Monday, July 12, 2010

ဆံပင်ဆေးမဆိုးမီနဲ့ ဆေးဆိုးပြီးမှာ ပြုလုပ်သင့်တဲ့ ဆံကေသာထိန်းသိမ်းနည်းများ

ဒီနေ့ခေတ်မှာ ၀ယ်ယူရရှိနိုင်တဲ့ ဆံပင်ဆိုးဆေး Product များဟာ လွန်ခဲ့တဲ့နှစ်များဆီက ပစ္စည်းများထက် အများကြီး ပိုမိုကောင်းမွန်လာနေပြီဖြစ်ပါတယ်။ မိမိနဲ့လိုက်ဖက်မယ့်အရောင်ကို စိတ်ကြိုက်ရွေးချယ်နိုင်ရုံသာမကဘဲ ဆံပင်သား ကိုလည်း ပိုးသားအသွင်တောက်ပစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုသွင်ပြင်မျိုးကို ရရှိပြီးတဲ့အခါမှာ ကြာရှည် တည်မြဲကောင်းမွန်စေဖို့ ထိန်းသိမ်းခြင်းဟာ လွန်စွာအရေးကြီးလှပါတယ်။ မိမိရဲ့ ဆံကေသာကို ကောင်းမွန်စွာထိန်းသိမ်း ခြင်းအားဖြင့် ဆံပင်အရောင်ကိုလည်း ကြာရှည်စွဲမြဲလှပစေနိုင်မှာဖြစ်ပါတယ်။

Pre-Coloring Hair Care Tips

- ဆေးမဆိုးမီ ဆံပင်ညှပ်ပါ။ ဒီလိုပုံသွင်းခြင်းအားဖြင့် ဆံပင်ကို ပိုမိုလွယ်ကူစွာကိုင်တွယ်နိုင်ပြီး ဆံပင်နှစ်ခွဖြစ်နေခဲ့ရင် လည်း ဖြတ်ပေးပြီးသားဖြစ်နိုင်ပါတယ်။

-ဆေးဆိုးခြင်းနဲ့ ဆံပင်ဖြောင့်ခြင်း၊ကောက်ခြင်းများကို တစ်ပြိုင်နက်တည်း မပြုလုပ်သင့်ပါဘူး။ ဓာတုဆေးဝါးများ အသုံးပြု ရခြင်းကြောင့် ဆံပင်များ ပျက်စီးနိုင်တဲ့အတွက် တစ်ပြိုင်တည်းမလုပ်ဘဲ နှစ်ပတ် ဒါမှမဟုတ် သုံးပတ်ခြားပြီးမှသာ လုပ် ဆောင်ပါ။

-ဆံပင်ကို ဆေးမဆိုးမီ Conditioning Treatment မပြုလုပ်သင့်ပါဘူး။ ခေါင်းလျှော်ပြီး ဆံပင်ကို ဦးရေပြားက သဘာဝ အဆီပြန်လည်ဖုံးလွှမ်းပေးနိုင်ဖို့ (၂)ရက်ခန့် အချိန်ယူပြီးမှ ဆေးဆိုးသင့်ပါတယ်။ ဆေးမဆိုးမီ Conditioning လုပ်ထား တဲ့ဆံသားဟာ ဆေးသားမ၀င်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

Post-Coloring Hair Care Tips

-ဆေးဆိုးထားတဲ့ ဆံပင်သားများအတွက် စီမံထုတ်လုပ်ထားတဲ့ Shampooကို အသုံးပြုပါ။ ဒီ Shampooများဟာ ဆံပင်ရဲ့ သဘာဝအစိုဓာတ်ကို ထိန်းထားပေးပြီး ဆံပင်အရောင်ကို မှန်ကန်လှပစေပါတယ်။

- ဆံပင်ကို အပူချိန်မြင့်မားစွာ Blow-dry လုပ်ခြင်းမှ ရှောင်ကြဉ်ပါ။ တတ်နိုင်သရွေ့ သဘာဝအတိုင်း ပ၀ါနဲ့ ခြောက်သွေ့ အောင် သုတ်ပေးသင့်ပါတယ်။

- Leave – in conditioner ကိုသုံးပေးပါ။ Leave – in အမျိုးအစား Conditioner အများစုမှာ Sunscreen ပါဝင်တဲ့အတွက် UV Ray များကြောင့် ဆံပင်ပျက်စီးမှုကိုပါ ကာကွယ်ပေးပြီး ဖြစ်နိုင်ပါလိမ့်မယ်။

- ကလိုရင်းဟာ ဆေးဆိုးထားတဲ့ဆံပင်များကို အလွန်အမင်း ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ဆေးဆိုးပြီး ရက်သတ္တ ပတ် အနည်းငယ်ခန့်အထိ ရေကူးကန်ထဲမှာ ရေမကူးသင့်ပါဘူး။ မဖြစ်မနေ ကူးမယ်ဆိုရင်လည်း လုံခြုံတဲ့ Swimming Cap ကို သေချာစွာဆောင်းပြီးမှ ရေထဲဆင်းသင့်ပါတယ်။

Resource: Fashion Image Magazine Vol.13, No.5, July 2010

No comments: