Sunday, February 21, 2021

ကော်ငွေ့နှင့် ဘိန်းစာရွက် မူးယစ်ဆေးရဲ့စက်ကွင်း

ကော်ငွေ့နှင့် ဘိန်းစာရွက် မူးယစ်ဆေးရဲ့စက်ကွင်း




ဆေးလိပ်၊ဘီယာနှင့် အရက်တို့ကို ‘မူးယစ်ဆေးဝါး၏ တံခါးဝများ’ ဟုသတ်မှတ်ထားကြသလို အချို့ချောင်းဆိုးပျောက်ဆေးများပင် ပါဝင်ပါသေးသည်။ 


ထိုနည်းတူ ‘ကော်ငွေ့နှင့် ဘိန်းစာရွက်’ ကိုလည်း ‘မူးယစ်ဆေး၏ စက်ကွင်းထဲရောက်နေကြသော ဆေးဝါးများ’ အဖြစ်သတ်မှတ်ကြ ရပေလိမ့်မည်။


ရှူ ၊ သောက်၊ ရှိုက် ၊ ထိုး အမျိုးမျိုးသောနည်းလမ်းပေါင်းစုံဖြင့် မူးယစ်ဆေးဝါးများကို သုံးစွဲနေကြရာ၌ ‘ကော်ရှူဓလေ့၊ ကော်ငွေ့ရှူ’ သောနည်းလမ်းနှင့် ‘ဘိန်းစာရွက်’ သုံးသော နည်းလမ်းနှစ်လမ်းလည်းပါဝင်ကြပါသည်။


‘ကော်ရှူဓလေ့၊ ကော်ငွေ့ရှူ’ သောနည်းလမ်းမှာ Fibre Water Pipe ရေပိုက်ဆက်သည့်နေရာတွင် သုံးစွဲသော ကော်ဘူးထဲမှ ကော်ကို မီးရှို့ပြီးထွက်လာသော မီးခိုးများကို ရှူရှိုက်နေကြခြင်းဖြစ်ပါသည်။ ထိုမီးခိုးအငွေ့များကို ရှူရှိုက်လိုက်ရပါက မူးယစ်ရီဝေလာပြီး စိတ်ထဲ တွင် ထွေပြားမှုန်ဝါးလာမှုနှင့်အတူ ကြွတက်လာလေ့ရှိသည်ဟု ဖွင့်ဟပြောဆိုနေကြပါသည်။


အခြားသော တန်ဖိုးကြီးမူးယစ်ဆေးဝါးများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများကို ဝယ်ယူသုံးစွဲနိုင်ခြင်းမရှိကြသော မြို့ပြနေကောက်တိုများ၊ လမ်းဘေးတွင် တေပေလေလွင့် အကျင့်ပျက်နေကြသူများ၊ မူးယစ်ဆေးဝါးကိုလက်တည့်စမ်းလိုကြသည့် ကျပန်း လုပ်စားနေကြသူများ၊ ခါးပိုက်နှိုက်အငယ်စားလေးများက လက်တစ်ကမ်းတွင် လွယ်လင့်တကူဝယ်ယူရရှိနေကြသောကြောင့် ‘ကော်ရှူဓလေ့၊ ကော်ငွေ့ရှူ’ သောနည်းလမ်းမှာ တိုးပွားများပြားလာခဲ့ပါသည်။


လူသိနည်းသော်လည်း ဆင်းရဲသားကျေးလက်နေ လက်လုပ်လက်စားများကို အန္တရာယ်များစွာပေးနိုင်သည့် ‘ဘိန်းစာရွက်’ သုံးသော နည်းကလည်း ကြောက်မက်ဖွယ်ကောင်းလှပါသည်။ လူအများစုက ဘိန်းပင်၊ ဆေးခြောက်ပင်များကိုသာ မြင်ဖူးတွေ့ဖူးကြသော်လည်း ဘိန်းစာပင်ကို မည်ကဲ့သို့ပေါ်လာပြီး မူးယစ်ဆေးအဖြစ် မည်သို့မည်ပုံသုံးစွဲနေကြသည်ကိုလည်း မသိရှိကြပေ။


မွန်ပြည်နယ်အတွင်းရှိ နယ်စပ်မြို့များသို့ တစ်ဖက်နိုင်ငံမှ ဘိန်းစာပင်များဝင်ရောက်လာကြခြင်းဖြစ်ပါသည်။ ရေးမြို့၊ သံဖြူဇရပ်မြို့၊ မုဒုံမြို့ နယ်များအတွင်းရှိ ကျေးလက်ဒေသများတွင် အိမ်နောက်ဖေးခြံစည်ရိုးပင်များအဖြစ် စိုက်ပျိုးခဲ့ကြပါသည်။ ဝါးကပ်ခြံစည်ရိုး၏ တစ်ပြန် ကိုးပေခန့်ထိ မြင့်တက်သည့် ရွက်စိမ်းပင်မျိုးဖြစ်ပါသည်။


ဘိန်းစာရွက်တစ်ရွက်လျှင် ငွေကျပ် ၂၀၀မှ ငွေကျပ် ၃၀၀ထိ အရောင်းအဝယ်ရှိခဲ့ကြပါသည်။ အရွယ်ရောက်အပင်တစ်ပင်ကို တစ်လကြာ စိုက်ပျိုးရောင်းချပါကေငွေကျပ်တစ်သိန်းနီးပါးရခဲ့သည်ဟုသိရပါသည်။


သုံးစွဲပုံသုံးစွဲနည်းများမှာ တချို့က ဘိန်းစာရွက်ကိုခြောက်အောင် အခြောက်ပြုလုပ်ပြီး ရေနွေးကြမ်းတွင် လက်ဖက်ခြောက်ကဲ့သို့ပင် ခတ်၍ သောက်ကြပါသည်။ တချို့ကလည်း သကြားလုံးကဲ့သို့ ဆက်စပ်ပစ္စည်းများဖြင့် ရောစပ်သုံးစွဲနေကြပါသည်။ ဓာတုဗေဒပစ္စည်းများ ဖြင့်လည်း ဆက်စပ်သုံးစွဲနေကြပါသည်။ အရွက်၏ အာနိသင်မှာ စိတ်ကြွရူးသွပ်ဆေးပြားများကဲ့သို့ မူးယစ်ထုံထိုင်းပြီး လူကိုဆေးစွဲစေ သည်ဟု သိရပါသည်။


ကျန်းမာရေးဝန်ကြီးဌာန၏ (၁၄-၆-၂၀၁၂)ရက်ထုတ်အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၁၂)တွင် ဘိန်းစာရွက်သည် မူးယစ်ဆေးဝါးနှင့် အကျုံးဝင်နေသဖြင့် ဥပဒေအရအရေးယူနိုင်ကြောင်း၊ ဘိန်းစာရွက်များကို ဓာတုဗေဒရုံးသို့ ထင်မြင်ချက်တောင်းခံခဲ့သောအခါ မူးယစ်စေ တတ်သော ဆေးတစ်မျိုးဖြစ်သည်ဟု ထင်မြင်ချက်ပေးထားကြောင်း၊ ဘိန်းစာရွက်ပင်များကို စိုက်ပျိုးထားကြောင်း သတင်းရရှိပါက ထိရောက်စွာ ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပါသည်။


ဖမ်းဆီးအရေးယူခဲ့သောအမှုမှ တရားခံတစ်ဦးရဲ့ ပြုမူဆောင်ရွက်ပုံမှာ ဘိန်းစာရွက်များကို အရည်ဖျော်ပြီး ကော်ဖီမစ်များနှင့် ရောနှော ဖျော်စပ်ရောင်းချနေကြောင်း၊ အလုပ်ကြမ်းသမားများက ဘိန်းစာရွက်များကို အရည်ဖျော်ပြီး ကော်ဖီမစ်များနှင့် ရောနှောရောင်းချခြင်းကို အလွန်ပင်သဘောကျလက်ခံကြကြောင်း သိရသည်။

ဖမ်းဆီးရမိသော ဆက်စပ်ပစ္စည်းများတွင် ကော်ဖီမစ်၊ ဘိန်းစာရွက်နှင့် Diphendry 1 အရည်များရောစပ်ကျိထားသည့် အရည် ၆၀ မီလီမီတာခန့်ရှိေဆေးရည်တစ်ပုံးပါဝင်နေပါသည်။


၂၂ရက် ဇန်နဝါရီလ ၂၀၂၁ခုနှစ်ထုတ် ရတနာပုံသတင်းစာ စာမျက်နှာ ၂၆ပါ ကော်ငွေ့နှင့် ဘိန်းစာရွက် မူးယစ်ဆေးရဲ့စက်ကွင်း - မောင်ငြိမ်းသူ(ကြို့ပင်ကောက်)ဆောင်းပါးမှ


(Zawgyi) 

 ေကာ္ေငြ႕ႏွင့္ ဘိန္းစာရြက္ မူးယစ္ေဆးရဲ႕စက္ကြင္း



ေဆးလိပ္၊ဘီယာႏွင့္ အရက္တို႔ကို ‘မူးယစ္ေဆး၀ါး၏ တံခါး၀မ်ား’ ဟုသတ္မွတ္ထားၾကသလို အခ်ိဳ႕ေခ်ာင္းဆိုးေပ်ာက္ေဆးမ်ားပင္ ပါ၀င္ပါေသးသည္။ 


ထိုနည္းတူ ‘ေကာ္ေငြ႕ႏွင့္ ဘိန္းစာရြက္’ ကိုလည္း ‘မူးယစ္ေဆး၏ စက္ကြင္းထဲေရာက္ေနၾကေသာ ေဆး၀ါးမ်ား’ အျဖစ္သတ္မွတ္ၾက ရေပလိမ့္မည္။


ရွဴ ၊ ေသာက္၊ ရႈိက္ ၊ ထိုး အမ်ိဳးမ်ိဳးေသာနည္းလမ္းေပါင္းစံုျဖင့္ မူးယစ္ေဆး၀ါးမ်ားကို သံုးစြဲေနၾကရာ၌ ‘ေကာ္ရွဴဓေလ့၊ ေကာ္ေငြ႔ရွဴ’ ေသာနည္းလမ္းႏွင့္ ‘ဘိန္းစာရြက္’ သံုးေသာ နည္းလမ္းႏွစ္လမ္းလည္းပါ၀င္ၾကပါသည္။


‘ေကာ္ရွဴဓေလ့၊ ေကာ္ေငြ႔ရွဴ’ ေသာနည္းလမ္းမွာ Fibre Water Pipe ေရပိုက္ဆက္သည့္ေနရာတြင္ သံုးစြဲေသာ ေကာ္ဘူးထဲမွ ေကာ္ကို မီးရႈိ႕ျပီးထြက္လာေသာ မီးခိုးမ်ားကို ရွဴရႈိက္ေနၾကျခင္းျဖစ္ပါသည္။ ထိုမီးခိုးအေငြ႔မ်ားကို ရွဴရႈိက္လိုက္ရပါက မူးယစ္ရီေ၀လာျပီး စိတ္ထဲ တြင္ ေထြျပားမႈန္၀ါးလာမႈႏွင့္အတူ ၾကြတက္လာေလ့ရွိသည္ဟု ဖြင့္ဟေျပာဆိုေနၾကပါသည္။


အျခားေသာ တန္ဖိုးၾကီးမူးယစ္ေဆး၀ါးမ်ားႏွင့္ စိတ္ၾကြရူးသြပ္ေဆးျပားမ်ားကို ၀ယ္ယူသံုးစြဲႏိုင္ျခင္းမရွိၾကေသာ ျမိဳ႕ျပေနေကာက္တိုမ်ား၊ လမ္းေဘးတြင္ ေတေပေလလြင့္ အက်င့္ပ်က္ေနၾကသူမ်ား၊ မူးယစ္ေဆး၀ါးကိုလက္တည့္စမ္းလိုၾကသည့္ က်ပန္း လုပ္စားေနၾကသူမ်ား၊ ခါးပိုက္ႏႈိက္အငယ္စားေလးမ်ားက လက္တစ္ကမ္းတြင္ လြယ္လင့္တကူ၀ယ္ယူရရွိေနၾကေသာေၾကာင့္ ‘ေကာ္ရွဴဓေလ့၊ ေကာ္ေငြ႔ရွဴ’ ေသာနည္းလမ္းမွာ တိုးပြားမ်ားျပားလာခဲ့ပါသည္။


လူသိနည္းေသာ္လည္း ဆင္းရဲသားေက်းလက္ေန လက္လုပ္လက္စားမ်ားကို အႏၱရာယ္မ်ားစြာေပးႏိုင္သည့္ ‘ဘိန္းစာရြက္’ သံုးေသာ နည္းကလည္း ေၾကာက္မက္ဖြယ္ေကာင္းလွပါသည္။ လူအမ်ားစုက ဘိန္းပင္၊ ေဆးေျခာက္ပင္မ်ားကိုသာ ျမင္ဖူးေတြ႕ဖူးၾကေသာ္လည္း ဘိန္းစာပင္ကို မည္ကဲ့သို႔ေပၚလာျပီး မူးယစ္ေဆးအျဖစ္ မည္သို႔မည္ပံုသံုးစြဲေနၾကသည္ကိုလည္း မသိရွိၾကေပ။


မြန္ျပည္နယ္အတြင္းရွိ နယ္စပ္ျမိဳ႕မ်ားသို႔ တစ္ဖက္ႏိုင္ငံမွ ဘိန္းစာပင္မ်ား၀င္ေရာက္လာၾကျခင္းျဖစ္ပါသည္။ ေရးျမိဳ႕၊ သံျဖဴဇရပ္ျမိဳ႕၊ မုဒံုျမိဳ႕ နယ္မ်ားအတြင္းရွိ ေက်းလက္ေဒသမ်ားတြင္ အိမ္ေနာက္ေဖးျခံစည္ရိုးပင္မ်ားအျဖစ္ စိုက္ပ်ိဳးခဲ့ၾကပါသည္။ ၀ါးကပ္ျခံစည္ရိုး၏ တစ္ျပန္ ကိုးေပခန္႔ထိ ျမင့္တက္သည့္ ရြက္စိမ္းပင္မ်ိဳးျဖစ္ပါသည္။


ဘိန္းစာရြက္တစ္ရြက္လွ်င္ ေငြက်ပ္ ၂၀၀မွ ေငြက်ပ္ ၃၀၀ထိ အေရာင္းအ၀ယ္ရွိခဲ့ၾကပါသည္။ အရြယ္ေရာက္အပင္တစ္ပင္ကို တစ္လၾကာ စိုက္ပ်ိဳးေရာင္းခ်ပါကေေငြက်ပ္တစ္သိန္းနီးပါးရခဲ့သည္ဟုသိရပါသည္။


သံုးစြဲပံုသံုးစြဲနည္းမ်ားမွာ တခ်ိဳ႕က ဘိန္းစာရြက္ကိုေျခာက္ေအာင္ အေျခာက္ျပဳလုပ္ျပီး ေရေႏြးၾကမ္းတြင္ လက္ဖက္ေျခာက္ကဲ့သို႔ပင္ ခတ္၍ ေသာက္ၾကပါသည္။ တခ်ိဳ႕ကလည္း သၾကားလံုးကဲ့သို႔ ဆက္စပ္ပစၥည္းမ်ားျဖင့္ ေရာစပ္သံုးစြဲေနၾကပါသည္။ ဓာတုေဗဒပစၥည္းမ်ား ျဖင့္လည္း ဆက္စပ္သံုးစြဲေနၾကပါသည္။ အရြက္၏ အာနိသင္မွာ စိတ္ၾကြရူးသြပ္ေဆးျပားမ်ားကဲ့သို႔ မူးယစ္ထံုထိုင္းျပီး လူကိုေဆးစြဲေစ သည္ဟု သိရပါသည္။


က်န္းမာေရး၀န္ၾကီးဌာန၏ (၁၄-၆-၂၀၁၂)ရက္ထုတ္အမိန္႔ေၾကာ္ျငာစာအမွတ္ (၁၀/၂၀၁၂)တြင္ ဘိန္းစာရြက္သည္ မူးယစ္ေဆး၀ါးႏွင့္ အက်ံဳး၀င္ေနသျဖင့္ ဥပေဒအရအေရးယူႏိုင္ေၾကာင္း၊ ဘိန္းစာရြက္မ်ားကို ဓာတုေဗဒရံုးသို႔ ထင္ျမင္ခ်က္ေတာင္းခံခဲ့ေသာအခါ မူးယစ္ေစ တတ္ေသာ ေဆးတစ္မ်ိဳးျဖစ္သည္ဟု ထင္ျမင္ခ်က္ေပးထားေၾကာင္း၊ ဘိန္းစာရြက္ပင္မ်ားကို စိုက္ပ်ိဳးထားေၾကာင္း သတင္းရရွိပါက ထိေရာက္စြာ ဖမ္းဆီးအေရးယူမည္ျဖစ္ေၾကာင္း အသိေပးေၾကညာခဲ့ပါသည္။


ဖမ္းဆီးအေရးယူခဲ့ေသာအမႈမွ တရားခံတစ္ဦးရဲ႕ ျပဳမူေဆာင္ရြက္ပံုမွာ ဘိန္းစာရြက္မ်ားကို အရည္ေဖ်ာ္ျပီး ေကာ္ဖီမစ္မ်ားႏွင့္ ေရာေႏွာ ေဖ်ာ္စပ္ေရာင္းခ်ေနေၾကာင္း၊ အလုပ္ၾကမ္းသမားမ်ားက ဘိန္းစာရြက္မ်ားကို အရည္ေဖ်ာ္ျပီး ေကာ္ဖီမစ္မ်ားႏွင့္ ေရာေႏွာေရာင္းခ်ျခင္းကို အလြန္ပင္သေဘာက်လက္ခံၾကေၾကာင္း သိရသည္။

ဖမ္းဆီးရမိေသာ ဆက္စပ္ပစၥည္းမ်ားတြင္ ေကာ္ဖီမစ္၊ ဘိန္းစာရြက္ႏွင့္ Diphendry 1 အရည္မ်ားေရာစပ္က်ိထားသည့္ အရည္ ၆၀ မီလီမီတာခန္႔ရွိေေဆးရည္တစ္ပံုးပါ၀င္ေနပါသည္။


၂၂ရက္ ဇန္န၀ါရီလ ၂၀၂၁ခုႏွစ္ထုတ္ ရတနာပံုသတင္းစာ စာမ်က္ႏွာ ၂၆ပါ ေကာ္ေငြ႕ႏွင့္ ဘိန္းစာရြက္ မူးယစ္ေဆးရဲ႕စက္ကြင္း - ေမာင္ျငိမ္းသူ(ၾကိဳ႕ပင္ေကာက္)ေဆာင္းပါးမွ


No comments: