Friday, February 26, 2021

သခွားသီးနှင့် ပုစွန်ကမာကြော် - ပျော့ဖတ်တို့ဖူးဟင်း - ဂဏန်းဟင်းချို - မုန်လာဥအဖြူအခြောက် ကန်ချိ

သခွားသီးနှင့် ပုစွန်ကမာကြော် - ပျော့ဖတ်တို့ဖူးဟင်း - ဂဏန်းဟင်းချို - မုန်လာဥအဖြူအခြောက် ကန်ချိ


သည်တစ်ခါတော့ ကိုရီးယားလူမျိုးတွေရဲ့ဟင်းချက်ပုံနည်းလမ်းတွေထဲက စားချင်သလိုတွဲစပ်ပြီးပြန်လည်ဝေငှပါမယ်။ လူမျိုးအလိုက် ဟင်းခတ်အမွှေးအကြိုင်များသုံးစွဲမှုအရ ပြောင်းလဲသွားသဖြင့် အခေါ်အဝေါ်၊အရသာ ကွာခြားသွားခြင်းဖြစ်ပါတယ်။ ပြုတ်၍ချက်ခြင်း၊ ကြော်၍ချက်ခြင်း၊ ဖုတ်/ကင်၍ချက်ခြင်း နည်းစနစ်များသာအများဆုံးသုံးစွဲကြတာပါပဲ။


ကိုရီးယားလူမျိုးများဟာ ဟင်းသီးဟင်းရွက်များကို အဓိကထား စားသုံးကြသူများဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်အမျိုးမျိုးကိုလည်း ကန်ချိ(ချဉ်ဖတ်)များပြုလုပ်၍ ဟင်းအရံအနေနဲ့ တွဲဖက်စားသုံးကြပါသေးတယ်။ အခုဖော်ပြထားတဲ့ ကန်ချိကလည်း ချက်ချင်းလုပ် ချက်ချင်းစားလို့မရဘဲ အတော်အသင့်ပြင်ဆင်ထားပြီးနောက်မှ စားသုံးနိုင်တာပါ။ 


မနက်စာ၊ နေ့လယ်စာ၊ ညစာ တစ်နေ့ကို သုံးနပ်စားသောက်လေ့ရှိပါတယ်။ မနက်စာကို ထမင်းဖြူ၊ ကြက်ဥကြော်၊ ဟင်းချိုရည်တစ်မျိုးမျိုး စားလေ့ရှိပြီး နေ့လယ်စာကို ထမင်းဖြူ၊ အသားဟင်းတစ်မျိုးမျိုး၊ ဟင်းချိုရည်တစ်မျိုးမျိုး၊ အသီးအရွက်ကြော်၊ ကန်ချိတို့ဖြင့်စားလေ့ရှိပါတယ်။ ညနေစာကို ထမင်းဖြူ၊ အကင်တစ်မျိုးမျိုး၊ အသားဟင်းတစ်မျိုးမျိုး၊ အသုပ်တစ်မျိုးမျိုး၊ ကန်ချိတို့ဖြင့် စားသုံးလေ့ရှိကြပါသတဲ့။


သခွားသီးနှင့် ပုစွန်ကမာကြော်




ပါဝင်သောပစ္စည်းများ

သခွားသီး ၁လုံး၊ ကြက်သွန်ဖြူ နှစ်လုံး၊ ကြက်သွန်နီ တစ်ဥ၊ ဂျင်း(ချင်း) လက်တစ်ဆစ်ခန့်၊ အမဲသား အနည်းငယ်၊ ပုစွန်နဲ့ ကမာ(Clams) အနည်းငယ်၊ ဆား သင့်ရုံ၊ ဟင်းခတ်မှုန့် သင့်ရုံ၊ ပဲငံပြာရည် တစ်ဇွန်း(ကြွေဇွန်း)၊ ငရုတ်ကောင်း သင့်ရုံ၊ သကြား သင့်ရုံ၊ ငရုတ်သီးအစိမ်းမှုန့် တစ်ဇွန်း(ကြွေဇွန်း)၊ နှမ်းဆီ ၅ကျပ်သား။


ပြင်ဆင်ချက်ပြုတ်ပုံ

ပထမဦးစွာ ပုစွန်နှင့် ကမာများကို သန့်စင်အောင်ပြုလုပ်ထားပါ။ ထိုင်ဝမ်သခွားသီးလိုမျိုး ကိုရီးယားသခွားသီးကို အခွံခွာပြီး အဝိုင်းပုံစံ ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို နုပ်နုပ်စင်းထားပါ (ဒါမှမဟုတ်) ကြိတ်စက်ဖြင့်ကြိတ်ထားပါ။


၎င်းနောက် သခွားသီးကို ဆားဖြင့်နယ်၍ ပျော့အောင်ပြုလုပ်ပေးပါ။ ပျော့လာလျှင် ရေဆေး၍ေရေစင်အောင်စစ်ထားပါ။


အပူပေးထားသော ချက်မည့်အိုးထဲတွင် နှမ်းဆီထည့်ပါ။ ကြိတ်ထားသော ကြက်သွန်ဖြူ/နီ ၊ ဂျင်းတို့ကို ငရုတ်သီးအစိမ်းမှုန့်နှင့် ထည့်မွှေပါ။ ၎င်းနောက် ပါးပါးလှီးထားသောအမဲသားထည့်ပါ။ ပြီးလျှင် ပုစွန်နှင့် ကမာကောင်ကိုထည့်ပါ။ အသားများကျက်လျှင် သခွားသီးထည့်ပါ။ ပြီးလျှင် ငရုတ်ကောင်း၊ သကြား၊ ပဲငံပြာရည်၊ ဆား၊ ဟင်းခတ်မှုန့်တို့ထည့်ပါ။


အပေါ့အငန်မြည်း၍ အသင့်စားသုံးနိုင်ပါပြီ။ စားသုံးကာနီးတွင် နှမ်းဆီအနည်းငယ်ထည့်ပြီး တည်ခင်းကျွေးမွေးနိုင်ပါတယ်။ အမဲသား မစားပါက မထည့်ဘဲ ချက်ပြုတ်နိုင်ပါတယ်။


ပျော့ဖတ်တို့ဖူးဟင်း




ပါဝင်သောပစ္စည်းများ

ကြက်ဥတိုဖူး ၂ထုပ်၊ ဝက်သား ၁၀ကျပ်သား၊ ဂျင်း သင့်ရုံ၊ ငရုတ်ကောင်းမှုန့် သင့်ရုံ၊ ကမာ(Clam) ၁၀ကျပ်သား၊ ကြက်ဥ တစ်လုံး၊ဆား သင့်ရုံ၊ ဟင်းခတ်မှုန့် သင့်ရုံ၊ ကြက်သွန်မြိတ် ၁စည်း၊ ငရုတ်သီးအစိမ်းမှုန့် ကြွေဇွန်း တစ်ဇွန်း၊ နှမ်းဆီ ကြွေဇွန်း တစ်ဇွန်း၊ ပန်းငရုတ်ပွ ၂ခု။


ပြင်ဆင်ချက်ပြုတ်ပုံ

ဝက်သားကို အသေးတုံးတုံးပြီး ပါးပါးလွှာထားပါ။ ဂျင်းနှင့် ကြက်သွန်ဖြူကို ရောကြိတ်ပါ။ ပြီးလျှင် ကြိတ်ထားသော ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး နှပ်ထားပါ။ေရေအနည်းငယ်ထည့်ပါ။


ကမာကိုခွာ၍ အထဲမှအဆန်ကို ဆေးကြောသန့်စင်ထားပါ။ ၎င်းနောက် ဆားရေစိမ်ပါ။ 


ကြက်သွန်မြိတ်နှင့် ပန်းငရုတ်ပွကို ခပ်စောင်းစောင်းလေးလှီးထားပါ။ 


အပူပေးထားသော ဒယ်အိုးထဲသို့ နှမ်းဆီထည့်ပါ။ ပြီးလျှင် ငရုတ်သီးအစိမ်းမှုန့်နှင့် ဝက်သားတို့ကိုရောမွှေပြီး ဆီသတ်ပါ။ အရောင်လှလာတဲ့ အထိ မွှေပေးပါ။ ပန်းကန်တစ်ခုထဲသို့ခူးထည့်ထားပါ။


ကြက်ဥတိုဖူးကို အနေတော်အတုံးကလေးများ တုံးထားပါ။


ချက်မည့်အိုးနဲ့ ရေနွေးကိုဆူအောင်တည်ပါ။ ပြီးလျှင် မွှေထားသော ဝက်သားထည့်ပါ။ တိုဖူးထည့်ပါ။ 


ပြီးလျှင် ကမာထည့်ပါ။ ကြက်သွန်မြိတ်၊ ပန်းငရုတ်ပွ၊ ဆား၊ ဟင်းခတ်မှုန့်တို့ထည့်ပါ။ ဆူအောင်ပြန်ထားပါ။


ခဏနေလျှင် ဟင်းအိုးချပြီး စားသုံးမည့် ပန်းကန်ထဲထည့်ပါ။ ပြီးလျှင် ကြက်ဥကို ဖောက်ထည့်ပါ။ မမွှေရပါ။


ဂဏန်းဟင်းချို



ပါဝင်ပစ္စည်းများ

ဂဏန်း ၃ကောင်၊ ကိုရီးယားကြက်သွန်မွှေး သင့်ရုံ၊ ကြက်သွန်မြိတ် တစ်စည်း၊ ကြက်သွန်နီ ၃လုံး၊ ပဲငါးပိ သင့်ရုံ၊ ငရုတ်သီးအနှစ် သင့်ရုံ၊ ကြက်သွန်ဖြူ ၂ဥ၊ ဆား သင့်ရုံ၊ ငရုတ်ကောင်း သင့်ရုံ။


ပြင်ဆင်ပြုလုပ်ပုံ

ဂဏန်းကို ရေနွေးဖျောပြီး သန့်စင်အောင်ပြုလုပ်ထားပါ။ ပြီးလျှင် အနေတော်လှီးဖြတ်ထားပါ။


ကိုရီးယားကြက်သွန်မွှေးနှင့် ကြက်သွန်မြိတ်တို့ကို ရှည်ရှည်စောင်းစောင်းဖြစ်အောင် လှီးထားပေးရပါမည်။ ကြက်သွန်နီဥကြီးကို အခွံခွှာပြီး အတုံးသေးကလေးများ တုံးထားပါ။ ပန်းကန်လုံးတစ်ခုတည်းတွင် ပဲငါးပိ၊ ငရုတ်သီးအနှစ်အရည်တို့ကို အနည်းငယ်သမအောင် ရောချေပြီး ကြက်သွန်နီြဖြူများထည့်ပါ။


ပြီးလျှင် အိုးတစ်လုံးထဲထည့်ပြီး မီးအပူပေးပါ။ ကြက်သွန်နီ အနည်းငယ်နူးသွားလျှင် ဂဏန်းများကိုထည့်ပါ။ ကြက်သွန်မြိတ်နှင့် အမွှေးရွက် တို့ထည့်ပါ။ ဆူအောင်တည်ထားပါ။


ပြီးလျှင် ဆား၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အသင့်ပြင်ဆင်ကျွေးမွေးနိုင်ပါပြီ။


၎င်းဟင်းထဲသို့ ပဲပြားနှင့် မျှစ်တို့ကိုလည်း ထည့်ချက်နိုင်ပါသည်။


မုန်လာဥအဖြူအခြောက်ကန်ချိ(radish kimchi)




ပါဝင်သောပစ္စည်းများ

မုန်လာဥဖြူ ၂တွဲ၊ ကြက်သွန်မြိတ် ၃စည်း၊ ငရုတ်ကောင်းရွက် အနည်းငယ်၊ ဆန်မှုန့် အနည်းငယ်၊ ငါးငံပြာရည် အနည်းငယ်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ကြက်သွန်ဖြူ ၃ဥ၊ ဆား သင့်ရုံ၊ ဟင်းခတ်မှုန့် သင့်ရုံ၊ ငရုတ်သီးအနှစ် သင့်ရုံ။


ပြင်ဆင်ပြုလုပ်ပုံ

မုန်လာဥဖြူကို အခွံခွာပြီး လက်ချောင်းပုံစံဖြစ်အောင်လှီးပါ။ ပြီးလျှင် ရေဆေးသန့်စင်၍ ဆားဖြင့်နယ်၊ ၎င်းနောက် နေလှမ်းထားပြီး အခြောက် ဖြစ်အောင်ပြုလုပ်ပါ။ 

ကြက်သွန်မြိတ်ကို အရှည်လှီးဖြတ်ပါ။


ရေအနည်းငယ်ကို ဆူအောင်တည်ပြီးလျှင် ၎င်းထဲသို့ ငရုတ်ကောင်းရွက်ကြိတ်ထည့်ကာ ကြာကြာလေးတည်ပေးပါ။ ပြီးလျှင် ခဏစစ်ပြီး အရည်ကိုယူပါ။


၎င်းအရည်ထဲသို့ ဆန်မှုန့်ကိုသမအောင်ထည့်မွှေပြီး ဆူပွက်အောင်တည်ပါ။ ဆူလာလျှင် ငါးငံပြာရည်၊၊ ငရုတ်ကောင်းမှုန့်၊ နုပ်နုပ်စင်းထားသော ကြက်သွန်ဖြူ၊ ဂျင်းတို့ကိုထည့်ပါ။ ဆား၊ ငရုတ်သီးအနှစ်တို့ကိုထပ်ထည့်ပြီး ရောမွှေပါ။ ပျစ်ခဲလာသည်အထိကြိုပေးပါ။ပြီးလျှင် အအေးခံထား ပါ။


၎င်းထဲသို့ မုန်လာဥဖြူအခြောက်၊ ကြက်သွန်မြိတ်တို့ထည့်ပြီး သမအောင်ထပ်ပြီး မွှေကာ အိုးတစ်လုံးမှာထည့်ပါ။ ၂၁ရက်ခန့်ထားပါ။


စာကြွင်း ။ ။ ကိုရီးယားဟင်းလျာကို ပြင်ဆင်ချက်ပြုတ်လို့ ကိုရီးယားအရသာအတိုင်းရဖို့ဆိုရင်တော့ ပါဝင်ပစ္စည်းတွေကအစ အချိန်အတွယ်ကော သူတို့နဲ့ထပ်တူပြင်ဆင်ချက်ပြုတ်ဖို့လိုပါတယ်။ မြန်မာပြည်မှာရတဲ့ပစ္စည်းများနဲ့ချက်ပြုတ်တာဆိုရင်တော့ ကိုရီးယားပုံစံ ချက်ပြုတ်ထားတဲ့ မြန်မာဟင်းလျာများပဲဖြစ်မှာပါ။


(Zawgyi) 

 သခြားသီးႏွင့္ ပုစြန္ကမာေၾကာ္ - ေပ်ာ့ဖတ္တို႔ဖူးဟင္း - ဂဏန္းဟင္းခ်ဳိ - မုန္လာဥအျဖဴအေျခာက္ ကန္ခ်ိ


သည္တစ္ခါေတာ့ ကိုရီးယားလူမ်ိဳးေတြရဲ႕ဟင္းခ်က္ပံုနည္းလမ္းေတြထဲက စားခ်င္သလိုတြဲစပ္ျပီးျပန္လည္ေ၀ငွပါမယ္။ လူမ်ိဳးအလိုက္ ဟင္းခတ္အေမႊးအၾကိဳင္မ်ားသံုးစြဲမႈအရ ေျပာင္းလဲသြားသျဖင့္ အေခၚအေ၀ၚ၊အရသာ ကြာျခားသြားျခင္းျဖစ္ပါတယ္။ ျပဳတ္၍ခ်က္ျခင္း၊ ေၾကာ္၍ခ်က္ျခင္း၊ ဖုတ္/ကင္၍ခ်က္ျခင္း နည္းစနစ္မ်ားသာအမ်ားဆံုးသုံုးစြဲၾကတာပါပဲ။

ကိုရီးယားလူမ်ိဳးမ်ားဟာ ဟင္းသီးဟင္းရြက္မ်ားကို အဓိကထား စားသံုးၾကသူမ်ားျဖစ္ပါတယ္။ ဟင္းသီးဟင္းရြက္အမ်ိဳးမ်ိဳးကိုလည္း ကန္ခ်ိ(ခ်ဥ္ဖတ္)မ်ားျပဳလုပ္၍ ဟင္းအရံအေနနဲ႔ တြဲဖက္စားသံုးၾကပါေသးတယ္။ အခုေဖာ္ျပထားတဲ့ ကန္ခ်ိကလည္း ခ်က္ခ်င္းလုပ္ ခ်က္ခ်င္းစားလို႔မရဘဲ အေတာ္အသင့္ျပင္ဆင္ထားျပီးေနာက္မွ စားသံုးႏိုင္တာပါ။ 

မနက္စာ၊ ေန႔လယ္စာ၊ ညစာ တစ္ေန႔ကို သံုးနပ္စားေသာက္ေလ့ရွိပါတယ္။ မနက္စာကို ထမင္းျဖဴ၊ ၾကက္ဥေၾကာ္၊ ဟင္းခ်ိဳရည္တစ္မ်ိဳးမ်ိဳး စားေလ့ရွိျပီး ေန႔လယ္စာကို ထမင္းျဖဴ၊ အသားဟင္းတစ္မ်ိဳးမ်ိဳး၊ ဟင္းခ်ိဳရည္တစ္မ်ိဳးမ်ိဳး၊ အသီးအရြက္ေၾကာ္၊ ကန္ခ်ိတို႔ျဖင့္စားေလ့ရွိပါတယ္။ ညေနစာကို ထမင္းျဖဴ၊ အကင္တစ္မ်ိဳးမ်ိဳး၊ အသားဟင္းတစ္မ်ိဳးမ်ိဳး၊ အသုပ္တစ္မ်ိဳးမ်ိဳး၊ ကန္ခ်ိတို႔ျဖင့္ စားသံုးေလ့ရွိၾကပါသတဲ့။


သခြားသီးႏွင့္ ပုစြန္ကမာေၾကာ္




ပါ၀င္ေသာပစၥည္းမ်ား

သခြားသီး ၁လံုး၊ ၾကက္သြန္ျဖဴ ႏွစ္လံုး၊ ၾကက္သြန္နီ တစ္ဥ၊ ဂ်င္း(ခ်င္း) လက္တစ္ဆစ္ခန္႔၊ အမဲသား အနည္းငယ္၊ ပုစြန္နဲ႔ ကမာ(Clam) အနည္းငယ္၊ ဆား သင့္ရံု၊ ဟင္းခတ္မႈန္႔ သင့္ရံု၊ ပဲငံျပာရည္ တစ္ဇြန္း(ေၾကြဇြန္း)၊ ငရုတ္ေကာင္း သင့္ရံု၊ သၾကား သင့္ရံု၊ ငရုတ္သီးအစိမ္းမႈန္႔ တစ္ဇြန္း(ေၾကြဇြန္း)၊ ႏွမ္းဆီ ၅က်ပ္သား။

ျပင္ဆင္ခ်က္ျပဳတ္ပံု

ပထမဦးစြာ ပုစြန္ႏွင့္ ကမာမ်ားကို သန္႔စင္ေအာင္ျပဳလုပ္ထားပါ။ ထိုင္၀မ္သခြားသီးလိုမ်ိဳး ကိုရီးယားသခြားသီးကို အခြံခြာျပီး အ၀ိုင္းပံုစံ ပါးပါးလွီးထားပါ။ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ဂ်င္းတို႔ကို ႏုပ္ႏုပ္စင္းထားပါ (ဒါမွမဟုတ္) ၾကိတ္စက္ျဖင့္ၾကိတ္ထားပါ။

၄င္းေနာက္ သခြားသီးကို ဆားျဖင့္နယ္၍ ေပ်ာ့ေအာင္ျပဳလုပ္ေပးပါ။ ေပ်ာ့လာလွ်င္ ေရေဆး၍ ေရစင္ေအာင္စစ္ထားပါ။

အပူေပးထားေသာ ခ်က္မည့္အိုးထဲတြင္ ႏွမ္းဆီထည့္ပါ။ ၾကိတ္ထားေသာ ၾကက္သြန္ျဖဴ/နီ ၊ ဂ်င္းတို႔ကို ငရုတ္သီးအစိမ္းမႈန္႔ႏွင့္ ထည့္ေမႊပါ။ ၄င္းေနာက္ ပါးပါးလွီးထားေသာအမဲသားထည့္ပါ။ ျပီးလွ်င္ ပုစြန္ႏွင့္ ကမာေကာင္ကိုထည့္ပါ။ အသားမ်ားက်က္လွ်င္ သခြားသီးထည့္ပါ။ ျပီးလွ်င္ ငရုတ္ေကာင္း၊ သၾကား၊ ပဲငံျပာရည္၊ ဆား၊ ဟင္းခတ္မႈန္႔တို႔ထည့္ပါ။

အေပါ့အငန္ျမည္း၍ အသင့္စားသံုးႏိုင္ပါျပီ။ စားသံုးကာနီးတြင္ ႏွမ္းဆီအနည္းငယ္ထည့္ျပီး တည္ခင္းေကၽြးေမြးႏိုင္ပါတယ္။ အမဲသား မစားပါက မထည့္ဘဲ ခ်က္ျပဳတ္ႏိုင္ပါတယ္။

ေပ်ာ့ဖတ္တို႔ဖူးဟင္း




ပါ၀င္ေသာပစၥည္းမ်ား

ၾကက္ဥတိုဖူး ၂ထုပ္၊ ၀က္သား ၁၀က်ပ္သား၊ ဂ်င္း သင့္ရံု၊ ငရုတ္ေကာင္းမႈန္႔ သင့္ရံု၊ ကမာ(Clam) ၁၀က်ပ္သား၊ ၾကက္ဥ တစ္လံုး၊ဆား သင့္ရံု၊ ဟင္းခတ္မႈန္႔ သင့္ရံု၊ ၾကက္သြန္ျမိတ္ ၁စည္း၊ ငရုတ္သီးအစိမ္းမႈန္႔ ေၾကြဇြန္း တစ္ဇြန္း၊ ႏွမ္းဆီ ေၾကြဇြန္း တစ္ဇြန္း၊ ပန္းငရုတ္ပြ ၂ခု။

ျပင္ဆင္ခ်က္ျပဳတ္ပံု

၀က္သားကို အေသးတံုးတံုးျပီး ပါးပါးလႊာထားပါ။ ဂ်င္းႏွင့္ ၾကက္သြန္ျဖဴကို ေရာၾကိတ္ပါ။ ျပီးလွ်င္ ၾကိတ္ထားေသာ ၾကက္သြန္ျဖဴ၊ ဂ်င္း၊ ငရုတ္ေကာင္းမႈန္႔တို႔ထည့္ျပီး ႏွပ္ထားပါ။ ေရအနည္းငယ္ထည့္ပါ။

ကမာကိုခြာ၍ အထဲမွအဆန္ကို ေဆးေၾကာသန္႔စင္ထားပါ။ ၄င္းေနာက္ ဆားေရစိမ္ပါ။ 

ၾကက္သြန္ျမိတ္ႏွင့္ ပန္းငရုတ္ပြကို ခပ္ေစာင္းေစာင္းေလးလွီးထားပါ။ 

အပူေပးထားေသာ ဒယ္အိုးထဲသို႔ ႏွမ္းဆီထည့္ပါ။ ျပီးလွ်င္ ငရုတ္သီးအစိမ္းမႈန္႔ႏွင့္ ၀က္သားတို႔ကိုေရာေမႊျပီး ဆီသတ္ပါ။ အေရာင္လွလာတဲ့ အထိ ေမႊေပးပါ။ ပန္းကန္တစ္ခုထဲသို႔ခူးထည့္ထားပါ။

ၾကက္ဥတိုဖူးကို အေနေတာ္အတံုးကေလးမ်ား တံုးထားပါ။

ခ်က္မည့္အိုးနဲ႔ ေရေႏြးကိုဆူေအာင္တည္ပါ။ ျပီးလွ်င္ ေမႊထားေသာ ၀က္သားထည့္ပါ။ တိုဖူးထည့္ပါ။ 

ျပီးလွ်င္ ကမာထည့္ပါ။ ၾကက္သြန္ျမိတ္၊ ပန္းငရုတ္ပြ၊ ဆား၊ ဟင္းခတ္မႈန္႔တို႔ထည့္ပါ။ ဆူေအာင္ျပန္ထားပါ။

ခဏေနလွ်င္ ဟင္းအိုးခ်ျပီး စားသံုးမည့္ ပန္းကန္ထဲထည့္ပါ။ ျပီးလွ်င္ ၾကက္ဥကို ေဖာက္ထည့္ပါ။ မေမႊရပါ။


ဂဏန္းဟင္းခ်ိဳ




ပါ၀င္ပစၥည္းမ်ား

ဂဏန္း ၃ေကာင္၊ ကိုရီးယားၾကက္သြန္ေမႊး သင့္ရံု၊ ၾကက္သြန္ျမိတ္ တစ္စည္း၊ ၾကက္သြန္နီ ၃လံုး၊ ပဲငါးပိ သင့္ရံု၊ ငရုတ္သီးအႏွစ္ သင့္ရံု၊ ၾကက္သြန္ျဖဴ ၂ဥ၊ ဆား သင့္ရံု၊ ငရုတ္ေကာင္း သင့္ရံု။

ျပင္ဆင္ျပဳလုပ္ပံု

ဂဏန္းကို ေရေႏြးေဖ်ာျပီး သန္႔စင္ေအာင္ျပဳလုပ္ထားပါ။ ျပီးလွ်င္ အေနေတာ္လွီးျဖတ္ထားပါ။

ကိုရီးယားၾကက္သြန္ေမႊးႏွင့္ ၾကက္သြန္ျမိတ္တို႔ကို ရွည္ရွည္ေစာင္းေစာင္းျဖစ္ေအာင္ လွီးထားေပးရပါမည္။ ၾကက္သြန္နီဥၾကီးကို အခြံခႊာျပီး အတံုးေသးကေလးမ်ား တံုးထားပါ။ ပန္းကန္လံုးတစ္ခုတည္းတြင္ ပဲငါးပိ၊ ငရုတ္သီးအႏွစ္အရည္တို႔ကို အနည္းငယ္သမေအာင္ ေရာေခ်ျပီး ၾကက္သြန္နီ/ျဖဴမ်ားထည့္ပါ။

ျပီးလွ်င္ အိုးတစ္လံုးထဲထည့္ျပီး မီးအပူေပးပါ။ ၾကက္သြန္နီ အနည္းငယ္ႏူးသြားလွ်င္ ဂဏန္းမ်ားကိုထည့္ပါ။ ၾကက္သြန္ျမိတ္ႏွင့္ အေမႊးရြက္ တို႔ထည့္ပါ။ ဆူေအာင္တည္ထားပါ။

ျပီးလွ်င္ ဆား၊ ငရုတ္ေကာင္းမႈန္႔တို႔ထည့္ျပီး အသင့္ျပင္ဆင္ေကၽြးေမြးႏိုင္ပါျပီ။

၄င္းဟင္းထဲသို႔ ပဲျပားႏွင့္ မွ်စ္တို႔ကိုလည္း ထည့္ခ်က္ႏိုင္ပါသည္။


မုန္လာဥအျဖဴအေျခာက္ကန္ခ်ိ




ပါ၀င္ေသာပစၥည္းမ်ား

မုန္လာဥျဖဴ ၂တြဲ၊ ၾကက္သြန္ျမိတ္ ၃စည္း၊ ငရုတ္ေကာင္းရြက္ အနည္းငယ္၊ ဆန္မႈန္႔ အနည္းငယ္၊ ငါးငံျပာရည္ အနည္းငယ္၊ ငရုတ္ေကာင္းမႈန္႔ အနည္းငယ္၊ ၾကက္သြန္ျဖဴ ၃ဥ၊ ဆား သင့္ရံု၊ ဟင္းခတ္မႈန္႔ သင့္ရံု၊ ငရုတ္သီးအႏွစ္ သင့္ရံု။

ျပင္ဆင္ျပဳလုပ္ပံု

မုန္လာဥျဖဴကို အခြံခြာျပီး လက္ေခ်ာင္းပံုစံျဖစ္ေအာင္လွီးပါ။ ျပီးလွ်င္ ေရေဆးသန္႔စင္၍ ဆားျဖင့္နယ္၊ ၄င္းေနာက္ ေနလွမ္းထားျပီး အေျခာက္ ျဖစ္ေအာင္ျပဳလုပ္ပါ။ 

ၾကက္သြန္ျမိတ္ကို အရွည္လွီးျဖတ္ပါ။

ေရအနည္းငယ္ကို ဆူေအာင္တည္ျပီးလွ်င္ ၄င္းထဲသို႔ ငရုတ္ေကာင္းရြက္ၾကိတ္ထည့္ကာ ၾကာၾကာေလးတည္ေပးပါ။ ျပီးလွ်င္ ခဏစစ္ျပီး အရည္ကိုယူပါ။

၄င္းအရည္ထဲသို႔ ဆန္မႈန္႔ကိုသမေအာင္ထည့္ေမႊျပီး ဆူပြက္ေအာင္တည္ပါ။ ဆူလာလွ်င္ ငါးငံျပာရည္၊၊ ငရုတ္ေကာင္းမႈန္႔၊ ႏုပ္ႏုပ္စင္းထားေသာ ၾကက္သြန္ျဖဴ၊ ဂ်င္းတို႔ကိုထည့္ပါ။ ဆား၊ ငရုတ္သီးအႏွစ္တို႔ကိုထပ္ထည့္ျပီး ေရာေမႊပါ။ ပ်စ္ခဲလာသည္အထိၾကိဳေပးပါ။ျပီးလွ်င္ အေအးခံထား ပါ။

၄င္းထဲသို႔ မုန္လာဥျဖဴအေျခာက္၊ ၾကက္သြန္ျမိတ္တို႔ထည့္ျပီး သမေအာင္ထပ္ျပီး ေမႊကာ အိုးတစ္လံုးမွာထည့္ပါ။ ၂၁ရက္ခန္႔ထားပါ။

စာၾကြင္း ။ ။ ကိုရီးယားဟင္းလ်ာကို ျပင္ဆင္ခ်က္ျပဳတ္လို႔ ကိုရီးယားအရသာအတိုင္းရဖို႔ဆိုရင္ေတာ့ ပါ၀င္ပစၥည္းေတြကအစ အခ်ိန္အတြယ္ေကာ သူတို႔နဲ႔ထပ္တူျပင္ဆင္ခ်က္ျပဳတ္ဖို႔လိုပါတယ္။ ျမန္မာျပည္မွာရတဲ့ပစၥည္းမ်ားနဲ႔ခ်က္ျပဳတ္တာဆိုရင္ေတာ့ ကိုရီးယားပံုစံ ခ်က္ျပဳတ္ထားတဲ့ ျမန္မာဟင္းလ်ာမ်ားပဲျဖစ္မွာပါ။

No comments: