Thursday, February 25, 2021

အမျိုးသားများတွင်သာ ပို၍တွေ့ရတတ်သောကျန်းမာရေးပြဿနာမျာ

 အမျိုးသားများတွင်သာ ပို၍တွေ့ရတတ်သောကျန်းမာရေးပြဿနာများ




အမျိုးသားနှင့် အမျိုးသမီးသည် မျိုးရိုးဗီဇအရသော်လည်းကောင်း၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရသော်လည်းကောင်း တူညီခြင်းမရှိလှပါ။ ထိုကဲ့သို့ မတူညီခြင်းများကြောင့်ပင် အချို့သော ကျန်းမာရေးအခြေအနေများသည်လည်း အမျိုးသားများတွင်သာ ပို၍အတွေ့ရ များတတ်သည်။ ထိုကဲ့သို့ အမျိုးသားများတွင်သာ ပို၍အတွေ့ရများတတ်သော ကျန်မာရေးပြဿနာများကို စာဖတ်သူများ ဗဟုသုတ ရရှိစေရန် ရေးသားလိုက်ရပါသည်။


(၁) ဘီယာဗိုက်

အမျိုးသားများသည် အသက်ရလာသည်နှင့်အမျှ ကိုယ်အလေးချိန်တက်လာတတ်သည်။ ထိုသို့ကိုယ်အလေးချိန်တက်လာရာတွင် အမျိုးသားများ၏ဗိုက်နေရာသည် အမျိုးသမီးများထက်အဆီပိုစုကာ အများဆုံးဝလာတတ်သည်။ အထူးသဖြင့် ခါးအတိုင်းအထွာ လက်မ ၄၀ကျော်အောင် ဝလာသူများသည် နှလုံးရောဂါဖြစ်နိုင်ခြေ ပို၍မြင့်မားသည်။ ထိုကဲ့သို့ ဗိုက်အဆီများသူသည် နှလုံးနှင့် သွေးတိုးရောဂါ၊ လေဖြတ်ရောဂါများလည်း ပို၍ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် ဘီယာဗိုက်ဖြစ်နေသော အမျိုးသားများအနေဖြင့် ကိုယ်အလေးချိန်ကျဆင်း စေရန် နေထိုင်စားသောက်သင့်ပါကြောင်း အကြံပြုပါသည်။


(၂) ချွေးထွက်လွန်ခြင်း

အမျိုးသားများသည် ပုံမှန်အားဖြင့် အမျိုးသမီးများထက် ချွေးထွက်များတတ်သည်။ သို့သော်လည်း အချို့အမျိုးသားများသည် ပို၍ပင် ချွေးထွက်များတတ်သည်။ အထူးသဖြင့် ချိုင်းကြား၊ ခြေဖဝါးနှင့် လက်ဖဝါး ပို၍ချွေးထွက်ပြီး ထိုကဲ့သို့အခြေအနေကို Hyperhidrosis ဟု ခေါ်ဆိုနိုင်သည်။ ထိုကဲ့သို့ ချွေးထွက်လွန်နေပါက ဆရာဝန်နှင့်တိုင်ပင် ပြသနိုင်သည်။


(၃) မျက်ခုံးမွှေးထူခြင်း

အမျိုးသားများတွင် တက်စတိုစတီရုန်း(Testosterone)ဟုခေါ်သော ကျားဟော်မုန်းကြောင့် အမျိုးသမီးများထက်ပို၍ အမွှေးအမျှင်များပြားလေ့ရှိသည်။ ထို့ကြောင့် အချို့သောအမျိုးသားများတွင် မျက်ခုံးမွှေးများအလွန်အမင်းထွက်လေ့ရှိပြီး အလယ်တွင် လာဆက်ကာ မျက်ခုံးမွှေးနှစ်ဖက်သည် တစ်ဆက်တည်းကဲ့သို့ပင်ဖြစ်နေတတ်သည်။ ထိုကဲ့သို့မျက်ခုံးမွှေးအလွန်များနေခြင်းသည် အမျိုးသားအများစုအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပင်ဖြစ်သည်။ ထိုကဲ့သို့ မျက်ခုံးမွှေးအလွန်အမင်းများပြားနေခြင်းကြောင့် မကြာခဏ ရိတ်ပယ်ပုံသွင်းရခြင်းကို စိတ်အနှောင့်အယှက်ဖြစ်နေပါက ခေတ်မီနည်းလမ်းများဖြင့် ဖြေရှင်းနိုင်သည်။


(၄) မေးစေ့တွင်ဖြစ်သော အဖုအပိမ့်လေးများ

မုတ်ဆိတ်ရိတ်ဓားများအသုံးပြု၍ မုတ်ဆိတ်ရိတ်ပြီးပါက မေးစေ့တွင်နီရဲသော အဖုငယ်များဖြစ်ကျန်ရစ်တတ်သည်။ ထိုအဖုလေးများ ဖြစ်ပေါ်လာရခြင်းမှာ နှုတ်ခမ်းမွှေးအစအနများ မွှေးညင်းပေါက်ထဲဝင်၍ ပိတ်ဆို့ခြင်းကြောင့်ဖြစ်သည်။ မျက်နှာအရေပြားကိုချောမွေ့စေရန် လိုလားသူတစ်ဦးသာဆိုပါက အဆိုပါအဖုငယ်လေးများသည် စိတ်အနှောင့်အယှက်ဖြစ်စရာပင်ဖြစ်သည်။ ထိုကဲ့သို့ Razor Bumpsဟုခေါ် သည့်အဖုငယ်များဖြစ်ပွားခြင်းကို မနှစ်သက်ပါက အောက်ပါနည်းလမ်းများကို စမ်းကြည့်နိုင်ပါသည်။


မျက်နှာမွှေးညင်းပေါက်ကလေးများကျယ်စေရန် မုတ်ဆိတ်ရိတ်ကာနီးတိုင်း ရေနွေးဖြင့်မျက်နှာသစ်ပေးပါ။

မုတ်ဆိတ်ရိတ်ဂျယ်လ်(Shaving Gel) များများသုံးပါ။

မျက်နှာအရေပြားကို ဆွဲဆန့်ပြီးရိတ်ပါ။

မုတ်ဆိတ်မွှေးပေါက်သော ဦးတည်ရာအတိုင်း မုတ်ဆိတ်ဓားကိုထားပြီးရိတ်ပါ။

မုတ်ဆိတ်ရိတ်ဓားသုံးမည့်အစား လျှပ်စစ်မုတ်ဆိတ်ရိတ်စက်ပြောင်းသုံးပါ။


(၅) ထိပ်ပြောင်ခြင်း

ထိပ်ပြောင်ခြင်းသည် အမျိုးသားများတွင်အတွေ့ရများသော ပြဿနာဖြစ်ပြီး အသက် ၃၅နှစ်ခန့်မှစတင်၍ ခံစားရလေ့ရှိသည်။ လေ့လာမှု တစ်ခုအရ အသက် ၄၅နှစ်ခန့် အမျိုးသားများ၏ ၇၅ရာခိုင်နှုန်းသည် အနည်းနှင့်အများဆိုသလို ဆံပင်ကျွတ်လာခြင်း( ထိပ်ပြောင်လာခြင်း) ကို ခံစားနေရသည်ဟုဆိုထားသည်။ အကယ်၍ အသက်၃၀ခန့်မှစတင်၍ ဆံပင်ကျွတ်ခြင်းကိုခံစားနေရပါက အသက် ၅၀အရွယ်တွင် ထိပ် ပြောင်နိုင်သည်။


(၆) အရောင်မမြင်ခြင်း (အရောင်မခွဲနိုင်ခြင်း)

အရောင်မကွဲခြင်း၊ အရောင်မမြင်ရခြင်းသည် အမျိုးသားများတွင်တွေ့ရများသော အခြေအနေဖြစ်သည်။ အမျိုးသား ၁၂ဦးတွင် တစ်ဦးနှုန်း (တစ်နည်းအားဖြင့်) အမျိုးသားထု၏ ရှစ်ရာခိုင်နှုန်းသည် အရောင်မခွဲနိုင်သည့်ပြဿနာရှိသည်ဟုဆိုကြသည်။ နှိုင်းယှဉ်ကြည့်ပါက အမျိုးသမီးဦးရေ ၂၀၀တွင် တစ်ဦးသာ ထိုအခြေအနေမျိုးတွေ့ရတတ်သည်။ ထိုကဲ့သို့အရောင်မခွဲနိုင်ခြင်းသည် မျိုးဗီဇဆိုင်ရာပြဿနာ ဖြစ်သကဲ့သို့ ဆီးချိုစသောရောဂါများတွင်လည်း တွေ့ရတတ်သည်။


အရောင်မကွဲခြင်း၊ အရောင်မမြင်ခြင်းသည် အခြေအနေအမျိုးမျိုးနှင့်တွေ့ရနိုင်သည်။ တချို့တွင် လုံးဝအရောင်မမြင်ခြင်း၊ တချို့တွင် အနီ နှင့် အစိမ်းကိုမကွဲခြင်း၊ တချို့တွင် အပြာရောင်ကိုမခွဲနိုင်ခြင်းစသည်ဖြင့် ပုံစံအမျိုးမျိုးနှင့် တွေ့ရှိရနိုင်သည်။ အတွေ့ရအများဆုံးမှာ Red, Green Colorblindness ဟုခေါ်သည့် အနီနှင့်အစိမ်းကို မကွဲခြင်းပင်ဖြစ်သည်။ မည်သည့်အရောင်မကွဲသော အမျိုးအစားပင်ဖြစ်ပါစေ ကုသရန်မလွယ်ကူပါ။ အထူးပြုလုပ်ချိန်ညှိပေးနိုင်သော မျက်မှန်များအသုံးပြုနိုင်သော်လည်း အချို့သူများတွင် အလုပ်မဖြစ်လှပါ။


(၇) ဟောက်ခြင်း

အမျိုးသားများ၏ ၄၄ရာခိုင်နှုန်း(ထက်ဝက်နီးပါးသည်) ဟောက်တတ်သည်ဟုဆိုထားသည်။ ထိုကဲ့သို့ဟောက်ခြင်းသည် အိပ်သော အနေအထား၊ သောက်နေသောဆေးများနှင့် အချို့သောရောဂါ အခြေအနေများပေါ်တွင်လည်း မူတည်နေနိုင်သည်။ ထို့ပြင် ဟောက် ခြင်းသည် အန္တရာယ်ရှိသော အခြေအနေတစ်ရပ်ဖြစ်သည့် အိပ်ပျော်နေစဉ် ခေတ္တအသက်ရှူရပ်ခြင်း (Sleep Apnea) ကြောင့်လည်း ဖြစ်နေနိုင်သည်။ အိပ်ပျော်နေစဉ်ဟောက်ခြင်းသည် အနီးရှိ အတူတူအိပ်နေသူ၏ ကျန်းမာရေးထိခိုက်လောက်အောင်ဖြစ်နေပါက ဆရာဝန်များနှင့် ပြသနိုင်သည်။


(၈) လေပွခြင်းနှင့် လေလည်ခြင်း

လေတက်ခြင်း(လေချဉ်ပြန်ခြင်း)၊ လေပွခြင်းနှင့် လေလည်ခြင်းသည် အမျိုးသားများတွင် ပို၍အတွေ့ရများသော အခြေအနေပင်ဖြစ်သည်။ လေတက်ခြင်း(လေချဉ်ပြန်ခြင်း)ဆိုသည်မှာ အစာစားချိန်တွင် အစာနှင့်အတူမျိုချလိုက်သောလေများပြန်ထွက်စေရန် ခန္ဓာကိုယ်မှ အလို အလျောက်တုံ့ပြန်မှုစနစ်တစ်ခုဖြစ်သည်။ သို့သော်လည်း လေချဉ်ပြန်ခြင်းသည် မကြာခဏဖြစ်လာခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်းများ ဖြစ်လာပါက ပို၍ဆိုးရွားသော အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ပြဿနာဖြစ်နိုင်သောကြောင့် ကျွမ်းကျင်သူများနှင့် ပြသသင့်သည်။


လေလည်ခြင်းသည် အူလမ်းကြောင်းအတွင်းဖြစ်ပေါ်လာသောလေများကို စွန့်ထုတ်ခြင်းဖြစ်သည်။ စားသောအစားအစာများ၊ ဆေးဝါးများ ပေါ်မူတည်၍ လေလည်ခြင်းဖြစ်နိုင်သော်လည်း စိတ်အနှောင့်အယှက်ဖြစ်ရလောက်အောင် ဆိုးလာလျှင်မူ ဆရာဝန်နှင့်ပြသနိုင်သည်။


(၉) ကိုယ်နံ့ထွက်ခြင်း

ကိုယ်နံ့သည် ခန္ဓာကိုယ်အရေပြားပေါ်တွင် သဘာဝအတိုင်းရှိနေသည့် ဗက်တီးရီးယားများကြောင့် ဖြစ်ပွားနိုင်သည်။ ခန္ဓာကိုယ်၏ အပူချိန်နှင့် ချွေးများကြောင့် ဗက်တီးရီးယားများပို၍ပေါက်ဖွားကာ ကိုယ်ရနံ့ပိုဆိုးစေသည်။ ထို့ပြင် ကြက်သွန်ဖြူနှင့် ကြက်သွန်နီကဲ့သို့ သောအစားအစာများသည် ကိုယ်ရနံ့ကို ပို၍ဆိုးရွားစေနိုင်သည်။ သို့သော် ကိုယ်အနံ့မထိန်းနိုင်လောက်အောင် အလွန်အမင်းဆိုးရွား ခြင်းကို Bromhidrosisဟုခေါ်ပြီး အများအားဖြင့် ချိုင်းနှင့်ပေါင်ကြားတွင် ပို၍အနံ့ဆိုးထွက်လေ့ရှိသည်။ ထိုရောဂါ အခြေအနေသည်လည်း အမျိုးသားများတွင် ပို၍တွေ့ရလေ့ရှိသည်။


(၁၀) အရေပြားမှိုရောဂါများ

Jock Itch ဟုခေါ်သည့် မှိုရောဂါသည် ပေါင်ခြံနှင့် ပေါင်အတွင်းသားတွင် နီရဲရောင်ရမ်းသောအကွက်များဖြစ်စေသော အရေပြားရောဂါ တစ်မျိုးဖြစ်သည်။ ၎င်းကို အသားပွန်းခြင်း(ပေါင်ပွန်းခြင်း)ဟုခေါ်ဆိုကြသည်။ ပူပြင်းသောရာသီဥတု၊ ကိုယ်လက်လှုပ်ရှားမှုများပြားခြင်း နှင့် အဝလွန်သူများတွင် အဖြစ်များလေ့ရှိသော အရေပြားရောဂါဖြစ်သည်။ ထို့ပြင် ခြေချောင်းကြားလေးများတွင်ဖြစ်တတ်သော သဲဝဲစား ခြင်းနှင့်လည်း ဆင်တူသောရောဂါဖြစ်သည်။ အဆိုပါအခြေအနေနှစ်မျိုးစလုံးသည် တီနီးယား(Tinea)အမည်ရှိသောမှိုပိုးများကြောင့် ဖြစ်ပွားရပြီး ပေါင်ခြံတွင်ဖြစ်ပါက ခြေချောင်းများသို့ ပျံ့နှံ့နိုင်သကဲ့သို့ ခြေချောင်းကြားမှလည်း ပေါင်ခြံဆီသို့ ပျံ့နှံ့နိုင်သည်။


အဆိုပါရောဂါအခြေအနေများကို မှိုလိမ်းဆေးများဖြင့်ကုသနိုင်သကဲ့သို့ မပျောက်ကင်းပါက ဆရာဝန်များဖြင့်ပြသပြီး ညွှန်ကြားသော သောက်ဆေးများဖြင့်လည်း ကုသနိုင်သည်။ သို့သော် မကြာခဏမဖြစ်စေရန် နည်းလမ်းများမှာ တတ်နိုင်သရွေ့အဆိုပါနေရာများကို ခြောက်သွေ့သန့်ရှင်းစေရန် ဂရုပြုနေထိုင်ရပါမည်။


(၁၁) ခြေစွယ်ငုပ်ခြင်း

ခြေစွယ်ငုပ်ခြင်းသည် အမျိုးသားများတွင် ပို၍အဖြစ်များသောရောဂါဖြစ်သည်။ ခြေစွယ်ငုပ်သောနေရာတွင် အများအားဖြင့် နီရဲရောင်ရမ်းခြင်း၊ နာကျင်ခြင်းဖြစ်နိုင်ပြီး ခံရခက်နိုင်သည်။ အများအားဖြင့် ခြေမတွင် အဖြစ်များလှသော်လည်း အခြားသော ခြေချောင်း များတွင်လည်း ဖြစ်စေနိုင်သည်။ အများအားဖြင့် ခြေသည်းကို အလွန်တိုအောင်မညှပ်ဘဲ၊ အဝိုင်းမညှပ်ဘဲ လေးထောင့်ညှပ်ပြီးထားရန် လိုအပ်သကဲ့သို့ ခြေချောင်းလေးများကို လေဝင်လေထွက်ကောင်းပြီး ခြောက်သွေ့စွာထားရန်လည်း အရေးကြီးသည်။


(၁၂) ခံတွင်းရနံ့ဆိုးခြင်း

ခံတွင်းရနံ့ဆိုးခြင်းသည် ခံတွင်းထဲရှိ ဗက်တီးရီးယားများကြောင့်ဖြစ်ရသော်လည်း အချို့သောအစားအစာများကြောင့်လည်း ပို၍ဆိုးရွား နိုင်သည်။ ထို့ပြင် အစာအိမ်လေချဉ်ပြန်ခြင်း၊ သွားနှင့်ခံတွင်းဆိုင်ရာရောဂါများရှိခြင်း၊ ထိပ်ကပ်နာနှင့်ဆီးချိုရောဂါများကြောင့်လည်း ခံတွင်း အနံ့ဆိုးနိုင်သည်။ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်သော်လည်း အနံ့ဆိုးထွက်ခြင်းမသက်သာပါက သက်ဆိုင်ရာအကြောင်းရင်းကိုရှာဖွေပြီး ကုသသင့်သည်။


နိဂုံးချုပ်အားဖြင့်ဆိုရသော် အထက်ပါအကြောင်းရင်းများသည် အမျိုးသားများတွင် ပို၍တွေ့ရတတ်သော ကျန်းမာရေးအခြေအနေများဖြစ် သော်လည်း ဆီးကျိတ်ရောင်ခြင်း၊ လိင်စိတ်အားနည်းလာခြင်း(ပန်းညှိုးခြင်း)၊ နောက်ကျောဘက်တွင် အမွှေးများထွက်ခြင်းစသော အခြေ အနေများလည်း ပို၍ဖြစ်နိုင်သည်။ အမျိုးသမီးနှင့် အမျိုးသားသည် ဆောင်းပါးအစတွင် ဖော်ပြခဲ့သကဲ့သို့ မတူညီသောအချက်များကြောင့် အမျိုးသားများတွင်သာ ပို၍ဖြစ်နိုင်သော ကျန်းမာရေးအခြေအနေများကို ရေးသားလိုက်ရခြင်းဖြစ်ပြီး အမျိုးသမီးများတွင်ပို၍ဖြစ်တတ် သော ကျန်းမာရေးအခြေအနေများကိုလည်း အလျဉ်းသင့်သောအခါတွင် စာဖတ်သူများအတွက် ရေးသားပေးဦးမည်ဖြစ်ပါသည်။


ရေးသားသူ - ဒေါက်တာလင်း


ဖေဖော်ဝါရီလ ၁ ရက်နေ့ ၂၀၂၁ခုနှစ်ထုတ် ရတနာပုံသတင်းစာ စာမျက်နှာ ၁၄တွင်ပါသော ‘အမျိုးသားများတွင်သာ ပို၍တွေ့ရတတ် သော ကျန်းမာရေးပြဿနာများ’ ဆောင်းပါးဖြစ်သည်။


(Zawgyi) 

အမ်ိဳးသားမ်ားတြင္သာ ပို၍ေတြ႕ရတတ္ေသာက်န္းမာေရးျပႆနာမ်ား




အမ်ိဳးသားႏွင့္ အမ်ိဳးသမီးသည္ မ်ိဳးရိုးဗီဇအရေသာ္လည္းေကာင္း၊ ခႏၶာကိုယ္ဖြဲ႔စည္းပံုအရေသာ္လည္းေကာင္း တူညီျခင္းမရွိလွပါ။ ထိုကဲ့သို႔ မတူညီျခင္းမ်ားေၾကာင့္ပင္ အခ်ိဳ႕ေသာ က်န္းမာေရးအေျခအေနမ်ားသည္လည္း အမ်ိဳးသားမ်ားတြင္သာ ပို၍အေတြ႕ရ မ်ားတတ္သည္။ ထိုကဲ့သို႔ အမ်ိဳးသားမ်ားတြင္သာ ပို၍အေတြ႕ရမ်ားတတ္ေသာ က်န္မာေရးျပႆနာမ်ားကို စာဖတ္သူမ်ား ဗဟုသုတ ရရွိေစရန္ ေရးသားလိုက္ရပါသည္။

(၁) ဘီယာဗိုက္

အမ်ိဳးသားမ်ားသည္ အသက္ရလာသည္ႏွင့္အမွ် ကိုယ္အေလးခ်ိန္တက္လာတတ္သည္။ ထိုသို႔ကိုယ္အေလးခ်ိန္တက္လာရာတြင္ အမ်ိဳးသားမ်ား၏ဗိုက္ေနရာသည္ အမ်ိဳးသမီးမ်ားထက္အဆီပိုစုကာ အမ်ားဆံုး၀လာတတ္သည္။ အထူးသျဖင့္ ခါးအတိုင္းအထြာ လက္မ ၄၀ေက်ာ္ေအာင္ ၀လာသူမ်ားသည္ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခ ပို၍ျမင့္မားသည္။ ထိုကဲ့သို႔ ဗိုက္အဆီမ်ားသူသည္ ႏွလံုးႏွင့္ ေသြးတိုးေရာဂါ၊ ေလျဖတ္ေရာဂါမ်ားလည္း ပို၍ျဖစ္ပြားႏိုင္သည္။ ထို႔ေၾကာင့္ ဘီယာဗိုက္ျဖစ္ေနေသာ အမ်ိဳးသားမ်ားအေနျဖင့္ ကိုယ္အေလးခ်ိန္က်ဆင္း ေစရန္ ေနထိုင္စားေသာက္သင့္ပါေၾကာင္း အၾကံျပဳပါသည္။

(၂) ေခၽြးထြက္လြန္ျခင္း

အမ်ိဳးသားမ်ားသည္ ပံုမွန္အားျဖင့္ အမ်ိဳးသမီးမ်ားထက္ ေခၽြးထြက္မ်ားတတ္သည္။ သို႔ေသာ္လည္း အခ်ိဳ႕အမ်ိဳးသားမ်ားသည္ ပို၍ပင္ ေခၽြးထြက္မ်ားတတ္သည္။ အထူးသျဖင့္ ခ်ိဳင္းၾကား၊ ေျခဖ၀ါးႏွင့္ လက္ဖ၀ါး ပို၍ေခၽြးထြက္ျပီး ထိုကဲ့သို႔အေျခအေနကို Hyperhidrosis ဟု ေခၚဆိုႏိုင္သည္။ ထိုကဲ့သို႔ ေခၽြးထြက္လြန္ေနပါက ဆရာ၀န္ႏွင့္တိုင္ပင္ ျပသႏိုင္သည္။

(၃) မ်က္ခံုးေမႊးထူျခင္း

အမ်ိဳးသားမ်ားတြင္ တက္စတိုစတီရုန္း(Testosterone)ဟုေခၚေသာ က်ားေဟာ္မုန္းေၾကာင့္ အမ်ိဳးသမီးမ်ားထက္ပို၍ အေမႊးအမွ်င္မ်ားျပားေလ့ရွိသည္။ ထို႔ေၾကာင့္ အခ်ိဳ႕ေသာအမ်ိဳးသားမ်ားတြင္ မ်က္ခံုးေမႊးမ်ားအလြန္အမင္းထြက္ေလ့ရွိျပီး အလယ္တြင္ လာဆက္ကာ မ်က္ခံုးေမႊးႏွစ္ဖက္သည္ တစ္ဆက္တည္းကဲ့သို႔ပင္ျဖစ္ေနတတ္သည္။ ထိုကဲ့သို႔မ်က္ခံုးေမႊးအလြန္မ်ားေနျခင္းသည္ အမ်ိဳးသားအမ်ားစုအတြက္ စိတ္အေႏွာင့္အယွက္ျဖစ္စရာပင္ျဖစ္သည္။ ထိုကဲ့သို႔ မ်က္ခံုးေမႊးအလြန္အမင္းမ်ားျပားေနျခင္းေၾကာင့္ မၾကာခဏ ရိတ္ပယ္ပံုသြင္းရျခင္းကို စိတ္အေႏွာင့္အယွက္ျဖစ္ေနပါက ေခတ္မီနည္းလမ္းမ်ားျဖင့္ ေျဖရွင္းႏိုင္သည္။

(၄) ေမးေစ့တြင္ျဖစ္ေသာ အဖုအပိမ့္ေလးမ်ား

မုတ္ဆိတ္ရိတ္ဓားမ်ားအသံုးျပဳ၍ မုတ္ဆိတ္ရိတ္ျပီးပါက ေမးေစ့တြင္နီရဲေသာ အဖုငယ္မ်ားျဖစ္က်န္ရစ္တတ္သည္။ ထိုအဖုေလးမ်ား ျဖစ္ေပၚလာရျခင္းမွာ ႏႈတ္ခမ္းေမႊးအစအနမ်ား ေမႊးညင္းေပါက္ထဲ၀င္၍ ပိတ္ဆို႔ျခင္းေၾကာင့္ျဖစ္သည္။ မ်က္ႏွာအေရျပားကိုေခ်ာေမြ႔ေစရန္ လိုလားသူတစ္ဦးသာဆိုပါက အဆိုပါအဖုငယ္ေလးမ်ားသည္ စိတ္အေႏွာင့္အယွက္ျဖစ္စရာပင္ျဖစ္သည္။ ထိုကဲ့သို႔ Razor Bumpsဟုေခၚ သည့္အဖုငယ္မ်ားျဖစ္ပြားျခင္းကို မႏွစ္သက္ပါက ေအာက္ပါနည္းလမ္းမ်ားကို စမ္းၾကည့္ႏိုင္ပါသည္။

မ်က္ႏွာေမႊးညင္းေပါက္ကေလးမ်ားက်ယ္ေစရန္ မုတ္ဆိတ္ရိတ္ကာနီးတိုင္း ေရေႏြးျဖင့္မ်က္ႏွာသစ္ေပးပါ။

မုတ္ဆိတ္ရိတ္ဂ်ယ္လ္(Shaving Gel) မ်ားမ်ားသံုးပါ။

မ်က္ႏွာအေရျပားကို ဆြဲဆန္႔ျပီးရိတ္ပါ။

မုတ္ဆိတ္ေမႊးေပါက္ေသာ ဦးတည္ရာအတိုင္း မုတ္ဆိတ္ဓားကိုထားျပီးရိတ္ပါ။

မုတ္ဆိတ္ရိတ္ဓားသံုးမည့္အစား လွ်ပ္စစ္မုတ္ဆိတ္ရိတ္စက္ေျပာင္းသံုးပါ။

(၅) ထိပ္ေျပာင္ျခင္း

ထိပ္ေျပာင္ျခင္းသည္ အမ်ိဳးသားမ်ားတြင္အေတြ႕ရမ်ားေသာ ျပႆနာျဖစ္ျပီး အသက္ ၃၅ႏွစ္ခန္႔မွစတင္၍ ခံစားရေလ့ရွိသည္။ ေလ့လာမႈ တစ္ခုအရ အသက္ ၄၅ႏွစ္ခန္႔ အမ်ိဳးသားမ်ား၏ ၇၅ရာခိုင္ႏႈန္းသည္ အနည္းနွင့္အမ်ားဆိုသလို ဆံပင္ကၽြတ္လာျခင္း( ထိပ္ေျပာင္လာျခင္း) ကို ခံစားေနရသည္ဟုဆိုထားသည္။ အကယ္၍ အသက္၃၀ခန္႔မွစတင္၍ ဆံပင္ကၽြတ္ျခင္းကိုခံစားေနရပါက အသက္ ၅၀အရြယ္တြင္ ထိပ္ ေျပာင္ႏိုင္သည္။

(၆) အေရာင္မျမင္ျခင္း (အေရာင္မခြဲႏိုင္ျခင္း)

အေရာင္မကြဲျခင္း၊ အေရာင္မျမင္ရျခင္းသည္ အမ်ိဳးသားမ်ားတြင္ေတြ႕ရမ်ားေသာ အေျခအေနျဖစ္သည္။ အမ်ိဳးသား ၁၂ဦးတြင္ တစ္ဦးႏႈန္း (တစ္နည္းအားျဖင့္) အမ်ိဳးသားထု၏ ရွစ္ရာခိုင္ႏႈန္းသည္ အေရာင္မခြဲႏိုင္သည့္ျပႆနာရွိသည္ဟုဆိုၾကသည္။ ႏႈိင္းယွဥ္ၾကည့္ပါက အမ်ိဳးသမီးဦးေရ ၂၀၀တြင္ တစ္ဦးသာ ထိုအေျခအေနမ်ိဳးေတြ႕ရတတ္သည္။ ထိုကဲ့သို႔အေရာင္မခြဲႏိုင္ျခင္းသည္ မ်ိဳးဗီဇဆိုင္ရာျပႆနာ ျဖစ္သကဲ့သို႔ ဆီးခ်ိဳစေသာေရာဂါမ်ားတြင္လည္း ေတြ႕ရတတ္သည္။

အေရာင္မကြဲျခင္း၊ အေရာင္မျမင္ျခင္းသည္ အေျခအေနအမ်ိဳးမ်ိဳးႏွင့္ေတြ႕ရႏိုင္သည္။ တခ်ိဳ႕တြင္ လံုး၀အေရာင္မျမင္ျခင္း၊ တခ်ိဳ႕တြင္ အနီ ႏွင့္ အစိမ္းကိုမကြဲျခင္း၊ တခ်ိဳ႕တြင္ အျပာေရာင္ကိုမခြဲႏိုင္ျခင္းစသည္ျဖင့္ ပံုစံအမ်ိဳးမ်ိဳးႏွင့္ ေတြ႔ရွိရႏိုင္သည္။ အေတြ႔ရအမ်ားဆံုးမွာ Red, Green Colorblindness ဟုေခၚသည့္ အနီႏွင့္အစိမ္းကို မကြဲျခင္းပင္ျဖစ္သည္။ မည္သည့္အေရာင္မကြဲေသာ အမ်ိဳးအစားပင္ျဖစ္ပါေစ ကုသရန္မလြယ္ကူပါ။ အထူးျပဳလုပ္ခ်ိန္ညွိေပးႏိုင္ေသာ မ်က္မွန္မ်ားအသံုးျပဳႏိုင္ေသာ္လည္း အခ်ိဳ႕သူမ်ားတြင္ အလုပ္မျဖစ္လွပါ။

(၇) ေဟာက္ျခင္း

အမ်ိဳးသားမ်ား၏ ၄၄ရာခိုင္ႏႈန္း(ထက္၀က္နီးပါးသည္) ေဟာက္တတ္သည္ဟုဆိုထားသည္။ ထိုကဲ့သို႔ေဟာက္ျခင္းသည္ အိပ္ေသာ အေနအထား၊ ေသာက္ေနေသာေဆးမ်ားႏွင့္ အခ်ိဳ႕ေသာေရာဂါ အေျခအေနမ်ားေပၚတြင္လည္း မူတည္ေနႏိုင္သည္။ ထို႔ျပင္ ေဟာက္ ျခင္းသည္ အႏၱရာယ္ရွိေသာ အေျခအေနတစ္ရပ္ျဖစ္သည့္ အိပ္ေပ်ာ္ေနစဥ္ ေခတၱအသက္ရွဴရပ္ျခင္း (Sleep Apnea) ေၾကာင့္လည္း ျဖစ္ေနႏိုင္သည္။ အိပ္ေပ်ာ္ေနစဥ္ေဟာက္ျခင္းသည္ အနီးရွိ အတူတူအိပ္ေနသူ၏ က်န္းမာေရးထိခိုက္ေလာက္ေအာင္ျဖစ္ေနပါက ဆရာ၀န္မ်ားႏွင့္ ျပသႏိုင္သည္။

(၈) ေလပြျခင္းႏွင့္ ေလလည္ျခင္း

ေလတက္ျခင္း(ေလခ်ဥ္ျပန္ျခင္း)၊ ေလပြျခင္းႏွင့္ ေလလည္ျခင္းသည္ အမ်ိဳးသားမ်ားတြင္ ပို၍အေတြ႕ရမ်ားေသာ အေျခအေနပင္ျဖစ္သည္။ ေလတက္ျခင္း(ေလခ်ဥ္ျပန္ျခင္း)ဆိုသည္မွာ အစာစားခ်ိန္တြင္ အစာႏွင့္အတူမ်ိဳခ်လိုက္ေသာေလမ်ားျပန္ထြက္ေစရန္ ခႏၶာကိုယ္မွ အလို အေလ်ာက္တံု႕ျပန္မႈစနစ္တစ္ခုျဖစ္သည္။ သို႔ေသာ္လည္း ေလခ်ဥ္ျပန္ျခင္းသည္ မၾကာခဏျဖစ္လာျခင္း၊ ပ်ိဳ႕အန္ျခင္း၊ ဗိုက္ေအာင့္ျခင္းမ်ား ျဖစ္လာပါက ပို၍ဆိုးရြားေသာ အစာအိမ္အူလမ္းေၾကာင္းဆိုင္ရာ ျပႆနာျဖစ္ႏိုင္ေသာေၾကာင့္ ကၽြမ္းက်င္သူမ်ားႏွင့္ ျပသသင့္သည္။

ေလလည္ျခင္းသည္ အူလမ္းေၾကာင္းအတြင္းျဖစ္ေပၚလာေသာေလမ်ားကို စြန္႔ထုတ္ျခင္းျဖစ္သည္။ စားေသာအစားအစာမ်ား၊ ေဆး၀ါးမ်ား ေပၚမူတည္၍ ေလလည္ျခင္းျဖစ္ႏိုင္ေသာ္လည္း စိတ္အေႏွာင့္အယွက္ျဖစ္ရေလာက္ေအာင္ ဆိုးလာလွ်င္မူ ဆရာ၀န္ႏွင့္ျပသႏိုင္သည္။

(၉) ကိုယ္နံ႔ထြက္ျခင္း

ကိုယ္နံ႔သည္ ခႏၶာကိုယ္အေရျပားေပၚတြင္ သဘာ၀အတိုင္းရွိေနသည့္ ဗက္တီးရီးယားမ်ားေၾကာင့္ ျဖစ္ပြားႏိုင္သည္။ ခႏၶာကိုယ္၏ အပူခ်ိန္ႏွင့္ ေခၽြးမ်ားေၾကာင့္ ဗက္တီးရီးယားမ်ားပို၍ေပါက္ဖြားကာ ကိုယ္ရနံ႔ပိုဆိုးေစသည္။ ထို႔ျပင္ ၾကက္သြန္ျဖဴႏွင့္ ၾကက္သြန္နီကဲ့သို႔ ေသာအစားအစာမ်ားသည္ ကိုယ္ရနံ႔ကို ပို၍ဆိုးရြားေစႏိုင္သည္။ သို႔ေသာ္ ကိုယ္အနံ႔မထိန္းႏိုင္ေလာက္ေအာင္ အလြန္အမင္းဆိုးရြား ျခင္းကို Bromhidrosisဟုေခၚျပီး အမ်ားအားျဖင့္ ခ်ိဳင္းႏွင့္ေပါင္ၾကားတြင္ ပို၍အနံ႔ဆိုးထြက္ေလ့ရွိသည္။ ထိုေရာဂါ အေျခအေနသည္လည္း အမ်ိဳးသားမ်ားတြင္ ပို၍ေတြ႕ရေလ့ရွိသည္။

(၁၀) အေရျပားမႈိေရာဂါမ်ား

Jock Itch ဟုေခၚသည့္ မႈိေရာဂါသည္ ေပါင္ျခံႏွင့္ ေပါင္အတြင္းသားတြင္ နီရဲေရာင္ရမ္းေသာအကြက္မ်ားျဖစ္ေစေသာ အေရျပားေရာဂါ တစ္မ်ိဳးျဖစ္သည္။ ၄င္းကို အသားပြန္းျခင္း(ေပါင္ပြန္းျခင္း)ဟုေခၚဆိုၾကသည္။ ပူျပင္းေသာရာသီဥတု၊ ကိုယ္လက္လႈပ္ရွားမႈမ်ားျပားျခင္း ႏွင့္ အ၀လြန္သူမ်ားတြင္ အျဖစ္မ်ားေလ့ရွိေသာ အေရျပားေရာဂါျဖစ္သည္။ ထို႔ျပင္ ေျခေခ်ာင္းၾကားေလးမ်ားတြင္ျဖစ္တတ္ေသာ သဲ၀ဲစား ျခင္းႏွင့္လည္း ဆင္တူေသာေရာဂါျဖစ္သည္။ အဆိုပါအေျခအေနႏွစ္မ်ိဳးစလံုးသည္ တီနီးယား(Tinea)အမည္ရွိေသာမႈိပိုးမ်ားေၾကာင့္ ျဖစ္ပြားရျပီး ေပါင္ျခံတြင္ျဖစ္ပါက ေျခေခ်ာင္းမ်ားသို႔ ပ်ံ႔ႏွံ႔ႏိုင္သကဲ့သို႔ ေျခေခ်ာင္းၾကားမွလည္း ေပါင္ျခံဆီသို႔ ပ်ံ႔ႏွံ႔ႏိုင္သည္။

အဆိုပါေရာဂါအေျခအေနမ်ားကို မႈိလိမ္းေဆးမ်ားျဖင့္ကုသႏိုင္သကဲ့သို႔ မေပ်ာက္ကင္းပါက ဆရာ၀န္မ်ားျဖင့္ျပသျပီး ညႊန္ၾကားေသာ ေသာက္ေဆးမ်ားျဖင့္လည္း ကုသႏိုင္သည္။ သို႔ေသာ္ မၾကာခဏမျဖစ္ေစရန္ နည္းလမ္းမ်ားမွာ တတ္ႏိုင္သေရြ႕အဆိုပါေနရာမ်ားကို ေျခာက္ေသြ႕သန္႔ရွင္းေစရန္ ဂရုျပဳေနထိုင္ရပါမည္။

(၁၁) ေျခစြယ္ငုပ္ျခင္း

ေျခစြယ္ငုပ္ျခင္းသည္ အမ်ိဳးသားမ်ားတြင္ ပို၍အျဖစ္မ်ားေသာေရာဂါျဖစ္သည္။ ေျခစြယ္ငုပ္ေသာေနရာတြင္ အမ်ားအားျဖင့္ နီရဲေရာင္ရမ္းျခင္း၊ နာက်င္ျခင္းျဖစ္ႏိုင္ျပီး ခံရခက္ႏိုင္သည္။ အမ်ားအားျဖင့္ ေျခမတြင္ အျဖစ္မ်ားလွေသာ္လည္း အျခားေသာ ေျခေခ်ာင္း မ်ားတြင္လည္း ျဖစ္ေစႏိုင္သည္။ အမ်ားအားျဖင့္ ေျခသည္းကို အလြန္တိုေအာင္မညွပ္ဘဲ၊ အ၀ိုင္းမညွပ္ဘဲ ေလးေထာင့္ညွပ္ျပီးထားရန္ လိုအပ္သကဲ့သို႔ ေျခေခ်ာင္းေလးမ်ားကို ေလ၀င္ေလထြက္ေကာင္းျပီး ေျခာက္ေသြ႕စြာထားရန္လည္း အေရးၾကီးသည္။

(၁၂) ခံတြင္းရနံ႔ဆိုးျခင္း

ခံတြင္းရနံ႔ဆိုးျခင္းသည္ ခံတြင္းထဲရွိ ဗက္တီးရီးယားမ်ားေၾကာင့္ျဖစ္ရေသာ္လည္း အခ်ိဳ႕ေသာအစားအစာမ်ားေၾကာင့္လည္း ပို၍ဆိုးရြား ႏိုင္သည္။ ထို႔ျပင္ အစာအိမ္ေလခ်ဥ္ျပန္ျခင္း၊ သြားႏွင့္ခံတြင္းဆိုင္ရာေရာဂါမ်ားရွိျခင္း၊ ထိပ္ကပ္နာႏွင့္ဆီးခ်ိဳေရာဂါမ်ားေၾကာင့္လည္း ခံတြင္း အနံ႔ဆိုးႏိုင္သည္။ ခံတြင္းသန္႔ရွင္းေရးကို ဂရုစိုက္ေသာ္လည္း အနံ႔ဆိုးထြက္ျခင္းမသက္သာပါက သက္ဆိုင္ရာအေၾကာင္းရင္းကိုရွာေဖြျပီး ကုသသင့္သည္။

နိဂံုးခ်ဳပ္အားျဖင့္ဆိုရေသာ္ အထက္ပါအေၾကာင္းရင္းမ်ားသည္ အမ်ိဳးသားမ်ားတြင္ ပို၍ေတြ႕ရတတ္ေသာ က်န္းမာေရးအေျခအေနမ်ားျဖစ္ ေသာ္လည္း ဆီးက်ိတ္ေရာင္ျခင္း၊ လိင္စိတ္အားနည္းလာျခင္း(ပန္းညွိဳးျခင္း)၊ ေနာက္ေက်ာဘက္တြင္ အေမႊးမ်ားထြက္ျခင္းစေသာ အေျခ အေနမ်ားလည္း ပို၍ျဖစ္ႏိုင္သည္။ အမ်ိဳးသမီးႏွင့္ အမ်ိဳးသားသည္ ေဆာင္းပါးအစတြင္ ေဖာ္ျပခဲ့သကဲ့သို႔ မတူညီေသာအခ်က္မ်ားေၾကာင့္ အမ်ိဳးသားမ်ားတြင္သာ ပို၍ျဖစ္ႏိုင္ေသာ က်န္းမာေရးအေျခအေနမ်ားကို ေရးသားလိုက္ရျခင္းျဖစ္ျပီး အမ်ိဳးသမီးမ်ားတြင္ပို၍ျဖစ္တတ္ ေသာ က်န္းမာေရးအေျခအေနမ်ားကိုလည္း အလ်ဥ္းသင့္ေသာအခါတြင္ စာဖတ္သူမ်ားအတြက္ ေရးသားေပးဦးမည္ျဖစ္ပါသည္။

ေရးသားသူ - ေဒါက္တာလင္း

ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ ၂၀၂၁ခုႏွစ္ထုတ္ ရတနာပံုသတင္းစာ စာမ်က္ႏွာ ၁၄တြင္ပါေသာ ‘အမ်ိဳးသားမ်ားတြင္သာ ပို၍ေတြ႕ရတတ္ ေသာ က်န္းမာေရးျပႆနာမ်ား’ ေဆာင္းပါးျဖစ္သည္။

No comments: