Tuesday, July 6, 2021

ခန္ဓာကိုယ်မှာ_အားနည်းနေတဲ့ကြွက်သားတွေကိုဘယ်လို_Train_သင့်လဲ

 [Unicode]#ခန္ဓာကိုယ်မှာ_အားနည်းနေတဲ့ကြွက်သားတွေကိုဘယ်လို_Train_သင့်လဲ




  ခန္ဓာကိုယ်မှာအားနည်းနေတဲ့အပိုင်းကကြွက်သားတွေကိုဘယ်လို Train သင့်လဲ၊ ဘယ်ညာကြွက်သားနှစ်ဖက်မှာတစ်ဖက်အားနည်း နေပြီး တစ်ဖက်ကအားသာနေတယ်ဆိုရင် အားနည်းနေတဲ့ကြွက်သားကိုဘယ်လို Train သင့်လဲဆိုတာကိုရှင်းပြ ပေးသွားမှာဖြစ်ပါတယ်။


      ကာယဗလအားကစားမှာအားလုံးအတွက် Perfect Genetic ဆိုတာရှိလားလို့မေးမယ်ဆိုရင်မရှိပါဘူး ၊အနည်းငယ်သောသူတွေ အတွက်သာ Perfect Genetic ရှိပါတယ်၊အလို Perfect Genetic ရှိတဲ့သူတွေမှာအားနည်းတဲ့ကြွက်သားဆိုတာ မရှိသလောက်ရှား ပါတယ်၊ 


          Perfect Genetic မရှိတဲ့သူတွေမှာ ကြွက်သားတွေအားလုံးကအချိုးကျညီပြီးကြီးထွားလားမေးမယ်ဆိုရင် မဟုတ်ပါဘူး၊ တချိူ့ သောကြွက်သားတွေက ကျန်တဲ့ကြွက်သားတွေထက်စာရင် ပိုပြီးအားနည်းနေတတ်ပါတယ်။


     Genetic တစ်ခုတည်းကိုအကြောင်းပြချက်လို့ပြောလို့မရပါဘူး တခြားကြွက်သားတွေနဲ့ယှဉ်လိုက်တဲ့အခါမှာ ထိုအားနည်းနေ တဲ့ကြွက်သားကို သေသေချာချာမကစားပေးတာဖြစ်နိုင်တယ်၊ ညီမျှတဲ့ Workout volume မပေးတာဖြစ်နိုင်ပါတယ်၊ အလိုအားနည်း နေတဲ့ကြွက်သားကို ဘယ်လို Training ပေးသင့်လဲ ကြည့်ရအောင်။


1 လေ့ကျင့်မူပုံစံကို ပြောင်းပါ

          လေ့ကျင့်မူပုံစံကိုပြောင်းပါဆိုတာနဲ့ 1 ခါတည်းအကုန်ပြောင်းခိုင်းတာမဟုတ်ပါဘူး၊ အားနည်းတဲ့ကြွက်သားကို အားသာတဲ့ကြွက်သားအဖြစ် ပုံပေါ်လာအောင်ထိုကြွက်သားကို လေ့ကျင့်ပေးတဲ့ကြိမ်နှူန်းပိုများဖို့လိုပါတယ်၊ ဥပမာ ကျန်တဲ့ကြွက်သားတွေကို တစ်ပတ်မှာ 2 ရက်ကစားပေးတယ်ဆိုရင် ထိုအားနည်းနေတဲ့ကြွက်သားကို တစ်ပတ်မှာ သုံးရက်ကစားလို့ရအောင် လေ့ကျင့်ခန်းပုံစံကို ပြင်ဆင်ပါ။


2 သီးသန့်ကစားပေးပါ

           ထိုအားနည်းနေတဲ့ကြွက်သားကို ကျန်တဲ့ကြွက်သားတွေနဲ့ တွဲမကစားဘဲ ထိုကြွက်သားတစ်ခုတည်းကိုသီးသန့်ကစားပေးပါ၊ အလိုမျိုးကစားတဲ့အချိန်မှာ ကိုယ်ကစားတဲ့ ကြွက်သားရဲ့ 100% အကျိုးအမြတ်ကိုရရှိမှာဖြစ်ပြီး ကျန်ကြွက်သားတစ်ခုနဲ့ တွဲကစားတဲ့ အခါမှာ ရရှိမဲ့အကျိုးအမြတ်က အားနည်းနေတဲ့ကြွက်သားအတွက် တစ်ဝက်၊ ကျန်ကြွက်သားအတွက် ထက်ဝက်သာရရှိမှာဖြစ်ပါတယ်၊  အားနည်းနေတဲ့ကြွက်သားကိုသီးသန့်ကစားပေးတဲ့အခါမှာ ကောင်းကောင်းကြီးထွားလာအောင် လုပ်လို့ရတယ်လို့ သုတေသီတွေက ဖော်ပြထားပါတယ်။


3 အကြိမ်အရေ များများဆော့ပေးပါ

           တစ်ဦးနှင့်တစ်ဦး အားနည်းတဲ့ကြွက်သားကမတူညီနိုင်ပါဘူး၊ တချို့က Chest အားနည်းတယ်၊ တချို့ကလက်မောင်းအားနည်း ကြတယ်၊ တချို့ကျတစ်ဖက်နဲ့တစ်ဖက်မညီကြဘူး အလိုသူတွေက အားသာတဲ့ဘက်မှာ 10 ကြိမ်ကစားတယ်ဆိုရင်  အားနည်းတဲ့ဘက်မှာ 15 ကြိမ်စသဖြင့် 5ကြိမ်လောက် ပိုကစားပေးပါ၊ အလိုမျိုးအကြိမ်အရေများများ ပိုကစားပေးတဲ့အခါမှာ မညီညာတဲ့ကြွက်သားကို ပိုပြီးအားကောင်းတဲ့ညီညာတဲ့ကြွက်သားအဖြစ်ဖော်ဆောင်လာလို့ရပါတယ်။


4 Diet Plan မှာအပြောင်းအလဲလုပ်ပေးပါ

             ထိုအားနည်းတဲ့ကြွက်သားကို Train တဲ့နေ့မှာ ပုံမှန်စားနေကြ Diet Plan ထက်အာဟာရကိုပိုစားသုံးပေးပါ၊ ဥပမာအနေနဲ့ ကယ်လိုရီ 3000 နေ့တိုင်းစားတယ်ဆိုရင် ထိုအားနည်းတဲ့ကြွက်သားကို Train တဲ့နေ့မှာ 100 ကယ်လိုရီတိုးစားပေးပါ၊ ပရိုတင်းဓာတ် 1 ရက်ကို 200g ဖြည့်ပေးတယ်ဆိုရင် ထိုနေ့မှာ 210g သို့မဟုတ် 220g လောက်ပိုဖြည့်ပေးပါ၊ အလိုလုပ်ပေးခြင်းဖြင့် အားနည်းနေတဲ့ ကြွက်သားကိုကျန်တဲ့ကြွက်သားတွေနဲ့အညီ အားသာတဲ့ကြွက်သားအဖြစ်ဖော်ဆောင်လာလို့ရပါတယ်။


5 လေ့ကျင့်ခန်းနည်းစနစ် အသစ်တွေသုံးပေးပါ

            အားနည်းနေတဲ့ ကြွက်သားကို ပုံမှန်အတိုင်း 12 ကြိမ် 3 ကြော့လို့သွားနေတယ်ဆိုရင် အလိုလုပ်မယ့်အစား Superset ၊ Dropset စတဲ့လေ့ကျင့်ခန်းနည်းစနစ် အသစ်တွေ မိတ်ဆက်ပေးတဲ့အခါမှာ ထိုကြွက်သားကပိုပြီးကောင်းကောင်းကြီးထွားဖို့ ရာခိုင်နှုန်းကပိုများပါတယ်။


6 Dumbell တွေပိုသုံးပေးပါ

            တချို့ အားကစားသမားတွေရဲ့ ရင်အုပ်မှာ တစ်ဖက်ကြွက်သားရဲ့ကြီးထွားမူကပြည့်ပြည့်ဝဝရှိနေပြီး ကျန်တစ်ဖက်ကြွက်သားရဲ့ ကြီးထွားမူကအားနည်းနေတတ်ပါတယ်၊ အကြောင်းက သူတို့ရဲ့ရင်အုပ်လေ့ကျင့်ခန်းမှာ ညာဘက်ကိုပိုပြီးညှစ်ပြီး ကစားပေးထားမယ်၊ ဘယ်ဘက်ကို အလောက်ညှစ်ပြီး ကစားပေးထားမှာ မဟုတ်ပါဘူး၊ ဥပမာအနေနဲ့ Barbell Chest Press ကစားတဲ့အခါမှာညာဘက်ကို ပိုပြီးဖိအားပေးပြီး ဘားကိုအပေါ်ကိုတင်သလို ဘယ်ဘက်ကိုဖိအားပေးထားမှာ မဟုတ်ဘူးလို့ဆိုလိုတာဖြစ်ပါတယ်။


            ဒါကြောင့် Dumbell နဲ့တစ်ဖက်ခြင်းကစားတဲ့အချိန်မှာ နှစ်ဖက်လုံးကိုအညီအမျှဖိအားပေးမှသာလျှင် အလေးဝန်က အပေါ်ကို ရွေ့မှာမို့လို့ Barbell နဲ့ကစားတာထက်စာလျှင် Dumbell နဲ့ကစားတာက Mind Muscle Connection ပိုကောင်းတာကြောင့်အားနည်းတဲ့ မညီမျှတဲ့ကြွက်သားတွေကို အားကောင်းတဲ့ကြွက်သား ညီညာတဲ့ကြွက်သားအဖြစ်ဖော်ဆောင်လာနိုင်ပါတယ်။


[Zawgyi]#ခန္ဓာကိုယ်မှာ_အားနည်းနေတဲ့ကြွက်သားတွေကိုဘယ်လို_Train_သင့်လဲ








          Perfect Genetic မရှိတဲ့သူတွေမှာ ကြွက်သားတွေအားလုံးကအချိုးကျညီပြီးကြီးထွားလားမေးမယ်ဆိုရင် မဟုတ်ပါဘူး၊ တချို့ သောကြွက်သားတွေက ကျန်တဲ့ကြွက်သားတွေထက်စာရင် ပိုပြီးအားနည်းနေတတ်ပါတယ်။







2 သီးသန့်ကစားပေးပါ
















No comments: