Saturday, July 3, 2021

Shrimp Toast ၊ ကြက်သားပေါင်း နဲ့ 'ကြက်ပေါင်း' Soup

 [Unicode]ကြက်သားပေါင်း နဲ့ 'ကြက်ပေါင်း' Soup




►   ကြက်သားပေါင်းပါဝင်ပစ္စည်း

♦   ကြက်ရင်အုပ်သားလွှာ   -   တစ်ခြမ်း

♦   ကြက်ဥ  -   ၃ လုံး

♦   ကြက်သွန်နီ   -   ၅ လုံး (အနေတော်)

♦   ကြက်သွန်ဖြူ   -   ၂ မြွှာ

♦   ပဲငံပြာရည်   -   အနည်းငယ်

♦   ဆား   -   အနည်းငယ်

♦   အသားမှုန့်   -   အနည်းငယ်

♦   တရုတ်မဆလာ   -   အနည်းငယ်

ပြင်ဆင်ချက်ပြုတ်ပုံ

အရင်ဆုံး ကြက်ရင်အုပ်အသားလွှာလေးကို သန့်စင်အောင် အတုံးလိုက်ရေဆေးလိုက်ပါ။ (အသားလွှာ အရိုးမပါတာကို Super Market တွေမှာ ဝယ်လို့ရပါတယ်။) ပြီးရင်တော့ စက်ထဲထည့်ပြီး ကြိတ်လိုက်တယ်။ ဒါပေမဲ့ အသားပေါင်းက အသားတွေအရမ်းကြေသွားရင် စားလို့မကောင်းဘူး။ မေသူကတော့ တောက်တောက် စဉ်းတာ ပိုကြိုက်လို့လေ။ ပြီးရင်တော့ ကြက်သွန်နီတွေကိုအခွံ နွှာ၊ ထက်ခြမ်းခြမ်းပြီး တောက်တောက်စဉ်းနေတဲ့ အသားထဲမှာပဲတစ်ခါတည်း အတုံးလေးတွေရအောင် အသားနဲ့အတူ ရောစဉ်းပါ။ အသားတောက်တောက်စဉ်း၊ ကြက်သွန်နီတောက်တောက်စဉ်းအရောကို ဇလုံတစ်လုံးထဲမှာထည့် ကြက်သွန်ဖြူထောင်းထည့်၊ ဆား၊ ပဲငံပြာရည်၊ အသားမှုန့်၊ တရုတ်မဆလာတို့ကိုထည့်ပြီး ရောနယ်လိုက်ပါ။

 ပြီးရင်တော့ ကြက်ဥနှစ်လုံးကို အကာရောအနှစ်ရောခေါက်ပြီး နယ်ထားတဲ့အသားထဲကိုထည့်ပြီး ရောနယ်ပေးပါ။ နောက်ထပ် ကြက်ဥတစ်လုံးကိုတော့အကာသပ်သပ် အနှစ်သပ်သပ်ဖြစ်အောင် ခွဲပြီးရင်တော့ အကာသပ်သပ် အနှစ်သပ်သပ်ကို အသားထဲကို ဆမ်းပေးပါ။ ဒါကတော့ ကြက်သားပေါင်းလေးကျက်တဲ့အခါ အဖြူမျှင်လေးတွေ အဝါမျှင်လေးတွေနဲ့ အမြင်လှအောင် ပြုလုပ်ပေးတာပါ။

 ဒါတွေအားလုံးပြီးပြီဆိုရင်တော့ အိုးတစ်ခုထဲထည့် အဖုံးဖုံးပြီး ပေါင်းမည့်အိုးကြီးကြီးထဲကို ရေတစ်ဝက် ခန့်ထည့်ပြီး ၂၅ မိနစ်ခန့်ပေါင်းပေးရပါမယ်နော်။ သြော် ပြောဖို့ကျန်သွားလို့ အသားလေးနည်းနည်းနူးအိချင်ရင် တော့ ကြက်သားနယ်ထားတဲ့ထဲကို ရေထမင်းစားဇွန်း ၂ ဇွန်း ထည့်ပေးလို့ရပါတယ်။

 ၂၅ မိနစ်လောက်ရှိပြီဆိုရင် အဖုံးလေးကိုဖွင့်ကြည့်လိုက်ပါ။ အရသာရှိတဲ့ ကြက်သားပေါင်းလေးရပါပြီ။ အရည်လေးဆမ်းစားချင်တယ်ဆိုရင်တော့ အရမ်းရေမခန်းခင် မီးဖိုပေါ်ကချပါ။ အရည်ပါတာမကြိုက်ဘူး ခြောက်ခြောက်လေး စားချင်တယ်ဆိုရင်တော့ အရည်လေးခန်းတဲ့ထိ ထားလိုက်ပေါ့နော်။ အကြိုက်တစ်မျိုးစီဆို တော့လေ မေသူကတော့ ကြက်သားပေါင်းအရည်လေးနဲ့ ထမင်းပူပူလေးပေါ်ဆမ်းပြီး ကြက်သားပေါင်း အနံ့မွှေးမွှေး လေးနဲ့စားလိုက်ရရင် အားပြည့်သွားသလိုခံစားရတယ်။ ပြီးရင်ကြက်သားပေါင်းကို အချဉ်လေးနဲ့တို့စားရင်လည်းအရမ်းကောင်း။ အချဉ်လုပ်နည်းလေးပါ တခါတည်းပြောလိုက်မယ်။ အရမ်းလွယ်ပါတယ်။

 ကြက်သွန်နီ တစ်လုံးကိုပါးပါးလှီး၊ ကြက်သွန်ဖြူနှစ် မြှောင်းကိုပါးပါးလှီး၊ ငရုတ်သီး စိမ်းပါးပါးလှီး၊ ငံပြာရည်၊ ဆား၊ အသားမှုန့်ထည့်၊ သံပရာသီး နှစ်ခြမ်းညှစ်၊ နံနံပင်လေး နုပ်နုပ်စဉ်းပြီးထည့်လိုက်ရင် ကြက်သားပေါင်းလေးနဲ့ တွဲဖက်စားလို့ရမယ့် အချဉ်လေးရပါပြီ။


►   ကြက်ပေါင်း Soup ပါဝင်ပစ္စည်း

♦   ကြက်ပေါင်   -   တစ်ခြမ်း

♦   ချင်း   -   အနည်းငယ်

♦   ကြက်သွန်ဖြူ   -   ၃ မြှောင်

♦   ဆား   -   အနည်းငယ်

♦    အသားမှုန့်   -   အနည်းငယ်

♦   ပဲငံပြာရည်   -   အနည်းငယ်

♦   ငရုတ်ကောင်း   -   အနည်းငယ်

♦   တရုတ်နံနံ   -   ၂ ပင်

ပြင်ဆင်ပြုလုပ်ပုံ 

ဒီကြက်ပေါင်း Soup လေးကတော့ ဆီပြန်ဟင်းတွေ မစားချင်တဲ့အချိန် ထမင်းလေးနဲ့ပဲစားစား ပေါင်မုန့်မီးကင်နဲ့ ပဲစားစားအားဖြစ်မယ့် အစားအစာပါ။ ဒီတစ်ခါတော့အရိုး၊ အသားတွဲထားတဲ့ ကြက်သား ပေါင်တုံးလေးတွေကို ဆား၊ အသားမှုန့်၊ ပဲငံပြာရည်နဲ့ နှပ်ထားလိုက်ပါ။

 ညကတည်းကနှပ်ထားရင်တော့ အသားထဲကို အရသာပိုဝင်ပါတယ်။ ပြီးရင် အိုးထဲထည့် မီးဖိုပေါ်မှာ နှပ်ထားတဲ့ ကြက်သားကိုလုံးပေးပါ။ ကြက်သားလုံးတဲ့အခါ ဆီလုံးဝမထည့်ဘဲ လုံးပေးပါ။ ဒါမှညှီနံ့မနံမှာပါ။ ကြက်သားကိုလုံးပြီး အနံ့လေးမွှေးလာရင် ရေထည့်လိုက်ပါ။ ရေပွက်ပွက်ဆူရင် ချင်းကိုအပြားထူထူလှီးထည့်၊ ကြက်သွန်ဖြူ ၃ မြှောင်းထည့်၊ အရသာအတွက်ဆား၊ အသားမှုန့်နဲ့ ပဲငံပြာရည်ထည့်ပြီး တည်ထားလိုက်ပါ။ အဲ့လိုတည်ထားတဲ့အခါမှာ အမြုပ်တွေဆီတွေဝေ့တက်လာရင် ခပ်ထုပ်ပစ်ပေးပါ။

 အရည်လည်းကျလာပြီ၊ အရသာလည်း အနေတော်ဖြစ်ပြီး အသားလည်းနူးပြီဆိုရင်တော့ တရုတ်နံနံ အုပ်၊ ငရုတ်ကောင်းလေးထည့်ပြီး ပူပူနွေးနွေး 'ကြက်ပေါင်း Soup' ကို CP ကြက်နဲ့ချက်မယ်ဆိုရင် အရမ်းအကြာ ကြီး တည်စရာမလိုပါ။ CP ကြက်က အသားကအိပြီးသား ဖြစ်တဲ့အတွက် အရမ်းအကြာကြီးတည်ရင် အသား တွေနူးအိပြီး ကြေကုန်မှာစိုးလို့ပါ။


Shrimp Toast

....................

 ဒီလအတွက်တော့ သရေစာအဖြစ်ရော မနက်စာအဖြစ်ပါ  အာဟာရပြည့်စေမယ့် လတ်ဆတ်သန့်ရှင်းတဲ့ ပုစွန်ပေါင်မုန့်ကပ်လေးကို ရေးပေးချင်ပါတယ်။ ကလေးတွေအတွက် ဆီများများနဲ့ကြော်တဲ့ အစားစာတွေကို တစ်ပတ်မှာ တစ်ရက်ထက် ပိုမကျွေး သင့်တာကြောင့် ဒီပုစွန်ပေါင်မုန့်ကပ်လေးကိုတော့ ဆီအများကြီးနဲ့ မကြော်ဘဲ Oven ကို အသုံးပြုထားလို့ ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။ ပုစွန်အစား ကြက်သား၊ ဝက်သား၊ အမဲသား (ကြိတ်သား)တို့ကို အသုံးပြုလို့ရပါတယ်။ Oven ရဲ့ အပူချိန်နဲ့ ကြာချိန်ကတော့ အမျိုးအစားအလိုက် ကွဲပြားလို့ သတိထားစေချင်ပါတယ်။ ကလေးတွေရဲ့ ကျောင်း ထမင်းဘူးထည့်ပေးဖို့လည်း အဆင်ပြေစေမှာပါ။ လုပ်ကြည့်ကြရအောင်နော်။


ပါဝင်ပစ္စည်းများ

- ပေါင်မုန့် (ဘေးသားလှီးပြီးသား) - ၅ ချပ်

- ပုစွန် (ကြိတ်ပြီးသား)  - ဟင်းချို ပန်းကန်တစ်လုံးစာ

- ငရုတ်ကောင်းမှုန့်နှင့် ဆား - အနည်းငယ်

- သကြား  - လက်ဖက်ရည်ဇွန်း  ၁ ဇွန်း (မထည့်လည်းရ)

- ကြက်ဥအကာ - တစ်လုံး

- ချင်းအရည်  - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

- ကြက်သွန်ဖြူအရည်  - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

- နှမ်းဆီ - ထမင်းစားဇွန်း ၁ ဇွန်း


 Oven ကို ၂၀ဝ ဒီဂရီ အပူကြိုပေးထားပါ။


ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်

၁။ နှမ်းနှင့် ပေါင်မုန့်မှလွဲ၍ ကျန်ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောနယ်ကာ ခလောက်ပေးပြီး ပေါင်မုန့်ပေါ်  မထူမပါး သုတ်ပေးပါ။

၂။ ပုစွန်အရောကို သုတ်ပေးပြီးလျှင် ကြက်ဥအနှစ်တစ်လုံးကို နာနာခလောက်ပြီး အပေါ်မှ သုတ်လိမ်းပေးပါ။

၃။ ပြီးလျှင် နှမ်းကို အပေါ်မှဖြူးပေးပြီး ၁၅ မိနစ်ခန့် အပူပေးထားသော Oven မှာ ကင်ပါ။

* Oven မှာ မကင်ဘဲ ဆီပူပူမှာ ထည့်ကြော်လည်း ရပါတယ်ရှင်။

...............

May's Healthy Food


[Zawgyi]ၾကက္သားေပါင္း နဲ႔ 'ၾကက္ေပါင္း' Soup


►   ၾကက္သားေပါင္းပါဝင္ပစၥည္း




♦   ၾကက္ရင္အုပ္သားလႊာ   -   တစ္ျခမ္း

♦   ၾကက္ဥ  -   ၃ လံုး

♦   ၾကက္သြန္နီ   -   ၅ လံုး (အေနေတာ္)

♦   ၾကက္သြန္ျဖဴ   -   ၂ ႁမြွာ

♦   ပဲငံျပာရည္   -   အနည္းငယ္

♦   ဆား   -   အနည္းငယ္

♦   အသားမႈန႔္   -   အနည္းငယ္

♦   တရုတ္မဆလာ   -   အနည္းငယ္

ျပင္ဆင္ခ်က္ျပဳတ္ပံု

အရင္ဆံုး ၾကက္ရင္အုပ္အသားလႊာေလးကို သန႔္စင္ေအာင္ အတံုးလိုက္ေရေဆးလိုက္ပါ။ (အသားလႊာ အရိုးမပါတာကို Super Market ေတြမွာ ဝယ္လို႔ရပါတယ္။) ၿပီးရင္ေတာ့ စက္ထဲထၫ့္ၿပီး ႀကိတ္လိုက္တယ္။ ဒါေပမဲ့ အသားေပါင္းက အသားေတြအရမ္းေၾကသြားရင္ စားလို႔မေကာင္းဘူး။ ေမသူကေတာ့ ေတာက္ေတာက္ စဉ္းတာ ပိုႀကိဳက္လို႔ေလ။ ၿပီးရင္ေတာ့ ၾကက္သြန္နီေတြကိုအခြံ ႏႊာ၊ ထက္ျခမ္းျခမ္းၿပီး ေတာက္ေတာက္စဉ္းေနတဲ့ အသားထဲမွာပဲတစ္ခါတည္း အတံုးေလးေတြရေအာင္ အသားနဲ႔အတူ ေရာစဉ္းပါ။ အသားေတာက္ေတာက္စဉ္း၊ ၾကက္သြန္နီေတာက္ေတာက္စဉ္းအေရာကို ဇလံုတစ္လံုးထဲမွာထၫ့္ ၾကက္သြန္ျဖဴေထာင္းထၫ့္၊ ဆား၊ ပဲငံျပာရည္၊ အသားမႈန႔္၊ တရုတ္မဆလာတို႔ကိုထၫ့္ၿပီး ေရာနယ္လိုက္ပါ။

 ၿပီးရင္ေတာ့ ၾကက္ဥႏွစ္လံုးကို အကာေရာအႏွစ္ေရာေခါက္ၿပီး နယ္ထားတဲ့အသားထဲကိုထၫ့္ၿပီး ေရာနယ္ေပးပါ။ ေနာက္ထပ္ ၾကက္ဥတစ္လံုးကိုေတာ့အကာသပ္သပ္ အႏွစ္သပ္သပ္ျဖစ္ေအာင္ ခြဲၿပီးရင္ေတာ့ အကာသပ္သပ္ အႏွစ္သပ္သပ္ကို အသားထဲကို ဆမ္းေပးပါ။ ဒါကေတာ့ ၾကက္သားေပါင္းေလးက်က္တဲ့အခါ အျဖဴမ်ွင္ေလးေတြ အဝါမ်ွင္ေလးေတြနဲ႔ အျမင္လွေအာင္ ျပဳလုပ္ေပးတာပါ။

 ဒါေတြအားလံုးၿပီးၿပီဆိုရင္ေတာ့ အိုးတစ္ခုထဲထၫ့္ အဖံုးဖံုးၿပီး ေပါင္းမၫ့္အိုးႀကီးႀကီးထဲကို ေရတစ္ဝက္ ခန႔္ထၫ့္ၿပီး ၂၅ မိနစ္ခန႔္ေပါင္းေပးရပါမယ္ေနာ္။ ေၾသာ္ ေျပာဖို႔က်န္သြားလို႔ အသားေလးနည္းနည္းႏူးအိခ်င္ရင္ ေတာ့ ၾကက္သားနယ္ထားတဲ့ထဲကို ေရထမင္းစားဇြန္း ၂ ဇြန္း ထၫ့္ေပးလို႔ရပါတယ္။

 ၂၅ မိနစ္ေလာက္ရိွၿပီဆိုရင္ အဖံုးေလးကိုဖြင့္ၾကၫ့္လိုက္ပါ။ အရသာရိွတဲ့ ၾကက္သားေပါင္းေလးရပါၿပီ။ အရည္ေလးဆမ္းစားခ်င္တယ္ဆိုရင္ေတာ့ အရမ္းေရမခန္းခင္ မီးဖိုေပၚကခ်ပါ။ အရည္ပါတာမႀကိဳက္ဘူး ေျခာက္ေျခာက္ေလး စားခ်င္တယ္ဆိုရင္ေတာ့ အရည္ေလးခန္းတဲ့ထိ ထားလိုက္ေပါ့ေနာ္။ အႀကိဳက္တစ္မ်ိဳးစီဆို ေတာ့ေလ ေမသူကေတာ့ ၾကက္သားေပါင္းအရည္ေလးနဲ႔ ထမင္းပူပူေလးေပၚဆမ္းၿပီး ၾကက္သားေပါင္း အနံ႔ေမႊးေမႊး ေလးနဲ႔စားလိုက္ရရင္ အားျပၫ့္သြားသလိုခံစားရတယ္။ ၿပီးရင္ၾကက္သားေပါင္းကို အခ်ဉ္ေလးနဲ႔တို႔စားရင္လည္းအရမ္းေကာင္း။ အခ်ဉ္လုပ္နည္းေလးပါ တခါတည္းေျပာလိုက္မယ္။ အရမ္းလြယ္ပါတယ္။

 ၾကက္သြန္နီ တစ္လံုးကိုပါးပါးလွီး၊ ၾကက္သြန္ျဖဴႏွစ္ ေျမႇာင္းကိုပါးပါးလွီး၊ ငရုတ္သီး စိမ္းပါးပါးလွီး၊ ငံျပာရည္၊ ဆား၊ အသားမႈန႔္ထၫ့္၊ သံပရာသီး ႏွစ္ျခမ္းၫွစ္၊ နံနံပင္ေလး ႏုပ္ႏုပ္စဉ္းၿပီးထၫ့္လိုက္ရင္ ၾကက္သားေပါင္းေလးနဲ႔ တြဲဖက္စားလို႔ရမယ့္ အခ်ဉ္ေလးရပါၿပီ။


►   ၾကက္ေပါင္း Soup ပါဝင္ပစၥည္း




♦   ၾကက္ေပါင္   -   တစ္ျခမ္း

♦   ခ်င္း   -   အနည္းငယ္

♦   ၾကက္သြန္ျဖဴ   -   ၃ ေျမႇာင္

♦   ဆား   -   အနည္းငယ္

♦    အသားမႈန႔္   -   အနည္းငယ္

♦   ပဲငံျပာရည္   -   အနည္းငယ္

♦   ငရုတ္ေကာင္း   -   အနည္းငယ္

♦   တရုတ္နံနံ   -   ၂ ပင္

ျပင္ဆင္ျပဳလုပ္ပံု 

ဒီၾကက္ေပါင္း Soup ေလးကေတာ့ ဆီျပန္ဟင္းေတြ မစားခ်င္တဲ့အခ်ိန္ ထမင္းေလးနဲ႔ပဲစားစား ေပါင္မုန႔္မီးကင္နဲ႔ ပဲစားစားအားျဖစ္မယ့္ အစားအစာပါ။ ဒီတစ္ခါေတာ့အရိုး၊ အသားတြဲထားတဲ့ ၾကက္သား ေပါင္တံုးေလးေတြကို ဆား၊ အသားမႈန႔္၊ ပဲငံျပာရည္နဲ႔ ႏွပ္ထားလိုက္ပါ။

 ညကတည္းကႏွပ္ထားရင္ေတာ့ အသားထဲကို အရသာပိုဝင္ပါတယ္။ ၿပီးရင္ အိုးထဲထၫ့္ မီးဖိုေပၚမွာ ႏွပ္ထားတဲ့ ၾကက္သားကိုလံုးေပးပါ။ ၾကက္သားလံုးတဲ့အခါ ဆီလံုးဝမထၫ့္ဘဲ လံုးေပးပါ။ ဒါမွၫွီနံ႔မနံမွာပါ။ ၾကက္သားကိုလံုးၿပီး အနံ႔ေလးေမႊးလာရင္ ေရထၫ့္လိုက္ပါ။ ေရပြက္ပြက္ဆူရင္ ခ်င္းကိုအျပားထူထူလွီးထၫ့္၊ ၾကက္သြန္ျဖဴ ၃ ေျမႇာင္းထၫ့္၊ အရသာအတြက္ဆား၊ အသားမႈန႔္နဲ႔ ပဲငံျပာရည္ထၫ့္ၿပီး တည္ထားလိုက္ပါ။ အဲ့လိုတည္ထားတဲ့အခါမွာ အျမဳပ္ေတြဆီေတြေဝ့တက္လာရင္ ခပ္ထုပ္ပစ္ေပးပါ။

 အရည္လည္းက်လာၿပီ၊ အရသာလည္း အေနေတာ္ျဖစ္ၿပီး အသားလည္းႏူးၿပီဆိုရင္ေတာ့ တရုတ္နံနံ အုပ္၊ ငရုတ္ေကာင္းေလးထၫ့္ၿပီး ပူပူေနြးေနြး 'ၾကက္ေပါင္း Soup' ကို CP ၾကက္နဲ႔ခ်က္မယ္ဆိုရင္ အရမ္းအၾကာ ႀကီး တည္စရာမလိုပါ။ CP ၾကက္က အသားကအိၿပီးသား ျဖစ္တဲ့အတြက္ အရမ္းအၾကာႀကီးတည္ရင္ အသား ေတြႏူးအိၿပီး ေၾကကုန္မွာစိုးလို႔ပါ။


Shrimp Toast

....................




 ဒီလအတြက္ေတာ့ သေရစာအျဖစ္ေရာ မနက္စာအျဖစ္ပါ  အာဟာရျပၫ့္ေစမယ့္ လတ္ဆတ္သန႔္ရွင္းတဲ့ ပုစြန္ေပါင္မုန႔္ကပ္ေလးကို ေရးေပးခ်င္ပါတယ္။ ကေလးေတြအတြက္ ဆီမ်ားမ်ားနဲ႔ေၾကာ္တဲ့ အစားစာေတြကို တစ္ပတ္မွာ တစ္ရက္ထက္ ပိုမေကြၽး သင့္တာေၾကာင့္ ဒီပုစြန္ေပါင္မုန႔္ကပ္ေလးကိုေတာ့ ဆီအမ်ားႀကီးနဲ႔ မေၾကာ္ဘဲ Oven ကို အသံုးျပဳထားလို႔ က်န္းမာေရးနဲ႔ ညီၫြတ္ေစပါတယ္။ ပုစြန္အစား ၾကက္သား၊ ဝက္သား၊ အမဲသား (ႀကိတ္သား)တို႔ကို အသံုးျပဳလို႔ရပါတယ္။ Oven ရဲ့ အပူခ်ိန္နဲ႔ ၾကာခ်ိန္ကေတာ့ အမ်ိဳးအစားအလိုက္ ကြဲျပားလို႔ သတိထားေစခ်င္ပါတယ္။ ကေလးေတြရဲ့ ေက်ာင္း ထမင္းဘူးထၫ့္ေပးဖို႔လည္း အဆင္ေျပေစမွာပါ။ လုပ္ၾကၫ့္ၾကရေအာင္ေနာ္။


ပါဝင္ပစၥည္းမ်ား

- ေပါင္မုန႔္ (ေဘးသားလွီးၿပီးသား) - ၅ ခ်ပ္

- ပုစြန္ (ႀကိတ္ၿပီးသား)  - ဟင္းခ်ိဳ ပန္းကန္တစ္လံုးစာ

- ငရုတ္ေကာင္းမႈန႔္ႏွင့္ ဆား - အနည္းငယ္

- သၾကား  - လက္ဖက္ရည္ဇြန္း  ၁ ဇြန္း (မထၫ့္လည္းရ)

- ၾကက္ဥအကာ - တစ္လံုး

- ခ်င္းအရည္  - လက္ဖက္ရည္ဇြန္း ၁ ဇြန္း

- ၾကက္သြန္ျဖဴအရည္  - လက္ဖက္ရည္ဇြန္း ၁ ဇြန္း

- ႏွမ္းဆီ - ထမင္းစားဇြန္း ၁ ဇြန္း


 Oven ကို ၂၀ဝ ဒီဂရီ အပူႀကိဳေပးထားပါ။


ျပင္ဆင္ခ်က္ျပဳတ္ပံုအဆင့္ဆင့္

၁။ ႏွမ္းႏွင့္ ေပါင္မုန႔္မွလြဲ၍ က်န္ပါဝင္ပစၥည္းအားလံုးကို သမေအာင္ ေရာနယ္ကာ ခေလာက္ေပးၿပီး ေပါင္မုန႔္ေပၚ  မထူမပါး သုတ္ေပးပါ။

၂။ ပုစြန္အေရာကို သုတ္ေပးၿပီးလ်ွင္ ၾကက္ဥအႏွစ္တစ္လံုးကို နာနာခေလာက္ၿပီး အေပၚမွ သုတ္လိမ္းေပးပါ။

၃။ ၿပီးလ်ွင္ ႏွမ္းကို အေပၚမျွဖဴးေပးၿပီး ၁၅ မိနစ္ခန႔္ အပူေပးထားေသာ Oven မွာ ကင္ပါ။

* Oven မွာ မကင္ဘဲ ဆီပူပူမွာ ထၫ့္ေၾကာ္လည္း ရပါတယ္ရွင္။

...............

May's Healthy Food

No comments: