"............."
အိမ်မှာ
ဒီနေ့ အသံတိတ်ကြတော့ ...
အဝေးကဆယ်လ်မွန်တွေလည်း
အလိုလိုမျက်ရည်ဝဲရတယ် ...
ရှက်စိတ်ဆိုတာရှိရင်
မြက်သိပ်ကြိုက်တဲ့ကိုယ့်နေရာကိုယ်ပြန်သွား
ကိုယ်ကြိုက်တာတွေပဲ စားနေသင့်ကြောင်း ...
ကျွန်စိတ်ပေါက်နေတဲ့ အရိုးကြိုက်သူတွေကို
သူတို့တစ်ခါမှမစားဖူးကြတဲ့ အသားဟာ
အရိုးထက် အများကြီးပိုကောင်းကြောင်း ...
ပွဲလန့်တုန်းဖျာခင်း
ဒုက္ခတွင်းထဲ ပျော်ပွဲစားထွက်ကြသူတွေကို
ဟီရိဩတပ္ပဆိုတာ ဘယ်လိုစာလုံးပေါင်းရကြောင်း ...
ခေတ်အဆက်ဆက်
အသက်တွေစတေး
ဘဝတွေပေးပြီး ...
အထပ်ထပ်အခါခါ
ပြောပြနေရတာကိုက တစ်နိုင်ငံလုံးရဲ့ ဝဋ်နာကံနာ ...
ပြန်မလာနိုင်တောတဲ့ အိပ်မက်တွေ
ကြွေသွားတဲ့ ပန်းပွင့်တွေ
လွင့်သွားတဲ့ ကြယ်တွေ ...
နှစ်တွေကြာလည်း ကမ္ဘာမကြေခဲ့
တစ်နေ့ တို့တွေ အကုန်ပြန်ယူရမယ့်အလှည့် ...
မနက်ဖြန်ဟာ ပိုပြီးသေချာလာတယ် ...
............
(ဖေဖော်ဝါရီ ၁၊ ၂၀၂၃)
No comments:
Post a Comment