Sunday, July 11, 2021

Gender (ဂျင်ဒါ) ဟူသော ဝေါဟာရအကြောင်

 [Unicode]Gender (ဂျင်ဒါ) ဟူသော ဝေါဟာရအကြောင်



#Gender_Events

#HR_Management

#ဗဟုသုတ

(မြန်မာ လူမှုအဖွဲ့အစည်းကြား Gender စကားလုံးကို တွင်တွင်ကျယ်ကျယ်သုံးတာ အတော်ကြာနေပါပြီ။ သို့သော်လည်း သေချာ ဂဃနဏ ရေးသားထားသော ဆောင်းပါးများကတော့ လက်လှမ်းမီအောင် မရောက်ရှိခဲ့ပါဘူး။ အခု ၀ယ်ထားတာကြာပြီ ဖြစ်တဲ့ စာအုပ်ပုံကို ရှင်းရင်းမှ ဒေါက်တာထွန်းဝင်းရဲ့ စာအုပ်ကိုတွေ့တာမို့ အဲသည်ထဲက စိတ်ဝင်စားစရာ စာတစ်ပုဒ်အား ပြန်လည်ကူးယူ ဝေငှခြင်းဖြစ်ပါတယ်။)

Gender ဟူသော ဝေါဟာရသည် လူသားစီမံခန့်ခွဲရေး ဘာသာရပ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံတို့၌ ခေတ်စားလာသည်မှာတော့ သိပ်မကြာသေးပါ။ အဘယ်ကြောင့်ဆိုသော် ၁၉၉၇လောက်ကမှ ကျွန်တော် ကုလသမဂ္ဂ စီမံကိန်းတစ်ခုတွင် အလုပ်လုပ်ရာ နိုင်ငံ့ဝန်ထမ်းဌာနဆိုင်ရာတို့နှင့် ပူးပေါင်းလုပ်ကိုင်ရာတွင် ဌာနဆိုင်ရာဘက်မှ နိုင်ငံ့ဝန်ထမ်းအမျိုးသမီးတစ်ဦးနှင့် သိကျွမ်းခင်မင်ခဲ့ပါသည်။ ၁၉၉၈လောက်မှာတော့ သူမက ကျွန်တော့်အား လာရောက်နှုတ်ဆက်ပါသည်။ သူမသည် မဟာဘွဲ့တက်ရန် ပညာသင်ဆုကို နိုင်ငံတကာအဖွဲ့တစ်ခုက ရသဖြင့် ထိုင်းနိုင်ငံသို့ တစ်နှစ်ခွဲသွားရောက်မည်ဖြစ်ကြောင်း လာနှုတ်ဆက်၏။ ကျွန်တော်က ဘယ်ဘာသာရပ်နဲ့သွားပြီး Master ဘွဲ့ယူမှာလဲ မေးရာ သူမက Gender ဟုသာ တုံးတိတိဖြေ၏။ ကျွန်တော်က Gender ဟူသော ဝေါဟာရကို အဘိဓာန်တွင် ဖတ်ဖူးသော်လည်း ကျယ်ကျယ်ပြန့်ပြန့်မသိ၍ ဝေါဟာရတစ်ခုကို Master ဘွဲ့အထိ ကျယ်ပြန့်အောင် ဘာတွေများ သင်မှာပါလိမ့်ဟု တွေးမိ၏။ ၂၀၀၁ခုနှစ် လောက်ရောက်တော့ ကျွန်တော်သည် ကုလသမဂ္ဂ၏ နောက်ထပ်စီမံကိန်းတစ်ခုတွင် လုပ်ကိုင်နေရာ ဖွံ့ဖြိုးရေးအစည်းအဝေးတစ်ခုတွင် သူမကိုပြန်တွေ့ရပါသည်။ သူ၏ စီမံကိန်းက နိုင်ငံခြားသားအကြံပေးအရာရှိချုပ်နှင့် အတူလာရာတွင် သူမကို နိုင်ငံခြားသား မြန်မာနိုင်ငံ၏ ပထမဦးဆုံး Gender ပညာရှင်အဖြစ် အစည်းအဝေးတက်ရောက်သူများကို မိတ်ဆက်ပေး၏။ ထို့ကြောင့် Gender ကိစ္စသည် အနည်းငယ် စိမ်းနေသေး၍ လက်လှမ်းမီသလောက် တင်ပြလိုပါသည်။

တကယ်တော့ Gender ဟူသည် ကျားနှင့်မ ခြားနားမှုပင်ဖြစ်၏။ အမျိုးသားဝန်ထမ်းနှင့် အမျိုးသမီးဝန်ထမ်း ဘယ်လိုကွာခြားသလဲ စသဖြင့် လေ့လာစရာအများကြီးရှိပါ၏။ Gender ဟူသော ဝေါဟာရသည် Sex ဟူသော ဝေါဟာရနှင့် ဘယ်လိုကွာခြားပါသလဲဆိုသော် -

Sex is Biological difference between male and female. လိင်ဟူသည် ကျားနှင့်မ ဇီဝဗေဒတည်ဆောက်ပုံခြားနာချက်ကို လိင်(sex) ဟုခေါ်ပါ၏။ 

Gender is social difference between male and female. ဂျင်ဒါသည် ကျားနှင့်မ လူမှုခြားနားချက်ဖြစ်၏။


Sex ကိုဥပမာပေးရသော် ရိုးရိုးရှင်းရှင်းဥပမာမှာ အမျိုးသမီးတို့တွင် ကိုယ်ဝန်ဆောင်ရန်သားအိမ်ပါပြီး အမျိုးသားတို့တွင် သားအိမ်ပါမည် မဟုတ်။

Gender ဆိုင်ရာ ဖိုမခြားနားချက်မှာ -

ဥပဒေ၊

လူမှုရေး၊

ဘာသာရေး၊

ဓလေ့ထုံးတမ်းနယ်ပယ်တို့၌ ဖိုနှင့်မ ခြားနားချက် ဥပမာတစ်ခုမှာ ဗုဒ္ဓဘာသာတွင် ယောက်ျားသည် ရဟန်းပြုခွင့်ရှိပြီး မိန်းမတို့သည် ရဟန်းပြုခွင့်မရှိခြင်း စသဖြင့် ခြားနားချက်ပေါင်းများစွာရှိပါသည်။


ဥပဒေနယ်ပယ်တွင် ယောက်ျားသည် သူတစ်ပါးဇနီးနှင့် ငြိစွန်းက ပုဒ်မ ၄၉၇ အရ မယားခိုးမှုမြောက်၏။ မိန်းမသည် သူများလင်နှင့် ငြိစွန်းက ဤဥပဒေမရှိပြန်ပါ။ ၀န်ထမ်းခန့်ထားရေးတွင်လည်း ကျား/မ ခြားနားချက်ဆိုတာ ရှိလာပါသည်။ ဥပမာ-မြန်မာနိုင်ငံတွင် သားဖွားမီးယပ် ဆေးပညာနယ်ပယ်၌ ဆရာဝန်အများစုသည် အမျိုးသမီးများသာဖြစ်ပြီး အမျိုးသားနည်းပါးသည်။ သားဖွားသူနာပြု ခန့်ရာတွင်လည်း မိန်းမတွေကိုသာ ခန့်၏။


ကျွန်တော် INGO တို့၊ ကုလသမဂ္ဂတို့မှာ အလုပ်လုပ်တုန်းက အခြေခံဝန်ထမ်းနှင့် အရာရှိငယ်ဝန်ထမ်းများခန့်သော် အင်တာဗျူးရာတွင် နိုင်ငံခြားသားများ အင်တာဗျူးအဖွဲ့၌ မပါတော့ဘဲ မြန်မာတွေကပဲ အင်တာဗျူးခန့်ပါသည်။ မခန့်ခင် နိုင်ငံခြားသားတွေက Gender Balance ဖြစ်အောင် သတိထားပေးပါဟု ပြောလေ့ရှိ၏။ အမျိုးသားဝန်ထမ်းဦးရေနှင့် အမျိုးသမီးဝန်ထမ်းဦးရေအတွက် မျှမျှတတဖြစ်ဖို့ ဖြစ်ပါ၏။ ထို့ပြင် INGO များသို့ Gender Specialist, Gender Advisor စသော ရာထူးအသီးသီးဖြင့် နိုင်ငံခြားသားတွေ အလျှိုလျှို ရောက်လာကြရာ Gender ကိစ္စကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အလေးထားကြောင်း ခန့်မှန်းနိုင်ပါ၏။


သို့သော်လည်း Gender ၏ ဒဿနမှာ Ladies First ဆိုသလို အမျိုးသမီးဦးစားပေးရမည်ဟု မဆိုပါ။ အမျိုးသမီးဘက်က ရပ်တည်ပေး ခြင်းလည်း မဟုတ်ပါ။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ စွမ်းရည်အသီးသီး ကိုယ်စီကိုယ်ငှ ရှိကြရာတွင် ဘေးချိတ်ခံရခြင်းအားဖြင့် စွမ်းအင်များတိမ်မြုပ်မနေဘဲ သူ့နေရာနှင့်သူ အသုံးချနိုင်ရန်ဖြစ်၏။ တစ်နည်းအားဖြင့်တော့ Human Resource Management တစ်မျိုးသာဖြစ်၏။


ယခုခေတ်တွင် ကမ္ဘာပေါ်ရှိ အမျိုးသမီးသမ္မတ၊ အမျိုးသမီးဘုရင်၊ အမျိုးသမီးအာကာသလေယာဉ်မှူးတို့ပင် ရှိနေပြီဖြစ်ရာ မည်သည့် Gender ကိုမှ ဦးစားပေးမည်ဟူသော Gender Problem များနည်းလာပါပြီ။


အလုပ်လျှောက်လွှာပုံစံတွင် မိမိကိုယ်ရေးရာဇ၀င်၌ -

အမည် (Name)

အသက်

ကျား/မ (Sex) = ကျား (male) ဟုရေးမည့်အစား ဥပမာ - ကျား/မ (Gender) = ကျား (Male) ဟုရေးသင့်၏။

အလုပ်ရှင်ဘက်ကလည်း အလုပ်သမား၏ Gender ကို စဉ်းစား၍ သင့်သလိုခိုင်းမှ Proper Human Resources Utilization (လူသားရင်းမြစ် မှန်ကန်စွာ အသုံးချခြင်း) ဖြစ်သည်။

ဥပမာ - လက်နှိပ်စက်ရိုက်ခိုင်းသော် မိန်းကလေးနှင့် သင့်လျော်ပြီး စာပို့လုလင်လုပ်ခိုင်းသော် ယောက်ျားလေးနှင့် သင့်လျော်၏။


အလုပ်သမားဘက်ကလည်း အလုပ်ရှင် Gender ကို သတိထားရမည်။

အိန္ဒိယနိုင်ငံတွင် တစ်ခါက အဖြစ်အပျက်တစ်ခုမှာ မန်နေဂျာတစ်ယောက်သည် မိမိ၏လက်အောက်က စာရေးမလေးနှင့် ဘာလိုလို အစွပ်စွဲခံရသည်တွင် အုပ်ချုပ်သူမန်နေဂျင်းဒါရိုက်တာသည် အမျိုးသမီးဖြစ်နေသောအခါ ပြင်းပြင်းထန်ထန် အရေးယူခံရ၏။ အုပ်ချုပ်သူ အမျိုးသမီးတိုင်း ဤသို့ ပြင်းပြင်းထန်ထန် အရေးယူမည်လို့တော့ မဆိုလို။

အိန္ဒိယနိုင်ငံ၌ပင် အခြားအဖြစ်အပျက်၌ အလားတူမန်နေဂျာနှင့် စာရေးမလေး ဘာလိုလို အတိုင်ခံရပြန်ရာ မန်နေးဂျင်းဒါရိုက်တာသည် အမျိုးသားဖြစ်နေ၍ အရေးယူမှုနည်းနည်းပဲ ရှိပါသည်။

ဤသည်မှာ အလုပ်ရှင်တို့၏ Gender ခြားနားချက်ကြောင့် လုပ်ထုံးလုပ်နည်း Procedure ခြားနားခြင်းဖြစ်၏။


တစ်ခါတစ်ရံတွင်လည်း ရာထူးတက်ရေးအတွက် ၀န်ထမ်းအချင်းချင်း 

Competition ယှဉ်ပြိုင်ခြင်း၊

Fighting တိုက်ခိုက်ခြင်း၊

Assassination လုပ်ကြံခြင်းတို့ကို ပြုလုပ်တတ်၏။


ထိုအခါ အမျိုးသမီးအလုပ်ရှင်အုပ်ချုပ်သောအဖွဲ့၌ အမျိုးသားတက်လမ်းရှိသော မန်နေဂျာတို့ကို လုပ်ကြံရာတွင် မိန်းမရှုပ်သည်ဟု လုပ်ကြံ ပြောသော် အမျိုးသားမန်နေဂျာတို့ အထိနာတတ်သည်ကို သတိချပ်ရန် လိုပါသည်။


အမျိုးသားအုပ်ချုပ်သူ မန်နေဂျင်းဒါရိုက်တာ အုပ်ချုပ်သောအဖွဲ့မူကား ဤသို့ မိန်းမကိစ္စနှင့် လုပ်ကြံသော် သေကွင်းကိုမထိသဖြင့် အခြား လုပ်ကြံစရာအကြောင်းကို ရှာဖွေလေ့ရှိပါသည်။


ဤကိစ္စများသည်ကား General Events ခေါ် ကျား/မ ခြားနားမှုဆိုင်ရာ အဖြစ်အပျက်များ ဖြစ်ကြပါသတည်း။


ရေးသားသူ - ဒေါက်တာ ထွန်းဝင်း

ပါရှိသည့်စာအုပ် - လိင် နှင့် ကျား မဆိုင်ရာနိုင်ငံရေး (Sex and Gender Politics) စာမျက်နှာ ၁၀၃



[Zawgyi]Gender (ဂ်င္ဒါ) ဟူေသာ ေေဝါဟာရအေၾကာင္



#Gender_Events

#HR_Management

#ဗဟုသုတ

(ျမန္မာ လူမႈအဖြဲ႔အစည္းၾကား Gender စကားလံုးကို တြင္တြင္က်ယ္က်ယ္သံုးတာ အေတာ္ၾကာေနပါၿပီ။ သို႔ေသာ္လည္း ေသခ်ာ ဂဃနဏ ေရးသားထားေသာ ေဆာင္းပါးမ်ားကေတာ့ လက္လွမ္းမီေအာင္ မေရာက္ရိွခဲ့ပါဘူး။ အခု ၀ယ္ထားတာၾကာၿပီ ျဖစ္တဲ့ စာအုပ္ပံုကို ရွင္းရင္းမွ ေဒါက္တာထြန္းဝင္းရဲ့ စာအုပ္ကိုေတြ့တာမို႔ အဲသည္ထဲက စိတ္ဝင္စားစရာ စာတစ္ပုဒ္အား ျပန္လည္ကူးယူ ေဝငျွခင္းျဖစ္ပါတယ္။)

Gender ဟူေသာ ေဝါဟာရသည္ လူသားစီမံခန႔္ခြဲေရး ဘာသာရပ္တြင္ ဖြံ႔ၿဖိဳးဆဲႏိုင္ငံတို႔၌ ေခတ္စားလာသည္မွာေတာ့ သိပ္မၾကာေသးပါ။ အဘယ္ေၾကာင့္ဆိုေသာ္ ၁၉၉၇ေလာက္ကမွ ကြၽန္ေတာ္ ကုလသမဂၢ စီမံကိန္းတစ္ခုတြင္ အလုပ္လုပ္ရာ ႏိုင္ငံ့ဝန္ထမ္းဌာနဆိုင္ရာတို႔ႏွင့္ ပူးေပါင္းလုပ္ကိုင္ရာတြင္ ဌာနဆိုင္ရာဘက္မွ ႏိုင္ငံ့ဝန္ထမ္းအမ်ိဳးသမီးတစ္ဦးႏွင့္ သိကြၽမ္းခင္မင္ခဲ့ပါသည္။ ၁၉၉၈ေလာက္မွာေတာ့ သူမက ကြၽန္ေတာ့္အား လာေရာက္ႏႈတ္ဆက္ပါသည္။ သူမသည္ မဟာဘြဲ႔တက္ရန္ ပညာသင္ဆုကို ႏိုင္ငံတကာအဖြဲ႔တစ္ခုက ရသျဖင့္ ထိုင္းႏိုင္ငံသို႔ တစ္ႏွစ္ခြဲသြားေရာက္မည္ျဖစ္ေၾကာင္း လာႏႈတ္ဆက္၏။ ကြၽန္ေတာ္က ဘယ္ဘာသာရပ္နဲ႔သြားၿပီး Master ဘြဲ႔ယူမွာလဲ ေမးရာ သူမက Gender ဟုသာ တံုးတိတိေျဖ၏။ ကြၽန္ေတာ္က Gender ဟူေသာ ေဝါဟာရကို အဘိဓာန္တြင္ ဖတ္ဖူးေသာ္လည္း က်ယ္က်ယ္ျပန႔္ျပန႔္မသိ၍ ေဝါဟာရတစ္ခုကို Master ဘြဲ႔အထိ က်ယ္ျပန႔္ေအာင္ ဘာေတြမ်ား သင္မွာပါလိမ့္ဟု ေတြးမိ၏။ ၂၀၀၁ခုႏွစ္ ေလာက္ေရာက္ေတာ့ ကြၽန္ေတာ္သည္ ကုလသမဂၢ၏ ေနာက္ထပ္စီမံကိန္းတစ္ခုတြင္ လုပ္ကိုင္ေနရာ ဖြံ႔ၿဖိဳးေရးအစည္းအေဝးတစ္ခုတြင္ သူမကိုျပန္ေတြ့ရပါသည္။ သူ၏ စီမံကိန္းက ႏိုင္ငံျခားသားအႀကံေပးအရာရိွခ်ဳပ္ႏွင့္ အတူလာရာတြင္ သူမကို ႏိုင္ငံျခားသား ျမန္မာႏိုင္ငံ၏ ပထမဦးဆံုး Gender ပညာရွင္အျဖစ္ အစည္းအေဝးတက္ေရာက္သူမ်ားကို မိတ္ဆက္ေပး၏။ ထို႔ေၾကာင့္ Gender ကိစၥသည္ အနည္းငယ္ စိမ္းေနေသး၍ လက္လွမ္းမီသေလာက္ တင္ျပလိုပါသည္။

တကယ္ေတာ့ Gender ဟူသည္ က်ားႏွင့္မ ျခားနားမႈပင္ျဖစ္၏။ အမ်ိဳးသားဝန္ထမ္းႏွင့္ အမ်ိဳးသမီးဝန္ထမ္း ဘယ္လိုကြာျခားသလဲ စသျဖင့္ ေလ့လာစရာအမ်ားႀကီးရိွပါ၏။ Gender ဟူေသာ ေဝါဟာရသည္ Sex ဟူေသာ ေဝါဟာရႏွင့္ ဘယ္လိုကြာျခားပါသလဲဆိုေသာ္ -

Sex is Biological difference between male and female. လိင္ဟူသည္ က်ားႏွင့္မ ဇီဝေဗဒတည္ေဆာက္ပံုျခားနာခ်က္ကို လိင္(sex) ဟုေခၚပါ၏။ 

Gender is social difference between male and female. ဂ်င္ဒါသည္ က်ားႏွင့္မ လူမႈျခားနားခ်က္ျဖစ္၏။


Sex ကိုဥပမာေပးရေသာ္ ရိုးရိုးရွင္းရွင္းဥပမာမွာ အမ်ိဳးသမီးတို႔တြင္ ကိုယ္ဝန္ေဆာင္ရန္သားအိမ္ပါၿပီး အမ်ိဳးသားတို႔တြင္ သားအိမ္ပါမည္ မဟုတ္။

Gender ဆိုင္ရာ ဖိုမျခားနားခ်က္မွာ -

ဥပေဒ၊

လူမႈေရး၊

ဘာသာေရး၊

ဓေလ့ထံုးတမ္းနယ္ပယ္တို႔၌ ဖိုႏွင့္မ ျခားနားခ်က္ ဥပမာတစ္ခုမွာ ဗုဒၶဘာသာတြင္ ေယာက္်ားသည္ ရဟန္းျပဳခြင့္ရိွၿပီး မိန္းမတို႔သည္ ရဟန္းျပဳခြင့္မရိျွခင္း စသျဖင့္ ျခားနားခ်က္ေပါင္းမ်ားစြာရိွပါသည္။


ဥပေဒနယ္ပယ္တြင္ ေယာက္်ားသည္ သူတစ္ပါးဇနီးႏွင့္ ၿငိစြန္းက ပုဒ္မ ၄၉၇ အရ မယားခိုးမႈေျမာက္၏။ မိန္းမသည္ သူမ်ားလင္ႏွင့္ ၿငိစြန္းက ဤဥပေဒမရိျွပန္ပါ။ ၀န္ထမ္းခန႔္ထားေရးတြင္လည္း က်ား/မ ျခားနားခ်က္ဆိုတာ ရိွလာပါသည္။ ဥပမာ-ျမန္မာႏိုင္ငံတြင္ သားဖြားမီးယပ္ ေဆးပညာနယ္ပယ္၌ ဆရာဝန္အမ်ားစုသည္ အမ်ိဳးသမီးမ်ားသာျဖစ္ၿပီး အမ်ိဳးသားနည္းပါးသည္။ သားဖြားသူနာျပဳ ခန႔္ရာတြင္လည္း မိန္းမေတြကိုသာ ခန႔္၏။


ကြၽန္ေတာ္ INGO တို႔၊ ကုလသမဂၢတို႔မွာ အလုပ္လုပ္တုန္းက အေျခခံဝန္ထမ္းႏွင့္ အရာရိွငယ္ဝန္ထမ္းမ်ားခန႔္ေသာ္ အင္တာဗ်ူးရာတြင္ ႏိုင္ငံျခားသားမ်ား အင္တာဗ်ူးအဖြဲ႔၌ မပါေတာ့ဘဲ ျမန္မာေတြကပဲ အင္တာဗ်ူးခန႔္ပါသည္။ မခန႔္ခင္ ႏိုင္ငံျခားသားေတြက Gender Balance ျဖစ္ေအာင္ သတိထားေပးပါဟု ေျပာေလ့ရိွ၏။ အမ်ိဳးသားဝန္ထမ္းဦးေရႏွင့္ အမ်ိဳးသမီးဝန္ထမ္းဦးေရအတြက္ မ်ွမ်ွတတျဖစ္ဖို႔ ျဖစ္ပါ၏။ ထို႔ျပင္ INGO မ်ားသို႔ Gender Specialist, Gender Advisor စေသာ ရာထူးအသီးသီးျဖင့္ ႏိုင္ငံျခားသားေတြ အလ်ိႈလ်ိႈ ေရာက္လာၾကရာ Gender ကိစၥကို ဖြံ႔ၿဖိဳးၿပီးႏိုင္ငံမ်ားတြင္ အေလးထားေၾကာင္း ခန႔္မွန္းႏိုင္ပါ၏။


သို႔ေသာ္လည္း Gender ၏ ဒႆနမွာ Ladies First ဆိုသလို အမ်ိဳးသမီးဦးစားေပးရမည္ဟု မဆိုပါ။ အမ်ိဳးသမီးဘက္က ရပ္တည္ေပး ျခင္းလည္း မဟုတ္ပါ။ အမ်ိဳးသားျဖစ္ေစ၊ အမ်ိဳးသမီးျဖစ္ေစ စြမ္းရည္အသီးသီး ကိုယ္စီကိုယ္ငွ ရိွၾကရာတြင္ ေဘးခ်ိတ္ခံရျခင္းအားျဖင့္ စြမ္းအင္မ်ားတိမ္ျမဳပ္မေနဘဲ သူ႔ေနရာႏွင့္သူ အသံုးခ်ႏိုင္ရန္ျဖစ္၏။ တစ္နည္းအားျဖင့္ေတာ့ Human Resource Management တစ္မ်ိဳးသာျဖစ္၏။


ယခုေခတ္တြင္ ကမ႓ာေပၚရိွ အမ်ိဳးသမီးသမၼတ၊ အမ်ိဳးသမီးဘုရင္၊ အမ်ိဳးသမီးအာကာသေလယာဉ္မွဴးတို႔ပင္ ရိွေနၿပီျဖစ္ရာ မည္သၫ့္ Gender ကိုမွ ဦးစားေပးမည္ဟူေသာ Gender Problem မ်ားနည္းလာပါၿပီ။


အလုပ္ေလ်ွာက္လႊာပံုစံတြင္ မိမိကိုယ္ေရးရာဇ၀င္၌ -

အမည္ (Name)

အသက္

က်ား/မ (Sex) = က်ား (male) ဟုေရးမၫ့္အစား ဥပမာ - က်ား/မ (Gender) = က်ား (Male) ဟုေရးသင့္၏။

အလုပ္ရွင္ဘက္ကလည္း အလုပ္သမား၏ Gender ကို စဉ္းစား၍ သင့္သလိုခိုင္းမွ Proper Human Resources Utilization (လူသားရင္းျမစ္ မွန္ကန္စြာ အသံုးခ်ျခင္း) ျဖစ္သည္။

ဥပမာ - လက္ႏိွပ္စက္ရိုက္ခိုင္းေသာ္ မိန္းကေလးႏွင့္ သင့္ေလ်ာ္ၿပီး စာပို႔လုလင္လုပ္ခိုင္းေသာ္ ေယာက္်ားေလးႏွင့္ သင့္ေလ်ာ္၏။


အလုပ္သမားဘက္ကလည္း အလုပ္ရွင္ Gender ကို သတိထားရမည္။

အိႏၵိယႏိုင္ငံတြင္ တစ္ခါက အျဖစ္အပ်က္တစ္ခုမွာ မန္ေနဂ်ာတစ္ေယာက္သည္ မိမိ၏လက္ေအာက္က စာေရးမေလးႏွင့္ ဘာလိုလို အစြပ္စြဲခံရသည္တြင္ အုပ္ခ်ဳပ္သူမန္ေနဂ်င္းဒါရိုက္တာသည္ အမ်ိဳးသမီးျဖစ္ေနေသာအခါ ျပင္းျပင္းထန္ထန္ အေရးယူခံရ၏။ အုပ္ခ်ဳပ္သူ အမ်ိဳးသမီးတိုင္း ဤသို႔ ျပင္းျပင္းထန္ထန္ အေရးယူမည္လို႔ေတာ့ မဆိုလို။

အိႏၵိယႏိုင္ငံ၌ပင္ အျခားအျဖစ္အပ်က္၌ အလားတူမန္ေနဂ်ာႏွင့္ စာေရးမေလး ဘာလိုလို အတိုင္ခံရျပန္ရာ မန္ေနးဂ်င္းဒါရိုက္တာသည္ အမ်ိဳးသားျဖစ္ေန၍ အေရးယူမႈနည္းနည္းပဲ ရိွပါသည္။

ဤသည္မွာ အလုပ္ရွင္တို႔၏ Gender ျခားနားခ်က္ေၾကာင့္ လုပ္ထံုးလုပ္နည္း Procedure ျခားနားျခင္းျဖစ္၏။


တစ္ခါတစ္ရံတြင္လည္း ရာထူးတက္ေရးအတြက္ ၀န္ထမ္းအခ်င္းခ်င္း 

Competition ယွဉ္ၿပိဳင္ျခင္း၊

Fighting တိုက္ခိုက္ျခင္း၊

Assassination လုပ္ႀကံျခင္းတို႔ကို ျပဳလုပ္တတ္၏။


ထိုအခါ အမ်ိဳးသမီးအလုပ္ရွင္အုပ္ခ်ဳပ္ေသာအဖြဲ႔၌ အမ်ိဳးသားတက္လမ္းရိွေသာ မန္ေနဂ်ာတို႔ကို လုပ္ႀကံရာတြင္ မိန္းမရႈပ္သည္ဟု လုပ္ႀကံ ေျပာေသာ္ အမ်ိဳးသားမန္ေနဂ်ာတို႔ အထိနာတတ္သည္ကို သတိခ်ပ္ရန္ လိုပါသည္။


အမ်ိဳးသားအုပ္ခ်ဳပ္သူ မန္ေနဂ်င္းဒါရိုက္တာ အုပ္ခ်ဳပ္ေသာအဖြဲ႔မူကား ဤသို႔ မိန္းမကိစၥႏွင့္ လုပ္ႀကံေသာ္ ေသကြင္းကိုမထိသျဖင့္ အျခား လုပ္ႀကံစရာအေၾကာင္းကို ရွာေဖြေလ့ရိွပါသည္။


ဤကိစၥမ်ားသည္ကား General Events ေခၚ က်ား/မ ျခားနားမႈဆိုင္ရာ အျဖစ္အပ်က္မ်ား ျဖစ္ၾကပါသတည္း။


ေရးသားသူ - ေဒါက္တာ ထြန္းဝင္း

ပါရိွသၫ့္စာအုပ္ - လိင္ ႏွင့္ က်ား မဆိုင္ရာႏိုင္ငံေရး (Sex and Gender Politics) စာမ်က္ႏွာ ၁၀၃


No comments: