Friday, February 5, 2021

အီကြာကွေး အစာသွပ် - ကောက်ညှင်းရွှေထမင်း - မုန့်စြက်ာ - ကိုရီးယား ငါးဖယ်ချောင်း Soup

သျှမ်းခေါက်ဆွဲ - အီကြာကွေး အစာသွပ် - ကောက်ညှင်းရွှေထမင်း - မုန့်စြက်ာ -  ကိုရီးယား ငါးဖယ်ချောင်း Soup – Instant Noodle ခေါက်ဆွဲကြော်


သည်တစ်ခါတော့ အွန်လိုင်း လူမှုကွန်ရက်ပေါ်က အစားအစာချက်ပြုတ်တာ ဝါသနာထုံသူများရဲ့ ဝေငှတဲ့ မုန့်လုပ်နည်းလေးတွေကို ပြန်လည်ဝေမျှမှာဖြစ်ပါတယ်။ Recipes တွေကတော့ အချိုးအဆပြောပြသူရှိသလို ပြင်ဆင်ပြုလုပ်ပုံတွေကိုပဲပြောပြသူများရှိတာကြောင့် Youtube က ချက်ပြုတ်နည်းတင်သူများရဲ့ ဗီဒီယိုကလစ်များနဲ့ တွဲဖက်ဝေငှပါရစေ။ အိမ်မှာ ကိုယ့်အထာနဲ့ပြန်လည်ပြင်ဆင်ချက်ပြုတ် စားကြတဲ့ နည်းလေးတွေပါပဲ။


သျှမ်းခေါက်ဆွဲ




သျှမ်းခေါက်ဆွဲချက်နည်းအမျိုးမျိုးရှိပေမဲ့ကျွန်မချက်တတ်သလိုချက်တဲ့နည်းလေးမျှဝေတာပါအလွယ်တကူလုပ်စားချင်စားလို့ရအောင်ပါ။


လိုအပ်ပစ္စည်း

သျှမ်းခေါက်ဆွဲဖတ် (ကြောင်နက်တံဆိပ်)၊ 

ပဲပုပ်အနှစ် (လားရှိုးပဲငပိအနှစ်)၊

ခရမ်းချဉ်သီး၊

မြေပဲထောင်း၊

ငရုတ်သီးဆီချက်၊

နံနံပင်၊ကြက်သွန်မြိတ်၊

ကြက်သား၊ ကြက်ပြုတ်ရည်။


ပြင်ဆင်ပြုလုပ်ပုံ

ခရမ်းချဉ်သီးကိုပြုတ်၊ အခွံနွှာပြီးအနှစ်ရအောင်ချေပါ။

ပြုတ်ထားတဲ့ ကြက်သားကို အတုံးသေးသေးလေးတွေတုံး၊ ငံပြာရည်၊အသားမှုန့်၊ နနွင်းအနည်းငယ်ထည့်နယ်ပြီး ခဏနှပ်ထားပါ။


ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းအနည်းငယ်တို့ကိုထောင်းပြီး ဆီသတ်ရာမှာ အရောင်တင်မှုန့်အနည်းငယ်ထည့်ပေးပါ။


စောစောကပြုတ်ပြီး ချေထားတဲ့ ခရမ်းချဉ်သီးအနှစ်ထည့်မွှေ၊ ကြက်သားနှပ်ထားတာကိုထည့်မွှေ၊ ပဲငံပြာရည်နည်းနည်းထည့်ပါ။


ပြီးရင် ပဲပုတ်အနှစ် (Ready Made ပဲငပိအနှစ်) လေး နှစ်ဇွန်းလောက်ထည့်မွှေပြီး ကြက်ပြုတ်ရည် သို့မဟုတ် ရေနွေးလေးနည်းနည်း ထည့် မီးဖိုပေါ်ခဏတည်ထားပေးလိုက်ပါက သျှမ်းခေါက်ဆွဲထဲထည့်မယ့် အနှစ်ရပါပြီ။


မုန့်ပွဲပြင်ဖို့ ကြောင်နက်တံဆိပ် သျှမ်းခေါက်ဆွဲဖတ်ကို ရေနွေးပူပူမှာ ၃ မိနစ်လောက်ပြုတ်လိုက်ပြီး ဆည်လိုက်ကာ ပန်းကန်ထဲထည့် ခဏနေက အနှစ်လေးကိုစမ်း၊ မြေပဲထောင်းထားတာထည့်၊ နှစ်သက်ရာ နံနံပင်၊ ကြက်သွန်မြိတ်၊ ဂေါ်ရခါးညွှန့် ကြိုက်ရာထည့်စားပါ။


ငရုတ်သီးထည့်စားချင်ရင်တော့ ငရုတ်သီးအကျက်မှုန့်ကို ဆီလေးနည်းနည်းနဲ့ကြော်လိုက်ရင် သျှမ်းခေါက်ဆွဲနဲ့စားဖို့ ငရုတ်သီးဆီချက်ရပါပြီ။


ကြက်သွန်ဖြူဆီချက်လေးအတွက်ကတော့ ကြက်သွန်ဖြူဆီချက်ချက်ချိန် တရုတ်မဆလာမှုန့်လေးရယ်၊ နှမ်းလေးရည်ထည့်ပြီး ချက်ပေးပါ။


မုန့်ဖတ်၊ကြက်သားခရမ်းချဉ်သီးအနှစ်၊ငရုတ်သီးဆီချက်၊ကြက်သွန်ဖြူဆီချက်၊ နံနံပင်/ကြက်သွန်မြိတ် ပါးပါးလှီးထားတာကိုထည့်၊ ကြက်ပြုတ်ရည်အနည်းငယ်လောင်းထည့်ပြီးစားရင် သျှမ်းခေါက်ဆွဲတစ်ပွဲပြည့်စုံပါပြီ။ အရည်မထည့်ဘဲ အနှစ်လေးနဲ့နယ်စားလဲရပါတယ်။


ချက်ပြုတ်ပြသူ - မေသူ


အီကြာကွေးအစာသွပ်ကြော်




အပြင်ကဝယ်စားရင်တော့ မုန်လာဥနီနဲ့ ပဲပင်ပေါက်များများကို အစာသွပ်ထားတဲ့ အီကြာကွေးကိုမုန့်နှစ်နဲ့ပြန်ကြော်ထားကြတာ များပါတယ်။ ကိုယ့်အိမ်မှာဆိုရင်တော့ ကြိတ်ထားတဲ့အသားလည်းပါတယ် အစာသွပ်ထားတဲ့ အီကြာကွေးကို မုန့်နှစ်နဲ့ပြန်မသုတ်လိမ်းပဲေကြော်စားတတ်ကြတယ်။


လိုအပ်ပစ္စည်း

အီကြာကွေး ၂ ချောင်း

ကြက်သား ၁၀ သား

မုန်လာဥနီ ကြီးကြီး ၁ ဥ (Carrot)

ကြက်ဥ ၁ လုံး

ပဲငံပြာရည်အကျဲ တစ်ဇွန်း

အချိုမှုန့် ဆား သကြားအနည်းငယ်


ပြင်ဆင်ပြုလုပ်ပုံ


ကြက်သားကိုအချိုမှုန့် ဆားတို့ဖြင့်ရေခမ်းပြုတ်ပါ။ြပြုတ်ပြီးသားကိုအရိုးနွှင်ပြီးကြိတ်ထားပါ။


မုန်လာဥနီကိုအမျှင်လေးများခြစ်၍ ကြက်သားကြိတ်ပြီးသားဖြင့်ရော၍ ဆီအနည်းငယ် သကြား ပဲငံပြာရည်အကျဲဖြင့်

ဆီသတ်လုံးပြီး အအေးခံထားပါ။ အေးလျှင် ကြက်ဥ ၁လုံး ခလောက်၍ေရောမွှေပါ။


အီကြာကွေးကို အပိုင်းလေးများ့ဖြတ်၍ အစာသွပ်ပြီးဆီးနည်းနည်းဖြင့်ပြန်ကြော်ပါ။


အလွန်အရသာရှိပြီးအာဟာရပြည့်ဝတဲ့ အီကြာကွေးအစာသွပ်ရပါပြီ။


ခရမ်းချဉ်သီး/ငရုတ်သီးဆော့စ် နဲ့တွဲဖတ်စားသောက်တတ်ကြပါသေးတယ်။


.🌿 ကောက်ညှင်း ရွှေထမင်း 🌿

****************************



🔹 ကောက်ညှင်းဆန် ( နို့ဆီဘူး ၄ လုံး )

🔹 မုန့်လုပ်ထညက် ( ၅၀ ကျပ်သား )

🔹 ဆား ( မန်ကျည်းစေ့ခန့် )


မုန့်လုပ်ထန်းလျက်ကို ကျိုချက်ပြီး စစ်၍ နာရီဝက်ခန့်ထားပါ။ (အနည်ထိုင်စေရန်အတွက်ဖြစ်ပါတယ်။)


နောက်အိုးတစ်အိုးထဲကို ခပ်ဖြည်းဖြည်းသွန်ထည့်ပါ။ အောက်မှာ မဲမဲအနည်မှုန်လေးတွေ ချန်ထားခဲ့ပါ။


ကောက်ညှင်းဆန်ကို ညကတည်းက ရေစိမ်ထားပြီး မနက်ကျရင် ပေါင်းထားပါ။ (မပျော့လွန်း မမာလွန်းတဲ့အနေအထား ရှိရပါမယ်။)


ပေါင်းပြီးပြီးချင်း ကောက်ညှင်းပေါင်းပူပူနဲ့ ထန်းလျက်ရည်ပူပူ ပျစ်ပျစ်တွေကို အိုးတစ်အိုးထဲကိုရောထည့်လိုက်ပါ။ ဆားအနည်းငယ်ထည့် ကာ ယောက်မ သို့မဟုတ် ဟင်းချက်ဇွန်းကြီးနဲ့ သမအောင်မွှေပေးပါ။


ကောက်ညှင်းနဲ့ ထန်းလျက်ရည် လုံးဝကို တသားတည်းကျသွားပြီး လုံးလုံးခဲခဲလေးဖြစ်သွားတဲ့အထိ မွှေပေးပြီးမှ ဆီသုတ်ထားတဲ့ အောက်ခံ လင်ဗန်းထဲကိုထည့်ပါ။


ပြီးရင် ဗန်းထဲမှာ ညီနေအောင် ဖြန့်လိုက်ပါ။ လက်မှာ လက်အိတ်စွပ်ပြီး မျက်နှာပြင်ကိုဆီသုတ်ကာ ညီညာနေအောင် ထပ်ညှိပေးပါ။ 


ကျစ်နေအောင် လက်နဲ့ဖိဖိချပေးပါ။ ရိုက် ရိုက်ပေးပါ။ အတော်လေး ဖိချပြီးရင် ရပါပြီ။

ပြီးရင် အအေးခံထားလိုက်ပါ။


လုံးဝအေးသွားမှ လှီးလို့ရပါမယ်။ အနည်းဆုံးတော့ နေ့တစ်ဝက်လောက်ထားရပါမယ်။ တစ်ညထားရင်ပိုကောင်းပါတယ်။


အချိန်စေ့ရင်တော့ မိမိကြိုက်တဲ့ ပုံစံလေးလှီးပြီး အုန်းသီးခြစ်လေးဖြူးကာ စားသုံးနိုင်ပါပြီ။


_______________________________


မျက်နှာပြင်ကိုဆီသုတ်ပြီး သစ်သား တလှိမ့်တုံးနဲ့ လှိမ့်လို့လည်းရပေမယ့် လက်မှာဆီသုတ်ပြီးညှိပေးတာက ပိုအဆင်ပြေပါတယ်။ 


ခပ်နာနာလေး ဖိပေးရိုက်ပေးမှ သိပ်သိပ်ကျစ်ကျစ်လေးနဲ့ လှီးလို့ကောင်းတာပါ။


ကောက်ညှင်းပေါင်းတဲ့အခါ လုံးဝမာနေလို့ မရပါဘူး။ မာသွားရင် ရွှေထမင်းဖြစ်တဲ့အခါ မာမာခေါက်ခေါက်ကြီးနဲ့ စားမကောင်းတော့ပါဘူး။ အကယ်၍ မာနေတယ်ထင်လျှင်တော့ ကောက်ညှင်းနဲ့ ထန်းလျက်ရည်ကိုရောပြီး မီးဖိုပေါ်တင်ကာ မီးအေးအေးဖြင့် စီးထွေးလာအောင် မွှေပေးပါ။ ခဏတာထားပြီးမှ ဗန်းထဲထည့်၍ အအေးခံပေးပါ။ 


အချိုလေးလေးကြိုက်သူများကတော့ ထန်းလျက် ၁၀ကျပ်သားပိုထည့်ပေးလို့ရပါတယ်။


မုန့်စြက်ာ






သည်မုန့်လေးကြော်စားဖို့အတွက်ကတော့ အဓိကအရေးပါတာက ပုံစံခွက် (mold) လေးပါပဲ။ သထုံဒေသက မုန့်စြက်ာလေးတွေက နာမည်ရပါတယ်။ 


ပါဝင်ပစ္စည်းများ

ဆန်မှုန့် ၁၀ကျပ်သား

ပြောင်းဘူးမှုန့်  ၁၀ကျပ်သား

ဂျုံ ၅ ကျပ်သား

ဘဲဥ ၂လုံး

အုန်းနို့ဘူးသေး ၁ဘူး

သကြား  ဆား  နှမ်းဖြူ  နှမ်းမဲ


ပါဝင်ပစ္စည်းတွေကို အိုးတစ်လုံးထဲထည့်ကာ သမအောင်မွှေပေးပြီး မုန့်ပုံစံခွက်လေးကတစ်ဆင့် ဆီသန်ဒယ်အိုးတစ်လုံး့ဖြင့်ကြော်ပါ။ မီးအပူချိန် တအား မများဖို့လိုပါတယ်။ ကြော်ပြီးမုန့်များကို ဆီစစ်ဆန်ကာပေါ်တင် ခဏထားပြီးမှ သုံးဆောင်နိုင်ပါပြီ။


어묵(ငါးဖယ်ချောင်းချက်နည်း )🍴




ကိုရီးယား (fish cake)လေးတွေပဲဖြစ်ဖြစ် ယိုးဒယားအကင်လုပ်စားတဲ့ အသားလုံးတွေပဲဖြစ်ဖြစ် အရည်လေးနဲ့ soup သဘောချက်စား ကြပါတယ်။ ငါးအသားပြားတွေကို ကိုရီးယားမှာတော့ ကိုယ်တိုင်ငါးအသားတွေကိုလုပ်ကိုင်စားကြပေမယ့် သည်မှာတော့ ရယ်ဒီမိတ် ငါးအသားပြားတွေဝယ်လို့ရနေတော့ အဆင်ပြေပါတယ်။


ပါဝင်ပစ္စည်းများ

၁.ကြက်သွန်နီ( 양파)

၂.ကြက်သွန်ဖြူ (마늘)

၃.မုန်လာဥဖြူ (무)

၄.ကြက်သွန်မိတ်(대파)

၅.ငါးခြောက်(디포리)(သို့)ပုဇွန်ခြောက်အချို (건 새우)

၆.ကြက်သားမှုန့်အနည်းငယ် (다시마)

၇.ပဲငံပြာရည်အကြည်(간장)

၈.ဆား အနည်းငယ်(소금)

၉.ငါးဖယ်ချောင်း (မိမိနှစ်သက်ရာ)(어묵)

၁၀.ငရုတ်သီးစိမ်း(အနည်းငယ်.၂တောင့်လောက်ဆိုအဆင်ပြေပါပြီ.အစပ်ကြိုက်ရင်ရင်လိုသလိုထည့်စားနိူင်ပါတယ်)


ပြင်ဆင်ချက်ပြုတ်ပုံ - 

ပထမအဆင့် 

ကြက်သွန်နီ အနေတော်ပါးပါးလှီးပါမယ်၊မုန်လာဥဖြူကိုအတုံးလေးတွေတုန်းထားပါမယ်၊ကြက်သွန်ဖြူဓားပြားရိုက်ထားပါမယ်။


ဒုတိယအဆင့် 

အိုးထဲရေထည့်ပြီး ရေဆူလာပါက အဆင့်သင့်ပြင်ဆင်ထားသော ငါးဖယ်ချောင်း/ကြက်သွန်နီ/ကြက်သွန်ဖြူ /မုန်လာဥဖြူ /ပုဇွန်ခြောက် /အရသာအားလုံးထည်ပြီး ကောင်းကောင်းဆူပွက်လာပါက အရသာမြည်းကာ အဆင့်သင့်သုံးဆောင်လို့ရပါပြီ။ ကြက်ပြုတ်ရည်၊ အသားပြုတ်ရည် အဆင်သင့်ရှိလျှင်လည်းေရေနွေးအစားထိုးအသုံးပြုနိုင်ပါတယ်။


ကလေး/လူကြီး /လူငယ်မရွှေးကြိုက်ကြတဲ့ ကိုရီးယားအစားအသောက်တစ်မျိုးဖြစ်ပါတယ်။ဒါကတော့ကျွန်မတို့အိမ်မှာ လုပ်စားတဲ့နည်းလေးပါ koreaမှာတော့ 매실액ဆိုတဲ့အရသာအရည်တစ်မျိုးကိုထည့်ပါတယ်။ အဲဒါကတော့မြန်မာပြည်မှာမရှိလို့ထည့်မပြောတော့ပါ။


မြန်မာမှာ citymart မှာငါးဖယ်ချောင်းထုပ်ကိုဝယ်လို့ရပါတယ်။


ချက်ပြုတ်ပြသူ - ကိုရီးယားရောက်မြန်မာမလေး


အသင့်စားခေါက်ဆွဲခြောက်ကိုကြော်ထားတဲ့

#ခေါက်ဆွဲကြော် 😋




မိုးဖြူတို့ငယ်ငယ်တုန်းက စားခဲ့ရတဲ့ မှော်ဘီခေါက်ဆွဲဆိုလား အဲ့ဒါလေးကို ပြန်သတိရလို့ ကြော်နည်းလေးတင်ပေးလိုက်ပါတယ်နော်။


လိုအပ်ပစ္စည်း

ကြိုက်နှစ်သက်ရာ ရယ်ဒီမိတ်ခေါက်ဆွဲခြောက်ထုပ် ၃ ထုပ်

မိမိနှစ်သက်ရာ အရွက်၊ အသားချောင်း

ကြက်သွန်ဖြူ အနည်းငယ်

ဆီ/ခရုဆီ/ကြက်သားမှုန့်/ငရုတ်ကောင်းမှုန့်/ပုဇွန်ခြောက်မှုန့်/သကြား အနည်းငယ်စီ


ပြင်ဆင်ပြုလုပ်ပုံ


ခေါက်ဆွဲခြောက် ၃ထုပ်လောက်ကို အနေတော် ( အရမ်းမပျော့ အရမ်းမမာ ) ပြုတ်ပြီး ဇကာဖြင့်ဆယ်ယူထားပေးပါ။ 


နှစ်သက်ရာအသီးရွက် နှင့် အသားချောင်း တို့ကိုလှီးထားပေးပါ။


ကြက်သွန်ဖြူအနည်းငယ်ကိုထောင်းထားပါ။


ကြော်ရန်အတွက် အိုးတစ်ခုထဲဆီထည့်ပြီး ဆီဆူသည်နှင့် ကြက်သွန်ဖြူထည့်ကြော်ပါ။ အသီးရွက်များနှင့်အသားချောင်းတို့ကို ထည့်ပါ။ ခရုဆီ ကြက်သားမှုန့် ငရုတ်ကောင်းမှုန့် ပုဇွန်ခြောက်မှုန့် နှင့် သကြားအနည်းငယ်ထည့်ပြီးကြော်ပါ။ အရွက်နွမ်းအိလာပြီဆိုမှ ခေါက်ဆွဲများထည့်ပါ။ ခေါက်ဆွဲများပြတ်မသွားလေအောင် မီးအေးအေးဖြင့် မွှေပြီးကြော်ပေးပါ။ ပြီးရင် အသင့်စား ခေါက်ဆွဲထုပ်ကိုကြော်ထားတဲ့ေခေါက်ဆွဲကြော်ရပါပြီ။


တုံယမ်းအမှုန့်ထုပ်လေးဖောက်ထည့်ပြီးစားလိုက်လို့ကတော့ ရှုးရှဲတုံယမ်းခေါက်ဆွဲကြော်လေးဖြစ်သွားပါပြီနော်။


ချက်ပြုတ်ပြသူ - Ma May Moe Phyu



(Zawgyi) 


သွ်မ္းေခါက္ဆြဲ - အီၾကာေကြး အစာသြပ္ - ေကာက္ညွင္းေရႊထမင္း - မုန္႔စၾက္ာ -  ကိုရီးယား ငါးဖယ္ေခ်ာင္း Soup – Instant Noodle ေခါက္ဆြဲေၾကာ္


သည္တစ္ခါေတာ့ အြန္လိုင္း လူမႈကြန္ရက္ေပၚက အစားအစာခ်က္ျပဳတ္တာ ၀ါသနာထံုသူမ်ားရဲ႕ ေ၀ငွတဲ့ မုန္႔လုပ္နည္းေလးေတြကို ျပန္လည္ေ၀မွ်မွာျဖစ္ပါတယ္။ Recipes ေတြကေတာ့ အခ်ိဳးအဆေျပာျပသူရွိသလို ျပင္ဆင္ျပဳလုပ္ပံုေတြကိုပဲေျပာျပသူမ်ားရွိတာေၾကာင့္ Youtube က ခ်က္ျပဳတ္နည္းတင္သူမ်ားရဲ႕ ဗီဒီယိုကလစ္မ်ားနဲ႔ တြဲဖက္ေ၀ငွပါရေစ။ အိမ္မွာ ကိုယ့္အထာနဲ႔ျပန္လည္ျပင္ဆင္ခ်က္ျပဳတ္ စားၾကတဲ့ နည္းေလးေတြပါပဲ။


သ်ွမ္းေခါက္ဆြဲ




သွ်မ္းေခါက္ဆြဲခ်က္နည္းအမ်ိဳးမ်ိဳးရွိေပမဲ့ကၽြန္မခ်က္တတ္သလိုခ်က္တဲ့နည္းေလးမၽွေဝတာပါအလြယ္တကူလုပ္စားခ်င္စားလို့ရေအာင္ပါ။


လိုအပ္ပစၥည္း

သွ်မ္းေခါက္ဆြဲဖတ္ (ေၾကာင္နက္တံဆိပ္)၊ 

ပဲပုပ္အႏွစ္ (လားရႈိးပဲငပိအႏွစ္)၊

ခရမ္းခ်ဥ္သီး၊

ေျမပဲေထာင္း၊

ငရုတ္သီးဆီခ်က္၊

နံနံပင္၊ၾကက္သြန္ျမိတ္၊

ၾကက္သား၊ ၾကက္ျပဳတ္ရည္။




ျပင္ဆင္ျပဳလုပ္ပံု

ခရမ္းခ်ဥ္သီးကိုျပဳတ္၊ အခြံႏႊာျပီးအႏွစ္ရေအာင္ေခ်ပါ။

ျပဳတ္ထားတဲ့ ၾကက္သားကို အတံုးေသးေသးေလးေတြတံုး၊ ငံျပာရည္၊အသားမႈန္႔၊ နႏြင္းအနည္းငယ္ထည့္နယ္ျပီး ခဏႏွပ္ထားပါ။


ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ဂ်င္းအနည္းငယ္တို႔ကိုေထာင္းျပီး ဆီသတ္ရာမွာ အေရာင္တင္မႈန္႔အနည္းငယ္ထည့္ေပးပါ။


ေစာေစာကျပဳတ္ျပီး ေခ်ထားတဲ့ ခရမ္းခ်ဥ္သီးအႏွစ္ထည့္ေမႊ၊ ၾကက္သားႏွပ္ထားတာကိုထည့္ေမႊ၊ ပဲငံျပာရည္နည္းနည္းထည့္ပါ။


ျပီးရင္ ပဲပုတ္အႏွစ္ (Ready Made ပဲငပိအႏွစ္) ေလး ႏွစ္ဇြန္းေလာက္ထည့္ေမႊျပီး ၾကက္ျပဳတ္ရည္ သို႕မဟုတ္ ေရေႏြးေလးနည္းနည္း ထည့္ မီးဖိုေပၚခဏတည္ထားေပးလိုက္ပါက သွ်မ္းေခါက္ဆြဲထဲထည့္မယ့္ အႏွစ္ရပါျပီ။


မုန္႔ပြဲျပင္ဖို႔ ေၾကာင္နက္တံဆိပ္ သွ်မ္းေခါက္ဆြဲဖတ္ကို ေရေႏြးပူပူမွာ ၃ မိနစ္ေလာက္ျပဳတ္လိုက္ျပီး ဆည္လိုက္ကာ ပန္းကန္ထဲထည့္ ခဏေနက အႏွစ္ေလးကိုစမ္း၊ ေျမပဲေထာင္းထားတာထည့္၊ ႏွစ္သက္ရာ နံနံပင္၊ ၾကက္သြန္ျမိတ္၊ ေဂၚရခါးညႊန္႔ ၾကိဳက္ရာထည့္စားပါ။


ငရုတ္သီးထည့္စားခ်င္ရင္ေတာ့ ငရုတ္သီးအက်က္မႈန္႔ကို ဆီေလးနည္းနည္းနဲ႔ေၾကာ္လိုက္ရင္ သွ်မ္းေခါက္ဆြဲနဲ႔စားဖို႔ ငရုတ္သီးဆီခ်က္ရပါျပီ။


ၾကက္သြန္ျဖဴဆီခ်က္ေလးအတြက္ကေတာ့ ၾကက္သြန္ျဖဴဆီခ်က္ခ်က္ခ်ိန္ တရုတ္မဆလာမႈန္႔ေလးရယ္၊ ႏွမ္းေလးရည္ထည့္ျပီး ခ်က္ေပးပါ။


မုန္႔ဖတ္၊ၾကက္သားခရမ္းခ်ဥ္သီးအႏွစ္၊ငရုတ္သီးဆီခ်က္၊ၾကက္သြန္ျဖဴဆီခ်က္၊ နံနံပင္/ၾကက္သြန္ျမိတ္ ပါးပါးလွီးထားတာကိုထည့္၊ ၾကက္ျပဳတ္ရည္အနည္းငယ္ေလာင္းထည့္ျပီးစားရင္ သွ်မ္းေခါက္ဆြဲတစ္ပြဲျပည့္စံုပါျပီ။ အရည္မထည့္ဘဲ အႏွစ္ေလးနဲ႔နယ္စားလဲရပါတယ္။


ခ်က္ျပဳတ္ျပသူ - ေမသူ


အီၾကာေကြးအစာသြပ္ေၾကာ္




အျပင္က၀ယ္စားရင္ေတာ့ မုန္လာဥနီနဲ႔ ပဲပင္ေပါက္မ်ားမ်ားကို အစာသြပ္ထားတဲ့ အီၾကာေကြးကိုမုန္႔ႏွစ္နဲ႔ျပန္ေၾကာ္ထားၾကတာ မ်ားပါတယ္။ ကိုယ့္အိမ္မွာဆိုရင္ေတာ့ ၾကိတ္ထားတဲ့အသားလည္းပါတယ္ အစာသြပ္ထားတဲ့ အီၾကာေကြးကို မုန္႔ႏွစ္နဲ႔ျပန္မသုတ္လိမ္းပဲေေၾကာ္စားတတ္ၾကတယ္။


လိုအပ္ပစၥည္း

အီၾကာေကြး ၂ ေခ်ာင္း

ၾကက္သား ၁၀ သား

မုန္လာဥနီ ႀကီးႀကီး ၁ ဥ (Carrot)

ၾကက္ဥ ၁ လံုး

ပဲငံျပာရည္အက်ဲ တစ္ဇြန္း

အခ်ိဳမႈန္႔ ဆား သၾကားအနည္းငယ္


ျပင္ဆင္ျပဳလုပ္ပံု


ၾကက္သားကိုအခ်ိဳမႈန္႔ ဆားတို႔ျဖင့္ေရခမ္းျပဳတ္ပါ။ျျပဳတ္ၿပီးသားကိုအရိုးႏႊင္ၿပီးႀကိတ္ထားပါ။


မုန္လာဥနီကိုအမွ်င္ေလးမ်ားျခစ္၍ ၾကက္သားႀကိတ္ၿပီးသားျဖင့္ေရာ၍ ဆီအနည္းငယ္ သၾကား ပဲငံျပာရည္အက်ဲျဖင့္

ဆီသတ္လံုးၿပီး အေအးခံထားပါ။ ေအးလွ်င္ ၾကက္ဥ ၁လံုး ခေလာက္၍ေေရာေမႊပါ။


အီၾကာေကြးကို အပိုင္းေလးမ်ား့ျဖတ္၍ အစာသြပ္ၿပီးဆီးနည္းနည္းျဖင့္ျပန္ေၾကာ္ပါ။


အလြန္အရသာရွိၿပီးအာဟာရျပည့္ဝတဲ့ အီၾကာေကြးအစာသြပ္ရပါၿပီ။


ခရမ္းခ်ဥ္သီး/ငရုတ္သီးေဆာ့စ္ နဲ႔တြဲဖတ္စားေသာက္တတ္ၾကပါေသးတယ္။


.🌿 ေကာက္ညႇင္း ေရႊထမင္း 🌿

****************************




🔹 ေကာက္ညႇင္းဆန္ ( ႏုိ႔ဆီဘူး ၄ လုံး )

🔹 မုန္႔လုပ္ထညက္ ( ၅၀ က်ပ္သား )

🔹 ဆား ( မန္က်ည္းေစ့ခန္႔ )


မုန္႔လုပ္ထန္းလ်က္ကို က်ိဳခ်က္ျပီး စစ္၍ နာရီ၀က္ခန္႔ထားပါ။ (အနည္ထိုင္ေစရန္အတြက္ျဖစ္ပါတယ္။)


ေနာက္အိုးတစ္အိုးထဲကို ခပ္ျဖည္းျဖည္းသြန္ထည့္ပါ။ ေအာက္မွာ မဲမဲအနည္မႈန္ေလးေတြ ခ်န္ထားခဲ့ပါ။


ေကာက္ညွင္းဆန္ကို ညကတည္းက ေရစိမ္ထားျပီး မနက္က်ရင္ ေပါင္းထားပါ။ (မေပ်ာ့လြန္း မမာလြန္းတဲ့အေနအထား ရွိရပါမယ္။)


ေပါင္းျပီးျပီးခ်င္း ေကာက္ညွင္းေပါင္းပူပူနဲ႔ ထန္းလ်က္ရည္ပူပူ ပ်စ္ပ်စ္ေတြကို အိုးတစ္အိုးထဲကိုေရာထည့္လိုက္ပါ။ ဆားအနည္းငယ္ထည့္ ကာ ေယာက္မ သို႕မဟုတ္ ဟင္းခ်က္ဇြန္းၾကီးနဲ႔ သမေအာင္ေမႊေပးပါ။


ေကာက္ညွင္းနဲ႔ ထန္းလ်က္ရည္ လံုး၀ကို တသားတည္းက်သြားျပီး လံုးလံုးခဲခဲေလးျဖစ္သြားတဲ့အထိ ေမႊေပးျပီးမွ ဆီသုတ္ထားတဲ့ ေအာက္ခံ လင္ဗန္းထဲကိုထည့္ပါ။


ျပီးရင္ ဗန္းထဲမွာ ညီေနေအာင္ ျဖန္႔လိုက္ပါ။ လက္မွာ လက္အိတ္စြပ္ျပီး မ်က္ႏွာျပင္ကိုဆီသုတ္ကာ ညီညာေနေအာင္ ထပ္ညွိေပးပါ။ 


က်စ္ေနေအာင္ လက္နဲ႔ဖိဖိခ်ေပးပါ။ ရိုက္ ရိုက္ေပးပါ။ အေတာ္ေလး ဖိခ်ျပီးရင္ ရပါျပီ။

ျပီးရင္ အေအးခံထားလိုက္ပါ။


လံုး၀ေအးသြားမွ လွီးလို႔ရပါမယ္။ အနည္းဆံုးေတာ့ ေန႔တစ္၀က္ေလာက္ထားရပါမယ္။ တစ္ညထားရင္ပိုေကာင္းပါတယ္။


အခ်ိန္ေစ့ရင္ေတာ့ မိမိၾကိဳက္တဲ့ ပံုစံေလးလွီးျပီး အုန္းသီးျခစ္ေလးျဖဴးကာ စားသံုးႏိုင္ပါျပီ။


_______________________________


မ်က္ႏွာျပင္ကိုဆီသုတ္ျပီး သစ္သား တလွိမ့္တံုးနဲ႔ လွိမ့္လို႔လည္းရေပမယ့္ လက္မွာဆီသုတ္ျပီးညွိေပးတာက ပိုအဆင္ေျပပါတယ္။ 


ခပ္နာနာေလး ဖိေပးရိုက္ေပးမွ သိပ္သိပ္က်စ္က်စ္ေလးနဲ႔ လွီးလို႔ေကာင္းတာပါ။


ေကာက္ညွင္းေပါင္းတဲ့အခါ လံုး၀မာေနလို႔ မရပါဘူး။ မာသြားရင္ ေရႊထမင္းျဖစ္တဲ့အခါ မာမာေခါက္ေခါက္ၾကီးနဲ႔ စားမေကာင္းေတာ့ပါဘူး။ အကယ္၍ မာေနတယ္ထင္လွ်င္ေတာ့ ေကာက္ညွင္းနဲ႔ ထန္းလ်က္ရည္ကိုေရာျပီး မီးဖိုေပၚတင္ကာ မီးေအးေအးျဖင့္ စီးေထြးလာေအာင္ ေမႊေပးပါ။ ခဏတာထားျပီးမွ ဗန္းထဲထည့္၍ အေအးခံေပးပါ။ 


အခ်ိဳေလးေလးၾကိဳက္သူမ်ားကေတာ့ ထန္းလ်က္ ၁၀က်ပ္သားပိုထည့္ေပးလို႔ရပါတယ္။


မုန္႔စၾက္ာ




သည္မုန္႔ေလးေၾကာ္စားဖို႔အတြက္ကေတာ့ အဓိကအေရးပါတာက ပံုစံခြက္ (mold) ေလးပါပဲ။ သထံုေဒသက မုန္႔စၾက္ာေလးေတြက နာမည္ရပါတယ္။ 


ပါ၀င္ပစၥည္းမ်ား

ဆန္မွုန္႔ ၁၀က်ပ္သား

ေျပာင္းဘူးမွုန္႔  ၁၀က်ပ္သား

ဂ်ဳံ ၅ က်ပ္သား

ဘဲဥ ၂လုံး

အုန္းနို့ဘူးေသး ၁ဘူး

သၾကား  ဆား  ႏွမ္းျဖဴ  ႏွမ္းမဲ


ပါ၀င္ပစၥည္းေတြကို အိုးတစ္လံုးထဲထည့္ကာ သမေအာင္ေမႊေပးျပီး မုန္႔ပံုစံခြက္ေလးကတစ္ဆင့္ ဆီသန္ဒယ္အိုးတစ္လံုး႔ျဖင့္ေၾကာ္ပါ။ မီးအပူခ်ိန္ တအား မမ်ားဖို႔လိုပါတယ္။ ေၾကာ္ျပီးမုန္႔မ်ားကို ဆီစစ္ဆန္ကာေပၚတင္ ခဏထားျပီးမွ သံုးေဆာင္ႏိုင္ပါျပီ။


어묵(ငါးဖယ္​​ေခ်ာင္​းခ်က္​နည္​း )🍴




ကိုရီးယား (fish cake)ေလးေတြပဲျဖစ္ျဖစ္ ယိုးဒယားအကင္လုပ္စားတဲ့ အသားလံုးေတြပဲျဖစ္ျဖစ္ အရည္ေလးနဲ႔ soup သေဘာခ်က္စား ၾကပါတယ္။ ငါးအသားျပားေတြကို ကိုရီးယားမွာေတာ့ ကိုယ္တိုင္ငါးအသားေတြကိုလုပ္ကိုင္စားၾကေပမယ့္ သည္မွာေတာ့ ရယ္ဒီမိတ္ ငါးအသားျပားေတြ၀ယ္လို႔ရေနေတာ့ အဆင္ေျပပါတယ္။


ပါဝင္​ပစၥည္​းမ်ား

၁.ၾကက္​သြန္​နီ( 양파)

၂.ၾကက္​သြန္​ျဖဴ (마늘)

၃.မုန္​လာဥျဖဴ (무)

၄.ၾကက္​သြန္​မိတ္​(대파)

၅.ငါး​ေျခာက္​(디포리)(သို႔)ပုဇြန္​​ေျခာက္​အခ်ဳိ (건 새우)

၆.ၾကက္​သားမႈန္​႔အနည္​းငယ္​ (다시마)

၇.ပဲငံျပာရည္​အၾကည္​(간장)

၈.ဆား အနည္​းငယ္​(소금)

၉.ငါးဖယ္​​ေခ်ာင္​း (မိမိႏွစ္​သက္​ရာ)(어묵)

၁၀.င႐ုတ္​သီးစိမ္​း(အနည္​းငယ္​.၂​ေတာင္​့​ေလာက္​ဆိုအဆင္​​ေျပပါၿပီ.အစပ္​ႀကိဳက္​ရင္​ရင္​လိုသလိုထည္​့စားႏိူင္​ပါတယ္​)


ျပင္ဆင္ခ်က္ျပဳတ္ပံု - 

ပထမအဆင္​့ 

ၾကက္​သြန္​နီ အ​ေန​ေတာ္​ပါးပါးလွီးပါမယ္​၊မုန္​လာဥျဖဴကိုအတုံး​ေလး​ေတြတုန္​းထားပါမယ္​၊ၾကက္​သြန္​ျဖဴဓား​ျပား႐ုိက္​ထားပါမယ္​။


ဒုတိယအဆင္​့ 

အိုးထဲ​ေရထည့္ၿပီး ​ေရဆူလာပါက အဆင္​့သင္​့ျပင္​ဆင္​ထား​ေသာ ငါးဖယ္​​ေခ်ာင္​း/ၾကက္​သြန္​နီ/ၾကက္​သြန္​ျဖဴ /မုန္​လာဥျဖဴ /ပုဇြန္​​ေျခာက္​ /အရသာအားလုံးထည္​ၿပီး ေကာင္းေကာင္းဆူပြက္လာပါက အရသာျမည္းကာ အဆင္​့သင္​့သုံး​ေဆာင္​လို႔ရပါၿပီ။ ၾကက္ျပဳတ္ရည္၊ အသားျပဳတ္ရည္ အဆင္သင့္ရွိလွ်င္လည္းေေရေႏြးအစားထိုးအသံုးျပဳႏိုင္ပါတယ္။


က​ေလး/လူႀကီး /လူငယ္​မ​ေရႊးႀကိဳက္​ၾကတဲ့ ကိုရီးယားအစားအ​ေသာက္​တစ္​မ်ဳိးျဖစ္​ပါတယ္​။ဒါက​ေတာ့ကြၽန္​မတို႔အိမ္​မွာ လုပ္​စားတဲ့နည္​း​ေလးပါ koreaမွာ​ေတာ့ 매실액ဆိုတဲ့အရသာအရည္​တစ္​မ်ဳိးကိုထည္​့ပါတယ္​။ အဲဒါက​ေတာ့ျမန္​မာျပည္မွာမ႐ွိလို႔ထည္​့မ​ေျပာ​ေတာ့ပါ။


ျမန္​မာမွာ citymart မွာငါးဖယ္​​ေခ်ာင္​းထုပ္​ကိုဝယ္​လို႔ရပါတယ္​။

ခ်က္ျပဳတ္ျပသူ - ကိုရီးယား​ေရာက္​ျမန္​မာမ​ေလး


အသင့္စားေခါက္ဆြဲေျခာက္ကိုေၾကာ္ထားတဲ့

#ေခါက္ဆြဲေၾကာ္ 😋




မိုးျဖဴတို့ငယ္ငယ္တုန္းက စားခဲ့ရတဲ့ ေမွာ္ဘီေခါက္ဆြဲဆိုလား အဲ့ဒါေလးကို ျပန္သတိရလို့ ေၾကာ္နည္းေလးတင္ေပးလိုက္ပါတယ္ေနာ္။


လိုအပ္ပစၥည္း

ၾကိဳက္ႏွစ္သက္ရာ ရယ္ဒီမိတ္ေခါက္ဆဲြေျခာက္ထုပ္ ၃ ထုပ္

မိမိႏွစ္သက္ရာ အရြက္၊ အသားေခ်ာင္း

ၾကက္သြန္ျဖဴ အနည္းငယ္

ဆီ/ခရုဆီ/ၾကက္သားမႈန္႔/ငရုတ္ေကာင္းမႈန္႔/ပုဇြန္ေျခာက္မႈန္႔/သၾကား အနည္းငယ္စီ


ျပင္ဆင္ျပဳလုပ္ပံု


ေခါက္ဆြဲေျခာက္ ၃ထုပ္ေလာက္ကို အေနေတာ္ ( အရမ္းမေပ်ာ့ အရမ္းမမာ ) ျပဳတ္ၿပီး ဇကာျဖင့္ဆယ္ယူထားေပးပါ။ 


ႏွစ္သက္ရာအသီးရြက္ ႏွင့္ အသားေခ်ာင္း တို့ကိုလွီးထားေပးပါ။


ၾကက္သြန္ျဖဴအနည္းငယ္ကိုေထာင္းထားပါ။


ေၾကာ္ရန္အတြက္ အိုးတစ္ခုထဲဆီထည့္ၿပီး ဆီဆူသည္ႏွင့္ ၾကက္သြန္ျဖဴထည့္ေၾကာ္ပါ။ အသီးရြက္မ်ားႏွင့္အသားေခ်ာင္းတို့ကို ထည့္ပါ။ ခ႐ုဆီ ၾကက္သားမွုန္႔ င႐ုတ္ေကာင္းမွုန္႔ ပုဇြန္ေျခာက္မွုန္႔ ႏွင့္ သၾကားအနည္းငယ္ထည့္ၿပီးေၾကာ္ပါ။ အရြက္ႏြမ္းအိလာၿပီဆိုမွ ေခါက္ဆြဲမ်ားထည့္ပါ။ ေခါက္ဆြဲမ်ားျပတ္မသြားေလေအာင္ မီးေအးေအးျဖင့္ ေမႊၿပီးေၾကာ္ေပးပါ။ ၿပီးရင္ အသင့္စား ေခါက္ဆြဲထုပ္ကိုေၾကာ္ထားတဲ့ေေခါက္ဆြဲေၾကာ္ရပါၿပီ။


တုံယမ္းအမွုန္႔ထုပ္ေလးေဖာက္ထည့္ၿပီးစားလိုက္လို့ကေတာ့ ရွုးရွဲတုံယမ္းေခါက္ဆြဲေၾကာ္ေလးျဖစ္သြားပါၿပီေနာ္။


ခ်က္ျပဳတ္ျပသူ - Ma May Moe Phyu


No comments: