Monday, July 19, 2021

မန္တလေးတောင်ရဲ့ ဘူမိဗေဒ

မန္တလေးတောင်ရဲ့ ဘူမိဗေဒ




#ဒေါက်တာသိန်း

#မန္တလေးတောင်

#Geography_of_Mandalay_Hills

(မန္တလေးမြို့ရဲ့ ပြယုဂ်ကို ဓာတ်ပုံရိုက်ချင်လို့ပဲဖြစ်ဖြစ် ပန်းချီဆွဲချင်လို့ပဲဖြစ်ဖြစ် မပါမဖြစ်မြင်ကွင်းကတော့ ရွှေနန်းတော်ကို ကာရံထားတဲ့ မြို့ရိုးကြီးရယ်၊ ကျုံးရယ်၊ ပြီးတော့ ခပ်လှမ်းလှမ်းစီက မန္တလေးတောင်ကြီးရယ်ပေါ့။ သျှမ်းရိုးမတောင်တန်းတွေနဲ့ သိပ်မဝေးတဲ့ မန္တလေး တောင်အကြောင်း အဖွဲ့အနွဲ့တွေမဟုတ်သော်လည်း ဘူမိဗေဒအနေနဲ့ ဗဟုသုတရစေဖို့ ဆောင်းပါးတိုတစ်ပုဒ်ကို ပြန်လည်ကူးယူဝေငှ လိုက်ပါတယ်။)

 မန္တလေးတောင်ရဲ့ ဘူမိဗေဒ ဘူမိဗေဒသမိုင်းအကြောင်းတွေကို မကျဉ်းမကျယ် ရေးပါတယ်။ ပူးတွဲမြေပုံမှာ ပါတဲ့ အချက်အလက်တွေ အပြင် နောက်ထပ်ရတဲ့ ဘူမိသက်တမ်းတွေနဲ့ အချက်အလက်တွေ အပေါ်မှာလည်း တစ်စိတ်တစ်ပိုင်း အခြေခံထားပါတယ်။


#ဘူမိဗေဒ

မန္တလေးတောင်မှာ အများဆုံး ပေါ်ထွက်နေတဲ့ ကျောက်တွေကတော့ အသွင်ပြောင်းကျောက်တစ်မျိုးဖြစ်တဲ့ မာဘယ်ကျောက် (marble) တွေပဲ။ မာဘယ်ကျောက် ခြောက်မျိုးရှိနေတယ်။ အဲဒီအထဲက တစ်မျိုးကတော့ စကျင်ကျောက်လို့ လူသိများတဲ့ အဖြူရောင် မာဘယ်ကျောက်ဖြစ်တယ်။ စကျင်ကျောက် ပေါ်ထွက်နေတာကတော့ နည်းပါးတယ်။ တောင်ရဲ့ အနောက်မြောက် အောက်ခြေပိုင်းမှာပဲ ရှိတယ်။ မာဘယ်ကျောက်တွေထဲမှာ ကယ်လဆိုက်အပြင် အဓိက ပါတဲ့ အသွင်ပြောင်းတွင်းထွက် တွေကတော့ အစိမ်းရောင် ဒိုက်အော့ပဆိုက် (diopside)၊ ညိုဝါရောင် ဖလိုရိုပိုက် (phlogopite) နဲ့ အစိမ်းရင့်ရောင် ဖော့စတာရိုက် (forsterite) တို့ ဖြစ်ကြတယ်။ ရှစ်၊ နိုက်စ် စတဲ့ တခြားအသွင်ပြောင်းကျောက် တွေကတော့ နည်းနည်းပဲရှိတယ်။

 မာဘယ်ကျောက်လွှာတွေဟာ အများအားဖြင့် တောင်မြောက်အတိုင်း သွယ်တန်းနေပြီး အရှေ့ဘက် သို့မဟုတ် အနောက်ဘက်ကို တိမ်းစောင်းနေကြတယ်။ မြေပုံရဲ့ အောက်ပိုင်းမှာပါတဲပ အရှေ့အနောက် ဘူမိဖြတ်ပိုင်းပုံမှာ ပြထားတဲ့အတိုင်း မာဘယ်ကျောက်လွှာတွေဟာ တောင်ထိပ်ပိုင်းမှာ လွှာတွန့်ချိုင့်အနေအထားနဲ့ အရှေ့ဘက်ပိုင်းမှာ လွှာတွန့်ခုံးအနေအထားနဲ့ တွန့်ခေါက်နေကြတယ်။

 မန္တလေးတောင် မာဘယ်ကျောက်တွေမှာပါတဲ့ အသွင်ပြောင်း တွင်းထွက်တွေအပေါ် အခြေခံပြီး ကောက်ချက်ချရင် အသွင်ပြောင်းဆင့် (metamorphic grade) က အတော်မြင့်ပါတယ်။ ပညာရှင်တချို့ရဲ့ ဓာတုစမ်းသပ် ဖော်ထုတ်ချက်တွေနဲ့ ယှဉ်ကြည့်လိုက်တဲ့အခါ မန္တလေးတောင် မာဘယ်ကျောက်တွေဟာ အပူချိန် စင်တီဂရိတ် ဒီဂရီ ၅၀၀ က ၆၅၀ အထိနဲ့ ဖိအား ၄ကီလိုဗားက ၆ ကီလိုဗားအထိ (မြေအောက်အနက် ၈မိုင် က ၁၂မိုင် လောက်မှာ ရှိတဲ့ ဖိအားမျိုး) အခြေအနေတွေမှာ အသွင်ပြောင်း လာခဲ့တယ်လို့ သတ်မှတ် နိုင်ပါတယ်။

 မာဘယ်ကျောက်လွှာတွေကို ဂရက်နက် (granite) ခေါ် နှမ်းဖတ်ကျောက်စိုင်တွေက နေရာအများမှာ ဖြတ်ထိုးနေကြတယ်။ တချို့နေရာတွေမှာတော့ မာဘယ်ကျောက်လွှာတွေနဲ့ အလိုက်သင့် ရှည်မျောပုံသဏ္ဍာန်တွေနဲ့ တိုးဝင်နေတာ တွေ့ရတယ်။ ဂရက်နစ်ကျောက်ဆိုတာ တိုးဝင်မီးသင့်ကျောက် တစ်မျိုးဖြစ်လို့ လွှာမဲ့ဖြစ်ပါတယ်။ အဓိက ဂရက်နစ်ကျောက်နှစ်မျိုးကို တွေ့ရတယ်။ လချေးညိုပါတဲ့အမျိုးနဲ့ အစိမ်းရောင် ဟွန်းဗလင်းပါတဲ့ အမျိုးတွေပဲ။ တစ်မျိုးကို တစ်မျိုး တိုးဝင်နေတဲ့ အနေအထားအရ လချေးညိုဂရက်နစ်ကျောက်က အသက်ပိုငယ်တယ် ဆိုတာ သိရတယ်။ လချေးညိုဂရက်နစ်ကျောက် တိုးဝင်နေတဲ့ အချိန်က လွန်ခဲ့တဲ့ နှစ်သန်း ၂၀ လောက်ကပါပဲ။ အတိအကျ အချိန်ကတော့ ၁၉.၉- ၀.၃ သန်း ဖြစ်ပါတယ်။ ရေဒီယိုသတ္တိတိုင်းတာ သက်တမ်းရှာနည်း (radiometric dating) နဲ့ လချေးညို သက်တမ်းကို ရှာထားတာ ဖြစ်ပါတယ်။

 ဖြစ်ပေါ်နေတဲ့ မာဘယ်ကျောက် အမျိုးအစားတွေနဲ့ မန္တလေးမြို့ အရှေ့ဘက်က တောင်တန်းကြီးရဲ့ အနောက်ဘက်ပိုင်းမှာ ပေါ်ထွက်နေတဲ့ ကျောက်လွှာစုတို့အပေါ် အခြေခံပြီး ပြောရရင် မန္တလေးတောင်မှာရှိတဲ့ မာဘယ်ကျောက်တွေဟာ အော်ဒိုဗီစီယမ်ယုဂ် အလယ်ပိုင်း (Middle Ordovician) သက်တမ်းရှိတဲ့ နောင်ခမ်းကြီး ထုံးကျောက်လွှာစုက အသွင်ပြောင်းလာတယ်လို့ ယူဆရပါတယ်။ အဲဒီသက်တမ်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၄၆၀ က ၄၈၅ သန်း အထိ အချိန်ကာလ ဖြစ်ပါတယ်။ (ဒီနေရာမှာ ရှင်းပြချင်တာက အော်ဒိုဗီစီယမ်ယုဂ် အလယ်ပိုင်း သက်တမ်းဆိုတာ နောင်ခန်းကြီး ထုံးကျောက်လွှာတွေမှာပါတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေအရ သိရပြီးတော့ ကမ္ဘာ့ဒေသတချို့မှာ အဲဒီသက်တမ်းရှိတဲ့ ကျောက်လွှာတွေကို ရေဒီယို သတ္တိတိုင်းတာ သက်တမ်းရှာနည်းနဲ့ ရှာလိုက်တဲ့အခါ နှစ်သန်း ၄၆၀ က ၄၈၅ သန်းအထိ သက်တမ်းရထားလို့ ပါပဲ။)

 အသွင်ပြောင်းခဲ့တဲ့ အချိန်ကတော့ လွန်ခဲ့တဲ့ နှစ် ၂၁သန်း လောက်ကလို့ ဆိုရပါမယ်။ မန္တလေးတောင် မာဘယ်ကျောက်တွေမှာပါတဲ့ အသွင်ပြောင်းတွင်းထွက် ဖလိုဂိုပိုက်ရဲ့ သက်တမ်းကို အထက်မှာ ဖော်ပြထားတဲ့ နည်းနဲ့ တိုင်းတာရှာဖွေတဲ့အခါ နှစ်ပေါင်း ၂၁သန်းလောက် ရထားလို့ပါပဲ။ (အတိအကျ သက်တမ်းကတော့ ၂၁.၃- ၀.၅ သန်း ဖြစ်ပါတယ်။)


#ဘူမိသမိုင်း

နက္ခတ္တဗေဒပညာရှင်တွေဟာ “နေရာ” နဲ့ ပတ်သက်ရင် မိုင်ကုဋေကဋာနဲ့ချီပြီး ပြောတတ်ကြတယ်။ ဘူမိဗေဒပညာရှင်တွေကတော့ “အချိန်” နဲ့ ပတ်သက်ရင် နှစ်သန်းပေါင်း ရာနဲ့ချီပြီး ပြောတတ်ကြတယ်။ ဘူမိသက်တမ်း ပညာရှင် (geochronologists) တွေ ရှာဖွေ ဖော်ထုတ်ထားတဲ့ ကမ္ဘာကြီးရဲ့ အသက် နှစ်သန်းပေါင်း ၄၆၀၀ နဲ့ နှိုင်းစာရင်တော့ နှစ်ပေါင်း သန်းရာချီတဲ့ အချိန်ကာလတွေဟာ မရှည်ကြာလှပါ။ လူသားမျိုးနွယ် စတင်ဖြစ်ပေါ်လာတဲ့ နှစ် ၂သန်းလောက်နဲ့စာရင်တော့ အတော်ရှည်ကြာပါတယ်။

 မန္တလေးတောင်ရဲ့ ဘူမိသမိုင်းကြောင်းကို အစီအစဉ်အတိုင်း မပြောခင် တစ်ခုသိစေချင်တာကတော့ ကမ္ဘာ့ဒေသကြီး အားလုံးနီးပါးမှာလိုပဲ မြန်မာပြည်ဖြစ်လာမည့် ဒေသကြီးဟာလည်း ရှေးအတိတေဘူမိ ခေတ်ကာလတွေတုန်းက အခုတည်ရှိနေတဲ့ နေရာမှာ မရှိခဲ့ဘူးဆိုတဲ့ အချက်ပါပဲ။ ဘူမိသိပ္ပံဆိုင်ရာ ခေတ်ပြောင်း အယူအဆကြီးဖြစ်တဲ့ မြေထုချပ်တက်တိုးနစ် (plate tectonics) ဖြစ်စဉ်အရ ကမ္ဘာ့တိုက်ကြီးတွေနဲ့ ဒေသကြီးတွေဟာ အချိန်နဲ့အမျှ ရွှေ့လျားနေခဲ့တယ်။ ရွှေလျား နေဆဲလည်း ဖြစ်တယ်။ ဒေသအလိုက် တစ်နှစ်မှာ ၂စင်တီမီတာက ၁၁စင်တီမီတာအထိ နှုန်းတွေနဲ့ ရွှေ့လျားနေလို့သာ သတိမထားမိကြတာပါ။ သိထားသလောက် အချက်အလက်တွေအရ ဘယ် ဘူမိခေတ်မှာ မြန်မာပြည် ဘယ်အပိုင်းဟာ ဘယ်နေရာလောက်မှာ ရှိခဲ့နိုင်လောက်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိပါတယ်။ (လွန်ခဲ့တဲ့ နှစ်တစ်သန်း လောက်ရောက်တော့မှာ လက်ရှိ မြန်မာပြည် အနေအထား စပြီး ပေါ်လာတာပါ)။ မလိုအပ်ဘဲ ရှုပ်ထွေး မသွားရအောင် မန္တလေးတောင်ရဲ့ ဘူမိသမိုင်းကြောင်းမှာ ဒီအချက်မျိုးတွေကို ထည့်မပြောတော့ပါ။ ဒါ့အပြင် ဖတ်ရာမှာ “လေး” မနေရအောင် ဘူမိသမိုင်းကြောင်း အဖြစ်အပျက်တွေအတွက် အထောက်အထားတချို့ကို ရှင်းမပြတော့ပါ။


#မန္တလေးတောင်ရဲ့ ဘူမိသမိုင်းကြောင်း အချုပ်ကတော့ -

၁။ အော်ဒိုဗီစီယမ်ယုဂ် အလယ်ပိုင်း (လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၄၆၀ က ၄၈၅ သန်းအထိ) အချိန်ကာလအတွင်းမှာ ပင်လယ်တိမ် တစ်ခုမှာ ထုံးကျောက်လွှာတွေ ကျရောက်ခဲ့တယ်။


၂။ ဒီကျောက်လွှာတွေဟာ တဖြည်းဖြည်းနဲ့ မြေအနက်ပိုင်းကို နိမ့်ဆင်းသွားတယ်။ အပေါ်မှာ အသက်ပိုငယ်တဲ့ ကျောက်လွှာစုတွေ ထပ်ကျန်ခဲ့မယ်လို့ ယူဆနိုင်တယ်။ အဲဒီ ထုံးကျောက်လွှာတွေထဲမှာ အပြောင်းအလဲတွေ ဖြစ်ခဲ့မယ်။ မြေတွင်းလှုပ်ရှားမှုတွေကြောင့် တွန့်ခေါက် ပြတ်ရွေ့တာတွေ ဖြစ်ပြီး အသွင်းပြောင်းတာပါ တွဲပြီး ဖြစ်ခဲ့နိုင်တယ်။ (အလွန်ရှည်ကြာတဲ့ ကာလကြီးတစ်လျှောက်မှာ ဒီဖြစ်စဉ်မျိုးတွေဟာ တစ်ကြိမ်ထက်မက ဖြစ်ခဲ့မယ်လို့ ဆိုနိုင်ပါတယ်။)


၃။ မိုင်အိုဆင်းအဏုယုဂ် အစောပိုင်းကာလ (Early Miocene Epoch) အတွင်း လွန်ခဲ့တဲ့နှစ် ၂၁သန်း အချိန်လောက်မှာ ဟိမ၀န္တာတောင်ဖြစ်စဉ် အလယ်ကာလ (Middle Himalayan Orogeny) မြေတွင်းလှုပ်ရှားမှုတွေကြောင့် တွန့်ခေါက်တာနဲ့အတူ မြေအောက်မှာ နောက်ဆုံးအကြိမ် ပြင်းပြင်းထန်ထန် အသွင်ပြောင်းခဲ့လို့ မာဘယ်ကျောက်တွေ ဖြစ်လာခဲ့တယ်။


၄။ နောက် နှစ်တစ်သန်းလောက်အကြာမှာ ဂရက်နစ်ကျောက်စိုင်တွေ တိုးဝင်ခဲ့တယ်။


၅။ မိုင်အိုဆင်းအဏုယုဂ် နှောင်းပိုင်းကာလ (Late Miocene Epoch) အတွင်း လွန်ခဲ့တဲ့ နှစ် ၇သန်း အချိန်လောက်မှာ ဟိမ၀န္တာတောင်ဖြစ်စဉ် နှောင်းကာလ (Late Himalayan Orogeny) မြေတွင်းလှုပ်ရှားမှုတွေကြောင့် မန္တလေးတောင် ဖြစ်လာမယ့် ကျောက်တွေဟာ တွန့်ခေါက်ပြီး မြေပြင်ကို မြင့်တက်ခဲ့တယ်။ အဲဒီအချိန်ကစပြီး တိုက်စားမှု ခံခဲ့ရတယ်။


၆။ အဲဒီနောက်ပိုင်း မြစ်ဝှမ်းကျ၊ ဧရာဝတီသဲကျောက်လွှာတွေ၊ မြစ်ပြုဆင့် အနည်လွှာတွေနဲ့ နုန်းမြေလွှာတွေ ဆက်တိုက် ပို့ချခဲပတာကြောင့် မန္တလေးတောင်နဲ့ အလားတူ မြင့်တက်လာခဲ့တဲ့ သခင်မတောင်။ စကျင်တောင် စတဲ့ တောင်တွေဟာ မြေပြန့်လွင်ပြင်မှာ ကျွန်းလေးတွေလို ထီးတည်းပေါ်ထွက်နေကြတယ်။ တိုက်စားမှုဒဏ်ကိုလည်း ဆက်ခံနေရလို့ မြေကန်တောင်တွေ ဖြစ်လာကြရတယ်။

(မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာန နှစ် (၅၀)ပြည့် ရွှေရတုမဂ္ဂဇင်း (၁၉၅၃-၂၀၀၃) မှ ကူးယူဖော်ပြပါသည်။)


[Zawgyi]မႏၲေလးေတာင္ရဲ့ ဘူမိေဗဒ




#ေဒါက္တာသိန္း

#မႏၲေလးေတာင္

#Geography_of_Mandalay_Hills

(မႏၲေလးၿမိဳ႔ရဲ့ ျပယုဂ္ကို ဓာတ္ပံုရိုက္ခ်င္လို႔ပဲျဖစ္ျဖစ္ ပန္းခ်ီဆြဲခ်င္လို႔ပဲျဖစ္ျဖစ္ မပါမျဖစ္ျမင္ကြင္းကေတာ့ ေရႊနန္းေတာ္ကို ကာရံထားတဲ့ ၿမိဳ႔ရိုးႀကီးရယ္၊ က်ံဳးရယ္၊ ၿပီးေတာ့ ခပ္လွမ္းလွမ္းစီက မႏၲေလးေတာင္ႀကီးရယ္ေပါ့။ သ်ွမ္းရိုးမေတာင္တန္းေတြနဲ႔ သိပ္မေဝးတဲ့ မႏၲေလး ေတာင္အေၾကာင္း အဖြဲ႔အႏြဲ႔ေတြမဟုတ္ေသာ္လည္း ဘူမိေဗဒအေနနဲ႔ ဗဟုသုတရေစဖို႔ ေဆာင္းပါးတိုတစ္ပုဒ္ကို ျပန္လည္ကူးယူေဝငွ လိုက္ပါတယ္။)

 မႏၲေလးေတာင္ရဲ့ ဘူမိေဗဒ ဘူမိေဗဒသမိုင္းအေၾကာင္းေတြကို မက်ဉ္းမက်ယ္ ေရးပါတယ္။ ပူးတြဲေျမပံုမွာ ပါတဲ့ အခ်က္အလက္ေတြ အျပင္ ေနာက္ထပ္ရတဲ့ ဘူမိသက္တမ္းေတြနဲ႔ အခ်က္အလက္ေတြ အေပၚမွာလည္း တစ္စိတ္တစ္ပိုင္း အေျခခံထားပါတယ္။


#ဘူမိေဗဒ

မႏၲေလးေတာင္မွာ အမ်ားဆံုး ေပၚထြက္ေနတဲ့ ေက်ာက္ေတြကေတာ့ အသြင္ေျပာင္းေက်ာက္တစ္မ်ိဳးျဖစ္တဲ့ မာဘယ္ေက်ာက္ (marble) ေတြပဲ။ မာဘယ္ေက်ာက္ ေျခာက္မ်ိဳးရိွေနတယ္။ အဲဒီအထဲက တစ္မ်ိဳးကေတာ့ စက်င္ေက်ာက္လို႔ လူသိမ်ားတဲ့ အျဖဴေရာင္ မာဘယ္ေက်ာက္ျဖစ္တယ္။ စက်င္ေက်ာက္ ေပၚထြက္ေနတာကေတာ့ နည္းပါးတယ္။ ေတာင္ရဲ့ အေနာက္ေျမာက္ ေအာက္ေျခပိုင္းမွာပဲ ရိွတယ္။ မာဘယ္ေက်ာက္ေတြထဲမွာ ကယ္လဆိုက္အျပင္ အဓိက ပါတဲ့ အသြင္ေျပာင္းတြင္းထြက္ ေတြကေတာ့ အစိမ္းေရာင္ ဒိုက္ေအာ့ပဆိုက္ (diopside)၊ ညိုဝါေရာင္ ဖလိုရိုပိုက္ (phlogopite) နဲ႔ အစိမ္းရင့္ေရာင္ ေဖာ့စတာရိုက္ (forsterite) တို႔ ျဖစ္ၾကတယ္။ ရွစ္၊ ႏိုက္စ္ စတဲ့ တျခားအသြင္ေျပာင္းေက်ာက္ ေတြကေတာ့ နည္းနည္းပဲရိွတယ္။

 မာဘယ္ေက်ာက္လႊာေတြဟာ အမ်ားအားျဖင့္ ေတာင္ေျမာက္အတိုင္း သြယ္တန္းေနၿပီး အေရ႔ွဘက္ သို႔မဟုတ္ အေနာက္ဘက္ကို တိမ္းေစာင္းေနၾကတယ္။ ေျမပံုရဲ့ ေအာက္ပိုင္းမွာပါတဲပ အေရ႔ွအေနာက္ ဘူမိျဖတ္ပိုင္းပံုမွာ ျပထားတဲ့အတိုင္း မာဘယ္ေက်ာက္လႊာေတြဟာ ေတာင္ထိပ္ပိုင္းမွာ လႊာတြန႔္ခ်ိဳင့္အေနအထားနဲ႔ အေရ႔ွဘက္ပိုင္းမွာ လႊာတြန႔္ခံုးအေနအထားနဲ႔ တြန႔္ေခါက္ေနၾကတယ္။

 မႏၲေလးေတာင္ မာဘယ္ေက်ာက္ေတြမွာပါတဲ့ အသြင္ေျပာင္း တြင္းထြက္ေတြအေပၚ အေျခခံၿပီး ေကာက္ခ်က္ခ်ရင္ အသြင္ေျပာင္းဆင့္ (metamorphic grade) က အေတာ္ျမင့္ပါတယ္။ ပညာရွင္တခ်ိဳ႕ရဲ့ ဓာတုစမ္းသပ္ ေဖာ္ထုတ္ခ်က္ေတြနဲ႔ ယွဉ္ၾကၫ့္လိုက္တဲ့အခါ မႏၲေလးေတာင္ မာဘယ္ေက်ာက္ေတြဟာ အပူခ်ိန္ စင္တီဂရိတ္ ဒီဂရီ ၅၀၀ က ၆၅၀ အထိနဲ႔ ဖိအား ၄ကီလိုဗားက ၆ ကီလိုဗားအထိ (ေျမေအာက္အနက္ ၈မိုင္ က ၁၂မိုင္ ေလာက္မွာ ရိွတဲ့ ဖိအားမ်ိဳး) အေျခအေနေတြမွာ အသြင္ေျပာင္း လာခဲ့တယ္လို႔ သတ္မွတ္ ႏိုင္ပါတယ္။

 မာဘယ္ေက်ာက္လႊာေတြကို ဂရက္နက္ (granite) ေခၚ ႏွမ္းဖတ္ေက်ာက္စိုင္ေတြက ေနရာအမ်ားမွာ ျဖတ္ထိုးေနၾကတယ္။ တခ်ိဳ႕ေနရာေတြမွာေတာ့ မာဘယ္ေက်ာက္လႊာေတြနဲ႔ အလိုက္သင့္ ရွည္ေမ်ာပံုသ႑ာန္ေတြနဲ႔ တိုးဝင္ေနတာ ေတြ့ရတယ္။ ဂရက္နစ္ေက်ာက္ဆိုတာ တိုးဝင္မီးသင့္ေက်ာက္ တစ္မ်ိဳးျဖစ္လို႔ လႊာမဲ့ျဖစ္ပါတယ္။ အဓိက ဂရက္နစ္ေက်ာက္ႏွစ္မ်ိဳးကို ေတြ့ရတယ္။ လေခ်းညိုပါတဲ့အမ်ိဳးနဲ႔ အစိမ္းေရာင္ ဟြန္းဗလင္းပါတဲ့ အမ်ိဳးေတြပဲ။ တစ္မ်ိဳးကို တစ္မ်ိဳး တိုးဝင္ေနတဲ့ အေနအထားအရ လေခ်းညိုဂရက္နစ္ေက်ာက္က အသက္ပိုငယ္တယ္ ဆိုတာ သိရတယ္။ လေခ်းညိုဂရက္နစ္ေက်ာက္ တိုးဝင္ေနတဲ့ အခ်ိန္က လြန္ခဲ့တဲ့ ႏွစ္သန္း ၂၀ ေလာက္ကပါပဲ။ အတိအက် အခ်ိန္ကေတာ့ ၁၉.၉- ၀.၃ သန္း ျဖစ္ပါတယ္။ ေရဒီယိုသတၲိတိုင္းတာ သက္တမ္းရွာနည္း (radiometric dating) နဲ႔ လေခ်းညို သက္တမ္းကို ရွာထားတာ ျဖစ္ပါတယ္။

 ျဖစ္ေပၚေနတဲ့ မာဘယ္ေက်ာက္ အမ်ိဳးအစားေတြနဲ႔ မႏၲေလးၿမိဳ႔ အေရ႔ွဘက္က ေတာင္တန္းႀကီးရဲ့ အေနာက္ဘက္ပိုင္းမွာ ေပၚထြက္ေနတဲ့ ေက်ာက္လႊာစုတို႔အေပၚ အေျခခံၿပီး ေျပာရရင္ မႏၲေလးေတာင္မွာရိွတဲ့ မာဘယ္ေက်ာက္ေတြဟာ ေအာ္ဒိုဗီစီယမ္ယုဂ္ အလယ္ပိုင္း (Middle Ordovician) သက္တမ္းရိွတဲ့ ေနာင္ခမ္းႀကီး ထံုးေက်ာက္လႊာစုက အသြင္ေျပာင္းလာတယ္လို႔ ယူဆရပါတယ္။ အဲဒီသက္တမ္းဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း သန္း ၄၆၀ က ၄၈၅ သန္း အထိ အခ်ိန္ကာလ ျဖစ္ပါတယ္။ (ဒီေနရာမွာ ရွင္းျပခ်င္တာက ေအာ္ဒိုဗီစီယမ္ယုဂ္ အလယ္ပိုင္း သက္တမ္းဆိုတာ ေနာင္ခန္းႀကီး ထံုးေက်ာက္လႊာေတြမွာပါတဲ့ ေက်ာက္ျဖစ္ရုပ္ႂကြင္းေတြအရ သိရၿပီးေတာ့ ကမ႓ာ့ေဒသတခ်ိဳ႕မွာ အဲဒီသက္တမ္းရိွတဲ့ ေက်ာက္လႊာေတြကို ေရဒီယို သတၲိတိုင္းတာ သက္တမ္းရွာနည္းနဲ႔ ရွာလိုက္တဲ့အခါ ႏွစ္သန္း ၄၆၀ က ၄၈၅ သန္းအထိ သက္တမ္းရထားလို႔ ပါပဲ။)

 အသြင္ေျပာင္းခဲ့တဲ့ အခ်ိန္ကေတာ့ လြန္ခဲ့တဲ့ ႏွစ္ ၂၁သန္း ေလာက္ကလို႔ ဆိုရပါမယ္။ မႏၲေလးေတာင္ မာဘယ္ေက်ာက္ေတြမွာပါတဲ့ အသြင္ေျပာင္းတြင္းထြက္ ဖလိုဂိုပိုက္ရဲ့ သက္တမ္းကို အထက္မွာ ေဖာ္ျပထားတဲ့ နည္းနဲ႔ တိုင္းတာရွာေဖြတဲ့အခါ ႏွစ္ေပါင္း ၂၁သန္းေလာက္ ရထားလို႔ပါပဲ။ (အတိအက် သက္တမ္းကေတာ့ ၂၁.၃- ၀.၅ သန္း ျဖစ္ပါတယ္။)


#ဘူမိသမိုင္း

နကၡတၲေဗဒပညာရွင္ေတြဟာ “ေနရာ” နဲ႔ ပတ္သက္ရင္ မိုင္ကုေဋကဋာနဲ႔ခ်ီၿပီး ေျပာတတ္ၾကတယ္။ ဘူမိေဗဒပညာရွင္ေတြကေတာ့ “အခ်ိန္” နဲ႔ ပတ္သက္ရင္ ႏွစ္သန္းေပါင္း ရာနဲ႔ခ်ီၿပီး ေျပာတတ္ၾကတယ္။ ဘူမိသက္တမ္း ပညာရွင္ (geochronologists) ေတြ ရွာေဖြ ေဖာ္ထုတ္ထားတဲ့ ကမ႓ာႀကီးရဲ့ အသက္ ႏွစ္သန္းေပါင္း ၄၆၀၀ နဲ႔ ႏိႈင္းစာရင္ေတာ့ ႏွစ္ေပါင္း သန္းရာခ်ီတဲ့ အခ်ိန္ကာလေတြဟာ မရွည္ၾကာလွပါ။ လူသားမ်ိဳးႏြယ္ စတင္ျဖစ္ေပၚလာတဲ့ ႏွစ္ ၂သန္းေလာက္နဲ႔စာရင္ေတာ့ အေတာ္ရွည္ၾကာပါတယ္။

 မႏၲေလးေတာင္ရဲ့ ဘူမိသမိုင္းေၾကာင္းကို အစီအစဉ္အတိုင္း မေျပာခင္ တစ္ခုသိေစခ်င္တာကေတာ့ ကမ႓ာ့ေဒသႀကီး အားလံုးနီးပါးမွာလိုပဲ ျမန္မာျပည္ျဖစ္လာမၫ့္ ေဒသႀကီးဟာလည္း ေရွးအတိေတဘူမိ ေခတ္ကာလေတြတုန္းက အခုတည္ရိွေနတဲ့ ေနရာမွာ မရိွခဲ့ဘူးဆိုတဲ့ အခ်က္ပါပဲ။ ဘူမိသိပၸံဆိုင္ရာ ေခတ္ေျပာင္း အယူအဆႀကီးျဖစ္တဲ့ ေျမထုခ်ပ္တက္တိုးနစ္ (plate tectonics) ျဖစ္စဉ္အရ ကမ႓ာ့တိုက္ႀကီးေတြနဲ႔ ေဒသႀကီးေတြဟာ အခ်ိန္နဲ႔အမ်ွ ေရႊ့လ်ားေနခဲ့တယ္။ ေရႊလ်ား ေနဆဲလည္း ျဖစ္တယ္။ ေဒသအလိုက္ တစ္ႏွစ္မွာ ၂စင္တီမီတာက ၁၁စင္တီမီတာအထိ ႏႈန္းေတြနဲ႔ ေရႊ့လ်ားေနလို႔သာ သတိမထားမိၾကတာပါ။ သိထားသေလာက္ အခ်က္အလက္ေတြအရ ဘယ္ ဘူမိေခတ္မွာ ျမန္မာျပည္ ဘယ္အပိုင္းဟာ ဘယ္ေနရာေလာက္မွာ ရိွခဲ့ႏိုင္ေလာက္တယ္ဆိုတဲ့ ခန႔္မွန္းခ်က္ေတြ ရိွပါတယ္။ (လြန္ခဲ့တဲ့ ႏွစ္တစ္သန္း ေလာက္ေရာက္ေတာ့မွာ လက္ရိွ ျမန္မာျပည္ အေနအထား စၿပီး ေပၚလာတာပါ)။ မလိုအပ္ဘဲ ရႈပ္ေထြး မသြားရေအာင္ မႏၲေလးေတာင္ရဲ့ ဘူမိသမိုင္းေၾကာင္းမွာ ဒီအခ်က္မ်ိဳးေတြကို ထၫ့္မေျပာေတာ့ပါ။ ဒါ့အျပင္ ဖတ္ရာမွာ “ေလး” မေနရေအာင္ ဘူမိသမိုင္းေၾကာင္း အျဖစ္အပ်က္ေတြအတြက္ အေထာက္အထားတခ်ိဳ႕ကို ရွင္းမျပေတာ့ပါ။


#မႏၲေလးေတာင္ရဲ့ ဘူမိသမိုင္းေၾကာင္း အခ်ဳပ္ကေတာ့ -

၁။ ေအာ္ဒိုဗီစီယမ္ယုဂ္ အလယ္ပိုင္း (လြန္ခဲ့တဲ့ ႏွစ္ေပါင္း သန္း ၄၆၀ က ၄၈၅ သန္းအထိ) အခ်ိန္ကာလအတြင္းမွာ ပင္လယ္တိမ္ တစ္ခုမွာ ထံုးေက်ာက္လႊာေတြ က်ေရာက္ခဲ့တယ္။


၂။ ဒီေက်ာက္လႊာေတြဟာ တျဖည္းျဖည္းနဲ႔ ေျမအနက္ပိုင္းကို နိမ့္ဆင္းသြားတယ္။ အေပၚမွာ အသက္ပိုငယ္တဲ့ ေက်ာက္လႊာစုေတြ ထပ္က်န္ခဲ့မယ္လို႔ ယူဆႏိုင္တယ္။ အဲဒီ ထံုးေက်ာက္လႊာေတြထဲမွာ အေျပာင္းအလဲေတြ ျဖစ္ခဲ့မယ္။ ေျမတြင္းလႈပ္ရွားမႈေတြေၾကာင့္ တြန႔္ေခါက္ ျပတ္ေရြ့တာေတြ ျဖစ္ၿပီး အသြင္းေျပာင္းတာပါ တြဲၿပီး ျဖစ္ခဲ့ႏိုင္တယ္။ (အလြန္ရွည္ၾကာတဲ့ ကာလႀကီးတစ္ေလ်ွာက္မွာ ဒီျဖစ္စဉ္မ်ိဳးေတြဟာ တစ္ႀကိမ္ထက္မက ျဖစ္ခဲ့မယ္လို႔ ဆိုႏိုင္ပါတယ္။)


၃။ မိုင္အိုဆင္းအဏုယုဂ္ အေစာပိုင္းကာလ (Early Miocene Epoch) အတြင္း လြန္ခဲ့တဲ့ႏွစ္ ၂၁သန္း အခ်ိန္ေလာက္မွာ ဟိမ၀ႏၲာေတာင္ျဖစ္စဉ္ အလယ္ကာလ (Middle Himalayan Orogeny) ေျမတြင္းလႈပ္ရွားမႈေတြေၾကာင့္ တြန႔္ေခါက္တာနဲ႔အတူ ေျမေအာက္မွာ ေနာက္ဆံုးအႀကိမ္ ျပင္းျပင္းထန္ထန္ အသြင္ေျပာင္းခဲ့လို႔ မာဘယ္ေက်ာက္ေတြ ျဖစ္လာခဲ့တယ္။


၄။ ေနာက္ ႏွစ္တစ္သန္းေလာက္အၾကာမွာ ဂရက္နစ္ေက်ာက္စိုင္ေတြ တိုးဝင္ခဲ့တယ္။


၅။ မိုင္အိုဆင္းအဏုယုဂ္ ေနွာင္းပိုင္းကာလ (Late Miocene Epoch) အတြင္း လြန္ခဲ့တဲ့ ႏွစ္ ၇သန္း အခ်ိန္ေလာက္မွာ ဟိမ၀ႏၲာေတာင္ျဖစ္စဉ္ ေနွာင္းကာလ (Late Himalayan Orogeny) ေျမတြင္းလႈပ္ရွားမႈေတြေၾကာင့္ မႏၲေလးေတာင္ ျဖစ္လာမယ့္ ေက်ာက္ေတြဟာ တြန႔္ေခါက္ၿပီး ေျမျပင္ကို ျမင့္တက္ခဲ့တယ္။ အဲဒီအခ်ိန္ကစၿပီး တိုက္စားမႈ ခံခဲ့ရတယ္။


၆။ အဲဒီေနာက္ပိုင္း ျမစ္ဝွမ္းက်၊ ဧရာဝတီသဲေက်ာက္လႊာေတြ၊ ျမစ္ျပဳဆင့္ အနည္လႊာေတြနဲ႔ ႏုန္းေျမလႊာေတြ ဆက္တိုက္ ပို႔ခ်ခဲပတာေၾကာင့္ မႏၲေလးေတာင္နဲ႔ အလားတူ ျမင့္တက္လာခဲ့တဲ့ သခင္မေတာင္။ စက်င္ေတာင္ စတဲ့ ေတာင္ေတြဟာ ေျမျပန႔္လြင္ျပင္မွာ ကြၽန္းေလးေတြလို ထီးတည္းေပၚထြက္ေနၾကတယ္။ တိုက္စားမႈဒဏ္ကိုလည္း ဆက္ခံေနရလို႔ ေျမကန္ေတာင္ေတြ ျဖစ္လာၾကရတယ္။


(မႏၲေလးတကၠသိုလ္ ဘူမိေဗဒဌာန ႏွစ္ (၅၀)ျပၫ့္ ေရႊရတုမဂၢဇင္း (၁၉၅၃-၂၀၀၃) မွ ကူးယူေဖာ္ျပပါသည္။)

No comments: