီျဖစ္သည္။ ျမန္မာႏိုင္ငံ၌လည္း ေရဒီယိုထုတ္လႊင့္မႈကို ၁၉၄၆ခုႏွစ္ ေဖေဖာ္၀ါရီ ၁၅ရက္က စတင္ႏိုင္ခဲ့သည့္အတြက္ အာဆီယံေဒသတြင္းႏိုင္ငံမ်ားထဲတြင္ ေရဒီယို ထုတ္လႊင့္မႈကို အေစာဆံုးျပဳလုပ္ႏိုင္ေသာႏိုင္ငံတစ္ခုအျဖစ္ ရပ္တည္ႏိုင္ခဲ့သည္။

ကမၻာေပၚ၌ ေရဒီယိုတစ္ေခတ္ကို စတင္ႏိုင္ခဲ့ျပီး ေနာက္ႏွစ္ေပါင္း ၂၀ခန္႔အၾကာတြင္ ျပီးျပည့္စံုေသာ ရုပ္ျမင္သံၾကားစက္မ်ား စတင္ေပၚ ေပါက္ခဲ့သည္။ သမိုင္းမွတ္တမ္းမ်ားအရ ေရဒီယိုမ်ားမေပၚေပါက္မီ၊ မထုတ္လႊင့္ႏိုင္မီကတည္းက ရုပ္ျမင္သံၾကားစက္မ်ားကို တီထြင္ႏိုင္ရန္ သိပၸံပညာရွင္မ်ားက ၾကိဳးစားအားထုတ္ခဲ့ၾကေၾကာင္း ေတြ႔ရွိရသည္။

အဘယ္ေၾကာင့္ဆိုေသာ္ ၁၉ရာစုေႏွာင္းပိုင္းကာလမ်ားက ရုပ္ျမင္သံၾကားစက္မ်ားကို ေမြးဖြားႏိုင္ရန္ စတင္သေႏၶတည္ခဲ့ေသာ အခ်ိန္ကာလ မ်ားျဖစ္ခဲ့ေၾကာင္း သမိုင္းမွတ္တမ္းမ်ားက ျပဆိုေနေသာေၾကာင့္ပင္ျဖစ္သည္။ ထိုကာလမ်ားအတြင္းက ရုပ္ျမင္သံၾကားစက္မ်ား၏ ဖန္တီးရွင္ တို႔သည္ အဆင့္ဆင့္ေသာတီထြင္မႈမ်ားကို ေက်ာ္ျဖတ္လာခဲ့ၾကျပီးေနာက္ ႏွစ္ဆယ္ရာစု၏ ႏွစ္၀က္ကာလမေရာက္မီမွာပင္ ေစ်းကြက္တင္ ေရာင္းခ်ႏိုင္သည့္အဆင့္ရွိေသာ ရုပ္ျမင္သံၾကားစက္မ်ားအျဖစ္သို႔ေရာက္ရွိေအာင္ ေဆာင္ၾကဥ္းေပးႏိုင္ခဲ့ၾကသည္။

ျပီးျပည့္စံုေသာ ရုပ္ျမင္သံၾကားစက္မ်ား၏အေျခခံအက်ဆံုးျဖစ္သည့္ ပထမဦးဆံုးေသာ ရုပ္ျမင္စက္ကို အေမရိကန္ႏိုင္ငံ ေဘာ့စတြန္ျမိဳ႕မွ ဂ်ီအာကာရီ (G.R.Kari) က ၁၈၇၅ခုႏွစ္တြင္ စတင္တီထြင္ခဲ့သည္။ အဆိုပါရုပ္ျမင္သံၾကားစက္က ဖမ္းယူေပးသည့္ပံုမွာ လႈပ္ရွားမႈမရွိေသာ ရုပ္ေသပံုျဖစ္ျပီးသဲသဲကြဲကြဲမျမင္ရေပ။

၁၈၈၄ခုႏွစ္အေရာက္တြင္ ဂ်ာမနီႏိုင္ငံ ဘာလင္ျမိဳ႕မွ ေဒါက္တာေပါလ္နစ္ေကာ့ဗ္ (Dr. Paul Nikov)က ဂ်ီအာကာရီတီထြင္ခဲ့ေသာ စက္အတြင္း၌ Scanning Disc ကိုတပ္ဆင္ေပးလိုက္သည့္အခါ ရုပ္ပံုမ်ားမွာ အရိပ္သဏၭာန္လႈပ္ရွားလာသည္။ သို႔ရာတြင္ သဲသဲကြဲကြဲ ျမင္ရျခင္းမရွိေသးေပ။

စေကာ့တလန္ႏိုင္ငံသား တီထြင္သူပညာရွင္ ဂၽြန္လိုဂ်ီဘတ္ (John Logie Baird) သည္ ဂ်ီအာကာရီက စတင္တီထြင္ခဲ့ျပီး နစ္ေကာ့ဗ္က မြမ္းမံခဲ့ေသာ အဆိုပါစက္ကိုပင္ ထပ္မံျပဳျပင္ဖန္တီးကာ ၁၉၂၆ခုႏွစ္ ဇန္န၀ါရီ ၂၇ရက္တြင္ ကမၻာ့ပထမဦးဆံုးရုပ္ျမင္သံၾကားဖမ္းယူမႈကို စတင္ႏိုင္ခဲ့သည္။

ရုပ္ျမင္သံၾကားစက္မ်ား၏ အေျခခံပစၥည္းျဖစ္ေသာ ကက္သုက္ေရာင္ျခည္ျပြန္မ်ားကို ကားလ္ဖာဒီနန္ဘေရရမ္ဆိုသူက ၁၈၉၇ခုႏွစ္တြင္ ေစ်းကြက္တင္ေရာင္းခ်ႏိုင္သည့္အဆင့္သို႔ေရာက္ေအာင္ ထုတ္လုပ္ေပးခဲ့သည္။ ၁၈၈၉ခုႏွစ္တြင္ ေမြးဖြားခဲ့ေသာ ရုရွားလူမ်ိဳးသိပၸံပညာရွင္ ေဒါက္တာ ဗလာဒီမာေကာ့စ္မာဇိုရီကင္က အဆိုပါကက္သုတ္ေရာင္ျခည္ျပြန္မ်ားကို ရုပ္ျမင္သံၾကားစက္အတြင္း၌ ထည့္သြင္းတည္ေဆာက္ ႏိုင္ေအာင္ တီထြင္ျပဳလုပ္ေပးခဲ့သည္။ 

အေမရိကန္ႏိုင္ငံ၏ Radio Corporation of America ကုမၸဏီၾကီးက ေဒါက္တာဇိုရီကင္၏ တီထြင္ဖန္တီးမႈမ်ားအတြက္ ပံ့ပိုးမႈမ်ားစြာ ေပးခဲ့သည္။ ၁၉၃၈ခုႏွစ္ ဒီဇင္ဘာလ ၂၀ ရက္တြင္ R.C.A အမွတ္တံဆိပ္ပါ ရုပ္ျမင္သံၾကားစက္မ်ားကို စတင္ထုတ္လုပ္ေပးႏိုင္ခဲ့သည္။ ျပီးျပည့္စံုေသာ ရုပ္ျမင္သံၾကားစက္မ်ား၏ ဘ၀ခရီးက ထိုေန႔မွစတင္ခဲ့ရသည္။

သို႔ရာတြင္ ျပီးျပည့္စံုေသာ္ရုပ္ျမင္သံၾကားစက္မ်ား စတင္ေပၚေပါက္လာျပီး မၾကာမီကာလမွာပင္ ဒုတိယကမၻာစစ္ၾကီးျဖစ္ပြားခဲ့သည့္အတြက္ ရုပ္ျမင္သံၾကားစက္မ်ားကို က်ယ္ျပန္႔စြာထုတ္လုပ္သံုးစြဲႏိုင္ျခင္းမရွိဘဲ ၁၉၄၆ခုႏွစ္သို႔ ေရာက္ရွိမွသာလွ်င္ တြင္က်ယ္စြာထုတ္လုပ္ျဖန္႔ျဖဴး အသံုးျပဳႏိုင္ခဲ့ၾကသည္။

မ်က္ေမွာက္ကာလတြင္မူ ရုပ္ျမင္သံၾကားထုတ္လႊင့္မႈမ်ား၏ တြင္က်ယ္ပံုႏွင့္ အဆင့္ျမင့္နည္းပညာျဖင့္ ထုတ္လုပ္ေရာင္းခ်ေနၾကေသာ ရုပ္ျမင္သံၾကားစက္မ်ား၏ ေစ်းကြက္ၾကီးမားက်ယ္ျပန္႔ပံုကို အထူးပင္ညႊန္းဆိုရန္ မလိုေတာ့ျပီျဖစ္သည္။

ျမန္မာႏိုင္ငံတြင္လည္း ၁၉၈၀ျပည့္ႏွစ္ ႏို၀င္ဘာလ ၁ ရက္မွစ၍ ရုပ္ျမင္သံၾကားထုတ္လႊင့္မႈမ်ားကို စတင္ႏိုင္ခဲ့ျခင္းျဖင့္ ျမန္မာ့ရုပ္ျမင္သံၾကား ေခတ္ကို အစပ်ိဳးႏိုင္ခဲ့ျပီျဖစ္ေပသည္။

ေရးသားသူ - ပါေမာကၡကိုကိုေအာင္

စာၾကြင္း။ ။ ေရဒီယိုနဲ႔ ရုပ္ျမင္သံၾကားစက္ေတြ ဘယ္လိုစတင္ေပၚေပါက္ခဲ့တာလဲ - ပါေမာကၡကိုကိုေအာင္ ေဆာင္းပါးပါ အခ်က္အလက္အခ်ိဳ႕ကိုျပန္လည္ကူးယူေ၀ငွျခင္းျဖစ္ပါသည္။

No comments: