Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts
Thursday, June 19, 2025
"အမေစု အတွက် ကန်တော့ပန်းကဗျာ”
 “အသက်(၈၀) ပြည့်အမေစု အတွက် ကန်တော့ပန်းကဗျာ”
ပြည်သူ့ဘက်တော်သား ပညာရှင် ရေးသည်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမွေကောင်းအလီလီ ၊
ဆက်ခံခဲ့သည် သမီးကောင်းဇာနည်၊
အမေကြီး ဒေါ်ခင်ကြည် ပျိုးထောင်ခဲ့သည်၊
သူမနာမည် (ဒေါ်) အောင်ဆန်းစုကြည်။
တစ်ကိုးလေးငါး ဆယ့်ကိုးဇွန်မှာ၊
တို့ မြန်ပြည် အတွက် မွေးဖွားခဲ့ရှာ၊
အသက်ရှစ်ဆယ် ပြည့်မြောက်ပြီဗျာ၊
တို့ နိုင်ငံအတွက် ဇမ္ဗူတလူပါ။
ရောက်ရှိအသက် ဘိုလိုပြောမည်၊
Oak Anniversary Octogenary၊                                                   
သိတတ်ပညာ ပြည့်ဝလှသည်၊  
နောက်မျိုးဆက်များ လိုက်လို့ကိုမမှီ။
သူတော်ကောင်းတရား ပြည့်ဝလျှံဝေ၊
ဗြဟ္မစိုရ်တရား လက်ကိုင်ထားပေ၊
သူချစ်တာက  တို့ပြည်သူတွေ
“ပြည်သူနဲ့အတူ”အမြဲရှိနေ။
ရောင်ပြန်မေတ္တာ ပေးလိုက်ကြတာ ၊
နိုင်ငံတလွှား ပြည်သူ များစွာ၊
ချစ်ခင်အားကိုး ကြည်ညို လျက်ပါ၊
နိုင်ငံကြီးရဲ့ မိခင်မာတာ။
ကောင်းသတင်းတွေ  ပြန့်နှံ့နေတာ၊
မြန်မာပြည်တင် မကသေးပါ၊
ကမ္ဘာ့တလွှား နိုင်ငံများစွာ၊
တိုက်ကြီးပေါင်းစုံ ပါရှိလျက်ဗျာ။
ချီးမြှင့်ကြတဲ့ ဆုလာဒ်များတွေ၊
ဘွဲ့ထူးဂုဏ်ထူး စုံညီလှပေ၊
ရာပေါင်းများစွာ မရေနိုင်ခြေ၊
မငြင်းနိုင်တဲ့ အသိသက်သေ။
ငြိမ်းချမ်းနိုဘယ်လ်  ဆုရခဲ့တာ၊
တော်ဝင်ကောလိပ် ဂုဏ်ထူးဆောင်ပါ၊
ပါရဂူဘွဲ့တွေ များပြားလှစွာ၊
“ပြည်သူ့ဂုဏ်ရည်” ထပ်ရအုံးမှာ။
စွန့်လွှတ်မှုနဲ့ ပေးဆပ်မှုမှာ၊
ဘယ်သူကမှ မယှဉ်သာပါ၊
ဒီစကားနှစ်လုံး မပြောကြဖို့ရာ၊
မကြာခဏ ပြောကြားသေးတာ။
ဦးနှောက်နဲ့ယှဉ် စဉ်းစားကြပါ၊
လူသာမှန်လျင် သိရှိနိုင်တာ၊
ဒါကြောင့်လဲပဲ နိုင်ငံများစွာ၊
နည်းမျိုးစုံနဲ့ ဂုဏ်ပြုကြရှာ။
သူမနာမည် ပေးကာထားပေ၊
လှလှပပ ပန်းခြံများတွေ၊
လမ်းအမည် ပန်းအမည် စုံညီကာနေ ၊
ရပ်ကွက်တွေလည်း မကျန်ခဲ့စေ။
သူ့ ဘဝကို စာစီကုံးကာ၊
သင်ခန်းစာမှာ ဖော်ပြကြတာ၊
နောက်မျိုးဆက်တွေ အတုခိုးဖို့ရာ ၊
လမ်းပြကြယ်လို့ သိစေဖို့ပါ။
လက်ရှိမျက်မှောက်  အခြေအနေ၊
ရှေးကဝဋ်ကြွေး  ဆပ်နေရပေ၊
အများပို့သ  မေတ္တာများဝေ၊
အမှောင်ကာလ ကုန်တော့ပါမယ်လေ။
ဒေါင်းမိခင်ရဲ့ သားသမီးတွေ၊
အုန်းအုန်းကြွက်ကြွက် ဆုပန်ကာခြွေ၊
သက်‌တော်ရာကျော် ရှည်နိုင်ပါစေ၊
နှလုံးသည်းပွတ်မှ ဆုမွန်တွေဝေ  ။
အမေပြောခဲ့  ဆိုခဲ့ဘူးပေ၊
ဆုမွန်ကောင်းများ ပြန်ဆိုပါရစေ၊
မေတ္တာခြုံလို့ လုံကြပါစေ ၊  
စေတနာဆောင်လို့ အောင်ကြပါစေ။
ထပ်ဆင့်ဆုမွန် ခြွေကာတောင်း
၈၀ ပြည့်သူ  ဝမ်းသာစေကြောင်း။ 
"Eighty Years, Endless Love: A Poem for Mother Sue"
General Aung San’s noble legacy, 
His daughter carries all his dignity  . 
By Daw Khin Kyi, so wise and true, 
Named Aung San Suu Kyi, the world once knew.
On June nineteen, in forty-five, 
For Myanmar’s dream, she did arrive.
Now at eighty, standing tall,
A symbol strong, admired by all.
How shall we mark this honored age? 
Oak Anniversary on history’s page. 
Wisdom deep, her knowledge bright,
A beacon glowing in the light.
A righteous soul, so bold and free,
Holding truth for all to see.
Love for people, firm and pure, 
Her heart with them, steadfast and sure.
Compassion spread both far and wide,
Cherished, honored, side by side. 
By all who trust and hold her dear, 
A nation's mother, strong and clear.
Her fame extends beyond this land, 
Across the world, in hearts so grand.
 From east to west, both far and near, 
Her name is whispered year by year.
Medals shine and praises grow, 
Recognition in countless flow. 
Truth remains, none can deny,
 Her legacy stands bold and high.
The Peace Nobel Prize, a grand acclaim,
Royal Colleges honored her name.
Countless degrees, a shining light,
"The People's Glory" shines so bright.
Sacrifice and service deep, 
No one else may ever keep.
Few dare utter, few compare,
Her strength remains beyond compare.
Deep in thought, so wise, so bright,
Only truth reveals the light. 
Across the lands, in ways untold,
Tributes form in praise so bold.
Her name bestowed upon the streets,
In gardens fair where flowers meet.
Parks and corners hold her name,
Her legacy remains the same.
Her life inscribed in books so fine,
Lessons taught through written line. 
A guiding star for those to come, 
Her deeds will shine like golden sun.
The present moment pays its due,
Through kindness shared, both pure and true.
Darkness fades, the dawn will rise,
Hope will gleam in morning skies.
Her children’s prayers rise high above,
Wishing her long life with love. 
Their hearts beat strong with earnest plea,
For blessings deep as endless sea.
Words she spoke, now echo here,
Wishes bright and crystal clear. 
Wrapped in kindness, filled with grace,
May peace and triumph take their place.
May her life stretch far and bright,
With blessings pure, in endless light.
#PVTVMyanmar
#suu80thbirthday
#TheArtOfRevolution
Tuesday, October 22, 2024
လူမသိသူမသိ ပျောက်ကွယ်....
 A bunch of youths
exists in every era.
They like cigarettes.
They like poems.
They like tea.
They like books.
They like classical music.
And they like politics.
People think they are crazy,
throwing eggs at rock mountains.
Some say they are future rebels.
According to that old man,
they are rioting, bad students.
Their peers don't want to associate with them,
calling them nutcases:
"Stay away from them,
or you'll be implicated in their mess."
Marxism infatuates them.
Reactionaries they abhor.
When drunk, they sing the Internationale.
But in love affairs, they are unlucky.
In due time, they will be
behind bars, or
amid jungles, valleys, and mountains, or
disappeared,
without ever receiving any awards.
A bunch of youths,
who vanished,
unknown to anyone,
has existed in every era.
(Mg Nyein Chan)
                                      ****
မောင်ငြိမ်းချမ်းရဲ ကဗျာကို ကြိုက်လို့ လွန်ခဲ့တဲ့ သုံးနှစ်တိတိက အင်္ဂလိပ်လို ပြန်လိုက်မိတယ်။ ဒီနေ့ memory အနေနဲ့ ပြန်ပေါ်လာလို့ အနည်းငယ် တည်းဖြတ် ပြင်ဆင်လိုက်ပါတယ်။ ဘာသာပြန်နဲ့ပတ်သက်ပြီး အကြံပေးစရာရှိရင်လည်း အကြံပေးပါ။ ဝေဖန်ချင်လည်း ဝေဖန်ပါ။
(မျိုးနိုင်)
၁၉ အောက်တိုဘာ ၂၀၂၃၊ ကြာသပတေးည ၉း၁၁
                                        ****
လူငယ်လေးတစ်စု
ခေတ်တိုင်းမှာ သူတို့ရှိတယ်။
ဆေးလိပ်ကြိုက်တယ်
ကဗျာကြိုက်တယ်
လက်ဖက်ရည်ကြိုက်တယ်
စာအုပ်ကြိုက်တယ်
ဂန္တဝင်ဂီတကြိုက်တယ်
နောက်ပြီး
နိုင်ငံရေးကြိုက်တယ်။
လူတွေက သူတို့ကို အရူးလို့ထင်ကြတယ်။
ကျောက်တောင်ကို 
ကြက်ဥ နဲ့ပေါက်တဲ့အကောင်တွေတဲ့။
တချို့ကလည်း သူပုန်လောင်းလေးတွေတဲ့။
ဟိုလူကြီးကတော့ ဆူပူသူကျောင်းသားဆိုးတွေတဲ့။
ရွယ်တူတွေက အပေါင်းအသင်းမလုပ်ချင်ကြဘူး
လူကြောင်တွေတဲ့ 
ဝေးဝေးကရှောင် အမှုပတ်မယ်တဲ့။
မာက့်စ်ဝါဒကို သည်းခြေကြိုက်တယ် 
ဖောက်ပြန်ရေးသမားတွေကို မုန်းတယ်
မူးလာရင် အင်တာနေရှယ်နယ် ဆိုတယ် 
အချစ်ရေးတော့ကံခေကြတယ်ဗျ။
အချိန်တန်တော့သူတို့တွေဟာ
သံတိုင်တွေ နောက်မှာ
တောတောင်လျှိုမြောင်တွေကြားမှာ 
ဘာဆုလာဒ်မှမရဘဲ
ပျောက်ဆုံးကုန်ကြတယ်။
လူမသိသူမသိ ပျောက်ကွယ်သွားတဲ့
လူငယ်လေးတစ်စုဟာ
ခေတ်တိုင်းမှာ ရှိခဲ့ဖူးတယ်။
(မောင်ငြိမ်းချမ်း)
Wednesday, February 1, 2023
(.........)
"............."
အိမ်မှာ
ဒီနေ့ အသံတိတ်ကြတော့ ... 
အဝေးကဆယ်လ်မွန်တွေလည်း 
အလိုလိုမျက်ရည်ဝဲရတယ် ...
ရှက်စိတ်ဆိုတာရှိရင် 
မြက်သိပ်ကြိုက်တဲ့ကိုယ့်နေရာကိုယ်ပြန်သွား
ကိုယ်ကြိုက်တာတွေပဲ စားနေသင့်ကြောင်း ... 
ကျွန်စိတ်ပေါက်နေတဲ့ အရိုးကြိုက်သူတွေကို
သူတို့တစ်ခါမှမစားဖူးကြတဲ့ အသားဟာ 
အရိုးထက် အများကြီးပိုကောင်းကြောင်း ...
ပွဲလန့်တုန်းဖျာခင်း
ဒုက္ခတွင်းထဲ ပျော်ပွဲစားထွက်ကြသူတွေကို 
ဟီရိဩတပ္ပဆိုတာ ဘယ်လိုစာလုံးပေါင်းရကြောင်း ... 
ခေတ်အဆက်ဆက်
အသက်တွေစတေး 
ဘဝတွေပေးပြီး ... 
အထပ်ထပ်အခါခါ 
ပြောပြနေရတာကိုက တစ်နိုင်ငံလုံးရဲ့ ဝဋ်နာကံနာ ... 
ပြန်မလာနိုင်တောတဲ့ အိပ်မက်တွေ
ကြွေသွားတဲ့ ပန်းပွင့်တွေ
လွင့်သွားတဲ့ ကြယ်တွေ ...
နှစ်တွေကြာလည်း ကမ္ဘာမကြေခဲ့ 
တစ်နေ့ တို့တွေ အကုန်ပြန်ယူရမယ့်အလှည့် ...
မနက်ဖြန်ဟာ ပိုပြီးသေချာလာတယ် ... 
............
စိုးသူရ
(ဖေဖော်ဝါရီ ၁၊ ၂၀၂၃)
Monday, February 15, 2021
သိပ္ပံပညာရှင် ပါရှန်းစာဆို အိုမာခေယမ် (Omar Khayyam 1048 – 1131)
‘Paradise’
Here with a Loaf of Bread beneath the Bough,
A Flask of Wine, a Book of Verse - and Thou
Beside me singing in the Wilderness -
And Wilderness is Paradise enow.
‘သုခဘုံ’
ကန္တရ အိုအေစစ် သစ်ပင်ရိပ်မှာ
ပေါင်မုန့်တစ်လုံး၊
ဝိုင်အရက် တစ်အိုး၊
ကဗျာလင်္ကာကျမ်းတစ်အုပ်၊
ကျွနု်ပ်ရဲ့ဘေးမှာ
မိန်းမချောလေး အသင်
အရိုင်းကန္တာရထဲမှာ တေးဆိုလျှက်
ယခုတော့ ကန္တရအိုအေစစ်ဟာ သုခဘုံပါပဲ။
~ အိုမာခေယမ် (Omar Khayyam)
ဇာတိနှင့် ငယ်ဘဝ
အိုမာခေယမ် (Omar Khayyam) ကို ၁၀၄၈ခုနှစ် မေလ ၁၈ရက်တွင် ပါရှားနိုင်ငံမြောက်ပိုင်း နီရှာပူ(Nishabur, Khorasan)၌ မွေးဖွားသည်။ ယခု အီရန်နိုင်ငံ ဖြစ်နေပြီ။ ဖခင်မှာ အီဘရာဟင်ခေယာမီဖြစ်ပြီး ချမ်းသာကြွယ်ဝသော ဆေးဝါးပညာရှင်တစ်ဦး ဖြစ်သည်။ အိုမာခေယမ်၏ မိသားစုသည် အစ္စလာမ်ဘာသာဝင် မွတ်ဆလင်များဖြစ်ကြသည်။သူ့ဖလင်သည် သူတတ်ထားသည့် အရာအားလုံးကို အိုမာခေယမ်ကို သင်ပေးသည်။ ဆေးပညာ၊ ဒဿန၊ သချာၤအားလုံးသည် ဖခင်ထံမှ အမွေဖြစ်သည်။
ယခင်ဆမာကန်(ယခု ဥဇဘက်ကစ္စတန်ဒေသ)သို့လှည်းတန်းကြီးဖြင့် လိုက်ပါခဲ့သည်။ ထိုစဉ်က ဆမာကန်သည် ပညာသင်ကြားရေး ဗဟိုဌာနဖြစ်သည်။ ဆမာကန်တွင် ဖခင်၏မိတ်ဆွေ တရားသူကြီးကပြောပေးသဖြင့် ဘုရင့်ထံ၌ ဘဏ္ဍာစိုးတာဝန်ထမ်းဆောင်ခွင့်ရသည်။ ဆမာကန်(Samarkand) တွင်သူသည် အက္ခရာသချာၤကို တိုးမြှင့်လေ့လာခဲ့သည်။ ၁၀၇၀ ပြည့်နှစ် အသက် ၂၂နှစ်အရွယ်တွင် အက္ခရာ ပညာကျမ်းကို ပြုစုထုတ်ဝေနိုင်ခဲ့သဖြင့် သချာၤပညာရှင်အဖြစ် ထင်ရှားခဲ့သည်။
၁၀၇၃ခုနှစ်တွင် အိုမာခေယမ်သည် တစ်နှစ်တွင် ၃၆၅ရက်နှင့် ဒသမ ၂၄၂၂ရက်ရှိကြောင်း တိကျစွာတွက်ချက်သတ်မှတ်ပေးနိုင်ခဲ့သည်။
ပါရှန်းစာဆိုဘဝ
အိုမာခေယမ်သည် ပါရှန်းစာပေးဖြင့် ကဗျာလင်္ကာများရေးသားခဲ့သည်ဆိုသော်လည်း သူအသက်ရှင်စဉ်ဖော်ထုတ်ခွင့်မရခဲ့ချေ။ နန်းတွင်း အာဏာလုပွဲများကြောင့် သူ့ကဗျာလင်္ကာများကို တိတ်တခိုးရွတ်ဆိုခဲ့ကြရသည်။
အိုမာခေယမ်သည် ၁၁၃၁ခုနှစ် ဒီဇင်ဘာလ ၄ ရက်တွင် နီရှာပူမွေးရပ်မြေ၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၃နှစ်ဖြစ် သည်။
အိုမာခေယမ်၏ ကဗျာလင်္ကာများကို ၁၈၀၀ပြည့်နှစ်တွင်မှ ‘အက်(ဒ)ဝပ်-ဖစ်ဂျရဲ(လ) Edward FitzGerald (1859) ဆိုသူက အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့သဖြင့် ပါရှန်းစာဆိုအဖြစ် ကမ္ဘာကသိကာ ထင်ရှားကျော်ကြားခဲ့သည်။
၎င်းကဗျာလင်္ကာစာအုပ်အမည်မှာ Rubaiyat of Omar Khayyamြဖြစ်ပါသည်။
‘The Flower’ 
Oh, come with old Khayyam, and Leave the Wise
To Talk: one thing is certain, that Life flies;
One thing is certain, and the Rest is Lies;
The flower that once has blown for ever dies.
အို….မိတ်ဆွေ ပညာတွေကိုမေ့ထားပြီး အဘိုးအိုခေယမ်နှင့် စကားပြောလှည့်စမ်းပါ။
သေချာတာတစ်ခုက လူ့ဘဝဆိုတာ ပျံသန်းနေတယ်။
ဒီနောက် သေချာတာတစ်ခုက ကျန်တာတွေဟာ မုသားတွေပါပဲ။
တစ်ချိန်တစ်ခါက ပန်းတစ်ပွင့် ရုတ်တရက် ရိုတ်ပုတ်ဆွတ်ခြွေခံခဲ့ရ၊ အမြဲထာဝရေကြွေလွင့်ဖို့ပါပဲ။
ပန်းပွင့်ကဗျာက ပေးသောအတွေး
စာဆို အိုမာခေယမ်သည် အသက်အရွယ်အိုမင်းလာသောအခါ စကားပြောဖော်၉တ်လာသည်။ ငယ်ရွယ်ချိန်ကလို လူ့ဘဝကို တစ်ခဏ မေ့သော ကန္တာရထဲက သုခဘုံကလေးအကြောင်း မပြောချင်တော့။ လူ့ဘဝ၏ သင်္ခါရ(အဖန်ပြောင်းလဲနေခြင်း)နှင့် အနိစ္စ (မြဲတည်မှုမရှိခြင်း) ဓမ္မသဘောကိုသာ ဆွေးနွေးပြောဆိုလိုတော့သည်။
‘The Seed’
With them the Seed of wisdom did I sow,
And with my own hand labour’d it to grow:
And this was all the Harvest that I reap’d _
“I came like Water, and like Wind I go.”
‘မျိုးစေ့’
အသိပညာ မျိုးစေ့ကို ကျွနု်ပ်ကြဲပက်ခဲ့တယ်။
သည်နောက် ကျွနု်ပ်၏ လက်ဖြင့် အပင်ကလေးများပေါက်လာစေရန် ပြုစုပျိုးထောင်ခဲ့တယ်။
ဒါဟာ ကျွနု်ပ်ရိတ်သိမ်းရမည့် ကောက်ပဲသီးနှံအားလုံးပါပဲ။
“(ပျိုးကြဲသူ) ကျွနု်ပ်ဟာ ချောင်းရေစီးလို ရောက်လာခဲ့တယ်။ ဒီနောက် လေလိုလိုပြန်ထွက်ခွာသွားတယ်။”
~ အိုမာခေယမ် 
မျိုးစေ့ကဗျာကို တွေးခေါ်ခံစားမိခြင်း
အတွေးအခေါ် ဒဿနအသိပညာပေးသော ကဗျာလင်္ကာဖွဲ့ဆိုခြင်း စသည်လောကကောင်းကျိုးကို တတ်နိုင်သရွေ့လုပ်ပြီးနောက် ဤလူ့ဘဝသို့ ချောင်းရေစီးလို ရောက်လာပြီး ယခုတော့ လေလိုလိုထွက်ခွာသွားပြီဟု စာဆို အိုမာခေယမ်က ကဗျာလင်္ကာဖြင့် ပွဲကြည့် သူများကို နှုတ်ဆက်ခဲ့တော့သည်။
နိဂုံးစကား
ကဗျာလင်္ကာ၊ ဝတ္ထု၊ ပန်းချီအနုပညာ ခံစားမှုများကို ရင်မှဖိတ်အန်ကျလာလျှင် မိအောင်သိမ်းယူ၍ မိမိသန်ရာ အနုပညာပုံစံဖြင့် ဖန်တီးလိုက်ပါ။ သင်ရှိနေစဉ် သို့မဟုတ် သင်မရှိတော့တဲ့အခါ အများသူငါ ဖတ်ရှုခံစားခွင့်ရအောင် စီစဉ်သိမ်းဆည်းထားခဲ့ပါ။ ဤသည်မှာ ပါရှန်းစာဆို အိုမာခေယမ်၏ ဘဝထဲက သင်ခန်းစာဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။
ကိုးကား - 
Rubaiyat of Omar Khayyam. Translated into English by Edward Fitzgerald, 1800.
Khit Thit English – Myanmar Dictionary
Wikipedia: https://en.m.wikipedia.org/wiki/Omar_Khayyam
Note: ၃၁ရက် ဇန်နဝါရီလ ၂၀၂၁ခုနှစ်ထုတ် ရတနာပုံသတင်းစာ စာမျက်နှာ ၂၂တွင်ပါသော သိပ္ပံပညာရှင် ပါရှန်းစာဆို အိုမာခေယမ် ခေါင်းစဉ်ဖြင့် မောင်ကြော့ဦးရေးသားသော ဆောင်းပါးတိုမှ ကောက်နှုတ်ဝေငှခြင်းဖြစ်ပါသည်။
(Zawgyi) 
‘Paradise’
‘သုခဘုံ’
ပေါင်မုန့်တစ်လုံး၊
ဝိုင်အရက် တစ်အိုး၊
ကျွန်ုပ်ရဲ့ဘေးမှာ
မိန်းမချောလေး အသင်
ဇာတိနှင့် ငယ်ဘဝ
ပါရှန်းစာဆိုဘဝ
၎င်းကဗျာလင်္ကာစာအုပ်အမည်မှာ Rubaiyat of Omar Khayyam ဖြစ်ပါသည်။
‘The Flower’ 
တစ်ချိန်တစ်ခါက ပန်းတစ်ပွင့် ရုတ်တရက် ရိုတ်ပုတ်ဆွတ်ခြွေခံခဲ့ရ၊ အမြဲထာဝရ ကြွေလွင့်ဖို့ပါပဲ။
‘The Seed’
‘မျိုးစေ့’
အသိပညာ မျိုးစေ့ကို ကျွန်ုပ်ကြဲပက်ခဲ့တယ်။
သည်နောက် ကျွန်ုပ်၏ လက်ဖြင့် အပင်ကလေးများပေါက်လာစေရန် ပြုစုပျိုးထောင်ခဲ့တယ်။
ဒါဟာ ကျွန်ုပ်ရိတ်သိမ်းရမည့် ကောက်ပဲသီးနှံအားလုံးပါပဲ။
အိုမာခေယမ် 
နိဂုံးစကား
ကိုးကား - 
Wikipedia: https://www.britannica.com/biography/Omar-Khayyam-Persian-poet-and-astronomer
Tuesday, March 19, 2019
"ပန်းကလေး"
------------
ပန်းကလေး
ပန်းကလေးက
ပန်းကလေးဖြစ်ရတာ
သိပ်စိတ်ပါပုံမရဘူး။
သူ့မှာ
ရင်ခုန်စရာ ဂဃနဏမရှိ။
ကွယ်တို့ရယ် ..... မွှေးရုံ လှရုံနဲ့
ပန်းကလေးတစ်ပွင့်ရဲ့ ဝတ္ထရားကုန်မတဲ့လား။
ပန်းကလေးရေ....
မင်းစိတ်ကူးနဲ့ ငါ့ကိုပစ်ပါ၊
တစ်ချက်ပစ်ရင် တစ်ကောင်ကျ ရမယ်လို့
ဆယ့်နှစ်လ ရာသီလုံးလုံး
ကိုယ့်မှာ
မေတ္တာတရားကို ပြောပြဖို့
ရေ မီး အပြည့်အစုံနှင့်
ခန့်ခန့်ကြီး အကျပ်ရိုက်နေသူ။
ပန်းကလေးရေ...
နှလုံးသားထဲက လေယာဉ်ပျံတွေ
အသံပဲ ကြားနေရ အိုဇုန်းလွှာပါးတာကနေ
နောက်ဖေးဝန်းထရံလေး ပျက်နေတာအထိ
အချစ်မရှိရင် ဘယ်အရာမှ
ပြန်ကောင်းလာနိုင်မှာ မဟုတ်ပါဘူး။
ပန်းကလေးရေ...
စောင့်ဆိုင်းမှုတွေ ကြန့်ကြာလွန်း
ဆန္ဒတွေ အိပ်မက်ထဲပွင့်ကြ၊
ကြယ်စုံညရဲ့ ဘူးစင်လေးတစ်စင်အောက်မှာ၊
အချစ်နဲ့ ကမ္ဘာ
အိုအောင်မင်းအောင် မွှေးလို့။
ပန်းကလေးရေ...
ခြေချော်လက်ချော် အလွမ်းကလေးတောင်
မင်း မရသင့်ဘူးလား။
ရှေးရေစက်တွေ
ချောကလက်ထဲ ထည့်ပြီး
မင်းအတွက် လက်ဆောင်ပေးချင်တယ်၊
ကွယ်တို့ရယ်.....မွှေးရုံ လှရုံနဲ့
ပန်းတစ်ပွင့်ရဲ့ ဝတ္ထရားကုန်မတဲ့လား။
ပန်းကလေးရေ...
#လမ်းထိပ် မုန့်ဟင်းခါးဆိုင်လေးကနေ
နိဗ္ဗာန်အထိ မင်းနဲ့အတူ သွားချင်တယ်#
နေ့တွေညတွေ
တစ်ခုပြီး တစ်ခု
အရစ်ပြုန်းသွားလိုက်တာ
ဒီတစ်ဆောင်းကုန်လည်း
ကိုယ့်မှာ
ပေါင်မုန့်တစ်လုံးဟောင်းသလို
ဟောင်းရုံသာ၊ ဒါပေမယ့်
သူ့မှာ
ရင်ခုန်စရာ ဂဃနဏမရှိ။
ပန်းကလေးရေ...
ပန်းကလေးရဲ့ ကောင်းကင်
မြန်မြန် အရွယ်ရောက်စေချင်လှပေါ့။
နှင်းကျတာ၊နေထွက်တာ၊ပန်းပွင့်တာ
သဘာဝတရားကိုမှ မယုံရင်
မင်းနဲ့ငါ
ဘာကိုယုံမလဲ။     ။
#မောင်သိန်းဇော်
၂၀၀၁၊တောင်ငူ
(တောင်ကုန်းအဟောင်းများ)
၂၀၁၃၊မတ်
#PandoraBook
Saturday, October 27, 2018
"ဇေယျာမြေ"
စေတီမျိုးမျိုး ၊ ပုထိုးသွယ်သွယ်
ဂူဝယ်စားစား ၊ များလျားချောင်ကျောင်း
လျှိုမြောင်အောင်းသည့် ၊ အပေါင်းထေရ်မွန်
သီလ၀န်သံဃာ ၊ သူတော်စွာတို့
သိက္ခာကျင့်ဆောင် ၊ လိုဏ်ကျောင်းချောင်နှင့်
တန်ဆောင်ဘုံနန်း ၊ ဤသင်္ခမ်းဝယ် ၊
တောင်တန်းစိမ်းမြ ၊ တောလည်းလှသည် ၊
သာစွမြိုင်ခြေ ၊ ဇေယျာမြေ ။
တောလမ်းစုံထွေ ၊ တောင်ရစ်ခွေ၍
အေးရေအလှူ  ၊ သီတဂူနှင့်
ကြည်ဖြူ သည့်တောင် ၊ တရားချောင်က
လျှိုမြောင်မြိုင်နန်း ၊ ရှုမခန်းသည်
သာဆန်းဘုံဗွေ ၊ ဇေယျာမြေ။
ကျောက်သားထပ်ထပ် ၊ ပန်းကလပ်သို့
ထွတ်မြတ်သေလာ ၊ အောင်မြေချာဝယ်
ရောက်လာအများ ၊ ခရီးသွားတို့
အင်အားနွမ်းလျ ၊ မရွှင်ပျလည်း
ချို မြကြည်ရေ၊ သောက်မိလေလျှင်
ညှိုးခွေနုံးနောက် ၊ တွေဝေပျောက်သည်
ထွန်းတောက်ဖြူ ရွှေ ၊ ဇေယျာမြေ။
တောင်တန်းသွယ်သွယ် ၊ ရောင်ဆန်းခြယ်သည့်
တောလယ်ကိုဖြတ် ၊ ရေကြည်ပြတ်လျှင်
တစ်ရပ်ကဆွေ ၊ စိတ်မဝေနှင့်
တို့ရေအလှူ  ၊ သီတဂူက
ကြည်ဖြူ ချိုအေး ၊ အသင့်ပေးပြီ
ချမ်းအေးမြိုင်ခြေ ၊ ဇေယျာမြေ။
ဆူဆူထေရ်မွန် ၊ ပညာဝန်တို့
ဟောညွှန်ချို မြ ၊ မြတ်ဓမ္မဟူ
အမြိုက်လှူ ၍၊
သင်ယူပို့ချ ၊ ရွတ်အံကြသည်
ဓမ္မအသံ ၊ တောင်လုံးညံခဲ့
ဝေယံစွင့်စွင့် ၊ မိုးသို့မြင့်သည့်
ရှင်ပင့်ကိုယ်စား ၊ စေတီဖျားမှ
တွဲလျားခတ်ညံ ၊ ဆည်းလည်းသံလည်း
အတုလံဗုဒ္ဓ ၊ မိန့်ခြွေဟသည့်
ဓမ္မအသံ ၊ ဘ၀ဂ်လျှံသို့
မြိုင်ယံတကြော ၊ ဖြစ်အံ့သြသည်
သာမောဌာနေ ၊ ဇေယျာမြေ။
~ ဉာဏ်စိုး (သီတဂူ)
****ဉာဏ်စိုး (သီတဂူ) သည် သီတဂူဆရာတော်ကြီး အရှင်ဉာဏိဿ     ရ ၏ ကလောင်နာမည်ခွဲတစ်ခုဖြစ်သည်။
Sunday, July 9, 2017
မဲဇာတောင်ခြေ (MEZA HILL)
မဲဇာတောင်ခြေကို ဖတ်ချင်တယ်လို့ တောင်းဆိုထားတဲ့အချိန်မှာ
မဲဇာတောင်ခြေကို အင်္ဂလိပ်ဘာသာပြန်ထားတာလေး ရှားရှားပါးပါတွေ့လို့ဖော်ပြလိုက်ပါတယ်။
မဲဇာတောင်ခြေ
(လက်ဝဲသုန္ဒရအမတ်ကြီး)
မဲဇာတောင်ခြေ၊ စီးတွေတွေတည့်၊
 မြစ်ရေ၀န်းလည်၊ မြိုင်တောဆီက၊
 ရွှေပြည်ကိုသာ၊ တရှာတော့မိ၊
မိုးရှိရှိလျှင်၊ သီရိကျက်သရေ၊
တက်ဖြိုးဝေသား၊
 အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊
ဘိုးတော်ကောင်းမှု၊ တည်ထားပြုသည်၊
ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊
ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊
 ရွှေခြင်္သေ့မြွေ၊ စ၍ရေသော်၊
 ရွှေစေတီကြီး၊ အသီးသီးတည့်၊
ပိတ်ဆီးခြယ်သန်း၊ လျှပ်ရောင်တန်းမျှ၊
 ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊
အာရုံမျက်မြင်၊ ဖူးမြှော်ချင်၍၊
 သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊
 သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊
 စိတ်ကရည်သည်။ ။
 ရွှေပြည်ဌာန ဝေးသောကြောင့်။
သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း၊
အကြေတပြင်၊ တို့အောင်ခွင်ဝယ်၊
 ရေရှင်ပတ်ဝန်း၊ ပျော်ဖွယ်ထွန်းလိမ့်၊
တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊
စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊
 ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊
 တောကြီးဆိတ်ညံ၊ ဆီးကျံကျံဝယ်၊
ဓူဝံမပေါ်၊ မမြော်ပါရ၊
 နေကိုတလည်း၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊
 ဖန်ဖန်အံ့သြ၊ ကြံတိုင်းမောစွ၊
ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊
မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်၊
ကင်းစမ်းတောင်က၊ လေဦးစ၍
၊ နောက်မှလေရှည်၊ အတည်တည်သည်။ ။
 လေပြည်လာက အေးသောကြောင့်။
ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊
 ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊
မဲဇာရပ်သူ၊ တောင်းဆုယူသည်၊
 ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊
မိုးမြင့်သီခေါင်၊ မဲဇာချောင်က၊
 တစ်တောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊
 တောင်တိုင်းယှက်၍၊ ၀န်းကာဝှေ့သည်၊
 တောင်ငွေ့ဝေေ၀၊ အထွေထွေနှင့်၊
 လေလည်းရောရော၊ မိုးမပါဘဲ၊
သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊
 မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်၊
ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊
ရထားယာဉ်သာ၊ နေစကြာလည်း၊
 ရောင်ဝန်မထွန်း၊ ချမ်းရှာလွန်း၍၊
တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု၊
 စေ့ရေလှည့်လည်၊ တလျက်မည်သည်။
နေခြည်ဖြာမှ နွေးသောကြောင့်။
MEZA HILL
Letwe Thondara (f 1752 – 1783)
Meza Hill. Swift-flowing river waters wash its encircling beaches.
From this dense forest, my thoughts turn to the Golden City.
On the heights of the Victory Soil the shrines that our Ancestor built thrust skyward in a swell and spill of radiant glory.
Lamp of the World, bright with the six colors, the Cave Temple, Shwe Lin Bin, the Golden Lion Shrine, the Golden Temple, flash like lightning.
In my desire to see these shrines and the Golden Palace, I am deceived by my imagination.
I say: here the city, there the shrines, this the palace.
For the Golden City is far away.
Our down river home is pleasant with sand beaches and moving waters.
It is as far as another world.
Here, the brown river Meza flows through a silent forest of tall trees and impenetrable thickets.
Mist and vapors hide the north star from my gaze.
I do not know where to look for the sun, not knowing east, west, north, or south.
My breath falters often as I wonder about this primordial forest.
Daily my strength fails me as I think of home.
The wind which rises in the Kinwun range grows in strength with the deep wind from the west.
For it is cold when the wind begins to blow.
Devout Meza people hold the customary festival for watering the Banyan Tree, and pray at the resplendent Cavern Shrine.
But when from Meza valley the mists rise to shroud the Hill, to darken the whole range, to mix and swirl with the mountain vapors, agitated by the wind, to drip like thickest rain, then the sun’s chariot on Yugan Hill shivers with cold.
I pray that the hours may soon complete their circle to high noon.
For it is warm only when the sun breaks through.
(ဆရာဝင်းဖေ ၏ မြကန်သာ စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)
Monday, February 20, 2017
ကိုယ်ရည်သွေး
#ကိုယ်ရည်သွေး
                                      #မောင်လှမျိုး(ချင်းချောင်းခြံ)
ချစ်တယ် . . . လို့
ပြောလိုက်ကတည်းက
ကမ္ဘာတစ်ဝှမ်းလုံးမှာ
ရှိတဲ့
မြတ်နိုးစရာ အလုံစုံကို
မင်းအတွက်
ပေးဆက်လိုက်တာပါ။
ဘယ်သူ့ထံမှာမှ
ဦးမညွှတ်ခဲ့တဲ့ . . . ချစ်ခြင်း ။
ဘယ်သူ့ထံမှာမှ
မတောင်းခံခဲ့တဲ့ . . .မျှော်လင့်ခြင်း ။
ဘယ်သူ့အတွက်မှ
မထွင်းထုခဲ့တဲ့ . . . ကြိုးပမ်းခြင်း . . .
အားလုံးရဲ့ အစုအစည်းနဲ့ ။
မင်းကို
ပေးအပ်ခဲ့တာပါ။
ကမ္ဘာနှစ်ခြမ်း ကွဲသွားခဲ့ရင်တောင်
မင်းရှိတဲ့ ဘက်ခြမ်းမှာသာ
ငါ  ရှင်သန်ပါရစေ . . . ။
သစ်ရွက်မကြွေဖို့ နွေကို တားဆီးလို့မရ
မိုးစက်မခြွေဖို့ ကောင်းကင်ကို တားဆီးလို့မရ
နှင်းပွင့်မဝေဖို့ ဆောင်းကို တားဆီးလို့မရ
ရနံ့မသင်းဖို့ ပန်းကို ပိတ်ပင်လို့ မရသလိုမျိုး
မြတ်နိုးလွန်းတဲ့ . . . ငါ့ချစ်ခြင်း
ဘာနဲ့ပစ်ခွင်းမလဲ . . .မင်း ။
ကမ္ဘာပျက်သုန်းခဲ့ရင်တောင်
ချစ်ခြင်းရဲ့
အငွေ့အသက်  . . .  အရှိန်အဟုန်နဲ့
နောက်ထပ်ကမ္ဘာသစ်တစ်ခု
( သဘာဝ , တရားက )
အလိုလို ထွင်းထုနိုင်ဦးမယ်။
ယုံပါ
အချစ်နဲ့လွတ်ကင်းတဲ့ . . . လူ့ကမ္ဘာ
ဘယ်ဆီမှာမှ  . . .  မရှိ . . .  ။           ။
                               #မောင်လှမျိုး(ချင်းချောင်းခြံ)
                               2009 , Aug  , 23
                                3 : 00 ( p.m )
Credit: ဆရာမောင်လှမျိုး (ချင်းချောင်းခြံ) ရဲ့ Page
Friday, September 2, 2016
ပင်လုံဆိုတာ ဘာလဲ?
ပင်လုံ ဆိုတာ.... ဘာလဲ
■ပင်လုံ ဆိုတာ....
သေနတ်တွေကို ချ
လက်တွေကို ပြလို့
တချိန်က
ကျားတက်ထိုးကြတဲ့ နယ်မြေမှာ
ရိုးရာအကတွေနဲ့
ညတွေကို တန်ဆာဆင်ဖို့...
■ပင်လုံ ဆိုတာ....
မိုင်းတွေကို ရှင်း
လမ်းတွေ ခင်းလို့
တချိန်က
အသက်ပြင်းပြင်း မရှုရဲခဲ့တဲ့ နယ်မြေမှာ
သီချင်းဆိုကြရင်းနဲ့
တောတောင်ရှုခင်းတွေကို ငေးမောခံစားကြဖို့
■ပင်လုံ ဆိုတာ....
ဘိန်းခင်းတွေကို ဖျောက်
စာသင်ကျောင်းတွေ ဆောက်လို့
တချိန်က
ကျည်ဆံတွေကိုကြောက်နေရတဲ့နယ်မြေမှာ
အလံတလူလူနဲ့
ကျောင်းသားတွေရဲ့ စာအံသံတွေ ကြားစေရဖို့
■ပင်လုံ ဆိုတာ....
ဗုံးခိုကျင်းကထွက်
ကျောင်းတွေတက်လို့
တချိန်က
အသက်လုပြေးခဲ့ဖူးတဲ့ နယ်မြေမှာ
သူငယ်ချင်းတွေနဲ့
စိမ်ပြေးတမ်း ကစားကြဖို့
■ပင်လုံ ဆိုတာ....
သံသယတွေကို ချိုး
ယုံကြည်မှုတွေ တိုးလို့
တချိန်က
အတ္တချင်း စီးချင်းထိုးခဲ့ကြတဲ့ ဒီမြေမှာ
နားလည်မှုတွေနဲ့
တိုင်းပြည်အကျိုးကို သယ်ပိုးကြဖို့
■ပင်လုံ ဆိုတာ....
လက်ညိုးတွေကို ရုတ်
လက်ဖဝါးချင်း ဆုပ်လို့
တချိန်က
အချင်းချင်း အမျိုးယုတ်တွေလို့ဆဲခဲ့ဖူးတဲ့ ဒီမြေမှာ
ငြိမ်းချမ်းမှုတွေနဲ့
မေတ္တာပို့ဆုတောင်းပွဲတွေကို ပြုလုပ်ကြဖို့....
■ပင်လုံ ဆိုတာ....
ဗုံးသံတွေ ရပ်
အမုန်းရန်တွေ ဖြတ်ဖို့
အပြုံးအမှန်တွေနဲ့ တက်ခဲ့ကြတဲ့
ဒီညီလာခံကြီးပြီးရင်တော့
အပူအပင်ကင်းတဲ့
သွေးချင်းတို့ရဲ့ သီချင်းသံတွေကို
ကမ္ဘာမြေအနှံ့ လွင့်ပျံသွားစေချင်လို့.........
မြတ်ဟိန်းခန့်
11:25 PM
31.8.2016
Wednesday
Remark.. ကဗျာ  Credit : YaeTayZa
Wednesday, February 24, 2016
ဝန်ကြီးပဒေသရာဇာ၏ ထန်းတက်သမားဖွဲ့ တျာချင်း
• နွေဦးကာလ၊ မြူထသောခါ၊
• ရင်းထောင် ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ၊
• ဓားနှီး ထက်စွာ၊ ခါးမှာချပ်လျက်၊
• ထန်းပွင့် ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်၊
• ကလိုင်သာလွယ်လို့၊ တက်သည်နှင့်လေး။
• ထန်းပင် ထန်းလက်၊ ထန်းရွက်ကယ် ဝေဝေ၊
• စင်အောင် ခုတ်ထစ်၊ နုမြစ်ကယ် ထန်းဦးရေ၊
• မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း၊
• သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်၊
• ထန်းလျှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။
• ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ၊
• ခွေးဟစ် လူဟစ်၊ ခတ်ပစ်ကယ် ခြောက်သောခါ၊
• ပတတ်ကယ် ယုန်, ခါ၊ တောမှာရှိကြ၊
• ငုံး, ကြက်ကယ် ဖွတ်, မြွေ၊ ဝံပုလွေ၊
• မနေ ထွက်လာကြသည်တည့်လေး။
• ဝမ်းသာအားရ၊ မယားကတသွယ်၊
• ဟင်းရွက် ဆိုးကောင်း၊ သောင်းပြောင်း ရော၍လွယ်၊
• လင်က တသွယ်၊ ယုန်ငယ်က စ၊
• တောသတ္တဝါ၊ တွေ့တိုင်းကိုသာ၊
• အိတ်မှာသာ ယူ၍ချသည်နှင့်လေး။
• သို့နှင့်ရောက်က၊ ခဏအောင့်လျှင်၊
• တံစို့ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်၊
• ဟင်းအိုးဆူလျှင်၊ အကင်ခတ်ပြီး၊
• အိုးကင်းနှင့်လှော်၊ ရေနှင့်ကြော်၊
• မိုးမျှော် ငရုတ်သီးငယ်နှင့်လေး။
• နှီးဒေါင်းလန်းကြီး၊ ခူးပြီးသောခါ၊
• သမီးနှင့်သား၊ များလို့မဝင်သာ၊
• ဒူးတဖက်သာ၊ တွန်းကာဖယ်လျက်၊
• သူ့ထက်ငါလေ၊ စားတော့မည်ဝေ၊
• စပေသာလှ အုန်းခွက်ကယ်နှင့်လေး။
• ငုံ့လျက် ကိုယ်စီသာ၊ ဆုပ်ကာလွေးတော့သည်၊
• ပြီးလျှင်ရေမရှာ၊ ခွေးသာကျွေးတော့သည်။    ။
Monday, February 22, 2016
ကဗျာစာအုပ်များ
ကဗျာဆိုတာ နှလုံးသည်းပွတ်က ကြွေကျလာသလား ဦးနှောက်တစ်စုံကမွေးဖွားလာသည်လည်း ကျနော်မသိ။ ဒါပေမဲ့ ကဗျာလေးတွေကိုဖတ်ပြီး ကြည်နူးဖူးသည် ဆွတ်ပျံ့ဖူးသည် ကြည်မွေ့ဖူးသည်။
ကဗျာစာအုပ် အများအပြားထွက်ရှိနေသည်ဖြစ်ပေမယ့် ဟိုးယခင်ကဗျာစာအုပ်များကို ဖတ်ရှုလေ့လာစေချင်၍ ပြန်လည်ဝေငှလိုက်သည်။
စာပေချစ်ရင်ဖြင့် စာရေးသူများကိုအားပေးလိုပါက မူရင်းစာအုပ်များဝယ်ယူဖတ်ရှုသိမ်းဆည်းနိုင်ကြပါသည်။ သို့သော် ရပ်ဝေးမြေခြားရောက်နေသည်ဆိုပါက …..
You can download the files here:
ဝင်းမောင် - အပြုံးရောင်သီချင်း ကဗျာများ.pdf
https://yadi.sk/i/R_fYzxOYf3WdD
X..စာ ကဗျာများ.pdf
https://yadi.sk/i/OBoOLCIxf3WXo
ကဗျာ - သခင်ဗသိန်းတင် - လွမ်းကြပါတော့ ရဲဘော်တို့ရေ.pdf
https://yadi.sk/i/HniG23Rcf3WXq
ကဗျာဆရာ ဝံပုလွေ.pdf
https://yadi.sk/i/LNhVflUff3WXw
ကဗျာပေါင်းချုပ် - ငွေတာရီ.pdf
https://yadi.sk/i/JkMxoSFqf3WY2
ကံ့ကော်မြိုင်စာတန်း.pdf
https://yadi.sk/i/zciAbPlZf3WY6
ခင်မြဇင် - မိုးရွာပြီးစညနေခင်း.pdf
https://yadi.sk/i/I1hq4DThf3WY8
ချစ်သူတွေရဲ့ကဗျာ.pdf
https://yadi.sk/i/KjlpBo6Nf3WYE
ချမ်းမြေ့ဆရာတော် - ဓမ္မကဗျာ ပဒေသာ.pdf
https://yadi.sk/i/pV2qlaoyiK8Tf
ဂမ္ဘီရကဗျာကျမ်း.pdf
https://yadi.sk/i/2MlUXBvgiK8To
ဂီတနက်သန် ကိုစောညိန်းစာစုများ.pdf
https://yadi.sk/i/0d7z-8-Xf3WYG
ဂန္ထဝင် မမ.pdf
https://yadi.sk/i/lA-AuFw7pFUZZ
ဂန္ထဝင်မြန်မာကဗျာများ(မောင်သာနိုး).pdf
https://yadi.sk/i/MjiS14FciK8Tw
စွယ်တော်ရိပ်သို့အလွမ်းပြေ.pdf
https://yadi.sk/i/U_Vk97lxf3WYJ
ဇာနည်..ပွင့်ပန်းသိင်္ဂီ ကဗျာများ.pdf
https://yadi.sk/i/Fv2MWtkAf3WYQ
ညွန့်ဝေ(ကသာ) ..ရင်မှဆင်းသော မြစ်တစ်စင်း.pdf
https://yadi.sk/i/l7hpJw0jf3WYY
တက္ကသိုလ် အမှတ်တရကဗျာများ.pdf
https://yadi.sk/i/F5Pb7yJlf3WYc
တဂိုး၏ နောက်ဆုံးကဗျာများ.pdf
https://yadi.sk/i/O0VYFENgf3WYi
တင်မိုး - မြန်မာကဗျာဖွဲ့နည်း.pdf
https://yadi.sk/i/dA0WFykuiK8UC
တင်မိုး...ဧည့်သည်ကြီးနှင့်သူ၏ကဗျာများ.pdf
https://yadi.sk/i/sXF9o-XJm2Uwr
တင်မိုး..မြန်မာ့ဘဝ ဝန်းကျင်နှင့် ကဗျာ.pdf
https://yadi.sk/i/cbhiVh-Zm2Uwy
တင်မိုး..ပုဂံကျောင်းက ခေါင်းလောင်းသံ.pdf
https://yadi.sk/i/sqsxqsIcf3WYt
ထီလာစစ်သူ..မော်ကွန်းကဗျာ.pdf
https://yadi.sk/i/fz2yEImyf3WYz
နိုင်ဝင်းဆွေ အမှတ်တရအဗျာများ.pdf
https://yadi.sk/i/Nf-gHnkef3WZ7
ပခုက္ကူကဗျာစုစည်းမှု.pdf
https://yadi.sk/i/NNLkSNkQm2UxR
ပန်းတံတား.pdf
https://yadi.sk/i/qJlH-IF9f3WZB
ဖလ်မီးအိမ်သို့  အလွမ်းစာ.pdf
https://yadi.sk/i/KTgb2sNWf3WZF
ကြည်အေး၏ ကဗျာများ.pdf
https://yadi.sk/i/Cr04EJjUf3WdF
ဗန်းမော်ဆရာတော်ဟာသရသကဗျာများ.pdf
https://yadi.sk/i/WftFQRpff3WZR
ငြိမ်းလူ - လဇူလိုင်ကိုရဲဝင့်သူသာပိုင်တယ် နှင့် အခြား.pdf
https://yadi.sk/i/YtooFFPof3WdH
မြို့ဖွဲ့ကဗျာများ-ဒေါက်တာငွေစိုး.pdf
https://yadi.sk/i/9HsJuPI0m2Uxr
မင်းသုဝဏ် - ကဗျာရေးချင်စာစပ်သင်.pdf
https://yadi.sk/i/DkYdsQCEf3WZV
မင်းသုဝဏ် - အင်းလျားကန်သို့အိုကုတို့.pdf
https://yadi.sk/i/GrwG7gSNf3WZX
မိုဃ်းဇော်၊၀င်းမြင့် - လူစီရဲ့အမှုန်အမွှားကင်းစင်တဲ့လက်ဆောင် ကဗျာများ.pdf
https://yadi.sk/i/7jDjkvblf3WZb
မဲဆောက် ကွန်မြွန်းမှတိုက်ပွဲဝင်ကဗျာများ.pdf
https://yadi.sk/i/P80X6HZ6pFUd7
မနှင်းပွင့်..စစ်တလင်းမှ ရှိုက်သံများ.pdf
https://yadi.sk/i/jogvfSIIf3WZf
မြင့်စိုးလှိုင် - ငှက်တေလေ.pdf
https://yadi.sk/i/phch5bB6m2UyP
မြင်းမူမောင်နိုင်မိုး..လောကနီတိကဗျာများ.pdf
https://yadi.sk/i/U1Sj_Gf_f3Wcp
မြန်မာ ဆိုင်ဘာကဗျာစာအုပ် အမှတ် (၂ ).pdf
https://yadi.sk/i/RTR6YVbsf3Wcr
မြန်မာကျူးပစ်ဖိုရမ် - ယုံကြည်ချက်-ကဗျာများ-၁.pdf
https://yadi.sk/i/l97_vIeAf3Wcv
မြန်မာဆိုက်ဘာကဗျာစာအုပ်-အမှတ်(၁).pdf
https://yadi.sk/i/JQVQGZlYf3Wd3
မြန်မာတီးရှော့ ကဗျာများ.pdf
https://yadi.sk/i/YHXVzL3Jf3Wd5
မြန်မာခေတ်ပြိုင်ကဗျာ လျှပ်တပြက်ရုပ်ပုံလွှာ.pdf
https://yadi.sk/i/mOvt7zlLf3WdB
လက်ရွေးစင်ကဗျာများ( 82 - 88 ).pdf
https://yadi.sk/i/lhG2VEI0pFUf5
လူကလေးတို့ ရဲ့ မိတ်ဆွေ ငှက်ကလေးတွေ.pdf
https://yadi.sk/i/K455CiB3f3WZj
လူကြိုက်နည်းတဲ့ကောင်-မောင်ချောနွယ်.pdf
https://yadi.sk/i/Pc9g4ic-iK8Ug
လူဇော်သစ် - ချစ်ခြင်းအားဖြင့်ချစ်ခြင်းဖွဲ့ စကားလုံးများ.pdf
https://yadi.sk/i/5erT4MC6f3WZo
ဝ ထ က လ သ .pdf
https://yadi.sk/i/YixXa547f3Wa6
သစ္စာနီ..မိမိ အရေပြားမှ လမ်းလျှောက်ထွက်ခြင်း.pdf
https://yadi.sk/i/b4-dMyJYf3WaA
သစ္စာနီ..မော်ဒန်ရှင်းတမ်း.pdf
https://yadi.sk/i/X72izmcUf3WaC
သမိုင်းဖတ်စာ-အောင်ချိမ့်၊မောင်ချောနွယ်.pdf
https://yadi.sk/i/PfUVeE4QiK8Up
သုခမိန်လှိုင်..ဝေလငါးကဗျာ.pdf
https://yadi.sk/i/RTS7iX9Em2UzU
သုခမိန်လှိုင် - အင်ဒီဝါးဟိုးလ်တို့ကမ္ဘာ.pdf
https://yadi.sk/i/FDGAkV7cf3WaJ
သုခမိန်လှိုင် - အငြိမ့်.pdf
https://yadi.sk/i/dgcBCSGjf3WaQ
သုံးယောက်ကောင်းကင် (ကဗျာ)-မောင်သစ်မင်း.pdf
https://yadi.sk/i/Si8yebp1f3Waa
သူရနီ..ကျောက်တုံးများကိုနေရာ ရွှေ့ ကြည့်ခြင်း.pdf
https://yadi.sk/i/73PKpXRpf3WaY
ဟိုက္ကူကဗျာ မြည်းစရာ.pdf
https://yadi.sk/i/N9qgfhQKf3Wae
အလယ်တန်းကဗျာ လက်ရွေးစင်.pdf
https://yadi.sk/i/vRr45hb_f3Wai
အသည်းစွဲကဗျာဆရာ (အောင်ချိမ့်).pdf
https://yadi.sk/i/eXligIjOm2UvW
အိုမာခယမ်...မင်းယုဝေ.pdf
https://yadi.sk/i/Dz2-b1q0f3Wap
ဦးသော်ဇင် ၊ ရန်ကုန်ဘဆွေ..မိုးတိမ်တမန်.pdf
https://yadi.sk/i/lVFybds5f3Wat
ဦးသော်ဇင် - ကျေးလက်တောရွာတေးကဗျာ.pdf
https://yadi.sk/i/BbsnO05lf3War
ခေတ်စမ်းကဗျာများ.pdf
https://yadi.sk/i/YNkLdkx2f3Wax
စောဝေ..ရွက်ပုန်းသီး မြို့ ပြတိုက်.pdf
https://yadi.sk/i/zJTso22mf3Waz
ဇော်ဂျီ - ညီသစ်ဆင်း ကဗျာစု.pdf
https://yadi.sk/i/UiZaLZQbf3Wb5
ဇော်ဂျီ-ဗေဒါလမ်းကဗျာစု.pdf
https://yadi.sk/i/OOqdMlbxf3WbB
တောလား နှင့် ရတုများ.pdf
https://yadi.sk/i/Hg802JzUf3WbH
နေပိုင်..ပခုန်းပေါ်က နိယာမများ.pdf
https://yadi.sk/i/3NSNv30Mf3WbM
မောင်ခိုင်မာ-ပြုံးလိုက်စမ်းပါ.pdf
https://yadi.sk/i/zjZ3ei_Rf3WbT
မောင်ခိုင်မာ..ရှင်မရေ....pdf
https://yadi.sk/i/h2yxDd-Cf3WbX
မောင်ခိုင်မာ..ဧည့်ခန်းများကို ဖြတ်သန်းခြင်း.pdf
https://yadi.sk/i/1QW3rqnbf3WbZ
မောင်စိန်ဝင်း - သောကခြေရာ ရတနာ ကဗျာများ.pdf
https://yadi.sk/i/mjDpUeMmf3Wbd
မောင်စိန်ဝင်း(ပုတီးကုန်း) - သမုဒယ၀တ်ရည် ကဗျာများ.pdf
https://yadi.sk/i/2RigUC__f3Wbo
မောင်ဘိုသစ် - ကဗျာရေးနည်း နိသျည်း .pdf
https://yadi.sk/i/phfyrggSf3Wbs
မောင်လှမျိုး - မီးပြဇာတ်.pdf
https://yadi.sk/i/uExT89CBf3Wby
မောင်သာနိုး..ထင်းရှူးပင်ရိပ်.pdf
https://yadi.sk/i/mcQnOiFof3Wc2
မောင်သိန်းဇော်..နှင်းရည်စက်လက်+ရှုမျှော်ခ.pdf
https://yadi.sk/i/EtXbS2XniYfEY
မောင်ခွေးဘို့  ကဗျာများ.pdf
https://yadi.sk/i/4At7aeVOf3WcN
မောင်ချောနွယ် - မောင်ချောနွယ် အတု.pdf
https://yadi.sk/i/G_x8MvBCf3Wc8
မောင်ချောနွယ် ကဗျာပြပွဲ.pdf
https://yadi.sk/i/2Cps41tRf3WcC
မောင်ချောနွယ်...ရထား (ကဗျာရှည်များ).pdf
https://yadi.sk/i/UXKSdEXEf3WcE
မြေလတ်မောင်မြင့်သူ - ရွှေပြည်စိုးရဲ့ တေးသံသာ ကလေးကဗျာများ.pdf
https://yadi.sk/i/u32lrKzIf3Wck
ရေဆန်လမ်းသို့အပြန်-နိုင်ဝင်းဆွေအမှတ်တရကဗျာများ.pdf
https://yadi.sk/i/rT3rB0GMiK8VR
ရွှေမြိုင်ပြုံးလဲ့မော် - ပန်းတိုင်လမ်းနျင့် အခြားကဗျာများ (စာပေဗိမာန်စာမူဆုရ).pdf
https://yadi.sk/i/yHkQDCOef3WcY
ရွှေလိုဝင်းသည့် မင်းသုဝဏ်.pdf
https://yadi.sk/i/j9d1Ge0rf3WcU
ဝေမှူးသွင်..သစ်ရွက်တို့၏ပေါ့ဆခြင်းများ.pdf
https://yadi.sk/i/RcZAfKJbiK8VX
အောင်ချိမ့် - ပုံပြောသူ အသည်းစွဲကဗျာဆရာ.pdf
https://yadi.sk/i/rBbFLFBHf3Wce
အောင်ဝေး - ကဗျာအလုပ်ရုံကလေး.pdf
https://yadi.sk/i/i0w2iy-UiK8Vb
အောင်ဝေး - လူငယ်တွေရဲ့ကဗျာ 2003.pdf
https://yadi.sk/i/rMk4WUybf3Wci
အောင်ဝေး-အေးမြမြမီးလျှံ.pdf
https://yadi.sk/i/BeLKd92ZpFUmo
အောင်ဝေး...လရောင်တစ်ခြမ်း.pdf
https://yadi.sk/i/Y4s4nqzjiK8Vf
အောင်ဝေး..ခရမ်းနုရောင်နှင်း.pdf
https://yadi.sk/i/oUgBIOgqgi4sW
နွယ်ဦးလှိုင်..ချစ်ခြင်းဖွဲ့  ကဗျာများ.pdf
https://yadi.sk/i/IpQ-6Y3Qf3WdM
နွားကျောင်းသား (ကဗျာ၁၀ပုဒ်)-ဇော်ဇော်အောင်.pdf
https://yadi.sk/i/yfAazV7JiK8Vj
Credit: စာပန်းရဂုံ