ဗုဒ္ဓနှင့် အချုပ်အခြာအာဏာ Sovereignty
.......................................
ဗုဒ္ဓဟာ သံဃာအဖွဲ့အစည်းအတွက် အချုပ်အခြာအာဏာကို ဘယ်လိုစဉ်းစားသလဲဆိုတာကို လေ့လာဖို့
ပိဋကတ်တော်ကို အခြေပြုပြီးစိပ်ဖြာမိပါတယ်။
သံဃအဖွဲ့အစည်းကို ဖွဲ့စည်းပုံအခြေ ခံဥပဒေ
Constitutionalism အရ ခွဲခြမ်းစိပ်ဖြာကြည့်လိုက်တဲ့အခါ
သံဃာ့အဖွဲ့အစည်းဟာ
အုပ်ချုပ်ရေးအာဏာ Executive power
ဥပဒေပြုအာဏာ Legislature power
တရားစီရင်ရေးအာဏာ Judiciary power
တွေကို ဘယ်လိုခွဲဝေကျင့်သုံးခဲ့သလဲ ဆိုတဲ့မေးခွန်းက
အရင်စဉ်းစားရမဲ့အချက်ဖြစ်လာပါတယ်။
ဗုဒ္ဓဟာ သံဃာအဖွဲ့အစည်းကို တည်ထောင်ပြီး
အနှစ်နှစ်ဆယ်ကြာတဲ့အချိန်မှာမှာ ဥပဒေပြုရေးအာဏာကိုတည်ဆောက်ခဲ့ပါတယ်။
ဥပဒေပြုရေးရှုထောင့်အရကြည့်ရင်
သံဃအဖွဲ့အစည်းအတွက်ချမှတ်ထားတဲ့ ဝိနည်းတွေဟာ သံဃာတွေအားလုံးလိုက်နာဆောင်ရွက်ရမဲ့ ဥပဒေပါပဲ။
အနှစ်နှစ်ဆယ်မှ ဥပဒေလို့ ခေါ်တဲ့
ဝိနည်းတွေကိုချမှတ်တော့ အဲဒီမတိုင်ခင်
ဘာတွေနဲ့အုပ်ချုပ်သလဲ ဆိုတဲ့အချက်က အရေးကြိးပါတယ်။
သံဃာအဖွဲ့အစည်းမှာ ဥပဒေကနေပေးထားတဲ့
de facto လို့်ခေါ်တဲ့ အုပ်ချုပ်ရေးမှလာတဲ့ အမိန့် အာဏာ ရယ်၊
de jure တရားဥပဒေအရ သက်ရောက်တဲ့အာဏာ ဆိုပြီးပြဋ္ဌာန်းထားတဲ့အခါ
အနှစ်နှစ်ဆယ်မတိုင်ခင်မှာ ဗုဒ္ဓဟာ de facto အရ
သံဃာ့အဖွဲ့အစည်းကို ထိန်းကြောင်းခဲ့တာ
ဝိနယပိဋကတ်၊မဟာဝဂ္ဂပါဠိတော်ဖြစ်တဲ့
ရာဟုလဝတ္ထုတွေ၊ ဥပါလိဒါရကဝတ္ထုတွေ၊ ဂိလာနဝတ္ထုတွေကို လေ့လာကြည့်ရင်
အတိုင်းသားတွေ့နိုင်ပါတယ်။
အပေါ်မှာပြောခဲ့တဲ့ ဝတ္ထုတွေဟာ ဝိနည်းမချမှတ်ခင်
သိက္ခာပုဒ်တွေနဲ့ချမှတ်ခဲ့တဲ့ rules and regulation ခေါ် စည်းမျဉ်းစည်းကမ်းတွေဟာ de facto သဘောပါပဲ။
အဲဒီအချိန်မှာ
အုပ်ချုပ်ရေးအာဏာ၊
တရားစီရင်ရေးအာဏာနဲ့
ဥပဒေပြုရေးအာဏာလို့ခေါ်နိုင်တဲ့ အာဏာ သုံးရပ်စလုံးဟာ
ဗုဒ္ဓရဲ့ လက်ထဲမှာပဲရှိနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
အာဏာသုံးရပ်စလုံးရဲ့ စီးဆင်းရာအရင်းအမြစ်ဖြစ်တဲ့
ဗုဒ္ဓကို အကြွင်းမဲ့အာဏာရှင် totalitarian လို့ ကမ္ဘာက မသတ်မှတ်ကြပါဘူး။
ဗုဒ္ဓဟာ လူမှုအဖွဲ့အစည်းကို အကြောက်တရားနဲ့
ခြိမ်းခြောက် သွတ်သွင်းတာမျိုးမလုပ်လို့ပါပဲ။
ဗုဒ္ဓဟာ
အရှင်ဘုရင်တွေဆုပ်ကိုင်ထားလေ့ရှိတဲ့
နိုင်ငံရေးအာဏာ Political power ကို လူမှုရေးဆိုင်ရာ ကိုယ်ကျင့်တရား တာဝန် Socio- Ethical responsibility နဲ့ ပြန်ထိန်းကြောင်းမှု Check and Balance လုပ်ထားတာမျိုးတွေ့ရပါတယ်။
ဘာကြောင့်လဲဆိုတော့
ဗုဒ္ဓဟာ ဘုရင်အားလုံးရဲ့အုပ်ချုပ်မှု အာဏာ
နယ်နိမိတ်ကို ကျော်ဖြတ်ပြီး သံဃာအဖွဲ့အစည်းကို
ရွေ့လျားစေနိုင်တယ် ဆိုတဲ့အချက်ကိုကြည့်ရင်
ဗုဒ္ဓရဲ့ လူမှုရေးဆိုင်ရာကိုယ်ကျင့်တရားသြဇာဟာ
နယ်နမိတ်ပိုင်နက်တွေနဲ့ ပိတ်လှောင်ထားခြင်း
မရှိဘူးဆိုတာပါပဲ။
အိန္ဒိယနိုင်ငံရဲ့ မာမာကြောကြော အကဲဆတ်ဆတ် နယ်နိမိတ်ခွဲခြားပိုင်ဆိုင်အုပ်ချုပ်တတ်တဲ့ ပဒေသရာဇ် ဒေသအသီးသီးတွေဆီမှာ
ကိုယ်ကျင့်တရားတန်ဖိုးပါဝင်တဲ့ လွတ်လပ်တဲ့
နိုင်ငံခြားရေးမူဝါဒအသုံးပြုပြီး
သံဃာအဖွဲ့အစည်းတစ်ရပ်ကို ပျော့ပျော့ပြောင်းပြောင်း
လွတ်လွတ်လပ်လပ် ရှင်သန်စေတာပါပဲ။ ဗုဒ္ဓရဲ့ soft powerအသုံးပြုပုံဆိုပြီးလည်း
ကင်ပွန်းတတ်နိုင်ပါတယ်။
ဗုဒ္ဓရဲ့အချုပ်အခြာအာဏာဟာ နယ်နိမိတ်စည်းမျဉ်းဘောင်ပေါ်ရပ်တည်ထားတာမျိုးမရှိဘူး။ ဒါကြောင့် သံဃာ့အဖွဲ့အစည်းဟာ လွတ်လပ်တယ်။
ဗုဒ္ဓရဲ့ အချုပ်အခြာအာဏာဟာ ကိုယ်ကျင့်တရားပဲ။
သံဃာ့အဖွဲ့အစည်းမှာ ကိုယ်ကျင့်တရားဖောက်ဖျက်ရင်
သံဃာအဖွဲ့အစည်းအရဲ့ အချုပ်အခြာအာဏာ ကျဆုံးပျက်သုဉ်းတာပဲ။
ဒါကြောင့်သံဃာ့အဖွဲ့အစည်းမှာ ကိုယ်ကျင့်တရားနဲ့
အချုပ်အခြာ အာဏာဟာ တိုက်ရိုက်အချိုးကျတယ်။
အဲဒီကိုယ်ကျင့်တရားဟာ ဗြဟ္မဏ ပုဏ္ဏားမို့လို
ခတ္တိယ့ မင်းမျိုး ၊မို့လို့၊ ဝဿ
ကုန်သည် မျိုးမို့လို့၊ သုဒ္ဒ ကျွန်အခိုင်းအစေမျိုးမို့လို့
့ဆိုပြီး ခွဲခြားကန့်သတ်ထားတာမျိုးမရှိသလို
အသားမဲလို့်၊အသားဖြူ လို့ ဘာသာခြား မို့လို့ ဘာသာတူမို့လို့ ဆိုပြီး ခွဲခွဲခြားခြားဆက်ဆံတာမျိုး မရှိဘူး။ ဗုဒ္ဓဟာ လူသားဝါဒကိုတန်ဖိုးထားပါတယ်။
လူသားတိုင်းကို တန်ဖိုးထားပါတယ်။
နိုင်ငံတော်ကိုအဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါ
လူ human beings၊ နယ်နမိတ် territory ၊ အစိုးရ
government နဲ့ တရားဥပဒေ legislation ဆိုပြီး အချက်လေးချက်ကို အဓိကထား ခွဲခြမ်းစိပ်ဖြာလေ့ရှိ
ပါတယ်။ ဒါပေမဲ့ သံဃာ့အဖွဲ့အစည်းမှာတော့ ဗုဒ္ဓနိုင်ငံတော်ရဲ့ နယ်နိမိတ်ဟာ မမြင်ရတဲ့တန်ဖိုး
Intangible value အဖြစ်ရပ်တည်နေတာမျိုးဖြစ်တယ်။
လူသားနဲ့ကိုယ်ကျင့်တရားဟာ ဗုဒ္ဓရဲ့ အဓိကကျတဲ့
နိုင်ငံတော်ပါပဲ။ ဗုဒ္ဓက သံဃာ့အဖွဲ့အစည်းကို
ကိုယ်ကျင့်တရားတည့်မတ်ဖို့ ၂၂၇ သွယ်သောသိက္ခာပုဒ် နဲ့ ပြဋ္ဌာန်းတယ်။ အဲဒီအချက်ဟာ
သံဃာ့အဖွဲ့အစည်းအတွက် legislation ပါပဲ။
လူကို ကိူယ်ကျင့်တရားနဲ့ထိန်းသိမ်းလိုက်တာဟာ
သံဃာအဖွဲ့အစည်းကို နယ်နိမိတ်မလိုတဲ့
နိုင်ငံတော်တစ်ရပ်ဖြစ်စေတယ်ဆိုတာပါပဲ။
လူက ဘယ်လောက်အရေးပါတယ်ဆိုတဲ့အချက်ကို
ထောက်ပြသွားတာကလည်း ကမ္ဘာနိုင်ငံသားဖြစ်မှု
Global citizenship ကိုပေါ်လွင်စေပါတယ်။
ဗုဒ္ဓက အဲဒီအချက်ကို ဘယ်လိုဥပမာပြသလဲဆိုရင်
"မြစ်နာမည်အသီးသီးနဲ့စီးဆင်းလာတဲ့ ရေတွေဟာ
ပင်လယ်သမုဒ္ဒရာထဲ စီးဝင်သွားပြီးတဲ့အခါ
ပင်လယ်သမုဒ္ဒရာထဲက ရေတွေကို
ဘယ်မြစ်ကရေက ဘယ်လောက်
ဟိုမြစ်က ရေက ဘယ်လောက်ဆိုပြီး
အရသာခံလို့ရသလား" တဲ့ ပုဏ္ဏားကြီးကိုမေးတာ။
ဗုဒ္ဓရဲ့ အဲဒီအယူအဆက အမျိုးအနွယ်တွေ၊ လူတန်းစားအလွှာတွေ၊ လူတွေဆီမှာ နည်းအမျိုးမျိုးနဲ့
တံဆိပ်အမျိုးမျိုးကပ်နေတဲ့ ဒေါသအရောင်တွေ၊လောဘအရောင်အသွေးတွေကို ခွာချပြီး လူလို့မြင်ခိုင်းတာပါပဲ။
လူလို့မြင်နိုင်ခွင့်ဟာ အခုကမ္ဘာမှာတော့
ကမ္ဘာ့ပညာရေးအတွက် four pillars of learning
ဆိုပြီးရှိပါတယ်။
Learning to know သိဖို့သင်ကြားတာ
Learning to do လုပ်ဖို့သင်ကြားတာ
Learning to be ဖြစ်ဖို့သင်ကြားတာ
Learning to live together အတူနေထိုင်ဖိုသင်ကြားတာ ဆိုပြီးအဓိက အချက်လေးချက်ကိုသတ်မှတ်ထားပါတယ်။ အဲဒီအချက်
လေးချက်ဟာ လူပေါ်မှာ အထိုင်ထားပြီး စဉ်းစားထားတဲ့အချက်ဖြစ်တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကနေ ယနေ့ မျက်မှောက်
အချိန်အထိ ရွှေ့လျားလာတဲ့ သံဃာ့အဖွဲ့အစည်းဟာ
ကမ္ဘာ့ပညာရေးအရွေ့လိုပဲ အသိပညာဖွံဖြိုးမှုနဲ့
နေရာအနှံ့ရွှေ့လျားသွားတာပါပဲ။
လူသားတိုင်းအသိညဏ်ဖွံ့ဖြိုးမှုကိုဆောင်ရွက်တာဟာ
မွေးရာပါအခွင့်အရေးပါပဲ။ ဒါ ပညာရေးအတွက်လူတိုင်းအခွင့်အရေး right to education ပါ။၊ ဗုဒ္ဓက လူသားတွေရဲ့အသိပညာဖွံ့ဖြိုးမှုကို
အချုပ်အခြာအာဏာနယ်နိမိတ်အရ ဆောင်ရွက်ခဲ့တာမဟုတ်ဘဲ လူ့အခွင့်အရေး
Human right ၊ လူ့ဂုဏ်သိက္ခာ Human dignity
အရတည်ဆောက်ခဲ့တာပါပဲ။
အချုပ်အခြာအာဏာဆိုတာ လူမှု့အဖွဲ့အစည်းရဲ့ အသိပညာလွတ်လပ်မှုအတွက်
အပိတ်သဘောဖြစ်နေပြီး
လူ့အခွင့်အရေးကတော့ လူ့မှုအဖွဲ့အစည်းအတွင်း
လူ့သားအားလုံးရဲ့အခွင့်အရေးနဲ့ ဆက်နွယ်ပတ်သက်နှီးနှောမှုအတွက်
အပွင့်သဘောဆောင်ပါတယ်။
ဗုဒ္ဓဟာ နယ်မြေနယ်နိမိတ်အပေါ်အမှီပြုထားတဲ့
အချုပ်အခြာအာဏာဆိုတာကို မယုံကြည်ဘူး၊
လူသားတန်ဖိုးပေါ်မှာတည်ဆောက်ထားတဲ့
လူသားဖြစ်တည်မှုနဲ့ ကိုယ်ကျင့်တရားကမှသာ
သံဃာ့အဖွဲ့အစည်းတစ်ရပ် ရှင်သန်ရပ်တည်ကျန်ခဲ့မဲ့
နိုင်ငံတော်လို့ ဗုဒ္ဓက ယုံကြည်ခဲ့ပါတယ်။
အာကာမိုးသူ
ရး၁၂ ည စနေ
၂၅.၁.၂၀၂၀ mwd
(Zawgyi)
ဗုဒၶႏွင့္ အခ်ဳပ္အျခာအာဏာ Sovereignty
.......................................
ဗုဒၶဟာ သံဃာအဖြဲ႔အစည္းအတြက္ အခ်ဳပ္အျခာအာဏာကုိ ဘယ္လုိစဥ္းစားသလဲဆုိတာကုိ ေလ့လာဖုိ႔
ပိဋကတ္ေတာ္ကုိ အေျချပဳၿပီးစိပ္ျဖာမိပါတယ္။
သံဃအဖြဲ႔အစည္းကုိ ဖြဲ႔စည္းပုံအေျခ ခံဥပေဒ
Constitutionalism အရ ခြဲျခမ္းစိပ္ျဖာၾကည့္လုိက္တဲ့အခါ
သံဃာ့အဖြဲ႔အစည္းဟာ
အုပ္ခ်ဳပ္ေရးအာဏာ Executive power
ဥပေဒျပဳအာဏာ Legislature power
တရားစီရင္ေရးအာဏာ Judiciary power
ေတြကုိ ဘယ္လုိခြဲေဝက်င့္သုံးခဲ့သလဲ ဆုိတဲ့ေမးခြန္းက
အရင္စဥ္းစားရမဲ့အခ်က္ျဖစ္လာပါတယ္။
ဗုဒၶဟာ သံဃာအဖြဲ႔အစည္းကုိ တည္ေထာင္ၿပီး
အႏွစ္ႏွစ္ဆယ္ၾကာတဲ့အခ်ိန္မွာမွာ ဥပေဒျပဳေရးအာဏာကုိတည္ေဆာက္ခဲ့ပါတယ္။
ဥပေဒျပဳေရးရႈေထာင့္အရၾကည့္ရင္
သံဃအဖြဲ႔အစည္းအတြက္ခ်မွတ္ထားတဲ့ ဝိနည္းေတြဟာ သံဃာေတြအားလုံးလုိက္နာေဆာင္ရြက္ရမဲ့ ဥပေဒပါပဲ။
အႏွစ္ႏွစ္ဆယ္မွ ဥပေဒလုိ႔ ေခၚတဲ့
ဝိနည္းေတြကုိခ်မွတ္ေတာ့ အဲဒီမတုိင္ခင္
ဘာေတြနဲ႔အုပ္ခ်ဳပ္သလဲ ဆုိတဲ့အခ်က္က အေရးႀကိးပါတယ္။
သံဃာအဖြဲ႔အစည္းမွာ ဥပေဒကေနေပးထားတဲ့
de facto လုိ့္ေခၚတဲ့ အုပ္ခ်ဳပ္ေရးမွလာတဲ့ အမိန္႔ အာဏာ ရယ္၊
de jure တရားဥပေဒအရ သက္ေရာက္တဲ့အာဏာ ဆုိၿပီးျပ႒ာန္းထားတဲ့အခါ
အႏွစ္ႏွစ္ဆယ္မတုိင္ခင္မွာ ဗုဒၶဟာ de facto အရ
သံဃာ့အဖြဲ႔အစည္းကုိ ထိန္းေၾကာင္းခဲ့တာ
ဝိနယပိဋကတ္၊မဟာဝဂၢပါဠိေတာ္ျဖစ္တဲ့
ရာဟုလဝတၳဳေတြ၊ ဥပါလိဒါရကဝတၳဳေတြ၊ ဂိလာနဝတၳဳေတြကုိ ေလ့လာၾကည့္ရင္
အတုိင္းသားေတြ႔ႏုိင္ပါတယ္။
အေပၚမွာေျပာခဲ့တဲ့ ဝတၳဳေတြဟာ ဝိနည္းမခ်မွတ္ခင္
သိကၡာပုဒ္ေတြနဲ႔ခ်မွတ္ခဲ့တဲ့ rules and regulation ေခၚ စည္းမ်ဥ္းစည္းကမ္းေတြဟာ de facto သေဘာပါပဲ။
အဲဒီအခ်ိန္မွာ
အုပ္ခ်ဳပ္ေရးအာဏာ၊
တရားစီရင္ေရးအာဏာနဲ႔
ဥပေဒျပဳေရးအာဏာလုိ႔ေခၚႏုိင္တဲ့ အာဏာ သုံးရပ္စလုံးဟာ
ဗုဒၶရဲ႕ လက္ထဲမွာပဲ႐ွိေနခဲ့တယ္လုိ႔ ဆုိႏုိင္ပါတယ္။
အာဏာသုံးရပ္စလုံးရဲ႕ စီးဆင္းရာအရင္းအျမစ္ျဖစ္တဲ့
ဗုဒၶကုိ အႂကြင္းမဲ့အာဏာ႐ွင္ totalitarian လုိ႔ ကမၻာက မသတ္မွတ္ၾကပါဘူး။
ဗုဒၶဟာ လူမႈအဖြဲ႔အစည္းကုိ အေၾကာက္တရားနဲ႔
ၿခိမ္းေျခာက္ သြတ္သြင္းတာမ်ဳိးမလုပ္လုိ႔ပါပဲ။
ဗုဒၶဟာ
အ႐ွင္ဘုရင္ေတြဆုပ္ကုိင္ထားေလ့႐ွိတဲ့
ႏုိင္ငံေရးအာဏာ Political power ကုိ လူမႈေရးဆုိင္ရာ ကုိယ္က်င့္တရား တာဝန္ Socio- Ethical responsibility နဲ႔ ျပန္ထိန္းေၾကာင္းမႈ Check and Balance လုပ္ထားတာမ်ဳိးေတြ႔ရပါတယ္။
ဘာေၾကာင့္လဲဆုိေတာ့
ဗုဒၶဟာ ဘုရင္အားလုံးရဲ႕အုပ္ခ်ဳပ္မႈ အာဏာ
နယ္နိမိတ္ကုိ ေက်ာ္ျဖတ္ၿပီး သံဃာအဖြဲ႔အစည္းကုိ
ေရြ႔ ့လ်ားေစႏုိင္တယ္ ဆုိတဲ့အခ်က္ကုိၾကည့္ရင္
ဗုဒၶရဲ႕ လူမႈေရးဆုိင္ရာကုိယ္က်င့္တရားၾသဇာဟာ
နယ္နမိတ္ပုိင္နက္ေတြနဲ႔ ပိတ္ေလွာင္ထားျခင္း
မ႐ွိဘူးဆုိတာပါပဲ။
အိႏၵိယနုိင္ငံရဲ႕ မာမာေၾကာေၾကာ အကဲဆတ္ဆတ္ နယ္နိမိတ္ခဲြျခားပုိင္ဆုိင္အုပ္ခ်ဳပ္တတ္တဲ့ ပေဒသရာဇ္ ေဒသအသီးသီးေတြဆီမွာ
ကုိယ္က်င့္တရားတန္ဖုိးပါဝင္တဲ့ လြတ္လပ္တဲ့
ႏုိင္ငံျခားေရးမူဝါဒအသုံးျပဳၿပီး
သံဃာအဖြဲ႔အစည္းတစ္ရပ္ကုိ ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္း
လြတ္လြတ္လပ္လပ္ ႐ွင္သန္ေစတာပါပဲ။ ဗုဒၶရဲ႕ soft powerအသုံးျပဳပုံဆုိၿပီးလည္း
ကင္ပြန္းတတ္ႏုိင္ပါတယ္။
ဗုဒၶရဲ႕အခ်ဳပ္အျခာအာဏာဟာ နယ္နိမိတ္စည္းမ်ဥ္းေဘာင္ေပၚရပ္တည္ထားတာမ်ဳိးမ႐ွိဘူး။ ဒါေၾကာင့္ သံဃာ့အဖြဲ႔အစည္းဟာ လြတ္လပ္တယ္။
ဗုဒၶရဲ႕ အခ်ဳပ္အျခာအာဏာဟာ ကုိယ္က်င့္တရားပဲ။
သံဃာ့အဖြဲ႔အစည္းမွာ ကုိယ္က်င့္တရားေဖာက္ဖ်က္ရင္
သံဃာအဖြဲ႔အစည္းအရဲ႕ အခ်ဳပ္အျခာအာဏာ က်ဆုံးပ်က္သုဥ္းတာပဲ။
ဒါေၾကာင့္သံဃာ့အဖြဲ႔အစည္းမွာ ကုိယ္က်င့္တရားနဲ႔
အခ်ဳပ္အျခာ အာဏာဟာ တုိက္႐ုိက္အခ်ဳိးက်တယ္။
အဲဒီကုိယ္က်င့္တရားဟာ ျဗဟၼဏ ပုဏၰားမုိ႔လုိ
ခတၱိယ႔ မင္းမ်ဳိး ၊မုိ႔လုိ႔၊ ဝႆ
ကုန္သည္ မ်ဳိးမုိ႔လုိ႔၊ သုဒၵ က်ြန္အခုိင္းအေစမ်ဳိးမုိ႔လုိ႔
႔ဆုိၿပီး ခြဲျခားကန္႔သတ္ထားတာမ်ဳိးမ႐ွိသလုိ
အသားမဲလုိ့္၊အသားျဖဴ လုိ႔ ဘာသာျခား မုိ႔လုိ႔ ဘာသာတူမုိ႔လုိ႔ ဆုိုၿပီး ခြဲခြဲျခားျခားဆက္ဆံတာမ်ဳိး မ႐ွိဘူး။ ဗုဒၶဟာ လူသားဝါဒကုိတန္ဖုိးထားပါတယ္။
လူသားတုိင္းကုိ တန္ဖုိးထားပါတယ္။
ႏုိင္ငံေတာ္ကုိအဓိပၸါယ္ဖြင့္ဆုိတဲ့အခါ
လူ human beings၊ နယ္နမိတ္ territory ၊ အစုိးရ
government နဲ႔ တရားဥပေဒ legislation ဆုိၿပီး အခ်က္ေလးခ်က္ကုိ အဓိကထား ခြဲျခမ္းစိပ္ျဖာေလ့႐ွိ
ပါတယ္။ ဒါေပမဲ့ သံဃာ့အဖြဲ႔အစည္းမွာေတာ့ ဗုဒၶႏုိင္ငံေတာ္ရဲ႕ နယ္နိမိတ္ဟာ မျမင္ရတဲ့တန္ဖုိး
Intangible value အျဖစ္ရပ္တည္ေနတာမ်ဳိးျဖစ္တယ္။
လူသားနဲ႔ကုိယ္က်င့္တရားဟာ ဗုဒၶရဲ႕ အဓိကက်တဲ့
ႏုိင္ငံေတာ္ပါပဲ။ ဗုဒၶက သံဃာ့အဖြဲ႔အစည္းကုိ
ကုိယ္က်င့္တရားတည့္မတ္ဖုိ႔ ၂၂၇ သြယ္ေသာသိကၡာပုဒ္ နဲ႔ ျပ႒ာန္းတယ္။ အဲဒီအခ်က္ဟာ
သံဃာ့အဖြဲ႔အစည္းအတြက္ legislation ပါပဲ။
လူကုိ ကူိယ္က်င့္တရားနဲ႔ထိန္းသိမ္းလုိက္တာဟာ
သံဃာအဖြဲ႔အစည္းကုိ နယ္နိမိတ္မလုိတဲ့
ႏုိင္ငံေတာ္တစ္ရပ္ျဖစ္ေစတယ္ဆုိတာပါပဲ။
လူက ဘယ္ေလာက္အေရးပါတယ္ဆုိတဲ့အခ်က္ကုိ
ေထာက္ျပသြားတာကလည္း ကမၻာႏုိင္ငံသားျဖစ္မႈ
Global citizenship ကုိေပၚလြင္ေစပါတယ္။
ဗုဒၶက အဲဒီအခ်က္ကုိ ဘယ္လုိဥပမာျပသလဲဆုိရင္
"ျမစ္နာမည္အသီးသီးနဲ႔စီးဆင္းလာတဲ့ ေရေတြဟာ
ပင္လယ္သမုဒၵရာထဲ စီးဝင္သြားၿပီးတဲ့အခါ
ပင္လယ္သမုဒၵရာထဲက ေရေတြကုိ
ဘယ္ျမစ္ကေရက ဘယ္ေလာက္
ဟုိျမစ္က ေရက ဘယ္ေလာက္ဆုိၿပီး
အရသာခံလုိ့ရသလား" တဲ့ ပုဏၰားႀကီးကုိေမးတာ။
ဗုဒၶရဲ႕ အဲဒီအယူအဆက အမ်ဳိးအႏြယ္ေတြ၊ လူတန္းစားအလႊာေတြ၊ လူေတြဆီမွာ နည္းအမ်ဳိးမ်ဳိးနဲ႔
တံဆိပ္အမ်ဳိးမ်ဳိးကပ္ေနတဲ့ ေဒါသအေရာင္ေတြ၊ေလာဘအေရာင္အေသြးေတြကုိ ခြာခ်ၿပီး လူလုိ႔ျမင္ခုိင္းတာပါပဲ။
လူလုိ႔ျမင္ႏုိင္ခြင့္ဟာ အခုကမၻာမွာေတာ့
ကမၻာ့ပညာေရးအတြက္ four pillars of learning
ဆုိၿပီး႐ွိပါတယ္။
Learning to know သိဖုိ႔သင္ၾကားတာ
Learning to do လုပ္ဖုိ႔သင္ၾကားတာ
Learning to be ျဖစ္ဖုိ႔သင္ၾကားတာ
Learning to live together အတူေနထုိင္ဖုိ္သင္ၾကားတာ ဆုိၿပီးအဓိက အခ်က္ေလးခ်က္ကုိသတ္မွတ္ထားပါတယ္။ အဲဒီအခ်က္
ေလးခ်က္ဟာ လူေပၚမွာ အထုိင္ထားၿပီး စဥ္းစားထားတဲ့အခ်က္ျဖစ္တယ္။
လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၆၀၀ ကေန ယေန႔ မ်က္ေမွာက္
အခ်ိန္အထိ ေရႊ႔လ်ားလာတဲ့ သံဃာ့အဖြဲ႔အစည္းဟာ
ကမၻာ့ပညာေရးအေရြြ႔ ့လုိပဲ အသိပညာဖြံျဖဳိးမႈနဲ႔
ေနရာအႏွံ႔ေရႊ႔လ်ားသြားတာပါပဲ။
လူသားတုိင္းအသိညဏ္ဖြံ႔ျဖဳိးမႈကုိေဆာင္ရြက္တာဟာ
ေမြးရာပါအခြင့္အေရးပါပဲ။ ဒါ ပညာေရးအတြက္လူတုိင္းအခြင့္အေရး right to education ပါ။၊ ဗုဒၶက လူသားေတြရဲ႕အသိပညာဖြံ႔ျဖဳိးမႈကုိ
အခ်ဳပ္အျခာအာဏာနယ္နိမိတ္အရ ေဆာင္ရြက္ခဲ့တာမဟုတ္ဘဲ လူ႔အခြင့္အေရး
Human right ၊ လူ႔ဂုဏ္သိကၡာ Human dignity
အရတည္ေဆာက္ခဲ့တာပါပဲ။
အခ်ဳပ္အျခာအာဏာဆုိတာ လူမႈ့အဖြဲ႔အစည္းရဲ႕ အသိပညာလြတ္လပ္မႈအတြက္
အပိတ္သေဘာျဖစ္ေနၿပီး
လူ႔အခြင့္အေရးကေတာ့ လူ႔မႈအဖြဲ႔အစည္းအတြင္း
လူ႔သားအားလုံးရဲ႕အခြင့္အေရးနဲ႔ ဆက္ႏြယ္ပတ္သက္ႏွီးေႏွာမႈအတြက္
အပြင့္သေဘာေဆာင္ပါတယ္။
ဗုဒၶဟာ နယ္ေျမနယ္နိမိတ္အေပၚအမွီျပဳထားတဲ့
အခ်ဳပ္အျခာအာဏာဆုိတာကုိ မယုံၾကည္ဘူး၊
လူသားတန္ဖုိးေပၚမွာတည္ေဆာက္ထားတဲ့
လူသားျဖစ္တည္မႈနဲ႔ ကုိယ္က်င့္တရားကမွသာ
သံဃာ့အဖြဲ႔အစည္းတစ္ရပ္ ႐ွင္သန္ရပ္တည္က်န္ခဲ့မဲ့
ႏုိ္င္ငံေတာ္လုိ႔ ဗုဒၶက ယုံၾကည္ခဲ့ပါတယ္။
အာကာမုိးသူ
၇း၁၂ ည စေန
၂၅.၁.၂၀၂၀ mwd
No comments:
Post a Comment