Saturday, February 13, 2021

၀န်ထမ်းတွေကို မေးကြည့်ဖို့

""ဟေ့ မန်နေဂျာတွေ မင်းတို့ရဲ့ဝန်ထမ်းတွေကို ဒီလိုမေးကြည့်ဖူးရဲ့လားကွ ""




~ စာရေးသူ မင်းနိုင်(ရွှေဘို)


HR Managers အပါအဝင် ဌာနဆိုင်ရာလူကြီးတွေဟာ ကိုယ့်လက်အောက်ကဝန်ထမ်းတွေကို ဒီလိုမေးခွန်းလေး တွေ မေးကြည့်ဖူးရဲ့လား။ တစ်နှစ်နှစ်ခါလောက်မေးကြည့်သင့်တယ်။ဒီလို အသေအချာမမေးမြန်းပဲ ကိုယ့်ဝန်ထမ်းတွေကို အိမ်ကြက်တွေပါကွာ ဆိုတဲ့သဘောမျိုးနဲ့ချောင်ထိုးထားပြီးမှ Productivity မတက်ပါဘူး၊ အားရစရာ တစ်စက်ကလေးတောင် မရှိပါဘူးလို့ နှစ်ကုန်မှ ဆိုနေရင်တော့ သူတို့မှားတာမဟုတ်ပဲ သင်ပဲမှားနေတာလို့ ကျွန်တော် ရဲရဲကြီး ပြောလိုက်ပါတယ်။


ကိုယ်က ဌာနအကြီးအကဲဖြစ်သည့်အလျောက် ကိုယ့်လက်အောက်ဝန်ထမ်းတွေကို အခါအားလျော်စွာ သွန်သင်ဆုံးမရမှာဖြစ်တယ်။ နည်းပေးလမ်းပြရမှာဖြစ်တယ်။ လက်ထပ်သင်ကြားပေးရမှာဖြစ်တယ်။ လက်အောက်ဝန်ထမ်းကလည်း မာနတွေလျှော့ပြီး ကိုယ့်အထက်လူကြီးဆီက သင်ယူလေ့လာစရာတွေကို တပည့်ခံသင်ယူရမှာဖြစ်တယ်။ ဒီလို တပည့်ခံ သင်ယူလိုက်ခြင်းအားဖြင့် အထက်အောက်ဆက်ဆံရေး ပိုမိုကောင်းမွန်လာတဲ့အပြင် တစ်ဦးကိုတစ်ဦး အပြန်အလှန် နားလည်လာကြမယ်၊ တစ်ဦးကိုတစ်ဦး ယုံကြည်စိတ်တွေလည်း မြင့်မားလာကြမှာဖြစ်တဲ့ အတွက် employee engagement မြင့်လာမယ်။ ဒီနေရာမှာ ချွင်းချက်တစ်ခုက မန်နေဂျာဆိုသူတွေဟာ တပည့်တွေထက် အစစအရာရာ သိနားလည်နေဖို့ တတ်ကျွမ်းနေဖို့လိုပါတယ်။


မေးကြည့်သင့်တဲ့မေးခွန်းလေးတွေက ဆောရီး မေးကိုမေးရမယ့် မေးခွန်းလေးတွေက ဒါတွေပါပဲ။ဒါဟာ Exit Interview ရဲ့ဆန့်ကျင်ဖက် Stay Interview method တစ်မျိုးလည်းဖြစ်ပါတယ်။ဒီမေးခွန်းတွေကြောင့် မိမိလက်အောက်ဝန်ထမ်းရဲ့ ခံစားချက်အမှန်ကို သိမြင်လာနိုင်တယ်။မေးနိုင်ရင်မေးနိုင်သလောက် အဖြေမှန်ထွက်လာနိုင်တယ်။


#မင်းအခုယူထားရတဲ့တာဝန်တွေရဲ့ဘယ်အပိုင်းတွေကို အကြိုက်နှစ်သက်ဆုံးလဲ။


ဒီလိုမေးလိုက်တော့ ကိုယ့်ဝန်ထမ်းရဲ့ အကျွမ်းကျင်ဆုံးအပိုင်းတွေ ၊အခက်အခဲတွေ့နေတဲ့အပိုင်းတွေ၊ ထပ်ဖြည့်ပေးရမယ့် အပိုင်းတွေကို သိသာလာစေပါတယ်။လမ်းကြောင်းတည့်ပေးရမယ့်အရာတွေ ဖြည့်ဆည်းသင်ကြားပေးရမယ့် အရာတွေကိုလည်း သိမြင်လာမှာဖြစ်တယ်။


မင်းအခုယူထားရတဲ့တာဝန်တွေထဲက ဘယ်အပိုင်းတွေကို အပြောင်းအလဲလုပ်စေချင်တာလဲ။


ဝန်ထမ်းရဲ့ ကျွမ်းကျင်မှုနဲ့ သူတာဝန်ယူနေရတာတွေဟာ ဘယ်တော့မှ ထပ်တူမကျတတ်ပါဘူး။ ဝန်ထမ်းတိုင်းဟာ မိမိရဲ့လုပ်ဆောင်မှုတွေကို အကောင်းဆုံးဖြစ်စေချင်ကြပါတယ်။ဒီလိုမေးလိုက်တော့ သူတို့ရင်ထဲ ခံစားနေရတဲ့ နာကြင်မှုတွေကို မြင်တွေ့လာရနိုင်ပါတယ်။သူတို့ရဲ့အစွမ်းအစကို ကန့်သတ်ပိတ်ဆို့နေတဲ့ အကြီးဆုံးသော အတားအဆီးကို မြင်တွေ့လာရမှာဖြစ်တယ်။ကူညီဖြေရှင်းပေးဖို့ အကြောင်းရင်းအမှန်ကို တွေ့လာမယ်။


မင်းအခုယူထားရတဲ့ တာဝန်က ကုမ္ပဏီရဲ့ရည်ရွယ်ချက်တွေကို ဘယ်လောက်အထိအကျိုးပြုတယ်လို့ထင်လဲ။


ကုမ္ပဏီတိုင်းတာ အဝေးအမြင် အနီးအမြင်နဲ့ရည်ရွယ်ချက်တွေ ဦးတည်ချက်တွေ တန်ဘိုးထားမှုတွေ ရှိပြီးသား ဖြစ်ပါတယ်။အဲဒီအရာတွေရဲ့ဘောင်အတွင်းမှာပဲ ဝန်ထမ်းတွေက ကိုယ်ပိုင်အမြင်ထားပြီး ဆောင်ရွက်ရတာပါ။ ဘောင်ကျော်လို့ မရပါဘူး။မိမိတာဝန်ထမ်းဆောင်နေတာဟာ ကုမ္ပဏီကို ဘယ်လောက်အထိအကျိုးပြုနေတယ်ဆိုတာ ဝန်ထမ်းတော်တော် များများက သတိမထားတတ်ကြပါဘူး။ကိုယ်ဟာ လုပ်ငန်းကလိုအပ်တဲ့ ဝန်ထမ်းတစ်ယောက်ဟုတ်မဟုတ် ဆိုတာတောင် မဝေခွဲတတ်ကြပါဘူး။ကိုယ့်ဆီက ဘာတွေလိုအပ်နေတယ်ဆိုတာကိုလည်း မသိကြပါဘူး။ဒါဘာကြောင့်လဲဆိုတော့ သူ့ရဲ့ပါဝင် ပတ်သက်မှုကို သေသေချာချာမသိလို့ပါပဲ။ဒါကြောင့် ဒီမေးခွန်းကို မေးသင့်တယ်။ဒီလိုမေးလိုက်တော့ ဝန်ထမ်းဟာ ကုမ္ပဏီရဲ့ ဘယ်အစိတ်အပိုင်းမှာ ဘယ်အထိအကျိုးပြုနေတယ်ဆိုတာ သတိထားမိသွားပြီး လုပ်ငန်းအပေါ်တန်ဘိုးထားတတ် လာသလို သူ့ကိုယ်သူလည်း တန်ဘိုးထားတတ်လာပါတယ်။


ဒီဌာနမှာလုပ်နေရလို့ မင်းအတွက် ဘာတွေ အကျိုးကျေးဇူးဖြစ်ထွန်းသလဲ။ဘာအတွေ့အကြုံတွေရသလဲ။


ဒီနေရာမှာ ရချင်တဲ့အဖြေက အသင်းအဖွဲ့နဲ့လုပ်ရခြင်းကြောင့်ရရှိလာတဲ့အကျိုးကျေးဇူးတွေ အတွေ့အကြုံ တွေကိုပါ။ အသင်းအဖွဲ့နဲ့လုပ်ဆောင်ရတာဟာ အကျိုးများစေတယ်ဆိုတာ ဝန်ထမ်းတိုင်းသိကြပါတယ်။ တစ်ကိုယ်တော် လှုပ်ရှားခြင်းဟာ အောင်မြင်မှုကြီးကြီးမားမားကိုပေးတတ်ပေမယ့် ကုမ္ပဏီဆိုတာ အသင်းအဖွဲ့တွေစုပေါင်းထားတဲ့ အကျိုးအမြတ် ကို ဦးတည်တဲ့ စီးပွားရေးလုပ်ငန်းကြီးဖြစ်တယ်။တစ်ကိုယ်တော်သမားတွေဟာ အချိန်ကာလတစ်ခုနဲ့ အခြေအနေတစ်ခုမှာ လိုအပ်တာမှန်ပေမယ့် အသင်းအဖွဲ့နဲ့လုပ်ဆောင်တတ်ခြင်းအလေ့အထကိုသာ အဓိကပြုစုပျိုးထောင်ပေး ရမှာဖြစ်တယ်။ အသင်းအဖွဲ့ကောင်းတစ်ခုက အောင်မြင်မှုကြီးကြီးမားမားကို ပေးဆောင်တတ်သလို ရေရှည်အောင်မြင်မှုမှာလည်း မဖြစ်မနေ လိုအပ်တယ်။ အသင်းသားတွေရဲ့တစ်ဦးချင်းဆီကထွက်လာတဲ့စွမ်းအားတွေကို စုပေါင်းညှိနှိုင်းလိုက်နိုင်တာဟာ အောင်မြင်မှုရဲ့ လမ်းစပဲ။ အသင်းအဖွဲ့တစ်ခုရဲ့အရှိန်အဟုန်ဟာ ကြီးမားတဲ့လွန်းလို့ အတားအဆီးဟူသမျှကို ကျော်လွှားနိုင်ကြတာများပါတယ်။ စိတ်ကူးစိတ်သန်းအသစ်တွေ၊ပြဿနာဖြေရှင်းနည်းတွေဟာ အသင်းအဖွဲ့တွေမှာပဲ ထွက်ပေါ်လာနိုင်တာပါ။


ဒီတာဝန်တွေကို အောင်မြင်အောင်ထမ်းဆောင်ဖို့ မင်းကို အကောင်းဆုံးလှုံ့ဆော်ပေးတဲ့အရာတွေက ဘာတွေလဲ။


ဒါအရေးကြီးတဲ့မေးခွန်းပါ။ဝန်ထမ်းတစ်ယောက်နဲ့တစ်ယောက် အဖြေမတူနိုင်ပါဘူး။ဒီအဖြေတွေကပဲ သင့်ဌာနရဲ့ ဦးတည်ချက်တွေအောင်မြင်အောင် တွန်းပို့ပေးတဲ့အရာတွေဖြစ်တဲ့အတွက် သင့်အတွက် အကျိုးများပါတယ်။တချို့က အကြီးအကဲရဲ့ ဂရုတစိုက်မေးမြန်းသုံးသပ်ပေးတာကို အလိုရှိကြတယ်။တချို့က ချီးကျူးအသိအမှတ်ပြုတာကို အလိုရှိကြတယ်။ တချို့က တိကျသေချာတဲ့ ညွှန်ကြားချက်တွေကို အလိုရှိကြတယ်။တချို့က တရားမျှတမှုကိုအလိုရှိကြတယ်။ဒါတွေကို သတိထားမိပြီး တစ်ဦးချင်းအကြိုက်ကိုလိုက်ကာ ဝန်ထမ်းတွေကို ဖြည့်ဆည်းပေးရမှာ အထက်လူကြီးရဲ့ တာဝန်ပါ။


ဒီနေ့အထိ မင်းကို စိတ်ကျေနပ်မှုပေးတဲ့ လုပ်ငန်းအောင်မြင်မှုကဘာတွေလဲ။ကျဆုံးခဲ့ရတဲ့ လုပ်ဆောင်မှုတွေက ဘာတွေလဲ။


ဒါဟာ ဝန်ထမ်းတွေ ပြောချင်လွန်းနေတဲ့အဖြေတွေပါ။မပျက်မကွက်မေးမြန်းပေးရမှာဖြစ်သလို သူတို့ရဲ့ အဖြေတွေဟာ သင့်ကို ထိရောက်တဲ့စီမံခန့်ခွဲမှု စနစ်တစ်ခု ချမှတ်ပေးစေမှာပါ။ဝန်ထမ်းရဲ့ ကျွမ်းကျင်ပိုင်နိုင်တဲ့အပိုင်းတွေကို သိသာစေသလို အားနည်းတဲ့အပိုင်းတွေကိုလည်း မြင်တွေ့လာစေပါတယ်။အားနည်းတဲ့အပိုင်းတွေကို အားဖြည့်ပေးရမှာပါ။


ဘယ်အပိုင်းတွေမှာ မင်းရဲ့လုပ်ဆောင်မှု က အားအသန်ဆုံးဖြစ်မလဲ။


ဝန်ထမ်းတစ်ယောက်ကို အလုပ်တာဝန်တွေအပ်နှင်းတဲ့အခါမှာ သူအားအသန်ဆုံးတွေချည်း ပေးအပ်စေခိုင်း လို့မရပါဘူး။ သူလုံးဝမတတ်ကျွမ်းတဲ့အလုပ်တွေကိုလည်း ခိုင်းလို့မရပါဘူး။သူ့ရဲ့ စိတ်ဝင်စားမှု အားသန်မှုနဲ့ နောင်တစ်ချိန်မှာ ဖြစ်လာဖို့ သူမျှော်မှန်းထားတဲ့ အသက်မွေးမှုပညာတွေကိုပါထည့်တွက်ပြီး ပေးရမှာဖြစ်ပါတယ်။ဒါဟာ အထက်လူကြီးတစ်ယောက် အတွက် အရေးကြီးတဲ့အချက်ပါ။မိမိဝန်ထမ်းကို မိမိကိုယ်တိုင် အလုပ်ခွင်ထဲက မောင်းထုတ်သလိုဖြစ်တတ်တဲ့အချက်ဖြစ်လို့ အထူးသတိထားစေချင်တယ်။


ဝန်ထမ်းတစ်ယောက်ဟာ အလုပ်ခွင်တစ်ခုကို သူ့ရဲ့ ကျွမ်းကျင်နှံ့စပ်မှုနဲ့ ကိုက်ညီလို့ သူစိတ်ကြိုက် ရွေးချယ်ပြီး ရောက်လာတာဖြစ်တယ်။မဆီမဆိုင်အလုပ်တာဝန်တွေ ပေးအပ်စေခိုင်းတာကို အလိုမရှိပေမယ့် နှီးနွယ်ဆက်စပ်တဲ့ အလုပ်တာဝန်တွေကိုတော့ ငြင်းပယ်ခွင့်မရှိပါဘူး။ အတောင်အလက်စုံလင်တဲ့ ဝန်ထမ်းကောင်းတစ်ယောက်ဟာ တတ်အပ် တတ်သင့်တဲ့ပညာရပ်တွေကို လက်တွေ့လုပ်ဆောင်နိုင်သည်အထိတပ်ထား သင်ထား လေ့ကျင့်ထားရမယ်ဆိုတာ နားလည်ဖို့ လိုပါတယ်။တစ်ခုကောင်းတတ်ကျွမ်းခြင်းဟာ အသုံးမတည့်တော့ဘူးဆိုတာ မိမိလက်အောက်ဝန်ထမ်းတွေကို သွန်သင်ပေးဖို့ လိုပါတယ်။


မင်းအတွက် တိုးတက်ဖြစ်ထွန်းလာဖို့ အခွင့်အလမ်းကောင်းတွေ မြင်နေပြီလား။


ဝန်ထမ်းဟာ သူသိထား တတ်ထားတာတွေက သူ့အတွက်လုံလောက်မှုရှိမရှိ သူအကဲဖြတ်တတ်မှာပါ။ ဘာတွေလိုအပ်နေသေးတယ်၊ဘာတွေ လွဲမှားစွာတွေးခေါ်နေတယ်၊ကိုယ့်ကိုယ်ကို အထင်ကြီးမှုတွေဟာ မှားနေတယ်/မှန်နေ တယ်ဆိုတာကို အထက်လူကြီးဖြစ်တဲ့မိမိက တည့်မတ်ပေးရမှာဖြစ်တယ်။သူ့မှာလိုအပ်နေတဲ့ Soft Skills, Hard Skillsတွေဟာ ဘာတွေဖြစ်တယ်ဆိုတာ အသိပေးရမှာဖြစ်တယ်။အသိပေးရုံနဲ့မလုံလောက်တော့ဘူး။သင်ယူတတ်မြောက်ဖို့ အချိန်ကာလတစ်ခု သတ်မှတ်ပေးရမှာဖြစ်သလို တရားဝင်တွန်းအားပေးရမှာဖြစ်တယ်။ဥပမာ-မင်းဒါတွေဒါတွေ သိမှ တတ်မှ လုပ်တတ်မှ မင်းကိုနောက်ရာထူးအတွက် စဉ်းစားမယ်ဆိုတာမျိုး တရားဝင်ပြောကြားပေးရမှာဖြစ်တယ်။


နောက်တစ်နှစ်အတွင်းမှာ မင်းအတွက် အရေးကြီးတဲ့ ပန်းတိုင်က ဘာလဲ။


အထက်အကြီးအကဲနဲ့ အပေးအယူမျှတဖို့ဆိုတဲ့အဖြေကို မျှော်လင့်ပါ။ဒီလိုမျှတဖို့ဆိုတာကလည်း အလုပ်အပေါ်စေတနာထားဖို့လိုသလို အပြုအမူကောင်းတွေမွေးမြူကျင့်ကြံဖို့လည်းလိုတယ်။ညွှန်ကြားချက်တွေ တိတိကျကျ လိုက်နာဖို့လိုတယ်။အခက်အခဲအတားအဆီးတွေတွေ့တိုင်း အထက်အကြီးအကဲကို အချိန်မီ မပျက်မကွက် တင်ပြ ဖို့လိုသလို အထက်အကြီးအကဲရဲ့ သုံးသပ်ဝေဖန်ချက်တွေ သွန်သင်ညွှန်ကြားပေးမှုတွေကို တသွေမတိမ်းလိုက်နာ ဆောင်ရွက်ဖို့ လိုတယ်။


မင်းရာထူးတိုးဖို့ လစာတိုးဖို့ မျှော်လင့်ထားသလား။


အလွန်ထိရောက်တဲ့မေးခွန်းပါ။ရိုးသားမှုကို အခြေခံပြီး ထွက်လာတဲ့မေးခွန်းလည်းဖြစ်တယ်။တချို့က မပြည့်သေးပဲနဲ့ ရာထူးလိုချင်ကြတယ်။တချို့ကျပြန်တော့ ပြည့်နေတာတောင် ရာထူးမလိုချင်ကြဘူး။တချို့က ရာထူးထက် ခံစားခွင့်ပိုလိုချင်ကြတယ်။တချို့ကျပြန်တော့လည်း ရာထူးရော လစာရောတိုးလာတာမြင်ချင်ပေမယ့် ဒီဌာနမှာမဟုတ်ပဲ အခြားဌာတစ်ခုကို ပြောင်းရွှေ့ခွင့်ရတာကို လိုချင်ကြပြန်ရော။ဒီနေရာမှာ မန်နေဂျာလုပ်သူရော ဝန်ထမ်းမှာပါ ရိုးသားမှု အပြည့်ရှိဖို့လိုပါတယ်။ရထူး/လစာတိုးပြီးရချင်လိုချင်ပါတယ်ဆိုသူတွေဟာ သူတို့ဟာ အမှန်တကယ်ရာထူးတိုး လစာတိုးနဲ့ ထိုက်တန်နေပြီလို့ ယူဆလို့တောင်းဆိုကြတယ်လို့ ယေဘုယျနားလည်ပေးဖို့လိုပါတယ်။


ခင်ဗျားအတွက် လုပ်ငန်းလုပ်ဆောင်ရာမှာ အောင်မြင်ပြီးမြောက်ဖို့ ကျွန်တော့်ဆီကဘာတွေ လိုချင်ပါသလဲ။


အလွန်လှတဲ့မေးခွန်းဖြစ်သလို စေတနာတွေ မေတ္တာတွေ လွှမ်းခြုံးထားတဲ့မေးခွန်းဖြစ်တယ်။ အကြီးအကဲပီသတဲ့ မေးခွန်းလည်း ဖြစ်တယ်။ကျောထဲချမ်းစိမ့်စိမ့်ဖြစ်သွားအောင် ပီတိတွေဝေဖြာသွားစေတဲ့ မေးခွန်းလည်းဖြစ်ပါတယ်။


ဝန်ထမ်းတွေက မျှော်လင့်နေတဲ့မေးခွန်းဖြစ်တယ်။ရွှေကိုမလို   ငွေကိုမလို ရေကိုသာလိုသည်ဆိုတဲ့စကားလို အထက်အကြီးအကဲရဲ့ နွေးထွေးတဲ့ဆက်ဆံရေးမျိုး၊အလေးထားတဲ့ဆက်ဆံရေးမျိုး၊အလုပ်အခက်အခဲကို အတူတကွကူညီဖြေ ရှင်းပေးမှုမျိုး၊အောင်မြင်မှုကို အသိအမှတ်ပြု ချီးကျုးမှုမျိုး၊လွဲမှားနေမှုများကို တည့်မတ်ပေးစေလိုမှုမျိုး၊တရားမျှတစွာ စီမံမှုမျိုး၊မသိမတတ်သေးတာတွေကို သင်ပြပေးမှုမျိုးတွေကို ဝန်ထမ်းတွေက လိုချင်နေကြတယ်။


ခင်ဗျားအနေနဲ့ ဆွေးနွေးတိုင်ပင်စရာတွေ၊အကြံပြုတင်ပြစရာတွေရှိလာရင် ကျွန်တော့်ရုံးခန်းကို အချိန်မရွေး လာနိုင်ပါတယ်။ လွတ်လပ်ပေ့ါပါးစွာ ဆွေးနွေးတိုင်ပင်ပါ။အကြံပြုတင်ပြပါ။


ဝန်ထမ်းနဲ့မန်နေဂျာအကြား အတားအဆီးမရှိတော့ပါဘူးလို့ ယုံကြည်စိတ်ချစေတဲ့ တခါးဖွင့်ထားမှုပါ။တစ်ဦးကို တစ်ဦး အပြန်အလှန်ယုံကြည်မှုပိုမို ခိုင်မြဲလာပြီး တိုးတက်ဖြစ်ထွန်းဖို့သာ အကြောင်းရှိပါတယ်။


အကြီးအကဲတစ်ယောက်လုပ်ရတာ လွယ်တယ်မထင်ပါနဲ့။မိမိထမ်းနေရတဲ့ဝန်ထုပ်ဝန်ပိုးဟာ လုပ်ငန်းရဲ့ အောင်မြင်မှုတွေအပြင် မိမိလက်အောက်ဝန်ထမ်းတွေရဲ့တိုးတက်ဖြစ်ထွန်းရေးတွေကပါ ပူးတွဲကပ်ပါလာပြီးသားဖြစ်ပါတယ်။


အလုပ်ထွက်ဖို့ ထွက်စာကြီးရောက်လာမှ မျက်ကူးဆန်ပြာဖြစ်နေမယ့်အစား မထွက်ခင်ကတည်းက ကိုယ့်ဝန်ထမ်းရဲ့ အခက်အခဲတွေ၊လိုက်ဖက်မှုတွေ၊လိုအင်ဆန္ဒတွေ ၊အနာဂတ်မျှော်မှန်းချက်တွေကို သိအောင်လုပ်ပြီး ညှိနှိုင်းပေးနိုင်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ဒါကို Stay Interview လို့ခေါ်ကြပါတယ်။


မိမိလည်းတိုးတက်ဖြစ်ထွန်း၊လက်အောက်ငယ်သားတွေလည်း ကြီးပွားအောင်မြင်စတဲ့မင်္ဂလာအရပ်ရပ်နဲ့ ပြည့်စုံ အောင် ဖြည့်ဆည်းနိုင်တဲ့ အကြီးအကဲများဖြစ်ကြပါစေဗျာ။


ရေးသားသူ - ဆရာမင်းနိုင်


(၂၀၂၁၊ဇန်နဝါရီလထုတ်HR Journal)


(Zawgyi) 

""ေဟ့ မန္ေနဂ်ာေတြ မင္းတို့ရဲ့ဝန္ထမ္းေတြကို ဒီလိုေမးၾကည့္ဖူးရဲ့လားကြ ""




~ စာေရးသူ မင္းနိုင္(ေရႊဘို)

HR Managers အပါအဝင္ ဌာနဆိုင္ရာလူႀကီးေတြဟာ ကိုယ့္လက္ေအာက္ကဝန္ထမ္းေတြကို ဒီလိုေမးခြန္းေလး ေတြ ေမးၾကည့္ဖူးရဲ့လား။ တစ္ႏွစ္ႏွစ္ခါေလာက္ေမးၾကည့္သင့္တယ္။ဒီလို အေသအခ်ာမေမးျမန္းပဲ ကိုယ့္ဝန္ထမ္းေတြကို အိမ္ၾကက္ေတြပါကြာ ဆိုတဲ့သေဘာမ်ိဳးနဲ႔ေခ်ာင္ထိုးထားၿပီးမွ Productivity မတက္ပါဘူး၊ အားရစရာ တစ္စက္ကေလးေတာင္ မရွိပါဘူးလို့ ႏွစ္ကုန္မွ ဆိုေနရင္ေတာ့ သူတို့မွားတာမဟုတ္ပဲ သင္ပဲမွားေနတာလို့ ကၽြန္ေတာ္ ရဲရဲႀကီး ေျပာလိုက္ပါတယ္။

ကိုယ္က ဌာနအႀကီးအကဲျဖစ္သည့္အေလ်ာက္ ကိုယ့္လက္ေအာက္ဝန္ထမ္းေတြကို အခါအားေလ်ာ္စြာ သြန္သင္ဆုံးမရမွာျဖစ္တယ္။ နည္းေပးလမ္းျပရမွာျဖစ္တယ္။ လက္ထပ္သင္ၾကားေပးရမွာျဖစ္တယ္။ လက္ေအာက္ဝန္ထမ္းကလည္း မာနေတြေလၽွာ့ၿပီး ကိုယ့္အထက္လူႀကီးဆီက သင္ယူေလ့လာစရာေတြကို တပည့္ခံသင္ယူရမွာျဖစ္တယ္။ ဒီလို တပည့္ခံ သင္ယူလိုက္ျခင္းအားျဖင့္ အထက္ေအာက္ဆက္ဆံေရး ပိုမိုေကာင္းမြန္လာတဲ့အျပင္ တစ္ဦးကိုတစ္ဦး အျပန္အလွန္ နားလည္လာၾကမယ္၊ တစ္ဦးကိုတစ္ဦး ယုံၾကည္စိတ္ေတြလည္း ျမင့္မားလာၾကမွာျဖစ္တဲ့ အတြက္ employee engagement ျမင့္လာမယ္။ ဒီေနရာမွာ ခၽြင္းခ်က္တစ္ခုက မန္ေနဂ်ာဆိုသူေတြဟာ တပည့္ေတြထက္ အစစအရာရာ သိနားလည္ေနဖို့ တတ္ကၽြမ္းေနဖို့လိုပါတယ္။

ေမးၾကည့္သင့္တဲ့ေမးခြန္းေလးေတြက ေဆာရီး ေမးကိုေမးရမယ့္ ေမးခြန္းေလးေတြက ဒါေတြပါပဲ။ဒါဟာ Exit Interview ရဲ့ဆန႔္က်င္ဖက္ Stay Interview method တစ္မ်ိဳးလည္းျဖစ္ပါတယ္။ဒီေမးခြန္းေတြေၾကာင့္ မိမိလက္ေအာက္ဝန္ထမ္းရဲ့ ခံစားခ်က္အမွန္ကို သိျမင္လာနိုင္တယ္။ေမးနိုင္ရင္ေမးနိုင္သေလာက္ အေျဖမွန္ထြက္လာနိုင္တယ္။

#မင္းအခုယူထားရတဲ့တာဝန္ေတြရဲ့ဘယ္အပိုင္းေတြကို အႀကိဳက္ႏွစ္သက္ဆုံးလဲ။

ဒီလိုေမးလိုက္ေတာ့ ကိုယ့္ဝန္ထမ္းရဲ့ အကၽြမ္းက်င္ဆုံးအပိုင္းေတြ ၊အခက္အခဲေတြ႕ေနတဲ့အပိုင္းေတြ၊ ထပ္ျဖည့္ေပးရမယ့္ အပိုင္းေတြကို သိသာလာေစပါတယ္။လမ္းေၾကာင္းတည့္ေပးရမယ့္အရာေတြ ျဖည့္ဆည္းသင္ၾကားေပးရမယ့္ အရာေတြကိုလည္း သိျမင္လာမွာျဖစ္တယ္။

မင္းအခုယူထားရတဲ့တာဝန္ေတြထဲက ဘယ္အပိုင္းေတြကို အေျပာင္းအလဲလုပ္ေစခ်င္တာလဲ။

ဝန္ထမ္းရဲ့ ကၽြမ္းက်င္မွုနဲ႔ သူတာဝန္ယူေနရတာေတြဟာ ဘယ္ေတာ့မွ ထပ္တူမက်တတ္ပါဘူး။ ဝန္ထမ္းတိုင္းဟာ မိမိရဲ့လုပ္ေဆာင္မွုေတြကို အေကာင္းဆုံးျဖစ္ေစခ်င္ၾကပါတယ္။ဒီလိုေမးလိုက္ေတာ့ သူတို့ရင္ထဲ ခံစားေနရတဲ့ နာၾကင္မွုေတြကို ျမင္ေတြ႕လာရနိုင္ပါတယ္။သူတို့ရဲ့အစြမ္းအစကို ကန႔္သတ္ပိတ္ဆို့ေနတဲ့ အႀကီးဆုံးေသာ အတားအဆီးကို ျမင္ေတြ႕လာရမွာျဖစ္တယ္။ကူညီေျဖရွင္းေပးဖို့ အေၾကာင္းရင္းအမွန္ကို ေတြ႕လာမယ္။

မင္းအခုယူထားရတဲ့ တာဝန္က ကုမၸဏီရဲ့ရည္ရြယ္ခ်က္ေတြကို ဘယ္ေလာက္အထိအက်ိဳးျပဳတယ္လို့ထင္လဲ။

ကုမၸဏီတိုင္းတာ အေဝးအျမင္ အနီးအျမင္နဲ႔ရည္ရြယ္ခ်က္ေတြ ဦးတည္ခ်က္ေတြ တန္ဘိုးထားမွုေတြ ရွိၿပီးသား ျဖစ္ပါတယ္။အဲဒီအရာေတြရဲ့ေဘာင္အတြင္းမွာပဲ ဝန္ထမ္းေတြက ကိုယ္ပိုင္အျမင္ထားၿပီး ေဆာင္ရြက္ရတာပါ။ ေဘာင္ေက်ာ္လို့ မရပါဘူး။မိမိတာဝန္ထမ္းေဆာင္ေနတာဟာ ကုမၸဏီကို ဘယ္ေလာက္အထိအက်ိဳးျပဳေနတယ္ဆိုတာ ဝန္ထမ္းေတာ္ေတာ္ မ်ားမ်ားက သတိမထားတတ္ၾကပါဘူး။ကိုယ္ဟာ လုပ္ငန္းကလိုအပ္တဲ့ ဝန္ထမ္းတစ္ေယာက္ဟုတ္မဟုတ္ ဆိုတာေတာင္ မေဝခြဲတတ္ၾကပါဘူး။ကိုယ့္ဆီက ဘာေတြလိုအပ္ေနတယ္ဆိုတာကိုလည္း မသိၾကပါဘူး။ဒါဘာေၾကာင့္လဲဆိုေတာ့ သူ႔ရဲ့ပါဝင္ ပတ္သက္မွုကို ေသေသခ်ာခ်ာမသိလို့ပါပဲ။ဒါေၾကာင့္ ဒီေမးခြန္းကို ေမးသင့္တယ္။ဒီလိုေမးလိုက္ေတာ့ ဝန္ထမ္းဟာ ကုမၸဏီရဲ့ ဘယ္အစိတ္အပိုင္းမွာ ဘယ္အထိအက်ိဳးျပဳေနတယ္ဆိုတာ သတိထားမိသြားၿပီး လုပ္ငန္းအေပၚတန္ဘိုးထားတတ္ လာသလို သူ႔ကိုယ္သူလည္း တန္ဘိုးထားတတ္လာပါတယ္။

ဒီဌာနမွာလုပ္ေနရလို့ မင္းအတြက္ ဘာေတြ အက်ိဳးေက်းဇူးျဖစ္ထြန္းသလဲ။ဘာအေတြ႕အၾကဳံေတြရသလဲ။

ဒီေနရာမွာ ရခ်င္တဲ့အေျဖက အသင္းအဖြဲ႕နဲ႔လုပ္ရျခင္းေၾကာင့္ရရွိလာတဲ့အက်ိဳးေက်းဇူးေတြ အေတြ႕အၾကဳံ ေတြကိုပါ။ အသင္းအဖြဲ႕နဲ႔လုပ္ေဆာင္ရတာဟာ အက်ိဳးမ်ားေစတယ္ဆိုတာ ဝန္ထမ္းတိုင္းသိၾကပါတယ္။ တစ္ကိုယ္ေတာ္ လွုပ္ရွားျခင္းဟာ ေအာင္ျမင္မွုႀကီးႀကီးမားမားကိုေပးတတ္ေပမယ့္ ကုမၸဏီဆိုတာ အသင္းအဖြဲ႕ေတြစုေပါင္းထားတဲ့ အက်ိဳးအျမတ္ ကို ဦးတည္တဲ့ စီးပြားေရးလုပ္ငန္းႀကီးျဖစ္တယ္။တစ္ကိုယ္ေတာ္သမားေတြဟာ အခ်ိန္ကာလတစ္ခုနဲ႔ အေျခအေနတစ္ခုမွာ လိုအပ္တာမွန္ေပမယ့္ အသင္းအဖြဲ႕နဲ႔လုပ္ေဆာင္တတ္ျခင္းအေလ့အထကိုသာ အဓိကျပဳစုပ်ိဳးေထာင္ေပး ရမွာျဖစ္တယ္။ အသင္းအဖြဲ႕ေကာင္းတစ္ခုက ေအာင္ျမင္မွုႀကီးႀကီးမားမားကို ေပးေဆာင္တတ္သလို ေရရွည္ေအာင္ျမင္မွုမွာလည္း မျဖစ္မေန လိုအပ္တယ္။ အသင္းသားေတြရဲ့တစ္ဦးခ်င္းဆီကထြက္လာတဲ့စြမ္းအားေတြကို စုေပါင္းညႇိႏွိုင္းလိုက္နိုင္တာဟာ ေအာင္ျမင္မွုရဲ့ လမ္းစပဲ။ အသင္းအဖြဲ႕တစ္ခုရဲ့အရွိန္အဟုန္ဟာ ႀကီးမားတဲ့လြန္းလို့ အတားအဆီးဟူသမၽွကို ေက်ာ္လႊားနိုင္ၾကတာမ်ားပါတယ္။ စိတ္ကူးစိတ္သန္းအသစ္ေတြ၊ျပႆနာေျဖရွင္းနည္းေတြဟာ အသင္းအဖြဲ႕ေတြမွာပဲ ထြက္ေပၚလာနိုင္တာပါ။

ဒီတာဝန္ေတြကို ေအာင္ျမင္ေအာင္ထမ္းေဆာင္ဖို့ မင္းကို အေကာင္းဆုံးလွုံ႔ေဆာ္ေပးတဲ့အရာေတြက ဘာေတြလဲ။

ဒါအေရးႀကီးတဲ့ေမးခြန္းပါ။ဝန္ထမ္းတစ္ေယာက္နဲ႔တစ္ေယာက္ အေျဖမတူနိုင္ပါဘူး။ဒီအေျဖေတြကပဲ သင့္ဌာနရဲ့ ဦးတည္ခ်က္ေတြေအာင္ျမင္ေအာင္ တြန္းပို့ေပးတဲ့အရာေတြျဖစ္တဲ့အတြက္ သင့္အတြက္ အက်ိဳးမ်ားပါတယ္။တခ်ိဳ့က အႀကီးအကဲရဲ့ ဂ႐ုတစိုက္ေမးျမန္းသုံးသပ္ေပးတာကို အလိုရွိၾကတယ္။တခ်ိဳ့က ခ်ီးက်ဴးအသိအမွတ္ျပဳတာကို အလိုရွိၾကတယ္။ တခ်ိဳ့က တိက်ေသခ်ာတဲ့ ညႊန္ၾကားခ်က္ေတြကို အလိုရွိၾကတယ္။တခ်ိဳ့က တရားမၽွတမွုကိုအလိုရွိၾကတယ္။ဒါေတြကို သတိထားမိၿပီး တစ္ဦးခ်င္းအႀကိဳက္ကိုလိုက္ကာ ဝန္ထမ္းေတြကို ျဖည့္ဆည္းေပးရမွာ အထက္လူႀကီးရဲ့ တာဝန္ပါ။

ဒီေန႔အထိ မင္းကို စိတ္ေက်နပ္မွုေပးတဲ့ လုပ္ငန္းေအာင္ျမင္မွုကဘာေတြလဲ။က်ဆုံးခဲ့ရတဲ့ လုပ္ေဆာင္မွုေတြက ဘာေတြလဲ။

ဒါဟာ ဝန္ထမ္းေတြ ေျပာခ်င္လြန္းေနတဲ့အေျဖေတြပါ။မပ်က္မကြက္ေမးျမန္းေပးရမွာျဖစ္သလို သူတို့ရဲ့ အေျဖေတြဟာ သင့္ကို ထိေရာက္တဲ့စီမံခန႔္ခြဲမွု စနစ္တစ္ခု ခ်မွတ္ေပးေစမွာပါ။ဝန္ထမ္းရဲ့ ကၽြမ္းက်င္ပိုင္နိုင္တဲ့အပိုင္းေတြကို သိသာေစသလို အားနည္းတဲ့အပိုင္းေတြကိုလည္း ျမင္ေတြ႕လာေစပါတယ္။အားနည္းတဲ့အပိုင္းေတြကို အားျဖည့္ေပးရမွာပါ။

ဘယ္အပိုင္းေတြမွာ မင္းရဲ့လုပ္ေဆာင္မွု က အားအသန္ဆုံးျဖစ္မလဲ။

ဝန္ထမ္းတစ္ေယာက္ကို အလုပ္တာဝန္ေတြအပ္ႏွင္းတဲ့အခါမွာ သူအားအသန္ဆုံးေတြခ်ည္း ေပးအပ္ေစခိုင္း လို့မရပါဘူး။ သူလုံးဝမတတ္ကၽြမ္းတဲ့အလုပ္ေတြကိုလည္း ခိုင္းလို့မရပါဘူး။သူ႔ရဲ့ စိတ္ဝင္စားမွု အားသန္မွုနဲ႔ ေနာင္တစ္ခ်ိန္မွာ ျဖစ္လာဖို့ သူေမၽွာ္မွန္းထားတဲ့ အသက္ေမြးမွုပညာေတြကိုပါထည့္တြက္ၿပီး ေပးရမွာျဖစ္ပါတယ္။ဒါဟာ အထက္လူႀကီးတစ္ေယာက္ အတြက္ အေရးႀကီးတဲ့အခ်က္ပါ။မိမိဝန္ထမ္းကို မိမိကိုယ္တိုင္ အလုပ္ခြင္ထဲက ေမာင္းထုတ္သလိုျဖစ္တတ္တဲ့အခ်က္ျဖစ္လို့ အထူးသတိထားေစခ်င္တယ္။

ဝန္ထမ္းတစ္ေယာက္ဟာ အလုပ္ခြင္တစ္ခုကို သူ႔ရဲ့ ကၽြမ္းက်င္ႏွံ့စပ္မွုနဲ႔ ကိုက္ညီလို့ သူစိတ္ႀကိဳက္ ေရြးခ်ယ္ၿပီး ေရာက္လာတာျဖစ္တယ္။မဆီမဆိုင္အလုပ္တာဝန္ေတြ ေပးအပ္ေစခိုင္းတာကို အလိုမရွိေပမယ့္ ႏွီးႏြယ္ဆက္စပ္တဲ့ အလုပ္တာဝန္ေတြကိုေတာ့ ျငင္းပယ္ခြင့္မရွိပါဘူး။ အေတာင္အလက္စုံလင္တဲ့ ဝန္ထမ္းေကာင္းတစ္ေယာက္ဟာ တတ္အပ္ တတ္သင့္တဲ့ပညာရပ္ေတြကို လက္ေတြ႕လုပ္ေဆာင္နိုင္သည္အထိတပ္ထား သင္ထား ေလ့က်င့္ထားရမယ္ဆိုတာ နားလည္ဖို့ လိုပါတယ္။တစ္ခုေကာင္းတတ္ကၽြမ္းျခင္းဟာ အသုံးမတည့္ေတာ့ဘူးဆိုတာ မိမိလက္ေအာက္ဝန္ထမ္းေတြကို သြန္သင္ေပးဖို့ လိုပါတယ္။

မင္းအတြက္ တိုးတက္ျဖစ္ထြန္းလာဖို့ အခြင့္အလမ္းေကာင္းေတြ ျမင္ေနၿပီလား။

ဝန္ထမ္းဟာ သူသိထား တတ္ထားတာေတြက သူ႔အတြက္လုံေလာက္မွုရွိမရွိ သူအကဲျဖတ္တတ္မွာပါ။ ဘာေတြလိုအပ္ေနေသးတယ္၊ဘာေတြ လြဲမွားစြာေတြးေခၚေနတယ္၊ကိုယ့္ကိုယ္ကို အထင္ႀကီးမွုေတြဟာ မွားေနတယ္/မွန္ေန တယ္ဆိုတာကို အထက္လူႀကီးျဖစ္တဲ့မိမိက တည့္မတ္ေပးရမွာျဖစ္တယ္။သူ႔မွာလိုအပ္ေနတဲ့ Soft Skills, Hard Skillsေတြဟာ ဘာေတြျဖစ္တယ္ဆိုတာ အသိေပးရမွာျဖစ္တယ္။အသိေပး႐ုံနဲ႔မလုံေလာက္ေတာ့ဘူး။သင္ယူတတ္ေျမာက္ဖို့ အခ်ိန္ကာလတစ္ခု သတ္မွတ္ေပးရမွာျဖစ္သလို တရားဝင္တြန္းအားေပးရမွာျဖစ္တယ္။ဥပမာ-မင္းဒါေတြဒါေတြ သိမွ တတ္မွ လုပ္တတ္မွ မင္းကိုေနာက္ရာထူးအတြက္ စဥ္းစားမယ္ဆိုတာမ်ိဳး တရားဝင္ေျပာၾကားေပးရမွာျဖစ္တယ္။

ေနာက္တစ္ႏွစ္အတြင္းမွာ မင္းအတြက္ အေရးႀကီးတဲ့ ပန္းတိုင္က ဘာလဲ။

အထက္အႀကီးအကဲနဲ႔ အေပးအယူမၽွတဖို့ဆိုတဲ့အေျဖကို ေမၽွာ္လင့္ပါ။ဒီလိုမၽွတဖို့ဆိုတာကလည္း အလုပ္အေပၚေစတနာထားဖို့လိုသလို အျပဳအမူေကာင္းေတြေမြးျမဴက်င့္ႀကံဖို့လည္းလိုတယ္။ညႊန္ၾကားခ်က္ေတြ တိတိက်က် လိုက္နာဖို့လိုတယ္။အခက္အခဲအတားအဆီးေတြေတြ႕တိုင္း အထက္အႀကီးအကဲကို အခ်ိန္မီ မပ်က္မကြက္ တင္ျပ ဖို့လိုသလို အထက္အႀကီးအကဲရဲ့ သုံးသပ္ေဝဖန္ခ်က္ေတြ သြန္သင္ညႊန္ၾကားေပးမွုေတြကို တေသြမတိမ္းလိုက္နာ ေဆာင္ရြက္ဖို့ လိုတယ္။

မင္းရာထူးတိုးဖို့ လစာတိုးဖို့ ေမၽွာ္လင့္ထားသလား။

အလြန္ထိေရာက္တဲ့ေမးခြန္းပါ။ရိုးသားမွုကို အေျခခံၿပီး ထြက္လာတဲ့ေမးခြန္းလည္းျဖစ္တယ္။တခ်ိဳ့က မျပည့္ေသးပဲနဲ႔ ရာထူးလိုခ်င္ၾကတယ္။တခ်ိဳ့က်ျပန္ေတာ့ ျပည့္ေနတာေတာင္ ရာထူးမလိုခ်င္ၾကဘူး။တခ်ိဳ့က ရာထူးထက္ ခံစားခြင့္ပိုလိုခ်င္ၾကတယ္။တခ်ိဳ့က်ျပန္ေတာ့လည္း ရာထူးေရာ လစာေရာတိုးလာတာျမင္ခ်င္ေပမယ့္ ဒီဌာနမွာမဟုတ္ပဲ အျခားဌာတစ္ခုကို ေျပာင္းေရႊ႕ခြင့္ရတာကို လိုခ်င္ၾကျပန္ေရာ။ဒီေနရာမွာ မန္ေနဂ်ာလုပ္သူေရာ ဝန္ထမ္းမွာပါ ရိုးသားမွု အျပည့္ရွိဖို့လိုပါတယ္။ရထူး/လစာတိုးၿပီးရခ်င္လိုခ်င္ပါတယ္ဆိုသူေတြဟာ သူတို့ဟာ အမွန္တကယ္ရာထူးတိုး လစာတိုးနဲ႔ ထိုက္တန္ေနၿပီလို့ ယူဆလို့ေတာင္းဆိုၾကတယ္လို့ ေယဘုယ်နားလည္ေပးဖို့လိုပါတယ္။

ခင္ဗ်ားအတြက္ လုပ္ငန္းလုပ္ေဆာင္ရာမွာ ေအာင္ျမင္ၿပီးေျမာက္ဖို့ ကၽြန္ေတာ့္ဆီကဘာေတြ လိုခ်င္ပါသလဲ။

အလြန္လွတဲ့ေမးခြန္းျဖစ္သလို ေစတနာေတြ ေမတၱာေတြ လႊမ္းျခဳံးထားတဲ့ေမးခြန္းျဖစ္တယ္။ အႀကီးအကဲပီသတဲ့ ေမးခြန္းလည္း ျဖစ္တယ္။ေက်ာထဲခ်မ္းစိမ့္စိမ့္ျဖစ္သြားေအာင္ ပီတိေတြေဝျဖာသြားေစတဲ့ ေမးခြန္းလည္းျဖစ္ပါတယ္။

ဝန္ထမ္းေတြက ေမၽွာ္လင့္ေနတဲ့ေမးခြန္းျဖစ္တယ္။ေရႊကိုမလို   ေငြကိုမလို ေရကိုသာလိုသည္ဆိုတဲ့စကားလို အထက္အႀကီးအကဲရဲ့ ေႏြးေထြးတဲ့ဆက္ဆံေရးမ်ိဳး၊အေလးထားတဲ့ဆက္ဆံေရးမ်ိဳး၊အလုပ္အခက္အခဲကို အတူတကြကူညီေျဖ ရွင္းေပးမွုမ်ိဳး၊ေအာင္ျမင္မွုကို အသိအမွတ္ျပဳ ခ်ီးက်ဳးမွုမ်ိဳး၊လြဲမွားေနမွုမ်ားကို တည့္မတ္ေပးေစလိုမွုမ်ိဳး၊တရားမၽွတစြာ စီမံမွုမ်ိဳး၊မသိမတတ္ေသးတာေတြကို သင္ျပေပးမွုမ်ိဳးေတြကို ဝန္ထမ္းေတြက လိုခ်င္ေနၾကတယ္။

ခင္ဗ်ားအေနနဲ႔ ေဆြးေႏြးတိုင္ပင္စရာေတြ၊အႀကံျပဳတင္ျပစရာေတြရွိလာရင္ ကၽြန္ေတာ့္႐ုံးခန္းကို အခ်ိန္မေရြး လာနိုင္ပါတယ္။ လြတ္လပ္ေပ့ါပါးစြာ ေဆြးေႏြးတိုင္ပင္ပါ။အႀကံျပဳတင္ျပပါ။

ဝန္ထမ္းနဲ႔မန္ေနဂ်ာအၾကား အတားအဆီးမရွိေတာ့ပါဘူးလို့ ယုံၾကည္စိတ္ခ်ေစတဲ့ တခါးဖြင့္ထားမွုပါ။တစ္ဦးကို တစ္ဦး အျပန္အလွန္ယုံၾကည္မွုပိုမို ခိုင္ျမဲလာၿပီး တိုးတက္ျဖစ္ထြန္းဖို့သာ အေၾကာင္းရွိပါတယ္။

အႀကီးအကဲတစ္ေယာက္လုပ္ရတာ လြယ္တယ္မထင္ပါနဲ႔။မိမိထမ္းေနရတဲ့ဝန္ထုပ္ဝန္ပိုးဟာ လုပ္ငန္းရဲ့ ေအာင္ျမင္မွုေတြအျပင္ မိမိလက္ေအာက္ဝန္ထမ္းေတြရဲ့တိုးတက္ျဖစ္ထြန္းေရးေတြကပါ ပူးတြဲကပ္ပါလာၿပီးသားျဖစ္ပါတယ္။

အလုပ္ထြက္ဖို့ ထြက္စာႀကီးေရာက္လာမွ မ်က္ကူးဆန္ျပာျဖစ္ေနမယ့္အစား မထြက္ခင္ကတည္းက ကိုယ့္ဝန္ထမ္းရဲ့ အခက္အခဲေတြ၊လိုက္ဖက္မွုေတြ၊လိုအင္ဆႏၵေတြ ၊အနာဂတ္ေမၽွာ္မွန္းခ်က္ေတြကို သိေအာင္လုပ္ၿပီး ညႇိႏွိုင္းေပးနိုင္ရင္ ပိုေကာင္းမယ္လို့ ထင္ပါတယ္။ဒါကို Stay Interview လို့ေခၚၾကပါတယ္။

မိမိလည္းတိုးတက္ျဖစ္ထြန္း၊လက္ေအာက္ငယ္သားေတြလည္း ႀကီးပြားေအာင္ျမင္စတဲ့မဂၤလာအရပ္ရပ္နဲ႔ ျပည့္စုံ ေအာင္ ျဖည့္ဆည္းနိုင္တဲ့ အႀကီးအကဲမ်ားျဖစ္ၾကပါေစဗ်ာ။

ေရးသားသူ - ဆရာမင္းႏိုင္

(၂၀၂၁၊ဇန္နဝါရီလထုတ္HR Journal)

No comments: