Friday, February 19, 2021

မာလာဟင်းများ (အပိုင်း နှစ်)

Mala Xiang Guo (မာလာရှမ်းကော) အပါအဝင် မာလာဟင်းများ (အပိုင်း နှစ်) 

မာလာရှမ်းကောမြန်မာပြည်မှာခေတ်စားနေတာ နှစ်အတော်ကြာပါပြီ။ သေချာတာကတော့ စီချွမ်တရုတ်စားသောက်ဆိုင်တစ်ခုမှာ မာလာငါးဟင်းကို အရင်ဆုံးစားဖူးတယ်။ နောက်ပိုင်းတော့ အခုခေတ်စားနေတဲ့ မာလာရှမ်းကောကိုစားဖူးတာပေါ့။မာလာရှမ်းကော ချက်ရင်ပဲဖြစ်ဖြစ်၊ မာလာငါး၊ မာလာကြက်ချဉ်စပ် ဘယ်လိုဆိုဆို အဓိကကျတဲ့ ပါဝင်ပစ္စည်းအမယ်က မာလာအနှစ် သို့မဟုတ် အမှုန့် (Mala Cuisine Paste or Powder) ပါပဲ။ အရသာအစပ်ပိုကဲမလား၊ ထုံတုံတုံအရသာပိုကြိုက်သလားဆိုတာကတော့ကြည့်ရွေးရမယ် ထင်ပါတယ်။

မာလာဟင်းချက်နည်းတွေကို အချို့က အချိုးအစားတိတိကျကျဖော်ပြကြသလို အချို့က ပျှမ်းမျှသဘောချက်နည်း ကိုသာပြောထားကြ တာမို့ ကိုယ့်လက်စွမ်းအလိုက် အရသာကွာခြားနိုင်ပါတယ်။ဒါကြောင့် အချက်အပြုတ် Youtuber တွေရဲ့ Video Clips တွေနဲ့ တွဲဖက် တင်ကာဝေငှလိုက်ပါတယ်။

(၁) မာလာရှမ်းကော




လိုအပ်ပစ္စည်းများ

ကြက်သား သို့မဟုတ် ဝက်သား၊ ဂျယ်လီခေါက်ဆွဲ/ပဲပြားလိပ်/ခေါက်ဆွဲခြောက်ဖတ်များ၊ မိမိနှစ်သက်ရာ အသီးအရွက်များ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ပဲငံပြာရည်အကြည်၊ မာလာဟင်းအနှစ်၊ ဆား၊ နှမ်း၊ မြေပဲဆန်။

ပြင်ဆင်ချက်ပြုတ်ပုံ

မိမိနှစ်သက်ရာ အသီးအရွက်များအား အနေတော်အရွယ်ပမာဏခန့်လှီးဖြတ်ထားပါ။

ပဲခေါက်ဆွဲ၊ဂျယ်လီခေါက်ဆွဲများထည့်မည်ဆိုပါက ကြိုတင်ရေစိမ်ထားပါ။

လှီးဖြတ်ထားသည့် အသီးအရွက်များအား ရေနွေးဆူဆူတွင် တစ်မိနစ်ခန့်ပြုတ်ပါ။

ကြက်သား သို့မဟုတ် ဝက်သားအား အတုံးသေးသေးလေးများတုံးပြီး ဆီပူတွင်ကြော်ထားပါ။

ထို့နောက် ဇောက်နက်နက်အိုးတစ်ခုထဲတွင် ဆီထည့်ပြီး ကြက်သွန်ဖြူ ၊ ဂျင်းတို့ကို ဆီသတ်ပါ။

ပြုတ်ထားသည့် အသီးအရွက်များအားထည့်ပါ။

မာလာဟင်းအနှစ်ထည့်ပါ။ ပဲငံပြာရည်အကြည်ထည့်ပါ။

အရသာအတွက် ဆား (သို့မဟုတ်) ကြက်သားမှုန့်ထည့်နိုင်ပါသည်။

ကြော်ထားသည့်အသားများအားထည့်ပါ။ နှမ်း (သို့မဟုတ်) မြေပဲဆန်ထည့်ပါ။


(၂) မာလာ ဟော့ပေါ့




မာလာဟင်းအနှစ် ၂၀၀ ဂရမ်၊ ဂျင်း၊ ကြက်သွန်မြိတ်၊ တရုတ်ပဲငပိ၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်အကြည်၊ ငရုတ်သီးဖတ်များ၊ ကြက်ပြုတ်ရည်၊ ကြက်သား၊ ဟင်းသီးဟင်းရွက်များ။

မာလာဟင်းအနှစ် ၂၀၀ ဂရမ်၊ တရုတ်ပဲငပိ၊ ဂျင်း/ကြက်သွန်မြိတ်/ကြက်သွန်ဖြူ ပါးပါးလှီးထားတာတို့ကို ဒယ်အိုးတစ်ခုအတွင်း ထည့်သွင်းပြီး ဆီသတ်ပါ။

အရသာအတွက် ဆား သို့မဟုတ် ကြက်သားမှုန့်နှင့် ပဲငံပြာရည်အကြည်ထည့်ပါ။

ထို့နောက် ငရုတ်သီးဖတ်များ၊ ဂျင်းဖတ်များအား ဇကာဖြင့်စစ်ပါ။

ရရှိလာသည့် ငရုတ်နှစ်များအား ဟော့ပေါ့အိုးထဲတွင်ထည့်သွင်းပြီး ကြက်ပြုတ်ရည်ဖြင့်ရောပါ။

မိမိနှစ်သက်သည့် အသား၊ ဟင်းသီးဟင်းရွက်များထည့်သွင်းစားသုံးနိုင်ပါသည်။


(၃) စီချွမ် ကြက်သားမာလာ




လိုအပ်ပစ္စည်းများ

ကြက်သား၊ မာလာဟင်းခတ်မှုန့်၊ ငရုတ်သီးအခြောက်တောင့်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ဟွာကျောင်း (Sichuan Pepper သို့မဟုတ် မက်ခါးသီး) အနည်းငယ်။

ပြင်ဆင်ချက်ပြုတ်ပုံ

ကြက်သားများအား အတုံးလေးများတုံးပြီး မာလာဟင်းခတ်အမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းဖြင့်နယ်ကာ တစ်နာရီခန့် အရသာနှပ်ထားပါ။

အရသာဖြင့်နှပ်ထားသော ကြက်သားများအား ဒယ်အိုးထဲတွင် ဆီပူဖြင့် ကျက်သည်အထိကြော်ပါ။ ထို့နောက် ဆီစစ်ထားပါ။

ငရုတ်သီးအခြောက်တောင့်၊ ကြက်သွန်မြိတ်/ကြက်သွန်ဖြူ နုတ်နုတ်စင်း၊ ဟွာကျောင်းအနည်းငယ်တို့အား ကြွပ်ယွလာသည်အထိ ဆီသတ်ပါ။

ထို့နောက် ကြက်သားကြော်များအားထည့်ပြီး နှံ့စပ်သည်အထိမွှေပါ။

(၄) အာလူးမာလာ




လိုအပ်ပစ္စည်းများ

အာလူး၊ မာလာဟင်းအနှစ်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ နံနံပင်၊ နှမ်း၊ မြေပဲ၊ ဆား။

ပြင်ဆင်ချက်ပြုတ်ပုံ

အာလူးများအား အခွံခွာရေဆေးပြီး အနေတော်အရွယ် ခပ်ပါးပါးလှီးထားပါ။ ထို့နောက် အာလူးအစေးများ ပျောက်သွားစေရန် ထုံးရေကြည်တွင် ဆယ်မိနစ်ခန့်စိမ်ပေးပါ။

ထို့နောက် အာလူးများအား အိုးတစ်လုံးထဲထည့်ပြီး ၅၀%ခန့်ကျက်သွားသည်အထိပြုတ်ပါ။

အိုးတစ်ခုအတွင်းသို့ ဆီထည့်ပြီး ကြက်သွန်ဖြူ နုတ်နုတ်စင်း၊ ကြက်သွန်မြိတ်၊ ဂျင်းနုတ်နုန်စင်းအနည်းငယ်တို့အား ဆီသတ်ပါ။

မာလာဟင်းအနှစ် ထမင်းစားဇွန်း တစ်ဇွန်းထည့်ပါ။ အရသာအတွက် ဆား သို့မဟုတ် ကြက်သားမှုန့်အနည်းငယ်ထည့်ပါ။ နှမ်း သို့မဟုတ် မြေပဲလေးစိတ်ကွဲထည့်ပါ။

ပြုတ်ထားသော အာလူးများအားထည့်ပါ။ ထို့နောက် နှံ့အောင်မွှေပါ။

မွှေးပျံ့သောရနံ့ရရှိစေရန် နံနံပင် ရိတ်ရိတ်လှီးထည့်ပါ။

ပန်းကန်ပြားတစ်ခုအတွင်းသို့ထည့်ပြီး တည်ခင်းဧည့်ခံနိုင်ပါပြီ။ 


(၅) သုံးထပ်သား မာလာ




လိုအပ်ပစ္စည်းများ

ဝက်သား၊ ဂျင်း၊ ကြက်သွန်မြိတ်၊ ဟွာကျောင်း၊ မာလာဟင်းခတ်အနှစ်၊ နံနံပင်၊ နှမ်းဆီ


ပြင်ဆင်ချက်ပြုတ်ပုံ

ဝက်သား (သုံးထပ်သား)များအား ဂျင်း၊ ကြက်သွန်မြိတ်၊ ဟွာကျောင်းတို့ဖြင့် နူးအောင်ပြုတ်ပါ။

ပြုတ်ထားသော ဝက်သားများအား ပါးပါးလွှာလွှာလေးများဖြစ်အောင်လှီးပြီး ပန်းကန်တစ်ခုထဲတွင် စီဖြန့်ထားပါ။

မာလာဟင်းခတ်အနှစ်၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ဆား သို့မဟုတ် ကြက်သားမှုန့်၊ နှမ်းဆီအနည်းငယ်အား ပန်းကန်တစ်ခုထဲတွင် ရောခပ်ထားပါ။

ဝက်သားသုံးထပ်သားလွှာများပေါ်သို့ ဟင်းအနှစ်များဆမ်းပြီး သုံးဆောင်နိုင်ပါသည်။


ချက်ပြုတ်ပြသူ -  Chan Sitt Lynn (https://www.facebook.com/chansitt.lynn.7) 


မာလာရှမ်းကော 

--------------------------------

ဒီနေ့ အိမ်မှာ ဝတ်ရည် ချက်စားဖြစ်တဲ့ မာလာရှမ်းကောပါ။ အိမ်မှာရှိတာနဲ့ ချက်ရတာမို့ အစာပလာ မစုံပင်မယ့် အရမ်းစားကောင်းတာမို့ ချက်နည်းလေး ရှယ်ပါရစေ။ ချက်နည်းထဲမှာတော့ အစာပလာ အစုံ ထည့်ရေးပေးထားပါတယ်။ လုပ်စားကြည့်နော်။


--------------------------------




မာလာရှမ်းကော ငရုတ်သီး ဆီသပ်ရန် ပါဝင်ပစ္စည်းများ

• စီချွမ့်ငရုတ်ကောင်း(Sichuan Pepper) - စားပွဲတင်ဇွန်း ၃ဇွန်း 

• နတ်နတ်ပွင့်(Star Anise) - ၇ ခု 

• ကလဝေရွက်(bay-leaf) - ၅ရွက်

• သစ်ကြမ်းပိုး(Cinnamon Bark) - ၄ခု

• လိမ္မော်ခွံခြောက် - ၁ခု

• ဇာတိပ္ဇိုလ်သီး(Nutmeg) - ၁ခု (ခြစ်တံဖြင့် အမှုန့်များ ခြစ်ထည့်ပေးပေးပါ)

• ဂျင်း - ၇ပြား

• ဖာလာ(Cardamon) - စားပွဲတင်ဇွန်း တဝက်

• ငရုတ်သီးခြောက်နီ - ၅ခု (လက်မဝက်ရွယ်များ ပိုင်းဖြတ်ပါ)

--------------------------------

မာလာရှမ်းကော ချက်ရန် ပါဝင်ပစ္စည်းများ


• ငရုတ်သီးဆီမွှေး - စားပွဲတင်ဇွန်း ၄ဇွန်း

• ကြက်သွန်ဖြူ - ၄မွှာ (နှုတ်နှုတ်စဉ်းပါ)

• ငရုတ်သီးခြောက်နီ - ၁၀ခု (လက်မဝက် ရွယ်များပိုင်းဖြတ်ပါ)

• ဆား - စားပွဲတင်ဇွန်း ၁ဇွန်း 

• အသားမှုန့် - စားပွဲတင်ဇွန်း ၁ဇွန်း

• အချိုမှုန့် - စားပွဲတင်ဇွန်း တစ်ဝက်

• မြေပဲနီ - ၁ထုပ် (အကျက်)

• နှမ်း - စားပွဲတင်ဇွန်း ၂ဇွန်းစာ (အပေါ်မှ ဖြူးရန်)

• ကြက်သွန်မြိတ် - တစ်စည်းဝက် (၁လက်မအရွယ်များပိုင်းဖြတ်ပါ)

• နံနံပင် - လက်တဆုပ်စာ (ပါးပါးလှီးပါ)


မာလာရှမ်းကော ပါဝင်သည့် အစာပလာများ

•  ပုဇွန်ထုပ် - ၂၀ ကျပ်သား (သန့်စင်ပေးထားပါ)

• ခေါက်ဆွဲခေါက် - ၁ထုပ် (ပြုတ်ထားပေးပြီ ပြန်ဆယ်ထားပါ)

• ကြက်အူချောင်း(အစို) - ၅ချောင်း (အချောင်း လှီးထားပါ)

• ငါးသားလုံး - ၁၀လုံး (ထက်ခြမ်းခြမ်းပါ)

• ငါးတို့ဟူး - ၄ခု (အရှည်အတုံးများ လှီးဖြတ်ပါ)

• ကြာစွယ် - ၁ခု (အခွံနွှာပြီ ပါးပါးလှီးပါ)

• အာလူး - ၂လုံး (အခွံနွှာပြီ ပါးပါးလှီးပါ)

• အပ်မှို - ၁စည်း (အမြစ်ပိုင်း လှီးဖြတ်ပါ)

• ဂေါ်ဖီ - တစိတ် (ပိုင်းဖြတ်ပါ)

• မှိုနားရွက် - လက်တဆုပ်စာ (ရေစိမ်ထားပြီ ပါးပါးလှီးပေးပါ)

• ပဲလိပ် - လက်တဆုပ်စာ (ရေစိပ်ထားပြီ ထပ်ခြမ်းခြမ်းပါ)

• ပြောင်းဖူး - ဖူးဝက် (ပြုတ်ပြီ အတုံးတုံးထားပါ)

• ကြက်သွန်မြိတ် - ၂စည်း (၁လက်မရွယ်များ ပိုင်းဖြတ်ပါ)

• မုန့်ညှင်းစိမ်း - ၁စည်း (၁လက်မရွယ်များ ပိုင်းဖြတ်ပါ)

• ကန်စွန်းရွက် - စည်းဝက် (ပိုင်းဖြတ်ပေးပါ)

• နံနံပင် - လက်တဆုပ်စာ (ပါးပါးလှီးပါ)


--------------------------------


မာလာ ငရုတ်သီးဆီသပ် ချက်နည်း


၁။ အရင်ဆုံး ဒယ်ထဲ ဆီ(၄၀၀ ဂရမ်)ကို ထည့်ပါ။ 

၂။ ဆီပူလာလျှင် ဂျင်း၊ စီချွမ့်ငရုတ်ကောင်း၊ နတ်နတ်ပွင့်၊ ငရုတ်သီးခြောက်၊ ဖာလာ၊ ကရဝေးရွက်၊ သစ်ဂျပိုး၊ လီမ္မော်ခွံ၊ ဇာတိပ္ဖိုလ်သီးမှုန့် တို့ကို ထည့်ပြီ ၁မိနစ်ခန့် ဆီသပ်ပေးပါ။ 

၃။ ပြီလျှင် ငရုတ်သီးခြောက်နီများ ထည့် ၁မိနစ်ခန့် ထပ်ဆီသပ်ပါ။ 

၄။ ထို့နောက် ဇကာဖြင့် ဟင်းခတ်အမွှေးအကြိုင် အားလုံးကို ဖယ်ထားလိုက်ပါ။ 

၅။ ဒယ်ထဲမှ ငရုတ်သီးဆီသပ်ကို ဒီအတိုင်းထားပါ။ 


--------------------------------


မာလာရှမ်းကော ချက်နည်း


၁။ ခုနက ငရုတ်သီးဆီသပ်ထားသော ဒယ်ထဲသို့ ကြက်သွန်ဖြူများထည့်ဆီသပ်ပေးပါ။ 

၂။ ပြီလျှင် ငရုတ်သီးဆီမွှေး၊ ငရုတ်သီးခြောက်နီများထည့်ပြီ ၁မိနစ် ဆီသပ်ပါ။ 

၃။ ပြီနောက် ပုဇွန်ထုပ်၊ ကြက်သွန်မြိတ် များကို ထည့်ပြီ ရောမွှေပေးပါ။ 

၄။ ပြီးလျှင် (ကြက်အူချောင်း၊ ငါးသားလုံး၊ ငါးတို့ဟူး၊ ဂေါ်ဖီ၊ ပဲလိပ်၊ မှိုနားရွက်၊ ပဲထပ်) တို့ကို ထည့်ပေးပြီ ရေ(၂၀၀မီလီလီတာ)ခန့် ထည့်ပေးပြီ အဖုံးအုပ်ပြီ ခဏတည်ထားပါ။ 

၅။ ရေခမ်းကာနီး (ခေါက်ဆွဲ) ၊ ကြာစွယ်၊ ပြောင်းဖူး၊ အာလူး၊ အရသာအတွက် (ဆား၊ အသားမှုန့်၊ အချိုမှုန့်) တို့ကို ထည့်ပြီ နောက်ထပ် ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် အဖုံးအုပ် တည်ထားပါ။ 

၆။ ထို့နောက် (ကန်စွန်းရွက်၊ မုန့်ညှင်းရွက်၊ အပ်မှို) တို့ကို ထပ်ထည့်ပေးပါ။ 

ရ။ နောက်ဆုံးမှ မြေပဲထည့် ရောမွှေ။ အပေါ်မှ နံနံပင်၊ ကြက်သွန်မြိတ်၊ နှမ်းများ ဖြူးပေးပါ။ 

၈။ အရသာရှိစွာဖြင့် မာလာရှမ်းကော ဟင်းလျာကို သုံးဆောင်နိုင်ပါပြီ… 

--------------------------------

Wutyee Food House


(Zawgyi) 

 Mala Xiang Guo (မာလာရွမ္းေကာ) အပါအ၀င္ မာလာဟင္းမ်ား (အပိုင္း ႏွစ္) 

မာလာရွမ္းေကာျမန္မာျပည္မွာေခတ္စားေနတာ ႏွစ္အေတာ္ၾကာပါျပီ။ ေသခ်ာတာကေတာ့ စီခၽြမ္တရုတ္စားေသာက္ဆိုင္တစ္ခုမွာ မာလာငါးဟင္းကို အရင္ဆံုးစားဖူးတယ္။ ေနာက္ပိုင္းေတာ့ အခုေခတ္စားေနတဲ့ မာလာရွမ္းေကာကိုစားဖူးတာေပါ့။မာလာရွမ္းေကာ ခ်က္ရင္ပဲျဖစ္ျဖစ္၊ မာလာငါး၊ မာလာၾကက္ခ်ဥ္စပ္ ဘယ္လိုဆိုဆို အဓိကက်တဲ့ ပါ၀င္ပစၥည္းအမယ္က မာလာအႏွစ္ သို႕မဟုတ္ အမႈန္႔ (Mala Cuisine Paste or Powder) ပါပဲ။ အရသာအစပ္ပိုကဲမလား၊ ထံုတံုတံုအရသာပိုၾကိဳက္သလားဆိုတာကေတာ့ၾကည့္ေရြးရမယ္ ထင္ပါတယ္။

မာလာဟင္းခ်က္နည္းေတြကို အခ်ိဳ႕က အခ်ိဳးအစားတိတိက်က်ေဖာ္ျပၾကသလို အခ်ိဳ႕က ပွ်မ္းမွ်သေဘာခ်က္နည္း ကိုသာေျပာထားၾက တာမို႔ ကိုယ့္လက္စြမ္းအလိုက္ အရသာကြာျခားႏိုင္ပါတယ္။ဒါေၾကာင့္ အခ်က္အျပဳတ္ Youtuber ေတြရဲ႕ Video Clips ေတြနဲ႔ တြဲဖက္ တင္ကာေ၀ငွလိုက္ပါတယ္။

(၁) မာလာရွမ္းေကာ




လိုအပ္ပစၥည္းမ်ား

ၾကက္သား သို႔မဟုတ္ ၀က္သား၊ ဂ်ယ္လီေခါက္ဆြဲ/ပဲျပားလိပ္/ေခါက္ဆြဲေျခာက္ဖတ္မ်ား၊ မိမိႏွစ္သက္ရာ အသီးအရြက္မ်ား၊ ၾကက္သြန္ျဖဴ၊ ဂ်င္း၊ ပဲငံျပာရည္အၾကည္၊ မာလာဟင္းအႏွစ္၊ ဆား၊ ႏွမ္း၊ ေျမပဲဆန္။

ျပင္ဆင္ခ်က္ျပဳတ္ပံု

မိမိႏွစ္သက္ရာ အသီးအရြက္မ်ားအား အေနေတာ္အရြယ္ပမာဏခန္႔လွီးျဖတ္ထားပါ။

ပဲေခါက္ဆြဲ၊ဂ်ယ္လီေခါက္ဆြဲမ်ားထည့္မည္ဆိုပါက ၾကိဳတင္ေရစိမ္ထားပါ။

လွီးျဖတ္ထားသည့္ အသီးအရြက္မ်ားအား ေရေႏြးဆူဆူတြင္ တစ္မိနစ္ခန္႔ျပဳတ္ပါ။

ၾကက္သား သို႕မဟုတ္ ၀က္သားအား အတံုးေသးေသးေလးမ်ားတံုးျပီး ဆီပူတြင္ေၾကာ္ထားပါ။

ထို႔ေနာက္ ေဇာက္နက္နက္အိုးတစ္ခုထဲတြင္ ဆီထည့္ျပီး ၾကက္သြန္ျဖဴ ၊ ဂ်င္းတို႔ကို ဆီသတ္ပါ။

ျပဳတ္ထားသည့္ အသီးအရြက္မ်ားအားထည့္ပါ။

မာလာဟင္းအႏွစ္ထည့္ပါ။ ပဲငံျပာရည္အၾကည္ထည့္ပါ။

အရသာအတြက္ ဆား (သို႕မဟုတ္) ၾကက္သားမႈန္႔ထည့္ႏိုင္ပါသည္။

ေၾကာ္ထားသည့္အသားမ်ားအားထည့္ပါ။ ႏွမ္း (သို႕မဟုတ္) ေျမပဲဆန္ထည့္ပါ။


(၂) မာလာ ေဟာ့ေပါ့




မာလာဟင္းအႏွစ္ ၂၀၀ ဂရမ္၊ ဂ်င္း၊ ၾကက္သြန္ျမိတ္၊ တရုတ္ပဲငပိ၊ ၾကက္သြန္ျဖဴ၊ ပဲငံျပာရည္အၾကည္၊ ငရုတ္သီးဖတ္မ်ား၊ ၾကက္ျပဳတ္ရည္၊ ၾကက္သား၊ ဟင္းသီးဟင္းရြက္မ်ား။

မာလာဟင္းအႏွစ္ ၂၀၀ ဂရမ္၊ တရုတ္ပဲငပိ၊ ဂ်င္း/ၾကက္သြန္ျမိတ္/ၾကက္သြန္ျဖဴ ပါးပါးလွီးထားတာတို႔ကို ဒယ္အိုးတစ္ခုအတြင္း ထည့္သြင္းျပီး ဆီသတ္ပါ။

အရသာအတြက္ ဆား သို႕မဟုတ္ ၾကက္သားမႈန္႔ႏွင့္ ပဲငံျပာရည္အၾကည္ထည့္ပါ။

ထို႔ေနာက္ ငရုတ္သီးဖတ္မ်ား၊ ဂ်င္းဖတ္မ်ားအား ဇကာျဖင့္စစ္ပါ။

ရရွိလာသည့္ ငရုတ္ႏွစ္မ်ားအား ေဟာ့ေပါ့အိုးထဲတြင္ထည့္သြင္းျပီး ၾကက္ျပဳတ္ရည္ျဖင့္ေရာပါ။

မိမိႏွစ္သက္သည့္ အသား၊ ဟင္းသီးဟင္းရြက္မ်ားထည့္သြင္းစားသံုးႏိုင္ပါသည္။


(၃) စီခၽြမ္ ၾကက္သားမာလာ




လိုအပ္ပစၥည္းမ်ား

ၾကက္သား၊ မာလာဟင္းခတ္မႈန္႔၊ ငရုတ္သီးအေျခာက္ေတာင့္၊ ၾကက္သြန္ျမိတ္၊ ၾကက္သြန္ျဖဴ၊ ဟြာေက်ာင္း (Sichuan Pepper သို႔မဟုတ္ မက္ခါးသီး) အနည္းငယ္။

ျပင္ဆင္ခ်က္ျပဳတ္ပံု

ၾကက္သားမ်ားအား အတံုးေလးမ်ားတံုးျပီး မာလာဟင္းခတ္အမႈန္႔ စားပြဲတင္ဇြန္း တစ္ဇြန္းျဖင့္နယ္ကာ တစ္နာရီခန္႔ အရသာႏွပ္ထားပါ။

အရသာျဖင့္ႏွပ္ထားေသာ ၾကက္သားမ်ားအား ဒယ္အိုးထဲတြင္ ဆီပူျဖင့္ က်က္သည္အထိေၾကာ္ပါ။ ထို႔ေနာက္ ဆီစစ္ထားပါ။

ငရုတ္သီးအေျခာက္ေတာင့္၊ ၾကက္သြန္ျမိတ္/ၾကက္သြန္ျဖဴ ႏုတ္ႏုတ္စင္း၊ ဟြာေက်ာင္းအနည္းငယ္တို႔အား ၾကြပ္ယြလာသည္အထိ ဆီသတ္ပါ။

ထို႔ေနာက္ ၾကက္သားေၾကာ္မ်ားအားထည့္ျပီး ႏွံ႔စပ္သည္အထိေမႊပါ။


(၄) အာလူးမာလာ




လိုအပ္ပစၥည္းမ်ား

အာလူး၊ မာလာဟင္းအႏွစ္၊ ၾကက္သြန္ျဖဴ၊ ဂ်င္း၊ နံနံပင္၊ ႏွမ္း၊ ေျမပဲ၊ ဆား။

ျပင္ဆင္ခ်က္ျပဳတ္ပံု

အာလူးမ်ားအား အခြံခြာေရေဆးျပီး အေနေတာ္အရြယ္ ခပ္ပါးပါးလွီးထားပါ။ ထို႔ေနာက္ အာလူးအေစးမ်ား ေပ်ာက္သြားေစရန္ ထံုးေရၾကည္တြင္ ဆယ္မိနစ္ခန္႔စိမ္ေပးပါ။

ထို႔ေနာက္ အာလူးမ်ားအား အိုးတစ္လံုးထဲထည့္ျပီး ၅၀%ခန္႔က်က္သြားသည္အထိျပဳတ္ပါ။

အိုးတစ္ခုအတြင္းသို႔ ဆီထည့္ျပီး ၾကက္သြန္ျဖဴ ႏုတ္ႏုတ္စင္း၊ ၾကက္သြန္ျမိတ္၊ ဂ်င္းႏုတ္ႏုန္စင္းအနည္းငယ္တို႔အား ဆီသတ္ပါ။

မာလာဟင္းအႏွစ္ ထမင္းစားဇြန္း တစ္ဇြန္းထည့္ပါ။ အရသာအတြက္ ဆား သို႕မဟုတ္ ၾကက္သားမႈန္႔အနည္းငယ္ထည့္ပါ။ ႏွမ္း သို႕မဟုတ္ ေျမပဲေလးစိတ္ကြဲထည့္ပါ။

ျပဳတ္ထားေသာ အာလူးမ်ားအားထည့္ပါ။ ထို႔ေနာက္ ႏွံ႔ေအာင္ေမႊပါ။

ေမႊးပ်ံ႕ေသာရနံ႔ရရွိေစရန္ နံနံပင္ ရိတ္ရိတ္လွီးထည့္ပါ။

ပန္းကန္ျပားတစ္ခုအတြင္းသို႔ထည့္ျပီး တည္ခင္းဧည့္ခံႏိုင္ပါျပီ။ 


(၅) သံုးထပ္သား မာလာ




လိုအပ္ပစၥည္းမ်ား

၀က္သား၊ ဂ်င္း၊ ၾကက္သြန္ျမိတ္၊ ဟြာေက်ာင္း၊ မာလာဟင္းခတ္အႏွစ္၊ နံနံပင္၊ ႏွမ္းဆီ


ျပင္ဆင္ခ်က္ျပဳတ္ပံု

၀က္သား (သံုးထပ္သား)မ်ားအား ဂ်င္း၊ ၾကက္သြန္ျမိတ္၊ ဟြာေက်ာင္းတို႔ျဖင့္ ႏူးေအာင္ျပဳတ္ပါ။

ျပဳတ္ထားေသာ ၀က္သားမ်ားအား ပါးပါးလႊာလႊာေလးမ်ားျဖစ္ေအာင္လွီးျပီး ပန္းကန္တစ္ခုထဲတြင္ စီျဖန္႔ထားပါ။

မာလာဟင္းခတ္အႏွစ္၊ ၾကက္သြန္ျမိတ္၊ နံနံပင္၊ ဆား သို႕မဟုတ္ ၾကက္သားမႈန္႔၊ ႏွမ္းဆီအနည္းငယ္အား ပန္းကန္တစ္ခုထဲတြင္ ေရာခပ္ထားပါ။

၀က္သားသံုးထပ္သားလႊာမ်ားေပၚသို႔ ဟင္းအႏွစ္မ်ားဆမ္းျပီး သံုးေဆာင္ႏိုင္ပါသည္။

ခ်က္ျပဳတ္ျပသူ -  Chan Sitt Lynn (https://www.facebook.com/chansitt.lynn.7) 


မာလာရွမ္းေကာ 

--------------------------------




ဒီေန႔ အိမ္မွာ ဝတ္ရည္ ခ်က္စားျဖစ္တဲ့ မာလာရွမ္းေကာပါ။ အိမ္မွာရွိတာနဲ႔ ခ်က္ရတာမို့ အစာပလာ မစုံပင္မယ့္ အရမ္းစားေကာင္းတာမို့ ခ်က္နည္းေလး ရွယ္ပါရေစ။ ခ်က္နည္းထဲမွာေတာ့ အစာပလာ အစုံ ထည့္ေရးေပးထားပါတယ္။ လုပ္စားၾကည့္ေနာ္။

--------------------------------

မာလာရွမ္းေကာ င႐ုတ္သီး ဆီသပ္ရန္ ပါ၀င္ပစၥည္းမ်ား

• စီခၽြမ့္င႐ုတ္ေကာင္း(Sichuan Pepper) - စားပြဲတင္ဇြန္း ၃ဇြန္း 

• နတ္နတ္ပြင့္(Star Anise) - ၇ ခု 

• ကလေဝရြက္(bay-leaf) - ၅ရြက္

• သစ္ၾကမ္းပိုး(Cinnamon Bark) - ၄ခု

• လိေမၼာ္ခြံေျခာက္ - ၁ခု

• ဇာတိပၨိဳလ္သီး(Nutmeg) - ၁ခု (ျခစ္တံျဖင့္ အမွုန္႔မ်ား ျခစ္ထည့္ေပးေပးပါ)

• ဂ်င္း - ၇ျပား

• ဖာလာ(Cardamon) - စားပြဲတင္ဇြန္း တ၀က္

• င႐ုတ္သီးေျခာက္နီ - ၅ခု (လက္မ၀က္ရြယ္မ်ား ပိုင္းျဖတ္ပါ)

--------------------------------

မာလာရွမ္းေကာ ခ်က္ရန္ ပါ၀င္ပစၥည္းမ်ား


• င႐ုတ္သီးဆီေမႊး - စားပြဲတင္ဇြန္း ၄ဇြန္း

• ၾကက္သြန္ျဖဴ - ၄မႊာ (ႏွုတ္ႏွုတ္စဥ္းပါ)

• င႐ုတ္သီးေျခာက္နီ - ၁၀ခု (လက္မ၀က္ ရြယ္မ်ားပိုင္းျဖတ္ပါ)

• ဆား - စားပြဲတင္ဇြန္း ၁ဇြန္း 

• အသားမွုန္႔ - စားပြဲတင္ဇြန္း ၁ဇြန္း

• အခ်ိဳမွုန္႔ - စားပြဲတင္ဇြန္း တစ္၀က္

• ေျမပဲနီ - ၁ထုပ္ (အက်က္)

• ႏွမ္း - စားပြဲတင္ဇြန္း ၂ဇြန္းစာ (အေပၚမွ ျဖဴးရန္)

• ၾကက္သြန္ၿမိတ္ - တစ္စည္း၀က္ (၁လက္မအရြယ္မ်ားပိုင္းျဖတ္ပါ)

• နံနံပင္ - လက္တဆုပ္စာ (ပါးပါးလွီးပါ)


မာလာရွမ္းေကာ ပါ၀င္သည့္ အစာပလာမ်ား

•  ပုဇြန္ထုပ္ - ၂၀ က်ပ္သား (သန႔္စင္ေပးထားပါ)

• ေခါက္ဆြဲေခါက္ - ၁ထုပ္ (ျပဳတ္ထားေပးၿပီ ျပန္ဆယ္ထားပါ)

• ၾကက္အူေခ်ာင္း(အစို) - ၅ေခ်ာင္း (အေခ်ာင္း လွီးထားပါ)

• ငါးသားလုံး - ၁၀လုံး (ထက္ျခမ္းျခမ္းပါ)

• ငါးတို့ဟူး - ၄ခု (အရွည္အတုံးမ်ား လွီးျဖတ္ပါ)

• ၾကာစြယ္ - ၁ခု (အခြံႏႊာၿပီ ပါးပါးလွီးပါ)

• အာလူး - ၂လုံး (အခြံႏႊာၿပီ ပါးပါးလွီးပါ)

• အပ္မွို - ၁စည္း (အျမစ္ပိုင္း လွီးျဖတ္ပါ)

• ေဂၚဖီ - တစိတ္ (ပိုင္းျဖတ္ပါ)

• မွိုနားရြက္ - လက္တဆုပ္စာ (ေရစိမ္ထားၿပီ ပါးပါးလွီးေပးပါ)

• ပဲလိပ္ - လက္တဆုပ္စာ (ေရစိပ္ထားၿပီ ထပ္ျခမ္းျခမ္းပါ)

• ေျပာင္းဖူး - ဖူးဝက္ (ျပဳတ္ၿပီ အတုံးတုံးထားပါ)

• ၾကက္သြန္ၿမိတ္ - ၂စည္း (၁လက္မရြယ္မ်ား ပိုင္းျဖတ္ပါ)

• မုန္႔ညႇင္းစိမ္း - ၁စည္း (၁လက္မရြယ္မ်ား ပိုင္းျဖတ္ပါ)

• ကန္စြန္းရြက္ - စည္း၀က္ (ပိုင္းျဖတ္ေပးပါ)

• နံနံပင္ - လက္တဆုပ္စာ (ပါးပါးလွီးပါ)

--------------------------------

မာလာ င႐ုတ္သီးဆီသပ္ ခ်က္နည္း

၁။ အရင္ဆုံး ဒယ္ထဲ ဆီ(၄၀၀ ဂရမ္)ကို ထည့္ပါ။ 

၂။ ဆီပူလာလၽွင္ ဂ်င္း၊ စီခၽြမ့္င႐ုတ္ေကာင္း၊ နတ္နတ္ပြင့္၊ င႐ုတ္သီးေျခာက္၊ ဖာလာ၊ ကရေ၀းရြက္၊ သစ္ဂ်ပိုး၊ လီေမၼာ္ခြံ၊ ဇာတိပၹိဳလ္သီးမွုန္႔ တို့ကို ထည့္ၿပီ ၁မိနစ္ခန္႔ ဆီသပ္ေပးပါ။ 

၃။ ၿပီလၽွင္ င႐ုတ္သီးေျခာက္နီမ်ား ထည့္ ၁မိနစ္ခန္႔ ထပ္ဆီသပ္ပါ။ 

၄။ ထို့ေနာက္ ဇကာျဖင့္ ဟင္းခတ္အေမႊးအႀကိဳင္ အားလုံးကို ဖယ္ထားလိုက္ပါ။ 

၅။ ဒယ္ထဲမွ င႐ုတ္သီးဆီသပ္ကို ဒီအတိုင္းထားပါ။ 

--------------------------------

မာလာရွမ္းေကာ ခ်က္နည္း

၁။ ခုနက င႐ုတ္သီးဆီသပ္ထားေသာ ဒယ္ထဲသို့ ၾကက္သြန္ျဖဴမ်ားထည့္ဆီသပ္ေပးပါ။ 

၂။ ၿပီလၽွင္ င႐ုတ္သီးဆီေမႊး၊ င႐ုတ္သီးေျခာက္နီမ်ားထည့္ၿပီ ၁မိနစ္ ဆီသပ္ပါ။ 

၃။ ၿပီေနာက္ ပုဇြန္ထုပ္၊ ၾကက္သြန္ၿမိတ္ မ်ားကို ထည့္ၿပီ ေရာေမႊေပးပါ။ 

၄။ ၿပီးလၽွင္ (ၾကက္အူေခ်ာင္း၊ ငါးသားလုံး၊ ငါးတို့ဟူး၊ ေဂၚဖီ၊ ပဲလိပ္၊ မွိုနားရြက္၊ ပဲထပ္) တို့ကို ထည့္ေပးၿပီ ေရ(၂၀၀မီလီလီတာ)ခန္႔ ထည့္ေပးၿပီ အဖုံးအုပ္ၿပီ ခဏတည္ထားပါ။ 

၅။ ေရခမ္းကာနီး (ေခါက္ဆြဲ) ၊ ၾကာစြယ္၊ ေျပာင္းဖူး၊ အာလူး၊ အရသာအတြက္ (ဆား၊ အသားမွုန္႔၊ အခ်ိဳမွုန္႔) တို့ကို ထည့္ၿပီ ေနာက္ထပ္ ၂မိနစ္ခန္႔ မီးအသင့္တင့္ျဖင့္ အဖုံးအုပ္ တည္ထားပါ။ 

၆။ ထို့ေနာက္ (ကန္စြန္းရြက္၊ မုန္႔ညႇင္းရြက္၊ အပ္မွို) တို့ကို ထပ္ထည့္ေပးပါ။ 

ရ။ ေနာက္ဆုံးမွ ေျမပဲထည့္ ေရာေမႊ။ အေပၚမွ နံနံပင္၊ ၾကက္သြန္ၿမိတ္၊ ႏွမ္းမ်ား ျဖဴးေပးပါ။ 

၈။ အရသာရွိစြာျဖင့္ မာလာရွမ္းေကာ ဟင္းလ်ာကို သုံးေဆာင္နိုင္ပါၿပီ… 

--------------------------------

Wutyee Food House

No comments: