Wednesday, February 17, 2021

ဝါထွက်တဲ့နယ်ကမြန်မာလက်ရက်ထည်

မလှိုင်မြို့နယ် ဝါထွက်တဲ့နယ်ကမြန်မာလက်ရက်ထည်လေးတွေအကြောင်း




ဆောင်းရာသီဆိုရင် ဝင်တွေကိုလှည်းပေါ်အပြိုင်အဆိုင်တင်ကြပြီး ဝါစက်တွေမှာသွားရောင်းကြတဲ့ ကာလဖြစ်ပါတယ်။ ညကာလများမှာ ဂိုထောင်နဲ့ သိုလှောင်ထားတဲ့ ဝါတွေကို လှည်းတွေပေါ်ကိုယ်စီတင်ကြ ပြင်ဆင်ကြသတဲ့။ မနက်ခင်းမှာတော့ ဝါစက်တွေစီသွားရောင်းကြ တာပါ။


ဂိုထောင်ထဲက ဝါတွေကို ငါးရက်တစ်ခါဈေးနေ့တိုင်း ထုတ်ရောင်းကြတဲ့ဓလေ့ရှိခဲ့ကြတယ်။ ဝါတွေကို လှည်းဆယ်စီး၊ ဆယ့်ငါးစီးတင်တာ ဆိုတော့ လူတွေအများကြီးနဲ့တင်ရတယ်။ သူတို့နောက်က ကလေးတွေလဲ အများကြီးပါလာတော့ တရုန်းရုန်းပဲပေါ့။ ဂိုဒေါင်ထဲကဝါတွေ ကျုံးတဲ့သူကကျုံး၊ ထမ်းတဲ့လူကထမ်း၊ လှည်းတွေကို ရိုင်ပတ်ပြီး သုံးလေးယောက်က လှည်းပေါ်တက်နင်းသိပ်ရတယ်။


လှည်းတွေအကုန်လုံး ဝါတင်ပြီးတာနဲ့ ပိုင်ရှင်ကတော်က မြေတလင်းမှာ ဝါးဖျာတွေခင်း၊ ရေနွေးကြမ်းဝိုင်းတွေပြင်ကာ စားတော်ပဲပြုတ်နဲ့ ကောက်ညှင်းပေါင်း ဒါမှမဟုတ် မုန့်ပေါင်းတစ်ခုခုကျွေးတယ်။ မုန့်ပေါင်းပူပူလေးကိုတော့ ပဲမြစ်စားသလို ဆီနဲ့တို့စားကြတာမို့ အကြိုက် တို့စားရအောင် ဟင်းပန်းကန်လုံးနဲ့ ဆီထည့်ပေးထားတတ်တယ်။


နောက်နေ့မနက် ၄နာရီလောက် အရှေ့ရှမ်းရိုးမပေါ် ကြယ်နီကြီးခေါင်းပြူထွက်စအချိန်မှာ လှည်းဝင်ရိုးသံတွေနဲ့ ဝါလှည်းတွေ ရွာထဲက တစ်စီးပြီးတစ်စီးထွက်သွားကြတာပေါ့။ ပိုင်ရှင်တွေကတော့ မနက်မိုးလင်းတာနဲ့ ဝါလှည်းတွေအမီ ဘတ်စ်ကားနဲ့လိုက်ကြရတယ်။ လမ်းမှာ ဝါတွေတင်ထားတဲ့လှည်းတွေ မလှိုင်မြို့ဘက်သွားနေကြတာတွေ့ရတာပေါ့။ ဝါစက်ရောက်တော့လည်း တောဘုရားပွဲခင်းထဲ လှည်းတွေ ထိုးထားသလို ဝါလှည်းတွေ အစီအရီပါပဲ။


မလှိုင်မှာ ဝါဂွမ်းစက်နှစ်စက်ရှိခဲ့တယ်။ ဦးစုခေါ်တဲ့ တရုတ်သူဌေးနဲ့ ပြည်တော်သာဝါဂွမ်းစက်တွေပါပဲ။ ဈေးနေ့တိုင်း ဝါလှည်းတွေများ တယ်။ ဝါချိန်ပြီးသွားတဲ့လှည်းတွေက ရွှေမုဋ္ဌောဘုရားတံတိုင်းဘေးမှာ လှည်းချွတ်ထားကြပြီး ဈေးထဲသွား ဈေးဝယ်သူဝယ်ကြတယ်။ ဘုရားအနီးကန်ပေါင်ပေါ်က အကြော်နဲ့ မုန့်ပျားသလက်ဆိုင်တွေမှာ ထိုင်တဲ့သူကထိုင်တယ်။ ပခုံးထမ်းရောင်းတဲ့ မုန့်ဟင်းခါးစားတဲ့လူက စားကြတယ်။ အခုခေတ်လို ဆန်းဆန်းပြားပြား စားသောက်ဆိုင်တွေ၊ အရက်၊ဘီယာ၊လက်ဖက်ရည်ဆိုင်တွေမရှိဘူး။ ငွေသုံးနိုင်တဲ့ ဝါကုန်သည်၊ ပွဲစားတွေတောင် အမြင့်ဆုံးစားမှ ရုံချိန်နဲ့ စက်ခွက်ခေါ်တဲ့ တရုတ်ခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲကြော်တစ်လုံး(တစ်ပွဲ)စီေလောက်စားကြတာ။


မလှိုင်မြို့နယ်က ဝါတွေအများကြီးထွက်တော့ ဝါစက်တွေကိုလဲ ဒီလိုရောင်းကြသလို လက်လှည့်ကြိတ်ခုံတွေနဲ့ ဂွမ်း၊ ဗိုင်း၊ ချည်ခင်အဖြစ် ထုတ်လုပ်ပြီး ရောင်းကြသူတွေလဲရှိတယ်။ ကုန်ချောစောင်၊ ဖျင်ရက်လုပ်ရောင်းကြတာကတော့ အများဆုံးပေါ့။ ရှေးအခါက အညာမှာ ရက်ကန်းလုပ်ငန်းတွင်ကျယ်ခဲ့တယ်။ အညာအမျိုးသမီးအများစု ရက်ကန်းတတ်ကြတယ်။ ရက်ကန်းမတတ်တဲ့မိန်းမ အကျိုး၊ စာမတတ်တဲ့ ယောက်ျား အကန်းလို့ ဆိုရိုးစကားဖြစ်ခဲ့တဲ့အထိ မိန်းမတွေ ရက်ကန်းခတ်တတ်ဖို့လိုတယ်။


ဝါကြိတ်၊ ဗိုင်းငင့်၊ ချည်ထု၊ ချည်စာနင်း၊ တညင်းလုံးယောက်၊ ရက်ဖောက်ယောက်၊ ရက်ကန်းချည်၊ ရက်ကန်းရက်စတဲ့ ရက်ကန်းနဲ့ ပတ်သက်တဲ့အလုပ်တွေ မနားမနေလုပ်ကြရတယ်။ လသာတုန်းဗိုင်းငင်ဆိုတဲ့စကားက လက်တွေ့ဖြစ်နေတယ်။ အလုပ်တွေ နေ့မနိုင်လို့ လသာတဲ့ညတွေမှာ တကယ်လုပ်ကြရပါတယ်။


အထည်တွေကို တွင်တွင်ရက်လုပ်ပြီး ငါးရက်တစ်ဈေးခင်းတဲ့ မိတ္ထီလာဈေးနေ့ရောက်တိုင်း လိုက်ရောင်းကြတယ်။ ဒီဈေးမှာ အောက်ပိုင်း မြို့တွေက လာဝယ်သူတွေနဲ့ မြို့ခံဝယ်လက်တွေရှိတယ်။ ငွေကြေးတတ်နိုင်သူတွေက နွေရာသီထွက်တဲ့အထည်တွေ ဝယ်ယူစုဆောင်းပြီး နယုန်လမှာ တစ်ဆယ့်ငါးရက်ကျင်းပတဲ့ မလှိုင်မြို့အနီးက ပန်းအိုင်ရွှေမုဋ္ဌောဘုရားပွဲတော်မှာ ရောင်းကြတယ်။ အဲဒီဘုရားပွဲတော်မှာလဲ ဒီနယ်က အထည်ဈေးကွက်တစ်ခုလိုဖြစ်နေတယ်။


တစ်ထည်ချင်း နှစ်ထည်ချင်း၊ ဆယ်ထည်၊ ဆယ့်ငါးထည် အစီးလိုက်ရွက်လာသူ၊ အလုပ်သမားတွေနဲ့ အထည်လိပ်ကြီးတွေလှိမ့်လာ၊ ပိုးလာသူ၊ ကားတွေပေါ် အထည်အလိပ်တင်နေကြူတွေကိုတွေ့ရနိုင်ပါတယ်။ သည်ပွဲတော်မှာ နာမည်ကြီးလူကြိုက်များ အရောင်းရဆုံး က ထန်းပင်ကန်စောင်ဆိုတာပါပဲ။ အဲဒီရွာက စောင်တွေကို ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးမြို့နယ်တွေထိ လူသိများတယ်တဲ့။


လှည်းခေတ်၊ လှေခေတ်ကတည်းက အောက်ပိုင်းကလူတွေ အညာထည်တွေ အားထားဝယ်ယူသုံးစွဲကြတယ်။ ဂျပန်ခေတ်က လမ်းပန်း ဆက်သွယ်ရေးခက်ခဲပြီး မြန်မာနိုင်ငံမှာ အဝတ်အထည်ရှားပါးတဲ့ပြဿနာဖြစ်ခဲ့ဖူးတယ်တဲ့။ အောက်ပိုင်းမြို့နယ်တချို့ကရွာတွေမှာ ပြောပြ လို့မယုံနိုင်လောက်တဲ့ သပေါ့ခေါ် မြက်ဖျာပတ်နေရတဲ့နေရာတွေထိ ရှိခဲ့တယ်လို့ ကြားဖူးတယ်။ အဲဒီခေတ် တောနယ်က လယ်သမား၊ ယာသမားအမျိုးသားတွေက ချွေတာရေးအနေနဲ့ အင်္ကျီမဝတ်ဘဲ အလုပ်လုပ်ကြတာများတယ်တဲ့။ ခန္ဓာကိုယ်အပေါ်ပိုင်း အဝတ်မပါဘဲ အမြဲနေတော့ နေဒဏ်၊ လေဒဏ်၊မိုးဒဏ်ခံရပြီး အသားအရေခြောက်ခန်းမွဲပြာနေကြတာ။ ကျောမွဲလူတန်းစားလို့ နှိမ့်ချခေါ်ခံရတဲ့ထိပါပဲ။


နိုင်ငံခြားဖြစ်အဝတ်အထည်လဲ မရှိသလောက်ပါပဲတဲ့။ အညာဖြစ်အညာထည်တွေသာဝတ်ကြရတာများသလို ပြည်တွင်းဖြစ်တွေဟာ ချည်ထည်တွေသာဖြစ်ကြသတဲ့။ အထည်ရက်လုပ်ကြတဲ့အခါ ပုဆိုး၊ ထဘီကို အကွက်အစင်း အဆင်တွေနဲ့ရက်လုပ်ကြတယ်။ အင်္ကျီစ အတွက်ကိုတော့ အဖြူရက်လုပ်တယ်။ အရောင်ဆိုးချင်ရင် မဲပြာဆိုးကြတာပဲ။


အရောင်မဆိုးရတဲ့ ဝါနီ ခေါ် ပင်နီဝါတွေလဲရှိတယ်။ မလှိုင်မြို့နယ်အတွင်းမှာတော့ ပင်နီဝါကို တွင်တွင်ကျယ်ကျယ်စိုက်တာမတွေ့ရဘူး။ ဝတ်ဆင်ဖို့ အနည်းအကျဉ်းစိုက်ကြတယ်။ ကိုယ်တိုင်စိုက်ပျိုးတဲ့ ပြည်တွင်းဖြစ်ပင်နီက အရောင်သိပ်ကောင်းတယ်။ ကိုကိုးအရောင်ဘက် နည်းနည်းလဲ့တဲ့အနီဖြစ်တယ်။ ရောင်းတမ်း ပင်နီထည်အများဆုံးထွက်ရာဒေသက ဝမ်းတွင်း၊ ဟံဇားနယ်ပါ။ ပြည်ပကတင်သွင်းတဲ့ ချည်ကို ပင်နီရောင်ဆေးဆိုးပြီး ရောင်းကြတာများတယ်။ ဆေးဆိုးအထည်တွေက စပ်ဖြဲဖြဲ ဒါမှမဟုတ် ညိုမောင်းမောင်းဖြစ်နေတတ် ပါတယ်။ ဝါကထွက်တဲ့ ပင်ကို သဘာဝအရောင်ကို မမီဘူး။ မတည်ငြိမ်မခံ့ညားဘူး။ သည်ထက်ပိုဆိုးတဲ့အရောင်ကတော့ တရုတ်ပိတ် ပါးပါးကို ဆေးဆိုးထားတဲ့ ပင်နီတွေပါပဲ။ ရောင်းတဲ့သူတွေက ပင်နီလုပ်ပြီးရောင်းတယ် ဝယ်တဲ့သူကလည်း ပင်နီဆိုပြီးဝတ်နေကြတယ် ပင်နီအစစ်ဝတ်ဖူးတဲ့လူတွေလောက်သာ ကွာခြားချက်ကိုမြင်တာနဲ့ သိနိုင်ပါတယ်။


ပြည်တွင်းဖြစ်ပင်နီက မိုးကာသားလို ကျစ်လျစ်ထူထဲခိုင်ခံ့တယ်။ အရောင်က သဘာဝအရောင်ဖြစ်တဲ့အတွက် ဗီရို၊သေတ္တာထဲထားလဲ သည်အရောင်၊ ဆပ်ပြာတွေနဲ့ အထပ်ထပ်အခါခါ ကြိုက်သလိုလျှော်ဖွတ်လည် သည်အရောင်ပါပဲ။ စုတ်သွားလို့ အမှိုက်ပုံထဲရောက် သွားတဲ့အထိ သည်အရောင်ပါပဲ။ အဲဒါ မြန်မာ့ဝါချည် ပင်နီစစ်စစ်သတ္တိပါပဲ။ ဒါကြောင့်လဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့လို မျိုးချစ်ပုဂ္ဂိုလ်တွေ အမြတ်တနိုးဝတ်ဆင်ခဲ့ကြပါတယ်။


၃၁ရက် ဇန်နဝါရီလ ၂၀၂၁ခုနှစ်ထုတ် ရတနာပုံသတင်းစာ စာမျက်နှာ ၂၆ပါ ‘ဝါထွက်တဲ့နယ်က မြန်မာလက်ရက်ထည် - ယဉ်အောင်ဟိန်း’ ဆောင်းပါးမှ ကောက်နှုတ်ကူးယူဝေငှသည်။


(Zawgyi) 

မလႈိင္ျမိဳ႕နယ္ ၀ါထြက္တဲ႔နယ္ကျမန္မာလက္ရက္ထည္ေလးေတြအေၾကာင္း




ေဆာင္းရာသီဆိုရင္ ၀င္ေတြကိုလွည္းေပၚအျပိဳင္အဆိုင္တင္ၾကျပီး ၀ါစက္ေတြမွာသြားေရာင္းၾကတဲ့ ကာလျဖစ္ပါတယ္။ ညကာလမ်ားမွာ ဂိုေထာင္နဲ႔ သိုေလွာင္ထားတဲ့ ၀ါေတြကို လွည္းေတြေပၚကိုယ္စီတင္ၾက ျပင္ဆင္ၾကသတဲ့။ မနက္ခင္းမွာေတာ့ ၀ါစက္ေတြစီသြားေရာင္းၾက တာပါ။

ဂိုေထာင္ထဲက ၀ါေတြကို ငါးရက္တစ္ခါေစ်းေန႔တိုင္း ထုတ္ေရာင္းၾကတဲ့ဓေလ့ရွိခဲ့ၾကတယ္။ ၀ါေတြကို လွည္းဆယ္စီး၊ ဆယ့္ငါးစီးတင္တာ ဆိုေတာ့ လူေတြအမ်ားၾကီးနဲ႔တင္ရတယ္။ သူတို႔ေနာက္က ကေလးေတြလဲ အမ်ားၾကီးပါလာေတာ့ တရုန္းရုန္းပဲေပါ့။ ဂိုေဒါင္ထဲက၀ါေတြ က်ံဳးတဲ့သူကက်ဳံး၊ ထမ္းတဲ့လူကထမ္း၊ လွည္းေတြကို ရိုင္ပတ္ျပီး သံုးေလးေယာက္က လွည္းေပၚတက္နင္းသိပ္ရတယ္။

လွည္းေတြအကုန္လံုး ၀ါတင္ျပီးတာနဲ႔ ပိုင္ရွင္ကေတာ္က ေျမတလင္းမွာ ၀ါးဖ်ာေတြခင္း၊ ေရေႏြးၾကမ္း၀ိုင္းေတြျပင္ကာ စားေတာ္ပဲျပဳတ္နဲ႔ ေကာက္ညွင္းေပါင္း ဒါမွမဟုတ္ မုန္႔ေပါင္းတစ္ခုခုေကၽြးတယ္။ မုန္႔ေပါင္းပူပူေလးကိုေတာ့ ပဲျမစ္စားသလို ဆီနဲ႔တို႔စားၾကတာမို႔ အၾကိဳက္ တို႔စားရေအာင္ ဟင္းပန္းကန္လံုးနဲ႔ ဆီထည့္ေပးထားတတ္တယ္။

ေနာက္ေန႔မနက္ ၄နာရီေလာက္ အေရွ႕ရွမ္းရိုးမေပၚ ၾကယ္နီၾကီးေခါင္းျပဴထြက္စအခ်ိန္မွာ လွည္း၀င္ရိုးသံေတြနဲ႔ ၀ါလွည္းေတြ ရြာထဲက တစ္စီးျပီးတစ္စီးထြက္သြားၾကတာေပါ့။ ပိုင္ရွင္ေတြကေတာ့ မနက္မိုးလင္းတာနဲ႔ ၀ါလွည္းေတြအမီ ဘတ္စ္ကားနဲ႔လိုက္ၾကရတယ္။ လမ္းမွာ ၀ါေတြတင္ထားတဲ့လွည္းေတြ မလႈိင္ျမိဳ႕ဘက္သြားေနၾကတာေတြ႕ရတာေပါ့။ ၀ါစက္ေရာက္ေတာ့လည္း ေတာဘုရားပြဲခင္းထဲ လွည္းေတြ ထိုးထားသလို ၀ါလွည္းေတြ အစီအရီပါပဲ။

မလႈိင္မွာ ၀ါဂြမ္းစက္ႏွစ္စက္ရွိခဲ့တယ္။ ဦးစုေခၚတဲ့ တရုတ္သူေဌးနဲ႔ ျပည္ေတာ္သာ၀ါဂြမ္းစက္ေတြပါပဲ။ ေစ်းေန႔တိုင္း ၀ါလွည္းေတြမ်ား တယ္။ ၀ါခ်ိန္ျပီးသြားတဲ့လွည္းေတြက ေရႊမုေ႒ာဘုရားတံတိုင္းေဘးမွာ လွည္းခၽြတ္ထားၾကျပီး ေစ်းထဲသြား ေစ်း၀ယ္သူ၀ယ္ၾကတယ္။ ဘုရားအနီးကန္ေပါင္ေပၚက အေၾကာ္နဲ႔ မုန္႔ပ်ားသလက္ဆိုင္ေတြမွာ ထိုင္တဲ့သူကထိုင္တယ္။ ပခံုးထမ္းေရာင္းတဲ့ မုန္႔ဟင္းခါးစားတဲ့လူက စားၾကတယ္။ အခုေခတ္လို ဆန္းဆန္းျပားျပား စားေသာက္ဆိုင္ေတြ၊ အရက္၊ဘီယာ၊လက္ဖက္ရည္ဆိုင္ေတြမရွိဘူး။ ေငြသံုးႏိုင္တဲ့ ၀ါကုန္သည္၊ ပြဲစားေတြေတာင္ အျမင့္ဆံုးစားမွ ရံုခ်ိန္နဲ႔ စက္ခြက္ေခၚတဲ့ တရုတ္ေခါက္ဆြဲဆိုင္မွာ ေခါက္ဆြဲေၾကာ္တစ္လံုး(တစ္ပြဲ)စီ ေလာက္စားၾကတာ။

မလႈိင္ျမိဳ႕နယ္က ၀ါေတြအမ်ားၾကီးထြက္ေတာ့ ၀ါစက္ေတြကိုလဲ ဒီလိုေရာင္းၾကသလို လက္လွည့္ၾကိတ္ခံုေတြနဲ႔ ဂြမ္း၊ ဗိုင္း၊ ခ်ည္ခင္အျဖစ္ ထုတ္လုပ္ျပီး ေရာင္းၾကသူေတြလဲရွိတယ္။ ကုန္ေခ်ာေစာင္၊ ဖ်င္ရက္လုပ္ေရာင္းၾကတာကေတာ့ အမ်ားဆံုးေပါ့။ ေရွးအခါက အညာမွာ ရက္ကန္းလုပ္ငန္းတြင္က်ယ္ခဲ့တယ္။ အညာအမ်ိဳးသမီးအမ်ားစု ရက္ကန္းတတ္ၾကတယ္။ ရက္ကန္းမတတ္တဲ့မိန္းမ အက်ိဳး၊ စာမတတ္တဲ့ ေယာက္်ား အကန္းလို႔ ဆိုရိုးစကားျဖစ္ခဲ့တဲ့အထိ မိန္းမေတြ ရက္ကန္းခတ္တတ္ဖို႔လိုတယ္။

၀ါၾကိတ္၊ ဗိုင္းငင့္၊ ခ်ည္ထု၊ ခ်ည္စာနင္း၊ တညင္းလံုးေယာက္၊ ရက္ေဖာက္ေယာက္၊ ရက္ကန္းခ်ည္၊ ရက္ကန္းရက္စတဲ့ ရက္ကန္းနဲ႔ ပတ္သက္တဲ့အလုပ္ေတြ မနားမေနလုပ္ၾကရတယ္။ လသာတုန္းဗိုင္းငင္ဆိုတဲ့စကားက လက္ေတြ႕ျဖစ္ေနတယ္။ အလုပ္ေတြ ေန႔မႏိုင္လို႔ လသာတဲ့ညေတြမွာ တကယ္လုပ္ၾကရပါတယ္။

အထည္ေတြကို တြင္တြင္ရက္လုပ္ျပီး ငါးရက္တစ္ေစ်းခင္းတဲ့ မိတၳီလာေစ်းေန႔ေရာက္တိုင္း လိုက္ေရာင္းၾကတယ္။ ဒီေစ်းမွာ ေအာက္ပိုင္း ျမိဳ႕ေတြက လာ၀ယ္သူေတြနဲ႔ ျမိဳ႕ခံ၀ယ္လက္ေတြရွိတယ္။ ေငြေၾကးတတ္ႏိုင္သူေတြက ေႏြရာသီထြက္တဲ့အထည္ေတြ ၀ယ္ယူစုေဆာင္းျပီး နယုန္လမွာ တစ္ဆယ့္ငါးရက္က်င္းပတဲ့ မလႈိင္ျမိဳ႕အနီးက ပန္းအိုင္ေရႊမုေ႒ာဘုရားပြဲေတာ္မွာ ေရာင္းၾကတယ္။ အဲဒီဘုရားပြဲေတာ္မွာလဲ ဒီနယ္က အထည္ေစ်းကြက္တစ္ခုလိုျဖစ္ေနတယ္။

တစ္ထည္ခ်င္း ႏွစ္ထည္ခ်င္း၊ ဆယ္ထည္၊ ဆယ့္ငါးထည္ အစီးလိုက္ရြက္လာသူ၊ အလုပ္သမားေတြနဲ႔ အထည္လိပ္ၾကီးေတြလွိမ့္လာ၊ ပိုးလာသူ၊ ကားေတြေပၚ အထည္အလိပ္တင္ေနၾကူေတြကိုေတြ႕ရႏိုင္ပါတယ္။ သည္ပြဲေတာ္မွာ နာမည္ၾကီးလူၾကိဳက္မ်ား အေရာင္းရဆံုး က ထန္းပင္ကန္ေစာင္ဆိုတာပါပဲ။ အဲဒီရြာက ေစာင္ေတြကို ပဲခူး၊ ရန္ကုန္၊ ဧရာ၀တီတိုင္းေဒသၾကီးျမိဳ႕နယ္ေတြထိ လူသိမ်ားတယ္တဲ့။

လွည္းေခတ္၊ ေလွေခတ္ကတည္းက ေအာက္ပိုင္းကလူေတြ အညာထည္ေတြ အားထား၀ယ္ယူသံုးစြဲၾကတယ္။ ဂ်ပန္ေခတ္က လမ္းပန္း ဆက္သြယ္ေရးခက္ခဲျပီး ျမန္မာႏိုင္ငံမွာ အ၀တ္အထည္ရွားပါးတဲ့ျပႆနာျဖစ္ခဲ့ဖူးတယ္တဲ့။ ေအာက္ပိုင္းျမိဳ႕နယ္တခ်ိဳ႕ကရြာေတြမွာ ေျပာျပ လို႔မယံုႏိုင္ေလာက္တဲ့ သေပါ့ေခၚ ျမက္ဖ်ာပတ္ေနရတဲ့ေနရာေတြထိ ရွိခဲ့တယ္လို႔ ၾကားဖူးတယ္။ အဲဒီေခတ္ ေတာနယ္က လယ္သမား၊ ယာသမားအမ်ိဳးသားေတြက ေခၽြတာေရးအေနနဲ႔ အက်ႌမ၀တ္ဘဲ အလုပ္လုပ္ၾကတာမ်ားတယ္တဲ့။ ခႏၶာကိုယ္အေပၚပိုင္း အ၀တ္မပါဘဲ အျမဲေနေတာ့ ေနဒဏ္၊ ေလဒဏ္၊မိုးဒဏ္ခံရျပီး အသားအေရေျခာက္ခန္းမြဲျပာေနၾကတာ။ ေက်ာမြဲလူတန္းစားလို႔ ႏွိမ့္ခ်ေခၚခံရတဲ့ထိပါပဲ။

ႏိုင္ငံျခားျဖစ္အ၀တ္အထည္လဲ မရွိသေလာက္ပါပဲတဲ့။ အညာျဖစ္အညာထည္ေတြသာ၀တ္ၾကရတာမ်ားသလို ျပည္တြင္းျဖစ္ေတြဟာ ခ်ည္ထည္ေတြသာျဖစ္ၾကသတဲ့။ အထည္ရက္လုပ္ၾကတဲ့အခါ ပုဆိုး၊ ထဘီကို အကြက္အစင္း အဆင္ေတြနဲ႔ရက္လုပ္ၾကတယ္။ အက်ႌစ အတြက္ကိုေတာ့ အျဖဴရက္လုပ္တယ္။ အေရာင္ဆိုးခ်င္ရင္ မဲျပာဆိုးၾကတာပဲ။

အေရာင္မဆိုးရတဲ့ ၀ါနီ ေခၚ ပင္နီ၀ါေတြလဲရွိတယ္။ မလႈိင္ျမိဳ႕နယ္အတြင္းမွာေတာ့ ပင္နီ၀ါကို တြင္တြင္က်ယ္က်ယ္စိုက္တာမေတြ႔ရဘူး။ ၀တ္ဆင္ဖို႔ အနည္းအက်ဥ္းစိုက္ၾကတယ္။ ကိုယ္တိုင္စိုက္ပ်ိဳးတဲ့ ျပည္တြင္းျဖစ္ပင္နီက အေရာင္သိပ္ေကာင္းတယ္။ ကိုကိုးအေရာင္ဘက္ နည္းနည္းလဲ့တဲ့အနီျဖစ္တယ္။ ေရာင္းတမ္း ပင္နီထည္အမ်ားဆံုးထြက္ရာေဒသက ၀မ္းတြင္း၊ ဟံဇားနယ္ပါ။ ျပည္ပကတင္သြင္းတဲ့ ခ်ည္ကို ပင္နီေရာင္ေဆးဆိုးျပီး ေရာင္းၾကတာမ်ားတယ္။ ေဆးဆိုးအထည္ေတြက စပ္ျဖဲျဖဲ ဒါမွမဟုတ္ ညိဳေမာင္းေမာင္းျဖစ္ေနတတ္ ပါတယ္။ ၀ါကထြက္တဲ့ ပင္ကို သဘာ၀အေရာင္ကို မမီဘူး။ မတည္ျငိမ္မခံ့ညားဘူး။ သည္ထက္ပိုဆိုးတဲ့အေရာင္ကေတာ့ တရုတ္ပိတ္ ပါးပါးကို ေဆးဆိုးထားတဲ့ ပင္နီေတြပါပဲ။ ေရာင္းတဲ့သူေတြက ပင္နီလုပ္ျပီးေရာင္းတယ္ ၀ယ္တဲ့သူကလည္း ပင္နီဆိုျပီး၀တ္ေနၾကတယ္ ပင္နီအစစ္၀တ္ဖူးတဲ့လူေတြေလာက္သာ ကြာျခားခ်က္ကိုျမင္တာနဲ႔ သိႏိုင္ပါတယ္။

ျပည္တြင္းျဖစ္ပင္နီက မိုးကာသားလို က်စ္လ်စ္ထူထဲခိုင္ခ့ံတယ္။ အေရာင္က သဘာ၀အေရာင္ျဖစ္တဲ့အတြက္ ဗီရို၊ေသတၱာထဲထားလဲ သည္အေရာင္၊ ဆပ္ျပာေတြနဲ႔ အထပ္ထပ္အခါခါ ၾကိဳက္သလိုေလွ်ာ္ဖြတ္လည္ သည္အေရာင္ပါပဲ။ စုတ္သြားလို႔ အမႈိက္ပံုထဲေရာက္ သြားတဲ့အထိ သည္အေရာင္ပါပဲ။ အဲဒါ ျမန္မာ့၀ါခ်ည္ ပင္နီစစ္စစ္သတၱိပါပဲ။ ဒါေၾကာင့္လဲ ဆရာၾကီးသခင္ကိုယ္ေတာ္မိႈင္းတို႔လို မ်ိဳးခ်စ္ပုဂၢိဳလ္ေတြ အျမတ္တႏိုး၀တ္ဆင္ခဲ့ၾကပါတယ္။

၃၁ရက္ ဇန္န၀ါရီလ ၂၀၂၁ခုႏွစ္ထုတ္ ရတနာပံုသတင္းစာ စာမ်က္ႏွာ ၂၆ပါ ‘၀ါထြက္တဲ့နယ္က ျမန္မာလက္ရက္ထည္ - ယဥ္ေအာင္ဟိန္း’ ေဆာင္းပါးမွ ေကာက္ႏႈတ္ကူးယူေ၀ငွသည္။

No comments: