[Unicode]အိမ်ရှင် အိမ်ငှား၊ မြေရှင် မြေငှားနဲ့ ပတ်သက်သော ဥပဒေအကြောင်းအရာ အချို့
#Legal_Informations
#ဥပဒေရေးရာဗဟုသုတ
#အိမ်ရှင်အိမ်ငှား
(မြို့ပြမှာပဲဖြစ်ဖြစ် နယ်မြေအသစ်မှာပဲဖြစ်ဖြစ် အိုးပိုင်အိမ်ပိုင်မရှိသေးသူများနဲ့ နဂိုမူလဒေသခံအိမ်ပိုင်ရှင်များကြား ပြဿနာတစ်စုံတစ်ခု ကြုံလာကြရင် ဘာပဲဖြစ်ဖြစ် သိထားသင့်တဲ့ ဥပဒေရေးရာအကြောင်းအရာအချို့ကိုပြန်လည်ဝေငှလိုက်ပါတယ်။ အကုန်အစင်မဟုတ် သော်ငြား နည်းနည်းသိ နည်းနည်းအကျိုးရှိတာပေါ့နော်။)
အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ
====================
- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှင့် သက် ဆိုင်ပါသည်။
- သာမန်အားဖြင့် လအလိုက် သို့မဟုတ် နှစ်အလိုက်ငှားရမ်းခြင်းတို့ကို အိမ်ရှင်နှင့်အိမ်ငှားတို့က အိမ်ငှားပဋိညာဉ်စာချုပ်ကိုချုပ်ဆို၍ ဆောင် ရွက်ကြပါသည်။
- အင်္ဂလိပ် လ၊ ရက်ဖြင့် ငှားရမ်းခြင်းလား သို့မဟုတ် မြန်မာလ၊ ရက်ဖြင့်ငှားရမ်းခြင်းလား အိမ်ငှား စာချုပ်တွင်တိတိကျကျ ဖော်ပြချုပ်ဆိုရန် ဖြစ်ပါသည်။
- အင်္ဂလိပ်လ ( ၁ )ရက်နေ့မှစတင်၍ လအလိုက် ငှားရမ်းခြင်းဖြစ်ပါက ( ၃၀ ) သို့မဟုတ် ( ၃၁ ) ရက်နေ့တွင် တစ်လဟု သတ်မှတ်ပါသည်။ လကုန်ရက်မှာ ( ၃၀ )ဖြစ်ပါက ( ၃၀ ) ရက်နေ့ကို တစ်လ ဟု သတ်မှတ်ပါသည်။
- အိမ်ငှားသေဆုံးသွားပါက သေဆုံးသူ အိမ်ငှား၏တရားဝင်ကိုယ်စား လှယ်မှာ အိမ်ငှားဟု ဥပဒေက ( By Operation of law ) အသိ အမှတ်ပြုသည်။
- အိမ်ငှားသေဆုံးသွားပါက အိမ်ငှားနှင့်အတူ နေသော အမွေစား၊ အမွေခံတုိ့သည် ဥပဒေအရ တရား ဝင်အိမ်ငှား ဖြစ်သွားပါသည်။
- ပစ္စည်းလွှဲပြောင်းရေး ဥပဒေပုဒ်မ ၁၀၅ တွင် A lease of immoveable property is the tranfer of the right to enjoy ဟု ဖွင့်ဆိုထားပါသည်။
- မြို့ပြဒေသအတွင်း ငှားရမ်းခြင်းကို ရပ်စွဲ( terminate ) လိုပါက အိမ်ငှားထံ ရက်သတ္တပတ် ( ၃ ) ပတ် ကုန်ဆုံးပြီးနောက် ဖယ်ရှားပေးရန် နို့တစ်စာပေးရမည်။ ငှားရမ်းသည့်လကုန်ဆုံးသည့် နေ့ရက်နှင့် လည်း ကိုက်ညီမှု ရှိရန်လိုပါသည်။ မြို့ပြဒေသမဟုတ်သောနေရာဒေသအတွက် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၀၆ အရ ( ၁၅ ) ရက် ကုန်ဆုံးပြီးနောက် ဖယ်ရှားပေးရန် နို့တစ်စာပေးရပါမည်။
- အိမ်ရှင်ရရန်ရှိသော ငှားရမ်းခများအနက် ( ၃ ) နစ်ကျော်လွန်သောငှားရမ်းခများကိုတောင်းဆိုရန် ကာလစည်းကမ်းသတ်ဥပဒေအရ ဆုံးရှုံးသွားပြီးဖြစ်၍ တောင်းခံနိုင်ခွင့်ရှိမည်မဟုတ်ပါ။
- အိမ်ငှားခြင်းဟု ဆိုရာတွင် အိမ်ဆောက်ထားသော မြေကြီးလည်းပါဝင်သည်ဟု စီရင်ထုံးများက ညွှန်ပြထားပါသည်။ အိမ်မီးလောင်သွားသော် လည်းအိမ်ငှားက ယင်း၏ အိမ်ငှားအကျိုးခံစားခွင့်ကို စွန့်လွှတ်ခြင်းမရှိပါက သက်ဆိုင်ရာတို့ကလည်း မီးလောင်မြေကို ပြန်လည်ချထားပေးရာတွင် နေထိုင် ခွင့်ပြုမည်ဖြစ်ပါသည်။ အိမ်ရှင်က မီးလောင်မြေပေါ်တွင် အိမ်ပြန်ဆောက်ပြီး အိမ်ငှားအား လက်မဲ့ဖြစ် စေရန် ဆောင်ရွက်နိုင်ခွင့်မရှိပါ။
- အိမ်ကိုပြန်လည်ဆောက်လုပ်ရန် အကြောင်းပြချက်ပေးပြီး အိမ်ငှားက ဖယ်ရှားပေးရန် တရားရုံးက ဒီကရီချမှတ်ပေးသည့် အမှုတွင် အိမ်ကိုတရားရုံးက သတ်မှတ်ပေးသည့်ကာလအတွင်း အိမ်သစ်ကို အိမ်ရှင်က အပြီးဆောက်လုပ်ရပါမည်။ အိမ်ဆောက်ပြီးပါက ခံဝန်ချုပ်ပါအတိုင်း အိမ်ငှားအား ပြန်တင် ပေး ရပါမည်။ အိမ်ငှားအား ပြန်မတင်ပါက တရားရုံးက ဒီကရီအရ မလွှဲမသွေ ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုရမည့်အပြင် ခံဝန်ချုပ်ပယ်ဖျက်မှုအရ ခံဝန်ချုပ်ပါ ငွေသားကို အိမ်ရှင်က ပေးလျော်စေရ မည်ဟု အမိန့်ချမှတ်ရပါမည်။ ( ပုဒ်မ ၁၂ ( ၁ ) ( ဂ ) ကိုကြည့်ပါ )
- အိမ်ရှင်အိမ်ငှားစာချုပ်တွင် တစ်ဆင့်ခံ အိမ်ငှားချထားခွင့် မပြုဟု အတိအလင်းပါရှိသည့် ကိစ္စတွင် အိမ်ငှားသည် တစ်ဆင့်ခံ အိမ်ငှား ( Sub tenant ) ချထားပါက အိမ်ရှင်သည်အိမ်ငှားအပေါ် အိမ်ငှား စာချုပ်ပါ စည်းကမ်းချက်ဖောက်ဖျက်မှုအရ အိမ်နှင့်လိုမှုစွဲဆိုနိုင်ခွင့်ရှိပါသည်။ ( ပုဒ်မ ၁၂ ( ၁ ) ( က ) ဒုတိယပိုင်း ကိုကြည့်ပါ )
- အိမ်ငှားအပေါ်ငှားရမ်းသည့်နေအိမ်မှ ဖယ်ရှားပေးစေလိုမှုတွင် တစ်ဆင့်ခံအိမ်ငှားအား အမှုသည် အဖြစ် ထည့်သွင်းစွဲဆိုရန်လိုအပ်မည်မဟုတ်ပါ။ အကြောင်းမှာ တရားရှုံးအိမ်ငှားကို အကြောင်းပြုပြီး နေထိုင်သူအားလုံး ( မိသားစုအပါအဝင် ) ဒီကရီတွင် အကျုံးဝင်မည် ( bound by the decree ) ဖြစ်၍ ဖယ်ရှားနိုင်မည်ဖြစ်ပါသည်။
- ကြွေးကျန်အိမ်ငှားခများရလိုမှုအရ အိမ်ငှားအပေါ်စွဲဆိုသည့် အိမ်နှင်လိုမှုတွင် အိမ်ငှားက ပေးရန်ရှိ သော ငှားရမ်းခကြွေးကျန်များကို အမှုအတွင်းဖြစ်စေ၊ တရားရုံးကသတ်မှတ်ပေးသည့် ကာလအတွင်း အပြေအကျေပေးသွင်းပါက အိမ်ငှားရမ်းအားဖယ်ရှားခြင်းမပြုနိုင်ပါ။
- ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၅ ( ၁ ) အရ ဒီကရီအရ အိမ်ငှားက ပေးရန်ရှိသော ငှားရမ်းခများကို အရစ်ကျပေးဆောင်ခြင်းပြုရန် တရားရုံးတွင် လျှောက်ထား နိုင်ခွင့်ရှိပါသည်။ တရားရုံးကလည်း အရစ်သတ်မှတ်ပေးပြီးပေးသွင်းရမည်ဟု အမိန့်ချမှတ်နိုင်ခွင့်ရှိပါ သည်။ တရားရုံးက အရစ်ကျပေးဆပ်ရန် သတ် မှတ်ပေးသည့် အမိန့်ကိုအိမ်ငှားက ဖောက်ဖျက်ပါက အိမ်မှဖယ်ရှားပေးရန် တရားရုံးကဆောင်ရွက်ပေးရပါမည်။
- အိမ်ရှင်အိမ်ငှားအမှုတွင် တရားရုံးအဆင့်ဆင့်၌ အိမ်ငှား အမှုရှုံးနိမ့်ခဲ့ပြီးနောက် ငှားရမ်းခကြီးကြပ် ရေး အက်ဥပဒေပုဒ်မ ၁၃ ( ၁ ) အရ ငှားရမ်းခ ကြီးကြပ်ရေးဝန်ရုံးတွင် အိမ်ငှားအဖြစ် အသိအမှတ်ပြု၍ ယင်းဥပစာတွင် ဆက်လက်နေထိုင်ခွင့်ပြုရန် လျှောက်ထားလာပါက ငှားရမ်းခကြီးကြပ်ရေးဝန်က တရားရှုံးအိမ်ငှားအား အချင်းဖြစ်အိမ်ခန်းတွင် ဆက် လက်နေထိုင်ခွင့်ပြုပါက ဥပဒေနှင့်ညီညွတ်သော အမိန့်ဖြစ်မည်မဟုတ်ပါ။ အကြောင်းမှာ ပုဒ်မ ၁၃ ( ၁ ) တွင် အိမ်ငှားမဟုတ်စေကာမူ ဆိုသည့် စကားရပ်တွင် အိမ်ငှားမပါဝင်ကြောင်း ယခင်နိုင်ငံတော်ကောင်စီ က အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီးဖြစ်ပါသည်။
- ငှားရမ်းခြင်းသက်တမ်းကုန်ဆုံးပြီးနောက် အိမ်ငှားကဖယ်ရှားမပေးဘဲ ဆက်လက်နေထိုင်ပါက ကျုးကျော်နေထိုင်သူဟု မသတ်မှတ်နိုင်ပါ။ အချို့အမှုတွင် ငှားရမ်းခြင်းကုန်ဆုံးသဖြင့် အိမ်ငှားက ဖယ်ရှားမပေးသဖြင့် နှစ်ဘက်ညှိနှိုင်းရာ ( ၆ )လ သို့မဟုတ် ( ၁ ) နှစ်အခွင့် အမိန့်ဖြင့် နေထိုင်ခွင့်ပြု သည့်ကတိစာချုပ်ကို ချုပ်ဆိုသည့်တိုင်အောင် အိမ်ငှားဟုဆိုရပါမည်။ ထိုသို့ ( ၆ )လ ၊ ( ၁ ) နှစ် အခွင့် အမိန့်ဖြင့် နေထိုင်ခွင့်ပြုသည့် ကတိ စာချုပ်ကို ချုပ်ဆိုသည့်တိုင်အောင် အိမ်ငှားဟုဆိုရပါမည်။ ထိုသို့ ( ၆ ) လ ၊ ( ၁ ) နှစ် အခွင့်အမိန့်ဖြင့်နေထိုင်ခွင့်ပြုပြီးနောက် အိမ်ငှားက ဖယ် ရှားမပေးပါက အခွင့် အမိန့် ဖြင့် ဖယ်ရှားပေးစေလိုမှုမစွဲဆိုနိုင်ပါ။ အိမ်ရှင်အိမ်ငှားဥပဒေအရ အိမ်ငှားအားဖယ်ရှားပေးစေလိုမှုသာ စွဲဆိုလျှင် form of suit မှန်ကန်ပေမည်။
( အညွှန်း- ဦးဗကြိုင် (B.A , B.L ) ၊ လူတိုင်းအတွက်တရားမမှုဆိုင်ရာ ဥပဒေရေးရာအဖြာဖြာ ၊ စာ ၁၄ ) #DVBLawLab
#ခွင့်ပြုချက်ဖြင့် အခမဲ့နေထိုင်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ သိထားသင့်သည့်အချက်များ
အခွင့်အမိန့်ဟူသည် ပစ္စည်းတွင် အကျိုးသက်ဆိုင်ခွင့်ကို လွှဲပြောင်းခြင်းမပြုဘဲ အလိုတူသောပြုလုပ်မှုတစ်ခုကို မတ
ရားမဖြစ်စေရန် တားဆီးရုံသာတားဆီးသော သဘောတူညီမှုဖြစ်သည်။
‘’ Licensee is ‘ that consent ’which ,without passing any interest in the property to which it relates,marely
prevents the act for which consent is given from being from being wrongful.''
အချို့သူများသည် မိမိတို့၏ ဆွေမျိုးမိတ်ဆွေများအား မိမိတို့ပိုင်(သို့မဟုတ်) မိမိလက်ရှိဖြစ်သည့် အဆောက်အအုံ(သို့မဟုတ်)
မြေတွင် အဆောက်အအုံ ဆောက်လုပ်စေ၍ မေတ္တာရိ နေခွင့်ပြုတက်ကြသည်။ ပိုင်ရှင်၏ခွင့်ပြုချက်အရ နေထိုင်သူများမှာ ပိုင်
ဆိုင်ခွင့် လုံးဝရှိသူမဟုတ်၍ ပိုင်ရှင်ခွင့်ပြုသည့်ကာလသာ နေခွင့်ရရှိပါသည်။ ပိုင်ရှင်အနေနှင့် ၎င်း၏ခွင့်ပြုချက်ကို အချိန်မရွှေး
ရပ်စဲနိုင်သည်။ ယင်းသို့ရပ်စဲလျှင် ခွင့်ပြုချက်အရ နေထိုင်သူသည် ပစ္စည်းပေါ်မှ မထွက်ခွာလိုကြောင်း မခုခံနိုင်ပေ။
ခင်ပွန်းနှင့်အတူနေသူ ဇနီးသည်၊ ခင်ပွန်းသည်၏ ဥပစာတွင် ၎င်း၏ခွင့်ပြုချက်အရ နေထိုင်သူမဟုတ်ပေ။ထိုနည်းတူ ဖခင်နှင့်အ
တူနေ သားသမီးသည်လည်း ဖခင်ပိုင်ဥပစာတွင် ၎င်း၏ခွင့်ပြုချက်ဖြင့် နေထိုင်သူမဟုတ်ပေ။
အခမဲ့နေထိုင်ခွင့်ပြုသူ သေဆုံးသည့်တိုင် ၎င်း၏အမွေဆက်ခံသူများကဖြစ်စေ၊ တစ်ဦးတည်းကဖြစ်စေ၊ သေဆုံးသူ၏ အခွင့်အ
မိန့်ဖြင့် နေထိုင်သူအား ဥပစာမှဖယ်ရှားရန် တရားစွဲနိုင်ပါသည်။
ခွင့်ပြုချက်အရ နေထိုင်သူများ ကွယ်လွန်ပြီးနောက် အတူနေသားသမီးများကို အခွင့်အမိန့်အရ နေထိုင်သူများအဖြစ် ဖယ်ရှားခွင့်
ရှိသည်။
ခွင့်ပြုချက်ဖြင့်နေသူက အခြားတစ်ယောက်ကို ထပ်ဆင့်နေထိုင်ခွင့်ပေးလျှင် ထိုသူသည်လည်း ခွင့်ပြုချက်ဖြင့်နေသည့်သဘော
သက်ရောက်ပါသည်။
မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေနှင့် သက်ဆိုင်ခြင်းမရှိပေ။
သက်သေခံအက်ဥပဒေ ပုဒ်မ-၁၁၆ အရ ခွင့်ပြုမိန့်နှင့်နေထိုင်သူအား ပစ္စည်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင်ထားပါသည်။ အခွင့်အမိန့်အရ
နေသူနှစ်မျိုးနေသူနှစ်မျိုး ရှိပါသည်။
ပထမတစ်မျိုးမှာ- စည်းကမ်းချက်ဖြင့် နှောင့်ဖွဲ့ခြင်းမပြုဘဲ ဥပစာတွင် နေထိုင်ခွင့်ရသူကို အခွင့်အမိန့်သက်သက်အရ နေသူ
(Bare Licensee) ဟု ခေါ်ပါသည်။ ခွင့်ပြုထားသူ ခွင့်ပြုထားသည့်ကာလအတွင်းသာ ဥပစာတွင် နေခွင့်ရမည်
ဖြစ်သည်။
ဒုတိယတစ်မျိုးမှာ- ပဋိညာဉ်အရ အခွင့်အမိန့်နှင့်နေသူ(Contractual Licensee) ဟု ခေါ်ပါသည်။ သာမန်အခွင့်အမိန့်အရ နေသူ
နှင့်အခွင့်အရေးချင်း မတူပေ။ နေထိုင်ခွင့်ပေးထားခြင်းကိုမှု ပြန်လည်ရုပ်သိမ်းခွင့်မရပေ။ ဥပမာ-သွားလာခွင့် ပြုထားသည့်လမ်းအား ပြန်လည်ရုပ်သိမ်းခွင့်မရှိပေ။
"ကျူးကျော်သူအား နှင်ထုတ်လိုမှု"
အိမ်မြေက နှင်ထုတ်လိုမှုများအကြောင်းကို တင်ပြနေပါတယ်။
(၁) အိမ်ရှင်က အိမ်ငှားကို နှင်ထုတ်နည်းအကြောင်း၊
(၂) အခွင့်နှင့်နေသူကို နှင်ထုတ်နည်းအကြောင်း တင်ပြခဲ့ပြီးပါပြီ။
(၃) ကျူးကျော်တဲ့လူကို ကျူးကျော်တဲ့အိမ်၊ မြေ၊ အစိတ်အပိုင်းက နှင်ထုတ်နည်းအကြောင်း ကနေ့တင်ပြမယ်။
#အမှုဖြစ်ပွားရခြင်း ။
မိမိပိုင်ဆိုင်၊ လက်ရှိဖြစ်တဲ့ မြေကွက်လပ်၊ မြေကွက်အစိတ်အပိုင်း၊ အိမ်၊ အိမ်အစိတ်အပိုင်းကို အခြားသူက မိမိမသိ၊ သဘောမတူညီဘဲ ၀င်ရောက်၊ ကျူးကျော်၊ အိမ်ဆောက်လုပ်၊ ၀င်းခြံကာရံ နေထိုင်တာမျိုးရှိတတ်ပါတယ်။
ဥပမာ (က) မိမိကို ချထားပေးတဲ့ဝန်ထမ်းမြေကွက်၊ ၀ယ်ယူထားတဲ့ မြေကွက်လပ်မှာ ဘယ်ကလူတွေမှန်းမသိဘဲ တဲထိုး နေထိုင်တယ်။
(ခ) ကိုယ့်မြေပေါ်ကိုတော့ တဲမဆောက်ဘူး၊ ကြားလမ်းက မြေပေါ်ထဲဆောက်ပြီး ကိုယ့်မြေကွက်ထဲ အ၀တ် လှန်း၊ ကြက်၊ ၀က်မွေး၊ ခုတင်တွေ ချနေတာလည်း ရှိတယ်။
(ဂ) အိမ်နီးချင်းအိမ်က အဆောက်အအုံက ကိုယ့်မြေထဲကို ကျော်ပြီး၊ ဝဲနေတယ်။ တံစက်မြိတ်ကျူးနေတယ်။
(ဃ) ၀င်းခြံကာရံထားတာက ကိုယ့်မြေ(၄-၅)ပေ သူ့ထဲပါနေတယ်။ မြေတိုင်းကြည့်တောမှ သိတယ်။
(င) သူ့ဝင်းထဲပေါက်နေတဲ့ သစ်ပင်ကိုင်းကြီးက ကိုယ့်အိမ်အမိုးပေါ် ရောက်လာပြီး၊ အမိုးတွေ ပျက်ကုန်တယ်။
(စ) အိမ်မြေကို မှတ်ပုံတင်စာချုပ်နဲ့ ၀ယ်လိုက်တာပဲ။ ဒါပေမယ့် အိမ်မြေကို ၀ယ်သူလက်ရောက်မရဘူး။ လက် ရောက် မအပ်ဘူး။ ရောင်းသူ၊ အခြားသူလက်ရှိနေနေတယ်။
(ဆ) နယ်နိမိတ်ချင်းဆက်နေတဲ့မြေမှာ ၀င်းခြံကာရံပြီးနေကြတယ်။ နောင်မြေတိုင်းမှ ကိုယ့်မြေ သူ့ထဲမှာပါနေ တယ်။
(ဇ) နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့မြေမှာ သူတစ်ပါး မြေမှန်းသိလျက် မသိဘဲ မိမိပိုင်မြေအဖြစ် အသုံးချခဲ့ရင် ပိုင်ရှင်ကို ဆန့်ကျင် လက်ရှိထားတယ်လို့ ယူဆတယ်။
#တရားစွဲဆိုသူ တရားလို ။
(က) အခင်းဖြစ်အိမ်၊ မြေ၊ အစိတ်အပိုင်းဟာ တရားလို ပိုင်ဆိုင်ကြောင်း၊ တရားလိုက သက်သေထင်ရှားပြသရတယ်။ အိမ်၊ မြေ ကို အမွေဆက်ခံပိုင်လာကြောင်း၊ ၀ယ်ယူခြင်း၊ ပေးကမ်းခြင်းကြောင့် ပိုင်ဆိုင်လာကြောင်း၊ စာချုပ်စာတမ်းများနဲ့ သက်သေတင်ပြ ရပါတယ်။
(ခ) အရောင်းအ၀ယ်စာချုပ်အရ ပိုင်ရှင်ဖြစ်လာကြောင်း ပြောဆိုရင်၊ ကျပ်တစ်သိန်းနဲ့အထက် တန်ဖိုးရှိတဲ့ ပစ္စည်းကိုဝယ်ခဲ့တာ ဖြစ်ပါက မှတ်ပုံတင်စာချုပ်နဲ့ ၀ယ်မှသာ အရောင်းအ၀ယ်မြောက်ပါတယ်။ အရပ်စာချုပ်နဲ့ ၀ယ်တာ တရားမ၀င်ဘူး။
(ဂ) အပေးစာချုပ်နဲ့ မိမိပိုင်ဆိုင်ခဲ့တယ်ဆိုရင်၊ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကို မှတ်ပုံတင်စာချုပ်နဲ့ပေးမှသာ၊ ပေးကမ်းခြင်း အထမြောက်ပါတယ်။ အရပ်စာချုပ်နဲ့ပေးခဲ့ရင် ပေးကမ်းခြင်း အထမမြောက်တဲ့အတွက် ပိုင်ရှင်ဖြစ်မလာနိုင်ဘူး။
(ဃ) မြေပုံ၊ မြေရာဇ၀င်မှာ နာမည်ပေါက်ရုံနဲ့ အမည်ပေါက်သူဟာ မြေပိုင်ရှင်ဖြစ်တယ်လို့ ယူဆခြင်းမပြုနိုင်ဘူး။ (ဦးအောင် သိန်းပါ-၂၊ ၁၉၇၁)
(င) တရားလိုဟာ လက်ရှိပိုင်ဆိုင်မှုကို အခြေပြုပြီး တရားစွဲဆိုနိုင်တယ်။ ကြာမြင့်စွာ လက်ရှိထားခြင်းဟာ ပိုင်ဆိုင်မှုကို သက်သေထူရန် လုံလောက်တယ်။ (မောင်ထွန်းနှင့် မောင်ခန့်အမှု)
(စ) အစိုးရမြေမှာ နေထိုင်ခွင့် လိုင်စင်သူ/ဂရန်ရသူဟာ မြေပေါ်ကျူးကျော်သူကို နှင်ထုတ်ခွင့်ရှိတယ်။
#ကျူးကျော်သူတရားပြိုင် ။
(က) ကျူးကျော်ဝင်ရောက်နေထိုင်သူကို ကျူးကျော်တဲ့နေ့မှ (၁၂)နှစ်အတွင်း နှင်ထုတ်လိုမှု စွဲဆိုရပါတယ်။
(ခ) ၁၂-နှစ်ကျော်ရင်၊ ကာလစည်းကမ်းသတ် ကျော်လွန်သွားလို့ နှင်ထုတ်ပိုင်ခွင့် အခွင့်အရေးဆုံးရှုံးပါတယ်။
(ဂ) ခွင့်ပြုချက်အရ မြေပေါ်နေသူက ကျူးကျော်သူမဟုတ်ဘူး။ ကာလစည်းကမ်းသတ် ကျော်လွန်ကြောင်း မထုချေနိုင်ဘူး။
(ဃ) ခွင့်ပြုချက်ကို ရုပ်သိမ်းပြီးနောက် ဆက်လက်ပြီး နေထိုင်ရင်တော့ ပိုင်ရှင်ကို ဆန့်ကျင်ရာ၊ ကျူးကျော်ရာ ရောက်တယ်။ (ဦးချစ်ထွန်း အမှု)
(င) ဦးမဲက အိမ်မြေတစ်ခုကို ဦးဖြူသို့ အရပ်စာချုပ်နဲ့ ရောင်းတယ်။ အိမ်မြေဖိုး ဦးဖြူက အပြေပေးချေပြီး အိမ်မြေကို လက်ရောက်ယူထားတယ်။ စာချုပ်ကို မှတ်ပုံမတင်ဘူး။
ဦးမဲက ထိုအိမ်မြေကို ဦးညိုသို့ မှတ်ပုံတင်စာချုပ်နဲ့ထပ်ပြီး ရောင်းချလိုက်တယ်။ ဦးညိုက မိမိသာလျှင် တရားဝင်၊ ၀ယ်သူ ဖြစ်လို့ ပိုင်ရှင်ဖြစ်ကြောင်း၊ ဦးဖြူကို နှင်ထုတ်လိုကြောင်း တရားစွဲဆိုတယ်။
ဦးညို စွဲဆိုတဲ့အမှုကို အရပ်စာချုပ်နဲ့ ၀ယ်သူဦးဖြူက ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ-၅၃(က)အရ အောင်မြင်စွာ ခုခံနိုင်တယ်။ ဦးညို အနိုင်မရနိုင်ပါ။
#ကာလစည်းကမ်းသတ် ဥပဒေပြဌာန်းချက် ။
ကာလစည်းကမ်းသတ် အက်ဥပဒေ ပထမဇယား၊ အစဉ် (၁၄၂) (၁၄၄)အရ၊ တရားပြိုင်က အိမ်မြေ၊ အစိတ်အပိုင်းမှာ စတင်ကျူးကျော်တဲ့နေ့မှစပြီး (၁၂)နှစ်အတွင်း၊ တရားလိုက တရားစွဲဆိုရပါမယ်။ သတ်မှတ်ကာလအတွင်း တရားမစွဲဆိုရင်၊ တရားလိုရဲ့ နှင်ထုတ်လိုမှုဟာ မအောင်မြင်နိုင်ပါဘူး။ ကာလစည်းကမ်းသတ် ကျော်လွန်တယ်ဆိုပြီး အမှုကို ပလပ်ခံရပါမယ်။
တရားပြိုင်၏ဆန့်ကျင်ဘက် လက်ရှိထားကြောင်း ထုချေချက် ။
(က) ကျူးကျော်ကြောင်း၊ လက်ရောက်ရလိုကြောင်း စွဲဆိုတဲ့အမှုတွေမှာ တရားပြိုင်ကျူးကျော်နေထိုင်လာတာ၊ (၁၂)နှစ် ကျော် လွန်ကြောင်း တရားပြိုင်(ကျူးကျော်သူ) က သက်သေပြရန် တာဝန်ရှိတယ်။ (ဦးအောင်သန်းပါ-၂ နှင့် ဒေါ်မမကြီး - ၁၉၆၄)
(ခ) လူတစ်ယောက်လက်ရှိဖြစ်တဲ့ အိမ်၊ မြေ၊ အစိတ်အပိုင်းကို အတင်းဝင်ရောက်ကျူးကျော်နေထိုင်ရင်ဖြစ်စေ၊ စွန့်ပစ်ထားတဲ့ မြေကို ၀င်ရောက်နေထိုင်ရင်ဖြစ်စေ၊ တရားလို ဖယ်ရှားခံရတဲ့နေ့ကစပြီး (၁၂)နှစ်အတွင်း တရားစွဲဆိုရပါမယ်။ ကျူးကျော်နေထိုင် တာ (၁၂)နှစ်ကျော်ရင် တရားလိုရဲ့ တရားစွဲဆိုခွင့် ဆုံးရှုံးပါတယ်။
(ဂ) မည်သူမည်ဝါပိုင်တယ် မသိဘဲ မြေကွက်လပ်တစ်ခုကို လက်ရှိနေခဲ့ဖူးသူရဲ့ ခွင့်ပြုချက်အရ ၀င်ရောက်နေထိုင်တဲ့သူဟာ ပိုင်ရှင်ကိုဆန့်ကျင်ပြီး ကျူးကျော်လက်ရှိနေထိုင်တယ်လို့ မဆိုနိုင်ဘူး။ (ဦးချစ်ထွန်းအမှု)
(ဃ) အမွေဆိုင်အိမ်မြေမှာ၊ အမွေဆိုင်တစ်ဦးက လက်ရှိနေထိုင်ခြင်းဟာ ကျန်အမွေဆိုင်များကို ဆန့်ကျင်ပြီး ကျူးကျော်နေ ထိုင်တာမဟုတ်ဘူး။ အမွေဆိုင်များကိုယ်စား နေထိုင်ခြင်းသာ ဖြစ်တယ်။ ကာလစည်းကမ်းသတ် မကျော်လွန်ဘူး။
(င) ကျူးကျော်သူကို နှင်ထုတ်ပိုင်ခွင့်ဟာ တရားပြိုင်ကျူးကျော်တဲ့နေ့ကစပြီး မြေပိုင်ရှင်၊ သို့မဟုတ် မြေလက်ရှိထားသူက ရရှိ တယ်။ ဒီကျူးကျော်တဲ့လူကို ဖယ်ရှားနှင်ထုတ်ပေးရန် တရားစွဲဆိုပိုင်ခွင့်ဟာ ထပ်တလဲလဲပေါ်ပေါက်တဲ့အခွင့်အရေး မဟုတ်ဘူး။ ကျူးကျော်တဲ့နေ့ကစပြီး ပေါ်ပေါက်တယ်။ ကာလစည်းကမ်းသတ်ကိုလည်း အဲဒီနေ့ကစပြီး (၁၂)နှစ် ရေတွက်ရတယ်။ နို့တစ်စာ ပေးတဲ့နေ့၊ ထိုနေ့နောက်ပိုင်း ကျူးကျော်နေသမျှ အဆတ်မပြတ် ပေါ်ပေါက်တယ်ဆိုတာ မဟုတ်ဘူး။ ကျူးကျော်တဲ့နေ့ကို သတိ ထားရမယ်။
(စ) မြေပိုင်ရှင်က မြေကွက်ကြီးထဲ ကျူးကျော်နေထိုင်တဲ့ အိမ်ထောင် (၁၈)စုကို (၁၉၆၂) ခုနှစ်က ရှေ့နေမှတစ်ဆင့် ဖယ်ရှား ပေးရန် နို့တစ်စာ ပေးခဲ့တယ်။ အမှုကို (၁၉၇၇) ခုနှစ်မှ တရားစွဲတယ်။ ကာလစည်းကမ်းသတ် (၁၂)နှစ်ကျော်မှ တရားစွဲဆိုလာ လို့ ပိုင်ရှင်အမှုရှုံးတယ်။
(ဆ) ကျူးကျော်ဆောက်လုပ်ထားတဲ့ အိမ်ကိုဖျက်သိမ်းပြီး နှင်ထုတ်လိုက်မှုကို ပိုင်ရှင်က (၁၉၈၇) ခုနှစ်မှာ စွဲဆိုတယ်။ ကျူး ကျော်နေထိုင်သူက မြေပေါ်မှာ သူ့အဆောက်အအုံကို (၁၉၆၂) က ဆောက်လုပ်ခဲ့ကြောင်း စည်ပင်သာယာအိမ်ခွန်ပြေစာများ တင်ပြထားတယ်။ ဒါကြောင့် ကျူးကျော်သူဟာ (၁၉၆၂) ခုနှစ်ကပင် အချင်းဖြစ်မြေမှာ သူ့ရဲ့အဆောက်အအုံ ဆောက်လုပ်ထား ကြောင်း ထင်ရှားတဲ့အတွက် ကာလစည်းကမ်းသတ် (၁၂)နှစ်ကျော်လို့ မြေပိုင်ရှင်ရဲ့ အမှုရှုံးသွားတယ်။
#သူခိုးပေါ် သူဝှက်လုခြင်း ။
လူတစ်ယောက်က အစိုးရပိုင်မြေလွတ်မြေရိုင်းပေါ်မှာ၊ မည်သူမျှ နေထိုင်ခြင်းမရှိလို့ ၀င်ရောက်ပြီး အိမ်ဆောက်လုပ်နေထိုင်လာတယ်။ အခြားလူတစ်ယောက်က ဘာအခွင့်အရေးမှမရှိဘဲ မြေပေါ်ကို ဇွတ်ဝင်လာပြီး တဲဆောက်နေတယ်။ ပထမကျူး ကျော်သူက ဒုတိယကျူးကျော်သူကို ဘယ်လိုအရေးယူမလဲ။ တုတ်တစ်ပျက်၊ ဓားတစ်ပျက် ပြိုင်ဆိုင်ကြမလား။
စီရင်ထုံးအရ - မူလလက်ရှိဖြစ်သူ/ပထမ ကျူးကျော်သူဟာ၊ ဒုတိယကျူးကျော်သူကို မြေကို လက်ရောက်ပြန်လည်ရယူ လိုမှု တရားစွဲဆို နှင်ထုတ်ခွင့်ရှိတယ်လို့ ဆုံးဖြတ်ထားတာ တွေ့ရပါတယ်။
ကနေ့ မြို့ပြတွေမှာ မြို့သစ်မြေကွက်တွေ ဖော်ထုတ်တယ်။ လူကြီးတွေကို နေရာအကျယ်ကြီးတွေ ချပေးထားတယ်။ အိမ် လည်း မဆောက်ဘူး။ အစောင့်လည်း မရှိဘူး။ အခုတော့ ကျူးတွေ (ကျူးကျော်သူတွေ) ရပ်ကွက်ကြီးတစ်ခုလောက် ရှိလာကြ ပြီ။ အခြေအနေ၊ အချိန်အခါ၊ အခွင့်အလမ်းအရ နှစ်ဦးနှစ်ဖက်မှာ အခွင့်အရေးတွေ ရှိလာနေပါတယ်။ သတိထားနိုင်အောင်လို့။
#UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
[Zawgyi]အိမ္ရွင္ အိမ္ငွား၊ ေျမရွင္ ေျမငွားနဲ႔ ပတ္သက္ေသာ ဥပေဒအေၾကာင္းအရာ အခ်ိဳ႕
#Legal_Informations
#ဥပေဒေရးရာဗဟုသုတ
#အိမ္ရွင္အိမ္ငွား
(ၿမိဳ႔ျပမွာပဲျဖစ္ျဖစ္ နယ္ေျမအသစ္မွာပဲျဖစ္ျဖစ္ အိုးပိုင္အိမ္ပိုင္မရိွေသးသူမ်ားနဲ႔ နဂိုမူလေဒသခံအိမ္ပိုင္ရွင္မ်ားၾကား ျပႆနာတစ္စံုတစ္ခု ႀကံဳလာၾကရင္ ဘာပဲျဖစ္ျဖစ္ သိထားသင့္တဲ့ ဥပေဒေရးရာအေၾကာင္းအရာအခ်ိဳ႕ကိုျပန္လည္ေဝငွလိုက္ပါတယ္။ အကုန္အစင္မဟုတ္ ေသာ္ျငား နည္းနည္းသိ နည္းနည္းအက်ိဳးရိွတာေပါ့ေနာ္။)
အိမ္ရွင္အိမ္ငွား ကိစၥသိမွတ္ဖြယ္ရာ
====================
- ၿမိဳ႔ျပေဒသ ( Uban Area ) ႏွင့္သက္ဆိုင္ေသာ ေနရာေဒသမွ အိမ္ငွား၊ ေျမငွား ကိစၥရပ္တို႔မွာ ၁၉၆၀- ျပည္ႏွစ့္ ငွားရမ္းခႀကီးၾကပ္ေရးအက္ ဥပေဒႏွင့္ အက်ံဳးဝင္သက္ဆိုင္ပါသည္။ ၿမိဳ႔ျပေဒသႏွင့္ အက်ံဳးမဝင္ေသာ ေဒသတြင္ငွားရမ္းျခင္းျဖစ္ပါက ပစၥည္းလႊဲေျပာင္းျခင္း ဥပေဒႏွင့္ သက္ ဆိုင္ပါသည္။
- သာမန္အားျဖင့္ လအလိုက္ သို႔မဟုတ္ ႏွစ္အလိုက္ငွားရမ္းျခင္းတို႔ကို အိမ္ရွင္ႏွင့္အိမ္ငွားတို႔က အိမ္ငွားပဋိညာဉ္စာခ်ဳပ္ကိုခ်ဳပ္ဆို၍ ေဆာင္ ရြက္ၾကပါသည္။
- အဂၤလိပ္ လ၊ ရက္ျဖင့္ ငွားရမ္းျခင္းလား သို႔မဟုတ္ ျမန္မာလ၊ ရက္ျဖင့္ငွားရမ္းျခင္းလား အိမ္ငွား စာခ်ဳပ္တြင္တိတိက်က် ေဖာ္ျပခ်ဳပ္ဆိုရန္ ျဖစ္ပါသည္။
- အဂၤလိပ္လ ( ၁ )ရက္ေန့မွစတင္၍ လအလိုက္ ငွားရမ္းျခင္းျဖစ္ပါက ( ၃၀ ) သို႔မဟုတ္ ( ၃၁ ) ရက္ေန့တြင္ တစ္လဟု သတ္မွတ္ပါသည္။ လကုန္ရက္မွာ ( ၃၀ )ျဖစ္ပါက ( ၃၀ ) ရက္ေန့ကို တစ္လ ဟု သတ္မွတ္ပါသည္။
- အိမ္ငွားေသဆံုးသြားပါက ေသဆံုးသူ အိမ္ငွား၏တရားဝင္ကိုယ္စား လွယ္မွာ အိမ္ငွားဟု ဥပေဒက ( By Operation of law ) အသိ အမွတ္ျပဳသည္။
- အိမ္ငွားေသဆံုးသြားပါက အိမ္ငွားႏွင့္အတူ ေနေသာ အေမြစား၊ အေမြခံတို႔သည္ ဥပေဒအရ တရား ဝင္အိမ္ငွား ျဖစ္သြားပါသည္။
- ပစၥည္းလႊဲေျပာင္းေရး ဥပေဒပုဒ္မ ၁၀၅ တြင္ A lease of immoveable property is the tranfer of the right to enjoy ဟု ဖြင့္ဆိုထားပါသည္။
- ၿမိဳ႔ျပေဒသအတြင္း ငွားရမ္းျခင္းကို ရပ္စြဲ( terminate ) လိုပါက အိမ္ငွားထံ ရက္သတၲပတ္ ( ၃ ) ပတ္ ကုန္ဆံုးၿပီးေနာက္ ဖယ္ရွားေပးရန္ ႏို႔တစ္စာေပးရမည္။ ငွားရမ္းသၫ့္လကုန္ဆံုးသၫ့္ ေန့ရက္ႏွင့္ လည္း ကိုက္ညီမႈ ရိွရန္လိုပါသည္။ ၿမိဳ႔ျပေဒသမဟုတ္ေသာေနရာေဒသအတြက္ ပစၥည္းလႊဲေျပာင္းျခင္း အက္ဥပေဒပုဒ္မ ၁၀၆ အရ ( ၁၅ ) ရက္ ကုန္ဆံုးၿပီးေနာက္ ဖယ္ရွားေပးရန္ ႏို႔တစ္စာေပးရပါမည္။
- အိမ္ရွင္ရရန္ရိွေသာ ငွားရမ္းခမ်ားအနက္ ( ၃ ) နစ္ေက်ာ္လြန္ေသာငွားရမ္းခမ်ားကိုေတာင္းဆိုရန္ ကာလစည္းကမ္းသတ္ဥပေဒအရ ဆံုးရႈံးသြားၿပီးျဖစ္၍ ေတာင္းခံႏိုင္ခြင့္ရိွမည္မဟုတ္ပါ။
- အိမ္ငွားျခင္းဟု ဆိုရာတြင္ အိမ္ေဆာက္ထားေသာ ေျမၾကီးလည္းပါဝင္သည္ဟု စီရင္ထံုးမ်ားက ၫႊန္ျပထားပါသည္။ အိမ္မီးေလာင္သြားေသာ္ လည္းအိမ္ငွားက ယင္း၏ အိမ္ငွားအက်ိဳးခံစားခြင့္ကို စြန႔္လႊတ္ျခင္းမရိွပါက သက္ဆိုင္ရာတို႔ကလည္း မီးေလာင္ေျမကို ျပန္လည္ခ်ထားေပးရာတြင္ ေနထိုင္ ခြင့္ျပဳမည္ျဖစ္ပါသည္။ အိမ္ရွင္က မီးေလာင္ေျမေပၚတြင္ အိမ္ျပန္ေဆာက္ၿပီး အိမ္ငွားအား လက္မဲ့ျဖစ္ ေစရန္ ေဆာင္ရြက္ႏိုင္ခြင့္မရိွပါ။
- အိမ္ကိုျပန္လည္ေဆာက္လုပ္ရန္ အေၾကာင္းျပခ်က္ေပးၿပီး အိမ္ငွားက ဖယ္ရွားေပးရန္ တရားရံုးက ဒီကရီခ်မွတ္ေပးသၫ့္ အမႈတြင္ အိမ္ကိုတရားရံုးက သတ္မွတ္ေပးသၫ့္ကာလအတြင္း အိမ္သစ္ကို အိမ္ရွင္က အၿပီးေဆာက္လုပ္ရပါမည္။ အိမ္ေဆာက္ၿပီးပါက ခံဝန္ခ်ဳပ္ပါအတိုင္း အိမ္ငွားအား ျပန္တင္ ေပး ရပါမည္။ အိမ္ငွားအား ျပန္မတင္ပါက တရားရံုးက ဒီကရီအရ မလႊဲမေသြ ျပန္လည္ဝင္ေရာက္ ေနထိုင္ခြင့္ျပဳရမၫ့္အျပင္ ခံဝန္ခ်ဳပ္ပယ္ဖ်က္မႈအရ ခံဝန္ခ်ဳပ္ပါ ေငြသားကို အိမ္ရွင္က ေပးေလ်ာ္ေစရ မည္ဟု အမိန႔္ခ်မွတ္ရပါမည္။ ( ပုဒ္မ ၁၂ ( ၁ ) ( ဂ ) ကိုၾကၫ့္ပါ )
- အိမ္ရွင္အိမ္ငွားစာခ်ဳပ္တြင္ တစ္ဆင့္ခံ အိမ္ငွားခ်ထားခြင့္ မျပဳဟု အတိအလင္းပါရိွသၫ့္ ကိစၥတြင္ အိမ္ငွားသည္ တစ္ဆင့္ခံ အိမ္ငွား ( Sub tenant ) ခ်ထားပါက အိမ္ရွင္သည္အိမ္ငွားအေပၚ အိမ္ငွား စာခ်ဳပ္ပါ စည္းကမ္းခ်က္ေဖာက္ဖ်က္မႈအရ အိမ္ႏွင့္လိုမႈစြဲဆိုႏိုင္ခြင့္ရိွပါသည္။ ( ပုဒ္မ ၁၂ ( ၁ ) ( က ) ဒုတိယပိုင္း ကိုၾကၫ့္ပါ )
- အိမ္ငွားအေပၚငွားရမ္းသၫ့္ေနအိမ္မွ ဖယ္ရွားေပးေစလိုမႈတြင္ တစ္ဆင့္ခံအိမ္ငွားအား အမႈသည္ အျဖစ္ ထၫ့္သြင္းစြဲဆိုရန္လိုအပ္မည္မဟုတ္ပါ။ အေၾကာင္းမွာ တရားရႈံးအိမ္ငွားကို အေၾကာင္းျပဳျပီး ေနထိုင္သူအားလံုး ( မိသားစုအပါအဝင္ ) ဒီကရီတြင္ အက်ံဳးဝင္မည္ ( bound by the decree ) ျဖစ္၍ ဖယ္ရွားႏိုင္မည္ျဖစ္ပါသည္။
- ေႂကြးက်န္အိမ္ငွားခမ်ားရလိုမႈအရ အိမ္ငွားအေပၚစြဲဆိုသၫ့္ အိမ္ႏွင္လိုမႈတြင္ အိမ္ငွားက ေပးရန္ရိွ ေသာ ငွားရမ္းခေႂကြးက်န္မ်ားကို အမႈအတြင္းျဖစ္ေစ၊ တရားရံုးကသတ္မွတ္ေပးသၫ့္ ကာလအတြင္း အေျပအေက်ေပးသြင္းပါက အိမ္ငွားရမ္းအားဖယ္ရွားျခင္းမျပဳႏိုင္ပါ။
- ၁၉၆၀ ျပၫ့္ႏွစ္၊ ၿမိဳ႔ျပဆိုင္ရာ ငွားရမ္းခႀကီးၾကပ္ေရးအက္ဥပေဒပုဒ္မ ၁၅ ( ၁ ) အရ ဒီကရီအရ အိမ္ငွားက ေပးရန္ရိွေသာ ငွားရမ္းခမ်ားကို အရစ္က်ေပးေဆာင္ျခင္းျပဳရန္ တရားရံုးတြင္ ေလ်ွာက္ထား ႏိုင္ခြင့္ရိွပါသည္။ တရားရံုးကလည္း အရစ္သတ္မွတ္ေပးၿပီးေပးသြင္းရမည္ဟု အမိန႔္ခ်မွတ္ႏိုင္ခြင့္ရိွပါ သည္။ တရားရံုးက အရစ္က်ေပးဆပ္ရန္ သတ္ မွတ္ေပးသၫ့္ အမိန႔္ကိုအိမ္ငွားက ေဖာက္ဖ်က္ပါက အိမ္မွဖယ္ရွားေပးရန္ တရားရံုးကေဆာင္ရြက္ေပးရပါမည္။
- အိမ္ရွင္အိမ္ငွားအမႈတြင္ တရားရံုးအဆင့္ဆင့္၌ အိမ္ငွား အမႈရႈံးနိမ့္ခဲ့ၿပီးေနာက္ ငွားရမ္းခႀကီးၾကပ္ ေရး အက္ဥပေဒပုဒ္မ ၁၃ ( ၁ ) အရ ငွားရမ္းခ ႀကီးၾကပ္ေရးဝန္ရံုးတြင္ အိမ္ငွားအျဖစ္ အသိအမွတ္ျပဳ၍ ယင္းဥပစာတြင္ ဆက္လက္ေနထိုင္ခြင့္ျပဳရန္ ေလ်ွာက္ထားလာပါက ငွားရမ္းခႀကီးၾကပ္ေရးဝန္က တရားရႈံးအိမ္ငွားအား အခ်င္းျဖစ္အိမ္ခန္းတြင္ ဆက္ လက္ေနထိုင္ခြင့္ျပဳပါက ဥပေဒႏွင့္ညီၫြတ္ေသာ အမိန႔္ျဖစ္မည္မဟုတ္ပါ။ အေၾကာင္းမွာ ပုဒ္မ ၁၃ ( ၁ ) တြင္ အိမ္ငွားမဟုတ္ေစကာမူ ဆိုသၫ့္ စကားရပ္တြင္ အိမ္ငွားမပါဝင္ေၾကာင္း ယခင္ႏိုင္ငံေတာ္ေကာင္စီ က အဓိပၸာယ္ဖြင့္ဆိုခဲ့ၿပီးျဖစ္ပါသည္။
- ငွားရမ္းျခင္းသက္တမ္းကုန္ဆံုးၿပီးေနာက္ အိမ္ငွားကဖယ္ရွားမေပးဘဲ ဆက္လက္ေနထိုင္ပါက က်ဳးေက်ာ္ေနထိုင္သူဟု မသတ္မွတ္ႏိုင္ပါ။ အခ်ိဳ႕အမႈတြင္ ငွားရမ္းျခင္းကုန္ဆံုးသျဖင့္ အိမ္ငွားက ဖယ္ရွားမေပးသျဖင့္ ႏွစ္ဘက္ၫွိႏိႈင္းရာ ( ၆ )လ သို႔မဟုတ္ ( ၁ ) ႏွစ္အခြင့္ အမိန႔္ျဖင့္ ေနထိုင္ခြင့္ျပဳ သၫ့္ကတိစာခ်ဳပ္ကို ခ်ဳပ္ဆိုသၫ့္တိုင္ေအာင္ အိမ္ငွားဟုဆိုရပါမည္။ ထိုသို႔ ( ၆ )လ ၊ ( ၁ ) ႏွစ္ အခြင့္ အမိန႔္ျဖင့္ ေနထိုင္ခြင့္ျပဳသၫ့္ ကတိ စာခ်ဳပ္ကို ခ်ဳပ္ဆိုသၫ့္တိုင္ေအာင္ အိမ္ငွားဟုဆိုရပါမည္။ ထိုသို႔ ( ၆ ) လ ၊ ( ၁ ) ႏွစ္ အခြင့္အမိန႔္ျဖင့္ေနထိုင္ခြင့္ျပဳျပီးေနာက္ အိမ္ငွားက ဖယ္ ရွားမေပးပါက အခြင့္ အမိန႔္ ျဖင့္ ဖယ္ရွားေပးေစလိုမႈမစြဲဆိုႏိုင္ပါ။ အိမ္ရွင္အိမ္ငွားဥပေဒအရ အိမ္ငွားအားဖယ္ရွားေပးေစလိုမႈသာ စြဲဆိုလ်ွင္ form of suit မွန္ကန္ေပမည္။
( အၫႊန္း- ဦးဗႀကိဳင္ (B.A , B.L ) ၊ လူတိုင္းအတြက္တရားမမႈဆိုင္ရာ ဥပေဒေရးရာအျဖာျဖာ ၊ စာ ၁၄ ) #DVBLawLab
#ခြင့္ျပဳခ်က္ျဖင့္ အခမဲ့ေနထိုင္ခြင့္ျပဳျခင္းႏွင့္ပတ္သက္၍ သိထားသင့္သၫ့္အခ်က္မ်ား
အခြင့္အမိန႔္ဟူသည္ ပစၥည္းတြင္ အက်ိဳးသက္ဆိုင္ခြင့္ကို လႊဲေျပာင္းျခင္းမျပဳဘဲ အလိုတူေသာျပဳလုပ္မႈတစ္ခုကို မတ
ရားမျဖစ္ေစရန္ တားဆီးရံုသာတားဆီးေသာ သေဘာတူညီမႈျဖစ္သည္။
‘’ Licensee is ‘ that consent ’which ,without passing any interest in the property to which it relates,marely
prevents the act for which consent is given from being from being wrongful.''
အခ်ိဳ႕သူမ်ားသည္ မိမိတို႔၏ ေဆြမ်ိဳးမိတ္ေဆြမ်ားအား မိမိတို႔ပိုင္(သို႔မဟုတ္) မိမိလက္ရိျွဖစ္သၫ့္ အေဆာက္အအံု(သို႔မဟုတ္)
ေျမတြင္ အေဆာက္အအံု ေဆာက္လုပ္ေစ၍ ေမတၲာရိ ေနခြင့္ျပဳတက္ၾကသည္။ ပိုင္ရွင္၏ခြင့္ျပဳခ်က္အရ ေနထိုင္သူမ်ားမွာ ပိုင္
ဆိုင္ခြင့္ လံုးဝရိွသူမဟုတ္၍ ပိုင္ရွင္ခြင့္ျပဳသၫ့္ကာလသာ ေနခြင့္ရရိွပါသည္။ ပိုင္ရွင္အေနႏွင့္ ၄၏ခြင့္ျပဳခ်က္ကို အခ်ိန္မေရႊး
ရပ္စဲႏိုင္သည္။ ယင္းသို႔ရပ္စဲလ်ွင္ ခြင့္ျပဳခ်က္အရ ေနထိုင္သူသည္ ပစၥည္းေပၚမွ မထြက္ခြာလိုေၾကာင္း မခုခံႏိုင္ေပ။
ခင္ပြန္းႏွင့္အတူေနသူ ဇနီးသည္၊ ခင္ပြန္းသည္၏ ဥပစာတြင္ ၄၏ခြင့္ျပဳခ်က္အရ ေနထိုင္သူမဟုတ္ေပ။ထိုနည္းတူ ဖခင္ႏွင့္အ
တူေန သားသမီးသည္လည္း ဖခင္ပိုင္ဥပစာတြင္ ၄၏ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္သူမဟုတ္ေပ။
အခမဲ့ေနထိုင္ခြင့္ျပဳသူ ေသဆံုးသၫ့္တိုင္ ၄၏အေမြဆက္ခံသူမ်ားကျဖစ္ေစ၊ တစ္ဦးတည္းကျဖစ္ေစ၊ ေသဆံုးသူ၏ အခြင့္အ
မိန႔္ျဖင့္ ေနထိုင္သူအား ဥပစာမွဖယ္ရွားရန္ တရားစြဲႏိုင္ပါသည္။
ခြင့္ျပဳခ်က္အရ ေနထိုင္သူမ်ား ကြယ္လြန္ၿပီးေနာက္ အတူေနသားသမီးမ်ားကို အခြင့္အမိန႔္အရ ေနထိုင္သူမ်ားအျဖစ္ ဖယ္ရွားခြင့္
ရိွသည္။
ခြင့္ျပဳခ်က္ျဖင့္ေနသူက အျခားတစ္ေယာက္ကို ထပ္ဆင့္ေနထိုင္ခြင့္ေပးလ်ွင္ ထိုသူသည္လည္း ခြင့္ျပဳခ်က္ျဖင့္ေနသၫ့္သေဘာ
သက္ေရာက္ပါသည္။
ၿမိဳ႔ျပဆိုင္ရာ ငွားရမ္းခႀကီးၾကပ္ေရးအက္ဥပေဒႏွင့္ သက္ဆိုင္ျခင္းမရိွေပ။
သက္ေသခံအက္ဥပေဒ ပုဒ္မ-၁၁၆ အရ ခြင့္ျပဳမိန႔္ႏွင့္ေနထိုင္သူအား ပစၥည္းပိုင္ဆိုင္ခြင့္ကို ပိတ္ပင္ထားပါသည္။ အခြင့္အမိန႔္အရ
ေနသူႏွစ္မ်ိဳးေနသူႏွစ္မ်ိဳး ရိွပါသည္။
ပထမတစ္မ်ိဳးမွာ- စည္းကမ္းခ်က္ျဖင့္ ေနွာင့္ဖြဲ႔ျခင္းမျပဳဘဲ ဥပစာတြင္ ေနထိုင္ခြင့္ရသူကို အခြင့္အမိန႔္သက္သက္အရ ေနသူ
(Bare Licensee) ဟု ေခၚပါသည္။ ခြင့္ျပဳထားသူ ခြင့္ျပဳထားသၫ့္ကာလအတြင္းသာ ဥပစာတြင္ ေနခြင့္ရမည္
ျဖစ္သည္။
ဒုတိယတစ္မ်ိဳးမွာ- ပဋိညာဉ္အရ အခြင့္အမိန႔္ႏွင့္ေနသူ(Contractual Licensee) ဟု ေခၚပါသည္။ သာမန္အခြင့္အမိန႔္အရ ေနသူ
ႏွင့္အခြင့္အေရးခ်င္း မတူေပ။ ေနထိုင္ခြင့္ေပးထားျခင္းကိုမႈ ျပန္လည္ရုပ္သိမ္းခြင့္မရေပ။ ဥပမာ-သြားလာခြင့္ ျပဳထားသၫ့္လမ္းအား ျပန္လည္ရုပ္သိမ္းခြင့္မရိွေပ။
"က်ူးေက်ာ္သူအား ႏွင္ထုတ္လိုမႈ"
အိမ္ေျမက ႏွင္ထုတ္လိုမႈမ်ားအေၾကာင္းကို တင္ျပေနပါတယ္။
(၁) အိမ္ရွင္က အိမ္ငွားကို ႏွင္ထုတ္နည္းအေၾကာင္း၊
(၂) အခြင့္ႏွင့္ေနသူကို ႏွင္ထုတ္နည္းအေၾကာင္း တင္ျပခဲ့ၿပီးပါၿပီ။
(၃) က်ူးေက်ာ္တဲ့လူကို က်ူးေက်ာ္တဲ့အိမ္၊ ေျမ၊ အစိတ္အပိုင္းက ႏွင္ထုတ္နည္းအေၾကာင္း ကေန့တင္ျပမယ္။
#အမႈျဖစ္ပြားရျခင္း ။
မိမိပိုင္ဆိုင္၊ လက္ရိျွဖစ္တဲ့ ေျမကြက္လပ္၊ ေျမကြက္အစိတ္အပိုင္း၊ အိမ္၊ အိမ္အစိတ္အပိုင္းကို အျခားသူက မိမိမသိ၊ သေဘာမတူညီဘဲ ၀င္ေရာက္၊ က်ူးေက်ာ္၊ အိမ္ေဆာက္လုပ္၊ ၀င္းၿခံကာရံ ေနထိုင္တာမ်ိဳးရိွတတ္ပါတယ္။
ဥပမာ (က) မိမိကို ခ်ထားေပးတဲ့ဝန္ထမ္းေျမကြက္၊ ၀ယ္ယူထားတဲ့ ေျမကြက္လပ္မွာ ဘယ္ကလူေတြမွန္းမသိဘဲ တဲထိုး ေနထိုင္တယ္။
(ခ) ကိုယ့္ေျမေပၚကိုေတာ့ တဲမေဆာက္ဘူး၊ ၾကားလမ္းက ေျမေပၚထဲေဆာက္ၿပီး ကိုယ့္ေျမကြက္ထဲ အ၀တ္ လွန္း၊ ၾကက္၊ ၀က္ေမြး၊ ခုတင္ေတြ ခ်ေနတာလည္း ရိွတယ္။
(ဂ) အိမ္နီးခ်င္းအိမ္က အေဆာက္အအံုက ကိုယ့္ေျမထဲကို ေက်ာ္ၿပီး၊ ဝဲေနတယ္။ တံစက္ၿမိတ္က်ူးေနတယ္။
(ဃ) ၀င္းၿခံကာရံထားတာက ကိုယ့္ေျမ(၄-၅)ေပ သူ႔ထဲပါေနတယ္။ ေျမတိုင္းၾကၫ့္ေတာမွ သိတယ္။
(င) သူ႔ဝင္းထဲေပါက္ေနတဲ့ သစ္ပင္ကိုင္းႀကီးက ကိုယ့္အိမ္အမိုးေပၚ ေရာက္လာၿပီး၊ အမိုးေတြ ပ်က္ကုန္တယ္။
(စ) အိမ္ေျမကို မွတ္ပံုတင္စာခ်ဳပ္နဲ႔ ၀ယ္လိုက္တာပဲ။ ဒါေပမယ့္ အိမ္ေျမကို ၀ယ္သူလက္ေရာက္မရဘူး။ လက္ ေရာက္ မအပ္ဘူး။ ေရာင္းသူ၊ အျခားသူလက္ရိွေနေနတယ္။
(ဆ) နယ္နိမိတ္ခ်င္းဆက္ေနတဲ့ေျမမွာ ၀င္းၿခံကာရံၿပီးေနၾကတယ္။ ေနာင္ေျမတိုင္းမွ ကိုယ့္ေျမ သူ႔ထဲမွာပါေန တယ္။
(ဇ) နယ္နိမိတ္ခ်င္း ဆက္စပ္ေနတဲ့ေျမမွာ သူတစ္ပါး ေျမမွန္းသိလ်က္ မသိဘဲ မိမိပိုင္ေျမအျဖစ္ အသံုးခ်ခဲ့ရင္ ပိုင္ရွင္ကို ဆန႔္က်င္ လက္ရိွထားတယ္လို႔ ယူဆတယ္။
#တရားစြဲဆိုသူ တရားလို ။
(က) အခင္းျဖစ္အိမ္၊ ေျမ၊ အစိတ္အပိုင္းဟာ တရားလို ပိုင္ဆိုင္ေၾကာင္း၊ တရားလိုက သက္ေသထင္ရွားျပသရတယ္။ အိမ္၊ ေျမ ကို အေမြဆက္ခံပိုင္လာေၾကာင္း၊ ၀ယ္ယူျခင္း၊ ေပးကမ္းျခင္းေၾကာင့္ ပိုင္ဆိုင္လာေၾကာင္း၊ စာခ်ဳပ္စာတမ္းမ်ားနဲ႔ သက္ေသတင္ျပ ရပါတယ္။
(ခ) အေရာင္းအ၀ယ္စာခ်ဳပ္အရ ပိုင္ရွင္ျဖစ္လာေၾကာင္း ေျပာဆိုရင္၊ က်ပ္တစ္သိန္းနဲ႔အထက္ တန္ဖိုးရိွတဲ့ ပစၥည္းကိုဝယ္ခဲ့တာ ျဖစ္ပါက မွတ္ပံုတင္စာခ်ဳပ္နဲ႔ ၀ယ္မွသာ အေရာင္းအ၀ယ္ေျမာက္ပါတယ္။ အရပ္စာခ်ဳပ္နဲ႔ ၀ယ္တာ တရားမ၀င္ဘူး။
(ဂ) အေပးစာခ်ဳပ္နဲ႔ မိမိပိုင္ဆိုင္ခဲ့တယ္ဆိုရင္၊ မေရႊ့မေျပာင္းႏိုင္တဲ့ပစၥည္းကို မွတ္ပံုတင္စာခ်ဳပ္နဲ႔ေပးမွသာ၊ ေပးကမ္းျခင္း အထေျမာက္ပါတယ္။ အရပ္စာခ်ဳပ္နဲ႔ေပးခဲ့ရင္ ေပးကမ္းျခင္း အထမေျမာက္တဲ့အတြက္ ပိုင္ရွင္ျဖစ္မလာႏိုင္ဘူး။
(ဃ) ေျမပံု၊ ေျမရာဇ၀င္မွာ နာမည္ေပါက္ရံုနဲ႔ အမည္ေပါက္သူဟာ ေျမပိုင္ရွင္ျဖစ္တယ္လို႔ ယူဆျခင္းမျပဳႏိုင္ဘူး။ (ဦးေအာင္ သိန္းပါ-၂၊ ၁၉၇၁)
(င) တရားလိုဟာ လက္ရိွပိုင္ဆိုင္မႈကို အေျချပဳျပီး တရားစြဲဆိုႏိုင္တယ္။ ၾကာျမင့္စြာ လက္ရိွထားျခင္းဟာ ပိုင္ဆိုင္မႈကို သက္ေသထူရန္ လံုေလာက္တယ္။ (ေမာင္ထြန္းႏွင့္ ေမာင္ခန႔္အမႈ)
(စ) အစိုးရေျမမွာ ေနထိုင္ခြင့္ လိုင္စင္သူ/ဂရန္ရသူဟာ ေျမေပၚက်ူးေက်ာ္သူကို ႏွင္ထုတ္ခြင့္ရိွတယ္။
#က်ူးေက်ာ္သူတရားၿပိဳင္ ။
(က) က်ူးေက်ာ္ဝင္ေရာက္ေနထိုင္သူကို က်ူးေက်ာ္တဲ့ေန့မွ (၁၂)ႏွစ္အတြင္း ႏွင္ထုတ္လိုမႈ စြဲဆိုရပါတယ္။
(ခ) ၁၂-ႏွစ္ေက်ာ္ရင္၊ ကာလစည္းကမ္းသတ္ ေက်ာ္လြန္သြားလို႔ ႏွင္ထုတ္ပိုင္ခြင့္ အခြင့္အေရးဆံုးရႈံးပါတယ္။
(ဂ) ခြင့္ျပဳခ်က္အရ ေျမေပၚေနသူက က်ူးေက်ာ္သူမဟုတ္ဘူး။ ကာလစည္းကမ္းသတ္ ေက်ာ္လြန္ေၾကာင္း မထုေခ်ႏိုင္ဘူး။
(ဃ) ခြင့္ျပဳခ်က္ကို ရုပ္သိမ္းၿပီးေနာက္ ဆက္လက္ၿပီး ေနထိုင္ရင္ေတာ့ ပိုင္ရွင္ကို ဆန႔္က်င္ရာ၊ က်ူးေက်ာ္ရာ ေရာက္တယ္။ (ဦးခ်စ္ထြန္း အမႈ)
(င) ဦးမဲက အိမ္ေျမတစ္ခုကို ဦးျဖဴသို႔ အရပ္စာခ်ဳပ္နဲ႔ ေရာင္းတယ္။ အိမ္ေျမဖိုး ဦးျဖဴက အေျပေပးေခ်ၿပီး အိမ္ေျမကို လက္ေရာက္ယူထားတယ္။ စာခ်ဳပ္ကို မွတ္ပံုမတင္ဘူး။
ဦးမဲက ထိုအိမ္ေျမကို ဦးညိုသို႔ မွတ္ပံုတင္စာခ်ဳပ္နဲ႔ထပ္ၿပီး ေရာင္းခ်လိုက္တယ္။ ဦးညိုက မိမိသာလ်ွင္ တရားဝင္၊ ၀ယ္သူ ျဖစ္လို႔ ပိုင္ရွင္ျဖစ္ေၾကာင္း၊ ဦးျဖဴကို ႏွင္ထုတ္လိုေၾကာင္း တရားစြဲဆိုတယ္။
ဦးညို စြဲဆိုတဲ့အမႈကို အရပ္စာခ်ဳပ္နဲ႔ ၀ယ္သူဦးျဖဴက ပစၥည္းလႊဲေျပာင္းျခင္း အက္ဥပေဒပုဒ္မ-၅၃(က)အရ ေအာင္ျမင္စြာ ခုခံႏိုင္တယ္။ ဦးညို အႏိုင္မရႏိုင္ပါ။
#ကာလစည္းကမ္းသတ္ ဥပေဒျပဌာန္းခ်က္ ။
ကာလစည္းကမ္းသတ္ အက္ဥပေဒ ပထမဇယား၊ အစဉ္ (၁၄၂) (၁၄၄)အရ၊ တရားၿပိဳင္က အိမ္ေျမ၊ အစိတ္အပိုင္းမွာ စတင္က်ူးေက်ာ္တဲ့ေန့မွစၿပီး (၁၂)ႏွစ္အတြင္း၊ တရားလိုက တရားစြဲဆိုရပါမယ္။ သတ္မွတ္ကာလအတြင္း တရားမစြဲဆိုရင္၊ တရားလိုရဲ့ ႏွင္ထုတ္လိုမႈဟာ မေအာင္ျမင္ႏိုင္ပါဘူး။ ကာလစည္းကမ္းသတ္ ေက်ာ္လြန္တယ္ဆိုၿပီး အမႈကို ပလပ္ခံရပါမယ္။
တရားၿပိဳင္၏ဆန႔္က်င္ဘက္ လက္ရိွထားေၾကာင္း ထုေခ်ခ်က္ ။
(က) က်ူးေက်ာ္ေၾကာင္း၊ လက္ေရာက္ရလိုေၾကာင္း စြဲဆိုတဲ့အမႈေတြမွာ တရားၿပိဳင္က်ူးေက်ာ္ေနထိုင္လာတာ၊ (၁၂)ႏွစ္ ေက်ာ္ လြန္ေၾကာင္း တရားၿပိဳင္(က်ူးေက်ာ္သူ) က သက္ေသျပရန္ တာဝန္ရိွတယ္။ (ဦးေအာင္သန္းပါ-၂ ႏွင့္ ေဒၚမမႀကီး - ၁၉၆၄)
(ခ) လူတစ္ေယာက္လက္ရိျွဖစ္တဲ့ အိမ္၊ ေျမ၊ အစိတ္အပိုင္းကို အတင္းဝင္ေရာက္က်ူးေက်ာ္ေနထိုင္ရင္ျဖစ္ေစ၊ စြန႔္ပစ္ထားတဲ့ ေျမကို ၀င္ေရာက္ေနထိုင္ရင္ျဖစ္ေစ၊ တရားလို ဖယ္ရွားခံရတဲ့ေန့ကစၿပီး (၁၂)ႏွစ္အတြင္း တရားစြဲဆိုရပါမယ္။ က်ူးေက်ာ္ေနထိုင္ တာ (၁၂)ႏွစ္ေက်ာ္ရင္ တရားလိုရဲ့ တရားစြဲဆိုခြင့္ ဆံုးရႈံးပါတယ္။
(ဂ) မည္သူမည္ဝါပိုင္တယ္ မသိဘဲ ေျမကြက္လပ္တစ္ခုကို လက္ရိွေနခဲ့ဖူးသူရဲ့ ခြင့္ျပဳခ်က္အရ ၀င္ေရာက္ေနထိုင္တဲ့သူဟာ ပိုင္ရွင္ကိုဆန႔္က်င္ၿပီး က်ူးေက်ာ္လက္ရိွေနထိုင္တယ္လို႔ မဆိုႏိုင္ဘူး။ (ဦးခ်စ္ထြန္းအမႈ)
(ဃ) အေမြဆိုင္အိမ္ေျမမွာ၊ အေမြဆိုင္တစ္ဦးက လက္ရိွေနထိုင္ျခင္းဟာ က်န္အေမြဆိုင္မ်ားကို ဆန႔္က်င္ၿပီး က်ူးေက်ာ္ေန ထိုင္တာမဟုတ္ဘူး။ အေမြဆိုင္မ်ားကိုယ္စား ေနထိုင္ျခင္းသာ ျဖစ္တယ္။ ကာလစည္းကမ္းသတ္ မေက်ာ္လြန္ဘူး။
(င) က်ူးေက်ာ္သူကို ႏွင္ထုတ္ပိုင္ခြင့္ဟာ တရားၿပိဳင္က်ူးေက်ာ္တဲ့ေန့ကစၿပီး ေျမပိုင္ရွင္၊ သို႔မဟုတ္ ေျမလက္ရိွထားသူက ရရိွ တယ္။ ဒီက်ူးေက်ာ္တဲ့လူကို ဖယ္ရွားႏွင္ထုတ္ေပးရန္ တရားစြဲဆိုပိုင္ခြင့္ဟာ ထပ္တလဲလဲေပၚေပါက္တဲ့အခြင့္အေရး မဟုတ္ဘူး။ က်ူးေက်ာ္တဲ့ေန့ကစၿပီး ေပၚေပါက္တယ္။ ကာလစည္းကမ္းသတ္ကိုလည္း အဲဒီေန့ကစၿပီး (၁၂)ႏွစ္ ေရတြက္ရတယ္။ ႏို႔တစ္စာ ေပးတဲ့ေန့၊ ထိုေန့ေနာက္ပိုင္း က်ူးေက်ာ္ေနသမ်ွ အဆတ္မျပတ္ ေပၚေပါက္တယ္ဆိုတာ မဟုတ္ဘူး။ က်ူးေက်ာ္တဲ့ေန့ကို သတိ ထားရမယ္။
(စ) ေျမပိုင္ရွင္က ေျမကြက္ႀကီးထဲ က်ူးေက်ာ္ေနထိုင္တဲ့ အိမ္ေထာင္ (၁၈)စုကို (၁၉၆၂) ခုႏွစ္က ေရ႔ွေနမွတစ္ဆင့္ ဖယ္ရွား ေပးရန္ ႏို႔တစ္စာ ေပးခဲ့တယ္။ အမႈကို (၁၉၇၇) ခုႏွစ္မွ တရားစြဲတယ္။ ကာလစည္းကမ္းသတ္ (၁၂)ႏွစ္ေက်ာ္မွ တရားစြဲဆိုလာ လို႔ ပိုင္ရွင္အမႈရႈံးတယ္။
(ဆ) က်ူးေက်ာ္ေဆာက္လုပ္ထားတဲ့ အိမ္ကိုဖ်က္သိမ္းၿပီး ႏွင္ထုတ္လိုက္မႈကို ပိုင္ရွင္က (၁၉၈၇) ခုႏွစ္မွာ စြဲဆိုတယ္။ က်ူး ေက်ာ္ေနထိုင္သူက ေျမေပၚမွာ သူ႔အေဆာက္အအံုကို (၁၉၆၂) က ေဆာက္လုပ္ခဲ့ေၾကာင္း စည္ပင္သာယာအိမ္ခြန္ေျပစာမ်ား တင္ျပထားတယ္။ ဒါေၾကာင့္ က်ူးေက်ာ္သူဟာ (၁၉၆၂) ခုႏွစ္ကပင္ အခ်င္းျဖစ္ေျမမွာ သူ႔ရဲ့အေဆာက္အအံု ေဆာက္လုပ္ထား ေၾကာင္း ထင္ရွားတဲ့အတြက္ ကာလစည္းကမ္းသတ္ (၁၂)ႏွစ္ေက်ာ္လို႔ ေျမပိုင္ရွင္ရဲ့ အမႈရႈံးသြားတယ္။
#သူခိုးေပၚ သူဝွက္လုျခင္း ။
လူတစ္ေယာက္က အစိုးရပိုင္ေျမလြတ္ေျမရိုင္းေပၚမွာ၊ မည္သူမ်ွ ေနထိုင္ျခင္းမရိွလို႔ ၀င္ေရာက္ၿပီး အိမ္ေဆာက္လုပ္ေနထိုင္လာတယ္။ အျခားလူတစ္ေယာက္က ဘာအခြင့္အေရးမွမရိွဘဲ ေျမေပၚကို ဇြတ္ဝင္လာၿပီး တဲေဆာက္ေနတယ္။ ပထမက်ူး ေက်ာ္သူက ဒုတိယက်ူးေက်ာ္သူကို ဘယ္လိုအေရးယူမလဲ။ တုတ္တစ္ပ်က္၊ ဓားတစ္ပ်က္ ၿပိဳင္ဆိုင္ၾကမလား။
စီရင္ထံုးအရ - မူလလက္ရိျွဖစ္သူ/ပထမ က်ူးေက်ာ္သူဟာ၊ ဒုတိယက်ူးေက်ာ္သူကို ေျမကို လက္ေရာက္ျပန္လည္ရယူ လိုမႈ တရားစြဲဆို ႏွင္ထုတ္ခြင့္ရိွတယ္လို႔ ဆံုးျဖတ္ထားတာ ေတြ့ရပါတယ္။
ကေန့ ၿမိဳ႔ျပေတြမွာ ၿမိဳ႔သစ္ေျမကြက္ေတြ ေဖာ္ထုတ္တယ္။ လူႀကီးေတြကို ေနရာအက်ယ္ႀကီးေတြ ခ်ေပးထားတယ္။ အိမ္ လည္း မေဆာက္ဘူး။ အေစာင့္လည္း မရိွဘူး။ အခုေတာ့ က်ူးေတြ (က်ူးေက်ာ္သူေတြ) ရပ္ကြက္ႀကီးတစ္ခုေလာက္ ရိွလာၾက ၿပီ။ အေျခအေန၊ အခ်ိန္အခါ၊ အခြင့္အလမ္းအရ ႏွစ္ဦးႏွစ္ဖက္မွာ အခြင့္အေရးေတြ ရိွလာေနပါတယ္။ သတိထားႏိုင္ေအာင္လို႔။
#UTK (မဟာဝိဇၨာ၊ သိပၸံ၊ ဥပေဒ)
No comments:
Post a Comment