Saturday, February 27, 2021

Political အပြောင်းအလဲမှာ လုပ်ငန်း ကို ထိခိုက်လာနိုင်တဲ့ External Threat များ

Political အပြောင်းအလဲမှာ လုပ်ငန်း ကို ထိခိုက်လာနိုင်တဲ့ External Threat များ




စီးပွားရေး တစ်ခု လုပ်ဆောင်တဲ့အခါမှာ External Factors ဆိုတဲ့ ပြင်ပ က သက်ရောက် မှု တွေ ကြောင့်လုပ်ငန်းကို ထိခိုက်နိုင်ခြေ များကို သေချာတွက်ထုတ် ကာ ပြင်ဆင်မှုတွေ လုပ်ဆောင်ရ လေ့ရှိပါတယ်။ ဒီလို External Factors အမျိုးအစားတွေကို အတိုကောက် အနေနဲ့ PESTLE ဆိုပြီး မှတ် ထားလေ့ရှိတာကိုတော့ စီးပွားရေးပညာလေ့လာသူတိုင်း သိရှိထားပြီးဖြစ်ပါလိမ့်မယ်။ အကျယ် ဖွင့်ဆိုရရင် Political, Economic, Social, Technology, Legal, Environmental ဆိုတဲ့ အချက်တွေ ဖြစ်ပြီး ဒီPESTLE ဟာ မှတ်ရလွယ်ရုံမကပဲ အရေးအကြီးဆုံး သက်ရောက်မှု အကြီးဆုံးကို ရှေ့ကနေ နောက် စီစဉ်ထားတာလဲဖြစ်ပါတယ်။ 

.

လက်ရှိမှာတော့ မြန်မာပြည်အနေနဲ့ သက်ရောက်မှု အကြီးဆုံးဖြစ်တဲ့ PESTLE ရဲ့ထိပ်ဆုံးက Political ဆိုတဲ့ နိုင်ငံရေး အပြောင်းအလဲကြီးကို ကြုံတွေ့ခဲ့ရပြီဖြစ်ပါတယ်။ ဒီ အပြောင်းအလဲဟာ နောက်ဖက်က စီးပွားရေး လူမှုရေး များကိုပါသက်ရောက်ပြောင်းလဲစေမှာဖြစ် တဲ့အတွက် စီးပွားရေး လုပ်ငန်းများအနေနဲ့ တွေးဆ ရန် အချက်များကို မျှဝေပေးလိုပါတယ်။ 

.

နိုင်ငံရေး ပြောင်းလဲ မှုဖြစ်ပေါ်တဲ့အခါ မှာ …

.

(၁) အခွန် ဆိုင်ရာပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်တယ်

.

နိုင်ငံရေးအပြောင်းအလဲဖြစ်ဖြစ် အစိုးရ အပြောင်းအလဲဖြစ်ဖြစ် စီးပွားရေးကို ပြန်လည် တည့်မတ် အောင် ဆောင်ရွက်ရလေ့ရှိပါတယ်။ ဒီလို စီးပွားရေးကို ပြန်လည် တည့်မတ် စေအောင် အားထုတ် တဲ့ နေရာမှာ အခွန် ဆိုင်ရာ စံနှုန်းသက်မှတ် ချက်  အပြောင်းအလဲ တွေ ကလဲ အဓိက ကျတဲ့နေရာ ကနေပါဝင်လာတတ်ပါတယ်။ အစိုးရ အနေနဲ့  သွင်းစေချင်တဲ့  ကုန်ပစ္စည်း သို့မဟုတ် စီးပွားရေး ဖွံဖြိုးစေလို တဲ့ နေရာ တွေ အတွက် အခွန်ကို လျော့ပေါ့ပေးခြင်း မျိုး နဲ့  လိုငွေကို ဖြည့်ဆည်း ဖို့ အခွန်ငွေ ပမာဏ တိုးမြင့်ကောက်ခံခြင်း စတဲ့ အချက်တွေက လုပ်ငန်းအပေါ်ကို သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ 

.

(၂) ငွေကြေး တန်ဖိုး အပြောင်းအလဲတွေ

.

နိုင်ငံရေး အပြောင်းအလဲဟာ စီးပွားရေး အဆောက်အအုံပေါ်ကို များစွာ သက်ရောက်လျက် ရှိပါတယ်။ စစ်ရေး နိုင်ငံရေး မတည်ငြိမ်မှု တင်းမာ မှု တစ်ခုခုဖြစ်တိုင်းမှာ ရင်းနှီးမြုပ်နှံသူတွေဟာ ငွေကြေးကို လက်ထဲကနေ ထုတ်ပြီး ခိုင်မာတဲ့ ပိုင်ဆိုင်မှုတွေ ဥပမာ ရွှေလို မျိုးကို ပြောင်းလဲ ဝယ်ယူ တတ်လေ့ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တင်းမာမှု အတွင်းမှာ စီးပွားရေး လည်ပတ် မှု မကျရင် တောင် တန့်သွားတတ်ခြင်း ၊ နိုင်ငံတကာ ရဲ့သဘောထား နဲ့ ပိတ်ဆို့မှု လက်တွဲခေါ်မှု တွေ ပေါ်မူတည်ပြီး ပြည်တွင်းကျပ်ငွေ တန်ဖိုး အပျော့ အမာ ဖြစ်တတ်ခြင်း၊ အခြား နိုင်ငံ တွေ ရဲ့နိုင်ငံခြားငွေ တန်ဖိုးတက်လာတာ၊ ပြည်တွင်း စီးပွားရေ တန့်သွားတဲ့အတွက် သွင်းကုန်တွေ ပိုမို လာပြီး နိုင်ငံခြားငွေ ရှားလာတာ ဝယ်လိုအားမြင့်လာတာကြောင့် ပြည်တွင်း ငွေကြေးကို သက်ရောက် ခြင်း စတဲ့ အပြောင်းအလဲ တွေ ဖြစ်ပေါ်တတ်လို့ ဖြစ်ပါတယ်။ 

.

လုပ်ငန်းတွေ အနေနဲ့လည်း မိမိ လုပ်ငန်း က နိုင်ငံခြား ငွေကြေး ဆက်စပ် သုံးစွဲ ရတာမျိုး ၊ ဒေါ်လာဈေးအတက်အကျအပေါ် ကုန်ပစ္စည်းဈေး အပြောင်းအလဲ ရှိတဲ့ လုပ်ငန်းမျိုးဆို ရင် ရုတ် ခြည်း ပြောင်းလဲ မှု တွေ အတွက် ရေတို အစီအမံရယ်၊ရေ ရှည် အတွက် ခန့်မှန်းသုံးသပ် ထားတဲ့ အစီအမံတွေ ရယ် လိုအပ်ပါလိမ့်မယ်။ 

.

(၃) ငွေကြေး စီးဆင်းမှု နည်းသွားမယ် (Buying Power နည်းသွားမယ်)

.

အထက်က ပြောခဲ့သလို မတည်ငြိမ်မှုတွေ ဖြစ်တိုင်းမှာ လက်ထဲငွေ ရှိသူတွေက သေချာ တဲ့မဆုံး ရှုံးနိုင်မယ့် အရာတွေကို သာ ပြောင်းဝယ်ထားကြလေ့ရှိပါတယ်။ အခြေအနေတွေ တည်ငြိမ်ပြီး စီးပွားရေး ပြန်လည် လည်ပတ် တဲ့အခါမှ သာ အဲဒီပိုင်ဆိုင်မှုတွေကို ပြန်လည် ငွေဖော်ပြီး လုပ်ငန်းတွေ ထဲ အခြားရင်းနှီးမြုပ်နှံမှုတွေ ထဲကို ထည့်လေ့ရှိကြပါတယ်။ 

.

စီးပွားရေး တုန့်ဆိုင်းသွားတဲ့အတွက် ဝန်ထမ်း များအနေနဲ့ကလည်း လစာ တိုးတာ၊ Bonus ဆုကြေး ရရှိတာတွေ နည်းပါး လာပြီး အလုပ်လက်မဲ့နှုန်းလဲ တက်လာနိုင်တဲ့အတွက် သုံးစွဲ မှု ပမာဏ ဟာလည်း ကျဆင်း တတ်ပါတယ်။ ဒါ့အပြင် ငွေ ရှိသူတွေကလဲ ငွေကို ထုတ်မသုံးပဲ အရေးပေါ် သုံးနိုင်အောင် စုထား တတ်ကြတာကြောင့် ဈေးကွက် ထဲမှာ ငွေကြေး စီးဆင်းမှုတွေ အားနည်းသွားပြီး လုပ်ငန်းအရောင်းတွေ လဲ ကျသွားတတ်ပါတယ်။

.

ဒီအတွက် လုပ်ငန်းများအနေနဲ့ မိမိ ရဲ့ Customer သဘာဝ အပေါ်မူတည်ပြီး မသုံးမဖြစ် ပစ္စည်း များကို သာ ပိုမို စုဆောင်းတင်ထားတာ၊ လုပ်ငန်း ကုန်ကျစရိတ်တွေ ကိုလျော့ချတာ၊ အလေအလွင့် တွေ မဖြစ်အောင် ထိန်းသိမ်းတာ၊ စတဲ့ နည်းတွေကို ဖော်ဆောင်ဖို့ လိုအပ်လာပါတယ်။

.

.

(၄) မူဝါဒ အပြောင်းအလဲများ

.

Policy များပြောင်းလဲ ခြင်းနဲ့အတူ စီးပွားရေး နယ်ပယ် အတွင်းက ကုန်သွယ်ရေး၊ ပို့ကုန်၊သွင်းကုန်၊ မူဝါဒ များ အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်သလို ယခင် ကုန်သွယ်ဖက် နိုင်ငံ များအနေနဲ့လည်း ပိုမိုတိုးချဲ့ဝယ်ယူခြင်း သို့မဟုတ် အဝယ်ရပ်ဆိုင်းခြင်းများလဲ ဖြစ်ပေါ်လာ နိုင်တဲ့ အတွက် မိမိ တို့ လုပ်ငန်း ရောင်းချ ကုန်သွယ်နေတဲ့ ပစ္စည်းများအပေါ်မှာလဲ အထက်ကလို မူဝါဒ အပြောင်းအလဲကြောင့် မည်သို့သက်ရောက်မှုများရှိလာမယ်။ ဒါတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမယ် ဆိုတာ ကို ကြိုတင်စီစဉ် စဉ်းစားထားသင့်ပါတယ်။

.

(၅) Logistic ဆိုင်ရာ အခက် အခဲများ

.

လုပ်ငန်း လည်ပတ် ရာမှာ Logistic ဆိုတဲ့ ကုန်ကြမ်း ကုန်ချော သယ်ယူပို့ဆောင်ရေးဟာ လည်း လုပ်ငန်း အတွက် အသက် သွေးကြောတစ်ခုအနေနဲ့တည်ရှိပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှု သို့မဟုတ် စစ်ရေး မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာတဲ့အခါမှာ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက် တာ ၊ ပုံမှန် သွားလာ ရေး နည်းလမ်းတွေ ပြောင်းလဲကုန်တာ၊ စတာတွေ ဖြစ်ပေါ် လာတတ်ပါတယ်။ ဒါ့အပြင် လမ်းခရီး မှာ အချိန်နှောင့်နှေး ကြန့်ကြာတာ မျိုး တွေ အဖြစ်များ လာတတ်တဲ့အတွက် မိမိ ကုန်ပစ္စည်းဟာ သက်တမ်းကုန်ဆုံး လွယ်တဲ့ ကုန်မျိုးဆိုရင် ဘယ်လို စီစဉ်ဆောင်ရွက်မယ် ဘယ်လမ်းကြောင်းတွေ အသုံးပြုမယ်ဆိုတာကို စဉ်းစားသင့်ပါတယ်။

.

(၆) Partner များ ရဲ့ အခြေအေနေ

.

စီးပွားရေး လုပ်ငန်းတိုင်းမှာ Stakeholder ဆိုတဲ့ လုပ်ငန်းနဲ့ဆက်စပ် နှီးနွယ်နေတဲ့ အဖွဲ့အစည်းတွေ များစွာ ရှိတတ်ကြပါတယ်။ အဲဒီအထဲမှာက မိမိ လုပ်ငန်းနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး လည်ပတ်နေတဲ့ အခြား လုပ်ငန်း တွေ Partner တွေ ကြောင့်လည်း လုပ်ငန်းကိုထိခိုက်တာမျိုး ရှိလာနိုင်ပါတယ်။ ဥပမာ မိမိ လုပ်ငန်းကနေ customer တွေဆီကိုကုန်စည် ပို့ဆောင်ဖို့ အတွက် Delivery service partner အပ်ထားတယ်ဆိုပါစို့။ မတည်ငြိမ် မှုတွေ ဖြစ်ပေါ်တဲ့အခါမှာ Deli Partner က အလုပ်တွေ ပိတ်လိုက်တာ၊ အလုပ်သမားတွေ နုတ် ထွက်ကုန်တာ မျိုးတွေ ဖြစ် ခဲ့ရင် မိမိ လုပ်ငန်းက ပါ customer တွေ အပေါ် ကတိ ပျက်သလို ဖြစ်စေနိုင်ပါလိမ့်မယ်။

.

အချို့ကတော့ အခြေအနေ ကို အခွင့်ကောင်းယူတတ်တာမျိုးလဲ ရှိလာနိုင်ပါတယ်။ ဥပမာ ဒီ လမ်းခရီးကို ဒီလို အခြေအနေကြောင့် ယခင် နှုန်းထားနဲ့ မပို့ပေးနိုင်ပဲ ဘယ်လောက်ပိုပေးမှ ရမယ် ဆိုတာမျိုးပါပဲ။ ဒီလို Partner တွေ ထဲမှာ ဘဏ်တွေ၊ Service provider တွေ ၊ sub con တွေ၊ အစိုးရရုံးတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေ အားလုံး ကိုထည့်သွင်းစဉ်းစား ဖို့ လိုအပ်ပါတယ်။ ဒီအတွက် မိမိ လုပ်ငန်းနဲ့ တိုက်ရိုက်ချိတ်ဆက် လုပ်ကိုင်နေတဲ့ Partner များအခြေ အနေကိုလည်းသုံးသပ်နိုင်ဖို့ လိုအပ်ပါတယ်။ 

.

.

(၇) Customer တွေ ရဲ့ Social Standard တွေ ပြောင်းသွားတာ

.

Political Factor ကနေ Economic ကို သက်ရောက် ပြီးတဲ့အခါမှာ Economic ကနေ လူအားလုံး ကို ဆက်လက် သက်ရောက်စေတဲ့အတွက် စီးပွားရေး အတက် အကျ တွေ ပေါ်မူတည်ပြီး လူတွေ ရဲ့ နေထိုင်မှုပုံစံတွေ၊ သုံးစွဲမှု စတိုင်တွေ၊ ဝယ်ယူမှု Behavior တွေ ဟာလည်း များစွာပြောင်း လဲတတ် ပါတယ်။ ယခင်က ငွေပို ရှိနေရင် အပြင် စားသောက်ဆိုင် မှာသွားစားတာဖြစ်ဖြစ် အခြား အပိုပစ္စည်း တစ်ခုခုဝယ်တာ ဖြစ်ဖြစ် လုပ်ဆောင်တတ်ပေမယ့် မတည်ငြိမ်တဲ့ အချိန်မှာတော့ အပိုသုံးတွေကို လျော့တာ စားစရာနဲ့ရေရှည်ခံကုန်ခြောက် တွေကိုသာ ပိုဝယ်ယူတာ စတဲ့ Buying Decision တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ 

.

(၈) ငွေကြေးဖောင်းပွမှု ဖြစ်လာနိုင်တာ

.

အပြောင်းအလဲ တစ်ရပ်ဖြစ်ပြီးနောက်မှာ ယခင် အတိုင်း ပြန်လည်တည်ငြိမ် စွာလည်ပတ် ဖို့အတွက် အချိန် တစ်ခု ယူရလေ့ရှိပါတယ်။ အဲဒီအချိန်အတွင်းမှာ အထက်က အချက်တွေ ကြောင့် ကုန်ဈေးနှုန်း တွေ တက်လာ ပြီး ငွေကြေးဖောင်းပွမှု ကိုလဲ လုပ်ငန်းအနေနဲ့ ကြုံတွေ့လာနိုင် စရာ ရှိပါတယ်။

.

.

(၉) လုယက်အကြမ်းဖက်မှုများ ဖြစ်လာနိုင်ချေ

.

အခြေအနေတွေ မတည်ငြိမ် တဲ့အချိန်မှာ တန်ဖိုးကြီး ကုန်ပစ္စည်းတွေရောင်းချ တဲ့ လုပ်ငန်းများ အနေနဲ့ ဆိုင်လုံခြုံရေးနဲ့ ကုန်ပစ္စည်းများ အခင်းအကျင်းကို သုံးသပ်ပြင်ဆင် ဖို့လဲလိုအပ်ပါတယ်။ မတည်ငြိမ်တဲ့ အခြေအနေ လူစုလူဝေး ဖြစ်ပေါ်မူကို အခွင့်ကောင်းယူ တတ်တဲ့ ဥပဒေ ပြင်ပ ကျူးလွန်တတ်သူများဟာ အများပြည်သူများနဲ့ရောထွေးကာ လုယက် သိုဝှက်မှုများ ဖောက်ထွင်းမှု များ ပြုလုပ်နိုင်ချေလဲ ရှိနိုင်ပါတယ်။ ဥပမာ အမေရိကန် ပြည် ဆန္ဒ ပြပွဲများမှာ အချို့သော ရောပါလာ သူများက ဆိုင်များကို ဖျက်ဆီးခြင်း မျိုး ရှိခဲ့တာကို တွေ့ရှိ ရပါတယ်။ 

.

.

(၁၀) စီးပွားရေး ခြေထိုး တတ်တဲ့ အန္တရာယ်

.

လက်ရှိ အနေအထားမှာ ပြည်သူလူထု အနေနဲ့ Emotion များ ပြင်းထန် နေချိန် ဖြစ် တဲ့ အတွက် အချို့သော ကောက်ကျစ်တဲ့ စီးပွား ပြိုင်ဖက်များဟာ မိမိ လုပ်ငန်းကို လက်ရှိ အကျပ်အတည်း အတွင်းမှာ နာမည်ဆိုး တပ်ပြီး လူထု အကြား ပြန့်နှံစေအာင် နာမည်ဖျက်ခြင်းမျိုးများ လဲ တွေ့လာ ရလေ့ရှိပါတယ်။ Social Media နဲ့ လူထု ရဲ့ အထိမခံနိုင်မှုကို အသုံးချကာ အထင်အမြင် လွဲမှားစေမယ့် သတင်းများ လုပ်ငန်းအကြောင်းများကို တင်ပြပြီး အဆုံးထိ ထိုးနှက် တတ်ကြ ပါတယ်။ ဒီအတွက်လဲ ဒီလိုဖြစ်လာခဲ့ရင်ဘယ်လို ဖြေရှင်းမယ် ဆိုတဲ့ အစီအမံတွေစဉ်းစား ထား ဖို့ လိုအပ်နိုင်ပါတယ်။

.

ဒါတွေကတော့ အပြောင်းအလဲ တစ်ခုဖြစ်တိုင်း လုပ်ငန်းတွေ အတွက် ကြုံရလေ့ရှိတဲ့ ပြင်ပ က လာတဲ့ External Threat တွေကိုမျှဝေပေးခဲ့တာဖြစ်ပြီး အပြောင်းအလဲမှာ လုပ်ငန်း များ အနေနဲ့ အကောင်းဆုံး ထိန်းသိမ်း ဆောင်ရွက်ကာ အဆုံးအရှုံးမရှိစေဖို့ ဆုမွန်ကောင်းတောင်း အပ်လိုက်ရပါတယ်ခင်ဗျား။

.

Kaung Hein  Soe – Strategic

Business Consultant

(Zawgyi)

Political အေျပာင္းအလဲမွာ လုပ္ငန္း ကို ထိခိုက္လာနိုင္တဲ့ External Threat မ်ား




စီးပြားေရး တစ္ခု လုပ္ေဆာင္တဲ့အခါမွာ External Factors ဆိုတဲ့ ျပင္ပ က သက္ေရာက္ မွု ေတြ ေၾကာင့္လုပ္ငန္းကို ထိခိုက္နိုင္ေျခ မ်ားကို ေသခ်ာတြက္ထုတ္ ကာ ျပင္ဆင္မွုေတြ လုပ္ေဆာင္ရ ေလ့ရွိပါတယ္။ ဒီလို External Factors အမ်ိဳးအစားေတြကို အတိုေကာက္ အေနနဲ႔ PESTLE ဆိုၿပီး မွတ္ ထားေလ့ရွိတာကိုေတာ့ စီးပြားေရးပညာေလ့လာသူတိုင္း သိရွိထားၿပီးျဖစ္ပါလိမ့္မယ္။ အက်ယ္ ဖြင့္ဆိုရရင္ Political, Economic, Social, Technology, Legal, Environmental ဆိုတဲ့ အခ်က္ေတြ ျဖစ္ၿပီး ဒီPESTLE ဟာ မွတ္ရလြယ္႐ုံမကပဲ အေရးအႀကီးဆုံး သက္ေရာက္မွု အႀကီးဆုံးကို ေရွ႕ကေန ေနာက္ စီစဥ္ထားတာလဲျဖစ္ပါတယ္။ 

.

လက္ရွိမွာေတာ့ ျမန္မာျပည္အေနနဲ႔ သက္ေရာက္မွု အႀကီးဆုံးျဖစ္တဲ့ PESTLE ရဲ့ထိပ္ဆုံးက Political ဆိုတဲ့ နို္င္ငံေရး အေျပာင္းအလဲႀကီးကို ၾကဳံေတြ ့ခဲ့ရၿပီျဖစ္ပါတယ္။ ဒီ အေျပာင္းအလဲဟာ ေနာက္ဖက္က စီးပြားေရး လူမွုေရး မ်ားကိုပါသက္ေရာက္ေျပာင္းလဲေစမွာျဖစ္ တဲ့အတြက္ စီးပြားေရး လုပ္ငန္းမ်ားအေနနဲ႔ ေတြးဆ ရန္ အခ်က္မ်ားကို မၽွေဝေပးလိုပါတယ္။ 

.

နိုင္ငံေရး ေျပာင္းလဲ မွုျဖစ္ေပၚတဲ့အခါ မွာ …

.

(၁) အခြန္ ဆိုင္ရာေျပာင္းလဲမွုေတြ ျဖစ္ေပၚလာနိုင္တယ္

.

နို္င္ငံေရးအေျပာင္းအလဲျဖစ္ျဖစ္ အစိုးရ အေျပာင္းအလဲျဖစ္ျဖစ္ စီးပြားေရးကို ျပန္လည္ တည့္မတ္ ေအာင္ ေဆာင္ရြက္ရေလ့ရွိပါတယ္။ ဒီလို စီးပြားေရးကို ျပန္လည္ တည့္မတ္ ေစေအာင္ အားထုတ္ တဲ့ ေနရာမွာ အခြန္ ဆိုင္ရာ စံႏွုန္းသက္မွတ္ ခ်က္  အေျပာင္းအလဲ ေတြ ကလဲ အဓိက က်တဲ့ေနရာ ကေနပါဝင္လာတတ္ပါတယ္။ အစိုးရ အေနနဲ႔  သြင္းေစခ်င္တဲ့  ကုန္ပစၥည္း သို့မဟုတ္ စီးပြားေရး ဖြံၿဖိဳးေစလို တဲ့ ေနရာ ေတြ အတြက္ အခြန္ကို ေလ်ာ့ေပါ့ေပးျခင္း မ်ိဳး နဲ႔  လိုေငြကို ျဖည့္ဆည္း ဖို့ အခြန္ေငြ ပမာဏ တိုးျမင့္ေကာက္ခံျခင္း စတဲ့ အခ်က္ေတြက လုပ္ငန္းအေပၚကို သက္ေရာက္မွုေတြ ရွိလာနိုင္ပါတယ္။ 

.

(၂) ေငြေၾကး တန္ဖိုး အေျပာင္းအလဲေတြ

.

နိုင္ငံေရး အေျပာင္းအလဲဟာ စီးပြားေရး အေဆာက္အအုံေပၚကို မ်ားစြာ သက္ေရာက္လ်က္ ရွိပါတယ္။ စစ္ေရး နိုင္ငံေရး မတည္ၿငိမ္မွု တင္းမာ မွု တစ္ခုခုျဖစ္တိုင္းမွာ ရင္းႏွီးျမဳပ္ႏွံသူေတြဟာ ေငြေၾကးကို လက္ထဲကေန ထုတ္ၿပီး ခိုင္မာတဲ့ ပိုင္ဆိုင္မွုေတြ ဥပမာ ေရႊလို မ်ိဳးကို ေျပာင္းလဲ ဝယ္ယူ တတ္ေလ့ရွိပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ တင္းမာမွု အတြင္းမွာ စီးပြားေရး လည္ပတ္ မွု မက်ရင္ ေတာင္ တန႔္သြားတတ္ျခင္း ၊ နိုင္ငံတကာ ရဲ့သေဘာထား နဲ႔ ပိတ္ဆို့မွု လက္တြဲေခၚမွု ေတြ ေပၚမူတည္ၿပီး ျပည္တြင္းက်ပ္ေငြ တန္ဖိုး အေပ်ာ့ အမာ ျဖစ္တတ္ျခင္း၊ အျခား နိုင္ငံ ေတြ ရဲ့နိုင္ငံျခားေငြ တန္ဖိုးတက္လာတာ၊ ျပည္တြင္း စီးပြားေရ တန႔္သြားတဲ့အတြက္ သြင္းကုန္ေတြ ပိုမို လာၿပီး နိုင္ငံျခားေငြ ရွားလာတာ ဝယ္လိုအားျမင့္လာတာေၾကာင့္ ျပည္တြင္း ေငြေၾကးကို သက္ေရာက္ ျခင္း စတဲ့ အေျပာင္းအလဲ ေတြ ျဖစ္ေပၚတတ္လို့ ျဖစ္ပါတယ္။ 

.

လုပ္ငန္းေတြ အေနနဲ႔လည္း မိမိ လုပ္ငန္း က နိုင္ငံျခား ေငြေၾကး ဆက္စပ္ သုံးစြဲ ရတာမ်ိဳး ၊ ေဒၚလာေစ်းအတက္အက်အေပၚ ကုန္ပစၥည္းေစ်း အေျပာင္းအလဲ ရွိတဲ့ လုပ္ငန္းမ်ိဳးဆို ရင္ ႐ုတ္ ျခည္း ေျပာင္းလဲ မွု ေတြ အတြက္ ေရတို အစီအမံရယ္၊ေရ ရွည္ အတြက္ ခန႔္မွန္းသုံးသပ္ ထားတဲ့ အစီအမံေတြ ရယ္ လိုအပ္ပါလိမ့္မယ္။ 

.

(၃) ေငြေၾကး စီးဆင္းမွု နည္းသြားမယ္ (Buying Power နည္းသြားမယ္)

.

အထက္က ေျပာခဲ့သလို မတည္ၿငိမ္မွုေတြ ျဖစ္တိုင္းမွာ လက္ထဲေငြ ရွိသူေတြက ေသခ်ာ တဲ့မဆုံး ရွုံးနိုင္မယ့္ အရာေတြကို သာ ေျပာင္းဝယ္ထားၾကေလ့ရွိပါတယ္။ အေျခအေနေတြ တည္ၿငိမ္ၿပီး စီးပြားေရး ျပန္လည္ လည္ပတ္ တဲ့အခါမွ သာ အဲဒီပိုင္ဆိုင္မွုေတြကို ျပန္လည္ ေငြေဖာ္ၿပီး လုပ္ငန္းေတြ ထဲ အျခားရင္းႏွီးျမဳပ္ႏွံမွုေတြ ထဲကို ထည့္ေလ့ရွိၾကပါတယ္။ 

.

စီးပြားေရး တုန႔္ဆိုင္းသြားတဲ့အတြက္ ဝန္ထမ္း မ်ားအေနနဲ႔ကလည္း လစာ တိုးတာ၊ Bonus ဆုေၾကး ရရွိတာေတြ နည္းပါး လာၿပီး အလုပ္လက္မဲ့ႏွုန္းလဲ တက္လာနိုင္တဲ့အတြက္ သုံးစြဲ မွု ပမာဏ ဟာလည္း က်ဆင္း တတ္ပါတယ္။ ဒါ့အျပင္ ေငြ ရွိသူေတြကလဲ ေငြကို ထုတ္မသုံးပဲ အေရးေပၚ သုံးနိုင္ေအာင္ စုထား တတ္ၾကတာေၾကာင့္ ေစ်းကြက္ ထဲမွာ ေငြေၾကး စီးဆင္းမွုေတြ အားနည္းသြားၿပီး လုပ္ငန္းအေရာင္းေတြ လဲ က်သြားတတ္ပါတယ္။

.

ဒီအတြက္ လုပ္ငန္းမ်ားအေနနဲ႔ မိမိ ရဲ့ Customer သဘာဝ အေပၚမူတည္ၿပီး မသုံးမျဖစ္ ပစၥည္း မ်ားကို သာ ပိုမို စုေဆာင္းတင္ထားတာ၊ လုပ္ငန္း ကုန္က်စရိတ္ေတြ ကိုေလ်ာ့ခ်တာ၊ အေလအလြင့္ ေတြ မျဖစ္ေအာင္ ထိန္းသိမ္းတာ၊ စတဲ့ နည္းေတြကို ေဖာ္ေဆာင္ဖို့ လိုအပ္လာပါတယ္။

.

.

(၄) မူဝါဒ အေျပာင္းအလဲမ်ား

.

Policy မ်ားေျပာင္းလဲ ျခင္းနဲ႔အတူ စီးပြားေရး နယ္ပယ္ အတြင္းက ကုန္သြယ္ေရး၊ ပို့ကုန္၊သြင္းကုန္၊ မူဝါဒ မ်ား အေျပာင္းအလဲ ျဖစ္ေပၚလာနိုင္သလို ယခင္ ကုန္သြယ္ဖက္ နိုင္ငံ မ်ားအေနနဲ႔လည္း ပိုမိုတိုးခ်ဲ႕ဝယ္ယူျခင္း သို့မဟုတ္ အဝယ္ရပ္ဆိုင္းျခင္းမ်ားလဲ ျဖစ္ေပၚလာ နိုင္တဲ့ အတြက္ မိမိ တို့ လုပ္ငန္း ေရာင္းခ် ကုန္သြယ္ေနတဲ့ ပစၥည္းမ်ားအေပၚမွာလဲ အထက္ကလို မူဝါဒ အေျပာင္းအလဲေၾကာင့္ မည္သို့သက္ေရာက္မွုမ်ားရွိလာမယ္။ ဒါေတြကို ဘယ္လို ကိုင္တြယ္ေျဖရွင္းမယ္ ဆိုတာ ကို ႀကိဳတင္စီစဥ္ စဥ္းစားထားသင့္ပါတယ္။

.

(၅) Logistic ဆိုင္ရာ အခက္ အခဲမ်ား

.

လုပ္ငန္း လည္ပတ္ ရာမွာ Logistic ဆိုတဲ့ ကုန္ၾကမ္း ကုန္ေခ်ာ သယ္ယူပို့ေဆာင္ေရးဟာ လည္း လုပ္ငန္း အတြက္ အသက္ ေသြးေၾကာတစ္ခုအေနနဲ႔တည္ရွိပါတယ္။ နိုင္ငံေရး မတည္ၿငိမ္မွု သို့မဟုတ္ စစ္ေရး မတည္ၿငိမ္မွုေတြ ျဖစ္ေပၚလာတဲ့အခါမွာ လမ္းပန္းဆက္သြယ္ေရးေတြ ျပတ္ေတာက္ တာ ၊ ပုံမွန္ သြားလာ ေရး နည္းလမ္းေတြ ေျပာင္းလဲကုန္တာ၊ စတာေတြ ျဖစ္ေပၚ လာတတ္ပါတယ္။ ဒါ့အျပင္ လမ္းခရီး မွာ အခ်ိန္ေႏွာင့္ေႏွး ၾကန႔္ၾကာတာ မ်ိဳး ေတြ အျဖစ္မ်ား လာတတ္တဲ့အတြက္ မိမိ ကုန္ပစၥည္းဟာ သက္တမ္းကုန္ဆုံး လြယ္တဲ့ ကုန္မ်ိဳးဆိုရင္ ဘယ္လို စီစဥ္ေဆာင္ရြက္မယ္ ဘယ္လမ္းေၾကာင္းေတြ အသုံးျပဳမယ္ဆိုတာကို စဥ္းစားသင့္ပါတယ္။

.

(၆) Partner မ်ား ရဲ့ အေျခေအေန

.

စီးပြားေရး လုပ္ငန္းတိုင္းမွာ Stakeholder ဆိုတဲ့ လုပ္ငန္းနဲ႔ဆက္စပ္ ႏွီးႏြယ္ေနတဲ့ အဖြဲ႕အစည္းေတြ မ်ားစြာ ရွိတတ္ၾကပါတယ္။ အဲဒီအထဲမွာက မိမိ လုပ္ငန္းနဲ႔ တိုက္ရိုက္ဆက္သြယ္ၿပီး လည္ပတ္ေနတဲ့ အျခား လုပ္ငန္း ေတြ Partner ေတြ ေၾကာင့္လည္း လုပ္ငန္းကိုထိခိုက္တာမ်ိဳး ရွိလာနိုင္ပါတယ္။ ဥပမာ မိမိ လုပ္ငန္းကေန customer ေတြဆီကိုကုန္စည္ ပို့ေဆာင္ဖို့ အတြက္ Delivery service partner အပ္ထားတယ္ဆိုပါစို့။ မတည္ၿငိမ္ မွုေတြ ျဖစ္ေပၚတဲ့အခါမွာ Deli Partner က အလုပ္ေတြ ပိတ္လိုက္တာ၊ အလုပ္သမားေတြ ႏုတ္ ထြက္ကုန္တာ မ်ိဳးေတြ ျဖစ္ ခဲ့ရင္ မိမိ လုပ္ငနး္က ပါ customer ေတြ အေပၚ ကတိ ပ်က္သလို ျဖစ္ေစနိုင္ပါလိမ့္မယ္။

.

အခ်ိဳ့ကေတာ့ အေျခအေန ကို အခြင့္ေကာင္းယူတတ္တာမ်ိဳးလဲ ရွိလာနိုင္ပါတယ္။ ဥပမာ ဒီ လမ္းခရီးကို ဒီလို အေျခအေနေၾကာင့္ ယခင္ ႏွုန္းထားနဲ႔ မပို့ေပးနိုင္ပဲ ဘယ္ေလာက္ပိုေပးမွ ရမယ္ ဆိုတာမ်ိဳးပါပဲ။ ဒီလို Partner ေတြ ထဲမွာ ဘဏ္ေတြ၊ Service provider ေတြ ၊ sub con ေတြ၊ အစိုးရ႐ုံးေတြ၊ အလုပ္သမားအဖြဲ႕အစည္းေတြ အားလုံး ကိုထည့္သြင္းစဥ္းစား ဖို့ လိုအပ္ပါတယ္။ ဒီအတြက္ မိမိ လုပ္ငန္းနဲ႔ တိုက္ရိုက္ခ်ိတ္ဆက္ လုပ္ကိုင္ေနတဲ့ Partner မ်ားအေျခ အေနကိုလည္းသုံးသပ္နိုင္ဖို့ လိုအပ္ပါတယ္။ 

.

.

(၇) Customer ေတြ ရဲ့ Social Standard ေတြ ေျပာင္းသြားတာ

.

Political Factor ကေန Economic ကို သက္ေရာက္ ၿပီးတဲ့အခါမွာ Economic ကေန လူအားလုံး ကို ဆက္လက္ သက္ေရာက္ေစတဲ့အတြက္ စီးပြားေရး အတက္ အက် ေတြ ေပၚမူတည္ၿပီး လူေတြ ရဲ့ ေနထိုင္မွုပုံစံေတြ၊ သုံးစြဲမွု စတိုင္ေတြ၊ ဝယ္ယူမွု Behavior ေတြ ဟာလည္း မ်ားစြာေျပာင္း လဲတတ္ ပါတယ္။ ယခင္က ေငြပို ရွိေနရင္ အျပင္ စားေသာက္ဆိုင္ မွာသြားစားတာျဖစ္ျဖစ္ အျခား အပိုပစၥည္း တစ္ခုခုဝယ္တာ ျဖစ္ျဖစ္ လုပ္ေဆာင္တတ္ေပမယ့္ မတည္ၿငိမ္တဲ့ အခ်ိန္မွာေတာ့ အပိုသုံးေတြကို ေလ်ာ့တာ စားစရာနဲ႔ေရရွည္ခံကုန္ေျခာက္ ေတြကိုသာ ပိုဝယ္ယူတာ စတဲ့ Buying Decision ေတြ ျဖစ္ေပၚလာတတ္ပါတယ္။ 

.

(၈) ေငြေၾကးေဖာင္းပြမွု ျဖစ္လာနိုင္တာ

.

အေျပာင္းအလဲ တစ္ရပ္ျဖစ္ၿပီးေနာက္မွာ ယခင္ အတိုင္း ျပန္လည္တည္ၿငိမ္ စြာလည္ပတ္ ဖို့အတြက္ အခ်ိန္ တစ္ခု ယူရေလ့ရွိပါတယ္။ အဲဒီအခ်ိန္အတြင္းမွာ အထက္က အခ်က္ေတြ ေၾကာင့္ ကုန္ေစ်းႏွုန္း ေတြ တက္လာ ၿပီး ေငြေၾကးေဖာင္းပြမွု ကိုလဲ လုပ္ငန္းအေနနဲ႔ ၾကဳံေတြ ့လာနိုင္ စရာ ရွိပါတယ္။

.

.

(၉) လုယက္အၾကမ္းဖက္မွုမ်ား ျဖစ္လာနိုင္ေခ်

.

အေျခအေနေတြ မတည္ၿငိမ္ တဲ့အခ်ိန္မွာ တန္ဖိုးႀကီး ကုန္ပစၥည္းေတြေရာင္းခ် တဲ့ လုပ္ငန္းမ်ား အေနနဲ႔ ဆိုင္လုံျခဳံေရးနဲ႔ ကုန္ပစၥည္းမ်ား အခင္းအက်င္းကို သုံးသပ္ျပင္ဆင္ ဖို့လဲလိုအပ္ပါတယ္။ မတည္ၿငိမ္တဲ့ အေျခအေန လူစုလူေဝး ျဖစ္ေပၚမူကို အခြင့္ေကာင္းယူ တတ္တဲ့ ဥပေဒ ျပင္ပ က်ဴးလြန္တတ္သူမ်ားဟာ အမ်ားျပည္သူမ်ားနဲ႔ေရာေထြးကာ လုယက္ သိုဝွက္မွုမ်ား ေဖာက္ထြင္းမွု မ်ား ျပဳလုပ္နိုင္ေခ်လဲ ရွိနိုင္ပါတယ္။ ဥပမာ အေမရိကန္ ျပည္ ဆႏၵ ျပပြဲမ်ားမွာ အခ်ိဳ့ေသာ ေရာပါလာ သူမ်ားက ဆိုင္မ်ားကို ဖ်က္ဆီးျခင္း မ်ိဳး ရွိခဲ့တာကို ေတြ႕ရွိ ရပါတယ္။ 

.

.

(၁၀) စီးပြားေရး ေျခထိုး တတ္တဲ့ အႏၲရာယ္

.

လက္ရွိ အေနအထားမွာ ျပည္သူလူထု အေနနဲ႔ Emotion မ်ား ျပင္းထန္ ေနခ်ိန္ ျဖစ္ တဲ့ အတြက္ အခ်ိဳ့ေသာ ေကာက္က်စ္တဲ့ စီးပြား ၿပိဳင္ဖက္မ်ားဟာ မိမိ လုပ္ငန္းကို လက္ရွိ အက်ပ္အတည္း အတြင္းမွာ နာမည္ဆိုး တပ္ၿပီး လူထု အၾကား ျပန႔္ႏွံေစအာင္ နာမည္ဖ်က္ျခင္းမ်ိဳးမ်ား လဲ ေတြ႕လာ ရေလ့ရွိပါတယ္။ Social Media နဲ႔ လူထု ရဲ့ အထိမခံနိုင္မွုကို အသုံးခ်ကာ အထင္အျမင္ လြဲမွားေစမယ့္ သတင္းမ်ား လုပ္ငန္းအေၾကာင္းမ်ားကို တင္ျပၿပီး အဆုံးထိ ထိုးႏွက္ တတ္ၾက ပါတယ္။ ဒီအတြက္လဲ ဒီလိုျဖစ္လာခဲ့ရင္ဘယ္လို ေျဖရွင္းမယ္ ဆိုတဲ့ အစီအမံေတြစဥ္းစား ထား ဖို့ လိုအပ္နိုင္ပါတယ္။

.

ဒါေတြကေတာ့ အေျပာင္းအလဲ တစ္ခုျဖစ္တိုင္း လုပ္ငန္းေတြ အတြက္ ၾကဳံရေလ့ရွိတဲ့ ျပင္ပ က လာတဲ့ External Threat ေတြကိုမၽွေဝေပးခဲ့တာျဖစ္ၿပီး အေျပာင္းအလဲမွာ လုပ္ငန္း မ်ား အေနနဲ႔ အေကာင္းဆုံး ထိန္းသိမ္း ေဆာင္ရြက္ကာ အဆုံးအရွုံးမရွိေစဖို့ ဆုမြန္ေကာင္းေတာင္း အပ္လိုက္ရပါတယ္ခင္ဗ်ား။

.

Kaung Hein Soe – Strategic

Business Consultant

No comments: